Saturday, July 26, 2008

Dagon Net တောလား


Dagon အေးဓါးပြတိုက်မှု
Jul 26th, 2008 by admin
စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် တိုင်းပြည် အကြီးကဲဆိုသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ တိုင်းပြည်နှင့် ပြည်သူပြည်သားများကို အနိုင်ကျင့် ဗိုလ်ကျသည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။
ယမန်နေ့ အင်တာနက်သတင်းအရ တိုင်းပြည်နှင့် ပြည်သူ ပြည်သားများ၏ ချွေးနည်းစာ များကို အေးဓားပြတိုက်သူ နောက်တစ်ဦးအကြောင်း သိလိုက်ရသည်။ အကြင်သူမှာ အခြား သူစိမ်းမဟုတ်ပါ။ မိဘခြေရာ နင်း ၍ ပြည်သူကို ဆော်ကားနေသူတစ်ဦး ဖြစ်သည့် သမီးတော် ဒေါ်ခင်သန္ဒာရွှေ ဆိုသူဖြစ်သည်။
ဒေါ်ခင်သန္ဒာရွှေသည် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ (အင်ဗွိုင်းခန်းမ)တွင် မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့တွင် ကျင်းပသည့် မြန်မာ့ ပရိဘောကကုန်စည်ပြပွဲတွင် လာရောက်လေ့လာပြိး အဖိုးတန် မြန်မာ့ကျွန်းသစ်ဖြင့် ထုလုပ်ထားသည့် ပန်းပု ရုပ်ထုလက်ရာများ အပါအဝင် အခြား အဖိုးတန် ပရိဘောဂ ပစ္စည်းများ အေးဓါးပြတိုက်သွားကြောင်း သတင်းရရှိပါသည်။ အဆိုပါ ပစ္စည်းများ၏ ကာလတန်ဖိုးမှာ အမေရိကန် ဒေါ်လာ 10,000 ကျော်ခန့်ရှိမည်ဟု ဆိုသည်။
အဆိုပါ ဒေါ်ခင်သန္တာရွှေ၏ ၂၀၀၆ ခုနှစ်မင်္ဂလာပွဲတွင် ဝတ်ဆင်ထားသော စိန်ထည်ပစ္စည်းများကိုမည်သို့ရရှိသည်ကို မှန်းဆကြည့်က ပြည်သူများ၏ ချွေးနည်းစာမှ အေးဓါးပြတိုက်ထားသော သူခိုး …


ကြည့်ချင်အုံးဟဲ့ စလောင်း . . .
Jul 24th, 2008 by admin
ကျွန်တော့်မျက်လုံးတွေကိုပြူးသွားစေတာက ရန်ကုန်မှာ စလောင်းနှစ်စဉ်ကြေးတွေ တိုးကောက်လိုက်တယ် ဆိုတဲ့သတင်းပါပဲ။ မြန်မာလို့တွေလိုက်တာနဲ့ ခေါင်းစဉ်ကို သေသေချာချာတောင် မဖတ်လိုက်တော့ ဘယ်နှစ်ဆ တက်သွားလဲဆိုတာ သတိမထားမိလိုက်ဘူး။ လိုက်ဖတ်ကြည့်တော့ တစ်နှစ်ကို အရင်က ၆,၀၀၀ ကျပ်ပေးနေရတာကနေ အခု ၁၀ သိန်းတောင် တိုးကောက်လိုက်တယ်တဲ့။ တက်သွားတဲ့နှုန်းက ၁၆၇ ဆ ဆိုလားပဲ။
ဘာမှ တရားဝင် ကြေငြာခြင်းမရှိဘူးလို့ရေးထားတာဖတ်လိုက်ရတယ်။ တရားဝင် မကြေငြာတာကတော့ မဆန်းပါဘူး။ နောက်ပြီးတော့ ဆက်ရေးထာားသေးတယ်။ ဘာလို့ဈေး အဆမတန် တင်လိုက်တာလဲဆိုတော့ မြန်မာပြည်ကလူတွေ အပြည်ပြည်ဆိုင်ရာ သတင်းတွေကို မကြည့်စေချင်လို့ပါတဲ့။
စက်တင်ဘာ အရေးအခင်းတုန်းက စစ်တပ်ရဲ့လုပ်ရပ်တွေကို ကမ္ဘာတစ်ဝှမ်းက လူတွေတင်မက မြန်မာပြည်ထဲက လူတွေပါ အလွယ်တစ်ကူ ကြည့်လို့ရနေတာမို့နဲ့တူပါတယ်။ ဒီလိုတင်လိုက်တော့ တော်ရုံတန်ရုံလူတွေ စလောင်းတွေ ဖြုတ်ကြတော့မှာပေါ့။ ဒီလောက် စီးပွားရေးတွေ ကြပ်တည်းနေတာ ဘယ်သူက တစ်နှစ် ၁၀သိန်းပေးပြီး ကြည့်မှာလည်း။ နှစ်ပေ စလောင်းရဲ့ ကဒ်ကတောင်မှ တစ်နှစ်ကို ၁၀သိန်းမပေးရဘူး။
လူတွေ အရင်ကလိုပဲ ပုန်းရှိုးကွယ်ရှိုးနဲ့ တပ်ပြီး ကြည့်ကြရတော့မှာပေါ့။ ရပ်ကွက်ထဲက ရဝတ လိုလူတွေတော့ စားပေါက်တွေ ပွင့်တော့မှာပေါ့။ လိုင်စင်မရှိပဲ ကြည့်လို့ မိရင် လာလုပ်မလဲတော့ မသိဘူး။ ပစ္စည်းသိမ်းရုံလောက် ဆိုရင်တော့ လူတွေ သိပ်မှုကြမယ်မထင်ဘူး။
ရွှေနိုင်ငံကြီးက ဘုရင်ရူး ရူးနေတဲ့ ရွှေဦးနှောက်ပိုင်ရှင်ကြီးတွေရဲ့ ရွှေဥာဏ်တော် စူးရောက်မှုကို ကြည့်ကြ မြင်ကြရသေးတာပေါ့။
“မှန်လှပါ၊ သင့်မြတ်လှကြောင်းပါ ဘုရား” လို့ဘယ်သူတွေက အော်ကြအုံးမှာလဲ . . .

