Thursday, June 5, 2008

ဇာဂနာနှင့်အဖွဲ့ မုန်တိုင်းဘေးမှ လွတ်မြောက်သူများကို ကူညီသည့် လှုပ်ရှားမှုများ မှတ်တမ်းဗီဒီယို




ဒီနေ့မြန်မာသတင်းများ(ကြာသာပတေးနေ့)

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် အဖမ်းခံရ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 05 2008 21:00 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ မြန်မာ ထိပ်တန်း စစ်ဗိုလ်ချုပ်တဦး၏ သားဖြစ်သူသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီး ချုပ်နှောင် ခံထားရသည်။

စစ်ထောက်လှမ်းရေးများနှင့် ရဲများ ပါဝင်သော ပူးပေါင်းအဖွဲ့ တဖွဲ့က အထူးစစ်ဆင်ရေး (၁) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ပိုင် ကြည့်မြင်တိုင်မြို့နယ်ရှိ ကုမ္ပဏီကို ၀င်ရောက်စီးနင်း ရှာဖွေပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

အောင်ဇော်ရဲမြင့်သည် ရုပ်ရှင် အသိုင်းအ၀ိုင်းရှိ နာမည်ကျော်များကို မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သံသယရှိသည်ဟု ရဲသတင်း ရပ်ကွက်က ဆိုသည်။

စွပ်စွဲခံထားရသူသည် ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်လမ်းထိပ်ရှိ ရဲတံခွန်တာဝါ အဆောက်အဦရှိ ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီကို ပိုင်ဆိုင်သူ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် အောင်ဇော်ရဲမြင့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်း ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတဦးလည်း အမှုတွင် ပတ်သက်နေမှုဖြင့် အဖမ်းခံထားရသည်ဟု သိရသော်လည်း မဇ္ဈိမအနေဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို ယခုအထိ အတည်ပြု၍ မရသေးပါ။

မြန်မာနိုင်ငံရှိ ရုပ်ရှင် အကျော်အမော်များအတွင်း အက်ကစီ၊ ရာဘ ခေါ် ရာမနှင့် ဘိန်းဖြူတို့ သုံးစွဲမှုများ ရှိသည်ကို လူသိများကြသည်။

...................................
နောက်ထပ် ကုလ ရဟတ်ယာဉ် ၅ စင်းကို မြန်မာပြည်ထဲ ၀င်ခွင့်ပြုပြီ

မုံပီး
ကြာသပတေးနေ့၊ ဇွန်လ 05 2008 22:40 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့၏ ရဟတ်ယာဉ် နောက်ထပ် ၅ စင်းကို ဆိုင်ကလုံးဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြန်မာ အာဏာပိုင်များက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

အနည်းငယ်ပင် အချိန်နှောင်းမှ ပေါ်ထွက်လာသော ခွင်ပြုချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရပ်နား စောင့်ဆိုင်းနေရသော ရဟတ်ယာဉ် ၉ စင်းအနက်မှ ၅ စင်းသည် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပျံသန်းမည် ဖြစ်ကြောင်း စားနပ်ရိက္ခာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အီဒစ် ရှန်ပိန်းက ပြောကြားလိုက်သည်။

"စီစဉ်ထားတဲ့အတိုင်း အဆင်ပြေ ချောချောမွေ့မွေ့ဖြစ်ပြီး ရာသီဥတု ကောင်းမွန်မယ်ဆိုရင် မနက်ဖြန် မနက်ကို ငါးစင်း (ရဟတ်ယာဉ်) ထွက်ခွာမှာ ဖြစ်တယ်" ဟု ရှန်ပိန်းက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တွင် ရပ်နားထားသော ယခင်က ကြိုရောက်နေသည့် ရဟတ်ယာဉ် တစင်းသည်လည်း အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိပြီးနောက် မြစ်ဝကျွန်းပေါ်သို့ ပျံသန်းနေခဲ့သည်ဟု သူမက ပြောသည်။

တင်္နလာနေ့မှစ၍ အဆိုးရွားဆုံး ဒဏ်ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ် ဒေသသို့ ထောက်ပံ့ပစ္စည်းများ တင်ဆောင်ကာ အနည်းဆုံး လေးကြိမ် ပျံသန်းခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

မုန်တိုင်းမှ သေကံမရောက် သက်မပျောက်ခဲ့သူများကို ထောက်ပံ့ရန် ကုန်ပစ္စည်းများ အပါအ၀င် ကုန်တင် ရဟတ်ယာဉ် ၁၂ စင်းနှင့် စစ်သား ၅ ထောင်ကျော်ပါသည့် အမေရိကန် စစ်သင်္ဘော USS Essex ဦးဆောင်သော ရေတပ်သင်္ဘော လေးစင်းကို မြန်မာ့ကမ်းလွန် အနီးမှ ဆုတ်ခွာ တော့မည်ဟု အမေရိကန်က ကြေညာခဲ့ပြီးနောက် စစ်အစိုးရ၏ ယခုခွင့်ပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မြန်မာ စစ်အစိုးရက ခွင့်မပြုသဖြင့် သုံးပတ်ကျော်ကြာ စောင့်ဆိုင်းနေပြီးမှ USS Essex သင်္ဘောအုပ်စုသည် ထိုင်းကမ်းလွန်သို့ ပြန်လည် ရွှေ့ပြောင်းတော့မည် ဖြစ်ကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုအရ ဆိုင်ကလုံးဒုက္ခသည် ၂.၄ သန်းအနက် ၁ သန်းကျော်မှာ အထောက်အပံ့ အကူအညီ တစုံတရာ မရသေးဟု ဆိုသည်။

ဆက်သွယ်ရေးနှင့် ကူးသန်း ပို့ဆောင်ရေး အခက်အခဲကြောင့် ဆိုင်ကလုံးဒဏ် ဆိုးရွားစွာ ခံခဲ့ရသည့် ကျေးရွာ အများအပြားသို့ အကူအညီများ မရောက်ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်သားများက ပြောကြသည်။

လပွတ္တာမြို့တွင် ထောက်ပံ့ရေး ပစ္စည်းများ ဖြန့်ဖြူးပေးရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေး လုပ်သားတဦးက ဝေးလံ ခေါင်ဖျားရှိ ကျေးရွာသားများက သူတို့ အနေဖြင့် အကူအညီ မရရှိကြသေးကြောင်း ပြောပြပြီး အကူအညီ တောင်းခံမှုများ ရှိနေသည်ဟု ဆိုသည်။

"ပြောရရင်တော့ သူတို့တွေ ဘယ်အကူအညီမှ မရကြသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလို့" ဟု ကယ်ဆယ်ရေး လုပ်သားတဦးက မဇ္ဈိမသို့ တင်္နလာနေ့က ပြောသည်။


.......................................
ဘိုကလေးသို့ လက်တွန်းထွန်စက်များ ရောက်ရှိ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 05 2008 17:15 - မြန်မာစံတော်ချိန်

ဘိုကလေး။ ။ လေးဘေးဒဏ်သင့် ဒေသတခု ဖြစ်သည့် ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ်သို့ အစိုးရမှ ထောက်ပံ့သော လက်တွန်းထွန်စက်များ ယနေ့ ရောက်ရှိလာသည်။

မိုးစပါးအတွက် ပျိုးစိုက်ချိန်အမှီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီးဌာန အစီအစဉ်ဖြင့် လက်တွန်း လယ်ထွန်စက် (ဧရာ-၁) အမျိုးအစားများနှင့် စက်သုံး အပိုပစ္စည်းများကို စစ်ဘက် သယ်ယူပို့ဆောင်ရေး ကား ၁၀၀ ခန့်ဖြင့် ယနေ့ နံနက်ပိုင်းက ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုလို လယ်ထွန်စက်များ ဘိုကလေးမြို့ပေါ်သို့ ရောက်ရှိ မလာခင်ကတည်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သက်ဆိုင်ရာမှ ကျွဲနွားများ ချပေးနေသည်ဟု ပြောဆိုခဲ့သော်လည်း ယခုထိ ရောက်ရှိလာခြင်း မရှိသေးပါ။

အထောက်အပံ့ အကူအညီများ အလျင်အမြန် ရမည်ဆိုလျှင် ပြန်လည် စိုက်ပျိုးခွင့် သာမည်ဟု ဒေသခံအချို့က ဆိုသည်။

ဘိုကလေးအပိုင် ဧရာတန်ကျေးရွာမှ ရွာသားတဦးက ''မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမြေတွေထဲ ရေငံတွေ ၀င်ပေမယ့် မိုးများတဲ့ ဒေသဖြစ်လို့ လယ်ယာတွေကို အချိန်မှီရင် ပြန်စိုက်ပျိုးနိုင်ပါတယ်'' ဟု ပြောသည်။

သူက ''လေနဲ့ရေ တပြိုင်ထဲ တိုက်ခတ်လို့ မျိုးစပါးတွေ ဆုံးရှုံးခဲ့ရတယ်။ ကျွဲတွေပါ ဆုံးရှုံးးခဲ့တယ်။ အခု ရွာမှာ ဧက ၇၀ ကျော်ကို ကျွဲ ၂ ကောင်နဲ့ အလှည့်ကျ ထွန်ယက်နေရတယ်။ လက်ရှိ အချိန်အထိတော့ မျိုးစပါးတွေ မရောက်သေးပါဘူး။ တကယ်လို့ မျိုးရရင် အလွယ်တကူ ပြန်စိုက်နိုင်ဖို့ အခုလို ထွန်နေတာပါ'' ဟု ဆက်ပြောသည်။

မြို့နယ်အတွင်းရှိ လေဘေးသင့် ကျေးရွာများမှာ အစားအသောက်အတွက် လာရောက်လှူဒါန်းသော စေတနာရှင်များကိုသာ မှီခိုနေရသေးသည်။

ပြီးခဲ့သည့်လ ၂-၃ ရက်နေ့များတွင် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဖြတ်သန်း တိုက်ခတ်သွားရာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ဆန်စပါး အဓိက ထွက်ရှိရာ ဧရာဝတီတိုင်းတွင် ဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူအသေအပျောက် အများဆုံးနှင့် စိုက်ပျိုးမြေဧကများစွာ ထိခိုက် ဆုံးရှုံးခဲ့ရသည်။
............................

သုံးပွင့်ဆိုင် ကယ်ဆယ်ရေး စတင်

နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 05 2008 14:14 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဆိုင်ကလုန်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ရန် ဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ဝင် ၂ဝဝ သည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ လုပ်ငန်းများကို ယနေ့ စတင် လုပ်ဆောင်တော့မည်။

ရန်ကုန်မြို့တွင် ၂ ရက်ကြာ ဆွေးနွေးပြီးနောက် အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပါဝင်သော အရေးပေါ်အခြေအနေတွင် အလျင်အမြန် ပြုစုလုပ်ဆောင်ရေး အဖွဲ့မှ ကိုယ်စားလှယ်များသည် မုန်တိုင်းဒဏ် ခံရသော ဒေသများမှ အပျက်အစီး အခြေအနေကို သွားရောက်၍ လေ့လာစုံစမ်းရန် အဆင်သင့် ဖြစ်သွားခြင်း ဖြစ်သည်။

မုန်တိုင်းကျအပြီး တလကျော် အကြာတွင် စတင်မည့် ယခု အစီအစဉ်နှင့် ပတ်သက်၍ အာဆီယံ အထွေထွေ အတွင်းရေးမှူး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ ဆူရင်း ပစ်ဆူဝမ်း (Dr. Surin Pitsuwan) က “အဖွဲ့ ၂ ဖွဲ့ကို ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ရဟတ်ယာဉ်နဲ့ လပွတ္တာနဲ့ ဖျာပုံမှာ လုပ်ငန်းတွေ စတင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မုန်တိုင်းဒဏ် ခံရသော ဒေသများတွင် သတင်းအချက်အလက် စုံစမ်းမှု လုပ်ငန်းစဉ်သည် ရက်သတ္တပတ် ၂ ပတ် ကြာမြင့်ဖွယ် ရှိသည်။

အောက်ခြေမှ ဖြစ်ပျက်နေသော သတင်း အချက်အလက်များကို စုဆောင်း ရရှိပြီးနောက် ရန်ကုန်တွင် ဖွင့်ထားသော အဖွဲ့၏ ရုံးမှတဆင့် အရေးပေါ် အကူအညီများအတွက် စီစဉ်သွားမည် ဖြစ်သည်။ နိုင်ငံတကာမှ ကျွမ်းကျင်သူများ၏ အကြံဉာဏ်များကိုပါ ရယူသွားမည်ဟု ဆိုသည်။

ယခု အစီအစဉ်အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့ကလည်း လိုအပ်သော နည်းပညာများ အကူအညီ ပေးသွားမည်။

သုံးပွင့်ဆိုင်အဖွဲ့၏ လက်ရှိ လုပ်ငန်းများတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဝန်ထမ်း ၈ ဦးနှင့် ကမ္ဘာ့ဘဏ်ဝန်ထမ်း ၁၈ ဦးလည်း ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

ဒေါက်တာဆူရင်းက “သုံးပွင့်ဆိုင် အဖွဲ့ရဲ့ လောလောဆယ် တိုးတက်မှုအပေါ်မှာ ကျေနပ်မိပါတယ်။ ဒါပေမဲ့ ၂ ပတ် အတွင်းမှာ အာဆီယံ၊ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရရဲ့ ပူးပေါင်း လုပ်ဆောင်မှုအပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

မုန်တိုင်းအပြီး တလကြာ ထုတ်ပြန်သော ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဒုက္ခသည် ၂ ဒဿမ ၄ သန်းအနက် ၁ ဒဿမ ၃ သန်းသည် အကူအညီ အချို့ ရရှိသော်လည်း အခြေခံ အနည်းဆုံး လိုအပ်ချက်ပင် အလုံအလောက် မရှိသေးဟု ဖော်ပြထားသည်။
.......................................

