Tuesday, June 3, 2008

သူတိုကတွေကျတော့လည်းသဘောထားကြီးတတ်ရန်ပကော...

Clinton says she's open to being Obama's VP
WASHINGTON - Hillary Rodham Clinton has told congressional colleagues she would be open to becoming Barack Obama's vice presidential nominee, saying she would consider it if it would help Democrats win the White House. Clinton, a New York senator, made the comment on a conference call with other New York lawmakers Tuesday, according a participant on the call.

The senator's remarks came in response to a question from Democratic Rep. Nydia Velazquez who said she believed the best way for Obama to win over key voting blocs, including Hispanics, would be for him to choose Clinton as his running mate.

"I am open to it," Clinton replied, if it would help the party's prospects in November.

THIS IS A BREAKING NEWS UPDATE. Check back soon for further information. AP's earlier story is below.

WASHINGTON (AP) — Hillary Rodham Clinton will concede Tuesday night that Barack Obama has the delegates to secure the Democratic nomination, campaign officials said, effectively ending her bid to be the nation's first female president.

The former first lady was not ready to formally suspend or end her race in a speech Tuesday night in New York City. But if Obama gets to the magic number of delegates, 2,118, she was prepared to acknowledge that milestone, according to aides who declined to be identified.

Obama effectively secured the magic number Tuesday, based on a tally of pledged delegates, superdelegates who have declared their preference, and another 15 superdelegates who have confirmed their intentions to The Associated Press.

It also included delegates Obama was guaranteed as long as he gained 30 percent of the vote in South Dakota and Montana later in the day.

On NBC's "Today Show," Clinton campaign chairman Terry McAuliffe said that once Obama gets the majority of convention delegates, "I think Hillary Clinton will congratulate him and call him the nominee."

She will pledge to continue to speak out on issues like health care. But for all intents and purposes, the two senior officials said, the campaign is over.

Most campaign staff will be let go and will be paid through June 15, said the officials who spoke on condition of anonymity because they were not authorized to divulge her plans.

The advisers said Clinton has made a strategic decision to not formally end her campaign, giving her leverage to negotiate with Obama on various matters including a possible vice presidential nomination for her. She also wants to press him on issues he should focus on in the fall, such as health care.

Universal health care, Clinton's signature issue as first lady in the 1990s, was a point of dispute between Obama and the New York senator during their epic nomination fight.

Clinton was at home in Chappaqua, N.Y., with her husband, former President Clinton and daughter Chelsea. She was placing calls to friends and supporters and working on a final draft of her speech. She was also resting her voice, which was nearly shot after days of nonstop campaigning.

In a formal statement, the campaign made clear the limits of how far she would go in Tuesday night's speech. "Senator Clinton will not concede the nomination," the statement said.

Clinton field hands who worked in key battlegrounds said they were told to stand down, without pay, and await instructions. Speaking not for attribution because they didn't want to jeopardize their jobs searches, many said they were peddling resumes, returning to their hometowns or seeking out former employers.

Clinton officials have said they would not contest the seating of Michigan delegates at the convention in Denver this August. The campaign was angry this past weekend when a Democratic National Committee panel awarded Obama delegates it thought Clinton deserved.


ဘုရားပေါ်မှာ

Photobucket

ဒီနေ့မြန်မာသတင်းများ(အင်္ဂါနေ့)

လေဘေးရန်ပုံငွေ ဗီဒီယိုကားများ ရိုက်ကူးမည်

ကွမ်းခြံကုန်း ကားလမ်းပေါ်တွင် သရုပ်ဆောင် လင်းဇာနည်ဇော် လေဘေးဒုက္ခသည်များကို သွားရောက် ကူညီနေပုံ အဆိုပါ ရန်ပုံငွေ ဇာတ်လမ်းများကို နာမည်ကျော်ဒါရိုက်တာများဖြစ်ကြသည့် မိုက်တီး၊ မီးပွား၊ မောင်သီ၊ ကျော်ဇောလင်း၊ ညီညီအောင် (ညွန့်မြန်မာ) နှင့် ကိုဇော် (အရုဏ်ဦး) တို့က ယနေ့မှစ၍ မေမြို့တွင် ရိုက်ကူးမည် ဖြစ်သည်။

ဟာသသရုပ်ဆောင် ကိုညောင်ညောင်က “သရုပ်ဆောင်တွေက မင်းသား၊ မင်သမီး အကုန်နီးပါး ပါတယ်။ လူမှုရေးကိစ္စ သရုပ်ဆောင်ရတဲ့အတွက်၊ သရုပ်ဆောင် အများစုအနေနဲ့ အခုလိုစုပေါင်းပြီး ငွေရှာပေးရတာ၊ ကိုယ်လုပ်နိုင်သလောက်လေး ထိထိရောက်ရောက် ဖြစ်သွားတယ်ဆိုရင်ပဲ ၀မ်းသာပါတယ်” ဟု ဧရာဝတီကို ပြောသည်။

လွန်ခဲ့သည့်လဆန်းပိုင်းမှစ၍ လေဘေးဒုက္ခသည်များအား အနုပညာရှင်များစုပေါင်းကာ သွားရောက်တွေ့ဆုံခြင်း၊ အားပေး စကား ပြောခြင်းနှင့် အကူပစ္စည်း သွားရောက်ပေးအပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်ခဲ့ကြရာ သရုပ်ဆောင် ညောင်ညောင် လည်း ပါဝင်ခဲ့သည်။

အဆိုပါ ရန်ပုံငွေဗီဒီယိုဇာတ်လမ်းများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ငွေကြေးစိုက်ထုတ်ကာ ရိုက်ကူးထားမည်ဖြစ်ပြီး ဗီဒီယိုရိုက်သည့်ကာလကို အကြမ်းဖျင်း ၁၀ ရက် သတ်မှတ်ထားသည်ဟု ရုပ်ရှင်လောကသားတဦးက ပြောသည်။

၎င်းဗီဒီယိုဇာတ်ကားများမှ ရရှိလာမည့် အကျိုးအမြတ်ကို ကူညီရာ၌ လေဘေးဒုက္ခသည်များအား ငွေကြေးကူညီသည်ထက် လတ်တလော လိုအပ်နေသည့် စိုက်ပျိုးရေးကိရိယာများကို ဖြည့်ဆည်းရန် စီစဉ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“သရုပ်ဆောင်ကြေးက ကျနော်တို့ ဇာတ်ပို့ ဇာတ်ရံတွေကို အနည်းအကျဉ်းညီတူညီမျှ ထုတ်ပေးတယ်၊ မင်းသား မင်းသမီးက မယူကြပါဘူး။ စီးပွားဖြစ်ရိုက်တာ မဟုတ်ဘူး” ဟု ကိုညောင်ညောင်က ဆက်ပြောသည်။

သရုပ်ဆောင် Example ထွန်းထွန်းက “ကျနော်က ဒါရိုက်တာ မောင်သီရိုက်မယ့် ‘ကောလာဟလ’ ဇာတ်ကားမှာပါ။ လေဘေးဒဏ်ခံခဲ့ရသူတွေ တကယ်ဒုက္ခရောက်နေကြတယ်။ တတ်အားသရွေ့ ကူညီကြပါလို့ ပြောချင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဒါရိုက်တာ မောင်သီ ရိုက်ကူးမည့် ‘ကောလာဟလ’ ဗီဒီယိုဇာတ်လမ်းတွင် သရုပ်ဆောင် ခန့်စည်သူနှင့် စိုးမြတ်သူဇာတို့ ပါဝင်သရုပ်ဆောင်ကြကြောင်းလည်း သိရသည်

...................................................................................................
လေဘေးဒုက္ခသည် တသန်းကျော် အရေးပေါ် အကူအညီ မရသေး
မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထု
၂.၄ သန်းကျော်တို့အတွက် အခြေခံအကူ
အညီတွေကို လုံလုံလောက်လောက်နဲ့
အဆက်မပြတ် ပေးအပ်နိုင်မှုဟာ စိုးရိမ် ဖွယ်ကောင်းလောက်အောင် လျော့နည်း
နေသေးပြီး လူတသန်းကျော်ဟာ အခြေခံ လိုအပ်ချက်တွေကို ခုချိန်ထိ မရကြသေး
ဘူးလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ မြန်မာအစိုးရကတော့ အကူအညီတွေကို မုန်တိုင်းသင့်လူထုဆီ အဆက်မပြတ်
ပေးပို့နေတယ်လို့ နေ့စဉ်သတင်းစာတွေ
မှာ ဖော်ပြနေသလို ပြန်လည်တည်
ဆောက်ရေးနဲ့ ပြန်လည်နေရာချထားရေးတွေ လုပ်နေတာကိုလည်း ရေးသားနေပါ
တယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်
သိန်းက တင်ပြပေးထားပါတယ်။

ဒီကနေ့အချိန်ထိဆိုရင် မုန်တိုင်းဒဏ်သင့်လူထု စုစုပေါင်း ၁.၃ သန်းတို့အတွက် ကုလ
သမဂ္ဂ အပါအ၀င် အဖွဲ့အစည်းအသီးက အထောက်အပံ့တွေ ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပေ
မယ့် အရေးကြီးတဲ့အချက်ကတော့ ဒီလူအများစုကို အကူအညီတွေ ဆက်တိုက်ပေးနေ နိုင်တာမဟုတ်သလို တချို့ပေးတဲ့ အကူအညီတွေဟာ လိုအပ်တာထက် အများကြီး လျော့နည်းနေတယ်လို့ ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အကူအညီတွေ လုံလောက်မှုမရှိတာ၊ အဆက်မပြတ် မပေးနိုင်တာတွေဟာ စိုးရိမ်ဖွယ် ဖြစ်နေပါသေးတယ်။ ဒါ့အပြင် မြန်မာအစိုးရက သူ့လူထုကို ဘယ်လိုကူညီထောက်ပံ့နေ
တယ်ဆိုတဲ့ အပေါ်မှာလည်း ရှင်းရှင်းလင်းလင်းမရှိဘူးလို့ ဆိုထားပါတယ်။

တဖက်မှာတော့ နိုင်ငံတကာကပေးအပ်တဲ့ အကူအညီတွေဟာ မြန်မာနိုင်ငံထဲကို
ချောချောမွေ့မွေ့နဲ့ အဆက်မပြတ်ဝင်ရောက်နေပြီး မုန်တိုင်းသင့်လူထုဆီ အချိန်မဆိုင်း ပေးပို့နေတယ်လို့ အစိုးရသတင်းစာတွေမှာ နေ့စဉ်လို ဖော်ပြနေပါတယ်။ အကူအညီ
တွေ အလုံးအရင်းနဲ့ အဆက်မပြတ် ချောချောမွေ့မွေ့ ၀င်ရောက်နေတယ်ဆိုတာကို
ကုလသမဂ္ဂက သဘောတူပေမယ့် အကူအညီတွေ လိုအပ်နေသူဟာ အမြောက်အများ
ကို ကျန်နေပါသေးတယ်လို့ ပြောပါတယ်။

ရစ်ချတ် ဟော်ဆေး (Richard Horsey) ဟာ ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာ ဘန်ကောက်အခြေစိုက်ရုံး ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး မြန်မာနိုင်ငံ မုန်တိုင်းဒဏ်သင့်
လူထု ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသတွင်းမှာ အနီးကပ်လုပ်ဆောင်နေ
သူပါ။

“အကူအညီတွေကို အရေးတကြီးလိုအပ်နေတဲ့ လူအရေအတွက်ဟာ အများကြီးကို
ရှိနေပါသေးတယ်။ အကူအညီလိုအပ်နေသူအားလုံး မြန်မြန်ဆန်ဆန်နဲ့ အကူအညီတွေ
ရတာမျိုး လိုအပ်တဲ့ အတိုင်းအတာပမာဏကို အကူအညီပေးလုပ်ငန်းတွေ ခုချိန်ထိ မရောက်သေးပါဘူး။” လို့ ရစ်ချတ် ဟော်ဆေးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

အခုလို အကူအညီတွေ မြန်မြန်ဆန်ဆန်နဲ့ လူအားလုံးဆီ မရောက်နိုင်ဖြစ်နေရတဲ့ အတားအဆီးတွေထဲမှာ နိုင်ငံတကာက ကူညီကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ မုန်တိုင်းဒဏ်သင့်ဒေသတွေဆီ သွားခွင့်မရခဲ့တာ၊ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ
အချိန်မီမရခဲ့တာတွေလည်းပါတယ်လို့ ရစ်ချတ် ဟော်ဆေးက ပြောပါတယ်။

