Wednesday, May 14, 2008

မြန်မာပြည်သူပြည်သားများသို့အရေးပေါ်သတိပေးတားမြစ်ချက်(နယ်စပ်မှာ)

နအဖစောင့်တလွဲတွေလုပ်နေပြီ...လေဘေးသင့်သူများအားပေးသည့်အကူအညီများကိုလေဘေးသင့်သူများအား
ဘန်းပြ၍အမြတ်ထုတ်နေသည်။
ပြည်တွင်းဘလော့ကာများစောင့်တလွဲတွေလုပ်နေသောနအဖကလေဘေးသင့်သူများအားလစ်လျုရှု့မှုအထောက်
အထားများပြည်ပဘလော့ကာများ..သတင်းဋ္ဌာနများသို့ပို့ပေးရန်။
ပြည်ပဘလော့ကာများကအထောက်အထားများအားကုလသမ္မဂသို့ပို့ရန်။
နအဖစွမ်းဆောင်ရေညံ့ဖျင်းမှုကြောင့်တသိန်းကျော်ပေးဆပ်လိုက်ရသောအသက်များကိုဒီမိုကရေစီဝိညာဉ်များ
အဖြစ်ပြောင်းလဲရမည့်အချိန်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏မျက်နှာလည်းယောင်နေပြီ။ကိုမင်းကိုနိုင်မျက်လုံးလည်းကွယ်ခါနီးပြီ။မခံနိုင်လို့ထချ
ကျူပ်ဘကြီးကအောက်ကပြည်တွင်းမှာဒီမိုကရေစီမျိုးလဲပြုန်းတော့မည်။
ကိုယ့်ကြမ္မာကိုယ်မဖန်တီးနိုင်လို့သူများအကူအညီရယူရတာတွေဝေနေရန်မလိုပါ။
အာဏာရှင်စနစ်တိုက်ထုတ်ပစ်ရမည်။(စစ်တပ်ကိုတိုက်မည်ဟုမပြောပါ၊အာဏာရူးတစုကိုသာဆိုလိုပါသည်။
အရာရှိအရာခံအကြပ်တပ်သားများမိမိသားသမီးများအနာဂါတ်အတွက်ကုလသမ္မဂ္ဂနှင့်ပူးပေါင်းပါ။(သို့)
ဝေးရာသို့ရှောင်နေပါ။ )

မြန်မာ့အရေးမြန်မာဘလော့ကာအခန်းတခေတ်ဆန်းစေရမည်

<<<<<<<<<<<< ကိုမျိုးချစ် post ကိုဆက်ဖတ်ပါ။....... <<<<<<<<<<<<<
လေးစားချစ်ခင်ရပါသောမြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျားပြည်သူအများသိပြီးကြတဲ့အတိုင်းစစ်အစိုးရဟာ မုန်တိုင်းဘေးသင့်သူတွေကယ်ဆယ်ရေးကို ညံ့ဖျင်းမှားယွင်းစွာကိုင်တွယ်နေပါတယ် ဒါကိုပြည်ပနိုင်ငံတွေကသိလို့ကူညီမယ်ဆိုတော့လဲ ဝင်ခွင့်ချက်ချင်းမပေးခဲ့တဲ့အတွက်ခုဆိုရင်သေဆုံးသူအရေအတွက်ဟာ သိန်းကျော်ခဲ့ပါပြီ မုန်တိုင်းပြီးခဲ့ပေမယ့်လဲ ရေ နဲ့ စားနပ်ရိက္ခာပြတ်လတ်မှု၊ ဆေးဝါးမပြည့်စုံမှု၊ ရေညစ်ညမ်းမှုတွေကြောင့် ပြည်သူအများအပြားဆက်လက်သေဆုံးနေကြရှာပါတယ် ဒီအတိုင်းရှေ့ဆက်မယ်ဆိုရင်နောက်ထပ်သေဆုံးသူများဦးရေဟာ ၆သိန်းနီးပါးရှိနှိုင်တယ်လို့ နိုင်ငံတကာမှလေ့လာသူများ၊ ဆေးပညာရှင်များကခန့်မှန်းထားပါတယ် အခုဆိုရင် ဝမ်းရောဝါနဲ့ အခြားကူးစက်ရောဂါများဟာမုန်တိုင်းဒါဏ်ခံခဲ့ရတဲ့နေရာတွေတိုင်းမှာ ကြောက်မက်ဖွယ်ပျံ့နှံ့နေပါပြီ ဒါကိုလဲမှန်မှန်ကန်ကန်ဝန်ခံခြင်းမရှိခဲ့တဲ့အပြင် UN နှင့် USA တို့မှ လတ်တလောပေးပို့ခဲ့တဲ့လေဘေးကူညီမှုလှုဒါန်းထားတဲ့ပစ္စည်းတွေကိုပါစစ်ဂိုဒေါင်တွေထဲထည့်သွင်းသိမ်းဆည်းထားခဲ့ပါတယ် ပြီးတော့ဒီပစ္စည်းတွေကို သူတို့ကိုယ်ကျိုးအတွက်အလွဲသုံးစား အသုံးပြုနေပါတယ် သူတို့မိသားစုများတွေဆီဘဲပေးပို့ ခြင်း၊ ငွေဖြင့်ပြန်လည်ရောင်းချစီးပွားရှာခြင်းများပြုလုပ်နေပါတယ် ဒါကို အခု USA နဲ့ UN ကသက်သေအတိအကျရထားပြီးပါပြီ ဒီတော့ UN ရဲ့ မူလပဋိဥာဉ်စာချုပ်ထဲကအချက်တစ်ချက်ဖြစ်တဲ့ အရေးပေါ်ဝင်ရောက်ကယ်ဆယ်ခွင့်ကို အသုံးပြုတော့မှာဖြစ်ပါတယ်ဒီတော့မကြာခင်ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တွင်းကို USA နဲ့ UN စစ်တပ်က ကိုယ်တိုင်ဝင်ကူညီတော့မယ်လို့သိရပါတယ်
ဒီလိုဝင်လာမယ့်စစ်သားတွေမှာလဲ အသင့်အနေအထားနဲ့အထူးသတိထားပြီးဝင်ရောက်ရမှာဖြစ်ပါတယ်
သူတို့ဘဝမှာ တစ်သက်မမေ့အောင်သွေးပျက်ခဲ့ရတဲ့ Vietnam စစ်တွင်းအတွေ့အကြုံတွေကြောင့် ဒီတစ်ခါအဲဒိလိုလုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး၊ သူတို့ကို ပြောက်ကျားစနစ်နဲ့အတိုက်မခံရအောင် သတိကြီးစွာထားပြီးလှုပ်ရှားမှာဖြစ်တယ် လို့သိရပါတယ်
နောက်ပြီးသူတို့ကို တိုက်ခိုက်လာနှိုင်တဲ့သူတွေထဲမှာ အရပ်ဝတ်စွမ်းအားရှင်တွေ အရပ်ဝတ်ထားတဲ့စစ်သားတွေလဲပါမယ်လို့သိထားပါတယ်
ဒါကလဲ ပြည်သူတွေနဲ့နိုင်ငံတကာရဲ့အမြင်မှာ မြန်မာတွေကိုအမေရိကန်တွေသတ်နေပါပြီလို့ထင်ရအောင် ကြိုတင်အကွက်ဆင်ခြင်းဘဲဖြစ်ပါတယ်
အပြစ်မဲ့ပြည်သူတွေကိုလုံးဝမထိစေဖို့လဲ အမေရိကန်စစ်သားများကို အထက်မှတင်းကြပ်စွာသတိပေးထားပါတယ် ဒါပေမယ့်သူတို့အသက်အန္တရာယ်ကိုထိခိုက်လာနှိုင်တယ်ဆိုရင်တော့ စစ်ရေးအရလိုအပ်သလိုတုံ့ပြန်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်
ဒါကြောင့် ကျွန်တော် အခု မြန်မာတွေကို UN နဲ့ USA ကသတိပေးချင်တဲ့အရမ်းအရေးကြီးတဲ့အချက်တွေကိုပြောပြပါမယ်
ပြည်တွင်းကိုလက်လှန်းမှီသလောက်ပို့ပေးကြပါ
အမေရိကန် နဲ့ UN စစ်သားတွေကို မြေပြင်ပေါ်မှာတွေ့ခဲ့လို့ရှိရင်
ရဟတ်ယာဉ်ဖြင့်ဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း
မလိုအပ်ဘဲ အနားကပ်ပြီး ကြည့်ရှုစပ်စုခြင်း၊
နှုတ်ဆက်ရန်ကြိုးစားခြင်း (သို့မဟုတ်) စကားမေးမြန်းပြောဆိုခြင်း၊
လူစုလူဝေးနှင့် ဝိုင်းရံခြင်းဖြင့် ၄င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်မှုကိုတိုးမြင့်စေခြင်း၊
၎င်းတို့သွားရာလမ်းမများအားပိတ်ဆို့ ဝိုင်းရံပြီးရပ်ကြည့်ခြင်း၊
သံသယဖြစ်စရာ လျှပ်တပြက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း ( ဥပမာ - ကျယ်လောင်စွာအော်ဟစ်အားပေးရင်း ပန်းကုံးများဖြင့်ပေါက်ခြင်း ) ၊
အစရှိတဲ့ အပြုအမူတွေကိုလုံးဝမလုပ်ကြဖို့ US စစ်တပ်က မျိုးချစ်မြန်မာရဲ့ မိတ်ဆွေတစ်ဦးက တင်းကြပ်စွာသတိပေးထားပါတယ်
အဓိကသူတို့မှာချင်တာကတော့ တတ်နိုင်သမျှဝေးဝေးမှာနေကြပါ အနားလုံးဝမကပ်ပါနဲ့ အရမ်းအန္တရာယ်ကြီးပါတယ်
လိုအပ်ရင်သူတို့ကအရင်ချဉ်းကပ်လာပါ့မယ် ပြည်သူတွေရှေ့အရမ်းစွတ်မတိုးကြပါနဲ့ ဆိုတာပါဘဲ

ဒီစာနဲ့ပုံတွေကိုလဲပြည်တွင်းမှာလက်လှန်းမှီသလောက်အမြန်ဆုံးပို့ပေးပြောပေးကြပါလို့မေတ္တာရပ်ခံပါတယ်
မြန်မာပြည်သူတွေအသက်အန္တရာယ်ကင်းကြပါစေ.............။

>>>>>>>>>>>>>...KO MOE THEE BLOG မှ<<<<<<<<<<<<<<<<<





တပ်ဖွဲ့ များ မဲဆောက်မြို့ မှာစတင်အခြေချနေတယ်။ အင်အား ၆၀ ခန့် ရှိတယ်။ နယ်ခြားနေရာတွေကိုလိုက်လံကြည့် ရူတယ်။ မဲဆောက်ဆေးရုံ ၂ ရုံကိုလိုက်လံကြည့် ရူတယ်။ ရောမဂိုလ်ဒေါင်ကြီး နစ်လုံးကိုငှားရမ်းလိုက်တယ်။ မြန်မာစကားတတ်တဲ့ စကားပြန်များအလိုရှိနေတယ်လို့ သိရတယ်။ သူတို့ နဲ့ အတူ ပြင်သစ်တပ်မတော်မှအရာရှိများလည်းပါဝင်လာတယ်။ သူတို့ဟာပင်တဂွန်စစ်ဌာနချုပ်နဲ့ တိုက်ရိုက် ညွန်ကြားမှုအောက်မှာရှိနေတယ်လို့ သိရတယ်။
သူတို့ ဟာ မဲဆောက်လေဆိပ်ကို သူတို့ လေဆိပ်သဖွယ် အသုံးပြုနေ နိင်တယ်။ လေယဉ်အတက်အဆင်း စမ်းသပ်မှုများအကြိမ်ကြိမ်ပြုလုပ်နေကြတယ်။ ရဟတ်ယဉ်သံများနဲ့ မဲဆောက်မြို့ တခုလုံးဟာ သိမ့်သိမ့်တုန်နေပါတယ်။ ထူးဆန်းတာကတော့ ထိုင်းအစိုးရ က ဒီအခြေအနေတွေကို လိုလိုလားလားရှိပုံရတယ်။ ထိုင်းတွေကတော့ အမေရိကန် စစ်သားတွေနဲ့ အတူ လိုက်ပါခြင်းမရှိဘူး။
အမေရိကန်တွေလွတ်လပ်စွာ သွားလာလှုပ်ရှားနေကြတယ်။ မဲဆောက်မြို့ ရှိမြန်မာများက အမေရိကန်တပ်တွေအမြန်ဆုံးဝင်ပေးပါဆိုတဲ့ တောင်းဆိုလှုပ်ရှားမှုတခု ဒီနေ့ ဖြစ်ပွားခဲ့တယ်။

0 အကြံပြုခြင်း: