Saturday, July 12, 2008

AUNG SAN SU KYI ( The Fighting Peacock )


http://www.mediafire.com/?199imxtw9ilဂျပန်ကာတွန်းစာအုပ်လေးပါ .......
ကာတွန်းစာအုပ်လေးအား email မှ ပို့ ပေးခဲ့သော sowhat အား ကျေးဇူးတင်ပါသည် ။


(မလေးမေ)

အာရှကရွှေညီအကိုမောင်နှမတွေဖတ်ဖို့......

ဒီဆောင်းပါးကိုဖတ်မိ၍ပြောစရာတွေတွေပေါ်လာ၍ပြောရပါသည်။ဆောင်းပါးတွင်PRဖြစ်ပြီးသူ၊ဆွေမျိုးရှိသူ၊
ကျောင်း၎နှစ်စာ၃၊၄သောင်းဖြုန်းနိုင်သူစင်္ကာပူတွင်၃၀၀၀လစာရရှိနေသူများ၏အကြောင်းရေးသားထားသဖြင့်ထို
သူများအတွက်ဗဟုသုတရစရာကောင်းလှပါသည်။သို့သော်အောက်ဆုံးအပုဒ်ရောက်မှ....
၁။ ကိုယ်ဘ၀ တိုးတက်ရေးအတွက် စွန့်စားချင်သူ
၂။ လက်ရှိ နိုင်ငံမှာ နေလို့မရနိုင်တဲ့အထိ ဖြစ်လာလို့ စွန့်စားရသူ

ဒီစာကိုဖတ်သူ မိတ်ဆွေကတော့ အဲဒီ ၂ မျိုးထဲ ပါမယ် မထင်ပါဘူး။..........လို့ရေးပါတယ်။
၂။ကိုလက်ခံပေမယ့်....၁။ကတော့...ဟဲ..ဟဲ..ဟဲ...
ကနေဒါမှာမြန်မာPRကိုထားလိုက်၊စင်္ကာပူလူမျိုးတွေCanada PRလျှောက်ပြီးမိသားစုလိုက်လာနေတာအများကြီးရှိ
ပါတယ်။ကြီးမှရောက်သူအတွက်Struggleနဲနဲရှိပေမဲ့နေသားကျသွားတော့ဟုတ်သွားတာပါပဲ။တတ်တဲ့သူကတတ်
သလောက်၊မတတ်တဲ့သူကမတတ်သလောက်ပေါ့နော၊ဒါပေမဲ့တတ်တတ်မတတ်တတ်သူတို့ကလေးတွေကတော့
အခွင့်အရေးအတူတူ၊high school အထိကောင်းမွန်တဲ့ပညာရေးအခမဲ့ရပါတယ်။လူကိုလူခြင်းတန်ဖိုးထားတတ်တဲ့
အလေ့အကျင့်ရပါတယ်...ဒါပေမဲ့စင်္ကာပူမှာPRရအောင်တောင်ယူနိုင်ပြီးသားမြန်မာတယောက်ဟာဒီဖက်နိုင်ငံကို
လာနေဖို့လုပ်တာရင်ခုန်စရာကိစ္စတခုမဟုတ်တာတော့အမှန်ပါပဲ...
''USA နေဖူးချင်လို့လာတယ်ကွာ...ဘာဖြစ်လည်း...''.....။ ။

အခြေချနေထိုင်သူအတွက်စင်္ကာပူနဲ့ကနေဒါအဓိကကွာခြားတာကတော့လူ့အခွင့်အရေးပါပဲ....ကြိမ်ဒါဏ်၊သေ
ဒါဏ်တွေဒီမှာမရှိပါဖူး....အသားညိုတွေ၊အသားဖြူတွေမခွဲပါဖူး...အလုပ်ခြင်းတူရင်ဒီမှာပိုရပါတယ်...labour
အလုပ်အတွက်အာမခံရဲပေမဲ့high scale level တွေကတော့short term ကျောင်းလေးဘာလေးတက်ပြီးနဲနဲတိုး
ယူရပါတယ်၊yearly contract ကလည်း၅၀၀၀၀ကနေ၇၀၀၀၀ကျော်တာဆိုတော့လည်း......
၂၅၀၀၀နဲ့၄၀၀၀၀ကြားအလုပ်မျိုးလောက်ကတော့အနှစ်၂၀စီမံကိန်းနဲ့ရုန်းထဖို့ကြိုးစားနေတဲ့Saskatchewan
လိုပြည်နယ်မျိုးမှာဘယ်ဟာရွေးရမှန်းမသိအောင်ပေါပါတယ်...နောက်လထဲမှာစင်္ကာပူကနေလျှောက်တဲ့ဂဟေ
သမား၆၀၀ရောက်မယ်လို့ပြောပါတယ်..ဒီမှာSaskatchewanအ
ကြောင်းလေ့လာပါ။တခြားပြည်နယ်ကလူလာရင်နေစရာပါပေးတယ်၊၈၀၀၀၀လောက်ပေးရင်အိမ်ကောင်း၂ရတယ်၊
အခုပြောတာနော်...ရဲရင့်တောင်ပြောင်းမလားလို့စဉ်းစားနေတာ၊တိုရန်တိုကအကြီးဆုံးမြို့လည်းဖြစ်၊စကပ်တိုလေး
တွေလဲပေါလို့မောင်ကြီးမခွာနိုင်ဖြစ်နေတာ....

လေရှောက်ပေါနေတာပြောချင်တာကအခုမှစမှာ...
ဒီကိုလာဖို့စကာင်္ပူPRအတွက်ရင်ခုန်စရာမဟုတ်ပေမဲ့ဟုတ်တာကတော့စကာင်္ပူ၊မလေး၊ထိုင်း၊ကိုရီယားနဲ့အခြားနိုင်ငံ
တွေက EP,WP,တရားဝင်,တရားမ၀င်တွေအတွက်ပါပဲ...တခြာသူတွေလည်းရေးတယ်..ရဲရင်လည်းရေးခဲ့တယ်ဒီကို
ဘယ်လိုလာလဲ..လာပြီးဘာဆက်လုပ်ရမှာလည်း၊သမရိုးကျဗီဇာလျှောက်လေယာဉ်လက်မှတ်ဝယ်တဲ့နည်းတွေပါပဲ၊
ကနေဒါအစိုးရကတရားဝင်ခွင့်ပြုတဲ့နည်းလမ်းမှန်တွေပါ၊ကနေဒါအစိုးရကတရားဝင်ခွင့်မပြုတဲ့နည်းလမ်းမှန်တွေရှိပါ
တယ်...ပြီးခဲ့တဲ့၂လလောက်ထဲကရေးလိုက်deleteလုပ်လိုက်ဖြစ်နေတာ...ကိုယ်ထမင်းကိုယ်စားကြီးတော်နွားကျောင်း
တဲ့သူနဲ့တွေ့ရင်ကနေဒါအင်မီနဲ့ရရနပန်းလုံးရမှာ...(ဟဲ..ဟဲ..ထောင်ဝင်စာလာတွေ့ရင်ဘီယာလေးဆွဲခဲ့ဗျာ....)
နာဂစ်မှာဆိုးရွားလှတဲ့နအဖရဲ့အာဏာရူးလုပ်ရပ်ကြောင့်ကနေဒါအမြင်မှန်သိသွာလို့လည်းရေးရတာပါ...
အစွန်းလွတ်အောင်တော့ရေးရမှာပေါ့....စဉ်းစားတွေးရမဲ့နေရာလေးတွေလည်းရှိပါတယ်...
....ကနေဒါလာဖို့စကာင်္ပူ.မလေး.ကိုရီးယား.ဂျပန်.ကနေဒါ.USAစာအုပ်တွေဗီဇာမလိုပါဖူး၊ရဲရင့်ဆံပင်ဆေးဆိုးပြီးစပို့
ရှပ်အ၀ါဘောင်းဘီအဖြူဝတ်လိုက်ရင်(ခါဆန်းဖက်ကကိုရီးယားအညာသားရုပ်)လောက်တော့အသာလေးပါ...
ပြင်သစ်အစိုးရကအခုထိအသိအမှတ်ပြုထားဆဲပါ၊(အစွန်းနှစ်ဖက်မှာလည်းပါပါတယ်)......
လက်ရှိBKKမှာလုပ်တာကစာအုပ်ကိုမထိပါဖူး၊ရုပ်တူတာပဲစောင့်ရှာပါတယ်၊သွားခါနီးခင်စန်းဝင်း(မိတ်ကပ်)ကိုအော်
ဒါမှာလိုက်ပါတယ်(တကယ်မဟုတ်ဖူးနော်..သဘောတရား)၊လည်တဲ့သူကဘာသာတက်ကြတယ်၊မတတ်တဲ့သူက
အပ်ရတယ်၊ပုံမှန်ကတော့bkkကသူဌေးတွေကပြည်ကြီးတရုတ်ပဲကိုင်ပါတယ်....မြန်မာကတော့ရံဖန်ရံခါရောခေါ်ပေး
ပါတယ်...လက်ရှိကနေဒါနဲ့USAကို၁၅ကနေ၂၀ကြား..ဥရောပနဲ့သြစီကို၈ကနေ၁၀လောက်ပေါက်ပါတယ်။ဟယ်..
များလိုက်တာမလုပ်နဲ့လေ...လက်ရှိပြည်ကြီးတရုတ်က ၆၀ ကနေ ရ၀ထိယူတယ်....နဲနဲကွာတာပြောပါမယ်..
china bossနဲ့bkk boss နုတ်ကတိနဲ့လုပ်တာပါ၊bkkက၄၀လောက်ရပြီးchina၂၀လောက်ရပါတယ်..ငွေကြေးကို
china ကတာဝန်ခံပြီးဒီဖက်ကိစ္စbkkကတာဝန်ခံရပါတယ်...လာတဲ့တရုတ်ကသူ့မိဘကိုရောက်ကြောင်းဖုန်းသံကြားမှ
china မှာငွေချေပါတယ်...လမ်းမှာငြိလို့တရုတ်ပြည်ပြန်ရောက်သွားရင်BKK BOSS ကအဆုံးခံ(အဲ)အရှုံးခံရပါတယ်။
တူတာမတူတာတတ်တာမတတ်တာထက်luckyနဲ့လည်းဆိုင်ပါတယ်..တရုတ်သူဌေးတွေကသွားခါနီးဆိုလေးမျက်
နှာဘုရားနေ့တိုင်းလွှတ်လေ့ရှိတယ်။ရတာများသလိုအရင်းလည်းကြီးပါတယ်။မြန်မာတွေကတော့သင်လို့လွယ်တယ်
သိပ်လည်းမကြောက်တတ်လို့၂၀အောက်ဖြစ်တာပါBKKကမထွက်ခင်အကုန်ချေရပါတယ်...လမ်းမှာကလည်းကြာသေး
တာဆိုတော့လုပ်တဲ့သူအတွက်၎လောက်ပဲကျန်တယ်...တနေရာမှာငြိပြီးပြန်ကန်လာရင်နောက်တခေါက်အတွက်နဲနဲထပ်
ပေးရပါတယ်..လုပ်တဲ့သူအတွက်အမြတ်မရှိတော့ပါဖူး..ရောက်အောင်ပို့ပေးတဲ့နာမယ်ပဲမြတ်ပါတယ်..ဒီလိုနဲ့...........
ကနေဒါသွားမဲ့နောက်ဆုံးလေယာဉ်ထဲဝင်တဲ့လှိုင်ခေါင်းထဲရောက်မှ...ဟင်းချနိုင်ပါတယ်...လေယာဉ်ပေါ်ရောက်တာနဲ့
အိမ်သာကိုလွှတ်တယောက်ချင်းစာအုပ်ကိုနဲနဲစီဖြဲလိုက်ရေနဲ့မျောလိုက်လုပ်ပေါ့.. အတော်များများလည်းဒီနည်းကိုသိ
ကြပါတယ်လေ.....ဒါနဲ. .........
မဟုတ်တရုတ်ကိစ္စဒီမှာရပ်ပြီးရွှေအကြောင်းပဲပြောပါ့မယ်...အရင်၈၀ခုနှစ်တွေကဗီယက်နမ်ဟာHOME SAFEမဖြစ်ဆုံး
နိုင်ငံပါ။စည်ပိုင်းခွလာလာ.လက်ပစ်ကူးလာလာ...အကုန်အောင်ပါတယ်..အခုမရတော့ပါဘူး...home safe အဖြစ်သတ်
မှတ်လိုက်ပါပြီ။HOME SAFE မဖြစ်ဖူးဆိုတာပြန်ရင်အသတ်ခံရမယ်။ထောင်အနှစ်၂၀ကျမယ်။
(ဒီအချက်ကအရေးကြီးပါတယ်မှတ်ထားပါ)....
လက်ရှိနအဖရဲ့လူမဆန်တဲ့နှိပ်စက်မှုတွေကhome safe မဖြစ်တဲ့နိုင်ငံတွေထဲမှာposition 1 အထက်မှာနေရာယူနေပါ
တယ်။ရက်စက်မှုတွေနဲ့ယှဉ်တွဲထားတဲ့ home safe မဖြစ်တဲ့သင့်ဘ၀ဇတ်လမ်းလေးကိုကနေဒါအင်မီကိုပြောပြလိုက်ပါ....
အ၈င်္လိပ်လိုအခက်အခဲရှိရင်မြန်မာစကားပြန်လိုတယ်ပြောလိုက်ပါ။။သင့်BIOအကြမ်းကိုအင်မီကယူထားလိုက်ပါပြီ။
ပြန်ပြင်ခွင့်မရှိတော့ပါဖူး။အသိရှိရင်လာကြိုဖို့ဖုန်းဆက်ပေးပါတယ်။မရှိရင် welcome newcomer program နဲ့ကူညီ
ပါတယ်။shelterကိုပို့ပေးတယ်။
ရှေ့နေ့ list တွေရောတခြားအချက်အလက်တွေပါအင်မီကဖိုင်တွဲကြီးနဲ့ပေးလိုက်ပါမယ်။ဘယ်မှာပဲနေနေsocial
warefare office ကနေ Case woker တယောက်ပေးထားတယ်...ဖုန်းဆက်လို့မကိုင်ရင်တောင်နေမကောင်းလို့လား
ဆိုပြီးအခန်းအထိရောက်လာတတ်တယ်...ရဲရင့်တို့ONTARIO ပြည်နယ်ကအခန်းငှားဖို့စားဖို့၅၂၀ပေးတယ်...
ပထမလပရိဘောဂအတွက်၁၀၀၀ပေးတယ်။ burmese-Canadian association of Ontario က အသင်းမှာvolunteer
လုပ်နေကြောင်းစာရွက်ရုံးမှာသွားပေးရင်၁၀၀ထပ်ရတယ်။(မှတ်ချက်--ဘီယာမတိုက်လျှင်မရေးပေးပါ..ဟဲ...ဟဲ..)
အချို့ကCASHအလုပ်ပါခိုးလုပ်လိုက်သေးတယ်..ဘာမှမဖြစ်ရင်မဖြစ်ဖူးမှတ်ပေါ့.....E.S.L
(English in Second Language)အလကားသင်ပေးတယ်..Adult high schoolတက်ခွင့်ရှိတယ်။
ရှေ့နေနဲ့အင်မီမှာပြောခဲ့တဲ့BIOကိုအချောပြန်ရေး.ရုံးချိန်းယူ။။ရှေ့နေခက၂၅၀၀.၃၀၀၀လောက်ရှိတယ်..
ဘဏ်စတိတ်မန့်၃လစာမှာပိုက်ဆံအဲလောက်မရှိကြောင်း၇ယ်social warefare officeကပေးတဲ့လစဉ်ငွေလက်ခံရယ်ပြနိုင်ရင်ပေးစရာမလိုတော့ဖူး.တနှစ်၂နှစ်လောက်အထိထောက်ပံ့တယ်..
ESLကျောင်းခေါ်ချိန်တော့လိုတယ်...လောကကြီးထဲတိုးဖို့သင်နေတယ်ပေါ့ဗျာနောက်တော့လူပါးဝ(အဲ)ကနေဒါပါးဝ
လာတော့၆၂၀မလောက်တော့ဖူး..(ရောက်တုန်းကတော့လောက်ပါတယ်)..အဲတော့အလုပ်လုပ်ရတော့တာပေါ့ဗျာ..

ကနေဒါမှာမြန်မာပွဲစားမရှိပါဖူး...မြန်မာပြည်လစဉ်မှန်မှန်ငွေပို့သူမရှိပါဘူး...သံရုံးအခွန်ဆောင်စရာလည်း
မလိုပါဖူး..နေထိုင်ခွင်ပေးထားသလိုမြန်မာCITIZENကိုလည်းဆက်လက်ကိုင်ဆောင်ခွင့်ပေးပါတယ်။
(အချိန်တန်တော့ပြန်အကြွေးဆပ်ကြတာပေါ့နော....အခုနေပြန်ရင်ခွေးချီးသွားကျွေးသလိုဖြစ်နေမပေါ့....)..
ရုံးချိန်းမှာကျတာ၂ယောက်တွေ့ဖူးပါတယ်.....
တရားသူကြီးရှေ့ကျမှအရှေ့အနောက်မညီလို့BIOကို၃ခေါက်လောက်ပြန်ပြင်လို့လေ...လူတယောက်မှာBIOတခုပဲ
ရှိရမှာလေ။။။
ဘယ်ဟုတ်မလဲ...တယောက်ကလက်ရှိစစ်ကောင်စစ်ဝန်သား၊တယောက်ကဒုဝန်ကြီးသား...အဖေနာမည်အတုနဲ့...
BKKမှာဝင်ကြွားသွားသေးတယ်....မနေချင်လို့ပြန်လာတယ်ဆိုဘဲ......
USA,CANADAနဲ့ဥရောပနိုင်ငံအတော်များများလက္ခံပါတယ်အဆင်ပြေရာသွားနိုင်ကြပါတယ်....
(မွန်းကြပ်မှုမှရုန်းထွက်နိုင်ကြပါစေ...........)

Aung San Suu Kyi (The Fighting Peacock) အောင်ဆန်းစုကြည် (ခွပ်ဒေါင်း) - ဂျပန်ရုပ်ပြကာတွန်း ဖတ်ရှူနိုင်ပါပြီ။


Read this document on Scribd: AUNG SAN SUU KYI THE FIGHTING PEACOCK

ကျောက်ခေတ်တပ်မတော်၏စွမ်းရည်(သို့မဟုတ်) ယိုးဒယား-ဗမာစစ် ၂ဝဝ၁

ဂါမဏိ
၂ဝဝ၁ ခုနှစ်ဖေဖော်ဝါရီလမှာ နအဖဟာ ဝ အဖွဲ့က အက်စ်အက်စ်အေ (တောင်ပိုင်း) အဖွဲ့ကို တိုက်ပြီး ထိုင်းနယ်စပ်ဘက် နယ်မြေလုတာကို အကူအညီပေးတဲ့အနေနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေးဆင်နွှဲခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း ဖေဖော်ဝါရီ (၉)ရက် ညနေပိုင်းမှာတော့ နအဖတပ်တွေက ထိုင်းနိုင်ငံအတွင်း နယ်စပ်မျဉ်းကနေ (၁)ကီလိုမီတာအကွာမှာရှိတဲ့ မဲဖာလွမ် ခရိုင် ဘန်ပန်နွန်းရွာအနီး တောင်ကုန်းပေါ်က ထိုင်းနယ်ခြားစခန်း အမှတ် (၉၆၃၁) ကို စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ဒီစခန်းဟာ ကီလိုမီတာ (၄ဝ) အကွာမှာရှိတဲ့ တာချီလိတ် တဖက်ကမ်း မယ်ဆိုင်နဲ့ ချင်းရိုင်လမ်းကြောင်းကို စိုးမိုးထားပြီး အမြဲတမ်းတပ်မဟုတ်တဲ့ ထိုင်း ရိန်းဂျားတပ် အင်အား(၂ဝ) က စခန်းထိုင်ထားပါတယ်။ ဒါကို နအဖတပ်အင်အား (၉ဝဝ) ကျော်နဲ့ ဝ တပ်ဖွဲ့ အင်အား (၆ဝဝ) ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်တဲ့အ ကြောင်းကတော့ လွယ်ကောဝမ် ရှမ်းသူပုန်စခန်းကို တိုက်ဖို့ သို့မဟုတ် လက် နက်ကြီးနဲ့ပစ်ဖို့ ပစ်ကွင်းကောင်းမယ့်ခြေကုတ် ရချင်တဲ့အတွက်နဲ့ ထိုင်းနိုင်ငံထဲ မူးယစ်ဆေး တွေ ခိုးသွင်းနိုင်အောင် လမ်းကြောင်းပေါ်ပိတ်နေတဲ့ ထိုင်းတပ်တွေကို ဖယ်ရှားချင်တဲ့အတွက် ဖြစ်ပါတယ်။
တိုက်တဲ့အချိန်ဟာ သောကြာနေ့ ညနေပိုင်းဖြစ်တော့ ထိုင်းရိန်းဂျားစစ်သားတွေ အတော်များ များ အိမ်ခဏပြန်သွားချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ရှိနေတဲ့ရိန်းဂျားတွေဟာ ဗမာတွေချဉ်းကပ်လာ တာကို အချိန်မိသိခဲ့ပြီး အပြင်းအထန်ခုခံခဲ့ပါတယ်။ ဒါကြောင့် အင်အားအဆမတန်သာလွန်တဲ့ ဗမာနဲ့ “ဝ” တပ်တွေဟာ တိုက်ပွဲချိန်လေးနာရီကြာတာတောင် စခန်းမသိမ်းနိုင်ခဲ့ပါဘူး။
လေးနာရီအတွင်း ဗမာတပ် (၂ဝဝ) လောက်ထဲမှာ (၁၄) ယောက်ကျခဲ့ပြီး (၃ဝ)လောက် ဒဏ် ရာ ရသွားပါတယ်။ ထိုင်းရိန်းဂျားတွေဘက်ကတော့ (၂)ယောက်ကျပြီး (၁၁)ယောက် ဒဏ်ရာ ရခဲ့ပါတယ်။ ထိုင်းတွေဟာကျည်ကုန်ခါနီးပြီဖြစ်လို့ ဒဏ်ရာသမားအားလုံးကိုအပါခေါ်ပြီး ဆုတ် လိုက်တဲ့အတွက် စခန်းအမှတ် (၉၆၃၁) ဟာ နအဖတပ်တွေလက်ထဲ ကျသွားပါတယ်။
နအဖ ဟာ သိမ်းပိုက်ရထားတဲ့စခန်းနဲ့ ဖမ်းမိထားတဲ့ရိန်းဂျားတွေကို အသုံးချ ထောင်ချောက် ဆင်ပြီး ရောက်လာမယ့်ထိုင်းစစ်ကူတွေကို သတ်ကွင်းဆင်ချေမှုန်းဖို့ မူလတုန်းက ရည်ရွယ်ခဲ့ ပါတယ်။ ဒါပေမယ့် ရိန်းဂျားတွေက အပြင်းအထန်ခုခံလို့ သူတို့အကြံ ပျက်သွားတဲ့အတွက်သတ်ကွင်းဆင်စောင့်ဖို့ထားတဲ့ အရံတပ်တွေကို တိုက်ပွဲထဲဆွဲသွင်းခဲ့ရပါတယ်။
ဖေဖော်ဝါရီ (၁ဝ)ရက်နေ့မှာ ထိုင်းသံချပ်ကာတပ်မ (၁) လက်အောက်ခံ အမှတ် (၃) မြင်းစီး တပ်ရင်းက ဘရင်းကယ်ရီယာတရင်း၊ ခြေလျင်တပ်ခွဲတခွဲ၊ အမ်-၆ဝ တင့်ကားတခွဲ ပေါင်းစုပြီး စစ်ကူလာပါတယ်။ ညနေပိုင်းမှာ မယ်ဆိုင်အနီးရောက်လာပြီးတော့ ဆုတ်သွားတဲ့ရိန်းဂျားတွေ နောက် လိုက်တိုက်နေတဲ့ ဗမာတပ်တွေကို ဝင်တိုက်ပါတယ်။ မြင်းစီးတပ်ရင်းက ဒလကြမ်း တိုက်တဲ့အတွက် နအဖ တပ်တွေဟာ နယ်စပ်မျဉ်းကျော်အောင် ပြန်ဆုတ်သွားပါတယ်။ နအဖ ဘက်က (၁၇)လောင်း ကျန်ခဲ့ပြီး ဒဏ်ရာသမား (၆ဝ)ကို ထိုင်းက သုံ့ပန်းရလိုက်ပါတယ်။ ဝ အများစု ဖြစ်ပါတယ်။ ထိုင်းဘက်ကတော့ ကျဆုံးသူမရှိဘဲ (၇)ယောက်ဘဲ ဒဏ်ရာရပါတယ်။
(၁၁) ရက်နေ့မနက်မှာတော့ နအဖ တပ်ရင်း(၃) ရင်းဟာ တရုတ်လုပ် တီ-၆၉ တင့်ကားတွေ၊ အမြောက်ကြီးတွေနဲ့ မယ်ဆိုင်ကို တိုက်ပါတယ်။ ထိုင်းတွေက နအဖ ပင်မစစ်ကြောင်းက တီ-၆၉ တွေကို အမ်-၆ဝ တွေနဲ့ ရင်ဆိုင်ပါတယ်။ နောက်ပိုင်းမှာ ချင်းမိုင်လေတပ်စခန်းက တက် လာတဲ့ ထိုင်းလေတပ် အက်ဖ်-၅ တိုက်လေယဉ်တွေက လေဆာပဲ့ထိန်းဗုံးတွေနဲ့ချပါတယ်။ ထိုင်းဘက်က အမ်-၁ဝ၉ ၁၅၅မမ အော်တိုပစ်ဟောင်ဝစ်ဇာအမြောက်တွေ၊ အစွမ်းထက်လှတဲ့ ဂျီစီအန်-၅၅ ဂြိုဟ်တုသုံး လက်နက်ကြီးပစ်မှတ်ရှာစက်တွေပါ စစ်ကူရောက်လာတော့ နအဖ စစ်ကြောင်းတွေ ကျဆုံး ဒဏ်ရာ သုံ့ပန်းဖမ်းခံရတာတွေများပြီး ဆက်မတက်နိုင်တော့ပါဘူး။
ထိုင်းအမှတ် (၃) တပ်မတော်တခုလုံးက အင်အားစုစည်းစစ်ပြင်ပြီး မယ်ဆိုင်ဘက် စစ်ကူပို့ ပေးသလို ထိုင်းလေတပ်ကလည်း ဗမာတပ်တွေနဲ့ ထောက်ပံ့ရေးစစ်ကြောင်းတွေကို ထပ်ခါ ထပ်ခါ အပြင်းအထန်တိုက်ပါတယ်။ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာတော့ ထိုင်းတပ်တွေဟာ အက်စ်အက်စ်အေ(တောင်ပိုင်း) ရှမ်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးတွဲပြီးတော့ ဗမာတပ်တွေကို ထိုင်းမြေထဲက အပြီးသတ်တိုက်ထုတ်၊ နယ်ခြားစခန်းအမှတ် (၉၆၃၁) ကို ပြန်သိမ်းနိုင်ခဲ့ပါ တယ်။
