Friday, June 20, 2008

သောကြာသတင်း

စစ်အစိုးရ၏ အရေးပါသော ရာထူးများတွင် အပြောင်းအလဲများလုပ်မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 20 2008 21:15 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ လျှို့ဝှက် သိပ်သည်းလှသော ဗိုလ်ချုပ်ကြီးများသည် အစိုးရ အဖွဲ့တွင်းနှင့် တပ်တွင်း အရေးပါသော ရာထူး နေရာများကို အပြောင်းအလဲ ပြုလုပ်လိုက်သည်။

စစ်အစိုးရက အစိုးရအဖွဲ့တွင်း အပြောင်းအလဲများကို တရားဝင် ကြေညာသော်လည်း စစ်တပ်တွင်း တပ်မှူး အပြောင်းအလဲများနှင့် ကာကယ်ရေး အထူးစစ်ဆင်ရေး ဌာနမှူး (BSO) အပြောင်းအလဲများကိုမူ ထုံးစံအတိုင်းပင် ထုတ်ပြန် ကြေညာခြင်း မပြုပါ။

ယခင်က ဝန်ကြီးဌာန ၂ ခုကို ပူးတွဲ ကိုင်ထားခဲ့သော ဗိုလ်ချုပ် မောင်မောင်ဆွေကို ဆိုင်ကလုံးအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများကို တာဝန်ယူရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တနေရာကိုသာ တာဝန် ယူရန် လျှော့ချလိုက်သည်။ အခြား ဝန်ကြီးဌာနတခု ဖြစ်သော လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဌာနကိုမူ အသစ် ခန့်အပ်လိုက်သော ဗိုလ်ချုပ် စောလွင်က တာဝန်ယူမည် ဖြစ်သည်။

ဗိုလ်ချုပ် စောလွင်၏ ယခင် ရာထူးဖြစ်သော စက်မှု (၂) ဝန်ကြီး တာဝန်ကို ရေတပ် စစ်ဦးစီးချုပ် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက လွှဲပြောင်း တာဝန်ယူမည် ဖြစ်သည်။

ယင်းကို လေ့လာသူများက အာဏာ လျောကျသွားခြင်း ဖြစ်သည် ဟု သုံးသပ် ပြောဆိုနေကြသည်။

ထိုအတောအတွင်း အလားတူ တပ်မှူး အပြောင်းအလဲ အများအပြားကို မြန်မာ စစ်အစိုးရက ကြေညာခြင်း မပြုဘဲ ပြုလုပ်ခဲ့ခြင်းကို ပြုလုပ်ခဲ့ သည်။ ငယ်ရွယ်သော အရာရှိများကို တပ်မှူးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပြီး အရေးပါသော နေရာရှိ တပ်မှူးကြီးများကို ပိုမြင့်သည့် ရာထူး ဖြစ်သည့် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ်များ (ကစထ) သို့ တိုးမြှင့် ခန့်အပ်ခဲ့သည်။

စစ်တပ် အသိုင်းအဝိုင်းမှ လာသော သတင်းအရ အရေးပါသော စစ်တပ် တပ်မှူး ၄ ဦးကို ကစထမှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။

အဆိုပါတပ်မှူးကြီး ၄ ဦးမှာ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို တို့ ဖြစ်ကြပြီး ယင်းတို့ကို ကစထမှူးများ ဖြစ်လာကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

မြန်မာစစ်တပ်တွင် ကထစမှူးရာထူး ၅ နေရာရှိပြီး ယခင် ကစထမှူးများထဲမှ ဗိုလ်ချုပ်မောင်ဘို တဦးသာ မူလရာထူးတွင် ကျန်ရစ်သည်။ အခြား ၄ ဦးဖြစ်သည့် ဗိုလ်ချုပ် ရဲမြင့်၊ ဗိုလ်ချုပ် အောင်ထွေး၊ ဗိုလ်ချုပ် ကျော်ဝင်း နှင့် ဗိုလ်ချုပ် ခင်မောင်သန်း တို့ကို အငြိမ်းစားပေးလိုက်သည်။

အနားယူသွားရပြီ ဖြစ်သော ကစထမှူးများမှာ စစ်အစိုးရ အဖွဲ့အတွင်း နံပါတ် ၃ ခေါင်းဆောင် ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှုး (ကြည်း၊ ရေ၊ လေ) ဒုဗိုလ်ချုပ်ကြီး ရွှေမန်းထက် ဝါရင့်သူ (သို့မဟုတ်) အကြီးအကဲဟောင်းများ ဖြစ်ခဲ့ကြခြင်းကြောင့် စစ်တပ်ပုံစံ အမိန့်ပေး ကွပ်ကဲမှုအရ ကသိကအောက် ဖြစ်ခဲ့ကြသည်။

အသစ်ခန့်အပ်မည့် တိုင်းမှူးသစ်များတွင် ကလော စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ကျော်ဖြိုးနှင့် သံတောင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ရာပြည့် တို့ ပါဝင်မည် ဖြစ်သည်။ အခြား ၂ ဦး၏ အမည်ကိုမူ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

ဤအတောအတွင်း အရေးပါသော ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ကိုလည်း တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး၏ နေရာတွင် ပြောင်းလဲ ခန့်ထားလိုက်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေးမှာမူ အငြိမ်းစား ယူလိုက်သည်ဟု အဆိုပါ သတင်းရပ်ကွက်များကပင် ဆက်လက် ပြောကြားသွားပါသည်။

“တပ်မှူးတွေ အကုန်လုံး အပြောင်းအလဲ ရှိတယ်၊ မပြောင်းတာဆိုလို့ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနဲ့ (ဒုဗိုလ်ချုပ်မှူးကြီး) မောင်အေးဘဲ ရှိတယ်” ဟု စစ်တပ် အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါသည်။

နအဖ ဝန်ကြီးအဖွဲ့အတွင်း ရာထူး အပြောင်းအလဲ လုပ်

နေသွင်
သောကြာနေ့၊ ဇွန်လ 20 2008 18:19 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာစစ်အစိုးရအတွင်း ရာထူး အပြောင်းအလဲများ စတင် ပြုလုပ်နေပြီ ဖြစ်ရာ စတင်သိရှိရသော အပြောင်းအလဲမှာ ရေတပ် ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စိုးသိန်းကို စက်မှု ၂ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး၊ စက်မှု (၂) ဝန်ကြီး ဗိုလ်ချုပ် စောလွင်ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ ပြောင်းလဲ ခန့်အပ်လိုက်သည်။

ရေတပ်ဦးစီးချုပ်ကို ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခြင်းသည် စစ်အစိုးရလက်ထက် အပြောင်းအလဲများတွင် ပထမဆုံး ဖြစ်လာသည်။ ယခင်က လဝက ကို ဗိုလ်ချုပ် မောင်မောင်ဆွေက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် တွဲကိုင်ခဲ့သည်။

နအဖ စစ်အစိုးရအဖွဲ့အတွင်း ယနေ့ ထွက်ပေါ်လာသော ရာထူး အပြောင်းအလဲ ကိစ္စသည် ထူးခြားမှု ရှိသည်ဟု မြန်မာ့စစ်ရေး အကဲခတ်များက သုံးသပ်သည်။

တရုတ်-မြန်မာ နယ်စပ်မှ စစ်ဘက်ရေးရာ လေ့လာသူ ဦးအောင်ကျော်ဇောက ရေတပ်ဦးစီးချုပ် ဝန်ကြီး ဖြစ်လာခြင်းနှင့် ပတ်သက်ပြီး သူက “ဒါမျိုးက ရှားတယ်။ တလျှောက်လုံး ရေတပ် ဦးစီးချုပ်ကို အဲလိုခန့်တာ ရှားတယ်။ တယောက်မှ မရှိခဲ့ဖူးဘူး။ လေတပ် ဦးစီးချုပ်ရော၊ ရေတပ် ဦးစီးချုပ်ရော။ အစဉ်အလာတော့ မရှိဘူး။ ကျနော်တို့ သိသလောက်က နအဖ ခေတ်မှာ မရှိပါဘူး” ဟု ပြောသည်။

လေမုန်တိုင်း ကျရောက်စဉ်က ရေတပ် အထိနာသွားသဖြင့် ရေတပ်ဦးစီးချုပ်ကို ဟန်ပြ အပြစ်ပေးသည့် သဘောမျိုး ဖြစ်နိုင်သည်ဟုလည်း သူက တွက်ဆသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ရန်ကုန်မြစ်ဝနှင့် ဟိုင်းကြီးကျွန်း အနီးတွင် တပ်ချထားသော ရေတပ် အထိနာခဲ့သည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

ထိုင်းနိုင်ငံရှိ စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ဦးဝင်းမင်းက “ဗိုလ်ချုပ်မောင်အေး ယောက်ဖ ရာထူးတခု ပြုတ်သွားတာတော့ ထူးခြားတယ်” ဟု ပြောသည်။ စစ်အစိုးရ အဖွဲ့အတွင်း ဗိုလ်ချုပ်မောင်အေး၏ အာဏာ လျော့ကျနေသည့် သဘော ဖြစ်သည်ဟု သူက သုံးသပ်သည်။ သို့သော် ထိုသို့ ဟုတ်မဟုတ် စောင့်ကြည့်ရပေမည်။

လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဖြစ်လာသူ ဗိုလ်ချုပ် စောလွင်နှင့် ဗိုလ်ချုပ် မောင်မောင်ဆွေတို့ ၂ ဦးသည် ယခင်က မြောက်ပိုင်းတိုင်း တိုင်းမှူး လုပ်ခဲ့သူများ ဖြစ်သည်။

လဝက အကြီးအကဲသစ် ဗိုလ်ချုပ်စောလွင်သည် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် ပြင်းထန်သူ ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

“စောလွင်က တော်တော်ဆိုးတဲ့ လူပဲ။ (၂ဝဝဝ ဝန်းကျင်က) မြောက်ပိုင်းတိုင်းမှူး ဖြစ်ဖူးတယ်။ တရုတ်နဲ့ မတည့်လို့ ရွှေ့လိုက်တယ်။ တရုတ် ဆန့်ကျင်ရေး တော်တော် ပြင်းတယ်။ တရုတ်တွေက ကန့်ကွက်တယ်။ ရွှေ့ပစ်လိုက်တယ်” ဟု ပြောသည်။

ဒီချုပ် အစည်းအဝေးလုပ်စဉ် အာဏာပိုင်များ အင်အားပြ စောင့်ကြည့်

ဖနိဒါ၊ မြင့်မောင်
သောကြာနေ့၊ ဇွန်လ 20 2008 17:23 - မြန်မာစံတော်ချိန်

ချင်းမိုင်-နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ အစည်းအဝေး လုပ်နေစဉ် အနီး ပတ်ဝန်းကျင်တွင် အာဏာပိုင်များက အင်အားပြကာ အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အတိုက်အခံ နိုင်ငံရေးပါတီ၏ လူငယ်အဖွဲ့ဝင်များ ပုံမှန် အစည်းအဝေးလုပ်ရာ စွမ်းအားရှင်၊ လုံထိန်း၊ ထောက်လှမ်းရေးများသည် အချုပ်ကားတစီးပါ အသင့် ခေါ်ဆောင်ထားကာ ယနေ့ နံနက်ကတည်းက ရောက်ရှိ စောင့်ဆိုင်းနေသည်။

အဖွဲ့ချုပ် လူငယ်နှင့် သတင်း ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ရုံးနဲ့ မျက်စောင်းထိုးမှာရှိတဲ့ ကျောက်ဆည် ဓမ္မာရုံမှာ စွမ်းအားရှင်ကား ၈ စီး ရှိတယ်။ စွမ်းအားရှင်တွေက အဲဒီထဲမှာ ထိုင်နေကြတယ်။ ရေတာရှည် လမ်းဟောင်းရဲ့ တဘက်မှာ၊ ယုဇနစင်တာ ခြံဝန်းထဲမှာက စွမ်းအားရှင် ဒိုင်နာကား ၅ စီးနဲ့ အင်အား ၂ဝဝ လောက် ထိုင်နေတာ ရှိတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း မြို့နယ် ၃ဝ မှ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များသည် ၆ လပတ် အစည်းအဝေး ကျင်းပကာ ပြီးခဲ့သည့်လတွင် အခြေခံဥပဒေ အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ပါတီ ပြန်ကြားရေးဌာနက ပြောသည်။

အစည်းအဝေး တက်ရောက်ခဲ့သူ အဖွဲ့ဝင် လူငယ်တဦးက “လူငယ်အကုန်လုံး တက်ရောက်တဲ့အတွက် အဲဒီ အပေါ်မှာ စိုးရိမ်စိတ်ဝင်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ထောက်လှမ်းရေးများက အစည်းအဝေး တက်ရောက်သော လူငယ်များ၏ အမည်များကို မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက် အရလည်း သိရသည်။

နယူးယော့ခ် မြန်မာသံအမတ်အား စစ်အစိုးရ ပြန်ခေါ်ခြင်းမဟုတ်ဟု သံတမန်သတင်းရပ်ကွက်ပြော
NEJ/ ၂၀ ဇွန် ၂၀၀၈


အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေကို စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့်သတင်း မမှန်ကန်ကြောင်း သံတမန်သတင်းရပ်ကွက်က ပြောသည်။

နာဂစ်မုန်တိုင်းကိစ္စတွင် နိုင်ငံတကာဘက်မှ ထောက်ခံပြောဆိုသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည် ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပမီဒီယာများသို့ မကြာခင်က ပေးပို့ခဲ့သည်။ သို့သော် သံအမတ်ကြီး ဦးကျော်တင့်ဆွေ

မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေ
(ဤသတင်းရေးချိန်ထိ) နယူးယော့ခ် မြန်မာသံရုံးတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

နယူးယော့ခ်မြန်မာသံရုံးမှ ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းနှင့် ဗိုလ်မှူးအောင်လင်းထွဋ် တို့ကြား ပုဂ္ဂိုလ်ရေး မပြေလည်မှုများဖြစ်ပြီး မကြာခင် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ဖြန့်ဝေခဲ့ခြင်းဖြစ် သည်ဟု နယူးယော့ခ် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဗိုလ်မှူး အောင်လင်းထွဋ်အား သတင်းမှားများထုတ်ပေးရန် ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းကို စစ်အစိုးရက သီးခြားတာဝန်ပေးခဲ့ပုံရသည်ဟု နေပြည်တော် အရာရှိအသိုင်းအ၀န်းက ယူဆသည်။

နယူးယော့ခ်မြို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် တင့်ဆွေသည် နယူးယော့ခ်မြန်မာသံရုံးတွင် (၁၀) နှစ်ကျော် တာဝန်ထမ်းဆောင်နေပြီး ကုလ သမဂ္ဂတွင် စစ်အစိုးရအလိုကျ ကူညီပြောဆိုနေသည့် သံတမန်တဦးဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။

လတ်တလော ပြည်ပမီဒီယာများသို့ ဖြန့်ဝေသည့် ဗိုလ်မှူးအောင်လင်းထွဋ်၏ စာများတွင် မြန်မာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျူးလွန်သည်ဆိုသည့် အချက်များကိုသာ အသား ပေးဖော်ထုတ်ထားပြီး အကျယ်ချုပ်ကျနေသည့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ၊ တချိန်က စစ်ထောက်လှမ်းရေး၏ အတိုက်အခံအပေါ် ရက်စက် ကြမ်းကြုတ်မှုများကိုမူ ယခုချိန်ထိ ဖော်ပြထားခြင်းမရှိဟု အတိုက်အခံအချို့က သုံးသပ်သည်။

ဦးအောင်လင်းထွဋ်သည် ထောက်လှမ်းရေးဗိုလ်မှူးဟောင်းဖြစ်ပြီး တချိန်က ၀ါရှင်တန်ဒီစီ မြန်မာ သံရုံးတွင် သံရုံးဒုတိယတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်ပြုတ်ပြီး မကြာခင် အမေရိကန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့် လျှောက်ခဲ့သည်။ ။


ဆောင်းပါး

ပိုမိုခိုင်မာခဲ့သည့် သံဃာနှင့် လူထု စည်းလုံးမှု
မိုးအောင်တင် ဇွန် ၂၀၊ ၂၀၀၈

နာဂစ်မုန်တိုင်းက တိုင်းပြည်တခုလုံးကို ဆုံးရှုံးမှုပမာဏ ကြီးမားစွာပေးခဲ့သည်။ ငွေဖြင့်တန်ဖိုးဖြတ် မရစကောင်းသည့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံး၍ အသက်ရှင် ကျန်ရစ်သူများ၏ စည်းစိမ်၊ အိုးအိမ် ပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း ကိရိယာ များစွာလည်း ရေနှင့် လေနှင့်မျောလွင့် ပျက်စီးခဲ့ကြရသည်။ ဒီလိုဆုံးရှုံးမှုတွေထဲမှ ထွက်ပေါ်လာသည့် ကောင်းမွန် သောရလဒ် တချို့ကိုလည်း အဖြစ်အပျက် တလျှောက်မှာ တွေ့ရသည်ဟု လေ့လာ အကဲခတ်သူ တဦးက ဆိုသည်။



“ကဲ ... တန်းစီကြ ... ကလေးတွေရှေ့လာ” (ဓာတ်ပုံ - အေပီ)
ဖျက်ဆီးနိုင်စွမ်းအား ပြင်းထန်သည့် မုန်တိုင်းကြားမှ ရရှိလိုက်သည့် ကောင်းမွန်သော ရလဒ်မှာ ရဟန်း သံဃာနှင့် လူထုအကြားမှာ ပိုမိုခိုင်မာ သည့် ပေါင်းစည်းမှု ဖြစ်သည်ဟု အဆိုပါ အကဲခတ်သူက ပြောဆိုသည်။

၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးသည့်နောက်မှာ သံဃာနှင့် လူထု အကြား သွေးစည်းမှုတခု ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရသည်။ သံဃာများအပေါ် နဂိုက သာမန် ကြည်ညိုမှု သာရှိခဲ့ကြ သည့် လူတချို့၏ ထင်မြင်ချက် ပြောင်း လဲသွားကာ လေးလေးနက်နက် ကြည်ညိုလေးစား လာသည်ကို တွေ့ရှိရသည်။ တခြားဘာသာဝင်များ ကပင် ရဟန်းသံဃာများ၏ အနစ်နာခံမှု စွန့်လွှတ်မှုကို အသိအမှတ်ပြု လေးစားခဲ့ကြသည်။

နာဂစ်ကယ်ဆယ်ရေး ကာလတွင် အစ္စလာမ် ဘာသာဝင် အလှူရှင်များကလည်း ဗလီများတွင် ခိုလှုံနေကြသည့် အစ္စလာမ် ဘာသာဝင်များသာမကဘဲ ဘုန်းတော်ကြီးကျောင်းများရှိ ဒုက္ခသည်များကိုလည်း ၀င်ရောက် လှူဒါန်းကြသည်ကို အများ အပြားမြင်တွေ့ကြရသည်။ ကယ်ဆယ်ရေးလုပ်ငန်းတွင် သံဃာတော်များ၏ ဦးဆောင်ဦးရွက်ပြုသည်ကို ထောက်ခံအားပေး ခဲ့ကြသည့် လက္ခဏာဖြစ်သည်ဟု ရှုမြင်ကြသည်။

လပွတ္တာမြို့နယ်သို့ မေလအတွင်း ကယ်ဆယ်ရေးအကူအညီ သွားရောက်ခဲ့သည့် အစ္စလာမ် ဘာသာဝင် ရန်ကုန်မြို့သူ တဦးက “ဘုန်းကြီးတွေ လုပ်တာကိုကျမတို့အနေနဲ့ ယုံတယ်၊ မျှမျှတတလည်းရှိတယ်၊ စည်းစနစ်လည်းကျတယ်။ ဒါကြောင့် ကျမတို့အလှူပစ္စည်း တ၀က်ကျော်ကျော်ကို ဘုန်းကြီးကျောင်းတွေ ၀င်ပြီးလှူခဲ့တာပါ ”ဟု ဆိုသည်။

သူတို့အဖွဲ့မှ အစ္စလာမ်ဘာသာဝင် တဦးကလည်း “အရင်တုန်းက လူမျိုးရေး အဓိကရုဏ်းဖြစ်ရင် အထင်လွဲခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ကမှ ဗလီကို ခဲနဲ့လာပေါက်တဲ့ ဘုန်းကြီးရဲ့ ခါးကြားမှာ ဝေါ်ကီတော်ကီ (ကြိုးမဲ့ဆက်သွယ်ရေးစက်) ချိတ်ထားတာတွေ့ လိုက်တော့မှ ဒီလိုအဖြစ်အပျက်တွေကို သူတို့ဖန်တီးတယ်ဆိုတာ ကောင်းကောင်း သဘောပေါက်သွားတယ်” ဟုဆိုသည်။

ထိုအချက်သည် နအဖ စစ်အစိုးရအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးတခု ဖြစ်သည်။ နိုင်ငံရေး အကြပ်အတည်း ကြုံတိုင်း လူမျိုးရေး အဓိကရုဏ်းဖန်တီးကာ ထွက်ပေါက်ရှာသည့် စစ်အစိုးရ၏လုပ်ရပ်ကို မြန်မာဘုန်းတော်ကြီးများရော အစ္စလာမ် ဘာသာဝင်များပါ သဘောပေါက်သွားခဲ့ကြသည်။

ယခု နာဂစ်ဘေးအန္တရာယ်မှာလုပ်ဆောင်ခဲ့သော သံဃာများ၏ အခန်းကဏ္ဍကိုမူ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ပြီးနောက်မှာ နိုင်ငံရေး လှုပ်ရှားမှု မဟုတ်ဘဲ ကယ်ဆယ်ရေး လုပ်ငန်းကရသည့် နိုင်ငံရေး အကျိုးအမြတ်ဟူ၍ နိုင်ငံရေး လေ့လာ သူများက သုံးသပ်ကြသည်။ ရွှေဝါရောင် တော်လှန်ရေးမှာ နိုင်ငံရေးလှုပ်ရှားမှု တခုဖြစ်သည်။



ကိုရင်လေးတွေလည်း တတပ်တအားပါဝင် (ဓာတ်ပုံ - အေအက်ဖ်ပီ)
အကြမ်းမဖက်သော ငြိမ်းချမ်းစွာ မေတ္တာ ပို့ ချီတက်လမ်းလျှောက်သော လှုပ်ရှား မှုမှာ လူထုအရေးကို ရဟန်းသံဃာများ ကရှေ့မှ ထွက်ရပ်ကာ ငြိမ်းချမ်းစွာ ဦးဆောင်ခဲ့ကြသည်။ မြန်မာပြည် လူထု အရေးကြုံလာသောအခါ သံဃာများက ရှေ့ကိုထွက်ပြီး ဆောင်ရွက်ပေးခဲ့သည့် သာဓကဖြစ်ခဲ့သည်။

ယခု မေလဆန်းတွင် ဖြစ်သည့် နာဂစ် မုန်တိုင်း ဘေးအန္တရာယ်မှာလည်း ကျေးရွာအသီးသီးနှင့် မြို့အသီးသီးက ဆရာတော်၊ သံဃာတော်တွေက ကယ်ဆယ်ရေး ကူညီရေး၊ ထူထောင်ရေး တွေမှာ ရှေ့တန်းကထွက်ပြီး ဆောင်ရွက် နေကြတာမြင် တွေ့ရသည်။

လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကွမ်းခြံကုန်း ဒေသများသို့ ရောက်သည့် အခါ မုန်တိုင်းဘေးကအသက်ရှင် လွတ်မြောက်လာသူတွေက သူတို့အတွေ့အကြုံကို ပြန်လည် ပြောဆိုကြသည်။ ထိုသို့ပြောဆိုရာမှာ မုန်တိုင်းကြောင့် လှိုင်းတွေ ရေတွေ ကြီးလာသည်နှင့် ရွာမှာ ခိုင်ခန့်ကြီးမားသည့် အဆောက်အဦဖြစ်သော ဘုန်းတော်ကြီး ကျောင်းတွေ၊ သိမ်တွေမှာ ခိုလှုံခဲ့ကြပြီး အသက်ချမ်းသာရာ ရခဲ့ကြသည်ဟု ဆိုသည်။ ရေကျပြီးသွားသည့် အခါမှာလည်း အိမ်တွေပြို ပျက်ပြီးရေထဲပါသွား၍ ကျန်ရစ်ခဲ့သည့် ဘုန်းကြီးကျောင်းတွေ မှာသွားရောက်ခိုလှုံကြသည်။

ရွာတရွာလုံး ကျောင်းတွေပါပျက်စီးတဲ့ ရွာတွေကတော့ မြို့ပေါ်ကိုတက်ပြီး တန်ဆောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံကြရသည်။ ဘုန်းတော်ကြီးတွေက စားရေး၊ နေရေးနှင့် ကျန်းမာရေး တို့ကိုတတ်နိုင်သမျှ စီစဉ်လုပ်ဆောင်ပေးကြ သည်။ တာဝန်အရှိဆုံး အဓိက အကျဆုံး နေရာကိုယူထားသော အစိုးရထက်ကို ဘုန်းတော်ကြီးကျောင်း တွေက မြန်ဆန်ထိရောက် စွာနှင့် ကယ်ဆယ်ရေးကို လုပ်ဆောင်ခဲ့သည်ကို တနိုင်ငံလုံးနှင့် တကမ္ဘာလုံး ကမြင်တွေ့ ခဲ့ရ သည်။

ဘိုကလေးမြို့အနီးအနားမှ ဟေမာန် လတာဆိုသည့် ရွာငယ်တရွာက ဒုက္ခသည်ရွာသူရွာသားများ အတွက် မြို့သို့ တက် ကာ အလှူရှင်များကို လာရောက်ဆက်သွယ်ဆောင်ရွက်သည့် သံဃာတပါးကိုလည်း ဘိုကလေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းတွင် တွေ့မြင်ခဲ့ရသည်။ အရေးကြုံလာသည့်အခါ ရွာတွင်ဦးဆောင်ဦးရွက် ပြုမည့်သူသည် ရယက ဆိုသူတို့ မဟုတ် ရွာရှိဘုန်းတော်ကြီးကျောင်းမှ ဆရာတော်နှင့် သံဃာတော်များ သာဖြစ်သည်။

ရွာဘုန်းတော်ကြီးကျောင်းအတွက် မျှမဟုတ်ဘဲ ရွာတရွာလုံး၏ အရေးပေါ်စားရေး၊ နေရေးနှင့် ကျန်းမာရေးတို့အတွက် ဘိုကလေးသို့လာရောက်ပြီး အကူအညီတောင်းခံ ခြင်းဖြစ်သည်ဟု ဦးပဉ္ဇင်းက မိန့်ဆိုသည်။

ယခု အဖြစ်အပျက်ကိုကြည့်ပြီး ပြည်တွင်း ဂျာနယ်လစ်တစ်ဦးက“မြန်မာနိုင်ငံရဲ့ ကျေးလက်တွေမှာ လူထုရဲ့ခေါင်းဆောင်က သံဃာတော်တွေပဲ။ သံဃာတော်တွေက ဘာသာရေး တခုတည်းသာမကဘဲ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနဲ့ အခုတော့ သဘာဝဘေး ဒုက္ခကဏ္ဍတွေမှာပါ ဦးစီးဦးဆောင် လုပ်နေတာ မြင်ရတယ်” ဟု သုံးသပ်သည်။

နိုင်ငံတွင်းတွင်သာမက ပြည်ပသာသနာပြုတွင်ပါ ထင်ရှားပြီး နအဖ အစိုးရကို တရား ဒေသနာများဖြင့် ပွင့်လင်းထိမိစွာ ဝေဖန် ဟောပြောလေ့ရှိသည့် သီတဂူဆရာတော်သည်လည်း နာဂစ်မုန်တိုင်း ဖြစ်ပြီးသည့်နောက် ဘိုကလေးမြို့တွင် အခြေစိုက်ကာ ရွာပေါင်းများစွာ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် အင်အားဖြင့် လုပ်ဆောင်လျက် ရှိသည်ကို တွေ့မြင်ရသည်။



ရန်ကုန် ရွှေပေါက်ကံမှာ ဆန်လှူရာမှာ ဘုန်းဘုန်းတို့ ဦးဆောင်
(ဓာတ်ပုံ - အေအက်ဖ်ပီ)
ပြီးခဲ့သည့်မေလ မကုန်မီကပင် စာသင် ကျောင်းများတွင် နေထိုင်သည့် မုန်တိုင်း ဒဏ်ခံရသော ဒုက္ခသည်များကို သက် ဆိုင်ရာ အာဏာပိုင်နှင့်စစ်တပ်က ဖယ်ရှားခဲ့ကြသည်။ ကျောင်းမဖွင့်မီမှာပင် နေခွင့်မပြုဘဲ နှင်ထုတ်ခဲ့ကြသည်။ ထိုမျှမက ဘုန်းတော်ကြီးကျောင်းများ ကိုပါ ဒုက္ခသည်များဖယ်ရှားရန် အာဏာ ပိုင်တွေက ဖိအားပေးခဲ့ကြသော်လည်း တချို့သော ဆရာတော်များက ဒုက္ခ သည်များ အိမ်ပြန်ခိုင်းရန် မဖြစ်နိုင်သေး ဟု ဆိုကာ ဖိအားပေးမှုကို ငြင်းဆန်ခဲ့ကြ သည်ဟု လပွတ္တာ၊ ကွမ်းခြံကုန်းတို့တွင် ကြားသိရသည်။

သဘာဝဘေး အန္တရာယ် ဆိုက်ရောက်ပြီး နောက် ရွာများပြန်လည်တည်ဆောက်ကြရာမှာ အကူအညီပေးရေး အန်ဂျီအို များနှင့် တသီးပုဂ္ဂလ အလှူရှင်အဖွဲ့များက ဘုန်းတော်ကြီးကျောင်းများကို နောင်သဘာဝဘေး အန္တရာယ် ကြုံတွေ့ရသည့်အခါ ခိုးကိုးရာ အဆောက်အဦအဖြစ် ခိုင်ခန့် အောင် တည်ဆောက်ပေးရန် စဉ်းစားလျက်ရှိကြသည်။ စာသင်ကျောင်းထက် ဘုန်းတော်ကြီးကျောင်းများက လူထုအတွက် အားကိုးအားထား ပြုစရာအဖြစ် မြင်ကြသည်။

အဆိုပါ အချက်သည် ရုပ်ဝတ္တုဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများကို အနာဂတ် ဘေးအန္တရာယ် ကာကွယ်ရေး အတွက် ဆောက်လုပ်ခြင်းဖြစ်သည်။ ရုပ်ဝတ္တုမဟုတ် သောကြောင့် ထိတွေ့ကိုင်တွယ်၍မရသည့် သံဃာတော်များ နှင့်လူထု အကြား မှ စည်းလုံးရေး စိတ်ဓာတ် သည်လည်း နောင်ကြုံလာမည့် နိုင်ငံရေး အန္တရာယ်ကျရောက်သည့် ကာလတွင် ခိုကိုးရာ အဆောက်အဦဖြစ်၍ နာဂစ်မုန်တိုင်း အပြီးတွင် ခိုင်မာသည့် စိတ်ဓာတ်ရေးရာ အဆောက်အဦတခု အဖြစ်တည်ခဲ့ပြီ ဟု နိုင်ငံရေး အကဲခတ်လေ့လာသူများက ဆိုသည်။


သာမညဆရာတော် ရုပ်ကလပ် ဘာကြောင့်ခိုး
အေမီ ဂိုးလ်ဒ် မေ ဇွန် ၂၀၊ ၂၀၀၈

ဧပြီလ ၂ ရက် မှောင်မိုက်သောညတွင် မည်သည့်အကြောင်းကြောင့်မှန်း မသိရ၊ မြန်မာနိုင်ငံ၏ ဘုန်းအကြီးဆုံး အကျော် ဒေးယျ ဆရာတော်တပါးဖြစ်သူ ဆရာတော် ဦးဝိနယ ခေါ် သာမညဆရာတော်၏ ရုပ်အလောင်း ထူးဆန်းစွာ အခိုးယူခံခဲ့ ရသည်။

တာဝန်ကျအစောင့်၏ ပြောပြချက်အရ အမည်မသိ လက်နက်ကိုင် လူတစုသည် အဆောက်အဦးထဲသို့ ကားမောင်းဝင် လာခဲ့ပြီး၊ သူ့ကို အဓမ္မကြိုးနှင့် တုပ်သည်။ ထို့နောက် ကျည်ကာမှန်တပ်ထားသော ခေါင်းတလား၏သော့ကို ထုတ်ပေးရန် ပြောခဲ့ကြသည်။ ထို့နောက် ၂၀၀၃ ခုနှစ်က ပျံလွန်တော်မူခဲ့သော သာမညဆရာတော်၏ ရုပ်အလောင်းထားရာ ကျောင်းနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။


သော့ကို ဆရာတော်ကြီးတပါးကသာ ကိုင်သည်ဖြစ်ရာ၊ ဆရာတော်၏ ဆေးစိမ်အလောင်းထားသော စကျင်ကျောက်ပြား ကာရံထားသည့် အတွင်းအခန်းထဲသို့ဝင်သော မှန်တခါးကို ဖွင့်၍မရမှန်း ၀င်ရောက်စီနင်း သူများ သိလာကြသည်။ ရုပ်ကလာပ်ထည့်ထားသော ကျောင်းတော် မှန်တံခါးကို ရိုက်ခွဲလိုက်ပြီးလျှင် ဆရာတော်၏ ရွှေပုတီးနှင့်အတူ ရုပ် အလောင်းကိုလည်း အဓမ္မလုယက် သယ်ဆောင်ထွက်သွားကြသည်။ ရုပ်အလောင်းကို တိုယိုတာကားပေါ်တင်ပြီးနောက် အဝေးသို့ မောင်းထွက်သွားကြသည်။

လေးရက်ကြာအပြီး၌ ဆရာတော်၏ ရုပ်အလောင်းကို မီးသဂြိုင်္ဟ်ပြီးပြီး ဖြစ်ကြောင်း၊ ပြာကို ဘုန်းကြီးကျောင်း ပုရ၀ုဏ်အနီးရှိ ကော့ကဒါ ကျေးရွာမှာ ထားလိုက်ကြောင်း အမည်မသိလူတဦးက သာမညဘုန်းကြီးကျောင်းရှိ ဆရာတော်ဘုန်းကြီးများထံ တယ်လီဖုန်း ဆက်၍ အကြောင်းကြားလာခဲ့သည်။ ဆရာတော်ကို ရည်စူး၍တည်ထားသောာ စေတီငယ်တဆူ အနီး၌ ဆရာတော်၏ တပည့်များက ပြာပုံလေးတပုံကို အရိုးမီးသွေးများ၊ မှန်ခေါင်းတလား၏ လက်ကိုင်တို့နှင့် အတူ တွေ့ခဲ့ကြရသည်။

ရက်အချို့ခန့် အရိုးမီးသွေးများကို ပြသထားသေးသည်။ သို့ရာတွင် နောက်တခါ လုယူခံရမည်ကို စိုးရိမ်သည်ကတကြောင်း၊ ဆရာတော်၏ အရိုးမီးသွေး ဟုတ်-မဟုတ် မသေချာသည်က တကြောင်းတို့ကြောင့် ရဟန်းသံဃာများက အရိုးမီးသွေးများကို သော့ခတ်သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်ကြတော့သည်။ ဖားအံမြို့အာဏာပိုင်များက ဤသို့ ထူးထူးဆန်းဆန်း ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးပါမည်ဟု ကတိပေးခဲ့သော်လည်း ရက် အနည်းအတွင်းမှာပင် ဤကိစ္စအကြောင်း ပြောဆိုသံမကြားရပဲ တိတ်ဆိတ်သွားကြတော့သည်။

ယတြာချေသော လုပ်ကြံမှုလော?

ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသူလည်းဖြစ်၊ စိတ်ဓါတ်ရေးအရ အကြံပေးသူလည်း ဖြစ်သည်။ ဒီမို ကရေစီကိုတန်ဖိုးထားကြောင်း ထုတ်ဖေါ်ပြောပြတတ်သည့်အပြင် စစ်အစိုးရကိုလည်း အတိတ်ကာလက ဝေဖန်ပြစ်တင်လေ့ ရှိသည်။ ဆန္ဒခံယူပွဲမလုပ်မီ သတင်းပတ်အချို့ အလို၌ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်၏ ရုပ်ကလပ်ပျောက်ဆုံးသွားရ ခြင်းသည် အချို့သောသူများအတွက် အတော့်ကို ထူးခြားဆန်းကြယ်ကိစ္စ ဖြစ်နေရသည်။ အချို့ပြည်သူများက ဂြိုဟ်ဆိုးကို မျက်စိလှည့်ပစ်ရန်နှင့် စစ်အစိုးအတွက် ဆန္ဒခံယူပွဲ အနိုင်ရအောင် ကြံကြံဖန်ဖန် ယတြာချေသည့်အနေနှင့် ဆရာတော်၏ ရုပ်အလောင်းကို ခိုးယူသွားခြင်းဟု ယုံကြည်နေကြသည်။ ယတြာချေသည်ဆိုသည်မှာ ကံကြမ္မာဆိုးရာမှ ကောင်းလာရ လေအောင် ရည်ရွယ်လျှက် ဗေဒင်နက္ခတ်ဆရာ၏ အကြံပေးချက်များအရ ရှေ့ရေးအပြောင်းအလဲ ဖြစ်သွားအောင် ဆောင်ရွက်လေ့ရှိသည့် မြန်မာလူမျိုးတို့၏ တမူထူးခြားသည့် အလေ့အထတခုလည်း ဖြစ်သည်။

ဆရာတော် သက်တော်ထင်ရှားရှိစဉ်က စစ်အစိုးရကို ထောက်ခံအားပေးခြင်းမပြုဘဲ နေသည့်အတွက် ဗိုလ်ချုပ်များအဖို့ မျက်နှာပျက်စရာ ဖြစ်ခဲ့သည်။ ဆရာတော်က ယခင် စစ်အစိုးရ တာဝန်ရှိသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်ထက် ဒေါ်အောင်ဆန်း စုကြည်ကို ပို၍အရေးထားကြောင်း ပြောသံဆိုသံများ ထွက်ပေါ်နေသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် သာမညတောင်ရှိ ဆရာတော့်ကျောင်းသို့ရောက်တိုင်း မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည်ဟုလည်း သတင်းများက ဆိုသည်။

ဆရာတော်ထံမှ လူသိရှင်ကြားထောက်ခံအားပေးမှုရရှိအောင် ကြိုးပမ်းသည့်အနေနှင့် ဆရာတော်ကို ဘွဲ့များကပ်လှူ ပူဇော်ခဲ့သော်လည်း စစ်အစိုးရအဖို့ မျက်နှာပျက်ရခြင်းသာ အဖတ်တင်စေခဲ့သည်။ နောက်ဆုံး၌ ဆရာတော်နာမကျန်းဖြစ်၍ ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူရစဉ်တွင် ဗိုလ်ချုပ်ခင်ညွန့်က ဆရာတော်၏ ဆေးကုသစားရိတ်ကို ၀မ်းမြောက်ဝမ်းသာ စွာဖြင့် ကျခံခဲ့သည်။ ဘီးတပ်ကုလားထိုင်ဖြင့်ထိုင်နေရသော ယခင် အာဏာရှင်ဟောင်း ဦးနေ၀င်းသည်လည်း ဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့သည်ဟု သိရသည်။ သို့သော် ဆရာတော် ဆေးရုံမှဆင်းအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ကြွချီသည် ဟူသောအချက်ကြောင့် ဗိုလ်ချုပ်များအဖို့ မခံချိမခံသာ ဖြစ်ခဲ့ရလေသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ၎င်း၏မိသားစုတို့သည် နိုင်ငံရေး အရှုပ်ထုပ် ပြဿနာများအတွက် နည်းလမ်းရှာသည့် အနေနှင့် အီးတီ နှင့် ဒေါ်ဓမ္မသီကဲ့သို့သော ဗေဒင်ဆရာ/ဆရာမများထံ အားအားရှိတိုင်း ဗေဒင်သွားမေးလေ့ရှိပြီး၊ အစိုးရရင်ဆိုင်နေရသော ပြဿနာများ ဆိုးရာမှ ကောင်းလာအောင် ကြံကြံဖန်ဖန် ယတြာချေလေ့ရှိသည်ဟုလည်း သာမန်ပြည်သူများအကြားတွင် နာမည်ကြီးနေခဲ့သည်။ ၁၉၈၇ ခုနှစ်က နိုင်ငံအတွင်း လည်ပတ်နေသော ငွေစက္ကူတ၀က်လောက်ကို ညတွင်းချင်း တရား မ၀င် ကြေညာပစ်ခဲ့ခြင်း၊ ချက်ချင်းဆိုသလိုပင် တနိုင်ငံလုံးအနှံ့ အရူးအမူး ကြက်ဆူပင် စိုက်ပျိုးစေခဲ့ပြီးနောက် ယခုအခါ အားလုံးနီးပါးလောက်ကို လျစ်လျူရှုပစ်ထားလိုက်ခြင်း၊ ဗေဒင်နက္ခတ် အလိုအရ အစိုးရအဖွဲ့ကို နေပြည်တော်သို့ ပြောင်းရွှေ့ စေခြင်း စသည်တို့သည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း စစ်အစိုးရ၏ အလွန်ထူးဆန်းသော အပြုအမူများ အနက်မှ ဗေဒင်ယတြာကို ယုံကြည်၍ ဆောင်ရွက်ခဲ့ကြပုံ သာဓကအချို့သာ ဖြစ်ပါသည်။

အချို့ ပုဂ္ဂိုလ်များ၏ အမြင်အရဆိုလျှင် သာမညဆရာတော်၏ ရုပ်ကလာပ်ကို ခိုးယူခြင်းသည် ဂြိုဟ်ဆိုးကို ပယ်လှန်ပစ်ရန် အတွက် မတော်တရော် ကြောက်မက်ဖွယ် ယတြာချေခြင်း ဖြစ်နိုင်သည်။ စစ်အစိုးရသည် အခြေခံဥပဒေ အတည်ပြုချက် ရနိုင်ရေးအတွက် အလွန်စိတ်သောကရောက်နေသော အချိန်၊ အထူးသဖြင့် ဆန္ဒခံယူပွဲနီးကပ်လာသည့် အချိန်တွင် ဤသို့ ဆောင်ရွက်ရန် ဖြစ်နိုင်ခြေများစွာရှိသည်ဟု ဆိုကြပါသည်။

ထိပ်သီးစစ်ဗိုလ်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်တို့သည် ဆန္ဒခံယူပွဲမတိုင်မီ သတင်းပတ်များက ယတြာချေသည့်လုပ်ရပ် များကို အပူတပြင်း တိုး၍လုပ်ခဲ့ကြသည်ဟု လူအများလေးစားခံရသည့် ဗေဒင်ဆရာများ၊ စစ်အစိုးရကို စောင့်ကြည့်လေ့ လာနေကြသူများက ဆိုကြပါသည်။

"ဟိုတလောက ဖြစ်ရပ်တခုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ဇနီး ဒေါ်ကြိုင်ကြိုင်က မိန်းမတွေ မတက်ရတဲ့ ရွှေတိဂုံဘုရားရဲ့ ပန်းတင်ခုံ အရစ်ပေါ် တက်သွားတာ မြင်လိုက်ရတယ်လို့ ဘုရားလူကြီး မျက်မြင်သက်သေတွေက ပြောပြကြတယ်။ အခြွေ အရံတွေက နောက်ကနေ ရို့ရို့လေးလိုက်ပြီး ရွှေထီးနဲ့ ထီးဖြူတွေကိုမိုးပေးလို့ ဒေါ်ကြိုင်ကြိုင်က 'အောင်ပြီ၊ အောင်ပြီ' ...
လို့ အော်ရင်း ဘုရားကို သုံးကြိမ် လက်ျာရစ် လှည့်တယ်လို့ ဆိုကြတယ်" ဟု ဗေဒင်ဆရာတယောက်က ပြောပြပါသည်။

ဆန္ဒခံယူပွဲနေ့ဖြစ်သော ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့ (၅-၁၀-၂၀၀၈) သည် ယတြာခြေပြီး ရွေးခဲ့သော နေ့ဖြစ်သည်ဟု အဆိုပါ ဗေဒင်ဆရာကပင် ပြောပါသည်။ ဗိုလ်ချုပ်များသည် ခါတိုင်းလုပ်နေကျအတိုင်း ပေါင်းရကိန်း (၉) ဂဏန်းကို မရွေး ဘဲ ယခုတကြိမ် (၁၆) ဂဏန်းကို ရွေးလိုက်သည့်အတွက် စောင့်ကြည့်လေ့လာသူများ အံ့သြသွားခဲ့ကြရပါသေးသည်။

တွေဆုံမေးမြန်းနေစဉ်မှာပင် ၎င်းဗေဒင်ဆရာက "ကိုင်ရို၏ လက္ခဏာဗေဒင်၊ ဂဏန်းဗေဒင်နှင့် နက္ခတ်ဗေဒင်စာအုပ်" (Cheiro's Book of Palmistry, Numerology, Astrology) စာအုပ်ကို ဆွဲထုတ်ရင်း "သူတို့ရွေးလို့ ရနိုင်တဲ့ နေ့တွေထဲမှာ အခု ရွေးချယ်လိုက်တဲ့နေ့ကတော့ အဆိုးဆုံးနေ့ပါဘဲ၊ ၁၆ ဂဏန်းဟာ ဆန်းဆန်းပြားသေတာတို့ မတော်တဆ ထိခိုက်မှု အန္တရာယ် ကြုံရတာတို့ သေကိန်းတို့နဲ့ ဆက်စပ်နေပါတယ်။ အဲဒီနေ့အတွက် စီစဉ်ထားတာတွေ မှန်သမျှကို အသစ်ပြန်စီစဉ် ရမယ်။ ဒီလိုမှ မဟုတ်ရင် ရှုံးမှာဘဲ" ဟု ဆိုပါသည်။

“ဒီနေ့ကို ရွေးချယ်တာနဲ့ပတ်သက်လို့ ပြောစရာအချက် နှစ်ချက်ရှိတယ်။ ဗေဒင်ဆရာက ဆန္ဒခံယူပွဲကို ရှုံးစေချင်တဲ့ ကိုယ့်လူ သူ့ဘက်သား တယောက်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဆိုးနှစ်ခုပေါင်းရင် အကောင်းဖြစ်တယ်ဆိုတဲ့သဘောနဲ့ ဒီဂဏန်းကို တခြားမကောင်းတဲ့ ဂဏန်းနဲ့ ပေါင်းခြင်းအားဖြင့် ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်တွေ အကြောက်သက်သာ သွားအောင် ပရိယာယ်ဆင်လိုက်တာလည်း ဖြစ်နိုင်တယ်။ တကယ်တော့ ယတြာချေတယ်ဆိုတာကလည်း လှည့်စားခြင်း၊ ပရိယာယ်လို့ အဓိပ္ပါယ်ရတာပဲ”ဟု သူက ပြောပါသည်။

ဆရာတော်၏ ရုပ်အလောင်းအပါအ၀င် ယတြာချေသောလုပ်ရပ်များ တကယ်လုပ်-မလုပ်၊ အထောက်အထားများ မတွေ့ရ သော်လည်း၊ ဆရာတော့် ရုပ်ကလာပ်ကို ဆက်လက်ပြသထားခြင်း၊ ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်မှု ရှိခြင်းနှင့် စစ်အစိုးရကို အများပြည်သူတို့က မနှစ်မြို့ခြင်းတို့သည်လည်း ဤရုပ်အလောင်းကို ဖယ်ရှားပစ်ရေးအတွက် လုံလောက်သော အကြောင်းဖြစ်သည်ဟု လေ့လာသူများက ဆိုကြပါသည်။

ကရင်ပြည်နယ်ရှိ ရွံရှာဖွယ် ကိစ္စတခု

ဆရာတော်ကို ရန်ကုန်ရှိ နိုင်ငံရေးသမားများနှင့် ဗိုလ်ချုပ်များက အဝေးမှနေ၍ လာရောက်ဖူးမျှော်နေကြသည့် အပြင်၊ ဆရာတော်၏ သာမညတောင်က ရာစုနှစ်ဝက်ကျော် စစ်ဘေးသင့်ခဲ့ရသည့် နယ်မြေ၏ အိုးအိမ် အခြေမဲ့သူများအတွက် အရေးကြီးသော ခိုလှုံရာစခန်းတခုလည်း ဖြစ်နေခဲ့သည်။ သာမညဆရာတော်က “ငြိမ်းချမ်းရေးဇုံ” အဖြစ် သတ်မှတ်ထား သည့် ဘုန်းကြီးကျောင်းတည်ရှိရာ ကရင်ပြည်နယ် တောင်ပိုင်းဒေသသည် ထူးခြားငြိမ်းချမ်းသည့်နေရာ ဖြစ်နေခဲ့သည်။ ဘုန်းကြီးကျောင်း ပရ၀ုဏ် အတွင်း၌ ခိုလှုံရာ ပေးထားခြင်းခံရသော လူပေါင်း ၄,၀၀၀ ကျော်သည် ဒီမိုကရက်တစ် ဗုဒ္ဓ ဘာသာ ကရင်တပ်မတော် စစ်သားများ စောင့်ကြပ်ကာကွယ်ပေးထေားသော ကရင်ပြည်နယ်မြောက်ပိုင်းရှိ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန၏ ကျောင်းပုရ၀ုဏ်နှင့် သိသိသာသာကြီး ခြားနားနေခဲ့သည်။

သူ့အပေါ်သစ္စာခံပြီး၊ မည်သည့်အချိန်တွင် ကြမ်းကြမ်းရမ်းရမ်း လုပ်လာမည်နည်းဟု လူအများက ကြောက်ရွံ့နေကြရသော ကရင်စစ်သားများ ၀ိုင်းရံပေးထားခြင်းခံရသူ ဦးသုဇနခေါ် မြိုင်ကြီးငူဆရာတော်နှင့် မတူဘဲ၊ သာမညဆရာတော် ဦးဝိနယက မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ သူ၏မေတ္တာတရားကြောင့် ထင်ရှားကျော်ကြားခဲ့သည်။ နေ့စဉ် လူထောင်ပေါင်းများစွာ လာရောက်ဖူးမျှော်ကြကာ ဘုန်းကြီးကျောင်းအတွက် အလှူငွေများ မပြတ် ပေးလှူနေကြသည်။ ဤအလှူငွေများဖြင့် ဆရာ တော်က အိုးအိမ်အခြေမဲ့သူများကို ကျွေးမွေးစောင့်ရှောက်ခြင်း၊ လမ်းများပြင်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း စသည့် လူမှုအကျိုးပြုလုပ်ငန်းများလည်း ဆောင်ရွက်ပေးခဲ့သည်။

အခိုးမခံရမီကတည်းကပင် ရုပ်အလောင်းနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေခဲ့သည်။ ရုပ်အလောင်း အခိုးမခံရမီ နေ့က ဘုန်းကြီးကျောင်းသို့ ရောက်ခဲ့သော ခရီးသွားလမ်းညွန်တယောက်၏ ပြောပြချက်အရ မကြာသေးခင် လအနည်းငယ်ခန့် ကစ၍ ရုပ်အလောင်းသည် ပုပ်ပွစပြုလာခဲ့ပြီး မှန်ခေါင်းတလား နှစ်လုံးထဲမှနေ၍ အပုပ်နံ့များ ထွက်စပြုလာနေခဲ့သည်ဟု ဆိုသည်။

တယောက်ကမူ ဤသို့ပြောပြခဲ့သည်။ “မြိုင်ကြီးငူဆရာတော်က ရုပ်အလောင်းကို မီးရှိုပစ်စေချင်တယ်ဆိုတာကို ဖားအံမှာ လူအတော်များများ သိကြပါတယ်။ သာမညဆရာတော်ရဲ့ တပည့်တွေက အလှူငွေတွေ ဆက်ရနေအောင် အနေအထား မျိုးနဲ့ ဆက်ပြီးပြထားတာကို မြိုင်ကြီးငူဆရာတော်က သဘောမကျဘူး။ ဒါကို ၀ိနည်းနဲ့မညီဘူးလို့ ထင်တယ်။ ရုပ်အလောင်း ပျောက်မသွားခင်က ဒကာရင်းတွေက အာဏာပိုင်တွေနဲ့ အနီးရှိ တောင်ကလေးကျောင်းတိုက် ဆရာတော် ဦးပညာတို့ပါတဲ့ အစည်းအဝေးတခုလုပ်ပြီး ဒီကိစ္စကို ဆွေးနွေးပါတယ်။ ဦးပညာဆိုတာက သာမညဆရာတော်နဲ့ ရင်းနှီးတဲ့ ဒီအနီးအနားက တောင်ကလေးကျောင်း ဆရာတော်ပါဘဲ”။

ထို့ပြင် ဆရာတော်ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် ဘုန်းကြီးကျောင်းသို့ လာရောက်ကြသူများသည် ဘုန်းကြီးကျောင်း၏ အတိအကျ ချမှတ်ထားသော စည်းကမ်းများကို ဂရုထားခြင်း သိပ်မရှိကြတော့ဟု ဒေသခံလူများက ပြောပြပါသည်။ ဆရာ တော် သက်တော်ထင်ရှားရှိစဉ်က ဘုန်းကြီးကျောင်းတွင် နေသူများရော၊ ကျောင်းအနီးမှာ နေသူများပါ သက်သတ်လွတ် စားကြသည့်အပြင် လာရောက် ဖူးမျှော်ကြသူများသည်လည်း မလာမီရက်များမှာ ကြိုတင်၍ အသားစားခြင်းကို ရှောင်ကျဉ် ထားကြရသည်။ ရုပ်အလောင်း မပျောက်ဆုံးမီ ကတည်းကပင် ကျောင်းနယ်မြေထဲတွင် အရက်သောက်၊ လောင်းကစား သည့် သတင်းများလည်း ဖားအံမြို့တွင် သိုးသိုးသန့်သန့် ကြားစပြုနေနှင့်ပြီဟု ဆိုသည်။

ထို့အပြင် ဘုန်းကြီးနှစ်ပါးအကြားမှာ ရှိနေသော အလှူခံခြင်းနှင့် ပတ်သက်သည့် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခသည်လည်း ထည့်သွင်းစဉ်းစားဖွယ်ကိစ္စတခုဖြစ်သည်ဟု ဒေသခံလေ့လာသူတဦးက ဆိုပါသည်။

မြိုင်ကြီးငူဆရာတော်က ခြိမ့်ခြိမ့်သဲ အလှူခံပွဲကြီးများကို စလုပ်ခဲ့သည်။ ဆရာတော်၏ တပည့်များက ဖားအံမြို့ထဲတွင် လှည့်လည် အလှူခံကြပြီး ဘုန်းကြီးကျောင်းအတွက် အလှူငွေထည့်ကြရန် နေ့ရောညပါ ဟောပြောကောက်ခံခဲ့ကြသည်။

“ဒါပေမယ့် အကြောင်းမထူးပါဘူး။ သာမညတောင်မှာ ဆရာတော်ရဲ့ ရုပ်ကလာပ်ရှိနေတော့ ဆရာတော်ကို ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေက ဘုန်းကြီးကျောင်းကို လာမြဲလာလျှက်၊ အလှူငွေထည့်မြဲ ထည့်နေလျှက်ပါဘဲ။ လာရောက် ဖူးမျှော် သူတွေကို ဆွဲဆောင်နေတာက ရုပ်ကလာပ်ပါဘဲ။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးကျောင်းက ခပ်ရိုးရိုး ဆေးအပြာရောင်နဲ့ အဖြူရောင်သုတ်ထားပြီး အုတ်ကြွပ်မိုးထားရုံပါဘဲ။ ထူးထူးကဲကဲ တည်ထားတဲ့ စေတီလည်း မရှိ။ သပ္ပါယ်စရာ ဘုရား ဆင်းတုတော်လည်း မရှိ။ ငေးကြည့်လောက်စရာ အနုပညာလက်ရာတွေလည်း မရှိပါဘူး။ ဒီတော့ လာရောက်ဖူးမျှော်သူ တွေကို ဆွဲဆောင်နိုင်ပုံ မပေါ်ပါဘူး။ ဦးဝိနယက အလှူငွေမှန်သမျှကို ဆင်းရဲသားတွေအတွက် ကျွေးမွေးဖို့နဲ့ နေရာထိုင် ခင်းပေးဖို့ သုံးပါတယ်”ဟု ဒကာများက ပြောပြသည်။

ရုပ်အလောင်းအခိုးခံရပြီး နှစ်လနီးပါး ကြာသည်အထိ ပဟေဠိဖြစ်နေဆဲပင် ရှိသည်။ သာမညဆရာတော်၏ ရုပ်ကလာပ် လျောင်းစက်ခဲ့ရာ အဆောက်အဦးကား ခြေရာလက်ရာ မပျက် ရှိနေဆဲပင်။ ပန်းရောင်နှင့် အ၀ါရောင် ပလပ်စတစ်ပန်းများ ထိုးစိုက်ထားသော ပန်းအိုးများ၊ ဇာနားကွပ် ထီးဖြူများ၊ သစ်သီးခြင်းများ၊ တွန့်လိမ်ကောက်ကွေးနေသော သတ္တူချောင်း များနှင့် မှန်ကွဲစများသည် အဆောက်အဦးထဲသို့ သူခိုးများဝင်ခဲ့သော ညကအတိုင်းပင် ရှိနေသေးသည်။ ဆရာတော်၏ ရုပ်အလောင်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ မြင်ယောင်ဖွယ်ရာ၊ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ မြင်ကွင်းလည်း ဖြစ် သည်။ နံရံမှာ ခပ်မြင့်မြင့် ချိတ်ဆွဲထားသော နာရီတလုံးက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် တချက်ချက်မြည်နေခဲ့ သည်။

တကယ်တမ်းပို၍ ပဟေဠိဖြစ်စေသည်မှာ ဘုန်းကြီးကျောင်းဝင်း အ၀င်ဝ၊ မြေကြီးပေါ်သို့ အခန်းအနားမပါဘဲ ကျဲချခဲ့သော ပြာများသည် ဆရာတော်၏ ခန္ဓာမှ ပြာဟုတ်-မဟုတ် အသေအချာ မသိနိုင်ခြင်းပင် ဖြစ်သည်။ မျိုးရိုးဗီဇ (DNA) စစ်ဆေးမှု မလုပ်ပါက မည်သည့်အချိန်တွင်မှ သိနိုင်ကြရမည် မဟုတ်ချေ။

ဆရာတော်၏ လက်ထောက်သံဃာများနှင့် တပည့်တပန်းများက သံသယရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောကြသည်။ ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်ကျနေစဉ် သူမ၏အိမ်သို့ ကိုယ်ဖျောက်ကြွချီနိုင်ခဲ့သည်ဟု အချို့ပုဂ္ဂိုလ်တို့က ယုံကြည်နေ ကြသော ဆရာတော်၏ တန်ခိုးနှင့် ပတ်သက်၍ သူတို့ယုံကြည်ထားသည်တို့ကို ထုတ်ပြောပြကြသည်။ ဆရာတော်၏ ရုပ်အလောင်းပျောက်ဆုံးမှုသည် ဆရာတော်၏တန်ခိုးဖြင့် လုပ်လိုက်ခြင်းဖြစ်သည်။ မကြာမီ ဆရာတော် လူ့ဘ၀သို့ ပြန်လည် ရောက်ရှိလာသောအချိန်၌ ရုပ်အလောင်းသည် သူ့နေရာသူ ပြန်ရောက်လာလိမ့်မည်ဟုလည်း ထိုသူများက ဆိုနေကြသည်။

ဆရာတော်၏ တပည့်တပန်းများက မည်သို့ ယုံကြည်နေကြသည်ဖြစ်စေ၊ ပဟေဠိကား ဆက်၍ ရှုပ်ထွေးပွေလီနေဆဲပင်။ ပျံလွန်တော်မူပြီး နောက်မှာပင် ဆရာတော်သည် တန်ခိုးအစွမ်းပြဆဲဖြစ်ပြီး၊ စူးစမ်းလိုသော၊ ယုံသင့်-မယုံသင့် ဝေခွဲရခက် နေသော အဖူးအမျှော် လာရောက်သူများကို ဆွဲဆောင်လျှက် ဘုန်းကြီးကျောင်းအတွက် အလှူငွေများကို ပို၍ပင် ဆောင်ကျဉ်း ပေးနေလျှက်ရှိသည်ဟူသော အယူကလည်း ပို၍သည်းသန်နေလျှက်ပင် ရှိပါတော့သည်။

Amy Gold May ရေးသားသည့် Will Thamanya Sayadaw's Body Ever Rest in Peace? ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။ To


ထမင်းအိုးလေး တည်ပါရစေဦး
ကြည်ဝေ ဇွန် ၂၀၊ ၂၀၀၈

သူတို့၏ ညနေစာ ထမင်းဝိုင်းတွင် ညပိုင်းအလုပ်ဆင်းရမည့် သားကြီးဖြစ်သူက လွဲလျှင်ကျန်ရှိ လူကြီး ၃ ဦးနှင့် ကလေး ၂ ဦးလုံး စုံပြီဖြစ်သဖြင့် လူစုံပြီလို့ ပြောလို့ရပေပြီ။

သူသည် ထမင်းဝိုင်းတွင် ၀င်ထိုင်လိုက်ပြီး ချဉ်ပေါင်ရွက်ကျဲကျဲခပ်ထားသော ဟင်းရည်ကို ထမင်းပေါ်သို့ ဆမ်း လိုက်သည်။ ၁၀ နှစ်အရွယ် သားက ထမင်းချည်း တလုတ် နှစ်လုတ်စားလိုက်ရင်း ဟင်းတွေကို ကြည့်သည်။ ထမင်းစားပွဲနိမ့်နိမ့်လေးတွင် ချဉ်ပေါင်ရွက် ဟင်းရည်၊ ငါးပိချက်၊ ခံတက်ရွက်စသည့် တို့စရာတို့ကို တွေ့ရ သည်။

ကလေး၂ ယောက်စလုံးသည် ငါးပိချက်နှင့်နယ်ထားသော ထမင်းကို ပလုတ်ပလောင်းစားနေကြသည်။ သူတို့ မိသားစု အဖို့ သည်လို ဟင်းမျိုးသည် အညံ့စားမဟုတ်ဟု ဆိုရမည်။ သို့ပေမယ့် ၁၀ နှစ်သားနှင့် ၆ နှစ်အရွယ် သမီးငယ်နှင့် အသက် ၇၀ အရွယ် အမေအိုတို့အတွက် အာဟာရဖြစ်စေသော အသားဟင်း တခွက်တော့ ပါသင့်သည် မဟုတ်လား။

အသားဟင်းကို နေ့စဉ် မစားနိုင်သည့်တိုင် တပတ်လျှင် နှစ်နပ်၊ သုံးနပ်လောက်တော့ ပါသင့်သည်ဟု သူ ထင်သည်။ အသားဟင်း မတတ်နိုင်သည့်အဆုံး ကြက်ဥ ကြော်လေးဖြစ်ဖြစ်တော့ တရက်ခြား တခါလောက် ပါစေ့ ချင်သည်။

သည်လိုပြောလျှင်တော့ ဇနီးသည်က ယနေ့ ကြက်ဥတလုံး ၁၅၀ ကျပ်ဈေး၊ ကြက်သား တပိဿာ ၇၀၀၀ ကျပ် ဈေး၊ ၀က်သား တပိဿာ ၈၀၀၀ ဈေး၊ အမဲသား တပိဿာ ၅၀၀၀ ဈေး၊ စတဲ့ သူ့တသက်နှင့်တကိုယ် တခါမှ မကြားဘူးသော ဈေးနှုန်းတို့ကို ရွတ်ပြနေဦးမည်။

မုန်တိုင်းပြီးစရက်တွေကတည်းက အသားဈေးကလည်းထိုးတက်သွားလိုက်သည်မှာ ကြောက်ခမန်းလိလိပင်။ မုန်တိုင်းပြီး ရက် ၄၀ ကျော်ကြာသည့်တိုင်အောင် တက်သွားသော အသားဈေးတို့သည် ပြန်မဆင်းကြတော့ပါ။

မုန်တိုင်းပြီးကတည်းက လူတွေက ငါးတွေကိုသိပ်မစားကြတော့။ တချို့ကလည်း ရန်ကုန်ငါးဈေးကွက်ကို အများဆုံးတင်ပို့ သည်မှာ ဧရာဝတီတိုင်းက ဖြစ်သဖြင့် လောလောဆယ် ငါးမစားရဲဟု ဆိုကာ ငါးမစားကြခြင်းဖြစ်သည်။ ထို့ကြောင့် ငါးအစား အသားစားနိုင်သူတွေက အသားဝယ်စားသည်။

အသားမ၀ယ်စားနိုင်သူတွေက အသီးအရွက်တွေကိုပဲ များများစားလာကြသည်။ ချဉ်ပေါင်ရွက်တောင်မှ လက်သန်းလောက် အစီးကိုတောင် တစီးကို ၅၀ ပေးဝယ်ရသည်။ ကန်စွန်းရွက်တစီးကို လက်ရှိပေါက်ဈေးက ၂၀၀ ဈေးဖြစ်နေပြီ။ အသားဈေး တွေ ခေါင်ခိုက်ကုန်တာကတော့ ပြောစရာ မရှိတော့။

ကြက်သား တပိဿာ ၅၀၀၀ ဈေးကနေ တက်သွားတာ အခု ၇၀၀၀ ဈေးကနေ ပြန်မဆင်းတော့သလို ၀က်သား ဈေး ကလည်း ယခင် ၆၀၀၀ ဈေးကနေ ယခု ၈၀၀၀ ဈေးဖြစ်နေပြီ။ အမဲသားပင်လျှင် ယခင် ၃၀၀၀ ဈေးက ယခု ၅၀၀၀ ဈေး၊ ငါးဈေးကလည်း ငါးကြင်းတဆယ်သားကို တပိဿာလျှင် ၄၀၀၀ ကျပ် ဈေး၊ သူတို့လို ဆင်းရဲသား တွေစားသည့် ငါးမြစ် ချင်းတောင် ၃၀၀၀ ဈေးကနေ ပြန်မဆင်းတော့၊ စားဖားတွေ ပေါ်ချိန်မို့ ဖားသားများ စား နိုင် မလားအောက်မေ့သည် ဖားသားတောင် တပိဿာကို ၃၀၀၀ ဈေးရှိနေပြီ။

ရန်ကုန်တိုင်း၊ အသားဈေးကွက်အတွင်းသို့ ဧရာဝတီတိုင်း၊ မုန်တိုင်းသင့်ဒေသများမှ ကြက်အ၀င်လျော့ကြခဲ့သလို၊ အမဲသား အ၀င်လျော့ခဲ့သောကြောင့် အသားလိုအပ်ချက် မြင့်မားလာပြီး ဈေးတက်ရခြင်းဖြစ်သည်။ ယခင် ဧရာဝတီတိုင်းမှ အသား တင်ပို့မှုထက် တ၀က်နီးပါး ကျသွားရသည့်အတွက် တခြားဧရာဝတီတိုင်းမုန်တိုင်းလွတ် ဒေသများနှင့် ပဲခူးတိုင်းတို့မှ အသားများကို ပုံမှန်ပို့နေကြတဲ့ ၁ ဆခွဲ ပိုမှာ ယူနေရကြောင်း သိရှိရသည်။

ရန်ကုန်မြို့ အသားငါး ဈေးကွက်အတွင်းသို့ တနေ့အတွက် ပုံမှန်အသားတင်ပို့မှုမှာ ကြက်သား ပိဿာချိန် ပေါင်း ၅ သောင်း ကနေ ၆ သောင်းကြား၊ ၀က်သား ပိဿာချိန်ပေါင်း ၅ သောင်း၊ အမဲသား ပိဿာချိန် ပေါင်း ၆ သောင်း မှ ၈ သောင်းကြား၊ ငါး စုစုပေါင်း ပိဿာချိန် ၁ သိန်းနှင့် ၁ သိန်း ၂ သောင်းကြားတွင် ပုံမှန် ၀င်ရောက်ခဲ့ကြောင်း သူ မှတ်သားခဲ့ဖူးသည်။

လက်ရှိ ကျောင်းဖွင့်ရာသီတွင် နှစ်စဉ်အသားဈေးများကျလက်ရှိသော်လည်း ယခုတွင်မူ အသားဈေးမှာ ကျရိပ်မရှိဘဲ ဆက်တက်ဖွယ်ရှိကြောင်း အသားထုတ်လုပ်သူများက ခန့်မှန်းကြသည်။

အသားထုတ်လုပ်မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူ တဦးက “ မုန်တိုင်းဖြစ်စတုန်းကတော့ အသားထုတ်လုပ်မှုတွေ ကျသွား တယ်။ အခု အသားထုတ်လုပ်မှုက နည်းနည်းပိုတိုး လာတယ်ဆိုပေမယ့် အရင်အားကိုတော့ ပြန်မမီနိုင်တော့ဘူး၊ ရှေ့ဆက် ရဖို့လည်း အခက်အခဲ ရှိနေတော့ အသားဈေးကပြန်ကျဖို့ခက်ဦးမှာ”ဟု ပြောပြသည်။

သည်လိုသာဆိုလျှင် သူတို့လို မိသားစုတွေအဖို့ အသားတောင်မှ စားနိုင်ပါဦးမည်လား မသိ။ သူတို့ထက် ပိုဆိုးသော တလ ၀င်ငွေ ၁ သိန်းအောက်ရှိသော ၀င်ငွေနည်းမိသားစုများ၊ တနေ့လုပ်တနေ့စား မိသားစုများ အတွက်ကတော့ အသားမပြော နှင့် ထမင်းကို ဆားဖြူးပြီးတော့ စားနိုင်သည့် အခြေအနေတောင် ရှိနိုင်ပါတော့ မလားဟု တွေးမိကာ သူ သက်ပြင်းချမိပြန် သည်။

နာဂစ်မုန်တိုင်းပြီးကတည်းက တက်လာခဲ့သော ကုန်ဈေးနှုန်းသည် မုန်တိုင်းပြီး ၄၄ ရက်ကြာသည်အထိ ပြန်ဆင်းသွားခြင်း မရှိတော့ပေ။ ဆန်ဈေး ဆီဈေးသာမက ကြက်သွန်၊ အားလူး စသည့် မီးဖိုဆောင် စားသောက်ဖွယ်ရာ တချို့လည်း ဈေးတက်သည်။ နောက်ဆုံး ဆားတောင်မှ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆား လုပ်ငန်းများ ပျက်စီးသွားသောကြောင့်ဟု ဆိုကာ တဆယ်သားကို ၁၅၀ ကျပ်ဈေး ပေါက်နေတုန်းဖြစ်သည်။

တချို့လက်လီဆိုင်တွေမှာ တပိဿာ ၁၂၀၀ ကျပ်ဈေးနဲ့ ရောင်းချနေတာကို တွေ့မြင်ရသည်။ မုန်တိုင်း မတိုင်မီတုန်းက တော့ ဆားတပိဿာပေါက်ဈေးဟာ ၄၅၀ ကျပ်ဈေးရှိခဲ့သည်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်အတွင်းက ဆားကွင်းတွေ နဲ့ ဆားချက်စက်ရုံများ၊ ဂိုထောင်များ ပျက်စီးခဲ့ရတဲ့အတွက် ဆားဈေးတွေ ရုတ်တရက် ခုန်တက်သွားရခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် ဆားကွင်း စုစုပေါင်း ၂၄၄၃၁ ဧက ပျက်စီးခဲ့ကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်ကို သူဖတ်ခဲ့ရသည်။

ပြီးတော့ သူ့မိတ်ဆွေ အင်းစိန်မှ ဆားစက်လုပ်ငန်းရှင်တဦးကလည်း“ဧရာဝတီတိုင်းက ဆားအထွက်ကျမှာ ဆိုတော့ ဆားဈေးတွေက အရင်ဈေးတော့ ပြန်ရ နိုင်တော့မှာ မဟုတ်ဘူး” ဟု သူ့ကို ပြောပြခဲ့သည်။

ဆေးတင်သွင်းဖြန့်ချိသော ကုမ္ပဏီတခုမှ အရောင်းဝန်ထမ်းတဦးဖြစ်သော သူ၏ တလ၀င်ငွေ ၆ သောင်း၊ စက်မှု ၁ ၀န်ကြီး ဋ္ဌာနမှ အထက်တန်းစာရေးတဦးဖြစ်သော ဇနီးသည်၏ ၀င်ငွေ ၃ သောင်း၊ လှိုင်သာယာစက်မှုဇုန်မှ ခေါက်ဆွဲစက်ရုံတွင် အလုပ်လုပ်သော သား၏ ၀င်ငွေ ၅ သောင်းတို့ကို ပေါင်းစပ်ပြီးမှ သူတို့မိသားစု ထမင်းနပ်မှန် ရုံ စားနေရခြင်းဖြစ်သည်။

သို့သော် ဆန်ကောင်းမစားနိုင်၊ ဇီယာဆန်ကိုပင် အလေအလွင့်မရှိအောင် ချွေတာပြီးစားနေရသည်။ ခုလို ဆန် ဈေးတက် နေသော ကာလမှာ သူတို့သည် တအိတ်လျှင် ကျပ် ၂၂၀၀၀ ဈေးပေါက်နေသော ဇီယာဆန် မစားနိုင် တော့။ ဇနီးသည်က မိုးစိုထားသော ဆန်ဝါတွေကို တအိတ် ၁၃၀၀၀ နှင့်ရ၍၀ယ်လာသည့် ဆန်စားကြသည်။

ဆန်ကို မိုးမိထားသဖြင့် အကျိုးအကြေများသည်၊ အနံ့ကလည်း မကောင်း အောက်သိုးသိုးအနံ့ထွက်နေသည်။ ချက်တော့ လည်း ခပ်ထွေးထွေးနှင့် ပျော့ချင်ချင်၊ အရောင်အဆင်းပင်လျှင် ၀ါကျင့်ကျင့်နှင့်မလှမပ၊ ဒါကိုပင် သူရော ကလေးလူကြီးပါ မကျန် သည်းခံပြီး စားနေကြရသည်။

သူတို့ဘ၀မှာ ရွေးချယ်ခွင့်နည်းသော ဘ၀အဖြစ် စိတ်ပျက်မိတိုင်း သူ့ဘေးပတ်ဝန်းကျင်က လူတွေကို ပြန်ပြန် ကြည့်မိ သည်။ သူတို့ဘ၀များသည်လည်း ထူးမခြားနား၊ သူတို့ မိသားစုလိုပင် မိုးရေစို ဆန်ဝါတွေကို ချက်စားနေ ကြသည်။ သူတို့ထက် ၀င်ငွေ ပိုနည်းသော မိသားစုများအနေနှင့် ဆန်ပြုတ်စားနေကြသည်ဆိုတာကို သူ့အနေနှင့် မယုံကြည်နိုင်စရာ အကြောင်းမရှိတော့ပေ။

မုန်းတိုင်းကြောင့် မိုးရေစိုသည့် ဆန်ဝါတွေကို တပြည် ကျပ် ၅၀၀ နှုန်းနဲ့ ဈေးထဲမှာ ချရောင်းနေကြသည်ဟု ကြားကတည်း က သူ့ဇနီးက လစာထုတ်ရက်လည်းဖြစ်သဖြင့် ဆန် ၁ အိတ်ပြေးဝယ်ခဲ့သည်။

“အရင်တုန်းကတော့ ရေစိုဆန် ဆိုတာမစားဖူးပါဘူး၊ အိမ်နားက ရေစိုဆန်ဝယ်စားကြည့်တဲ့သူတွေကလည်း စားလို့ဖြစ်တယ် တဲ့။ သိတဲ့အတိုင်း ဆန်ဈေးကလည်း တက်နေတော့ ဒီဆန်က ဈေးသက်သာလို့ ၀ယ်စားကြ တာ”ဟု သူက ပြောသည်။

သူတို့ရဲ့ အိမ်နီးချင်းမိတ်ဆွေတွေကတော့ ဈေးနှုန်းသက်သာလှတဲ့ ရေစိုဆန်ဝါတွေကိုပဲ စားနေကြတာ နှစ်ပတ်လောက် ရှိပြီဖြစ်ပေမယ့် သူ့အနေနဲ့ကတော့ ခုလို ရေစို ဆန်စားတဲ့အတွက် ကျန်းမာရေးကိုများ ထိခိုက်နိုင်မလား လို့ တွေးဆမိ သေးသည်။

နောက်တော့ သူတို့စားနေကြဇီယာဆန် တအိတ်က ငွေ ၂၃၀၀၀ ကျပ်ဈေးဖြစ်ပြီး ထိုမိုးရေစို ဆန်က တအိတ် ၁၂၀၀၀ ဈေးဆိုတော့ ငွေ တသောင်းတထောင် တိတိကွာနေသဖြင့် ၀ယ်စားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သူက ပြောပြသည်။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းမှ မုန်တိုင်းမိ ရေစို ဆန်ဝါများ ရန်ကုန်ဈေးကွက်အတွင်းရောက်လာပြီး ကတည်းက ရန်ကုန်မှ အခြေခံလူတန်းစားများအနေနဲ့ အဆိုပါ ဆန်များကိုသာ ၀ယ်ယူစားသုံးလာကြတဲ့ အတွက် အရောင်းသွက်လျက်ရှိ ကြောင်း ရန်ကုန် ဆန်ဈေးကွက်မှ စုံစမ်းသိရှိရသည်။

အဆိုပါဆန်များသည် မုန်တိုင်းကြောင့် မိုးရေစို ကျန်ခဲ့သော ဆန်များကိုနေပူပြန်လှန်းပြီး မခြောက်တခြောက် အနေအထား မှာ ရန်ကုန် ဈေးကွက်ထဲသို့ တင်ပို့ရောင်းချလာကြသော ဆန်များဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေစိုဆန်များ စားသုံးကြသူများအနေနှင့် ကျန်းမာရေး ထိခိုက်နိုင်ခြင်း ရှိမရှိကိုတော့ ဆန်ကို သုတေသန ပြုလုပ်ခြင်း မရှိသေးသည့်အတွက် မပြောနိုင်သေးကြောင်း ရန်ကုန်မြို့မှ အထွေထွေရောဂါကု သမားတော်တဦးက ပြောဆိုသည်။

ရန်ကုန် ဘုရင့်နောင်ပွဲရုံတန်းဆန်ပွဲရုံမှ ဆန်ကုန်သည်တဦးကလည်း ဆန်ဈေးကွက်အတွင်းမှာ ရေစိုဆန်ဝါ တမျိုးတည်းသာ အရောင်းအ၀ယ်လိုက်နေပြီး တခြား ဆန်ကြမ်းနဲ့ ဆန်ချောတွေ အရောင်းပါးနေကြောင်း ပြောသည်။

မုန်တိုင်းပြီးစ ရက်တွေမှာ ငွေကြေးတတ်နိုင်သူတွေက ဆန်အိတ်တွေကို ၀ယ်ပြီး သိမ်းလာကြတဲ့အတွက် ဆန်ဈေးမြင့်တက် ခဲ့ရသလို ထိုအချိန်က အရောင်းလည်း သွက်ခဲ့ကြောင်း အဆိုပါ ကုန်သည်က ပြောပြသည်။

ယခုလို မုန်တိုင်းပြီး ရက် ၄၀ ကျော်အချိန်မှာတော့ ပွဲရုံတွေမှာ ဆန်အ၀ယ် သိသိသာသာ ပါးသွားပါပြီ။ ငွေကြေး တတ်နိုင် သူများသာစားသုံးတဲ့ ဆန်ချောတွေက ဈေးအနည်းငယ် ပြန်ကျပေမယ့် မုန်တိုင်းမတိုင်မီဈေးနှုန်း ထက် တော့ တအိတ်ကို ငွေ ၂ သောင်းကျော်လောက်ထိ မြင့်နေဆဲဖြစ်ကြောင်း၊ ယခင်က ပေါ်ဆန်းရှယ်တအိတ်ကို ကျပ် ၂၈၅၀၀ ဈေးရှိပြီး မုန်တိုင်း ပြီးစကာလမှာ ကျပ် ၅၀၀၀၀ ထိဈေးမြင့်ခဲ့ကာ ယခုအခါ တအိတ်ကို ကျပ် ၄၅၀၀၀ ဈေးရှိနေကြောင်း သိရှိရသည်။ ဆန်ချော များ ဈေးမြင့်နေပေမယ့် ဈေးကွက်အတွင်း အရောင်းအ၀ယ်က တော့ ပါးလျက်ရှိကြောင်း သိရသည်။

မုန်တိုင်းကာလမှာ အ၀ယ်လိုက်တဲ့ ဇီယာဆန်ကြမ်းတအိတ်ကို ကျပ် ၂၈၀၀၀ ဈေးထိပေါက်ခဲ့ပေမယ့် ယခုအခါ ၂၀၀၀၀ ကျပ် ဈေးထိ ပြန်ကျလာတာတွေ့မြင်ရသည်။ ဆန်ကြမ်းဈေးကွက်အနေအထားမှာ ယခင် ဆန်ကြမ်း သိုလှောင်သူများ အနေနဲ့ ယခုအခါ ငွေပေါ်လိုပြီဖြစ်တဲ့အတွက် လှောင်ထားတဲ့ ဆန်တွေကို ရရာဈေးနဲ့ ပြန်ရောင်း လာကြတဲ့အတွက် ဆန်ကြမ်းဈေးကျသွားခြင်းဖြစ်ကြောင်း၊ ဈေးကွက်တွင်းမှာ ဆန်ကြမ်းများ ဈေးကျလာပေမယ့် အ၀ယ်ပါးနေကြောင်း ဘုရင့်နောင်မှ ဆန်ကုန်သည်တဦး၏ ပြောပြချက်အရ သိရသည်။

“အရင်ဆန်ချော ပေါ်ဆန်း စားတဲ့သူတွေက တဆင့်ဆင်းပြီး ပေါ်ကျွဲလောက် စားလာကြတယ်၊ အရင် ပေါ်ကျွဲစားတဲ့ သူတွေက ဇီယာလောက်စားကြတယ် အဲဒီလိုပေါ့ တဆင့်ဆင့် ဆင်းပြီး စားကြတော့ အရောင်းရဆုံးက အောက်ဆုံးက ဆန်ဖြစ်နေတော့တာပဲ” ဟု ရန်ကုန်မြို့ ကမ်းနားလမ်းမှ ဆန်ကုန်သည်တဦးက ပြောပြသည်။

မုန်တိုင်းသင့်သူများကို ဆန်ဝယ်လှူသူများကလည်း တအိတ်ကို ကျပ် ၁၁၀၀၀ ကနေ ကျပ် ၁၅၀၀၀ ဈေးရှိတဲ့ ဧည့်မထ အမှတ် ၂၅ ဆန်နဲ့ ရေစို ဆန်ဝါတွေကို အများဆုံး ၀ယ်လှူနေကြတဲ့အတွက် အဆိုပါ ဆန်တွေကပဲ ဈေးကွက်မှာ အရောင်းသွက် နေခြင်းဖြစ်သည်။

ရန်ကုန်ဈေးကွက်အတွင်း ဆန်အ၀င် သိသိသာသာ နည်းသွားပြီဖြစ်ကြောင်း၊ ယခင်ကထက် ဆန်တ၀က် ကျော်ကျော် အ၀င်ကျသွားကြောင်း၊ ယခင်က တနေ့လျှင် ဆန်အိတ်ပေါင်း အနည်းဆုံးခြောက်သောင်းမှ ရှစ်သောင်းထိ အ၀င်ရှိခဲ့သော် လည်း ယခုအခါ ရန်ကုန်ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်သည့် ဆန်အိတ် လေးသောင်း ပြည့်မီ ရေးအတွက်ကို မနည်း ကြိုးပမ်းနေကြရကြောင်း ဆန်ကုန်သည်များဆီကနေ ကြားသိရသည်။

ရန်ကုန်ဈေးကွက်အတွင်း တနေ့လိုအပ်ချက်ဖြစ်တဲ့ ဆန်အိတ်ပေါင်း ၄၀၀၀၀ လေးသောင်းကို ပုံမှန်ဝင်စေဖို့ အတွက် ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ဧရာဝတီတိုင်းမှ မုန်တိုင်းလွတ်ဒေသများက ဆန်တွေကို မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်များအသင်းက လိုက်လံ စုဆောင်း ကောက်ယူပေး နေရကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ အဆင့်မြင့် အရာရှိတဦးက ပြောဆိုသည်။

ယခင် ရန်ကုန်ဈေးကွက်တွင်းသို့ ဧရာဝတီတိုင်းမှ ဆန်အိတ်စုစုပေါင်းပမာဏ၏ ၇၈ ရာခိုင်နှုန်း ကို တင်ပို့ပေးခဲ့ ခြင်းဖြစ်ပြီး ယခုအခါ တွင်မူ ၃၅ ရာခိုင်နှုန်း ခန့်သာ တင်ပို့နိုင်တော့ကြောင်း သိရှိရသည်။

ဆန်ဈေးနှုန်းများအနေနှင့် လာမည့် ဇူလိုင်၊ သြဂုတ်လများတွင် ယခုထက်ပိုပြီးမြင့်မားနိုင်ကြောင်း ရန်ကုန် ကုန်စည်ဒိုင်မှ ဆန်ကုန်သည်ကြီးများက ခန့်မှန်းကြသည်။

“လောလောဆယ်မှာတော့ အိတ်စပို့ပါမစ်တွေ ကိစ္စ ဘာသံမှ မကြားရသေးဘူး၊ ခုအခြေအနေနဲ့ အိတ်စပို့သာ ပို့လို့ကတော့ လူတွေ ခုထက်ပိုပြီးခက်ခဲမှာပဲ”ဟု ကုန်စည်ဒိုင်မှ ဆန်ကုန်သည်တဦးက ဆိုသည်။

၂၀၀၇ ခုနှစ်မှာ စပါးတန်ချိန် ၃၀ .၀၂ သန်းထွက်ခဲ့ပြီး ၁၈.၉ သန်း ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြောင်း အစိုးရ တရားဝင် စာရင်းများရ သိရှိရသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးမှုမှာ ၁ နှစ်အတွက် ၁၇ သန်းကျော်လိုအပ်လျက်ရှိပြီး လူတဦး စားသုံးမှုဟာ ၂၃၄ ကီလိုဂရမ် ရှိကြောင်း ၊မုန်တိုင်းကြောင့် စပါးစိုက်ဧက ၂.၄၃ သန်းပျက်စီးခဲ့ကြောင်း၊ ဧရာဝတီတိုင်းမှ ၁.၅၉ သန်း ရန်ကုန်တိုင်းမှ ၀.၈၄ သန်းပျက်စီးခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှ တရားဝင်စာရင်း အရ သိရှိရသည်။

လယ်ယာစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ကျွဲ၊နွားပေါင်း တသိန်းငါးသောင်းကျော် သေဆုံးခဲ့ပြီး ဧရာဝတီတိုင်းမှ ၁၄၉၀၀၀ ကောင် နှင့် ရန်ကုန်တိုင်းမှ ၆၀၀၀ သေဆုံးကြောင်း အစိုးရ စာရင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

အစိုးရအနေနှင့်ရေငန်လွှမ်းသွားသော လယ်ဧက တချို့ကို အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း အစိုးရပိုင် သတင်းစာများနှင့် အစိုးရပိုင် ရုပ်မြင်သံကြားတို့ကနေ ထုတ်လွှင့်နေသည်ကို တွေ့မြင်ရ သော်လည်း လေဘေးသင့် ဒေသ များကို သွားရောက်ခဲ့သည့် ကျွမ်းကျင်သူ အများစုက ယခုနှစ်အချိန်မီစပါး စိုက်ပျိုး နိုင်ရန်မှာ၂၀ ရာခိုင်နှုန်းသာ ဖြစ်နိုင်ချေရှိ ကြောင်း သုံးသပ်ဝေဖန်ကြသည်။


ဤသို့ဆိုလျှင် ဆန်တပြည်ကို ဘယ်မျှပေါက်ဈေးနှင့် ၀ယ်စားရဦးမည်နည်း။ ထမင်းကော နပ်မှန်အောင် စားနိုင်ကြ ပါဦးမည် လား။ သူတို့လို ပြည်သူတွေ အတွက်က သန်းခေါင်ထက်ပိုပြီး ညဥ့်မနက်တော့သည်လား ။

စစ်အစိုးရ ရာထူးအပြောင်းအလဲလုပ်
ဧရာဝတီ ဇွန် ၂၀၊ ၂၀၀၈

စစ်အစိုးရ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် တချို့အပါအဝင် ဝန်ကြီးအဖွဲ့ဝင် တချို့၏ ရာထူး အပြောင်းအလဲ ပြုလုပ်ကြောင်း အစိုးရ သတင်းဌာနက ထုတ်ပြန်ကြေညာသည်။

ရာထူး အပြောင်းအလဲပြုလုပ်ခံရသူများတွင် ဗိုလ်ချုပ် မောင်မောင်ဆွေ၊ ဗိုလ်ချုပ် စောလွင်နှင့် ရေတပ် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်းတို့ ပါဝင်ကြောင်း မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ ယနေ့ ကြေညာသည်။

ယခင် အမှတ်(၂) စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် စောလွင်ကို ယခု လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အား ဝန်ကြီး ဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ရေတပ် ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးသိန်းကို ယခု အမှတ် (၂) စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ယခင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ၂ ခုကို တာဝန်ယူထားသော ဗိုလ်ချုပ် မောင်မောင်ဆွေကို ယခုမူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တခုတည်းကိုသာ တာဝန် ပြောင်းလဲလိုက် ကြောင်း လည်း ကြေညာချက်တွင် ပါရှိသည်။

ယင်းသို့ ရာထူး တာဝန်များပြောင်းရွှေ့ခံရသူများမှာ စစ်တပ်အတွက် အသုံးမလိုသူများကို ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း ရန်ကုန် စစ်တပ် အသိုင်းအဝန်းအတွင်း ပြောဆိုနေကြပြီး ရေတပ် ဦးစီးချုပ်သစ် ရာထူးအတွက် ရေတပ် ဗိုလ်ချုပ် ဥာဏ်ထွန်းကို ခန့်မှန်းနေကြကြောင်းလည်း သိရသည်။

တချိန်တည်းတွင် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်ကို လေးလပတ် အစည်းအဝေးပြီးနောက်ပိုင်း နေပြည်တော်တွင် ထိန်းသိမ်းထား သည်ဟူသော ကောလာဟလ တချို့လည်း ရန်ကုန် စာနယ်ဇင်း သတင်း အသိုင်းအဝန်းတွင် ဖြစ်ပေါ်နေသည်။

ယင်း ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ၎င်း၏သား အောင်ဇော်ရဲမြင့် ၏ တရားမဝင် မူယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး ရာထူးမှ ဖယ်ရှားခံရနိုင်သည်ဟုလည်း ပြောဆိုနေကြသည်။

အောင်ဇော်ရဲမြင့်အား မေလ ၂၉ ရက်က ကြည့်မြင်တိုင်မြို့နယ်ရှိ ၎င်း၏ ရုံးခန်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်း ဖမ်းဆီး ခဲ့သည်။

အောင်ဇော်ရဲမြင့်နှင့် ဆက်စပ် ပတ်သက်နေသော နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သူ မောင်ဝိတ်သည်လည်း မူးယစ်ဆေးဝါးမှုဖြင့် မေလ နောက်ဆုံးပတ်က ဖမ်းဆီးခံခဲ့ရကြောင်း မောင်ဝိတ်၏ စီးပွားရေးလုပ်ဖော် ကိုင်ဖက် ဟောင်း တဦးကပြောသည်။

အောင်ဇော်ရဲမြင့်ကိုမူ ၎င်း၏ ဖခင် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏ အရှိန်အဝါကြောင့် ရဲ က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ဗိုလ်သင်တန်းကျောင်း(OTS) အပတ်စဉ် (၃၁)ဆင်း ဖြစ်ပြီး ၂၀၀၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သူ ဖြစ်သည်။


စွမ်းအားရှင် ပြန်လာပြီ
ကိုသက် ဇွန် ၂၀၊ ၂၀၀၈

နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ လမ်းများတွင် ပိတ်ဆို့နေသည့် အမှိုက်သရိုက်များကို ရှင်းလင်းနေစဉ် ကနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် စစ်အစိုးရ လက်ကိုင်တုတ်များဖြစ်ကြသည့် စွမ်းအားရှင်များကို အရိပ်အယောင်မျှပင် မတွေ့ရသော်လည်း ဒီမိုကရေစီဘက်တော်သားတို့အား အကြမ်းဖက်ရန် စွမ်းအားရှင်များ လမ်းပေါ်သို့ ပြန်ထွက်လာပြီဟု ရန်ကုန်မြို့နေလူထုက ပြစ်တင်ဝေဖန်နေကြသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီပါတီ ဌာနချုပ် တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ၆၃ နှစ်ပြည့်မွေးနေ့ကျင်းပစဉ် စွမ်းအားရှင် ၃၀၀ ခန့် ဒိုင်နာကားများဖြင့်ရောက်လာပြီး သံဃာတော် တပါးအပါအ၀င် ၁၀ ဦးထက်မနည်းသည့် အန်အယ်လ်ဒီ ပါတီဝင်များကို အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးသွား သည့်အပေါ် ပြည်သူလူထုက ပြစ်တင်ဝေဖန်ကြခြင်း ဖြစ်သည်။

“စွမ်းအားရှင်တွေက ပြည်သူ့အကျိုးပြုတဲ့နေရာတွေမှာ မပါဘဲ အခုလို လူမိုက်ဆန်ဆန် ဆွဲရမ်းရိုက်ပုတ်တဲ့အခါ နေရာတိုင်းမှာတွေ့နေရတယ်။ နာဂစ်ဖြစ်တုန်းကတော့ လမ်းတွေမှာ မတွေ့ရဘူး၊ အကျိုးပြုလုပ်ငန်းလုပ်တာတွေ မတွေ့မိဘူး” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း ရန်ကုန်ရှိ အန်အယ်လ်ဒီ ဌာနချုပ် ပတ်ဝန်းကျင်းတွင် စွမ်းအားရှင်များနှင့် လုံထိန်းရဲများကို တွေ့ခဲ့သည်ဟု အဆိုပါ ရန်ကုန်မြို့ခံက ပြောသည်။

စွမ်းအားရှင်များ အကြမ်းဖက်ခံရခြင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အန်အယ်လ်ဒီပါတီ ဌာနချုပ်တွင် ဗဟိုကော်မတီဝင်များ ဆွေးနွေးကြမည်ဟု ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်သည့် ဒေါက်တာဝင်းနိုင်က ဧရာဝတီကို ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကထုတ်ပြန်သည့် အစီရင်ခံစာတစောင်တွင် မြန်မာနိုင်ငံရှိ ကြံ့ဖွံ့နှင့် စွမ်းအားရှင် များသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းရန် ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည်။

စစ်အစိုးရက မြို့နယ်ရပ်ကွက်များရှိ အလုပ်လက်မဲ့ ဆိုးသွမ်းတေလေနေသူများအား တနေ့လျှင် ကျပ် ၂၀၀၀၊ ကျပ် ၃၀၀၀ စသဖြင့် နေ့ကြေးပေး ငှားရမ်းကာ စွမ်းအားရှင်များဟု အမည်တပ်ပြီး ဒီမိုကရေစီရေး ကြိုးပမ်းသူများ၏ လှုပ်ရှားများကို ဟန့်တားနှောင့်ယှက်ခြင်း၊ အကြမ်းဖက်နှိမ်နင်းခြင်းများကို စေခိုင်းလေ့ရှိသည်။

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက “စက်တင်ဘာအရေးအခင်းပြီးကတည်းက စီးပွားရေးနဲ့ဆိုင်တဲ့ အစည်းအဝေး တွေမှာ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်ဟာ မတူဘူး၊ သီးခြားအဖွဲ့တွေဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက ရှင်းပြလေ့ ရှိတယ်” ဟု ပြောသည်။

၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့သည့် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြပွဲများကို စစ်အစိုးရက ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် လက်နက်ကိုင်တပ်သားများကိုအသုံးပြု၍ အကြမ်းဖက် ဖြိုးခွင်းခဲ့သည်။


အဆိုတော် ဇေယျာသော်ကို ရုံးထုတ်
ကိုစိုး ဇွန် ၂၀၊ ၂၀၀၈

စစ်အစိုးရက လွန်ခဲ့သော မတ်လအလယ်တွင် ဖမ်းဆီးထားသည့် ဂီတ အနုပညာရှင် ကိုဇေယျာသော်နှင့် ၅ ဦးကို ရန်ကုန်မြို့ လမ်းမတော် မြို့နယ် တရားရုံး၌ ယနေ့ ရုံးထုတ်ကြောင်း သိရသည်။



ဇေယျာသော်
ကိုဇေယျာသော်အပါအဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင် တို့ကို ပုဒ်မ ၆/၈၈ အရ ခွင့်ပြုချက်မရှိဘဲ အသင်းအဖွဲ့ ဖွဲစည်းမှုဖြင့် အာဏာပိုင်များက တရားစွဲဆို၍ ရုံးထုတ် ခြင်းဖြစ်ကြောင်း ယင်းအမှု အား အကျိုးဆောင်ပေးနေသူ ရှေ့နေ ဦးအောင်ကြီးက ပြောသည်။

“ပုဒ်မ ၆/၈၈ နဲ့ တရားစွဲထားပါတယ်၊ ၁၉၈၈ ခုနှစ်တုန်းက ထုတ်တဲ့ ခွင့်ပြုချက်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့တဲ့ အသင်း အဖွဲ့ဆိုင်ရာပုဒ်မပါ၊ ပြစ်မှု မြောက်တယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ကိုဇေယျာသော်တို့ ၆ ဦးအား မတ်လ ၁၂ ရက်နေ့ ညဦးပိုင်းတွင် ဗဟန်းမြို့နယ်ရှိ စားသောက်ဆိုင် တဆိုင်၌ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို အင်းစိန်ထောင် သီးသန့်ဆောင်တွင် ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကို ဖမ်းတဲ့ အချိန်တုန်း က သူတို့လက်ထဲမှာ ဘာ သက်သေ အထောက်အထားမှ ရမသွားပါဘူး၊ ဒါပေမယ့် မြန်မာငွေ ကျပ် တသောင်းလောက်တောင်မရှိတဲ့ နိုင်ငံခြားငွေ အကြွေတချို့ကို တွေ့သွားပါတယ်၊ အဲဒါကို တော့ အမှုတခု ဆင်နိုင်ပါ တယ်၊ အဲဒီ ပိုက်ဆံတွေက အမှတ်တရသိမ်းထားတာတွေပါ၊ မိသားစုကလည်း စိုးရိမ် ပူပန်နေ ပါတယ်”ဟု ကိုဇေယျာသော် ၏ အဒေါ် တော်စပ်သူ ရှေ့နေ ဒေါ်အေးအေးနိုင်က ပြောသည်။

ကိုဇေယျာသော်တို့အား ဗဟန်းတွင် ဖမ်းဆီးခဲ့သော်လည်း ဗဟန်းရဲစခန်းက လမ်းမတော် ရဲစခန်းသို့ လွှဲပြောင်း၍ လမ်းမတော်မြို့နယ် တရားရုံးတွင် ရုံးထုတ် အမှုစစ်ခြင်းဖြစ်ကြောင်းနှင့် ယခုစွဲဆိုထားသော အမှုသည် ပြစ်မှု မမြောက် ကြောင်းဆိုသည်ကို ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်ကြီးကပြောဆိုသည်။

“အစိုးရက တရားစွဲဆိုတာကို ကျနော်တို့က ပြစ်မှုမမြောက်ဘူးဆိုတဲ့အကြောင်း ကာကွယ်ရမှာပေါ့၊ ဒါပေမယ့် ရှေ့နေတဦး အနေနဲ့ အမှုအပေါ်မှာ သုံးသပ်ဖို့ဆိုတာက တရားလိုပြ သက်သေက ၁၁ ဦးလောက်ရှိတယ်၊ အဲဒါ အခုမှ စစ်နေတုန်းပါ”ဟု ဦးအောင်ကြီး ကဆိုသည်။

ယင်းအမှုအား ယနေ့ ရုံးထုတ်ရာတွင် တရားရုံးသို့ တရားလိုပြ အစိုးရသက်သေ ဗဟန်း ရယကက မလာရောက် နိုင်သော ကြောင့် အမှုကို လာမည့် ၂၇ ရက်နေ့သို့ ရုံးချိန်း ပြန်ချိန်းလိုက်သည်ဟု သိရသည်။

ကိုဇေယျာသော်နှင့် အတူ ဟစ်ပ်ဟော့ ဂီတအဖွဲ့ အက်ဆစ်အဖွဲ့ကို တည်ထောင်ခဲ့သည့် အဆိုတော် ရန်ရန်ချန်း ကိုလည်း ပြီးခဲ့သည့် ဧပြီလအတွင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ကိုဇေယျာသော်၊ ရန်ရန်ချန်း၊ အနဂ္ဃနှင့် ဟိန်းဇော် တို့သည် ၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အက်ဆစ်အဖွဲ့ကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်


လေဘေး အကူအညီ ပို့ဆောင်ရေး ရံပုံငွေ ပြတ်လပ်တော့မည်
20 June 2008

မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထုအတွက် စားနပ်ရိက္ခာတွေ အဓိကထောက်ပံ့နေပြီး သယ်ယူပို့ဆောင်ရေး အတွက်လည်း အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ WFP ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ဟာ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် ရန်ပုံငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါပြီ။ သယ်ယူပို့ဆောင်ရေးအတွက် WFP ကလိုအပ်တဲ့ ရန်ပုံငွေ စုစုပေါင်းရဲ့ တ၀က်ကျော်ကိုပဲ ခုချိန်ထိ ရထားသေးတာကြောင့် ရန်ပုံငွေအရေးပေါ်လိုအပ်နေတဲ့အကြောင်း WFP က ဒီကနေ့ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက်၊ ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထု ၂ ဒဿမ ၄ သန်းတို့အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အကူအညီပေး အဖွဲ့အစည်း ၅၀ လောက်တို့ရဲ့ အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေးဟာ ရဟတ်ယာဉ်တွေပေါ်မှာ မှီခိုနေရပါတယ်။ အခုတော့ ဒီရဟတ်ယာဉ်တွေအတွက်အပါအ၀င် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ရန်ပုံငွေတွေပြတ်လပ်နေတာကြောင့် ရန်ပုံငွေ အရေးပေါ်လိုအပ်နေတဲ့အကြောင်း WFP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီနေ့အချိန်ထိဆိုရင် စုစုပေါင်းလိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရဲ့ တ၀က်ကျော်လောက်ကိုပဲ ရသေးတယ်လို့ ဆိုပါတယ်။ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ခရစ္စ ကေး (Chris Kaye) က -
"ဒီနေ့ထိဆိုရင် ခန့်မှန်းခြေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၃ ဒဿမ ၅ သန်း လိုအပ်နေပါတယ်။"
ရထားပြီးသား ရန်ပုံငွေတွေထဲက အများစုဟာလည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဝေးလံ ခေါင်သီတဲ့နေရာတွေကို အရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေပေးပို့ရာမှာ အသုံးပြုဖို့ လှေအမျိုးမျိုးအတွက် အသုံးပြုခဲ့ရပြီးပါပြီ။
လက်ရှိလိုအပ်နေတဲ့ ရန်ပုံငွေပမာဏဟာ ရဟတ်ယာဉ်တွေအတွက် သက်သက်မဟုတ်ဘဲ သယ်ယူပို့ဆောင်ရေး ကဏ္ဍတခုလုံး အတွက် ဖြစ်ပါတယ်လို့ ခရစ္စကေးက ပြောပါတယ်။ ဒီထဲမှာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို စားနပ် ရိက္ခာတွေနဲ့ အကူအညီပစ္စည်းတွေ လူးလာခေါက်တုန့်သယ်ဆောင်နေတဲ့ လေယာဉ်တွေအတွက် စရိတ်လည်းပါဝင်ပါတယ်။ ရဟတ်ယာဉ်တွေဟာ အဓိကကျပေမယ့် တခြား သယ်ယူပို့ဆောင်ရေး ရေယာဉ်တွေလည်း ပါဝင်ပါတယ်လို့ ခရစ္စကေးက ပြောပြပါတယ်။
"ကျနော်တို့မှာ မြစ်တွင်းသွားလှေမျိုးစုံရှိပါတယ်။ ဒီယာဉ်တွေအကုန်လုံးဟာ လူသားဘေးဒုက္ခ ကူညီကယ်ဆယ်ရေးပစ္စည်း မက်ထရစ်တန် ၄၀၀၀ လောက်ကို သယ်ယူနိုင်တဲ့စွမ်းအင်ရှိကြပါတယ်။ ဒါဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ အရေးကြီးတယ် ဆိုတာ ထင်ရှားပါတယ်။ ဒီ သယ်ယူပို့ဆောင်နိုင်စွမ်းအားကို လပေါင်းအတော်ကြာတဲ့ထိ ကျနော်တို့ ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ်။"
ရဟတ်ယာဉ်တွေဟာ အဆိုးရွားဆုံးထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေမှာ နေထိုင်သူတွေဆီ ကူညီကယ်ဆယ်ရေးပစ္စည်း ပိုပြီးတော့ များများ ပေးပို့နိုင်စွမ်းရှိပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရဟတ်ယာဉ်တွေဟာ အပြင်းအထန် အလုပ်လုပ်ခဲ့ကြရတယ်လို့ ခရစ္စ ကေးကဆိုပါတယ်။ လုပ်ငန်းတွေထဲမှာ အကူအညီပစ္စည်းတွေ ပေးပို့တာသာမက ကုလသမဂ္ဂ၊ ASEAN နဲ့ မြန်မာအစိုးရတို့ ပူးတွဲလုပ်ဆောင်နေတဲ့ အပျက်အစီးနဲ့လိုအပ်ချက် တိုင်းတာစစ်ဆေးမှုကို ကူညီတာလည်းပါပါတယ်။
ဒါ့ကြောင့်လည်း ရန်ပုံငွေတွေ အမြန်ဆုံး ထည့်ဝင်လှူဒါန်းကြဖို့ WFP က မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။ တကယ်က တော့ WFP အနေနဲ့ ရင်ဆိုင်နေရတဲ့ပြဿနာတွေထဲမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍတခုထဲ သက်သက်မဟုတ်ပါဘူး။ ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ ဆန်အကူအညီဟာလည်း ပြတ်လပ်မယ့်အရေး ရင်ဆိုင်နေရတာပါ။ ဒါနဲ့ပတ်သက်ပြီး ခရစ္စ ကေးက "လက်ရှိအချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာကြီး ရင်ဆိုင်နေရပါတယ်။ ဇူလိုင်လလယ်ထိတော့ ဆန်အလုံအလောက် ဖြန့်ဖြူး ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းကျရင်တော့ စားနပ်ရိက္ခာထောက်ပံ့မှု ပြတ်လပ်တာနဲ့ ရင်ဆိုင်ရပါမယ်။ ဒါဟာ လက်ရှိအချိန်မှာ အင်မတန်ကြီးမားတဲ့ စိုးရိမ်ဖွယ်ကိစ္စပါ။" လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ္စ ကေးက ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာအာဏာပိုင်တွေက WFP ကို ပြည်ပကနေ ဆန်တင်သွင်းခွင့်ပြုထားပြီးပါပြီ။ ဒါပေမယ့် ဒီနေရာမှာလည်း ဆန်ဝယ်ရဖို့နဲ့ မြန်မာနိုင်ငံဆီ အချိန်မီ ပို့နိုင်ရေးဟာ ပြဿနာဖြစ်နေရသေးကြောင်းပါ။


အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော
20 June 2008
လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေး လက်နက် တခုသဖွယ် ပြုနေတယ်လို့ ဆိုပြီး ဒီလို အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က အစည်းအဝေး တက်ရောက်လာကြတဲ့ နိုင်ငံပေါင်း ၆၀ ကျော်က ရှုတ်ချလိုက်ပါတယ်။ ဒီလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိနေရာကို အမေရိကန် ပြည်ထောင်စုက ယူထားတာဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က လုံခြုံရေး ကောင်စီမှာပြုလုပ်တဲ့ ဒီအစည်းအဝေးအတွင်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Margaret Besheer သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေး လက်နက်တခုသဖွယ် အသုံးပြုနေတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးသင့်တဲ့ အကြောင်းအရာ ဟုတ်မဟုတ် နှစ်နဲ့ချီ အငြင်းပွားခဲ့ကြရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် က ဆိုပါတယ်။
"လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စဟာ လုံခြုံရေးအရ အမှန်တကယ် စိုးရိမ်စရာ ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂက အခု အသိအမှတ် ပြုလာပါပြီ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုကိုပဲ ထိခိုက်တာမဟုတ်ပါဘူး။ နိုင်ငံတခုရဲ့ စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်မှုတွေကို ဖြစ်စေပါတယ်။"
တရက်ကြာ အခြေအတင် ဆွေးနွေးမှု အပြီးမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်တရပ်ကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။
"အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အများသိအောင် ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်တရပ်ကို ဒီ ဆုံးဖြတ်ချက်ထဲမှာ ချမှတ်ခဲ့ကြပါတယ်။ အထူးသဖြင့် - ဒီ ဆုံးဖြတ်ချက်ကနေ လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေးလက်နက်သဖွယ် အသုံးပြုနေတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ ရရှိလာတဲ့ အချက်အလက်တွေကို လုံခြုံရေးကောင်စီမှာ ပုံမှန် တင်ပြသွားနိုင်တဲ့ လုပ်ငန်းစဉ်တရပ် ချမှတ်နိုင်ရေး ပြင်ဆင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း တောင်းဆိုထားပါတယ်။"
ကွန်ဂို သမ္မတ နိုင်ငံနဲ့ ဆူဒန်နိုင်ငံတွေလို ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာနဲ့ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီး ရိုက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ နောက် လစ်ဗျားနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ၀န်ထမ်းတချို့ကလည်း အမျိုးသမီးတွေကို ခေါင်းပုံဖြတ် အသုံးချမှုတွေ လုပ်နေတယ် ဆိုတဲ့ အစီရင်ခံစာတွေ ရှိတဲ့အကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။
ကုလသမဂ္ဂအနေနဲ့ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်နေပြီး သူ့ ၀န်ထမ်းတွေအနေနဲ့ ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရ ခေါင်းပုံဖြတ်အသုံးချတာကို လုံးဝ သည်းခံမှာမဟုတ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။
ပဋိပက္ခတွေကနေ လွန်မြောက်ပြီး ပြန်လည် တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ တချို့ လူ့အဖွဲ့အစည်းတွေမှာ ဆိုရင်လည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား အခြေအနေမှာ ရှိနေသေးသလို ဒီကိစ္စကို ထိပ်ဆုံးကထားပြီး ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဆက်ပြောသွားခဲ့ပါတယ်။
ဘောစနီးယား၊ ရ၀မ်ဒါ၊ ကမ်ဘောဒီးယား၊ ဟိတ်တီ၊ လစ်ဗျား နဲ့ ယူဂန်ဒါ စတဲ့ ကမ္ဘာတ၀ှမ်းက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတာနဲ့ပတ်သက်လို့ မှတ်တမ်းတွေ ရှိပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ မိသားစု၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ စွန့်ပယ်မှု ခံရတာတွေရှိသလို တချို့ကလည်း အိပ်ခ်ျအိုင်ဗွီ အိပ်စ် ရောဂါ ကူးစက်တာ ခံရသူတွေလည်း ရှိပါတယ်။
စစ်ပွဲဖြစ်ပွားတဲ့ ကာလတွေအတွင်းမှာ အမျိုးသမီးတွေဟာ အတင်းအဓမ္မ ပြုကျင့်ခံရတာတွေအပြင် အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခံရတာ၊ နောက် စားဝတ်နေရေး အတွက် သူတို့ရဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ရတာ စတာတွေနဲ့ ကြုံတွေ့ရလေ့သလို တချို့ အမျိုးသမီးငယ်တွေဆိုရင် ကလေးစစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းတာတွေလည်း ခံရလေ့ ရှိပါတယ်။
ဒီလို လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေးလက်နက်သဖွယ် အသုံးပြုနေတာတွေဟာ စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာလည်း ရှိနေတယ်လို့ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ သဘာပတိ အဖွဲ့ဝင်တယောက်လည်းဖြစ်၊ ပလောင်အမျိုးသမီးသမဂ္ဂ ကို ထူထောင်ခဲ့သူဖြစ်တဲ့ မလွေအေးနန်းက အခုလို ပြောပြပါတယ်။
"စစ်ပွဲတွေ ဖြစ်တဲ့နေရာမှာ၊ တိုက်ပွဲတွေ ဖြစ်တဲ့နေရာမှာ ကြည့်မယ်ဆိုလို့ရှိရင် ဥပမာ ကရင်ဒေသမှာ ရှိတဲ့ဟာတွေ၊ နောက်ပြီး ရှမ်းပြည်မှာ ဖြစ်နေတဲ့ဟာတွေ ရှိတယ်။ တိုင်းရင်းသူ အမျိုးသမီးတွေ အကုန်လုံး ခံနေရတာတွေ ရှိတယ်။ ဥပမာ ပြောမယ်ဆိုလို့ရှိရင် စစ်ပွဲထဲမှာ ဖြစ်နေတဲ့ဟာက အမျိုးသမီးတွေက စစ်ကြောင်းတကြောင်းက ၀င်လာပြီဆိုရင် တိုက်ပွဲတွေ ဖြစ်လာပြီဆိုလို့ရှိရင် အဲဒီမှာ ရှိနေတဲ့ အမျိုးသားတွေက အကုန်လုံး ထွက်ပြေးသွားတာမျိုးတွေ ရှိနေတယ်။ နောက်ပြီးတော့ ပေါ်တာဆွဲခံရလို့ ထွက်ပြေးရတဲ့ အမျိုးသားတွေ ရှိတယ်။ နောက်ဆုံး ကျန်တာက အဲဒီရွာထဲမှာ အမျိုးသားတွေ လိုက်ရှာမရလို့ အချိန်မှာ အမျိုးသမီးတွေက ဓါးစားခံ ဖြစ်လာတာပေါ့နော်။ အဲဒီမှာရှိတဲ့ အမျိုးသမီးတွေက အစုလိုက်အပြုံလိုက်လိုမျိုးပေါ့နော်။ မုဒိမ်းကျင့် ခံရတဲ့ဟာမျိုးတွေ ဖြစ်လာတာပေါ့နော်။ အဲဒါတွေကလည်း စစ်လက်နက်တခုအနေနဲ့ပေါ့နော် အဲဒီမှာရှိနေတဲ့ ရွာသားအမျိုးသားတွေကို လိုက်ရှာမတွေ့တော့တာနဲ့ ရန်သူတွေကို လိုက်ရှာမတွေ့တော့တာနဲ့ ကျန်နေခဲ့တဲ့ အမျိုးသမီးငယ်တွေကို၊ မိခင်တွေကို မုဒိန်းကျင့်တာတွေက ဒါတွေဟာ အမျိုးသမီးတွေကို စစ်လက်နက်သဖွယ် အသုံးပြုပြီးတော့ အကြမ်းဖက်နေတာမျိုးတွေ ဖြစ်တာပေါ့။"
ဟုတ်ကဲ့။ မြန်မာစစ်တပ်ဘက်က ကျူးလွန်တာတွေပေါ့နော်။ မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေဘက်မှာရော ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မရှိဘူးလားရှင့်။ -
"အဲဒါက ပြောရမယ်ဆိုရင် ကျမတို့ အတွေ့အကြုံရှိတာက ကျမတို့ ပလောင်မှာ Palaung State Liberation Army ဆိုတာ ရှိတယ်။ အခု ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းက အတင်းအဓမ္မ လက်နက်ချ ခံရတဲ့အဖွဲ့ ရှိတာပေါ့နော်။ ဒါကို ကြည့်မယ်ဆိုရင် သူတို့ကလည်း လက်နက်ကိုင်ဖြစ်တာပေါ့နော်။ သူတို့ကြားထဲမှာ ဒီလို ကိစ္စရပ်တွေဖြစ်လားလို့ ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ ဘက်လိုက်ပြီးတော့ ပြောတာမဟုတ်ပါဘူး။ ကိုယ့် ပလောင် မိုလို့ ဘက်လိုက်ပြီး ပြောတာမဟုတ်ဘူး။ ဒါတွေက မရှိနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ပလောင် လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာက ကျမတို့ ပလောင်ပြည်သူလူထုတွေက ဒီစစ်အာဏာရှင်တွေ၊ နအဖ စစ်တပ်ကနေ ထိုးစစ်ဆင်တဲ့နေရာမှာ ဒီမှာရှိတဲ့ ပြည်သူလူထုတွေကို ပလောင်လူထုတွေကို အကြမ်းဖက်နေတာတွေကို မတော်မတရားလုပ်နေတာတွေက ကာကွယ်ဖို့အတွက် ရပ်တည်နေတာဖြစ်တာကြောင့် ကျမတို့လူထုတွေကို ကာကွယ်တာမျိုး ဖြစ်တယ်။ တချို့နေရာဒေသတွေမှာဆိုရင် ကျမတို့ ဒီမှာရှိနေတဲ့ ပလောင်အမျိုးသမီးတွေက မုဒိမ်းကျင့်ခံရတာမျိုးဆိုလို့ရှိရင် သွားပြီးတော့ သူတို့တွေကိုယ်တိုင် လိုက်ပြီးတော့ ဒါတွေကို အကာအကွယ် ပေးနေတဲ့ အဆင့်မျိုးတွေ ရှိတာပေါ့နော်။ သူတို့ကြားထဲမှာ ဒါတွေကလည်း ဖြစ်လို့မရဘူး။ ဖြစ်လည်း မဖြစ်နေဘူး။ ရှိလည်း မရှိနေဘူးပေါ့။"
ပလောင်အမျိုးသမီးသမဂ္ဂက မလွေအေးနန်း ပြောပြခဲ့တာဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ
20 June 2008
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။မေ ၆၊ ၂၀၀၂။နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့် မွေးနေ့ပွဲကို အမေရိကန်နိုင်ငံ အောက်လွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေးကော်မတီမှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့ မြန်မာ့အရေး အားပေးထောက်ခံတဲ့ အမေရိကန် နိုင်ငံရေးလောကသားတချို့ စုဝေးပြီး မနေ့က ၀ါရှင်တန်ဒီစီမှာဂုဏ်ပြုကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
အမေရိကန် အောက်လွှတ်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားမှာ ထူးထူးခြားခြား တက်ရောက်ပြောဆိုခဲ့သူ တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တဦး ငှားရမ်းမှုကြောင့် ဒေါ်စုလွတ်မြောက်ရေး ရှေ့နေလိုက်ပေးနေတဲ့ အမေရိကန်အခြေစိုက် Freedom Now အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဂျဲရက် ဂျန်ဆာ ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင်တိုင် အရင်က ဖမ်းဆီးခဲ့တုန်းကလည်း ကုလသမဂ္ဂဘက်ကနေ ဒီလိုဖမ်းဆီးမှုတွေဟာ တရားမ၀င်တဲ့ ဖမ်းဆီးမှုတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အခုလိုဖမ်းဆီးထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး။ အဲဒါကြောင့် ဇွန်လ ၁၈ ရက်နေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကုလသမဂ္ဂဘက်ကနေ တရားဝင်နည်းလမ်းတွေနဲ့ အရေးပေါ် အရေးယူဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချက်တစောင် ကျနော်ပေးပို့ခဲ့ပါတယ်” လို့ ရှေ့နေ ဂျဲရက် ဂျန်ဆာက ပြောသွားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး အလီးနား နဂီးကလည်း မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့၊ အခုလိုဖမ်းဆီးထားတဲ့အတွက် မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချတဲ့အကြောင်း ကြေညာချက်တစောင် ထုတ်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။
“ဒီကနေ့ပဲ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ်မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး ဒေါ်စုလွတ်မြောက်ရေးအပြင် မြန်မာပြည်အတွက် ဒီမိုကရေစီ အပြောင်းအလဲ လုပ်ဆောင်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
အခမ်းအနားမှာ တက်ရောက်ပြောဆိုသူ နောက်တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲတော်သူ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဖြစ်ပါတယ်။ ဒေါ်စုလွတ်ခြင်း၊ မလွတ်ခြင်းနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဘယ်လောက်ဆက်စပ်မှုတွေ ရှိနေသလဲလို့ ဒေါက်တာစိန်ဝင်းကို မေးကြည့်ပါတယ်။
“နိုင်ငံရေးရေချိန်ကို ဒေါ်အောင်ဆန်းစုကြည် လွတ်မလွတ်၊ လွတ်တဲ့အခါမှာလည်း ဘယ်လိုစည်းကမ်းနဲ့လွတ်တယ်၊ မလွတ်ဘူး၊ စသည်အားဖြင့် ဒါတွေနဲ့ ချိန်ကိုက်လို့ရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို တနှစ်ဆက်တိုးတယ်။ ၂၀၀၃ ကနေစပြီး တရားမ၀င် ဖမ်းဆီးထားတယ်ဆိုတာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေ ဘယ်လောက်ဆိုးတယ်ဆိုတာ ရှင်းနေတာပါပဲ။”
အမေရိကန်နိုင်ငံ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး မစ္စတာ တီကူးမားကလည်း ဒေါ်စုရဲ့မွေးနေ့ဟာ ခါးသီးတဲ့ ချိုမြိန်မှုတခုလို့ ဆိုပါတယ်။
“ဒီနေ့ဟာ ကျနော်တို့အားလုံးအတွက် ခါးသီးတဲ့ချိုမြိန်မှုတခုကို ခံစားရတဲ့နေ့ပါပဲ။ မြန်မာပြည်သူတရပ်လုံးနဲ့အတူ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်ထိ တိုင်းပြည်ထဲမှာ အကျဉ်းချခံနေရတုန်းပါ” လို့ မစ္စတာ တီကူးမားက ပြောသွားခဲ့ပါတယ်။
မွေးနေ့ပွဲမှာ မြန်မာ့အရေး ထောက်ခံကြတဲ့ အမေရိကန် နိုင်ငံရေးလောကသားတွေအပြင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာအမျိုးသမီးငယ်လေး တဦးလည်း ပါဝင်ပါတယ်။
“အန်တီစုမွေးနေ့နဲ့ ပတ်သက်ပြီးတော့ တခါမှ မကျင်းပဖူးပါဘူး။ ဒါပေမယ့် သတင်းတွေ၊ ဆောင်းပါးတွေကြည့်တဲ့အခါ မျက်ရည်ကျပြီး စိတ်ထဲမှာ အရမ်းခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ မိန်းမတယောက်အနေနဲ့ ဒီလို နိုင်ငံရေးစိတ်ဓာတ် အရမ်းပြင်းပြတယ်ဆိုတာ မြန်မာပြည်သူတွေအတွက် သတင်းကောင်းတခုပါပဲ။ အမျိုးသမီးတွေအတွက်လည်း ရှေ့ဆောင်ပြနေပါတယ်။ ငါတို့နိုင်ငံမှာ ယောက်ျားမှမဟုတ်ဘူး၊အမျိုးသမီးတွေလည်း တိုက်ခိုက်ဖို့အတွက် အားအင်တခုဖြစ်လာတယ်။
“သမီးတို့လူငယ်တွေအနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး မြန်မာပြည်ထဲမှာ ဂဃနဏ မသိရဘူး။ ဒီလို ပြည်ပကိုရောက်လာတဲ့အခါ ပိုပြီးတော့ ကိုယ့်နိုင်ငံသားထက် တခြား ပြည်ပနိုင်ငံက လူတွေကပါ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့သိပြီး အားပေးတော့ ကိုယ့်မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျနေရာကလွတ်အောင် ဘယ်လိုအားပေးကူညီ လုပ်ဆောင်ရမယ်ဆိုတာ သူ့အလိုလို သွေးထဲကနေ စကားပြောလာတယ်။ အဲဒီအတွက် သမီးတို့ပြည်ပက လူတွေအနေနဲ့ ပြည်တွင်းကလူတွေ လွတ်မြောက်အောင် တနည်းနည်းနဲ့ ကယ်တင်မယ်ဆိုပြီး စိတ်ထဲမှာဖြစ်လာပါတယ်။”
တိုက်တိုက်ဆိုင်ဆိုင်ပဲ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဟာ သူ့လိုပဲ အကျဉ်းချခံထားရတဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရရဲ့ ၂၈ နှစ်မြောက်မွေးနေ့နဲ့ တိုက်ဆိုင်နေတဲ့အကြောင်း အခမ်းအနားကို ဦးစီးကျင်းပခဲ့တဲ့ US Campaign for Burma အဖွဲ့က ဂျနီဖာ ၀င်ဂလီကလည်း ပြောသွားခဲ့ပါတယ်။
မွေးနေ့တွေတော်တော်များများကို အကျဉ်းချခံပြီး ဖြတ်ကျော်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပျော်ရွှင်ဖို့မကောင်းတဲ့ မွေးနေ့ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပျော်ရွှင်ပါစေလို့ ဆုတောင်းကြမယ့်အစား ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေလို့ပဲ ဆန္ဒပြု ဆုတောင်းကြတာကို တွေ့ခဲ့ရပါတယ်။မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး
20 June 2008
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်။ဇွန် ၁၈၊ ၂၀၀၈။မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတရပ်ကို ကျင်းပရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒီပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒီပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေအပေါ် ရက်စက်ရမ်းကားမှုတွေ ရှိနေတာကို အခုလို ဥပမာပေး ပြောသွားပါတယ်။
“ကျမတို့အားလုံး သိနေပြီးသားပါ။ ဒီကနေ့ ကမ္ဘာ့နေရာအချို့မှာ အမျိုးသမီးတွေအပေါ် မယုံနိုင်စရာ ရက်စက်ရမ်းကားမှုတွေ ရှိနေပါတယ်။ ဥပမာ မြန်မာနိုင်ငံကိုကြည့်ပါ၊ စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ အသက် ၈ နှစ်လောက်ပဲရှိတဲ့ မိန်းကလေးငယ်တွေကိုတောင်မှ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုတာတွေ မပြတ်ကျူးလွန်နေပါတယ်။”
ဒါ့အပြင် အခုလို ကမ္ဘာအနှံ့က လွတ်မြောက်ရေးတိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို ပြောကြမယ်၊ ဆွေးနွေးကြမယ်ဆိုရင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေ့ထားလို့မရဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က အခုလို ပြောသွားပါတယ်။
“မြန်မာနိုင်ငံက ၀မ်းနည်းကြေကွဲစရာ အဖြစ်အပျက်တခုကိုလည်း ပြောရပါမယ်။ မြန်မာနိုင်ငံမှာ ရွေးချယ်ခံ အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရခေါင်းဆောင် ဖြစ်ရမယ့်အစား ဒီကနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာနေအိမ်မှာ အကျယ်ချုပ်ခံထားရပါတယ်။ အကြမ်းဖက်မှုတွေ ရှိနေတဲ့နေရာက လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ အမျိုးသမီးလှုပ်ရှားသူ အခြေအနေကို ကျမတို့ ဆန်းစစ်ကြတဲ့နေရာမှာ ဒီအချက်ကိုလည်း မေ့ထားလို့မရပါဘူး။”
ဒါကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ အင်္ဂလန်နိုင်ငံက ကိုယ်စားလှယ်ဖြစ်တဲ့ ပက်ထရစ်ရှာ စကော့တ်လန် (PATRICIA SCOTLAND) ကလည်း အကြမ်းဖက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးထုရဲ့ အခြေအနေကိုလည်း သတိရစရာ ဖြစ်မိတယ်လို့ ပြောသွားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အကြောင်း နည်းနည်းပြောချင်ပါတယ်။ ဒီကနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နောက်ထပ် မွေးနေ့ ကျင်းပရပြန်ပါပြီ။ မြန်မာနိုင်ငံသားတွေဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်အစိုးရလက်အောက်မှာနစ်နာခံစားခဲ့ကြရပါတယ်။ ဒီကနေ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေကို အခု ပြောဆိုဆွေးနွေးကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို သတိရစရာ ဖြစ်လာပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရကြောင့်ဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေ၊ ဖိနှိပ်မှုတွေမှာ ခါးစည်းခံကြရတဲ့ မြန်မာနိုင်ငံက သာမန်အမျိုးသမီးတွေကိုလည်း ကျမ သတိရမိပါတယ်။”
အခု ဒီဆွေးနွေးပွဲ ကျင်းပခဲ့တဲ့အချိန်မှာဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ချမှတ်နိုင်ခဲ့တာ ၈ နှစ်ပြည့်အချိန် ကျင်းပခဲ့တာပါ။ အခုလို ဒီဆုံးဖြတ်ချက်ချပြီး ၈ နှစ်အကြာ ကမ္ဘာအနှံ့ စစ်မက်ဖြစ်ပွားတဲ့နေရာတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို ပြန်ပြီး သုံးသပ်ဆွေးနွေးခဲ့ကြတာပါ။ ဒီပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်လည်း တက်ရောက်ပြီး ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့အတွက် ပိုပြီး အားစိုက်လုပ်ကြဖို့လိုတယ်လို့ ပြောဆိုသွားပါတယ်။


မြောင်းမြဆန် ပခုက္ကူတင်ခွင့်ပိတ်
NEJ/ ၂၀ ဇွန် ၂၀၀၈


ဧရာဝတီတိုင်း ဆန်ဖူလုံရေး ရည်ရွယ်ပြီး မြောင်းမြကတဆင့် ပခုက္ကူသို့ ရေလမ်းခရီးမှ ဆန်တင်ပို့ခွင့် ရပ်ဆိုင်းလိုက်ကြောင်း မြောင်းမြမြို့ခံ ဆန်ကုန်သည်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တနင်္လာနေ့က ဆန်ကုန်သည်တွေနဲ့ ခရိုင်အာဏာပိုင်အဖွဲ့ တွေ့တယ်။ အဲဒီမှာ
ဧရာဝတီတိုင်းအတွင်း ဆန်ဖူလုံရေးအတွက် ပခုက္ကူဘက်ကို ဆန်တင်နေတာတွေ ရပ်ခိုင်းတယ်။ ရန်ကုန်ကို တင်နေတာတွေကိုတော့ ဆက်ပြီး ခွင့်ပြုထားသေးတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း မြောင်းမြမြို့သည် ပြီးခဲ့သည့် မေ (၂) ရက်နှင့် (၃) ရက်နေ့တို့တွင် တိုက်ခဲ့သည့် လေမုန်တိုင်းဒဏ် အနည်းငယ်သာ ခံရသည့်မြို့ဖြစ်သည်။ လောလောဆယ် ဧရာဝတီတိုင်းအတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများ၊ ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဒဏ်သင့် မြို့နယ်များ အတွက် မျိုးစပါးလိုအပ်နေသူများသည် မြောင်းမြမြို့မှ ဆန်နှင့်စပါးများကိုသာ အဓိကထား
ဝယ်ယူနေကြကြောင်း၊ ထို့အပြင် ပိုလျံသည့် ကြိတ်ခွဲပြီး ဆန်များကိုလည်း ရန်ကုန်ဈေးကွက်နှင့် မကွေးတိုင်း ပခုက္ကူမြို့သို့ ဆက်လက်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဆန်ဈေးကွက်ဖြစ်ထွန်းရာ မြို့တမြို့ဖြစ်ပြီး မြန်မာပြည် အောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းမှ ဆန်များ ပခုက္ကူဈေးကွက်ကို ရောက်ရှိကာ ပခုက္ကူမှတဆင့် အခြားဒေသအသီးသီးကို သယ်ပို့ရောင်းဝယ်ဖောက်ကားကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် စပါးအထွက် တင်းသန်းပေါင်း (၁,၄၀၀) ကျော်ရှိပြီး ဧရာဝတီတိုင်းမှ တင်းသန်း (၄၃၀) ထွက်သည်။ တနည်းဆိုရလျင် မနှစ်က ဧရာဝတီတိုင်း စပါးအထွက်နှုန်းသည် တပြည်လုံး၏ (၃၀) ရာနှုန်းရှိသည်။

ဇွန်လ (၁၀) ရက်နေ့ ကုလသမဂ္ဂ၊ အာစီယံ၊ မြန်မာအစိုးရ သုံးပွင့်ဆိုင် အစည်းဝေးတွင် ၀န်ကြီး ဦးစိုးသာက မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ဧကသည် တနိုင်ငံလုံး၏ (၁) ရာခိုင်နှုန်း မပြည့်ကြောင်း၊ ဆန်စပါးပျက်စီးမှုသည်လည်း တပြည်လုံးအထွက်၏ (၂.၃) ရာခိုင်နှုန်းသာရှိ၍ မပူပင်ရကြောင်း ပြောသည်။ သို့သော် မုန်တိုင်းကြောင့် စပါးစိုက်ဧက ပျက်နှုန်းသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွင် တနိုင်ငံလုံးစိုက်ဧက၏ (၃၇) ရာနှုန်းရှိသည်ဟု ကမ္ဘာ့စားနပ်ရိကာအဖွဲ့ FAO က ပြောသည်။ မုန်တိုင်းထိ ပြည်နယ်တိုင်း (၄) ခုရှိ စပါးအပျက်နှုန်းသည် တနိုင်ငံလုံးစိုက်ဧက၏
(၆၀) ရာနှုန်းရှိသည်ဟု အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်း မုန်တိုင်းလွတ်ခဲ့သည့် မြို့များမှ ဆန်စပါးများသည် လာမည့် သြဂုတ်လအထိသာ လုံလောက်မည်ဖြစ်ပြီး သြဂုတ်လကျော်သည်နှင့် အခြားပြည်နယ်နှင့် တိုင်းတို့က ဧရာဝတီတိုင်းသို့ ဆန်ပြန်လည်တင်ပို့ ထောက်ပံ့ရမည်ဖြစ်ကြောင်း မြောင်းမြနှင့်ရန်ကုန်ရှိ ဆန်ကုန်သည်များက ခန့်မှန်းထားသည်။ ။



ဧရာဝတီတိုင်းလေဘေး ထောက်ပံ့ပစ္စည်းများ စစ်တပ်ထဲရောက်
NEJ/ ၂၀ ဇွန် ၂၀၀၈


လေဘေးသင့်သူများအတွက် နိုင်ငံတကာမှထောက်ပံ့သည့် Shelter Box နှင့် အခြားစားစရာ အသုံးအဆောင်များ တပ်တွင်းရောက်ရှိလာပြီး အရာရှိမိသားစုများနှင့် အခြားအိမ်ထောင်သည် မိသားစုများ ခွဲဝေယူကြကြောင်း ပုသိမ်အခြေစိုက် ခလရ (၃၈) မှ အိမ်ထောင်သည် အမျိုးသမီး တဦးက ပြောသည်။

၎င်းက “ကျမတို့ တပ်ထဲကို Shelter Box နဲ့ ရွက်ဖျင်တဲတွေ၊ နိုင်ငံခြားက လေဘေးအတွက်လှူတဲ့ အစားအသောက်တွေ ရောက်လာတယ်၊ ဘယ်လိုရောက်လာသလဲတော့ မသိဘူး။ Shelter Box နဲ့ ရွက်ဖျင်တဲ အကောင်းစားတွေကိုတော့ အရာရှိတွေ ခွဲဝေယူကြတယ်၊ ပိုပေမယ့် အခြားအရာခံဗိုလ်၊ အကြပ်တွေကိုတောင် ခွဲမပေးဘဲ ထောက်ပံ့ရေးဂိုဒေါင်ထဲမှာပဲ သိမ်းထားလိုက်တယ်။ သူတို့ရတဲ့ သေတ္တာတွေထဲမှာ တန်ဖိုးရှိတဲ့ လက်သမားနဲ့ အိမ်ဆောက်သုံး ကိရိယာတန်ဆာပလာတွေပါတယ်။ အခြားအဆင့်တွေကိုကျတော့ ခြင်ထောင်၊ အ၀တ်အထည်နဲ့ အစားအသောက်တွေကို ခွဲပေးတာ၊ တချို့ မဲဖောက်ပေးတာ လုပ်တယ်။ ဒါပေမယ့် အဝေမတည့်တော့၊ မမျှတတော့ ကျမတို့ချင်း စကားများကြတယ်။ ဘယ်လိုရသလဲဆိုတာတော့ မသိဘူး” ဟု ပြောသည်။

အဆိုပါပစ္စည်းများ ခွဲဝေပေးစဉ်၌ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများက တဆင့်ပြန်လည်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် ပြုလုပ်သည်ကို တွေ့ရှိပါက ကြီးလေးသည့် ပြစ်ဒဏ်နှင့် အရေးယူခြင်းခံရ မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အသုံးအဆောင်ပစ္စည်း၊ အစားအသောက်များကို ဝေငှပေးခြင်းလည်း အပြင်တွင် လုံးဝပြောဆိုခြင်းမပြုရန် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားကြောင်း အဆိုပါ အိမ်ထောင် သည်အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က တပ်ရင်းအရာရှိတဦးထံ ညအိပ်သွားရောက်လည်ပတ်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသူတဦးက ၎င်းတည်းခိုသည့် အရာရှိမိသားစုနေအိမ်၌ အဆိုပါ Shelter Box နှင့် ရွက်ဖျင်တဲကို မြင်တွေ့ခဲ့ရကြောင်း ပြောသည်။

နာဂစ်လေမုန်တိုင်းဘေးဒဏ် ခံရသူများကို နိုင်ငံတကာက ပေးအပ်သည့် အကူအညီများအနက် အချို့မှာ စစ်အစိုးလက်ထဲ တိုက်ရိုက်ပေးအပ်လိုက်ရသည့်အတွက် စစ်အစိုးရကသာ အပြည့်အဝ
ချုပ်ကိုင်ဖြန့်ဝေခြင်းရှိသကဲ့သို့ ငွေကြေးအချို့နှင့် ပစ္စည်းများကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတဆင့် လက်ခံရယူ ဖြန့်ဖြူးပေးနေခြင်းလည်းရှိသည်။

မုန်တိုင်းဒဏ်ခံ ဒေသများရှိ ပြည်သူများကမူ အစိုးရဖြန့်ဖြူးသည့် ပစ္စည်းနှင့် အစားအသောက်များ ထဲတွင် နိုင်ငံခြားက ကူညီလှူဒါန်းသည့် အစားအသောက်နှင့် ပစ္စည်းများ လက်ခံရခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။

စစ်အစိုးရလက်ထဲ ငွေနှင့်ပစ္စည်းများ အပ်နှံလိုက်သည့်အခါတွင် နိုင်ငံတကာ အလှူရှင်များ အနေ ဖြင့် မည်သည့်နေ့ရက်၊ မည်သည့်နေရာ၌ မည်သူများကို မည်မျှဖြန့်ဖြူးခဲ့ကြောင်း အချက်အလက် အတိအကျတောင်းပြီး ပစ္စည်းများ အမှန်တကယ် ရောက်မရောက် လွတ်လပ်သည့် အဖွဲ့အစည်း များ ဖွဲ့စည်းစုံစမ်းခိုင်းသင့်ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာများက သုံးသပ်ပြောဆိုကြသည်။



မုဒိမ်းကျင့်မှုကို လက်နက်အဖြစ်ဆက်လက်အသုံးပြုပါက အရေးယူရန်
WLB တောင်းဆို
ပီတာအောင်/ ၂၀ ဇွန် ၂၀၀၈


အမျိုးသမီးများအား အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ်အသုံးပြုနေမှုအား ရပ်တန့်ကြရန် ယမန်နေ့က ကုလမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဒဗလျူအယ်လ်ဘီက ကြိုဆိုလိုက်ပြီး မလိုက်နာသူများကို အရေးယူရန် တောင်းဆိုသည်။

ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမျိုးသမီး၊ ငြိမ်းချမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို တနေ့တာ ဆွေးနွေးငြင်းခုန်ကြပြီးနောက် အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ သဘော တူညီချက်ဖြင့် အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် အသုံးမပြုရေး ဆုံးဖြတ်ချက်ကို ချမှတ် ခြင်းဖြစ်သည်။

ဒဗလျူအယ်လ်ဘီ အထွေထွေအတွင်းရေးမှူး မနန်းယဉ်က “ ဒီဆုံးဖြတ်ချက်အပေါ် ကျမတို့က လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ဒါဟာ မြန်မာပြည်မှာတင်မဟုတ်ဘူး၊ ကမ္ဘာ့နိုင်ငံအရပ်ရပ် ဘယ် နေရာမှာပဲဖြစ်ဖြစ် ဒီကိစ္စမျိုးဟာ လုံးဝမပြုလုပ်သင့်တဲ့ဟာ ဖြစ်တဲ့အတွက် ရှိသင့်တဲ့ ဆုံးဖြတ်ချက် တခုဖြစ်တယ်။ တကယ်လို့ လက်ရှိ နအဖ စစ်အုပ်စုက ဒါကို မလိုက်နာဘူးဆိုရင် အရေးယူ ဆောင်ရွက်မှုတွေ နည်းလမ်းရှာပြီးပြုလုပ်ဖို့ ကျမတို့တောင်းဆိုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ တိုင်းရင်းသားနယ်မြေများတွင် နအဖစစ်တပ်၏ အဓမ္မပြုကျင့်မှုများ ဆက်လက်ရှိနေ ဆဲဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အနိုင်မတိုက်နိုင်သဖြင့် ၎င်းတို့နှင့်ပတ်သက် သည့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ကာ အနိုင်ယူခြင်းဖြစ်ကြောင်း၊ နအဖစစ်တပ်ကျူးလွန်ခဲ့သည့် အဓမ္မပြုကျင့်မှုပေါင်း (၅၀၀) ခန့်ကို ရှမ်း၊ ကရင်၊ ချင်း စသည့် အမျိုးသမီးအဖွဲ့များက အထောက်အထားခိုင်လုံစွာ ပြုစုထားပြီးဖြစ်ကြောင်း ဒဘလျူအယ်လ်ဘီက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်ကလည်း “ဒီကနေ့ ကမ္ဘာ့နေရာအချို့မှာ အမျိုးသမီးတွေအပေါ် မယုံနိုင်လောက်အောင် ရက်စက်ရမ်းကားမှုတွေ ရှိနေပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ (၈) နှစ်အရွယ် မိန်းကလေးငယ်တွေ ကိုတောင်မှ အဓမ္မပြုကျင့်တာတွေ မှန်မှန်လုပ်နေတယ်” ဟု ယမန်နေ့က လုံခြုံရေးကောင်စီ၌ ပြောကြားသည်။

အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ပြောမပြနိုင်လောက်သည့် ပမာဏအတိုင်း အတာထိ အနှံ့အပြားဖြစ်ပွားနေကြောင်းနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် ကျရောက် နေသည့် အသံတိတ်စစ်ပွဲကို တားဆီးကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်း ဆိုသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခများတွင် အစဉ်အမြဲ ပစ်မှတ်ထားခံနေရ ကြောင်း၊ အရှက်ရစေရန်၊ စိုးမိုးခြယ်လှယ်ရန်၊ ကြောက်ရွံ့စေရန်နှင့် တိုင်းရင်းသားအုပ်စုများအား အတင်းအကျပ်လူစုခွဲ နေရာရွှေ့ပြောင်းရန်တို့အတွက် စစ်လက်နက်အဖြစ် အသုံးပြုနေသည်ဟု လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ပြောသည်။

မနန်းယဉ်က “ဒီဟာတွေဟာ စစ်ပွဲတွေရဲ့အနိဋ္ဌာရုံတွေဖြစ်တယ်။ ဒီလိုအဖြစ်အပျက်တွေ ဆက်ရှိနေ သေးသရွေ့ လူတွေရဲ့မကျေနပ်မှုတွေ ဆက်ဖြစ်နေမယ်။ ပြည်တွင်းစစ်ဆိုတာကလည်း ဆက်ပြီးရှိ နေအုန်းမယ်။ စစ်ပွဲရှိနေသရွေ့ နိုင်ငံတနိုင်ငံ နယ်မြေတနေရာက မလုံခြုံမှုဖြစ်နေမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေကို မလုံခြုံမှုတွေဟာ ဆက်ပြီးကူးစက်မှာပဲ။ သက်ဆိုင်ရာဒေသတခုလုံးကို ပြန့်လာပြီး တိုင်းပြည်တွေရဲ့တည်ငြိမ်ငြိမ်းချမ်းမှုကို ထိခိုက်ပျက်ပြားစေမယ်” ဟု ပြောသည်။

ကမ္ဘာတ၀န်းလုံးရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အားလုံးအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ကြရန်နှင့် စစ်တပ်ကို သင်တန်းများပေးခြင်း၊ စစ်စည်းကမ်း များတွင်ထည့်သွင်းခြင်းတို့ ပြုလုပ်ကြရန် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၌ တောင်းဆိုထားသည်။



မြန်မာဆိုင်ကလုန်းဒုက္ခသည်များအတွက်
အမေရိကန်မှ ထပ်ဆောင်းထောက်ပံ့
Asian Tribune/၂၀ ဇွန် ၂၀၀၈


မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (USAID) မှ လူသားချင်းစာနာမှုအထောက်အပံ့ မက်ထရစ်တန်ချိန် (၂,၆၄၉) တန် ပေးပို့ထားခဲ့ပြီးနောက် ထောက်ပံ့ပို့ဆောင်ရေးများ လုပ်ဆောင်နေသည့် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့(WFP) ကို အမေရိကန်ဒေါ်လာ (၃) သန်း ထပ်ဆောင်း ထောက်ပံ့ ပေးမည်ဖြစ်သည်။

မြန်မာပြည်တွင်း ထောက်ပံ့ပို့ဆောင်ရေးအတွက် USAID မှ ယနေ့အချိန်အထိ WFP ကို ထောက်ပံ့ ပေးထားသည်မှာ စုစုပေါင်း ဒေါ်လာ (၄) သန်းရှိပြီဖြစ်သည်။

WFP သည် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ထောက်ပံ့မှုများကို ကုလသမဂ္ဂပူးပေါင်းပါဝင်သည့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဖြစ် မြန်မာပြည်သူများအား ကယ်ဆယ်ရေး ထောက်ပံ့
မှုများ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ ထိုထောက်ပံ့ပို့ဆောင်ရေးအတွက် WFP က ထောက်ပံ့ပို့ ဆောင်ရေးစခန်း (၅) ခု အခြေစိုက်ထားပြီးနောက် ထိုစခန်းများမှ မုန်တိုင်းထိခိုက်ရာနေရာများသို့ ရေပေါ်လျှပ်ပြေးယာဉ်၊ လှေငယ်၊ ထရပ်ကား၊ ရဟတ်ယာဉ်များ စသည်တို့ဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ စားရေရိက္ခာများ ဖြန့်ဖြူးပေးနေသည်။

“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အသိုင်းအ၀န်းအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့အတွက် ထောက်ပံ့ပို့ဆောင်ရေးတွေမှာ WFP ကိုပဲ အားထားနေကြရတယ်။
WFP ရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ချက်တွေမှာ အများကြီးလိုအပ်နေတဲ့ ထပ်ဆောင်းထောက်ပံ့ မှုတွေ လုပ်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု USAID စီမံခန့်ခွဲမှူး ဟင်နရီတာဖိုးက ပြောသည်။

ယနေ့အထိ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး အရေးပေါ်ထောက်ပံ့မှုများအတွက် USAID မှ မြန်မာ နိုင်ငံသို့ ထောက်ပံ့ပေးခဲ့သည်မှာ စုစုပေါင်း ဒေါ်လာ (၃၁.၄) သန်း ရှိသွားပြီဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးထားသည့် ဒေါ်လာ (၉.၅) သန်းနှင့်ဆိုလျှင် အမေရိကန် အစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ထားမှုမှာ စုစုပေါင်း ဒေါ်လာ (၄၀.၉) သန်း ရှိသွားပြီ ဖြစ်သည်။ ။



သူပုန်တပ်ဖွဲ့ဝင်များနှင့်ပေါင်းစည်းရေး နီပေါတွင်သဘောတူညီမှုရရှိ
DPA / ၂၀ ဇွန် ၂၀၀၈


နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) မှ တပ်ဖွဲ့ဝင်ဟောင်းများကို နိုင်ငံတော်၏ တပ်မတော်နှင့် အခြား လုံခြုံရေးအဖွဲ့များအတွင်းသို့ ပေါင်းစပ်ဖွဲ့စည်းရန် ပါတီကြီး (၃) ခုအကြား ယမန်နေ့၌ သဘော တူညီမှုရခဲ့သည်။

အစိုးရအသစ်ဖွဲ့စည်းရာတွင် အတားအဆီးဖြစ်နေသော ကွဲလွဲနေမှုများကို အဆုံးသတ်သွား စေသည့် အဆိုပါသဘောတူညီချက်သည် နီပေါကွန်ဂရက် အဆင့်မြင့်အရာရှိများ၊ နီပေါ ကွန်မြူနစ်ပါတီ (မော်ဝါဒီ) နှင့် နီပေါကွန်မြူနစ်ပါတီ(မာ့က်စ်-လီနင်) တို့အကြား ဆွေးနွေးပွဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

သဘောတူညီချက်အရ မော်ဝါဒီ သူပုန်တပ်ဖွဲ့ဝင်ဟောင်းများအနေဖြင့် နီပေါတပ်မတော်၏
တပ်ဖွဲ့ဝင်အသစ် ရွေးချယ်ရေး စံထားချက်များနှင့် ကိုက်ညီစေရန် စာတွေ့နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကို လက်ခံရမည်ဖြစ်သည်။

“တပ်မတော်အတွင်းက အမြဲတမ်းတိုက်ခိုက်ရေးသမားနဲ့ အရန်လက်နက်ကိုင်တပ်ဖွဲ့ ဒါမှမဟုတ် ရဲတပ်ဖွဲ့ကို ပေါင်းစပ်ဖွဲ့စည်းဖို့အတွက် တဦးချင်းရဲ့ စွမ်းရည်ပေါ်မှာ မူတည်မှာဖြစ်ပြီးတော့ ဒီရွေး ချယ်ခန့်အပ်မှုဟာ လာမယ့် (၃) လအတွင်း ပြီးစီးသွားမှာ ဖြစ်ပါတယ်” ဟု နီပေါကွန်ဂရက် အကြီး အကဲ ရမ်ဘရန်ယာဒဗ်က ပြောသည်။

အဆိုပါ စံသတ်မှတ်ချက်များနှင့် မညီညွတ်သူများကိုမူ အသက်မွေးဝမ်းကျောင်း သင်တန်းများ ပေး၍ နိုင်ငံခြား၌ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန် အစိုးရက နည်းလမ်းများ စီစဉ်ပေးမည် ဖြစ်ကြောင်းလည်း မစ္စတာယာဒဗ်က ပြောသည်။

ယခုသဘောတူညီမှုသည် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို တပ်မတော်အတွင်းသို့ ထည့်သွင်း ပေးရန် အလေးအနက်တိုက်တွန်းနေသော မော်ဝါဒီများအတွက် အရေးကြီးသည့် အခွင့်အလမ်း တခုပင်ဖြစ်သည်။

ယခုလ အစောပိုင်း၌ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရပ်မန်ဂါ့တ် ကတ်တူဝါးလ်က နိုင်ငံရေး အရ တရားသေမဆန်သူများကိုသာ ၎င်း၏တပ်အတွင်း ၀င်ရောက်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ရွေးချယ်ခန့်အပ်မှုသည် တဦးချင်း စွမ်းရည်ပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

အဆိုပါ ပြောကြားချက်ကြောင့် မော်ဝါဒီများနှင့် ရရှိထားသော (၁) နှစ်ခွဲကြာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုဖြစ်စေခဲ့ပြီး အစိုးရအသစ်ဖွဲ့စည်းရေးကိုလည်း အတားအဆီး ဖြစ်စေခဲ့သည်။

(၁၀) စုနှစ်နှင့်ချီ၍ လက်နက်ကိုင်တိုက်ပွဲဆင်နေသော မော်ဝါဒီသူပုန်များနှင့် အစိုးရအကြား ငြိမ်းချမ်းရေး သဘောတူပြီးနောက် အင်အား (၃၁,၀၀၀) ကျော်ရှိသော မော်ဝါဒီတပ်ဖွဲ့ဝင်များအား နိုင်ငံတ၀န်းရှိ စခန်းကြီး (၇) ခုနှင့် တိုးချဲ့စခန်း (၂၁) ခုတွင် ယာယီနေရာချထား၍ ၎င်းတို့၏ လက်နက်များကို ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်တွင် ထားရှိသည်။

သို့သော် အဆိုပါတပ်ဖွဲ့ဝင်များအတွင်း ကလေးစစ်သားများရှိမရှိ ကုလသမဂ္ဂက စစ်ဆေး အတည် ပြုမှုများပြုလုပ်နေပြီး ဒုတိယအကြိမ်မြောက် စစ်ဆေးပြီးနောက် အင်အား (၁၉,၆၀၂) ဦးသည် စစ်ဆေးမှုအတွင်း ကလေးစစ်သားအဖြစ်မှ ကင်းလွတ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

(၁၀) စုနှစ်ချီ ဖြစ်ပွားခဲ့သော မော်ဝါဒီကွန်မြူနစ်သူပုန်ထမှုကြောင့် နီပေါနိုင်ငံတွင် လူပေါင်း (၁၄,၀၀၀) ခန့်သေဆုံးခဲ့ပြီး သူပုန်များက နိုင်ငံ၏ (၇၅) ရာခိုင်နှုန်းအား ထိန်းချုပ်နိုင်ခဲ့သည်။




Major power struggle continued to cause more generals out

Saturday, June 21, 2008
Rangoon Observer: Major power struggle continued to cause more generals out
Sources close to the regime said that there would be more unusual results from the regime tomorrow or on Sunday.
Unconfirmed news broke out five generals who headed Bureau of Special Operations (1,2,3,4) and official training school head position have been replaced. Rangoon military commander general Hla Htay Win was also transferred to inactive post.
It seems to be a power struggle that may not lead to the new concept of army, but this is very unusual, one of military observers said. Senior general may prepare for 2010 election after he secured the referendum result, he continued.
Since 2001, there have no major reshuffle at the top generals’ positions. However, senior level generals normally leave their post after they have enough fortune and well established the businesses; this is common practice of the head of the military and SPDC.
But this time might have be a different circumstance, a strong pressure from vice senior general Maung Aye’s group and finally Than Shwe has to do with about Nargis handling and other interest.
Pro-regime sources said senior general was innocent in terms of his men informed him with fake numbers and military was able to control the situation few days after Nargis destroyed and he was embarrassed when UN chief alarmed him more than hundred thousands were killed by storm and millions became homeless. However, one of the former regime close associates stressed that senior general normally watches news from CNN and CCTV and he is able to know the reality, this is unlikely to do know nothing. This is just an excuse.

Posted by BURMA DEMOCRACY & DEVELOPMENT at 6/21/2008 12:08:00 AM


Friday, June 20, 2008
Intelligence: Power struggle within SPDC
Burmese military regime announced the cabinet reshuffle list today and this is a result of cabinet meeting in Naypyidaw in past two weeks ago.
However, two close men of Than Shwe won the point man positions to deal with the international aid agencies and UN, while Navy commander in chief was purged.
Sources close to SPDC said that Navy commander Soe Thein became a scapegoat between senior general Than Shwe’s and General Maung Aye’s differences. After senior general was pleased that Hyine Gyi Island naval base vessels were able to escape from Cyclone Nargis after navy commander in chief ordered to sail out all costal and sea going ships to Zadadgyi naval base which is far south of Burma and outside of cyclone path. On the other hand, General Maung Aye blamed that navy commander in chief could have informed the military council and people should be informed to prepare for the cyclone Nargis.
Normally, navy chief position is transferred as a deputy prime minister post if they are almost age of sixty five, but this time he was appointed as minister of heavy industry means he was punished.
One of the different sources said that he had provided very warm reception towards US navy and air force personnel at the Rangoon international airport. But source also said that without senior general’s instruction; he wasn’t able to do so. His warm reception created unhappy for General Maung Aye apparently.
General Maung Aye, second man of SPDC busted as a devil role and opposed Cyclone relief operations, angrily criticized failure of light infantry (66)’s mobility to delta area that took a few weeks, and navy vessels posting at off shore of Irrawaddy delta to watch the movement of US, French and UK navy groups.
One source stressed that General Maung Aye had no intention to challenge Than Shwe but he was eager to get a recognition from other generals that he is a second in command. But other said both decided to disengage a normal conversation after office hour is very noticeable, sources said.


Posted by BURMA DEMOCRACY & DEVELOPMENT at 6/20/2008 06:00:00 PM
Burying cyclone dead a crime in Myanmar?
In the aftermath of Cyclone Nargis in Myanmar, bodies have been rotting for days with scant government effort to arrange for cremation or burial of the dead. Volunteers' efforts towards this end, has earned the wrath of the military junta..
CJ: Shyamal Sarkar , 22 hours ago Views:193 Comments:0
WHAT KIND of perverted governance would hand out punishment to volunteers helping bury the dead with dignity in the aftermath of the killer cyclone Nargis? One does not have to look far for an answer – it is the brutal and repressive military regime in Myanmar, which dabbles in such malevolent behaviour with aplomb where the civilized world would even hesitate to ponder on such matters.
The cyclone left over 1,34,000 dead and missing and six weeks after the devastation bloated and disfigured bodies continue to float into the coastline or rot in the ravaged areas. There has been precious little effort by the junta's administration to cremate or bury the bodies, leave alone show some dignity to the dead.
Now volunteers helping out in burying and cremating the dead are being rounded up and dumped in jails.
In the weekend regime officials arrested the chief editor of the Myanmar Tribune journal, Aung Kyaw San (45) and six of his colleagues. Their crime: they had buried cyclone victims in Bogale township, Irrawaddy division for the stench from the rotting bodies had been permeating the atmosphere, reports in the Myanmar media in exile suggest. Ironic as it may seem the journalists were not arrested for flouting Myanmar Censor Board's draconian laws but for helping bury the dead.
Those arrested in Myanmar disappear as suddenly as they have been arrested with their family remaining in the dark about their whereabouts. Aung Kyaw San was arrested Bogale and later shifted to Yangon. The family is perplexed and worried for it has no idea where the journalist has been detained. The journalist stopped publishing Myanmar Tribune and had been helping in relief work, media reports said.
In the aftermath of the killer cyclone which devastated the Irrawaddy delta and Yangon division, the journalist made three trips to Bogale, one of the worst affected regions to help in relief operations. He was arrested during his last visit. His colleagues were said to have been released but he continues in detention, the media said.
The arrest of the chief editor has raised the hackles of the media fraternity and invited criticism from literary circles because the junta for no explicable reason whatsoever has been placing obstacles in the way of relief operations by volunteers, harassing them, interrogating them and putting them behind bars, when its own efforts in helping cyclone victims has been pathetic to say the least.
In a more inhuman instance, there have been reports in the Myanmar media in exile of policemen stripping, rotten, disfigured and bloated bodies of jewellery, ostensibly while trying to identify them.
Scores of bodies floated to the coastline of Mon state in southern Myanmar. The junta authorities forced villagers to dig pits, line it with lime and bury the dead. Some were ordered to be cremated. But before villagers were compelled to do that, police personnel went out to sea to check the bodies for valuables, like gold necklaces, rings, bracelets and the rest before allowing residents to dispose off the bodies.
It is not surprising that under the ruthless military junta such an attitude towards the dead would be fostered, simply because where the living is not accorded any dignity, how would one expect dignity in death.

ဒေါ်စုမေးမြန်းခန်းအမှတ်တရ.....


su1
su2
su3

EOT FOR BLOGGER


ကိုမောင်လှနှင့်ကိုရန်အောင်နည်းများကိုပူးပေါင်းတင်ဆက်လိုက်ပါသည်။
http://download.microsoft.com/download/8/a/1/8a1be03f-f7fc-4504-af9a-7b9230775284/WEFTIII2b1.exe
ကိုDownload , Install ပါ။Desktopပေါ်မှာ
ပေါ်လာရင်နှိပ်လိုက်ပါ။လိုက်yes.yesပါ......





icon ပေါ်လျှင်all file choiceစရာမလိုပါ။

eot.htm ပေါ်သည်ထိနှိပ်ပါ။

Analyze Web Pages dialog boxပေါ်လာရင် Next ကိုနှိပ်ပါ... The page file:..... It may not display on Win9xand MacOS. Unicode and Uniscribe is required. Do you want to continue? ဆိုတဲ့box လာပြရင် Yes ကို ကလစ်လုပ်ပါ...

Font to Embed box ကိုရောက်ရင်...subsetting ကို 7. No subsettingထားလိုက်ပါတယ်... ခုကျတော် ညွှန်ပြလိုက်တဲ့ web page ထဲမှာ embed လုပ်စရာမလိုတဲ့font တွေ ပါလာတယ်ဆိုရင် အဲဒီ font ကို select လုပ်ပြီး Don't embed ဆိုတာလေးကိုclick လုပ်ပါ...

Create Font Objects ဆိုတဲ့ box ပေါ်လာရင် Edit button ကိုနှိပ်ပြီး eot သုံးမယ့် web site တွေရဲ့ address ကို ထည့်းပေးရပါတယ်... ထည့်တဲ့အခါသိထားရမှာက http://mghla.blogspot.comလို့ပဲထည့်ထား ခဲ့မိရင် http://www.mghla.blogspot.comလို့ ၀င်ကြည့်တဲ့လူတွေ အဆင်မပြေပါဘူး... အဲဒါကြောင့် လိပ်စာထည့်တဲ့အခါ wwwပါတာတဲ့ လိပ်စာရော ၊ မပါတဲ့ လိပ်စာပါ ထည့်ပေးစရာ လိုပါတယ်...




ဒါဆိုရင်font declareကတော့ပြီးသလောက်ပါ.သင့်templateဆီသွားပါ။

STYLE TYPE="text/css" ဆိုတာကိုတကြောင်းချင်းလိုက်ရှာပါ..သူ့အောက်မှာဒါကိုထည့်ပေးပါ။
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://www.box.net/index.php?rm=box_v2_download_file&file_id=f_160455885);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://yeyintcanada.googlepages.com/EOT_Zawgyi4.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://yeyintcanada.googlepages.com/EOT_Zawgyi3.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://yeyintcanada.googlepages.com/EOT_Zawgyi2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://yeyintcanada.googlepages.com/EOT_Zawgyi1.eot);
}
*/

ရဲရင့်TemplateမှာSTYLE TYPE="text/css"မပါဖူး...။ဒီတော့..

*/
/* My EOT

ဆိုတာကိုရဲရင့်blogစလုပ်တုန်းကဇော်ဂျီဖေါင့်လိုက်ထည့်တာရဲ့အောက်မှာထည့်
လိုက်တယ်လေ..

ကိုမောင်လှblog....
http://blog.mghla.com/2006/10/eot.html#

ကိုရန်အောင်blog....
http://mmbloggershelpdesk.blogspot.com/search/label/EOT


cboxမှာလေးထောင့်ကွက်တွေ့သူတွေရဲရင့်sidebarကfont setup ကိုသွားပါ။

(ရဲရင့်လုပ်တာပြောပြတာ။တတ်လို့မဟုတ်..

လုပ်မရရင်လာမဆဲကြေးနော်...ဟဲဟဲ)