Monday, December 1, 2008

အန်တီကြီး

ငယ်ငယ်ကငါးလှလှလေးတွေဝယ်လျှင်တိုက်ပုလေးမှာသွားဝယ်သည်။ဆိုတေးငါး(sword Tail Fish)
လှလှလေးတွေဈေးပေါပေါနှင့်ရနိုင်သည်။ငါးရောင်းသူကကိုယ့်ထက်ကြီးလှမှတနှစ်...နှစ်နှစ်ပေါ့။
သူ့ရဲ့ညီလေးကကိုယ်နဲ့ရွယ်တူ။သူ့နာမည်ကဇော်ဇော်သူညီနာမည်ကကျော်ကျော်။
ဒီလိုနဲ့ရက်တွေရက်တွေဖြတ်သန်းလာရင်း၁၉၈၅၊၁၉၈၆အထက်တန်းကျောင်းတက်တဲ့အရွယ်
ရောက်လာကြသည်။

မောင်မောင်နှင့်ညီညီ

ချစ်စနိုးနှင့်ခွေးညီနောင်ဟုလည်းခေါ်သည်။သူငယ်ချင်းအတွက်အနစ်နာခံပေါင်းသင်းတတ်သော
ညီအကိုနှစ်ယောက်ဖြစ်သည်။မောင်မောင်နှင့်ဇော်ဇော်ကရွယ်တူဖြစ်သလိုညီညီနှင့်ပတ်သက်၍
လည်းကျော်ကျော်နှင့်သူငယ်ချင်းဖြစ်လာသည်။ဇော်ဇော်ကရွယ်တူသူငယ်ချင်းနည်းသည်။
ဆရာဦးစိုးညွန့်၏ အားမာန်ကျူရှင်တွင်အတန်းပြီးချိန်တွင်ဆရာကြီးမောင်လင်းယုန်(ရှမ်းပြည်)
၏အင်္ဂလိပ်စာအခမဲ့သင်တန်းရှိသည်။ဆရာနေ၀င်းမြင့်၊ဆရာညွန့်ဝေမိုး၊ဆရာစိုးညွန့်ဝေအပါအ၀င်
ကိုးတန်းကျောင်းသားဆယ်တန်းကျောင်းသားများလည်းတက်ရောက်သင်ယူကြသည်။အားလုံး
နားလည်အောင်ဆရာကြီးကသင်ကြားပေးသည်။သင်ကြားချိန်ပြီးလက်ဖက်ရည်ဆိုင်ထိုင်လျှင်
ဇော်ဇော်ကိုအထက်ပါစာရေးဆရာများနှင့်အမြဲအတူထိုင်လေ့ရှိသည်ကိုတွေ့ရသည်။

အေးအေးဆေးဆေး

အေးအေးဆေးဆေးလက်ဖက်ရည်ဆိုင်ဆိုလျှင်ဂျီတီအိုင်ကျောင်းသားတိုင်းသိသည်။ဆိုင်ရှင်အန်တီ
ဲကြီးကသဘောလည်းကောင်းသည်။မင်းသမီးကြီးတင်တင်ညိုထက်မနိမ့်သောရုပ်ရည်ကိုပိုင်ဆိုင်သူ
လည်းဖြစ်သည်။အကြွေးလည်းသောက်လို့ရသဖြင့်ကျောင်းသားများအမြဲပြည့်နေသောဆိုင်ဖြစ်သည်။
ကျောင်းသားများကိုလည်းသားအရင်းတွေလိုဆက်ဆံတတ်သည်။

ဇော်ဇော်နှင့်ကျော်ကျော်ကအန်တီကြီး၏သားများဖြစ်သည်။သားနှစ်ယောက်လုံးကလည်းအန်တီကြီး၏
ရုပ်ရည်ကိုရရှိထားကြသူများဖြစ်ပေသည်။

