Monday, May 12, 2008

ဆန္ဒခံယူပွဲမှ တွေ့ရှိရချက်များ

ဆန္ဒခံယူပွဲမှ တွေ့ရှိရချက်များ

နိုင်ငံအ၀ှမ်း ယနေ့ ပြုလုပ်သော အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် အောက်ပါ အချက်အလက်များ ဖြစ်ပွားသည်ကို မဇ္ဈိမက လေ့လာ တွေ့ရှိရသည်။

(၁) မဲပေးသူများကို ထောက်ခံမဲပေးရန် အတင်းအဓမ္မ ဖိအားပေးခြင်း၊
(၂) မိသားစုဝင် အားလုံးကိုယ်စား တဦးတည်းက မဲပေးနိုင်ခြင်း၊ (အများကိုယ်စား တယောက်တည်းက မဲပေးသည့် စနစ်မျိုးသည် ဘယ်သည့်နေရာတွင်မျှ မရှိပါ၊)
(၃) ရဲနှင့် လုံခြုံရေးများသည် မဲပုံး အနီးအနားတွင် ရပ်စောင့်နေခြင်း၊
(၄) မဲရုံတွင်း၌ လျှို့ဝှက် မဲပေးစနစ် ဖြစ်ခြင်း၊
(၅) နိုင်ငံခြားသားများနှင့် ဒေသခံ သတင်းထောက်များကို မဲရုံအနီးတွင် မတွေ့ရခြင်း၊
(၆) မဲပေးသူများသည် မူကြမ်းပါ အချက်များကို မသိရှိဘဲ မဲပေးနေရခြင်း၊
(၇) ကြိုတင်ဆန္ဒမဲများကို မေလ ၁၀ ရက် မတိုင်ခင် ရက်များအတွင်းက ရယူထားခြင်း၊
(၈) ဒေသခံများသည် မဲရုံသို့ မဲပေးရန် ရောက်လာချိန်တွင် သူတို့၏ အမည်စာရင်းသည် ကြိုတင်မဲပေးသူများ စာရင်းတွင် ပါဝင်ပြီး ဖြစ်နေသည်ကို သိရှိရခြင်း၊
(၉) လုံခြုံရေးများနှင့် မဲရုံ အရာရှိများသည် ထောက်ခံမဲ ပေးရန်သာ တိုက်တွန်းခြင်း၊
(၁၀) တပ်မတော်သားများနှင့် မိသားစုဝင်များကို ထောက်ခံမဲ ပေးရန် တိုက်တွန်းထားခြင်း။
(၁၁) မဲရေတွက်ချိန်တွင် မဲပေးသူများကို မဲရုံများမှ နှင်ထုတ်ပြီး အစိုးရ ထောက်ခံသူများသာ မဲရေတွက်ကြခြင်း။

0 အကြံပြုခြင်း: