Wednesday, June 4, 2008

အကြင်နာလက်နဲ့ဖေးကူပါ



Go to ImageShack® www.yeyintnge.blogspot.com
Our Helping Hands To Nargis Survivors - Various Artist;

လန်ဒန် မြန်မာသံရုံးမှ အမျိုးသမီး မြန်မာသံတမန်တဦး ထွက်ပြေးပြီ(ယနေ့သတင်းများ..ဗုဒ္ဒဟူးနေ့)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးမှ သံတမန်အမျိုးသမီးတဦး မိသားစုနှင့်အတူ ဇွန်လ (၄) ရက်နေ့က ထွက်ပြေးသွားသည်ဟု ခိုင်လုံသည့် သံတမန် သတင်းရပ်ကွက်က ပြောသည်။

လန်ဒန်မြို့ မြန်မာသံရုံးမှ ယနေ့ ထွက်ပြေးသွားသူမှာ ရုံးအုပ်ကြီးအဆင့်ရှိ ဒေါ်နွယ်နီဖြစ်ပြီး ခင်ပွန်းသည်၊ သားဖြစ်သူတို့နှင့်အတူ ထွက်ပြေးသွားခြင်းဖြစ်သည်။ မြန်မာသံတမန် ဒေါ်နွယ်နီ ထွက်ပြေးခြင်း အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဟု လန်ဒန် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ထွက်ပြေးသူ မြန်မာသံတမန် ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ အင်ဂျင်နီယာတဦးဖြစ်ပြီး အစောပိုင်း ကတည်းက အပြင်မှာ အလုပ် ခိုးလုပ်နေသူ ဖြစ်သည်ဟု စုံစမ်းသိရသည်။

ထွက်ပြေးသူ ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ လန်ဒန် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်းနှင့်
အထူးရင်းနှီးသူလည်းဖြစ်သည့်အတွက် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်း၏ ခွင့်ပြုချက်ဖြင့် အပြင်မှာ အလုပ်လုပ်နေသလားဆိုသည်မှာ အတိအကျ မသိရဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။ ခေတ်ပြိုင်မှ လန်ဒန် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်းကို ဖုန်းဖြင့် မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရခဲ့ပါ။
.............................................................................................................................
လူုမှုကယ်ဆယ်ရေး စေတနာရှင်၊ အနုပညာရှင် ဇာဂနာကို စစ်အစိုးရက ဖမ်း
မိုးမခ
ဇွန် ၄၊ ၂၀၀၈
ရန်ကုန် စံတော်ချိန် ည ၁၁ နာရီက အနုပညာရှင် ဇာဂနာ၏ နေအိမ်ကို အထူးစုံစမ်းရေး၊ မြို့နယ်ရပ်ကွက် အာဏာပိုင်များအပါအ၀င် ပုဂ္ဂိုလ် ၉ ဦးဝင်ရောက်ပြီး ၄င်းအား စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

ဇာဂနာ သည် နိုင်ငံရေး အကျဉ်းသားဟောင်း၊ စစ်အစိုးရက အနုပညာလှုပ်ရှားခွင့်များ ပိတ်ပင်ထားသော အနုပညာရှင်၊ ၂၀၀၇ သံဃာအရေးအခင်းတွင် အဖိနှိပ်ခံ သံဃာတော်များ၊ လူငယ်များဖက် ရပ်တည်သူ၊ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စေတနာဝန်ထမ်း ဦးဆောင်သူ ထင်ရှားသည့် အနုပညာရှင်တဦး ဖြစ်သည်။

စစ်အာဏာပိုင်များက နာဂစ်မုန်တိုင်းကယ်ဆယ်ရေး စေတနာဝန်ထမ်း လုပ်ကိုင်နေသူများကို ၄င်းတို့ စာနယ်ဇင်းများကနေပြီး တိုင်းပြည် အရှက်နှင့် သိက္ခာကို ထိန်းသိမ်းကြရန်၊ ဒုက္ခသည်များကို တောင်းရမ်းစားသောက်သူများအဖြစ် နိုင်ငံတကာအလည်မှာ မတင်ပြရန်၊ နိုင်ငံတော်က မုန်တိုင်းကယ်ဆယ်ရေးကို ကောင်းမွန်ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း စသည်တို့ဖြင့် ၀ါဒ ဖြန့်နေခဲ့သည်။

ဇာဂနာတို့၏ စေတနာဝန်ထမ်း ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စစ်အုပ်စုက နောက်ကွယ်မှနေပြီး နည်းမျိုးစုံဖြင့် အနှောက်အယှက်ပေးနေကြောင်း၊ မိတ်ဆွေ အနုပညာရှင်များဖြစ်သည့် အရိုင်း၊ ငှက်ပြောကြော်တို့ကို ကူညီစောင့်ရှောက်လုပ်ငန်းများနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးကြောင်း၊ အကူအညီအရောက်နည်းသည့် ဒေသများကို သွားရောက်နိုင်ရေးအတွက် ကုလအဖွဲ့တခုကို ဇာဂနာက အကူအညီတောင်းခဲ့ရာတွင်လည်း ၄င်းအဖွဲ့က စစ်အုပ်စု ငြိုငြင်မည်ကို စိုးရိမ်ပြီး မိမိတို့ကို ငြင်းဆိုခဲ့ကြောင်း၊ နိုင်ငံတကာ၏ တရားဝင် အကူအညီများ ထိရောက်စွာ မရောက် ရှိသေးကြောင်း စသည် အတွေ့အကြုံနှင့် ခံစားချက်တို့ကို ပြည်သူသို့ လွတ်လပ်ပွင့်လင်းစွာဖြင့် ဇာဂနာက ဝေဖန်ပြောဆိုခဲ့သည်။

ဇာဂနာဦးဆောင်သည့် လူငယ်နှင့် အနုပညာရှင်များ၊ ကျော်သူ ရွှေဇီးကွက် ဦးဆောင်သည့် နာရေးကူညီမှု အသင်းကြီးတို့နှင့်အတူ မုန်တိုင်းကယ်ဆယ်ရေးကို မြန်မာလူငယ် စေတနာရှင် အစုအဖွဲ့များက စောလျင်စွာ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ကြပြီး ဆရာတော်များ၊ သံဃာတော်များကလည်း တအပ်တအား ဆောင်ရွက်နေကြချိန်၊ မြန်မာပြည်တ၀ှမ်း လူထု လူတန်းစား အသီးသီးက စေတနာ ထက်သန်စွာ လိုက်လံ ၀ိုင်းယံနေကြချိန်တွင် စစ်အုပ်စုက ထိုသို့ ဇာဂနာကို ဖမ်းဆီးခြင်းဖြစ်သည်။

ဖမ်းဆီးသူများက ဇာဂနာ့အိမ်သားများကို သတင်းဌာနများသို့ အကြောင်းမကြားရန်နှင့် ဆွေးနွေးမှုများ ပြီးဆုံးပါက အမြန်ဆုံး အိမ်ပြန်ပို့ပေးမည် ဖြစ်ကြောင်း ပြောကြားသွားသည်ဟု သိရသည်။

................................................................................................

မြန်မာ့လေဘေးကယ်ဆယ်ရေး အမေရိကန်သင်္ဘောများ ဆုတ်ခွာရမှုကြောင့် စိတ်မကောင်းဖြစ်ကြ

04 June 2008
မြန်မာစစ်အစိုးရက ငြင်းဆန်ခဲ့တာကြောင့် မြန်မာ့ပင်လယ် ကမ်းရိုး တန်း နားမှာ ရပ်တန့်ထားတဲ့ လေဘေးကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။ မုန်တိုင်းဒဏ် ခံခဲ့ရသူ ပေါင်း ၂သန်းကျော်အတွက် ကျိုးစားပြီး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဒီသဘောင်္တွေ ပြန်လည်ထွက်ခွာ သွားရတာအပေါ်စိတ်ပျက်မှုတွေ ဖြစ်နေကြတယ်ဆိုတဲ့ အကြောင်း ဗီအိုအေ သတင်းထောက် Ron Corben ဘန်ကောက်မြို့ က သတင်းပေးပို့ ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြပေးပါတယ်။

US S Essex အပါအ၀င် ရေတပ်သင်္ဘောတချို့ဟာ နာဂစ်ဆိုက်ကလုန်း မုန်တိုင်း ဒဏ်ခံရသူတွေအတွက် အထောက်အပံ့ ကယ်ဆယ်ရေး အကူအညီတွေ ပေးဘို့ ရက်သတ္တပတ် (၃) ပတ်ကြာလောက် မြန်မာ့ ပင်လယ် ကမ်းရိုးတန်းနားမှာ ရပ်တန့်ထားခဲ့တာပါ၊

မြန်မာစစ်အစိုးရဟာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး ပစ္စည်းတွေ တင် ဆောင်ပေးပို့နိုင်ဘို့ နိုင်ငံခြားစစ်တပ်က ရဟတ်ယာဉ်တွေ အသုံးပြုဘို့ကို လက်မခံငြင်းပယ်ခဲ့ပါတယ်၊

ဒီအခြေအနေတွေကြားထဲကပဲ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFPက အာဖရိကက ရဟတ်ယဉ် နှစ်စီးအသုံးပြုခွင့်ကို ပြီးခဲ့တဲ့တပတ်က ရရှိခဲ့ပါတယ်၊ ဒါပေမဲ့ ဒါဟာ လုံလောက်မှုမရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

WFPရဲ့ ပြောဆိုခွင့်ရှိသူ Paul Risley က အမေရိကန် စစ်တပ်ရဟတ်ယဉ်တွေ အသုံးပြုပြီး မြစ်ဝကျွန်းပေါ် ဒေသ တလျှောက် ကယ်ဆယ်ရေး အထောက်အပံ့ အကူအညီတွေ ပေးပို့ခွင့်မရတာကို စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

“ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီရဟတ်ယဉ်ကြီးတွေက ကုန်ချိန် အများကြီးတင်ဆောင်ပြီး လျင်လျင်မြန်မြန်ကို အဲ့ဒီနေရာတွေ ရောက်ရှိနိုင်တာကြောင့် ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့တွေ ရဲ့ လုပ်ငန်းစဉ်တွေ အတွက် အများကြီး သင့်လျော်မှုရှိလို့ပါပဲ”