ကိုစိုး

သူနဲ့ကဆွေရိပ်မျိုးရိပ်သိပ်မကင်း။စာလည်းရေးသည်။စာတည်း၊ အယ်ဒီတာလည်းလုပ်သည်။အိမ်မှာစာ
အုပ်အငှားဆိုင်လည်းရှိသည်။သူ့ဆိုင်မှာပဲစာအုပ်ငှားသည်။ငှားမည့်စာအုပ်၎အုပ်လောက်ရွေး။ငှားသင့်မ
ငှားသင့်၃အုပ်လောက်ကိုအစအဆုံးဖတ်ကြည့်ပြီးမှကျန်တအုပ်ကိုမဖတ်တော့ပဲငှား၍ရသောကြောင့်ဖြစ်
သည်။မြို့ထဲကမဂ္ဂဇင်းတိုက်တွေမှာအလုပ်လုပ်၍မိုးစုန်းစုန်းချူပ်မှပြန်လာပြီးသီချင်းလေးတအေးအေး
နှင့်လမ်းထဲကိုဝင်လာတတ်သည်။ဇော်ဇော်နှင့်လည်းသူငယ်ချင်းအရင်းတဦးဖြစ်သည်။

သောကပင်လယ်

၈၈၈၈အရေးအခင်းဖြစ်တော့ဖော်ဖော်ကတောခိုသွားသည်။၁၉၉၁ကျောင်းတွေပြန်ဖွင့်တော့ကျောင်း
တွင်းစာဝေစာကပ်တိုက်ပွဲအရှိန်အဟုန်ကပြင်းထန်လှသည်။အရိပ်တကြည့်ကြည့်နှင့်မျက်စိအောက်က
နအဖအပျောက်မခံသူများမှာကျောင်းသားများပင်ဖြစ်ပေတော့သည်။

အဲဒီအချိန်ကစ၍စစ်သားများနှင့်သာပတ်သက်သည့်စစ်ခုံရုံးဆိုတာကြီးကအပြင်(အင်းစိန်)ရောက်လာပြီး
ဝန်ခံလျှင်၃နှစ်ဝန်မခံလျှင်၅နှစ်ဟောတယောက်ဟောတယောက်ဗိုလ်မှုးကြီးများကိုယ်တိုင်ထောင်ချပါတီ
ပွဲကြီးလှိုင်လှိုင်ကျင်းပခဲ့ကြလေတော့သည်။

တညမှာမဖိတ်ပဲဧည့်သည်အစိမ်းရောင်များကတိုက်ပုလေးဆီသို့စိုက်စိုက်ရောက်လာ၍ကျော်ကျော်နှင့်
အခြားသူငယ်ချင်းတယောက်ကိုစာဝေစာကပ်စွဲချက်နှင့်ခေါ်ဆောင်သွားကြလေတော့သည်။
အမေနှင့်အဖွားနှစ်ဦးထဲသာတိုက်ပုလေးမှာကျန်ခဲ့လေတော့သည်။

ကျော်ကျော်ဘယ်လိုဖြောင့်ချက်ပေးလည်းတော့မသိ။ထောင်၁၁နှစ်နိုင်င်္ငရေးပုဒ်မဖြင့်ကျသွားလေးတော့
သည်။ဗြိတိသျှနယ်ချဲ့တွေကသခင်ပေါက်စထောင်၆လစနစ်ကိုကျင်သုံးခဲ့ကြသည်။နအဖက
၆ကို၆၅။လကိုနှစ်ပြောင်း၍ ဆက်လက်ကျင့်သုံးသည်။

အန်တီကြီးမှာသိသိသာသာကြီးကိုချူံးကျသွားတော့သည်။ပြည်တော်သာရုပ်ရှင်ရုံဖျက်
လိုက်သောအခါလမ်းထောင့်တွင်ရှိသောအေးအေးဆေးဆေးလက်ဖက်ရည်ဆိုင်မှာလည်းအတွင်း
ဖက်မိန်းကလေးအဆောင်နှင့်တတန်းထဲလောက်မှာနေရာအသစ်ပြောင်းဖွင့်လိုက်ရသည်။ရင်ထဲကခံစားရ
မှုတွေကိုသိုဝှက်၍လောကဓံကိုသူရင်ဆိုင်သည်။တဦးတည်းကျန်ရှိနေသောသားအငယ်ကိုထောင်ဝင်စာ
မှန်မှန်သွားတွေ့သည်။ပိုက်ဆံမှန်မှန်ပို့ပေးသည်။ဆိုင်ကိုမှန်မှန်ထွက်နိုင်အောင်ကြိုးစားသည်။

ကျောင်းမှာနားချိန်ဆိုလျှင်အန်တီကြီးဆိုင်မှာပဲထိုင်သည်။တတ်နိုင်သလောက်ဝိုင်းကူညီကြသည်။
ဇော်ဇော်သူငယ်ချင်းဂျပန်မကြီး(၈၈၈၈တွင်ရသောနာမည်)ကလည်းဆိုင်အတွက်လိုအပ်တာတွေ
ဖြည့်ဆည်းပေးသည်။သား၏သူငယ်ချင်းတွေကိုတွေ့နေရတော့အန်တီကြီးရဲ့သောကတွေအနည်းငယ်
တော့ပြေလျော့သွားလိမ့်မည်ထင်သည်။

ညီညီကကျောင်းမှာမျက်နှာမြင်ရီချင်ဘွဲ့ရထားသူဖြစ်သည်။အန်တီကြီးကိုလည်းတမျိုးမဟုတ်တမျိုးလှည့်
ပတ်စနေတတ်သည်။အန်တီကြီးကလည်းမောင်မောင်နှင့်ညီညီကိုသားအရင်းလိုချစ်သည်။သူတို့ကတိုက်
ပုလေးတွင်အိပ်ရင်းကျောင်းတက်လေ့လည်းရှိသည်။တခါတရံသူငယ်ချင်းတွေတိုက်ပုလေးမှာညအိပ်ရင်း
စာလုပ်ကြသည်။အန်တီကြီးကလည်းခွင့်ပြုထားသည်။တိုက်ပုလေးကိုသူ့သားတွေရှိစဉ်ကလိုပဲစိုစိုပြေပြေ
လေးရှိနေချင်ပုံရသည်။တညမီးကလည်းပျက်စာလုပ်မရမည့်အတူအဘွား၊အန်တီကြီးနှင့်အတူထိုင်စကား
ပြောဖြစ်ကြသည်။ကုလားထိုင်မြင့်မြင့်တခုတွင်ထိုင်ရင်းအန်တီကြီးကအရည်တမျိုးကိုခွက်တခုတွင်ထည့်
ထားပြီးခြေနှစ်ဖက်ကိုစိမ်ရင်းစကားပြောသည်။

ထွေရာလေးပါးပြောရင်းမြန်မာ့နိုင်ငံရေးအကြောင်းရောက်လာတော့၊အန်တီကြီးဆွေးနွေးချက်တွေ၊ခံယူချက်
တွေကရဲရဲတောက်၊အမှောင်ထဲမှာမျက်ဝန်းတွေကလက်လက်တောက်၊ဒါမျိုးတွေအန်တီကြီးရင်ထဲမှာရှိနေလိမ့်
မည်ဟုတွေးမထားခဲ့မိ။အမြဲပြုံးပြုံးနှင့်နေတတ်သောအန်တီကြီး၊အမေနှင့်သားအတွက်ရင်ထဲကခံယူချက်တွေကို
လျွှို့ဝှက်ထားသည်။သားနှစ်ယောက်လုံး၏နိင်ငံရေးဗီဇတွေဒီအမေဆီကနေစတင်ကိန်းအောင်းခဲ့တာယုံမှားဖွယ် ရာမရှိနိုင်တော့ပေ။

၁၉၉၅၏ညနေတခု။

သတင်းကဆိုးလွန်းလှသည်။အင်းစိန်ဂျီတီအိုင်ဘေးရှိအေးအေးဆေးဆေးဆိုင်လေးကိုသိမ်းပြီးဆိုက်
ကားနှင့်တိုက်ပုလေးကိုအပြန် လမ်းမှာကားအက်ဆီးဒန့်စ်ဖြစ်သည်။သူချစ်သောကော်ဖီဆိုင်လေး
နှင့်အရာအားလုံးကိုစွန့်လွှတ်ခဲ့ရသည်။အန်တီကြီးဆုံးတော့သားအကြီးဇော်ဇော်ကပြည်ပမှာ၊သားအ
ငယ်ကသာယာဝတီထောင်ထဲမှာ၊အမေကအိပ်ရာထဲမှာဒီလိုအဖြစ်ဆိုးတွေမြန်မာနိုင်ငံမှာဘယ်နှမိသားစု
တွေကြုံဆုံခဲ့ရပြီးပြီလည်း။သောကပင်လယ်ဝေခဲ့ကြရပြီးပြီလည်း၊စည်သူမောင်၊နေဘုန်းလတ်၊ဇေယာသော်၊
မျိုးဆက်အသစ်တွေ၊မျက်ရည်ချောင်းစီးဒီသောကပင်လယ်ထဲမှာဘယ်လောက်များထိစီးမျောနေကြရအုံးမှာလည်း။
မောင်မောင်ကတိုက်ပုလေးမှာပြောင်းနေပေးသည်။အန်တီကြီးအမျိုးတွေကနယ်ဇာတိတွေဆိုတော့
ချက်ချင်းတော့အဘွားအတွက်စီစဉ်မှုတွေမလုပ်ရသေး။မောင်မောင်၊ညီညီနှင့်ဂျပန်မကြီးကအလှည့်ကျ
ကျော်ကျော့်ကိုထောင်ဝင်စာသွားတွေ့ရသည်။

အခုတော့သူတို့တွေပြန်လည်ဆုံဆည်းပြီးမြန်မာ့နိုင်ငံအရေးကိုတက်တက်ကြွကြွပါဝင်တိုက်ပွဲဝင်နေကြပါတယ်။
အန်တီကြီးရောက်ရာအရပ်ကကျေနပ်နိင်ပါစေ။တာဝန်ကျေတဲ့မိခင်တယောက်အဖြစ်အမြဲအမှတ်ရသတိတရရှိ
နေတာအန်တီကြီးကြားသိနိုင်ပါစေ။

အန်တီကြီးကောင်းရာသုဂတိလားပါစေ။ ။

(ဧရာဝတီဝိုင်းတော်သားများဖြစ်သည့် ဇော်ကြီး၊ကျော်စွာ၊မောင်မောင်၊ကိုစိုး၊အာကြီး သို့အမှတ်တရ)

2 အကြံပြုခြင်း:

OWAY AUNG said...

အင်း..ကြားရတာစိတ်မကောင်းစရာပါပဲ....
ညီအစ်ကိုအချင်းချင်းတောင်ဒီလိုလုပ်တယ်ဆိုတော့နော်.............
သူငယ်ချင်းတွေကိုလဲပို့ပေးပါ........
တ ဆင့် လောက် ပြော ပေး ပါ ဗျာ...........

> အ ခု ရက် ပိုင်း ကျွန် တော့် မေမေ ရောက် နေ လို့ မ အား မ လပ် ဖြစ် နေ ပါ တယ်။
> မေမေ နဲ့ မ တွေ့ ရ တာ ကြာ နေ ပြီ မို့ သား အ မိ နှစ် ယောက် ရှေး ဟောင်း နှောင်း
> ဖြစ် လေး တွေ ပြော မ ကုန် နိုင် အောင် ပါ ဘဲ။ ဒါ ကြောင့် ပို့စ် အ သစ် လေး တွေ
> ကို ကောင်း ကောင်း မ ရေး နိုင် ခဲ့ ပါ ဘူး။ ဒီ လို နဲ့ ဒီ ည မှာ တော့ မေမေ နဲ့
> စ ကား ပြော ရင်း မေမေ ဆီ က စိတ် မကောင်း စ ရာ သ တင်း လေး တ ခု ကြား လို့ စိတ်
> မကောင်း စွာ နဲ့ ဘဲ ဒီ သ တင်း ကို ဖြန့် ဝေ ပေး ဖို့ ဆုံး ဖြတ် လိုက် ပါ တယ်။
> စာ ဖတ် သူ တို့ အ နေ နဲ့ လည်း ဒီ သ တင်း လေး ကို ဖတ် ပြီး ဖြန့် ဝေ ပေး ပါ လို့
> မေ တ္တာ ရပ် ခံ ပါ တယ်။ အ ဖြစ် က ဒီ လို ပါ ခင် ဗျ.................
> ရခိုင် ပြည်နယ် ကျောက် ဖြူ မြို့ နယ်၊ အ လယ် ဒွိန် အုပ် စု၊ အ လယ် ဒွိန် ရွာနေ
> (ဦး အောင် ကျန် ဖြူ + ဒေါ် မ ချွန်း) တို့ မှာ သားသ္မီး ၉ ယောက် ရှိတယ် ခင် ဗျ။
> သူ တို့ တွေ က တော့
> (၁) အောင်ဖေသန်း
> (၂) ထွန်းတင်
> (၃) သန်းသန်းမြင့်
> (၄) ထွန်းကြိုင်
> (၅) မောင်သန်းဝင်း
> (၆) သန်းကြည်
> (၇) လှမောင်သန်း
> (၈) လှလှသန်း
> (၉) မောင်လှသန်း တို့ ဖြစ် ကြ ပါ တယ်။
> အဲဒီ ထဲ မှာ နံ ပါတ် (၄) သား (ထွန်း ကြိုင်) ဟာ က နေ ဒါ(canada) ကို ရောက် နေ
> ပါ တယ်။ သူ ဟာ သူ တို့ မိသား စု နဲ့ အ ဆက် အ သွယ် ပြတ် နေ တာ တော် တော် လေး ကို
> ကြာ နေ ပါ ပြီ။ နှစ် တွေ နဲ့ ရေ တွက် ရင် တောင် မ မှတ် မိ နိုင် လောက် အောင် ပါ
> ဘဲ လို့ နံ ပါတ် (၇) သား ဖြစ် တဲ့ လှ မောင် သန်း က ပြော ပါ တယ်။ ဒါ ပေ မယ့် သူ
> တို့ ထဲ မှာ တော့ အောင် ဖေ သန်း ဆို တဲ့ အ ကို အ ကြီး ဆုံး က တော့ သူ့ ညီ ထွန်း
> ကြိုင် နဲ့ အ ဆက် အ သွယ် ရှိ နေ တာ ထွန်း ကြိုင် ကနေဒါ ကို ထွက် သွား တုန်း က
> တည်း က ပါ ခင် ဗျ။ ကို ထွန်း ကြိုင် ဟာ သူ့ မိ ဘ တွေ ဆီ ကို ငွေ မ ကြာ မကြာ လွှဲ
> တယ် လို့ လှမောင်သန်း က ပြော ပါ တယ်။ ဒါ ပေ မယ့် အဲဒီ ငွေ တွေ ဟာ အောင် ဖေ သန်း
> လက် ထဲ ကို ဒါ ရိုက် ရောက် တယ် လို့ ကြား သိ ရပါ တယ်။ အောင် ဖေ သန်း ဟာ ရလာ
> တဲ့ ငွေ တွေ ကို မိဘ တွေ ကို မ ပေး ဘဲ သူ့ တစ် ကိုယ် တည်း အ တွက် သုံး တယ်
> လို့ လဲ သိ ရ ပါ တယ်။ လှ မောင် သန်း ဟာ ထွန်း ကြိုင် နဲ့ ဆက် သွယ် ဖို့
> အ တွက် အောင် ဖေ သန်း ဆီက ထွန်း ကြိုင် ရဲ့ ကနေဒါ က ဖုန်း နံ ပါတ် ကို တောင်း
> ပါ တယ်။ အောင် ဖေ သန်း ဟာ ယုတ် မာ စွာ နဲ့ သူ သိ တာ တွေ ကို တ ခု မှ ပြော ပြ
> ခြင်း မ ရှိ ပါ ဘူး ခင် ဗျ။ အ ခု ဆို ရင် ထွန်း ကြိုင် ရဲ့ မိခင် ဟာ အ သက် အ
> ရွယ် ရ နေ လို့ တော် တော် ကို အို စာ နေ ပါ ပြီ။ သူမ ဟာ ဘာ ကို မှ မ မျှော်
> လင့် ပါ ဘူး တဲ့။ သား ဖြစ် တဲ့ ထွန်း ကြိုင် နဲ့ ဖုန်း ပြော ခွင့် ရရင် ဖြင့်၊
> အ သံ လေး ကြား ခွင့်ရ ရင် ဖြင့် သေ ပျော် ပါ ပြီ လို့ လှ မောင် သန်း က ပြော ပါ
> တယ်။ ဒ့ါ ကြောင့် ကျေး ဇူး ပြု ပြီး ဒီ စာ ကို က နေ ဒါ က ထွန်း ကြိုင် ကို လက်
> ဆင့် ကမ်း ပို့ ပေး ပါ ဗျာ။ ပြီး တော့ ဒီ လို အင် တာ နက် က နေ တ ဆင့် ပြော
> ပြ တာ လေး က ထွန်း ကြိုင် ဆီ ကို ဒီ သ တင်း ရောက် နိုင် တယ် လို့ လှ မောင် သန်း
> နဲ့ သူ့ ရဲ့ အ မေ က ယုံ ကြည် နေ ကြ ပါ တယ်။ သူ တို့ ရဲ့ ယုံ ကြည် ချက် လေး တွေ
> ကို ကျွန် တော် တို့ မ ပျက် ပြယ် စေ ဘဲ လက် ဆင့် ကမ်း အ ကောင် အ ထည် ဖော် ပေး
> စေ လို ပါ တယ် ခင် ဗျာ။ " ထွန်း ကြိုင် ရေ ဒီ စာ ကို ဖတ် မိ ရင် ကျွန် တော်
> ဆီ ကို ဆက် သွယ် ပါ။ ကျွန် တော့် အီး မေးလ် က တော့ (mibamyittar79@gmail.com)
> ပါ။ ကျွန် တော့် ဆီ မှာ အ ကို အ မေ နဲ့ လှ မောင် သန်း ရဲ့ လိပ် စာ ရှိ ပါ တယ်။
> " ကျွန် တော်ဆီ ကို လှ မောင် သန်း ရေး လာ တဲ့ စာ က တော့ ဒီ လို ပါ။
> (အကို ကျ နော် လေး စားစွာဖြင့် စာ ရေး လိုက် ပါ တယ်။ ကျနော် အန် တီ နှင့် အ တူ
> အ လုပ်လုပ် တဲ့ ပန်း တိမ် ဆရာပါ။ အ မေ အ သက် ကြီး ပြီ ဆို တော့ စကား ပြော ချင်
> လို့ ကျ နော် အကို ထွန်းကြိုင် ကို အ ပန် မ ကြီး ဘူး ဆို ရင် ကျေး ဇူး ပြုပြီး
> ဆက် သွယ် ပေး လို့ ရ ရင် ဆက် သွယ် ပေး ပါ။
> အား ကိုး စွာ ဖြင့်
> လှ မောင် သန်း )

