Saturday, May 31, 2008

ဒီနေ့မြန်မာသတင်းများ

ပရောက်စီနံပါတ်များ အသုံးပြုရန်မလိုကြောင်း မြန်မာတယ်လီပို့က ကြေညာ


အင်တာနက်ပေါ်မှ အစိုးရခွင့်မပြုသော သတင်းစာမျက်နှာများနှင့် ဘလော့ (Blog) များကို ယခင်က ပရောက်စီ (proxy) နံပါတ်များ အသုံးပြုကျော်ဝင်ကာ ဖတ်နိုင်သော်လည်း ယနေ့မှစ၍ ဝင်ရောက် ဖတ်ရှုနိုင်ခြင်းမရှိတော့ကြောင်း အင်တာနက် အသုံးပြုသူများ နှင့် အင်တာနက်ဆိုင် ဝန်ထမ်းများထံမှ သိရသည်။

လက်ရှိ အင်တာနက် ပုံမှန် သုံးစွဲသူ တဦးက “ပရောက်စီနံပါတ် အခု ၂၀ လောက်ရှိတာ ၁ ခုပဲ စမ်းကြည့်ဖို့ ကျန်တော့တယ်။ စမ်းပြီးသမျှတွေ တခုမှမရဘူး။ အင်တာနက်ဆိုင်တွေမှာ အသုံးပြုနေကျ freedom ပရောက်စီလည်း မရတော့ဘူး။ ဆိုင်တွေ အားလုံး စိတ်ညစ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က အင်ဂျင်နီယာအဖွဲ့၊ ကွန်ယက်လည်ပတ်ရေးဌာန၊ မြန်မာတယ်လီပို့ ဝက်ဘ်ဆိုက်မှတဆင့် proxy Server များ ပြောင်းလဲခြင်း ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်တွင် “မြန်မာတယ်လီပို့အနေဖြင့် ပိုမို၍ အဆင့်အတန်းမြင့်ကောင်းမွန်သော Internet ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လိုအပ်သောစက်ကိရိယာများ အဆင့်မြှင့်ခြင်းကို ဆောင်ရွက်လျှက် ရှိပါသည်။ ယခုအခါ Internet သုံးစွဲရန်အတွက် proxy Server များကိုအသုံးပြုရန်မလိုအပ်တော့ပါ။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ Web Brower Software များတွင် Proxy Setting များကိုဖြုတ်၍ Internet သုံးစွဲပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။

အင်တာနက် အသုံးပြုသူ တဦးက “ပရောက်စီ သုံးစရာမလိုဘူးဆိုရင် အခုဒီအတိုင်းဖွင့်ရင်လာရမှာပေါ့၊ အခုဟာက ဘလော့ တောင်ကြည့်လို့ မရတော့ဘူး ဂျီမေးလေး ပေးသနားထားတာပဲ ကျေးဇူးတင်ရမယ်” ဟု ပြောသည်။

တခြားသော အင်တာနက် အသုံးပြုသူ တဦးကလည်း “ပြည်သူတွေ ကြည့်ချင်တာ ကြည့်ကြပါစေဆိုပြီး ချပေးတာတော့ မဟုတ်နိုင်ဘူး။ လှည့်ကွက်တခုဖြစ်နိုင်တယ်၊ Internet Access ကို ဖွင့်ပေးပြီး IP Address ကတဆင့် ဖမ်းချင်တာလည်း ဖြစ်နိုင်တယ်။ အရင်ကဆိုရင် proxy ခံပြီးသုံးနေတော့ ကျနော် သုံးနေတာ ဘာလဲဆိုတာမသိနိုင်ဘူး” ဟု ပြောသည်။

နိုင်ငံရေးနှင့်သက်ဆိုင်သည့် ဝက်ဘ်ဆိုက်များ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဝက်ဘ်ဆိုက်များ၊ g-mail ၊ G-talk၊ Google၊ pop site၊ စသည့် ဆိုက်များကို မြန်မာနိုင်ငံသားများ တိုက်ရိုက် အသုံးပြုခွင့် မရအောင် အစိုးရက နည်းပညာအသုံးပြုပြီး အမျိုးမျိုး ထိန်းချုပ်ထားခဲ့သောကြောင့် သုံးစွဲသူတို့က ပရောက်စီ နံပါတ် များကို အမျိုးမျိုးပြောင်းလဲ၍ ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များကို ဝင်ကြည့်နေရခြင်း ဖြစ်သည်။

မြန်မာနိုင်ရှိ အင်တာနက်ဆိုင်ရာဝန်ဆောင်လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာတယ်လီ ပို့တို့က ဆောင်ရွက် ပေးလျှက်ရှိပြီး ယခုမြန်မာတယ်လီပို့သည် ယခင်က Bagan Net ဖြစ်ကာ ဝန်ကြီးချူပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ သား ဦးရဲနိုင်ဝင်း၏ လုပ်ငန်းဖြစ်ခဲ့သည်။ [Top]
...................................................................................................................................................................

ပြည်ပအကူအညီ လက်ခံရေး နှောင့်နှေးမှုကြောင့် လူ့အသက်ပေါင်းများစွာ ပိုမိုဆုံးရှုံးခဲ့ရဖွယ်ရှိ

မေလဆန်းတုန်းက ဆိုင်ကလုန်းလေမုန်တိုင်း တိုက်ခတ် ခဲ့တဲ့နောက် အကူအညီပေးရေး လုပ်ငန်းတွေကို မြန်မာ စစ်အစိုးရက လက်မခံ ငြင်းဆန်ခဲ့တာကြောင့် လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရဖွယ်ရှိတယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရက မုန်တိုင်းဒဏ် ခံရသူတွေကို ခိုလှုံရာနေရာတွေက မောင်းထုတ်ပြီး သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေဆီ ပြန်ကြဖို့ ဖိအားပေးမှုတွေ ရှိနေတာကြောင့် စိုးရိမ် ပူပမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ကာကွယ်ရေး ၀န်ကြီးက အခုလို ပြောဆိုလိုက်တာပါ။ ဒီအကြောင်း ဗီအိုအေ အရှေ့တောင်အာရှ ဗျူရို ကနေ ရွန် ကိုဘင် (Ron Corben) သတင်းပေးပို့ ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် က စင်္ကာပူမှာ ဒီကနေ့ စနေနေ့ ကျင်းပခဲ့တဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကာကွယ်ရေးဝန်ကြီးတွေရဲ့ နှီးနှောဖလှယ်ပွဲမှာ အခုလို ခတ်ဘွင်းဘွင်း ပြောလိုက်တာပါ။ ပြည်ပက အကူအညီတွေ ပေးဖို့ပြောနေတာကို မြန်မာစစ်အစိုးရက မသိသလို မမြင်သလို လုပ်နေတယ်ဆိုပြီး ဝေဖန်စွပ်စွဲ လိုက်တာပါ။ ဒီလိုကပ်ဆိုးကြရောက်လို့ ကြေကွဲဖွယ်ရာ အခြေအနေတွေနဲ့ ကြုံခဲ့ရတဲ့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ အခုလို နိုင်ငံတကာနဲ့ ဒေသတွင်းက အကူအညီတွေပေးမယ့်ကိစ္စကို စစ်အစိုးရက ငြင်းပယ်လိုက်တာက ဆန့်ကျင်ဖက် လုပ်ရပ်ဖြစ်နေတယ်ဆိုပြီး သူက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့တာ၊ မနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီလိုပဲ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ အခြေအနေမျိုးတွေကို တုံ့ပြန် ဆောင်ရွက်တာတွေနဲ့ ကွဲလွဲနေတယ်ဆိုပြီး ၀န်ကြီး ဂိတ်စ် က ပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ အခြေအနေက အများကြီးကို ကွာခြားပါတယ်၊ အသက်တွေ ထောင်သောင်းချီ ပေးဆပ်ရတာပါ။ အမေရိကန် ပြည်ထောင်စုအပြင် တခြား နိုင်ငံအများအပြား ဟာလည်း သူတို့ရဲ့ ကျိုးပမ်းမှုတွေမှာ အဟန့်အတားတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ခံစားချက်တွေ ရှိကြတာပါ။”

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံလိုက်ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို သွားရောက်ခွင့်ရဖို့ ကိစ္စတွေမှာ ဗျူရိုကရေစီ နည်းတွေနဲ့ နှောင့်နှေးမှုတွေကို ရင်ဆိုင်နေဆဲ ဖြစ်တယ်ဆိုပြီး၊ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားတွေက ပြောဆိုနေကြတာပါ။

မုန်တိုင်းဒဏ်ကြောင့်လည်း အနည်းဆုံး လူပေါင်း ၇၇,၀၀၀ သေကြေခဲ့ကြရပြီး၊ ၅၆,၀၀၀ လောက် ပျောက်ဆုံးနေခဲ့သလို လူပေါင်း ၂ သန်း ကျော်ဟာဆိုရင်လည်း အစားအစာ၊ ခိုလှုံရာနဲ့ ဆေးဝါး အကူအညီတွေ ရဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ် နိုင်ငံက ရေတပ် သင်္ဘောတွေဟာ ဆိုရင်လည်း အရေးပေါ် အကူအညီတွေပေးဖို့ ဘင်္ဂလား ပင်လယ်အော်ထဲမှာ ရောက်ရှိနေခဲ့ကြပေမယ့်၊ မြန်မာစစ်အစိုးရက ဒါတွေကို လက်မခံ ငြင်းဆန်ခဲ့တာပါ။ ဆိုင်ကလုန်း ဖြစ်ပြီးပြီးချင်း အာရှဒေသတွင်းနိုင်ငံတွေက အကူအညီတွေပေးဖို့ စစ်တပ်သုံး ရဟတ်ယာဉ်တွေ ထောက်ပံ့ကူညီဖို့ ကမ်းလှမ်းခဲ့တာကိုလည်း ပယ်ချထားတာပါ။ အကူအညီပေးရေး လုပ်ငန်းတွေ ကြန့်ကြာနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ၀န်ကြီး ဂိတ်စ် ရဲ့ စိုးရိမ်မကင်းပြောဆိုမှုကို ဒေသတွင်း နိုင်ငံတွေကလည်း လက်ခံခဲ့ကြတာပါ။ တကယ်တော့ ဒုက္ခရောက်နေတဲ့ လူပေါင်း ၂ သန်းကျော်ရဲ့ ရာခိုင်နှုန်း ၃၀ လောက်သာ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ရတယ် ဆိုပြီးတော့လည်း နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။ အရေးပေါ် အကူအညီတွေ အကြီးအကျယ် လိုအပ်နေသူတွေ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့ အကန့်အသတ်မရှိ လုပ်ပိုင်ခွင့်တွေ ရဖို့လိုတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး ဘေလ် ပက်တာဆန် (Bill Paterson) က ဆိုပါတယ်။

“ရောဂါကူးစက်ပျံ့ပွားနိုင်တဲ့ အခြေအနေဆိုးတွေအောက်မှာ သူတို့တွေ နေထိုင်နေကြရတာပါ။ အိုးအိမ်တွေ လက်လွှတ် ဆုံးရှုံးခဲ့ကြရသလို၊ သူတို့အနေနဲ့ မိသားစုတွေလည်း ဆုံးရှုံးထားကြတာပါ။ ဒီလိုနေရာတွေကို အမြန်ရောက်ဖို့ ဆိုတာက တကယ့်ကို အရေးကြီးပါတယ်။ ဆိုင်ကလုန်းဒဏ် ခံရချိန်ကစပြီး အကူအညီ အထောက်အပံ့တွေ ဖြန့်ဖြူးမပေးနိုင်လို့ အများအပြားဟာလည်း အသက်ဆုံးရှုံးဖွယ်ရာ ရှိပါတယ်။”

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန် ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အလှူရှင် ညီလာခံမှာတော့ နိုင်ငံတကာက ကယ်ဆယ်ရေး လုပ်သားတွေ လုပ်ပိုင်ခွင့် ရဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့အတူ ကုလသမဂ္ဂ က စစ်အစိုးရနဲ့ သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ဒီအတောအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ကတော့ မြန်မာအာဏာပိုင်တွေဟာ ထောင်ချီတဲ့ မုန်တိုင်းဘေးသင့်သူတွေကို အရေးပေါ် ခိုလှုံရာ နေရာတွေကနေ ဖယ်ရှားပြီး မြစ်ဝကျွန်းပေါ် ဒေသက မုန်တိုင်းကြောင့် ပျက်စီးမှုတွေ အကြီးအကျယ် ရှိခဲ့တဲ့ နေရပ်ရင်း ကျေးရွာတွေကို အတင်းအကျပ် ပြန်ပို့ပေးနေတယ် ဆိုပြီး ဝေဖန်ပြောဆို လိုက်ပါသေးတယ်။
..............................................................................................
လေဘေးဒဏ်သင့် ဒေသတွေမှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်တွေ ချထား


မြစ်ဝကျွန်းပေါ်ဒေသဘက်မှာပဲ လုံခြုံရေးတွေ ထူးထူးခြားခြား တိုးချထားတာတွေနဲ့ပတ်သက်လို့ စုံစမ်းထားသမျှ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသက လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသထဲမှာ လက်နက်ကိုင် လုံခြုံရေးတွေ ဖြန့်ကြတ် ချထားတာကို ဒေသခံတွေ အကူအညီပေးရေး လုပ်ငန်း လုပ်ကိုင်နေသူတွေ တွေ့ကြရတာပါ။ အထူးသဖြင့် မုန်တိုင်းဘေးဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ ဧရာဝတီတိုင်း ဒေးဒရဲဘက်ကို သွားတဲ့ လမ်းတလျှောက်မှာ အထူးသဖြင့် တွေ့ခဲ့ရတယ်လို့ မနေ့ကပဲ အဲဒီဒေသဘက်က ပြန်လာတဲ့ ပြောပြကြပါတယ်။

“ကျမတို့ ဒေးဒရဲသွားတဲ့လမ်းကြောင်းဘက်မှာဆိုရင် ကော့မှူးဘက်ကနေ ကွမ်းခြံကုန်း ကော့မှူးဘက်နေ စပြီးတော့ အဲဒီ လုံထိန်းတပ်တွေ ချထားတာပေါ့။ အဲဒီမှာဆိုလို့ရှိရင် အခုဒီမှာ နယ်စစ်ဆင်ရေး သွားသလိုပဲ လုံထိန်းသားတွေဟာဆိုရင် ဒိုင်းတွေပါ ပါတယ်။ ကားတွေနဲ့ပေါ့လေ။ အဲဒီလိုမျိုးဟာ ဓါတ်တိုင် ၂ တိုင်စာလောက်မှာ ကင်းတဲတွေ ထိုးထိုးပြီးတော့ အဲဒီကားကိုလည်း အဲဒီလိုပဲလေ စောင့်နေတာက အခု ဒေးဒရဲတံတားကို ရောက်တဲ့အထိပဲ။ အဲဒီလိုမျိုး တောက်လျှောက်ကိုပဲ။ ဒီ ကင်းတဲတွေနဲ့ ဓါတ်တိုင် ၂ တိုင်စာလောက်မှာ တပ်စိပ်တစ်စိပ်မှာ ဆိုလို့ရှိရင် စစ်သား ၁၀ ယောက်၊ ၁၅ ယောက်လောက်က လက်နက် အပြည့်အစုံနဲ့ သူတို့ ကင်းတဲတွေက တစ်ခုနဲတစ်ခု လှမ်းကြည့်လို့ရှိရင် မြင်ရတာပေါ့။ ဓါတ်တိုင် ၂ တိုင်စာလောက်မှာ ဆိုတော့။ အဲဒီ တပ်မှူးလောက်ကနေ စပြီးတော့ တော်တော် အင်အားများများနဲ့ တပ်စိပ်လိုက်ကိုပဲ ချထားတယ်။”

“လမ်းမှာ သူတို့ ဓါတ်တိုင် ၂ တိုင်ကြား ၃ တိုင်ကြားလောက်မှာ သေနတ်တွေနဲ့ စောင့်နေတာ တွေ့တယ်။ အဲဒီ ဂတ်တော်တော်များများမှာလည်း တွေ့ပါတယ်။ သူတို့ကို၊”

ဒီလို လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်တာနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဖက်က တစုံတရာ ရှင်းလင်းပြောပြတာမျိုး မရှိတဲ့အတွက် မသိရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အစိုးရနဲ့ အစိုးရက ကျောထောက်နောက်ခံ ပေးထားသူတွေ မပါဘဲ၊ စေတနာ့ဝန်ထမ်း အကူအညီပေးရေး ဆောင်ရွက် နေသူတွေကို အာဏာပိုင်တွေက ကန့်သတ်မှုတွေ၊ တားမြစ်မှုတွေ ရှိနေတဲ့အထဲက ဒါတွေကို ပိုပြီး အရှိန်မြှင့် ဆောင်ရွက်ဖို့ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ယူဆနေကြပါတယ်။

“အခု လုံခြုံရေးတွေ ချထားတယ်။ အကူအညီသွားပေးတဲ့သူတွေ သတိထားဆိုပြီးတော့ ကျနော်တို့ကို တခြားတဖွဲ့ကနေပြီးတော့ လှမ်းပြီးတော့ အကြောင်းကြားတယ်ပေါ့နော်။ အင်အားပြတယ်ပေါ့ဗျာ။ ရှင်းရှင်း ပြောရရင် သူတို့ အဲဒါမျိုး ခြိမ်းခြောက်တယ်။ မင်းတို့တွေ မလာနဲ့တော့။ မင်းတို့ ထပ်လာရင် နိုင်ငံတော်ကို သိက္ခာချမှုနဲ့ မင်းတို့ကို တရားစွဲမယ်။ အဲဒါမျိုး သတင်းတွေ ကြားတော့ လှူမယ့် သူတွေက မသွားရဲတော့ဘူးဖြစ်နေတယ်။”

မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ လုံခြုံရေးတွေ ရုတ်တရက် တိုးမြှင့် ချထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အဲဒီ ဒေသတွေကို ကိုယ်တိုင်သွားရောက် အကူအညီပေးနေသူတွေက နိုင်ငံတကာက အကူအညီပေးလိုသူတွေ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခွင့်တွေ မရနိုင်လို့ ဝေဖန်ပြစ်တင်မှုတွေ ထွက်ပေါ်နေတဲ့ကြားကပဲ ဒီလို ပြည်တွင်းက တပိုင်တနိုင် ကူညီသူတွေ အနေနဲ့ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာနေတာလည်း ဖြစ်ပါတယ်။

.......................................................................................................................
ကယ်ဆယ်ရေးလုပ်သားကြီး လူရွှင်တော် ဇာဂနာ
ဧရာဝတီ | မေ ၃၁၊ ၂၀၀၈

မေး။ ။ ဖြစ်တဲ့နေ့ကစပြီးတော့ အခုလက်ရှိကာလအထိ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်ပြောပြပါ။


ဖြေ။ ။ ကျနော်တို့က မေလ ၇ ရက်နေ့ကနေစပြီးလုပ်တာ ဒီနေ့မနက်အထိ လုပ်နေကြတယ်။ ရောက်တာလည်း မြို့အကုန်ကုန်ပြီ၊ ငပုတောတမြို့ဘဲမရောက်သေးတာ … ဒါလည်း ကျနော်သာမရောက်တာ ကျနော်တို့အဖွဲ့က ရောက်ပြီးသွားပြီ။ အဲဒီအပြင် ကျနော်တို့အဖွဲ့က ဘယ်လိုနေရာတွေရောက်လဲဆိုတော့ ဘာအကူအညီမှ မရသေးတဲ့ ရွာပေါင်း ၄၂ ရွာ ရောက်ပြီးပြီ၊ ဒေးဒရဲအပိုင်ထဲမှာရှိတယ်၊ စပါးဒိုင်တွေကို စုထားတဲ့ရွာ … ကျေးရွာအစုကြီး ၃ စု။

ဘိုကလေးအပိုင်ထဲမှာလည်း ကျေးရွာအစုကြီး ၃ စု … အဲဒါမျိုးတွေကို ကျနော်တို့အရောက်သွားတယ်။ အဲဒီရွာတွေ ၄၂ ရွာရှိတယ်၊ ဘာအကူအညီမှမရကြသေးဘူး။ နိုင်ငံတော်အဆင့်ကပေးတဲ့ အကူအညီတင် မဟုတ်ဘူး … ယူအန်ဆီကလည်းမရဘူး၊ ဘယ်အန်ဂျီအိုမှလည်း မရောက်ကြသေးဘူး။

မေး။ ။ အဲဒီနေရာတွေမှာ ဘာတွေတွေ့ခဲ့သလဲ၊ လူတွေဘယ်လောက်သေသလဲ၊ ဘာအကူအညီတွေ လိုအပ်နေသလဲ၊ ရွာတွေ ဘယ်လောက်ပျက်သွားတယ်ဆိုတာကို ပြောပြနိုင်မလား ခင်ဗျ။

ဖြေ။ ။ ကျနော် ဥပမာတခုပြောပြမယ်။ မငေးကြီးဒိုင်နယ်ဆိုရင် အိမ်ခြေတထောင်ရှိတယ် … အဲဒီတထောင်မှာ ၇၀၀ က ဘာမှမကျန်အောင်ကို လုံးဝပျက်စီးသွားတယ်။ အိမ်ခြေ ၃၀၀ က တိုင်လောက်၊ အခင်းလောက် ကျန်တယ်။ လူ ၂၂၁ ယောက်သေတယ်၊ ၃၀၀ က ပျောက်နေတုန်းပဲ အခုအထိရှာမတွေ့သေးဘူး၊ ဘယ်ရောက်နေမှန်းလည်း မသိဘူး။

ကျနော်တို့ရောက်တဲ့ ၂၂ ရက်နေ့အထိ အလောင်းတွေက ချောင်းထဲမှာဒီအတိုင်းရှိနေတုန်းပဲ။ အစိုးရကပေးတဲ့ ဆန် နို့ဆီဘူး ၇ လုံးနဲ့ စေတနာရှင်တယောက်ကလာလှူတဲ့ ခေါက်ဆွဲခြောက်တထုပ်ဆီ ရတယ်၊ အဲဒါကလွဲရင် ဘာမှမရကြသေးဘူး။ အဲဒါ မုန်တိုင်းအလွန် ရက် ၂၀ အကြာ …။

ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ကျနော်တို့ ဘိုကလေးကနေပြီးတော့ တင်မောင်းချောင်း၊ ကြိမ်စု၊ ထိပ်ချောင်းကြီးကျေးရွာ၊ ကန်စု၊ ရွှေဘိုစု … အဲဒီနေရာတွေကိုရောက်တယ်။ အဲဒီနေရာမှာရှိတဲ့ လူတွေအားလုံးက ဘာအကူအညီမှ မရသေးဘူး၊ ဘယ်သူကမှလာမပေးဘူး … အင်္ကျီမရှိဘူး၊ ကလေးတွေက ကိုယ်တုံးလုံးနီးပါးဖြစ်နေတယ်။

အရေအတွက်က မိသားစု ၅၄၂ အိမ်ထောင်ရှိတယ် … အဲဒီအိမ်ထောင်စုတွေအားလုံး အိမ်မရှိတော့ဘူး။ အဲဒီမှာ အကျွတ်အလွတ်ဆိုတဲ့ ဘုရာလေးတဆူရှိတယ်၊ အဲဒီဘုရားကလည်း ပျက်စီးနေပါပြီ၊ ထီးတွေဘာတွေ ကျိုးကျနေပြီ … သူတို့ခမျာ အဲဒီဘုရားရင်ပြင်ပေါ်မှာ စုပြုံပြီးတော့အိပ်နေကြတယ်။ ယူအန်မလာဘူး၊ အန်ဂျီအို မရောက်သေးဘူး … ဘာအကူအညီမှ မရဘူး။ ကျနော်တို့ ပုဂ္ဂလိကအဖွဲ့ကလေးတွေပဲ အဲဒီကို ရောက်တယ်။ ကျနော်တို့ရောက်တဲ့ အချိန်ကတော့ သူတို့ဘာမှမရသေးလို့ တော်တော်များများ ပေးနိုင်ခဲ့တယ်။ အဆိုးဆုံးက အဲဒီမှာ ရေမရှိဘူး၊ သောက်ရေလုံးဝမရှိဘူး။ အဲဒီလိုမရှိတဲ့အတွက် မိုးရွာမှ ရေခံပြီးသောက်နေရတယ်။ ရေသန့်တွေကို သင်္ဘောနဲ့တင်ပြီး သွားပို့ရတယ်။ ရေသန့်ဘူးပေါင်းတသောင်း။

မေး။ ။ အစိုးရ ရနေတဲ့ … လက်ခံထားတဲ့ နိုင်ငံတကာကအကူအညီတွေ အဲဒီဘက်ကို မရောက်ဖူးဘူးလား ခင်ဗျ။

ဖြေ။ ။ အဲဒါတွေက … ကယ်ဆယ်ရေးစခန်းတွေရှိတယ်ဗျ။ လပ္ပတ္တာမှာရှိတယ်၊ ဘိုကလေးမှာဆိုလည်းရှိတယ် … အဲဒီစခန်းတွေမှာတော့ မိုးကာတဲတွေနဲ့နေရတယ်၊ တတဲကို ၄၊ ၅ ယောက် နေကြတယ်။ အဲဒီမှာ ထမင်း ချက်တယ်၊ ဆန်ပြုတ်သောက်ရတယ်၊ အဲဒီဘက်တွေမှာတော့ရတယ်။ အရည်အတွက်အားဖြင့် နည်းနည်းလေးပဲရှိတယ်။ ရွာတွေမှာရောက်နေတဲ့လူတွေကတော့ ဘာမှမရကြဘူး။

မေး။ ။ ယူအန် က ပြောတယ်။ လွန်ခဲ့တဲ့အပတ်အထိ လူဦးရေ ၂၅ ရာခိုင်နှုန်းအထိပဲ အကူအညီတွေ ရောက်သေးတယ်ဆိုတော့ … အဲဒီတွက်ချက်မှုက ဘယ်လောက်အထိ မှန်ပါသလဲ။

ဖြေ။ ။ မှန်တယ်လို့တော့ပြောလို့ရတယ်။ အဲဒီလို ကယ်ဆယ်ရေးနေရာတွေကို ရောက်တဲ့လူက နည်းနည်းရယ် … ကျန်တဲ့ ကျွန်းတွေ၊ ကိုယ့်ရပ်ရွာတွေပေါ့ဗျာ … ဘယ်သူမှလည်း လာမခေါ်လို့၊ ဘယ်သူမှလည်း လာမရလို့၊ ကားလမ်းလည်းမပေါက်လို့ ရေလမ်းတခုပဲ အားကိုးအားထားပြုပြီး ကိုယ့်ရွာလေးမှာ အသက်ရှင်ကျန်နေကြတဲ့ လူတွေပေါ့ဗျာ … စိတ်မကောင်းစရာအကြောင်းလေးတခု ကျနော်ဖြတ်ပြောပြမယ် … အဘွားကြီးတယောက်က သူ့မှာ မိသားစု ၁၁ ယောက် ရှိတယ်၊ ၁၀ ယောက်သေသွားပြီး သူတယောက်တည်းကျန်ခဲ့တယ်။ အဲဒီလို ၁၀ ယောက်သေသွားတယ်ဆိုတာကို သူမသိဘူး၊ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မမှတ်မိတော့ဘူး။ အဲဒီလိုလူတွေ အများကြီးပဲ၊ ကျွန်းတွေပေါ်မှာ အဲဒီလို ကြောင်ပြီးကျန်ခဲ့တဲ့လူတွေ အများကြီးပဲ။ တံငါရွာလေးတွေပေါ့။

မေး။ ။ အဲဒီလို စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတဲ့လူတွေ ဘယ်လောက်တွေ့ခဲ့သလဲ။ သူတို့တွေက ဘယ်လိုအခြေအနေမျိုးမှာ ရှိနေကြသလဲ ခင်ဗျ။

ဖြေ။ ။ ၃ မျိုးတွေ့တယ်ဗျ။ တမျိုးက အရမ်းပေါက်ကွဲနေတယ်၊ အထိမခံရွှေပုဂံပေါ့ဗျာ … ဘာမှကိုအပြောမခံဘူး၊ ဒေါသတွေကြီးနေတယ်၊ တချိန်လုံး စိတ်တွေတို ရန်လိုနေတဲ့လူတွေကို တွေ့ရတယ်။ ဒုတိယတမျိုးကျတော့ လုံးဝကို ငိုပြီးတော့ သူ့မှာ ကြုံခဲ့ရတဲ့အခက်အခဲကြီးကိုပြန်ပြီးတော့ တချိန်လုံးတွေးပြီး ပြောကာပြောကာနဲ့ ငိုနေတဲ့လူတွေကို တွေ့ရတယ်။ နောက်တခုကတော့ ဘာစကားမှကို မပြောတော့ဘူး၊ လှုပ်လဲမလှုပ်တော့ဘူး။ ကျနော်တို့က ဆန်သွားဝေတယ်ဗျာ … တယောက်ကို ဆန် ၄ ပြည်နှုန်းနဲ့ဝေတယ်။ နောက်ပြီးတော့ ပဲဝါ၊ ပဲကတ္တီပါပေးတယ်။ အဲဒါတွေကို အထုပ်တွေနဲ့ စောင်၊ ခြင်ထောင်ပါထည့်ပြီး တယောက်ချင်းစီကိုပေးတယ်။ အဲဒီလိုပေးတာကိုတောင် လာမယူတော့ဘူး။ ဘာကိုမှ စိတ်မ၀င်စားတော့ဘူး … ငါတို့ဘ၀ သေတာပဲ ကောင်းပါတယ်ဆိုတာမျိုးတွေရှိတယ်။
မေး။ ။ ကိုဇာဂနာ သွားခဲ့တဲ့နေရာတွေမှာ နိုင်ငံတော်က ဘာတွေလုပ်ပေးနေတာကို တွေ့ခဲ့ပါသလဲ။

ဖြေ။ ။ ဘာမှလုပ်မပေးဘူး။ ရတာက အခုနကျနော်ပြောသလို ဆန်နို့ဆီဗူး ၇ လုံးနဲ့ စေတနာရှင်တယောက်ဝေသွားတဲ့ ခေါက်ဆွဲခြောက်တထုပ်ပဲရတယ်။ အဲဒါ ၂၈ ရက်နေ့ ကျနော်တို့ရောက်သွားတဲ့ အချိန်အထိ …

မေး။ ။ အဲဒီဖက်တွေကိုကျတော့ အကူပစ္စည်းကို ဘာနဲ့ပို့ရသလဲ။ လှေတွေနဲ့သွားတာလား။

ဖြေ။ ။ ဟုတ်တယ် … လှေနဲ့သွားရတာ။

မေး။ ။ ကိုဇာဂနာတို့လို ပုဂ္ဂလိကအလှူရှင်တွေအနေနဲ့ ဘယ်လောက်အထိ လုပ်ခွင့်ရသလဲ။

ဖြေ။ ။ အစပိုင်းကတော့ ကျနော်တို့က တွန်းလုပ်တာပေါ့ဗျာ … နည်းနည်းတော့ အခက်အခဲရှိတယ်။ ထိပ်တိုက်တိုးရတာတွေ ရှိတယ်။ ဥပမာ - ခင်ဗျားတို့က ဘာဖြစ်လို့ ကျနော်တို့ကို (အာဏာပိုင်) မတိုင်ပင်ဘဲ သွားတာလဲ၊ ကျနော်တို့ကိုပြောပါ ဘာညာဆိုပြီး နည်းနည်းညှိနှိင်းပြီးလုပ်ကျတဲ့။ ခင်ဗျားတို့ရဲ့ အသက် အန္တရာယ်ကို တာဝန်မယူဘူးတဲ့ … မယူလဲနေ၊ သေချင်သေပလေ့စေ၊ သွားမယ်ပြောပြီး တိုးဝင်သွားရတာတွေ ရှိတယ်။ စေတနာရှင်တွေ ကိုယ်တိုင် သွားလှူလို့ရတယ်အမိန့်ထွက်ပြီးတော့ သိပ်မပြောတော့ဘူး … သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့က ထုတ်တဲ့အမိန်လေ … သွားလာရေး ခက်ခဲ့တဲ့နေရာတွေကိုသွားနိုင်ရင် ပိုမိုကောင်းမွန်ပါတယ်၊ ပုဂ္ဂလိကအလှူရှင်များ မိမိသဘောနဲ့မိမိ ကြိုက်သလိုလှူဒါန်းနိုင်ပါတယ်လို့ အမိန့်မှာပါတယ်။

အဲဒိအမိန့်ထွက်ပြီးမှ တရုတ်တန်းက ကုန်သည်များအဖွဲ့၊ မဂိုလမ်းက ရွှေဆိုင်တွေတွေပါ အကူကိစ္စ လုပ်လာကြတယ်။ သူတို့တွေဝင်လာတော့ ဒုက္ခသည်တွေလည်း ပိုရတာပေါ့။ သူတို့တွေ ချောင်ကျတဲ့ နေရာတွေကို မသွားနိုင်လည်း ကျနော်တို့အဖွဲ့က ယူသွားပေးတယ်။ ဥပမာ - ဘိုကလေးမြို့ ဆိုပါတော့၊ အလှူရှင်တွေက မြို့ပေါ်မှာထားခဲ့ … ကျနော်တို့သရုပ်ဆောင်တွေက ရွာတွေဆီယူသွားပေးပေါ့။ ကျနော်တို့ အဖွဲ့မှာ ၀ိုင်းကူလုပ်နေတဲ့လူ ၄၂၀ ရှိတယ်။ ထိရောက်မှုရှိအောင် အဖွဲ့တွေခွဲပြီး လုပ်ကြတယ်။

မေး။ ။ တနေ့က မြန်မာ့အလင်းမှာ လူတွေကို ဖားရှာ၊ ငါးရှာစား … နောက်နှစ်ဆို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စပါးတွေရွှေရောင်းသန်းပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ စည်ပင်တော့မယ်လို့ ရေးထားတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား ခင်ဗျ။

ဖြေ။ ။ အဲဒီအိပ်မက်ကလေးကောင်းသားပဲလို့ ကျနော်ပြောချင်တယ် … ဟဲဟဲဟဲ … ဖားရှာ၊ ငါးရှာ ရှာလို့ရမလားတော့ မသိဘူး … ဧရာဝတီမြစ်ကြီးနဲ့ ဘိုကလေးမြစ်ဆိုရင် ရေအရောင်ကို နာမည်ပေးထားတယ်၊ နာဂစ်ကာလာလို့။ ဘာလဲဆိုတော့ ဖြူဖြဲဖြဲ အရောင်ကြီး၊ အဲဒီအရောင်ကြီးနဲ့ လူနဲ့ ကျွဲ နွားအလောင်းတွေက အများကြီး … နာဂစ်ရနံ့ဆိုတာရှိသေးတယ် … အဲဒီညှီနံ့ကြီးက ပြန်လာရင်ပါလာတာပဲ၊ ဘယ်သူမှမခံနိုင်ဘူး အန်တယ်။ ဒီတော့ အဲဒီလိုနေရာတွေမှာ ဘယ်လိုလုပ်ပြီး ငါးရှာ၊ ဖားရှာမှာလဲဗျာ … ငါးဖမ်းမယ့်အစား အလောင်းတွေဖဲ့စားမှ ရတော့မယ်။

မေး။ ။ အလောင်းကိစ္စကို မေးချင်သေးတယ်။ အခုထိ အလောင်းတွေကို သင်္ဂြီုဟ်လို့ မပြီးသေးဘူးလား ခင်ဗျ။

ဖြေ။ ။ ကောက်ကို မကောက်နိုင်သေးတာ။ ၂၈ ရက်နေ့ ဘိုကလေးကပြန်လာတယ်။ ရွာ ၅ ရွာကို သွားခဲ့တယ်။ အဲဒီ ၅ ရွာမှာ ဗီဒီယို၊ ဓာတ်ပုံ မရိုက်နိုင်တော့ဘူး … အလောင်းတွေများလွန်းလို့။ အနည်းဆုံး အလောင်း ၄၀ လောက် တွေခဲ့တယ်။ အဲဒါတောင် ဟိုးအစွန်ပိုင်းကအလောင်းတွေကို ကောက်ပြီးတော့ မီးရှို့လိုက်တာ တထောင်ကျော် ရှိတယ် … စေတနာရှင်တွေက မီးစက်ကြီးတွေ အလုံး ၈၀ လောက်သယ်လာပြီး မီးရှို့ပေးတာ။ ကျနော်သိသလောက် အေဇက်ဂျီတို့ ခရစ်ယန်သာသနာပြုအဖွဲ့တို့ကပေါ့။

မေး။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကရင်လူမျိုးတွေအများစုနေကြတယ် … သူတို့တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဘိုကလေးအပိုင်တို့ ဒေးဒရဲအပိုင်တို့မှာ ကရင်ရွာတွေရှိတယ် … အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒီက ကရင်တွေကို သဘောကျတယ်ဗျ။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ ရွာထဲကနေကူမယ့် လူတွေကို ခေါ်တယ် … သူတို့ကို ရန်ကုန်ခေါ်လာပြီး ဆရာဝန်တွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ သူ့တို့က ရွာကိုပြန်ပြီး တည်ဆောက်ရေးကို ဦးဆောင်ကြမှာလေ။

အရေးပေါ်လိုအပ်နေတဲ့ အမိုး၊ အကာနဲ့ အစားအသောက်စတဲ့ အကူပစ္စည်းတွေပေးပြီး ဒုတိယအဆင့်အနေနဲ့ ဒီနေ့ကစပြီးတော့ ကန်စွန်း၊ ဟင်းနုနွယ်၊ ချင်ပေါင် မျိုးစေ့တွေပေးတယ်။ ဘယ်မြေမှာမဆိုစိုက်လို့ရအောင်ထည့်တဲ့ မြေသြဇာပေးတယ်၊ သုံးပုံသုံးနည်းကိုလည်း သင်ပေးတယ်။

မေး။ ။ အခုလိုကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်စလို့ရမယ် ထင်ပါသလား။

ဖြေ။ ။ စပါးကတော့ မရနိုင်သေးဘူး။ ဟင်းသီးဟင်းရွက်၊ ဘူးသီး၊ ခ၀ဲသီးလောက်ကတော့ ရနိုင်တယ်။ ဒီနေ့စလုပ်တယ် … ရွာတွေကပါလာတဲ့ ကရင်တွေကို တတ်ကျွမ်းတဲ့လူတွေနဲ့ သင်ပေးတယ်။

မေး။ ။ ကရင်လူမျိုးတွေ တိုင်းရင်သားတွေမို့ အကူအညီမရကြဘူးလို့ ပြောကြတာတွေလည်းရှိတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။ ။ တိုင်းရင်သားမှမဟုတ်ပါဘူး … ဗမာလည်း မရကြပါဘူး … ဘယ်သူမှမရကြတာပါ။ စပါးပြန်စိုက်ဖို့ အချိန်က ၁၅ ရက်ပဲ ရှိတော့တယ်။ အခု ကျနော်တို့က ကုမ္ပဏီကြီးတွေကို မေတ္တာရပ်ခံပြီး လိုက်ညှိနေတာ … ထိုင်းက ပညာရှင်တွေနဲ့လဲ ညှိထားတယ်။ ရွှေကျွဲလို့ခေါ်တဲ့ လက်တွန်းလယ်ထွန်စက်ပေါ့ … အဲဒီကောင်နဲ့ဆိုရင် နေ့ဝက်ကို တဧကပြီးတယ်။ စက်တလုံးကို ကျပ် ၁၄ သိန်းရှိတယ်။ ကျွန်းညိုကြီးတိုက်နယ်ကို အဓိကနေရာအဖြစ် သတ်မှတ်လိုက်တယ်။ အဲဒီမှာ လူဦးရေ ၅၅၁၄ ဦး ရှိတယ် … အဲဒီမှာ အလုပ်လုပ်နိုင်တဲ့ ယောက်ျားဦးရေက ၃၂၀၀ ကျော် ရှိတယ်။ အဲဒီကမြေကြီးတွေကို ထိုင်းက ပညာရှင်တွေနဲ့ပြင်ကြည့်တော့ ရတယ်။ သံဘီးတပ်တဲ့ ရွှေကျွဲ ၁၈ လုံးလောက်ရှိရင် အလုပ်စလုပ်လို့ရပြီ။ အခုအလှူခံထားတာ ၁၀ လုံးရပြီ၊ နောက် ၈ လုံးလိုသေးတယ်။

မေး။ ။ အိမ်နီးချင်းနိုင်ငံတွေက ကျန်းမာရေးအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေ လာကြတယ်။ သူတို့တွေကော အဲဒီနေရာတွေကို ရောက်ကြရဲ့လား။

ဖြေ။ ။ တခြားနိုင်ငံတွေကတော့မရောက်ဘူး။ ကျနော်တို့နဲ့အတူ ထိုင်းက အမျိုးသမီးတယောက်လိုက်လာပြီး မြေကြီးတွေ လေ့လာတာတော့ရှိတယ်။ မနေ့ကပြန်သွားတယ် … စနေနေ့ ပြန်လာမယ်။ သူပြန်လာရင်တော့ သိရမယ် ဒီမြေကြီးကို ၁၅ ရက်အတွင်း စပါးစိုက်လို့ ရ မရကို။

မေး။ ။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အထက်ပိုင်းကကော ဘယ်လိုအကူအညီတွေရပါသလဲ ခင်ဗျ။

ဖြေ။ ။ ရောက်လာတယ် … အများကြီးပဲ။ ဥပမာ - နမ္မတီး၊ မြစ်ကြီးနား၊ လားရှိုး ဘက်ကဆို ၁၀ ဘီး ကားကြီးတွေနဲ့ လာတာ။ ဆီတွေဆိုရင် ပေပါ ၂၀၀ တို့ … အခုနောက်ပိုင်း ဆင်းလာတယ်။ လားရှိုးက ဆင်းလာတဲ့အဖွဲ့ဆိုရင် ခရစ်ယာန် သာသနာပြုအဖွဲ့နဲ့ ပေါင်းပြီး ဆင်းလာတာ ၁၀ ဘီးကား ၁၀ စီးနဲ့။ အခုနပဲ သွားကြိုလာတာ … ရှမ်းလူမျိုးတွေ။

မေး။ ။ ရန်ကုန်မြို့အခြေအနေကိုလည်း ပြောပြပါဦး။

ဖြေ။ ။ အဲဒီနေရာတွေကိုလည်း သွားနေရတာပါပဲ။ ဒီနေ့မနက်ဆိုရင် ဒလ၊ ကွမ်းခြံကုန်းနဲ့ ကြည့်မြင်တိုင် တဘက်ကမ်းက ညောင်ဝိုင်းကို ကျနော်တို့အဖွဲ့တွေ သွားကြတယ်။ အဲဒီနေရာတွေက မြစ်ဝကျွန်းပေါ်လောက် ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ ဒါပေမယ့် အိမ်တွေပြိုသွားတယ်၊ အဲဒီလူတွေကိုလည်း လှူရတာပေါ့။ အဲဒီကလူတွေက မြစ်ဝကျွန်းပေါ်လောက်တော့ စိတ်ပိုင်းဆိုင်ရာ မထိခိုက်ဘူး။

မေး။ ။ ပြည်ပကလူတွေကိုရော ကိုဇာဂနာ ဘာပြောချင်သေးလဲ။

ဖြေ။ ။ ကျနော်တို့ မတတ်နိုင်တဲ့အတိုင်းအတာတွေ ရှိပါတယ်။ အပြင်ကလူတွေ လုပ်ပေးလို့ ရနိုင်တာတွေကတော့ ပျက်စီးသွားတဲ့ရွာတွေ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့အတွက်ပါ။ ဥပမာ - ဆူနာမီ တုံးကဆိုရင် ထိုင်းနိုင်ငံမှာ ပညာရှင်တွေ ချက်ချင်းရောက်လာတယ်။ ပြီးတော့ အိမ်တွေကို ချက်ချင်း ဆောက်ပေးလိုက်နိုင်တယ် … အဲဒီလိုမျိုး ကျနော်တို့ မတတ်နိုင်ဘူး၊ အဲဒီလောက်လည်း မချမ်းသာဘူး။ ဘီလ်ဂိတ်လိုလူမျိုးကလည်း လှူတယ်ဆိုပြီးတော့ ဘယ်လိုလူတွေကို ဘာတွေလုပ်ပေးနေသလဲဆိုတာ စဉ်းစားလို့ကို မတတ်ဘူး။

အိမ်တလုံးဆောက်ဖို့ ဘယ်လောက်မှလည်း မကုန်ပါဘူး … အဲဒီလိုအိမ်လေးတွေများ နိုင်ငံတကာက ရွာတွေမှာ လာဆောက်ပေးနိုင်မယ်ဆိုရင် … …။

ယူအန်ကိုတော့ မကျေနပ်ဘူး။ ကျနော်တို့ပြည်သူတွေအတွက် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်လို့။ အခု ဘိုကလေးမှာ ကျနော်တို့ရောက်တဲ့ ရွာတွေရှိတယ်ဗျာ၊ ကိုဝေဠုကျော်တို့ရောက်တဲ့ လပ္ပတ္တာကရွာတွေ၊ ကျနော်တို့လူတွေရောက်တဲ့ ငပုတောကရွာတွေ … ကျနော်တို့မှာ မြေပုံတွေရှိပါတယ်၊ အဲဒီနေရာတွေကို ယူအန်က တယောက်မှ မရောက်သေးဘူးဗျာ။ ယူအန်ဖြစ်ဖြစ် … တခြား အန်ဂျီအိုဖြစ်ဖြစ် … သူတို့တွေက အစိုးရ ငြိုငြင်မှာကို ကြောက်နေတယ် … အဲဒါကို ကျနော်ကမကြိုက်တာ။ ဒုက္ခသည်ကိုကူညီမှာ ဘာလို့ ငြိုငြင်တာ မခံရဲရတာလဲ။ မသွားရဘူးပြောလည်း သွားပေါ့ဗျာ ဘာဖြစ်လည်း။ ဒါမှမဟုတ် သွားလာနေတဲ့လူတွေကို အကူအညီပေးပေါ့။ ကျနော်တို့လို အလားသဏ္ဍန်တူ သွားနေတဲ့အဖွဲ့ ၄၊ ၅ ဖွဲ့ လောက်ရှိတယ်။ အဲဒါတွေကိုလည်း အကူအညီမပေးဘူး … မယက ရုံးထဲကို ပစ္စည်းတွေ သွားပို့နေတော့ ဘာသွားလုပ်မလဲ။

မေး။ ။ လူတွေ တောင်းစားတယ်ဆိုတဲ့ကိစ္စကကော ခင်ဗျ။

ဖြေ။ ။ တကယ်တမ်းပြောရရင် ငတ်တော့လည်း တောင်းစားမိမှာပေါ့ဗျာ … ဟုတ်တယ်မလား။ ကုန်းခြံကုန်းလမ်းမှာ အစားအသောက်တွေပေးကြပါနဲ့ တကယ်ငတ်မွတ်နေကြတာကိုး … တောင်းမှာပေါ့၊ သိပ်ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်ပါဘူး … ဘီစကစ်တွေ ကားပေါ်ကပစ်ချလို့ လမ်းဘေးမှာလူးလှိမ့်ပြီး လုနေတာတော့မရှိပါဘူး … ကားတိုက်ပြီး သေကုန်မှာပေါ့။

မေး။ ။ အမေရိကန်က ပြောနေတုန်းရှိသေးတယ်၊ တချို့နေရာတွေကို သူတို့ရဲ့ ရေပေါ်၊ မြေပေါ်မှာသွားလို့ရတဲ့ ရှပ်ပြေးမော်တော်လေးတွေနဲ့မှ အလုပ်ဖြစ်မယ်၊ ကူညီချင်ပါတယ်လို့ တဲ့။ အဲဒီအကူအညီက အခုလို တလပြည့်လာတဲ့ကာလမှာ လိုအပ်သေးတယ်လို့ ထင်သလား ခင်ဗျ။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ လိုအပ်တယ် … ဒုက္ခသည်တွေက သူတို့ကို အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်က သင်္ဘောကြီးတွေ သူတို့ကိုလာကူညီနေကြပါပြီဆိုပြီး အရမ်းဝမ်းသာနေကြတာ … ကျနော်တို့က ရေဒီယိုလည်း ပေးတယ်လေ … ခင်ဗျားတို့ ကမ္ဘာနဲ့ အဆက်မပြတ်အောင် နားထောင်ကြပါလို့ … သတင်းတွေနားထောင်ပြီး တအားပျော်ကြတာ၊ အခုလို မလာတော့ဘူးလိုလိုဖြစ်တော့ သူတို့တွေအရမ်းခံစားရတာ။ ကျုပ်တို့ကို မကယ်တော့ဘူးလား၊ ဒီအတိုင်းပစ်ထားတော့မှာလား၊ ဒီကျွန်းပေါ်မှာ သေမယ့်ရက်ကို ထိုင်စောင့်နေရမှာလားလို့ အော်ကြတာ။ တယောက်တည်း၊ နှစ်ယောက်တည်းက ပြောတာမဟုတ်ဘူး။ အဘိုးကြီး၊ အဘွားကြီးတွေ၊ ကလေးတွေပါ ပြောကြတာ။

....................................................................................................................................

မုန်တိုင်းမတိုင်မှီပုံနှင့်...နာဂစ်သယ်ဆောင်သွားသောအိမ်များကိုအပေါ်မှတွေ့ရပုံ






ဘယ်သူမှလာမကူရင်ဖါးဖမ်းစားကြ...။ဒါဘဲ.....။ Just eat frogs..that is..,


Rangoon - The military junta began evicting destitute families from cyclone relief centres on Friday and rejected foreign food aid - because people can survive perfectly well by hunting "large, edible frogs."

The New Light of Myanmar "newspaper", a government mouthpiece, also warned that foreign relief workers would snoop inside homes, and condemned donors for linking aid money to full access to the hardest-hit regions in the Irrawaddy Delta.


The tirade came as the junta tightened its political grip on the country, extending democracy leader Aung San Suu Kyi's house arrest and announcing that its new constitution has been enacted.


The regime says the charter will pave the way for democratic elections in two years, but dissidents say it will enshrine military rule in a country ruled by generals since 1962.


"It is better that they move to their homes where they are more stable," a government official said at one camp where people had been told to clear out at short notice. "Here, they are relying on donations and it is not stable."


Locals and aid workers said 39 camps in the immediate vicinity of Kyauktan, 30km south of Rangoon, were being cleared as part of a general eviction plan.


"We knew we had to go at some point but we had hoped for more support," 21-year-old trishaw driver Kyaw Moe Thu said as he trudged out of the camp with his five brothers and sisters.


They had been given 20 bamboo poles and some tarpaulins to help rebuild their lives in the Irrawaddy delta, where 134,000 people were left dead or missing by Cyclone Nargis on May 2.


"Right now, we are disappointed," Kyaw Moe Thu said. "We were promised 30 poles by the government. They told us we will get rice each month, but right now we have nothing."


Why would they want rice? wondered the military regime.


After several days of praising the work of the United Nations and charities, the regime's official newspaper renewed its attacks on foreign aid and insisted Burmese could survive without outside help.


"The government and the people are like parents and children," the paper said. "We, all the people, were pleased with the efforts of the government."


"Myanmar (Burmese) people are capable enough of rising from such natural disasters even if they are not provided with international assistance," the newspaper said.


"Myanmar people can easily get fish for dishes by just fishing in the fields and ditches," the paper said. "In the early monsoon, large edible frogs are abundant."


"The people (of the Irrawaddy delta) can survive with self-reliant efforts even if they are not given chocolate bars from (the) international community," it added.


No aid agencies are known to have provided chocolate bars to victims of Cyclone Nargis.


The United Nations estimates that about one million people in the delta are still without emergency aid. (Agencies)

........................................................................................................................................................................
The American defence secretary, Robert Gates, has accused Burma of causing the deaths of tens of thousands of cyclone victims by blocking international aid that could have saved their lives.

Mr Gates said the United States had had ships and aircraft ready to help after the cyclone hit Burma on May the second, but Burma's military rulers had refused to allow them in.

A BBC correspondent in the region says its not clear where Mr Gates came by his estimate of tens of thousands of preventable deaths, but he says the defence secretary's frustration is shared by almost everyone trying to help the cyclone survivors.
...................................................................................................................................................................
SINGAPORE (AP) -- Myanmar's rulers ''have kept their hands in their pockets'' while other countries sought to help cyclone victims, the Pentagon chief said Saturday, branding the military government as ''deaf and dumb'' for obstructing aid efforts.

Despite the dire situation, Defense Secretary Robert Gates said at an international security conference that the U.S. will not force assistance on the country.

He also said the next U.S. administration would maintain a strong commitment to Asia and the rest of the world, no matter what political party won the fall election.

The speech focused heavily on Asia, with subtle calls for China to work more amiably and fairly with other Pacific nations. It was when Gates discussed Myanmar that he was the most emotional.

''We have reached out, frankly, to Myanmar multiple times during this crisis in very direct ways,'' the Pentagon chief said. ''It's not been us that have been deaf and dumb in response to the pleas of the international community, but the government of Myanmar. We have reached out, they have kept their hands in their pockets.''

He said the government's obstruction of international efforts has cost ''tens of thousands of lives.''

U.S., British and French Navy ships off the coast of Myanmar are poised to leave because the government has blocked them from delivering assistance. Gates said the U.S. will not bring in supplies by force without permission of the government and will continue to ''respect the sovereignty'' of Myanmar.

The growing displeasure with the Myanmar government was clear at the conference, coming up in nearly all conversations among leaders. Gates met with his top Pacific commander Saturday to discuss the possible U.S. Navy pullout; a final decision has not been made.

In the speech, Gates said the next U.S. president will inherit the worrisome issue of North Korea's nuclear ambitions but will continue America's commitment to Asia.

While he said he could not make specific policy predictions for the next administration, Gates said there will be ''no change in our drive to temper North Korea's ambitions, a policy not possible without China's valued cooperation.''

Despite the often divergent views of the Republican and Democratic candidates, Gates said he is confident that the strong U.S. ties to Asia will continue regardless of who wins in November.

When a questioner suggested that the U.S. may not have the time, money or energy to maintain interest in Asia, he quoted former President Ford, saying, ''We ought to be able to walk and chew gum at the same time.''

On China, Gates extended a hand while also offering a subtle but somber warning.

Gates noted improved relations with the communist power. He said leaders have begun discussions on issues to ''help us understand one another better and to avoid possible misunderstanding.''

A long-sought direct telephone link between the U.S. and China has been established, and Gates said he used it recently to speak with the defense minister.

Yet Gates took unmistakable jabs without mentioning China by name. For example, he urged greater openness about military modernization in Asia.

In recent annual reports, the Pentagon has criticized China for its massive military buildup, saying its motives and spending are unclear.

''We desire to work with every country in Asia to deepen our understanding of their military and defense finances, and to do so on a reciprocal basis,'' Gates said.

Lack of such clarity, Gates said, can lead to outright suspicion.

In response, the top ranking Chinese official at the forum took aim at U.S. missile defense policies -- which include plans for anti-missile defenses with Japan, as well as the deployment of missile defense sites in Poland and the Czech Republic.

Lt. Gen. Ma Xiaotian, deputy chief of the General Staff for the People's Liberation Army, said developing such an offensive -- rather than purely defensive -- system could tip the balance of power and threaten peace.

''We do not support either side to take the initiative to break the balance,'' he said. He also dismissed claims that China's military is dramatically expanding.

Gates' next stops were in Thailand and South Korea

.................................................................................................................................................................