အခုအခါမှာ လုပ်ကိုင်ရတဲ့ အခြေအနေက အရင်ကထက်စာရင် တိုးတက်လာပေမယ့်
ဖြေရှင်းရမယ့် ပြဿနာတွေကလည်း ရှိနေပါသေးတယ်။ လုပ်ငန်းတွေကို နှောင့်နှေး
ကြန့်ကြာစေတဲ့ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေ၊ သွားလို့မရအောင် ရေလွှမ်းမိုးနေ
တဲ့ လမ်းတွေကလည်း အဟန့်အတားတွေထဲမှာ အပါအ၀င်ပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကူညီကယ်ဆယ်
ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့၊ မုန်တိုင်းသင့်လူထု တဦးချင်းစီရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆက်ပြီး လုံးပန်းနေရဆဲရှိချိန်မှာ မြန်မာ အာဏာပိုင်တွေကတော့ ကူညီကယ်ဆယ်ရေးအဆင့်ပြီးပြီ၊ ပြန်လည်ထူထောင်ရေးနဲ့ နေရာချထားရေးအဆင့် ရောက်နေပြီ၊ အဲဒီလုပ်ငန်းတွေ အကောင်အထည်ဖော်နေပြီ
ဆိုပြီး အဆက်မပြတ် ပြောဆိုနေဆဲပါ။

ဆားငံရေ၀င်လို့ ပျက်စီးသွားတဲ့ လယ်ယာမြေတွေ ပြန်လည်ထူထောင်ရေးလို အရေး
တကြီး လုပ်ရမယ့်လုပ်ငန်းတွေ ရှိတယ်ဆိုတာ ရစ်ချတ် ဟော်ဆေးက လက်ခံပေမယ့်
ဒါဟာ ကူညီကယ်ဆယ်ရေးအဆင့် ပြီးသွားတာမဟုတ်ပါဘူးတဲ့။

“အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လပေါင်းအတော်ကြာ ဆက်လုပ်နေ
ရဦးမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒါနဲ့အတူ အရေးတကြီး စတင်လုပ်
ဆောင်ရမယ့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တပြိုင်နက်ထဲမှာ လုပ်ဆောင်
သွားရမှာပါ။” လို့ ဆိုပါတယ်။

မုန်တိုင်းဒဏ်သင့်ခဲ့တာ သီတင်းလေးပတ်ပြည့်မြောက်ခဲ့ပေမယ့် ခုချိန်ထိ မုန်တိုင်းသင့် လူထုအားလုံးဆီ အကူအညီတွေ မရောက်သေးတဲ့အပေါ် အားမလိုအားမရဖြစ်တဲ့အသံ
တွေက ကြားနေရပါတယ်။ တကယ်လို့သာ ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်
ခဲ့မယ်ဆိုရင် တလပြည့်ပြီးတဲ့နောက် အခုချိန်ဟာ ပြန်လည်ထူထောင်ရေးအဆင့်ကို ရောက်နေလောက်ပါပြီလို့လည်း ဆိုကြပါတယ်။

ဒါပေမယ့် လောလောဆယ် လက်တွေ့မှာတော့ မုန်တိုင်းသင့်လူထုမှာ စားစရာတောင်
မှ အလုံအလောက် မရှိကြသေးပါဘူး။ မုန်တိုင်းသင့်လူထုအတွက် စားနပ်ရိက္ခာတွေ အဓိကထောက်ပံ့နေတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကဆိုရင် ရန်ပုံငွေ
သာ အချိန်မီမရခဲ့ရင် ဇူလိုင်လလယ်လောက်မှာ ထောက်ပံ့မှုတွေ ပြတ်တောက်သွားနိုင်
တယ်လို့ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန် ကီ-မွန်း (Mr. Ban Ki-moon) နဲ့
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်ပိုင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတာကို ရစ်ချတ်
ဟော်ဆေးက သဘောတူပေမယ့် တခြား နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်ငန်း
လုပ်ဆောင်ရာမှာ ကုလသမဂ္ဂထက် ပိုပြီး အခက်အခဲတွေ့နေရတာကို ထောက်ပြခဲ့
ပါတယ်။

ဒါ့အပြင် မုန်တိုင်းဒဏ်သင့်ဒေသဆီ သွားလာခွင့်မှာ ရှိနေသေးတဲ့ အတားအဆီး အခက် အခဲတွေကြောင့် တိုင်းတာစစ်ဆေးရေးတွေ သေသေချာချာ မလုပ်နိုင်သေးဘဲ ဖြစ်နေ
ရပြီး တကယ့်လိုအပ်ချက်တွေကို တိတိကျကျ မဖော်ထုတ်နိုင်သေးဘဲ ရှိနေရဆဲပါ။

ဒီလိုနှောင့်နှေးမှုတွေကြောင့် အကူအညီတွေ အရေးတကြီးလိုအပ်နေတဲ့ မုန်တိုင်းသင့် လူထုများရာစုကြီးဆီ အကူအညီတွေ အချိန်မီမရောက်ဘူးဆိုရင်ဖြင့် နောက်ဆက်တွဲ ရောဂါဘယဖြစ်ပွားမှုတွေနဲ့အတူ ဘေးအန္တရာယ်တွေကျရောက်ပြီး ဒုတိယအကျော့
အစုအပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပွားလာမှာကို အကူအညီပေးနေတဲ့ ပြည်တွင်းပြည်ပ
အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအားလုံးက စိုးရိမ်ပူပန်နေကြပါတယ်။
..................................................................................
၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီဆိုတာ အဲန်အယ်လ်ဒီ ပယ်ချ
စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်းကို ပြီးခဲ့တဲ့ လူထု ဆန္ဒခံယူပွဲက တဆင့် ထောက်ခံမှု ရရှိခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ပယ်ဖျက် လိုက်သလို ဖြစ်သွားပြီလို့ စစ်အစိုးရ သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

၉၀ ခုနှစ်ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲ့ ရလဒ်ဟာ ပျက်ပြယ် သွားတဲ့ အကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာပါ။

သတင်းစာထဲမှာ ဒေါ်အောင်ဆန်းစုကြည် နံမည်နဲ့ NLD နံမည်တွေကို ဖော်ပြထားခြင်း မရှိပေမယ့် အတိုက်အခံတွေ အနေနဲ့ အုပ်ချုပ်ပိုင်ခွင့် အာဏာရဖို့ စစ်အစိုးရ ပြောထားတဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၈ ရာခိုင်နှုန်း မဲပေးခဲ့တဲ့ အထဲက ၉၂ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ မူကြမ်းကို ထောက်ခံခဲ့တယ်လို့ စစ်အစိုးရက ပြောပေမယ့် NLD ကတော့ ဒီရလဒ်ကို ပယ်ချထားပါတယ်။

...........................................................................


ဒုက္ခသည်များကို အာဏာပိုင်များ ဆက်လက်၍ နှင်ထုတ်နေ

ဝိုင်းပီး
အင်္ဂါနေ့၊ ဇွန်လ 03 2008 22:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ဒုက္ခသည် အများအပြားကို နေရပ်ဒေသများသို့ ပြန်ရန် ဒေသအာဏာပိုင်များက ဆက်လက်၍ အတင်းအဓမ္မ နှင်ထုတ်နေသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ၂၆ ရပ်ကွက်ရှိ ယောက်ဖော်စံငြိမ် ဆွမ်းလောင်းဓမ္မာရုံရှိ ဒုက္ခသည်များကို လုံလောက်သည့် အကူအညီများ ပေးခဲ့ပြီးပြီဟု ဆိုကာ နေရပ်ဌာနေသို့ ပြန်ကြရန် မြို့နယ် မယကမှ မည်သည့် ထောက်ပံ့ကူညီမှုမှ မပေးဘဲ ပြောင်းခိုင်းခဲ့သည်။

ဓမ္မာရုံတွင် ယခင်က ဒုက္ခသည် ရာချီရှိသည့်အနက် ယခုအခါ လူဦးရေ ၂ဝ ခန့်သာ ကျန်ရှိပြီး မနက်ဖြန် နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရမည် ဖြစ်သည်။

ဂေါပကလူကြီးတဦးက “မင်းတို့ကို အစိုးရက လုံလောက်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေ ပေးပြီးပြီ၊ ကိုယ့်နေရပ်ရွာကို ပြန်ကြတော့၊ ဒီလ ၄ ရက်နေ့ နောက်ဆုံးထား ရွှေ့ပါ၊ အခုမပြောင်းကြရင် သက်ဆိုင်ရာ အာဏာပိုင်တွေကိုယ်တိုင် လာရွှေ့ခိုင်းလိမ့်မယ်တဲ့” ဟု ပြန်ပြောပြသည်။

ဓမ္မာရုံတွင် ခိုလှုံခဲ့သည့် ကာလအတွင်း ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ (ယူနီဆက်) နှင့် အစိုးရ မဟုတ်သည့် အဖွဲ့များမှ အစားအသောက်နှင့် ဆေးဝါးများ အကူအညီရရှိကာ အာဏာပိုင်များဘက်မှ မည်သည့် အကူအညီမျှ မပေးခဲ့ဘဲ ယခုလို ပြောဆို၍ ပြောင်းခိုင်းခြင်း ဖြစ်သည်။

ဒေးဒရဲသို့ ပြန်ရတော့မည့် ဒုက္ခသည်တဦးက “ကျမမှာ ပြန်စရာ အိမ်မရှိဘူး။ မြေလည်း အပိုင်မရှိဘူး။ မြေတောင် ငှါးစရာ ပိုက်ဆံလည်း မရှိဘူး။ ဘာမှ မကျန်တော့တဲ့အတွက် ဘယ်လို နေထိုင်ရမယ် ဆိုတာ မစဉ်းစားနိုင်တာ့ဘူး” ဟု ပြောသည်။

အလားတူပင် ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ အထက ၁ ၊ ၂ နှင့် အလက ၁ ၊ ၂ ကျောင်းများတွင် ယာယီနေထိုင်ကြသည့် လေဘေး ဒုက္ခသည်များကို အာဏာပိုင်များက ကျောင်းများ ပြန်လည် ဖွင့်တော့မည် ဖြစ်သဖြင့် ပြန်လည်ပြုပြင်ရန် ဟုဆိုကာ ဒုက္ခသည်များကို ငွေကျပ် ၂ သောင်းနှင့် ဆန် ၅ ပြည်ပေးကာ နေရပ်သို့ အတင်းအဓမ္မ ပြန်ခိုင်းသည်။

အထက ၁ ကျောင်းမှ အမေအိုကြီးက “ရွာကို အတင်းပြန်ခိုင်းတယ်။ မပြန်ရဲတော့ဘူး။ လေမုန်တိုင်းကို ကြောက်တယ်။ လူတွေလည်း အားလုံးနီးပါး သေကုန်ပြီ။ အိမ်ယာလည်း မရှိတော့ဘူးတဲ့” ဟု ဆိုကာ ဆွေမျိုးနီးစပ်ရှိသည့် ဘိုကလေးမြို့သစ်တွင် ဆက်လက် နေထိုင်သည့် အမေအိုနှင့် အပျိုကြီး ၂ ဦးကို ကူညီခဲ့သည့် ဒေသခံတဦးက ပြောသည်။

ဘိုကလေးမြို့နယ်တွင် ဒုက္ခသည်များ ယခင်က နေထိုင်ကြသည့် ကျောင်း ၄ ကျောင်းတွင် ဒုက္ခသည်များကို မည်သည့်အကူအညီမှ မပေးဘဲ နှင်ထုတ်ခဲ့ပြီး၊ အမှတ် ၄ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင်သာ လူဦးရေပေါင်း ၇ဝဝ ကျော် ကျန်ရှိနေသည်ဟု ဒေသခံတဦးက ဆိုသည်။

သူက “အရင်က ဘိုကလေးမှာ ဒုက္ခသည် သောင်းချီနေအောင် ရှိတာ။ အခုတော့ ဖြေးဖြေးချင်း နည်းသွားပြီ။ စခန်းတွေမှာ မရှိတော့ဘူး။ နေရပ် ပြန်တဲ့လူလည်း ပြန်၊ တခြား နေလို့ရမယ့် နေရာတွေမှာ လိုက်ခိုတဲ့လူက ခိုပေါ့။ ပြန်ကုန်ပြီ” ဟု ပြောသည်။

ဒုက္ခသည်များအတွက် အကူအညီများ လုံလောက်မှု ရှိနေပြီဟု ဆိုသော်လည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ကရင်ကျေးရွာများသို့ သွားရောက်သည့် မရမ်း လမ်းတလျှောက်တွင် ရာနဲ့ချီရှိသည့် ဒုက္ခသည်များသည် စေတနာရှင်၊ အလှူရှင်များ အလာကို လမ်းမပေါ်ထွက်ကာ စောင့်မျှော်နေဆဲ ဖြစ်သည်။
...................................................
ကယ်ဆယ်အဖွဲ့များ လာရောက်ရန် ခွင့်ပြုချက်မလို ဟု စစ်တမ်းက ပြသ

ဇာနည်
အင်္ဂါနေ့၊ ဇွန်လ 03 2008 19:38 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အကူအညီများနှင့် ပတ်သက်၍ ကယ်ဆယ်ရေးအဖွဲ့များ လာရောက်ရန် ခွင့်ပြုချက်ကို နအဖ စစ်အစိုးရထံမှ စောင့်ဆိုင်းနေစရာ မလိုကြောင်း မဇ္ဈိမ၏ စစ်တမ်းတရပ်တွင် သဘောထားပေးသူ အများစုက ဖြေဆိုခဲ့သည်။

သဘောထားပေးသူ ၁၁၆၀၄ ဦးမှ ၈၉ ရာခိုင်နှုန်းဖြစ်သော ၁၀၃၃၉ ဦးက နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လေဘေး ဒုက္ခသည်များအတွက် အကူအညီများ ပေးပို့ရာတွင် စစ်အစိုးရ၏ ခွင့်ပြုချက်ကို တောင်းခံရန် မလိုပါဟု သဘောထားပေးခဲ့ကြခြင်း ဖြစ်သည်။ ကျန် ၁၁% ဖြစ်သော ၁၂၆၅ ဦးကမူ ခွင့်ပြုချက် တောင်းခံရန် လိုသည်ဟု ဆိုသည်။

စစ်တမ်းကို မဇ္ဈိမ အင်တာနက် စာမျက်နှာပေါ်တွင် မေလ ၁၇ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ လွှင့်တင်ပြီး သဘောထား တောင်းရာတွင် ကွန်ပြူတာတလုံးလျှင် ၂၄ နာရီအတွင်း စစ်တမ်းတခုကို တကြိမ်သာ မဲပေးနိုင်သည်။

နိုင်ငံတကာမှ အကူအညီပစ္စည်းများ ကယ်ဆယ်ရေး အဖွဲ့များနှင့် ပတ်သက်၍ လက်ခံရယူမှု အပိုင်းတွင် ၉၇% က ပစ္စည်းနှင့်တကွ ကယ်ဆယ်ရေး အဖွဲ့များကိုပါ လက်ခံသင့်သည်ဟု သဘောထားပေးသည်။ ကျန် ၃ % ကမူ ပစ္စည်းများသာ လက်ခံသင့်ကြောင်း သဘောထားပေးသည်။

ဆန္ဒပြုကြသူ ၉၅% က မြန်မာအစိုးရ၏ ခွင့်ပြုချက် မယူဘဲ လေကြောင်းမှ ဒုက္ခသည်များအတွက် အကူအညီများ ပေးပို့ခြင်းသည် လူပေါင်းများစွာ၏ အသက်ကို ကယ်တင်ခြင်း ဖြစ်သည်ဟု သဘောထားပေးကြပြီး ၅% က နိုင်ငံပိုင်နက်ကို ကျူးကျော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာပြည်တွင်းသို့ တယ်လီဖုန်းဖြင့် ခေါ်ဆိုမှု ၅၄ ခုတွင် ရန်ကုန်၊ ဧရာဝတီတိုင်း၊ မန္တလေးနှင့် တောင်ကြီးမြို့မှ ဖုန်းဖြေဆိုသူ ၁၅ ဦးက နိုင်ငံတကာ အကူအညီများကို စိတ်ဝင်တစား မျှော်လင့်နေသည်ဟု ဖြေဆိုကြသော်လည်း ကျန် ၃၉ ဦးမှာ တစုံတရာ ဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ မိမိတို့ ကိုယ်တိုင်လည်း လေဘေးဒဏ်ကြောင့် အိမ်ပျက်စီးသွားရပြီး ဒုက္ခသည်များအပေါ် စာနာထောက်ထားသူများက နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များကို တတ်နိုင်သမျှ အမြန်ဆုံး လာရောက် စေလိုကြောင်း ပြောကြသည်။

“ဒီလိုအဖြစ်မျိုးက တခါမှ မဖြစ်ဖူးတော့ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေ အမှန်တကယ် လိုပါတယ်။ သူတို့ မြန်မြန်လာကြမှ၊ မဟုတ်ရင် တခြား ကပ်ရောဂါတွေဖြစ်လို့ သေကြရမှာတွေ ဖြစ်နေတယ်” ဟု ရန်ကုန် ဒေသခံတဦးက ပြောသွားသည်။

လက်ရှိတွင် နိုင်ငံတကာမှ ကယ်ဆယ်ရေး အဖွဲ့များကို သက်ဆိုင်ရာမှ ၀င်ရောက်ခွင့် ပြုထားသော်လည်း ရောက်လာနှုန်းမှာ နှေးကွေးနေ၍ အဆိုပါ အဖွဲ့များ အမြန်ဆုံး လာရောက်ရန် အလိုရှိနေကြခြင်း ဖြစ်သည်။

“အခု ဟိုင်းကြီးကျွန်း ၀န်းကျင်မှာဆိုရင် ကျွမ်းကျင်သူတွေ အများကြီး လိုအပ်နေပါတယ်။ ကျနော်တို့မှာ ပစ္စည်းတွေ ရှိနေတာတောင် ကျွမ်းကျင်သူတွေ မပါတော့ မလွယ်ပါဘူး။ အခု သူတို့ လုပ်နေတာတွေက အားရစရာ မရှိဘူး။ ဆင်ပါးစပ် နှမ်းပက်နေသလို ဖြစ်နေတယ်။ ဒီပုံအတိုင်း ဆက်သွားနေရင် မလွယ်ဘူး” ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
..............................................................
တရုတ်ဘက်သို့ ဆန်စပါး မရောင်းရန် တိုင်းမှူးက ပိတ်ပင်

မျိုးကြီး
အင်္ဂါနေ့၊ ဇွန်လ 03 2008 18:04 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ မြန်မာ့ဆန်စပါးကို တရုတ်နိုင်ငံဘက်သို့ ရောင်းချခြင်း မပြုလုပ်ရန် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးက မူဆယ်နှင့်နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာဥက္ကဋ္ဌများနှင့် ပြည်သူ့စစ်ခေါင်းဆောင်များကို မေလ ၃၁ ရက်နေ့က ခေါ်ယူပြောကြားလိုက်သည်။

မူဆယ်၊ နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာ ရယက ဥက္ကဋ္ဌများနှင့် ပြည်သူ့စစ်ခေါင်းဆောင်များကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုးမြို့သို့ ဆင့်ခေါ်ကာ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဓိကသူတို့ပြောတာတော့ ဆန်စပါးကိစ္စ။ တဖက်နိုင်ငံကို မှောင်ခိုရောင်းတာတွေ မလုပ်ဖို့ တားမြစ်ဖမ်းဆီးဖို့ပေါ့။ နောက်အခု နာဂစ်မုန်တိုင်း ကြောင့် ဆန်စပါးရှားပါးလာတဲ့ အချိန်မှာ ဆန်စပါးကို အစိုးရဆီ ရောင်းရမယ်။ ဒါကြောင့် အပြင်ထုတ်တာတွေ တားဖို့ကိစ္စတွေ ပြောတယ်” ဟု မူဆယ်မြို့နယ်ရှိ ရယက မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ရမခ တိုင်းမှူး အောင်သန်းထွဋ်ကိုယ်တိုင် မေလ ၂၈ ရက်နေ့က နမ့်ခမ်းမြို့သို့ ရောက်ရှိလာကာ မယက ဥက္ကဋ္ဌ ဦးတင်လှိုင်ကို အမိန့်ချမှတ်ကာ ကျေးရွာရယကများ ပြည်သူ့စစ်များကို လားရှိုးသို့ဆင့်ခေါ်၍ အစည်းအဝေး ပြုလုပ်ခြင်းဖြစ်သည်ဟု နမ့်ခမ်းဒေသခံ နောက်တစ်ဦးက ပြောသည်။

အစည်းအဝေးတွင် တိုင်းမှူးက ယခုနှစ် မိုးစပါး ထွက်ပေါ်ချိန်တွင် တရုတ်ဘက်သို့ ဆန်စပါးတင်ပို့ရောင်းချခြင်း မလုပ်ရန် ပြောကြားခဲ့ပြီး ပြုလုပ် ပါက လူ၊ ထော်လာဂျီ၊ စပါးများကို သိမ်းယူမည့်အပြင် ကုန်ကူးသူကိုလည်း ထောင်ဒဏ် ၁ဝ နှစ်ချမှတ်မည်ဟု ပြောဆိုခဲ့သည်။

ရှမ်းပြည်(မြောက်ပိုင်း)၏ ဆန်စပါးအထွက်အများဆုံး ဒေသတခုဖြစ်သည့် ရွှေလီချိုင့်ဝှမ်းရှိ မဘိန်းမြို့နယ် အတွင်းတွင်လည်း ပြည်နယ်ကုန်သွယ် လယ်ယာဌာနမှ ညွန်ကြားရေးမှူးနှင့် မဘိန်းမြို့နယ် ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များသည် ယနေ့တွင် တွေ့ဆုံကာ အစည်းအဝေးလုပ်မည် ဖြစ်ကြောင်း မဘိန်းမြို့မှ ဆန်ကုန်သည်တဦးက ပြောသည်။

သူက “ဒီနေ့ အစည်းအဝေးလုပ်မယ်။ လားရှိုးက လယ်ယာဒုညွှန်မှူးကိုယ်တိုင် လာတယ်။ ဆန်ကုန်သည်တွေ၊ ဆန်စက်ပိုင်ရှင်တွေကို ခေါ်ထား တာပေါ့” ဟု ပြောသည်။

တရုတ်ဘက်သို့ မြန်မာဘက်မှ နည်းလမ်းမျိုးစုံနှင့် ဆန်စပါးမှောင်ခိုတင်သွင်းမှုကို ယခင်ကလည်း ပိတ်ပင်တားဆီးထားကြောင်းနှင့် တရုတ်ဘက် ဝင်သည့် ဆန်စပါးပမာဏ များစွာမရှိကြောင်း မူဆယ်မှ ကုန်သည်တဦးကလည်း ပြောသည်။

သူက “တရုတ်ဘက်ဝင်တဲ့ ဆန်ကတော့ အကုန် မှောင်ခိုလမ်းကြောင်းက ဝင်တာပဲ။ အရင်ကတည်းက တရားဝင် တင်သွင်းခွင့် မပေးဘူးလေ။ ဗမာဆန်ကို တရုတ်ကတော့ မစားဘူး။ ကြယ်ခေါင်-ရွှေလီ အဲဒီဘက်မှာ နေတဲ့ ဗမာတွေကပဲ ဆန်ကို မှာစားကြတာဆိုတော့ သိပ်များများ ဝင်မယ်လို့ မထင်ဘူး။ ထမင်းဆိုင်တွေနေတဲ့ မိသားစုဝင်တွေလောက်ပဲ မှာစားကြတာ။ အဲဒီဆန်တွေတော့ ဒီလို မှောင်ခိုလမ်းကြောင်းက သယ်နေတာပဲ” ဟု ပြောသည်။

နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး လယ်ယာမြေ၊ မျိုးစပါးနှင့် ကျွဲနွားတိရစ္ဆာန်များ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ဆန်စပါး ရှားပါးမည့် အရိပ်အရောင်များ ပေါ်ပေါက်နေချိန်တွင် ရှမ်းပြည် (မြောက်ပိုင်း)အတွင်း မိုးရာသီစပါး စိုက်ပျိုးရန်အတွက် အာဏာပိုင်များဘက်မှ ဖိအားပေးမှုများ ရှိနေပြီး ဒေသတွင်း ဆန်စပါးအထွက်နှုန်း ကောင်းမွန်သည့် ဆင်းရွှေလီ စပါးမျိုးစေ့များကို မယူမနေရ ရောင်းချပေးနေရာ စပါးမျိုးစေ့များမှာ နှစ်ချို့မျိုးစေ့များ ဖြစ်နေသဖြင့် မူဆယ်နမ့်ခမ်းရှိ ဒေသခံလယ်သမားများ အထူးစိတ်ပျက်နေသည်။

နယ်စပ်ဒေသများတွင် ပြည်ပသို့တင်ပို့သည့် ဆန်စပါး တပိုင်တနိုင် ရောင်းဝယ်ဖောက်ကားမှုများကို ယခုလို ပိတ်ပင်မှုများ ပြုလုပ်နေသော်လည်း စစ်အစိုးရနှင့်ပတ်သက်နေသည့် ကုမ္ပဏီများက ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာသို့ ဆန်တန်ချိန်ပေါင်းများစွာ တင်ပို့ရောင်းချခွင့် ရနေဆဲဖြစ် ကြောင်း သိရသည်။
..................................
လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းများမှ မောင်းထုတ်ခံရ

မုံပီး
အင်္ဂါနေ့၊ ဇွန်လ 03 2008 11:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အရေးပေါ် ကယ်ဆယ်ရေး အဆင့်များ ပြီးဆုံးကြောင်း ပြသလိုသည့် အနေနှင့် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေကြရသည့် လေဘေး ဒုက္ခသည်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်းရှိ ကယ်ဆယ်ရေး စခန်းများမှ ထွက်ခွါရန် စစ်အစိုးရက အတင်းအကြပ် လိုက်လံ မောင်းထုတ်လျက်ရှိကြောင်း ဒေသခံ အကူအညီပေးရေး လုပ်သားများနှင့် လေဘေး ဒုက္ခသည်များက ပြောဆိုသွားပါသည်။

ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့မှ မကြာသေးမီက ပြန်လာခဲ့သော အကူအညီပေးရေး လုပ်သားတဦးကလည်း အလားတူ ပြောဆိုသွားပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံ အာဏာပိုင်များက ဒုက္ခသည်များကို စခန်းအသီးသီးမှ အတင်းအကြပ် မောင်းထုတ်နေပြီး၊ အကူအညီအချို့ ပေးလိုက်မည်ဟုဆိုကာ မိမိတို့ ကျေးရွာများသို့ အတင်းအကြပ် ပြန်ခိုင်းနေကြောင်း သိရသည်။

“ဘုန်းကြီးကျောင်း တကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ သူတို့ ရွာတွေကို ပြန်နေကြတာ တွေ့ရတယ်။ မပြန်ချင်ဘူး ဆိုတဲ့လူတွေကို ကွင်းပြင်ထဲ အတင်းဆွဲထုတ်ပြီး ပစ်ထားလိုက်တယ်” ဟု သူ့အမည်နှင့် သူ့အဖွဲ့အစည်း အမည်ကို ထုတ်ဖေါ် ပြောကြားခြင်း မပြုပါရန် မေတ္တာရပ်ခံချက်ဖြင့် အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောဆိုသွားပါသည်။

အစိုးရက ဒုက္ခသည်များအတွက် ယာယီ ဆောက်လုပ်ပေးထားသည့် စခန်းများမှာ ယခုအခါ ရှင်းလင်းနေပြီး ဒုက္ခသည်များမှာ အစိုးရက အတင်းအကြပ် ပြန်ပို့သဖြင့် မိမိတို့ ကျေးရွာများသို့ ပြန်သွားခဲ့ကြရသည်ဟု ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှ မတ်လ ၃၁ ရက်နေ့က ပြန်လာခဲ့သည့် ရန်ကုန်မြို့သား တဦးက ပြောဆိုပါသည်။

“ဒုက္ခသည်တွေ သူတို့ စခန်းတွေမှာ မရှိတော့ဘူးဗျ၊ အားလုံးကို သူတို့ရွာတွေကို ပြန်ပို့လိုက်ပြီ” ဟု အဆိုပါ ဒေသခံက ပြောသွားပါသည်။

ယခုအခါ အရေးပေါ် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးသွားပြီ ဖြစ်ပြီး ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဖြင့် မြန်မာစစ်အစိုးရက ကြာမြင့်စွာ ကတဲကပင် ကြေညာ ထားခဲ့သည်။

သို့သော် လေဘေး ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ကုလသမဂ္ဂ၊ ဒေသခံ အကူအညီပေးရေး လုပ်သားများနှင့် ဒုက္ခသည်များကမူ အရေးပေါ် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးရန်မှာ အဝေးကြီး လိုသေးသည်ဟု ပြောဆိုကြပါသည်။

နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ မေလအတွင်းက သွားရောက် လည်ပတ် ကြည့်ရှုခဲ့သည့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကမူ “အရေးပေါ် ကယ်ဆယ်ရေး အဆင့်” ကို နောက်ထပ် အနည်းဆုံး ၆ လကြာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများနှင့် တွဲဘက် လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိလာနေပြီ ဖြစ်သော်လည်း နိုင်ငံတကာနှင့် ပြည်တွင်း အကူအညီများ လုံးဝ မရောက်ရှိသေးသည့် ဒေသ အများအပြား ကျန်နေသေးသည်ဟု ဒေသခံ အကူအညီပေးရေး လုပ်သားတဦးက ပြောပါသည်။

“ကျနော်တို့ ကွမ်းခြံကုန်းမှာ ရောက်နေတုံး ရွာသားတချို့ ကျနော်တို့ဆီ ရောက်လာပြီး သူတို့ဆီလဲ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးပါဦးလို့ လာပြောတယ်။ သူတို့ ရွာတွေကို ခုထိ ဘယ်ကမှ ဘာကယ်ဆယ်ရေးပစ္စည်းမှ မရောက်သေးဘူးလို့ ပြောကြတယ်” ဟု အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောသွားပါသည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် အရောက် မသွားနိုင်သည့် ကျေးရွာ အများအပြား ရှိသေးသည်ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။

“လမ်းမရှိလို့ ဒီရွာတွေကို ကားနဲ့ အရောက်သွားဘို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ ရေလမ်းနဲ့ လေကြောင်းကသာ ဒီရွာတွေကို သွားလို့ရမှာ” သူက ထပ်မံ ပြောကြားသွားပါသည်။

သို့သော် ဤဝေးလံ ခေါင်ဖျား ချောင်ကျလှသည့် ကျေးရွာများသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ပိုင် ရဟတ်ယဉ်များဖြင့် ပို့ဆောင်ပေးရန် စီစဉ်ရာတွင်လည်း အစိုးရ၏ လုပ်ထုံးလုပ်နည်းများ ကြိုးနီစနစ်များကြောင့် ကြန့်ကြာရသည်ဟု လွန်ခဲ့သော ရက်သတ္တပတ် ကုန်က မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသများသို့ သွားရောက် ကြည့်ရှုခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Josette Sheeran က ပြောဆိုလိုက်ပါသည်။

ဤအတောအတွင်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများမှ လယ်သမားများကို စစ်အစိုးရက အတင်းအကြပ် လယ်ထဲ ဆင်းခိုင်းနေသည်။ လယ်များမှာ ယခုအထိ ရေလွှမ်းနေဆဲ ဖြစ်ပြီး မုတ်သုန်မိုးကလည်း စတင်ရွာသွန်းနေပြီ ဖြစ်သည်။

“အာဏာပိုင်တွေက တရွာကို ထွန်စက် ၂ စီးပေးမယ်လို့တော့ ပြောတာဘဲ။ ဒါပေမဲ့ ခုထိတော့ တစီးမှ မရသေးဘူး။ အလုပ်စဘို့ သိပ်ခက်ပါတယ်” ဟု မုန်တိုင်းအတွင်း ကျွဲနွားအားလုံး ဆုံးရှုံးခဲ့ရသည့် ကွမ်းခြံကုန်းမှ လယ်သမားတဦးက ပြောသွားပါသည်။

လယ်အလုပ်ဆိုသည်မှာ သူတို့ မက်မောတွယ်တာသောအလုပ်ပင်ဖြစ်ပြီး ယခုကဲ့သို့ အကူအညီလည်း ဘာမှမပေး၊ လယ်လုပ် ကိရိယာလဲ ဘာမှမရှိဘဲနှင့် လယ်ထဲ အတင်း ပြန်ဆင်းခိုင်းခြင်းသည် အဓိပ္ပါယ် ကင်းမဲ့ကြောင်း၊ မုန်တိုင်းအတွင်း မိသားစုများ၊ ရင်းနှီးသော ဆွေမျိုးမိတ်သင်္ဂဟများ ဆုံးရှုံး၍ စိတ်သောက ရောက်နေကြရရှာသည့် ဒုက္ခသည်များကို ထပ်မံ နှိပ်စက်သလိုသာ ဖြစ်နေကြောင်းဖြင့်လည်း အဆိုပါ လယ်သမားကပင် ဆက်လက် ပြောဆိုသွားပါသည်။

“ဒါပေမဲ့ ခုတော့ ကျနော်တို့ လယ်ထဲ ပြန်ဆင်းပြီး အလုပ် ပြန်စရတော့မှာပေါ့” ဟု အဆိုပါ လယ်သမားက ဆိုလိုက်ပါသည်။

ပင်လယ်ဆားငံရေ ဝင်သွားသော လယ်များ အနေဖြင့် မြေဆီမြေနှစ်များ ပျက်စီးသွားပြီး ဆားငံရေများ လျော့ကျမသွားမချင်း၊ ဆားငံရေးများကို ထုတ်မပစ်နိုင်မချင်း ချက်ချင်း အသုံးပြု၍ ရနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ သဘာဝကပ်ဘေး စီမံခန့်ခွဲမှုဌာန နယူးဒေလီအခြေစိုက် အရေးပေါ် အခြေအနေ လေ့လာသုံးသပ်သူ၏ အပြောအရ သိရပါသည်။

“လယ်ထဲမှာ ဆားပါဝင်မှုနှုံး သိပ်မြင့်ပြီး ဆားပေါက်နေလို့ ထွန်ယက် စိုက်ပျိုးဘို့ မဖြစ်နိုင်ပါဘူး၊ ဒီဒေသမှာ ထုတ်လုပ်ရေးကို ထိခိုက်နိုင်ပါတယ်” ဟု (UNDP) ၏ အရေးပေါ် အခြေအနေ လေ့လာသုံးသပ်သူ G. Padmanabham က မဇ္ဈိမသို့ အစောပိုင်းက ပြောဆိုသွားပါသည်။

မြန်မာ အာဏာပိုင်များသည် ဆိုင်ကလုံး မုန်တိုင်းဒုက္ခသည် အားလုံးကို ကယ်ဆယ်ရေး ပစ္စည်းများ အလျင်အမြန်ပင် ပေးအပ်ခဲ့ပြီးပြီ ဖြစ်ပြီး ယခုအခါ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်က စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှလုံခြုံရေး အစည်းအဝေးတွင် မြန်မာ ဒုတိယကာကွယ်ရေးဝန်ကြီး အေးမြင့်က ပြောဆိုသွားပါသည်။

သို့သော် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အခြားနိုင်ငံများမှ ခေါင်းဆောင်များကမူ စစ်အစိုးရ ပြောသည်ကို လက်မခံကြပါ။ မြန်မာအစိုးရကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကျရေး အဆိုပြု တင်ပြရန် မိမိတို့ ပြင်သစ်အစိုးရကို တွန်းအားပေးသွားမည်ဟု ပြင်သစ် ကိုယ်စားလှယ်များက ခြိမ်းခြောက် ပြောဆိုသွားပါသည်။
....................................................
လမ်းပြမြေပုံသည် အပြစ်အနာအဆာ ပြည့်နေဟု အတိုက်အခံများက ပြော

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 03 2008 11:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး လမ်းပြမြေပုံကို သူတို့ ခိုင်ခိုင်မြဲမြဲ ဆက်လက် ဆန့်ကျင်လျက်ပင် ရှိကြောင်းဖြင့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောကြားလိုက်ပါသည်။ အတင်းအကြပ် ရေးဆွဲ အတည်ပြုထားသော 'ဖွဲ့စည်းပုံ ဥပဒေ' ကို သူတို့ ထောက်ခံမည် မဟုတ်ကြောင်းလည်း ဆိုလိုက်ပါသည်။

"ဒီဖွဲ့စည်းပုံက ဒီမိုကရေစီစနစ်ကို သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ဘူးဗျ၊ တလျှောက်လုံး တရားဝင်မှုမှ မရှိဘဲ" ဟု ဒီချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် တခဲနက်ထောက်ခံမဲရရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် ဒီချုပ်ကအတင်းတွယ်ကပ် ဆုပ်ကိုင်ထားည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြည်သူများကလက်မခံတော့ကြောင်း ပြလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရကပြောနေချိန်မှာပင် ဤသို့ (NLD) ၏ ကြေညာချက်ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဆန္ဒခံယူပွဲတွင် စစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုတရပ်လုံးက သောင်းသောင်းဖျဖျထောက်ခံခဲ့ခြင်း က မြန်မာပြည်သူများ အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့်အစိုးရသစ်ကို ကြိုဆိုနေကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရ၏ တနင်္လာနေ့ထုတ် မြန်မာ့အလင်းသတင်းစာ ဆောင်းပါးရှင်က ရေးသားထားပါသည်။

"ဒီချုပ်က ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ပြည်သူများက ဆက်လက်အသိအမှတ် မပြုတော့ကြောင်း ပြသ လိုက်ခြင်းပင် ဖြစ်သည်။ ဤရလဒ်မှာ ခေတ်မမီတော့သောကြောင့် ပြည်သူများကသင်္ချိုင်းတွင် စွန့်ပစ်ခဲ့ကြပြီဖြစ်သည်" ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

မေလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင်ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ၉၈.၁၂% လာရောက်မဲပေးခဲ့ကြ ပြီး ၉၂.၄၈% က ဖွဲ့စည်းပုံအခြခံဥပဒေကို ထောက်ခံဆန္ဒမဲပေးခဲ့ကြသည်ဟု စစ်အစိုးရက သောကြာနေ့ကကြေညာခဲ့သည်။

စစ်အစိုးရကကြေညာထားသော အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံအရ နောက်အဆင့်သည် ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။

ဆန္ဒခံယူပွဲတွင်ပြည်သူများကထောက်ခံခဲ့ခြင်းသည် "၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမည့် အစိုးရသစ်ကိုသာ ပြည်သူများက လိုလားကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်" ဟု အဆိုပါ သတင်းစာဆောင်းပါးက ဆိုထားပါသည်။

သို့သော် (NLD) ကမူ ဤသို့စစ်အစိုးရက မိမိတို့၏အုပ်စိုးမှုပိုမိုခိုင်မာရေးအတွက် ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဇွတ်အတင်းအကြပ် အတည်ပြုလိုက်ခြင်းအတွက် ဝမ်းနည်းရပါကြောင်း ပြောဆိုသွားပါသည်။

"ဒီဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်ခြင်းလဲမရှိဘူး၊ စစ်အစိုးရက သူလိုချင်သလိုလုပ်သွားတာဘဲ" ဟု ဦးဥာဏ်ဝင်းကဆိုပါသည်။ ဤသို့ မဲဆန္ဒရှင်များကို ခြိမ်းခြောက်ခြင်း၊ ဆန္ဒခံယူပွဲတွင် မဲလိမ်မဲခိုးခြင်းဖြင့် အနိုင်ရရှိခြင်းသည်လည်း ဂုဏ်ယူစရာမဟုတ်ပါဟု သူကဆက်လက် ပြောဆိုသွားပါသည်။

အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် (NLD) ပါတီသည် စစ်အစိုးရက ကျင်းပရန်စီစဉ်ထားသည့် ၂ဝ၁ဝ ခုနှစ်အထွေထွေရွေးကော်ပွဲနှင့်စပ်လျဉ်း၍ ထင်မြင်ချက်ပေးရန်ကိုမူ ငြင်းဆန်သွားပါ သည်။

ဤအတောအတွင်း ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP)ကလည်း စစ်အစိုးရ၏ဖွဲ့စည်းပုံဥပဒေကို သူတို့မထောက်ခံကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲ ကိုလည်း သပိတ်မှောက်မည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားသွားခဲ့ပါ သည်။

(CRPP) နှင့်သူတို့၏မဟာမိတ်အဖွဲ့များအနေနှင့် စစ်အစိုးရက အနာဂါတ်အစိုးရအဖွဲ့တွင် မိမိတို့၏အခန်းကဏ္ဍကို ကြိုတင်သတ်မှတ်ပြီးဖြစ်သည့် အတွက် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဦးအေးသာအောင်က မဇ္ဈိမသို့ တနင်္လာနေ့က ပြောကြားသွားခဲ့ပါသည်။

"စစ်အစိုးရက သူတို့လိုချင်တာအကုန်လုံးရထားပြီး အားလုံကိုချုပ်ကိုင်ထားမှတော့ ရွေးကောက်ပွဲမှာဝင်ပြိုင်လဲ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ" ဟု (CRPP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က ပြောသွားပါသည်။

စစ်အစိုးရကကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအနည်းငယ်ကို ပေါ်ထွက်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်သော်လည်း အကန့် အသတ်များနှင့်သာ ဖြစ်လိမ့်မည်ဟု သတင်းရပ်ကွက်များကပြောကြားကြပါသည်။

စစ်အစိုးရ၏အစီအစဉ်အရ စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း (USDA) သည် အင်အား အကြီးဆုံးပါတီ ဖြစ်လာလိမ့်မည်ဟု ရန်ကုန်ရှိ ရဲသတင်းရပ်ကွက်တခုက ဆိုပါသည်။

"ဗိုလ်ချုပ်တွေကိုယ်တိုင် အနီးကပ်စောင့်ကြည့်ပြီး လမ်းညွန်မှုပေးနေတာဗျ" ဟု လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်ရ၍ အမည်မဖေါ်လိုသည့် အဆိုပါ သတင်းရပ်ကွက်က ပြောသွားပါသည်။

ဤဖြစ်စဉ်တရပ်လုံးသည် အပြစ်အနာအဆာများနှင့်ပြည့်နှက်နေပြီး မည်သည့်နည်းနှင့်မျှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမရောက်ရှိနိုင်ကြောင်းဖြင့် ဦးအေးသာအောင်က ဆိုလိုက်ပါသည်။
.....................................................
ဆောင်းပါး Printable View

ဒဏ်ရာရ အဖြူရောင်လေးတွေက … ကျောင်းနေပျော်နိုင်ပါ့မလား …
အေးချမ်းမြေ့ | ဇွန် ၃၊ ၂၀၀၈

ကျောင်းဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ အဖြူအစိမ်းဝတ် နေ့ရက်ကလေးတွေကို ပြန်မြင်ယောင်ရင်း စိတ်က အလိုလို နုပျိုသွားကြမှာပါ။ ကျမဆို သူငယ်တန်း စတက်တဲ့ နေ့ကိုတောင် မှတ်မိနေသေးတယ်။ ကျမကို သိပ်ချစ်တဲ့ မနာယော ဆိုတဲ့ လားဟူအမကြီးတယောက် လက်ဆောင်ပေးခဲ့တဲ့ လွယ်အိတ် စိမ်းကလေးကို လွယ်ရင်း လိုက်ပို့တဲ့ အဖေ့ကို လုံးဝလှည့် မကြည့်ဘဲ ကျောင်းထဲ တန်းတန်းမတ်မတ် ဝင်သွားခဲ့တာ။ ကျောင်းတက်ရဖို့ စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့တာပါ။

ကျမသားကြီး သူငယ်တန်းစတက်တဲ့ နေ့ကိုလည်း မှတ်မိနေသေးတယ်။ ကျောပိုးအိတ်ကလေးကို လွယ်ပြီး လက်ပြ နှုတ်ဆက်နေတဲ့ အဖေနဲ့ အမေကို လုံးဝလှည့်မကြည့်ဘဲ ကျောင်းထဲကိုတန်းတန်းမတ်မတ် ဝင်သွားခဲ့၊ ကျောင်းက သူငယ်ချင်းတွေအကြောင်း ပြောပြလို့ မဝခဲ့တဲ့ သားကြီးရဲ့ သူငယ်တန်းနေ့ရက်တွေကလည်း ဖြစ်မှ ဖြစ်ပါ့မလားလို့ စိတ်ပူခဲ့တဲ့ ကျမကို စိတ်အေးစေခဲ့ရတယ်။

ခု ကျောင်းတွေဖွင့်ပြန်ပြီ…။ ကျောင်းဖွင့်ရာသီမို့ ကျောင်းတွေပြန်ဖွင့်တာ မဆန်းပေမယ့် လောလော လတ်လတ် ဒဏ်ရာ အနာတရတွေ ရခဲ့တဲ့ကျောင်းတွေ၊ အခက်အခဲတွေ တင်းကြမ်းပြည့်နေတဲ့ ကျောင်းသား မိဘတွေနဲ့ ဆရာဆရာမတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ကလေးတွေ..။ ဒါတွေအားလုံး စုစည်းပြီး ကျောင်းဆိုတာကို ဘယ်လို ပုံဖော်မလဲဆိုတာ စဉ်းစားစရာ တော်တော်ကောင်းပါတယ်။

ဧရာဝတီတိုင်းက မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဒေသတွေကလွဲရင် ကျန်တဲ့ဒေသတွေမှာ ဒီနေ့ ကျောင်းတွေ စဖွင့်ပါပြီ။ ရန်ကုန်တိုင်းအတွင်းက ကျောင်းတော်တော်များများမှာ အနည်းဆုံးတော့ အမိုးလန်ခဲ့၊ တချို့ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာပဲ ကွမ်းခြံကုန်းလို၊ တွံတေးလို၊ ကော့မှူးလို ဒေသတွေမှာ ဆိုးဆိုး ရွားရွား ပျက်စီးခဲ့တယ်၊ လူတွေလည်း သေခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာက ရွာလုံးကျွတ်ကို ပျောက်တာတွေ အများကြီးဆိုတော့ အဲဒီထဲမှာ ကျောင်းတွေလည်း အများကြီး ပါသွား ခဲ့မှာပါ။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UNCHO) ကတော့ မြန်မာပြည်ရဲ့ မုန်တိုင်းဒဏ်ခံ ရတဲ့ ဒေသတွေမှာ မူလတန်းကျောင်း ၂၄၀၀ ကျော် ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီလို ပျက်စီးခဲ့တဲ့ အတွက် ကလေး ပေါင်း ၃ သိန်း ၆ သောင်းကျော် ပညာရေး ထိခိုက်မယ်လို့ အဲဒီ ဌာနရဲ့ အစီအရင်ခံစာအရ သိရပါတယ်။

မြန်မာစစ်အစိုးရကတော့ ကျောင်းတွေကို အမြန်ဆုံး ပြန်လည် တည်ဆောက်ပြီး နောက်နှစ်ပတ်မှာ ဖွင့်နိုင်အောင် ကြိုးစား မယ်လို့ ကြေညာထားပါတယ်။ ကျောင်းဆိုတဲ့ အဆောက်အဦးရယ်၊ တက်မယ့် ကလေးတွေရယ်၊ သင်မယ့် ဆရာ ဆရာမရယ် ရှိရင် ဖွင့်လို့ရပြီလို့ ယူဆထားပုံရပါတယ်။

ကျောင်းတွေဖွင့်တာကတော့ ဖွင့်လို့ရမှာပါ။ ကလေးတွေကိုလည်း တက်ချင်သည်ဖြစ်စေ မတက်ချင်သည် ဖြစ်စေ တက်ရ မယ်လို့ အမိန့်နဲ့ တက်ခိုင်းမယ်ဆိုရင် တက်ကြရမှာပါပဲ။ ဒါပေမယ့် ဒီကလေးတွေအားလုံးက သာမန်၊ ပုံမှန် စိတ်အခြေအနေ ရှိနေတဲ့ ကလေးတွေမဟုတ်ကြပါဘူး။ မိဘ ဆွေမျိုးတွေ ရုတ်တရက် ပျောက်ဆုံးသွားရတဲ့ ကလေးတွေ၊ ဆာနေ ငတ်နေတဲ့ ကလေးတွေ၊ အိမ်မရှိတော့တဲ့ နေစရာ အမိုးအကာ ပျောက်ဆုံးခဲ့ရတဲ့ ကလေးတွေ ဖြစ်နေမှာပါ။ လူကြီးတွေတောင် ဘယ်လောက်ခံစားခဲ့ရ၊ ခံစားနေရသလဲ။ သိပ်ကို နုနယ်တဲ့ ကလေးငယ်လေးတွေရဲ့ ရင်ထဲက အနာတရတွေက ပိုပြီး ကြီးမားလိမ့်မယ်လို့ ကျမ ယုံကြည်တယ်။

အမေရိကန်နိုင်ငံမှာ မုန်တိုင်းတွေ ဝင်သွားခဲ့ပြီးနောက်ပိုင်း သဘာဝဘေးဒဏ်အပြီး ကလေးတွေအတွက် စိတ်အင်အားနဲ့ ပတ်သက်လို့ လိုအပ်တဲ့ သင်ခန်းစာတွေထည့်၊ သေသေချာချာ ပြင်ဆင်ပြီးမှ ကျောင်းပြန်ဖွင့်လေ့ရှိတယ် လို့သိရပါတယ်။

“မြန်မှာပြည်မှာကျတော့ ကျောင်းဖွင့်ချိန်မို့လို့ ဖွင့်တယ် ဆိုတာမျိုးဆိုတော့ တကယ့်တကယ်မှာ ကလေးတွေက ဘာမှ အဆင်သင့်မဖြစ်ဘဲ ပိုပြီး ကစဥ့်ကလျားဖြစ်လိမ့်မယ်” လို့ ကထိက ဟောင်း တဦးဖြစ်တဲ့ ဆရာမ မေငြိမ်းက ကျမကိုပြောပြ ပါတယ်။ ဆရာမက RFA ရေဒီယို အစီအစဉ်မှာ မြန်မာပြည် ပညာရေးနဲ့ ပတ်သက်လို့ အပတ်စဉ် သုတေသနပြု တင်ဆက် နေသူ တဦးလည်း ဖြစ်ပါတယ်။

ပတ်ဝန်းကျင်အရကော ကျောင်းစာသင်ခန်းအနေနဲ့ကော။ ဆရာဆရာမတွေကိုယ်တိုင်က စိတ်အနာတရ ဖြစ်နေတာမျိုးရှိ နိုင်တယ်။ စာသင်ခန်းဆိုရင်လည်း အရင်ကတည်းက မြန်မာပြည်ကကျောင်းတွေက ကျောက်သင်ပုန်းနဲ့ မြေဖြူလောက်ပဲ ရှိတာမှာ ခုချိန်မှာကျတော့ ဒီ ကျောက်သင်ပုန်းကိုတောင် သစ်ပင် အောက်မှာ ထောင်ပြီးသင်ရမှာလား၊ ကွင်းပြင်ထဲမှာ သင်ရမှာလား ဆိုတာမျိုး ဖြစ်နိုင်တယ် လို့ ဆရာမက ဆက်ပြောပါတယ်။

“အဲဒီလို အကျိုးဆက်တွေက ကလေးတွေအတွက် စိတ်အားငယ်စေတဲ့ အခင်းအကျင်းတွေ ဖြစ်နေလိမ့်မယ်” လို့ သူက ဆိုပါတယ်။ ကလေးတွေခမျာ စိတ်ဖိစီးမှုဒဏ်ကို အပြင်းအထန် ခံစားနေရစဉ်မှာပဲ သူတို့ စိတ် မဝင်စားနိုင်တဲ့ သင်ခန်းစာ တွေကို သင်ယူဖို့ဆိုတာ လဲနေတဲ့သူကို ထပ်ဖိထောင်းသလို ဖြစ်နေမှာပါ။

လပွတ္တာမြို့နယ်အတွင်းမှာရှိတဲ့ ကန်ညီနောင်၊ ပီတွတ်၊ ချောင်းဝ စတဲ့ ရွာတွေကနေ မနေ့ကမှ ပြန်လာတဲ့ မသန္တာ ကတော့ ကလေးတွေရဲ့ အနေအထားက ကျောင်းပုံမှန်တက်ပြီး စာသင်နိုင်တဲ့ အနေအထား မရှိဘူးလို့ဆိုပါတယ်။ သူတို့လို အလှူ လာလုပ်တဲ့ သူတွေကို ကြောင်ငေးကြည့်နေတဲ့ ကလေးလေးတွေကို မြင်တဲ့အခါမှာ ဘယ်သူမှစိတ်မထိန်းနိုင်ဘဲ ငိုမိကြ တယ်တဲ့။

“မိဘမဲ့တွေများတယ်။ အဲဒီဘက်တွေကို အကူအညီတွေမရောက်တော့ အစားလည်း ပုံမှန်မစားကြရဘူး။ ကလေးတွေကို ကြည့်ရတာ စိတ်မချမ်းသာဘူး။ ကျမတို့အားလုံး မျက်ရည်မကျဘဲ မနေနိုင်ဘူး။ ကျမ အထင်တော့ သူတို့ကို ပုံမှန်အနေ အထားရောက်အောင် ပြန်လုပ်ဖို့ကို ကလေးစိတ်ပညာ တကယ်နားလည် တတ်ကျွမ်းသူ တွေ အများကြီးလိုလိမ့်မယ်” လို့ သူက ကျမကိုပြောပြတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတချို့ကတော့ အဲဒီဒေသတွေဘက်မှာ စာသင်ကျောင်းတွေ ဆောက်ဖို့ အပြင်း အထန် ကြိုးစား နေတယ်လို့ ဆိုပါတယ်။ ကျောင်းတွေ ဆောက်ပြီးရုံ၊ စာသင်ခန်းတွေ ရှိရုံနဲ့တော့ ဒီကလေး တွေအတွက် ပြည့်စုံနိုင်မယ် မထင်ဘူးလို့ သူကဆက်ပြောပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ ကလေးပေါင်း ၁.၁ သန်း ပညာသင်ကြားနိုင်မယ့် ကျောင်းပေါင်း ၄၀၀၀ ကျော် ပျက်စီးသွားရပြီး ဆရာဆရာမပေါင်း အနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) က ပြောပြထားပါတယ်။

ဒီဒေသက မသေဆုံးဘဲ ကျန်နေမယ့် ဆရာ၊ ဆရာမတွေကိုယ်တိုင်ကကော သူတို့ကိုယ် သူတို့ အနိုင်နိုင် ရပ်တည်နေရတဲ့ ဒုက္ခသည်တွေထဲက ဒုက္ခသည်တွေပဲ ဖြစ်နေဖို့များတယ်။ သူတို့တွေက ကလေးတွေ စိတ်အင်အား မြင့်တက်အောင် ပြောဖို့ စနစ်တကျလေ့ကျင့်ထားတဲ့သူတွေ မဟုတ်နိုင်ဘူး။ ဒီတော့ သင်ခန်းစာတွေကိုပဲ ဒီတိုင်း အစဉ်လိုက်သင်သွား မယ်ဆိုရင် ကလေးတွေကလည်း ဒီသင်ခန်းစာတွေ အပေါ်မှာ အာရုံဝင်စားနိုင်ဖို့ မလွယ်ဘူးလို့ ဆရာမမေငြိမ်းက ပြောပါတယ်။

“ပိုဆိုးတာက မြန်မာပြည်မှာ အဆင့်မီတဲ့ မိုဒယ် သင်ရိုးလုံးဝမရှိဘူး။ ဒီတော့ ကျောင်းသင်ခန်းစာထဲကနေ စိတ်အင်အား တိုးပွားစရာမရနိုင်တဲ့အပြင် စိတ် ဖိစီးမှုတခုပဲထပ်တိုးလာမယ်လို့ ကျမတော့ထင်တယ်” လို့ သူက ဆိုတယ်။

ဆရာ ဆရာမတွေကလည်း သူတို့လို စိတ်ဖိစီးမှုမျိုးရှိနေတာ ဖြစ်နေမယ်၊ ပတ်ဝန်းကျင်ကလူတွေကလည်း ဒီလိုမျိုးပဲဖြစ် နေမယ်၊ ပြီးတော့ အဲဒါကိုမှ ထူးပြီးကုစားပေးတာမျိုးမပါဘူး။ သင်ကြားနည်းပုံစံတွေလည်း မရှိ ဘူးဆိုရင် စိတ်ဒဏ်ရာရ နေတဲ့ ကလေးတွေအတွက် သိပ်ကိုအန္တရာယ်ကြီးတယ်လို့ သူက ဆက်ပြော ပါတယ်။

ကက်ထရီးနားမုန်တိုင်း ဖြစ်ပြီးတုန်းကဆိုရင် သူတို့သင်ခန်းစာတွေပြောင်းလိုက်ကြပါတယ်။ ဒီလို သဘာဝ ဘေးဒဏ် ထပ်ကြုံရမယ်ဆိုရင် ဘယ်လိုရင်ဆိုင်ကြမယ် ဆိုတာမျိုးကစပြီး အမူအရာတွေနဲ့ လုပ်ပြရ တာ မျိုးတွေ ပြောင်းလဲပစ်ရ တယ်လို့ ကြားဖူးပါတယ်။

“ကလေးတွေဟာ သိပ်ကြီးမားတဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ ပူဆွေးသောကကို ရင်ဆိုင်ခဲ့ရတာမို့ စိတ်ဒဏ်ရာတွေ ရနေပါတယ်။ ကလေးတွေကို နဂိုအခြေအနေရောက်အောင် ပြန်လည် ပြုစုပေးဖို့ ကျောင်းတွေ အမြန်ဖွင့်ဖို့ လိုအပ်ပါတယ်”လို့ UNICEF ရဲ့ ဒေသဆိုင်ရာ ပညာရေးအကြံပေး တဦးဖြစ်သူ ကလစ်မေယာက ဆိုပါ တယ်။

ကလေးတွေရဲ့ စိတ်ဟာ နဂိုကတည်းကမှ နုနယ်ပြီး အထိခိုက် ခံစားလွယ်တဲ့အတွက် ဒီကလေးတွေအတွက် သီးသန့် ကလေးစိတ်ပညာ ဆိုပြီးတောင် ခွဲထားရတာပါ။ UNICEF က ရစ်ချတ် ဘရစ်ဒယ်က ကလေးတွေ အတွက် ပုံမှန်ကလေး ဘဝကို ရပြီး ကြီးပြင်းသွားစေဖို့အတွက် ကျောင်းတွေကသာ အကောင်းဆုံးနေရာ ဖြစ်တယ်လို့ ဆိုပေမယ့် ဘယ်လိုကျောင်း မျိုးလဲ၊ ဘယ်လို သင်ခန်းစာမျိုးလဲ၊ ဘယ်လို ပတ်ဝန်းကျင်လဲ၊ ဘယ်လို ဆရာဆရာမတွေလဲ ဆိုတဲ့ မေးခွန်းတွေ အများကြီး ပေါ်လာနိုင်ပါတယ်။

တက်ခါစ အညွန့်အတက် ကလေးတွေကို အဆိတ်အဖဲ့ခံလိုက်ရတဲ့ အပင်ငယ်ကလေးတွေလို စိတ်ဒဏ်ရာ ဗရပွနဲ့ ဝမ်းနည်း၊ အားငယ်၊ ညှိုးနွမ်းနေမယ့် ကလေးလေးတွေအတွက် ပြီး ပြီးရော ဆိုတဲ့ ကျောင်း အဆောက်အဦး တွေနဲ့တင် လုံလောက်နိုင် ပါ့မလား။ စီမံကိန်းချပြီး ဒီနေ့ဒီရက်မှာ ဖွင့်ကို ဖွင့်ရမယ် ဆိုရုံနဲ့တင် ကျောင်းဆိုတဲ့ အဓိပ္ပာယ် ပေါ်လွင်နိုင်ပါ့မလား။ ဒီမေးခွန်း တွေအတွက် အဖြေမရှိခင် နောက်နှစ်ပတ်ဆိုရင်ပဲ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ ဒေသတွေမှာ ကျောင်းတွေ ကသုတ်ကရက် ပြန်ဖွင့်ကြ ဦးတော့မှာ။
.......................................................
ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များ ဆန်ပြတ်လပ်မှု ကြုံတွေ့ဖွယ်ရှိ
လိုအပ်တဲ့ရန်ပုံငွေသာ အလျင်အမြန်မရ
ဘူးဆိုရင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်
စခန်းတွေက ဒုက္ခသည်စုစုပေါင်း
၁၄၀,၀၀၀ ကျော်တို့ကို ထောက်ပံ့နေတဲ့ ဆန်အချိုးအစားကို ၅၀% အောက်ထိ လျှော့ချပစ်ရတော့မယ်လို့ ဒုက္ခသည်တွေ
ကို ကူညီထောက်ပံ့နေတဲ့ အဓိကအဖွဲ့
အစည်းတခုက ပြောလိုက်ပါတယ်။ အဲဒီ
အချိုးအစားဟာ လူတယောက် အသက်
ရှင်သန်ဖို့ရာ လိုအပ်တဲ့ အနိမ့်ဆုံး စံသတ်
မှတ်ချက်အောက်ကို လျော့နည်းပါတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို
ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။

၂၀၀၈ ခုနှစ်အတွင်းမှာ ကမ္ဘာတ၀ှမ်း စားကုန်ဈေးနှုန်းတွေ တက်ခဲ့တာကြောင့် ဒုက္ခ သည်တွေကိုထောက်ပံ့ဖို့ လျာထားတဲ့ မူလရန်ပုံငွေပမာဏဟာ မလောက်မငဖြစ်ခဲ့ရ
တယ်လို့ဆိုပြီး အရေးပေါ်ရန်ပုံငွေတွေ အမြန်ဆုံးထောက်ပံ့ကြဖို့ မေတ္တာရပ်ခံပန်ကြား လိုက်တဲ့အဖွဲ့ကတော့ TBBC လို့ခေါ်တဲ့ Thai-Burma Border Consortium ဆိုတဲ့အဖွဲ့
ပါ။ ဒီအဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းကိုးခုမှာ ခိုလှုံနေထိုင်
နေကြရတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူ ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ ကျော်ကို
၂၄ နှစ်ကျော်ကြာ ကူညီထောက်ပံ့လာခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ကမ္ဘာရဲ့ အာရုံစိုက်မှုဟာ အခုချိန်မှာ နာဂစ်ဆိုင်ကလုံးဒဏ်သင့်လူထုပေါ်မှာ ရောက်နေ
ပေမယ့် ဒီဒုက္ခသည်တွေကိုလည်း မေ့ထားလို့မရပါဘူးတဲ့။ တကယ်လို့သာ ဒီဒုက္ခသည်
တွေကို TBBC က စားရေရိက္ခာ အလုံအလောက် မထောက်ပံ့နိုင်ရင် သူတို့တွေ စခန်း
အပြင်ထွက်ပြီး အလုပ်ရှာတာတွေဖြစ်လာမှာမို့ ဖမ်းဆီးခံရမှာ၊ မတရားပြုကျင့်ခံရမှာ၊ အသုံးချခံရမှာတွေအပြင် မြန်မာနိုင်ငံဆီ ပြန်ပို့ခံရမယ့် အန္တရာယ်တွေနဲ့ ကြုံရနိုင်ပါ
တယ်လို့ သတိပေးထားပါတယ်။ ဒီထဲမှာမှ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုး
သမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အန္တရာယ်အကြုံရနိုင်ဆုံးလူတွေ ဖြစ်နေပါတယ်
တဲ့။

အကူအညီပေးဖို့အတွက် အလှူရှင်တွေအားလုံးကို အကြောင်းကြား မေတ္တာရပ်ခံထားပါ
တယ်လို့ TBBC ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဂျက်ခ် ဒန်းဖို့ဒ် (Jack Dunford) ကပြောပါတယ်။

“အမေရိကန်အစိုးရ၊ ကနေဒါ၊ စပိန်နိုင်ငံတို့နဲ့ ပြောဆိုဆွေးနွေးတဲ့ ရလဒ်တွေကို
ကျနော်တို့ စောင့်နေဆဲဖြစ်ပေမယ့် တုံ့ပြန်မှုကတော့ ခုချိန်ထိ နှေးကွေးနေဆဲပါ။
ဒါ့အပြင် ဆန်ထောက်ပံ့ဖို့ ဒါမှမဟုတ် ဆန်ဖိုးကို မျှဝေကျခံပေးဖို့အတွက် ထိုင်းအစိုးရ
ကိုလည်း ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။” လို့ ဂျက်ခ် ဒန်းဖို့ဒ်က ပြောခဲ့ပါတယ်။

လက်ရှိမှာ မုန်တိုင်းဒုက္ခသည်တွေပေါ် ကမ္ဘာက အာရုံစိုက်နေတာကို မလွှဲပြောင်းချင်
ပါဘူး၊ သူတို့အတွက် လိုအပ်ချက်က အရမ်းကြီးမားပါတယ်လို့ဆိုပေမယ့် …

“တချိန်ထဲမှာပဲ ထိုင်းနယ်စပ်မှာ တည်ငြိမ်မှုရှိဖို့အတွက် ဒုက္ခသည်စခန်းတွေ မပျက်
မစီးရှိနေဖို့က အရေးကြီးတယ်လို့ ကျနော်တို့ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့
မြန်မာနိုင်ငံမှာ ဘာတွေဖြစ်မယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ အခြေအနေက ပိုဆိုး
လာမယ်ဆိုရင် မြန်မာနိုင်ငံကလူတွေ ထိုင်းနယ်စပ်ထွက်ပြေးလာတာကို ကျနော်တို့
မြင်ရဦးမှာမို့ ဒီအချိန်ကာလအတွင်း တည်ငြိမ်မှုရှိဖို့ အရေးကြီးပါတယ်။” လို့ ဂျက်ခ်
ဒန်းဖို့ဒ်က သုံးသပ်ပြပါတယ်။

အခုချိန်ထိတော့ မုန်တိုင်းဒဏ်သင့်တဲ့လူတွေ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း
တွေဆီ ထွက်ပြေးလာတယ်ဆိုတဲ့သတင်းတွေကို တိတိကျကျ မရသေးပါဘူး။ ဒါပေ
မယ့် ဒုက္ခသည်စခန်းတွေထဲက လူအများအပြားဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ ဆွေမျိုး
သားချင်းတွေ ရှိကြတာမို့ မြစ်ဝကျွန်းပေါ်ဒေသ အခြေအနေက မတည်မငြိမ်ဖြစ်လာ
မယ်ဆိုရင်တော့ ပြောမရပါဘူးလို့ ဂျက်ခ် ဒန်းဖို့ဒ်က ပြောပါတယ်။ ဒါပေမယ့် အဲဒီလို လူတွေထွက်လာခဲ့မယ်ဆိုရင် သူတို့ကို ဒုက္ခသည်စခန်းတွေမှာ လက်ခံမယ်၊ လက်မခံ ဘူးဆိုတာကတော့ သီးခြားကိစ္စတခုဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။

လိုအပ်တဲ့ရန်ပုံငွေ အချိန်မီရမယ်၊ မရဘူးဆိုတဲ့အပေါ် ဘယ်လောက်ထိ အကောင်း
မြင်ပါသလဲဆိုတော့ ဂျက်ခ် ဒန်းဖို့ဒ်က …

“ကျနော်အိပ်ရာကနိုးလာတဲ့ တချို့မနက်ခင်းတွေမှာ အရမ်းကို စိတ်ဓာတ်ကျ အဆိုးမြင်
လွန်းပြီး တချို့မနက်ခင်းတွေမှာကျတော့လည်း ပိုပြီးအကောင်းမြင်တာတွေ ရှိပါတယ်။
အားလုံးက တုံ့ပြန်လုပ်ဆောင်မယ်ဆိုရင်တော့ ကျနော်တို့ ဖြေရှင်းနိုင်မှာပါ။ ဒါကို
ကျနော် သေချာပေါက်ပြောနိုင်ပါတယ်။” လို့ ဖြေခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဌာန
(DFID) ဆီကနေ ရန်ပုံငွေ ဒေါ်လာ ၅၀,၀၀၀ နောက်ထပ်ရခဲ့တဲ့အတွက် နည်းနည်း အားတက်ခဲ့ရပါတယ်လို့လည်း သူကပြောပါတယ်။ ဒါ့အပြင် ဆန်ဈေးဟာလည်း
တတန်ကို ထိုင်းငွေ ၂၅ ဘတ်ကနေ ၂၁ ဘတ်ထိ နည်းနည်းကျသွားတဲ့အတွက်လည်း
လက်ရှိမှာ လိုငွေပြနေတာ အတန်ငယ်လျော့ကျသွားပါတယ်လို့ TBBC ရဲ့ အမှုဆောင်
ညွှန်ကြားရေးမှူး ဂျက်ခ် ဒန်းဖို့ဒ်က ပြောပြခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခ
သည်တွေဟာ မြန်မာနိုင်ငံတွင်းမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတာ၊ မတော် မတရားပြုကျင့်ခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ၊ သူတို့ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခံရတာ စသည်ဖြင့် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ကြုံတွေ့ခဲ့ကြရသူတွေဖြစ်တယ်လို့ TBBC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
...........................................................
အမေရိကန် ထောက်ပံ့ရေးလေယာဉ် အခေါက်တရာမြောက် မြန်မာပြည်သို့ ပို့ဆောင်ပြီး
ပြီးခဲ့တဲ့ အပတ်ကုန်မှာ မြန်မာနိုင်ငံကို အခေါက် ၁၀၀ မြောက် အဖြစ် ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူ ပျံသန်းပေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံကို မက်ထရစ် တန်ပေါင်း ၈၉၇ တန် အကူအညီ ပစ္စည်းတွေ အမေရိကန် က ပို့ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မနေ့က ဆိုပါတယ်။ ဒါပေမဲ့၊ အမေရိကန် ရေတပ်သဘောင်္ ၄ စင်းကတော့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ ရပ်စောင့်နေရပြီး၊ ကမ်းကပ်ခွင့် မရသေးပါဘူးလို့ သူက ဆက်ပြောပါတယ်။

တနင်္ဂနွေနေ့မှာတော့ အမေရိကန်ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ် (Robert Gates) က မြန်မာစစ်အစိုးရ ဟာ ရာဇ၀တ် ကြောင်းသင့်တဲ့ လျစ်လျူပြုမှု ကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံခြား အကူအညီအပေါ် ကန့်သတ်ထားတာတွေ ကို ဖယ်ရှားမပစ်ခဲ့ရင်၊ လူတွေ ပို သေကြလိမ့်မယ်လို့ သူ က ပြောပါတယ်။ ရေတပ်သဘောင်္တွေကို ပြန်ခေါ်ဖို့ မကြာမီ ဆုံးဖြတ်မယ် လို့ ဆိုပါတယ်။

မုန်တိုင်းဘေးအန္တရယ် တုံ့ပြန်ခဲ့ပုံ နဲ့ ပတ်သက်ပြီး စစ်အစိုးရကတော့ လုပ်ဆောင်ချက်တွေ ကို တနင်္ဂနွေနေ့ က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

မေလ ၃ ရက်နေ့ မှာ ကျခဲ့တဲ့ မုန်တိုင်းဘေးအန္တရာယ်ကို အာဏာပိုင်တွေ က ချက်ချင်း တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံခြား အကူအညီတွေကို ဘယ်လို သတ်မှတ်ချက် မထားဘဲ ကြိုဆိုခဲ့ပါတယ်လို့ စစ်အစိုးရ ရဲ့ ဒု ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အေးမြင့် က ဆိုပါတယ်။

စစ်အစိုးရဟာ မုန်တိုင်းကျပြီး ရက်သတ္တပတ် အတော်ကြာမှ နိုင်ငံခြား အကူအညီကို အကန့်အသတ် နဲ့ လက်ခံခဲ့ပါတယ်။ လူပေါင်း ၂ သန်း ကျော်ဟာ အစားအစာ၊ ရေ။ နဲ့ အမိုးအကာ တွေ လိုအပ်နေခဲ့ပါတယ်။

မုန်တိုင်းကျပြီးကတည်း က ပိတ်ထားခဲ့တဲ့ ကျောင်းတွေ ကို တနင်္လနေ့ မှာ စဖွင့်ပါတယ်။ ဒါပေမဲ့ လေဘေးသင့် ဒေသတချို့ က ကျောင်းတွေ ကို ဖွင့်ဖို့ နောက်တစ်လ ရွှေ့ထားပါတယ်။ မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ ဒေသတွေမှာ ကျောင်း ၈၀ % ကနေ ၉၀ အထိ ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ UNICEF က ဆိုပါတယ်။

............................................................
ကူညီရေးအတွက် မြန်မာစစ်အစိုးရ၏ အဟန့်အတားများကို ကုလထိပ်တန်း အရာရှိက ပြစ်တင်ဝေဖန်
မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒုက္ခသည်တွေအတွက် ကမ်းလှမ်းတဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို ကန့်သတ်ပိတ်ပင်နေတဲ့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သူ နောက်ဆုံးအနေနဲ့ အဆိုပြုချက် တွင်းသွင်းစဉ်မှာ အခုလို ပြစ်တင်ဝေဖန်သွားခဲ့တာပါ။ လူးဝီ(စ်) အာဘော ဟာ ဒီလကုန်မှာ သူ့ရဲ့ လက်ရှိ ရာထူးဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရာထူးနဲ့ တာဝန်တွေကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဂျနီဗာမြို့ကနေ ဗီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက အစီရင်ခံထားပါတယ်။


မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ် ကပ်ဆိုးကြီးတွေ ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော က အလေးအနက်ထား ပြောကြားသွားခဲ့ပါတယ်။ တရုတ်နိုင်ငံက မြေငလျင်နဲ့ မြန်မာနိုင်ငံက မုန်တိုင်းကြောင့် သေဆုံးခဲ့ကြသူတွေနဲ့ ဒုက္ခရောက်ကြရသူ သန်းပေါင်းများစွာ တို့အတွက် အလွန် ၀မ်းနည်းကြေကွဲရတဲ့အကြောင်း သူက ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ တာဝန်မဲ့ လုပ်ဆောင်ချက်တွေ၊ တုံ့ပြန်မှုတွေအပေါ် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။

“အခုလို သဘာဝ ဘေးဒုက္ခကြီး ရင်ဆိုင်ရတဲ့အခါ ကိုယ့်နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဘယ်နိုင်ငံရဲ့ အစိုးရက တခြား အကူအညီကို မလိုဘဲ ကိုယ်နိုင်တယ် ဆိုပြီး တုံ့ပြန်နိုင်စွမ်း မရှိကြပါဘူး။ ဒါကြောင့် နိုင်ငံတကာ အကူအညီ လက်ခံရေးဟာ အရေးကြီးလှပါတယ်။ ဘေးဒုက္ခရောက်သူတွေဖက်ကကြည့်ရင် အကူအညီ တောင်းပိုင်ခွင့် ရှိကြသလို အစိုးရတွေရော နိုင်ငံတကာ လူ့အဖွဲ့အစည်းကရော တတ်နိုင်သမျှ ကူညီကြရဖို့ တာဝန်လည်း ရှိပါတယ်။”

မြန်မာစစ်အစိုးရရဲ့ အခုလို တာဝန်မဲ့ လုပ်ဆောင်ချက်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နုတ်ဆိတ်နေကြတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း သူက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ “မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် အကူအညီကိုပေးဖို့ နိုင်ငံတကာက ကမ်းလှမ်းခဲ့တာကို မြန်မာအာဏာပိုင်တွေဖက်က လက်မခံဘဲ ဟန့်တားတဲ့ အခြေအနေကို ဆိုက်တာဟာ ကာလကြာရှည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက သည်းခံပြီးနေခဲ့ကြတာကြောင့် မြန်မာစစ်အစိုးရဘက်က အခုလို ဟန့်တားရဲတဲ့ အနေအထားမျိုး ရောက်လာတာလို့ ဆိုရပါလိမ့်မယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက အခုလို မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်တာနဲ့ပတ်သက်လို့ အမျိုးသားညွှန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက အခုလို ပြောဆိုပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေနဲ့ရော၊ နောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကို ဦးဆောင်ခဲ့တဲ့ သက်တမ်းကာလမှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီးမှာ အရေးပေါ် အစည်းအဝေးတွေ ချမှတ်ခဲ့တယ်။ သံဃာ့အရေးအခင်းကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သလို ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ပါမောက္ခ ပင်ညဲရိုးကလည်း စုံစမ်းလေ့လာမှုတွေ လုပ်ခဲ့တယ်။ နအဖကို အကြံပြုချက်တွေပေါ့နော်။ ဒါတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီအကြံပြုချက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ နိုင်ငံတကာ အစိုးရတွေအနေနဲ့ အထူးသဖြင့် ဒေသတွင်းက မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံတွေကနေ ပူးပေါင်းဆောင်ရွက်မှုဟာ အားရလောက်စရာ မရှိဘူး။ ဒါကြောင့်မိုလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်မှုတွေဟာ တကယ်တမ်း ထင်သလောက် မအောင်မြင်ခဲ့ဖူးပေါ့နော်။ ဒါကြောင့်မိုလို့ လူးဝီ(စ်) အာဘော်က အခုလိုမျိုး နိုင်ငံတကာအစိုးရတွေကနေ ဒီထက်ပိုပြီးတော့ မြန်မာပြည် လူ့အခွင့်အရေးကိစ္စတွေကို ကြိုးစားပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒါကို ကျနော် လက်ခံပါတယ်။ အခုလောလောဆယ် ဖြစ်နေတဲ့ အနေအထားကလည်းပဲ သူတို့ အခုဆိုရင် - ဥပမာ ကုလသမဂ္ဂနဲ့ အာဆီယံကနေ ပူးတွဲကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ကလုန်း ဒုက္ခသည်တွေကို ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး ဖြစ်သွားတာ တစ်ပတ်ရှိသွားပါပြီ။ နအဖ ဖက်ကနေပြီးတော့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ဆွေးနွေးပွဲမှာ ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြည်ဝင်ခွင့်ဗီဇာတွေ မြန်မြန်ပေးပြီးတော့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေမှုကိုလည်း မြန်မြန်သွက်သွက် ဆောင်ရွက်ပြီး လူ့အသက်တွေ ကယ်တင်ဖို့ကိစ္စဟာ ကတိတွေ ပေးခဲ့ပေမယ့် အကောင်အထည် ဖော်မှုတွေမှာ ကနေ့အထိ နှေးကွေးနေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ နှေးကွေးနေတာရဲ့ အခြေအနေမှာ ပိုပြီးတော့ စိုးရိမ်စရာဖြစ်လာတဲ့အပိုင်းက လက်ပွတ်တာတို့ ဘိုကလေးတို့ မြောင်းမြတို့ ရန်ကုန်မှာလည်းပဲ ကရင်ဘက်ပတစ် ကောင်စီကနေပြီးတော့ စောင့်ရှောက်ထားတဲ့ ကရင်ဒုက္ခသည်တွေကို ရွာတွေကို ပြန်ပို့တဲ့ အနေအထားပေါ့နော်။ ရွာတွေမှာကလည်း ကနေ့အထိ နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အကူအညီတွေ မရသေးဘူး။ နအဖကလည်းပဲ ဘာမှ ဖြန့်ဝေပြီးတော့ ကူညီနေတာတွေ မရှိဘူး ဆိုလို့ရှိရင် ရွာတွေကို ပြန်ရောက်တဲ့အခါမှာ ဒီဒုက္ခသည်တွေဟာ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အစားအသောက် ပြတ်လပ်မယ်။ ရေကနေဖြစ်တဲ့ရောဂါတွေ၊ ယင်ကောင်တွေကနေ ဖြစ်တဲ့ရောဂါတွေ ပြန့်ပွားမယ့်အန္တရာယ်တွေက သိပ်စိုးရိမ်ရတယ်။ ဒါဟာ နအဖရဲ့ ဒီလိုမျိုး လူမှုရေး အကူအညီတွေကို ပိတ်ဆို့နေတာ တားဆီးနေတာ အင်မတန် ကြီးမားတဲ့ ရာဇ၀တ်မှု ဖြစ်ပါတယ်။ ဒါကို လူးဝီ(စ်) အာဘော်က ပြောတာရော၊ ဒီကနေ့ နိုင်ငံတကာ ခေါင်းဆောင်တွေကနေပြီးတော့ ပြောလာတာတွေရော ဒါကို ကျနော်တို့ အပြည့်အ၀ နားလည်တယ်။ ကျနော်တို့ ပြောယုံတင်မကဘူး၊ ထိထိရောက်ရောက် အရေးယူဖို့လည်း ကျနော်တို့ တိုက်တွန်းပါတယ်။” အမျိုးသားညွှန့်ပေါင်းအစိုးရ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်း ပြောသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ မြန်မာစစ်အစိုးရက ကန့်သတ်ချက် အချို့ကို လျော့ချပေး ခဲ့ပေမယ့်လည်း ဒုက္ခသည် သုံးပုံတစ်ပုံဟာ အခုထိ ဘယ် နိုင်ငံတကာ အကူအညီမှ မရသေးတဲ့အခြေအနေမှာ ရှိနေသေးတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

မြန်မာစစ်အစိုးရကတော့ မုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးစီးလို့ အခုဆိုရင် ပြန်လည် နေရာချထားရေး လုပ်ငန်းတွေကို လုပ်နေတယ်လို့ မြန်မာစစ်အစိုးရက ဆိုနေပါတယ်။ ဒါပေမယ့်လည်း မုန်တိုင်း တိုက်ခတ်ခဲ့တာ ၁ လ အထိ ကြာလာခဲ့ပြီ ဖြစ်ပေမယ့်လည်း တကယ်တမ်း လက်တွေ့မှာ မုန်တိုင်းဒုက္ခသည် အများစုဟာ ကူညီထောက်ပံ့မှု မရကြသေးသလို အစာပြတ်လပ်မှုနဲ့ နောက်ဆက်တွဲ ရောဂါဘယတွေနဲ့ပါ ကြုံတွေ့ရင်ဆိုင် နေကြရတယ်လို့ မုန်တိုင်းဒဏ် အဆိုးရွားဆုံး သင့်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်ပြီး တနိုင်တပိုင် ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ရန်ကုန်မြို့က စေတနာ့ဝန်ထမ်းတစ်ဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ နယ်ကို ဆင်းသွားတယ်ပေါ့နော်။ တပိုင်တနိုင် ဆေးတွေကို သွားပြီးတော့ လူထု လက်ထဲကို ထည့်တယ်။ ဒါပေမယ့် ပထမဆုံးရောက်တာ ဖြစ်နေတယ်။ အဲဒါက ဘိုကလေးမြို့နဲ့ ရေမိုင် ၁၄ မိုင် ၁၅ မိုင် လောက်ပဲ ဝေးတယ်။ အဲဒီလောက်နီးနီးလေးမှာတောင်မှပဲ ဘာ ကယ်ဆယ်ရေးမှ ရောက်မလာသေးဘူး။ မလော့ ဆိုတဲ့ရွာမှာ ဘုန်းကြီးကျောင်းကနေ သူတို့ ဆွမ်းဆန်တွေ ခံထားတယ်ပေါ့ဗျာ။ အဲဒီ ဆွမ်းဆန်ခံထားတဲ့ဟာတွေကို တရွာလုံးမှာ လူ ၄၀၀ လောက် တင်ပြီးတော့ ကျွေးထားတယ်ဗျာ။ သူတို့ အဲဒါ အလွန်ဆုံး ဆက်ကျွေးနိုင်ရင် တစ်ပတ်ပဲဗျာ။ ဘုန်းကြီးကျောင်းက တာဝန်ခံပြီး ကျွေးနိုင်တဲ့သူဆိုရင်တော့ နည်းနည်းလေး ဒီ ရက်ပိုင်းအတွင်းမှာ နေနိုင်သေးတယ်ဗျ။ ဒါပေမယ့် အဲဒီလို တာဝန်ယူပြီး မကျွေးနိုင်တဲ့နေရာတွေကတော့ အခုချိန်ကစပြီး ငတ်နေကြပြီ။ လောလောဆယ် လိုတာက သူတို့အတွက် ဆန်တို့၊ ဆေးဝါးတို့။ ဘာဖြစ်လို့လဲဆိုတော့ ၀မ်းရောဂါ ဖြစ်နေကြပြီ။ နောက်ပြီးတော့ ဆန် စားစရာ မရှိတော့ သူတို့ ကြံဖန်ပြီး စားရတာတွေ ရှိတယ်ဗျာ။ ဥပမာ အောက်နေတဲ့ဆန်တွေ၊ ရေမြှပ်သွားတဲ့ စပါးတွေကို ကြိတ်ခွဲတယ်။ ကြိတ်ခွဲတယ်ဆိုတာကလည်း စက်တွေနဲ့ ကြိတ်ခွဲတာ မဟုတ်ဘူးလေ။ ပုလင်းတို့ ဘာတို့နဲ့ ကြိတ်ခွဲပြီးတော့ ဆန်ကွဲလိုဟာမျိုးတွေကို ကြိတ်ခွဲပြီး သူတို့ သောက်ရတယ်။ နောက်ပြီးတော့ သူတို့ အုန်းရေ သောက်နေရတယ်။ အုန်းသီးတွေ စားနေရတယ်။ ဒါက သူတို့ နေ့စဉ်နဲ့အမျှ စားသောက်နေရတာ။”

ပြီးခဲ့တဲ့တစ်ရက်က မုန်တိုင်းသင့်ဒေသတွေမှာ သွားရောက်ကူညီခဲ့တဲ့ ရန်ကုန်မြို့က စတနာ့ဝန်ထမ်းက သူတွေ့မြင်ခဲ့ရတာကို ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

that all for today(yeyint).

Myanmar Rulers Still Impeding Access


Burmese displaced by the cyclone meeting with a monk last week at a monastery where they had taken refuge in Bogale.

BANGKOK — One month after a powerful cyclone struck Myanmar and 10 days after the ruling junta’s leader promised full access to the hardest-hit areas, relief agencies said on Monday that they were still having difficulty reaching hundreds of thousands of survivors in urgent need of assistance.

Over the past week, they said, the door has opened slightly and a number of foreign experts have been allowed to travel to the Irrawaddy Delta, which bore the brunt of the May 3 storm. A modest flow of food, medicine and other supplies has begun to enter the delta by truck and barge.

But the agencies said that travel permits for international experts were limited and irregular and that dozens of relief workers remained stranded in the country’s main city, Yangon.

“Several have been able to make essentially day trips to work with our field staff there,” Paul Risley, a spokesman for the United Nations World Food Program, said. “But access remains a continuing challenge.”

A spokesman for the United Nations disaster relief agency said on Monday that as of two days before, 15 foreign experts representing United Nations agencies were in the delta.

Analysts of Myanmar, formerly Burma, said they feared that the junta was playing a game of hints, promises and deception, which it has used over the years to deflect criticism from abroad.

“In all these crises that the Burmese face, there always is the teaser to take the pressure off the government,” said Josef Silverstein, an expert on Myanmar at Rutgers University.

“They seem like they are going to cooperate, and just as soon as comment dies down, anything that is going to be useful dies with it,” he said. “Look back at the ‘saffron revolution,’ when they made all kinds of promises about what they were going to do and nothing happened.”

He was referring to a peaceful uprising, led by monks, that was crushed in September. The junta’s promises included a dialogue with the democracy leader Daw Aung San Suu Kyi, but Myanmar’s rulers dropped the idea after international attention had moved on, and last Tuesday it extended her house arrest for a year.

In Geneva, the United Nations high commissioner for human rights, Louise Arbour, who is leaving her position, said the world’s failure to press Myanmar more strongly on human rights issues made it easier for the junta to keep out cyclone relief.

“The obstruction to the deployment of such assistance illustrates the invidious effects of longstanding international tolerance for human rights violations,” she said.

The United Nations estimates that 2.4 million people were severely affected by the cyclone and said last week that 1.4 million of those remained in desperate need of food, clean water, shelter and medical care. The government says 134,000 people died or are missing.

International relief agencies have complained strenuously that the junta is barring foreign aid and foreign relief workers from the worst-affected areas and that it is endangering survivors.

After a 10-day delay, the junta allowed the first of 10 helicopters from the World Food Program to carry supplies from Yangon into the delta. The other nine were en route to Myanmar, Mr. Risley said.

He also said barges and smaller craft were delivering supplies to hard-hit areas.

The government has allowed American aircraft to land with relief materials but has barred American workers from leaving Yangon Airport to deliver them. It has turned away American, French and British ships loaded with supplies.

Some news reports from Myanmar have said the junta was beginning to force survivors out of shelters and back to the devastated countryside.

According to the independent group Human Rights Watch, thousands of displaced people have been evicted from schools, monasteries and public buildings.

“The forced evictions are part of government efforts to demonstrate that the emergency relief period is over and that the affected population is capable of rebuilding their lives without foreign assistance,” the organization said on Saturday.

Anupama Rao Singh, regional director of Unicef, warned after a visit to the Irrawaddy Delta that any resettlement would be premature, even if it was voluntary.

“Many of the villages remain inundated with water, making it difficult to rebuild,” she said. “There is also a real risk that once they are resettled, they will be invisible to aid workers. Without support and continued service to those affected, there is a risk of a second wave of disease and devastation.”

The government of Myanmar also said it would reopen schools with the start of the new term this week, though many school buildings were destroyed and many teachers were swept to their deaths. Unicef said that more than 4,000 schools serving 1.1 million children were damaged or destroyed by the storm and that more than 100 teachers were killed.

“I think the generals are doing what they do best, taking charge of everything, trying to keep themselves in complete control,” said U Aung Naing Oo, a Burmese political analyst who lives in Thailand.