laminkhin said...

အေးအေးဆေးဆေး ---ဆိုင် အန်တီကားတိုက်ခံခဲ့ရမှုနဲ့  ပတ်သတ်ပြီး ပြန်ဖတ်ရတော့ အတော်သတိရမိပါတယ် အန်တီ့ ဈာပန မှာ အ-က -သ မှလွမ်းသူ့ ပန်းခွေဆိုတဲ့ ပန်ခွေ ကို ကျမ အိမ်မှာ ကိုယ်တိုင်လုပ်ပြီး ပို့ ခဲ့တာပါ။ အန်တီနဲ့ လည်း အာဇာနည်နေ့ (၁၉၈၉) မတိုင်ခင် ညက တစ်ညတာ တူတူ အိပ်ဖူးတယ် -အဖွါးဆီကိုလည်း အန်တီဆုံးပြီး နောက်ပိုင်း ပို ရောက်ပါတယ် ထောင်ဝင်စာအတွက် ရံခါ ရံခါ ခန ခန ပါဆယ် ပို့ ခဲ့ဖူးတယ် ဒီလိုဆို ရရ နဲ့  ကျမ တွေ့ ကို တွေဖူးလိမ့် မယ် --ကောင်းပါတယ် အန်တီ ကတော့ အမေကောင်း -- သားတွေကို ပါရမီဖြည့်နိုင်ခဲ့တဲ့ မိခင်ကောင်းပါ -- ကျမအမြဲလေးစား ဂုဏ်ယူနေပါတယ်