Sunday, September 14, 2008

ရှေတန်းစစ်မျက်နှာရွာများမှအမျိုးသမီးများနှင့်မှားဝင်မိသောစစ်ဗိုလ်ခမျာ

Friday, September 12, 2008
ပြည်သူကို အသားလွတ်စော်ကားတဲ့ အဓမ္မ၀ါဒီ ဗိုလ်မှူးကြီးရန်နောင်။

(၉.၉.၀၈) ရက်နေ့ ည (၆း၃၀) ခန့်တွင် SSC ရွှေဂုံတိုင် အထူးကုဆေးရုံတွင် ကားထွက်ပေါက်မှ ကားတစ်စီးဝင်လာသည်ကို ကားရှင်းလင်းရေးလုံခြုံရေးမှ တားမြစ်ရာတွင် အဆိုပါလုံခြုံရေးဝန်ထမ်းအား ကားပေါ်မှလူတစ်ယောက်မှ ဆင်းပြီး ထိုးကြိတ်ပါသည်။

၎င်းအချင်းအရာကိုမြင်သော ဆေးရုံလာပြသည့် သူတစ်ဦးမှ မခံမရပ်နိုင်ဖြစ်ပြီး "၀န်ထမ်းက ယဉ်ယဉ်ကျေးကျေး ပြောတာကို ဘာလို့ ထိုးရတာလည်း၊ မင်းလည်း ပိုက်ဆံရှိတယ် ငါလည်းပိုက်ဆံရှိတယ်၊ မင်းနဲ့ငါထိုးမလား " ဟု ၀င်ရောက်ပြောဆိုပါတယ်။

ထိုအခါ အဆိုပါ ကိုယ်ပိုင်ကား အမှတ် (၃က/၆၇၂၂) ကားပေါ်မှ အသက် (၄၀) ခန့် လူတစ်ဦးမှ ဆင်းလာပြီး "အဲ့ဒါ ငါ့ညီ မင်းဘာဖြစ်ချင်လို့လည်း၊ မင်းတို့ထက်မိုက်လို့ တပ်က လာတာ၊ ငါ့နာမည် ဗိုလ်မှူးကြီးရန်နောင် ကြိုက်တဲ့ကောင်နဲ့ တိုင် ဂရုမစိုက်ဘူး"ဟု ပြောဆိုပါတယ်။ ဘေးမှကြည့်နေသောလူများ၊ ဈေးဆိုင်များမှ ဈေးရောင်းနေသူများမှ မခံမရပ်နိုင်ပဲ "အောက်ခြေလူတန်းစားကိုတော့ ဒီလိုမလုပ်သင့်ပါဘူး"ဟု ၀ိုင်းဝန်းပြောဆိုရာတွင်လည်း "မင်းတို့နဲ့ ဘာဆိုင်လို့လည်း၊ ကြိုက်တဲ့ အရာရှိ သွားတိုင် ငါ့နာမည် ဗိုလ်မှူးကြီး ရန်နောင်" ဟု မိုက်ရိုင်းစွာ ပြောဆိုပါတယ်။

ဒီအဖြစ်အပျက်ကိုကြည့်ရင် မိမိကိုယ်မိမိ စစ်သားဆိုပြီး၊ အောက်ခြေလူတန်းစားကို အနိုင့်ကျင့်စော်ကားချင်းမှာ မဖြစ်သင့်သောကိစ္စ ဖြစ်ပါတယ်။

ဘေးမှကြည့်နေသော ပြည်သူအစစ်မှ ၀င်ရောက်ပြောဆို၍ မခံမရပ်နိုင်ဖြစ်ကာ ရိုက်နှက်မှု ဖြစ်ပွားပါက၊ ရိုက်နှက်သော လူတွင် အပြစ် မရှိပေ။ ရခိုင်ပြည်နယ်မှ ကိုကျော်မင်းနိုင် လည်း ထို့ အတူပင်ဖြစ်သည်။ ၄င်းသည် မခံမရပ်နိုင်ဖြစ်၍ စိတ်မထိန်းနိုင်ဖြစ်ကာ ဓားနှင့် ထိုးမိချင်း ဖြစ်ပေသည်။

ဗိုလ်မှူးကြီးရန်နောင်လိုလူတွေရှိနေသ၍ ဒီလိုအဖြစ်အပျက်တွေက ဆက်ရှိနေဦးမည်ပင် ဖြစ်သည်။ ပြည်သူကကျွေးသောထမင်းကိုစား၍ ပြည်သူကို စော်ကားခြင်းသည် ထမင်းကျွေးသောလက်ကို ပြန်ကိုက်ခြင်းပင်ဖြစ်သည်။

စစ်သားဖြစ်တာနဲ့ ပြည်သူကို တရားဝင်စော်ကားခွင့် ရှိနေပြီလားဟု မေးရမလိုပင် ဖြစ်နေပေသည်။ ဗိုလ်မှူးကြီးရန်နောင်အား ပြင်းထန်စွာ အပြစ်ပေးသင့်သည်ဟု မျက်မြင်တွေ့ရသော ပြည်သူတစ်ယောက်အနေနှင့် ပြောကြားလိုပေသည်။


0 အကြံပြုခြင်း: