Tuesday, May 20, 2008

ချစ်သူလေး၏အသုဘဖိတ်စာ

မုန်တိုင်းဒုက္ခသည်၊ လှူဒါန်းသူများရဲ့တနင်္ဂနွေ

တနင်္ဂနွေနေ့က ကွမ်းခြံကုန်းသွား ကားလမ်းနံဘေးမှာ အလှူရှင်တွေကို တန်းစီစောင့်နေတဲ့ ဒုက္ခသည်တွေ
မိုးအောင်တင် | မေ ၂၀၊ ၂၀၀၈
နာဂစ်အလွန် နှစ်ပတ်ခန့်ရဲ့ မနက်ခင်း တခင်းမှာ မြစ်ဝကျွန်းပေါ်က လေဘေးဒုက္ခသည်တွေအတွက် ရန်ုကုန်မြို့ကနေ အလှူရှင်များက အားတက်သရော သွားရောက်လှူဒါန်းကြတဲ့ ကိုယ်တွေ့ မြင်ကွင်းကို ဧရာဝတီ ပရိသတ်အတွက် တဆင့် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

မြန်မာပြည်ရဲ့ သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်တဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ၂ပတ်အကြာ တနင်္ဂနွေ မနက်ခင်းပါ။ ရန်ကုန်မြို့လမ်းများပေါ်မှာတော့ ပစ်ကပ်ကား၊ လိုက်ထရပ်ကား၊ အိမ်စီးဆလွန်းနဲ့ ဗင်ကားမျိုးစုံပေါ် ဆန်အိတ်၊ ခေါက်ဆွဲ ခြောက်ပါကင်၊ အ၀တ်အစားအထုပ်၊ သောက်ရေသန့်ဘူးနဲ့ သတ္တုအိုး၊ ပန်ကန်ပြားတွေအထိ တင်ဆောင်ပြီး လှိုင်သာယာ လမ်းကဘက်ကနေ ကွမ်းခြံကုန်းမြို့ဘက်ကို သွားဖို့ ဦးတည်နေကြပါတယ်။

ကားတွေပေါ်မှာ ပစ္စည်းတွေသာမကဘဲ တီရှပ်ဆင်တူနဲ့ လူငယ်တွေပါသလို လူလတ်၊လူကြီး၊ ကျားမ၊ ဘာသာစုံ ပါဝင် ကြပါတယ်။ မိသားစုအလိုက် ကားနဲ့သွားကြတာ ရှိသလို ကုမ္ပဏီ အမည် အလံလွှင့်ထူ ကြတာတွေလည်း တွေ့ရပါတယ်။ ကျန်ကားအများစုမှာတော့ သာသနာ့အလံလွှင့်ထူ ထားကြပါတယ်။ ကားပေါ်မှာ သံဃာတွေ မပါဝင် ပေမယ့်လို့ သာသနာ့ အလံ လွှင့်ထူပြီးသွားကြတာဟာ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကို ပြန် အမှတ်ရစေပါတယ်။

အခုလိုကားတွေနဲ့လူတွေ ဘယ်ကိုသွားသလဲမေးရင်တော့ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့ ဧရာဝတီတိုင်းထဲ က ဒေးဒရဲ မြို့တွေ၊ ရွာတွေအထိ သွားပြီး မုန်တိုင်း ဒုက္ခသည်တွေကို နိုင်သလောက် ကူညီ လှူဒါန်းကြဖို့ သွားကြတာပါ။သတင်းဂျာနယ်တွေထဲ မုန်တိုင်းဒဏ်ခံစားရတဲ့ ဒေသကအဖြစ်အပျက်တွေ မြင်ရ၊ ရေဒီယိုတွေထဲက ကြားရ တာကြောင့် ကူညီလိုတဲ့ စေတနာတွေပေါ်လာလို့ နီးစပ်ရာအချင်းချင်း တိုင်ပင်ပြီး ကူညီဖို့ သွားကြတာပါ။

မုန်တိုင်းအပြီးတပတ်အကြာ မေလ ၁၁ရက်နေ့ တနင်္ဂနွေကတည်းက ကွမ်းခြံကုန်း၊ ဒေးဒရဲဘက်ကို နေ့ချင်းပြန် သွားရောက် ကူညီကြခဲ့ပြီး အခုတပတ်မှာတော့ လွန်ခဲ့တဲ့ တနင်္ဂနွေထက်ကို ကားရောလူပါ သိသိသာသာ များပြားတယ် လို့ပြောကြပါတယ်။ မနက် ၈နာရီ လှိုင်သာယာ ဘုရင့်နောင်တံတား အဆင်းကိုရောက်တဲ့အခါ ကူညီ ဖို့သွားတဲ့ ကားတန်း ကြီးဟာ သင်္ကြန်လှည့်တဲ့ ကားတန်းလို ဖြစ်နေပါတယ်။ လှိုင်သာယာက ကွမ်းခြံကုန်း အရောက် ကားတစီးနဲ့ တစီး ရှေ့ဆင့်နောက်ဆင့်လို့ဆိုရမလို တန်းစီနေပါတယ်။ မိုးကလည်း တဖွဲဖွဲရွာသွန်း နေ ပါတယ်။

တွံတေးတံတားကိုလွန်ပြီးနောက်မှာ အနီးအနားကျေးရွာက ကလေး၊ လူကြီးအများအပြား ကားလမ်းဘေးမှာ စောင့် မျှော်နေကြတာကိုမြင်ရပါတယ်။ ကားတချို့ကလည်း မုန့်ခြောက်တွေကို ကမ်းပေး၊ တချို့လည်း ပစ်ချ ပေးကြတာ တွေ့ရပါတယ်။
ကွမ်းခြံကုန်း-ကော့မှူး သွား ကားလမ်းနံဘေးမှာလည်း ဒုက္ခသည်တွေက အလှူရှင်တွေကို စောင့်မျှော်နေကြ
ကော့မှူးမြို့ကိုလွန်လာပြီးနောက်မှာတော့ ကွမ်းခြံကုန်းမြို့ကို ရောက်ပါတယ်။ မြို့မ၀င်မီမှာ၊ မြို့ထဲမှာ “ကယ်ဆယ်ရေး စခန်းရှိသည် စနစ်တကျပေးဝေ လှူဒါန်းနိုင်ပါသည်” ဆိုတဲ့စာတန်းတွေနဲ့ အတွင်းထဲသို့ လမ်းညွှန် ဆိုင်းဘုတ်တွေ တွေ့ရ ပါတယ်။ ကွမ်းခြံကုန်းမြို့ထဲမှာ အလှူလာတဲ့ ကားတွေနဲ့ ပြည့်ကြပ်နေပါတယ်။

ကွမ်းခြံကုန်းမြို့ထဲက ဘုန်းတော်ကြီးကျောင်း တကျောင်းမှာတော့ အလှူရှင်တွေကိုယ်တိုင်လှူနိုင်ဖို့အတွက် ကျောင်း မှာရှိတဲ့ သံဃာတွေက ဒုက္ခသည်တွေကို စနစ်တကျ တန်းစီ စေတာကို တွေ့ရပါတယ်။ ဘုန်းကြီး ကျောင်းရှေ့တိုင်းမှာ အလှူရှင်ကားတွေ နဲ့စည်ကားနေပါတယ်။ မြို့အ၀င်ဘောလုံးကွင်း ထဲမှာတော့ နိုင်ငံတကာကလှူဒါန်းတဲ့ ရွက်ဖျင်တဲ အလုံး၄၀လောက်တွေ့ရပါတယ်။ အဲဒီ ရွက်ဖျင်တဲတွေထဲမှာတော့ ရာဂဏန်းမျှသော ဒုက္ခသည်တွေ ကိုတွေ့ရပြီး စစ်သားတွေက စောင့်ကြပ် နေပါတယ်။ ထောင်နဲ့ချီတဲ့ ဒုက္ခသည်အများစုကြီးကတော့ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင် ကျောင်းတွေမှာ နေ ထိုင်နေကြပါတယ်။ နိုင်ငံတကာ အကူအညီ ပစ္စည်းတွေကတော့ ဒုက္ခသည်တွေဆီ မရောက်ရှိသလောက်ပါပဲ။ ဘုန်းကြီးကျောင်းမှာ တွေ့ရတဲ့ ဒုက္ခသည်တဦးကို မေးကြည့်တော့ “ကျမတို့ အခု ထိရတာ ဆန်နဲ့ ဆီပါပဲ၊ စောင်နဲ့ အ၀တ်အစားကတော့ မဲပေါက်မှရတယ်” လို့ပြောပါတယ်။

ရန်ကုန်မြို့မှ လာတဲ့ လှူဒါန်းသူတဦးက “ကျနော်တို့လည်း ဒီမုန်တိုင်းဒဏ်ကိုခံရတဲ့ သူတွေပါပဲ။ ဆုံးရှုံး တာလည်းရှိ ပါ တယ်။ ဒါပေမယ့် ဒီမြို့ကလူတွေ၊ ရွာကလူတွေခံစားရတာက ကျနော်တို့ထက် အများကြီး ဆိုးတာကြောင့် လာပြီးကူညီဖို့ အချင်းချင်းတိုင်ပင် ပြီးရောက်လာတာပါ”လို့ဆိုပါတယ်။
ဘာကြောင့်များ အစိုးရအာဏာပိုင်တွေကတဆင့်မလှူတာလဲလို့ မေးတဲ့အခါ“ရှင်းရှင်းပြောရရင်တော့ မယုံလို့ပဲ၊ နိုင်ငံ တကာကပေးတဲ့ ပစ္စည်းတွေတောင် ဖြတ်စားနေတယ်ဆိုတော့ ဒုက္ခသည်တွေ အရမ်း သနားစရာကောင်းပါတယ်၊ ဒါကြောင့်ကိုယ်တိုင်လာပြီး လှူတာပါ” လို့ဆိုပါတယ်။

ဘုန်းကြီးကျောင်းမှ ရန်ကုန်သို့ အပြန်လမ်းမှာတော့ ကွမ်းခြံကုန်းမြို့အထွက်မှာ လဲကျထားတဲ့ သစ်ပင်တွေကို ခုတ်ထွင် ရှင်းလင်းနေတဲ့ စစ်သားတွေကို တွေ့ရပါတယ်။ မြို့ခံတွေရော ရန်ကုန်ကလာလှူတဲ့ သူတွေရော သူတို့ကို တခြားကမ္ဘာက သူတွေကို ကြည့်တဲ့အကြည့်နဲ့ကြည့်တာတွေ့ရပြီး ဘယ်သူကမှ မုန့်တထုပ်၊ ရေတဘူး ပေးကမ်းတာမတွေ့ရပါဘူး။ပြီးခဲ့တဲ့ စက်တင်ဘာအဖြစ်အပျက်ကို လူထုကမမေ့နိုင်ကြသေးလို့ ဖြစ်နိုင်ပါတယ်။ ။






ပြိုလဲသွားသော စပါးကျီ


ဧရာဝတီမဂ္ဂဇင်းက မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူ သြစတြေလျနိုင်ငံ၊ မက်ကွိုင်းယား တက္ကသိုလ်မှ ရှောင်တာနဲ (Sean Turnell) နှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့ပြီး ဆန်စပါးနှင့် ပတ်သက်နေသည့် နိုင်ငံရေး၊ စစ်အစိုးရ၏ ဘဏ်စာရင်း အခြေအနေ၊ လူသားချင်း စာနာမှုဆိုင်ရာ ၀င်ရောက်စွက်ဖက်မှုများ ဖြစ်ပေါ်လာနိုင်ခြေ စသည်တို့ကို ဆွေးနွေး ပြောဆိုနိုင်ခဲ့ပါသည်။

မေး။ ။ စစ်အစိုးရက နာဂစ် ဆိုက်ကလုန်းမုန်တိုင်းကယ်ဆယ်ရေးအတွက် ကျပ်ငွေသန်း ၅,၀၀၀ သုံးစွဲမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီငွေကြေးပမာဏက အခုကပ်ဘေးအတွက် လုံလောက်မှုရှိမယ်လို့ ထင်ပါသလား။

ဖြေ။ ။ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျနော်ထင်တာကတော့ (စစ်အစိုးရဆီက) ထူးထူးခြားခြား မျှော်လင့်ထားစရာမရှိတဲ့ စိတ်ကောင်းစေတနာနဲ့ လုပ်ဆောင်လာချက်တခုပါ။ ကျနော်ထင်တာက အမှတ်ရဖို့ တခုကတော့ စစ်အစိုးရဆီမှာ လက်ရှိ ဒေါ်လာသန်း ၄,၀၀၀ လောက် နိုင်ငံခြား အရံငွေကြေး သဘာဝဓါတ်ငွေ့ရောင်းထားလို့ ရတဲ့ငွေ ရှိနေပါတယ်။ တကယ်လို့ ကျပ်ငွေတန်ဖိုးနဲ့ တွက်လိုက်ရင် ကျပ်သန်း ၄ ထရီလီယံကျော် ရှိနေပါတယ်။ ဒါကြောင့် အခုလိုကျပ်ငွေ သန်း ၅,၀၀၀ လောက် ရန်ပုံငွေထုတ်ပေးတာဟာ မျှော်လင့်မထားတဲ့အထဲက တကယ့်ကို တွန့်တွန့်တိုတိုနဲ့ ထုတ်ပေးလာတဲ့ ထူးထူးခြား ခြား ငွေပါ။ သို့သော်လည်း အမှန်ပ ဒီငွေတွေက ပြည်သူ့ငွေတွေပါ။ ဒီငွေတွေက ဗိုလ်ချုပ်တွေ ပိုင်ဆိုင်တဲ့ငွေ မဟုတ်ပါဘူး။ သူတို့ဆီမှာ သဘာဝဓါတ်ငွေ့ရောင်းထားလို့ ရတဲ့ ငွေတွေနဲ့ စုမိဆောင်းမိ ဖြစ်နေပါပြီ။ တကယ် တော့ ပြည်သူတွေပိုင်ဆိုင် ရသင့်တဲ့ ငွေတွေပါ။ ဒါကြောင့် သူတို့ပြန်ထုတ်ပေးလာတဲ့ငွေက အတော့်ကို ချို့တဲ့ဆင်းရဲပါတယ်၊ ကံမကောင်း အကြောင်း မလှစွာပဲ ပြန်ချုပ်ပြောရရင် ဒီငွေက ဆိုက်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ အများဆုံး စွမ်းဆောင်တုံ့ပြန်မှုပါပဲ။

မေး။ ။ နှစ်စဉ်ပဲ စစ်အစိုးရက ဓါတ်ငွေ့တွေ နိုင်ငံခြားကို တင်ပို့ရောင်းချလို့ ငွေတွေ အများကြီးရနေပါတယ်။ သူတို့က ဒီငွေတွေကို ဘယ်မှ ၀ှက်ထားကြတာလဲ။

ဖြေ။ ။ မြန်မာစစ်အစိုးရက လက်ရှိကာလမှာ လတိုင်း လတိုင်း ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရှိနေပါ တယ်။ တကယ်လို့ ကျနော်တို့က အစိုးရရဲ့ ငွေစာရင်းရှင်းတမ်းကို ကြည့်မယ်ဆိုရင် စစ်အစိုးရရဲ့ ယုံနိုင်စရာမရှိတဲ့ စာရင်း လိမ်လည် ဖော်ပြထားမှုကို တွေ့ရပါလိမ့်မယ်။ သဘာဝဓါတ်ငွေ့ ရောင်းချရာက ရတဲ့ငွေကို တရားဝင်ငွေလဲနှုန်းနဲ့ တွက်ပြီး စာရင်းသွင်း ထားပါတယ်။ ဒီလိုတွက်ချက်ထားတာက တကယ်ပြင်ပပေါက်ဈေးထက် အဆ ၂၀၀ လျှော့နည်းနေပါတယ်။ ဒီလိုလုပ်ခြင်း အားဖြင့် ဒေါ်လာသန်း ၃,၀၀၀ လောက်ကို လွယ်လွယ်လေး တနေရာမှာ ၀ှက်ထားလိုက်တာပါပဲ။ ဒီငွေတွေ ဘယ်မှာရှိနေ သလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းပါပဲ။ သေချာတာကတော့ မြန်မာပြည်သူတွေ လက်လှမ်းမမီတဲ့ နေရာမှာ သိုမှီးထားတယ် ဆိုတာပါပဲ။

ပြည်ပတနေရာရာမှာ ဖြစ်နိုင်သလို၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် သို့မဟုတ် ဗဟိုဘဏ်ရဲ့ စာရင်းတွေထဲမှာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် ကြည့်ရတာကတော့ ဒီငွေတွေကို ဗိုလ်ချုပ်သန်းရွှေ၊ သို့မဟုတ် နောက်ထပ်လူတဦး၊ နှစ်ဦးလောက် ကပဲ သိခွင့်၊ ထိတွေ့ခွင့်ရပါလိမ့်မယ်။ ဒီငွေတွေကို မြန်မာပြည်သူတွေရဲ့ ကောင်းရာကောင်းကျိုးအတွက် မသုံးပါဘူး။ ဒီငွေ တွေက အထူးသဖြင့် ခုလိုအချိန်မျိုးမှာ အရေးကြီးလှပါတယ်။ ဒီငွေတွေက မုန်တိုင်းကပ်ဘေးသင့်ရသူတွေ အတွက် တကယ့်များပြားတဲ့ ပမာဏပါ။ ဒါပေမယ့် သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ထိန်ချန်ထားကြပါတယ်။

မေး။ ။ ပိုက်ဆံတွေအားလုံးကို မုန်တိုင်းက ရှင်ကျန်ရစ်ရသူတွေအတွက်နဲ့ ဒုက္ခရောက်နေကြသူတွေအတွက် တကယ် မသုံး ဘူးဆိုတော့ အာဏာပိုင်တွေက ဒီငွေကြေးတွေကို ဘယ်နေရာတွေမှာ သုံးနေကြသလဲ။

ဖြေ။ ။ အင်း... ကျနော်ထင်တာက ဒီငွေတွေကို သူတို့ နိုင်ငံခြားငွေတွေ ရလာတိုင်း ပုံမှန်သုံးနေကြကိစ္စတွေမှာ သုံးမယ် ထင်ပါတယ်။ ဥပမာ နေပြည်တော် မြို့တော်သစ်ဆောက်တာတို့၊ အဏုမြူဓါတ်ပေါင်းဖိုကိစ္စတို့မှာ သုံးပါလိမ့်မယ်။ ရှေ့လျှောက် လည်း ဒီလိုပဲ သုံးဖွယ် ရှိပါတယ်။ ကျနော်ထင်တယ်၊ လူတွေမှတ်မိပါလိမ့်မယ် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် တွေကို လစာ အဆ ၁,၀၀၀ တိုးပေးတာတို့၊ အခြား ဖြုန်းတီးပစ်နေတဲ့ စီမံချက်တွေလည်း ရှိပါသေးတယ်။ သူတို့က လူတွေရဲ့ ဆင်းရဲဒုက္ခ သက်သာချောင်ချိအောင် လုပ်ပေးနေတာ မဟုတ်ဘဲ စစ်အစိုးရကို ဂုဏ်တင်ဖို့ပဲ လုပ်နေကြတာပါ။ ဒီလိုပဲ ရလာတဲ့ ငွေကြေး တွေကို အခုကာလမှာ ဒီလိုပဲ အလေးထားသုံးမယ်လို့ ထင်ပါတယ်။

မေး။ ။ ဧရာဝတီမြစ်ဝှမ်းဒေသက အရှေ့တောင်အာရှဒေသမှာ အရေးပါတဲ့ "စပါးကျီ" ဖြစ်သလို၊ မြန်မာနိုင်ငံ စီးပွားရေး အတွက်လည်း အလွန် အရေးပါပါတယ်။ အခုတော့ ဒီစပါးကျီကို ဆိုက်ကလုန်းမုန်တိုင်းက ဖျက်ဆီးခဲ့ပြီဆိုတော့ မြန်မာ ပြည်သူတွေကို ဘယ်လိုထိခိုက်လာနိုင်သလဲ။ အနာဂတ်မှာ စီးပွားရေး၊ စားရေရိက္ခာ လုံခြုံ ဖူလုံမှု စသဖြင့်ပေါ့။

ဖြေ။ ။ အနာဂတ်အတွက် အလားအလာကတော့ ကျနော်စိုးရိမ်တာက ရေတိုကာလ၊ အလယ်အလတ်ကာလ၊ နောက်ဆုံး ရေရှည်အတွက်ပါ မကောင်းလှပါဘူး။ ရေတိုကာလမှာတော့ ကျနော်တို့ လက်ရှိသီးနှံတွေ ပျက်စီး ဆုံးရှုံးရမှုကို မြင်ခဲ့ကြရ ပါပြီ။ ဒါပေမယ့် ကျနော်တို့ ခန့်မှန်းထားနိုင်တာက နောက်စိုက်ရာသီ တခု၊ နှစ်ခုလောက်အထိ အကြီးအကျယ် ထိခိုက်မှု ရှိနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ အဲသည်ဒေသက အထွက်လုံးဝမရှိတဲ့ အနေအထားမျိုး ရောက် သွားနိုင်ပါတယ်။ နောက်ထပ်လာမယ့် နှစ်တွေတစုံတရာတိုင် အစားအစာနဲ့ ဆန် ငတ်မွတ်ခေါင်းပါးမှု၊ ပြတ်လပ်မှုတွေ ကြုံရ နိုင်ပါတယ်။

စီးပွားရေးမှာ အကြီးအကျယ်ရိုက်ခတ်မှု ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အချိန်က ကမ္ဘာ့ဆန်ဈေးကလည်း သိသိ သာသာ ထိုးတက်နေချိန်၊ အခြားနိုင်ငံတွေကလည်း ဆန်တင်ပို့ရောင်းချမှုကို ကန့်သတ်မှုတွေလုပ်လာချိန်၊ စသဖြင့် အချိန် အားဖြင့် ကြုံဆုံနေတော့ ပိုဆိုးနိုင်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စိုက်တဲ့ စပါးတွေအစား ပြန်လည်အစားထိုး ဖြည့်ဆီး နိုင်ဖို့ အတော်ခက်ပါတယ်။ အင်မတန်ဈေးကြီးပေး ၀ယ်ရပါလိမ့်မယ်။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင် ရေးလမ်းကြောင်းတွေလည်း ပျက်စီးကုန်ပါပြီ။ ဒါကြောင့် ရိတ်သိမ်းပြီးသား စပါးတွေ၊ ပြည်ပက တင်သွင်းလာတဲ့ စပါးတွေ ကိုလည်း ဖြန့်ဖြူးပေးဖို့ အတော်ခက်ပါလိမ့်မယ်။

ရေတိုမှာတော့ လူထုတွေရော၊ စီးပွားရေးရော ကျပ်တည်းဒုက္ခရောက်နေတာတွေ ပိုဆိုးရွား ပြင်းထန်လာဖွယ် ရှိပါတယ်။ အလတ်အလတ်ကာလနဲ့ ရေရှည်မှာတော့ အခြေခံ အဆောက်အဦတွေ ပျက်စီးတာ၊ လမ်းပန်း၊ ဆက်သွယ်ရေး စသဖြင့် အပေါ် စိုးရိမ်စရာ ရှိပါတယ်။ ကျနော် ခုနက ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် အထူးစိုးရိမ်ဖွယ်ကိစ္စကတော့ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသထဲကို ဆားငံရေတွေ ၀င်ရောက်နစ်မြုပ်ကုန်တဲ့ကိစ္စပါ။ ဆားကြောင့် ထိခိုက်မှုကိုလည်း စိုးရိမ်ပါတယ်။ ဆားငံ ဓါတ်ပေါက်မှုကြောင့် စပါးစိုက်မြေတွေ နှစ်အတော်ကြာ ပျက်စီးသွားနိုင်ပါတယ်။ အဲသည်တော့ ကံဆိုးတာက အပျက်အစီး ကတော့ ကြီးမာပါတယ်။ လက်ငင်းကာလမှာရော၊ အလယ်အလတ်ကာလနဲ့ ရေရှည်အတွက်ပါ ထိခိုက်မှုတွေ များပါတယ်။

မေး။ ။ အရှေ့တောင်အာရှဒေသကိုရော ထိခိုက်နိုင်ဖွယ် ရှိပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်။ ဒီဒဏ်ချက်ကို အရှေ့တောင်အာရှဒေသ တခုလုံးက ထိခိုက်ခံစားရဖွယ် ရှိပါတယ်။ အကြောင်းက ဆန်ဈေးတွေက အင်မတန်မြင့်တက်သွားပြီး၊ ခုကာလမှာ ဆန်ပြတ်လပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံက ဆန် အကြီးအကျယ် တင်ပို့ရောင်းချသူ နောက်တကြိမ်ပြန်ဖြစ်လာဖို့ မျှော်လင့်ထားကောင်း မျှော်လင့်ထားနိုင်ပါတယ်။ ဒီလို ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံက ထုတ်လုပ်နိုင်တာဟာ မြန်မာနိုင်ငံအတွက်နဲ့ ဒေသအတွက်ကိုပါ အကျိုးရှိစေပါလိမ့်မယ်။ ယေဘုယျအားဖြင့် ဆန်ဈေးတွေ ပြန်ကျဆင်းလာနိုင်ပါတယ်။ ဒါကြောင့် အခုကပ်ဘေးက မြန်မာနိုင်ငံကို ထိခိုက်ရုံသာ မဟုတ်ပါဘူး။ ကျန်တဲ့ အရှေ့တောင်အာရှနဲ့ အိန္ဒိယလို တောင်အာရှနိုင်ငံတွေကိုပါ ရိုက်ခတ်မှု ရှိပါတယ်။ ကမ္ဘာ့စီးပွားရေး မှာလည်း သက်ရောက်မှု ရှိပါလိမ့်မယ်။

မေး။ ။ ဆိုက်ကလုန်း မုန်တိုင်း ရိုက်ခတ်ပြီးတော့ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်အပေါ် ပြစ်ဒဏ်ခတ်ပိတ်ဆို့ ထားတဲ့ကိစ္စတွေ လျှော့ပေါ့ပေးခဲ့ပါတယ်။ ခင်ဗျားအမြင်မှာ ဘယ်လိုအားနည်းချက်တွေ ရှိနေနိုင်သလဲ။ စစ်အစိုးရကရော ဒီကစ္စ အပေါ် ဘယ်လို အခွင့်ကောင်းယူလာနိုင်သလဲ။

ဖြေ။ ။ ကျနော်ထင်တာကတော့ အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြား ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်လာပါ တယ်။ ဒါပေမယ့် ဒီကိစ္စက မြန်မာပြည်သူတွေ အသက်ရှင်ရပ်တည်ရေးအတွက် တကယ်လိုအပ်လို့ ရေတိုပြဿနာတွေ အတွက်ပဲ သက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ကျနော်ထင်တာ ရေရှည်မှာ အစိုးရတွေက ပိုပြီးပြင်းထန်တဲ့ မူဝါဒသဘောထားမျိုး ပြန်ယူနိုင်ပါတယ်။ အကြောင်းကတော့ ကျနော်ထင်တာ ကမ္ဘာက အခုဖြစ်ရပ်အပေါ်မှာ အထူးစိုးရိမ်တုန်လှုပ်သွားကြပါတယ်။ ကျနော် အခု အင်္ဂလန်မှာရှိစဉ် ကြားရတာ၊ အစိုးရက သူ့ပြည်သူတွေကို အငတ်ထားပြီး သေအောင်လုပ်နေတယ်ဆိုတာ၊ ကပ်ဘေးအန္တရာယ် ဖြစ်နေစဉ်မှာ လူတွေရောဂါကူးစက် သေအောင်လုပ်နေတာတွေကို တကယ်ပဲ စိုးရိမ်တုန်လှုပ်နေကြတယ်။ ဒီကိစ္စတွေက နိုင်ငံတကာ သဘောထားတွေအပေါ်မှာ အများကြီး ရိုက်ခတ်မှု ရှိပါတယ်။ ကျနော်ထင်တာ ရေရှည်မှာတော့ စစ်အစိုးရအပေါ် ဒဏ်ခတ် မှုတွေက ပိုလို့ ကြီးလေးပြင်းထန်လာလိမ့်မယ်။

ဒဏ်ခတ်အရေးယူရေးအပြင် အခုအချိန်မှာ အမေရိကန်နဲ့ ဥရောပမှာ တကယ်ဆွေးနွေးပြောဆိုနေကြတာကတော့ "၀င်ရောက်စွက်ဖက်သင့်ပြီလား" ဆိုတဲ့ ကိစ္စပဲ။ စစ်အစိုးရဖက်က စည်းကျော်လာခဲ့ပြီလား၊ တိုက်ရိုက်ဝင်မစွက်ဘဲ မရ တော့တဲ့ အခြေအနေလားဆိုတာ ပြောနေကြပြီ။

မေး။ ။ အခုအချိန်မှာ နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂက ဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေအတွက် ကူညီပေးဖို့ ကြိုးပမ်းနေကြတယ်။ ဒါပေမယ့် မြန်မာအစိုးရက အကူအညီပေးရေးကိစ္စတွေနဲ့ နိုင်ငံထဲ အကူအညီတွေပေး ဖို့ရာမှာ အလွန် တင်းတင်းမာမာ ဆက်ဆံနေကြတယ်။ ကုလသမဂ္ဂအနေနဲ့ ပိုပြီးဆောင်ရွက်သင့်တယ်လို့ ခင်ဗျား ထင်ပါ သလား။ ကုလသမဂ္ဂက ဘယ်လိုအခန်းကဏ္ဍမျိုးက လုပ်ပေးနိုင်မလဲ။

ဖြေ။ ။ အင်း... ကုလသမဂ္ဂအတွက်ကတော့ အတော်ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုသူတို့လုပ်နေတာ ထက် ပိုလုပ်ဆောင်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အခု ပြဌာန်းချက်အသစ်ဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင် လာခဲ့တဲ့ "ကာကွယ်မှုပေးပိုင်ခွင့်" (Right to Protect) ဆိုတာ ရှိတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ဒီနေရာမှာ ပိုပြီး လုပ်ဆောင်ပေးနိုင်တယ်။ သေချာတာကတော့ မြန်မာစစ်အစိုးရက သူ့နိုင်ငံသားတွေကို ကာကွယ်မှုပေးတာမှ မဟုတ် တာ။ နိုင်ငံတကာမိသားစုအနေနဲ့ မကြာသေးခင်က ပြောင်းလဲပြဌာန်းခဲ့တဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းသစ်အောက်မှာ ကာကွယ် ပေးဖို့ တာဝန်ရှိနေတယ်။ ဘာလုပ်ရမလဲ... ဒါကတော့ ခက်တဲ့ကိစ္စပါပဲ။ ဘယ်လိုမျိုး ကြားဝင်ဆောင်ရွက်မှုမျိုးကို မဆို စစ်အစိုးရက ခုခံငြင်းဆန်မှာပါပဲ။ ဒါပေမယ့်လည်း တိုက်ရိုက်ဝင်ရောက်စွက်ဖက်ဖို့ လိုအပ်နေပြီ ဆိုတာကတော့ ပိုလို့ ရှင်းလာပါပြီ။ အစားအသောက်တွေ လေကြောင်းက ချပေးတာဖြစ်နိုင်သလို၊ လက်နက်ကိုင် အစောင့်အရှောက်အောက်က ပစ္စည်းရိက္ခာ ယာဉ်တန်းတွေပို့တာလည်း ဖြစ်နိုင်တယ်။ ဒီလိုဖြစ်လာရင် စစ်အစိုးရက ခုခံငြင်းဆန်မှာလား၊ မခုခံဘူးလား ဆိုတာတော့ ခန့်မှန်းတွက်ချက်ရတာ စိတ်ဝင်စားစရာပါပဲ။

အထူးစိတ်ဝင်စားစရာ အကောင်းဆုံး အခြေအနေကတော့ မြန်မာ့တပ်မတော်ဟာ လူတွေထင်ထားသလို အမှန်တကယ် အားကောင်းလှတာ မဟုတ်ဘဲ၊ တကယ်မှာတော့ ချိနဲ့ပြီး တည်းတည်းပဲ ရှိနေတာပါ။ သူတို့က ခုခံနိုင်ခြေ ရှိ-မရှိက စိတ်ဝင် စားစရာ အခြေအနေပါ။ ဒါပေမယ့် အခုလူတွေပြောနေကြတာက တိုက်ရိုက် ၀င်ရောက်စွက်ဖက်ဖို့ အချိန်ကျနေကြပြီလို့ ပြောတာကြတာပါပဲ။

ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်း A Shattered Rice Bowl ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

နာဂစ် ဗီစီဒီများ မြန်မာပြည်တွင်း လူကြိုက်များ

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းဒဏ် အလူးအလဲခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေးမြို့နယ်အတွင်းက အဖြစ်အပျက်များကို ဗီဒီယိုမှတ်တမ်းတင်ကာ စီဒီခွေများတွင် ထည့်သွင်း၍ ရန်ကုန်မြို့တွင် ရောင်းချနေရာ အရောင်းတွင်ကျယ်လျှက် ရှိသည်။

ကျိုးပဲ့ပျက်စီးနေသော အဆောက်အဦးများ၊ လူနှင့်တိရစ္ဆာန် ရုပ်အလောင်းများ၊ ရေဖုံးလွှမ်းနေသည့် လယ်ယာကွင်းပြင်များ အစရှိသည့် အနိဋ္ဌာရုံများနှင့် လေဘေးဒုက္ခသည်များကို တွေ့ဆုံမေးမြန်းချက်များ ပါဝင်ကာ စီဒီ ၃ ချပ်လျှင် ကျပ် ၁၅ဝဝ ဖြင့် လမ်းဆုံမီးပွိုင့်များနှင့် နေရာအချို့တွင် လွန်ခဲ့သည့် တပတ်မှစတင်ကာ လူသိထင်ရှား ရောင်းချနေခြင်း ဖြစ်သည်။

ရန်ကုန်ရှိ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အရက်ဆိုင်များတွင် နာဂစ်ဗီဒီယိုခွေဖွင့်ပြခြင်းများကို ရန်ကုန်တွင် နေရာအနှံ့တွေ့ရသည်။

"ကြည့်ရင်းနဲ့ စိတ်မကောင်းဖြစ်မိတယ်။ လူသေအလောင်းတွေက ဟိုနေရာတလောင်း၊ ဒီနေရာတလောင်းစီ ဖြစ်နေတယ်။ တချို့နေရာတွေမှာ အလောင်းတွေက ထပ်နေတယ်။ အုတ်ပုံတွေ၊ တိုက်ပျက်တွေအောက်မှာ အလောင်းတွေက ကြည့်ချင်စရာ မရှိဘူး။ ခေါင်းတွေပြားနေတဲ့ ပုံတွေ၊ မိသားစုလိုက် ကြိုးချီပြီး သေဆုံးနေတာတွေ၊ အလောင်းတွေ ရေထဲမှာမျောပါနေတာတွေ၊ ကိုင်းပင်တွေကြားမှာ ခေါင်းစိုက်နေပြီး ဆွဲမိဆွဲရာ ဆွဲပြီး သေဆုံးနေတာတွေ ပါတယ်" ဟု ကိုယ်တိုင် ဝယ်ယူကြည့်ရှုရသူ ရန်ကုန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ပြိုလဲပျက်စီးနေသည့် နေအိမ်နှင့် အဆောက်အဦများ၊ သစ်ပင်များ၊ အပျက်အစီးများအကြား ပိညပ်သေဆုံးမှုများအပြင် လေဘေးဒုက္ခသည်များ၏ ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရသည့် နေထိုင်စားသောက်ရေး အခက်အခဲကြီးမားပုံများကို ရိုက်ကူးဖော်ပြထားချက်များလည်း ပါဝင်ကြသည်။

"အသက်ရှင်လျက်နဲ့ ကျန်နေတဲ့ သူတွေဆိုရင်လည်း အရာရာကို ကြောက်လန့်နေသလို ခံစားနေရတဲ့ သဘောရှိတယ်။ တချို့ဆိုရင် သွေးပျက်နေတဲ့ သဘောတွေ တွေ့ရတယ်။ တချို့က သားပျောက်ကို ရှာနေကြတယ်။ ဒုက္ခသည်တွေထားတဲ့ နေရာတွေမှာ အစားအသောက် မပြည့်စုံဆုံးဆိုတော့ လှူဒါန်းတဲ့သူတွေလာရင် ကလေးတွေ ဝိုင်းအုံလိုက်တာတွေပါ တွေ့ရတယ်" ဟု ရန်ကုန်ဒေသခံက ဆက်ပြောသည်။