နေပူတော်သွားတောလားးးးးးး
Jul 24th, 2008 by admin
ဒီအပါတ် တနင်္ဂနွေညနေကနေ နေပူတော်ကို ကားနဲ့သွားပီး ဒီနေ့ အင်္ဂါနေ့ မနက်ကြီးမှာ ကားနဲ့ ပြန်ရောက်သဗျို။
ဒီအပါတ် ခေတ်မီသွားပါသတဲ့
နေပူတော်ကိုရောက်နေတဲ့ တိရစ္ဆာန်တွေတော့ မတွေ့ခဲ့ရဘူး(အဟိဟိ:P ရှာမတွေ့ဘူး၊ တမျိုးမတွေးနဲ့ တိရစ္ဆာန်ရုံ မရောက်ခဲ့ဘူး ပြောတာကို) ထောတော့ထောတယ် ဖုန်းကိုယ်စီနဲ့လေ
အမယ်လေး တနေရာနဲ့ တနေရာက အဝေးကြီး။ လမ်းရှင်းတာတောင် ဆိုင်ကယ်မောင်းတာ မိနစ် 20ကြာကြာ သွားယူရတယ်။ တုတ်တုတ်လဲ စောင့်မစီးချင်ဘူး ခရီးဖင့်မစိုးလို့ ။ ဘတ်စ်ကားကတော့ ရှိတယ်။ တွေ့မိတယ်(ကြာကြာနေတော့ တစ်ခါပေါ့) ဘတ်စ်မှတ်တိုင်မှာ စောင့်တဲ့သူကတော့ မရှိသလောက်ပါပဲ။ နေကလဲ ပူမှပူ။ ဖုန်တော့မထူဘူး။ လမ်းမကြီးတွေက အကျယ်ကြီး ကောင်းမှကောင်း။ တို့များ ရန်ကုန်နဲ့တော့ ကွာပါ့။
မိုးတွေကလဲ ရွာသဗျ။ ခဏရွာပြီး တိတ်လိုက်။ တော်နေကြာ ခဏရွာလိုက်နဲ့။ လည်စရာတွေ ရှိတယ် ပြောပေမဲ့ မဖြူတဲ့ အသားတွေ ပိုမည်းကုန်မစိုးတာက တစ်ကြောင်း ဆိုင်ကယ် တက္ကစီခနဲ့ မွဲနိုင်တာကတစ်ကြောင်းနဲ့ လိမ်လိမ်မာမာပဲ အိပ်လိုက် စားလိုက် လုပ်ရင်း အချိန်တွေကုန်ပစ်လိုက်တယ်။
ညနေ 6နာရီမှာတော့ ဆိုင်ကယ်တက္ကစီလာခေါ်လို့ မြို့မဈေးရောက် မိုးလေးကလဲ တဖျောက်ဖျောက်။ လမ်းမကြီးပေါ်က ဗွက်အိုင်တွေထဲ ဆိုင်ကယ်တရကြမ်းမောင်းလို့ ရေတွေကလဲ တဗွမ်းဗွမ်းနဲ့ ပျော်စရာကြီး။ မော်တော်ပီကယ်တွေလဲ အမြဲတမ်း duty ချိန်မှာ ကြိုးကြိုးစားစား တာဝန်ထမ်းနေကြသားပါလား။ အဲ… မြို့မဈေးမှာ ရောက်ရောက်ချင်း ရှမ်းခေါက်ဆွဲစား။ ကောင်းသဗျ။ ဈေးနှုံးတွေက သက်သာပါတယ်။ ရန်ကုန်နဲ့ အတူတူလောက်ပဲ။ ရန်ကုန်ကို ဖုန်းခေါ်တော့လဲ 100ပဲ ပေးရတယ်။ လက်ဖက်ရည်တို့ ရေသန့်တို့လဲ ဈေးအတူတူ။ မနက်က မိတ္တူကူးခလေးပဲ တစ်မျက်နှာ 100မလို့ ဈေးကြီးတယ်။ မြို့မဈေးထဲက ဆိုင်တွေ လျှောက်ပတ်ကြည့်ရတာလဲ ပျော်စရာကြီး။ တရုတ်တန်းလိုပဲ အစားအသောက်တွေကလဲ ပေါမှပေါ။ 7နာရီထိုးတော့ ကားပေါ်တက် 7နာရီခွဲမှာ နေပူတော်ကြီးကို နှုတ်ဆက်ခဲ့တယ်။ မီးတွေကလဲ ထိန်ထိန်ငြီးလို့။ အော် တို့ ရန်ကုန်နဲ့တော့ ကွာပါ့။
နေပူတော်ကိုမှတ်မိတာက မီးတိုင်တွေအများကြီးနဲ့ အ၀ိုင်းပတ်ကြီးရယ်၊ ဧည့်ရိပ်သာရှိတဲ့ သပြေကုန်းရယ်။ ရုံးတွေ ရှိတဲ့နေရာရယ်၊ မြို့မဈေးရယ် ပြီးတော့ ဟိုတယ်ဇုန်ရယ်။ အဟိဟိ ဒါဆို ဘာကျန်သေးလဲ(ဒါပဲ ရှိတယ်ထင်တာပဲနော်..)
လမ်းမှာ ရေတာရှည်မှာ နားတယ်။ နောက်တစ်နေရာနားတယ်။ မနက် 5နာရီမှာ အောင်မင်္ဂလာအဝေးပြေးဂိတ်ကို ပြန်ရောက်လာတယ်။
ကဲ..ကျမ မယ်လိုဒီမောင်၏……ရဲ့ နေပူတော်သွား တောလားလေးကတော့ ဒီလောက်ပါပဲရှင်။

လေးဖြူ၏ နာဂစ်မုန်တိုင်းဒုက္ခသည်များ ရန်ပုံငွေ ဖျော်ဖြေပွဲ
Jul 25th, 2008 by admin
နာဂစ်မုန်တိုင်းဒုက္ခသည်များ ရန်ပုံငွေအတွက် နာမည်ကြီးအဆိုကျော် လေးဖြူသည်
လာမည့် သြဂုတ်လ (၁၆) ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားခန်းမ၌
Iron Cross (IC) အဖွဲ့သားများ၊ နာမည်ကြီး အဆိုတော်များဖြင့် တွဲဖက်၍
စတိတ်ရှိုး သီဆိုဖျော်ဖြေသွားမည်ဖြစ်သည်။

0 အကြံပြုခြင်း: