Friday, June 27, 2008

အထ္တုပ္ဖတိ

ဇွန်၂၄အထိနာဂစ်မုန်တိုင်းအချက်အလက်များ


သောကြာသတင်း

မူးယစ်ဆေးမှု သတင်းပြေးနေသော အနုပညာရှင်များ ပုဂ္ဂလိကဂျာနယ်များတွင် ငြင်းဆို
မိုးအောင်တင် ဇွန် ၂၇၊ ၂၀၀၈
မေလကုန်ခါနီးနှင့် ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် အနုပညာရှင်များ ခေါ်ယူစစ်မေးခြင်း ဖမ်းဆီး ခြင်း ခံနေရသည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် သီတင်း ၂ ပတ်ကျော်၌ ပြည်တွင်း ပုဂ္ဂလိက သတင်းဂျာနယ် များတွင် အနုပညာရှင်များအား ဆက်သွယ်မေးမြန်းပြီး ယခုလိုထွက်ပေါ်ခဲ့သည့် ကောလာဟလ သတင်းများ မှန်ကန်မှုမရှိ ကြောင်း ရှင်းလင်းပြောဆိုချက်များအား ဖေါ်ပြထားသည်ကို တွေ့ရသည်။


ဇွန်လ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေသော Weekly Eleven ဂျာနယ်တွင် သရုပ်ဆောင် နန္ဒာလှိုင်နှင့် တွေ့ဆုံ မေးမြန်း ရာတွင် လတ်တလောပြောဆိုနေကြသည့် မူးယစ်ဆေးသုံး စွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး နန္ဒာလှိုင်က “အဖြေမှန်မပေါ် သေးခင်တော့ ဂယက်ဆိုတာရှိမှာပါ။ အဲဒီကိစ္စ ကအချိန်တန် ရင် အဖြေမှန်ပေါ်လာမှာပါ။ အဲဒီ အခါ ပရိသတ်တွေလည်း သိသွားမှာပါ။ အကုန်လုံးကိုယ်စား ဘာမှမပြောလိုပါဘူး” ဟုဖြေဆိုသည်ကို ဖေါ်ပြ ထားသည်။

ထို့အတူ ယခုတပတ်ထုတ် ဆဲဗင်းဒေးစ် သတင်းဂျာနယ်၊ News Watch သတင်းဂျာနယ် စသည်တို့တွင်လည်း မူးယစ်ဆေး သုံးစွဲမှုကြောင့် ခေါ်ယူစစ်မေးခြင်းခံခဲ့ရသည့် အနုပညာရှင်တချို့ကို ဆက်သွယ်မေးမြန်းကာ ဖြေဆိုချက် များကို ဖေါ်ပြခဲ့ကြ သည်။

ဂျာနယ်ဖတ်သူ အိမ်ရှင်မ တဦးကမူ “ကျမကတော့ ဂျာနယ် ထဲမှာ ရေးထားတဲ့ ဘာမှ မဖြစ်ပါဘူးဆိုတာကို သိပ် မယုံဘူး။ လူတွေ အားလုံးသိနေကြတဲ့ ကိစ္စကို ဘာမှမဖြစ်သလို ပြန်ဖြေတဲ့အတိုင်းရေးထားတော့ နောက်ကွယ် မှာ အကြောင်း တခုခုကြောင့် အမှန်အတိုင်း မဖြေတာ၊ မဖေါ်ပြတာလို့ဘဲ ထင်တယ်” ဟုပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာ တဦးက''သတင်းမှန်ကို ရေးခွင့်မရဘဲ နအဖ အစိုးရက ပုံဖေါ်တဲ့ဖြစ်စဉ်အတိုင်း ဖေါ်ပြကြရတာဟာ သတင်းစာဆိုင်ရာ ကျင့်ဝတ်နဲ့မညီပါဘူး။ အဖြစ် မှန်က ရုပ်ရှင် သရုပ်ဆောင် တချို့ကို ပြန်ကြားရေးဝန်ကြီးက ၀ါဒဖြန့်ကားတွေ ရိုက်လက်စ ရှိနေတာကြောင့် အရေးမယူဖို့ အာမခံပြီး လွှတ်စေလိုက် တာ၊ အဲဒီအနုပညာရှင်တွေလည်း ပြန်ကြားရေးဝန်ကြီးရဲ့ အာမခံမှု အပေါ်နောက်နောင် ၀ါဒဖြန့်ဇာတ်လမ်းနဲ့ သီချင်းတွေ ရိုက်ပေးရ ဆိုပေးရ ဦးမှာပါ။ ဒီအဖြစ်ကို ဖုံးကွယ်ပြီး ရေးသားဖေါ်ပြတဲ့ ဟာတွေက စာဖတ်သူကို လှည့်ဖြား သလို ဖြစ်စေ တယ်၊ အမှန်ကို ရေးသားခွင့်မရရင် အဲဒီလိုသတင်းမျိုးကို မဖေါ်ပြဘဲ လက်ရှောင်သင့်ပါတယ်” ဟု ဝေဖန် ပြောဆိုသည်။

မေလကုန်နှင့် ဇွန်လဆန်းတွင် မကြာမီရက်ပိုင်းကမှ ရာထူးမှဖယ်ရှားခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်၊ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၊ သရုပ်ဆောင် နန္ဒာလှိုင်၏ ညီမဖြစ်သူ နွေးနွေးလှိုင်နှင့် သရုပ်ဆောင် အဆိုတော် အများအပြား မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး မေးမြန်း ခြင်းခံရသည့်သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။

သို့သော် နအဖ အစိုးရအရာရှိကြီးများ ၏ သားသမီးများနှင့် ပတ်သက်နေသဖြင့် တရားဝင်ထုတ်ပြန်ခြင်း မပြုသောကြောင့် အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်ပြီး ယခုလို ပြည်တွင်း ပုဂ္ဂလိက မီဒီယာများတွင် ဖြေရှင်းချက်များကိုသာ ဖေါ်ပြခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

ပင်မ နျူကလီးယား ဓါတ်ပေါင်းဖို မြောက်ကိုရီးယား ဖြိုချပြီ
27 June 2008


A combination photo shows a cooling tower (R) and the site after it was demolished (L) at a DPRK nuclear plant June 27, 2008.
မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ အဓိက Yongbyon နျူကလီးယား ဓါတ်ပေါင်းဖို ၀င်းထဲက အအေးခံ ဓါတ်ပေါင်းဖို မျှော်စင် အဆောက်အဦ ကြီးကို ဖျက်ဆီးပေးလိုက်ပါတယ်။
နျူကလီးယား လက်နက် ဖျက်သိမ်းရေးအတွက် နိုင်ငံတကာနဲ့ သဘောတူညီ ထားချက်တွေထဲက တစိတ်တပိုင်းအဖြစ် အခုလို အအေးခံ ဓါတ်ပေါင်းဖို မျှော်စင်ကို ဖျက်ဆီး ဖြိုချလိုက်တာပါ။

ပေ ၆၀ လောက်မြင့်တဲ့ အအေးခံ ဓါတ်ပေါင်းဖို မျှော်စင် ပြိုကျသွားပြီး မြေပြင်ပေါ်မှာ ဖုံမှုံတွေ၊ မီးခိုးတွေ လိပ်တက် လာတာကို ဗွီဒီယို မှတ်တမ်းတွေမှာ တွေ့နေရပါတယ်။

ဒီလို အအေးခံ ဓါတ်ပေါင်းဖို မျှော်စင် ဖျက်ဆီးလိုက်တာကို မျက်မြင် ကြည့်ရှု လေ့လာနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကက နျူကလီးယား ဆိုင်ရာ ကျွမ်းကျင်သူ ဆွန် ကင်း (Sung Kim) က ဒီ ဖျက်ဆီးမှုဟာ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောဆိုပါတယ်။ ၆ နိုင်ငံဆွေးနွေးပွဲဟာ ရှေ့ကို တိုးတက်မှုတွေ ရှိနေတဲ့ ကောင်းမွန်တဲ့ လက္ခဏာလို့ သူက ရှုမြင်ပါတယ်။

မြောက်ကိုရီးယားဘက်က နျူကလီးယားနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ တရုတ် အာဏာပိုင်တွေ လက်ထဲကို လွှဲပြောင်းပြီး နောက်တစ်ရက်မှာ အခုလို အအေးခံ မျှော်စင်ကို ဖေါက်ခွဲ ဖျက်ဆီးလိုက်တာပါ။ ဒီလို နျူကလီးယား ပိုင်ဆိုင်မှုတွေ စာရင်း ထုတ်ပြန်ဖို့ မြောက်ကိုရီးယားဘက်က အချိန်အတော်ကြာ နှောင့်နှေး ကြံ့ကြာခဲ့ပါတယ်။

နျူကလီးယားပစ္စည်းပိုင်ဆိုင်မှု မြောက်ကိုရီးယားကြေညာ
27 June 2008
Kurt Achin’s Report in Burmese -
မြောက်ကိုရီးယားနိုင်ငံက နိုင်ငံစုံ ဆွေးနွေးညှိနှိုင်းပွဲမှာ သူ့ရဲ့ နျူကလီးယားလက်နက်
များ ဖျက်သိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ လိုက်လျောချက်တရပ်
ပြုလုပ်လိုက်ပါတယ်။ သူတို့နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပစ္စည်းတွေစာရင်းကို
ဆွေးနွေးပွဲအိမ်ရှင် တရုတ်အစိုးရဆီ ပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဗွီအိုအေသတင်း
ထောက် ကာ့တ် အာရှင်း (Kurt Achin) တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ကနေ
ပေးပို့ထားတဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

အချိန်ကြာမြင့်စွာ စောင့်စားခဲ့ကြတဲ့ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယား ကြေညာချက်
တရုတ်တို့လက်ထဲကို ရောက်သွားပြီဆိုတာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး
ယွန်မြောင်ဟွမ်း (Yu Myung-hwan) က အတည်ပြုပြောကြားလိုက်တာ ဖြစ်ပါတယ်။

“မြောက်ကိုရီးယားဟာ သူတို့ရဲ့ထုတ်ပြန်ချက်ကို ဘေဂျင်းမြို့တော်မှာ ပေးအပ်လိုက်ပါ
ပြီ။ ဒီတိုးတက်မှုကို တောင်ကိုရီးယားက ကြိုဆိုတယ်” လို့ ပြောကြားသွားတာ ဖြစ်ပါ
တယ်။

ဒီထုတ်ပြန်ချက်ဟာ မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက်
ငွေကြေး၊ သံတမန်ရေးရာ စတဲ့မက်လုံးတွေပေးပြီး လဲလှယ်ခဲ့ရတဲ့ ဖြစ်စဉ်အဆင့်ဆင့်ရဲ့
တစိတ်တဒေသ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ကို ယမန်နှစ်အကုန်မှာ ပေးအပ်မယ်လို့
မြောက်ကိုရီးယားတို့က ကတိပြုခဲ့တာပါ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့
သဘောတူညီချက် မရနိုင်တာတွေ ရှိနေသေးလို့ ခြောက်လကျော် ကြန့်ကြာခဲ့ရတာ
ဖြစ်ပါတယ်။

အစတုန်းကတော့ ဒီထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားတို့ တခါမှ ၀န်မခံဘူးသေးတဲ့
ယူရေနီယမ်သန့်စင်ရေး လျှို့ဝှက်ကိစ္စဆိုတာနဲ့ ဆီးရီးယားနိုင်ငံမှာ စက်ရုံတည်ဆောက်
ပေးနေတယ်ဆိုတဲ့ ကိစ္စကို ထည့်သွင်းဝန်ခံမယ်လို့ အမေရိကန်တို့က တောင်းဆိုနေခဲ့
ကြတာ ဖြစ်ပါတယ်။

နှစ်ဖက်အဆင့်မြင့် ကိုယ်စားလှယ်တွေ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီးနောက် ဒီကိစ္စတွေ
အတွက် အမေရိကန်တို့ရဲ့ စိုးရိမ်မှုကို မြောက်ကိုရီးယားက အသိအမှတ်ပြုပါတယ်။
ဒါပေမယ့် ဒီကိစ္စတွေကို ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြမထားပါဘူး။ မြောက်ကိုရီး
ယားရဲ့ နျူကလီးယားပစ္စည်းတွေ စုဆောင်းထားရှိမှုနဲ့ အဲဒီပစ္စည်းတွေ ထုတ်လုပ်တဲ့
စက်ရုံတွေကိုတော့ ဖော်ပြထားမယ်လို့ မျှော်လင့်ရပါတယ်။

နျူကလီးယားလက်နက် ဘယ်ရွေ့ဘယ်မျှရှိနေပြီ၊ အဲဒီလက်နက်တွေကို ဘယ်နေရာမှာ
သိမ်းထားတယ်ဆိုတာတွေကိုတော့ နိုင်ငံစုံဆွေးနွေးပွဲတွေ ဘေဂျင်းမြို့တော်မှာ ပြန်စ
ရင် ထုတ်ပြန်ကြေညာဖွယ် ရှိပါတယ်။ အဲဒီဆွေးနွေးပွဲတွေကိုလည်း ရက်ပိုင်းအတွင်း
ပြန်ကျင်းပနိုင်ပါတယ်။

မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်ဟာ ဘယ်လောက်မှန်ကန် တိကျတယ်ဆိုတာကို
လည်း အလေးထား စဉ်းစားကြရပါလိမ့်မယ်။ အမေရိကန်အစိုးရကတော့ မြောက်
ကိုရီးယားအပေါ် စီးပွားရေး အရေးယူပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းဖို့ ပြင်ဆင်နေပါ
ပြီ။ ဒါဟာ မြောက်ကိုရီးယားအစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ၀င်ဆန့်ဖို့
လမ်းဖွင့်ပေးလိုက်တဲ့ သဘောပါပဲ။

မြောက်ကိုရီးယား နျူကလီးယားကိစ္စကို နှစ်ချီပြီး ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ပေ
မယ့် အမေရိကန်တို့အနေနဲ့ အောင်အောင်မြင်မြင် ဈေးဆစ်နိုင်ခဲ့တာ ဖြစ်တယ်လို့
ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့က ဆိုးလ်မြို့တော်မှာ အခြေစိုက်
သုံးသပ်သူ ဒန်နီယယ် ပင်က်စ်တန် (Daniel Pinkston) က ဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်၊ အကြမ်းဖက်နိုင်ငံစာရင်းက
ပယ်ဖျက်မယ်၊ ဒါတွေက ပြန်ပြင်လို့ရတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် လုံခြုံရေးအတွက်
အကျိုးအမြတ်ကို ကြည့်မယ်ဆိုရင်တော့ သိပ်ဖြစ်ဖြစ်မြောက်မြောက် မဟုတ်သေး
ပါဘူး။”

လွယ်လွယ်နဲ့ အပြောင်းအလဲ မလုပ်လိုတဲ့ တောင်ကိုရီးယား ကွန်ဆာဗေးတစ်သမ္မတ
လီမြောင်ဘက် (Lee Myung-bak) ကလည်း နျူကလီးယားကိစ္စ တိုးတက်မှုရှိလာမှ
စားနပ်ရိက္ခာတွေ ပြန်လည်ထောက်ပံ့မယ်ဆိုပြီး အချိန်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့
ထွက်လာတဲ့ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ကြေညာချက်ဟာ သမ္မတလီရဲ့ သဘောထား
ကို ပြောင်းလာစေနိုင်ပါတယ်။ မြောက်ကိုရီးယားတို့ အပြင်းအထန် လိုအပ်နေတဲ့ အစား
အစာနဲ့ တခြားအထောက်အပံ့တွေ ပြန်ပေးလာနိုင်မယ့် လမ်းစလည်း ဖြစ်ပါတယ်။


မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကုလသမဂ္ဂ၌ ကျင်းပ
27 June 2008
ဦးသားညွန့်ဦး
မြန်မာနိုင်ငံအတွင်းက ကပ်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ အကူအညီပေးရေးကိစ္စနဲ့ မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းရေး ကိစ္စတွေအပေါ်မှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက စိုးရိမ်ပူပန်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။အဲဒီစိုးရိမ်မှုတွေအပေါ်မှာ
ကိုင်တွယ်နိုင်ရေး ကုလသမဂ္ဂဘက်ကတော့မြန်မာအာဏာပိုင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေကတော့ အရင်ကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့် မုန်တိုင်းကပ်ဘေး ကျရောက်ပြီးနောက်လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စတွေ ပေါ်လာပြီး လူ သောင်းနဲ့ချီပြီး သေဆုံးခဲ့ရ
တဲ့ ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မြန်မာအာဏာပိုင်တွေဘက်က အကန့်အသတ်တွေ လုပ်တဲ့အပေါ်မှာ နိုင်ငံတကာက ဒီကိစ္စအပေါ်မှာလည်း စိုးရိမ်ချက်တခုထပ်တိုးလာတယ်လို့ ဆိုရမှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ကမကထလုပ်
ဆောင်ရွက်ချက်တွေဟာ အတော်လေး ခရီးရောက်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

မနေ့ကလုပ်တဲ့ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စိုးရိမ်ချက်နှစ်ခုမှာ တခုကိုတော့ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့တယ်လို့ အသိအမှတ်ပြုပြီး အခုလိုပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံအတွက် ကျနော်တို့မှာ စိုးရိမ်စရာ အခြေအနေနှစ်ခု ရှိပါတယ်။ တခုကတော့ လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စပါ။ ကုလသမဂ္ဂ ၀န်ထမ်းတွေနဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာကူညီ
မှု အထောက်အပံ့တွေ ပေးနိုင်ဖို့ရာ မြန်မာအာဏာပိုင်တွေအနေနဲ့ လမ်းကြောင်းမှန်ကိုဦးတည်နေတယ်လို့ ကျနော်ထင်ပါတယ်။

“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရဟတ်ယာဉ် ၁၀ စင်းဟာ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေပေးရာမှာ အတော်လေးကို ဆောင်ရွက်ပေးနေပါတယ်။ဒီအခြေအနေကို ကျနော်တို့အနေနဲ့ ဆက်ပြီး ကြီးကြပ်ဆောင်ရွက်နေသလိုမြန်မာအာဏာပိုင်တွေ
အနေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံနဲ့မြန်မာနိုင်ငံပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အနေနဲ့လည်း အတော်လေးကို လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ လာမယ့် ဇူလိုင်လထဲမှာတော့ ပြန်လည်ထူထောင်ရေးနဲ့အရေးပေါ် လူသားချင်းစာနာကူညီမှု အထောက်အပံ့ တင်ပြချက်တွေကို ပြန်ပြီးစိစစ်ဖို့ ရှိပါတယ်။”

ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊အာဆီယံက တာဝန်ရှိသူတွေနဲ့
မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်တဲ့ဆွေးနွေးပွဲတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ဆောင်ရွက်နေသလိုပဲ လာမယ့်
ဇူလိုင်လထဲမှာ ကပ်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စ ဒုတိယအကြိမ်
နိုင်ငံတကာ အစည်းအဝေးကိုလည်း ကျင်းပဖို့ စိုင်းပြင်းနေကြပါတယ်။ ဒါကြောင့်လည်း ဒီကပ်ဘေးကယ်ဆယ်ရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဘက်က ကမကထပြုပြီးဆောင်ရွက်နေတာတွေမှာ တစုံတရာ အတိုင်းအတာတော့ အောင်အောင်မြင်မြင်
ရှိတယ်လို့ အများကလည်း အသိအမှတ် ပြုထားပါတယ်။

ဒါပေမယ့် ဟိုတုန်းကတည်းက အရှည်သဖြင့်ရှိနေတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကတော့ကုလသမဂ္ဂဘက်က ထိထိရောက်ရောက် ကိုင်တွယ်နိုင်သေးခြင်း မရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ယူဆနေပါတယ်။ ဒါ့အပြင် မစ္စတာဘန်ကီမွန်းကိုယ်တိုင် ပြီးခဲ့တဲ့လ
က မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်ကိုရောက်တုန်းကလည်း နိုင်ငံရေးကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်မပြောတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂအနေနဲ့ နိုင်ငံရေးပြဿနာကိုလည်း အလေးထားပြီး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မစ္စတာဘန်ကီမွန်းက မနေ့က ပြောခဲ့ပါတယ်။

“နောက် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်နေရတဲ့ အချက်ကတော့မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းကိစ္စတွေပါပဲ။ ဒီအထဲမှာဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားတာလည်း
ပါဝင်ပါတယ်။

“ကျနော်တို့အနေနဲ့ ကုလသမဂ္ဂ ညီလာခံကြီးကနေ တာဝန်ပေးထားတဲ့ မစ္စတာဂမ်ဘာရီ (Gambari) ကတဆင့် မြန်မာနိုင်ငံ တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လုပ်သွားမှာပါ။ ဒီလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်လုပ်သွားမှာ
ဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ်မှာတော့ မစ္စတာဂမ်ဘာရီ အပါအ၀င် အခြား သက်ဆိုင်ရာနိုင်ငံတွေက သံတမန် ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံအရေး ညှိနှိုင်းဆွေးနွေးမှုတရပ် လုပ်ဖို့ရှိပါတယ်။”ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်ခ်စံချိန် ညနေပိုင်းမှာတော့ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီတို့နဲ့ မြန်မာနိုင်ငံကိစ္စကို တံခါးပိတ်ဆွေးနွေး
မှုတခု လုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ထူးခြားမှုကိုတော့ ကုလသမဂ္ဂဘက်ကရောအခြား သက်ဆိုင်ရာနိုင်ငံတွေဘက်ကရော ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

မစ္စတာဂမ်ဘာရီအနေနဲ့ နောက်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပေမယ့် အတိအကျ ရက်သတ်မှတ်တာတော့ မလုပ်ရသေးဘူးလို့ မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူကဆိုပါတယ်။ တဆက်တည်းမှာ မနေ့ကလုပ်တဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး
မှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းစဉ်တွေနဲ့ မုန်တိုင်းကယ်ဆယ်ကူညီရေး ကိစ္စတွေမှာ မြန်မာအာဏာပိုင်တွေဘက်က တိုးတက်မှုရှိလာအောင် လုပ်ဖို့လိုတယ်လို့ တက်ရောက်ခဲ့တဲ့နိုင်ငံတွေက ထောက်ပြဆွေးနွေးခဲ့ကြတယ်
လို့ ဂျပန်တာဝန်ရှိသူတဦးက ကျိုဒိုသတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။


စည်းမဲ့ကမ်းမဲ့အကြမ်းဖက်မှု တားဆီးပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို
ပီတာအောင်/ ၂၇ ဇွန် ၂၀၀၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များအား လုံခြုံရေးဝန်ထမ်းများမဟုတ်ဘဲ လူအုပ်ဖြင့် ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးမှုပြုလုပ်ခြင်းကို တားမြစ်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီး များက နအဖစစ်အစိုးရကို ယနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။

ဇွန်လ (၁၉) ရက် အန်အယ်လ်ဒီရုံး၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်းအားရှင်နှင့် ကြံ့ဖွံ့တို့က မော်တော်ယာဉ်များဖြင့် လူအုပ်စုများ ရောက်ရှိလာကာ ရုံးရှေ့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ခြင်းဖြစ်သည်။

ထိုလုပ်ရပ်သည် ဥပဒေမဲ့ တရားလက်လွတ်ပြုမူခြင်းဖြစ်သဖြင့် တိုင်းပြည်၏ အနာဂတ်ရေးအတွက် အင်မတန်ရင်လေးဖွယ်ရာဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့ကို စည်းကမ်းမဲ့ ချိုးဖျက် အကြမ်းဖက်ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် တိုင်းပြည်အတွက် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာ ကျဆင်းစေသည့် အဖြစ်အပျက်ဖြစ်ကြောင်း ကြေညာချက်၌ ပါရှိသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက“ ဒီလုပ်ရပ်ဟာ အင်မတန်ကို သိမ်ဖျင်းတဲ့၊ ညံ့ဖျင်းတဲ့ လုပ်ရပ်ကြီးဖြစ်နေတယ်။ အန်အယ်လ်ဒီပါတီ သူ့ဘာသာ အခမ်းအနားလေး လုပ်တာပဲ။ စွမ်းအား ရှင်ဆိုပြီးတော့ အရပ်ထဲမှာ တေလေဂျပိုးလိုလူတွေက ဒီလိုဝင်လုပ်သွားတယ်ဆိုတော့ အန် အယ်လ်ဒီကို ချေမှုန်းတဲ့လုပ်ငန်းဟာ ပိုပြီးတော့ ကြမ်းလာပြီလို့မြင်တယ်။ အပြစ်ရှိတယ်ဆိုရင် လုံခြုံရေးဝန်ထမ်းရဲက လာဖမ်းပေါ့။ အခုဟာက ဘာမှမဟုတ်ဘဲနဲ့ ဗရုတ်သုတ်ခလာပြီး အနိုင် ကျင့်တဲ့ အပေါက်မျိုးနဲ့ တုတ်တွေဘာတွေနဲ့ လူအုပ်ကြီးနဲ့ ကားတွေနဲ့ လာပြီးတော့ လုပ်သွားတယ် ဆိုတာ မလုပ်သင့် မလုပ်ထိုက်တဲ့ဟာကို လုပ်သွားတယ်လို့ ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သည်ဟု ယူဆပါ၍ ဖမ်းဆီးလိုပါက တာဝန်ရှိ လုံခြုံရေးဝန်ထမ်းများကသာ ဥပဒနှင့် အညီ ဖမ်းဆီးအရေးယူသင့်ကြောင်းနှင့် ထိုသို့ လူမိုက်ဂိုဏ်းဆန်ဆန် လူအုပ်ဖြင့် အကြမ်းဖက်
ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးခြင်းများ နောင်တွင် မဖြစ်ပေါ်စေရန် နအဖအနေဖြင့် တားမြစ်သင့်
သည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီးများ၏ ကြေညာချက်တွင် ပါရှိသည်။

အဆိုပါဖြစ်ရပ်တွင် (၄) ဦးဖမ်းဆီးခံရပြီး (၁) ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု အန်အယ်လ်ဒီက ပြောသော်လည်း အဖမ်းခံရသူ အရေအတွက်မှာ ယင်းထက်ပိုများသည်ဟု အေဂျင်စီသတင်း များတွင် ဖော်ပြသည်။

ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မထိခိုက်စေဘဲ အခမ်းအနား ကျင်းပလို့ရတယ်ဆိုတာ ကျနော်တို့ သူတို့ကို ပြောထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဆောင် မှုဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတယ်။ ဒါကြောင့် သူတို့ကို ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ ခေါ်ယူမေးမြန်းနေတာ ဖြစ်တယ်။ သူတို့ အဖမ်းခံထားရတာ မဟုတ်ပါဘူး” ဟု ယမန်နေ့က အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။

ဂြိုဟ်တုစလောင်း စစ်ဆေးရန် ညွှန်ကြားချက်ထုတ်
NEJ/ ၂ ၇ ဇွန် ၂၀၀၈
ရန်ကုန်မြို့ရှိ ဂြိုဟ်တုစလောင်းများကို ကွင်းဆင်း၊ စစ်ဆေး၊ စာရင်း ကောက်ခံရန် မြန်မာ့ ဆက်သွယ်ရေးက ညွှန်ကြားထားကြောင်း သိရသည်။

သက်ဆိုင်ရာမြို့နယ်အတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသည့် ဂြိုဟ်တုစလောင်းများကို စာရင်းကောက်ခံပြီး တင်ပြရန် ညွှန်ကြားချက်ရရှိထားကြောင်း ကျောက်တံတားမြို့နယ် မယက
ရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “ခယက ကနေ ပြီးခဲ့တဲ့ တနင်္လာနေ့က စာဝင်ထားတယ်။ အဲဒါကို ဆက်ပြီး အရေးယူ ဆောင်ရွက်ဖို့ အောက်ခြေ ရယကတွေကို ညွှန်ကြားချက် ထုတ်မှာဖြစ်ပါတယ်။ ညွှန်ကြားချက်မှာ စလောင်းတပ်ဆင်ထားတဲ့ အိမ်လိပ်စာနဲ့ အမည်တွေကို စာရင်းကောက်ခံရန်၊ စာရင်းကောက်ခံ ရာမှာ အဆိုပါ နေအိမ်အနေနဲ့ ယခင်က ဂြိုဟ်တုစလောင်း လိုင်စင် လုပ်ခဲ့ဖူးခြင်း ရှိမရှိ စတဲ့ အချက်အလက်တွေပါ ကောက်ခံရမယ်လို့ ပါရှိတယ်” ဟု ပြောသည်။

ပထမအဆင့်အနေဖြင့် စာရင်းတိတိကျကျ ကောက်ခံပြီးသည့်နောက် စလောင်း တပ်ဆင်ထား သူများကို ဆင့်ခေါ်ကာ ဂြိုဟ်တုစလောင်းကို ဆက်သွယ်ရေးဌာနတွင် ပြန်လည် အပ်နှံခိုင်းပြီး ဒဏ်ရိုက် အရေးယူခြင်း ပြုလုပ်နိုင်ကြောင်းလည်း ရန်ကုန်မှ ဆက်သွယ်ရေး ၀န်ထမ်းတဦးက ပြောသည်။

“ရန်ကုန်မြို့မှာ တပ်ဆင်ထားတဲ့ ဂြိုဟ်တုစလောင်း အတော်များများက လိုင်စင်မဲ့တွေဖြစ်တယ်။ လိုင်စင်ရှိသူတွေကလည်း ပြီးခဲ့တဲ့ နှစ်ဆန်း လိုင်စင်သက်တမ်း တိုးမယ့်အချိန်က အစိုးရက တိုးခွင့်မပေးလို့ သက်တမ်းကုန်ဆုံးနေကြတယ်။ ဂြိုဟ်တုစလောင်း အားလုံး တရားမ၀င်ဖြစ်နေ တဲ့အတွက် အစိုးရက အရေးယူသိမ်းဆည်းနိုင်တယ်” ဟုလည်း ၎င်းက ပြောသည်။

စစ်အစိုးရက တရားဝင် တင်သွင်းခွင့် မပြုသည့်အတွက် မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသည့် ဂြိုဟ်တုစလောင်း အားလုံးသည် မှောင်ခိုပစ္စည်းသဘောသာ ဖြစ်သော်လည်း စစ်အစိုးရ၏ ရုပ်သံ ချယ်နယ် (၄) ခုမှလွဲ၍ အခြားကြည့်ရှုစရာ မရှိသည့်အတွက် ရန်ကုန်မြို့၌ ဂြိုဟ်တုစလောင်းများကို လူအများက တပ်ဆင်ကြည့်ရှုနေကြခြင်းဖြစ်သည်။

အဆိုပါ ဂြိုဟ်တုစလောင်းများ အားလုံးနီးပါးသည် ပြီးခဲ့သည့် နာဂစ်လေမုန်တိုင်း တိုက်စဉ် ပျက်စီး ခဲ့ရပြီးနောက်ပိုင်း မြို့နယ်အချို့၌ ပြန်လည်တပ်ဆင်သူများ ရှိသော်လည်း အနည်းငယ်သာ ရှိသေး ကြောင်း သိရသည်။

ယခင်လအတွင်း၌ အာဏာပိုင်များက လသာမြို့နယ် မောင်ခိုင်လမ်းအတွင်းရှိ ဂြိုဟ်တုစလောင်း အရောင်းဆိုင်များကို ၀င်ရောက်ဖမ်းဆီး၊ ပစ္စည်းများသိမ်းကာ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး ဆိုင်ပိုင်ရှင်များကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ အခြားလျှပ်စစ်ပစ္စည်း ဆိုင်များကိုလည်း ဂြိုဟ်တုစလောင်းများ ရောင်းချခြင်း မပြုရန် ၀န်ခံကတိ လက်မှတ်များ ရေးထိုး ခိုင်းခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဂြိုဟ်တုစလောင်း အရောင်းဆိုင်ပိုင်ရှင်တဦးက ပြောသည်။

စစ်အစိုးရက ဂြိုဟ်တုစလောင်းမှ ထုတ်လွှင့်နေသည့် နော်ဝေအခြေစိုက် ဒီဗွီဘီ ရုပ်သံချယ်နယ်ကို ပြည်သူများ ကြည့်ရှုမည်ကို မလိုလားသည့်အတွက် ယခုကဲ့သို့ ဂြိုဟ်တုစလောင်း အနည်းငယ်သာ တပ်ဆင်ထားသည့်အချိန်၌ ပိုင်ပိုင်နိုင်နိုင် အရေးယူရန် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုနေသည်။

ငြိမ်းအဖွဲ့များ မူးယစ်ဆေးဝါးနှင့်ကင်းရှင်းရန် ခေါ်ယူသတိပေးခံရ
NEJ/ ၂၇ ဇွန် ၂၀၀၈
ရန်ကုန်တိုင်းသို့ အသစ်ရောက်ရှိလာသည့် စစ်ဒေသမှူး ဗိုလ်မှူးကြီးမြင့်ဦးက ဇွန်လ (၂၅) ရက်၌ ရန်ကုန်မှ ငြိမ်းချမ်းရေးအဖွဲ့များကို ခေါ်ယူပြီး မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ကင်းကင်းရှင်းရှင်း နေကြရန် ညွှန်ကြားကြောင်း ရှမ်းပြည်အခြေစိုက် ငြိမ်းအဖွဲ့တဖွဲ့မှ အရာရှိတဦးက ပြောသည်။

“ကျနော်တို့ကို အခုပြောင်းလာတဲ့ စစ်ဒေသမှူးအသစ်က ခေါ်တွေ့တယ်။ သူ အဓိကပြောတာက မူးယစ်ဆေးဝါးကိစ္စ ပြဿနာမပေါ်ဖို့၊ ပြဿနာပေါ်လာရင် ဘယ်လောက်ကြီးတဲ့ ခေါင်းဆောင် ဖြစ်ပါစေ၊ သူတို့ မကယ်နိုင်ဘူး။ သူတို့ရဲ့ခေါင်းဆောင်ဖြစ်ရင်တောင် သူတို့ မကယ်နိုင်ဘူး” ဟု ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။

စစ်ဒေသမှူး၏ ညွှန်ကြားချက်များတွင် ၎င်းတို့၏ စစ်ဒေသရုံးကို နဂိုက ရန်ကုန်မြို့တော်ခန်းမ၌ ဖွင့်ထားသော်လည်း ယခု ပြည်သူ့လွှတ်တော်ဝင်းအနီး ယခင် အမှတ်(၇) ထောက်လှမ်းရေး တပ်စခန်းအတွင်း ပြောင်းလဲဖွင့်လှစ်ထားကြောင်း၊ ဖုန်းနံပါတ်အားလုံး ပြောင်းထားပြီး နံပါတ်သစ်များဖြင့် ဆက်သွယ်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအဖွဲ့မှ ခေါင်းဆောင်များ၊
တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များ ရန်ကုန်ရောက်ပါက အသေးစိတ် အချက်အလက်များနှင့်တကွ အချိန်နှင့်တပြေးညီ သတင်းပို့ကြရန် ပါရှိကြောင်း သိရသည်။

၎င်း၏ ပြောပြချက်တွင် ဖမ်းဆီးခံနေရသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၏သား အောင်ဇော်ရဲမြင့်နှင့် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် သူ့ဖခင်တို့အကြောင်း ရည်ညွှန်းပြောဆိုသော်လည်း နာမည် များကို ထုတ်ဖော်ပြောဆိုခြင်းမျိုး မလုပ်ခဲ့ကြောင်း၊ အဆိုပါနေ့က ငြိမ်းအဖွဲ့ (၁၈) ဖွဲ့ကို (၃) သုတ် ခွဲပြီး တွေ့ဆုံညွှန်ကြားချက် ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်သည် အနုပညာရှင် များအား တရားမ၀င် မူးယစ်ဆေးဝါးရောင်းချမှုဖြင့် နအဖစစ်အစိုးရ အာဏာပိုင်များက မေလ ကုန်ပိုင်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း ရုပ်ရှင်လောကမှ သိရသည်။

အနုပညာရှင်များအား မူးယစ်ဆေး ဖြန့်ဖြူးရောင်းချနေသူများမှာ နအဖနှင့် အပေးအယူမျှနေသည့် စီးပွားရေးသမားများနှင့် အောင်ဇော်ရဲမြင့်ပါ ပါဝင်ကြောင်း၊ အချို့ရုပ်ရှင်လောကနှင့် ဂီတလောကမှ အနုပညာရှင်အချို့ မူးယစ်ဆေး သုံးစွဲမှုကြောင့် ခေါ်ယူစစ်ဆေးခံရကာ ၀န်ခံကတိထိုးရကြောင်း ခိုင်လုံသော အနုပညာသတင်းရပ်ကွက်မှ သိရသည်။

အောင်ဇော်ရဲမြင့်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး ပါဝင်ပတ်သက်သည့် အနုပညာသည်များကို ဖမ်းဆီးစစ်ဆေးပြီးနောက် အာမခံဖြင့် ပြန်လွှတ်ထားကြောင်း၊ အောင်ဇော်ရဲမြင့်၏အဖေ ကာကွယ်
ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကိုမူ နေအိမ်အကျယ်ချုပ် ချထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသကဲ့သို့ နအဖစစ်အစိုးရကလည်း တစုံတရာ ဖြေရှင်းခြင်း မပြုလုပ်သေးပေ။

ကချင်ပြည်နယ်မှ ငြိမ်းအဖွဲ့ဝင် အရာရှိတဦးက ရန်ကုန်မြို့၌ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး (၂) မျိုး ရှိပြီး တမျိုးက ငြိမ်းအဖွဲ့များ ထိန်းချုပ်ထားရာ ဒေသများတွင် ထုတ်လုပ်သည့် ဘိန်း၊ ဘိန်းဖြူနှင့် အဖက်တမင်းခေါ် စိတ်ကြွဆေးများဖြစ်ကာ အခြားတမျိုးမှာ နိုင်ငံခြားမှ ၀င်ရောက်လာသည့် အက်စ်စတာစီခေါ် ခေါင်းခါဆေး အပါအ၀င် အဆင့်မြင့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း ပြောသည်။

၎င်းက ယခုလက်ရှိ အောင်ဇော်ရဲမြင့်နှင့် အနုပညာရှင်များ သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းပြုပြီး ပြဿနာပေါ်နေသည့်ကိစ္စသည် နိုင်ငံခြားမှ တင်သွင်းလာသည့် အက်စ်စတာစီနှင့် အဆင့်မြင့် မူးယစ်ဆေးဝါးများဖြစ်ပြီး ဈေးနှုန်းကြီးမြင့်ကြောင်း၊ ဆေးတပြားကို ကျပ် (၂) သောင်းခွဲခန့် ပေးရသည့်အတွက် တော်ရုံလူ မသုံးစွဲနိုင်ကြောင်း၊ နိုင်ငံခြား အိမ်နီးချင်းနိုင်ငံတို့မှ လေယာဉ်ဖြင့် တင်သွင်းလာရန်လည်း အာဏာပိုင်သားသမီးများသာ လုပ်နိုင်သည့်အလုပ်ဖြစ်ကြောင်း၊ ထို့ကြောင့် လတ်တလော မူးယစ်ဆေးဝါးပြဿနာအား ငြိမ်းအဖွဲ့များကို ခေါ်ပြီး ဖိအားပေးခြင်းသည် မူးယစ် ဆေးဝါးပြဿနာကို ငြိမ်းအဖွဲ့များထံ အပြစ်ပုံချရန်အတွက် ခြေလှမ်းပြင်ခြင်းသာဖြစ်ကြောင်း ရှင်းပြသည်။

နအဖစစ်အစိုးရသည် ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲအဆင့် ခေါင်းဆောင်မိသားစု ပါဝင်ပတ် သက်သည့် မူးယစ်ဆေးဝါးပြဿနာကိစ္စကို တစုံတရာ သတင်းထုတ်ပြန်ခြင်း မပြုသကဲ့သို့ ငါးလောင်းပြိုင် လူသတ်မှုကဲ့သို့ ကြီးကျယ်သည့် မှုခင်းကိစ္စကိုလည်း တရားခံ ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူအရေအတွက်သည် ၂၀၀၅ ခုတွင် (၆၁,၄၅၅) ဦးရှိခဲ့ရာမှ ၂၀၀၈ ခု ဇန်န၀ါရီတွင် (၅၄,၇၀၉) ဦးထိလျော့ကျခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာပြည်ဟာ မူးယစ်ဆေးဝါး အထွက်တိုးတိုင်းပြည် ဖြစ်နေဆဲ
27 June 2008
UNODC လို့ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနက ကမ္ဘာတ၀ှမ်း
မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာအသစ်တစောင်
မနေ့ကပဲ ထွက်လာပါတယ်။ အဲဒီအထဲမှာ အာဖဂန်နစ္စတန်၊ ကိုလံဘီယာနဲ့ မြန်မာနိုင်ငံ
တွေမှာရှိတဲ့ လက်နက်ကိုင်သူပုန်တွေ ထိန်းချုပ်တဲ့ ဒေသတွေကနေထွက်တဲ့ ဘိန်းတွေ
ဟာ ဆက်ပြီး အထွက်တိုးနေတုန်းပဲလို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး UNODC အဖွဲ့က အစီရင်ခံစာကိုရေးသားဖို့ သုတေသန
လုပ်ခဲ့တဲ့ သောမတ်စ် ပစ်ချန်မင်က …

“ပြီးခဲ့တဲ့၂ နှစ်အတွင်း ဘိန်းထုတ်လုပ်ဖြန့်ချိရေးတွေ သိသိသာသာ တိုးတက်လာပါ
တယ်။ တကမ္ဘာလုံး အတိုင်းအတာအရ ဘိန်းထုတ်လုပ်မှုဟာ ၂ ဆ တိုးလာတာပါ။
ဒီအခြေအနေတွေဟာ တကယ့်ကို သတိထားစရာပါ။ အများဆုံးထုတ်လုပ်နေတာတွေ
က အာဖဂန်နစ္စတန်နဲ့ မြန်မာပြည်ကပါ။ မြန်မာပြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က တိုးတက်
မှုတွေနဲ့စာရင် လျော့သွားရမယ့်အစား တိုးပြီးထုတ်လုပ်မှုရော စိုက်ပျိုးမှုရော မြင့်လာခဲ့
တာပါ။

၂၀၀၇ ခုနှစ် တနှစ်ထဲမှာကိုပဲ ၃၄% အထိ တိုးလာခဲ့တာပါ။ လောလောဆယ်မှာတော့
ဆက်ပြီး ဘိန်းထုတ်လုပ်ဖြန့်ချိမှုတွေ တိုးမြင့်လာတာ မတွေ့ရသေးပါဘူး။ ကျနော်တို့
ထင်တာက ဘိန်းတွေက ဈေးကွက်ထဲကို ရောက်မလာသေးဘဲ လှောင်ထားတယ်လို့
ယူဆရပါတယ်။ ဒီအခြေအနေတွေကိုလည်း သတိပေးထားပါတယ်။ မကြာခင်ကာလ
အတွင်း ဈေးကွက်ထဲကို ရောက်လာမယ်လို့ ထင်ရပါတယ်”။ လို့ ပြောသွားပါတယ်။

UNODC ရဲ့ အစီရင်ခံစာအရ ၂၀၀၇ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၂၉% တိုးလာပြီး
ရှမ်းပြည်နယ်က ၂၄% တိုးစိုက်လာတယ်လို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ်အတွင်းမှာပဲ
မြန်မာပြည်က ဘိန်းထုတ်လုပ်မှုဟာ ဒေါ်လာ သန်း ၁၂၀ အထိ မြင့်တက်လာခဲ့တယ်
လို့လည်း ဆိုပါတယ်။

မြန်မာပြည်က ထပ်ပြီးအထွက်တိုးနေတဲ့ မူးယစ်ဆေးဝါးတခုကတော့ မက်သ် အမ်ဖက်
တမင်း ဆေးပြားတွေပါပဲ။ ၀တွေထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း
ဒေသတွေကနေ အမ်ဖက်တမင်းဆေးပြားတွေ ထွက်နေတာလို့ဆိုပါတယ်။

ဒီရေတောများကို ချစ်ကြပါ
ကြည်ဝေ ဇွန် ၂၇၊ ၂၀၀၈

စက်လှေဦးပိုင်းတွင် ထိုင်၍ လိုက်ပါလာရင်း ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျုံဒတ် ကျေးရွာအုပ်စု၊ သံဒိတ် ကျေးရွာအနီး သို့ ရောက်ခါနီး ရေမိုင်၂ မိုင် အကွာအဝေးလောက် ကတည်းက ကမ်းစပ်တလျှောက်တွင် ပေါက်နေကြသော အပင်များကို သတိပြုမိလာခြင်းဖြစ်သည်။

သူလာခဲ့သော သံဒိမြစ်ကြောင်း ကမ်းစပ်တလျှောက်တွင် ပြိုကျပျက်စီးနေသော တဲများ၊ ပျက်စီးနေသော လူနေ အိမ်များ၊ ပျက်စီးနေသော စိုက်ခင်းများကိုသာတွေ့ခဲ့ရပြီး သံဒိတ်ရွာအနီး၊ ပင်လယ်ဝနားရောက်လာမှသာကမ်းစပ်တွင်အပင်များရှိ နေသေးသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။ ထိုနေရာတွင် ဒီရေတောများကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည့်အတွက် သူ့မှာ ထအော်မိတော့မတတ် ၀မ်းသာဝမ်းနည်း ဖြစ်ရတော့သည်။

သံဒိတ်ကျေးရွာနှင့် ပင်လယ်ဝကြား ကမ်းစပ်တွင်ပေါက်နေကြသော ကညင်၊ မဒမ၊ ကနစို စသည့်အပင်များနှင့် အမျိုးအမည် မသိသော ဒီရေတောဝင်များဖြစ်သည့် ခြုံနွယ်ပင်များအပြင် ဧရာဝတီတိုင်းတွင် ကွယ်ပျောက်တော့မည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ စိုးရိမ်လျှက်ရှိသော လမုပင်များကိုပါတွေ့မြင်လိုက်ရသောကြောင့် စိတ်မချမ်း မြေ့စရာများကြားမှ အကောင်းတကွက်ဟု ပြောရပေတော့မည်။

သံဒိတ်ရွာလေး၏ တည်နေရာသည် သံဒိမြစ်နှင့်ပင်လယ်ပေါင်းဆုံသော နေရာလေးဖြစ်ပြီး ပင်လယ်ဝတွင် တည်ရှိ သော နေရာလည်းဖြစ်သည့်အတွက် မုန်တိုင်းတိုက်ခတ်စဉ်က အသေအပျောက်အများဆုံးဖြစ်လိမ့်မည်ဟု ပတ်ဝန်းကျင်ရွာများက ခန့်မှန်းခဲ့ကြသော နေရာဒေသလည်းဖြစ်သည်။

မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သောမုန်တိုင်းဒဏ်ကြောင့် လူဦးရေ ၁၀၀၀ ကျော်ရှိသော သံဒိတ် ရွာကလေးတွင် အပင်ကြီးများနှင့်လူနေအိမ်များ ပျက်စီးခဲ့ကြသော်လည်း လူ တဦးတယောက်မှ သေဆုံးခဲ့ခြင်း မရှိခဲ့ပေ။

သူမျှော်လင့်ထားသလိုပင် ထိုကျေးရွာနှင့်ပင်လယ်ဝ ကြားတွင်ရှိနေသည့် ဒီရေတောများက အကာအကွယ် ပေးခဲ့ခြင်း ဖြစ်သည်။

သူကတော့ ထိုရွာကလေးမှပြန်မထွက်ခင် ရသလောက်အချိန်အနည်းငယ်အတွင်း သံဒိတ်ရွာသားများ၏အသက်ကို မုန်တိုင်း ဒဏ်မှ ကာကွယ်ပေးလိုက်သည်မှာ သူတို့ရွာအနီးတ၀ိုက်တွင် ထူထပ်စွာပေါက်ရောက်လျက် ရှိသော ဒီရေတောများ ဖြစ်ကြောင်းနှင့် ထိုတောကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ပြောပြခဲ့သည်။

မုန်တိုင်းတိုက်စဉ်က ပင်လယ်မှ လှိမ့်ဝင်လာသော ဒီရေလှိုင်းများသည် ရွာကလေးသို့ မရောက်ခင် ရွာရှေ့တွင် ပိတ်ကာ ထားသော ဒီရေတောတွင်းသို့ အရင်ဝင်ရောက်ကာ အရှိန်လျော့သွားပြီးမှ ရွာထဲသို့ ၀င်ရောက်ရခြင်း ဖြစ်သောကြောင့် ထိုရွာ ကလေးမှာ မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် မခံရခြင်းဖြစ်ကြောင်း ရွာသားများနားလည်အောင် သူရှင်းပြခဲ့သည်။

အရင်ကတော့ ထိုရွာသားများသည် ဒီရေတောဝင်အပင်များကိုထင်းအဖြစ်လည်းကောင်း၊ အိမ်ဆောက်သည့်အခါ လိုအပ် သော တိုင်အဖြစ် မဒမ ပင်များကိုလည်းကောင်း ခုတ်ယူကာ အပင်ငယ်များကို နွားစာအဖြစ် ရိတ်ယူသုံးစွဲ ခဲ့ပြီး ထူးထူး ထွေထွေ တန်ဖိုးထားခြင်း မရှိခဲ့ကြပေ။

ဧရာဝတီတိုင်းအတွင်းမှ ဒေသခံများအနေဖြင့် ဒီရေတောများ၏ တန်ဖိုးကို နားမလည်ခြင်းမှာ ၀မ်းနည်းဖွယ်ရာ ဖြစ်ပြီး အစိုးရနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များအနေနှင့် ဒေသခံများကို ဒီရေတောများအကြောင်း ပညာပေးမှု အားနည်းခဲ့ဟန်တူကြောင်း သူက သုံးသပ်ပြောဆိုသည်။

သူသည် ရန်ကုန်မြို့မှ ဧရာဝတီတိုင်းရှိ လေဘေးဒုက္ခသည်များကို ဆန်နှင့် အ၀တ်အထည်များ သွားရောက် လှူဒါန်းသော အလှူရှင်တဦးဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ဝင် ပညာရှင် တဦးလည်း ဖြစ်သည်။

“အရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက သံဒိတ်ရွာကနေ အပေါ် နှစ်ရွာ သုံးရွာလောက်ထိ ဒီရေတောတွေရှိသေး တယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကမှ အစိုးရက လယ်ယာချဲ့ထွင်ခိုင်းတော့ အရှေ့ရွာတွေက ဒီရေတောတွေကို ခုတ်လိုက်ကြပြီး လယ်ယာတွေ လုပ်လိုက်ကြလို့ ဒီအပင်တွေက သံဒိတ်ရွာနားမှာပဲ ကျန်နေခဲ့တာလို့ ရွာခံတွေက ပြောတယ်”ဟု သူကြားခဲ့ရသည်ကို ပြန်ပြောပြခဲ့သည်။

ထိုသံဒိတ်ကျေးရွာလိုပင် ဧရာဝတီတိုင်းအတွင်း ဒီရေတောများကျန်ရှိနေသေးသော နေရာဒေသများဖြစ်ကြသည့် ဘိုကလေး မြို့နယ်တွင်းမှ မိန်းမလှကျွန်း၊ ပျဉ်ဒရယ် ကြိုးဝိုင်းအနီးရှိ ရွာများ စသည့်နေရာများမှာ မုန်တိုင်းဒဏ်ခံခဲ့ ရ သော်လည်း ပြင်းပြင်းထန်ထန် ခံရခြင်းမရှိဘဲ လူအသေအပျောက်လည်း လုံးဝ မရှိခဲ့ကြောင်း သိရှိခဲ့ရသည်။

ဧရာဝတီတိုင်းအတွင်း ဒီရေတောပမာဏလျော့နည်းလာခြင်းကြောင့် နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံရပြီး လူ အမြောက်အများသေဆုံးရခြင်းဖြစ်ကြောင်း အက်ဖ်အေအိုမှ သစ်တောရေးရာပညာရှင် ဂျန်ဟိုင်နိုက ပြောကြားခဲ့ သည်။

ဧရာဝတီတိုင်းအတွင်းရှိ ဒီရေတောအများစုကို လယ်မြေချဲ့ထွင်ရန်အတွက် ခုတ်ပြီး လယ်ယာမြေ အသွင်ပြောင်းခဲ့ သကဲ့သို့ ငါးမွေးကန်များ၊ ပုစွန်မွေးလုပ်ငန်းများအဖြစ်လည်း ပြောင်းလဲခဲ့သောကြောင့် ထိုနေရာဒေသများတွင် နေ ထိုင်ကြသော ဒေသခံများမှာ နာဂစ်မုန်တိုင်းကျရောက်သည့်အခါ လေပြင်းတိုက်ခတ်မှုကို အကာအကွယ်မဲ့ခံကြရ သဖြင့် လူအသေ အပျောက် များရခြင်းဖြစ်ကြောင်း သူကလည်း သုံးသပ်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ယခင်က ဒီရေတော ပမာဏ ဧကပေါင်း ၅၇၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၀၆ ခုနစ်တွင် ဧက ပေါင်း ၇၀၀၀၀ ခန့်သာ ကျန်တော့သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၏ သုတေသနပြုချက်များ အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဒီရေတောများကို ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် အများဆုံးတွေ့ရပြီး ဧရာဝတီတိုင်းမှာ တနိုင်ငံလုံးရှိ ဒီရေတောပမာဏ အများဆုံးပေါက်ရောက်ရာ ဒေသဖြစ်ကြောင်း သစ်တောဦးစီး ဋ္ဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

သစ်တောဋ္ဌာန၏ တရားဝင်စာရင်းများအရ ၁၉၂၄ ခုနှစ်တွင် ဧရာဝတီတိုင်းရှိ ဒီရေတော ဧကပေါင်း ဟက်တာ ၂၅၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၀၂ခုနှစ်တွင် ဧရာဝတီ တိုင်းအတွင်း ဒီရေတော ဧကပေါင်း ဟက်တာ ၁၁၀၀၀၀ ကျော်သာ ကျန်ရှိတော့ ကြောင်း ၇၇ နှစ် အတွင်း ဒီရေတော ဆုံးရှုံးမှုမှာ ၅၅ ရာခိုင်နှုန်း ဖြစ်ကြောင်း တရားဝင် စာရင်း ထုတ်ပြန်မှု များအရ သိရှိရသည်။

“အစိုးရရဲ့ပညာနည်းမှုနဲ့ အမြော်အမြင်နည်းပါးမှုတွေက ဧရာဝတီတိုင်းတခုလုံးကို ပျက်စီးစေတော့တာပဲ။ ဒီရေ တောတွေရဲ့ တန်ဖိုးကို ဒေသခံတွေ မသိသလို အစိုးရ ကိုယ်တိုင်ကိုက မသိတာ ဆိုးတယ်” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ အဖွဲ့ဝင် ပညာရှင် တဦးက ပြောဆိုသည်။

ဧရာဝတီတိုင်းရှိ ဒီရေတော ဆုံးရှုံးမှု အများဆုံးမှာ ၁၉၉၅ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်းဖြစ်ပြီး အဆိုပါနှစ်များတွင် စစ်အစိုးရမှ ဒီရေတောများအတွင်း ငါးမွေးမြူရေးလုပ်ငန်းများနှင့် ပုစွန်မွေးမြူရေးလုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လုပ်စေခဲ့ သလို၊ လယ်ယာမြေချဲ့ထွင်ခြင်းလည်း ရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ပညာရှင် တချို့၏ သုတေသန ပြုချက်များအရ သိရှိရသည်။

“ကျနော်တို့ နိုင်ငံမှာ ဒီရေတောတွေရဲ့ ၅ ရာခိုင်နှုန်းကို နှစ်စဉ် ဖြုန်းတီးခဲ့ကြတယ်။ အဓိကကတော့ လယ်ယာ စိုက်ပစ်တယ်။ ငါးကန် ပုစွန်ကန်တွေ လုပ်တယ်။ ပြီးတော့ ဒေသခံတွေက သူတို့ ၀မ်းစာအတွက် ဒီရေတောတွေ ကို ခုတ်ပြီး မီးသွေးဖိုတွေ ဆီကို ပို့ပစ်ခဲ့ကြတယ်”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး စာတမ်း ပြုစုနေသူ သုတေသီတဦးက ပြောဆိုသည်။

ယခုအခါ မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များအနေနှင့် ဧရာဝတီတိုင်းအတွင်း ဒီရေတောများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသောအဖွဲ့မှ ကျွမ်းကျင် လက်ထောက်တဦး၏ ပြောပြချက် အရ သိရှိရသည်။

ထောက်ပံ့ရေးလုပ်ငန်းအတွက် ကန့်သတ်ချက်များလျှော့ပေးရန် G8 တောင်းဆို
ဧရာဝတီ ဇွန် ၂၇၊ ၂၀၀၈
လေဘေးကူညီထောက်ပံ့ရေး လုပ်ငန်းများအတွက် စစ်အစိုးရ၏ ကန့်သတ်ချက်များကို လျှော့ချပေးရန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံ ၈ နိုင်ငံ (G8) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲက တောင်းဆိုလိုက်သည်။ ယမန်နေ့က ဂျပန်နိုင်ငံ ကျိုတိုမြို့တွင်ပြုလုပ်သည့် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ ကနေဒါ၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့ပါဝင်သည့် G8 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲက မြန်မာ့အရေးနှင့်ပတ်သက်၍ စစ်အစိုးရအား တောင်းဆိုကြခြင်းဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားအရေးကို အဓိကထား ဆွေးနွေးကြကြောင်း သိရသည်။

G8 နိုင်ငံခြားရေးဝန်ကြီးများက မုန်တိုင်းသင့်ဒေသများအထိ နိုင်ငံခြားသား ကယ်ဆယ်ရေးလုပ်သားများ ၀င်ရောက်ကူညီ နိုင်ရန် တင်းကျပ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များကို လျှော့ချပေးရန် တောင်းဆိုခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်ကိုလည်း တောင်းဆိုသည်။

မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ ၁၃၄၀၀၀ ခန့်သေဆုံးကာ ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည


အန်အယ်ဒီ လူငယ် ကျန်းမာရေးဆိုးရွား၊ ဆေးကုသခွင့်မရ
ဖနိဒါ
သောကြာနေ့၊ ဇွန်လ 27 2008 19:29 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း ၁ဝ လကြာ ဖမ်းဆီးခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုသန့်ဇင်မျိုးအား ကျန်းမာရေး ဆိုးရွားနေသော်လည်း အာဏာပိုင်များက ဆေးဝါးကုသခွင့် မပေးပေ။

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြ နေစဉ် အခြား ဆန္ဒပြသူ ၃ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် လှိုင်သာယာမှ ကိုသန့်ဇင်မျိုးတွင် အစာအိမ်နှင့် အခြားရောဂါ ဝေဒနာများ ဆိုးရွားစွာ ဖြစ်ပွားနေသော်လည်း အာဏာပိုင်များက ဆေးကုခွင့် မပေးကြောင်း ဇနီးဖြစ်သူ ဒေါ်လှလှမော်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမ ထောင်ဝင်စာ သွားတွေ့တဲ့အချိန် သူ့ကို မေးတော့ အဆစ်အမြစ်တွေလည်း ကိုက်တယ်၊ အစာအိမ် နာတယ်တဲ့။ မျက်နှာလည်း အမ်းနေတယ်။ ဆရာဝန် လာကုမပေးဘူးလားလို့ မေးတော့ သူတို့က အစာအိမ်ကြောင့်လို့ပဲ ပြောတယ်တဲ့။ အစာအိမ်ဆေးပဲ တိုက်တယ်။ လေးဘက်နာ ရောဂါဖြစ်လို့ သွေးစစ်ပေးခြင်းလည်း မရှိဘူးလို့ ပြောတယ်လေ” ဟု သူက ပြောသည်။

ကိုသန့်ဇင်မျိုးတွင် ယခင်ကတည်းက နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ ဝေဒနာများ ခံစားနေရသဖြင့် မိသားစုဆရာဝန် ဒေါက်တာ မျိုးဝင်းနှင့် ပုံမှန် ဆေးကုသခံခဲ့ရသည်။

ယခုလ ၁၇ ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံစဉ် တွေ့မြင်ခဲ့ရသည့် ကိုသန့်ဇင်မျိုး၏ ကျန်းမာရေး အခြေအနေကိုလည်း သူက ယခုလို ဆက်ပြောပြသည်။

“ကျမလေ သူ့ကို ထောင်ဝင်စာ သွားတွေ့တဲ့နေ့ကပေါ့နော်၊ သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရတဲ့ အခါကျတော့ မိသားစုအတွက် စိတ်မကောင်း ဘူး၊ စိတ်ပူတယ်။ ထောင်ထဲမှာ ဒီလိုပဲ ဆေးဝါး လုံလောက်အောင် ကုမပေးဘူးဆိုရင် ကျမယောက်ျား သက်ဆိုးရှည်မှာ မဟုတ်ဘူး။ သူတို့က ကျမတို့ တောင်းဆိုတာကိုလည်း အခုထိ လုံးဝ ဘာမှ မပြောသေးဘူး” ဟု ပြောသည်။

လွန်ခဲ့သည့် ၂ လကျော်ကတည်းက ထိရောက်စွာ ဆေးကုသပေးရေးအတွက် အဖမ်းဆီးခံ ၄ ဦး၏ မိသားစုဝင်များက လက်မှတ်ရေးထိုးကာ နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသို့ မေတ္တာရပ်ခံစာ တင်ခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားချက် မရရှိသေးပေ။

ကိုသန့်ဇင်မျိုးနှင့်အတူ ဖမ်းဆီးခံရသည့် ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်းနှင့် ကိုသန့်ဇော်မြင့်တို့ အားလုံးကိုလည်း ပြည်သူလူထု ဆူပူစေရန် လှုံ့ဆော် မှု ပုဒ်မ ၅ဝ၅ (ခ) နှင့် ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝဝ်မှု ပုဒ်မ ၁၄၃ ဖြင့် တရားစွဲဆိုထားသည်။

ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သလို၊ ပုဒ်မ ၁၄၃ အရဖြစ်ပါက ၆ လ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်ပေါင်းဖြစ်စေ ချမှတ်နိုင်သည်ဟု အဖွဲ့ချုပ်လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်းက ပြောသည်။

တရားရုံးထုတ်မှုနှင့် ပတ်သက်ပြီး ရှေ့နေ ကိုဖိုးဖြူက ယခုရက်ပိုင်းအတွင်း တရားရုံးများတွင် စက်တင်ဘာ အရေးအခင်းတွင် ဖမ်းဆီးခဲ့သူများကို ရုံးထုတ် စစ်ဆေးခြင်း မပြုဘဲ အခြားပြစ်မှုများဖြင့် စွဲချက် တင်ထားသူများကိုသာ ရုံးထုတ်စစ်ဆေးနေကြောင်း ပြောသည်။

“ငွေကြာယံက ကိုယ်တော်တွေ၊ စက်တင်ဘာနဲ့ ပတ်သက်ပြီး ၇ ယောက်၊ ၈ ယောက်လောက်ပဲ ထုတ်တယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၉၆ မျိုးဆက် ကျောင်းသားတွေ၊ တခြားသူတွေဆိုတာက NO ကိစ္စနဲ့ ပတ်သက်တဲ့ ကင်ပိန်းလုပ်သူတွေ၊ ရမ်ဘိုခွေကြောင့် ဖမ်းခံရသူတွေ၊ အိုင်အယ်အို (နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်) နဲ့ ပတ်သက်ပြီး ဖမ်းဆီး ခံထားရသူတွေကိုပဲ ထုတ်နေတယ်” ဟု သူက ပြောသည်။

စစ်အစိုးရ ပြုပြင်ပြောင်းလဲရေး မက်လုံးပေးဖို့ စက်မှု ထိပ်သီးနိုင်ငံတွေ စဉ်းစား
27 June 2008
မြန်မာစစ်အစိုးရအနေနဲ့ လေဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ကျန်ရှိနေတဲ့ ကန့်သတ်ချက်တွေ အားလုံးကို ပယ်ဖျက်ပေးဖို့ G-8 စက်မှု အင်အားကြီးနိုင်ငံ ၈ နိုင်ငံက စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မနေ့က ဂျပန်နိုင်ငံ ကျိုတိုမှာ ကျင်းပတဲ့ စက်မှုအင်အားကြီးနိုင်ငံ ၈ နိုင်ငံ G-8 နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ညစာစားပွဲမှာ မြန်မာနိုင်ငံ အရေးကိစ္စကို ထည့်သွင်း ပြောဆိုခဲ့ကြပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလဲဖို့ ရှေ့ကို ဆက်ပြီး တိုးတက်မှုတွေ လုပ်လာမယ်ဆိုရင် စစ်အစိုးရ ခေါင်းဆောင်တွေကို အကျိုးခံစားခွင့်တွေ ပေးနိုင်အောင် ကမ်းလှမ်းဖို့လည်း စက်မှု အင်အားကြီး နိုင်ငံတွေက သဘောတူကြပါတယ်။
လေဘေးကယ်ဆယ်ရေး အကူအညီတွေ လက်ခံဖို့ တိုက်တွန်းတဲ့ တချိန်တည်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း စစ်အစိုးရကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ထင်သာမြင်သာပြီး ထိန်ချန်ဖုံးကွယ်မှု မရှိဘဲ ဆောင်ရွက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့လည်း စက်မှု အင်အားကြီး နိုင်ငံတွေက စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ အပေါ်မှာ စိုးရိမ်တဲ့အကြောင်း စက်မှုအင်အားကြီး နိုင်ငံတွေက ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ စစ်အစိုးရဘက်က ခြေခြေမြစ်မြစ် ရှိတဲ့ နိုင်ငံရေး တိုးတက်မှုတွေ လုပ်လာခဲ့မယ်ဆိုရင် စက်မှုအင်အားကြီး နိုင်ငံတွေဘက်ကလည်း အကောင်းဘက်က တုံ့ပြန်နိုင်အောင် ပြင်ဆင်ထားတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။


Land transfer tax explained

Q: I am a first-time homebuyer in Toronto and I am entirely confused about what land transfer tax is and how much I will have to pay.

A: For many first-time homebuyers, the new Toronto Municipal Land Transfer Tax (MLTT) and the existing Provincial Land Transfer Tax (PLTT) can be difficult to understand and potentially provide a barrier to buying your first home. Here are some tips you should know when setting out a budget for that transaction:

>> If you are a first-time homebuyer and your purchase price is under $400,000, you are exempt from paying the MLTT. Even if the price is over this threshold, you will get a rebate on the first $400,000 of tax owing.

>> If you are a first-time homebuyer and you are purchasing a new construction, you automatically receive up to a $2,000 rebate from the province under PLTT. Even if you are purchasing from an owner who is reselling a new home, as long as the property has had no one reside in it, you may still be eligible to receive this rebate.

>> The Ministry of Finance is now implementing a new rebate for resale homes up to $2,000 for first-time homebuyers. The catch here is that you have to pay the full tax on closing and then wait for the proposed Bill to be passed into law before you get that rebate back from the Ontario government.

>> If you are purchasing the property with a partner/spouse you may be eligible for a partial rebate if one of you has owned a home before ‘any where in the world’ while the other is a first-time homebuyer.

>> The general rule of thumb if you are not a first-time purchaser is that both the MLTT and PLTT are approximately each 1.5 per cent of the purchase price. However, this is a sliding scale making the taxes greater for more expensive properties (tax the rich and feed the poor).

>> The land transfer tax must be paid along with all other expenses on the closing of the transaction.
Regardless if you are eligible to receive a rebate or not, land transfer tax can be a potentially large expense that purchasers must factor into their closing budgets.

Your lawyer can assist you in determining exactly what is payable on closing and should have an up-to-date understanding of Land Transfer Tax regardless of whether you live in Ottawa, Toronto, or Barrie.


Laid-off, single mom wins $25M


Beverly Palmer, 59, of Scarborough shows her $25 million Lotto cheque yesterday.
A 59-year-old single mother from Scarborough was laid off in February 2008 but now she will not bother to find a new job.
Beverly Palmer was all smiles yesterday when she picked up the $25 million cheque for winning last Wednesday’s Lotto 6/49 jackpot.
“I do not choose the number, the number chose me,” Ontario’s newest multi-millionaire said told reporters at the Ontario Lottery and Gaming Corporation (OLG) office when asked about her gaming strategy.
But her love of sunshine may have helped the Jamaican-born Canadian, who immigrated to Canada 38 years ago. Since the weather forecast predicted a wet day for Wednesday, she bought a quick pick ticket on Tuesday at Shopper’s Drug Mart on Rylander Blvd. in Scarborough. She did not check her ticket until last Sunday at a self-scanner.
She called her brother and they rechecked the number.