နိုင်ငံတော်တော်များများက စစ်ရဟတ်ယဉ်တွေအသုံးပြုပြီး လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် ဆူနာမီ သဘာဝဘေးဒုက္ခနဲ့ ကြုံတွေ့ရတဲ့ အခါ အင်ဒိုနီးရှားနိုင်ငံကို အကူ အညီပေး ပစ္စည်းတွေ ပေးပို့ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆိုက်ကလုံး မုန်တိုင်း ကယ်ဆယ်ရေး ကာလတုံးကလဲ ဒီရဟတ်ယဉ်တွေကိုပဲ အသုံးပြု ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ကူညီ ကယ်ဆယ်ရေးအတွက်သာ ဖြစ်ပါတယ်လို့ ဆိုနေတဲ့ ကြားကပဲ ကျူးကျော် ၀င်ရောက်မှုတွေကို စိုးရိမ်လို့ မြန်မာစစ်အစိုးရက ငြင်းဆို လိုက်တာ ဆိုပြီး စစ်အစိုးရပိုင် မီဒီယာတွေမှာ ရေးသား ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ လက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုက်ကလုန်း ဒဏ်ကြောင့် လူပေါင်း ၂ သန်း ထက်မနည်းဟာ အစားအသောက်၊ နေထိုင်စရာနဲ့ ဆေးဝါးတွေ လိုအပ် နေတာပါ၊ မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ခုနှစ်သောင်း ရှစ်ထောင်ကျော် သေဆုံး ရပြီး ၅သောင်း ၆ထောင်ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်၊

မြန်မာ စစ်အစိုးရဟာ ကူညီကယ်ဆယ်ရေး ပေးပို့မဲ့ လမ်းတွေကို ပိတ်ပင်တားဖြစ် တာတွေ လုပ်ထားတယ်လို့ နိုင်ငံတကာ အလှူရှင် အဖွဲ့တွေက ဆိုပါတယ်၊ ဒီလိုသာ ပိတ်ပင်တားဖြစ်မှုတွေကို စစ်အစိုးရအနေနဲ့ ဆက်လုပ်နေမယ်ဆိုရင် လူတွေ ထောင်နဲ့ သောင်းနဲ့ ချီပြီး ထပ်မံ သေဆုံးနိုင်တယ်လို့ အမေရိကန်က ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ နဲ့ အာဆီယံ ကတော့ မုန်တိုင်းဒဏ်ပြင်းပြင်းထန်ထန်ခံရတဲ့ နေရာ တွေဆီ အကူအညီတွေ ပေးနိုင်ဘို့ ဆိုတဲ့ သဘောတူ ညီချက် မြန်မာ စစ်အစိုးရ နဲ့ရရှိခဲ့ပါတယ်၊

ထောက်ပံ့မှု အကူအညီတွေ လုံးဝ မရရှိ သေးတဲ့ လေဘေးဒုက္ခသည် ၁. ၃ သန်း အတွက် အကူအညီတွေရရှိလို့ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန် လုပ်ကိုင်ဘို့ လိုအပ် တယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ဗုဒဟူးနေ့က ပြောဆိုလိုက်ပါတယ်၊

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသဟာ မြန်မာနိုင်ငံမှာ ဆန်စပါးအထွက်ဆုံးဖြစ်ပေမဲ့ မုန်တိုင်းဒဏ်ကြောင့် စပါးစိုက်တဲ့ လယ်ကွင်းတွေ ၆၀ ရာခိုင်နှုန်းလောက် ပျက် ဆီးသွားတယ်လို့ လဲ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ရှေ့လမဲ့ ဇူလိုင်လ စပါးစိုက်ပျိုးရာသီအတွက် လယ်မြေ ၁၆ ရာခိုင်နှုန်းဟာ ဆိုးဆိုးဝါးဝါး ပျက်ဆီး သွားပြီလို့ဆိုပါတယ်။

အဲ့ဒီဒေသက လယ်သမားတွေဟာ စားစရာမရှိ၊ နေစရာမရှိ၊ လယ်ယာစိုက်ပျိုး ရေး ပစ္စည်းကရိယာတွေ မရှိတော့ တာကြောင့် လယ်သမား အနည်းငယ် လောက် ပဲ သူတို့ လယ်မြေရှိရာတွေကို ပြန်သွားခဲ့ကြတယ်လို့လဲ ကုလသမဂ္ဂက ပြောဆိုပါတယ်၊ ခုချိန်ထိ အဲ့ဒီဒေသတွေမှာ လမ်းတွေလည်း ပျက်ဆီးနေတုံးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

...............................................................

မုန်တိုင်းဒုက္ခသည် ထက်ဝက်နီးပါး အကူအညီမရသေးဟု ကုလသမဂ္ဂပြော

04 June 2008
အကူအညီ အထောက်အပံ့များ စောင့်မျှော်နေရဆဲ မုန်တိုင်းဒုက္ခသည်အချို့။
မေ ၂၀၊ ၂၀၀၈။

ပြီးခဲ့တဲ့လ အစောပိုင်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် ဒုက္ခ
ရောက်သူ ၂.၄ သန်းမှာ တ၀က်လောက်
ကသာ အကူအညီ အထောက်အပံ့တွေကို ရသေးတယ်လို့ ကုလသမဂ္ဂက ပြောပါ
တယ်။ ဒီအကူအညီ အထောက်အပံ့တွေ
ကလည်း အမြဲတမ်းမရှိသလို မလုံ မလောက်ဖြစ်နေတယ်လို့လည်း ကုလ
သမဂ္ဂက ပြောပါတယ်။ ဒီအကြောင်းနဲ့
ပတ်သက်လို့ ဂျနီဗာမြို့ကနေ ဗွီအိုအေ
သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို မခင်ဖြူထွေး
က တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၄၀ အတွင်း မကြုံစဖူး ပြင်းထန်တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီး ပြီးခဲ့တဲ့
တလကျော်က မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့ရာမှာ လူပေါင်းထောင်သောင်းချီ သေဆုံးခဲ့
သလို သန်းနဲ့ချီပြည်သူတွေ ခိုကိုးရာမဲ့ ဒုက္ခရောက်ခဲ့ကြရပါတယ်။ မုန်တိုင်းဒဏ် အဆိုး
ရွားဆုံးထိခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒုက္ခသည် ၁.၃ သန်းဆီကို
အထောက်အပံ့ အကူအညီတွေ ပေးနိုင်ခဲ့ပြီလို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ
ထောက်ထားမှု ကူညီကယ်ဆယ်ရေး အေဂျင်စီတွေက ပြောပါတယ်။

အခုလို ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးလုပ်ငန်း နောက်ဆုံးအခြေအနေတွေနဲ့
ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေး
ဆိုင်ရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အယ်လိဇဘက်သ် ဘိုင်ယာစ် (Elizabeth Byrs) က အခုလိုပြောပါတယ်။

“အတိုင်းအတာ ဘယ်လောက်အထိ အကူအညီတွေကို ရနေသလဲဆိုတာနဲ့ပတ်သက်
လို့ ကျမတို့ နားလည်ရမှာက အခု မုန်တိုင်းဒုက္ခသည်တွေ အကူအညီရတယ်ဆိုတာက
ပုံမှန်ရနေတာမျိုး မဟုတ်ပါဘူး။ ဥပမာ ကျမတို့အနေနဲ့ အကူအညီတွေကို အမြဲတမ်း မထောက်ပံ့ပေးနိုင်သလို တခါတလေမှာ လိုအပ်တဲ့ အတိုင်းအတာအထိ ထောက်ပံ့
မပေးနိုင်ပါဘူး။ ဒါကြောင့်မို့လို့ လိုအပ်ချက်နဲ့အညီ ပုံမှန်ထောက်ပံ့ပေးသွားနိုင်အောင်
လုံလောက်တဲ့ အကူအညီ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေပါတယ်။”

ဒါပေမယ့်လည်း မုန်တိုင်းတိုက်ခတ်ပြီးခါစ ရက်သတ္တပတ်တွေနဲ့ ယှဉ်ကြည့်ရင်တော့ အခုအခြေအနေက အများကြီး တိုးတက်လာတယ်လို့ ဆိုရမှာပါ။ နိုင်ငံတကာ အသိုင်း
အ၀ိုင်းရဲ့ ဖိအားအမျိုးမျိုးကြောင့် အစောပိုင်းက နိုင်ငံတကာ အကူအညီ အထောက်အပံ့
အများစုကို ငြင်းဆန်ခဲ့တဲ့ မြန်မာစစ်အစိုးရကလည်း ကန့်သတ်မှုတချို့ကို လျှော့ချပေးခဲ့
ပါတယ်။

အခုဆိုရင် ကူညီထောက်ပံ့ရေးပစ္စည်းတွေဟာ ရန်ကုန်မြို့ကို ပုံမှန်ရောက်ရှိနေပြီ ဖြစ်ပါ
တယ်။ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး လုပ်သားတွေအနေနဲ့လည်း မုန်တိုင်းဒုက္ခ
သည်တွေကို သွားရောက်ကူညီတဲ့နေရာမှာ အရင်ကထက်ပိုပြီး လွယ်လွယ်ကူကူ သွားလာလုပ်ကိုင်ခွင့်ရနေပြီလို့ မစ္စ ဘိုင်ယာစ်က ပြောပါတယ်။ မြန်မာစစ်အစိုးရကို
အသိပေးပြီး ၄၈ နာရီအတွင်း ကုလသမဂ္ဂ၀န်ထမ်းတွေ မုန်တိုင်းသင့်ဒေသတွေကို သွားရောက်ကူညီခွင့်ရတယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့်လည်း တခြား အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံ
တကာ ကြက်ခြေနီအဖွဲ့ချုပ်တို့လို၊ နောက် ကလေးများ ကူညီကယ်ဆယ်ရေးအဖွဲ့
(Save the Children) လို အဖွဲ့တွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ကျွမ်းကျင် လုပ်သားတွေကိုတော့ မြန်မာစစ်အစိုးရက အခုလိုအခွင့်အရေးတွေ အတူတူပေးမထား
ဘူးလို့ မစ္စ ဘိုင်ယာစ်က ပြောပါတယ်။ ဒီအကြောင်းကလည်း ဒုက္ခသည်တွေအတွက် အကူအညီတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အရေးမှာ အဟန့်အတား
ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

“စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံထဲမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေအားလုံး
ကို ပယ်ဖျက်ပေးဖို့ ကျမတို့ တိုက်တွန်းပါတယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာ နိုင်ငံ
တကာ ကူညီကယ်ဆယ်ရေးလုပ်သားတွေ သွားရောက်ကူညီခွင့်ရဖို့ အရေးတကြီး
လိုအပ်နေလို့ပါ။”

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာတွေမှာ ဘယ်လိုအကူအညီတွေ လိုအပ်တယ်ဆိုတာကို သေသေချာချာသိနိုင်ဖို့ အရေးကြီးတဲ့ စုံစမ်းလေ့လာမှုတွေကို နိုင်ငံတကာ ကျွမ်းကျင်
လုပ်သားတွေက စလုပ်နေကြပြီဖြစ်သလို ဒီလကုန်လောက်မှာ အစီရင်ခံစာ အပြည့်
အစုံ ထွက်လာဖို့ရှိတယ်လို့လည်း မစ္စ ဘိုင်ယာစ်က ပြောပါသေးတယ်။

တချိန်တည်းမှာပဲ မုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေးစခန်းတွေကို မြန်မာစစ်အစိုးရ
က လိုက်လံပိတ်ပစ်နေတာတွေ ရပ်တန့်ဖို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ
က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အစိုးရအဆောက်အဦတွေမှာ ခိုလှုံ
နေကြရတဲ့ မုန်တိုင်းဒုက္ခသည်တွေကို အာဏာပိုင်တွေက နှင်ထုတ်ပြီး အပျက်အဆီး တွေသာကျန်ရစ်တဲ့ သူတို့ရဲ့နေရပ်ကို အတင်းပြန်ပို့နေတဲ့အတွက်လည်း လူ့အခွင့်
အရေးအဖွဲ့တွေက မြန်မာစစ်အစိုးရကို ဝေဖန်နေကြပါတယ်။




ကယ်ဆယ်ရေးပစ္စည်းများ လဲလှယ်မှု ကျယ်ပြန့်စွာဖြစ်ပေါ်နေ
မိုးအောင်တင်/ကဒုံကနိ ဇွန် ၄၊ ၂၀၀၈

မုန်တိုင်းဒဏ်သင့်ဒေသများတွင် နိုင်ငံတကာ အကူအညီများနှင့် ပြည်တွင်းအကူအညီများ ဖြန့်ဝေရာ၌ သက်ဆိုင်ရာ အာဏာပိုင်တို့က ပစ္စည်းအကောင်းနှင့် အညံ့များလဲလှယ်ခြင်း၊ နအဖ လူကြီးများလာစဉ် ဒုက္ခသည်များအား ပေးသည့် အကူအညီပစ္စည်းများကို ပြန်လည်သိမ်းယူခြင်းတို့ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာတွင် အာဏာပိုင်များက ဝေသော ဆန်ညံ့များကို စားသုံးရ သောကြောင့် ကျန်းမာရေး ထိခိုက်ရကြောင်း ဒေသခံ မတင်တင်ဝင်းက ပြောသည်။

“ကျမတို့ကိုဝေတဲ့ ဆန်က အခု ဒီမှာမြင်တဲ့အတိုင်းပဲ၊ ရေစိုတဲ့ စပါးတွေကို ကြိတ်ထားတာ၊ ဒါတွေစားပြီး ၀မ်းဖော ၀မ်းရောင် ဖြစ်လို့ ဆေးခန်းတောင် သွားပြနေရတယ်။ အကူအညီပေးတဲ့ ဆန်ကရေစိုဆန်တွေ ဖြစ်မယ်တော့ မထင်ဘူး၊ မနက်က
ဝန်ကြီးလာတယ်၊ အဲဒီလိုဖြစ်တာကို ကျမပြောမလို့ဟာကို ရယက တွေက အတင်းတားပြီး ပေးမပြောဘူး”ဟု မတင်တင်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

ရယကမှ စာရင်းဖြင့်ဝေသည့် ၀ါကျင်ကျိုးကြေနေသည့် ဆန်များနှင့် ဆေးခန်းပြသထားသည့် ဆေးစာအုပ်ကိုပါ ယူဆောင် လာပြီး ၎င်းက ပြသသည်။

သက်ဆိုင်ရာ ရယကမှ တဆင့်ဝေငှသည့် ဆန်မှာ ယခုကဲ့သို့ ရေစိုဆန်များ ဖြစ်နေလေ့ရှိသည်ဟု ရပ်ကွက်အတွင်း နေထိုင် သည့် တခြားအိမ်ရှင်မများကလည်း ပြောဆိုသည်။

ဒေသခံအိမ်ရှင်မ တဦးကလည်း “တလောက လူကြီးတွေလာတုန်းက ဒုက္ခသည် စခန်းကလူတွေကို ဝေပေးတဲ့ အစား အသောက်တွေ ဆိုပြီးပြထားတာ၊ အဲဒီဝန်ကြီးခရီးစဉ်မှာ လိုက်လာတဲ့ တဦးက ဒုက္ခသည်တွေကို ကပ်ပြောသွားတယ်။ စားစရာတွေ မြန်မြန်စား နို့မဟုတ်ရင် ပြန်သိမ်းမှာလို့ ဆိုတယ်၊ အဲဒီထဲကမုန့်တွေ၊ အချိုရည်တွေနဲ့ စားစရာတွေ၊ ဒုက္ခသည် တချို့က မြန်မြန်စားလိုက်ကြတယ်။ ၀န်ကြီးလည်း ပြန်သွားရော သက်ဆိုင်ရာက သူပြောတဲ့အတိုင်းပဲ ချက်ခြင်းလိုက်သိမ်း တယ်”ဟု ပြောပြသည်။

ကဒုံကနိကျေးရွာသည် ဘိုကလေး မြို့နယ် အပိုင် ဘိုကလေးမြစ်၏ တောင်ဘက်အကျဆုံး ပင်လယ်ဝအနီးတွင် တည်ရှိပြီး နေထိုင်သူအများစုမှာ ရေလုပ်ငန်းနှင့် ဈေးရောင်းခြင်းဖြင့် အသက်မွေးကြသည်။ ပြီးခဲ့သည့် တလကြာ က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရွာရှိအိမ်ခြေ အများစုမှာ ပျက်စီးခဲ့ရသည်။

အစိုးရမှ နာဂစ်ဒုက္ခသည်များအား ဆန်ဝေငှခြင်းအပြင် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဆန်ဝေငှ သည်ဟုလည်း ရွာခံများကပြောဆိုသည်။ WFP မှ ဝေငှသည့် ဆန်များမှာမူ ရေစိုဆန်မဟုတ်ဘဲ လူတဦးလျင် တလ ၆ ပြည်နှုန်းဖြင့် ဝေငှပြီး ၆ လကြာဝေငှမည်ဟု သိရကြောင်း ကဒုံကနိ ရွာခံများက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အခြေစိုက်သည့် နိုင်ငံတကာ အန်ဂျီအိုကြီးတခုမှ တာဝန်ရှိသူတဦး ပြောဆိုချက်အရ ကုလသမဂ္ဂ အဖွဲ့ အစည်းမှ မြန်မာနိုင်ငံ ဧရာဝတီတိုင်းရှိ မုန်တိုင်းဒဏ်ခံရသူ ၂ သန်းခွဲ အနက် ဒုက္ခသည် ၁ သန်း ၃သိန်း ထံ သို့ အကူအညီ ရောက်ရှိပြီးဖြစ်ကာ နိုင်ငံတကာမှ ကူညီရန် ကတိပေးထားသည့် ငွေပမာဏ၏ ၆၃ ရာခိုင်နှုန်းမှာ ကုလသမဂ္ဂအဖွဲ့ လက်ဝယ် ရောက်ရှိနေပြီဟု သိရသည်။
........................................................................
နှင်ထုတ်ခံရသော ဒုက္ခသည်များ မြို့ပေါ်သို့ ပြန်တက်လာ
ကိုစိုး ဇွန် ၄၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီး တလ ပြည့်မြောက်သည့် အချိန်တွင် လပွတ္တာမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများမှ ပြန်ပို့ခံရသော ဒုက္ခသည်များ အစားအစာနှင့် သောက်သုံးရေ အခက်ခဲများကြောင့် ဒုက္ခသည်စခန်းတချို့သို့ ပြန်လည် လာရောက် ခိုလှုံမှုများရှိနေကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။နှင်ထုတ်ခံရသော ဒုက္ခသည်များအား လပ္ပတ္တာ ဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)ကျေးရွာများသို့ ပြန့်ပို့ခံရသည့် ဒုက္ခသည် ၁၀၀၀ ကျော် ၂၀၀၀ ခန့်သည် လပွတ္တာမြို့ပေါ်ရှိ ဒုက္ခသည်စခန်း တခု ဖြစ်သော စတုဘုမ္မိက လေးထပ်ကျောင်းသို့ တနင်္ဂနွေနေ့က ပြန်လည်ရောက်ရှိလာကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) မုန်တိုင်းဒဏ် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်က ပြောသည်။

“ဒုက္ခသည်တွေပြန်ဝင်လာတယ်၊ သူတို့ဟာ သူတို့ နယ်မှာ မနေနိုင်လို့ သူ့အစီအစဉ်နဲ့သူ ပြန်ရောက်လာတာ တဖွဲဖွဲပဲ၊ အာဏာပိုင်တွေကလည်း အထဲထဲကနေ ပြန်နှင်တယ်၊ ဒုက္ခသည် စခန်းထဲမှာ အသံချဲ့စက်တွေနဲ့ အော်တယ်၊ ဒီမှာ လက်ခံ ထားလို့ မဖြစ်ပါဘူး၊ မိမိနေရပ်ကို ပြန်ပါဆိုပြီးတော့ အော်တယ်၊ ဒုက္ခသည်တွေကလည်း ကျောင်းထဲကို တိုးဝင်လာတယ်၊ ပြန်ရောက်လာတဲ့လူ တနင်္ဂနွေနေ့က ညနေ ၄ နာရီ လောက်အထိ ၁၅၀၀-၂၀၀၀ လောက်ရှိမယ်”ဟု ဦးအုန်းကြိုင်က ပြောပြသည်။

ယင်း လေထပ်ကျောင်းတွင် ယခင်က လေဘေးဒုက္ခသည် ၇၀၀၀ ခန့်ရှိပြီး အာဏာပိုင်များက အတင်းအကျပ် ပြန်ပို့သော ကြောင့် ဒုက္ခသည်များ ပြန်သွားခဲ့ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

လပွတ္တာ ဒေသခံ တဦးကလည်း “ဟုတ်တယ်၊ ဒုက္ခသည်တွေ မြို့ကို ပြန်လာကြတာတွေ့တယ်၊ ပြန်လွှတ်လို့ ပြန်ထွက်သွား ရတဲ့ သူတွေလည်းပဲ ရှိတယ်”ဟု ပြောဆိုသည်။

ကျေးရွာများသို့ ပြန်ပို့ခံရသော ဒုက္ခသည်တချို့သည် စိုက်ပျိုးထွန်ယက်၍ လုပ်ကိုင်စားသောက် လိုသော်လည်း မျိုးစပါးနှင့် ပစ္စည်းကိရိယာ မပြည့်စုံမှု စသည့် အခက်အခဲများ ရှိနေသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

“တချို့က စားစရာ နေစရာမရှိပေမယ့် သူတို့လုပ်စားမှ ရမယ်ဆိုတာသိတယ်၊ ထွန်ချင်စိုက်ချင်တယ်၊ ပစ္စည်း ကိရိယာ ကျွဲ နွား မရှိဘူး၊ မျိုးစပါးမရှိဘူး၊ ပြီးတော့ သူတို့ကို စားစရာက ၁၀ လစာလောက် ပေးထားမှ ရမယ်၊ ဒီစပါးပေါ်တဲ့အထိ၊ အဲဒါက သူတို့ မိသားစု တစုလုံးအတွက်ကို ပေးထားမှဖြစ်မယ်”ဟု ၎င်းက ဆိုသည်။

မုန်တိုင်းဒဏ်သင့် ဒေသများမှ ဒေသခံများနှင့် လေဘေးဒုက္ခသည်များသည် စားရေရိက္ခာနှင့် အမိုးအကာ စသည့် လိုအပ် သော ထောက်ပံ့ကူညီမှုများကို အစိုးရနှင့်ပုဂ္ဂလိက အပါအဝင် မည်သည့် အဖွဲ့အစည်းထံကမျှ လုံလောက်စွာ မရရှိကြ ကြောင်း ဧရာဝတီတိုင်း လပွတ္တာမြို့နယ်သို့ သွားရောက်ခဲ့ပြီး ယမန်နေ့က ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသော စီပွားရေး လုပ်ငန်းရှင် တဦးကလည်း ပြောသည်။

“မြင်ရတာတွေက တကယ် စိတ်မကောင်းစရာပါပဲ၊ စားစရာမရှိ၊ သောက်စရာ သောက်ရေသန့်လည်း မရှိ၊ အမိုးအကာ နေစရာလည်းမရှိနဲ့ မုန်တိုင်းတိုက်ပြီးစတုန်းက အခြေအနေအတိုင်းပါပဲ၊ ဘာမှ မပြောင်းဘူး”ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ရှိ ဒုက္ခသည်များ အကူအညီပေးရေး ၃ ရက်ခန့်သွားရောက်ပြီး တင်္ဂနွေနေ့က ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိလာသော ဦးအုန်းကြိုင်က ပြင်စလူကျွန်းနှင့် လပွတ္တာ အပါအဝင် မြစ်ဝကျွန်းပေါ်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။

“လပွတ္တာမှာက တော်တော် အပျက်အစီးများတယ်၊ ပြင်စလူတို့ ဘာတို့မှာ ဘာမှ ကယ်ဆယ်ရေး မလုပ်ရသေးဘူး၊ ရွာ တော်တော်များများမှာ ကယ်ဆယ်ရေးက ထိထိမိမိ ဘာမှ မလုပ်ရသေးဘူး၊ စားဝတ်နေရေး အခက်အခဲ တော်တော်များများ ဖြစ်နေကြတယ်၊ မြို့ပေါ် စခန်းတွေမှာလည်း မထားဘူး ပြန်နှင်တယ်၊ ဒါပေမယ့် လူတွေက စားစရာလည်း မရှိ၊ သောက်ရေ သန့်လည်း ပြည့်ပြည့်စုံစုံမရတော့ မနေနိုင်ဘဲ မြို့ပေါ်ပြန်တက် လာတာ”ဟု ၎င်းက ပြောပြသည်။

ဦးအုန်းကြိုင်က ၎င်းတို့သွားရာလမ်းခရီးတွင် မရှင်းလင်းရသေးသော လူသေ အလောင်းများစွာကိုလည်း တွေ့ရှိရ ကြောင်း ပြောပြသည်။

“ကျနော်တို့ သောကြာနေ့ည က သွားတယ်၊ စနေနေ့ အပြင်းထန်ဆုံးထိတဲ့ ပြင်စလူကို ရောက်တယ်၊ လမ်းမှာလည်း အလောင်း ၄၀-၅၀-၆၀ လောက်တွေ့တယ်၊ ရှင်းလင်းတာတွေလည်း မရှိဘူး၊ မောင်ငယ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်း ကျေးရွာ အုပ်စု တို့က ရွာပေါင်း ၅၀ ကျော်လောက် ကျနော်တို့ ရောက်ခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ယခင်က လပွတ္တာမြို့ပေါ်တွင် ဘုန်းကြီးကျောင်းများအပါအဝင် ဒုက္ခသည် စခန်းပေါင်း ၄၀ ကျော် ၅၀ နီးပါး ရှိပြီး ဒုက္ခသည် ၄၀၀၀၀ ခန့် ရှိကြောင်းနှင့် ယခုအခါ မြို့အစွန် ၃ မိုင်၊ ၅ မိုင်ခန့်တွင်ရှိသော ဂေါက်ကွင်း စခန်း၊ လပွတ္တာ နှင့် မြောင်းမြကြားရှိ ကျောက်ဖြူစခန်း၊ လပွတ္တာမြို့ အဝင် ဘောလုံးကွင်း စခန်း စသည့် ဒုက္ခသည် စခန်း ၃ ခုသာလျင် ကျန်ရှိကြောင်း သိရသည်။

ဒုက္ခသည်များသည် သောက်သုံးရေ၊ စားရေရိက္ခာ၊ နေရာထိုင်ခင်း အခက်အခဲများအပြင် ၀မ်းရောဂါ၊ ငှက်ဖျား ရောဂါ၊ ကူးစက်ရောဂါများနှင့် စိတ်ကျရောဂါ ဖြစ်ပွားမှုများလည်းရှိနေကြောင်း ရန်ကုန်အခြေစိုက် သတင်း အသိုင်းအဝန်းမှ သိရသည်။

ယင်းလေဘေး ဒဏ်ကြောင့် အသက်ဆုံးရှုံးသူများအတွက် တလ ပြည့် အထိမ်းအမှတ်ရည်စူး၍ ဒေသခံ ရပ်မိ ရပ်ဘများနှင့် လူမှုရေးကူညီဆောင်ရွက်သူများက ဇွန်လ ၂ ရက်နေ့တွင် လပွတ္တာမြို့၌ အလှူဒါနပြုကြကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ မေလ ၂ ရက်နှင့် ၃ ရက်တွင် တိုက်ခတ်သော နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၁ သိန်း ၉ သောင်း ကျော်ရှိသည်ဟု ဒေသခံများကို ကိုးကား၍ ဦးအုန်းကြိုင်က ပြောသည်။

အဆိုပါ မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများအား ထိန်းသိမ်းဆောင်ရွက်ပြီးဖြစ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဟု စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောဆိုကြောင်း မေလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။
..................................................................
အလှူခံခြင်းကို လုံထိန်းရဲများဖြင့် တင်းကျပ်စွာစောင့်ကြပ်
မိုးအောင်တင်/ဒေးဒရဲ ဇွန် ၄၊ ၂၀၀၈

မုန်တိုင်းဒဏ်ကြောင့် နေအိမ်ဆုံးရှုံး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရသည့် ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ဒေးဒရဲ မြို့နယ်မှ ဒုက္ခသည်များလမ်းပေါ်တက်ရောက်၍ အလှူပစ္စည်း များ လက်ခံနိုင်ခြင်းမရှိရန် လုံထိန်းရဲ အင်အားများစွာ ကားလမ်းတလျှောက် စောင့်ကြပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

မုန်တိုင်းတိုက်ခတ်ပြီး တပတ်ခန့်မှစတင်ကာ ရန်ကုန်မြို့မှစေတနာရှင်များက ကားကြီးကားငယ်များဖြင့်နေ့စဉ် ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲမြို့နယ်များဆီသို့ သွားရောက်ပြီး ကားလမ်းတလျှောက် ဝေငှလျက်ရှိခြင်း ကို စစ်အစိုးရမှပြီးခဲ့သည့်လ နောက်ဆုံးပတ်တွင် တားမြစ်ခဲ့သည်။

မကြာသေးခင်က တွံတေး ကော့မှူးလမ်းခွဲမှ စတင်ကာ ဒေးဒရဲ မြို့အထိ မိုင်၃၀နီးပါး ကားလမ်းတလျှောက်တွင် လုံထိန်းရဲ များက ရဲကားများ၊ လမ်းဘေးယာယီတဲများဖြင့် ဒုက္ခသည်များ လမ်းပေါ်ထွက်မလာနိုင်ရန် မိုးလင်းမှ မိုးချုပ်ထိ အင်အား ရာနှင့်ချီ၍ စောင့်ကြပ်နေသည်ကို တွေ့ရသည်။

အလှူပေးရန်နေရာဟူသည့် ဆိုင်းဘုတ်အနီဖြင့် လမ်းညွှန်ထားသည့် ဒုက္ခသည်စခန်းများတွင်သာ အလှူရှင်များ လှူဒါန်း နိုင်ပြီး ကားလမ်းနံဘေးတွင် တွေ့ရသည့် ဒုက္ခသည်များအား လှူဒါန်းခွင့်မရှိဟုလည်း ယမန်နေ့က သွားရောက်ခဲ့သူတဦးက ပြောဆိုသည်။

ကွမ်းခြံကုန်းမြို့အလွန် ဒေးဒရဲ ကားလမ်းအနီးရှိ တောကျောင်းရွာရှေ မြေသားလမ်းပေါ်တွင်အလှူရှင်ကားများကို စောင့်ဆိုင်းနေကြသည့် လူအုပ်စုထဲမှ မအမာစိန်က “ကျမက မုန်တိုင်းမတိုင်ခင်က ဘောက်(ကျဘမ်း) လုပ်တယ်၊ အခု လယ်တွေလည်း ဘယ်သူမှ မလုပ်နိုင်၊ ကွမ်းခြံတွေလည်း ပျက်ပြီး ဘယ်သူမှ ပြန်မလုပ်နိုင်သေးတော့ ဘာ အလုပ်မှ မရှိဘူး၊ ဒီလိုအလှူရှင်တွေလာဝေတဲ့ ဆန်လေး၊ စားစရာလေးတွေကိုပဲ အားကိုးနေရတာပေါ့၊ ရယက က တဆင့် ဝေတဲ့ ဆန်ဆိုတာ သုံးပတ်အတွင်း ၂ပြည်ကျော်၃ပြည်ပဲ ရဖူးသေးတယ်။ တခြားဘာမှမရဘူး၊ ကလေး လေးယောက်နဲ့ သူတို့ ဝေတဲ့ဆန် ဘယ်လိုလုပ်လောက်ပါ့မလဲ၊ ဟိုအရင်ရက်တွေကတော့ ကားလမ်းဘေး မှာ သွားစောင့်တယ်၊ ပြီခဲ့တဲ့လ ၂၄ ရက်နေ့ နောက်ပိုင်းမှာ ရဲတွေချထားပြီး ဖမ်းမယ်ဆိုတာနဲ့ လမ်းမ မထွက်ရဲတော့ ဘဲ၊ ရွာအ၀င်လမ်းမှာပဲ စောင့်နေကြရတာ” ဟုပြောဆိုသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း ဖျာပုံဘက်သို့ အလှူပစ္စည်းဝေငှရန်သွားရောက်ခဲ့သည့် အလှူရှင်တဦးက“ဒီလို ရဲတွေနဲ့စောင့် နေတာ တော်တော်ဆိုးတယ်။ ရဲတွေ၊ စစ်သားတွေက လူတွေဒုက္ခရောက်မယ့်အချိန်မှာ ကူညီလုပ်ကိုင် ပေးတာမဟုတ်ဘဲ ဒုက္ခသည်တွေကို ကားလမ်းပေါ် ထွက်မလာအောင် လက်နက်တွေနဲ့ ခြိမ်းခြောက်တဲ့ လုပ်ရပ်က တလောက သီတဂူ ဆရာတော်ဟောတဲ့တရားထဲကလိုပဲ အနတ္တကုသလ (အကျိုးမဲ့လုပ်ရပ်များတွင် ကျွမ်းကျင်ခြင်း) ဆိုတဲ့ စကားလုံးနဲ့ ကွက်တိပဲ” ဟုဝေဖန်ပြောဆိုသည်။

.............................................................................................
နာဂစ်အလွန် တလအကြာ လပွတ္တာ
အောင်သက်ဝိုင်း ဇွန် ၄၊ ၂၀၀၈

လပွတ္တာမြို့ပေါ်တွင် တည်ထောင်ထားသော ဒုက္ခသည်စခန်းများ အားလုံးကို မြို့ထဲရပ်ကွက်များမှတဆင့် မြို့ပြင်ဒေသ များသို့ ပြောင်းရွှေ့ပြီး ထိုမှတဆင့် ၎င်းတို့နေထိုင်ခဲ့ရာ ဒေသများဆီသို့ အတင်းအကျပ် ဖိအားပေး ရွှေ့ပြောင်းခိုင်းမှုများ နေ့စဉ်ရှိနေသဖြင့် ဒုက္ခသည်များမှာ သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း အခက်အခဲများ ကြုံတွေ့ရပြီး ၀မ်းရောဂါ နှင့် ငှက်ဖျားရောဂါ၊ ကူးစက်ရောဂါများနှင့် စိတ်ကျရောဂါ ဖြစ်ပွားမှုများ ရှိနေသည်။သုံးမိုင် ဒုက္ခသည်စခန်း (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)

မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှစတင်ပြီး လပွတ္တာမြို့ထဲ သကျမာရဇိန် ဆုတောင်းပြည့်ဘုရား အတွင်းရှိ ဒုက္ခသည်စခန်း၊ အမှတ် ၁ နှင့် ၂ အထက်တန်းကျောင်းများမှ ဒုက္ခသည်စခန်းများ၊ မြို့တွင်း ဘုန်းကြီး ကျောင်းများနှင့် လပွတ္တာမြို့ခံများ စုပေါင်း တည်ထောင်ထားသော ဒုက္ခသည် စခန်းစုစုပေါင်း ၄၉ ခုမှ ဒုက္ခသည် ၄၀၀၀၀ နီးပါးတို့ကို လပွတ္တာမြို့နှင့် အတော် ကွာဝေးသော မြို့ပြင် လမ်းဘေး မြေယာကွက်လပ်များဆီသို့ အာဏာပိုင်များက ပြောင်းရွှေ့စေခဲ့သည်။

လပွတ္တာမြို့နှင့် ၃ မိုင်ကွာဝေးသော လပွတ္တာ-မြောင်းမြ ကားလမ်းပေါ် တနေရာ (ဒေသအခေါ် ဂေါက်ကွင်း) တွင် ၃ မိုင် ဒုက္ခသည်စခန်း၊ ၅ မိုင်ကွာဝေးသော ကားလမ်းဘေးနေရာ တခုတွင် ၅ မိုင်ဒုက္ခသည်စခန်း ဟူ၍ အမည်ပေးကာ ဒုက္ခသည် များ အားလုံးကို ယင်းနေရာများသို့ ပြောင်းရွှေ့စေခဲ့ကြောင်း သိရသည်။

“အခု လပွတ္တာမှာ ဒုက္ခသည်စခန်းကြီး ၃ ခုပဲရှိတော့တယ်။ မြို့ပြင်မှာ နဂိုကတည်းက ရှိနေတဲ့ ရတနာဒီပ အားကစားကွင်း ဒုက္ခသည်စခန်း၊ ၃ မိုင်နဲ့ ၅ မိုင် ဒုက္ခသည် စခန်းတွေပါ” ဟု လပွတ္တာမြို့နယ် ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

ဒုက္ခသည်များကို မူရင်း ဒေသများဆီသို့ နေ့စဉ်ပြန်လည် ပို့ဆောင်ခြင်းလုပ်ငန်းကို ဒေသခံ အာဏာပိုင်များနှင့် လပွတ္တာ မြို့နယ်အတွင်း မုန်တိုင်းသင့် ကျေးရွာများ ပြန်လည်ထူထောင်ရေး တာဝန်ယူထားရသော ဧရာရွှေဝါ၊ မက်စ်မြန်မာ၊ ၀ါဝါ၀င်း၊ ဇေကမ္ဘာစသည့် စီးပွားရေး ကုမ္ပဏီများက ပူးပေါင်း ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောပြသည်။

“မေလ ၁၈ ရက်နေ့အထိ လပွတ္တာမြို့နယ် ဒုက္ခသည်စခန်း အားလုံးမှာ လူ ၄၀၀၀၀ လောက်ထိ ရှိလာတယ်” ဟု လပွတ္တာ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် တဦးက ဆိုသည်။

၎င်းကပင် ရတနာဒီပ အားကစားကွင်းက ဒုက္ခသည်စခန်းတွင် ကျေးရွာ ၂၂ ရွာမှ အိမ်ထောင်စု ၆၅၀၊ လူဦးရေ စာရင်းအရ ၂၀၆၉ ဦးရှိပြီး ၃ မိုင်နှင့် ၅ မိုင်ဒုက္ခသည်စခန်းနှစ်ခုပေါင်းတွင် ဒုက္ခသည်ဦးရေ ၁၀၀၀၀ နီးပါးခန့် ရှိကြောင်း ဆက်ပြောသည်။

“လူဦးရေ စာရင်းကတော့ လုံးဝမငြိမ်ဘူး။ ဘာကြောင့်လဲဆိုတော့ ၃ မိုင်နဲ့ ၅ မိုင် ဒုက္ခသည် စခန်းမှာ နေ့တိုင်း ပြန်ပို့ခံရတဲ့ လူတွေရှိနေလို့ပါ” ဟု သူက ပြောသည်။

လပွတ္တာမြို့နယ် မယက အဖွဲ့ဝင်လူကြီး၏ အဆိုအရ လက်ရှိကျန်ရှိသည့် ဒုက္ခသည်ဦးရေ ၁၂၀၆၉ ဦးသာ ရှိတော့သည့် အတွက် လပွတ္တာမြို့ပြင်များသို့ ဒုက္ခသည်စခန်း ပြောင်းရွှေ့ပြီးသည့် သီတင်းတပတ်ကျော်အတွင်း ဒုက္ခသည်ဦးရေ ၃ သောင်းနီးပါး ၎င်းတို့နေထိုင်ခဲ့ရာ ကျေးလက် တောရွာများဆီသို့ ပြန်လည်ပို့ဆောင်ပြီး ဖြစ်ကြောင်း သိရှိရသည်။

လပွတ္တာမြို့ပြင် ရတနာဒီပ အားကစားကွင်း ဒုက္ခသည်စခန်း၊ ၃ မိုင်ဒုက္ခသည်စခန်းနှင့် ၅ မိုင် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြသော ဒုက္ခသည်များမှာ ဗြိတိန်၊ ဂျပန်နှင့် နိုင်ငံတကာမှ လှုဒါန်းထားသည့် ရွက်ဖျင်တဲများ၊ ရေသန့် စက်များနှင့် အတူ မိုးလုံလေလုံ နေထိုင်ရကြောင်း ယင်းစခန်းများမှ ဒုက္ခသည်များက ပြောကြားကြသည်။

စားနပ်ရိက္ခာ အပိုင်းတွင်လည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ အက်ဒရာမြန်မာ (Adventist Development and Relief Agency Myanmar) စသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အန်ဂျီအို အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကြောင့် ဒုက္ခသည်များအတွက် လုံလောက်မှု ရှိနေကြောင်း သိရှိရသည်။

“ဆန်က အိမ်ထောင်စု ၄ စုကို ၃ ရက်စာ ဆန်တအိတ် ရတယ်။ အဲဒါက စားနပ်ရိက္ခာ အဖွဲ့က ပေးတာပါ။ အဖွဲ့ကပေးတဲ့ ဆန်က ဆန်လုံးသွယ်သွယ်နဲ့ စားလို့ကောင်းတယ်။ အစိုးရကလည်း ပေးတယ်။ ၃ ရက်ကို လူတဦး နို့ဆီဘူး ၂ လုံးပေးတယ်။ တခြား ဆီ၊ ဆား၊ ကုလားပဲတွေလည်း အခြားအဖွဲ့အစည်းတွေက ပေးတယ်။ သောက်သုံးရေနဲ့ ချိုးရေကျတော့ စခန်းရှေ့မှာ တည်ထားတဲ့ ရေသန့်စက်ကြီးတွေမှာ သွားခပ်ရတယ်”ဟု ၃ မိုင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များက ပြောဆိုကြသည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်များ၏ ကျန်းမာရေး အပိုင်းတွင်လည်း ဟော်လန်နယ်စည်းမခြား ဆရာဝန် များအဖွဲ့၊ မာလင်၊ မော်တီဆာကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့များ၊ မြန်မာ နိုင်ငံ ဆရာဝန်များအဖွဲ့နှင့် ကျန်းမာရေး ၀န်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု များကြောင့် မြို့ပြင် ဒုက္ခသည်စခန်းများ တွင် ၀မ်းရောဂါနှင့် ကူးစက်ရောဂါများ ဖြစ်ပွားမှု အနည်းငယ်သာ ရှိကြောင်း ဒုက္ခသည်များထံမှ စုံစမ်းသိရှိရသည်။

လပွတ္တာမြို့ပြင် ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်များမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် အပူအပင်မရှိ အေးချမ်းစွာ နေထိုင်ရသော်လည်း နေထိုင်ခဲ့ရာ ကျေးလက်တောရွာ များဆီသို့ အတင်းအကျပ်ပြန်လည် ပို့ဆောင်ခံခဲ့ရသော ဒုက္ခသည်များမှာမူ သောက်သုံးရေ အခက်အခဲ၊ စားနပ်ရိက္ခာ အခက်ခဲ၊ နေရာထိုင်ခင်း အခက်အခဲများနှင့် ကျန်းမာရေး စောင့်ရှောက်မှု မရသည့်အတွက် ၀မ်းရောဂါ၊ ငှက်ဖျားရောဂါ၊ တိုက်ဖွိုက်ရောဂါ (အူရောင်ငန်းဖျား)၊ အသည်းရောင် အသားဝါ ရောဂါများနှင့် စိတ်ကျရောဂါများ ဖြစ်ပွားနေကြောင်း လပွတ္တာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများက ပြောဆိုကြသည်။

“ဒုက္ခသည်စခန်းတွေက ပြန်ပို့ခံခဲရတဲ့ တောရွာတွေကို နယ်လှည့်ဆေးကုသွားတဲ့အခါမှာ ၀မ်းရောဂါနဲ့ တိုက်ဖွိုက် ရောဂါ တွေဖြစ်နေတာကို တွေ့နေရပါပြီ။ လူဦးရေ ၆၀ မှာ ၆ ယောက် ၇ ယောက်လောက် ဖြစ်နေတယ်။ တခြား အသည်းရောင် အသားဝါတို့ နမိုးနီးယားနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်တာတွေလည်း ရှိနေတယ်။ အများစုဖြစ်တဲ့ ရောဂါတွေက သန့်ရှင်းတဲ့ သောက်ရေသုံးရေ မရနိုင်လို့ပဲ” လပွတ္တာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတခုမှ ဆရာဝန် တဦးက ပြောသည်။

အချို့ကျေးရွာများတွင်မူ စိတ်ကျရောဂါ ခံစားနေရသည့် လူနာအများအပြား တွေ့ရှိရပြီး စိတ်ဓာတ်ကျဆင်းသည့် ရောဂါကို အထူးဂရုစိုက် ကုသမှုပေးနိုင်သည့် ပညာရှင်နှင့် ဆရာဝန်များ လပွတ္တာမြို့ရှိ ကုလသမဂ္ဂနှင့် ကျန်းမာရေး အဖွဲ့အစည်း များတွင် လောလောဆယ် မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါဆရာဝန်က ၎င်းလုပ်ကိုင်နေသော အဖွဲ့အစည်း၏ ကျန်းမာရေးလုပ်ငန်းများ အာဏာပိုင်များ၏ ငြိုငြင်မှုများကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် အဖွဲ့အစည်းအမည်နှင့် ၎င်းအမည် ထည့်သွင်း ဖော်ပြခြင်း မပြုရန် ပြောဆိုပြီး အာဏာပိုင်များ၏ ဒုက္ခသည်များအား အတင်းအကျပ် နေရပ်ပြန်လည် စေလွှတ်မှုများကို ပြစ်တင်ရှုံ့ချကြောင်း ပြောသည်။“ဘာတခုမှ အဆင်သင့်မဖြစ်ဘဲ ဒုက္ခသည်တွေ ပြန်ပို့တော့ ၀မ်းရောဂါတို့လို ကူးစက်ရောဂါတွေက သေချာပေါက်ကို ဖြစ်မှာပဲ။ ပြီးတော့ ပြန်ပို့ခံရတဲ့ ဒုက္ခသည်တွေ အားလုံးနေတဲ့ ကျေးရွာတွေအားလုံးကို ကျန်းမာရေး အဖွဲ့အစည်းတွေ ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခု လက်လှမ်းမီတဲ့ ရွာတွေမှာတောင် ကူးစက်ရောဂါတွေ ဖြစ်နေပြီ။ ကျနော်တို့ကတော့ တတ်နိုင်သမျှ ကပ်ရောဂါအဆင့်ကို မရောက်အောင် ကြိုးစားသွားမှာပါ”ဟု အဆိုပါ ဆရာဝန်က ပြောသည်။

လပွတ္တာ အခြေစိုက် နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတခုမှ ကြီးကြပ်ကွပ်ကဲရေးမှုး တဦးကလည်း လပွတ္တာမြို့မှ သွားလာရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများမှ ဒုက္ခသည်များကို ပြန်လည် ပို့ဆောင်ခြင်းမပြုရန် ပန်ကြားလိုက်ပြီး ပြန်လည်တည်ဆောက်ရေးနှင့် ဒုက္ခသည်များအတွက် ပြည့်စုံ လုံလောက်သော အခြေခံအဆောက်အအုံ ဖြစ်သည့် ကျန်းမာရေးနှင့် စားဝတ်နေရေး အဆောက်အအုံများ အဆင်ပြေမှသာ ပြန်လည်ပို့ဆောင်သင့်ကြောင်း ပြောသည်။

လပွတ္တာမြို့ပြင် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို အာဏာပိုင်များက နေထိုင်ခဲ့ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင် ရာတွင် ဒုက္ခသည်တဦးလျှင် ဆန်၁ အိတ်၊ ငွေနှစ်သောင်းကျပ်၊ ဆီတပုံး တပါတည်း ထည့်သွင်းပေးပြီး မိမိသဘောဆန္ဒ အလျှောက် နေရပ်သို့ ပြန်ခြင်းဖြစ်သည်ဆိုသော လျှောက်လွှာစာရွက်တွင် လက်မှတ်ရေးထိုးစေကြောင်း ဇွန်လ ၁ ရက်နေ့ တွင် ၃ မိုင် ဒုက္ခသည်စခန်းမှ နေရပ် ရွေးဒိုင်နယ် (ကျေးရွာအုပ်စု) ဂွေးချောင်းရွာသို့ ပြန်မည့် ဒုက္ခသည် မိသားစုတစုက လပွတ္တာမြို့၊ ဧရာဝတီ သဘောင်္ဆိပ်တွင် ပြောသည်။

“ပြန်မယ် … စခန်းမှာပြန်ဖို့ ခဏခဏပြောတယ်၊ ပေးတာယူ ကျွေးတာစား သူတောင်းစားတွေလို ဘ၀မျိုးက ရုန်းထွက်ပါ ဆိုပြီး ပြောတယ်။ ပြန်မယ် … ပြန်တဲ့လူတွေကို စခန်းမှာ ပြန်လက်မခံဘူးလို့လည်း ပြောတယ်” ဟု ရတနာဒီပ ဒုက္ခသည် စခန်းမှ ဇွန်လ ၃ ရက်နေ့တွင် နေရပ်သင်္ဃန်းကြီး ကျေးရွာသို့ ပြန်ရန် စီစဉ်နေသူ ဒုက္ခသည်တဦးက ပြောသည်။

၃ မိုင် ဒုက္ခသည်စခန်းမှ အသက် ၆၀ အရွယ်ရှိ ဒုက္ခသည် အမျိုးသားကြီတဦးက ၎င်းအနေဖြင့် ရွာမပြန် ချင်သေးကြောင်း၊ ရွာပြန်လည်ရောက်ရှိပြီးမှ စားဝတ်နေရေး အခက်အခဲ ဖြစ်မည်ကို အလွန်စိုးရိမ်ကြောင်း၊ သို့သော်လည်း အာဏာပိုင်များက အတင်းပြန်လွှတ်မည်ဆိုပါက ရွေးချယ်စရာ လမ်းမရှိကြောင်း ပြောပြသည်။

ဒုက္ခသည်စခန်းများမှ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည့် ကျေးလက်တောရွာများမှ ဒုက္ခသည်များမှာ သောက်ရေနှင့် သုံးရေအခက်အခဲများ၊ ရိက္ခာ အခက်အခဲများ ကြုံတွေ့ရသည့်အတွက် လပွတ္တာ မြို့ပေါ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံသို့ ကျေးရွာ ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ကာ အကူအညီ တောင်းခံမှုများ ရှိနေကြောင်း လပွတ္တာမြို့နယ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ တာဝန်ရှိသူတဦးက ပြောဆိုသည်။