နအဖ စစ်အစိုးရ၏ ရုပ်မြင်သံကြား သတင်းဌာနဖြစ်သည့် MRTV က အဆိုပါဖြစ်ရပ်များကို တင်ပြခြင်းမရှိဘဲ မြန်မာစစ်တပ်က ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများ သယ်ယူနေပုံများနှင့်အတူ ပျက်စီးဆုံးရှုံးမှု နဲပါးသည့်နေရာများကို ရိုက်ကူးကာ အသားပေးတင်ပြခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

"မုန်တိုင်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ ပါတယ်။ လက်တွေ့ခံစားနေရတဲ့ ဒုက္ခသည်တွေရဲ့ တွေ့ဆုံမေးမြန်းချက်တွေလည်း ပါတယ်" ဟု အခြား ရန်ကုန်ဒေသခံက ပြောသည်။

သူက ဆက်ပြီး "လူတွေကတော့ အထူးအဆန်းဆိုတော့ ကြည့်ချင်မြင်ချင်ကြတာပေါ့။ ခွေထဲမှာပါတဲ့ဟာက အလောင်းကြီးတွေ မျောနေတဲ့ဟာတွေ၊ ကျွဲသေ၊ နွားသေ၊ ဆိတ်တွေ အကုန်၊ လူသေတွေ မျောနေတဲ့ဟာတွေ၊ အိမ်အပြိုအပျက်တွေ၊ ကလေးတွေသေတာကို၊ အနိဋ္ဌာရုံတွေကို လူတွေက မှတ်တမ်းအဖြစ်နဲ့ ဝယ်ထားတဲ့ သဘောမျိုးပေါ့။ သိမ်းထားတဲ့ သဘောမျိုးပေါ့" ဟု ပြောသည်။

လေဘေးဒုက္ခသည်များ မိုးကြောင့် နေရေးဒုက္ခ ပိုဆိုးလာ
နယူးဒေလီ။ ။ မုန်တိုင်းကြောင့် ဒုက္ခရောက်ရသော လှိုင်သာယာနှင့် ဒဂုံမြို့သစ်မှ လေဘေးဒုက္ခသည်များမှာ ၃ ရက်ဆက်တိုက် ရွာသွန်းသောမိုးရေထဲတွင် အမိုးအကာ မ လုံခြုံမှုကြောင့် တဖန် ဒုက္ခရောက်နေကြရသည်။

ပြီးခဲ့သည့် ၃ ရက်ခန့် ကတည်းက စတင်ရွာသွန်းလာသည့် မိုးကြောင့် ဒုက္ခသည်များအဖို့ နေရေးဒုက္ခ ထပ်ဆောင်း ရောက်ရှိလာပုံကို အကူအညီပေးသူများနှင့် ဒေသခံများ က ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

"သူတို့က တဲစုတ်လေးတွေမှာ အမိုးအကာ မလုံမခြုံနဲ့ မိုးရေထဲမှာ ငုတ်တုတ်ထိုင်နေကြရတာဗျာ။ ရသမျှဟာလေးတွေနဲ့ ကာရံပြီး အဓိကက ကလေးကို မိုးမစိုအောင် ကာပေးပြီး လူကြီးတွေက ငုတ်တုတ်ထိုင် မိုးအစိုခံနေရတာ။ နေရထိုင်ရတာ ဘယ်လိုမှကို အဆင်မပြေကြဘူး" ဟု လေဘေးဒုက္ခသည်များကို ကူညီပေးနေသူ ဒါရိုက်တာ ဦးသူရ (ခေါ်) နိုင်ငံကျော် လူရွှင်တော် ဇာဂနာက မဇ္ဈိမကို ပြောသည်။

မုန်တိုင်းကြောင့် လှိုင်သာယာမြို့ ၃ ပုံ ၁ ပုံခန့်မှာ လုံးဝ ပျက်စီးခဲ့ပြီး အိုးအိမ်မဲ့ လေဘေးဒုက္ခသည်အချို့မှာ မိုးရေထဲတွင် ယင်းတို့၏ပျက်စီးနေသော နေအိမ် အပျက်အစီး ပုံများအနား လဲလျောင်းနေကြရသည်ဟု သူက ပြောသည်။

"ပြောရရင်ဗျာ စိတ်မကောင်းစရာပဲ။ လှိုင်သာယာတံတားကနေ ဆင်းလိုက်တာနဲ့ ရွာ ၉ ရွာ ရှိတယ်ဗျာ။ အဲဒီရွာတွေမှာ လူတွေက စစ်မြေပြင်မှာ လဲကျနေသလိုပဲ မိုးရေထဲမှာ လဲနေကြတာ တွေ့ခဲ့ရတယ်" ဟု ဦးသူရက ပြောသည်။

လှိုင်သာယာနည်းတူ မုန်တိုင်းဒဏ်ထိခဲ့သည့် ဒဂုံမြို့သစ်တွင်လည်း လေဘေးဒုက္ခသည်များမှာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ပညာသင်ကျောင်း စသည်တို့တွင် ခိုကပ် နေထိုင်ကြပြီး လူနေကျပ်တည်းခြင်း၏ နောက်ဆက်တွဲအဖြစ် လူတရာကျော် ဝမ်းရောဂါ ဖြစ်ပွားနေသည်။

၁ဝ ပေ ပတ်လည်ရှိသည့် တဲအိမ်တလုံးကို ယနေ့ကာလတွင် ပြန်လည်တည်ဆောက်ရန် အနည်းဆုံး ၅ သောင်းအထက် ကုန်ကျနိုင်သောကြောင့် တနေ့ကို ၃ ထောင်ဝန်း ကျင်သာ ဝင်ငွေရှိသည့် လက်လုပ်လက်စား ဒုက္ခသည်များမှာ တွေ့ကရာ ဝါးလုံးများ၊ ဓနိများဖြင့် ဖြစ်သလို တဲထိုးနေထိုင်ကြ ရသည်။

"ကျမတို့က လက်လုပ်လက်စားတွေဆိုတော့ အိမ်ရယ်လို့ မဟုတ်ပါဘူး။ တဲလေး ပြန်ဆောက်ဖို့ကို သောင်းဂဏန်းကုန်မှာ ဆိုတော့ မတတ်နိုင်ဘူး။ ဒါကြောင့် လောလောဆယ်တော့ ညကို ကျောင်းမှာအိပ်တယ်၊ နေ့ခင်းပိုင်းတော့ နည်းနည်းကောင်းသေးတဲ့ ဝါးလုံးတွေ၊ ထရံတွေပြန်စုပြီး ဖြစ်သလို တဲဆောက်နေရတယ်" ဟု လှိုင် သာယာ ၂ဝ ရပ်ကွက်နေ လေဘေးဒုက္ခသည် ဒေါ်လှလှမော်က မုန်တိုင်းတိုက်ပြီး ၂ ရက်အကြာက မဇ္ဈိမကို ပြောခဲ့သည်။

ယနေ့တွင်လည်း လှိုင်သာယာမြို့နယ်အတွင်းရှိ ကပျိုရွာမှ အမက ၁၁ ကျောင်းတွင် ဖွင့်ထားသည့် ကယ်ဆယ်ရေးစခန်းမှ လူဦးရေ ၅ဝဝ ကျော်ရှိသည့် အိမ်ထောင်စု ၁၆၄ စု ကို ယနေ့ ၁၁ နာရီအပြီး ထွက်ပေးကြရန် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။

မုန်တိုင်းဒဏ်ထိ လပွတ္တာမြို့ အာဏာပိုင်များ၏ နေရာချပေးမှုဖြင့် ရပ်ကွက် ၃ အတွင်းရှိ တရုတ်သင်္ချိုင်းဟောင်းနှင့် ရတနာဒီပ ဘောလုံးကွင်းတွင် ပြီးစလွယ် တဲထိုးကာ နေ ထိုင်ကြရသော လေဘေးဒုက္ခသည်များ၌ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် အိမ်ပေါ်ရေတက်သည့် ဒုက္ခလည်း ကြုံနေကြသည်။

"မိုးက နင်းကန်ရွာနေတာ ၁ဝ ရက်ရှိပြီ။ အိမ်အမိုးတော့ လုံတယ်ဗျ။ ဒါပေမဲ့ အိမ်ကို ရေတက်လာတော့ ဒုက္ခသည်တွေက ရေလွတ်တဲ့နေရာကိုရှာပြီး တာလပတ်ကို စုခြုံနေ ရတယ်။ သူတို့ နေရတဲ့နေရာတွေက အနိမ့်ပိုင်းဆိုတော့ ရေဝပ်တာပေါ့။ သူတို့ တော်တော်လေးကို ဒုက္ခကြုံနေရတယ်ဗျာ" ဟု လပွတ္တာမြို့ခံ ဒေါက်တာအေးကြူက မဇ္ဈိမကို ပြောသည်။

အခြေခံအဆောက်အဦးချို့တဲ့မှုနှင့် အတားအဆီးများကြောင့် ကူညီရေးလုပ်ငန်းများ နှောင့်နှေးရ

ဆော်လမွန်
အင်္ဂါနေ့၊ မေလ 20 2008 19:00 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းသို့ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်အပြီး ရက်သတ္တ ၂ ပတ် အကြာမှာပင် အကူအညီပေးရေး အေဂျင်စီများမှာ နဲနဲချင်းသာ ဝင်လာနေဆဲရှိပြီး အဆိုးဝါးဆုံးမုန်တိုင်းဒဏ် ခံလိုက်ရသောဒေသများသို့ အကူ အညီများ မရောက်သေးဘဲ ရှိနေသည်။

"သောက်ရေနဲ့အမိုးအကာ ဆိုတဲ့ အခြေခံလိုအပ်ချက်တွေကိုတောင်မရရှိသေးတဲ့ ဒုက္ခသည်တွေ အများကြီး ရှိနေပါသေးတယ်" ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ ပြောရေးဆိုခွင့်ရှိသူ Craig Strathern က မဇ္ဈိမကိုပြောကြား သွားပါသည်။

အကူအညီများ မြန်မာနိုင်ငံသို့ ဆက်လက်ရောက်ရှိနေသော်လည်း သင့်တော်ကောင်းမွန်သော အခြေခံအဆောက်အဦးများ ချို့တဲ့မှု၊ ဆက်သွယ်ရေး ကွန်ရက်ချို့တဲ့မှုတို့နှင့် စစ်အစိုးရ၏ အတားအဆီး အကန့်အသတ်များကြောင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ဝေငှရေးမှာ နှောင့်နှေးကြန့်ကြာနေ ရသည်။

နေရာအတော်များများတွင် တံတားများကျိုးနေခြင်းကြောင့် သယ်ယူပို့ဆောင်ရေးမှာ လုံးဝမဖြစ်နိုင်ဘဲ ရှိသည်။ ထို့ကြောင့် မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသော မြစ်ဝကျွန်းပေါ်ဒေသတွင် ဆောင်ရွက်နေသော အကူအညီပေးရေး အေဂျင်စီများ၏ လုပ်ငန်းများကို ပိုမိုကြန့် ကြာစေသည်။

အရေးပေါ်အမိုးအကာများ ဖြစ်သည့် မိုးရေကာဖျင်များ၊ အိမ်အမိုးများ၊ ရေသယ်ရန်နှင့် သိုလှောင်ရန်ရေပုံးများ၊ စောင်များ၊ ခြင်ထောင်များနှင့် ဆေးဝါးများအပါအဝင် အကူအညီများကို လေယဉ် ၃ စီးစာ တင်ပို့ပေးခဲ့ပြီးဖြစ်ကြောင်း (ICRC) ကပြောပါသည်။ အလားတူပင် (IFRC) ကလည်း ယခုအထိ လေယဉ် ၁၇ ခေါက်စာ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသူပေါင်း ၂.၅ သန်းရှိ၍ သေဆုံးသူပေါင်း ၁ သိန်းကျော်သည်ဟု ခန့်မှန်းထားသည်။ သို့သော် အစိုးရကမူ သေဆုံးသူစာရင်းကို ၇ သောင်းကျော်သာ ရှိသည်ဟု ဖေါ်ပြထားသည်။

သူတို့ကြုံတွေ့ရသော အဓိကအခက်အခဲမှာ နိုင်ငံခြားအကူအညီပေးရေး လုပ်သားများအပေါ် မြန်မာအစိုးရ၏ ချုပ်ချယ်ကန့်သတ်မှုများ ဖြစ်သည် ဟု Strathern က ပြောပါသည်။

"ကျနော့်အနေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားဘို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြန်မာကြက်ခြေနီအဖွဲ့ကိုသာ အားကိုးပြီး သူတို့ပေးတဲ့အစီ ရင်ခံချက်တွေ အရသာလုပ်ငန်းများ လုပ်ဆောင်ရပါတယ်" ဟု Strathern ကပြောသွားပါသည်။

မည်သို့ပင်ဖြစ်စေ၊ ဤသို့အခက်အခဲများကြုံနေရလင့်ကစား (ICRC) သည် ယင်းတို့၏ဒေသခံ တွဲဖက်အဖွဲ့အစည်းဖြစ်သော မြန်မာကြက်ခြေနီ အဖွဲ့နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်လျက် ရှိသည်။ အိုင်စီအာစီက အနည်းဆုံး မိသားစု ၁ သိန်းထံသို့ အကူအညီနှင့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိရန် ရည်မှန်းဆောင်ရွက်နေသည်။

အိုင်စီအာစီ၏ ရည်မှန်းချက်မှာ တိုင်းပြည်တွင်းသို့ရောက်ရှိလာသော အကူအညီများကို အကူအညီမရရှိသေးသည့် ဒေသများသို့ အရောက်ပို့ရန် ဖြစ်သည်ဟု Strathern က ပြောသွားပါသည်။

"အခြေခံကုန်ပစ္စည်းတွေကို အခုထိမရသေးတဲ့ ရသင့်ရထိုက်တဲ့လူတွေဆီ အရောက်ပို့ဘို့ဟာ ကျနော်တို့ရဲ့ဦးစားပေးလုပ်ငန်း ဖြစ်ပါတယ်။ လေယာဉ်နဲ့ပါလာတဲ့ ဒီပစ္စည်းတွေကို ချက်ချင်းဘဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ဘို့ ဆက်လက်ပေးပို့ပါတယ်" ဟု သူကဆက်လက် ပြောကြားသွားပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း အရေးတကြီး အကူအညီအထောက်အပံ့ လိုအပ်နေသည့် ခန့်မှန်းခြေ မုန်တိုင်းဒုက္ခသည် ၇၅ဝဝဝဝ အနက် ၃၅ဝဝဝဝ ထံသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ အရောက်ပို့ရန် ရည်မှန်းထားသည်။ ယခုထိမူ လူ ၂၅ဝဝဝဝ ထံသို့ ကနဦး အကူအညီများ ပေးပို့နိုင်ခဲ့ပြီဟု သိရသည်။

"ကျနော်တို့လုပ်ငန်းတွေ တိုးတက်မှုရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်သုံးပုံတပုံလောက်ကတော့ အကူအညီတွေ လိုနေတုံးဘဲလို့ ယုံကြည်ပါတယ်" ဟု ဘန်ကောက် (WFP) ရုံးပြောရေးဆိုခွင့်ရှိသူ Marcus Prior ကပြောကြားသွားပါသည်။

"ကျနော်တို့လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ဘာအကူအညီမှမရသေးတဲ့ ဒုက္ခသည်တွေအများကြီး ကျန်သေးတယ် လို့ ကျနော်တို့သိထားလို့ ဖြစ်ပါတယ်" ဟု သူကဆက်လက် ပြောကြားသွားပါသည်။

မြန်မာအစိုးရက ယခုထိ (WFP) ဝန်ထမ်း ၁၇ ဦးကိုမြန်မာအစိုးရက တိုင်းပြည်တွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့သော်လည်း သူတို့အများစုမှာ မြို့တော် ဟောင်း ရန်ကုန်မြို့အပြင်သို့ ထွက်ခွင့်မရဘဲ ရှိနေသည်။ ယခုလောလောဆယ်တွင် (WFP) ၏ ဒေသခံဝန်ထမ်း ၂၄ ဦးမှာဧရာဝတီတိုင်း မြစ်ဝ ကျွန်းပေါ်ဒေသတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသည်။

"ကျနော်တို့နောက်ထပ်ဝန်ထမ်းတွေ ဒီဒေသကိုထပ်ပို့ဘို့ အစီအစဉ် ရှိပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ဆန်တန်ချိန် ၈၅ဝ နဲ့ ပဲတန်ချိန် ၁ဝ၅ဝ ရထားပြီးပါပြီ။ ဒါပေမဲ့ အဓိကအခက်အခဲက ဒီစားနပ်ရိက္ခာတွေကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသဆီ မြန်နိုင်သလောက် မြန်မြန်ပို့ဘို့ပါဘဲ" ဟု Marcus Prior က ဖြည့်စွက် ပြောကြားသွားခဲ့ပါသည်။

တိုးတက်မှုသင်္ကေတအဖြစ် မှတ်ယူရမည့်ကိစ္စအနေနှင့် မြန်မာစစ်အစိုးရက ကုလသမဂ္ဂလူသားချင်း ကယ်ဆယ်စောင့်ရှောက်ရေးဌာန အကြီး အ ကဲ John Holmes ကို တနင်္ဂနွေနေ့က တိုင်းပြည်အတွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့သည်။ ထိုနေ့တချိန်တည်းမှာပင် စစ်အစိုးရ အကြီးအကဲသန်းရွှေ ကလည်း ရန်ကုန်တိုင်းအတွင်း ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ကြည့်ရှုခဲ့သည်။

ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ခံမဲ အာဏာပိုင်တွေ လဲနေ

စစ်အစိုးရ အာဏာပိုင်တွေဟာ မုန်တိုင်းဒဏ်သင့်လူထုကို အကူအညီတွေပေးအပ်ရာမှာ အခြေခံဥပဒေမူကြမ်းအတွက် ထောက်ခံမဲရဖို့ တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်ပြီးတော့တမျိုး ပြောဆိုပေးအပ်နေတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ပြစ်တင်
ဝေဖန် လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ မုန်တိုင်းဒဏ်သင့်လူထုကို စစ်စစ်မှန်မှန် အကူ အညီပေးရမယ့်အစား နိုင်ငံရေး အရ အမြတ်ထုတ်တာဖြစ်တဲ့အတွက် အင်မတန် မသင့်လျော်တဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို
တော့ ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန် တိုက်ခတ်ခံခဲ့ရတဲ့ ရန်ကုန်တိုင်းက မြို့နယ် ၄၀ နဲ့
ဧရာဝတီတိုင်းက ၇ မြို့နယ်တို့မှာ လာမယ့် ၂၄ ရက်နေ့ကျ အခြေခံဥပဒေမူကြမ်း လူထု ဆန္ဒခံယူပွဲလုပ်ဖို့ စစ်အစိုးရက ကြေညာထားပါတယ်။ ဒီမြို့နယ်တွေမှာ မုန်တိုင်း
ဘေးဒုက္ခသည်တွေ အလုံးအရင်းနဲ့ ရှိနေသေးပြီး အာဏာပိုင်တွေဟာ ဒုက္ခသည်တွေကို ပေးအပ်ရမယ့် အကူအညီတွေနဲ့ ဆန္ဒခံယူပွဲကို ဆက်စပ်နေကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင်က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

“မြောက်ဒဂုံအရှေ့ပိုင်း ၁၂၅ ရပ်ကွက်၊ အဲဒီမှာ အောင်သိဒ္ဓိ ဓမ္မာရုံဆိုတာရှိတယ်။ အဲဒီ
မှာ အိမ်ထောင်စုပေါင်း ၁,၀၀၀ ကျော်မှာ အိမ် ၅၀၀ ခန့်က ပျက်စီးသွားတယ်။ အဲဒီ
ဓမ္မာရုံမှာရှိနေတဲ့ ဒုက္ခသည်တွေကို ရပ်ကွက်အာဏာပိုင်တွေက ဘယ်လိုပြောလဲဆို
တော့ ကယ်ဆယ်ရေးပစ္စည်းတွေ ရအောင်လုပ်ပေးမယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လက်ခံမယ်ဆိုရင် ကြိုတင်ထောက်ခံမဲပေးရမယ်။ ကြိုတင်ထောက်ခံမဲ မပေးဘူးဆိုရင်
တော့ ကယ်ဆယ်ရေးပစ္စည်းတွေ ရမှာမဟုတ်ဘူးဆိုပြီး အဲဒီလို ခြိမ်းခြောက်ပြီး အကျပ်
ကိုင်တယ်။”

တကယ်ကတော့ မုန်တိုင်းဒဏ်သင့်လူထု ကယ်ဆယ်ရေးကို နိုင်ငံရေးနဲ့ မဆက်စပ်ဖို့ စစ်အစိုးရဘက်ကနေ နိုင်ငံတကာကို ပြောထားပါတယ်။ လက်ရှိအကူအညီပေးနေတဲ့
ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအ၀င် နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း
တွေကလည်း ဒီအချက်ကိုပဲ ပဲ့တင်ထပ် ပြောဆိုနေကြပါတယ်။ မကြာသေးခင်က
မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ လူသားဘေးဒုက္ခ အကူအညီဆိုင်ရာ ကော်မရှင်နာမင်းကြီး လူးဝစ္စ မီရှဲလ် (Louis Michel) ကဆိုရင် သူ့ရဲ့ရည်ရွယ်ချက်ဟာ လူသားဘေးဒုက္ခ ကူညီကယ်ဆယ်ရေးကိစ္စ စစ်စစ်ပဲဖြစ်ပြီး နိုင်ငံရေး လုံးဝမပတ်သက်
တဲ့အတွက် နိုင်ငံရေးနဲ့ဆက်စပ်တဲ့ မေးခွန်းတွေ မမေးကြဖို့ မြန်မာပြည်ကထွက်လာပြီး ဘန်ကောက်မြို့၊ ဆူဗန်နာဘူမိလေဆိပ်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရအာဏာပိုင်တွေဘက်ကကျတော့ ဒီလိုမဟုတ်ဘဲ အမြတ်ထုတ်နေ
တယ်လို့ ကိုထွန်းမြင့်အောင်က ပြစ်တင်ဝေဖန်ပါတယ်။ အင်းစိန်မြို့နယ်နဲ့ ကြည့်မြင်တိုင် မြို့နယ်တို့ဘက်က ဖြစ်ရပ်တွေကို သူက နမူနာပေး ပြောခဲ့ပါတယ်။

“အင်းစိန်မြို့နယ်မှာဆိုရင်လည်း အဲဒီလိုပဲ။ ကယ်ဆယ်ရေးပစ္စည်းတွေကို ရယက
ကပေးတယ်။ ပြီးတော့ ဘာပြောလဲဆိုတော့ ဒါ ထောက်ခံမဲပေးပြီးသွားပြီလို့ပဲ သဘော
ထားလိုက်။ ထောက်ခံမဲအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးတယ်ပေါ့ဗျာ။ အဲဒီ
တော့ ကယ်ဆယ်ရေးပစ္စည်းနဲ့ စစ်ဖွဲ့စည်းပုံ ထောက်ခံမဲနဲ့ လိုက်လဲသလိုဖြစ်နေတယ်။
ကြည့်မြင်တိုင် သရက်တောရပ်ကွက်မှာဆိုရင်လည်း ကြိုတင်ထောက်ခံမဲတွေ လိုက် ကောက်နေတယ်။ အသားလွတ်ကြီးလိုက်ကောက်တဲ့အတွက် လူတွေက မေးတဲ့အခါကျ
တော့ မဟုတ်ဘူး၊ အဲဒီနေ့ လေဒဏ် မိုးဒဏ် ခံရမှာစိုးလို့ လေတွေမိုးတွေကျရင် မထည့်
ဖြစ်မှာစိုးလို့ အဲဒီအတွက် ကြိုပြီးပေးထားဖို့ဆိုပြီးတော့ ကြည့်မြင်တိုင် သရက်တော
ရပ်ကွက်မှာ လိုက်ကောက်နေတယ်။”

အာဏာပိုင်တွေဟာ မဲဆန္ဒရှင်လူထုက ကန့်ကွက်မဲပေးမှာကို စိုးရိမ်တဲ့အတွက် ကြိုတင်
မဲတွေကို လိုက်ကောက်နေတာဖြစ်တယ်လို့ ကိုထွန်းမြင့်အောင်က ဆိုပါတယ်။

အခုဆိုရင် မုန်တိုင်းဒုက္ခသည်တွေအတွက် နိုင်ငံတကာက အကူအညီတွေ တနေ့တနေ့ အမြောက်အများ ၀င်ရောက်နေတဲ့ သတင်းတွေကို အစိုးရပိုင် သတင်းမီဒီယာတွေမှာ
ကိုပဲ ရုပ်ပုံတွေနဲ့တကွ နေ့စဉ်ဖော်ပြနေတာပါ။ ဒီပစ္စည်းတွေကို ဘေးဒဏ်သင့် လူထုဆီ အချိန်မဆိုင်းဘဲ ချက်ချင်း ပေးပို့ပေးနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဘေးဒုက္ခရောက်သူအရေအတွက် ၂.၄ သန်းကျော်ရှိမယ်လို့ ခန့်မှန်းထားတဲ့အထဲမှာ ဘယ်နှစ်ယောက်ကို အကူအညီတွေ ပေးအပ်ခဲ့ပြီးပြီဆိုတာတော့ အစိုးရအာဘော်
သတင်းတွေမှာ ဖော်ပြတာ မတွေ့ရသေးပါဘူး။

ကိုထွန်းမြင့်အောင်ကတော့ အကူအညီပစ္စည်းတွေကို နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချနေတဲ့အပေါ် သူ့ရဲ့အမြင်ကို ပြောရာမှာ …

“ရွံမုန်းစရာ၊ စက်ဆုပ်စရာကောင်းတာက လေမုန်တိုင်း ဒုက္ခသည်တွေအပေါ်မှာ နိုင်ငံ
တကာက ကယ်ဆယ်ရေးပစ္စည်းတွေ၊ ပြည်သူပြည်သားတွေလှူတဲ့ ကယ်ဆယ်ရေး
ပစ္စည်းတွေကို နအဖ အာဏာပိုင်တွေကနေပြီးတော့ အခုလို စစ်ဖွဲ့စည်းပုံ ထောက်ခံမဲ
တွေနဲ့ လိုက်လဲနေတာဟာ အင်မတန် စက်ဆုပ်စရာကောင်းတယ်ဆိုတာ ကျနော်
ပြောချင်တယ်။”
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင်ပါ။

လက်ရှိမှာ ကုလသမဂ္ဂရဲ့ လူသားဘေးဒုက္ခဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး မစ္စတာ
ဂျွန် ဟုမ်းမ်စ် (John Holmes) ဟာ မြန်မာနိုင်ငံမှာရှိနေပြီး ကုလသမဂ္ဂ အတွင်းရေးမှူး
ချုပ် မစ္စတာ ဘန် ကီ-မွန်း (Ban ki-moon) ဟာလည်း ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်ဖို့ရှိပါတယ်။ သူတို့တွေအားလုံးဟာ မြန်မာ့နိုင်ငံရေးကိစ္စတွေကို ပြောဆိုမှာ
မဟုတ်ဘဲ လူသားဘေးဒုက္ခ ကူညီကယ်ဆယ်ရေးကိုသာ ပြောဆိုကြမှာပါ။ ဒါ့ကြောင့်
လည်း ဒီအခြေအနေဟာဖြင့် မြန်မာစစ်အစိုးရအတွက် နိုင်ငံရေးအရ အကျိုးအမြတ် ထွက်အောင်လုပ်ဖို့ အကောင်းဆုံးအချိန်အခါ ဖြစ်နေတယ်လို့ သုံးသပ်မှုတွေ ပေါ်ထွက်
နေပါတယ်။

မန်မာ့အရေး လုံခြုံရေးကောင်စီ ကိုင်တွယ်ဖြေရှင်းဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

မြန်မာနိုင်ငံအတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကို ကယ်ဆယ်ရေးနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်နိုင်အောင် ကိုင်တွယ်ဆောင်ရွက်ဖို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ မရှိဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။ အသေးစိတ်ကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ကယ်ဆယ်ရေးနဲ့ အထောက်အပံ့တွေပေးမယ့် နိုင်ငံတကာ အကူအညီပေးရေး
သင်္ဘောတွေ မြန်မာ့ရေပိုင်နက်ထဲ ၀င်ခွင့်မရဘဲ ကူညီခွင့်ရဖို့ စောင့်စားနေကြပါတယ်။
နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေလည်း ပြည်ဝင်ခွင့်မရလို့ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ကနေ ပြည်ဝင်ခွင့် စောင့်စားနေကြပါတယ်။ ဒီလိုကူညီခွင့်မရလို့ဆိုပြီး မြန်မာပြည်သူတွေ အများအပြား အသက်ဆုံးရှုံးတာမျိုးကို ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီအနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေက မြန်မာနိုင်ငံကိုပေးမယ့် နိုင်ငံတကာ အကူ
အညီတွေကို တာဝန်ယူမယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့လည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာဒါရိုက်တာ ဘရက်ဒ် အဒမ်စ်
(Brad Adams) က အခုလို ဝေဖန်ပါတယ်။

“အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ အကူအညီတွေ အချိန်မီပို့ပေးနိုင်တဲ့၊ လုပ်နိုင်တဲ့အနေအထားမှာ မရှိပါဘူး။ ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ ဘေးဒုက္ခ
ကယ်ဆယ်ရေး ကျွမ်းကျင်တဲ့ အတွေ့အကြုံတွေ အာဆီယံနိုင်ငံတွေမှာ မရှိပါဘူး။
ရှိတယ်ဆိုရင်လည်း ရှိတာနဲ့ မလုံလောက်ပါဘူး။ နောက်တခုကတော့ အာဆီယံနိုင်ငံ
တွေဟာ မြန်မာစစ်အစိုးရကို နိုင်ငံရေးအရ အတိုက်အခံပြောရမယ့်ကိစ္စတွေ ရှိလာခဲ့
ရင် မပြောပါဘူး။ ဘယ်တုန်းကမှလည်း အတိုက်အခံမလုပ်ဘူး။ စစ်အစိုးရကို သူတို့
မိသားစုဝင်အဖြစ်ပဲ ဆက်ဆံနေပါတယ်။”

ဆိုင်ကလုံးမုန်တိုင်းဒဏ် ထိခိုက်ပြီး နှစ်ပတ်ကျော်လာတဲ့ အချိန်အထိ မြန်မာနိုင်ငံ
အတွင်း ဘေးဒုက္ခရောက်နေသူတွေရဲ့ ၃၀% ကိုပဲ အကူအညီ ပေးနိုင်သေးတဲ့
အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကလည်း ကြေညာထားပါတယ်။ တရားဝင်
ခန့်မှန်းထားတဲ့ သေဆုံးသူစာရင်းက ၈၀,၀၀၀ နီးပါးရှိပြီး ၅၀,၀၀၀ ကျော် ပျောက်ဆုံး နေတယ်ဆိုပေမယ့် သေဆုံးတဲ့အရေအတွက်ဟာ ဒီထက်ပိုပြီး များနိုင်တယ်လို့ တွက်ဆထားကြပါတယ်။

မြန်မာစစ်အစိုးရက အကူအညီတွေကို သူတို့ဘာသာ နိုင်နိုင်နင်းနင်း ပေးနိုင်တဲ့
အကြောင်း ပြောဆိုတာနဲ့ ပတ်သက်လို့လည်း ဘရက်ဒ် အဒမ်စ်က …

“မြန်မာစစ်အစိုးရအနေနဲ့ အခုကြုံရတဲ့ ဘေးဒုက္ခဆိုးကြီးကို ထိထိရောက်ရောက်
ကယ်တင်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ သူတို့ ဒီလိုပြောတာ ရယ်ဖို့ကောင်းပါတယ်။ အလောင်းတွေကို ရှင်းလင်းတာ၊ လူအများကျန်းမာရေးကို မထိခိုက်အောင် ကာကွယ် တာမျိုးတွေကိုတောင် မလုပ်နိုင်ပါဘူး။ စစ်ခေါင်းဆောင်တွေ ဘေးဒုက္ခရောက်တဲ့
နေရာကို သွားပြီး ကူညီချင်ယောင်ဆောင် ဓာတ်ပုံရိုက်တာပဲ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အစိုးရက အကူအညီတွေကို တံခါးဖွင့်မပေးမခြင်း မလိုအပ်တဲ့
သေဆုံးမှုတွေနဲ့ ဘေးဒုက္ခတွေ ရောက်ရလိမ့်မယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်
လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာဒါရိုက်တာ ဘရက်ဒ် အဒမ်စ်က ပြောပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီက အရေးမယူခင်မှာ ဘယ်လောက် မအောင်မြင်တဲ့ သံတမန်ရေးအရ ချဉ်းကပ်မှုတွေနဲ့ အစည်းအဝေးတွေ ကျင်းပနေဦးမှာလဲလို့လည်း မေးခွန်းထုတ်ပါတယ်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်သွားပြီး
နိုင်ငံတကာ အကူအညီတွေ ပေးနိုင်ရေး ညီလာခံတခုကျင်းပဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီးတော့လည်း …

“ဒါဟာ စစ်အစိုးရဘက်က အချိန်ဆွဲတဲ့ လုပ်ရပ်တခုပါ။ ဒီအစည်းအဝေးကြောင့် နိုင်ငံ
တကာ အကူအညီတွေ ပိုရမယ်ဆိုရင်တောင် မလုံလောက်ပါဘူး။ ဒါက စစ်အစိုးရဘက်
က ၀ါဒဖြန့်တာသက်သက်ပါ။ နောက်ထပ် ၅ ရက် အချိန်ပိုကုန်မယ်။ စစ်အစိုးရဘက်က ဟိုပြောဒီပြော ပြောမယ်၊ အချိန်ဆွဲမယ်။ ဒီအချိန်ကာလအတွင်းမှာ လူတွေအများအပြား သေဆုံးသွားနိုင်ပါတယ်။” လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာ
ဒါရိုက်တာ ဘရက်ဒ် အဒမ်စ် ပြောဆိုသွားတာဖြစ်ပါတယ်။

ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်ခရီးစတင်ထွက်ခွာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာ မြန်မာလေဘေး ဒုက္ခသည်တွေ ကယ်ဆယ်ရေး အကူ အညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက် ဆွေးနွေး ပြောဆိုဖို့ မြန်မာနိုင်ငံကို ခရီးထွက်ခွာ သွားပါပြီ။

သူ့ရဲ့ ဒီခရီးစဉ်ဟာ ဒုက္ခသည်တွေကို စာနာဂရုဏာသက်တယ် ဆိုတာကို အလေးအနက် ပြောဆိုဘို့ ရည်ရွယ်တယ်လို့ နယူးယောက်ခ်မြို့က မထွက်ခွာခင် မစ္စတာ ဘန်ကီမွန်း က သတင်းထောက်တွေကို ပြောပြပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် စစ်အစိုးရ ခေါင်းဆောင် ပိုင်းနဲ့ တွေ့ဆုံဖို့ ရှိသလို၊ မုန်တိုင်းဒဏ်သင့် ဒေသ တွေကိုလည်း သွားရောက်ကြည့်ရှု ရလိမ့်မယ်လို့ မျှော်လင့်နေတယ်လို့ ကြားသိရပါတယ်။ ဒုက္ခသည်တွေ ကယ်ဆယ်ရေးအတွက် နိုင်ငံတကာက အကူအညီတွေ ဒီထက်မကပိုပြီး ထိထိ ရောက်ရောက် ပေးနိုင်ရေးအတွက် ကျိုးစားပြီး ညှိနှိုင်းမယ် လို့လည်း မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။


ကမ္ဘာ့ဘဏ် မြန်မာပြည်ကို ငွေကြေးကူညီဖို့ အစီအစဉ်မရှိသေး

မြန်မာနိုင်ငံကို လောလောဆယ် ငွေထုတ်ချေးဖို့ အစီအစဉ်မရှိတဲ့အကြောင်း ကမ္ဘာ့ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။ စီးပွားရေးပညာရှင်တွေကတော့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေရဖို့ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့ သင့်တော်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိရမယ်လို့ ပြောဆိုပါတယ်။ တချိန်တည်းမှာ
ဧရာဝတီတိုင်းအတွင်း စပါးစိုက်ပျိုးတဲ့ ဧကအများအပြား ပျက်စီးသွားပြီး မြန်မာနိုင်ငံ
မှာ ဆန်ရှားပါးမှုတွေ ကြုံလာရနိုင်တယ်လို့လည်း သတိပေးပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အခုလို ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ငွေထုတ်ချေးမှာမဟုတ်ဘူးဆိုပြီး ကမ္ဘာ့ဘဏ်
အရာရှိက ပြောဆိုလိုက်တာနဲ့ပတ်သက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဟောင်းလည်းဖြစ်၊ စင်ကာပူအမျိုးသားတက္ကသိုလ်ရဲ့ အငြိမ်းစားပါမောက္ခလည်းဖြစ်တဲ့ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာခင်မောင်ကြည်ကတော့ ကမ္ဘာ့ဘဏ်က ကယ်ဆယ်ရေးလုပ်ငန်းတွေထက် စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို အဓိကအားပေးတဲ့ ငွေကြေးအဖွဲ့အစည်းဖြစ်တယ်လို့ ရှင်းပြပါတယ်။

“ကမ္ဘာ့ဘဏ်က အဲဒီလို ကယ်ဆယ်ရေးလုပ်တဲ့ အဖွဲ့အစည်းမှမဟုတ်ဘဲ။ သူတို့က
Investment (ရင်းနှီးမြှုပ်နှံမှု) တွေကို တိုင်းပြည်ကြီးပွားအောင်လုပ်မယ်ဆိုရင် အဲဒီ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေချေးတဲ့လူတွေပဲ။ ကယ်ဆယ်ရေးလုပ်တဲ့အလုပ်က
အလကားပေးမှရမှာ။ အလကားပေးတာကို ပေးတဲ့လူတွေက ပေးနေတာပဲ။ သူမယူ
တာတော့ ဘယ်တတ်နိုင်မလဲ။”

တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်က ငွေချေးဖို့ဆိုရင် သင့်တော်တဲ့ ငွေကြေး
စနစ်နဲ့ သင့်တော်တဲ့ စီးပွားရေးအခြေခံ၊ နောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိရ
မယ်လို့လည်း ပါမောက္ခ ဒေါက်တာခင်မောင်ကြည်က သုံးသပ်ပါတယ်။

“ကမ္ဘာ့ဘဏ်က ငွေထုတ်ချေးဖို့ဆိုရင် ဗမာပြည်ရဲ့ စီးပွားရေးက Properly Functioning (စနစ်တကျလည်ပတ်) နေရမယ်။ ဆိုလိုတာက ဈေးကွက်ဆိုရင်လည်း ဈေးကွက် အပီ
အပြင် ဖြစ်နေရမယ်။ ဈေးကွက်ကို ကသောင်းကနင်းဖြစ်ရင် ထိန်းချုပ်နိုင်မယ့်ဟာတွေ
ရှိနေရမယ်။ ဘဏ်စနစ်မှာဆိုလည်း ငွေစက္ကူထုတ်တာတို့ ဘာတို့၊ ဒါတွေမှာလည်း
စနစ်တကျ ဖြစ်နေရမယ်။ အဲဒါတွေမဖြစ်ဘဲနဲ့တော့ ကမ္ဘာ့ဘဏ်က မလုပ်နိုင်ဘူး။
ကမ္ဘာ့ဘဏ်ဆိုတာ ပိုက်ဆံတွေ အလကားပေးတဲ့အဖွဲ့မဟုတ်ဘူးဗျ။”

အခုအချိန်က မြန်မာနိုင်ငံအတွင်း မုန်တိုင်းဘေးဒဏ် သင့်ခဲ့တဲ့သူတွေ၊ အကူအညီ လိုအပ်နေတဲ့သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဦးစားပေးပြီး လုပ်ကိုင်ရမယ့်
အချိန်လို့ ဒေါက်တာခင်မောင်ကြည်က သုံးသပ်ပါတယ်။ ဒီလိုဒုက္ခရောက်တဲ့လူတွေကို
အကူအညီ အမှန်တကယ် ပေးချင်တယ်ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာက ကမ်းလှမ်းထားတဲ့ အကူအညီတွေ၊ နိုင်ငံတကာက ကူညီကယ်ဆယ်ရေး ကျွမ်းကျင်သူ
တွေကို လက်ခံဖို့လိုတယ်လို့ သူက ပြောပါတယ်။

“အခု သင်္ဘောတွေနဲ့ ရောက်နေတယ်။ အဲဒီသင်္ဘောကြီးတွေကို ခွင့်ပြုလိုက်ရင်
သင်္ဘောတွေက ကမ်းကပ်ပြီး လူတွေကယ်သွားမှာပေါ့၊ ကျန်းမာအောင် လုပ်ပေးမှာ
ပေါ့။ ပြီးတော့ Nurse (သူနာပြု) တွေပါလာတယ်၊ ဆေးတွေပါလာတယ်၊ ပစ္စည်းတွေ
အများကြီး ပါလာတယ်။ အဲဒါတွေကိုလုပ်တဲ့အဖွဲ့က အဲဒါတွေကို လုပ်မှာပေါ့။ ကျနော်
တို့ရဲ့ ပထမဦးစားပေးက အဲဒီလူတွေကို မြန်မြန် အခြေအနေပြန်ကောင်းလာအောင်
လုပ်ရမှာ။”

မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကြီး ရင်ဆိုင်ခဲ့ရပြီးနောက် မြန်မာ
နိုင်ငံရဲ့ စပါးကျီဟာ ပျက်စီးသွားခဲ့ပြီလို့ ပါမောက္ခ ဒေါက်တာခင်မောင်ကြည်က သုံးသပ်
ပါတယ်။ ဒါကြောင့် ရှေ့နှစ်တွေမှာ တတိုင်းပြည်လုံး ဆန်ရှားပါးမှုတွေ ကြုံရနိုင်တယ်လို့
သူက သတိပေးပါတယ်။

“အဲဒါက အင်မတန်အရေးကြီးတယ်၊ ကျနော်တို့အဖို့မှာ။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဝ
ကျွန်းပေါ်က စပါးအများဆုံးထွက်တာ။ Export (ပြည်ပပို့ကုန်) လုပ်တယ်ဆိုတာ မြစ်ဝကျွန်းပေါ်ကစပါးနဲ့ ကျနော်တို့ လုပ်ရတာ။ အမှန်က ပြည်ဘက်နဲ့ တောင်ငူဘက်ဆိုတာ
တဧကမှာ တင်း ၄၀၊ ၅၀ ပဲထွက်တာ။ မြစ်ဝကျွန်းပေါ်က တင်း ၁၀၀ ထွက်တာ။
အဲတော့ ကျနော်တို့ရဲ့ ဆန်အိုးကြီးက မြစ်ဝကျွန်းပေါ်ပဲ။ မြစ်ဝကျွန်းပေါ်မှာ ဒီနှစ်မစိုက်
နိုင်ရင် နောက်နှစ်ဆို ကျနော်တို့ အကြီးအကျယ် ဒုက္ခဖြစ်ပြီ။ ဒုဗ္ဘိက္ခန္တရကပ်ကို ရောက်
လိမ့်မယ်။ ကျနော်တို့ ကြီးမားတဲ့လူဦးရေ သန်း ၅၀ လောက်ရှိနေတာနဲ့ ဒီ ပြည်လိုင်းနဲ့ တောင်ငူလိုင်းနဲ့က စပါးသိပ်ထွက်တာမဟုတ်ဘူး။ သူတို့က မြေဆီမြေသြဇာလည်း ဒီလောက်ကောင်းတာမဟုတ်ဘူး။ အဲတော့ မြစ်ဝကျွန်းပေါ်သာ အခုနှစ် စပါးမစိုက်နိုင်
ရင် နောက်နှစ်မှာ ကျနော်တို့ ငတ်ဖို့ပဲရှိတယ်။ နောက်နှစ်အတွက် ကျနော်တို့ ဘယ်က
ဆန်ရမှာလဲ။”

မြန်မာနိုင်ငံအတွင်း စပါးစိုက်တဲ့လယ်ယာတွေ ပျက်စီးခဲ့တာကြောင့် ဆန်ရှားပါးမှုတွေ ကြုံလာရနိုင်ခြေကို ပါမောက္ခ ဒေါက်တာခင်မောင်ကြည်က သုံးသပ်သွားတာပါ။

WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးကတော့ ပြီးခဲ့တဲ့ မုန်တိုင်းဒဏ်အတွင်း ဧရာဝတီတိုင်း
မှာ ဆန်စပါးစိုက်ပျိုးတဲ့ဧက ၁.၇ သန်းကျော်က ပြန်လည်ပြုစုပျိုးထောင်ဖို့ အရေးတကြီး
လိုအပ်နေပြီး မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးတဲ့ ဧရိယာရဲ့ ၂၀% ကျော် ပျက်စီးသွားခဲ့တဲ့
အကြောင်း ပြောဆိုထားခဲ့ပါတယ်။


မုန်တိုင်းကယ်ဆယ်ရေး အာဆီယံဦးဆောင်မှုနဲ့ မလုံလောက်လို့ စီအာရ်ပီပီပြော

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာအကူအညီတွေကို အာဆီယံကနေလက်ခံမယ်လို့ ပြောကြား လိုက်တာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာရ်ပီပီ) က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို ထိုင်း
အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံနိုင်ငံတွေက
တဆင့် နိုင်ငံတကာရဲ့ အကူအညီကို လက်ခံမယ်
လို့ အာဆီယံရဲ့ အရေးပေါ်အစည်းအဝေးကနေ ပြောကြားခဲ့တဲ့အပေါ် စီအာရ်ပီပီခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကတော့ မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တ
ရာယ်ဟာ အာဆီယံနိုင်ငံတွေ ကူညီရုံနဲ့ မလုံလောက်ဘူးလို့ ဆိုလိုက်ပါတယ်။

“အာဆီယံနိုင်ငံတွေအနေနဲ့ ကူညီတာကို ၀မ်းသာကြိုဆိုပါတယ်။ ဒါပေမယ့် အခု မြန်မာ
နိုင်ငံမှာ ဖြစ်နေတဲ့ကပ်ဘေးဟာ အာဆီယံနိုင်ငံတွေရဲ့ အကူအညီလောက်နဲ့ မလုံ
လောက်ဘူး။ အဓိကနိုင်ငံကြီးတွေရဲ့၊ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေရဲ့ အကူအညီ၊
နည်းပညာ၊ ကျွမ်းကျင်မှု၊ လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ ကူညီဖို့ လိုအပ်နေတယ်
ဆိုတာ ပြောချင်ပါတယ်။”

အာဆီယံရဲ့ မြန်မာ့မုန်တိုင်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေဟာ နှောင့်နှေးမှု
တွေ ရှိနေတာကြောင့် ပြည်သူတွေကို အမြန်ဆုံးအကူအညီပေးဖို့သာ တိုက်တွန်းသင့်
တယ်လို့လည်း ပြောကြားသွားပါတယ်။

“အာဆီယံနိုင်ငံတွေ ကာဆီးကာဆီး လုပ်နေမယ့်အစား အာဆီယံနိုင်ငံတွေကပါ
လက်ရှိ မြန်မာနိုင်ငံအစိုးရကို အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ အမေရိကန်အပါ
အ၀င် ဥရောပနိုင်ငံတွေက နည်းပညာ၊ လူအား၊ ငွေအား၊ ပစ္စည်းအားတွေနဲ့ အကူ
အညီတွေဝင်နိုင်အောင် ဒီအစိုးရကို ဖျောင်းဖျ တိုက်တွန်းပေးဖို့လိုတယ်လို့ ကျနော့်
အနေနဲ့ မြင်ပါတယ်။”

မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို ကယ်ဆယ်ဖို့အတွက် နည်းပညာကျွမ်းကျင်သူတွေ၊ ခေတ်မီရဟတ်ယာဉ်တွေ လိုအပ်နေတဲ့အကြောင်းကိုလည်း အခုလို ဆက်ပြောသွား
ပါတယ်။

“ပင်လယ်အဖျားမှာ၊ ရေတွေလွှမ်းနေတဲ့နေရာမှာ၊ ကားမရောက်နိုင်တဲ့နေရာမှာ
အတော့်ကို ဒုက္ခရောက်နေတဲ့လူတွေဟာ အမြောက်အမြား ရှိနေတယ်ဆိုတာ အန်ကယ်လ်တို့သိပါတယ်။ အဲဒီလူတွေကို အကူအညီတွေရောက်အောင် မြန်မာနိုင်ငံ
မှာရှိတဲ့ ရဟတ်ယာဉ်လောက်နဲ့ အခုလို လက်လှမ်းမမီတဲ့နေရာတွေ၊ မရောက်နိုင်တဲ့
နေရာတွေ အများကြီးရှိတယ်ဆိုတာလည်း အန်ကယ်လ်တို့သိပါတယ်။ အဲဒီလူတွေရဲ့
ဒုက္ခဟာ တွေးတောင်မတွေးရဲတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေက အကူအညီပေးလာမယ့် ဟယ်လီကော်ပတာတွေ၊ ရေယာဉ်တွေ၊ လူအားတွေနဲ့ဆိုရင်
အခုအချိန်အထိ မရောက်နိုင်တဲ့နေရာတွေမှာရှိနေတဲ့ လူတွေရဲ့အသက်ကို အမြန်ဆုံး ကယ်ဆယ်နိုင်မယ်လို့ အန်ကယ့်လ်အနေနဲ့ မျှော်လင့်နေပါတယ်။”

မြန်မာ့မုန်တိုင်းအရေးဟာ ပစ္စည်းတွေကို လက်ခံနေရုံနဲ့ မလုံလောက်ဘဲ နည်းပညာ
ကျွမ်းကျင်သူတွေ အများအပြား လိုအပ်နေတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

“ပစ္စည်းပေး၊ ပစ္စည်းထားခဲ့ဆိုတာမျိုးထက် ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ဆေးဘက်
ဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ဥပမာ အန်ကယ်လ်တို့ ဖြစ်စေချင်တာက အဲဒီနေရာ ဒေသတွေမှာရှိတဲ့ ရေတွေကို သုံးရေ၊ သောက်ရေဖြစ်အောင် လုပ်ပေးမယ့် စက်ကိရိ
ယာတွေ၊ နည်းပညာတွေနဲ့သာ လာပြီးလုပ်မယ်ဆိုရင် အဲဒီဒေသကလူတွေအတွက် အကျိုးများလိမ့်မယ်လို့လည်း အန်ကယ်လ်တို့ ယူဆပါတယ်။ ပစ္စည်းကိုသာလက်ခံရုံ
မဟုတ်ဘဲနဲ့ ဒီနေ့အချိန်မှာ နိုင်ငံရေး၊ စစ်ရေး၊ အမျိုးမျိုးကိစ္စတွေကို ဘေးဖယ်ထားပြီး
အမျိုးသားရေး၊ ကိုယ့်နိုင်ငံချစ်စိတ်၊ ပြည်သူကိုချစ်တဲ့စိတ်နဲ့ နိုင်ငံတကာရဲ့ အကူအညီ
တွေကို ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ကူညီမယ့်ပုဂ္ဂိုလ်တွေကို ၀င်လာပြီးတော့ ကူညီစေချင်
တယ်၊ အန်ကယ်လ်တို့အနေနဲ့။”

အခုဆိုရင် ပြင်သစ်၊ အမေရိကန်၊ ဗြိတိန် စစ်သင်္ဘောတွေဟာ မြန်မာ့ရေပိုင်နက်ထဲမှာ ရောက်ရှိနေပြီး မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို အကူအညီပေးဖို့ တောင်းဆိုနေကြ
ပါတယ်။ ဒီအပေါ်မှာလည်း အခုလိုပြောသွားပါတယ်။

“အကူအညီပေးမယ့်ဟာတွေကို နှောင့်နှေးအောင်လုပ်နေတဲ့ ပုဂ္ဂိုလ်မှန်သမျှ သေဆုံး
သွားတဲ့ လူတွေအပေါ်မှာရော၊ အခု တသန်းခွဲကျော်၊ နှစ်သန်းနီးပါးလောက် ရောက်နေ
တဲ့ ဒုက္ခသည်တွေအပေါ်မှာရော စာနာစိတ်လည်း မရှိဘူး၊ ကူညီလိုစိတ်လည်း မရှိဘူး။
ဒီလူတွေရဲ့ ရှေရှည်ထူထောင်ရေးအတွက်လည်း မစဉ်းစားတဲ့သဘောနဲ့ အခုလိုပြောနေ
ကြတာပဲလို့ အန်ကယ်လ်ကတော့ ပြောလိုတယ်။”

နိုင်ငံတကာအကူအညီတွေ အမြန်ရရှိဖို့အတွက် တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး
စီအာရ်ပီပီ အတွင်းရေးမှူး ဦးအေးသာအောင် ပြောကြားသွားတာ ဖြစ်ပါတယ်။

Ban Ki-Moon will meet with Prime Minister Samak Sundaravej

BangkokPost - UN Secretary-general Ban Ki-Moon will meet with Prime Minister Samak Sundaravej on Saturday after his trip to Burma, to discuss assistance for victims of Cyclone Nargis, Foreign Minister Noppadon Pattama said Tuesday.

Then, he and Mr Samak will go to Rangoon to attend a conference organised by the UN and Asean to call for further aid to the Burmese victims from other countries.

The conference will be held on Sunday.

Mr Noppadon also said he is scheduled to go to France to attend a UNESCO meeting to discuss the Phreah Vihear temple.

He is expected to meet with Cambodian officials to discuss the controversial land around the temple.

"We would like to reach a win-win agreement," he said. "We will try to be more flexible."

Myanmar agrees to accept ASEAN-led cyclone relief efforts

Myanmar's Foreign Minister Nyan Win (C) arrives for a special Association of Southeast Asian Nations (ASEAN) foreign ministers meeting on Myanmar at a hotel in Singapore May 19, 2008. Hopes of a deal to speed up aid to millions of Myanmar cyclone victims rose on Monday as the U.N. said Secretary-General Ban Ki-moon would visit this week and Southeast Asia kicked off its own disaster-response meeting.


Myanmar's Foreign Minister Nyan Win (L) speaks with his Singaporean counterpart George Yeo before the special Association of South East Asian Nations (ASEAN) foreign ministers meeting on Myanmar in Singapore May 19, 2008. ASEAN foreign ministers met in Singapore on Monday to discuss ways to help cyclone-stricken Myanmar.
Myanmar agreed at a special meeting here Monday to let the Association of Southeast Asian Nations (ASEAN) coordinate foreign assistance for Cyclone Nargis victims, Singapore's Foreign Minister George Yeo announced.

"The foreign ministers have agreed to establish an ASEAN-led coordinating mechanism" to facilitate the distribution and utilization of assistance from the international community, Yeo told reporters after conclusion of the special meeting attended by foreign ministers from 10 ASEAN member countries, including Myanmar's U Nyan Win.
Yeo added that Myanmar also agreed to accept medical teams and relief workers from all ASEAN countries.

The Myanmar government has accepted relief goods from foreign countries but refused to allow foreign relief workers to distribute them after the deadly tropical cyclone Nargis hit five divisions and states of Myanmar early this month and left more than 77,000 dead, 55,000 still missing and 19,000 injured.

"International assistance to Myanmar, given through ASEAN, should not be politicized. On that basis, Myanmar will accept international assistance," Yeo said.

A Task Force, to be headed by chief of the regional bloc Surin Pitsuwan, will be established to work with the United Nations while a central coordinating body will also be set up by Myanmar.

The Singapore foreign minister said that the meeting agreed that "this ASEAN-led approach was the best way forward."

ASEAN will work with the UN to hold an ASEAN-UN International Pledging Conference in Myanmar's Yangon city on May 25, Yeo said. Myanmar's Foreign Minister Nyan Win gestures to his staff before a special Association of Southeast Asian Nations (ASEAN) foreign ministers meeting on Myanmar in Singapore May 19, 2008. Hopes of a deal to speed up aid to millions of Myanmar cyclone victims rose on Monday as the U.N. said Secretary-General Ban Ki-moon would visit this week and Southeast Asia kicked off its own disaster-response meeting.

Burma permission for UN helicopters

Ban Ki Moon will travel to Burma soon and he expects to meet Gen Than Shwe ...

The United Nations Secretary General, Ban Ki-moon, says Burma has given the UN World Food Programme permission to use nine helicopters to get aid to cyclone victims in remote areas.

Speaking ahead of a visit to Burma, Mr Ban welcomed recent signs of flexibility by the Burmese government over the aid operation, but he said relief supplies had still only reached a quarter of the people who needed them.

Nearly eighty-thousand people are confirmed dead following the cyclone two-and-a-half weeks ago.

Reports from Bogalay in the Irrawaddy Delta say a boat carrying refugees has sunk in a storm with the loss of nearly thirty lives.
humanitarian official, John Holmes, says he hopes Burma's military leader will meet the UN Secretary General, Ban Ki-moon, when he visits the country later this week.

Mr Holmes - who's in Burma - gave the military government a letter for General Than Shwe saying the two sides needed to find a way to work together better following the cyclone.

Mr Ban has complained that Gen. Than Shwe hasn't been responding to his telephone calls.

for humanitarian contingency efforts .


Responsibility to Protect (R2P)
“The idea that sovereign states have responsibility to protect their own citizens from avoidable catastrophe, but that when they are unwilling or unable to do so, that responsibility must be borne by the broader community of states.”
-International Commission on Intervention and Sovereign States (ICISS).








--Four U.S. navy ships including USS Essex and USS Mustin loaded with food and water are a short distance from Irrawaddy delta where 2.5 million people have been in hunger for two weeks since May 2 cyclone.
--Britain dispatched HMS Westminster, which is now stationed 12 miles away off Burma’s coast for humanitarian contingency efforts .
--France also has an amphibious ship, Mistral, nearby

Canadian Relief Efforts for Burma’s Cyclone Victims (update #3)

May 20, 2008

Federal Government $2,000,000
World Vision 1,500,000
Canada Red Cross 1,200,000
Humanitarian Coalition155,000
Ontario Government 100,000
Manitoba Government100,000
United Church of Canada 100,000
Toronto Burma Relief Committee 56,000
Salvation Army—Canada 50,000
Development and Peace 50,000
Primate’s World Relief and Development Fund 30,000
Vancouver Burma Relief Committee 26,000
Yukon Government 25,000
Steelworkers Union 20,000

Myanmar designates three days of mourning for cyclone victims


YANGON, May 19 (Xinhua) -- Myanmar designated on Monday three days of mourning for cyclone disaster starting from Tuesday to Thursday, according to an announcement of the State Peace and Development Council (SPDC) aired by the state radio in the evening.

The announcement, signed by First Secretary of the SPDC Lieutenant-General Thiha Thura Tin Aung Myint Oo, sets the mourning activities to start on Tuesday at 9 a.m. (local time) with the state flag to fly half-mast. A deadly tropical cyclone Nargis, which occurred over the Bay of Bengal, hit five divisions and states -- Ayeyawaddy, Yangon, Bago, Mon and Kayin on May 2 and 3, of which Ayeyawaddy and Yangoninflicted the heaviest casualties and massive infrastructural damage including religious buildings, schools, hospitals, vessels, animals, crops cultivation, forest and ration.

According to an updated official death toll, as many as 77,738 people have been killed with 55,917 still missing totaling 133,655in the disaster. The number of the injured went to 19,359.  

bbc;As Burma begins three days of official mourning for its cyclone victims, the World Bank has said it can't provide any financial help because the country hasn't been servicing its debt.

A spokesman for the bankယ Peter Stephensယ told the BBC Burma had been in arrears since 1998, and that World Bank rules would prevent it from lending any money for reconstruction.

Burma's military government has had numerous offers of emergency supplies since the cyclone hit two-and-a-half weeks ago, but until Monday had refused to allow in foreign aid workers.

It now says it will allow in some relief workers from neighbouring countries.

Nearly eighty-thousand people are now known to have died; hundreds of thousands more are still without adequate shelter, food or water.