Wednesday, December 31, 2008

၃၁၁၂၂၀၀၈သတင်းနှင့်ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။31122008 news


စစ်သားနဲ့ နိုင်ငံရေး


မောင်စွမ်းရည် / ၃၁ ဒီဇင်ဘာ ၂၀၀၈
စစ်သားနဲ့ နိုင်ငံရေးလို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် စစ်တပ်နဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ်ကောက်ချင်လည်း ရပါတယ်။ “စစ်သား” ဆိုတာက “စစ်တပ်” ဆိုတဲ့ အဖွဲ့အစုထဲမှာမှာပါတဲ့ စစ်မှုထမ်းတဦးချင်းကို ပြောလိုတာပါ။ စစ်မှုထမ်းဆိုရာမှာလည်း စစ်သား၊ စစ်ဗိုလ်၊ စစ်ဗိုလ်ချုပ် စတဲ့ စစ်မှုထမ်းတွေကို ဆိုလိုတာပါ။ ဒီလိုဆိုပြန်တော့ စစ်ဗိုလ်ချုပ်ဆိုတဲ့ အရာရှိတွေက သူတို့ကို စစ်သားတွေနဲ့ ရောနှောပြောတာ ကြိုက်မှာမဟုတ်ပါ။ သူတို့က စစ်သားဆိုတာ စစ်တပ်ရဲ့ “အစေခံ”၊ “အသေခံ” လို့သာ မှတ်ယူလေ့ရှိပါတယ်။ ဒါကလည်း အင်္ဂလိပ်နဲ့ ဂျပန်နယ်ချဲ့နဲ့ ဖက်ဆစ်တို့ဆီက အမွေခံစိတ်ဓာတ်တွေ ဖြစ်ပုံရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ စစ်ဗိုလ်၊ စစ်သား မခွဲခြားတဲ့ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို အခြေခံပြီး စစ်တပ်ဖွဲ့ခဲ့ပေမယ့် သိတဲ့အတိုင်း။

စစ်သားဆိုတာ နိုင်ငံသားတဦးပဲဖြစ်ပါတယ်။ အိမ်သားတိုင်း အိမ်တလုံးရဲ့ ကိစ္စမှာ သက်ဆိုင်သလိုပါပဲ။ ကျောင်းသား၊ ဈေးသား၊ အလုပ်သမား၊ လယ်သမား၊ စစ်သား အားလုံးဟာ နိုင်ငံသားတွေဖြစ်ကြတဲ့အတိုင်း နိုင်ငံရေးကို စိတ်ဝင်စားကြရမှာပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားပြီး ဒါဟာ ငါတို့အရေး၊ နိုင်ငံသားတိုင်းရဲ့ အရေးဆိုတဲ့ အသိနဲ့ အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်တဲ့ အဆုံးအဖြတ်ကို ပေးနိုင်ပါတယ်။

စစ်သားဟာ စစ်တပ်အဖွဲ့ဝင်ဖြစ်လို့ စစ်စည်းကမ်း၊ စစ်ဥပဒေကို လိုက်နာရမှာတပိုင်းပါ။ စစ်ဆင်ရေးတရပ်နဲ့ပဲ ဆိုင်ပါတယ်။ မလိုက်နာရင် စစ်ရှုံးမှာပေါ့။ ဒါက အဖွဲ့အစည်းသဘောပါ။ ကျောင်းသားက ကျောင်းစည်းကမ်း၊ အလုပ်သမားက အလုပ်ရုံစည်းကမ်း၊ သံဃာက သံဃာ့ဝိနည်း စသဖြင့် ဆိုင်ရာ အဖွဲ့အစည်းရဲ့စည်းကမ်းတွေကို လိုက်နာကြရမြဲပါ။ ဒါပေမယ့် သူတို့အားလုံးဟာ နိုင်ငံထဲမှာ နေကြလို့ နိုင်ငံရဲ့အရေးကို စိတ်ဝင်းစားကြရမှာပါ။ ဒါကြောင့် စစ်သားလည်း နိုင်ငံရေးကို မျက်ခြည်မပြတ် သိရှိနေရမှာပါ။ ဒါမှာသာ နိုင်ငံတနိုင်ငံလုံး ကိစ္စအတွက် အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်မှာပါ။ ဥပမာ မဲပေးဖို့ကိစ္စ။ လူတဦးကို တမဲသာပေးခွင့်ရှိပေမယ့် ဒီ “တမဲ” တွေကပဲ နိုင်ငံရဲ့ ကံကြမ္မာကို အဆုံးဖြတ်ပေးသွားမှာ မဟုတ်လား။ ဒီမိုကရေစီနိုင်ငံအတွက် မဲတမဲဟာ အရေးကြီးပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေနဲ့ ကြည့်ပြီးဆုံးဖြတ်ရင် တိုင်းပြည် ငါးပါးမှောက်မှာပါ။

စစ်သားဟာ စစ်စည်းကမ်း လိုက်နာရုံနဲ့ စစ်သားဖြစ်ပြီလို့ သဘောထားလို့မရပါ။ အဲဒါက ကျွန်စိတ်ပါ။ သာမန်အချိန်မှာတော့ ဒီလိုပဲ စစ်စည်းကမ်းနဲ့ပဲ မှေးပြီး နေလို့ရပါတယ်။ သူ့တာဝန်က နိုင်ငံတော်ကပေးတဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးသာ အဓိကပါ။ စစ်သားက စစ်တပ်ရဲ့ စည်းကမ်းဥပဒေလိုက်နာရသလို စစ်တပ်ဟာလည်း နိုင်ငံတော်ရဲ့ ဥပဒေကို လိုက်နာရပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေက အထက်ကပါ။ အစိုးရအဖွဲ့အစည်းက အထက်ကပါ။ စစ်တပ်ဟာ အစိုးရအဖွဲ့အစည်းခိုင်းတာ လုပ်ရမှာဖြစ်ပြီး စစ်တပ်က အစိုးရအဖွဲ့အစည်းကို ခိုင်းဖို့မဟုတ်ပါ။

နိုင်ငံရဲ့ အန္တရာယ်ကာကွယ်တယ်ဆိုတဲ့ကိစ္စက နယ်ချဲ့အန္တရာယ်၊ ဖက်ဆစ်အန္တရာယ်၊ ကျူးကျော်သူအန္တရာယ်၊ သူပုန်အန္တရာယ်လိုဟာမျိုးပါ။ တရုတ်ဖြူကျူးကျော်မှုလို၊ ဘိန်းဘုရင်လွှမ်းမိုးမှုလိုကိစ္စတွေကို ကာကွယ်ရမှာပါ။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအစ သံဃာအဆုံး (လက်နက်မဲ့) ဥပဒေဘောင်အတွင်းက ဆန္ဒပြတောင်းဆိုတာမျိုးကို “တပ်မတော်က ကယ်တင်တယ်” ဆိုပြီး နှစ်ပေါင်း သုံးလေးဆယ် “ကယ်တင်” နေတာမျိုးဟာ စစ်တပ်တာဝန်မဟုတ်ပါ။ ဒီလို ပိုင်းခြားသိဖို့ဆိုတာလည်း နိုင်ငံရေးအသိထဲမှာ ပါဝင်ပါတယ်။ ဥပဒေတွင်းမှာ လက်နက်မဲ့ဆန္ဒပြတာ လူ့အခွင့်အရေးပါပဲ။

စစ်သားဟာ နိုင်ငံရေးအသိရှိရပါမယ်။ နိုင်ငံရေးအသိဆိုရာမှာ တနိုင်ငံလုံးရဲ့ နေ့စဉ်အခြေအနေနဲ့ မျက်မှောက်ခေတ်တခုလုံးကို ခြုံပြီး ဖော်ပြတဲ့ အခြေအနေတွေကို သိဖို့ရယ်၊ နောက်တပိုင်းကတော့ တရုတ်၊ ရုရှ၊ ဥရောပ၊ အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း စတဲ့ဒေသဆိုင်ရာ နိုင်ငံရေးတွေရယ် မျက်ခြည်မပြတ် သိနေဖို့ လိုပါတယ်။ (ဒါတွေကို သေချာနားလည်သဘောပေါက်ဖို့ ပထ၀ီနဲ့ သမိုင်းလည်း နောက်ခံပြုဖို့ လေ့လာရပါတယ်။ ဒါထက်မြင့်ပြီး လေ့လာချင်ရင် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ အရှင်းရှင်ဝါဒ၊ အမျိုးသားရေးဝါဒ စတဲ့ နိုင်ငံရေးဝါဒတွေကိုလည်း အနည်းအကျဉ်း သိရပါအုံးမယ်။

ဗမာ့တပ်မတော်ဟာ ဖက်ဆစ်တော်လှန်ရေးကာလမှာ ပေါက်ဖွားလာခဲ့ပါတယ်။ တပ်မတော်ရယ်လို့ မဖွဲ့ခင်ကတည်းက နိုင်ငံရေးသဘောတရားသင်တန်းတွေကို ပေးထားပါတယ်။ တော်လှန်ရေးလုပ်တော့ တိုင်းအလိုက် “စစ်ရေးတာဝန်ခံတဦး” နဲ့အတူ “နိုင်ငံရေးတာဝန်ခံတဦး” စီတွဲပြီး တာဝန်ယူရပါတယ်။ ရဲဘော်သုံးကျိပ်ဝင်တွေက စစ်ပညာသင်ပေးပြီး ကွန်မြူနစ်တွေက နိုင်ငံရေးသဘောတရားတွေ ပို့ချပေးပါတယ်။ ပြည်ပ (အိန္ဒိယမှာ ကွန်မြူနစ် သခင်သိန်းဖေ- ဦးသိန်းဖေမြင့်) က နိုင်ငံရေးသင်တန်းပေးပြီး မဟာမိတ်စစ်တပ်က အမေရိကန်၊ အင်္ဂလိပ်စစ်ဗိုလ်တွေက စစ်သင်တန်းပေးခဲ့ပါတယ်။

အဲဒီအချိန် စစ်တပ်မှာ ပို့ချတဲ့ နိုင်ငံရေး တပါတီ နိုင်ငံရေးမဟုတ်ပါဘူး။ မြန်မာ့မျက်မှောက်နိုင်ငံရေးအခြေအနေ၊ ကမ္ဘာနိုင်ငံရေးအခြေအနေနဲ့ ဖက်ဆစ်ဝါဒသရုပ်၊ နယ်ချဲ့အရင်းရှင်ဝါဒသရုပ်တွေ ဖြစ်ပါတယ်။ မဆလ ဆိုရှယ်လစ်အတု ခေတ်မှာတောင် နိုင်ငံရေးတက္ကသိုလ်လို၊ ဖောင်ကြီးသင်တန်းလိုဟာတွေနဲ့ စစ်မှုထမ်း အပါအ၀င် ၀န်ထမ်းတွေကို နိုင်ငံရေးသိပ္ပံပညာတွေ ပို့ချပေးခဲ့ပါသေးတယ်။ ပညာရေးတက္ကသိုလ် ဆရာအတတ်သင်ကျောင်းတွေနဲ့ တက္ကသိုလ်အသီးသီးမှာတောင် နိုင်ငံရေးသိပ္ပံဌာနတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာရေးရာ စာစောင်ဟာ အတော်ကောင်းပါတယ်။ နိုင်ငံရေးသိပ္ပံဆိုတဲ့ စာအုပ်ပြာလေးလည်း (ဘာသာပြန်) ထုတ်ခဲ့ဖူးပါတယ်။ လူတိုင်း ဖတ်သင့်တာတွေပါ။ စစ်တပ်တွေမှာလည်း စာဖတ်ခန်း၊ စာကြည့်တိုက်တွေ ရှိပါတယ်။ အစဉ်အလာပါ။

ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်က နိုင်ငံရေးလုပ်တာကို မလိုလားခဲ့ပါ။ သူကိုယ်တိုင် စစ်တပ်ရဲ့ အမြင့်ဆုံးရာထူးကို စွန့်လွှတ်ပြီးမှ နိုင်ငံရေးလုပ်ပါတယ်။ နမူနာပြခဲ့ပါတယ်။ သူဖယ်ပေးပြီးနောက် စစ်တပ်ထဲက ပါတီနိုင်ငံရေးသမားတွေက ခြေပုန်းခုတ်ပြီး စစ်တပ်အကြီးအကဲ ရာထူးကို လုခဲ့ကြပါတယ်။ စစ်သားတယောက်ဟာ သူ့ဘာသာ နိုင်ငံရေးခံယူချက် ကိုယ်ပိုင်ရှိနိုင်ပေမယ့် နိုင်ငံရေးပါတီတွေရဲ့ အာဏာလုရေးကိစ္စကို စစ်တပ်ထဲကို သွင်းမလာရပါဘူး။ လွတ်လပ်ရေး ရစကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကို နားမထောင်ဘဲ စစ်တပ်ထဲမှာ နိုင်ငံရေးလုပ်လို့ စစ်အာဏာရှင်စနစ်ကြီး ပေါ်ပေါက်လာခဲ့တဲ့အတွက် စစ်တပ်က အစိုးရဖြစ်ပြီး ဥပဒေရဲ့ အထက်က ရောက်သွားခဲ့ပါတယ်။ တည်ဆဲဥပဒေဆိုတဲ့ စကားကို တွင်တွင်သုံးပြီး အခြေခံဥပဒေကိုတော့ အကြိမ်ကြိမ် ချိုးဖောက်ဖျက်ဆီးခဲ့ပါတယ်။

နိဂုံးချုပ်ရရင် စစ်တပ်က နိုင်ငံရေးမလုပ်ရဘူး။ အစိုးရမလုပ်ရဘူး။ အစိုးရပေးတဲ့တာဝန်ကို စစ်တပ်က လုပ်ရမယ်။ စစ်သားက နိုင်ငံရေးအသိရှိရမယ်။ နိုင်ငံရေးအသိ မြင့်မားလေ ကောင်းလေပါပဲ။ နိုင်ငံရေးပါတီတခုခုမှာ ၀င်ထားသည့်တိုင်အောင် ပါတီကိစ္စတွေကို စစ်တပ်ထဲ ဆွဲသွင်းမလာရပါ။ ပါတီကိစ္စလုပ်ချင်ရင် စစ်တပ်က ထွက်ရပါမယ်။ သို့မဟုတ် ခုလို နိုင်ငံရေးလုပ်စားပြီး စစ်တပ်သမိုင်းကို အိုးမဲသုတ်ခဲ့တဲ့ သန်းကြွယ်သူဌေး ဗိုလ်ချုပ်တွေကို စစ်သားတွေက ဖယ်ရှားပစ်ရပါမယ်။ နာမည်ပျက်စစ်တပ်ထဲမှာ စစ်ကျွန်ဘ၀နဲ့ နေကြရပါတကားဆိုတာကို “နိုင်ငံရေးအသိ” က နားလည်စေပါလိမ့်မယ်။ ဒါကြောင့် စစ်သားတိုင်း ပြည်သူနဲ့ ခံစားမှုတူအောင် နိုင်ငံရေးအသိနဲ့ ချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ တပ်နဲ့ပြည်သူ ကြည်ဖြူရပါမယ်။ ပြည်သူ့မျက်နှာ၊ အခြေခံဥပဒေရဲ့မျက်နှာ (ကိုယ့်ဘာသာရေးဆွဲတဲ့ ဥပဒေမဟုတ်ရပါ) ကို ကြည့်ရပါမယ်။ အာဏာလိုချင်တဲ့ စီးပွားရေးလုပ်စားတဲ့ ဗိုလ်ချုပ်တွေရဲ့ မျက်နှာကို မကြည့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။


Tuesday, December 30, 2008

မြန်မာပြည်က နားဆွဲလေး

ဗိုလ်ချုပ်အောင်ဆန်း ဧ။် အမွိုင်သို့လျှို့ဝှက်ခရီး

Freedom of Fear

ကြေးမှုံဦးသောင်း - ဦးနေ၀င်းနှင့် လက်မရွံ့ အာဏာသားများ

ဗိုလ်ချူပ်အောင်ဆန်းကိုဘယ်သူသတ်တာလဲ....

Who Killed Aung San


ထူးမခြားနား နယူးရီးယား

“၂၀၀၉ မှာလား ပျက်နေကျမီးက ဆက်ပျက်မှာပေါ့။ ကျနော်တော့ လျှပ်စစ်မီးကိစ္စက လွဲရင် တခြား ဘာမှ သိပ်စိတ်မဝင်စားဘူး။ မီးဘယ်အချိန်လာမလဲ၊ ရေဘယ်အချိန်တင်ရမလဲ ဒါနဲ့ပဲ တနှစ်ကုန်သွားတာပဲ” ဟု ပြောသည်။
Tuesday, 30 December 2008 19:17 အေးချမ်းမြေ့
၂၀၀၉ ခုနှစ်သို့ အဝင် နှစ်သစ်ကူးခါနီး အချိန်တွင် ရန်ကုန်မြို့နေ သာမန် လူတန်းစားများ အနေနှင့် မည်သည့် ပျော်ပွဲ ရွှင်ပွဲကိုမှ စိတ်ဝင်စားခြင်း မရှိကြောင်း မြို့ခံများထံမှ သိရသည်။

ရန်ကုန်မြို့၌ ဆီဒိုးနား ဟိုတယ်နှင့် မျှော်စင်ကျွန်း စင်မြင့်ဖျော်ဖြေပွဲများမှအပ မည်သည့် နေရာတွင်မှ ပွဲလမ်းသဘင် အသံများကို မကြားရဟု ရန်ကုန်မြို့ခံများက ပြောသည်။

ဆီဒိုးနားဟိုတယ်တွင် နှစ်စဉ်ပြုလုပ်နေကျ နိုင်ငံတကာ ရုပ်ရှင်ကား တကားကားနှင့် ပုံစံတူဝတ်ဆင်ကာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲသည့် အစီအစဉ်ရှိသည်ဟုသိရသည်။ ယခင်နှစ်က ဂျိန်းစ်ဘွန်းရုပ်ရှင်နှင့် ပုံစံတူ ဝတ်ဆင်ခဲ့ကြပြီး ယခုနှစ်တွင် အင်ဒီယာနာဂျုံး ပုံစံတူ ဝတ်ဆင်ကြမည်ဟု သိရသည်။

ဆီဒိုးနားဟိုတယ်မှ အပ တခြားသော ဟိုတယ်ကြီးများတွင် ထူးထူးခြားခြား အစီအစဉ်များမရှိဘဲ ဆီဒိုးနား ဟိုတယ်မှ နှစ်သစ်ကူး အစီအစဉ်သည်လည်း သာမန်လူများနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိဟု ရန်ကုန်မြို့ခံများက ဆိုသည်။ ထိုပွဲအတွက် ဝင်ကြေးမှာ ကျပ် ၂၀၀၀၀ နှင့် အထက်ဖြစ်သောကြောင့် သာမန် မိသားစုတစု တပတ်စာ စားစရိတ်ခန့်ရှိသည်။

ယခင်နှစ်များကကဲ့သို့ ကမ်းခြေ ပျော်ပွဲရွှင်ပွဲ အစီအစဉ်များ၊ ဟိုတယ်ကြီးများတွင် ဘူဖေး အစီအစဉ်များ မကြားရဟု ရန်ကုန်မြို့ခံ သတင်းသမား တဦးကပြောသည်။ မျှော်စင်ကျွန်းတွင်လည်း အထူးတလည် မဟုတ်ဘဲ သာမန် နေ့ရက်များကဲ့သို့ စင်မြင့်ပွဲ အငယ်စားများသာ ရှိမည်ဟု ဆိုသည်။

နှစ်သစ်ကူး အစီအစဉ်အဖြစ် နာမည်ကြီး တေးဂီတဝိုင်းများပင်လျှင် သာမန် ပါတီခြံပွဲများသာ ရှိကြောင်း ကြားသိရသည်။

ကုမ္ပဏီကြီးတချို့တွင် နှစ်ပတ်လည်ပွဲအစီအစဉ်များ ရှိသော်လည်း ထူးထူးခြားခြား မဟုတ်လှကြောင်း ကြားသိရသည်။

“လူတွေက ပင်ပန်းနေကြတာ။ ဘာကိုမှ စိတ်မဝင်စားဘူး” ဟု ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်း တဦးက ပြောသည်။ ၎င်း၏ကုမ္ပဏီတွင် နှစ်ပတ်လည်ပွဲနှင့် ဆုကြေးအစီအစဉ် မရှိဟု ဆိုသည်။

ဆက်လက်၍ ၎င်းက အများစုမှာ နေ့စဉ် စားဝတ်နေရေး ကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ ရေကိစ္စတို့ဖြင့် မည်သည့် ပျော်ရွှင်မှုကိုမှ စိတ်မပါနိုင်ဟု ဆိုသည်။

ရန်ကုန်မြို့ခံတဦးကို ဧရာဝတီက ၂၀၀၉ ခုနှစ်၊ နှစ်သစ်မျှော်လင့်ချက် မည်သို့ ထားရှိကြောင်း မေးမြန်းကြည့်ရာ “၂၀၀၉ မှာလား ပျက်နေကျမီးက ဆက်ပျက်မှာပေါ့။ ကျနော်တော့ လျှပ်စစ်မီးကိစ္စက လွဲရင် တခြား ဘာမှ သိပ်စိတ်မဝင်စားဘူး။ မီးဘယ်အချိန်လာမလဲ၊ ရေဘယ်အချိန်တင်ရမလဲ ဒါနဲ့ပဲ တနှစ်ကုန်သွားတာပဲ” ဟု ပြောသည်။

တချို့သောကုမ္ပဏီကြီးများမှာ နှစ်သစ်ကူး ပိတ်ရက်အနည်းငယ်ပေး၍ ဝန်ထမ်းများကို အပျော်ခရီး စီစဉ်ပေးသော်လည်း အလွန်နည်းပါးလှသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း လမ်းတချို့ ပြင်ဆင်နေသော်လည်း ယခင်နှစ်များကကဲ့သို့ စီမံကိန်းဖြင့် လမ်းမကြီးများ အလိုက် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပေါက်နေသော လမ်းများကို ဖာထေးခြင်းသာ တွေ့ရသည်ဟု ရန်ကုန်မြို့ခံ သတင်းထောက် တဦးကပြောပြသည်။

သတင်းကောင်းတခုအနေနှင့် ရန်ကုန်မြို့နယ်ကြီး ၆ မြို့နယ်တွင် ဝါယာလက်စ် အင်တာနက် တပ်ဆင် အသုံးပြုနိုင်တော့မည်ဟု သိရခြင်းသာ ထူးခြားသည်ဟု ရန်ကုန်မြို့နေ ဘလော့ဂါ လူငယ်တဦးကပြောသည်။ သို့ရာတွင် ဝါယာလက်စ် အင်တာနက်ကို ၎င်းအနေနှင့် ယခုထိ မသုံးဘူးသေးဘဲ ၎င်းကြားသိရသည့် သတင်းအရ မြန်နှုန်းအလွန်နိမ့်သည်ဟု ဆိုသည်။

၂၀၀၈ ကုန်ခါနီးတွင် ကွန်ပျူတာပစ္စည်းများ ဈေးကျသော်လည်း ဝယ်မည့်သူမရှိဘဲ အရောင်းပါးနေကြောင်း ကွန်ပျူတာ အရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

ရန်ကုန်မြို့လယ်တွင် လျှပ်စစ်မီး တရက်လျှင် ၆ နာရီခန့်သာလာပြီး လျှပ်စစ်မီးနှင့် စီးပွားရှာနေရသူ အားလုံး မီးစက်များကို အားကိုးနေရသဖြင့် ရန်ကုန်မြို့လယ်တွင် မီးစက်သံများ ညံလျှက်ရှိကြောင်း ကြားသိရသည်။

“ဆီဈေးက နည်းနည်းကျလို့ တော်သေးတယ်။ မီးစက်တော့ မှန်မှန် နှိုးနိုင်သေးတာပေါ့” ဟု ကွန်ပျူတာ အရောင်းဆိုင်ရှင်က ပြောသည်။

ရန်ကုန်မြို့ပေါ်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သည့်သတင်းမှ မကြားရသေးဘဲ ရန်ကုန်လူထုအနေနှင့်လည်း ရွေးကောက်ပွဲကိစ္စကို ထူးထူးခြားခြား စိတ်ဝင်စားခြင်း မရှိလှကြောင်းနှင့် ယခုနောက်ပိုင်း လုံခြုံရေးများ ယခင်လောက် တင်းကျပ်မှုမရှိကြောင်း ရန်ကုန် အခြေစိုက် သတင်းသမားက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းများ

Su'Sspeech


30122008 news

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။Tuesday 30122008


သက်ဆင် ရှင်နာဝပ်ထရာ ရဲ့ ထိုင်းနိုင်ငံရေး တထောင့်တည ပုံပြင်


ထိုင်းနိုင်ငံ ရေး ဟာ ထဲထဲဝင်ဝင် မသိသူတွေ အဖို့ နားမလည် နိုင်အောင် ကို ရှုပ်ထွေး လှပါတယ်၊ နိုင်ငံရေး ပါတီတွေ က တမျိုး၊ စစ်တပ် က တဘာသာ၊ တော်ဝင် မိသားစုက တဖုံနဲ့ အတော့် ကို ရှုပ်ရှုပ် ထွေးထွေး ရှိလှ ပါ တယ်။
ဒါပေမယ့် ဘုရင့်တော်ဝင် မိသားစုနဲ့ စစ်တပ်ဟာ တော့ တသားထဲ ကျနိုင် လောက်ပါတယ်၊ စစ်တပ်ဟာ ထိုင်းတော်ဝင် စစ်တပ် ဆိုတဲ့ အတိုင်း နိုင်ငံရေး ပါတီ အစိုးရတွေရဲ့ အမိန့် တွေထက် တော်ဝင်မိသားစုရဲ့ အမိန့်တွေ ကို ပိုလို့ လိုက်နာ တတ်ပါ တယ်၊ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေက ဒီအချက်ကို အတည်ဖြစ်အောင် မီးမောင်းထိုး သက်သေပြ နေပါတယ်၊ ထိုင်းနိုင်ငံရေး ရှုပ်ထွေး လာတာဟာ ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်န၀ပ် ရွေးကောက်ပွဲ အနိုင် ရပြီး အစိုးရ ဖွဲ့ချိန် ကနေစတင် ပါတော့ တယ်။
မစ္စတာတပ်ဆင်ဟာ ထိုင်းနိုင်ငံရေးကို ပုံစံဟောင်းကနေ နိုင်ငံရေးပုံစံသစ် ပြောင်းလဲဖို့ ကြိုးစားမိတာဟာ သူ့သေတွင်း သူတူး သလို ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရာ ပါပဲ၊ ထိုင်းနိုင်ငံရေး လောက က နိုင်ငံရေး သမားတွေဟာ မြေရှင်၊ ကြေးရှင်၊ တော်ဝင် မိသားစုရဲ့ အမျိုးအနွယ်တွေနဲ့ စစ်တပ်ကနေ အနားယူလာတဲ့ တပ်ထွက် ဗိုလ်ချုပ်တွေ ချည်းပါပဲ၊ သူတို့တတွေဟာ ဘယ်တော့မှ နိုင်ငံရဲ့ အများဆုံးသော အင်အားစုဖြစ်တဲ့ အောက်ခြေ လူတန်းစားတွေကို ကိုယ်စားမပြုခဲ့ ပါဘူး၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ပေးခဲ့တဲ့ ကတိ က၀တ်တွေဟာ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်အမတ် ဖြစ်တာနဲ့ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တော့ တာပါပဲ။
ဒါတွေကို သိနေမြင်နေတဲ့ မစ္စတာတပ်ဆင်ဟာ အောက်ခြေဆင်းရဲသား လူတန်းစားတွေကို ကိုယ်စားပြု နိုင်အောင် ကြိုးစားပါတယ်၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူပေးခဲ့တဲ့ ကတိ က၀တ်တွေကို သူပါတီ အနိုင်ရပြီး ၀န်ကြီးချုပ် ဖြစ်ချိန်မှာ အပြည့်အ၀ အကောင်အထည် ဖော်ဆောင်ရွက် ပေးပါတယ်၊ ဒီအတွက် နိုင်ငံရဲ့ သာမန်အောက်ခြေ ဆင်းရဲသား လူတန်းစားတွေရဲ့ ချစ်ခင်မှု့ကို ဒီနေ့ အချိန်ထိ ရရှိနေခြင်းပါပဲ။
ဒါဟာ စာရေးသူတို့ အမြင်မှာတော့ ကောင်းပါတယ်၊ ဒါပေမယ့် နိုင်ငံရေးသမား၊ စစ်တပ်နဲ့ တော်ဝင်မိသားစု အဖို့တော့ အမျက်ဒေါသ တချောင်းချောင်း ထွက်စရာ ထွက်ချင်စရာ ရလဒ် ဖြစ်နေလို့ ပါပဲ၊ သူတို့အမြင်မှာ မစ္စတာတပ်ဆင်ဟာ ထိုင်းနိုင်ငံရေးရဲ့ ဗဟိုချက်မကို ဘန်ကောက် အခြေပြုတော်ဝင် စစ်တပ် နဲ့ ဘူဇွာလူတန်းစားတို့ ဆီကနေ နိုင်ငံအ၀ှမ်းရှိ ကျေးလက်ဒေသ ဆင်းရဲသား လူထုဆီ ဆွဲငင် ယူသွားတယ်လို့ သုံးသပ်သူတွေ ရှုမြင်ကြပါတယ်။
ဒီလို အချက်တွေကြောင့် ထိုင်းနိုင်ငံရဲ့ သက်တမ်း အရှည်ကြာဆုံး ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲတိုင်းမှာ ခွက်ခွက်လန်အောင် ရှုံးနိမ့် ရပါတော့တယ်၊ ယခု လက်ရှိ တပ်ဆင်ရဲ့ ရန်သူတော်ကြီး ဖြစ်တဲ့ (PAD) ခေါင်းဆောင် မီဒီယာပိုင်ရှင် ဆွန်ထိ လင်းထောင်ကွန် တောင် အဲဒီအချိန်တုန်းက မစ္စတာတပ်ဆင်ကို အကျယ်လောင်ဆုံး ထောက်ခံသူတဦး ဖြစ်ခဲ့ပါတယ်။
သူ (မစ္စတာတပ်ဆင်)ဟာ နိုင်ငံရေးကို ပြောင်းယုံပဲလား ဆိုတော့၊ နိုင်ငံရေးမကပဲ စည်းလွတ် ၀ါးလွတ် ဖြစ်နေတဲ့ အခွန်ကိစ္စတွေ တရားမ၀င် ချဲထီကိစ္စတွေနဲ့ ဘန်ကောက်မြို့တော်မှာ မိုက်ကြေးခွဲ စားနေတဲ့ မားဖီးယားတွေအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု့ တွေကိုလည်း ပြင်းပြင်းထန်ထန်၊ တိတိကျကျ ကိုင်တွယ်ပါတော့တယ်။
အခွန်ကိစ္စကို ပြောရမယ်ဆိုရင် ထိုင်းအခွန် ဥပဒေအရ ဘယ်လို စီးပွားရေး လုပ်ငန်းမဆို(ကုမ္မဏီ) ဖွင့်ပြီး တနှစ်ကြာတဲ့ အထိ ၀င်ငွေ အမြတ်ခွန်ကို ၇ ရာခိုင်နှုန်းပဲ ပေးဆောင် ရပါတယ်၊ အဲဒီ နောက်ပိုင်း လုပ်ငန်း အခြေကျလာတာနဲ့ အမျှ အမြတ်ခွန်က တဖြည်းဖြည်း တိုးပြီး ပေးဆောင်ရတာ ၃၀ ရာခိုင်နှုန်း အထိပါပဲ၊ ဒီတော့ အခွန် ၃၀ ရာခိုင်နှုန်းကို မပေးချင်တဲ့ လုပ်ငန်းရှင်တွေက နိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး အခွန်ရှောင် ကြပါတယ်။
စာရေးသူ မျက်မြင်ကိုယ်တွေ့ အခွန်ပြသနာ ကတော့ ဘန်ကရတ်၊ ဆူရီဝှမ် လမ်းဘေးက ( NEW PENINSULA, NEW TOCADERO, NEW FUJI ) { စာရေးသူ အမှတ်မှားရင် မှားနေပါလိမ့်မယ် ကြာပြီဆိုတော့ နာမည် အတိအကျ မမှတ်မိတော့ပါ } အဲဒီ ဟော်တယ် သုံးလုံး ရှိပါတယ်၊ ဒီဟော်တယ် သုံးလုံးရဲ့ ပိုင်ရှင်ကတော့ ဒီမိုကရက်ပါတီက ချင်းရိုင်းခရိုင် လွှတ်တော်အမတ်ပါ၊ သူက နိုင်ငံတော်ကို အခွန်မပေးပဲ လိမ်ပြီး အခွန်ရှောင် နေခဲ့ပါတယ်၊ နောက်ဆုံး အခွန်ဌာနကနေ တိတိကျကျ စစ်လာတော့ စာရင်းလိမ်ပြီး အခွန်ရှောင် ထားတာတွေ ဘူးပေါ်သလို ပေါ်လာပါတယ်၊ နောက်ဆုံး ပေးစရာရှိတဲ့ အခွန်ငွေကို မပေးနိုင်တာကြောင့် ဟော်တယ် သုံးလုံးအနက်( NEWPENINSULA ) ဆိုတဲ့ ဟော်တယ်ကို ဘုရင့်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းကို ခံလိုက် ရပါတော့တယ်။
တရားမ၀င် ချဲထီကတော့ အားလုံး သိကြလိမ့်မယ်လို့ ထင်ပါတယ် ဘာကြောင့်လည်း ဆိုတော့ထိုင်း ၂လုံး ၃လုံး ချဲထီတွေဟာ စာရေးသူတို့ မြန်မာတပြည်လုံးမှာ တရားမ၀င် ပေမယ့် တရားဝင်လိုပဲ ရုံးခန်းဖွင့်ပြီးကို လုပ်စား နေကျပါတယ်၊ ဒီလို ထိုင်းနိုင်ငံအနှံ့ တရားမ၀င် လောင်းကစား နေကြတဲ့ ချဲထီကို တရားဝင် ရောင်းချခွင့် ပေးလိုက်ပါတယ်၊ တရားဝင် ရောင်းချပေးလိုက်တဲ့ အတွက် ပြည်သူတွေ အနေနဲ့လည်း ခိုးကြောင်ခိုးဝှက် ၀ယ်စရာ မလိုတော့သလို၊ ရဲဖမ်းမှာကိုလည်း မပူရတော့ပါဘူး၊ ထိုင်းနိုင်ငံ အနေနဲ့လည်း ဘဏ္ဍာငွေပိုရ ရှိလာပါတယ်၊ ဒီချဲထီက နေရလာတဲ့ ဘဏ္ဍာငွေတွေနဲ့ အရည်အချင်းရှိပြီး ငွေကြေး မတတ်နိုင်တဲ့ ကျောင်းသူ/သားတွေကို နိုင်ငံခြား ပညာတော်သင် ပို့ပေးထားတာ အယောက် လေးငါးရာ မကပါဘူး။
ဒါပေမယ့် ဒီကိစ္စကို မလိုလားတဲ့ သူတွေလည်း မနဲပါဘူး၊ ဘာ့ကြောင့် မလိုလားတာလဲ ဆိုတာကတော့ ရှင်းနေပါတယ်၊ သူတို့အကျိုး အမြတ်တွေ ဆုံးရှုံး သွားရလို့ပါပဲ၊ ချဲထီရောင်းရတဲ့ အမြတ်ငွေဟာ တနှစ် တနှစ်ကို ဘတ်ငွေ သန်းထောင်ချီပါတယ်၊ ချဲထီဒိုင်တွေဟာ များသောအားဖြင့် တရုတ်သူဌေးတွေပါ၊ ဘန်ကောက်က မားဖီးယားတွေပေါ့၊ ဒါပေမယ့် မားဖီးယား အစစ်တော့ မဟုတ်ပါဘူး၊ တကယ့် မားဖီးယား အစစ်တွေ ကတော့ ဒီ တရုတ်သူဌေးတွေရဲ့ အနောက်မှာ ရှိနေပါတယ်။
ဘန်ကောက်ရဲ့ တကယ့် မားဖီးယား ကြိုးကိုင်တွေကတော့ နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေနဲ့ တပ်ထွက် စစ်ဗိုလ်ချုပ်တွေပါ၊ သူတို့မှာ ငွေအင်အား တင်မကပါဘူး၊ အာဏာ အင်အားလည်း တကယ် ရှိပါတယ်၊ ဒီအတွက် အစိုးရကို တရားဝင်တာရော တရားမ၀င်တာရော ကန့်ကွက်ကြတာပါ၊ တရားမ၀င် ကတော့ ၀န်ကြီးချုပ်ကို လုပ်ကြံမယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်၊ တရားဝင်ကတော့ အတိုက်အခံ ဒီမိုကရက် လွှတ်တော်အမတ်တွေက လွှတ်တော်ထဲမှာ အစိုးရကို ချဲထီဟာ လောင်းကစားတာ သာဖြစ်တဲ့အတွက် လောင်းကစားမှု ဆိုင်ရာ တားမြစ်ထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းနေတယ် ဆိုပြီး အပြင်းအထန် ကန့်ကွက်ပါတယ်။
ဒါပေမယ့် ၀န်ကြီးချုပ် တပ်ဆင်ကတော့ ဒါဟာ လောင်းကစားပေမယ့် တရားဝင်ပြု လိုက်တဲ့အတွက် လောင်းကစားတာ မဟုတ်တော့ကြောင်း ဒီအတိုင်း ပစ်ထားပါက နိုင်ငံ့ဘဏ္ဍာအဖြစ် မရရှိတော့ပဲ ဝိသမ လောဘသမား ငွေရှင်ကြေးရှင်တွေပဲ ကြီးပွားလာတဲ့ အပြင် အောက်ခြေ လူတန်းစားတွေသာ နစ်နာရတဲ့ အပြင် လောင်းကစားမှု့နဲ့ အချိန်မရွေး ဖမ်းဆီး ခံနိုင်ရကြောင်း၊ တရားဝင် ပြုလိုက်တဲ့ အတွက် နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိကြောင်း ရှင်းပြပြီး ချဲထီကိစ္စကို နောက်မဆုတ်ခဲ့ပါဘူး။
ဘန်ကောက်က မားဖီးယားတွေဟာ ချဲထီ၊ လောင်းကစားဝိုင်း၊ ငွေတိုးချေးလုပ်ငန်းတွေ အပြင် နယ်မြေအလိုက် မိုက်ကြေးခွဲ တောင်းစား ကြပါသေးတယ်၊ ဘန်ကောက်မှာ ကားတက္ကစီ၊ ဆိုင်ကယ်တက္ကစီ၊ သုံးဘီးတက္ကစီ(တုတ်တုတ်) တွေဟာ အများအပြားရှိပြီး တက္ကစီ ဆွဲစားတဲ့ သူတွေဟာ သာမာန် ဆင်းရဲသားတွေ ဖြစ်ပါတယ်၊ အဲဒီကား၊ ဆိုင်ကယ်၊ သုံးဘီးတက္ကစီတွေ အားလုံးဟာ ကိုယ်ဂိတ်ထိုးချင်တဲ့ နေရာက မားဖီးယား လူမိုက်တွေကို လိုင်းကြေး ပေးရပါတယ်၊ စာရေးသူ သိသလောက်ကတော့ ဆိုင်ကယ်တက္ကစီတောင် အနဲဆုံး ဘတ်ငွေ ၂သောင်း ပေးရပါတယ်၊ မပေးပဲနဲ့ ဂိတ်သွားထိုး လို့ကတော့ နေ့ခင်းကြောင်တောင် အများပြည်သူရှေ့မှာ ရက်ရက်စက်စက် ရိုက်နှက် ထုထောင်းခြင်း ခံရပါလိမ့်မယ်။
ဒီကိစ္စတွေ အတွက် ရဲကိုလည်း သွားအားမကိုးပါနဲ့ သူတို့ မကျေနပ်တဲ့ရဲဆို ရဲစခန်းထဲထိ ၀င်ရိုက်တတ်ပါတယ်၊ ထိုင်းမီဒီယာတွေမှာ ခဏခဏ မြင်နေရလွန်းလို့ ထိုင်းပြည်သူတွေများ ဒီအဖြစ် အသားကျလို့ နေမလားပဲ၊ မစ္စတာတပ်ဆင်ဟာ ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ပါတယ်၊ မားဖီးယားကော ဘာသော ဂရုမစိုက်ပါ၊ အပြစ် ရှိလို့ကတော့ အားလုံးကို ဖမ်းဆီးပါတယ်၊ သူ့ရဲ့ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှု့တွေကြောင့် ဘန်ကောက် မြို့တော်က လက်လုပ် လက်စား တက္ကစီ အပေါင်းတို့ဟာ မားဖီးယား လူမိုက်တွေကို လိုင်းကြေးပေးရခြင်းမှ လွတ်ကင်းရပါတယ်၊ ဒါကြောင့် ဒီနေ့အချိန်ထိ ဘန်ကောက်က ကား၊ ဆိုင်ကယ်၊ သုံးဘီး တက္ကစီသမားတွေဟာ တက်ဆင်ကို ထောက်ခံ နေကျတုန်းပါပဲ။
မူးယစ် ဆေးဝါး အရောင်းအ၀ယ် တွေမှာလည်း ဒီမားဖီးယားတွေက ဦးဆောင် ရောင်းဝယ်သူတွေ ပါပဲ၊ ဒါကို မစ္စတာ တပ်ဆင်က ရဲတွေကို ပစ်မိန့်ပေးပြီး ကြမ်းကြမ်းတမ်းတမ်း နှိမ်နှင်းခိုင်းတဲ့အတွက် မားဖီးယားတို့ အထိ နာကြရပါတယ်၊ မူးယစ် ဆေးဝါးမှု့ ဖြစ်တဲ့အတွက် ဘယ်လိုမှ မတုန့်ပြန်နိုင် ပါဘူး၊ ဒါကြောင့် နောက်ဆုံး ထိုင်း လူ့အခွင့်အရေး အဖွဲ့ကြီးက တပ်ဆင်အစိုးရကို လူ့အခွင့်အရေးတွေကို မလိုက်နာပဲ ပြည်သူတွေကို သတ်ဖြတ်နေပါတယ်၊ ဆိုပြီး ထအော်ပါတော့တယ်၊ ဒါလည်း အလုပ်မဖြစ်ပါဘူး သူကတော့ သူရည်မှန်းချက် အတိုင်း ဆက်လျှောက်နေရင်း ပုဂ္ဂလိက ခြစားတဲ့ နွံအတွင်း ခုန်ဆင်း၍ ပြည်တော်ပြန်လို့ မရနိုင်လောက်အောင် ဇါတ်သိမ်းသွားတာပါ။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး”


အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက်
ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို
NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၈

ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။
“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။
အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။
မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။

ဆန္ဒပြသူ ၉ ဦး အဖမ်းခံရ
TUESDAY, 30 DECEMBER 2008 19:15 ဧရာဝတီ

ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ပြည်သူ့ လွှတ်တော် အနီးတွင် ဆန္ဒပြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အနည်းဆုံး ၉ ဦး ဖမ်းဆီး ခံခဲ့ရသည်။

“ဒီကနေ့ ဌာနချုပ်ရုံးမှာ ဦးခင်မောင်ဆွေရဲ့ ဟောပြောပွဲ ရှိတယ်၊ ဟောပြောပွဲကအပြန်မှာ သူတို့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပိုစတာတွေ၊ ဓာတ်ပုံတွေ ကိုင်ပြီး ဆန္ဒပြကြတာ” ဟု အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ရှင်းပြသည်။ ဆန္ဒပြသူများသည် ကြွေးကြော်သံများ အော်ဟစ်ခြင်းမရှိဘဲ ဆိုင်းဘုတ်နှင့် ဓာတ်ပုံများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ဝင်းအနီးသို့ ရောက်စဉ် လုံထိန်းကားများ ရောက်ရှိလာကာ ဆန္ဒပြသူများကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ကိုထွန်းထွန်းဝင်း၊ ကိုထွန်းထွန်းလင်း၊ ကိုပြည့်ပြည့်အောင်၊ ကိုဝင်းမြင့်မောင်၊ ကိုမင်းသိန်း၊ ကိုကောင်းထက်လှိုင်၊ ကိုဖြိုးဝေ၊ ကိုရဲနည်စိုး၊ မထက်ထက်ဦးဝေတို့ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်အဖြစ် ငှက်များကို ဘေးမဲ့လွှတ်သည့် အဖွဲ့ချုပ် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ အကျဉ်းချခံရသူပေါင်း အနည်းဆုံး ၂၁၆၄ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို နယ်ထောင်အသီးသီးသို့ ရွှေ့ပြောင်းလျက်ရှိသည်။ ပဲခူးထောင်မှ မထားထားသက်ကို စစ်ကိုင်းတိုင်း၊ ခန္တီးထောင်သို့ ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။
ရှားရှားပါးပါး ရန်ကုန်မြို့ ဆန္ဒပြပွဲ၌ ၉ ဦးအဖမ်းခံရ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 30 2008 17:15 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုသည့် ရန်ကုန်မြို့တွင် ယနေ့ဖြစ်ပွါးခဲ့သော ဆန္ဒပြပွဲ၌ အတိုက်အခံပါတီအဖွဲ့ဝင် အနည်းဆုံး ၉ ဦး ဖမ်းဆီးခံရကြောင်း အတိုက်အခံ သတင်းရပ်ကွက်များနှင့် မျက်မြင်သက်သေများ၏ အပြောအရ သိရပါသည်။ဆန္ဒပြသူများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်၏ ဓါတ်ပုံနှင့် “ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး” ဟူသည့် နဖူးစည်းစာတန်းများကို ကိုင်ဆောင်၍ ယခုအခါ အသုံးမပြုတော့သော လွှတ်တော် အဆောက်အဦရှေ့တွင် အင်္ဂါနေ့မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြရာ ယင်းတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်ရဲများက ဖမ်းဆီးသွားကြသည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။"ကျနော် သိတာတော့ ၇ ယောက်ကို ဖမ်းသွားတယ် ပြောတယ်၊ ဒါပေမဲ့ တချို့က ပြောတာက အားလုံး ၉ ယောက်တဲ့" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ ပါတီဌာနချုပ်တွင် ကျင်းပသော အစည်းအဝေးကို တက်ရောက်အပြီးတွင် NLD လူငယ်အဖွဲ့ဝင် အနည်းဆုံး ၉ ဦးသည် လမ်းမပေါ်သို့ ထွက်လာ၍ ချီတက် ဆန္ဒပြကြရာ ယင်းတို့ကို အာဏာပိုင်များက ယခုအခါ အသုံးမပြုတော့ပြီဖြစ်သော လွှတ်တော် အဆောက်အဦအနီးတွင် ဖမ်းဆီးသွားခဲ့ကြောင်းဖြင့် မျက်မြင်သက်သေတဦးက ပြောပါသည်။အင်္ဂါနေ့တိုင်း NLD ပါတီက ဆွေးနွေးပွဲများ ပုံမှန်ကျင်းပလေ့ရှိရာ ယနေ့ဆွေးနွေးပွဲတွင် မကြာသေးခင်က ထောင်ဒဏ် နှစ်ရှည်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူ ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက မျက်မှောက်နှင့် ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မျက်မြင်သက်သေများက လုံခြုံရေး တပ်ဖွဲ့ဝင် ရဲများသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အမည်မသိ နေရာသို့ ခေါ်ဆောင်မသွားမီ ရိုက်နှက်၍ ဖမ်းဆီးခဲ့သည်ဟု ပြောပါသည်။အဆိုပါ မျက်မြင်သက်သေများ၏ အဆိုအရ ထိုသို့ ဖမ်းဆီးခံခဲ့ရသူများမှာ မထက်ထက်အိုးဝေ၊ ကိုထွန်းထွန်းဝင်း၊ ကိုရဲနီ၊ ကိုဝင်းမြင့်၊ ကိုသက်မောင်ထွန်း၊ မပြည့်ပြည့်၊ ကိုမင်းသိန်း၊ ကိုအောင်ဖြိုးဝေ၊ ကိုကောင်းထက် နှင့် ကိုကောင်းထက်လှိုင် တို့ ဖြစ်ကြသည်ဟု ဆိုသည်။(မြင့်မောင် ဖြည့်စွက်ရေးသား ပေးပို့သည်)
မြန်မာ့ဒီမိုကရေစီရေး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရ
30 December 2008
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
တောင်းဆိုခဲ့ကြတဲ့ အတိုက်အခံပါတီဝင် လူငယ်တချို့ကို အာဏာပိုင်တွေက ရန်ကုန်မြို့
မှာ ဖမ်းဆီးလိုက်တယ်လို့ သူတို့နဲ့နီးစပ်တဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေက ပြောပါ
တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင် လူငယ် အနည်းဆုံး ၉ ဦးကို
အာဏာပိုင်တွေက ဒီကနေ့ပဲ ဖမ်းဆီးလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ အကြောင်းစုံကို
စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်
ရေးအတွက် ပါတီဝင်လူငယ်တွေ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ တောင်းဆိုဆန္ဒပြကြ
ရင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ အန်န်အယ်လ်ဒီ
ရုံးချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုတဲ့ စာတန်းတခုကို
ကိုင်ဆောင်ပြီး စတင်လှည့်လည်ခဲ့တာ နောက်ဆုံး လုံခြုံရေးအာဏာပိုင်တွေက
ဝိုင်းဝန်းဖမ်းဆီးတာကို ခံလိုက်ရတာလို့ ဖမ်းဆီးခံရသူတွေရဲ့ လုပ်ဖော်ကိုင်ဖက် လူငယ်
တဦးက ပြောပါတယ်။
“၉ ယောက်ပါသွားတယ်။ သူတို့က ဒီနေ့ လူငယ်ဟောပြောပွဲကနေ ပြန်ကြတာပေါ့။
အန်ကယ်ဦးခင်မောင်ဆွေရဲ့ ဟောပြောပွဲက ပြန်ကြတာ။ ပြန်ကြတော့ ပင်နီတိုက်ပုံ
တွေနဲ့၊ Free Daw Aung San Suu Kyi ဆိုပြီး ဆိုင်းဘုတ်ကိုင်သွားတယ်။ Free
Daw Aung San Suu Kyi ဆိုပြီး အင်္ဂလိပ်လို ပိတ်စအဖြူပေါ်မှာ အနီစာလုံးနဲ့ရေးထား
တယ်။ အဲဒီဆိုင်းဘုတ်မှာပဲ ဘေးတဖက်စီမှာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ
ကပ်ထားတယ်။
“အဲဒီအတိုင်း အေးချမ်းစွာပဲ သူတို့ လမ်းလျှောက်သွားကြတယ်။ သူတို့ဘာသာသူတို့
ဘာမှလည်း မပြောဘူး၊ ပင်နီတိုက်ပုံလေးတွေနဲ့ ရင်ထိုးလေးတွေ ထိုးထားကြတယ်။
တချို့ကလည်း စံပယ်ပန်းလေးတွေ ချိတ်ထားတယ်၊ ရင်ဘတ်တွေမှာ။ အန်န်အယ်လ်ဒီ
ရုံးရှေ့ကနေ ချီတက်သွားကြတာ။ မြေနီကုန်းကနေပြီး ပြည်လမ်းကနေ မြို့ထဲဘက်
ပြန်ထွက်တာ၊ ပြည်သူ့လွှတ်တော်ရှေ့ရောက်တော့ အရပ်ဝတ်နဲ့ အမည်မသိလူတွေက
ဝင်ပြီး ဖမ်းဖမ်းဖမ်းဆိုပြီး ၀င်ဆွဲကြတယ်။ အဲလိုဆွဲတဲ့အချိန်မှာပဲ ရဲကားတစီး
ရောက်လာတယ်။ ပြီးတော့ တုတ်တွေနဲ့ ပြေးဆင်းပြီး ဆွဲကြ ရိုက်ကြတာပဲ။”
ဒီလို ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှား
ခဲ့ကြတဲ့ လူငယ်တွေထဲက ဒီကနေ့ ဖမ်းဆီးခံခဲ့ရတာဆိုရင် အနည်းဆုံး အန်န်အယ်လ်ဒီ
ပါတီဝင် လူငယ် ၉ ဦး ပါတယ်လို့လည်း ဆိုပါတယ်။
“အားလုံးပေါင်း ၉ ယောက်ပေါ့။ ဘယ်သူတွေပါလဲဆိုတော့ ကိုထွန်းထွန်းဝင်း
စမ်းချောင်းလူငယ်တာဝန်ခံ၊ ကိုထွန်းလင်း စမ်းချောင်း၊ ကိုပြည့်ပြည့် စမ်းချောင်း၊ သူက
ဒဂုံတက္ကသိုလ်က ပထမနှစ် ဥပဒေကျောင်းသားတယောက်ပေါ့၊ ပြီးတော့
ကောင်းထက်လှိုင် စမ်းချောင်း၊ အောင်ဖြိုးဝေ စမ်းချောင်း၊ သက်မောင်ထွန်း
စမ်းချောင်း၊ ထက်ထက်ဦးဝေ ရွှေပြည်သာ၊ ၀င်းမြင့်မောင် ခေါ် ပဲပြုတ် ခရမ်း၊
ကိုမင်းသိန်း သာကေတတို့ဖြစ်တယ်။ သူတို့ကိုဆွဲတာတော့ ပြည်သူ့လွှတ်တော်ရှေ့မှာ
ဆွဲသွားကြတာပဲ။ အရပ်ဝတ်တွေနဲ့ ၀င်ဆွဲတာ။ ဆွဲနေတဲ့အချိန်မှာပဲ ယူနီဖောင်းဝတ်
တွေနဲ့ ရဲကားတစီးရောက်လာပြီး တုတ်တွေနဲ့ ပြေးဆင်းသွားကြပြီး ၀င်ဖမ်းကြတာပေါ့။”
ဒီလို ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်တဲ့အခါ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က
ဖမ်းဆီးအရေးယူတာတွေနဲ့သာ တုံ့ပြန်လေ့ရှိတဲ့ကြားကပဲ အခုလို လှုပ်ရှားမှုတွေကစပြီး
လူထုအုံကြွမှုတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လေ့ရှိတာပါ။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ထဲတုန်း
က ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေး ကျဆင်းရေး လှုပ်ရှားမှုတွေ၊ သံဃာတော်တွေရဲ့
မေတ္တာပို့ကြွချီ လှုပ်ရှားခဲ့ကြတဲ့ နေရာတွေမှာဆိုရင်လည်း နောက်ပိုင်းတွေမှာ တနိုင်ငံ
လုံးအတိုင်းအတာအထိ ရိုက်ခတ်ခဲ့တာတွေ ရှိခဲ့လို့လည်း အာဏာပိုင်တွေက သွေးထွက်
သံယိုဖြစ်တဲ့အထိ ချေမှုန်းပြီး ကိုင်တွယ်ခဲ့တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

အားတင်းထားပါ

Tuesday, 30 December 2008 14:00 ကေတီဦး
မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲဟာ ဘာလိုလိုနဲ့ နှစ်ပေါင်း ၂၀ တောင် ကြာညောင်းခဲ့ပါပြီ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးကစလို့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေးလမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်း ကြိုးစားခဲ့ကြတာပါ။

၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးမှာလဲ ပြည်သူလူထုအားလုံး တခဲနက် ပါဝင်တောင်းဆိုခဲ့ကြတာ အထင်အရှားရှိပါတယ်။

ပြည်သူလူထုက ဆိုးရွားလှတဲ့၊ ညံ့ဖျင်းလှတဲ့ လူနေမှု၊ အုပ်ချုပ်ရေးစနစ်ဟောင်းကို ပိုမိုကောင်းမွန်တဲ့ လူနေမှု အုပ်ချုပ်ရေးစနစ်သစ် တခုနဲ့ အစားထိုးဖို့ ဘယ်လိုပင် တောင်းဆိုသော်လည်း Army autocracy ပုံစံကိုသာ အလိုရှိတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ တချက်ကလေးမှ အလျှော့မပေးခဲ့တာလည်း အများအသိပါပဲ။ ဒါကလဲ အဆန်းတကျယ်တောဖြင့် မဟုတ်ရပါဘူး။ ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရက်စက်ကြမ်းတမ်းတဲ့ အုပ်စိုးသူ လူတန်းစားတို့ရဲ့ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အများပြည်သူ မည်မျှ ဒုက္ခရောက်ပါစေ၊ ဆင်းရဲကြပ်တည်းနေပါစေ အလျှော့မပေးဘူး။ တော်လှန်ပုန်ကန်မှုကို ကန့်သတ်မယ်၊ ချုပ်ချယ်မယ်၊ ဖိနှိပ်မယ်ဆိုတာတွေဟာ အစွန်းရောက် အာဏာရှင်တို့ရဲ့ လက်သုံးလုပ်ရပ်တွေသာ ဖြစ်ပါတယ်။

ဒီလို ဆိုးရွားကြမ်းတမ်းတဲ့သဘောရှိတဲ့ အာဏာရှင်တို့ရဲ့ သဘောထားကို ချေဖျက်တိုက်ပွဲဝင်ကြရမဲ့ တော်လှန်ရေးသမားတွေ အတွက်တော့ သူတို့ရဲ့ ဖိနှိပ်မှုတွေကို ဂရုစိုက်စရာမလိုဘူးလို့ ထင်မြင်မိပါတယ်။ ဖိနှိပ်မှုဆိုတဲ့ စကာလုံးဟာ အာဏာရှင်တို့ရဲ့ လက်သုံးစကားဖြစ်သလို တော်လှန်ရေးဆိုတာဟာလဲ ဖိနှိပ်ခံ ပြည်သူ၊ ဖိနှိပ်မှုကို မလိုလားသူ၊ လွတ်လပ်ရေးကို မြတ်နိုးသူတို့ရဲ့ စကာလုံးသာ ဖြစ်ပါတယ်။

ပြင်သစ်ပြည်မှာ ပြင်သစ်တော်လှန်ရေး မဖြစ်မီက အော်တိုကရေစီဘုရင်စနစ် ထွန်းကားခဲ့ပါတယ်။ ပြင်သစ်ဘုရင် လူဝီ (၁၄) က "ဘုရင်နှင့် တိုင်းပြည်သည် ခြားနားခြင်းမရှိ၊ ငါသည် ဘုရင်ဖြစ်သည်၊ ထို့ကြောင့် ငါသည် တိုင်းပြည်ဖြစ်သည်”ဟု ဆိုခဲ့ပါတယ်။ အခုလဲ မြန်မာ နအဖစစ်အစိုးရဟာ သူတို့ရဲ့ အသုံးချခံ စစ်တပ်ဖွဲ့ဝင်တွေကို “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” လို့ ပြောနေတယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ "နိုင်ငံတော် နိုင်ငံတော်” ဆိုတဲ့ စကာလုံးကို ရေလဲသုံးပြီး တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေကို လက်ခုပ်ထဲက ရေလို သဘောထားနေပါတယ်။ အဲဒီလို သဘောထားကြောင့် ပြည်သူပြည်သားတွေအပေါ်မှာ လူတဦးချင်း ရရှိခံစားထိုက်တဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို ပိတ်ဆို့ဟန့်တား ခြိမ်းခြောက်မှုတွေနဲ့ သွန်ချင်သလိုသွန်၊ မှောက်ချင်သလိုမှောက် လုပ်နေပါတယ်။ သူတို့ရဲ့ဖိနှိပ်မှုဟာ အထူးသဖြင့်တော့ လူထုရဲ့ ဆန္ဒအမှန်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုပေးခဲ့ကြတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ်မှာ စုပြုံကျရောက်လာခဲ့ပါတယ်။

ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်ပေါင်း မြောက်များစွာ၊ ပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဝင်တွေ၊ ပြီးတော့ သံဃာ့ ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရနဲ့ သူ့ရဲ့နောက်ပါ သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက် ထောင်ချအရေးယူထားတယ်။ အခြားသော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ ရှေ့နေတွေ၊ ကျောင်းသားတွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမာတွေ၊ ဘလော်ဂါတွေကိုလဲ ဖမ်းဆီးထောင်ချ အရေးယူထားတယ်။ ဒါ့အပြင် ဖမ်းဆီးထားသူတွေကို ပိုမိုပြင်းထန်တဲ့ ရက်စက်ခြိမ်းခြောက်မှု အသွင်သဏ္ဌာန်နဲ့ မိသားစုနဲ့ဝေးကွာရာ နယ်စပ်ဒေသက အကျဉ်းထောင်တွေဆီကို ပို့ဆောင်ခဲ့ပြန်တယ်။

ပြည်ပမှာဆိုရင်ကော။ ပြည်ပက မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေအပေါ်မှာလဲ နအဖစစ်အစိုးရဟာ လက်လှမ်းမှီသမျှနဲ့ ဟန့်တားနှောင့်ယှက်မှုတွေ ရှိနေတာပါပဲ။ နိုင်ငံရေးတက်ကြွသူတွေကို ရောက်ရှိရာနိင်ငံတွေမှာ ရပ်တည်လို့မရအောင် နိုင်ငံကူးလက်မှတ်အပေါ် ကန့်သတ်မှု ဖျက်သိမ်းမှုတွေ လုပ်တယ်။ အမိမြေကိုပြန်လာချိန်မှာ ဖမ်းဆီးမှုတွေလုပ်တယ်။ ရောက်ရှိနေတဲ့ နိုင်ငံတွေက နိုင်ငံအစိုးရတွေ အထင်အမြင်လွဲမှားအောင် ဖိအားပေးမှုတွေ လုပ်တယ်။ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ အခြေပြုပြီး မြန်မာ့ဒီမိုကရေစီရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်လှုပ်ရှားနေသူတွေအပေါ်မှာဆိုရင် သက်ဆိုင်ရာ ထိုင်းအစိုးရနဲ့ International police (Interpol) အဖွဲ့လို အဖွဲ့မျိုးက အထင်အမြင်လွဲမှားအောင် လက်နက်မှောင်ခိုမှု၊ ဖောက်ခွဲမှု၊ လူကုန်ကူးမှုနဲ့ ပတ်သက်သူတွေအဖြစ် စွပ်စွဲပြောဆို တိုင်တန်းမှုတွေရှိနေတယ်လို့ ကြားသိနေရပါတယ်။ ဒီလို စွပ်စွဲပြောဆို တိုင်တန်းမှုတွေဟာ အမှန်တကယ်တော့ နအဖစစ်အစိုးရရဲ့ ရိုင်းစိုင်းရက်စက်မှု၊ မဟုတ်မမှန် လီဆယ်ပြီး သူတို့ အာဏာတည်မြဲရေး လုပ်ဆောင်မှုတွေသာဖြစ်ကြောင်း ကမ္ဘာပြည်သူတွေနဲ့ အစိုးရတွေဟာ နားလည်သဘောပေါက်သင့်ပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားသူတွေအားလုံးအနေနဲ့ကတော့ နအဖစစ်အစိုးရရဲ့ ဖိနှိပ်မှုပုံစံအမျိုးမျိုးကို နားလည်သဘောပေါက်ပြီး ခံနိုင်ရည်ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဒီမိုကရေစီစနစ်ရဲ့ရှေ့ဆောင် အမေရိကန်နဲ့ ဥရောပနိုင်ငံကြီးတွေရဲ့ သမိုင်းကြောင်းမှာရှိတဲ့ ဒီမိုကရေစီတော်လှန်ရေး ကာလတွေဟာလဲ ဒီကနေ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်းမျိုးထက် လျော့နည်းခဲ့မယ်လို့ မထင်မိပါဘူး။
အမေရိကန်မှာ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး တိုက်ပွဲအတွက် စစ်ရေးနည်းနဲ့ ရှစ်နှစ်ကြာ တိုက်ခဲ့တာတောင် အမှန်တကယ် တန်းတူညီမျှရေးဟာ လူမည်းတွေအတွက် ကွက်ကျန်ခဲ့လို့ သမ္မတကြီး လင်ကွန်းဟာ လူမည်းတွေရဲ့ လွတ်လပ်ရေးအတွက် ဦးဆောင်အရေးဆိုခဲ့ရာမှာ အမေရိကန်တောင်ပိုင်းသားတွေက လက်မခံနိုင်ခဲ့ကြလို့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ ခြောက်နှစ်ကြာခဲ့ပါတယ်။ လူမည်းအရေးအတွက် ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ပြည်တွင်းစစ်လို့ ဆိုပါတယ်။ စစ်ကြီးပြီးတဲ့နောက် လူမည်းတွေ လွတ်လပ်ခဲ့ပေမဲ့ လူတွေကြားက အဖြူအမဲ ခွဲခြားဆက်ဆံမှုဟာ ပြီးသွားတာမဟုတ်သေးလို့ မာတင်လူသာကင်းတို့လို ပုဂ္ဂိုလ်တွေက ဆက်လက်တိုက်ပွဲဝင်ခဲ့ရတာ နှစ်ကာလတွေ အကြာကြီးပါပဲ။ အခုအချိန်မျာတော့ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးမှာ လူမည်းနွယ် သမ္မတလောင်း အိုဘားမားက လူဖြူသမ္မတလောင်း ဂျွန်မက်ကိန်းကို မဲအပြတ်အသတ်နဲ့ နိုင်ပြီး အောင်ပွဲဆင်နိုင်ခဲ့ပါပြီ။

အင်္ဂလန်မှာလည်း အလားတူပါပဲ။ ဒီမိုကရေစီရေးနဲ့ လူအချင်းချင်း တန်းတူညီမျှရေးတိုက်ပွဲဟာ အတော်ကို အချိန်ယူခဲ့ကြရပါတယ်။ (၁၇-၁၈) ရာစုကာလတွေမှာ အင်္ဂလန်က ဘုရင်နဲ့ မှူးမတ်တွေရဲ့ ဘတပြန် ကျားတပြန် တိုက်ပွဲတွေ၊ မြေရှင်ကြီးတွေနဲ့ မှူးမတ်တွေရဲ့ တိုက်ပွဲတွေ၊ စက်မှုဖွံ့ဖြိုးလာပြီးနောက် အရင်းရှင်တွေနဲ့ မှူးမတ်အာဏာပိုင်တွေရဲ့ တိုက်ပွဲတွေ၊ အရင်းရှင်နဲ့ အလုပ်သမားတွေရဲ့ တိုက်ပွဲဟာ ပြင်းထန်ရုံမက ရှည်လျှားခဲ့တာပါပဲ။ အင်္ဂလန်မှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းမှုအစက အိမ်ပိုင်ယာပိုင်မရှိရင် မဲပေးခွင့်မရှိခဲ့ကြပါဘူး။ အလုပ်သမားတွေလဲ မဲပေးခွင့်မရခဲ့ကြပါဘူး။ ဒါတွေကိုလဲ အချိန်ယူ တိုက်ပွဲဝင်ခဲ့ရတာပါ။ အင်္ဂလန်မှာ အမျိုးသမီးတွေ မဲပေးခွင့်မရသေးခင်က အင်္ဂလိပ်အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေး ရရှိရေးအတွက် အမျိုးသား လွှတ်တော်အမတ်တွေ လွှတ်တော်ထဲကထွက်လာရင် လမ်းမပေါ်မှာ တုံးလုံးလှဲပြီး လမ်းပိတ်ဆို့သူက ပတ်ဆို့၊ ငြုပ်ကောင်းမှုန့်တွေ၊ ငြုပ်သီးမှုန့်တွေနဲ့ ပက်သူက ပက်၊ ကြာပွတ်နဲ့ ဆီးရိုက်သူက ရိုက်၊ အဲဒီလိုလုပ်တော့ ဖမ်းဆီးထောင်ချ၊ ထောင်ချတော့လည်း အမျိုးသမီးတွေက မလျော့ဘဲ ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြနဲ့၊ အဲဒီလို တိုက်ပွဲဝင်ခဲ့ကြတဲ့ အင်္ဂလိပ်အမျိုးသမီးတွေရဲ့ အောင်ပွဲဟာ (၂၀) ရာစုရောကတော့ မာဂရက်သက်ချာလို အမျိုးသမီးဝန်ကြီးချုပ်တယောက်က သက်တမ်း သုံးကြိမ်တောင်မှ အင်္ဂလန်လွှတ်တော်မှာ ကြီးစိုးနိုင်ခဲ့ပါတယ်။

တော်လှန်ရေးနဲ့ပတ်သက်ရင် တောင်အာဖရိက,က လူဖြူလူမည်းတန်းတူရေး တိုက်ပွဲတွေဟာလည်း သင်္ခန်းစာယူစရာတွေပါပဲ။ လူမည်းခေါင်းဆောင် မစ္စတာ မန်ဒဲလားနဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ ရှည်ကြာလှတဲ့ အကျဉ်းထောင်သက်တမ်းတွေနဲ့ တိုက်ပွဲဝင်အပြီးမှာ နောက်ဆုံးတော့လဲ အောင်ပွဲဆင်နိုင်ခဲ့တာပါဘဲ။

တော်လှန်ရေးဆိုတာ လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမှုဆိုတဲ့ အရာတွေအတွက် အမှန်တကယ် ကြီးကျယ်မြင့်မြတ်သူတို့သာ လုပ်ဆောင်နိုင်ကြတာပါ။ တော်လှန်ရေးဟာ ကြာချင်ကြာမယ်၊ မြန်ချင်မြန်မယ်၊ ဘဝတွေ ပါချင်ပါမယ်၊ အသက်တွေ ပါချင်ပါမယ်၊ ဒါပေမဲ့ တော်လှန်ရေးကြီးဟာ ကြီးကျယ်မြင့်မြတ်သူတို့ရဲ့လမ်းဖြစ်ပါတယ်။ မကြီးကျယ် မမြင့်မြတ်သူတို့နဲ့ မသက်ဆိုင်ဘဲ အမှန်တကယ် ကြီးကျယ်မြင့်မြတ်လိုသူတိုင်း ပါဝင်ဆင်နွဲရမဲ့ လမ်းဖြစ်ပါတယ်။

ယခုလက်ရှိ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘယ်လိုမှ ရလဒ်ကောင်းမထွက်နိုင်တော့တဲ့ အလွန့်အလွန်ဆိုးရွားလှတဲ့ “Army autocracy” စစ်အာဏာရှင် စနစ်လမ်းဟောင်းကနေ “By the people, for the people” ဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတဲ့ ကြီးကျယ်မြင့်မြတ်သူတွေ အများကြီးရှိနေကြပါပြီ။

ဖိနှိပ်သူ စစ်အစိုးရက အဘယ်မျှ ဖိနှိပ်ပါစေ၊ ကန့်သတ်ပါစေ၊ နှောင့်ယှက်ဟန့်တားပါစေ တော်လှန်ရေးလမ်းကြောင်းကတော့ ပြောင်းလို့မဖြစ်ပါဘူး။ အခုတော့ ခံနေကြရဆဲပါ။ ခံနေကြရတဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေကို မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ ခုနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ဝန်းထဲမှာ ပြုလုပ်ခဲ့တဲ့ ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းလေးကို ပြန်လည်ပြောပါရစေ။ သူပြောခဲ့တာက“လက်နက်ကိုင်ပြီး လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ဘာလက်နက်မှ မပါဘဲ ခံရဲတာမှ သတ္တိ” ဆိုတဲ့ စကားပါပဲ။

အလူးအလဲခံနေရတဲ့ ပြည်သူလူထုအားလုံးနဲ့ နိုင်ငံရေးတက်ကြွသူတွေဟာ ခံရဲတဲ့သတ္တိတွေ ရှေ့ကို တိုးမွေးမြူကြရဦးမှာမို့ လက်သီးတွေကို ကျစ်ကျစ်ဆုပ်ထားပါ။ သမိုင်းဘီးဟာ နောက်ပြန်မလည်ပါဘူး။ အခုချိန်မှာတော့ “အားတင်းထားပါ” လို့ အားလုံး အားလုံးကို တိုက်တွန်းလိုက်ပါရစေ။ ။

၁၁ မီး ဝိုင်းနေသည့် ဗိုလ်ချုပ်မှူးကြီး

Tuesday, 30 December 2008 15:42 အောင်ဇော်
မြန်မာ့ အရေးကို စိတ်ဝင်စားသည့် သံတမန်များ နိုင်ငံခြားသား မိတ်ဆွေများနှင့် ကျနော် စကားစမြည် ပြောဖြစ်သည့် အခါတိုင်း မြန်မာပြည် နိုင်ငံရေးနှင့် ဗေဒင်၊ ယတြာ၊ အင်းအိုင်ခလှဲ့၊ လက်ဖွဲ့တို့ စပ်ဆက်နေပုံကို မဖြစ်မနေ ထည့်ပြောဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များ အားလုံး အင်းအိုင်၊ လက်ဖွဲ့၊ ယတြာများကို မည်မျှ ယုံကြည်အားထားကြောင်း အားလုံး သိပြီးဖြစ်သည်။

ပြီးခဲ့သည့် သမိုင်းကို ပြန်သုံးသပ်ကြည့်မည် ဆိုလျှင် မြန်မာစစ်ဗိုလ်ချုပ်များက ၎င်းတို့၏ အရေးကြီးလှသော အစီအစဉ်များကို ပြဿဒါး၊ ရက်ရာဇာ တွက်ချက်ကာ အကွက်ကျကျ စီမံဆောင်ရွက်သည်ချည်းဖြစ်သည်။

ဦးနေဝင်းလက်ထက်တွင် ၉ ဂဏန်းကို အဓိကထား သုံးစွဲလေ့ရှိကြောင်း မှတ်မိကြလိမ့်ဦးမည်။ ၎င်းလက်ထက်က ပိုက်ဆံ ထုတ်ဝေရာတွင် ပေါင်းလျှင် ၉ ဂဏန်းရသည့် ၄၅ ကျပ်တန်များ၊ ၉၀ တန်များကို ကြိုတင်မကြေညာဘဲ ရုတ်တရက် ထုတ်ဝေခဲ့ဖူးသည်။

ယခု ၂၀၀၉ ခုနှစ်ဝင်ခါနီးအချိန်တွင် ဗိုလ်ချုပ်များ စိတ်ဝင်စားသည့် ကိန်းဂဏန်းက ၁၁ ဖြစ်နေသည်ကို တွေ့ရသည်။ ၁၁ ဂဏန်းကို ဘာကြောင့် စိတ်ဝင်စားခဲ့သလဲဆိုသည်ကို အတိအကျ ပြောရခက်လှသော်လည်း ကောလာဟလမျိုးစုံကတော့ ထွက်နေခဲ့သည်။

စက်တင်ဘာလက အကျဉ်းသား ၉၀၀၂ ဦးကို လွှတ်ပေးခဲ့သည့် သာဓကက အထင်ရှားဆုံးဖြစ်၏။ ၉၀၀၂ ကို ပြောင်းပြန်လှန်လျှင် ၂၀၀၉ ဖြစ်မည်၊ ၎င်းဂဏန်းစဉ်ကို ပေါင်းလိုက်ပါက ၁၁ ရသည်မဟုတ်ပါလား။ ၎င်း၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် တခုခုတော့ရှိရမည်ဟု လူအများက ကောလာဟလ ပြောဆိုနေကြပြန်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကျနော်လည်း ဗေဒင်ဆရာတယောက်ကို မေးကြည့်မိသည် “ဒီ ကိန်းဂဏန်း၏ နောက်ကွယ်တွင် ဗိုလ်ချုပ်များ၏ အယူသီးသော စွဲလမ်းမှုများ ရှိနေသလား” ဆိုသော အချက်ကို စိတ်ဝင်စားမိသောကြောင့် ဖြစ်၏။

ကျနော့်အသိ ဗေဒင်ဆရာက “သူတို့နံပတ်တွေက ဘယ်တော့မှမမှန်တတ်ဘူး။ သတင်းစာထဲက ကိန်းဂဏန်း တွေက ယတြာတွေ၊ ဗေဒင်တွေပေါ်မှာ အခြေခံတာ။ ၉၀၀၂ ယောက်လွှတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ တကယ် လွှတ်တာက ၃၊ ၄၊ ၅ ဒါဇင်လောက်ပဲ ဖြစ်ချင်ဖြစ်မှာ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

၁၁ ဂဏန်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းပါသည်။ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသား များကို ထောင်ချသည့် နှစ်အရေအတွက်ကိုပဲ ကြည့် .. ။ ၆၅ နှစ် .. ပေါင်းလျှင် ၁၁ ရသည်။ ထောင်ဒဏ် ချမှတ်သည့် လက ၁၁ လပိုင်း၊ တချို့ အမှုများကို အမိန့်ချမှတ်ချိန်က နံနက်ခင်း ၁၁ နာရီဟုပင် ပြောကြသည်။

ထို့ကြောင့် ကျနော်က “ဘာကြောင့် ၁၁ ဂဏန်းကိုမှ သုံးနေရတာလဲ” ဟု ယခင်က နေပြည်တော်နှင့် နီးစပ်ခဲ့ဖူးသည့် ဗေဒင်ဆရာကို မေးခွန်းဆက်ထုတ် လိုက်သည်။

သူက မြန်မာ့ရိုးရာ ယုံကြည်မှုထဲတွင် “၁၁ မီး” ဆိုသည့် အချက်ရှိသည်ကို မမေ့သင့်ကြောင်း၊ စစ်ဗိုလ်ချုပ်များ လည်း ၁၁ မီးငြိမ်းစေရန် ၁၁ ဂဏန်းဖြင့် ယတြာချေခြင်းဖြစ်နိုင်ကြောင်း ကျနော့်ကို ပြောပြသည်။
ပူပြင်းလွန်းသော ထို မီး ၁၁ ခုကို စစ်ဗိုလ်ချုပ်ကြီးများက ငြှိမ်းသတ်နေကြခြင်း ပေလော။ ကျနော် တွေးမိသည်မှာ .. စစ်ဗိုလ်ချုပ်ကြီးများက ၁၁ မီးကို သူတို့ကိုယ်သူတို့ မလောင်ကျွမ်းရအောင် ငြှိမ်းသတ် လေလေ .. ပြည်သူလူထုက ထိုမီးများ လောင်ကျွမ်းလေလေ ဖြစ်လေမည်လား .. ဟူ၍ဖြစ်သည် ..။

မြန်မာစစ်ဗိုလ်ချုပ်များ ယတြာချေသည့် အလုပ်နှင့် ပတ်သက်၍ ရှေ့တွင်လည်း သာဓကများစွာရှိခဲ့ဖူးသည်။

ဦးနေဝင်းလက်ထက်တွင် ရန်ကုန်သားသတ်သမားဟူ၍ နာမည်ကြီးခဲ့သော ဗိုလ်ချုပ်စိန်လွင်က တိုင်းပြည်ရှေ့ရေးကို လှမ်းမျှော် ကြည့်ရှုရန်အတွက် ပြက္ခဒိန်တော်ခန်းများကို ဗေဒင်လက္ခဏာဆရာများဖြင့် တိုင်ပင်၍ ဖွင့်လှစ်ဆောင်ရွက် ခဲ့သည်။

ဦးနေဝင်းကိုယ်တိုင်ပင် ၎င်းဖြုတ်ချခဲ့သည့် ရာထူးရှင်များနေရာတွင် မည်သူ့ကိုပြန်လည်ခန့်အပ်ရမည်ကို ဗေဒင်လက္ခဏာ ဆရာများနှင့် တိုင်ပင်ပြီးမှ ဆောင်ရွက်လေ့ရှိသည်။ မြန်မာစစ်ဗိုလ်ချုပ်များက အစဉ်အဆက် ဆိုသလို ဗေဒင်လက္ခဏာ ဆရာများ၊ ပရောဟိတ်များကို ၎င်းတို့ အာဏာတည်မြဲရေးအတွက် အသုံးချခဲ့ သည်သာမက ထိုဗေဒင်လက္ခဏာ ဆရာများ၊ ဘိုးတော်များကို ၎င်းတို့အနီးတွင် အပါးတော်မြဲအဖြစ် ထားသည်။

၂၀၀၂ ခုနှစ်က ဦးနေဝင်း၏ မြေးများကို ဖမ်းဆီးထောင်ချစဉ် ၎င်းမိသားစုကိုးကွယ်သည့် ဘိုးတော် အောင်ပွင့်ခေါင်ကိုပါ ထိန်းသိမ်းလိုက်သည်။ ၎င်း ဘိုးတော်က ထိုစဉ်အချိန်က ထိပ်သီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ အာဏာပြုတ်ကျရေးအတွက် အစီအမံများ ပြုလုပ်ပေးခဲ့သည်ဟု သတင်းကြီးသည်။

အလားတူ အဖြစ်အပျက်တခု ၂၀၀၄ ခုနှစ်က ဖြစ်ခဲ့ပြန်သည်။ ထိုစဉ်က အာဏာကျဆုံးကာ ထိန်းသိမ်း ခံခဲ့ရသော ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်အတူ ၎င်းကိုးကွယ်သည့် ဘိုးတော်သန်းလှပါ ထိန်းသိမ်းခံခဲ့ရ၏။ ယခုနောက်ပိုင်းတွင် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ၎င်း၏မိသားစုသည် သူတို့ လွတ်မြောက်ရေး အတွက် ဗေဒင်၊ ယတြာများကို ဆက်လက်စီမံလျှက် ရှိသည်ဟု ကြားသိရသည်။

ယခုနှစ်ဆန်းပိုင်းက ကျနော်ကြားသိရသည့် အတည်ပြုချက်မရယူနိုင်သော သတင်းတခုရှိသေး၏။ ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်က ၎င်း၏နေအိမ်တွင် သံဃာတော် ၉ ပါးကို ဆွမ်းကပ်ရန် ခွင့်တောင်းခဲ့သည် ဟူသော သတင်း ဖြစ်သည်။ သို့ရာတွင် လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများက သံဃာတော် ၉ ပါး ဆွမ်းကပ်ရန် ခွင့်မပြုဘဲ ၃ ပါးသာ ခွင့်ပြုခဲ့သည်ဟု သိရသည်။ အကြောင်းမှာ သံဃာ ၉ ပါး ဆွမ်းကပ်ရန် ခွင့်တောင်းခြင်းမှာ ယတြာ ချေခြင်းသာ ဖြစ်သည်ဟု လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများက ယုံကြည်သောကြောင့်ဖြစ်ကြောင်း ကြားသိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုသည်လည်း ဗေဒင်၊ ယတြာများကို အလွန်အမင်း ယုံကြည်သည်ဟု သတင်း ထွက်ပေါ်လျှက်ရှိသည်။

မြန်မာပြည်နိုင်ငံရေးနှင့် ပတ်သက်၍ တောင်သူလယ်သမားများ ရင်းနှီးနေသည့် အသုံးအနှုန်း ၂ ခုရှိ၏။ ပထမ တခုက ကြက်ဆူပင်ဖြစ်ပြီး နောက်တခုက “နေကြာ” ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၀၇ ခုနှစ်အတွင်း ပဲခူးတိုင်းတွင် နေကြာပင်များ စိုက်ပျိုးခိုင်းခဲ့သည်။ သူ “ကြာကြာနေရရန်” အတွက် ယတြာဖြစ်သည်ဟု အများက ပြောကြသည်။

ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီတို့ မြန်မာပြည်သို့ လာရောက်တိုင်း နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးနှင့် သွားရောက်မတွေ့ဆုံမီ ရွှေတိဂုံဘုရားရှိ ဆင်းတုတော်တဆူကို သွားရောက်ဖူးမြော်ကြည်ညိုရသည်ဟု ကြားဖူးသည်။

ကျောက်စိမ်းနှင့် ထုလုပ်ထားသော ထိုဆင်းတုတော်ကို မည်သည့် ပြည်သူ တစုံတဦးမျှ မြင်ဖူးခြင်း မရှိပေ။ ထိုဆင်းတုတော်၏ မျက်နှာမှာ ဗုဒ္ဓ၏ မျက်နှာတော်နှင့် လုံးဝ မတူဘဲ ဗိုလ်ချုပ်မှူးကြီး၏ မျက်နှာတော် အတိုင်း တထေရာတည်း ထုလုပ်ထားသည်ဟု စစ်တပ် အသိုင်းအဝန်းမှ ကြားသိရ၏။ ထိုဆင်းတုတော်ကို ကုလ အကြီးအကဲများအား သွားရောက် ကြည်ညိုဖူးမြော်ခိုင်းခြင်းမှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ဗေဒင်လက္ခဏာ သဘောအရ နာမ်နှိမ်လိုက်ခြင်းသာ ဖြစ်သည်ဟု ဗေဒင်လက္ခဏာ ဆရာများက ယုံကြည်ကြသည်။

နောက်ဆုံးကြားသိရသည့် သတင်းအရ မစ္စတာ ဂန်ဘာရီ မြန်မာပြည်သို့ လာရောက်တိုင်း သူ့ကိုထားမည့် မည်သည့် အစိုးရဧည့်ဂေဟာ၊ ဟိုတယ်မှာမဆို သူနေမည့် အခန်း၏ မျက်နှာကျက်တွင် မီးနေသည် ထဘီစကို ကပ်ထားသည်ဟု သိရသည်။ ထိုသို့ ပြုလုပ်ခြင်းသည်လည်း ကုလသမဂ္ဂလုပ်မည့် မည်သည့်ကိစ္စမဆို၊ မည်သည့် ခရီးစဉ်မဆို အောင်မြင်ခြင်းမရှိဘဲ ပျက်ပြားအောင် နာမ်နှိမ်သည့် သဘောဟု နေပြည်တော် သတင်းရပ်ကွက်က ယုံကြည်ကြသည်။

စစ်ဗိုလ်ချုပ်ကြီးများ နာမ်နှိမ်သည့်ကိစ္စက အနည်းဆုံးတော့ မစ္စတာ ဘန်ကီမွန်းနှင့် မစ္စတာ ဂန်ဘာရီတို့ အပေါ်တွင် အောင်မြင်သည်ဟု ဆိုရပေလိမ့်မည်။

အောင်ဇော်၏ Than Shwe, Voodoo and the Number 11 ကို ဆီလျှော်အောင် ပြန်ဆို ရေးသားသည်။

Monday, December 29, 2008

ဗြိတိသျှခေတ်အုပ်ချုပ်ရေးဆိုင်ရာအခေါ်အဝေါ်များ

MK0008


ပါးစပ်ရာဇ၀င်

126 PaSatYarZarWin


သီပေါမင်းပါတော်မူအရေးတော်ပုံ

U Pho Kyar Par Taw Mu


၂၉၁၂၂၀၀၈သတင်း....ဆောင်းပါး

download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။29122008


ရွှေရတုသဘင်မှသည် စိန်ရတုသဘင်သို့

Mon 29 Dec 2008, သူရိန်
၂၀၀၈ ခုနှစ်၏ ဒီဇင်ဘာလ ၂၃ ရက်နေ့သည် မွန်ပြည်သစ်ပါတီ၏ တော်လှန်ရေးကာလသမိုင်းတွင်လည်းကောင်း မွန်ပြည်သူတို့၏ သမိုင်းတွင်၎င်း မည်ကဲ့သို့သော အချိန်အခါမှ မေ့ပျောက်၍ ရနိုင်မည်မဟုတ်သော ထင်ကျန်ရစ်မည့် သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်မည့် မွန်ပြည်သစ်ပါတီ၏ တော်လှန်ရေးကာလ အနှစ် ၅၀ ပြည့် ရွှေရတု သဘင် ဆင်ယင်ကျင်းပသည့် သမိုင်းဝင်မှတ်တမ်းတင်ရမည့် နေ့မြတ်ကြီးပင် ဖြစ်ပေသည်။

မွန်ပြည်သစ်ပါတီ၏ တော်လှန်ရေးသမိုင်းအစ ၁၉၅၈ ခုနှစ်မှစ၍ ယခုကာလ ၂၀၀၈ ခုနှစ်အထိ မဆုတ်မနစ် သော ဇွဲလုံ့လ၊ လှေခွက်ချည်းကျန် အလံမလှဲသောသတ္တိသွေးများနှင့် အခက်အခဲပေါင်းများစွာကို ဆင်းရဲဒုက္ခ ခံကာ ကျော်ဖြတ်၍ မွန်မျိုးချစ်ခေါင်ဆောင်ကြီးများ၊ မွန်မျိုးချစ်သူရဲကောင်း အာဇာနည်ရဲဘော်ကြီးများ၏ အသက်သွေးချွေးပေါင်း များစွာတို့နှင့် ရင်းနှီးကာ စစ်ဖိနပ်သံခွာအောက်မှ အဖိနှိပ်ခံ မွန်ပြည်သူတို့၏ရှေ့ တွင် မားမားရပ်ကာ ဦးဆောင်ခဲ့သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ် နေ့မြတ်ကြီးလည်း ဖြစ်ပေသည်။

ရေးမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးပြီ မွန်ပြည်သစ်ပါတီ၏ အုပ်ချုပ်မှုနှင့် သြဇာသက်ရောက်မှုအောက်တွင် တည်ရှိ သည့် ထားဝယ်ခရိုင်ရုံးစိုက်ရာ ဝယ်ဇင်နှင့် ဝယ်ပေါင်ကျေးရွာတွင် ရွှေရတုသဘင်အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည့် ရွှေရတုသဘင်အခမ်းအနားကျင်းပမည့် ဒီဇင်ဘာ ၂၃ ရက်နေ့ မတိုင်မီကတည်းက အခမ်းအနားကျင်းပမည့်စင်မြင့်များ၊ ရပ်ဝေးမှရောက်လာကြမည့် ဧည့်သည်များအတွက် နေရာထိုင်ခင်းများ ဧည့်ခံကျွေးမွေးမည့်အစီအစဉ်များကို မွန်ပြည်သစ်ပါတီ၏ တာဝန်ရှိများ အသိုင်းအဝိုင်းများ ဒေသခံမွန်ပြည် သူများတို့က အားကျိုးမာန်တက် စီစဉ်ဆောင်ရွက်လျှက် ရှိနေကြပြီဖြစ်သည်။

ကြုံကြိုက်ခဲလှသော နှစ် ၅၀ ပြည် ရွှေရတုသဘင်အခမ်းအနားသို့ မွန်ပြည်နယ်ရှိ ဒေသအသီးသီးမှ မွန်ပြည်သူများ၊ မွန်အမျိုးသားအဖွဲ့အစည်းအသီးသီးမှ အဖွဲ့အစည်းဝင်များ ဖိတ်ကြားထားသော ပြည်တွင်းပြည်ပ အထူးဧည့်သည်များ၊ လူပုဂ္ဂိုလ်များ ရဟန်းသံဃာတော်များတို့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဝယ်ပေါင်ကျေးရွာနှင့် ဝယ်ဇင် ကွင်းများတွင် ခြေချစရာ နေရာမရှိအောင် လူဦးရေ သောင်းနှင့် ချီ၍ ရောက်ရှိနေကြပြီဖြစ်သည်ကိုလည်း တွေ့ မြင်ရပေသည်။