တာချီလိတ်အနောက်ဘက် နှစ်မိုင်အကွာက တောင်ကုန်းတခုမှာလည်း ထိုင်းနဲ့ ဗမာတပ်တွေ တိုက်ကြပါတယ်။ ထောက်ပံ့ရေးတာဝန်ယူနေတဲ့ ထိုင်းလေတပ် ရဟတ်ယဉ် ယူအိတ်ခ်ျ-၁ အိတ်ခ်ျတစီးကို ဗမာဘက်ကပစ်လို့ ထိခိုက်ခဲ့ပြီး မြေပြင်ကို အရေးပေါ်ဆင်းခဲ့ရပါတယ်။ လေတပ်သားတွေတော့ အထိအခိုက်မရှိပါ။
ည (၇) နာရီခွဲမှာတော့ နှစ်ဘက် အပစ်ရပ်သဘောတူညီချက်ရခဲ့ပါတယ်။ ဒါပေမယ့် နအဖ က နောက်ထပ် တပ်အင်အား (၂ဝဝဝ) ကို လက်နက်ကြီးတွေနဲ့အတူ ကျိုင်းတုံကနေ တာချီလိတ် ပို့ခဲ့ပြီး လက်နက်ကြီးတွေ အပြန်အလှန်ပစ်ကြတာနဲ့ ထိုင်းစစ်လေယာဉ်တွေ စစ်ဆင်တာတွေ ကြိုကြား ကြိုကြားဆက်ဖြစ်ခဲ့ပါတယ်။ ချင်းမိုင်အခြေစိုက် ထိုင်းလေတပ်စခန်းဌာနချုပ်ဟာ ထိုင်းလေကြောင်းစစ်ဆင်ရေးအားလုံးကို ဒီတိုက်ပွဲစဉ်အတွင်းဦးစီးခဲ့ပါတယ်။ အင်မတန်လည်း အောင်မြင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ (၁ဝ) ရက်နဲ့ (၁၂)ရက်ကြားမှာ ထိုင်းတိုက်လေယာဉ်တွေ အကြိမ်(၇ဝ) စစ်ထွက် ခဲ့ပါတယ်။ တာချီလိတ်ဂေါက်ကွင်းမှာချထားတဲ့ နအဖအမြောက်တပ်ကို ထိုင်းလေတပ် အက်ဖ် -၅ (၄)စီးက လေဆာပဲ့ထိန်းဗုံးတွေနဲ့ တိုက်ခဲ့တယ်။ တစီးက အစ္စရေးနည်းပညာနဲ့ လေဆာ လမ်းညွှန်ပေးပြီး ကျန်တဲ့သုံးစီးက ဗုံးကြဲတာဖြစ်တယ်။ နအဖလေယာဉ်ပစ်အမြောက်က နည်း နည်းပါးပါးပဲ ပြန်ပစ်နိုင်ပြီး ထိုင်းလေယာဉ်တွေကိုလည်း မထိခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုအတွင်း ဗမာစစ်သား အနည်းဆုံး (၁) ဒါဇင်လောက်ကျပြီး အနည်းဆုံး အရပ်သား (၅) ယောက်သေ (၁၀) ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့သိရတယ်။
ဗမာလေတပ်ကတော့ ဒီစစ်ပွဲအတွင်း အမြီးတောင်မတွေ့ရပါဘူး။ အဲဒီတုန်းက နအဖဆီမှာ အမ်အိုင်ဂျီ-၂၁ ကို တုထားတဲ့ တရုတ်လုပ် အက်ဖ်-၇ တိုက်လေယာဉ်အုပ်တအုပ် စစ်ဆင်ရေး မှာပါခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ပါတယ်။ တကယ်တော့ တပ်မတော်(လေ)မှာရှိတဲ့ အက်ဖ်-၇ လေယာဉ်အုပ် သုံးအုပ်စလုံး အစင်း (၃ဝ)ကျော်ကို နအဖ က တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။
ဒီ အက်ဖ်-၇ တွေကို အစ္စရေးနည်းပညာနဲ့ အဆင့်မြှင့်ထားပါတယ်။ ဒါပေမယ့် လက်တွေ့မှာ တော့ ဒီထဲက (၆) စင်း ပဲပျံလို့ရပြီး ကျိုင်းတုံကွင်းကို ရောက်လာပါတယ်။
တာချီလိတ်/မယ်ဆိုင်ဟာ ကျိုင်းတုံတောင်ဘက် ကီလိုမီတာ (၁၅ဝ) လောက်ဝေးပြီး အက်ဖ်
-၇ မှာ လက်နက်ခဲယမ်းအပြည့်တပ်ဆင်လိုက်ရင် ပျံနိုင်တဲ့ခရီးတာရဲ့ နယ်ကုန်ဖြစ်နေပါတယ်။ ထိုင်းလေတပ်က အက်ဖ်-၅ တွေ ဗမာပြည်ထဲက ပစ်မှတ်တွေကိုတိုက်တဲ့အခါ ဒီဗမာလေတပ် အက်ဖ်-၇ တွေ တစီးမှ ပေါ်မလာပါဘူး။ နအဖ လေတပ်မှာ ကျန်တဲ့တခြားလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကလည်း အဆင့်နိမ့်ပြီး တဝက်လောက်ဘဲ ပျံသန်းတိုက်ပွဲဝင်နိုင်တဲ့ အခြေ အနေရှိပါတယ်။ အမ်အိုင်ဂျီ-၁၉ ကိုလိုက်တုထားတဲ့ တရုတ်လုပ် အေ-၅ အမ် တွေကတော့ အက်ဖ်-၇ ထက်တောင် စွမ်းဆောင်ရည်ပိုညံ့ပါတယ်။ အခြေခံအားဖြင့် ပြောရရင် နအဖမှာ အဲဒီတုန်းက လောက်လောက်လားလားလေတပ် မရှိပါဘူး။
ဗမာလေကြောင်းကာကွယ်ရေးကလည်း ထိုင်းတိုက်လေယာဉ်တွေ လုပ်ချင်သလိုလုပ်နေတာ
ကို တားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။ ၁၉၉၈ ခုတုန်းက ဘူလ်ဂေးရီးယားကဝယ်ထားတဲ့ အက်စ်အေ-
၁၆ ဂျင်းမ်လက်/အစ်ဂလာ အိုင်အီး ပခုံးထမ်း လေယာဉ်ပစ်ဒုံးကျည် အလက် (၁ဝဝ)ကျော် ရှိနေပေမယ့် အခုစစ်ပွဲမှာ မသုံးခဲ့ပါဘူး။
နှစ်ဖက်စလုံးက တပ်ကူတွေ ထပ်အားဖြည့်ကြပေမယ့် မယ်ဆိုင်တိုက်ပွဲဟာ နောက်ဆုံးမှာ စေ့ စပ်ဆွေးနွေးပြီးဖြေရှင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အခြေအနေကတော့ ဆက်လက်တင်းမာနေခဲ့ပြီး မေ (၁ဝ) ရက်မှာ ရှမ်းပြည် ကျောက်ခက်ဒေသကို ဒီအက်ဖ်-၁၆ တွေက တိုက်ခိုက်ခဲ့သေး တယ်။ နအဖက သင့်တော်သလိုလက်တုံ့ပြန်မယ်လို့ ကန့်ကွက်ခြိမ်းခြောက်ခဲ့ပေမယ့် ဘာစစ် ရေး (လေ ကြောင်းအပါအဝင်) မှ မလှုပ်ရှားနိုင်ခဲ့ပါဘူး။ ထိုင်း ဘက်ကလဲ နောက်ထပ် လေ ကြောင်းတိုက်ခိုက်မှုတွေ မလုပ်တော့ဘဲ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လုပ်ခဲ့ကြပါတယ်။ ဒီ့ နောက် သက်ဆင်အစိုးရ တက်လာတော့ တင်းမာမှုတွေ လျော့ပါးအောင် လုပ်ခဲ့ပါတယ်။
ထိုင်းဘက်ကသတင်းအရ ထိုင်းရိန်းဂျားတပ်တွေကြောင့်တင် ဗမာစစ်သား (၈ဝ)အထိ ကျခဲ့ တယ်လို့ ဆိုပါတယ်။ တိုက်ပွဲစဉ်တခုလုံးမှာ ထိုင်းဘက်က တယောက်ကျပြီး (၃၇) ယောက် ဒဏ်ရာရခဲ့ပါတယ်။ ထိုင်းရွာသား (၃) ယောက်လည်း သေပြီး (၇)ယောက် ဒဏ်ရာရခဲ့တယ်။ မယ်ဆိုင်မြို့က အမျိုးသမီး (၂) ဦးလည်း ဗမာအမြောက်တွေလက်ချက်ကြောင့်သေသွားတယ် လို့ ထိုင်းဘက်က တရားဝင်ထုတ်ပြန်ပါတယ်။ ထိုင်းဘက်က မြေပြင်တိုက်ပွဲဦးစီးခဲ့တဲ့ အမှတ် (၃) မြင်းစီးတပ်ရင်းက ဗိုလ်ကြီးဆွန်ခန်နီလ်ဖန် အပြောအရ ဗမာစစ်သား (၁ဝဝ)နီးပါး ကျခဲ့ တယ်လို့ဆိုပါတယ်။ နယ်ခြားစခန်း အမှတ် (၉၆၃၁) ကို ပြန်သိမ်းရချိန်မှာတော့ နအဖစစ်သား (၃) လောင်းပဲ တွေ့ခဲ့ရပါတယ်။ ကျန်တဲ့ အလောင်းတွေကိုတော့ ဗမာပြည်ဘက် ပြန်ဆွဲ သွားတယ်လို့ ယူဆရပါတယ်။ (အခုပြုတ်သွားပြီဖြစ်တဲ့) နအဖ ထောက်လှမ်းရေးအရာရှိကြီး ဗိုလ်မှူးကြီးကျော်သိန်းကတော့ နအဖ တပ်ဘက်က (၁၂) ယောက်ကျပြီး (၁၅)ယောက် ဒဏ် ရာရတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဲဒါတွေက ထိုင်းတပ်နဲ့တိုက်လို့ထိတာ မဟုတ် ဘဲ ရှမ်းသူပုန်တွေနဲ့ တိုက်ရင်းထိတာလို့ ဆိုပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီတိုက်ပွဲအရှိန်ကြောင့် သွေးပျက်သွားတဲ့ နအဖတပ်ဟာ ၂ဝဝ၂ ခု ဇွန်လ
မှာ ထိုင်းတပ်တွေနဲ့ စစ်ထပ်ဖြစ်တဲ့အခါ နအဖတပ်ရင်း တရင်းဟာ လုံးဝမတိုက်ဘဲ ထွက်ပြေး တဲ့အတွက် တရင်းလုံးကို သေဒဏ်ပေးလိုက်ကြောင်း အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်ခဲ့ ပါတယ်။
ဒီစစ်ပွဲရဲ့ရလဒ်အဖြစ် နအဖဟာ ၂ဝဝ၁ ဇွန်လမှာ ရုရှနိုင်ငံက ဒေါ်လာသန်း (၁၃ဝ)ဖိုး အမ်အိုင် ဂျီ-၂၉ (၁ဝ)စီး အော်ဒါမှာခဲ့ပါတယ် (တန်ဖိုး ၃ဝ ရာခိုင်နှုန်းကိုလက်ငင်းငွေချေပြီး ကျန်တာကို ဆယ်နှစ်အတွင်းအပြီးချေရမှာဖြစ်ပါတယ်)။ ဗမာလေတပ်အတွက်ဝယ်တဲ့ အမ်အိုင်ဂျီ-၂၉ တွေ ဟာ ၁၉၈ဝ ခုနှစ်များနှောင်းပိုင်းက တည်ဆောက်ခဲ့တာဖြစ်ပြီး မူလတုန်းက အီရတ်နဲ့ ဆီးရီး ယားနိုင်ငံတွေအတွက် ထုတ်လုပ်ခဲ့တဲ့ အစီး (၇ဝ) ထဲကဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကို မရောင်း ဖြစ်လို့ ရုရှနိုင်ငံ လူခိုဗစ်စီစက်ရုံမှာပဲ ဂိုဒေါင်ထဲအောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဗမာလေတပ်ရဲ့ အစဉ်အလာတွေ လည်ပတ်ပုံတွေအရကြည့်ရင် ဒီအမ်အိုင်ဂျီ-၂၉ တွေဟာ ထိုင်းလေတပ်ရဲ့ သာလွန်မှုကို ဘယ်လောက်ချေဖျက်နိုင်မယ်ဆိုတာလည်းမရေရာလှပါဘူး။
၂ဝဝ၂ ခုနှစ်စပိုင်းမှာ ဗမာလေတပ်ကလေယာဉ်မှူးတွေ အစုလိုက်အပြုံလိုက် တပ်ကထွက်ကြ တဲ့သတင်းတွေ ကြားခဲ့ရပါတယ်။ အဓိကအကြောင်းရင်းကတော့ တရုတ်နိုင်ငံကပေးတဲ့ လေ ယာဉ်တွေ (အက်ဖ်-၇ နဲ့ အေ-၅ တွေ)၊ စက်ပစ္စည်းကိရိယာတွေ အရည်အသွေးညံ့ဖျင်းလှတာ ကြောင့် လေယာဉ်တွေအများစုဟာ မပျံနိုင်ဖြစ်ပြီး တချိန်လုံး လေယာဉ်ရုံထဲကမထွက်နိုင် ဖြစ် နေလို့ စိတ်ဓာတ်ကျပြီး တပ်ထွက်ကုန်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာ့လေတပ်စခန်းတွေမှာ ဒီလေယာဉ်တွေထိန်းသိမ်းပြုပြင်ရေးအတွက်တွဲဖက်ပေးထားတဲ့ တရုတ်ပညာရှင်တွေ နည်းပြ ဆရာတွေကလည်း မောက်မာလှပြီး ဆက်ဆံရေးရိုင်းပြတာကလည်း မကျေနပ်မှုတွေကို ဖြစ် စေခဲ့ပါတယ်။ ဗမာလေယာဉ်မှူးတချို့ကဆိုရင် တရုတ်တွေဟာသင်ကြားပြသကူညီပေးဖို့ထက် ဗမာလေတပ်ကို သူလျှိုလုပ်ထောက်လှမ်းဖို့ အဓိကထားတယ်လို့တောင် စွပ်စွဲကြပါတယ်။
ဒါ့အပြင် အခုလိုလေတပ်အရာရှိတွေ တပ်ထွက်ကြတဲ့ နောက်အကြောင်းတခုက အမ်အိုင်ဂျီ
-၂၉ တွေဝယ်တာကို မကျေနပ်တာလည်း ပါပါတယ်။ တပ်မတော်(လေ)က ထိပ်တန်းအရာရှိ အများစုဟာ ရုရှနိုင်ငံက အမ်အိုင်ဂျီ-၂၉ တွေဝယ်တာကို ဆန့်ကျင်ကြပါတယ်။ သူတို့က ပို အဆင့်မြင့်တဲ့ ပြင်သစ်လုပ် မီးရတ်ဂ်ျ ၂ဝဝဝ သို့မဟုတ် ကမ္ဘာ့နံပတ်(၁) တိုက်လေယာဉ်ဖြစ်တဲ့ ရုရှလုပ် အက်စ်ယူ-၂၇ တွေကို လိုချင်ကြပါတယ်။ ဒီကိစ္စကြောင့် မိတ္ထီလာလေတပ်စခန်း ဌာန ချုပ်မှူးနဲ့ အထက်က နအဖထိပ်သီးတွေ အပြင်းအထန်စကားများခဲ့ပါတယ်။
မိတ္ထီလာလေတပ်မှူးအမြင်မှာ ဒီအမ်အိုင်ဂျီ-၂၉ တွေဟာ သူ့စွမ်းဆောင်ရည်နဲ့ မကာမိလောက် အောင် ဈေးကြီးလွန်းတယ် (ဝါ) မတန်ဘူး၊ အီရတ်နိုင်ငံအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ် လို့ ဂိုဒေါင်ထဲ (၁ဝ)နှစ်လောက် လေ နေခဲ့ပြီးပြီ၊ တိုက်ဆွေးဖြစ်နေပြီ၊ ထိုင်းလေတပ် အက်ဖ် -၁၆ တွေကို မယှဉ်နိုင်ဘူးလို့တင်ပြခဲ့ပါတယ်။ အခုလို အကြံဉာဏ်ကောင်းတွေပေးတဲ့အတွက် နအဖဟာ မိတ္ထီလာလေတပ်စခန်းမှူးကို ရာထူးဖြုတ်၊အဆင့်ချပြီး မြစ်ကြီးနားလေတပ်စခန်းကို ပြောင်းပစ်ခဲ့ပါတယ်။ အဲဒီအခါမှာ တပ်မှူးကလည်း တပ်ကထွက်ပစ်လိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နအဖက သူ့ကိုပြန်ချော့တဲ့အနေနဲ့ ဦးပိုင်လီမိတက်မှာ မြက်မြက်ကလေးစားရ တဲ့ ရာထူးနေရာတခု ပေးခဲ့ပါတယ်။
ယေဘုယျပြောရရင် ဗမာ့လေတပ်မှာ လေယာဉ် အလွန်ဆုံး (၁ဝ)ရာခိုင်နှုန်းက (၂ဝ) ရာခိုင် နှုန်းပဲ “ပျံသန်းနိုင်” တဲ့အဆင့်ရှိပါတယ်။ ဒါဟာ တိုက်ပွဲဝင်နိုင်တဲ့အဆင့်ကို ပြောတာမဟုတ်ဘဲ ပျံရုံပျံနိုင်တာကို ပြောတာဖြစ်ပါတယ်။ အသစ်ရောက်လာတဲ့ အမ်အိုင်ဂျီ-၂၉ တွေဟာ အရင်ဗမာ့တိုက်လေယာဉ်တွေထက်တော့ အဆင့်မြင့်ပေမယ့် မြေပြင်အထောက်အကူကို အကြီး အကျယ်အားထားရပါတယ်။ မြေပြင်ထိန်းသိမ်းကြံ့ခိုင်မှု မကောင်းရင် ထိထိရောက်ရောက် တိုက်ပွဲဝင်နိုင်မှာ မဟုတ်ပါဘူး။ ဗမာနအဖနဲ့ ဗမာစစ်တပ်ရဲ့ ထုံးတမ်းစဉ်လာ ညံ့ဖျင်းလဘော် ကျမှုဟာ ဘယ်လောက်ကောင်းတဲ့ပစ္စည်းဖြစ်ပစေ သုံးမရအောင်ဖြစ်သွားစေမှာပဲ ဖြစ်ပါတယ်။
စစ်တပ်အလုပ် စစ်တပ်မလုပ်တဲ့ စစ်လက်ဝါးကြီးအုပ်အခြေခံဥပဒေကို ဇွတ်အတင်းအတည်ပြု ချမှတ်လိုက်ရင်တော့ မြန်မာ့တပ်မတော်ဟာ နိုင်ငံတကာနဲ့ပခုံးချင်းမယှဉ်နိုင်တော့တဲ့ ကျောက် ခေတ်စစ်တပ်ဘဝမှာပဲ ဂုဏ်သိက္ခာမဲ့မဲ့၊ ဝမ်းမဝ ခါးမလှနဲ့ စုတ်ပြတ်စွာ ဆက်လက် ကျောက်ချ နေမှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။ ။

စနေသတင်းများ

မြန်မာဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များအတွက် ထပ်မံလှူဒါန်းပါရန် ကုလက ပန်ကြား
ဆော်လမွန်
စနေနေ့၊ ဂျူလိုင်လ 12 2008 16:28 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ လူပေါင်း ၁၃၈ဝဝဝ ဦး သေဆုံးပျောက်ဆုံးခဲ့ရသည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ ပြန်လည် နာလန်ထူနိုင်ရေးအတွက် နောက်ထပ် အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ကို လှူဒါန်းကြပါရန် ကမ္ဘာတဝှမ်းမှ အစိုးရများသို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ပြင်ဆင် ရေးဆွဲထားသော ပန်ကြားချက် တရပ်ကို ကြာသပတေးနေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။
ဤများစွာသော ငွေပမာဏ ပါရှိသည့် ပန်ကြားချက်ကို ကုလ၊ အာဆီယံ၊ မြန်မာအစိုးရနှင့် အန်ဂျီအို အဖွဲ့ဝင်များ ပါဝင်သည့် သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) က ပြုလုပ်ခဲ့သည့် အကဲဖြတ် တင်ပြချက်များအပေါ် အခြေခံကာ ပြင်ဆင် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလညှိနှိုင်းရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဴေု်ာငအေ ၵသလငနမေ က ပြောဆို သွားပါသည်။
“TCG က ပြုလုပ်ခဲ့သော အကဲဖြတ်ချက်များကို အခြေခံကာ ကျန်ရှိနေသေးသော လိုအပ်ချက်များ၏ မြင်ကွင်းကျယ် တရပ်လုံးကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခဲ့ပါသည်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားသွားခဲ့ပါသည်။
“မြန်မာနိုင်ငံတွင်း ဆောင်ရွက်လျက် ရှိသော လူသားချင်း စာနာသည့် လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့အစည်းကို နိုင်ငံတကာ အလှူရှင်များက ဆက်လက် ထောက်ပံ့ ကူညီလိမ့်မည်ဟုလည်း ကျမတို့ မျှော်လင့်ပါသည်” ဟုလည်း သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။
မြန်မာနိုင်ငံကို မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ဝင်ရောက် တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် ကျန်ရစ်ခဲ့သည့် မုန်တိုင်းဒုက္ခသည်များကို ကူညီကယ်ဆယ် စောင့်ရှောက်နိုင်ရန် ဒုတိယ အကြိမ်မြောက် ပန်ကြား မေတ္တာရပ်ခံချက် တရပ်ကို ကုလသမဂ္ဂက ကြာသပတေးနေ့က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။
ပထမအကြိမ် ပန်ကြား မေတ္တာရပ်ခံချက်မှ အမေရိကန်ဒေါ်လာ ၂ဝ၁ သန်းကို ကုလသမဂ္ဂ အဖွဲ့ကြီးက ရရှိခဲ့ပြီး ဖြစ်သည်။ ယခုအခါ နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာချက် (PONJA) က ဆောင်ရွက်ခဲ့သော လေ့လာ အကဲဖြတ်ချက်များကို အခြေခံကာ နောက်ထပ် ပြင်ဆင် ရေးဆွဲထားသည့် ပန်ကြား မေတ္တာရပ်ခံချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
(PONJA) အဖွဲ့တွင် အဖွဲ့ပေါင်း ၃၈ ဖွဲ့ပါဝင်ပြီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မုန်တိုင်းဒဏ် ခံခဲ့ရသော ကျေးရွာပေါင်း ၂၅ဝ ကျော်ကို သွားရောက်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကာ ကနဦး အစီရင်ခံစာကို ဇွန်လကုန်က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။ အစီရင်ခံစာ အပြည့်အစုံကိုမူ ဂျူလိုင်လ ၂ဝ-၂၁ တွင်မှ ထုတ်ပြန် ကြေညာနိုင်လိမ့်မည် ဖြစ်သည်။
မုန်တိုင်းဒဏ်ခံ ဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကို လှူဒါန်းပါမည့် အကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာစစ်အစိုးရကလည်း ပန်ကြား မေတ္တာရပ်ခံခဲ့သည်။
သို့သော် မုန်တိုင်းဒုက္ခသည်များကို အကူအညီပေးရန် လာရောက်ကြသည့် ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ လှုပ်ရှားဆောင်ရွက်မှုများကို အစဦးပိုင်းတွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည့် မြန်မာ စစ်အစိုးရသည် ထိုတောင်းခံသည့် ငွေပမာဏကို မရရှိခဲ့ပါ။
သို့သော် ရီစရာကောင်းသည်မှာ အဆိုပါ စစ်အစိုးရ၏ အာဘော် မြန်မာ့အလင်း သတင်းစာက သောကြာနေ့ထုတ် သတင်းစာတွင် မြန်မာနိုင်ငံ အပါအဝင် လူသားချင်း စာနာကူညီရမည့် ကပ်ဘေး ကျရောက်နေသည့် နိုင်ငံများကို ကူညီ ကယ်ဆယ်ရမည့်အစား စစ်ပွဲများအတွက် ငွေများကို ပိုမို သုံးစွဲနေကြသည်ဟု ဖွံ့ဖြိုးပြီးနိုင်ငံ အများအပြားကို ဝေဘန် တိုက်ခိုက်သွားခဲ့သည်။
၁၉၉၁ ခုနှစ်က ဖြစ်ပွါးခဲ့သော ပင်လယ်ကွေ့ စစ်ပွဲတွင် စစ်စတင်ဖြစ်ပွါးသည့် ပထမနေ့မှာပင် ဒေါ်လာ သန်း ၆၅ဝ သုံးစွဲခဲ့၍ ၄၃ ရက်ကြာ ကြည်းလေ ပူးတွဲစစ်ဆင်ရေး တခုလုံးအတွက် ဒေါ်လာ ၆ဝ ဘီလျံ သုံးစွဲခဲ့သည်၊ စစ်ပွဲတခုလုံးအတွက် ဒေါ်လာ ဘီလျံ ၁ဝဝ ခန့် သုံးစွဲခဲ့သည်ဟု အဆိုပါ အစိုးရအာဘော် သတင်းစာတွင် ဆောင်းပါးရှင်က ရေးသား ဖေါ်ပြထားပါသည်။
ဤစစ်ပွဲ ကုန်ကျစရိတ်အတွက် အမေရိကန်၏ ပန်ကြားချက်ကို တုံ့ပြန်သည့် အနေဖြင့် ဂျပန်နိုင်ငံက ဒေါ်လာ ၁ဝ.၇ ဘီလျံ၊ ဂျာမဏီက ၆.၆ ဘီလျံ နှင့် သြစတြေလျက ဒေါ်လာ သန်း ၂၅ဝ ကို ကူညီထောက်ပံ့ခဲ့သည် ဟုလည်း အဆိုပါ ဆောင်းပါးတွင် ဆက်လက် ဖေါ်ပြထားသည်။
“အင်အားကြီး နိုင်ငံများသည် ဒေါ်လာဘီလျံပေါင်း ရာနှင့်ချီ၍ အီရတ်နှင့် အာဖဂန် ပြဿနာများအတွက် ငွေကြေးကုန်ကျခံ သုံးစွဲခဲ့ကြသည်။ ဤနိုင်ငံများသည်နာဂစ်မုန်တိုင်း ဒုက္ခသည်များ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင်ကော ငွေကြေးမည်မျှ ကျခံ သုံးစွဲကြပါမည်လဲ” ဟု အဆိုပါ ဆောင်းပါးက မေးခွန်းထုတ်ထားပါသည်။
ဤသို့ တဘက်တွင် စွပ်စွဲမှုများ ပြုလုပ်နေခဲ့သော်လည်း မြန်မာ့ ကမ်းရိုးတန်းတွင် ဒုက္ခသည်များကို အကူအညီပေးရန် လာရောက် စောင့်ဆိုင်းနေခဲ့ကြသည့် အမေရိကန်၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့မှ အကူအညီပေးရေး သင်္ဘောများကို ဝင်ရောက်ခွင့် မပေးဘဲ ငြင်းဆန်ခဲ့သည်။ အဆိုပါ သင်္ဘောများသည် ရဟတ်ယာဉ်များ၊ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်ကာ မြန်မာ့ကမ်းလွန်တွင် တလနီးပါးကြာ စောင့်ဆိုင်းနေခဲ့ကြရပြီးမှ ဝင်ရောက်ခွင့် မရခဲ့၍ ပြန်လည် ဆုတ်ခွါသွားခဲ့ကြရသည်။
မေလ ၂၃ ရက်နေ့က ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်တွေ့ဆုံ၍ ဖျောင်းဖျ နားချနိုင်သည့်အချိန် မတိုင်မီအထိ အကူအညီများကို ကြိုဆိုလက်ခံမည် ဖြစ်သော်လည်း နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကိုမူ ဝင်ရောက်ခွင့် မပြုနိုင်ဟု မြန်မာစစ်အစိုးရက ကြေညာထားခဲ့သည်။
ဤသို့ ကုလသမဂ္ဂ အဖွဲ့ကြီးက နောက်ထပ် ရံပုံငွေ အမြောက်အမြား ထပ်မံ တောင်းခံခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အဆိုပါ မေတ္တာရပ်ခံ ပန်ကြားချက်ကို အပြုသဘော တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ပထမအကြိမ် ဤသို့အများအပြား တောင်းခံခဲ့စဉ်ကလည်း တောင်းခံသမျှ၏ ၇၅% ကို ရရှိခဲ့သည်။
“ပထမအကြိမ် တောင်းခံခဲ့စဉ်တုံးက ၇၅% လောက် ရခဲ့တာမို့ ဒါကို နှေးကွေးတဲ့ ဖြစ်စဉ်တရပ်လို့တော့ ကျမ မထင်ပါဘူး၊ ဒါနှေးကွေးတဲ့ ဖြစ်စဉ်တရပ် မဟုတ်ပါဘူး” ဟု Noviera က ပြောသွားပါသည်။

ထိန်းသိမ်းခံ ၈၈ ကျောင်းသားများ ဥပဒေကြောင်း အခွင့်အရေးများ ဆုံးရှုံး
12 July 2008
ကိုသားညွန့်ဦး
ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာဆန္ဒပြ လှုပ်ရှားမှုမတိုင်ခင်ကတည်းက လောင်စာဆီ ဈေးနှုန်းကြီးမြင့်တဲ့အပေါ် ဆန္ဒပြလို့ အဖမ်းခံခဲ့ကြရတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပုဒ်မတွေ အမျိုးမျိုး မကြာမကြာ ပြောင်းပြီး ချုပ်နှောင်ခဲ့တာ အခု တနှစ်ပြည့်ခါနီးပေမယ့် လွတ်လပ်တဲ့ တရားစီရင် ခံယူခွင့် ဥပဒေအကျိုး ခံစားခွင့်တွေ အခုအချိန်အထိ မရသေးပဲဖြစ်နေပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပုဒ်မတွေ အမျိုးမျိုးပြောင်းပြီး ချုပ်ရက် ရမန်ယူလာခဲ့တာ နောက်ဆုံး အချိန်မှာတော့ ကျောင်းသားခေါင်းဆောင် အချို့ကို ပုဒ်မ ၁၇/၁ တရားမ၀င် အသင်းဖွဲ့စည်းတာ ဆက်သွယ်တာတွေနဲ့ စွဲချက် ပြောင်းလိုက်ပြန်ပြီလို့ မိသားစု အသိုင်းအ၀ိုင်း သတင်းအရ သိရပါတယ်။ ဒါပေမယ့် ရှေ့နေနဲ့ ပြောဆိုတိုင်ပင်ခွင့် တရားရုံးမှာ လျှောက်ထားခွင့် မရတာကြောင့် သူတို့အပေါ် ဘယ်လို အကြောင်းရပ်တွေနဲ့ စွဲဆိုနေသလဲ၊ ဘယ်လို ဥပဒေတွေ ငြိစွန်းထားသလဲ စသဖြင့် ဘာမှ ရေရေရာရာ မိသားစုတွေက သိမထားကြပါဘူး။ ထိုင်းအခြေစိုက် အေအေပီပီ ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကတော့ သူတို့ဟာ မတရားသဖြင့် ဖမ်းဆီးခံထားရတာ ဖြစ်ပြီး ဖမ်းဆီးခံထားရစဉ်မှာလည်း တရားဥပဒေရဲ့အကျိုးခံစားခွင့် ဘာမှ မရဘူးလို့ ဆိုပါတယ်။
အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကို ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ အခြေအနေ နောက်ဆုံး သိရသမျှကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။
ပြီးခဲ့တဲနှစ် စက်တင်ဘာလှုပ်ရှားမှုတွေ မတိုင်ခင် သြဂုတ်လလောက်ထဲက ဖမ်းဆီးခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေပေါ့၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အခု သူတို့ ဖမ်းဆီးခံထားရတာလည်း တနှစ်တောင် ပြည့်တော့ပါမယ်။ သူတို့ကို တကယ်တမ်း ရုံးထုတ်တာတွေ၊ စစ်ဆေးတာတွေ ဘာမှ မတွေ့ရသေးဘူးခင်ဗျ။ အဲတော့ သူတို့ရဲ့ အခု ဖမ်းထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ နောက်ဆုံး အခြေအနေ ကိုဘိုကြည်တို့ ဘာတွေများ သိထားလဲခင်ဗျ။ -
"အခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်တို့ ကိုကိုကြီးတို့၊ ကိုပြုံးချိုတို့ကို ဖမ်းဆီးထားတာက တနှစ်နီးပါး ရှိနေပြီ။ ဒါပေမယ့် ဒီ တနှစ်နီးပါးရှိတဲ့အချိန်မှာ သူတို့က ဥပဒေအရ ခံစားရတဲ့ ခံစားခွင့်တွေ ဘာတခုမှ မရသေးဘူး။ ရှေ့နေငှားခွင့်တို့၊ ရှေ့နေတွေနဲ့ တိုင်ပင်ခွင့်တို့ အဲဒီလို လွတ်လွတ်လပ်လပ် တွေ့ဆုံပြီးတော့ အမှုအကြောင်း ပြောဆိုခွင့်၊ ဥပဒေအရ ကာကွယ် ခံစားခွင့်တွေ တခုမှရတာ ကျနော်တို့ မတွေ့ရသေးဘူး။ အဲဒီအပြင် ကျန်းမာရေး စောင့်ရှောက်မှုအရလည်း လုံလောက်တဲ့ စောင့်ရှောက်မှုတွေ ပေးတာကို ကျနော်တို့ မတွေ့ရဘူး။ အဲဒီလို ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတဲ့အတွက် ခေါင်းဆောင်တွေ ကျန်းမာရေးအရ ဆိုးဆိုးရွားရွား ခံစားနေရတာကို ကျနော်တို့ ကြားသိနေရတယ်။ အဲဒီအတွက် အရမ်းကို စိုးရိမ်စရာ ကောင်းပါတယ်။"
ဟုတ်ကဲ့။ အခု သူတို့ကို ဖမ်းဆီးထားတဲ့ ပုဒ်မတွေ ဥပဒေတွေနဲ့ပတ်သက်လို့ အခု ပုဒ်မတွေ ပြောင်းတယ်ဆိုပြီး ကျနော်တို့ ခဏခဏလည်း ကြားရပါတယ်။ အတည်ပြုချက်လည်း ယူလို့မရသေးပါဘူး။ နောက်ဆုံး ကိုဘိုကြည်တို့ရော ဘယ်လို ပုဒ်မတွေနဲ့ စွဲထားတယ်လို့ ကြားထားလဲခင်ဗျ။ -
"ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲက တချို့တွေကို ပုဒ်မ ၁၇/၁ နဲ့ ပြောင်းလဲပြီး စွဲတယ်လို့ ကျနော်တို့ ကြားပါတယ်။ အခုဟာက ဘယ်လို ဖြစ်နေလဲဆိုတော့ ပုဒ်မတွေကို ပြောင်းတယ်ဆိုတာက သူတို့က နိုင်ငံတကာကို သူတို့ ဥပဒေကြောင်းအရ တရားဝင် လုပ်နေပါတယ်လို့ ဖြေရှင်းဖို့အတွက် ပုဒ်မတွေကို ပြောင်းပြောင်းနေတာ ဖြစ်တယ်။ နောက်ခုကလည်း ဒီ ပုဒ်မတွေ ပြောင်းပြောင်းပြီး စွဲတဲ့အခါကျတော့ သူတို့က ဒီလူတွေကို ဆက်ပြီးတော့ ဖမ်းဆီး ချုပ်နှောင်ခွင့်ရှိမှာ ဖြစ်တယ်။"
သူတို့အမှုတွေကို အခုထက်ထိ ပြောင်ပြောင်တင်းတင်း မစစ်သေးတာ၊ နောက် တရားရုံး မတင်သေးတာ ဒီအနေအထားက ဘာကြောင့်လို့ ယူဆလို့ရမလဲခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို တနှစ်နီးပါးလောက် ရှိနေပြီ။ ထိန်းသိမ်းထားတဲ့ သဘောပဲ ရှိသေးတယ်။ တကယ်တမ်း တရားရုံးမှာ တရားရင်ဆိုင်တာတွေ မတွေ့ရသေးဘူးခင်ဗျ။ -
"တချို့တွေကို တရားရုံးမှာ ဟန်ပြထုတ်နေတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ဒီလူတွေကို တခုခု အကြောင်းအရာတွေကို သေသေချာချာ စစ်တာမဟုတ်ဘဲနဲ့ ရမန်ယူဖို့ ထုတ်တာလောက်ပဲ ရှိပါတယ်။ ဒီလိုမျိုး လုပ်နေရတဲ့ အဓိက အကြောင်းရင်း ကတော့ သူတို့က ဒီလူတွေနဲ့ တစုံတရာ အပေးအယူ လုပ်ချင်နေသလား။ ညှိနှိုင်းနေသလား၊ အဲဒါမျိုးတွေက ရံဖန်ရံခါမှာ လုပ်တတ်တာမျိုးတွေ ရှိတယ်။ အဲဒီလို ညှိနှိုင်းနေရင်းနဲ့မှ မရလို့ရှိရင် နှစ်ရှည် ဝေါဝေါ ဝေါဝေါနဲ့ ထောင်ချပစ်လိုက် တာမျိုးတွေ လုပ်တာရှိပါတယ်။ ဆိုတဲ့အခါကျတော့ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေ ကြားထဲမှာ အထိန်းသိမ်းခံ နေရသူတွေကြားထဲမှာ သွေးခွဲဖို့အတွက် လုပ်နေတဲ့လုပ်ရပ်တွေနဲ့ ကျနော်တို့ တွေ့နေရတယ်။ တချို့လူတွေကိုတော့ ဒီကြားထဲမှာ ပြန်ပြီးတော့ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဒါကို သဘောတူရင် လွှတ်ပေးမယ် ဆိုတာမျိုးတွေ ပြောပြီးတော့ တချို့ကို လွှတ်ပေးလိုက်တာမျိုးတွေလည်း ရှိနိုင်တယ်။ ဒီလို နည်းနဲ့ သူတို့က ရသလောက် သွေးခွဲမှာပဲ ဖြစ်တယ်။ အဲဒီလို သွေးခွဲဖို့အတွက်လည်း သူတို့က စနစ်တကျ လုပ်ဖို့ စီစဉ်ထားတာမျိုး၊ စနစ်တကျကို ဒီလိုပုံစံမျိုး လုပ်နေတာမျိုးကို ကျနော်တို့ တွေ့ရပါတယ်။"
အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ သြဂုတ်လအတွင်း အာဏာပိုင်တွေက လောင်စာဆီ ဈေးနှုန်း အဆမတန် တိုးမြင့်လိုက်တဲ့အပေါ် လမ်းလျှောက် ဆန္ဒပြမှုတွေ လုပ်ခဲ့ပြီးနောက် နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနောက်ပိုင်း လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ရာကနေ မကြုံစဖူး သံဃာတွေရဲ့ ဆန္ဒပြမှုတွေအထိ အကြီးအကျယ် ဖြစ်ခဲ့ပြီး၊ အစိုးရက ဒီဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်း ဖမ်းဆီးခဲ့တာကြောင့် အသေအပျောက်တွေပါ ရှိခဲ့ပါတယ်။

ဇင်ဘာဘွေအရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက် တရုတ် နဲ့ ရုရှား ပယ်ချ
11 July 2008
သတင်း
တရုတ်နဲ့ ရုရှားက ဗီတိုသုံး ပယ်ချလိုက်ပြီးတဲ့နောက် ဇင်ဘာဘွေအပေါ် ပိတ်ဆို့ အရေးယူရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မချမှတ်နိုင်ခဲ့ပါဘူး။
လွန်ခဲ့တဲ့လ သမ္မတ ရွေးကောက်ပွဲမှာ အကြမ်းဖက်ခဲ့တဲ့အတွက် သမ္မတ ရောဘတ် မူဂါဘီ နဲ့ အခြား ၁၃ ယောက်ကို ငွေရေးကြေးရေး အရ၊ ခရီးသွားလာမှု အရ ကန့်သတ်ပိတ်ဆို့ အရေးယူဖို့ ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို အမေရိကန် နိုင်ငံက ကမကထပြု တင်ပြခဲ့ပါတယ်။
တရုတ်၊ ရုရှား၊ တောင်အာဖရိက၊ လစ်ဗျား နဲ့ ဗီယက်နမ် တို့က ဆန့်ကျင်မဲ ပေးခဲ့ကြပါတယ်။ ပိတ်ဆို့အရေးယူတာကြောင့် အာဏာရပါတီနဲ့ အတိုက်အခံပါတီတို့ကြား စကားပြောနေတာကို ထိခိုက်သွားနိုင်ပါတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောပါတယ်။ ဇင်ဘာဘွေကိစ္စဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာ မဟုတ်တဲ့ အတွက် လုံခြုံရေး ကောင်စီရဲ့ လုပ်ပိုင်ခွင့် အပြင်ဘက်မှာ ရောက်နေပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီးက ဆိုပါတယ်။
အစိုးရအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူမယ် ဆိုရင်၊ ပြည်တွင်းစစ်ကို ဦးတည် သွားနိုင်ကြောင်း ဇင်ဘာဘွေက ကုလသမဂ္ဂကို ပေးပို့တဲ့စာထဲမှာ ဖော်ပြထားခဲ့ပါတယ်။
အတိုက်အခံ သမ္မတလောင်း မော်ဂန် ရှန်ဂရိုင်း နှုတ်ထွက်သွားတဲ့အခါ၊ လွန်ခဲ့တဲ့လ သမ္မတ တကြော့ပြန် ရွေးကောက်ပွဲမှာ တစ်ကိုယ်တော် ပြိုင်ခဲ့ပြီ၊ သမ္မတ မူဂါဘီ ဟာ နောက်သက်တမ်း တစ်တမ်းအတွက် သမ္မတ ဖြစ်လာခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီမှာ အစိုးရကလုပ်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၁၀၀ သေဆုံးခဲ့ရတယ်လို့ အတိုက်အခံက ပြောပါတယ်။
ဇင်ဘာဘွေ အာဏာရ အဖွဲ့ဝင်တွေ နဲ့ အတိုက်အခံ အဖွဲ့ဝင်တွေဟာ တောင်အာဖရိက နိုင်ငံ Pretoria မြို့ မှာ ဒုတိယနေ့ ဆွေးနွေးခဲ့ကြပါတယ်။