ဇာဂနာ အဖမ်းခံရပြန် (ဗီဒီယိုပါ)

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 05 2008 12:39 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်ဘေး ဒုက္ခသည်များ ကယ်ဆယ် ထောက်ပံ့ရေးအတွက် တက်တက်ကြွကြွ လုပ်ဆောင်နေသော နာမည်ကျော် သရုပ်ဆောင် ကိုဇာဂနာအား ရဲများက ယမန်နေ့ ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်။

အထူး ရဲသတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အေးချမ်းသာယာရေး ၉ ဦးက နေအိမ်အတွင်း ရှာဖွေမှုများ ပိုက်စိတ်တိုက် လုပ်ခဲ့ပြီး ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“အဝတ်ထည့်ပါ၊ ခေါ်သွားမယ် တဲ့။ ကျမက “ဦးတို့က ဘယ်လို ဖြစ်တာလဲ၊ ရှာဖွေရေးပဲ လုပ်မယ် ပြောပြီးတော့ ဘယ်လိုဖြစ်လို့ ခေါ်သွားမှာလဲ” ဆိုတော့၊ နှစ်ရက်လောက်ပါပဲတဲ့” ဟု ညီမဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရှာဖွေရန် အတွက်ဟု ဆိုကာ အာဏာပိုင်များ နေအိမ်အတွင်း ဝင်ရောက်လာပြီး ကိုဇာဂနာ အိပ်ခန်းရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသမီး သန္တာရွှေ၏ မင်္ဂလာဆောင် မှတ်တမ်းတင် ဗီဒီယိုခွေ ၊ ရမ်ဘိုအပိုင်း ၄ ၊ နာဂစ်ရဲ့ ဘဝဆိုးည အစရှိသည့် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်ပြီး ကလေးသူငယ်များ သီဆိုထားသည့် သီချင်းခွေ၊ စာရင်းစာအုပ် ၂ အုပ်၊ FEC ၃ဝ ၊ ဒေါ်လာ ၁ဝဝဝ နှင့် ကွန်ပြူတာ အစိတ်အပိုင်းတခု တို့ကိုပါ သိမ်းဆည်းသွားကြသည်။

မငြိမ်းက “စက်တင်ဘာတုန်းက လာဆွဲတုန်းကလည်း သူပဲ၊ ခရိုင်မှူး ဆိုသူပါပဲ။ စကားပြောတာလည်း မိုက်ရိုင်းတယ်။ နိုင်ငံရေးနဲ့ နာဂစ် အတွက်တော့၊ ကယ်ဆယ်ရေး လုပ်နေလို့တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိ၊ မရှိ အဲဒါလေးကို ရှာချင်ပါတယ်တဲ့” ဟု ပြောသည်။

၁၉၈၈ ခုနှစ်မှ စတင်ကာ ကိုဇာဂနာသည် ယခုအကြိမ်နှင့် ဆိုလျှင် ၅ကြိမ်မြောက် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရပြီး ၂ဝဝ၆ ခုနှစ် မေလမှ စတင်ကာ အနုပညာ လုပ်ငန်းများတွင် သရုပ်ဆောင် ဖျော်ဖြေခွင့်နှင့် ဒါရိုက်တာ လုပ်ခွင့်ကို အာဏာပိုင်များက ပိတ်ပင် တားမြစ်ထားသည်။

.........................................

လေဘေးဒဏ်သင့် ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ် ဆက်ခံရ

05 June 2008
နာဂစ်ဆိုင်ကလုံးမုန်တိုင်း နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာ အာဏာပိုင်တွေ ကျူးလွန်နေတယ်လို့ AI
လို့ခေါ်တဲ့ Amnesty International အပြည်
ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က
ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင်
နိုင်ငံရဲ့အရှေ့ပိုင်း ကရင်ပြည်နယ်ဒေသမှာ
လည်း Crimes Against Humanity လို့ခေါ်
တဲ့ လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့
ပြစ်မှုတွေကို ဆက်ပြီးကျူးလွန်နေတဲ့
အကြောင်း အစီရင်ခံစာတစောင် ထုတ်ပြန်
ပြီး ထောက်ပြလိုက်ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ AI အဖွဲ့ကြီးရဲ့ တာဝန်ရှိသူ
တဦးက ဒီကနေ့ ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းထောက်များအသင်းမှာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေး
ထားပါတယ်။

လူသားဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် ယုံကြည်အားကိုးမှု
ရှိနိုင်ဖို့၊ ပြည့်စုံလုံလောက်ဖို့နဲ့ အလုပ်တွင်ကျယ်ဖို့ဆိုရင် လူ့အခွင့်အရေးကိစ္စကိုလည်း ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ရမယ်လို့ AI အဖွဲ့ကပြောပါတယ်။ လူ့အခွင့်အရေးကို
အထိခိုက်ခံပြီး ကူညီကယ်ဆယ်ရေးကို ရှေ့ဆက်လုပ်ဆောင်လို့ မရပါဘူး။

မြန်မာအာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အများမှာ မုန်တိုင်းကိစ္စ
နဲ့ဆက်စပ်ပြီး AI အဖွဲ့ အဓိကထောက်ပြခဲ့တဲ့ ကိစ္စနှစ်ခုကတော့ မုန်တိုင်းကြောင့်
အသက်မသေ လွတ်မြောက်လာသူတွေကို တရားဝင်ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေ၊ သူတို့ခိုလှုံနေတဲ့ တခြားအဆောက်အဦတွေကနေ အတင်းအကျပ် မောင်းထုတ်တာနဲ့ အကူအညီတွေကို ဟန့်တားနှောင့်ယှက်တာ ဒါမှမဟုတ် မတော်မတရား အလွဲသုံးစား
လုပ်တာတွေ ဖြစ်ပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့သူကတော့
AI အဖွဲ့ရဲ့ အရှေ့တောင်အာရှဌာန၊ သုတေသနမှူး မစ္စတာ ဘန်ဂျမင်န် ဇာဝက်ကီး
(Benjamin Zawacki) ပါ။

“ပထမဆုံးနဲ့ အရေးအကြီးဆုံး၊ စိုးရိမ်ဖွယ်အကောင်းဆုံး ကိစ္စကတော့ လူတွေကို
အတင်းအကျပ် နေရာရွှေ့ပြောင်းတဲ့ကိစ္စပါ။ ကုလသမဂ္ဂအေဂျင်စီတခု မနေ့ကပြောခဲ့
တာနဲ့ ဆန့်ကျင်ဘက် AI အနေနဲ့ အတည်ပြုပြောဆိုနိုင်တာကတော့ မေလ ၁၉ ရက်
နေ့ကတည်းကဆိုရင် အတင်းအကျပ် နေရာရွှေ့ပြောင်းတဲ့ဖြစ်ရပ် ၃၀ ထက်မနည်း
ဖြစ်ခဲ့ပြီးပါပြီ။” လို့ ဘန်ဂျမင်န်က ပြောပါတယ်။

ဒီလို အတင်းအကျပ် ရွှေ့ပြောင်းတာဟာ အစိုးရက မူဝါဒချ လုပ်ဆောင်တာဖြစ်တယ်လို့
ပြောဖို့ AI မှာ ခုချိန်ထိ အထောက်အထားတွေ မရှိသေးပေမယ့် ရသလောက် အထောက်အထားတွေအရကတော့ အဲဒီလိုလုပ်တယ်ဆိုတာကို ရည်ညွှန်းနေပါတယ်လို့
ဆိုပါတယ်။

အတင်းအကျပ်ရွှေ့ပြောင်းတဲ့ကိစ္စကို ပြောတဲ့အခါ ရွှေ့ပစ်တဲ့ကိစ္စသက်သက်ကို ပြောတာ
မဟုတ်ဘဲ ပရမ်းပတာ တရားလက်လွတ်ဖြစ်တာ၊ လူတွေရဲ့ အစားအစာ၊ အမိုးအကာ၊ ကျန်းမာရေးအပြင် အသက်ရှင်သန်ဖို့ အခွင့်အရေးတွေပါ ချိုးဖောက်ခံရတာတွေလည်း
ပါဝင်ကြောင်း ပြောပါတယ်။

AI က အဓိကထောက်ပြခဲ့တဲ့ နောက်ကိစ္စတခုကတော့ နိုင်ငံတကာကပေးတဲ့ အကူ
အညီတွေကို မြန်မာအာဏာပိုင်တွေက ဟန့်တားခဲ့တာ၊ မတော်မတရား အလွဲသုံးစား
လုပ်ခဲ့တာတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီအထောက်အပံ့တွေကို ထိန်းသိမ်း
လိုက်တာ၊ လမ်းကြောင်းပြောင်းပြီး ပေးအပ်တာနဲ့ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ဖြစ်ရပ်
၄၀ ထက်မနည်းကို AI အနေနဲ့ အတည်ပြုနိုင်ပါတယ်လို့ ဘန်ဂျမင်န်က ပြောပါတယ်။ အကူအညီတွေကို အလွဲသုံးစားလုပ်တယ်ဆိုရင် အရေးယူမယ့်အကြောင်း မေလ ၁၆
ရက်နေ့မှာ မြန်မာအစိုးရက ကြေညာခဲ့တဲ့အပေါ် AI အနေနဲ့ အထူးအသိအမှတ်ပြုပေ
မယ့် …

“အဲဒီကြေညာချက်ကို အကောင်အထည်ဖော်မှုကတော့ လိုက်လျောညီထွေမရှိပါဘူး။ ကျနော်တို့သိရတဲ့ ဖြစ်ရပ် ၄၀ ထဲမှာ အများစုက အဲဒီကြေညာချက်ထွက်ပြီးမှ ဖြစ်ခဲ့တာ
တွေပါ။ ဒါကြောင့် အကူအညီတွေကို အလွဲသုံးစားမလုပ်ဖို့ တားမြစ်တာဟာ အစိုးရရဲ့
မူဝါဒဖြစ်တယ်လို့ ကျနော်ယူဆရင်တောင်မှ တကယ့်ဖြစ်ရပ်အများစုက ကြေညာချက်
ထွက်ပြီးမှ ဖြစ်ခဲ့တာမို့ မြို့နယ်နဲ့ ကျေးရွာအဆင့်တွေမှာ ဒီမူဝါဒကို အကောင်အထည်
ဖော်တာ အားနည်းနေတာတွေ့ရပြီး အားကောင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။” လို့
ဘန်ဂျမင်န်က ပြောသွားခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးတာ တလကျော်ပဲရှိသေးတဲ့ အချိန်ကာလအတွင်းမှာ အခုလို အစီရင်ခံစာထုတ်ပြန်ရတာကတော့ ပြီးခဲ့တဲ့ တလအတွင်းဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို ထောက်ပြခြင်းအားဖြင့် ရှေ့လာမယ့်လတွေမှာ အလားတူ
ချိုးဖောက်မှုမျိုးတွေ ထပ်မဖြစ်ပွားအောင် တားဆီးဖို့ မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်လို့
ဘန်ဂျမင်န်က ပြောပါတယ်။ ဒါ့အပြင် …

“လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတရပ်ကို ဂျနီဗာမှာကျင်းပနေချိန် ဒီအစီရင်
ခံစာကို ထုတ်ပြန်လိုက်တာကြောင့် မုန်တိုင်းဒဏ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်အတွင်းမှာ မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ လူ့အခွင့်
အရေး အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားလုပ်ဆောင်ရေး သေချာစေဖို့အတွက် သက်ရောက်မှုတခုဖြစ်ဖို့ မျှော်လင့်ပါတယ်။” ဆိုပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း
ချမ်းသာခွင့်အဖွဲ့ရဲ့ အရှေ့တောင်အာရှဌာန၊ သုတေသနမှူး မစ္စတာ ဘန်ဂျမင်န်
ဇာဝက်ကီးက ပြောသွားခဲ့ပါတယ်။

ဒီကနေ့မှာပဲ AI ကထုတ်ပြန်လိုက်တဲ့ နောက်အစီရင်ခံစာတခုကတော့ မြန်မာနိုင်ငံ
အရှေ့ပိုင်း၊ ကရင်ပြည်နယ်ဒေသမှာ မြန်မာစစ်အစိုးရက ဆက်ပြီးကျူးလွန်နေတဲ့
Crime against Humanity လို့ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ ချိုးဖောက်မှု
တွေ အကြောင်းပါ။

ဒီဖြစ်ရပ်တွေထဲမှာ လူသတ်တာ၊ အတင်းအဓမ္မ ကျေးကျွန်သဖွယ် ခိုင်းစေတာ၊ လူတွေ
ကို အတင်းအဓမ္မပြန်ပို့ အင်အားသုံး ရွှေ့ပြောင်းပစ်တာ၊ ထောင်သွင်းအကျဉ်းချတာ
အပြင် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး နှိပ်စက်ညှဉ်းပန်းတာတွေ၊ အနိုင့်
အထက် မတော်မတရားပြုကျင့်တာတွေနဲ့ တခြား လူမဆန်တဲ့လုပ်ရပ်တွေကို
ထောက်ပြထားပါတယ်။ ဒီလုပ်ရပ်တွေဟာ လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့
ရာဇ၀တ်မှုမြောက်တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူကိုင်
တွယ် ဆောင်ရွက်သင့်တယ်လို့ တင်ပြထားပါတယ်။ ဒီလိုအရေးယူလုပ်ဆောင်သင့်တာ
တွေထဲမှာ တခုကတော့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချမှု ပိတ်ပင်တာအပြင်
စစ်ဖက်နဲ့ပတ်သက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုး၊ ထောက်ပံ့မှုမျိုးမှမလုပ်ဖို့
တားမြစ်တဲ့ မဖြစ်မနေလိုက်နာရမယ့် အရေးယူဒဏ်ခတ်မှုတခု ချမှတ်ဖို့လည်း ပါဝင်ပါ
တယ်။

ဒါ့အပြင် ဒီကနေ့သတင်းစာရှင်းလင်းပွဲအတွင်း မီးမောင်းထိုး မေးမြန်းပြောဆိုခဲ့ကြတဲ့ ကိစ္စတခုကတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ နာမည်ကျော် ဟာသ
သရုပ်ဆောင် ကိုဇာဂနာ မနေ့ညက ဖမ်းဆီးခံခဲ့ရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
...........................................
ဇာဂနာကို ဘာကြောင့်ဖမ်းသလဲ

05 June 2008

နာဂစ်မုန်တိုင်းဒဏ်သင့်လူထုအတွက် ကူညီ
ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ လူရွှင်တော်
ကိုဇာဂနာကို ဇွန်လ ၄ ရက်နေ့ညမှာ အာဏာပိုင်တွေ
က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
လူရွှင်တော် ကိုဇာဂနာကို စစ်အာဏာပိုင်တွေက ဘာကြောင့်ဖမ်းဆီးခဲ့သလဲဆိုတာ ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။

တချိန်က ရန်ကုန် သံတမန်အသိုင်းအ၀ိုင်းကြားမှာ
Arrest Season ဖမ်းဆီးရာသီဆိုတဲ့စကားတခု ရှိခဲ့ပါ
တယ်။ အရေးအခင်းဖြစ်ပြီး အရေးအခင်း နှစ်ပတ်
လည်နေ့တွေ နီးလာပြီဆိုရင် လှုပ်ရှားမယ့်သူတွေကို ကြိုပြီး ဖမ်းဆီးတဲ့သဘော ဖြစ်ပါ
တယ်။ အခုတော့ အဲဒီဖမ်းဆီးရာသီက တဖြည်းဖြည်း ကျယ်ကျယ်လာပြီး တနှစ်လုံး
လိုလို အဖမ်းအဆီးရာသီ ဖြစ်လာနေပါတယ်။

ဒါပေမယ့် ကိုဇာဂနာကိုဖမ်းတာကတော့ ဒီလို ဖမ်းဆီးရာသီကြောင့် မဟုတ်ဘူးလို့
ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုဇာဂနာဟာ နိုင်ငံရေးသမားတယောက် မဟုတ်
ပါဘူး။ ဒီလိုနှစ်ပတ်လည်နေ့တွေမှာ ဆူပူလှုပ်ရှားမယ့်လူလည်း မဟုတ်ပါဘူး။ သူဟာ အနုပညာသမား၊ လူရွှင်တော်တဦးသာ ဖြစ်ပါတယ်။ သူက သူမြင်တာကိုဝေဖန်မယ်၊
ပြောမယ်၊ ဟာသမြောက်အောင်ပြောမယ်ဆိုပြီး ပြောနေပါတယ်။ အာဏာပိုင်တွေကို
လည်း ပြောမယ်။ အတိုက်အခံတွေကိုလည်း ပြောချင်ရင် ပြောမှာပါပဲ။ ဒီလို အနုပညာ
သမားတွေရဲ့ စရိုက်သဘာဝကို အနုပညာသမားအချင်းချင်းဖြစ်တဲ့ ဒါရိုက်တာ
အကယ်ဒမီ ဦးဝင်းဖေက အခုလိုပြောပါတယ်။

“ဇာဂနာနဲ့ပတ်သက်လို့ တည့်တည့်ပြောရရင် သူဟာ အနုပညာသည်တယောက်ပါ။
သူက တိုင်းပြည်က အသိအမှတ်ပြုထားတဲ့၊ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာသည်
တယောက်ပါ။ သူ တောက်လျှောက် သူ့အနုပညာကို လုပ်ခဲ့တဲ့နေရာမှာ အဓိကအားဖြင့်
သူက ပြက်လုံးတွေထုတ်တဲ့ အနုပညာသည်။ သူ့လုပ်ရပ်တွေထဲမှာ ဘာတွေတွေ့ရလဲ
ဆိုတော့ အမြင်မတော်တာရှိရင်၊ ဒါမှမဟုတ် ပြက်လုံးထုတ်စရာရှိရင် နေရာမရွေး၊
ထောင့်မရွေး ပြက်လုံးတွေထုတ်ခဲ့တယ်။ အဖြူကိုပဲဖြစ်ဖြစ်၊ အမည်းကိုပဲဖြစ်ဖြစ်
အားလုံးကို ပြက်လုံးတွေထုတ်ခဲ့တယ်ဆိုတာ မြင်ရပါတယ်။

“အဲတော့ ပြက်လုံးထုတ်တဲ့အထဲမှာ မခံချင်တဲ့လူကတော့ မကြိုက်ဘူးပေါ့။ ဥပမာ ဗုဒ္ဓံ
သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂန်းစာမိဆိုပြီးတော့တောင်မှ သူက ပြက်လုံးထုတ်ပါတယ်။ တချို့သံဃာတော်တွေဆိုရင် မကြိုက်ပါဘူး၊ ဒီစကားလုံးကို။
သို့သော် ဒီအဖြစ်အပျက်က တကယ်ဖြစ်ခဲ့တာ။ ဂစ္ဆာမိနဲ့ ဂန်းစာမိနဲ့က တိုက်ဆိုင်နေ
တယ်။ တကယ်လည်း ဖြစ်ပျက်သွားရင် သူက ပြောတာပဲ။ အဲတော့ သူဟာ တကယ် သူ့ရင်ထဲမှာရှိတာကို၊ အမှန်တရားကို သတ္တိရှိရှိနဲ့ ပြောရဲတဲ့လူတယောက်ဖြစ်ပါတယ်။
လူတွေဟာ အမှန်တရားကို ပြောချင်ကြပေမယ့် အထူးသဖြင့် ဒီခေတ်ကြီးမှာ လူ ၁၀၀
မှာ ၉၅ ယောက်၊ ၉၈ ယောက်လောက်က မပြောရဲကြပါဘူး။ သူဟာ သတ္တိရှိရှိနဲ့ အမှန် တရားကိုပြောရဲတဲ့ အနုပညာသည်တယောက် ဖြစ်ပါတယ်။”

အာဏာရှင်ကြီး ဦးနေ၀င်းလက်ထက်မှာတောင် လူရွှင်တော်ဇာဂနာဟာ ဒီလောက်
အထိ အဖမ်းအဆီး မခံခဲ့ရပါဘူး။ ၈၈ အရေးအခင်းနီးလာမှ သူ့ကို စတင်ဖမ်းဆီးခဲ့တာ
ပါ။ ဒါတင်မက သက်ဦးဆံပိုင်ပဒေသရာဇ်တွေတောင် လူရွှင်တော်တွေအပေါ်မှာ သဘောထားပျော့ပြောင်းမှုတွေ ရှိခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာဆိုရင် ဦးပေါ်ဦးတို့လို
လူတွေဟာ ရှင်ဘုရင်ကိုတောင် ပြက်လုံးထုတ်ခဲ့ပါတယ်။ ဒါကိုလည်း ဆရာဦးဝင်းဖေ
က အခုလို ဆက်ပြီးသုံးသပ်ပြပါတယ်။

“အရင်တုန်းက လူရွှင်တော်ကို ဥရောပမှာပဲဖြစ်ဖြစ်၊ အရှေ့တိုင်းမှာပဲဖြစ်ဖြစ် သမိုင်း
တွေမှာတောင် Special License လိုဟာမျိုးပေးပြီးတောင် ခန့်ရတယ်။ ပျော့ပြောင်းတဲ့ အနုပညာဆန်ဆန်နဲ့ ပြက်လုံးလိုသဘောတရားနဲ့ ပြဿနာတွေကို တင်နိုင်အောင်
သူတို့တင်မက သဘင်သည်တွေ၊ အနုပညာသည်တွေကို ခန့်ထားတယ်။ ဒီလိုပဲ
အားကိုးတယ်။ နောက် ဒေါသဖြစ်လို့ အရေးယူခံရတာတွေရှိတာ တခြားပေါ့ဗျာ။
ကျနော်တော့ ဒီလိုကို နားလည်ထားတယ်။ လိုအပ်လို့သုံးတယ်ဆိုတဲ့ အနေအထား
မှာကိုရှိတယ်။”

လက်ရှိ မြန်မာနိုင်ငံ စစ်အာဏာပိုင်တွေဟာ သက်ဦးဆံပိုင် ဘုရင်တွေလောက်တောင် သည်းမခံနိုင်ကြတော့ဘူးလား၊ ဇာဂနာဟာ သူတို့သြဇာအာဏာကို စိန်ခေါ်တဲ့လူလည်း
မဟုတ်ဘဲနဲ့ ဘာကြောင့်ဖမ်းရပါသလဲ။ အများဆုံးဖြစ်နိုင်တာတခုကတော့ ဒီ
စစ်အာဏာပိုင်တွေ အကြောက်လွန်နေလို့ပါပဲ။ Paranoid ဖြစ်နေတယ်လို့ ဆိုရမှာပါ။

စစ်အစိုးရအနေနဲ့ စိုးရိမ်စိတ်လွန်ကဲလာမှုတွေကို အခုတလော ပိုပြီး ကြားလာနေရပါ
တယ်။ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ ရန်ကုန်မှာရှိနေတာကို လုံးဝဥဿုံနေပြည်တော်
ကို ပြောင်းရွှေ့ပြီးနေဖို့ ဒီရက်ပိုင်းအတွင်းမှာပဲ ညွှန်ကြားချက်ထုတ်ထားတယ်လို့ မြန်မာ
နိုင်ငံတွင်းက သံတမန်သတင်းရပ်ကွက်က သတင်းပေါ်ထွက်လာပါတယ်။

သူတို့ဟာ စစ်အစိုးရပီပီ အရာရာကို စစ်ရေးအမြင်နဲ့ပဲ ကြည့်တတ်ပါတယ်။ ကယ်ဆယ်
ရေးပစ္စည်းတွေ လာပေးတာတောင် စစ်သားတွေမလာနဲ့၊ စစ်ရဟတ်ယာဉ်တွေမလာနဲ့၊
အရပ်သားပဲ လာခိုင်းပါတယ်။ အရပ်သားတွေလာတာကိုလည်း သူတို့ ဆက်လက်
ကြောက်ဆဲပါပဲ။ အရပ်သားတွေလာတာကိုလည်း သူတို့ဟာ ကာကွယ်ရေးခံစစ်ကြီး
တခု ဆင်နွှဲနေရသလို လက်နက်တွေ၊ စစ်ပစ္စည်းတွေနဲ့ ကာကွယ်နေတယ်ဆိုတာ
ကြားနေရပါတယ်။

အမေရိကန်စစ်သင်္ဘောဟာလည်း ပြန်သွားခဲ့ပါပြီ။ ဒါပေမယ့်လည်း စစ်အာဏာပိုင်တွေ
ရဲ့ ကြောက်စိတ်ကတော့ လျော့မသွားတာ တွေ့နေရပါတယ်။ ဒီလို စိုးရိမ်စိတ်လွန်ကဲတဲ့
ဝေဒနာဟာ ဇာဂနာကို ဖမ်းမိရုံနဲ့တော့ သက်သာရာရလိမ့်မယ်လို့ မထင်မိပါဘူး။
.................................

လူကုန်ကူးမှု အဆိုးဆုံးအဆင့်မှာ မြန်မာနိုင်ငံ ၇နှစ် ဆက်တိုက်ပါဝင်နေ

05 June 2008

အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲ ကမ္ဘာပေါ်က လူကုန်ကူးမှုအဆိုးဆုံးနိုင်ငံ ၁၄နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုနိုင်ငံ အဆိုးဆုံးစာရင်းထဲမှာ ပါဝင်တာ ဒါဆိုရင် ၇နှစ်မြောက် ဆက်တိုက်လို့ ပြောရမှာပါ။ အဆင့် သုံးဆင့် သတ်မှတ်ထားတဲ့အထဲ မြန်မာနိုင်ငံပါဝင်တဲ့ အဆင့် သုံးပါ နိုင်ငံတွေမှာဆိုရင် အစိုးရတွေကနေ လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံသတ်မှတ်ချက်တွေကိုတောင် ပြည့်ဝအောင် မဆောင်ရွက်တဲ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက်လည်း ထိရောက်တဲ့ကြိုးပမ်းမှုတွေ ဆောင်ရွက်တာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက အပြစ်တင်ထားပါတယ်။


မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ ဒီနှစ် အလေးပေးဖော်ပြချက်မှာတော့ လူတွေကို ကျေးကျွန်တွေလို့ အတင်းအဓမ္မလုပ် အားပေးခိုင်း စေတယ်ဆိုတဲ့အချက်ပါ။ ပြည်တွင်းမှာ ဒီပြဿနာမျိုးတွေ ရှိနေတဲ့အပြင်၊ စီးပွားရေးပြဿနာနဲ့ နိုင်ငံရေးနှိပ်ကွပ်မှုတွေကြောင့် အိမ်နီးချင်း တိုင်းပြည်တွေကို ထွက်ပြေးအလုပ်လုပ်ကြရတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း အလားတူ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ လူကုန်ကူးတာတွေရဲ့ သားကောင်းတွေ ဖြစ်ရရှာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံစာက ထောက်ပြထားပါတယ်။

ကမ္ဘာမှာတော့ ကလေးနဲ့အမျိုးသမီးတွေဟာ လူကုန်ကူးသူတွေရဲ့ သားကောင်ဖြစ်ရရှာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က အစီရင်ခံစာ ထုတ်ပြန်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

လူကုန်ကူးသူတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ အားအနည်းဆုံးလူသားတွေ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေကို ပစ်မှတ်ထား ကြပါတယ်။ သူတို့ရဲ့ အားနည်းချက်ကိုသုံးပြီးတော့ သူတို့ကို ကျေးကျွန်အဖြစ် အသုံးပြုကြပါတယ်။

အတင်းအဓမ္မလုပ်အားပေးခိုင်းစေဖို့နဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် လူကုန်ကူးမှုတွေမှာ မြန်မာနိုင်ငံသား အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ အမျိုးသားတွေဟာ ပစ်မှတ်ဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားဌာန အစီရင်ခံစာက ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ကလေးတွေဟာ ထိုင်း၊ တရုတ်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန် မလေးရှား တောင်ကိုရီးယားနဲ့ မကာအိုနိုင်ငံတွေကို လူကုန်ကူးခံရပြီးတော့ လိင်ဖျော်ဖြေရေးအလုပ်တွေ အချုပ်အနှောင်အိမ်တွင်းအခိုင်းအစေဘ၀တွေနဲ့ အတင်းအဓမ္မလုပ်အား ပေးခိုင်းစေတာမျိုးတွေမှာ အသုံးချခံရတယ်လို့ ဖော်ပြပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူ သံအမတ်ကြီး Mark P.Lagon က ဗီအိုအေကို အခုလို ပြောပါတယ်။

မြန်မာနိုင်ငံဟာ အဆင့်သုံးဆင့်မှာ ရှိနေဆဲပါ။ ဒီအဆင့်မှာရှိတဲ့ နိုင်ငံတွေမှာဆိုရင် လူကုန်ကူးမှုပြဿနာဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအဖြစ်ရှိနေပါတယ်။ မြန်မာအစိုးရဟာ သူ့မှာ တာဝန်ရှိတဲ့အတိုင်း ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုမရှိတဲ့အပြင် ဒီအစိုးရရဲ့ နိုင်ငံရေးနှိပ်ကွပ်မှုတွေကြောင့် ပြည်သူတွေဟာ တိုင်းပြည်ပြင်ပကို ထွက်ပြေးကြရတာလည်း ဖြစ်နေပါတယ်။ ဒီကနေ ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးခံရတာတွေ ဖြစ်လာပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အစိုးရအာဏာပိုင်တွေကနေ လူကုန်ကူးမှုတိုက်ဖျက်ရေးကော်မတီဆိုတာကို ဖွဲ့စည်းပြီးတော့ နယ်စပ်ဒေသတွေမှာ လက်တွေ့ဖြေရှင်းဆောင်ရွက်နေတယ်လို့ မကြာခဏ မြန်မာအစိုးရမီဒီယာတွေမှာ တွေ့နေရပါတယ်။ ဒီအခြေအနေကရော တိုးတက်မှုတခုအနေနဲ့ မြင်လို့မရဘူးလားလို့ သံအမတ်ကြီး Lagon ကို မေးကြည့်ပါတယ်။

အခုလို ဒီ လူကုန်ကူးမှုကို ကာကွယ်ဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေအကြား ကော်မတီတရပ်ဖွဲ့စည်းတာဟာ အရေးကြီးတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ လူကုန်ကူးမှု ကျူးလွန်သူတွေကို အရေးယူတာမျိုးတွေကတော့ မရှိသလောက်ပါပဲ။ သူတို့က ဒီပြဿနာကို တရားမ၀င် နိုင်ငံဖြတ်ကျော်မှုတွေလို ကိုင်တွယ်ဖြေရှင်းနေပါတယ်။ တကယ်တမ်း လူကုန်ကူးမှုတွေကို ကာကွယ်တာမရှိသလောက်ပါပဲ။ ဒါ့အပြင် လူကုန်ကူးခံရသူတွေကို ဥပဒေကြောင်းအရ အထောက်အကူပေးတာမျိုးတွေလည်း မရှိပါဘူး။

မကြာခင်က မြန်မာနိုင်ငံမှာ ဆိုက်ကလုံးမုန်တိုင်း တိုက်ခိုက်ပြီးတဲ့နောက် အဲဒီဒေသတွေမှာ လူကုန်ကူးမှုဖြစ်လာနိုင်တယ်ဆိုတယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ သံအတ်ကြီး Lagon က အခုလို ပြောခဲ့ပါတယ်။

ပီးခဲ့တဲ့ မေလ ဆိုက်ကလုံးမုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားပြီး မိသားစုနဲ့ ကွဲနေတဲ့ ကလေးငယ်တွေကို လူကုန်ကူးသူတွေက အသုံးချနေတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းတွေ ရရှိပါတယ်။ ကမ္ဘာပေါ်က ဒီလို ကပ်ဘေးကျရောက်သွားတဲ့နိုင်ငံတွေမှာ ဒီလို လူကုန်ကူးမှုတွေဖြစ်လာတတ်ပါတယ်။ ဒီကပ်ဘေးဒုက္ခသည်တွေဟာ လူကုန်ကူးခံရမယ့် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် မြန်မာအစိုးရကိုရော အဲဒီမှာ ကူညီလုပ်ဆောင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ရော အခုလို ကလေးတွေ လူကုန်ကူးခံရတာတွေမဖြစ်ဖို့ လုပ်ဆောင်နိုင်သမျှ အားလုံး လုပ်ကိုင်ကြဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။

ဒါပေမယ့်လို့ အခုလို နိုင်ငံခြားရေးဌာနရဲ့ ဒီနှစ်စဉ် လူကုန်ကူးမှုအစီရင်ခံစာကြောင့် ကမ္ဘာ့အနှံလူကုန်ကူးမှုကိစ္စတွေကို နိုင်ငံတကာက အလေးပေးအာရုံပိုစိုက်လာကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ပြောခဲ့ပါတယ်။ လူကုန်ကူးမှုဟာ အခြားရာဇ၀တ်မှုတွေနဲ့ ဘက်ပေါင်းစုံခြိမ်းခြောက်မှုတွေကို ဖြစ်စေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ပြောခဲ့ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာအရပြောရရင် လူကုန်ကူးမှုဟာ အခြေအနေပေါင်းစုံ ဘက်ပေါင်းစုံမှာ ခြိမ်းခြောက်မှုဖြစ်နေပါတယ်။ ဒါဟာ လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာကို ထိပါး စော်ကားတာဖြစ်ပါတယ်။ ဒီအတွက် တကမ္ဘာလုံးမှာ ကျန်းမာရေးအရ အန္တရာယ်ဆိုးတွေ တိုးများလာပါတယ်။ ဒါဟာ ရာဇ၀တ်မှုတွေ တိုးများလာစေဖို့ ငွေကြေးအရ အထောက်အပံ့ဖြစ်စေပါတယ်။ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေပါတယ်။

ဒါကြောင့်လည်း ဒီနှစ် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုအစီရင်ခံစာထဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြချက်မှာတော့ နိုင်ငံတွင်း အတင်းအဓမ္မလုပ်အားပေးခိုင်စေတဲ့ကိစ္စ။ နောက် ပြည်ပကို တရားမ၀င်ထွက်ခွာပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရရဲ့ လက်တွေ့ကိုင်တွယ်ဖြေရှင်းပုံတွေဟာလည်း လူကုန်ကူးခံရသူတွေအတွက် အကာအကွယ်ပေးနိုင်မှု မရှိသလောက်လို့ပဲလို့ ဝေဖန်ထောက်ပြထားပါတယ်။
.................................

ဆောင်းပါး Printable View

မစိမ်းလန်း မလှပနိုင်တော့တဲ့ မိန်းမလှကျွန်း
မိုးအောင်တင်/ဘိုကလေး | ဇွန် ၅၊ ၂၀၀၈

ကျွန်းကမ်းပါး တလျှောက် အိမ်တိုင်အကျိုးတွေ၊ ဖက်မိုးစတွေ၊ အပျက်အစီးတွေ ကတောင်လို ပုံနေ၊ ဒီရေတောပင်တွေက အပျက်အစီးတွေနဲ့ ရေလှိုင်းကြောင့်လဲပြိုကျနေပြီး အဲဒီအပျက်အစီး ကြားထဲမှာ ၀ါကျင့်ကျင့်နဲ့ လူပုံမပီတပီ၊ နီးလာတဲ့အခါ သေသေချာချာကြည့်တော့ ရေဒဏ် နေဒဏ်ကြောင့် ဆွေးမြေ့စပြုနေတဲ့ လူအလောင်း တလောင်း ဖြစ်နေပါတယ်။
အရောင်က အဖြူနဲ့ အ၀ါကြား လက်ချောင်းတွေ ပေါ်နေသေးပြီး ခြေထောက်နှစ်ဘက်ကားလျက် လက်ကဘေးကိုတွဲလျက် ကျနေပါတယ်။ မြစ်ထဲမှာ တိုက်ခတ်လာတဲ့ လေမှာတော့ လတ်လတ်ဆတ်ဆတ် သင်္ချိုင်းမြေတူးတဲ့ အခါရတတ်တဲ့ အပုပ် နံ့က လွင့်ပါလာပါတယ်။

အခုလို အပျက်အစီးနဲ့ အလောင်းတွေ ကြားထဲမှာ လှေကလေးတွေ ကမ်းကပ်ပြီး ဓားမတချောင်းနဲ့ အိမ်တိုင်အဟောင်း၊ သစ်တိုသစ်စ၊ အသုံးအဆောင် ပရိဘောဂ အဟောင်းတွေကို လှန်လှောရှာဖွေနေသူ အများအပြားကို တွေ့မြင်ရပါတယ်။ ဒီလိုရှာဖွေနေသူတွေကတော့ ဘိုကလေးမြစ်ကြောတလျှောက်မှာရှိတဲ့ ရွာတွေမှာ နေထိုင်သူတွေ၊ ချောင်းသွယ်ထဲက ရွာသားတွေပါ။ ခွေးတကောင် နှစ်ကောင်ကိုလည်း အပျက် အစီးအကြားမှာ အစာရှာနေတာ တွေ့ရပါတယ်။

မုန်တိုင်းမတိုင်မီက စိမ်းလန်းပြီး ဒီရေတောပေါက်တဲ့ သစ်ပင်တွေနဲ့ ပိတ်နေလို့ ဒေသခံတွေကပိတ်တောလို့ ခေါ်ဆိုကြတဲ့ ဘေးမဲ့တော မိန်းမလှကျွန်းဟာ အခုတော့ လူသေအပုပ်နံ့တွေ၊ အိမ်ပြို အပျက်အစီးတွေ အလောင်းတွေနဲ့ စိတ်မချမ်းမြေ့ စရာ မြင်ကွင်းနဲ့ ကျွန်းတကျွန်းဖြစ်နေပါတယ်။ ယခင်ကလို ဘေးမဲ့တောဆိုတဲ့ မြင်ကွင်းထက် နာဂစ်ရဲ့ ဒဏ်ရာ ဒဏ်ချက် တွေ မပျောက်သေးတာကို ပြသနေသလို ရွာတွေမှာ နေထိုင်သူများရဲ့ ပြန်လည်ထူထောင်ရေး အခြေအနေကိုလည်း ဖေါ်ကြူးနေသလိုပါပဲ။

ပြင်းထန်လွန်းလှတဲ့ နာဂစ်မုန်တိုင်းကြောင့် မိန်းမလှကျွန်းရဲ့ တဘက်ကမ်း အနောက်ဘက် တကြောက ရွာတွေ၎၊ ၅၊ ၆ မိုင် အကွာမှာရှိတဲ့ ရွာကအိမ်တွေ၊ လူတွေနဲ့ အပျက်အစီးတွေအားလုံး မြစ်ကိုဖြတ်ကျော်ပြီး မိန်းမလှကျွန်းပေါ်မှာ လာ တင်ကျန် နေခဲ့တာပါ။ အပျက်အစီးတွေနဲ့ မိန်းမလှကျွန်းရဲ့ မြင်ကွင်းဟာ ယခင်နဲ့မတူဘဲ အဝေးကကြည့်ကတည်းက ညိုမွဲမွဲ အရောင် အဆင်းဖြစ်နေပါတယ်။

အသက် ၃၀ကျော် ကိုမြင့်သန်းဦး ဟာ မိန်းမလှကျွန်းကမ်းပါး တလျှောက် ပစ္စည်း လာရှာကြတဲ့ သူတွေထဲက တဦးပါ၊ ကျွန်းရဲ့ နောက်ဘက်ကျတဲ့ ကြိမ်ချောင်းကြီးရွာစုအပိုင် အပြင်မရမ်းရွာမှာ နေထိုင်ပါတယ်။ နာဂစ်မုန်တိုင်းထဲမှာ တအိမ် တည်း အတူနေသူ မိသားစုဆွေမျိုး ၁၃ ယောက်စလုံး အသက်ဆုံးရှုံးပြီး သူတဦးတည်း အသက်ရှင် ကျန်ရစ်ပါတယ်။

အပြင်မရမ်းရွာမှာ လူဦးရေ ၄၀၀ ကျော် ရှိတဲ့အနက် ၂၂ ယောက်သာ အသက်ရှင်ကျန်ရစ်တယ် လို့ သူကပြောပါတယ်။ ကြိမ်ချောင်ကြီးကျေးရွာအုပ်စုဟာ နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးမှု အများဆုံးရွာအုပ်စုထဲက တစုပါ။ အိမ်ခြေ ၄ထောင်ကျော် မှာ စုစုပေါင်း လူ၅၀၀ကျော်သာ ရှင်ကျန်ရစ်တယ်လို့လည်း ကိုမြင့်သန်းဦးကပဲ ပြောပါတယ်။

သူက “ရွာမှာ ဘယ်သူမှ ပြန်မနေသေးပေမယ့် ရွာလေးငါးရွာ စုပြီး တရွာ ပြန်ဆောက်နေကြမှာ ဆိုတော့ အိမ်ဆောက် စရာ တိုင်လေး၊ သစ်လေး လာရှာတာပါ” လို့ပြောပါတယ်။ ယခင်က လယ်သူရင်းငှား လုပ်ကိုင်ပြီး အခုတော့ လယ်ပြန်လုပ် ဖို့ ကျွဲနွား၊ မျိုးစပါးဘာမှ မရှိတော့ အကူအညီက ပေးဝေတဲ့ စားစရာဆန်ကိုသာ အားကိုးနေရတယ်လို့ ပြောပါတယ်။

အိမ်ဆောက်ဖို့ ဘာအကူအညီမှ မရဘူးလား လို့မေးတော့“ ကျနော်တို့ ရွာမှာတော့ အိမ်ဆောက်ဖို့ အခုထိ ဘာအကူ အညီမှ မရသေးပါဘူး။ ဒါကြောင့် ဒီမှာအိမ်ပြန်ဆောက်ရင် သုံးလို့ရမယ့် ဟာတွေလာရှာတာပါ” လို့ဆိုပါတယ်။

လှေထဲမှာတော့ နတ်ရုပ်တရုပ်နဲ့ ပျဉ်တိုပျဉ်စတချို့ကို တွေ့ရပါတယ်။ စိတ်မချမ်းမြေ့စရာ အပျက်အစီးတွေ ကြားထဲ၊ အလောင်းတွေကြားထဲမှာ ဘာကြောင့် လာရှာဖွေနေကြတာလဲ။ အစိုးရပြောတဲ့ကယ်ဆယ်ရေး ပြီးဆုံးပြီ၊ ပြန်လည်ထူ ထောင်ရေး လုပ်ကိုင်နေပြီဆိုတာဟာ လက်တွေ့မှာ တကယ်ရော ပြန်လည်ထူထောင်ရေး အကူအညီတွေရကြပါသလား၊ တီဗီထဲ သတင်းစာထဲမှာပဲရေးနေ ဓာတ်ပုံရိုက်ပြီးဖေါ်ပြနေပေမယ့် တကယ့်လက်တွေ့ ဘ၀တွေက ဘယ်လိုနေထိုင် အသက်ရှင်နေသလဲဆိုတာ ဆန်းစစ်ကြည့်စရာပါ။

နာဂစ်မုန်တိုင်းဘေးဒဏ်ခံစားရတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမြို့နယ် တချို့မှ ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ကအကူအညီတွေ ဒေါ်လာသန်း ၁၀၀ကျော် ပေးအပ်ဖို့ကတိပြုထားသလို ကုလသမဂ္ဂရဲ့ လက်ဝယ်ကို ကတိပြုငွေရဲ့ ၆၃ ရာခိုင်နှုန်း ရောက်ရှိနေပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအရသိရပါတယ်။

ဒါပေမယ့် မေလနောက်ဆုံးပတ်အတွင်း မှာ ရန်ကုန်လေဆိပ်ကိုရောက်ရှိလာတဲ့ ကယ်ဆယ်ရေး ပစည်း တန်ချိန် ၇၀၀၀ ကျော် ရှိနေပါပြီ။ ဒုက္ခသည် အများစုကတော့ ဆန်ကလွဲရင် ဘာမှမရသေးဘူးလို့ ဆိုကြပါတယ်။

ရန်ကုန်မြို့မှ မုန်တိုင်းဒဏ်ခံစားရတဲ့ လပွတ္တာ၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဖျာပုံ၊ မော်လမြိုင်ကျွန်းဘက်ဆီ နေ့စဉ် စစ် ထရပ်ကားတွေ၊ ပုဂ္ဂလိကကုမ္ပဏီပိုင် ကားတွေနဲ့သယ်ဆောင်နေတာ မြင်တွေ့နေရပါတယ်။

လပွတ္တာ၊ ဒေးဒရဲ၊ ဘိုကလေးမြို့တွေက ကယ်ဆယ်ရေးစခန်း အဆောက်အဦတွေထဲမှာ နိုင်ငံတကာ ကအကူအညီတွေကို စုပုံထားပြီး အဲဒီစခန်းတွေမှာပဲ နိုင်ငံတကာကလှူဒါန်းတဲ့ ဂျင်နရေတာနဲ့ ညဘက်ဆိုမီးတွေထိန်နေပါတယ်။ ကျန်တဲ့ မြို့တွေ ရပ်ကွက်တွေ ဘုန်းတော်ကြီးကျောင်းတွေကတော့ အမှောင်ထဲမှာ မီးမှိတ်တုတ်နဲ့ နေထိုင်ကြတာ တွေ့ရပါတယ်။

လူတွေလက်ထဲ မှာလည်း ဘယ်နိုင်ငံတကာက အကူအညီပစ္စည်းတွေကို အစိုးရက ဝေငှတာ မတွေ့ရသေးပါဘူး။ နယ် စည်း မခြားဆရာဝန်များ အဖွဲ့လို နိုင်ငံတကာ အန်ဂျီအိုက တိုက်ရိုက်ဝေငှလို့ ခြင်ထောင်၊ ရေပုံး၊ တကိုယ်ရေသန့်ရှင်းမှု ရရှိတာမျိုးတော့ ရှိပါတယ်။

မုန်တိုင်းဒဏ်ခံရသူ ၂ သန်းခွဲအနက် ၁.၃ သန်းကျော်ဆီ အကူအညီတွေ ရောက်ရှိပြီးဖြစ်တယ်လို့လည်း ကုလသမဂ္ဂရဲ့ စာရင်းကောက်ယူမှုအရ သိရပါတယ်။ ဒီ ၁.၃ သန်းဟာ စားရေးနေရေး ဖူလုံအောင်ထောက်ပံ့ ပေးနိုင်တာလား၊ ဒါမှမဟုတ် တကြိမ်လက်ခံရရှိတဲ့ သူတွေကအများစုလား ဆိုတဲ့ အချက်ကိုကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လုပ်အားပေးလုပ်ကိုင် နေသူတွေက မေးခွန်းထုတ်ကြပါတယ်။

ကွမ်းခြံကုန်းမြို့နယ်ထဲမှ တောကျောင်းရွာသူ မလှဝင်းက“မုန်တိုင်းတိုက်လို့ ကွမ်းရွက်စိုက်ခင်းတွေ လဲကုန်ပြီ၊ အခုပြန် စိုက်စရာ ကွမ်းမျိုးလဲမရှိဘူး။ ရှိတယ်လို့ ပြောသံကြားတဲ့ နေရာမှာလည်းဈေးတွေကခေါင်ခိုက်နေတယ်၊ ကွမ်းမျိုး တထောင် ကို ၅ သောင်းခွဲ ဆိုတော့ ၀ယ်ဖို့ပိုက်ဆံလည်းမရှိတော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ အခုတော့ နေ့တိုင်း အလှူ ရှင်တွေ လာဝေတဲ့ ဆန်နဲ့ စားစရာကို ပဲအားကိုးနေရတယ်။ မုန်တိုင်းတိုက်ပြီးစ ပထမတပတ် အခြေအနေကတော့ အဆိုး ဆုံးပဲ၊ ရေစိုသွားတဲ့ ဆန်လေးကို ချက်ပြီး လေတိုက်လို့ ကြွေကျတဲ့ သရက်သီးစိမ်းနဲ့ စားရတယ်။ အဲဒီအချိန်က မသေသွား တာ ကံဆိုးတယ်လို့ ညည်းမိတယ်။ သေသွားရင်အခုလို ဒုက္ခတွေခံရမှာ မဟုတ်တော့ဘူးလို့ တွေးမိတယ်” ဟုပြောဆို ပါ တယ်။

အလှူရှင် ပေးဝေသည့် ဆန်နဲ့စားစရာကို စောင့်ရာမှာလည်း လွတ်လွတ်လပ်လပ် လမ်းမပေါ် ထွက်စောင့် ခွင့် မရှိပါ။ ရွာမှ ကားလမ်းသို့ အထွက် လမ်းထိပ်မှာ စစ်သားနဲ့ လုံထိန်းရဲတွေ တဲထိုးပြီး စောင့်နေကြတာကို ကော့မှူး ကွမ်းခြံကုန်း၊ ဒေးဒရဲ တလျှောက် နက်ပြာရောင်တွေ လွှမ်းနေလောက်အောင် တွေ့ရပါတယ်။။ ဒါကြောင့် ဒုက္ခသည်တွေဟာ ကားလမ်းမှ တမိုင် အကွာလောက် ရွာချင်းဆက်တဲ့ လမ်းဘေးကသစ်ပင်တပင်အောက်မှာ အလှူရှင်ကားတွေကို တနေ့လုံးမျှော်ကြရပါတယ်။

အလှူရှင်ကားတချို့က အခုလိုရွာကြိုရွာကြားထိ ၀င်လာပြီး ပေးတတ်တာကြောင့် တနေ့ကို ဆန် ၄ ဘူး၊ ၆ ဘူးခန့် နဲ့တခြား ခေါက်ဆွဲခြောက်လို စားစရာတွေ ရတတ်တယ်လို့ ပြောပါတယ်။

ဒီရွာမှာ ဗုဒ္ဓဘာသာ ကရင်လူမျိုး အများစုနေထိုင်ကြပြီး လယ်လုပ်၊ ကွမ်းစိုက်တဲ့ အလုပ်နဲ့ အသက် မွေးကြပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပြန်လည်ထူထောင်ဖို့ အာဏာပိုင် အစိုးရလည်း ထိထိရောက်ရောက် ဘာမှ လုပ်ကိုင်တာ မရှိသေးပါဘူး။ မျက်စိတဆုံး မြင်ရတဲ့ လယ်တွေထဲမှာ လယ်ထွန်နေတဲ့ မြင်ကွင်း မတွေ့ရ သလောက်ပါ။

ကွမ်းခြံကုန်းမြို့အ၀င်နဲ့မြို့အထွက် ကားလမ်းဘေး လယ်ကွက်တချို့သာ တရုတ်လုပ် ထွန်စက်အသေးတွေနဲ့ ထွန်ယက်ပြ နေတာမြင်ရပါတယ်။ အစိုးရက အဲဒီနေရာကို ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး သတင်းစာထဲ တီဗီထဲမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းလုပ်နေပြီလို့ ဖေါ်ပြနေပေမယ့် နည်းနည်းလှမ်းသွားတဲ့ နေရာကလယ်တွေမှာတော့ ကိုင်းမြက်တွေ ပေါက် နေတာ ကိုသာ မြင်တွေ့ရပါတယ်။

ဘိုကလေးမြစ်ကြောင်းတလျှောက် တောင်ဘက်ကို စုန်ဆင်းသွားတဲ့အခါ မြင်တွေ့ရတဲ့ ရွာတွေနဲ့ လယ်တွေမှာလည်း ထွန်ယက်နေတာ မတွေ့ရသလောက်ကို ရှားပါးလျက်ရှိပါတယ်။ ပေါင်းမြက်တွေနဲ့ ပြည့်နေတဲ့ လယ်ကွက်တွေသာ တွေ့ နေရပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကျွဲ နွားတွေ သေဆုံးကုန်ပြီး မျိုးစပါးတွေလည်း ရေစိုတဲ့ဟာစို၊ မျောပါတာမျော ပါသွားတာကြောင့် ပြန်လည်ထူထောင်ဖို့ ကြီးမားတဲ့ အခက်အခဲတွေရှိနေပါတယ်။

ဟေမန်လတာဆိုတဲ့ ရွာကလေးဟာ ဘိုကလေးမြို့ရဲ့ အထက်ဘက်ကျပြီး ဘိုကလေးက ရေလမ်းနဲ့ တနာရီသာသာ အကွာ မှာရှိပါတယ်။ အဲဒီရွာမှာ နေထိုင်ပြီးလယ်လုပ်ပြီး အသက်မွေးတဲ့ အသက်၂၄ နှစ် အရွယ် ကိုလှိုင်ထွန်းက “ကျနော်တို့ မိသား စုမှာ လယ် ၁၀ ဧက ရှိတယ်။ ကျွဲ ၄ကောင်နဲ့ လယ်လုပ်ခဲ့တာ၊ အခုတော့ ကျွဲတွေလဲသေ၊ မျိုးစပါးလည်းဆုံးပြီ ဆိုတော့ ဒီတမိုးတော့ ဘာမှလုပ်နိုင်မယ် မထင်တော့ဘူး။ ထွန်စက်၊ ဒီဇယ်ဆီ၊ မျိုးစပါးဆိုတာ မ၀ယ်နိုင်ဘူး၊ အဲဒီအတွက် ဘယ်က အကူအညီမှလည်း မရသေးဘူး၊ ဒီအချိန်မှာမစနိုင်ရင်မမီတော့ဘူး”လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောဆိုပါတယ်။

နာဂစ် မုန်တိုင်းအပြီးတလ အကြာမှာ မုန်တိုင်းဒဏ်ခံစားရသူအများစုရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ပြန်လည် ထူထောင်ပေးနိုင်တဲ့ အရိပ်အရောင်ထင်ထင်ရှားရှား မမြင်ရသေးပါဘူး။ တလသာကြာပေမယ့် ပျက်စီးသွားတဲ့ အိမ်ကို မပြင်နိုင်သေးဘဲ ထမင်းနပ်မှန်အောင်စားရဖို့ ရုန်းကန်နေရဆဲ၊ ကယ်ဆယ်ရေး အလှူစားနပ်ရိက္ခာကို မျှော်လင့်နေရဆဲ ဖြစ်တာကို တွေ့ရပါတယ်။

ဘိုကလေးမြို့ကအပြန် ည ၁၀နာရီခွဲ ရှိတဲ့အချိန် ဘိုကလေး ဖျာပုံကားလမ်းနံဘေးမှာ ၀ါးထရံအပိုင်းအစတွေကို ခင်းပြီး အိပ်နေတဲ့ မိန်းမ၊ ယောက်ျား အများအပြားကိုလည်း တွေ့မြင်နေရဆဲပါ။ ကားလမ်းနံဘေးက ပြိုပျက်သွားတဲ့ အိမ်နေရာမှာ လူဝင်ရရုံဘက်၊ ပလတ်စတစ်စအမိုးအောက်မှာလည်း အိပ်နေကြတာ အပြည့်ပါပဲ။

မအိပ်နိုင်သေးတဲ့ ကျေးရွာသားတွေကလည်း ကားမီးရောင်တွေ့တဲ့အခါ ပုဂ္ဂလိက အလှူ့ရှင်ကားတွေများလားဆိုပြီး ချပေးမယ့် ဆန်နဲ့ အစားအစာကို လမ်းဘေး တလျှောက်မှာ လက်နောက်ပစ်ပြီးမျှော်လင့် နေကြတာကို တွေ့မြင်ခဲ့ရပါ တယ်။
..................................................

သည်အတိုင်းကြည့်နေပါက မြန်မာပြည် အခြေအနေ ပိုမိုဆိုးဝါးလာမည်
ရဲနည် | ဇွန် ၅၊ ၂၀၀၈

မုန်တိုင်းအကြားမှ အသက်ရှင်သန် ကျန်ရစ်သူများသည် ပြီးခဲ့သည့် တလလုံးလုံး အခက်အခဲများ၊ အန္တရာယ်များ၊ ကြေကွဲ ဖွယ်ရာများကို အဆက်မပြတ် ကြံ့ကြံ့ခံ၍ တောက်လျှောက် ရင်ဆိုင်ရုန်းကန် နေခဲ့ကြရသည်။

မေလ ၂ ရက်နှင့် ၃ ရက်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် မိသားစုဝင်များ၊ မိတ်ဆွေများ၊ အိုးအိမ်များ၊ အသက် မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရ၍ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသော၊ ထောင်ပေါင်းများစွာ အရေ အတွက်ရှိ သည့် လေဘေးဒုက္ခသည်များကို စစ်အစိုးရ အာဏာပိုင်များက သူတို့ ယာယီခိုလှုံနေထိုင်နေသည့် နေရာများမှ အတင်း အဓမ္မ ပြောင်းရွှေ့ရန် ခိုင်းစေနေပြန်သည်။ စစ်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်တော့မည်ဟု ဆိုလာသည့်နောက်ပိုင်း ဤကဲ့သို့ အဓမ္မပြောင်းရွှေ့စေမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သဘာဝကပ်ဘေးကြီး အပြီး လေးပတ်မြောက်ကာလတွင် မုန်တိုင်းကြောင့် အိုးအိမ်များဆုံးရှုံး၍ အခြေအနေမဲ့ဖြစ်သွား ခဲ့ရသည့် လူဦးရေသည် နှစ်သန်းနှင့် လေးသိန်းထက်မနည်း ရှိနေသည်ဟု ကုသလမဂ္ဂမှ ပြောဆိုခဲ့သည်။ ထိုသူအများစုမှာ အစိုးရ သို့မဟုတ် အခြားအဖွဲ့အစည်းများထံမှ အကူအညီများ မရရှိနိုင်ကြသေးပေ။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး (FAO) မှ နောက်ဆုံးထုတ်ဝေခဲ့သော အစီရင်ခံစာအရ စားနပ်ရိက္ခာ ပြတ် လပ်ခြင်းနှင့် ဈေးနှုန်းကြီးမြင့်လာခြင်းတို့ကြောင့် တိုင်းပြည်များတွင် လုံခြုံရေး မတည်မငြိမ်ဖြစ်မှုများနှင့် ရင်ဆိုင်ရနိုင်သည် ဟု ဆိုထားသည်။ ရန်ကုန်တွင် ဆန်ဈေးနှုန်းနှစ်ဆ ခုန်တက်သွားခဲ့သည်။ ဆားဈေးနှုန်းသည်လည်း သုံးဆအထိ မြင့်တက် သွားခဲ့သည်။

ထိုကဲ့သို့အခြေအနေများကို ရင်ဆိုင်နေရသည့်အတွက် ကားလမ်းဘေးတလျှောက် လေဘေးဒုက္ခသည်များ တန်းစီ၍ ဖြတ်လာသော ကားများနှင့် ကုန်တင်ကားများထံမှ တောင်းရမ်းစားသောက် နေရသည်ကလည်း မဆန်းတော့။ ဤ အခြေ အနေတွင် တသီးပုဂ္ဂလအလှူရှင်များမှ ကားကြီး ကားငယ်များနှင့် စားရေရိက္ခာများတင်ဆောင်၍ အငတ်ဘေးကို ရင်ဆိုင် နေရသော လေဘေးဒုက္ခသည်များအား စတင်ကူညီလာခဲ့ကြသည်။

သို့သော်လည်း ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အာဟာရချို့တဲ့ခြင်း စသည့်ပြဿနာများသည် မြန်မာစစ်အစိုးရ၏ ဦးစားပေး လုပ်ဆောင်ရမည့် စာရင်းထဲတွင် ထည့်သွင်းထားသည့် ကိစ္စများ မဟုတ်ပါ။

ပို၍ဆိုးသည့် အချက်ကတော့ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံလိုက်ရသည့် မြန်မာပြည်သူများသည် မည်သူ့ အကူအညီမှ မလိုဘဲ သူတို့ခြေထောက်ပေါ်တွင် သူတို့ရပ်နိုင်သည့် လူများဖြစ်သည်ဟု စစ်အစိုးရက ကြေညာခဲ့သေးသည်။

ကြေးမုံသတင်းစာအယ်ဒီတာ့အာဘော်တွင် ရေးသားဖေါ်ပြထားသည်ကတော့ "မြစ်ဝကျွန်းပေါ်မှ ပြည်သူများသည် နိုင်ငံခြားမှလှူဒါန်းသော ချောကလက်များ မလိုဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်သော သူများဖြစ်သည်" ဟု ဆိုထားသည်။

စစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရက်စက်၍ အကြင်နာကင်းမဲ့သူ ဖြစ်ကြောင်း ယခင်ကတည်းက သတင်းပြေးနေသူ ဖြစ်သည်။ ယခုတချိန်တွင်လည်း ဒုက္ခရောက်နေသော လူအများအား လူသားဆန်မှုကင်းမဲ့စွာ ကျော ခိုင်း၍ ပစ်ထားခဲ့လေသည်။

ရဲသားများ၊ စစ်သားများနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများသည် လမ်းများပေါ်တွင် ဂိတ်များဖွင့်၍ မြစ်ဝကျွန်းပေါ် သို့ အကူအညီပေးရန်သွားမည့် အလှူရှင်များ၏ ကားများကို ရပ်တန့် ရှာဖွေဟန့်တားခြင်းများ ပြုလုပ်လျှက် ရှိသည်။ စေတနာ့ ၀န်ထမ်းကူညီသူများကိုလည်း အလှူပစ္စည်းများပေးဝေရာတွင် စနစ်တကျမလုပ်ဆောင်ပါက အရေးယူမည်၊ ကားမောင်း လိုင်စင်များကို သိမ်းဆီးမည် အစရှိသဖြင့် ခြိမ်းခြောက်နေသေးသည်။

အကြင်နာကင်းမဲ့လှသော ဗိုလ်ချုပ်များသည် လေဘေးဒုက္ခသည် ပြည်သူများအား အထင်မြင်သေး နိမ့်ချ၍ ရှုမြင်နေ ကြောင်း ပို၍ပေါ်လွင်လာခဲ့သည်ကို တကမ္ဘာလုံး မျက်ဝါးထင်ထင် မြင်လိုက်ကြရသည်။

မြန်မာစစ်အစိုးရအရာရှိတဦးက အလှူရှင်များအား ဤသို့ပြောကြားခဲ့သည်။ "လူတွေဟာ ဘယ်လို ထမင်းရှာစားရမယ် ဆိုတာ ကိုယ့်ဟာကိုယ် လေ့လာသင့်တယ်"။ "နိုင်ငံခြားသားတွေက ကျနော်တို့တိုင်းပြည်ကို သူတောင်းစား တိုင်းပြည်လို့ ထင်သွားမှာ စိုးရတယ်" ဟု ဆိုခဲ့သည်။

ဤသို့ဖြစ်ပျက်နေသည့်တချိန်တည်းမှာလည်း နိုင်ငံတကာမှအကူအညီများနှင့် ပတ်သက်၍ ကူညီစီမံခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်မည့် အာဆီယံနှင့် ကုလသမဂ္ဂ၀န်ထန်းများသည် သက်တောင့်သက်သာရှိလှသော သူတို့၏ ရုံးခန်းများ အတွင်း မှ နေ၍ မြန်မာစစ်အာဏာပိုင်များ အလွဲလွဲ အမှားမှား လုပ်ဆောင်နေကြသည်များကို ထိုင်၍ကြည့်နေအားကြသည်။ ထိုသို့ အဓမ္မပြန်ပို့နေသည့် ကိစ္စများ ဆောင်ရွက်ခဲ့သည်မှာ ယခင်ရက်များက ဗီဇာဆိုင်းငံ့ထားခြင်း ခံထားနေရသော ကုလသမဂ္ဂ ၀န်ထမ်းများအား ဗီဇာထုတ်ပေးရန်အတွက် စစ်အစိုးရမှ သဘောတူလိုက်ပြီးသည့်နောက် ရက်အနည်းငယ်အကြာတွင် ဖြစ် သည်။

မုန်တိုင်းကြားမှ သက်ရှင်သန်ကျန်ရစ်သူများကား ဒုက္ခအတိနှင့် ပြည့်နှက်နေတော့သည်။ မြန်မာစစ်အာဏာပိုင်များက ထိုသက်ရှင်ကျန်ရစ်သူများကို မုန်တိုင်းကြောင့် မရှုမလှ ပျက်စီးသွားခဲ့ရသော ထိုသူတို့၏ ရွာများဘေးတွင် ပြန်လည်နေ ထိုင်ရန် ပို့ဆောင်နေသည်။ သို့သော် စားနပ်ရိက္ခာနှင့် သောက်ရေများ အကူအညီပေးခြင်းမရှိ။ လတ်တလော လုပ်ကိုင်စား သောက်ရမည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းဆိုတာကလည်း နတ္ထိ။ ထိုသူများ၏ အနာဂတ်မှာလည်း ပျောက်ဆုံးနေ ကြရတော့သည်။ ထို့အပြင် ပိုမိုငတ်မွတ်မှုများ၊ ရောဂါဘယများကလည်း ဆီးကြိုနေလျှက် ရှိသည်။

ပြီးခဲ့သော သောကြာနေ့တွင် မြန်မာစစ်အစိုးရက မီဒီယာများသို့ ရှာမှ ရှားသော ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကတော့ လူထုသည်ငတ်မွတ်ခေါင်းပါးနေခြင်း မရှိ။ ငတ်မွတ်ခြင်းသည် ပြဿနာမဟုတ်။ အဘယ်ကြောင့် ဆိုသော် လယ်သမားများသည် ချောင်းမြောင်းများအတွင်းမှ ဖား၊ ငါးနှင့် မှိုနတို၊ ကနဖော့ အစရှိသည့် ဟင်းရွက်များ ရှာဖွေ စားသောက်နိုင်သောကြောင့်ဟု ဆိုသည်။

ကုလသမဂ္ဂကတော့ မြန်မာစစ်အစိုးရ လူသတ်မှုကျူးလွန်ဖို့ ကြိုးစားနေသည်ကို လက်တင်ကုလားထိုင်ကြီးတွင် ထိုင်လျှက် က ကြည့်သာနေတော့သည်။

အကယ်၍ မုန်တိုင်းမှအသက်ရှင်ကျန်ရစ်သူများ ဖားများစား၍ နေနိုင်သည်ဆိုပါစို့။ ကုလသမဂ္ဂကြီးလည်း မိမိတံထွေးကို မိမိပြန်မြို၍ ကုလသမဂ္ဂသည် မြန်မာ့အရေးတွင် ကျရှုံးခဲ့ရကြောင်း ၀န်ခံဖို့တော့လိုသည်။ အကယ်၍ ကမ္ဘာ့အဖွဲ့ကြီး ဖြစ်သည့် ကုလသမဂ္ဂသည် မြန်မာစစ်အစိုးရအပေါ် ထိထိရောက်ရောက် ဖိအားပေးမဆောင်ရွက်ပါက မြစ်ဝကျွန်းပေါ်မှ ပြည်သူများ ရောဂါဘယများနှင့် ဆက်လက်၍ ဒုက္ခရင်ဆိုင်နေရဖွယ်ရှိပြီး ဒုတိယအကြိမ် ကပ်ဘေးကြီးကို ထပ်မံကြုံတွေ့ ရဖွယ် ရှိနေပါတော့သည်။
.................................................

လပွတ္တာ စီးပွားရေး ပြန်မစနိုင်သေး
အောင်သက်ဝိုင်း | ဇွန် ၅၊ ၂၀၀၈

လပွတ္တမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများ၏အဓိက အသက်မွေးမှု လုပ်ငန်းများဖြစ်သည့် ရေလုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး၊ ဆားချက်လုပ်ငန်းများမှာ ပြန်လည် စတင်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

လပွတ္တာမြို့နယ်တွင် ငါးမွေးမြူရေး ဧရိယာ ၅၃.၉၈ ဧကနှင့် ရေငန်ပုစွန် မွေးမြူရေးကန် ဧရိယာ ၁၄၄၅၉.၃၉ ဧက ရှိပြီး မုန်တိုင်းကြောင့် အဆိုပါ မွေးမြူရေး လုပ်ငန်းများ လုံးဝနီးပါး ပျက်စီးသွားသည်ဟု ဆိုကြသည်။

လပွတ္တာမြို့တွင် ရေလုပ်ငန်းတချို့ ပြန်လည် လည်ပတ်ရန် ပြင်ဆင်နေပြီး တချို့ရေလုပ်ငန်းများမှ မွေးမြူရေး ဂဏန်းများ ရန်ကုန်သို့ ပြန်လည်တင်ပို့နေသော်လည်း ပမာဏ အနည်းငယ်ဖြင့်သာ တင်ပို့မှုရှိကြောင်း လပွတ္တာ ဒေသခံ ရေလုပ်ငန်းရှင် တဦးက ဆိုသည်။

လပွတ္တာမြို့နယ်တွင် ရေလုပ်ငန်းများ ပြန်လည်စတင်ရန်အတွက် အစိုးရက ငွေထုတ်ချေးမည့် အစီအစဉ် ရှိသည် ဟု သိရှိရပြီး လုပ်ငန်းရှင်တဦးလျှင် မည်မျှငွေထုတ်ချေးမည်၊ မည်သည့်အချိန်တွင် ထုတ်ချေးမည်ကိုမူ မသိရှိရ သေးကြောင်း ရေလုပ်ငန်းရှင်တဦးက ဆိုသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ငါးဖမ်းလုပ်သားများ၊ လယ်သမားများကိုမူ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ငါးဖမ်းပိုက်များ၊ လှေများနှင့် တခြားလိုအပ်သော လယ်ယာစိုက်ပျိုးရေး ပစ္စည်းများ ထောက်ပံ့ရန် ရှိ ကြောင်း၊ ထို့ပြင် စက်လှေ၊ သဘောင်္များဆိုက်ကပ်နိုင်သည့် ဆိပ်ခံဘောတံတားများကိုလည်း ကျေးရွာများတွင် နိုင်ငံတကာ အဖွဲ့အစည်း များက တည်ဆောက်ပေးရန်ရှိကြောင်း သိရှိရသည်။

“၂၀၀၄ ဆူနာမီ ဖြစ်တုန်းကလည်း ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေက ငါးဖမ်းလုပ်သားနဲ့ လယ်သမားတွေ အတွက် အများကြီး ထောက်ပံ့နိုင်ခဲ့တယ်။ အဲဒီအချိန်ကတည်းက ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတကာ အဖွဲ့ အစည်းတွေက လပွတ္တာမှာ ရောက်နေတာ။ အခုတော့ နာဂစ်မှာတော့ပိုပြီး ထောက်ပံ့ရေး လုပ်ငန်းတွေ ပေးနိုင် မှာပါ”ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီ အစဉ်မှ ၀န်ထမ်းတဦးက ပြောသည်။

အစိုးရပိုင်းကမူ စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ထွန်စက်နှင့် ကျွဲ နွားများ မေလ ၃၁ ရက်နေ့မှ စတင်ပြီး ၃ မိုင် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ဒုက္ခသည် စခန်းများသို့ ပေးပို့နေသည်ကို တွေ့ရသော်လည်း ပမာဏ အားဖြင့် ဆယ်ဂဏန်း အရေအတွက်သာ ရှိ၍ ဒုက္ခသည် အားလုံးအတွက် လုံလောက်မှုမရှိနိုင်ကြောင်း ဒေသခံ များက ပြောဆိုကြသည်။

“စစ်ကားတွေနဲ့တော့ ကျွဲတွေ နွားတွေ သယ်လာတာတွေ့တယ်။ ဒါပေမယ့် အရေအတွက် နည်းနည်းလေးပဲ။ ၃၁ ရက်နေ့က စစ်ကား ၃ စီးနဲ့ ကျွဲအကောင် ၃၀ ကျော်လောက်တွေ့တယ်။ ၃ မိုင်စခန်းကို သယ်လာတာလေ” ဟု လပွတ္တာမြို့ရှိ ဆိုင်ကယ် ကယ်ရီ အမောင်းသမားတဦးက ဆိုသည်။

အစိုးရက လယ်ယာလုပ်ငန်းခွင်များ ပြန်လည်စိုက်ပျိုးရေး လုပ်ကိုင်ရန် ပြင်ဆင်နေသော်လည်း လက်တွေ့တွင် စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်စတင်ရန်အတွက် အဓိက အရေးအကြီးဆုံးမှာ ပင်လယ်ဆားငန်ရေ ၀င်ရောက် ထားသည့်လယ်မြေ များကို စနစ်တကျပြန်လည်ပြုပြင်ရန် ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ ၀န်ထမ်း တဦးက သုံးသပ်ပြောသည်။

“ဆားငန်ရေ၀င်တဲ့ လယ်တွေ မြေဆီလွှာ ပြန်ကောင်းအောင် အရင်လုပ်ပြီးမှ လယ်ယာလုပ်ငန်းတွေ ပြန်စဖို့ လုပ်သင့်တယ်။ ရေငန်ဝင်တဲ့ လယ်တွေ ပြန်ပြီးကောင်းလာအောင်လုပ်ဖို့က အနည်းဆုံး ၂ လလောက် အချိန်ယူ ရမယ်” ဟု အဆိုပါဝန်ထမ်း က ဆိုသည်။

ဆားချက်လုပ်ငန်းများမှာမူ ပြန်လည်စတင်ရန် ခြောက်လကျော် အချိန်ယူရဖွယ်ရှိကြောင်း လပွတ္တာမြို့နယ်မှ ဆားကွင်း ပိုင်ရှင် တဦးက ဆိုသည်။

ဆားကွင်းများအတွင်းတွင် ဆားချက်လုပ်သားများ၏ အလောင်းများနှင့် မိသားစုဝင်များ၏ ရုပ်အလောင်းများ၊ ကျွဲ၊ နွား၊ ၀က်၊ ကြက် အသေကောင်များမှာ ပင်လယ်ဆားငန်ရေနှင့် ထိတွေ့မှု၊ ဆားကွင်းများရှိ ဆားမြေများနှင့် ထိတွေ့မှုများကြောင့် ပုပ်သိုး ခြင်းမရှိဘဲ တင်ကျန်နေသေးကြောင်း၊ ထောင်သောင်းချီရှိနေသော ဆားကွင်းအတွင်း မှ အသေကောင်များကို ဦးစွာရှင်း လင်းရန်လိုအပ်ပြီး ဆားချက်လုပ်သားများလည်း ပြန်လည်မွေးထုတ်ရန် လိုအပ် ကြောင်း ဆားလုပ်ငန်းရှင်များက ဆိုကြသည်။

“ကျွမ်းကျင်တဲ့ ဆားချက်လုပ်သားတွေ မရှိတော့ဘူး။ ဒီလုပ်သားတွေနေရာမှာ အစားပြန်ရဖို့က တော်တော်လေးကို ခေါင်းခဲ စရာပဲ”ဟု ငပုတောဒေသမှ လပွတ္တာမြို့သို့ ခေတ္တရောက်ရှိနေသူ ဆားလုပ်ငန်းရှင် တဦးက ဆိုသည်။

ဧက ၁၀၀ ရှိသည့် ဆားကွင်း တကွင်းတွင် ဆားချက်လုပ်သား ၁၀၀ ကျော် လိုအပ်ပြီး အချိန်ကာလအားဖြင့် ခြောက်လမှ ရှစ်လအထိ ဆားချက်လုပ်ငန်း လုပ်ကိုင်ရလေ့ရှိကြောင်း ဆားချက်လုပ်ငန်း၏ သဘောသဘာဝကို အဆိုပါ ဆားလုပ်ငန်း ရှင်က ရှင်းပြသည်။

“ဆားကွင်းတွေမှာ အလုပ်လုပ်တဲ့ ဆားသူကြီး (ဆားချက် လုပ်သားခေါင်းဆောင်)က အစ လုပ်သားတွေ အားလုံး က မိသားစုတွေခေါ်လာကြတယ်။ အချိန်အကြာကြီး ဆားချက်ရတာဆိုတော့ မိသားစုတွေပါခေါ်လာမှ အဆင်ပြေ မှာဆိုတော့ အားလုံးကမိသားစုကိုယ်စီနဲ့ ဆားကွင်းတွေဘေးမှာ တဲထိုးနေကြတယ်။ ဧက ၁၀၀ ဆားကွင်းတကွင်း မှာ ဆားချက် လုပ်သား ၁၀၀ ကျော်နဲ့ မိသားစုဝင် ဦးရေက ထောင်ဂဏန်း ကျော်မှာရှိတယ်”ဟု လပွတ္တာ ဆား လုပ်ငန်းရှင်တဦးက ပြောသည်။

ဆားချက်လုပ်သားများနှင့် မိသားစုများအတွက် နေ့စဉ် စားသုံးမည့် ဆန်နှင့်စားနပ်ရိက္ခာများကို ဆားလုပ်ငန်း ရှင်က ထောက်ပံ့ပြီး ဆားများ ဈေးကွက်တွင် ရောင်းချနိုင်သည့်အချိန်မှ လုပ်အားခကို စားနပ်ရိက္ခာစရိတ်များ ခုနှိမ်ကာ ပေးချေ လေ့ရှိကြောင်း အဆိုပါ လပွတ္တာ ဆားလုပ်ငန်းရှင်က ဆိုသည်။

“နာဂစ်ကြောင့် သေသွားတဲ့ စာရင်းကို ထုတ်ပြန်တဲ့နေရာမှာ ဆားကွင်းတွေမှာရှိတဲ့ ဆားချက်လုပ်သားတွေနဲ့ မိသားစုတွေရဲ့ စာရင်းမပါသေးဘူး။ အဲဒီဆားကွင်းမှာ နေထိုင်တဲ့ လုပ်သားနဲ့ မိသားစုစာရင်းက အတိအကျ ကောက်ထားတာမျိုးမရှိဘူး။ လက်ရှိ အစိုးရထုတ်ပြန်ထားတဲ့ သေစာရင်းနဲ့ ပျောက်ဆုံးစာရင်းက ကျေးရွာတွေမှာ ရှိတဲ့ လူဦးရေစာရင်းကို အခြေခံပြီး ထုတ်ပြန်ထားတာပါ” ဟု လပွတ္တာ မယက အဖွဲ့ဝင်တဦးက ဆိုသည်။

လပွတ္တာမြို့ပေါ်တွင် အခြေအနေ ကောင်းမွန်သည့်လုပ်ငန်းမှာ ရန်ကုန်-လပွတ္တာမြို့သို့ ပြေးဆွဲနေသည့် လိုင်းကား လုပ်ငန်း၊ တည်းခိုခန်းလုပ်ငန်း၊ ထမင်းဆိုင်နှင့် တခြားစားသောက်ကုန်များ ရောင်းချသည့်လုပ်ငန်းများ ဖြစ်ကြောင်း သိရှိရသည်။

“နာဂစ်ဖြစ်ပြီးတဲ့နောက်ပိုင်း လပွတ္တာကိုလာတဲ့ လူတွေအရမ်းများလာတယ်။ လိုင်းကားတွေဆိုရင် ၃ ရက်လောက် ကြိုလက်မှတ်ဝယ်မှရတယ်။ စွမ်းအားရှင်(ခ)ရွှေဝါဖူး၊ ရွှေလ၀န်းဆိုတဲ့ ရန်ကုန်-လပွတ္တာ ပြေးနေတဲ့လိုင်းကားတွေ မှာ နေ့စဉ် အသွားအပြန် လူအပြည့်” ဟု ရွှေလ၀န်း လိုင်းကားမှ ယာဉ်နောက်လိုက်တဦးက ပြောသည်။

လပွတ္တာမြို့တွင် တည်းခိုခန်းပေါင်း ၅ ခုရှိပြီး ၃ ခုမှာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ၀န်ထမ်းများ နေထိုင်ရန်နှင့် ရုံးခန်းဖွင့်လှစ်နိုင်ရန် အပြတ်ငှားရမ်း ထားပြီး ကျန်တည်းခိုခန်း ၂ ခုတွင် တည်းခိုမည့်သူများ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရှိရသည်။

“ရန်ကုန်ကလာတဲ့လူတွေ တည်းခိုခန်းမရှိလို့ ဘုန်းကြီးကျောင်းတွေမှာ တည်းကြတယ်။ ဒါက ခဏလာတဲ့ လူလောက်က တော့ ဘုန်းကြီးကျောင်းမှာတည်းတာ အဆင်ပြေတယ်။ အကြာကြီး နေမယ့်လူတွေက စုပေါင်း စပ်ပေါင်း အိမ်လေးတွေ ငှားနေကြတယ်။ အိမ်ငှားခက လူ ၁၀ ယောက်စာ တဲအိမ် ခပ်သေးသေးကို တလ ၁ သိန်းလောက်ပေးရတယ်” ဟု လပွတ္တာမြို့ ၂ ရပ်ကွက်မှ အိမ်ပိုင်ရှင်တဦးက ပြောသည်။

လပွတ္တာမြို့တွင် နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်း လူအ၀င်အထွက် များပြားလာခြင်းနှင့်အတူ ထမင်းဆိုင်နှင့် စားသောက် ကုန် ရောင်းချသည့်ဆိုင်များ ရောင်းအားမြင့်တက်လာပြီး ဆိုင်ဖွင့်လှစ် ရောင်းချသူများ များပြား လာကြောင်း သိရှိရသည်။

“လပွတ္တာမြို့ခံ မဟုတ်တဲ့သူအားလုံး အားကိုးစားနေရတာက ထမင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေပဲ။ တဦးစာ ထမင်း အ၀စား ကျပ် ၁၅၀၀ ကျတယ်။ တချို့စားသောက်ဆိုင်မှာ လာစားသောက်တဲ့ နိုင်ငံခြားသားတွေအတွက် ဘီယာ၊ အရက် တွေ တင်ရောင်းနေကြတယ်။ သာမန် လမ်းဘေး ထမင်းဆိုင်လေးတောင် တနေ့ဝင်ငွေ တသိန်း အထက်မှာရှိတယ်” ဟု စားသောက်ဆိုင်ပိုင်ရှင်တဦးက ရှင်းပြပြောဆိုသည်။

နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်ပြီးချိန်မှစပြီး ငါး၊ ပုစွန် ရောင်းဝယ် ဖောက်ကားမှုများ ရပ်ဆိုင်းခဲ့ပြီး ဇွန်လ ၁ ရက်နေ့ အထိ ငါး ပုစွန် ရောင်းချဝယ်ယူမှုများ အလွန်နည်းပါးနေသေးကြောင်း မြို့ခံများ၏ ပြောဆိုမှုများအရ သိရှိရသည်။

မုန်တိုင်းဒဏ်သင့် ငပုတော ဒေသမှ ဒုက္ခသည်များ၏ အခြေအနေ အကျဉ်းချူပ်

ငပုတောမြို့နယ်တွင် ရွာပေါင်း ၅၂ ရွာရှိသည့်အနက် ၄၂ ရွာမှာ မုန်တိုင်းကြောင့် လုံးဝပျက်စီးသွားခဲ့ပြီး ငပုတော ဒေသ၏ အဓိက စီးပွားရေး ဆားချက်လုပ်ငန်းများနှင့် ဆားကွင်း ထောင်ဂဏန်းနီးပါး ပျက်စီးခဲ့ကြောင်း ငပုတော မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် နီးစပ်သူတဦးက ဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ရက်ပိုင်းအတွင်းတွင် ငပုတောမြို့နယ် ကျေးရွာများမှ ဒုက္ခသည်ဦးရေ ၃၃၇၃ ဦးကို ပုသိမ်မြို့ သို့ စေလွှတ်ခဲ့ပြီး ပုသိမ်တွင် ဒုက္ခသည်စခန်း ၅ ခု ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။ ဒုက္ခသည် စခန်း များ ဖြစ်ကြသည့် သီဟဆောင် ဒုက္ခသည်စခန်းတွင် လူဦးရေ ၃၁၄ ဦး၊ ကိုးသိန်းဒုက္ခသည် စခန်းတွင် လူဦးရေ ၄၁၉ ဦး၊ အထက ၃ တွင် လူဦးရေ ၈၀၇ ဦး၊ အထက ၅ တွင် ၁၅၉၉ ဦး၊ ပုသိမ်ဆေးရုံတွင် ၂၃၄ ဦးထားရှိခဲ့ပြီး ၎င်းဒုက္ခသည်များ အားလုံးကို မေလ ၃၀ ရက်နေ့တွင် သက်ဆိုင်ရာ ကျေးရွာများဆီသို့ အာဏာပိုင်များက ပြန်လည်ပို့ဆောင်ခဲ့သည်။

မုန်တိုင်းဒဏ် ခံခဲ့ရသော ငပုတောကျေးရွာများတွင် ယခုအခါ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ ၏ ထောက်ပံ့မှုကြောင့် စားနပ်ရိက္ခာ မပူပင်ရသော်လည်း သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရပြီး ကျန်းမာရေး အပိုင်းတွင် ၀မ်းရောဂါ ဖြစ်ပွားမှုများ ရှိနေကြောင်း ငပုတော မယကနှင့် နီးစပ်သူ ထံမှ သိရှိရသည်။

ဒုက္ခသည်စခန်းများရှိရာ မြောင်းမြ အခြေအနေ

လပွတ္တာမြို့နယ်အပိုင် ကျေးရွာများမှ ဒုက္ခသည်များကို လွှဲပြောင်းနေရာချထားပေးခဲ့သည့် မြောင်းမြမြို့တွင် ဒုက္ခသည်စခန်း စုစုပေါင်း ၂၇ ခု ရှိနေရာမှ တဖြည်းဖြည်း လျှော့ချနေပြီး မေလ ၃၀ ရက်နေ့တွင် ဒုက္ခသည်စခန်း ၂၁ ခုသာ ရှိတော့သည်ဟု မြောင်းမြမြို့ခံများက ဆိုသည်။

ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို နေရပ်များဆီသို့ ပြန်လည်ပို့ဆောင်နေပြီး လာမည့် ဇွန်လလယ်တွင် စခန်းများ အားလုံး အပြီးသတ်ဖျက်သိမ်းရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

မေလ ၃၀ ရက်နေ့ ကောက်ခံထားသော စာရင်းဇယားများအရ ဒုက္ခသည်စခန်း ၂၁ ခုတွင် ဒုက္ခသည် အရေ အတွက် ၁၁၇၅၈ သာ ကျန်ရှိခဲ့ပြီး ယခင်က ဒုက္ခသည်ဦးရေ ၃ သောင်းကျော်၊ လေးသောင်းနီးပါးရှိကြောင်း မြောင်းမြ မယက စာရင်းဇယားများတွင် ဖော်ပြထားသည်။

မြောင်းမြ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို နေ့စဉ် ရေလမ်း၊ ကုန်းလမ်းများမှတဆင့် နေရပ် ကျေးရွာများ ဆီသို့ ပို့ဆောင်ပေးနေကြောင်း မြောင်းမြမြို့ခံများက ပြောသည်။
...................................
လေဘေးဒုက္ခသည်များ မဲဆောက်မြို့သို့ ရောက်ရှိ
အေးလဲ့ | ဇွန် ၅၊ ၂၀၀၈

နာဂစ် မုန်တိုင်းဒဏ်သင့်ခဲ့သည့် လေဘေးဒုက္ခသည် ၁၀၀ ကျော်တို့ နေထိုင်စားသောက်မှု အခက်အခဲများကြောင့် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ရောက်ရှိနေကြောင်း မဲဆောက်အခြေစိုက် မုန်တိုင်းဒုက္ခသည် ကူည်ီရေး အဖွဲ့များမှတဆင့်သိရသည်။

၎င်းလေဘေးဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ မှတဆင့် နှီးစပ်ရာဆွေမျိုးများနှင့် မဲဆောက်အခြေစိုက် မုန်တိုင်းကူည်ီရေးအဖွဲ့များကို ဆက်သွယ်ကာ ရောက်ရှိလာခြင်း ဖြစ်သည်။

မဲဆောက်မြို့သို့ရောက်ရှိလာသည့်ဒုက္ခသည်များအား အုန်းဖျန် ဒုက္ခသည်စခန်း၊ မယ်လ ဒုက္ခသည်စခန်းတို့ရှိ ၎င်းတို့နှင့် နီးစပ်သူများ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းနှင့် စက်ရုံများရှိ မြန်မာအလုပ်သမားများစသည့် နီးးစပ်ရာ ဆွေမျိုး အပေါင်းအသင်းများက လက်တလော ကူညီ ကယ်ဆယ်ထားကြောင်းလည်း သိရသည်။

မဲဆောက်မြို့ရှိ ဒေါ်မာမာအေးက “ကျမတို့စာရင်းအရ အယောက်၁၀၀ရှိတယ်၊ ရောက်ရှိလာတဲ့ အကြောင်းအရင်းတွေ ကတော့ ပုံစံအမျိုးမျိုးရှိတယ်။ ဒီဘက်မှာအလုပ်လုပ်နေတဲ့သူတွေထဲက နေရပ်ပြန်ပြီး သူတို့မိသားစုကိုပြန်ရှာတယ်၊ တချို့ ကြတော့လဲ ဒီကိုလာနိုင်ဖို့ ဗမာပြည်ကတည်းက ခရီးစရိတ်ချေးပြီးလာကြတာရှိတယ်”ဟု ပြောသည်။

ဒေါ်မာမာအေးသည့် အရေးပေါ် မုန်တိုင်းကူညီရေးအဖွဲ့ (Emergency Assistant Team – Burma, EATB) ၏ တာဝန် ရှိသူတဦးဖြစ်သည်။

မဲဆောက်ရှိ EATB အဖွဲ့သည် လေဘေးဒုက္ခသည်များနှင့် တွေ့ဆုံကာ ကြုံတွေ့ရသည့် ဖြစ်စဉ်များကို အသေးစိတ်မေးမြန်း ခြင်း၊ ဆွေးနွေးနှစ်သိမ့်ခြင်း၊ ဒုက္ခသည်များ၏ ကိုယ်ရေးရာဇဝင်များကို စုဆောင်းခြင်း၊ အလုပ်လုပ်ချင်သူ တချို့ကိုအလုပ် ရှာပေးခြင်း စသည်တို့ကိုဆောင်ရွက်ပေးလျက်ရှိသည်ဟု ဒေါ်မာမာအေးက ပြောဆိုသည်။

မဲဆောက်မြို့သို့ရောက်ရှိလာသည့် လေဘေးဒုက္ခသည်များအား EATB အဖွဲ့သည်က တဦးလျှင် အခြေခံအသုံးစရိတ် ထိုင်းဘတ်ငွေတထောင်၊ ရိက္ခာတလစာနှင့် အ၀တ်အထည်တို့ကို ထောက်ပံ့ ထားကြောင်း သိရသည်။

“တကယ်ကြုံတွေ့ခဲ့ရတဲ့သူတွေကတော့ သူတို့အတွေ့အကြုံ၊ မိသားစု၊ ရပ်ရွာကိုအသေးစိတ်ကို အတိအကျပြောပြနိုင်တယ်။ တချို့ကလည်း အသေအချာမပြောနိုင်ဘူး၊ အဲဒီအပေါ်မှာ ကျမတို့ ခန့်မှန်းကြည့်လို့ရတယ်။ တကယ်ကိုစိုးစိုးဝါးဝါး ခံခဲ့ရတဲ့သူကတော့ အခြေအနေအမှန်ကို ပြောနိုင်တယ် … တချို့ကတော့ နည်းနည်းပါးပါးထိတဲ့သူတွေလဲ ပါတယ်” ဟု ဒေါ်မာမာအေးက ပြောသည်။

မဲဆောက်သို့ရောက်ရှိလာသူများသည် ဧရာဝတီတိုင်း ဘိုကလေး၊ ငပုတော၊ လပ္ပတ္တာအပါအဝင် ဧရာဝတီအောက်ပိုင်းရှိ ကရင်ရွာများနှင့် ရန်ကုန်တိုင်းရှိ ကွမ်းခြံကုန်း၊ လှိုင်သာယာ စသည့် ဒေသများမှ လေဘေးဒုက္ခသည်များဖြစ်သည်ဟုလည်း သိရသည်။

EATB အဖွဲ့ကို ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်း၊ လူ့အခွင့်အရေးပညာပေးရေးအဖွဲ့ (မြန်မာနိုင်ငံ)၊ မြန်မာ နိုင်ငံ ဆေးပညာရှင်အသင်းနှင့် အမျိုးသားကျန်းမာရေးနှင့်ပညာရေးကော်မတီ တို့အပါအ၀င် ပရဟိတအဖွဲ့များဖြင့် နာဂစ် မုန်တိုင်းအပြီးတွင် အရေးပေါ်ဖွဲစည်းကာ မုန်တိုင်းသင့်ဒေသများရှိ ဒုက္ခသည်များကို ဆက်သွယ်ကာ ကူညီနေကြောင်း သိရသည်။

မယ်တော်ဆေးခန်းတွင် လက်ရှိအကူအညီပေးထားသည့်ဒုက္ခသည် ၄၉ ဦးရှိကြောင်းကို မယ်တော်ဆေးခန်းမှ ဒုက္ခသည် များကို ကူညီပေးနေသည့် ဦးတင်ရွှေက ပြောသည်။

ဧရာဝတီတိုင်း လပ္ပတ္တာမြို့မှ ရောက်ရှိနေသည့် မဝင်းက “ကျမ ယောက်ျားကလာခေါ်လို့ ရောက်လာတာပါ။ ကျမ ဘာအထောက်အပံ့မှ မရခဲ့ဘူး … ကလေးကဝမ်းပျက်ပြီး နေမကောင်းဖြစ်တယ်၊ ကျမလည်း နေမကောင်းဖြစ်ပြီး ၃ ရက် လုံးလုံး ဆန်ပြုတ်ပဲသောက်ခဲ့တယ်” ဟု ဧရာဝတီကို ပြောသည်။

နာဂစ်မုန်တိုင်းအပြီး မေလ ၇ ရက်နေ့တွင် မဝင်းအား ခင်ပွန်းဖြစ်သူက လပ္ပတ္တာမြို့မှ မဲဆောက်သို့ သွားရောက်ခေါ်ဆောင်ခဲ့ ကြောင်း လမ်းခရီးတွင် မှတ်ပုံတင်မရှိတော့သဖြင့် လမ်းခရီးတလျှောက်ရှိ စစ်ဆေးရေးဂိတ်တချို့တွင် ကျပ် ၅၀၀၊ ၁၀၀၀ စသဖြင့် ငွေပေးကာ ဖြတ်ခဲ့ရကြောင်း မ၀င်းက ပြောသည်။
......................................................

မုန်တိုင်းအပျက်အစီး အကဲဖြတ်ရန် ကျွမ်းကျင်သူ (၂၀၀) အာဆီယံစေလွှတ်
NEJ/ ၅ ဇွန် ၂၀၀၈


နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ပျက်စီးဆုံးရှုံးးမှုပမာဏကို စာရင်းပြုစုရန် ကျွမ်းကျင်သူ (၂၀၀) ပါဝင်သည့် အာဆီယံ အရေးပေါ်အမြန် အကဲဖြတ်ရေးအဖွဲ့ (ERAT) ကို ဧရာဝတီ
မြစ်ဝကျွန်းပေါ်ဒေသသို့ ယနေ့ စတင်စေလွှတ်လိုက်ပြီဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ရုံးက သတင်းထုတ်ပြန်သည်။

အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာစစ်အစိုးရတို့ ပါဝင်သည့် သုံးပွင့်ဆိုင်အဖွဲ့က ယနေ့ ရန်ကုန်မြို့၌ ပြုလုပ်သည့် အစည်းအဝေးအပြီး စေလွှတ်ခြင်းဖြစ်ပြီး ထိုအဖွဲ့သည် ဆိုင်ကလုန်းဒဏ်ခံရသည့်
မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်၍ အပျက်အစီးများနှင့် လေဘေးဒုက္ခသည်များအတွက် အရေးပေါ် လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ လေ့လာအကဲဖြတ်၍ အစီရင်ခံစာပြုစုမည်ဟု အာဆီယံအဖွဲ့က ပြောသည်။

မုန်တိုင်းဒဏ်ခံရသည့် အဓိကမြို့နယ် (၂) ခုဖြစ်သည့် လပွတ္တာနှင့် ဖျာပုံမြို့နယ်များသို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်၏ ရဟတ်ယာဉ်ဖြင့် အဖွဲ့ (၂) ဖွဲ့ ကြိုတင်သွားရောက်၍ လုပ်ငန်းစတင် လုပ်ကိုင်မည်ဖြစ်ဟု အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝန်၏ ပြောကြားချက်ကို အာဆီယံ အင်တာနက်စာမျက်နှာတွင် ဖော်ပြသည်။

၎င်းက “ဒီပူးတွဲအကဲဖြတ်အဖွဲ့အပေါ်မှာ ကျနော်တို့ မျှော်လင့်ချက်တွေ အများကြီးထားပါတယ်။ သူတို့ ထုတ်ပြန်မယ့် အစီရင်ခံစာအပေါ် အခြေခံပြီး နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသူတွေရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်နိုင်လိမ့်မယ်၊ ပြီးတော့ အလိုအပ်ဆုံး ဒေသတွေမှာ ကျနော်တို့ရဲ့ ခွန်အားစိုက် လုပ်ကိုင်နေမှုကို အရှိန်မြှင့်ပြီး ဆောင်ရွက်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။

အာဆီယံအကဲဖြတ်အဖွဲ့ကို ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) တို့က ထောက်ပံ့ ပေးခြင်းဖြစ်ပြီး အကဲဖြတ်အဖွဲ့၌ ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်သူ (၁၈) ဦးနှင့် အေဒီဘီမှ (၈) ဦး တို့လည်း ပါဝင်သည်။ မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိရေး ပူးပေါင်း ဆောင်ရွက်ရန် နအဖ၀န်ကြီးဌာန (၁၈) ခုမှ အရာရှိ (၅၄) ဦးတို့ကို အာဆီယံအကဲဖြတ်အဖွဲ့က သင်တန်းပေးထားပြီးဖြစ်သည်။

အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ မုန်တိုင်းဒဏ်ခံရပြီး သီတင်း (၂) ပတ်ကျော် အကြာ၌ မုန်တိုင်း ဘေးအကူ အညီပေးရေးနှင့် ပတ်သက်သည့် အရေးပေါ်အစည်းအဝေး စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ပြီး ယခု (၁) လကျော် အကြာ၌ မုန်တိုင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ရန် အချက်အလက် စတင်ကောက်ယူခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် သေဆုံးသူပေါင်း (၇၇,၇၃၈) ဦး နှင့် ပျောက်ဆုံးသူပေါင်း (၅၅,၉၁၇) ဦးရှိကြောင်း မေ (၁၆) ရက်တွင် မြန်မာစစ်အစိုးရက နောက်ဆုံးရ စာရင်းထုတ်ပြန်ပြီး နောက်ထပ်ကြေညာခြင်း မရှိချေ။ ကုလသမဂ္ဂက သေဆုံးသူနှင့် ပျောက်ဆုံးသူ (၁၃၃,၀၀၀) ရှိပြီး မုန်တိုင်းဒဏ်ခံရသူပေါင်း (၂.၄) သန်းရှိသည်ဟု ခန့်မှန်းထားသည်။

ကယ်ဆယ်ရေးလုပ်သားများနှင့် အစိုးရမဟုတ်သောအဖွဲ့များက သေကျေပျက်စီးမှုပမာဏသည် စစ်အစိုးရ ထုတ်ပြန်သည်ထက် ပိုများမည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း တိကျရေရာသည့် စာရင်းထုတ်ပြန်နိုင်ခြင်း မရှိသေးချေ။

အာဆီယံအကဲဖြတ်အဖွဲ့သည် ဆိုင်ကလုန်းဒဏ်ခံရသည့် ဒေသတခုလုံးကို ခြုံငုံစာရင်းကောက် ယူ၍ တိုက်ရိုက် ရရှိသည့် သတင်းအချက်အလက်များ စုဆောင်းကာ ဇွန် (၂၄) ရက် လုပ်ငန်းအဖွဲ့ အစည်းအဝေး၌ ပဏာမ အစီရင်ခံစာ တင်သွင်းမည်ဖြစ်ပြီး ဇူလိုင်လလယ်၌ အဆုံးသတ် အစီရင် ခံစာ ထုတ်ပြန်မည်ဟုသိရသည်။

..........................




AI: Forced evictions on cyclone victims stepped up

The London based human rights group, Amnesty International, says the Burmese authorities are stepping up their efforts to evict cyclone victims out of emergency shelters.Benjamin Zawacki of Amnesty told journalists in Thailand there were indications that the Burmese government wanted to force people back to their flattened villages in the cyclone worst hit area, the Irrawaddy Delta.

He said Amnesty International can confirm at least thirty instances or accounts of forcibly displacement since the 19th of May.

Amnesty does not have evidence to suggest that it is, at least yet, the policy of the regime to forcibly displace people back to their villages and their townships in the Delta area, but circumstantial evidence is certainly beginning to lean in that direction, added Mr Zawacki.

........................................
Myanmar detains comedian-critic active in private cyclone relief effort

Demonstrating that its tolerance for dissent has not eased even as it copes with natural disaster, Myanmar's military government detained a popular comedian known both for his barbs against the government and his work to assist the country's cyclone victims.

The family of Maung Thura _ better known by his stage name, Zarganar _ said Thursday he had been taken into custody the night before by police after they searched his house.

He had just returned from the cyclone-shattered Irrawaddy delta where he had been donating relief items to survivors.

Zarganar earlier this week had given interviews to several overseas media outlets, including the British Broadcasting Corporation, which were critical of the government's relief efforts.

The government is sensitive to being embarrassed abroad, and has a record of persecuting people who give interviews to foreign media. It made no announcement of the action.

The U.N. says 2.4 million people were affected by the Cyclone Nargis, and more than 1 million still remain in desperate need of food, shelter or medical care. The government says the May 2-3 storm killed 78,000 people and left another 56,000 missing.

In an interview this week with the Thailand-based magazine Irrawaddy, Zarganar said he and more than 400 entertainers in Myanmar had volunteered to aid cyclone victims, making numerous trips to the delta.

Some areas, he said, had neither been reached by the government nor international relief agencies. He and his group distributed food, blankets, mosquito nets and other emergency aid.

Zarganar said his group sometimes had "confrontations with authorities" during the trips.

Earlier, other Myanmar entertainers had complained that authorities want all aid to be distributed through official channels rather than by private individuals and groups.

The military regime continues to impose constraints on international rescue efforts as well, aid agencies say.

U.S. Navy ships laden with relief supplies steamed away from Myanmar's coast Thursday, their helicopters barred by the ruling junta from ferrying clean water and other supplies to the victims.

The USS Essex group, which includes four ships, 22 helicopters and 5,000 U.S. military personnel, had been off the coast for more than three weeks hoping for a green light to deliver aid to the survivors.

"The ruling military junta in Burma have done nothing to convince us that they intend to reverse their deliberate decision to deny much-needed aid to the people of Burma," Lt. Denver Applehans said in an e-mail from the flotilla. Myanmar is often called by its old name, Burma.

Restrictions on visa and travel permission for foreign workers, as well as on entry of some equipment, continue to hamper the aid effort _ despite a pledge made almost two weeks ago by junta leader Senior Gen. Than Shwe to U.N. Secretary Ban Ki-moon to allow foreign aid workers free access to devastated areas.

"The small number of visas and the short duration of travel permits for access" into the delta area "continue to impose serious constraints on the effectiveness of overall operations," the International Federation of Red Cross and Red Crescent Societies said.

Zarganar's detention was reported as an international human rights group charged that the military regime has forced cyclone survivors to do menial labor in exchange for food and has stepped up a campaign to evict the homeless from aid shelters.

London-based Amnesty International also said authorities in several cyclone-hit areas continue to divert aid despite the junta's pledge to crack down on the problem weeks ago.

"Unless human rights safeguards are observed, tens of thousands of people remain at risk," Amnesty said in a report released Thursday. "Respect for human rights must be at the center of the relief effort."

An Amnesty representative said Zarganar's detention was indicative of the kinds of human rights concerns that the group was trying to highlight in a midst of a crisis that some consider strictly humanitarian.

"There's simply no doubt this was done for political reasons ... but has an extra element because it can presumed to be linked to the humanitarian assistance effort," said Benjamin Zawacki, a researcher for London-base Amnesty International.

The 46-year-old Zarganar is also a successful producer, director, writer and actor, and works as a dentist to pay the bills.

He was first arrested in 1988 for his political activities and again for helping his mother _ a member of the opposition National League for Democracy _ during her campaign for the May 1990 general elections. The NLD, the party of detained Nobel laureate Aung San Suu Kyi, swept those elections, but the military regime refused to give up power.

Zarganar was last arrested and held for three weeks for providing food and other necessities to Buddhist monks who spearheaded anti-government protests in Myanmar's largest city, Yangon, last September.