အမျိုးသားရေးနှင့် မျိုးချစ်စိတ်ပြင်းထန်လှသည့် မွန်ပြည်သူများနှင့် ဧည့်ပရိသတ်များအား ဧည့်ခံဖျော်ဖြေရန်အ တွက် မွန်ဇာတ်ပွဲများဖြစ်ကြသည့် ‘ မဲ့စွန်းဂျစ် (မသြန်ဇေတ်)’၊ ‘ချမ်းညီချမ်း (ဆာန်ည႘ဆာန်)’ တို့နှင့် မွန်အမျိုး သားပေါင်းစုဂိတ်အဖွဲ့များ၊ မုဒုံမြို့နယ် ရောင်းဒေါင်း၊ ကွမ်လှာကျေးရွာများမှ မွန်ယဉ်ကျေးမှုအကအဖွဲ့များ၊ ရေးမြို့ နယ် ဒူးရားကျေးရွာမှ မွန်ယဉ်ကျေးမှု အကအဖွဲ့များတို့သည် ဧည့်ပရိသတ်များအား ဧည့်ခံဖျော်ဖြေရန် အဆင် သင့်ရှိနေသလို မွန်ပြည်သစ်ပါတီ၏ လုံခြုံရေးဌာန၊ ကျန်းမာရေးဌာန၊ ပြန်ကြားရေးဌာများ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ညတွင် စည်းကားသိုက်မြိုက်၍ နေပြီဖြစ်သည်။

မွန်ပြည်သစ်ပါတီ၏ တော်လှန်ရေးကာလတစ်လျှောက် မပျက်မကွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပါတီဝင် များ၊ ရဲဘော်များအား ဂုဏ်ပြုချီးမြင့်သည့် တော်လှန်ရေးဇွဲဆုများနှင့် ကျဆုံးလေပြီးသော တော်လှန်ရေး ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအား ဂုဏ်ပြုသည့်မှတ်တမ်းလွှာ ပေးအပ်သည့်အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် နေ့ည ၇ နာရီခွဲအချိန်ခန့်တွင် ဝယ်ပေါင်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သဘာပတိများအဖြစ် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ထောမွန်၊ ဒုဥက္ကဋ္ဌ နိုင်ရဿ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး နိုင်ချမ်တွဲ့နှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဋ္ဌ နိုင်ငွေသိန်းတို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌကြီးက တော်လှန်ရေးဇွဲဆုပေးအပ်ရသည့် ရည်ရွယ်ချက်များနှင့် တော်လှန်ရေးကာ လတစ်လျှောက် မပျက်မကွက်တာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းသက် ၂၅ နှစ်ပြည့်သူများကို ဇွဲပထမဆု၊ နှစ် ၂၀ ပြည့်သူများကို ဇွဲဒုတိယဆု၊ ၁၅ နှစ်ပြည့်သူများကို ဇွဲတတိယဆုများအဖြစ် ပေးအပ်မည်ဖြစ်ကြောင်း သြ ဝါဒများမြွက်ကြားသွားပြီး ဇွဲဆုပေးမည့်အစီအစဉ်များကို အခမ်းအနားမှူး နိုင်ထွန်းရက ကြေငြာရာ ၂၀၀၈ ခုနှစ် အတွက် တော်လှန်ရေးပထမဇွဲဆုရှင် ၁၀ ဦး၊ ဒုတိယဇွဲဆုရှင် ၄၃ ဦး၊ တတိယဇွဲဆုရှင် ၈ ဦးတို့အား ဇွဲဆုများပေး အပ်ပြီး မွန်ပြည်သစ်ပါတီ၏ကျဆုံးရဲဘော်များစာရင်းကို ကြေငြာရာ ကျဆုံးရဲဘော် ၇၇ ဦးတို့၏ ကျန်ရစ်သည့်မိ သားစုအသိုင်းအဝိုင်းများကို ကျဆုံးသူတို့၏ကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာများ ဇွဲဆုများပေးအပ်သွားရာ ကြည့်ရှု နေကြသည့် ပရိသတ် တစ်သောင်းကျော်ခန့် ဝမ်းမြောက်ဝမ်းသာဖြင့် ဂုဏ်ပြုအားပေးခဲ့ကြသည်။

ကြည့်ရှုအားပေးနေကြသည့် ပရိသတ်များကြားမှ သထုံခရိုင်လူငယ်အဖွဲ့ဝင် အသက် ၃၀ ခန့် မွန်အမျိုးသားတစ် ဦးက “ကျနော်တစ်သက်မှာ တစ်ခါမှ မမြင်ဘူး၊ မတွေ့ဘူးတဲ့ပွဲမျိုးပဲ။ ဒီလိုအခမ်းအနားမျိုးတွေ ဒီလိုအစီအစဉ်မျိုး တွေ၊ ဒီလိုအကျွေးအမွေးမျိုးတွေနဲ့ ကြုံရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီလိုပွဲမျိုးကိုသာ မလာခဲ့ရဘူးဆိုရင် ကျနော် နောင်တရလို့ ဆုံးမှာမဟုတ်ဘူး။ ဆုပေးတဲ့အခမ်းအနားကို ကြည့်ရင်းနဲ့ ပါတီက ရဲဘော်တွေရဲ့ ဖြတ်သန်းခဲ့တဲ့ဘဝတွေကို စာနာသနားလာတယ်။ လူမျိုးအတွက်အသက်စွန့်သွားတဲ့ ရဲဘော်တွေရဲ့ဘဝကို ဂုဏ် ယူတယ်။ အခုလို ပါတီရဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရတော့ ဝမ်းသာပီတိဖြစ်ပြီး မျက်ရည်တွေတောင် ကျမိ တယ်” ဟု ၄င်း၏ရင်တွင်းမှ ခံစားချက်ကို ဖွင့်ဟပြောဆိုသည်။

ဝယ်ပေါင်ကျေးရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသည့် ရွှေရတုသဘင်ကျင်းပရာ အခမ်းအနားသို့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ငါးနာရီအချိန်ခန့်မှစ၍ ရပ်ဝေးရပ်နီးမှ ပရိသတ်ထောင်ပေါင်းများစွာတို့က အခမ်းအနားကျင်းပရာ ဝယ်ဇင်သို့ ခြေလျှင်လျှောက်၍ ရယ်ရယ်မောမော ပျော်ပျော်ပါးပါးနှင့် ချီတက်လာခဲ့သည်ကို တွေ့ရသည်မှာ လည်း မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန် ထက်သန်ပုံများ မျိုးချစ်စိတ်ဓာတ်ပြင်းထန်ပုံများ၊ မွန်ပြည်သစ်ပါတီ အပေါ် ယုံကြည်လေးစားအားကိုးပုံများကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်လိုက်ရသကဲ့သို့ပင် ဖြစ်ပေသည်။
ရွှေရတုသဘင်အခမ်းအနားကို မွန်ပြည်သစ်ပါတီမှ စစ်ရေးပြအလံကိုင်စစ်ကြောင်း ဘင်ခရာစစ်ကြောင်း အမျိုးသားရဲဘော် လက်နက်ကိုင်စစ်ကြောင်း အမျိုးသမီးရဲမေ လက်နက်ကိုင်စစ်ကြောင်းများဖြင့် ချီတက်အလေး ပြုသလို မွန်ပြည်နယ်ဒေသအသီးသီးမှ ရောက်ရှိလာကြသော မွန်တိုင်းရင်းသားများ၏ သထုံခရိုင်မှ ရှင်စောပုစစ်ကြောင်း၊ မော်လမြိုင်ခရိုင်မှ ဗညားလဂွန်းအိန်စစ်ကြောင်း၊ ထားဝယ်ခရိုင်မှ သမိန်ဗရမ်းစစ်ကြောင်း၊ ဗဟိုဝန်း ကျင်ဒေသမှ ရာဇာဓိရာဇ်စစ်ကြောင်းနှင့် ပြည်တွင်းပြည်ပ အထူးဧည့်သည်များ၏ ဓမ္မစေတီစစ်ကြောင်းတို့ကလည်း အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုဦးညွှတ်အလေးပြုခဲ့ကြသည်ကိုလည်း တွေ့မြင်ရပေသည်။

အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် စတင်ကျင်းပရာ အခမ်းအနား သဘာပတိများ အဖြစ် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ထောမွန်၊ ဒုဥက္ကဋ္ဌ နိုင်ရဿ၊ ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်အောင်မင်း၊ စစ်ဦးစီး ဗိုလ်ချုပ်ဇော်ယဲ့၊ သံဃာတော်တစ်ပါးနှင့် မွန်ဒီမိုကရေစီ အဖွဲ့အမှုဆောင် ကော်မတီနှင့် MAU မွန်အမျိုးသား ပေါင်းစုအဖွဲ့ သဘာပတိအဖြစ် တာဝန်ယူထားသော နိုင်သုဝဏ္ဏတို့က ဆောင်ရွက်ပြီး မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားတို့၏ ကိုယ်စားပြုအလံများကို ဦးညွှတ်အလေးပြုခြင်း ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ နှင့် ရဲဘော်များကို ဦးညွှတ်အလေးပြုကာ အခမ်းအနားကို အောင်မြင်စွာဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။

မွန်ပြည်သစ်ပါတီ၏ ရွှေရတုသဘင်အခမ်းအနားသို့ ဖိတ်ကြားထားသော ပြည်တွင်းပြည်ပမှ အထူးဧည့်သည်များ သံဃာတော်များ မွန်ဒီမိုကရေစီအဖွဲ့ချုပ်မှ အထူးဧည့်သည်များ MAU မွန်အမျိုးသားတပ်ပေါင်းစုအဖွဲ့မှ အထူး ဧည့်သည်များ၊ မွန်အမျိုးသားအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ အဝေးရောက်မွန်အဖွဲ့အစည်းများ၊ ထိုင်းမွန်မျိုး နွယ်စုများ၊ အဝေးရောက် မွန်ဒီမိုကရေစီအဖွဲ့ (LA) မှအထူးဧည့်သည်များ၊ မြန်မာစစ်အစိုးရဘက်မှ တာရှိသူများ၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့ KPF မှ အထူးဧည့်သည် များနှင့် ဒေသဝန်းကျင်မှ မွန်တိုင်းရင်း သားဧည့်သည်များ စုစုပေါင်း လေးထောင်ကျော် ငါးထောင်ဝန်းကျင်ခန့် တက်ရောက် အားပေးခဲ့ကြသည်ကို လည်း တွေ့မြင်ခဲ့ရသည်။

မွန်ပြည်သစ်ပါတီဗဟိုဥက္ကဋ္ဌကြီး နိုင်ထောမွန်က အခမ်းအနားကို သဘာပတိမိန့်ခွန်းဖြင့် ဖွင့်လှစ်ပေးလိုက်ပြီ ပါတီဒုဥက္ကဋ္ဌ နိုင်ရဿမှ၎င်း၊ နိုင်ဟံသာမှ၎င်း၊ မွန်ဒီမိုနှင့် MAU မှ သဘာပတိ နိုင်သုဝဏ္ဏတို့သည် မွန်အမျိုးသား ရေးရာများ၊ မွန်ပြည်သစ်ပါတီ၏လမ်းစဉ်များ၊ ရပ်တည်ချက်များ စသည်တို့ကို အသီးသီးသြဝါဒမိန့်ခွန်များ မြွက် ကြားပြီး ပါတီ၏တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့က မဟာမိတ်အဖွဲ့အစည်းများမှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားကာ အခမ်းအနားကို စစ်ကြောင်းချီတက်အလေးပြုခြင်းများဖြင့် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။

အနှစ် ၅၀ ပြည့် မွန်ပြည်သစ်ပါတီ၏ ရွှေရတုသဘင်အခမ်းအနားသည် အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့လေပြီ နယ်စပ်ဒေသမှနေ၍ ရွှေရတုသဘင်အခမ်းအနားသို့ သွားရောက်ခဲ့သည့် တောင်အိုလမ်းကြမ်းသည် အသွားခရီး တွင် ကြမ်းတမ်းပင်ပန်းခဲ့သလောက် ရွှေရတုသဘင်မှ အပြန်ခရီးသည်ကား ကျေနပ်ဝမ်းမြောက်မှုတို့ကြောင့် တောင်အိုလမ်းကြမ်းသည် နိုင်လွန်ကတ္တရာခင်းထားသကဲ့သို့ ချောမွေ့လှသည်ဟု ထင်မှတ်ရင်းဖြင့် မွန်ပြည်သစ် ပါတီ၏ ‘ရွှေရတုသဘင်’ အခမ်းအနားမှသည် နောင်လာမည့် ၂၅ နှစ်တွင် ‘စိန်ရတုသဘင်’ အခမ်းအနားကို လည်း ယခုကဲ့သို့ အောင်မြင်စွာ ကျင်းပပေးနိုင်ရန် ဆန္ဒပြုရင်းဖြင့် မွန်ပြည်သစ်ပါတီ၏ ‘ရွှေရတုသဘင်’ ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။

Pens and Guns

Dropped the books and left the class
Marching across the mud and blood
Jogging around and ducking down
Fighting along but not we bow.
.
Dropped the pens and go for guns
Blood for blood and guns for guns
Trekking across the mountain tops
Rights and Freedom that we fought.
.
So many heroes though we got
Too many heroes have we lost
Will never stop for what we fought
'Surrender' is the word for junta's Dogs.
.
Dropped the books and left the class
Dropped the pens and go for guns
Freedom! Freedom! in our hands
Shall we cultivate in our land.
.
(Salute to ABSDF comrades on their historic 20th Anniversary)
Nay Yu (MGN)

Sunday, December 28, 2008

မသိန်းရှင်ဆီပို့ပေးပါ

Ma Thein Shin Si Pot Pay Bar


နန်းတွင်းသူခိုးနှင့်မိန်းမစိုး(ရွှေဘိုမိမိကြီး)

214 Shwe Bo Mi Mi Gyi


ကိုဒေါင်း(မောင်ထင်)

196 Mg Htin 2


ငါပြောချင်သမျှငါ့အကြောင်း(ဒေါက်တာသန်းထွန်း)

190 Dr Than Tun 2


၂၈၁၂၂၀၀၈သတင်း

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
28122008


ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၂)

အောင်ဝေး
ဒီဇင်ဘာ ၂၈၊ ၂၀၀၈
‘မည်သို့ပင်ဖြစ်စေ၊ ချစ်နေသေးသည်၊ ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့၊ တိုက်ပွဲထဲက ပြည်သူတွေ’ ကွယ်လွန်သူ ကဗျာဆရာ မောင်လေးအောင်ရဲ့ ‘အချစ်ဖြင့် စီးဆင်းနေသော နှလုံးအိမ်’ ကဗျာကို ကျနော် အမြဲ ရွတ်ဆိုတတ်တယ်။

ပြည်သူတွေထဲမှာ လူငယ်တွေလည်း ပါတယ်။ ‘လူငယ်တွေဟာ ပြည်သူတွေပဲ’ ဆိုတဲ့ ရုရှား ကဗျာဆရာ ယက်ဖ်တူရှင်ကိုရဲ့ ကဗျာကိုလည်း ကျနော်သတိရနေတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ တိုးတက်တော်လှန်တဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူလူထုကြီးတရပ်လုံးဟာ တခဲနက်လိုက်ပါ တိုက်ပွဲဝင်ခဲ့ကြတယ်။

နဝတစစ်အုပ်စုက အာဏာသိမ်းသွားပြီးတဲ့နောက်ပိုင်း ဗကသ၊ တကသ၊ လူ့ဘောင်သစ်၊ NLD လူငယ် စတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားလူငယ်တွေဟာ အစုအစည်းမပျက် ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး၊ စစ်မှန်တဲ့ လူထုအစိုးရ ပေါ်ထွန်းရေးတွေကို လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။

အဲဒီလို ခွပ်ဒေါင်းအလံတော်အောက်မှာ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တသားတည်း တသွေးတည်း လက်ချင်းဆုပ်ပြီး ဒီမိုကရေစီတိုက်ပွဲ လမ်းကြောင်းပေါ် လျှောက်လှမ်းလာတဲ့အချိန်။

ဒီအချိန်မှာ နဝတစစ်အုပ်စုက ၁၉၈၉ခုနှစ် မတ်လထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဥက္ကဌဖြစ်တဲ့ ကိုမင်းကိုနိုင် ဒုတိယဥက္ကဌဖြစ်သူ ကိုကိုကြီး တို့ အပါအဝင် ဗကသ၊ တကသ ကျောင်းသား ခေါင်းဆောင်တွေကို မတရားဖမ်းဆီးပြီး ထောင်ထဲ ထည့်လိုက်ပါတော့တယ်။

နဝတ စစ်အုပ်စုဟာ တဖက်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ ပါတီတွေ တရားဝင် မှတ်ပုံတင်ကြလို့ ဆိုပေမဲ့ တဖက်မှာကျတော့ နိုင်ငံရေးပါတီတွေကို မတရား ဖိနှိပ် ချုပ်ခဲ့ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှာ ကြီးစွာသော အနှောင့်အယှက် အဟန့်အတားတွေ လုပ်လာသလို၊ ဒုတိယ အင်အားအကြီးဆုံးပါတီ လို့ ဆိုနိုင်တဲ့ လူ့ဘောင်သစ်ပါတီကိုလည်း ဖိအား အမျိုးမျိုး ပေးလာပါတယ်။

ဒီလို ကျဉ်းထဲကျပ်ထဲမှာပဲ ဗကသ အထွေထွေအတွင်းရေးမှူးလည်းဖြစ် လူ့ဘောင်သစ်ပါတီကို ထူထောင်သူလည်း ဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ၁၉၈၉၊ ဧပြီလ (၂၁) ရက်နေ့မှာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲဖို့ တောခိုသွားခဲ့ပါတော့တယ်။

ဒီလို နိုင်ငံရေးရာသီဥတုကြားမှာပဲ မုတ်သုန်မိုးနဲ့အတူ ကျနော်တို့ ပုသိမ်မြို့ NLD တိုင်းရုံးကို အဆိုတော် ထူးအိမ်သင် ရောက်ရှိလာခဲ့ပါတယ်။ ထူးအိမ်သင်ဟာ အခြား နယ်စပ်ရောက် ကျောင်းသားလူငယ်တွေလိုပဲ ဗိုလ်ချုပ်ကြီးခင်ညွန့်က ပြန်လည်ဖိတ်ခေါ်လို့ တောထဲက ပြန်ရောက်လာခါစအချိန်ပါ။

အဲဒီတုန်းက ထူးအိမ်သင်ဟာ လူငယ်လေးတယောက်ပါပဲ။ သူဟာပုသိမ်မြို့က ကျောင်းသားလူငယ်တွေကို သူ တောထဲမှာ ရေးစပ်ခဲ့တဲ့ သီချင်းတပုဒ် သင်ပေးပါတယ်။ သူ့သီချင်းက အဆိုတော်မွန်းအောင် သီဆိုနေတဲ့ ‘အဆုံးသတ်တိုက်ပွဲ’ သီချင်း။ ‘အရေးကြီးပြီ ညီနောင်အပေါင်းတို့ ၊ သွေးစည်းကာ ညီစေညီကြစို့’ ဆိုတဲ့သီချင်းပါ။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဟာ ၄၂နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အတွက်ကတော့ ပထမဆုံး အနေနဲ့ ကျင်းပဖို့ စီစဉ်တဲ့ အာဇာနည်နေ့ပါပဲ။

ကျနော်တို့တွေ တပတ်တခါ ပုသိမ်မြို့ တိုင်းတရားရုံးမှာ ပုဒ်မ ၁၄၄ အာဏာဖီဆန်မှု ရုံးချိန်းသွားလိုက်၊ ရုံးချိန်းတခုနဲ့တခုကြားမှာ စည်းရုံးရေးအတွက် နယ်တွေကိုဆင်းလိုက်၊ တခါတခါ ဆရာဦးဝင်းတင်တို့က လှမ်းခေါ်ရင်လည်း ရန်ကုန်ကို တက်လာလိုက်၊ အဲဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီ မေလ၊ ဇွန်လ မိုးထဲလေထဲမှာ ပြည်နယ်နဲ့တိုင်း စည်းရုံးရေးခရီးတွေ ထွက်လိုက်၊ ရန်ကုန်ဌာနချုပ်ကို ပြန်ဝင်လာလိုက် လုပ်နေတဲ့အချိန်ပါ။

ပုသိမ်မှာ တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က ကျနော်တို့ကို ရုံးတင်တရားစွဲ ခြေချုပ်သဘောမျိုး လုပ်ထားပြီးတာတောင်မှ သူက ကျနော်တို့ရဲ့ ခြေတွေလက်တွေကိုပါ ချုပ်နှောင်ထားချင်ပုံရပါတယ်။ ဗိုလ်ချုပ်မြင့်အောင်နဲ့ ဘယ်လိုမှ ညှိနှိုင်းယူလို့မရတဲ့ တချို့ကိစ္စတွေကို သူ့အောက်က တ-ဝ-တ အတွင်းရေးမှူး ဗိုလ်မှူးကြီးမောင်ညိုနဲ့ တစုံတရာ ဆွေးနွေးလို့ ရတတ်ပါတယ်။

ဒါပေမဲ့ တချိန်မှာတော့ ဗိုလ်မှူးကြီးမောင်ညိုနဲ့ ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အဖြစ် ကြုံရပါတော့တယ်။ အဲဒါကတော့ (၄၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိစ္စပါ။

ဇူလှိုင်လဆန်းမှာ ရန်ကုန်ဌာနချုပ်က ကျနော်တို့ကို အရေးပေါ် လှမ်းခေါ်ပါတယ်။ အဲဒီအချိန်က ဌာနချုပ်မှာ ‘အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ’ ဆိုတဲ့ Confrontation လမ်းကြောင်း ပေါ်နေပါပြီ။

ဌာနချုပ်က ပြည်နယ်နဲ့တိုင်း မြို့နယ် စည်းရုံးရေး ကော်မတီ အသီးသီးကို (၄၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပဖို့ ညွှန်ကြားလာပါတယ်။

ကျနော်တို့လည်း ပုသိမ်မှာ NLDရဲ့ အာဇာနည်နေ့ အခမ်းအနား အစီအစဉ်ကို တ-ဝ-တ မှာ တရားဝင် စာတင်လိုက်ပါတယ်။

အာဇာနည်နေ့ ရောက်တော့ နံနက် (၈)နာရီလောက်မှာ ကျနော်တို့ NLD အဖွဲ့ဝင်တွေ စနစ်တကျ တန်းစီပြီး၊ လွမ်းသူ့ပန်းခွေတွေကိုင်လို့ ဓနိတန်းလမ်းထိပ်ကနေ ပုသိမ်၊ မုံရွာ၊ ရေဦး၊ မင်းလမ်းမကြီး အတိုင်း ကမ်းနာလမ်းထောင့်မှာရှိတဲ့ အာဇာနည်ကျောက်တိုင်ပန်းခြံကို ချီတက်ကြပါတယ်။

တ-ဝ-တ က လူအင်အား (၂ဝ)ပဲ ခွင့်ပြုတာမို့ ကျန်တဲ့အဖွဲ့ဝင်တွေ လိုက်ပါအလေးပြုခွင့် မရတော့ပါဘူး။ အာဇာနည်ကျောက်တိုင်ကို ရောက်လို့ ပန်းခွေချ အလေးပြုနေတဲ့ အချိန်မှာတောင် တ-ဝ-တ နဲ့ စစ်ထောက်လှမ်းရေး (၄) က စစ်ဗိုလ်စစ်သားတွေဟာ အကန့်အသတ်၊ အချုပ်အချယ်တွေ အမျိုးမျိုး လုပ်နေပါတော့တယ်။

ကျနော်တို့အားလုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူး အမျှအတန်း ဝေပြီးလို့ အာဇာနည်ကျောက်တိုင်ပန်းခြံက စနစ်တကျ ပြန်ထွက်လာတဲ့အချိန်မှာတော့ ကျနော်တို့ NLD လူငယ်တွေထဲက မခိုင်သက်ဖြိုးဟာ မခံမရပ်နိုင်တော့ဘဲ အော်ဟစ် ပေါက်ကွဲပါတော့တယ်။

အဲဒီနေ့ညနေမှာပဲ မခိုင်သက်ဖြိုးကို စစ်ထောက်လှမ်းနဲ့ရဲတွေက သူ့အိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားပါတော့တယ်။ မခိုင်သက်ဖြိုး ပြန်လွှတ်ရေးအတွက် အရေးဆိုဖို့ ကျနော်တို့ တ-ဝ-တ ကို ချက်ချင်း လိုက်သွားကြပါတယ်။

တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်က သလပ်ခွာဘက်ကို ရှောင်ထွက်သွားပါပြီ။ တ-ဝ-တ အတွင်းရေးမှူး ဗိုလ်မှူးကြီးမောင်ညိုနဲ့ တွေ့ဖို့ ကျနော်တို့ သူ့ရုံးခန်းရှေ့မှာ (၄)နာရီလောက် မတ်တတ်ရပ် စောင့်ခဲ့ရပါတယ်။

အဲဒီမှာ ဗိုလ်မှူးကြီးမောင်ညိုနဲ့ ကျနော်တို့ ထိပ်တိုက် တွေ့ခဲ့ရတော့တာပါပဲ။ ဘယ်လိုမှကို ညှိနှိုင်းလို့ မရတော့ပါဘူး။ မခိုင်သက်ဖြိုးကို အသည်ကြီးရဲစခန်းမှာ ချုပ်ထားပါတယ်။

နောက်တနေ့ ဇူလိုင်(၂ဝ)မှာတော့ ကျနော်အဖမ်းခံရပြီး ပုသိမ်ထောင်ထဲ ထပ်ရောက်သွားရပါတော့တယ်။ ကျနော်နဲ့အတူ NLDအဖွဲ့ဝင်တွေ တော်တော်များများလည်း အဖမ်းခံကြရပါတယ်။

‘အာဇာနည်မျိုး သေရိုးမရှိ’ ။ ။



(မူရင်း - လွတ်လပ်တဲ့အာရှအသံ မြန်မာဌာန http://www.rfa.org/burmese )

စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ပေါ်ထွက်လာ

Sunday, 28 December 2008 13:19 ဗထူး
နာဂစ်မုန်တိုင်းအလွန် စစ်အစိုးရ၏ လေးလပတ်အစည်းအဝေးအပြီး တပ်မတော် ထိပ်ပိုင်းတာဝန်များယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး (၅) ဦးအနက် (၄) ဦးမှာ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြန်လည်ပေါ်ထွက်လာသည်။

စစ်ရေးအကဲခတ်သူများအကြား အဆိုပါ (၅) ဦးအား အငြိမ်းစားပေးလိုက်ပြီဟု သတင်းများထွက်ပေါ်နေခဲ့ပြီး (၅) လအကြာ ၎င်းတို့လှုပ်ရှားမှုများ ပျောက်ကွယ်နေပြီးနောက် (၄) ဦး၏ လှုပ်ရှားမှု စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။

"တပ်ထဲမှာလည်း မေးစရာတွေဖြစ်ခဲ့တယ်၊ တကယ်စာရင်းထွက်လာခဲ့ကတည်းက ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်းကို ကျန်းမာရေးအရ အနားပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ (၄) ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တွဲဘက်ဆိုပြီး ထွက်ခဲ့တာပါ" ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်မှ တပ်မတော်အရာရှိတဦးက ပြောသည်။

သားဖြစ်သူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် အကျဉ်းရုံးစစ်ဆေးခံခဲ့ရပြီးနောက် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်အား စစ်အစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုလည်း အနားပေးလိုက်သည်ဟု တပ်တွင်း ပြန့်နှံ့နေခဲ့သော်လည်း အမှန်တကယ်မှာ အရေးယူခြင်းမရှိဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသည်။

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ရာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ပြီး အနားယူသွားပြီဟု အများသုံးသပ်နေသော ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မောင်ထွေးတို့ တက်ရောက်ခဲ့ကြသည်။

"ကျနော်သုံးသပ်တာတော့ လွှတ်တော်မှာ တပ်မတော်ကကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတာမို့ သူတို့က အလိုလို အဲ့ဒီနေရာကို ဝင်လာပါလိမ့်မယ်၊ တပ်ချုပ်က သူ့ကို ရာသက်ပန်ကာကွယ်ပေးမဲ့သူတွေ လိုအပ်နေတာမဟုတ်လား"ဟု အဆိုပါ တပ်မတော်အရာရှိက ဆက်လက်ပြောဆိုသွားသည်။

တိုင်းပြည် တကယ်တမ်း ကောင်းမွန်အောင် ဘာ့ကြောင့် မလုပ်နိုင်ကြတာလဲ


ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ

မင်းနိုင်သူ/ ၂၈ ဒီဇင်ဘာ ၂၀၀၈
Photobucket
အန်အယ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် DPA (Deutsche Presse-Agentur GmbH) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့်သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။

ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကပါ ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့်ဆန္ဒရှိသယောင် အန်အယ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။

ဒီပီအေ သတင်းဌာနသည် ဂျာမဏီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီးတခုဖြစ်သော်လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကမှာ လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြားသတင်းထောက် တဦးက ပြောသည်။

ဒီပီအေ ရန်ကုန် သတင်းထောက်ကို တာဝန်ခံသည့် ဒီပီအေ အယ်ဒီတာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရုံးထိုင်သည့်အတွက် နိုင်ငံတကာ အတိုက်အခံများက ဦးဝင်းတင်၏စာကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ဘန်ကောက်မြို့ရှိ DPA သတင်းဌာနခွဲရုံး အယ်ဒီတာထံ သို့ bangkok@dpa.com အီးမေးဖြင့် ဆက်လက် ပေးပို့ ကန့်ကွက်သင့်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့ကလည်း ယူဆသည်။

အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏ နိုင်ငံရေးရပ်တည်ချက် ၄ ရပ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်းပါ အဆိုပါ စာ၌ ဖော်ပြထားသည်။

၁။ စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆန့်ကျင်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ ၁၉၉၀ လွှတ်တော်ခေါ်ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုသည့် စု-လွှတ်-တွေ့ လမ်းစဉ်ကို ကိုင်စွဲသည်။
၃။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံ။
၎။ ၂၀၁၀ ရွေးကောက်ပွဲကို ထည့်သွင်းစဉ်းစားခြင်းမပြု ဟူ၍ဖြစ်သည်။

ဦးဝင်းတင် လက်မှတ်ရေးထိုးထားပြီး ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ပေးပို့်ခဲ့သည့် မူရင်း စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
PhotobucketPhotobucketPhotobucket

Saturday, December 27, 2008

နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆိုချီတက်ပွဲများနှင့် ဆန္ဒပြပွဲ (၂၀၀၈)မှတ်တမ်းများ






အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ


နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆိုချီတက်ပွဲများနှင့် ဆန္ဒပြပွဲ (၂၀၀၈)မှတ်တမ်းများအား တင်ပြလိုက်ပါသည်။

မင်းမော် စိုး