“ရွာတွေကနေ ကျေးရွာကိုယ်စားလှယ်အဖွဲ့တွေ ရောက်လာတယ်။ သောက်ရေအတွက် အခက်အခဲ ရှိတဲ့အကြောင်း၊ ဆန်မရှိတဲ့အကြောင်း၊ ပြီးတော့ မိုးရွာရင်ရေခံနိုင်ဖို့ ရေကန်တွေကို ပြန်ပြီးတူးဖော်ဖို့ ရေစုပ်စက်တွေ လိုတဲ့အကြောင်း လာပြောပြီး စာရင်းပေးကြတယ်။ တနေ့ကို အနည်းဆုံး အဲလိုလာပြောတဲ့ ကျေးရွာပေါင်း ၂၀ အထက်မှာရှိတယ်။ အချို့ရွာ တွေက နေ့တိုင်းလာတယ်။ ပြန်ရင်တော့ သူတို့ နိုင်သလောက် သယ်နိုင်မယ့် သောက်ရေတို့၊ ဆန်အိတ်နဲ့ စက်လှေမောင်းဖို့ ဒီဇယ်ဆီတွေ ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်း တွေက ထုတ်ပေးကြတယ်” ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ကုန်သိုလှောင်ရုံမှ ကြီးကြပ်ရေးမှူး တဦးက ဆိုသည်။ရတနာဒီပ ဒုက္ခသည်စခန်း (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)

လပွတ္တာမြို့သို့ လာရောက်ဆက်သွယ်ရန် ခက်ခဲသည့် ကျေးရွာအများအပြားရှိနေပြီး ထိုကျေးရွာများသို့ မြို့ပေါ်မှ ကုလ သမဂ္ဂနှင့် အဖွဲ့အစည်းများ သွားရောက်ရန်မှာလည်း ရာသီဥတု အခြေအနေနှင့် စက်လှေ၊ သဘောင်္ မလုံလောက်မှု၊ ၀န်ထမ်း အင်အား မမျှတမှုများ ရှိနေသည့်အတွက် ထိုကျေးရွာများမှ ဒုက္ခသည် အခြေအနေမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ၀န်ထမ်းများက သုံးသပ်ပြောသည်။

လပွတ္တာာမြို့ပြင်ပ ဒုက္ခသည်စခန်းများနှင့် ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသော ကျေးရွာများမှ ဒုက္ခသည်များသည် ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများကို ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများသို့သာ အကြောင်းကြား တင်ပြကြပြီး ဒေသခံအာဏာပိုင်များကို ဆက်သွယ်အကြောင်းကြားမှုများ မရှိကြောင်း သိရှိရသည်။

မေလ ၃၁ ရက်နေ့တွင် လပွတ္တာမြို့ပေါ်ရှိ ကုလသမဂ္ဂ စားနပ်ရိကာအဖွဲ့ထံတွင် လာရောက် ရိက္ခာထုတ်ယူသည့် လွှစာ ကျေးရွာမှ ကျေးရွာကိုယ်စားလှယ်တဦးက “မုန်တိုင်း သင့်သူတွေအားလုံးက ကုလသမဂ္ဂနဲ့အဖွဲ့တွေကို ယုံကြည်ကိုးစား ကြတယ်။ အာဏာပိုင်တွေဆီကိုတော့ လုံးဝမသွားဘူး။ အဓိကကတော့ အယုံအကြည် မရှိတာပေါ့” ဟုဆိုသည်။

လပွတ္တာမြို့နယ်အပိုင်းအတွင်းရှိ မုန်တိုင်းဒဏ်သင် ပြင်စလူမြို့နယ်ခွဲတွင် သောက်ရေသာရှိပြီး သုံးရေမရှိသည့်အတွက် ဒေသခံများမှာ ထမင်းဟင်းချက်ရာတွင် ပင်လယ်ဆားငန်ရေကိုသာ အသုံးပြုချက်ရသည့်အတွက် အစားအသောက်များမှာကျန်းမာရေးနှင့် ညီညွှတ်မှုမရှိဘဲ အလွန်ငန်ပြီး ထမင်းနှင့်ဟင်း အရောင်များမှာ အ၀ါရောင်ရင့်ရင့် အရောင်ရှိကြောင်း ပြင်စလူမြို့နယ်တွင် သောက်သုံး ရေကန်များ ပြန်လည်တူးဖော်ရန် လပွတ္တာမြို့ပေါ်ရှိ အက်ထရာ မြန်မာအဖွဲ့ထံတွင် ရေစုပ်စက် လာရောက် အကူအညီတောင်းခံသည့် ပြင်စလူ ဒေသခံတဦးက ပြောသည်။

......................................................................
နအဖ ဖွဲ့စည်းပုံကို ပြည်တွင်းအဖွဲ့များ လက်မခံ

ဖနိဒါ၊ နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 18:56 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်တွင်းရှိ သံဃာ၊ ကျောင်းသားနှင့် တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့က အသိအမှတ်မပြု လက်မခံကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်ကြသည်။

နအဖ ဖွဲ့စည်းပုံကို အသိအမှတ် မပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၃ ဖွဲ့ပေါင်းနှင့် တိုင်းရင်းသားပါတီ ၁၂ ပါတီက ယနေ့တွင် ပူးတွဲ ကြေညာကြခြင်း ဖြစ်သည်။

ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က “ဖွဲ့စည်းပုံ ရေးဆွဲနေတဲ့ လူတွေကို ကြည့်လိုက်ရင် အကုန်လုံးလိုလို ကြောက်ပြီးတော့ စစ်တပ်အတွက် ရေးဆွဲပေးနေတဲ့ လူတွေ ဖြစ်တယ်။ ပြည်သူလူထုအတွက် ဦးဆောက်ဦးရွက် လုပ်ပြီးတော့ ရေးဆွဲပေးတာ မဟုတ်ဘူး။ ပြည်သူအတွက် သူတို့မှာ သိပ်ခံစားချက် မရှိဘူး။ သူတို့ စားရေးသောက်ရေး အတွက်ပဲ ရေးဆွဲထားတာပါ” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင်ကလည်း “ပြည်သူလူထု ကိုယ်စားပြုတဲ့ အစိုးရတရပ် ပေါ်ပေါက်ပြီးတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံတရပ်ကို ဖြစ်တည်သွားနိုင်ဖို့အတွက် ကျနော်တို့က လူထုအားကိုယူ၊ လူထုလှုပ်ရှားမှု ပုံသဏ္ဍာန်တွေဟာ ကျနော်တို့ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ်လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်မယ့် နည်းလမ်း ပေါင်းစုံကို ရှာဖွေပြီးတော့ လုပ်သွားမှာပါ” ဟု ပြောသည်။

၃ ဖွဲ့ပေါင်း ပူးတွဲ ကြေညာချက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ဆန့်ကျင်ခြင်း၊ တိုင်းရင်းသား လူမျိုးစုံ ပြည်သူတရပ်လုံး၏ အကျိုးစီးပွားနှင့် ဘဝလုံခြုံရေးကို ကာကွယ် ဖော်ဆောင်ခြင်း၊ အာမခံချက် ပေးထားခြင်းများ မတွေ့ရှိသဖြင့် စစ်အစိုးရ အာဏာ တည်မြဲရေး အတွက် ဖွဲ့စည်းပုံသာ ဖြစ်သည်ဟု ရေးသားထားသည်။

ထို့အပြင် ဥပဒေ အတည်ပြုရေးတွင် လွတ်လပ်ပြီး သန့်ရှင်း တရားမျှတသော ဆန္ဒခံယူပွဲဖြင့် ပြည့်သူ့ဆန္ဒကို ရယူမှု မရှိခြင်း၊ ပြည်သူကို မသမာသော နည်းပေါင်းစုံဖြင့် တိုက်ရိုက်၊ သွယ်ဝိုက် သော်လည်းကောင်း အကြပ်ကိုင် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည်သူ့ဆန္ဒကို အဓမ္မ အတည်ပြုခဲ့သည်များမှာ အသိအမှတ်ပြု လက်ခံနိုင်ဖွယ်ရာ မရှိဟု ဆိုထားသည်။

သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးပညာဝံသက “ပါဠိလိုပြောရင် ပရဟိတကို ရှေ့တန်းထားပြီး ဖော်ဆောင်တဲ့ အစိုးရမျိုးကို ဦးဇင်းတို့က ဖော်ဆောင် သွားမယ်။ တိုင်းသူပြည်သား ဒါယိကာ၊ ဒါယိကာမတွေ အားလုံးဟာ စစ်အစိုးရရဲ့ အမိန့်အာဏာ မှန်သမျှကို ဖီဆန်နိုင်တဲ့ သတ္တိတွေ ရှိလာအောင် အလျင်းသင့်သလို ဟောပြောပွဲ၊ တရားပွဲတွေမှာ ဟောပြောစည်းရုံးသွားမယ်။ နောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်တာကိုလည်း အရှိန်အဟုန် တိုးမြှင့်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံသည် မသမာမှု နည်းမျိုးစုံသုံးပြီး ပြည်သူ့ဆန္ဒကို အနိုင်ကျင့်ဗိုလ်ကျ အဓမ္မ အတည်ပြုခြင်း ဖြစ်သဖြင့် ပြည်သူများအနေနှင့် လေးစား လိုက်နာစရာ မလိုကြောင်း အဖွဲ့အစည်းများက တိုက်တွန်းသည်။

ထို့အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားတတ်သော လက်တွေ့ မူဝါဒအားဖြင့်လည်းကောင်း၊ မြန်မာပြည်သူများ၏ အဖိနှိပ်ခံ အချယ်လှယ်ခံ ဘဝကို လူသားချင်း စာထောက်ထားသော ရပ်တည်ချက်များဖြင့် လည်းကောင်း နအဖ စစ်ဖွဲ့စည်းပုံအား အသိအမှတ် မပြုရန်လည်း တိုက်တွန်းထားသေးသည်။

အလားတူပင် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဖျက်သိမ်းခံပါတီ အများစုပါဝင်သော တိုင်းရင်းသား အင်အားစုများ၏ တရားဝင် ထုတ်ပြန်သော သဘောထားတွင် စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ရလဒ်ကို အယုံအကြည် မရှိကြောင်း ပြည်တွင်းမှ တိုင်းရင်းသား ၁၂ ပါတီကလည်း ယနေ့တွင် ထုတ်ပြန် ကြေညာသည်။

နအဖ ကြိုးဆွဲ ရုပ်သေးများဖြစ်သော ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ဆိုသူများက မသိရိုးသား နားမလည်သော ပြည်သူများအား ခြိမ်းခြောက် အကြပ်ကိုင်၊ ဖြားယောင်းသွေးဆောင် သိမ်းသွင်းခြင်း၊ မဲရုံတာဝန်ရှိသူများက ထောက်ခံမဲများကို မသမာသောနည်းဖြင့် အတင်းအဓမ္မ ရယူခြင်းများ ကျူးလွန်ခဲ့ကြောင်း ကြားမြင်တွေ့ရသည် ဖြစ်၍ ယခု ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ရှုမြင်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တရားမျှတမှု မရှိသော လူထုဆန္ဒ ခံယူပွဲ ရလဒ်၏ တရားမျှတမှု ကင်းမဲ့သည်ကို ခိုင်လုံ မှန်ကန်သော သက်သေ အထောက်အထားများ ဖော်ထုတ်ကြရန် တိုက်တွန်းလိုက်သည်။

ကြေညာချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF)၊ ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ကရင်အမျိုးသား ဒီမိုကရေစီကွန်ဂရက် (KNCD)၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် (KSANLD)၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့ (DOKNU)၊ မရာပြည်သူ့ပါတီ (MPP)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) နှင့် ရခိုင်ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု (APDF) တို့က ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်သည်။

တိုင်းရင်းသား ၁၂ ပါတီအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) မှလွဲ၍ ကျန်ပါတီများ အားလုံးသည် ဖျက်သိမ်း ခံထားရသော ပါတီများ ဖြစ်သည်။

...............................................................................................................................
ရန်ကုန်မိုး နေရာအနှံ့ ရေကြီး

ဇာနည်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 15:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ရေကြီးခဲ့သည်။ နံနက် ၂ နာရီခန့် ကတည်းက နေ့လယ်ပိုင်းအထိ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် ရန်ကုန်မြို့တွင်း ဆူးလေဘုရားတ၀ိုက်၊ ဆိပ်ကမ်းသာလမ်း၊ တာမွေ၊ လမ်း ၅၀၊ ဗိုလ်အောင်ကျော်လမ်းတွင် ရေများ လျှံနေရခြင်း ဖြစ်သည်။

"မနက်ကတည်းက ရွာတဲ့ မိုးက တော်တော်နဲ့ မတိတ်သေးဘူး။ ဒီဘက်မှာ ရေက ဒူးအထိ ရောက်နေတယ်။ မြောင်းတွေက ပိတ်နေတော့ လမ်းပေါ်ရေတွေ လျှံနေတယ်" ဟု ကန်တော်လေးမှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

တောင်ဥက္ကလာပ စာတိုက်လမ်းဆုံတွင် ရေများ ဒူးဆစ်နေရာခန့် ရောက်ခဲ့ပြီး၊ ၁၁ ရပ်ကွက်နှင့် ၉ ရပ်ကွက်တို့တွင်လည်း ၁ ပေခန့် ရေတက် သွားသည်။

ယခင်က ရေမတင်ဖူးသော သင်္ကန်းကျွန်းဘက်တွင်လည်း လမ်းပေါ်တွင် ရေများ တက်ခဲ့သည်။ "ကျနော်တို့ သင်္ကန်းကျွန်းမှာဆိုရင် အရင်က တခါမှ မကြုံဖူးတာ။ အခုဆို ရေတွေက တော်တော်တက်လာပြီ" ဟု ဒေသခံတဦးက ပြောသည်။

လမ်းပေါ်သို့ ရေများ တက်လာသောကြောင့် လမ်းသွားလမ်းလာများ အခက်ကြုံခဲ့ကြရသည်။ ယခုတွင်မူ မိုးစဲသွားပြီဖြစ်၍ ရေများလည်း ပြန်ကျနေပြီ ဖြစ်သည်။

"လမ်းအသွားအလာတွေကတော့ နည်းနည်းတော့ ဘလော့ဖြစ်တာပေါ့နော်။ အခုလောက်ဆိုရင်တော့ ပြန်ကျသွားပါပြီ။ မနက်ကတော့ မိုးတွေ အရမ်းရွာတော့ ရေက တော်တော်ကြီးသွားတယ်" ဟု ဆိပ်ကမ်းသာလမ်း အောက်ဘလောက်နေ ဒေသခံတဦးက ပြောသည်။

လှိုင်သာယာ၊ ရွှေပြည်သာနှင့် လသာမြို့နယ် လမ်းအမှတ် ၁၇၊ ၁၈ တို့တွင်လည်း ရေနုတ်မြောင်းများ ပိတ်ဆို့နေသဖြင့် လမ်းပေါ်သို့ ရေများ လျှံတက်ခဲ့သည်။

ပြီးခဲ့သည့်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် နာဂစ်မုန်တိုင်းနှင့်အတူ မိုးလည်း သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရန်ကုန်တိုင်းအတွင်း အိုးအိမ် ပျက်စီးဆုံးရှုံးမှု အမြောက်အမြား ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုအကြိမ်သည် ဒုတိယမြောက် မိုးသည်းထန် ရွာသွန်းမှု ဖြစ်သော်လည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်း ရှိ၊ မရှိ မကြားသိရသေးပါ။

............................................................................

Ottawa drops English exam

Move on immigrant test follows Star story

Jun 04, 2008 04:30 AM
Lesley Ciarula Taylor
Immigration Reporter

Ottawa has dropped its idea of making all immigrants take a rigorous British-made language test to get into the country.

"They realized the ludicrousness of it," Alex Stojicevic, chair of the immigration section of the Canadian Bar Association, said yesterday.

"The optics of it were terrible. Telling Americans they need a language test to come to Canada makes us look silly."

Stojicevic wrote to Immigration Minister Diane Finley three times to object to the rule change and Monday night got a call from Leah Olson, Finley's senior policy adviser, with the news the immigration lawyers had won.

The Star published a story Monday about the three-hour International English Language Testing System exam created at the University of Cambridge in England. Immigration officials championed its impartiality and efficiency, but language experts objected to its academic tone and un-Canadian content.

The ministry proposed all immigrants, without exemption, take the three-hour International English Language Testing System exam – or a French equivalent – already used by Britain and Australia to judge how well newcomers speak English. A mandatory test at one of hundreds of testing centres around the world would make the system fairer, quicker and more efficient, the government said when it proposed the changes in April. Immigration lawyers had wanted exemptions for native English speakers or lower pass marks for tradespeople.

"It was just a simple proposal. It's not moving forward," was all Finley press secretary Tim Vail would say.

That means the status quo remains and prospective immigrants can produce their own documents to prove how well they speak English, or take the IELTS test.

If the government wants a fair and efficient test, Carleton University Professor Janna Fox of the School of Linguistics has a plan ready to go. "A team of Canadian experts could quickly come up with a practical, efficient, economical and Canadian solution" that visa offices could use around the world, she said. "It isn't as if we don't have a long history of excellent test development."


U.S. Military Forced to Abort Burma Aid Mission


U.N. Estimates Victims May Need Food Aid for a Year

BANGKOK, June 4 -- Cyclone survivors in Burma's devastated Irrawaddy Delta could require food aid for as long as a year, U.N. officials said Wednesday, even as the U.S. military aborted a mission to use helicopters and small boats to deliver aid because Burma's government ignored repeated offers of assistance.

The United States had planned to use the helicopters and small boats aboard the USS Essex to deliver much-needed aid to cyclone survivors, but Burma's ruling military junta rebuffed repeated offers to help with the disaster relief effort, despite the severity of the damage to the region's rice production.

International aid agencies are still struggling to increase their food delivery capacity in the delta, a complex network of rivers and islands, many of which are only accessible by small boats. Doctors Without Borders (Médicins San Frontièrs), the aid agency, said the flow of supplies into the stricken region is still inadequate, and survivors in many remote villages have yet to receive any outside assistance.

However, the Burmese junta has refused to permit any foreign military helicopters -- either from Western countries or Burma's southeast Asian neighbors -- to join the relief effort.

Adm. Timothy J. Keating, the top U.S. commander in the Pacific, has ordered the USS Essex to leave the Burmese coast, after what he said were 15 separate efforts to persuade the junta to allow U.S. helicopters to be put to work delivering supplies to survivors.

In a statement Wednesday, White House press secretary Dana Perino said the U.S. military assets had been "immediately deployed to Burma in the spirit of goodwill to offer extensive and life-saving assistance to the victims of Cyclone Nargis. Tragically, the Burmese authorities refused to accept this assistance."

She said that the United States is committed to aiding the survivors and "to work with ASEAN countries, the United Nations, and non-governmental organizations to do so." So far, the United State has provided more than $26 million in humanitarian aid to the Burmese," and the U.S. Agency for International Development and the Defense Department "as part of the ongoing airlift, have completed a total of 106 airlifts of emergency relief commodities that will benefit at least 417,000 people," she said.

"The Burmese regime must permit all international aid workers the access necessary to provide the urgently-needed assistance. There is no more time to waste," she said.

Paul Risley, a spokesman for the World Food Program -- which is scrambling to get 10 civilian helicopters operating in Burma -- lamented the regime's rejection of the offers of military aid, telling journalists in Bangkok that "these helicopters represented immediate heavy-lift capacity in the delta."

Risley also said Burma would probably have to import rice in the coming year, due to the extent and timing of the storm damage, just weeks before the crucial planting period for the monsoon crop.

The U.N. Food and Agriculture Organization (FAO) said that around 500,000 acres of the delta's 3.2 million acres of paddy land will "not be available for planting this season" either because the land is still submerged or was damaged by salt water. "This year's crop will not meet requirements," Risley said. "The losses to the production of rice are very deep. It would be typical for the WFP to provide food rations through the next harvest, which could be a year away."

Burmese authorities and aid agencies are rushing some survivors to plant rice in the next few weeks, by securing and distributing seeds, fertilizers and power tillers, said Hiroyuki Konuma, the FAO's deputy regional representative.

Otherwise, he said, "poor farmers, who have already lost their assets, will suffer from hunger and poverty for a long time, while national food security will be seriously jeopardized."

Staff writer Judy Sarasohn in Washington contributed to this article.


.........................................................................
Myanmar: Navy Aid Ships to Leave

Published: June 4, 2008
The Pentagon’s Pacific Command announced that Navy ships off the coast of Myanmar ready to offer assistance for cyclone victims would leave Thursday because the ruling junta had not approved. “Over the past three weeks we have made at least 15 attempts to convince the Burmese government to allow our ships, helicopters and landing craft to provide additional disaster relief for the people of Burma, but they have refused us each and every time,” said Adm. Timothy J. Keating, commander of American forces in the Pacific. The four-ship Essex group can produce fresh water from seawater, has medical facilities on board and landing craft and helicopters that can ferry personnel and supplies to remote locations. Admiral Keating said the ships and marines on board could still offer assistance “should the Burmese rulers have a change of heart.”