Monday, July 21, 2008

လွတ်လပ်မှုလိုချင်သူအတွက်.....

လူဆိုသည့်အမျိုးဟာပေါက်ကွဲချင်တာဖေါက်ခွဲခွင့်မရသ၍ရင်ထဲမှာရလာမည့်အချိန်ကိုမျှော်တတ်ကြသည်။တင်း
ကြပ်၍မခံနိင်သူကညဖက်တိုင်ကီထဲခေါင်းထိုးအ၀တ်အုပ်၍အော်သည်။နအဖအာဏာရှင်တွေလူတွေကိုဒီလိုဖြစ်
အောင်လုပ်လေ၈၈၈၈အုံကြွမှုမျိုးဖြစ်လာဖို့ပိုနီးစပ်လာလေပင်။ပိတ်ပင်မှုသည်နေရာတိုင်းဖြစ်နေလျှင်ထွက်
ပေါက်ပိတ်ခံရသူ၏တွန်းကန်မှုသည်သေနတ်ပင်ကြောက်ရွံ့ခြင်းမရှိသည်ကိုတွေ့ရသည်။လက်ရှိအနေအထား
တွင်လုံခြုံရေးကောင်စီကလည်းဗီတိုတွေကြောင့်အဆင့်မြှင့်အရေးယူမှု၊သက်သေအထောက်အထားပြနိုင်သည့်
တိုင်၊(ဥပမာ...R2P လိုအကာအကွယ်ပေးနိုင်မှုမျိုး)ဆောင်ရွက်နိုင်ခြင်းမရှိ၊အာစီယံကလည်းအနောက်နိုင်ငံစွက်ဖက်မှုကြောင့်ဒေသတွင်းမလုံခြုံမှုဖြစ်လာမည်စိုးရိမ်
၍နအဖကိုမချစ်သော်လည်းနာမည်ပျက်ခံပြီးပေါင်းနေရသည်။လက်ရှိတွင်စကာင်္ပူနိုင်ငံတခုပဲပြောရသလောက်
ပြောကြည့်နေသည်။အင်္ဂလိပ်လိုအရေးပေါ်ကျက်ပြီးအစည်းအဝေးမှာစာမျက်နှာတစ်နှင့်နှစ်ပါမှားဖတ်သောဝံဂျီး
အားနည်းချက်ကိုအခွင့်ယူ၍ပြောကြည့်သည်။နိင်ငံတကာမှမိမိနိုင်ငံအကျိုးတကယ်ထမ်းဆောင်နိင်သောခေါင်း
ဆောင်များသည်အင်္ဂလိပ်လိုရာနုန်း၇၀လောက်မပြောနိုင်လျှင်၊စကားပြန်သုံးသည်။ရှက်စရာမလို။
စကားထိရောက်ဖို့ပဲလိုသည်။အခုတော့မိမိအရည်အချင်းကမ္ဘာကိုတခုပြီးတခုရှက်ကြောပျက်မျက်နှာနှင့်ချပြ
သည်။နအဖချက်ချင်းကန့်ကွက်၍ဒေါ်စုလွတ်မြောက်ရေးမှာေ၀၀ါးဝါးမျှော်လေတိုင်းဝေးဖြစ်သွားရပြန်ပြီ။
အခုလောက်ဆိုဥာဏ်ဝင်းလည်းသူ့ပထွေးဆီထုချေလွှာတင်နေရလောက်ပြီ။
လတ်တလောပြည်ပနိုင်ငံများမှအရေးမယူနိုင်မှုကိုအခွင့်ယူ၍ပြည်သူကိုနှိပ်စက်သည်။ကျီးလန့်စာစားနှင့်ကြိုးစား
ရင်းတက်ပျောက်သောအသေးစားလုပ်ငန်းရှင်များ၊ဟောဟိုမှာမြင်လို့မဆုံးတဲ့အဆောက်အဦးတွေကနိုင်ငံတော်
ကတည်ဆောက်ပေးတဲ့စက်မှုဇုံဆိုလို့ဝင်ကြည့်တယ်...အမှာစာမရလို့ခေတ္တပိတ်သည်ဆိုသည်အလုပ်ရုံတွေရှေ့
မှာလျော်ကြေးရလိုရငြားငုတ်တုတ်ထိုင်စေါင့်နေရတဲ့အလုပ်သမားတွေ၊အိမ်အပြန်သားသမီးအတွက်ထမင်းရည်
ပုလင်းတောင်မ၀ယ်နိုင်တော့ပါဖူးဆိုပြီးရင်ထဲကြေကွဲခေါင်းငိုက်စိုက်ချ နေလောင်လို့ကြေးနီရောင်ထောင်းထော
င်းထတဲ့ညိုးငယ်သောမျက်နှာတွေနဲ့ဘယ်ဆိုင်အကြွေးရမလည်းတွေး ပြီးပြန်လာတဲ့သူတွေနုတ်ဆက်တာငေါင်
တောင်တောင်အကြည့်နဲ့ဘာပြောလိုက်တာလည်းပြန်မေးခံရလောက်အောင်သူတို့ဘ၀တွေရဲ့ရှေ့ရေးေ၀၀ါးမှု၊
လမ်းခင်းတံတားဆောက်တိုးတက်မှုပြရုဒ်ပါဆိုပြီးအာဏာတည်မြဲရေးအသိုင်းအ၀ိုင်းထဲပေးကျွေး၊ဗိုလ်ချူပ်ကြီးရဲ
မြင့်သားလိုဘိန်းစားကတာဝန်ယူ...သုံးတစ်စပ်ရမှာ..ခြောက်တစ်စပ်..ခိုင်းကျန်တာအိပ်ထဲထည့်၊ရှု၊ပါတီပွဲမှာ
မော်ဒယ်ဂဲတွေနဲ့ဟိုမင်းသမီးဆိုရှာပေးရလွန်းလို့(ခေါင်းမ)လို့ရပ်ကွက်ထဲကလူတွေကနံမည်ပေးတာခံရတယ်။
ဆယ်ဘီ်းကားတက်မရလို့စစ်တပ်ကားနှစ်စီးနဲ့တံတားထိပ်နှစ်ဖက်အခယူလွန်းထိုးတာဗီဒီယိုကင်မရာပါသွားရင်
ရိုက်ပြီးပြချင်တယ်။ကမ္ဘာဘဏ်နဲ့နိင်ငံတကာကချေးငွေရအောင်ထောက်ခံလက်မှတ်ထိုးပေးနိုင်သူတွေဘယ်
လောက်ပေးမယ်ဆိုပြီးရာခိုင်နုန်းနဲ့လိုက်ငြိ..ရတာနဲ့ခွဲပေး(ဒီကိစ္စကိုလိုက်လုပ်ပေးရတဲ့ဝန်ထမ်းရဲရင့်ဖွင့်သံတင်
ဆက်ပေးဖို့ရှိပါတယ်။)ပြည်သူရတာဘာမှမရှိ။ရဲရင့်တို့ရပ်ကွက်မှာတရုတ်မိသားတစုဟိုးတုန်းထဲကလက်ဖက်ရည်
ဆိုင်ဖွင့်တယ်..ဗမာလိုတောင်ကောင်းကောင်းမတတ်တော့မဆလတလျောက်လုံးနှိပ်ကွပ်ခံလာရတာ..ဟော..နဝ
တလည်းတက်ရော....တနေ့ရ၀တရုံးဧည့်စာရင်းတိုင်သွားတော့၁၈နှစ်လောက်ပဲရှိတဲ့သူသားကရပ်ကွက်ကြံ့ဖွတ်
မှာအကြီးဆုံးဆိုပဲ..သူ့ကိုစားပွဲတလုံးဥက္ကဌသုံးတဲ့ဖုန်းပါသူ့စားပွဲပေါ်ရောက်..သူ့အဖေလည်းဘယ်သူမှမထိရဲ
တော့ဖူး.အခုဆိုသုံးထပ်တိုက်နဲ့စတိုးဆိုင်ကြီးနဲ့...ပြောချင်တာကအဆင့်ဆင့်ပေးကြွေးပြည်သူချင်းပြန်ရန်တိုက်ပြီးရသမျှထိုင်စားနေတဲ့သေနတ်ပြအုပ်ချုပ်ရေးဘယ်
လောက်ထိထိန်းထားနိုင်မလည်း..မကြာတော့ပါဖူး...ဘယ်တော့လည်းမမေးပါနဲ့တကယ်တိုက်နေသူတွေအတွက်
်ဖြေမဲ့စကားကတော့နောက်ဆုံးထွက်သက်အထိပါပဲ...

ဒါအိမ်ရှေ့ခြံတံခါးမပေါ်မှာလက်ရှိတပ်ထားတဲ့စိန်ခေါ်သံဖြစ်နိုင်ပါတယ်ဓါတ်ပုံအထောက်အထားမရသေးလို့ပါ။
ဖိနှိပ်ခံနေရလို့လွတ်လပ်မှုလိုချင်သူတွေအတွက်။အပြင်ကနေစာနာတယ်ဆိုရင်မိမိတတ်ရာနည်းနဲ့ဘေးထိုင်ဘု
မပြောပဲတတတ်တအားပါဝင်ကြပါ၊လှုပ်ပါများလို့နဲ့မသွားတဲ့တိုင်ဆိုတာမရှိပါဖူး...ရဲရင့်တို့Toronto မှာ
August 8 ကြရင် Globle Acitonအစီအစဉ်အရတရုတ်ကောင်စစ်ဝန်ရုံးနဲ့ပါလီမန်ရှေ့မှာဆန္ဒပြပွဲ၊၈၈၈၈သရုပ်ပြပွဲ၊
မနက်၁၀နာရီကနေညအထိလုပ်ပါမယ်...ပူးပေါင်းမယ့်ခေါင်းဆောင်တွေစာရင်းရပြီးရင်ကြေငြာပေးပါမယ်...
တိဘက်တွေလည်းတရုတ်ဆန့်ကျင်နေတာဆိုတော့ပူးပေါင်းမယ်လို့ပြောပါတယ်..
အခုထဲကအဲဒီနေ့အလုပ်မလာဘူးပြောထားပြီးပါပြီ...
ဒါရွှေဝါရောင်မှာတိုရန်တိုမြို့ခံတွေရဲ့ထောက်ခံအားပေးမှုပါ.....


တိုရန်တိုရဲ့ free burma movement တွေဒီမှာကြည့်ပါ၊

ဖိနှိပ်မှု...နာကျည်းမှု....ရုန်းထွက်မှု

PhotobucketPhotobucket

တနင်္လာသတင်းများ


ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်နိုင်သည့်အဆို နားလည်မှု လွဲမှားမှုဖြစ်
21 July 2008
နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်တနှစ်မပြည့်ခင် အချိန်အတွင်းမှာ လွတ်မြောက်လာနိုင်တဲ့သဘောမျိုးမြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရည်ညွှန်းပြောကြားခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က အစောပိုင်းမှာ ပြောခဲ့တာဟာနားလည်မှုလွဲပြီး ပြောခဲ့တာလို့ စင်ကာပူ နိုင်ငံခြားရေးဌာနက ဒီနေ့မှာ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံရေးသမားတယောက်ကို ၆ နှစ်အထိ ထိန်းသိမ်းထားနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာ နောက် ၆ လအတွင်းမှာ ၆နှစ်ပြည့်တော့မှာဖြစ်ကြောင်းကို တနင်္ဂနွေနေ့တုန်းက အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေး
ဝန်ကြီးတွေရဲ့ ညစာစားပွဲမှာ ဦးဉာဏ်ဝင်းက ရှင်းပြခဲ့ကြောင်း ဂျော့ခ်ျယိုးက ပြောခဲ့တာပါ။
တကယ်ကတော့ ၂၀၀၉ ခုနှစ် မေလကနေ နောက်ထပ် ၆ လအကြာမှာမှ ထိန်းသိမ်းထားတဲ့သက်တမ်း ပြည့်မှာဖြစ်တယ်လို့ မြန်မာဘက်က ပြန်ပြီးရှင်းပြကြောင်း စင်ကာပူအစိုးရရဲ့ ဒီနေ့ ဖြေရှင်းချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
နေအိမ်အကျယ်ချုပ်သက်တမ်းကို မြန်မာစစ်အစိုးရက ထပ်ပြီး သက်တမ်းတိုးခဲ့တဲ့အပေါ်မှာ အင်မတန်စိတ်ပျက်မိကြောင်း အာဆီယံအဖွဲ့က အစောပိုင်းတုန်းကကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး
အကျဉ်းသားအားလုံးကို စစ်အစိုးရက လွှတ်ပေးဖို့လည်း ကြေညာချက်ထဲမှာ ထပ်ပြီးတောင်းဆိုထားပါတယ်။
တခါ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ လူ့အခွင့်အရေးတွေ တိုးတက်လာစေဖို့ရည်ရွယ်တဲ့ အာဆီယံပဋိညာဉ်ကို မြန်မာစစ်အစိုးရက အတည်ပြုခဲ့ပါတယ်။ အဖွဲ့ဝင်၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံဝန်ကြီးများရဲ့ နှစ်ပတ်လည်စည်းဝေးပွဲမှာ မြန်မာနိုင်ငံခြား
ရေးဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံပဋိညာဉ်ကို မြန်မာနိုင်ငံက အတည်ပြုကြောင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ခုလို အာဆီယံပဋိညာဉ်ကို အတည်ပြုလိုက်တာဟာအာဆီယံရဲ့ ဘုံတန်ဖိုးတွေကို အလေးအနက်ထားတယ်ဆိုတာ ပြသတာလည်းဖြစ်တယ်
လို့ ၀န်ကြီး ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။

အာဆီယံက မြန်မာစစ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြား ယုံကြည်မှုတည်ဆောက်ပေးနေ
21 July 2008
ဦးသိန်းထိုက်ဦး -

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဖွင့်မိန့်ခွန်း ပြောကြားနေသော စင်ကာပူ ၀န်ကြီးချုပ် လီဆမ်လွန်း။
ဇူလိုင် ၂၁၊ ၂၀၀၈။
မြန်မာစစ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြားယုံကြည်မှု တည်ဆောက်ပေးဖို့အတွက် အာဆီယံအရှေ့တောင်အာရှနိုင်ငံတွေက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း စင်ကာပူဝန်ကြီးချုပ်လီဆမ်လွန်း (Lee Hseng Loong) က အာဆီယံ
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောဆိုပါတယ်။ တချိန်တည်းမှာ မြန်မာစစ်အစိုးရအနေနဲ့အာဆီယံရဲ့ အခန်းကဏ္ဍကို သိမြင်ဖို့လိုသလို မြစ်ဝကျွန်းပေါ်ဒေသ ရေရှည်ပြန်လည်တည်ဆောက်ရေးဟာ နိုင်ငံတကာမိသားစုကသာ ဆောင်ရွက်နိုင်စွမ်းရှိလိမ့်မယ်လို့လည်း ပြောဆိုပါတယ်။ အသေးစိတ်ကိုဘန်ကောက်မြို့ကနေ ဦးသိန်းထိုက်ဦးက သတင်း
ပေးပို့ထားပါတယ်။
စင်ကာပူနိုင်ငံမှာကျင်းပတဲ့ ၄၁ ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ်ကယ်ဆယ်ရေး ဒေသတွင်းနိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို အာဆီယံရဲ့ အောင်မြင်မှုတခုအဖြစ် စင်ကာပူဝန်ကြီးချုပ် လီဆမ်လွန်းက ထည့်သွင်းပြောဆိုသွားတာပါ။တချိန်တည်းမှာ အာဆီယံကို နိုင်ငံတကာနဲ့ မြန်မာစစ်အစိုးရအကြား ယုံကြည်မှု
ပေါင်းကူးပေးနိုင်မယ့် အဖွဲ့အစည်းတခုအဖြစ် သူက ပြောဆိုသွားပါတယ်။
"စင်ကာပူနိုင်ငံ အာဆီယံရဲ့ အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ကာလမှာအရေးကြီးတဲ့ အဖြစ်အပျက်ကြီးနှစ်ခုကို ကြုံခဲ့ရပါတယ်။ ရှေ့လာမယ့်နှစ်တွေမှာအာဆီယံရဲ့ အဓိပ္ပာယ်ကို သတ်မှတ်ပြဋ္ဌာန်းမယ့် အဖြစ်အပျက်တွေလို့ ကျနော်ယုံပါ
တယ်။ ပထမတချက်က မြန်မာနိုင်ငံမှာ မေလက ကြုံခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရပြီးအာဆီယံအဖွဲ့ကြီးက တုံ့ပြန်ဆောင်ရွက်ခဲ့တာတွေပါ။ ဒီအကျပ်အတည်းက အာဆီယံရဲ့သွေးစည်းညီညွတ်မှုကို စမ်းသပ်ခဲ့တာပါ။ အာဆီယံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထား၊မြန်မာနိုင်ငံဘက်က အာဆီယံအတွက် တဖန် ဘယ်လိုသဘောထားတယ်ဆိုတာကို
မဖြစ်မနေ စဉ်းစားလာခဲ့ရပါတယ်" လို့ ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံဘက်က တုံ့ပြန်ခဲ့တာ၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကို စင်ကာပူဝန်ကြီးချုပ်က ချီးကျူးပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အကူအညီတွေ ပေးပို့နိုင်အောင် ဆောင်ရွက်ခဲ့တာတွေကို အာဆီယံဘက်က စွမ်းဆောင်နိုင်ခဲ့တဲ့
အဓိပ္ပာယ်ရှိပြီး ယုတ္တိနည်းလမ်းကျတဲ့ လုပ်ဆောင်ချက်တွေလို့ သူကဆိုပါတယ်။
"အခက်အခဲတွေ၊ ရှေ့မှာ ဆောင်ရွက်စရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်းအာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြား၊ မြန်မာနိုင်ငံနဲ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်တို့လို အဖွဲ့အစည်းတွေအကြား ကွာဟနေတဲ့ ယုံကြည်မှုကို
တည်ဆောက်ပေးနိုင်အောင် အရေးကြီးတဲ့ အခန်းကဏ္ဍက ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်" လို့ စင်ကာပူဝန်ကြီးချုပ် လီဆမ်လွန်းက ပြောဆိုသွားတာပါ။
"ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ကြုံတွေ့ခဲ့ရတဲ့ ပျက်ဆီးဆုံးရှုံးမှုပမာဏက သိပ်ကိုကြီးပါတယ်။ ပြန်လည်တည်ဆောက်ရေး ရေရှည်လုပ်ငန်းတွေကို နိုင်ငံတကာမိသားစုကသာ ဆောင်ရွက်ပေးနိုင်မှာပါ။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ၊ ကုလသမဂ္ဂ သုံးဦး
သုံးဖလှယ် ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတာကို အာဆီယံက ကြိုဆိုပါတယ်။အာဆီယံရဲ့ အခန်းကဏ္ဍကို မြန်မာနိုင်ငံဘက်က သိမြင်သမျှ အာဆီယံကလည်း မြန်မာစစ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြား ယုံကြည်မှုပိုပြီး ကြီးကြီးမားမား
တည်ဆောက်နိုင်ဖို့ ကျနော်တို့ဘက်က ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်သွားမှာပါ" လို့ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို ကျနော်တို့ ဥပေက္ခာပြုထားလို့ မရသလို လူတွေအများအပြား သေကျေပျက်ဆီးခဲ့ပြီး လူတွေ ဒီ့ထက်ပိုပြီးအန္တရာယ်ကျရောက်နိုင်တဲ့ အနေအထားကို ကျနော်တို့ မသိကျိုးကျွံပြုထားလို့ မရပါဘူး
ဆိုပြီး စင်ကာပူဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံအတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးခဲ့တာတွေနဲ့ပတ်သက်ပြီးစစ်အစိုးရ၊ အာဆီယံနဲ့၊ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ အကဲဖြတ် စမ်းစစ်ချက် အစီရင်ခံစာ ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီအစီရင်ခံစာဟာ အာဆီယံဘက်က ဆောင်ရွက်နိုင်
မှုတွေကို ပြသလိုက်တာပါလို့လည်း စင်ကာပူဝန်ကြီးချုပ်က ဒီနေ့ အဖွင့်မိန့်ခွန်းမှာထည့်သွင်းပြောဆိုသွားပါတယ်။
မြန်မာပြည်ရဲ့ မုန်တိုင်းကယ်ဆယ်ရေး လုပ်ဆောင်ချက်နဲ့ အာဆီယံ ပဋိဉာဉ်စာတမ်းကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြတဲ့ အဖြစ်အပျက်တွေကို စင်ကာပူ အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကာလတွေအတွင်း ထူးခြားတဲ့ စွမ်းဆောင်ချက်တွေလို့စင်ကာပူဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုသွားပါတယ်။

အာဆီယံပဋိညာဉ်စာတမ်းတွင် မြန်မာလက်မှတ်ထိုး
ကိုသက် ဇူလိုင် ၂၁၊ ၂၀၀၈
စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ လူ့အခွင့်အရေးကော်မတီ ဖွဲ့စည်းမှုပါဝင်မည့် အာဆီယံ ပဋိညာဉ်စာတမ်းတွင် မြန်မာစစ်အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ယို (ဓာတ်ပုံ - အေပီ)
စစ်အစိုးရက အာဆီယံပဋိညာဉ်စာတမ်းတွင် လက်မှတ်ထိုးခဲ့သော်လည်း ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာအသိုင်း အ၀န်းက နအဖ စစ်အစိုးရအား သံသယဖြစ်လျက် ရှိသည်။
အန်အယ်လ်ဒီပါတီ၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးဟံသာမြင့်က “အာဆီယံပဋိညာဉ်စာတမ်းကို အစိုးရလက်ခံတယ်ဆိုတာ အမြင်ကောင်းအောင်လို့ သူတို့ရဲ့ပုံရိပ်ကိုတည်ဆောက်တာတခုပဲဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ လက်မှတ်ထိုးတာထက် တကယ်လုပ်တာက ပိုအရေးကြီးပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ယနေ့အချိန်တွင် တွေ့မြင်နေ ရသောကြောင့် လက်မှတ်ရေးထိုးရုံသက်သက်ထက် လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ခြင်းက ပိုမိုအရေးကြီးသည်ဟု ဦးဟံသာမြင့်က ရှင်းပြသည်။
မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးသည့်နိုင်ငံများအနက် ၇ နိုင်ငံမြောက်ဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့က သဘောလက်မှတ်မထိုးသေးပဲ လက်မှတ်ထိုးမည့်အချိန်ကာလကိုလည်း အတည်မပြုသေးပေ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ပေးသ၍ အာဆီယံပဋိညာဉ်စာတမ်းတွင် လက်မှတ် မထိုးဟု ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တချို့က ပြောဆိုခဲ့ဖူးသည်။
နအဖ စစ်အစိုးရက နောက် ၆ လ ကြာလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဂျော့ယို က စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောဆိုချက်ကို ကိုးကား၍ ယမန်နေ့ညက သတင်းထောက်များအား ပြောဆိုလိုက်သည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့် နေအိမ်အကျယ်ချုပ်တနှစ်ထားခွင့်ရှိကာ ၀န်ကြီးချုပ် အမိန့်ဖြင့် ၅ နှစ်၊ စုစုပေါင်း ၆ နှစ် ထားခွင့်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါအမိန့် ၂ ရပ်ဖြင့် နေအိမ်အကျယ်ချုပ် ချထားသည်မှာ ၅ နှစ်ကျော်လာပြီဖြစ်သောကြောင့် နောက် ၆ လ ကြာလျှင် လွတ်မြောက်နိုင်ဖွယ်ရှိသည်ဟု ဦးဉာဏ်ဝင်းက မစ္စတာ ဂျော့ယိုကို ပြောဆိုခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသည် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေး အတွက် အချက်တချက်ဖြစ်သောကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို ထပ်မံတောင်းဆိုကြောင်းလည်း ဂျော့ယို က သတင်းထောက်များအား ပြောဆိုသည်။
ဦးဟံသာမြင့်ကမူ “လွတ်လာမှပဲ ယုံရမယ့်သဘောရှိတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းပြောတာဟာ အချက်အလက် ခိုင်လုံတယ်လို့ ပြောလို့မရသေးတော့ ကျနော်တို့အနေနဲ့ ဘာမှပြောစရာမရှိသေးပါဘူး” ဟု ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “ဒါတွေက ပြောလို့တာ ကြားရတာ၊ အန်ကယ်ကတော့ မယုံဘူး။ ဘာကြောင့်မယုံလည်းဆိုတော့ မြန်မာနိုင်ငံမှာ ဥပဒေကတခြား၊ တာဝန်ရှိသူတွေကလည်း သူတို့မလိုရင် မလိုသလို၊ လိုရင် လိုသလို လုပ်နေတာတွေ များလာတဲ့အခါကျတော့ ဥပဒေအတိုင်း ပြောဆိုဖို့၊ လက်ခံဖို့ ဆိုတာ တော်တော်ခက်ခဲပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား လွန်ခဲ့သည့်မေလက အကျယ်ချုပ်တနှစ် သက်တမ်းတိုးလိုက်သည့်အပေါ် အာဆီယံ ခေါင်းဆောင်များအပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက နအဖ စစ်အစိုးရကို အပြစ်တင်ဝေဖန်မှုများရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။
စင်ကာပူတွင် ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နာဂစ် မုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းများဆိုင်ရာ အကြောင်းအရာများနှင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လတ်တလောအငြင်းပွားလျက်ရှိသည့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အကြောင်းအရာများကို ဆွေနွေးမည်ဟု သိရသည်။

မြန်မာ့အရေးကြောင့် ပဋိညာဉ်စာတမ်း လက်မှတ်ရေးထိုးရေး အာဆီယံနိုင်ငံတွေအကြား မေးခွန်းထုတ်နေဆဲ
21 July 2008
မခင်ဖြူထွေး -

အစည်းအဝေးအတွင်းတွေ့ရသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအချို့။
ဇူလိုင် ၂၁၊ ၂၀၀၈။ အာဆီယံအဖွဲ့အတွင်း ပဋိညာဉ်စာတမ်းကိုအဖွဲ့ဝင်နိုင်ငံတွေအကြား လက်မှတ်ရေးထိုးရေးဟာ မြန်မာနိုင်ငံနဲ့ဆက်နွယ်ပြီးမေးခွန်းထုတ်တာတွေ ရှိနေဆဲပဲလို့စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ၀န်ခံပြောဆိုပါတယ်။ တချိန်တည်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကလွတ်မြောက်ရေးဟာအာဆီယံဘက်ကမျှော်လင့်
ချက်သာဖြစ်ပြီး ရေရာမှုမရှိတဲ့အကြောင်း ဒီမိုကရေစီအင်အားစုတွေကတုံ့ပြန်ကြပါတယ်။ အသေးစိတ်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အာဆီယံ ပဋိညာဉ်စာတမ်းကို မြန်မာနိုင်ငံအပါအ၀င် အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆီယံအဖွဲ့အတွင်းမှာဒီမိုကရေစီစနစ်ကို အကျင့်သုံးဆုံးလို့ သတ်မှတ်ခံထားရတဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့
ဖိလစ်ပိုင်နိုင်ငံ ၃ နိုင်ငံက သဘောတူလက်မှတ်ရေးထိုးတာ မရှိသေးပါဘူး။ထိုင်းနိုင်ငံကတော့ ရှေ့လလောက်မှာ ပဋိညာဉ်စာတမ်းကို သဘောတူ လက်မှတ်ရေးထိုးမယ်လို့ အာဆီယံခေါင်းဆောင်တွေက မျှော်လင့်ထားကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ပတ်သက်လို့လည်း တစုံတရာ ပြသနာမရှိပေမယ့် ဖိလစ်ပိုင်နိုင်ငံမှာတော့ မြန်မာစစ်အစိုးရနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာတွေ ရှိနေသေးတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က မနေ့က သတင်းထောက်တွေကို ပြောဆိုပါတယ်။
"ဖိလစ်ပိုင်နိုင်ငံကတော့ အာဆီယံ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးဖို့ဆိုရင်
မြန်မာစစ်အစိုးရက ဘယ်လောက်ကောင်းကောင်းမွန်မွန် နေမလဲဆိုတဲ့အပေါ် မူတည်
တယ်ဆိုပြီး စောစောပိုင်းက ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တွေက ပြောထား
တော့ အခုလည်းပဲ ဒါနဲ့ပတ်သက်လို့ မေးစရာနည်းနည်း ရှိနေပါသေးတယ်။ ဖိလစ်ပိုင်ရဲ့
ရပ်တည်ချက်ကို ကျနော်တို့အားလုံးက သဘောမတူပါဘူး။ မြန်မာနိုင်ငံကို ဒီ ပဋိညာဉ်
စာတမ်း လက်မှတ်ရေးထိုးပြီးမှ ဘယ်လိုစံသတ်မှတ်ချက် မူတွေကို လိုက်နာသင့်တယ်
ဆိုတာမျိုး ပြောသင့်ပါတယ်။ လက်မှတ်မထိုးခင် ကြိုပြီး ဘာလုပ်ရမယ်ဆိုတာမျိုး
မပြောသင့်ပါဘူး။"
ဒါပေမယ့်လည်း မကြာသေးခင်တုန်းက ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တချို့နဲ့
ဆွေးနွေးချက်အရ ဖိလစ်ပိုင်နိုင်ငံအနေနဲ့လည်း မကြာခင် ပဋိညာဉ်စာတမ်းကို
လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်တဲ့အကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက
ပြောပါတယ်။
အာဆီယံ ပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်နိုင်ငံတွေအားလုံး လက်မှတ်ရေးထိုးပြီးခဲ့ရင်
အာဆီယံအဖွဲ့အတွင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တခုကို ဖွဲ့စည်းပြီး လူ့အခွင့်အရေးနဲ့
ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ စနစ်တရပ် ထူထောင်မယ်လို့
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
တော့ အာဆီယံဒေသတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ဆိုရင် ပဋိညာဉ်
စာတမ်းကို တိတိကျကျ လိုက်နာဖို့လိုတယ်လို့ ပြောဆိုပါတယ်။
"ကျနော်တို့ ဒီပဋိညာဉ်စာတမ်းကို အကောင်အထည်ဖော်တဲ့နေရာမှာ တိတိကျကျ
ဆောင်ရွက်ရင် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ ရှိပါတယ်။"
ဒီအတောအတွင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ တည်ဆဲ
ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ၆ နှစ်အထိ ချုပ်နှောင်ထားနိုင်ကြောင်း ပြောဆို
ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ်တနှစ်မပြည့်ခင် လွတ်မြောက်ကောင်း
လွတ်မြောက်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
တော့ စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ့မယ်ဆိုပြီး တိတိကျကျ
ကတိပေးပြောတာမျိုး မတွေ့ရတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားချုပ်နှောင်
ခံရတာ ဖြစ်တဲ့အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။
"ကျနော်တို့သဘောထားကတော့ နောက်ဆုံးသက်တမ်းတိုးတာတောင် မလုပ်သင့်ဘူး
လို့ပဲ မြင်တယ်။ မနေ့က ဂျော့ခ်ျယိုးနဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောတဲ့အထဲမှာ သူတို့က
၆ လဆိုတာကို ထည့်ပြောထားတာ မရှိဘူးထင်ပါတယ်။ ၆ လ မဖြစ်နိုင်ဘူးဆိုတဲ့
မေးခွန်းအပေါ်မှာ ဂျော့ခ်ျယိုး ဖြေတာပဲ၊ ကျနော် အဲဒီလိုနားလည်ပါတယ်။ ခြုံပြီးပြောရ
ရင်တော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်ထိုက်ပါတယ်။ ဆက်လက်ထိန်းသိမ်းထာတာ
လည်း တရားမျှတမှု လုံးဝမရှိဘူး။ အဲဒါပဲ ကျနော်ပြောချင်ပါတယ်။"
ဦးဉာဏ်ဝင်း ပြောဆိုသွားတာပါ။
အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ အာဆီယံ ခေါင်းဆောင်တွေရဲ့ခန့်မှန်းချက်သာဖြစ်ပြီး အာဆီယံအစည်းအဝေး တက်ရောက်နေတဲ့အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန်ဝိရာယုဒ (Hassan Wirajuda) ကလည်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မယ်ဆိုတဲ့ခန့်မှန်းချက်နဲ့ပတ်သက်လို့ ဒါဟာသူတို့ဘက်က မျှော်လင့်ချက်သာ ဖြစ်တဲ့အကြောင်း ဒီကနေ့သတင်းထောက်တွေကိုပြောဆိုသွားပါတယ်။

နာဂစ်မုန်တိုင်းကြောင့် မြန်မာ့စီးပွားရေး၏ (၃) ရာနှုန်းပျက်စီး
NEJ/ ၂၁ ဇူလိုင် ၂၀၀၈
မြန်မာနိုင်ငံ၌ တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်း အပျက်အစီး အသေးစိတ် အခြေ အနေနှင့် ပတ်သက်ပြီး မြန်မာ-အာဆီယံနှင့် ကုလသမဂ္ဂသုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ ပူးတွဲအကဲ ဖြတ်ချက် အစီရင်ခံစာကို ယနေ့ ထုတ်ပြန်သည်။
အစီရင်ခံစာ၌ နာဂစ်မုန်တိုင်းကြောင့် အိမ်ခြေ (၄) သိန်းခွဲ ပျက်စီးပြီး အခြားအဆောက်အဦ (၃၅၀,၀၀၀) ပျက်စီးသည်ဟု ဖော်ပြထားသည်။ မုန်တိုင်းထိဒေသများတွင် ကျန်းမာရေး အဆောက် အဦ (၇၅) ရာခိုင်နှုန်း ပျက်စီးပြီး စာသင်ကျောင်း (၄,၀၀၀) ၀န်းကျင်ပျက်စီးသွားသည်။
မုန်တိုင်းကြောင့် ရေလွှမ်းမိုးသွားသည့် စိုက်ပျိုးဧက (၁.၅) သန်း ရှိပြီး ခိုင်းကျွဲ၊ ခိုင်းနွား (၅၀) ရာခိုင် နှုန်း သေကျေပျက်စီးမှုရှိသည်ဟု ဆက်လက်ဖော်ပြသည်။ နာဂစ်မုန်တိုင်းကြောင့် စီးပွားရေး ဆုံးရှုံး မှုမှာ ၂၀၀၈ ခုအတွက် လျာထားသည့် စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ (၂.၇) ရာနှုန်းရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် နောက်ထပ် (၃) နှစ်ကြာသည်အထိ လုပ်ကိုင်ရမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) လိုအပ်မည်ဟု အဆိုပါအစီရင်ခံစာ၌ မှန်းထားသည်။

ပြည်တွင်း သတင်းထောက်များ အာဇာနည်နေ့မှာ နှောင့်ယှက်ခံရ
NEJ/ ၂၁ ဇူလိုင် ၂၀၀၈
ပြီးခဲ့သည့် အာဇာနည်နေ့ (၁၉) ဇူလိုင်တွင် ပြည်တွင်းသတင်းထောက်များကို နအဖ အာဏာပိုင် များက နှောင့်ယှက်မှုများ လုပ်ခဲ့ကြောင်း သတင်းထောက်များက ပြောသည်။
အာဇာနည်နေ့တွင် တာဝါလိန်းလမ်း ဗိုလ်ချုပ်ပြတိုက်၊ ရွှေတိဂုံဘုရား၊ ရွှေဂုံတိုင် အန်အယ်လ်ဒီ ရုံးချုပ်အနီး သွားရောက်ကြသည့် ပြည်တွင်းမှ သတင်းဂျာနယ်အချို့မှ သတင်းထောက်များအား နအဖအာဏာပိုင်များက ဓာတ်ပုံရိုက်ယူခြင်း၊ သတင်းထောက်ကင်မရာမှ ဓာတ်ပုံများကို ဖျက်ခိုင်းခြင်း စသည့် နှောင့်ယှက်မှုများ လုပ်ခဲ့ကြောင်း ကာယကံရှင် သတင်းထောက်များက ပြောသည်။
ဗိုလ်ချုပ်ပြတိုက်တွင် ဓာတ်ပုံအရိုက်ခံရသည့် သတင်းထောက်တဦးက “ပြတိုက်ထဲကို ကင်မရာရော အခြားဘာမှမယူရဘူးဆိုလို့ ဘာမှမပါဘဲ ဒီအတိုင်းဝင်တယ်။ ဒါကို အရပ်ဝတ် လူတယောက်က ကျနော့်မျက်နှာနားကပ်ပြီး ဓာတ်ပုံတွေရိုက်တယ်၊ ဒါနဲ့ ဘာလို့ ရိုက်ရသလဲ မေးတော့ မပြောဘဲ ပြန်ထွက်သွားတယ်၊ ကျနော်က လိုက်ဆွဲတော့ ကျနော်ကို တွန်းထုတ်တယ်။ ဒါနဲ့ ပြတိုက်တာဝန်
ရှိသူကို သွားပြောတော့ တာဝန်အရလုပ်တာ၊ ကျနော့်မိသားစုလာရင်လည်း ဓာတ်ပုံကတော့ ရိုက်မှာပဲတဲ့” ဟု ပြောသည်။
အလားတူ ဗိုလ်ချုပ်ပြတိုက်သို့ ရောက်ရှိသွားသည့် အခြားသတင်းထောက်များကိုလည်း လိပ်စာ ကပ်ပြားများ တောင်းယူစစ်ဆေးပြီး ဂျာနယ်တိုက်သို့ စုံစမ်းမေးမြန်းကြောင်း၊ ထို့ပြင် ဓာတ်ပုံရိုက် ကူးခွင့် ကန့်သတ်မထားသည့် ရွှေတိဂုံရင်ပြင်တော်တွင် ဓာတ်ပုံရိုက်သည့် သတင်းထောက်များ ကိုလည်း ဂေါပကတံဆိပ်တပ် ၀တ်စုံဝတ်ထားသူများက ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဖျက် ခိုင်းကြောင်း၊ ဖျက်ပေးရန် ငြင်းဆန်သူများကို ရဲက ခေါ်ယူဖျက်ခိုင်းကြောင်း ကိုယ်တိုင်ကြုံခဲ့ ရသူများက ပြောသည်။
သတင်းထောက် အချို့က ဖျက်ခိုင်းသည့် ဓာတ်ပုံများကို ဖျက်ပေးခဲ့ကြသော်လည်း အချို့က လွယ်လွယ်ကူကူ ဖျက်မပေးဘဲ ၎င်းတို့သည် ပြည်တွင်း၌ တရားဝင်ထုတ်ဝေနေသည့် ဂျာနယ်များမှ သတင်းထောက်များ ဖြစ်သဖြင့် ဓာတ်ပုံရိုက်ကူးခွင့်ရှိကြောင်း ပြောသဖြင့် အချေအတင် စကား များကြကြောင်း သိရသည်။
ယခုကဲ့သို့ စစ်အစိုးရက အာဇာနည်နေ့တွင် သတင်းထောက်များအပေါ် တိုးမြှင့်ဖိနှိပ်လာမှုအပေါ် ပုဂ္ဂလိကဂျာနယ်များမှ သတင်းထောက်များ၊ အယ်ဒီတာများက မကျေမနပ်ဖြစ်နေကြကြောင်း စုံစမ်းသိရသည်။
ရွှေဂုံတိုင်လမ်းဘက်တွင်မူ လမ်းထဲဝင်မည့်သူများအနက် မင်္သကာသူများ၏လွယ်အိတ်များကို ရှာဖွေ ပြီး ကင်မရာ ပါလာပါက သိမ်းဆည်းထားလိုက်ပြီး ပြန်ထွက်လာမှ ပြန်ပေးသည်ဟု သိရသည်။
အာဇာနည်နေ့တွင် အန်အယ်လ်ဒီရုံး ပတ်ဝန်းကျင်တလျှောက် ကားဝင်ခွင့် ပိတ်ပင်ထားသည့် အတွက် ကားများ ရှင်းနေသကဲ့သို့ စစ်ဆေးမည့်သူများ စောင့်ကြပ်နေသည့်အတွက် လူအ၀င် အထွက်နည်းကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ် စွမ်းအားရှင်အဖွဲ့ဝင်များသာများသည်ဟု မြို့ခံများက ပြောသည်။ ။

ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်တော့မလား
သုံးသပ်ချက်
ပီတာအောင်/ ၂၁ ဇူလိုင် ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးခြင်းကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် အလွန်စိတ်ပျက်မိကြောင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်၏ တစိတ်တပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး သမားများကို ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုကြောင်း အာဆီယံအ လှည့်ကျ ဥက္ကဋ္ဌ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးက အာဆီယံကိုယ်စား ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုအချက်သည် အာဆီယံအဖွဲ့ တလျှောက်လုံး ကိုင်စွဲထားသည့် တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက ၀င်မစွက်ဖက်ရေးဆိုသည့် မူဘောင်ကို ကျော်လွန်၍ ပြောဆိုခြင်းဖြစ်ပြီး တဖက်က လည်း ယနေ့ စတင်ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် တက်ရောက်ရန်ရှိနေသဖြင့် အမေရိကန်ကြိုက်အောင် လေသံပစ်ခြင်းလည်း ဖြစ်နိုင်သည်ဟု အချို့လေ့လာသူများက ယူဆသည်။
ထို့အပြင် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးမည်ဟု တိတိကျကျ မပြောဆိုသော်လည်း နောက် (၆) လအကြာ၌ ပြန်လွှတ်ပေးတော့မယောင် အာဆီယံသတင်းယူနေသည့် နိုင်ငံခြားသတင်းဌာန များက သတင်းခေါင်းစဉ် တပ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရန် အမြဲတမ်း မျှော်လင့်ထားသော်လည်း နအဖ စစ်ခေါင်းဆောင် များသည် ပြောသည့်အတိုင်း မလုပ်သည်ကို အကြိမ်ကြိမ် ကြုံဖူးနေကြဖြစ်ကြောင်း၊ ဥပဒေကြောင်း အရ နေအိမ်အကျယ်ချုပ်ဖြင့် အများဆုံး (၅) နှစ်သာ ချထားနိုင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ခေတ်ပြိုင်ကို ပြောသည်။
၎င်းက “ဥပဒေမှာ ပါတဲ့ဟာ ကျနော်တို့ အမြင်အရ (၅) နှစ်ပဲ။ သူတို့ကတော့ (၆) နှစ်လို့ ပြောတယ်။ ကျနော်တို့နဲ့ သူတို့နဲ့ အဓိပ္ပာယ်ဖွင့်ဆိုတာ လွဲနေတယ်။ ကျနော်တို့က အဓိပ္ပာယ်ဖွင့်တာ (၅) နှစ်၊ သူတို့က အဓိပ္ပာယ်ဖွင့်တာ (၆) နှစ် ဒါပဲ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူထားခြင်းဖြစ်သည်။ ထိုဥပဒေ အရ အရေးယူခြင်းခံရသူအား (၁) နှစ်ထိ ဗဟိုအဖွဲ့ (ပြည်ထဲရေး) က တားဆီးမှု ပြုလုပ်နိုင် ကြောင်း၊ လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ဥပဒေ၌ ပါရှိသည်။
ထိုဥပဒေသည် ၁၉၇၅ ခုနှစ်က ပြဋ္ဌာန်းထားသည့် တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက် မပိုစေဘဲ စုစုပေါင်း (၃) နှစ် အထိဆိုသည့် စကားရပ်ကို တကြိမ်လျှင် (၁) နှစ်ထက် မပိုစေဘဲ စုစုပေါင်း (၅) နှစ်အထိဆိုသည့် စကားရပ်ဖြင့် ၁၉၉၁ ခု သြဂုတ် (၉) ရက်က န၀တ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ အမိန့်ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့သည့် ဥပဒေဖြစ်သည်။
အန်အယ်လ်ဒီနှင့် နအဖ စစ်အစိုးရတို့အကြား နေအိမ်အကျယ်ချုပ် သက်တမ်းနှင့် ပတ်သက်၍ အဓိပ္ပာယ် ကောက်ယူပုံ ကွာခြားနေသည်ဟု ရန်ကုန်မြို့ရှိ အမည်မဖော်လိုသူ ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက ပြောကြားသည်။
၎င်းက “အဲဒီမှာ ၀န်ကြီးအဖွဲ့လုပ်ပိုင်ခွင့်ကို (၃) နှစ်က (၅) နှစ်အထိ တိုးထားတယ်။ အန်အယ်လ် ဒီက အဓိပ္ပာယ်ကောက်တာကတော့ ဗဟိုအဖွဲ့ရော၊ ၀န်ကြီးအဖွဲ့ရော ပေါင်းပြီးတော့ (၅) နှစ်ယူ ပုံရတယ်။ နိုင်ငံတော်က အဓိပ္ပာယ်ဖွင့်ဆိုတာကတော့ သူ့ဘာသူ (၆) နှစ်လို့ ကောက်ယူပြီးတော့ ဒီလိုမျိုး တားဆီးတယ်လို့ ယူဆနိုင်တယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးသည့် နေ့ရက်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ချပြပြီး ဗဟိုအဖွဲ့နှင့် ၀န်ကြီးအဖွဲ့၏ အမိန့် တပေါင်းတည်းဖြစ်သင့်ကြောင်း ထောက်ပြကာ နအဖ၏ ဥပဒေကို ချေပသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ရှင်းပြရာတွင် ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခု မေလ (၃၀) ရက်၌ စတင်ဖမ်းဆီးခံရသည်ကိုသာ သိရှိပြီး နေအိမ်အကျယ်ချုပ် စချထားခံရသည့်နေ့ကို မသိရှိကြောင်း ပြောသည်။
၎င်းက “ကျနော်တို့က စပြီးဖမ်းတဲ့ရက်နဲ့ ကြာနေတာကိုပဲ ပြောနိုင်တယ်။ ကျနော်တို့အနေနဲ့ ဘယ် အချိန်က ဘယ်လို စတယ်ဆိုတာ အစိုးရက ဘယ်တုန်းကမှ လူသိရှင်ကြား မလုပ်ခဲ့ဘူး။ မလုပ်ခဲ့ တဲ့အတွက် ကျနော်တို့ ဒီအပေါ်မှာ ပြောလို့မရပါဘူး” ဟု ပြောကြားသည်။
မည်သို့ပင်ဖြစ်စေ နေအိမ်အကျယ်ချုပ် သက်တမ်း (၆) နှစ်ပြည့်သွားပါက ဥပဒေကြောင်းအရ နောက်ထပ် ဖမ်းချုပ်ထား၍ မရတော့ကြောင်း ရန်ကုန်ရှေ့နေများက ပြောသည်။ သို့သော် စစ်အစိုး ရသည် ပုဒ်မ-၁၀ ခ နှင့် ဖမ်းထားသူများကို ပြန်လွှတ်ပြီး ပြန်ဖမ်းလိုပါက ထောင်ဒဏ် နှစ် (၃၀) ၀န်းကျင်ချနိုင်သည့် ကိစ္စများဖြစ်သည့် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များနှင့် ဆက်သွယ်မှု၊ နိုင်ငံခြားအစိုးရများထံမှ အထောက်အပံ့ရယူမှု စသည့် စွဲချက်တခုခု တပ်လေ့ရှိသည့်အတွက် ထိုစွဲချက်များကို “၀မ်းဆက်” ဟု ရန်ကုန် ရှေ့နေလောကတွင် သုံးနှုန်းလေ့ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နောက် (၆) လမှာ ပြန်လွှတ်ပေးလည်း ပုဒ်မ-၁၀ ခ နှင့် မဖမ်းတော့ဘဲ အဆိုပါ ၀မ်းဆက်ပုဒ်မများကို စစ်အစိုးရက ကိုင်ထားသည့်အတွက် နောက်ထပ် အလွယ်တကူ ပြန်ဖမ်းနိုင်သည့် အနေအထားတွင် ရှိသည်ဟု ရန်ကုန်ရှေ့နေများက ယူဆသည်။
အာဆီယံဘက်က ကြည့်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးထက် အမေရိကန်-အာဆီယံ အုပ်စုချင်း ဆက်ဆံရေး မျက်နှာမပျက်ရန်က ပို၍အရေးကြီးနေသည်။ အထူးသဖြင့် အမေရိကန်ကနေ အာဆီယံကို နှစ်စဉ်ပေးနေသည့် ကျွမ်းကျင်မှု အကူအညီများ အများအပြား ရှိသည့်အတွက် မြန်မာအရေး ပြေလည်ရန်ထက် အမေရိကန် မငြိုငြင်ရေးသာ အာဆီယံက အမြဲ ဂရုစိုက်လေ့ရှိသည်။
ထို့ကြောင့် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်ခင် မြန်မာအရေးကို မီဒီယာများမှတဆင့် ခပ် ဆတ်ဆတ်လေး ဝေဖန်ပေးပြီး ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်သည့် အာဆီယံ ပူးတွဲကြေ ညာချက်တွင်မူ မြန်မာအကြောင်း မပါတော့ဘဲ လေသံလျှော့ပစ်သည့်နည်း အာဆီယံကျင့်သုံး ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။
သို့သော် စင်ကာပူတွင် ကျင်းပနေသည့် လက်ရှိ အာဆီယံထိပ်သီးအစည်းအဝေးကနေ အကောင်း ဘက် ကြံဖန်ပြောရလျှင် မြန်မာနာဂစ်မုန်တိုင်းကိစ္စတွင် အာဆီယံက နှမ်းဖြူးပေးခဲ့သည့် လုပ်ရပ်ကို မီးမောင်းထိုးပြမည့်အချက်ဟု ယူဆနိုင်သည်။ ။

လပွတ္တာကယ်ဆယ်ရေးစခန်းမှ မုန်တိုင်းဒုက္ခသည်များ အဓမ္မရွှေ့ပြောင်းခံရ
NEJ/ ၂၁ ဇူလိုင် ၂၀၀၈
လပွတ္တာမြို့ (၃) မိုင်နှင့် (၅) မိုင် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည့် မုန်တိုင်း ဒုက္ခ သည်များကို သက်ဆိုင်ရာ ကျေးရွာများသို့ ရွှေ့ပြောင်းနေကြောင်း မျက်မြင်တွေ့ကြရသည့် လပွတ္တာ မြို့ခံများက ပြောပြကြသည်။
မြို့ခံတဦးက “ကျနော် ဇူလိုင် (၂၀) နေ့လယ် (၁၁) နာရီလောက်က သင်္ဘောဆိပ်ကို ရောက်သွား တယ်။ အဲဒီမှာ မုန်တိုင်းဒုက္ခသည်တွေကို သူတို့ မူရင်းကျေးရွာတွေကို သင်္ဘော (၄) စီးနဲ့
ပြန်ပို့ဖို့ စီစဉ်နေတာကို တွေ့ရတယ်” ဟု ပြောသည်။
ပြန်ပို့မည့်အချိန်၌ မိုးသည်းထန်စွာ ရွာနေသည့်အတွက် လမ်းခရီး လုံခြုံစိတ်ချရမှု ရှိမရှိ မပြောနိုင် ကြောင်း၊ လေဘေးသင့်ပြည်သူများကို ကြည့်ရသည်မှာ စိတ်မချမ်းသာစရာ အလွန်ကောင်းပြီး သင်္ဘောဆိပ်ခံ၌ပင် အာဏာပိုင်များက ပန်းကန်ခွက်ယောက်နှင့် မားမားခေါက်ဆွဲထုတ်၊ ဆန် အပါအ၀င် (၂) ပတ်စာ ရိက္ခာ ဝေပေးနေကြောင်း၊ ပြန်ပို့မည့် သင်္ဘောများမှာ ငါးဖမ်းလှေများ ဖြစ်ကြောင်း အဆိုပါ မြို့ခံက ပြောသည်။
အဆိုပါ မုန်တိုင်းဒုက္ခသည်များထဲမှ လွှစာကျေးရွာကို ပြန်မည့် လူတဦးက ၎င်းတို့အနေဖြင့် မပြန် ချင်သော်လည်း ကယ်ဆယ်ရေးစခန်းကို ပိတ်သိမ်းတော့မည်ဖြစ်၍ မဖြစ်မနေ ပြန်ကြရကြောင်း၊ ၎င်းတို့ ပြန်ရမည့် ရပ်ရွာတွင် နေစရာ အိမ်အဆင်သင့် မရှိသည့်အတွက် မည်သို့ နေထိုင် ရမည်ကို မသိရသေးကြောင်း ပြောသည်။
ဒုက္ခသည်များကိုပြန်ပို့သည့် သင်္ဘောဆိပ်တွင် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်မှ တာဝန်
ရှိသူ နိုင်ငံခြားသားဝန်ထမ်းကိုလည်းတွေ့မြင်ရပြီး ၎င်းတို့လည်း ကြည့်ရှုနေကြကြောင်း၊ ယခုကဲ့သို့ စခန်းမှ နေရင်းပြန်ခိုင်းခြင်းကို ဇူလိုင် (၁၉) ရက်မှ စတင်ပြီး လာမည့် ဇူလိုင် (၂၅) ရက်၌ အပြီး ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လပွတ္တာမြို့ (၃) မိုင်နှင့် (၅) မိုင် ကယ်ဆယ်ရေးစခန်းများသည် မုန်တိုင်းတိုက်ပြီး တပတ် ခန့်အကြာမှ နိုင်ငံတကာက အကူအညီပေးသည့် ရွက်ဖျက်တဲများကို မက်စ်မြန်မာကုမ္ပဏီက တည်ဆောက်ပေးပြီးနောက် လပွတ္တာမြို့ ဘုရားကြီးဝင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံ နေသည့် မုန်တိုင်းဒုက္ခသည်များကို ဘတ်စ်ကားများဖြင့် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ မုန်တိုင်းဒုက္ခသည်စခန်းကို စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၊ နိုင်ငံခြားသား တာဝန်ရှိသူများ သွားရောက်လေ့ရှိသည့် စခန်းတခုဖြစ်သည်။ ။

ကဏန်းရန်ကြောင့် လယ်သမားများ စပါးပျိုးမအောင်မြင်
NEJ/ ၂၁ ဇူလိုင် ၂၀၀၈
ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်အတွင်းမှ ရွာများရှိ လယ်မြေများတွင် ပျိုးကြဲထားသည့် မျိုးစပါးများကို ပင်လယ်ကဏန်းများ ဖျက်ဆီးသဖြင့် ပျိုးမအောင် ဖြစ်ကြရကြောင်း ဒေသခံရွာသားများက ပြောသည်။
“ဒေသအခေါ် ပဲလှော်လို့ခေါ်တဲ့ ပင်လယ်ကဏန်းတွေက စပါးစေ့တွေကို လက်မနဲ့ ပိုင်းပြီး ဖျက် တယ်လေ၊ စပါးစေ့တွေ ကြဲထားသလောက် အပင်မပေါက် ဖြစ်ရတယ်၊ ဒါကြောင့် မျိုးမအောင် ဖြစ်ရတယ်။ ဒီကဏန်းတွေက မုန်တိုင်းကာလမှာ ပင်လယ်ရေနဲ့ ပါလာတာတွေ၊ နှိမ်နင်းလို့ မရလို့ ခက်နေတယ်” ဟု ဒေးဒရဲမြို့နယ်မှ ရွာသားတဦးက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် စပါးများ ရေစိုပျက်စီးကုန်သဖြင့် လယ်မြေ ထွန်ယက်စိုက်ပျိုးရန် မျိုးစပါး မရှိသည့် အခက်အခဲ၊ ကျွဲနှင့် လယ်ထွန်စက်များ မလုံလောက်မှု အခက်အခဲများကြားမှ ငွေကြေး တတ်နိုင်သူ လယ်သမားအချို့ မျိုးစပါးဝယ်ကာ ပျိုးကြဲထားသည့် လယ်များတွင် ကဏန်းများ ဖျက်ဆီး၍ မျိုးမအောင် ဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။
ထိုကြောင့် လယ်သမားများ၏ စပါးစိုက်ပျိုးမှုနှင့် စပါးထွက်ရှိမှုမှာ လက်ရှိလုပ်နေရသည့် အခြေ အနေမှာပင် ထွက်ရှိမှု အဆင်ပြေနိုင် မပြေနိုင်၊ ထွက်နှုန်း ကောင်းမကောင်းဆိုသည်မှာ မသေချာ မရေရာ ဖြစ်နေသည်။
ဒေးဒရဲမြို့နယ်အတွင်းမှ မျိုးစပါးများ ကဏန်းဖျက်ဆီးခံရသည့် ရွာများမှာ မငဲကြီး၊ ကံစု၊ မကျည်း ကန်၊ ဘုရားလေး၊ ဖိုးချမ်းကြီး စသည့်ရွာအများစု ပါဝင်သည်။ အဆိုပါ ကျေးရွာများမှ လယ်သမား တဦးလျှင် လယ် (၁၀) ဧကမှ ဧက (၅၀) အထိ ပိုင်ဆိုင်သူများ ရှိသည်။
“ကဏန်းညှပ်လို့ ကုန်သွားတဲ့ မျိုးစပါးတွေနေရာမှာ ခုနေခါ အစားထိုးကြဲရင် အချိန်နောက်ကျ နေပြီ။ နောက်ကျပါစေ ကြဲမယ်ဆိုပြန်တော့လည်း မျိုးစပါးက မရှိ ဖြစ်နေတယ်” ဟု ဒေသခံရွာ သားတဦးက ပြောသည်။
မျိုးစပါးများကို လယ်တွင် စတင်ကြဲ၍ ပျိုးထောင်ချိန်မှာ နယုန်လတွင်း၌ ပြုလုပ်သော်လည်း နာဂစ် လေမုန်တိုင်းဒဏ်ကြောင့် ပျိုးစပါးများ အခက်အခဲဖြစ်ကာ ၀ါဆိုလဆန်းကမှ လယ်သမားအများစု ပျိုးကြဲကြခြင်းဖြစ်သည်။
အစိုးရက မျိုးစပါး မပေးသည့်အတွက် ဒေးဒရဲခရိုင်အတွင်းရှိ လယ်သမားအများစုသည် ဖျာပုံမှ ပုဂ္ဂလိက ဆန်စက်တခုဖြစ်သည့် ခေတ်သစ်ဆန်စက်မှ မျိုးစပါး (၁) တင်း ကျပ် (၁) သောင်းဖြင့် ၀ယ်ယူစိုက်ပျိုးရကြောင်း၊ အစိုးရ စိုက်ခိုင်းသည့် (၃) လကြာ ရိတ်သိမ်းနိုင်သည့် ရွှေဝါထွန်း၊ ကမာ ကြည် စသည့် သက်နုစပါးများမှာ ဈေးမရသည့်အတွက် လယ်သမားများက မစိုက်ကြကြောင်း၊ ယင်းဒေသတွင် ယခုကြဲထားသည့် မျိုးများမှာ ဘေးကြားစပါးမျိုးဖြစ်ကြောင်း သိရသည်။ ။

ကရင်ဒုက္ခသည်များအား နှင်ထုတ်သည့် ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ
NEJ/ ၂၁ ဇူလိုင် ၂၀၀၈

ဇူလိုင် (၁၇) ရက် နံနက်က မြန်မာဘက်ခြမ်းသို့ ပြန်ပို့ခံရသူ ကရင်ဒုက္ခသည်များ
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်ရာမို ကရင်ဒုက္ခသည်စခန်းမှ ကရင် ဒုက္ခသည် (၄၄) ဦးကို နှင်ထုတ်သည့်အတွက် ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့က ပြစ်တင် ရှုတ်ချလိုက်သည်။
လွန်ခဲ့သည့် (၄) လကျော်က တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ရောက်ရှိလာသူ ကရင်ဒုက္ခသည် (၄၄) ဦးအား ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ စက်လှေ (၃) စီးဖြင့် ဇူလိုင် (၁၇) နံနက် ပိုင်းက ပြန်ပို့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံ နယူးယော့ခ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့မှ ယခု ကဲ့သို့ ရှုတ်ချလိုက်ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်ကော်မီတီ KRC ဥက္ကဋ္ဌ စောရောဘတ်ထွေးက “ဒီလူ တွေက ပြီးခဲ့တဲ့ မတ်၊ ဧပြီက ရောက်လာတော့ စခန်းမှာက လူသစ်တွေကို လုံးဝလက်မခံတော့ ဘူးလို့ သိရတယ်။ ဒါကြောင့် သူတို့ကို ပြန်ပို့လိုက်တာဖြစ်တယ်။ မယ်ရာမိုစခန်းမှာ ဒုက္ခသည် လူသစ်တွေကို အသိအမှတ်ပြု မှတ်ပုံတင် လုပ်ပေးတာက ၂၀၀၅ ခုနှစ် နောက်ဆုံးပဲ” ဟု ခေတ်ပြိုင် သို့ပြောသည်။
ပြန်ပို့ခံရသူများအတွက် လိုက်လံကူညီဆောင်ရွက်ပေးသူ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ တွဲ ဖက်အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်က “အခုလို စခန်းထဲရောက်လာပြီးမှ ပြန်ပို့ခံရတာ ဟာ ပထမဆုံးဖြစ်ရပ်ပဲ။ ၂၀၀၅ ခုနှစ် နောက်ဆုံးမှတ်ပုံတင်အပြီးမှာ၂၀၀၆-၂၀၀၇ ထပ်ရောက်လာ တဲ့လူတွေကို စခန်းက လက်ခံထားသလိုပဲ သူတို့ကို လက်ခံသင့်တယ်။ သူတို့ဟာ တကယ်စစ် ဘေးဒဏ်ခံနေရတဲ့ဒေသက လူတွေဖြစ်တယ်။ ဒါကြောင့် ထိုင်းအာဏာပိုင်တွေကို လူသားချင်း စာနာမှု ရှုထောင့်ကနေ စဉ်းစားစေချင်တယ်” ဟု ပြောသည်။
ပြန်ပို့မည့် လူစာရင်းမှာ (၅၈) ဦး ဖြစ်သော်လည်း ကျန်းမာရေး မကောင်းသူများအား လောလော ဆယ် မပို့သေးဘဲ ကျန် (၄၄) ဦးကို မြန်မာဘက်ခြမ်းရှိ ကေအန်ယူ ထိန်းချုပ်နယ်မြေရှိရာ သံလွင် မြစ်တဖက်ကမ်း အီတူးထာ ဒုက္ခသည်စခန်းသို့ ထိုင်းအာဏာပိုင်များက နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘက်ခြမ်းရှိ အီတူးထာ ဒုက္ခသည်စခန်းသည် မယ်လာမို ဒုက္ခသည်စခန်းမှ ရေဆန်အတိုင်း စက်လှေဖြင့်သွားပါက (၄) နာရီကျော်ခန့် ကြာမြင့်သည်။
မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ စောကညောကလည်း “အခု ကြားရတဲ့ မယ်လာ မိုကိစ္စ ဒါလုံးဝ နည်းလမ်းမကျဘူး။ ကရင်ဒုက္ခသည်စခန်း (၇) ခု ရှိတဲ့အထဲမှာ တချို့ဆိုရင် နိုင်ငံ ခြားသွားရဖို့ ငွေပေးပြီး စခန်းထဲ လာဝင်နေတာ ရှိတယ်။ လူစားထိုးပြီး သွားတာတွေ နည်းလမ်း အမျိုးမျိုးနဲ့ ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ရအောင် လုပ်နေကြတာတွေ အများကြီးရှိတယ်။ ကျနော်တို့ဆီမှာဆိုရင် ဒီလိုကိစ္စ ပြဿနာဖြစ်လို့ ရုံးရောက် ဘာရောက်နဲ့ ဖြေရှင်းရတာတွေ အများ ကြီးပဲ။ ပြီးခဲ့တဲ့လက ဒုက္ခသည် အစစ်အမှန်တွေကို စခန်းက ရိက္ခာမပေးလို့ မဲဆောက် ယူအန်ရုံး အထိ သွားပြီး ဆန္ဒပြတာဖြစ်ခဲ့တယ်။ စခန်းတိုင်းမှာ အစစ်နဲ့ အတုရှိတယ်။ အတုက စာရင်းဝင်ပြီး ရိက္ခာရတယ်၊ နိုင်ငံခြားသွားရတယ်။ အစစ်ကတော့ ရိက္ခာမရတဲ့အပြင် မြန်မာပြည်ဘက် အခုလို ပြန်ပို့ခံရတာတွေရှိတယ်။ အာဏာပိုင်တွေအနေနဲ့ သေသေချာချာ စိစစ်ပြီးမှ ဟုတ်မဟုတ် ဆုံးဖြတ် စေချင်တယ်” ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်လာအူး၊ မယ်လာမို၊ မယ်လ၊ အုန်းဖျံ၊ နို့ဖိုး၊ ဘန်းတုံယမ်း နှင့် ထမ်းဟင်အပါအ၀င် ကရင်ဒုက္ခသည်စခန်း (၇) ခု ရှိသည်။ မယ်လာမိုစခန်းသည် မယ်ဟောင် ဆောင်ခရိုင်၊ မယ်စရီးယမ်းမြို့နယ် သံလွင်မြစ်ကမ်းဘေးတွင် တည်ရှိသည်။ ။

စည်းကမ်းသစ်ကြောင့် ရန်ကုန်လူထု ကမောက်ကမဖြစ်
အေးချမ်းမြေ့ ဇူလိုင် ၂၁၊ ၂၀၀၈
ရန်ကုန်မြို့လယ် လမ်းမကြီးများတွင် သွားလာကြသော ခရီးသည်တင်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များ သီးခြားစီခွဲ၍ မောင်းနှင်ရပြီး ခရီးသည်တင်ယာဉ်များမှာ တစီးကိုတစီး ကျော်တက်ခွင့် မရှိဘဲ တန်းစီစနစ်ဖြင့် မောင်းနှင်ရန် သတ်မှတ် ထားကြောင်း ရန်ကုန်မြို့ခံများထံမှ ကြားသိရသည်။

(ဓာတ်ပုံ - အေပီ)
“ရန်ကုန်တိုင်းမှူး ပြောင်းတဲ့နောက်ပိုင်းမှာ ဒီအစီအစဉ် စတာပါ။ ခုလိုလုပ်တာ တပတ်လောက်ပဲ ရှိသေးတယ်။ စည်းကမ်းတကျ ဖြစ်အောင်လို့တော့ ပြောတာပဲ။ ဒါပေမယ့် ကျနော်တို့ နေ့တိုင်း ရုံးနောက်ကျတယ်” ဟု အင်းစိန်မြို့ နယ်မှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ်ရုံးတက် ရုံးဆင်း ပြုလုပ် နေသည့် ကုမ္ပဏီဝန်ထမ်း တဦးက ပြောသည်။
ခရီးသည်တင်ယာဉ်များမှာ မှတ်တိုင်တွင်ရပ်၍ အချိန်ကြာ မြင့်စွာ လူတင်ခွင့်မရှိတော့ဘဲ လူအတင်အချ ပြုလုပ်ပြီး သည်နှင့် ချက်ချင်း မှတ်တိုင်မှ ထွက်ခွာရသည်။ ထွက်ခွာပြီး သည့်နောက်တွင်လည်း တခြားယာဉ်များကို ကျော်တက်ခြင်း မပြုဘဲ ခရီးသည်တင်ယာဉ်များသွားရန် သတ်မှတ်ထားသည့် ယာဉ်ကျော၌ တခြားခရီးသည်တင်ယာဉ်များ နောက်မှ တန်းစီလိုက်ပါရသည်ဟု သိရသည်။
“သိမ်ကြီးဈေးလောက်ကနေ ဆိပ်ကမ်းသာလမ်းလောက် ရောက်ဖို့ နာရီဝက်လောက်မောင်းရတယ်။ ခရီးသိပ် မဝေးရင် လမ်းလျှောက်။ ရုံးနောက်ကျ မခံနိုင်ရင် တက္ကစီငှားစီး အဲလိုပဲလုပ်ရတာပဲ” ဟု ၎င်းကုမ္ပဏီဝန်ထမ်း က ပြောသည်။
ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်လှဌေးဝင်း နေရာတွင်ရောက်ရှိလာသော တပ်မ(၇၇)မှ ဗိုလ်မှူးချုပ် ဝင်းမြင့်က ရန်ကုန်မြို့ကို စည်းကမ်းတကျဖြစ်စေရန် ယခုကဲ့သို့ စတင် ကိုင်တွယ်ခြင်း ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ပြောပြသည်။
“ကားသမားတွေတော့ တော်တော်ညည်းကြတယ်။ ခုလိုတစီးနောက်က တစီးလိုက်နေရတော့ တနေ့စာ ခေါက်ရေမပြည့် တော့ဘူး။ ဝင်ငွေလျော့ကုန်တယ်လို့ ပြောတယ်။ တခြားအချိန်တွေ ပြဿနာ မရှိပေမယ့် ရုံးတက် ရုံးဆင်းချိန်တွေမှာ တော်တော်လေး အဆင်မပြေဘူး” ဟု ၎င်းကဆက်ပြောသည်။
ယခုနောက်ပိုင်း ရန်ကုန်မြို့တွင် စည်းကမ်းထိန်းသိမ်းရေးများ ပိုမိုတင်းကျပ်သည့် အနေနှင့် လမ်းဘေး ဈေးသည်များ ကိုလည်း ရှင်းလင်းထားပြီး လှည်းတန်း အစရှိသည့် ဆင်ခြေဖုံး ဒေသများတွင် လမ်းဘေး ဈေးသည်များကို လုံးဝ မတွေ့ရ တော့ကြောင်း သူက ပြောသည်။
“တယောက်ပြောင်းလာလိုက် တမျိုးစမ်းကြည့်လိုက်နဲ့ လူတွေကတော့ အစမ်းသပ်ခံပါပဲ။ တကယ်ခံရတာက လက်လုပ် လက်စားတွေ၊ ပျံကျ ဈေးသည်တွေပါ။ ဖမ်းတယ်၊ ဆီးတယ် ဆိုတာနဲ့ သူတို့တွေအားလုံး အခြေပျက်ကုန်ကြတာ။ ခု ဘတ်စ် ကားကိစ္စလည်း ဒီလိုပဲ ခေါက်ရေမပြည့်ရင် အုံနာက မနစ်နာဘူး။ ကားသမား တွေက အိတ်စိုက်ဖြစ်ကုန်ကြကော” ဟု ရန်ကုန်သတင်းထောက်က သုံးသပ်သည်။ ယခုကာလသည် စမ်းသပ်ကာလဖြစ်နိုင်ပြီး အောင်မြင်နိုင်မည်ဟု မထင်ကြောင်း ၎င်းကဆက်ပြောသည်။
စက်သုံးဆီဈေးများ အဆမတန် မြင့်တက်ချိန်၊ ဒီဇယ်မှ စီအန်ဂျီယာဉ်များသို့ စတင်ပြောင်းခါစ၊ ယခုကဲ့သို့ စည်းကမ်း အသစ် စတင်ထုတ်ပြန်ချိန် စသည်ဖြင့် အပြောင်းအလဲကာလတိုင်းတွင် ခရီးသည်တင် ယာဉ် မောင်းများ၊ ယာဉ်နောက်လိုက်များ တွက်ခြေမကိုက်သည့် ဒုက္ခခံရသည်ဟု ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်တစီးမှ ယာဉ်နောက်လိုက် တဦးက ပြောပြသည်။
“စည်းကမ်းအတိုင်း မလိုက်နာရင် ဖမ်းတယ်။ အဖမ်းခံရတာနဲ့ အလုပ်ရှုပ်၊ ပိုက်ဆံကုန်၊ ဝင်ငွေလျော့ ကုန်တော့ အဖမ်းမခံ ရဲဘူး။ လမ်းမှာ ရဲတွေ့သမျှကိုလည်း ၅၀၊ ၁၀၀ ဆက်ကြေးလို ပေးရသေးတယ်။ ပြီးတော့ တခုခု ဖြစ်ရင် ကျနော်တို့ပဲ နစ်နာတာ။ ဒီကြားထဲ လူတိုင်း ဒုက္ခရောက်တဲ့၊ နာဂစ်မုန်တိုင်း တိုက်တဲ့ အချိန်မျိုးမှာလည်း ကျနော်တို့ပါ ဒုက္ခရောက်ရတာ။ ဘယ်ဟာမှမလွတ်ဘူး” ဟု ၎င်းကပြောသည်။

မန္တလေးထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
ကိုစိုး ဇူလိုင် ၂၁၊ ၂၀၀၈
စစ်အစိုးရ မန္တလေး အကျဉ်းထောင်အတွင်း ဇူလိုင်လ ၁၈ ရက်နေ့က အသက် (၄၆)နှစ်ရှိ နိုင်ငံရေးအကျဉ်းသား ကိုခင်မောင်တင့် (ခ) ထိပ်တင်မောင်မောင်ရာပြည့်(ခ) ကိုရာပြည့်သည် တီဘီရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
၎င်း ကိုခင်မောင်တင့်သည် အကျဉ်းထောင်တွင်း၌ ကျန်းမာရေး ဆိုးရွားနေချိန်တွင် ဆေးဝါးကုသခွင့် ထိရောက်စွာ မရရှိ သောကြောင့် ယခုကဲ့သို့ သေဆုံးရခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP) အထွေထွေအတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
“သူက အဲဒီရောဂါ ဖြစ်နေတာ နည်းနည်းကြာပြီလို့ သိရတယ်၊ အဓိကက လုံးဝဆေးဝါးကုသခွင့်မရတဲ့ ပုံစံမျိုး ဖြစ်တာ၊ သူ့မိသားစုကလည်း သိပ်နားမလည်ဘူး၊ အခုဆုံးတဲ့အခါ ကြတော့မှ သွားတွေ့ရတာ”ဟု ဦးတိတ်နိုင်က ပြော ဆိုသည်။
အဆိုပါ ကိုခင်မောင်တင့်မှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှ စတင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
၎င်းသည် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) (မြောက်ပိုင်း) နှင့် ဆက်သွယ်လှုပ်ရှားခဲ့ကြောင်း၊ ထို့နောက် ယင်း ABSDF စခန်းမှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ရောက်ရှိလာကာ ဒီမုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ အတွက် လုပ်ကိုင်နေရင်း ၁၉၉၈ ခုနှစ်တွင် စစ်အစိုးရ၏ ထပ်မံ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၁၂၄ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူ ဖြစ်ကြောင်း ယမန်နေ့ က ထုတ်ပြန်သည့် AAPP ၏ ကြေညာချက်တွင်လည်း ဖော်ပြထားသည်။
ဇွန်လ ၃ ရက်နေ့ကလည်း သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုဝင်းတင် သေဆုံးခဲ့ပြီး ယခု ကိုခင်မောင်တင့် အပါအ၀င် ၂၀၀၈ ခုနှစ်အတွင်း အကျဉ်းထောင်တွင်း၌ သေဆုံးသည့် နိုင်ငံရေးအကျဉ်းသား ၂ ဦး ရှိပြီ ဖြစ်ကြောင်းနှင့် ၁၉၈၈ ခုနှစ်မှ ယနေ့အထိသေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၃၇ ဦး ရှိကြောင်း ဦးတိတ်နိုင်က ပြောပြသည်။
တချိန်တည်းတွင်ပင် ၆၁ နှစ်မြောက် အာဇာနည်နေ့ မတိုင်မီ ဇူလိုင် ၁၇ ရက်နေ့ကစတင်၍ ၂ ရက်ဆက်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၇ ဦးကို စစ်အာဏာပိုင်များက အကြောင်း ပြချက်မပေး ဘဲ ဖမ်းဆီးခဲ့ပြီး အာဇာနည်နေ့ ညနေပိုင်းနှင့် တနင်္ဂနွေနေ့ တို့တွင်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း ပြောသည်။
ယင်းသို့ ဖမ်းဆီးခံရသူများတွင် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့က ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံကို အလေးပြုသည့်အတွက် ထောင် ၃ နှစ် ချမှတ်ခံရသော တွံတေးမြို့မှ ကျူရှင်ဆရာ ဦးအောင်ဖေသည်လည်း ပြီးခဲ့သည့် အာဇာနည်နေ့ မတိုင်မီ သောကြာနေ့ညက ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရ သည်။
“အဲဒီ ဆရာ ဦးအောင်ဖေလည်း ပြန်လွတ်လာပါပြီ၊ ကျနော် သိသလောက် ၁၉ ရက်နေ့ ညနေက ၃ ဦး၊ နောက် ရက် မှာ ၄ ဦး ပြန်လွတ်လာပါတယ်၊ အားလုံးပြန်လွှတ်ပေးလိုက်ပါတယ်”ဟု ဦးဥာဏ်ဝင်းက ပြောသည်။
စစ်အစိုးရ အကျဉ်းထောင်များအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ယနေ့ အထိ ၂၀၅၂ ဦး ရှိပြီဖြစ်ကြောင်း AAPP ၏ ပြောဆိုချက်အရ သိရသည်။

အာဇာနည်ဗိမာန်တွင် သတင်းဓာတ်ပုံရိုက်ယူခွင့် တားမြစ်ခံရ
ကြည်ဝေ/ ရန်ကုန် ဇူလိုင် ၂၁၊ ၂၀၀၈

၆၁ နှစ်ပြည့် အာဇာနည်နေ့က အာဇာနည် ဗိမာန်အနီး သတင်းယူရန် သွားရောက်ခဲ့ကြသော ပြည်တွင်းဂျာနယ် သတင်း ထောက်များကို စစ်အစိုးရ၏ လုံခြုံရေးများက သတင်းဓာတ်ပုံရိုက်ယူခွင့် တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီ အနီးနှင့် အာဇာနည်ဗိမာန်အနီးတွင် စစ်အစိုးရချထားသော လုံထိန်းများ၊ ရဲများနှင့် အရပ်ဝတ်လုံခြုံရေးများက ပြည်တွင်းဂျာနယ်တိုက် အသီးသီးမှ သတင်းထောက်များ သတင်းဓာတ်ပုံရိုက်ယူစဉ် ဓာတ်ပုံမရိုက်ရန်ပြောဆိုခြင်း၊ ကင်မရာ ထဲမှ ရိုက်ပြီးသား ဓာတ်ပုံများကို ဖျက်ခိုင်းခြင်း၊ ကင်မရာများ သိမ်းယူခြင်း၊ သတင်း ထောက်ကတ်များ သိမ်းယူခြင်း ပြုလုပ် ခဲ့သည့်အပြင် သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း သတင်းထောက်များက ပြောပြသည်။
“ကျနော်တို့နဲ့ လုံထိန်းတွေ ပြဿနာတက်ကြတယ်။ သူတို့က ကျနော်တို့ကို မိုက်မိုက်ရိုင်းရိုင်း ပြောတယ်။ ပြီးတော့ ကျနော့် မျက်နှာကို ရိုက်လိုက်တာ ကျနော်က လက်နဲ့ ကာလိုက်လို့ လက်ကိုပဲ ရိုက်မိသွားတယ်” ဟု ဓာတ်ပုံသတင်းထောက်တဦးက သတင်းဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းစဉ် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရပုံကို ပြောပြသည်။
တခြားသော ဂျာနယ်သတင်းထောက်တဦး ဓာတ်ပုံရိုက်ယူရာတွင်လည်း ကင်မရာနှင့် သတင်းထောက်ကတ် သိမ်းဆည်းခံ ခဲ့ရပြီး ထိုသတင်းထောက်၏ ဂျာနယ်တိုက်သို့ ဖုန်းနှင့် ဆက်သွယ်မေးမြန်းကာ သက်ဆိုင်ရာဂျာနယ်တိုက်မှ အာမခံပေးမှ ထိုသတင်းထောက်ကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
“ဓာတ်ပုံရိုက်တဲ့ သူတိုင်းကို လုံခြုံရေးတွေက ပြဿနာရှာတာပဲ။ ရိုက်ပြီးသား ပုံတွေကိုလည်း ဖျက်ခိုင်းတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း နာမည်မေးပြီး ဓာတ်ပုံပြန်ရိုက်ထားတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကလည်း ပြောသည်။
ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်၊ ဓာတ်လှေကား အဆောက်အအုံ အနီးတွင်လည်း သတင်းထောက် အမျိုးသမီးတဦးနှင့် လုံထိန်းများ ပြဿနာဖြစ်ပွားခဲ့သေးသည်ဟု သတင်းထောက်များက ပြောသည်။
အဆိုပါ အမျိုးသမီး သတင်းထောက် သတင်းဓာတ်ပုံ ရိုက်ယူနေစဉ် လုံထိန်းများရောက်လာပြီး ဓာတ်ပုံများကို ဖျက်ခိုင်းရာ သတင်းထောက်က ဖျက်မပေးသည့်အတွက် ရဲမေတဦးကိုခေါ်ကာ ကင်မရာဆွဲလုသိမ်းခိုင်းရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် အရပ်ဝတ်ရဲတဦး ရောက်လာပြီး သတင်းထောက် အမျိုးသမီးကို ပြန်ရန်ပြောဆိုကာ နောက်ယောင်ခံလိုက်ရန် လူ ၂ ယောက် ထည့်ပေးလိုက်ကြောင်း သိရသည်။
ထို့အပြင် ရွှေတိဂုံစေတီမြောက်ဘက် ဘုရားစောင်းတန်းပေါ်မှနေ၍ အာဇာနည်ကုန်းသို့ ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းသော သတင်းထောက် တဦးကိုလည်း လုံခြုံရေးများက ကင်မရာသိမ်းကာ အမည်မေးခြင်း၊ မှတ်ပုံတင် ယူထားခြင်း၊ ဂျာနယ်တိုက် နှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးခြင်းများကို မိနစ် ၃၀ ခန့်ကြာအောင် ပြုလုပ်ကြောင်း အဆိုပါသတင်းထောက်နှင့် နီးစပ်သူ တဦးက ပြောပြသည်။
လုံထိန်းများ၊ ရဲများ၊ အရပ်ဝတ်ရဲများနှင့် စွမ်းအားရှင်များမှာ ရွှေတိဂုံစေတီ၏ လေးဘက် လေးတန် စောင်းတန်းများတွင် လည်းကောင်း၊ အာဇာနည်ကုန်း အနီးပတ်ဝန်းကျင်တွင် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့နှင့် ရုံးအနီး ပတ်ပတ်လည်တွင် လည်းကောင်း စောင့်ကြည့်လျက်ရှိပြီး ဓာတ်ပုံရိုက်သူ မှန်သမျှကို ၎င်းတို့က ပြန်လည် ဓာတ်ပုံရိုက် မှတ်တမ်းယူထားခြင်းများ၊ နောက်ယောင်ခံလိုက်ခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲနှင့် စက်တင်ဘာ ရွှေဝါရောင် တော်လှန် ရေးတို့တွင် သတင်းဓာတ်ပုံ ရိုက်ယူခဲ့ကြသော ပြည်တွင်း သတင်းထောက်များကို စစ်အာဏာပိုင်တို့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး နာဂစ် မုန်တိုင်းအပြီး ဧရာဝတီတိုင်းသို့ သွားရောက် သတင်းယူသည့် ပြည်တွင်း သတင်းထောက်များကိုလည်း ဖမ်းဆီး စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

အန်အယ်ဒီ ပါတီဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာ
သန်းထိုက်ဦး၊ မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 21 2008 19:30 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မကြာသေးခင်က ဖမ်းဆီးခံရသူ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦးနှင့် ကျူရှင်ဆရာ တဦးကို ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့သည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ မတိုင်ခင် နှစ်ရက်အတွင်း နယ်မြေခံ အထူး ရဲတပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသည် ဟုဆိုကာ သူတို့ကို နေအိမ်များမှ ရန်ကုန်မြို့ ပြည်ထဲရေးရုံးချုပ်နှင့် နီးစပ်ရာ ရဲစခန်းများတွင် ထိန်းသိမ်းပြီးနောက် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။
“ကြည့်ရတာက သူတို့က ထိန်းချုပ်တာပေါ့နော်။ အဲဒီ (အာဇာနည်ကုန်း) ကို မရောက်အောင်၊ လှုပ်ရှားမှု မရှိအောင် ထိန်းချုပ်တဲ့ သဘောပဲ။ မနက်ဖြန် ဘယ်သွားဖို့ ရှိလဲပေါ့။ ကျနော်က သွားမယ်၊ နှစ်တိုင်း ချီတက်နေကျပဲ၊ အာဇာနည်ကုန်းအထိ သွားအလေးပြုမယ်ပေါ့နော်။ အဲဒီလောက်ပါပဲ” ဟု တွံတေးမှ ကျူရှင်ဆရာ ဦးအောင်ဖေက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ကျနော်က မေးတယ်။ အဲဒီထဲက ဒု-ရဲအုပ် တယောက်ကို မေးတယ်ပေါ့နော်။ ဒီလိုပဲ ခေါ်လို့ ရလားလို့ဆိုတော့ - မဟုတ်ဘူးတဲ့၊ ကျနော်တို့က အဲဒီလို နိုင်ငံရေးနဲ့ ပတ်သက်လို့ မသင်္ကာတဲ့အခါမျိုးမှ ခေါ်မေးလို့ ရတာပေါ့နော်။ သူတို့က အဲဒီလို ပြောတယ်။ ၂၄ နာရီအတွင်းမှာ ချုပ်နှောင်ခြင်း မရှိဘဲနဲ့ ခေါ်မေးလို့ ရတယ်တဲ့” ဟု ပြောသည်။
အဖွဲ့ချုပ် လူငယ်တာဝန်ခံ (၁) ကိုသီဟန် (ဒဂုံမြို့သစ်)၊ မထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ရန်ကုန်တိုင်း လူမှုအထောက်အကူပြု အဖွဲ့ဝင် ကိုမြင့်ဌေး (တာမွေ)၊ အဖွဲ့ချုပ် လူငယ်အဖွဲ့ ကိုဝင်းမြင့်မောင် (ခရမ်းမြို့)၊ လူမှုအထောက်အကူပြုအဖွဲ့ဝင် ဦးသိန်းမြင့်ထွန်း (ဒဂုံမြို့သစ်)၊ အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျ (မောင်းမကန်) နှင့် ကျူရှင်ဆရာ ဦးအောင်ဖေ (တွံတေး) တို့ကို ယခုလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းမြင့်ထွန်းကမူ သူ့ကို ဇူလိုင်လ ၁၈ ရက် ည ၁၂ နာရီခန့်တွင် တောင်ဒဂုံ ရဲစခန်းသို့ စတင်ခေါ်ဆောင်ပြီး နောက်ရက်တွင် ပြည်ထဲရေး ရုံးချုပ်သို့ ခေါ်ဆောင်ကာ အနောက်ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့က စစ်ဆေးခဲ့သည်ဟု ပြောသည်။
သူက “စခန်းရောက်တော့ SP ကားနဲ့ ပြည်ထဲရေးကို ခေါ်သွားတာ။ ကျနော်နဲ့အတူ ကိုသီဟန်ကို ပြည်ထဲရေးရုံးမှာ အခန်းတခန်းစီ ထားပါတယ်။ ဟိုရောက်တော့ မူးယစ်အထူးမှာ ထားတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတာတွေ ကြားလားလို့ပဲ မေးတယ်။ ကျနော်က နိုင်ငံရေးသမားမို့လို့ ဘာမှမသိဘူးလို့ ပြန်ပြောလိုက်တယ်” ဟု ပြောသည်။
မောင်းမကန် အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျကို ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကာပမြို့နယ် ပြည်သူ့ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်တရက်တွင် ဒုရဲအုပ် ရဲဝန်ထမ်းတဦးက အန်အယ်ဒီ လူငယ်အချို့နှင့် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအကြောင်း သူ့ကို မေးမြန်းခဲ့သည်ဟု ဆိုသည်။
ကိုကျော်ဇေယျက “ရွှေပြည်သာမှာ ဖောက်ခွဲတဲ့ ရယက ရုံး ဗုံးဖောက်ကွဲတဲ့ ကိစ္စတွေမေးတယ်။ အဲဒါတွေ မသိကြောင်း၊ သူတို့ပြောမှ သိကြောင်း ပြောပြတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း အဲဒီလို လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း၊ ကျနော်တို့အနေနဲ့လည်း မသက်ဆိုင်တဲ့အကြောင်း ပြောပြတယ်” ဟု ပြောသည်။
“(အာဇာနည်ကြီးများ ကျဆုံးချိန်) မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ စစ်ဆေးနေတဲ့ အတောအတွင်းမှာပဲ ကျနော် ထပြီးတော့ အလေးပြုလိုက်ပါတယ်။ ဘေးနားမှာ စစ်နေတဲ့ သူတွေအားလုံး ထပြီးတော့ အလေးပြုကြပါတယ်” ဟု သူက ဆက်ပြောသည်။
အားလုံးကို ခံဝန်ကတိ လက်မှတ်ရေးထိုးခြင်းနှင့် တစုံတရာ လှုပ်ရှားမှု မပြုလုပ်ရန် ဖိအားပေးခြင်း မရှိဘဲ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

တနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်ဖွယ်ရှိ
21 July 2008>
ဒေါ်ခင်မျိုးသက် -
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာကနေ ၆လအတွင်း ပြန်လွှတ် ပေးဖို့ရှိတယ်လို့ မြန်မာ စစ်အစိုးရဘက်က ပြောကြားချက်ကို အာစီယံ ၀န်ကြီးများအဆင့် ဆွေးနွေးပွဲ ကမကထ လုပ်တဲ့ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားလိုက်ပါတယ်။ အာစီယံ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ သက်တမ်း နောက်ထပ် တနှစ်တိုးဖို့ မေလတုန်းက ဆုံးဖြတ်ချက်ချတဲ့အပေါ် အလွန်အမင်း စိတ်ပျက်မိ တယ်လို့ ပြောဆိုကြတဲ့ နောက်ပိုင်း ပြန်လွှတ်ပေးမယ်လို့ အရိပ်အမြွတ်တွေ ပြောလာကြတာဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အတွက် နိုင်ငံတကာက တောင်းဆိုသံတွေ ညံနေပေမယ့် မြန်မာစစ်အစိုးရဘက်က ဂရုမစိုက်ဘဲနေနေရာကနေ အခု မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ့် အချိန်ကာလ အနီးစပ်ဆုံး ပြောကြားချက် ထွက်လာတာမို့ ဒါကို အပြုသဘောအဆောင်ဆုံး လုပ်ရပ်တခုအဖြစ်နဲ့ သတ်မှတ် ကြပါတယ်။ အာစီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တက်ရောက်လာသူတွေကို အိမ်ရှင် စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဂျော့်ရိုးက ညစာ စားပွဲနဲ့ တည်ခင်း ဧည့်ခံတုန်း ဦးဥာဏ်ဝင်းက အခုလို အရိပ်အမြွတ် ပြောကြားခဲ့တာပါ။
၂၇နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေ တက်ရောက်မယ့် ဒေသတွင်း ဆွေးနွေးပွဲ မတိုင်ခင်ကတည်းက ဒီဆွေးနွေးပွဲတွေမှာ အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာကို ကြေညာထားပါတယ်။ ဒီအကြောင်းအရာတွေထဲက ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနှစ်နိုင်ငံ အငြင်းပွားနေတဲ့ ဟိန္နူဘုရားကျောင်း ပြဿနာ၊ မြန်မာနိုင်ငံနဲ့ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ကူညီရေး ဆိုင်ရာ ပြဿနာတွေကို ညစာစားပွဲမှာ ဆွေးနွေးကြပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားမှာ တည်ထားတဲ့ ရှေးဟောင်း ဟိန္နူ ဘုရားကျောင်းတ၀ိုက် နှစ်နိုင်ငံက စစ်တပ်တွေ ချထားပြီး နယ်မြေပိုင်ဆိုင်ခွင့် ဆိုင်ရာ အငြင်းပွားနေကြတာတွေနဲ့ မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး လုပ်ဆောင်မှု မရှိတာတွေ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုထိ နေအိမ်အကျယ်ချုပ်ချထားပြီး ပြန်လွှတ်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ပြဿနာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ အာစီယံ နိုင်ငံတွေ အနေနဲ့ အဖွဲ့ဝင် မြန်မာနိုင်ငံ အပေါ် ပြုပြင်ပြောင်းလဲလာဖို့အတွက် ဖိအားပေး ဆောင်ရွက်မှုတွေ သိပ်ကို နဲနေတယ်လို့ ဝေဖန်ခံနေရပေမယ့် မေလတုန်းက နာဂစ်ဆိုင်ကလုံးဒဏ်ခံရတဲ့နောက် နိုင်ငံတကာ အကူအညီတွေ၊ ကယ်ဆယ်ကူညီသူတွေကို လက်ခံဖို့ မြန်မာစစ်အစိုးရကို ဖြောင်းဖျနိုင်ခဲ့တဲ့အတွက် အချီးကျူးခံခဲ့ရပါတယ်။
အာစီယံ ဆွေးနွေးပွဲ ဆိုင်ရာ ပြောခွင့်ရ အင်ဒရူး တန်ကတော့
“လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးတဲ့နေရာမှာရော၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ကိုင်ရာမှာရော နိုင်ငံရေးနဲ့ မရောနှောဘူးလို့ အာစီယံနိုင်ငံခြားရေး ၀န်ကြီးတွေက သူတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထား ပြီးသားပါ။ ဒါပေမယ့် အာစီယံ မိသားစုဝင်တွေထဲမှာတော့ အချင်းချင်း ဒီကိစ္စတွေကို တကယ်ပဲ ဆွေးနွေးကြမှာဖြစ်တဲ့ အပြင် တချိန်ထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေအတွက် မြန်မာအစိုးရဆီက နောက်ဆုံး အခြေအနေ တွေကိုလည်း သိရှိနေရတာဖြစ်ပါတယ်။”
ညစာ စားပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယားနဲ့ ထိုင်း နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ ပြဿနာတွေကို အိမ်နီးချင်းကောင်းပီသစွာနဲ့ စည်းစည်းလုံးလုံး ဖြေရှင်းဖို့ တိုက်တွန်းခဲ့တဲ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခဲ့တဲ့အပေါ် စိတ်ပျက်ကြောင်း အခုလို ပြောပါတယ်။
“မြန်မာစစ်အစိုးရကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးတဲ့အပေါ် အတော်လေးကို စိတ်ပျက်မိတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် အစိတ်အပိုင်း တခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အာစီယံခေါင်းဆောင်တွေကနေ ထပ်မံတောင်းဆိုခဲ့ကြပါတယ်။ ”
အာစီယံအဖွဲ့ကြီး အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေ သိပ်မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အခု စိတ်ပျက်မှုတွေ အခါခါ ကြုံလာရတာမို့ တောင်းဆိုလာကြတာပါ။ နိုင်ငံတကာက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာစီယံဘက်က လုံလောက်တဲ့ ဖိအားတွေ မပေးဘူးဆိုပြီး ၀ိုင်းဝန်း ပြစ်တင်ကြတာမို့ ခံရတာများလာတာမို့ အခု အာစီယံဘက်နေ စိတ်ပျက်လာတာပါ။ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ နိုင်ငံရေး အမှုဟာ အလွန်ဆုံး ခြောက်နှစ်အထိပဲ ထိန်းသိမ်းနိုင်တယ်လို့ သူတို့ကို ရှင်းပြခဲ့ကြောင်း မစ္စတာရိုးက ရှင်းပြခဲ့ပါတယ်။
“သူတို့ရဲ့ ဥပဒေအောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေး ထောက်ခံမှုအရ ထိန်းသိမ်းထားနိုင်တဲ့ကာလက ၁နှစ်ပဲ ဖြစ်ပါတယ်။ ၀န်ကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ၀န်ကြီးအဖွဲ့က ထောက်ခံလို့ ထိန်းသိမ်းထားနိုင်တဲ့ကာလက ၅နှစ် ဖြစ်ပါတယ်။ ဆိုလိုတာက ၆နှစ်အများဆုံးပါ။ ၆နှစ် သက်တမ်း အကန့်အသတ်ဟာ အခုလာမယ့် ခြောက်လဆို ပြည့်တော့ မယ်လို့ သူက ကျွန်တော်တို့ကို ပြောပါတယ်။”
အခုလို ပြောခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ခြောက်လအကြာမှာ လွှတ်ပေးမယ် မလွှတ်ပေးဘူး အတိအကျ ပြောဆိုဖို့ ငြင်းတယ်လို့ ပြောဆိုပါတယ်။ စစ်အစိုးရထုတ် သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက ခြောက်နှစ်အထိ ဆက်လက် ချုပ်နှောင်ထားခွင့်ရှိတယ်လို့ ပြောခဲ့တာတွေ ရှိပေမယ့် အခု စစ်အစိုးရတာဝန်ရှိသူကိုယ်တိုင် နိုင်ငံတကာ အစည်းအဝေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာနိုင်တယ်လို့ ပြောတာဟာအခု အကြိမ်ဟာ ပထမဆုံး ဖြစ်ပါတယ်။ စစ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ မေလ ၂၇ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ၁နှစ် ထပ်တိုးခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်စုဟာ အခုဆိုရင် ပြီးခဲ့တဲ့ ၁၈နှစ်တာကာလအတွင်း ၁၂နှစ်ကျော် အထိန်းသိမ်းခံနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အခုလို သက်တမ်းတိုးတဲ့အပေါ် ရှုံ့ ချလိုက်ပြီး ဒီလို သက်တမ်းတိုးတာဟာ တရားဝင် မဟုတ်တဲ့အပြင် ဆက်လက်ချုပ်နှောင်ခွင့်ဟာ ငါးနှစ်ထက် ပိုလို့ မရဘူးလို့ လက်ရှိဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။

မုန်တိုင်းသင့် ဧရာဝတီလယ်မြေများ နာလန် မထူနိုင်သေး
အောင်သက်ဝိုင်း/လပွတ္တာ ဇူလိုင် ၂၁၊ ၂၀၀၈
စစ်အစိုးရက နာဂစ်မုန်တိုင်းသင့် ဒေသများတွင် လယ်ယာလုပ်ငန်းခွင်များအားလုံး မိုးစပါးများ အချိန်မီထွန်ယက် စိုက်ပျိုး နိုင်ပြီဖြစ်ကြောင်း ပြောဆိုဖော်ပြနေသော်လည်း လက်တွေ့တွင်မူ မျိုးစပါး၊ ကျွဲနွား၊ ထွန်စက်နှင့် တခြားသော အခက်အခဲ များကြောင့် မုန်တိုင်းသင့် ဧရာဝတီတိုင်း လယ်ယာမြေအများစုမှာ ထွန်ယက် စိုက်ပျိုးခြင်း မပြု လုပ်နိုင်သေးကြောင်း စုံစမ်း သိရှိရသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည် ထူထောင် စိုက်ပျိုးရန် အစိုးရချထားပေးသည့် ကျွဲနွား၊ လယ်ယာသုံးစက်ကိရိယာ ၊မျိုးစပါးနှင့် ဒီဇယ်ဆီများအား တောင်သူများသို့ ပေးဝေရာတွင် ကျေးရွာအာဏာပိုင်များ၏ မတရားခေါင်းပုံဖြတ်ငွေကြေးတောင်းခံမှုများကြောင့် လယ်ယာလုပ်ငန်းအများ စုမှာ လုပ်ငန်းမစတင်နိုင်ဘဲ လယ်သမားများ အခက်တွေ့နေရကြောင်း လပွတ္တာမြို့နယ် ဒေသခံများ ကပြောသည်။
“ထွန်စက်နဲ့ ကိုယ့်လယ်ကိုထွန်ချင်ရင် ငွေနှစ်သိန်း ရွာဥက္ကဌ ဦးစန်းဝေ ကိုလာဘ်ထိုးရတယ်။ မျိုးစပါး တတင်း ထုတ်ရင် ငွေ ကျပ် ၁၀၀၀ နဲ့ ၁၅၀၀ ကြား ပေးရတယ်။ ဒီဇယ်ဆီထုတ်ရင်တော့ တဂါလန်ကို ငွေ ၁၀၀၀ လာဘ် ထိုးပြီးမှ ထုတ်လို့ရတယ်” ဟု ကညင်ကုန်း ကျေးရွာ လယ်သမား တဦးက ပြောဆိုသည်။
အစိုးရပေးသည့် မျိုးစပါးနှင့် လယ်ယာသုံးကိရိယာများမှာလည်း အရည်သွေး အညံ့အဖျင်းများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လပွတ္တာမြို့နယ်အပိုင်အတွင်း ကျေးရွာပေါင်း ၄၈၉ ရွာ ရှိပြီး လယ်ယာအများစုမှာ ယခုနှစ် မိုးရာသီ အမီ စပါးမစိုက်ပျိုး နိုင်သည့် အခြေအနေဖြစ်နေကြောင်း ကညင်ကုန်း ကျေးရွာ လယ်သမားများက ပြောသည်။
ယင်းသို့ ကျေးရွာအာဏာပိုင်များ၏ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုများမှာ မုန်တိုင်းသင့် ဧရာဝတီတိုင်း ဒေသတခု လုံးတွင်ကြုံ တွေ့နေရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော နေပြည်တော် လူမှု ၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ အငယ်တန်းအရာရှိတဦးကလည်း ပြောသည်။
“ဖုန်းဆက်ပြီးတိုင်ကြတယ်။ အများဆုံးကတော့ ကျေးရွာလူကြီးတွေရဲ့ မသမာမှုတွေပါပဲ”ဟု ၄င်းက ဆိုသည်။
မုန်တိုင်းသင့်ဒေသများရှိကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အလွဲသုံးစားမှုများနှင့် မတရား ငွေကြေးတောင်းခံမှုများကြုံတွေ့ရပါက နေပြည်တော် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသို့ တိုင်ကြားရန် အစိုးရပိုင်သတင်းစာများတွင် နေ့စဉ်ဖော်ပြသည့်အတွက် တိုင်ကြားမှုအများ အပြားရှိနေ သော်လည်း အရေးယူမှုအပိုင်းတွင် အားနည်းချက်များရှိကြောင်း အဆိုပါလူမှုဝန်ထမ်းအရာရှိက ပြောကြားသည်။
“ဌာနကလည်း လူမှုဝန်ထမ်းဌာနဆိုတော့ အဲဒီမသမာမှုလုပ်တဲ့လူတွေကို တိုက်ရိုက်ကိုင်တွယ်အရေးမယူနိုင်ဘူး။ သက်ဆိုင် ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်အုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြားပေးတယ်။ အရေးယူတာ၊ မယူတာတော့ သူတို့အပိုင်းပဲ”ဟု လည်း ၄င်းအရာရှိက ဖြည့်စွက်ပြောသည်။
ယင်းသို့ ကျေးရွာအာဏာပိုင်များ၏ မသမာမှုများအပြင် အစိုးရပေးသည့် မျိုးစပါးများ၏အရည်အသွေး ညံ့ဖျင်းမှု ကလည်း လယ်ယာလုပ်ငန်းများ နာလန်မထူစေနိုင်သော အကြောင်းအရင်းတရပ်ဖြစ်ကြောင်းသိရှိ ရသည်။
“လပွတ္တာက လယ်မြေတွေအများစုက ခွံဝါမ ၊ ရိုးစိမ်းလို့ ခေါ်တဲ့ သီဟို၌ ၊ဟိုင်းကြီးနဲ့ ပေါ်ရင်မွှေး မျိုးစပါးတွေပဲ စိုက်ကြတာ။ အဲဒီစပါးတွေက ပေါ်ဆန်းမွှေးလို ဆန်ချောထွက်တယ်။ ဒါပေမယ့် အစိုးရက ပေးတဲ့ နှံကား၊ သီးထပ် ယဉ်(ဆောင်းသီးနှံ) နဲ့ ကမာကြည် မျိုးစပါးတွေက ဒီကလယ်မြေနဲ့ စိုက်ပျိုးဖို့ မလွယ်ဘူး”ဟု မိကျောင်းအိုင် ကျေးရွာ မှလယ်သမားကြီးတဦးက ပြောသည်။
သပြုကုန်းကျေးရွာသား တောင်သူကြီး တဦးကလည်း“အစိုးရပေးတဲ့နှံကားမျိုးစပါးကို ပျိုးကျဲစိုက်တယ်။ ကျိုးတိုး ကျိုးတဲပဲ စပါးပင်ပေါက်တယ်။ ရာနှုန်းပြည့် မျိုးမအောင်ဘူး။ ပုံမှန်စိုက်နေတဲ့ မျိုးစပါးတွေကလည်း မုန်တိုင်း ကြောင့် အကုန်လုံး ပျက်စီးသွားတော့ ၀ယ်လို့မရဘူး။ ဒီတရာသီတော့ ဘယ်လိုနည်းနဲ့မှ လယ်ပြန် မလုပ်နိုင် တော့ဘူး”ဟု ပြောသည်။
စစ်အစိုးရ ကပေးသည့် မျိုးစပါးများမှာ လပွတ္တာလယ်မြေ ရာခိုင်နှုန်း ၅၀ ကျော်တွင် စိုက်ပျိုး၍မအောင်မြင်နိုင် ကြောင်း လပွတာမြို့နယ်အပိုင် ကျေးရွာ ၄ ရွာမှ လယ်သမားများက ပြောသည်။
“လပွတ္တာလယ်မြေတွေမှာတောင် မြေမာတဲ့ လယ်နဲ့ မြေပျော့တဲ့ လယ်ဆိုပြီး ကွဲသေးတယ်။ ပြီးတော့ စိုက်ပျိုးပုံ စိုက်ပျိုး နည်းကလည်း မျိုးစပါးကိုလိုက်ပြီးမတူဘူး။ အခု ပေးနေတဲ့ နှံကားတို့၊ကမာကြည်နဲ့ သီးထပ်ယဉ် မျိုးစပါး တွေက သေသေ ချာချာဂရုစိုက်ရင်တောင်မှ ဒီလယ်မြေနဲ့ သဟဇာတမဖြစ်တဲ့အတွက် သေချာပေါက် အထွက်နှုန်း မကောင်းနိုင်ဘူး”ဟု မြစ်ပေါက်ကျေးရွာမှ လယ်လုပ်သက် နှစ်၂၀ ကျော်ရှိ ၀ါရင့်လယ်သမားကြီးတဦးက ဆိုသည်။
ထို့ပြင်စစ်အစိုးရက အရစ်ကျငွေချေစနစ်ဖြင့်ချထားပေးသည့် လက်တွန်းလယ်ထွန်စက်များမှာလည်း တရုတ်နိုင်ငံလုပ်စက် ပစ္စည်းများဖြစ်ပြီး အရည်အသွေးညံ့ဖျင်းကြောင်း၊ ထိုထွန်စက်များသည် ဒီဇယ်ဆီအလွန်အသုံးပြုရ ပြီး မကြာခဏဆိုသလို ချို့ယွင်းပျက်စီးသောကြောင့် လယ်ယာမြေထွန်ယက်သည့် လုပ်ငန်း အလွန်နှောင့်နှေး ကြန့်ကြာနေကြောင်းလည်း သိရှိ ရသည်။
“လပွတ္တာမြို့နယ် အတွက် လယ်ဧက ၁၀၀ ကျော်ကို ထွန်စက်တလုံးနှုန်းနဲ့ လယ်ထွန်စက် ၆၀၀ ချပေးတယ်လို့ ကြားတယ်။ ရွာကို ရောက်တဲ့ လယ်ထွန်စက် ၄၂ လုံးမှာ တော်တော်များများက ပျက်နေတယ်”ဟု ကညင်ကုန်း ကျေးရွာမှ တောင်သူ တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မိုးစပါးဧက ၁၆.၄၃၄သန်း နှင့် နွေစပါးစိုက်ပျိုး ဧက၃.၄သန်း စုစုပေါင်း ၁၉.၈၃၄ သန်းရှိသည့် အနက် နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် စပါးစိုက်ဧက ၁.၃၄ သန်းပျက်စီးခဲ့ပြီး ယခု ၂၀၀၈ ခုနှစ်မိုးရာသီတွင် ဧရာဝတီတိုင်းမှ မုန်တိုင်းသင့် လယ်မြေများအပါအ၀င် ဧရာဝတီတိုင်းတခုလုံးတွင် မိုးစပါးဧက ၂.၂သန်း စိုက်ပျိုးပြီးဖြစ် ကြောင်း ဇူလိုင် ၁၇ ရက်နေ့တွင် နေပြည်တော်လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက တရားဝင်သတင်း ထုတ်ပြန်ထားသည်။




နအဖသတင်းစာတစောင်ပါ...
Myanmar makes prompt delivery of rice for storm relief effort
www.chinaview.cn 2008-07-21 12:09:07 Print
YANGON, July 21 (Xinhua) -- Myanmar has delivered a total of 21,183.85 tons of rice for the relief of cyclone victims in the post-storm period as of July 14, official media reported Monday.
The delivered amount of rice came out of 33,917.7 tons received through government supply, donations from private companies and wellwishers as well as the United Nations' World Food Program (WFP), said the New Light of Myanmar daily.
The government supply from the state's reserve rice accounted for 6,184.3 tons or 55.7 percent, while private companies and wellwishers 11,658.35 tons or 34.4 percent and WFP 3,341.2 tons or9.9 percent, it said, adding that the remaining rice stock of 12,733.85 tons will be continued to be delivered to a certain extent.
"If the donations do not meet the demand, the government will have to continue supplying the storm victims from the reserve rice," the report quoted the authorities as assuring.
Meanwhile, international relief supplies, sent by 31 countries and one region as well as 19 organizations for Myanmar cyclone victims, amounted to 8,408 tons as of the end of June, according to officially compiled statistics.
Of the total, 2,388 tons are foodstuff and medicine, while 206 tons are construction and business materials.
The World Food Program (WFP) led the donated supplies quantity with 1,645 tons.
Other relief supplies, donated at home by governmental organizations and wellwishers, amounted to 4,352 tons plus 308 tons of construction and business materials which included 9,067 boats, 6,708 power tillers, 1,655 cattle and 3,237 fishing nets as well as 1.28 million baskets (25,600 tons) of paddy seeds.
The contribution of the government and local and international donors has enabled storm victims to restore their agricultural farming and fisheries undertakings.
According to official report, Myanmar has put 2.2 million acres( 891,000 hectares) of farmland under monsoon paddy update in cyclone-hard-hit Ayeyawaddy division with nearly 1,400 domestically-donated draught buffaloes and cows distributed to the cyclone-hit areas for the recultivation as well as using powered tillers provided in place of some of storm-swept draught cattle.
Myanmar is now entering into a second phase -- rehabilitation and reconstruction out of its restoration program after claiming that the first phase of relief has finished to a certain extent.
The government stressed the need for continuous donation giving priority to items of construction material power tillers, paddy strains, fertilizers, fuel, fishing boats and machines for the second-phase restoration program.
According to official report, international aid supplies are still pouring in until now.
Due to the cyclone storm, over 1 million acres (405,000 hectares ) of farmland were flooded by sea water with more than 200,000 cows and cattle killed, earlier statistics showed.
Deadly tropical cyclone Nargis, which occurred over the Bay of Bengal, hit five divisions and states -Ayeyawaddy, Yangon, Bago, Mon and Kayin on last May 2 and 3, of which Ayeyawaddy and Yangon inflicted the heaviest casualties and massive infrastructural damage.
Myanmar estimated the damages and losses caused by the storm at10.67 billion U.S. dollars with 5.5 million people affected.
The storm has killed 84,537 people, left 53,836 people missing and 19,359 injured, according to the latest official death toll.

Over 4,000 survivors in Myanmar cyclone-hit area provided with healthcare
www.chinaview.cn 2008-07-21 10:51:26 Print
YANGON, July 21 (Xinhua) -- A total of 4,249 survivors in Mawlamyinegyun, one of the cyclone-hard-hit areas in
Ayeyawaddy delta, have been provided with healthcare by the government's mobile medical team serving on board a vessel, the official newspaper New Light of Myanmar reported Monday.
The 4,249 cyclone victims in the area's 29 storm-ravaged villages included 823 children, 332 patients with eye complaints, 269 with dental disease, 270 suffering from mental illness and 2,555 general patients, said the report.
The team comprising specialists from the Ministry of Health had provided such medical care to the victims since early this month.
Meanwhile, the Myanmar Medical Association (MMA) has appealed to local private doctors to voluntarily provide long-term free medical care to victims of deadly cyclone Nargis.
MMA has carried out free health care services in storm-hit areas in two divisions of Ayeyawaddy and Yangon and over 585 doctors and specialists from other parts of the country have provided treatment to 22,784 patients during their 38 trips to the cyclone-hit regions last month, according to earlier reports.
In the post-Nargis period, dozens of international medics were allowed in Myanmar to render medical services to the cyclone victims. These medics include those from Thailand, India, Laos, China, Bangladesh, Singapore, the Philippines, France, Japan, Indonesia, South Korea and Sri Lanka.
Meanwhile, a total of 21,834 storm victims were exposed with carrying tuberculosis (TB) virus two months after the disaster following field trips to the storm-hit areas by over 500 experts, according to the MMA.
However, there were no reported outbreak of other contagious and epidemic diseases in the storm-hit areas.
During the early post-Nargis period, a total of 206,039 storm patients had received medical treatment a month after the cyclone storm hit the country.
Deadly tropical cyclone Nargis, which occurred over the Bay of Bengal, swept five divisions and states on last May 2 and 3, killing 84,537 people, leaving 53,836 missing and 19,359 injured, according to the latest official death toll.

2008-07-21 14:11:08
Isolated Myanmar regime ratifies regional charter including human rights body


By CHRISTOPHER BODEEN,
Associated Press Writer.
Myanmar has ratified a proposed international charter that includes controversial human rights provisions, officials said Monday, a day after regional powers slammed the nation's ruling junta for extending opposition leader Aung San Suu Kyi's detention.
Myanmar's ratification of the Association of Southeast Asian Nations charter is to be formalized at a ceremony later Monday.
But question marks remain about whether Myanmar's junta, which has jailed hundreds of political dissidents, including Nobel peace laureate Suu Kyi, is willing to adhere to the principles of human rights and respect for rule of law enshrined in the charter.
It was also unclear whether the proposed ASEAN human rights body, the details of which have yet to be hammered out, will have any substantive enforcement or monitoring power.
The charter, expected to come into force by next year, aims to strengthen the 10-member group of Asian nations, giving it power to sue and be sued, and establishing enforceable financial, trade and environmental rules.
The most controversial part of the charter is a proposed human rights body.
"It's high time that we concretize the human rights of the people of ASEAN," said Rosario Manalo, the Philippine
representative to the panel.
Still, it is clear that the body will not have the power to sanction countries that violate the rights of its citizens.
The Philippines and possibly Thailand will push for the body to have the power to at least monitor human rights violations, said one Southeast Asian diplomat who spoke on condition of anonymity because she was not authorized to speak to the media.
Myanmar is the seventh member of ASEAN to ratify the charter. The Philippines, Thailand and Indonesia have balked at endorsing it, demanding that Myanmar first give firmer commitments to democracy.
The human rights panel, which will hold its first meeting Monday to determine the scope of the human rights body, is expected to submit a draft of its recommendations to the ASEAN leaders' summit in December.
Ignoring international criticism, Myanmar's junta on May 27 extended Suu Kyi's detention by another year, drawing an extraordinary rebuke Sunday from ASEAN members who usually shy from criticizing each other.
Myanmar officials have issued no public response to that criticism, although its representative at the meeting, Foreign Minister Nyan Win, suggested Sunday that Suu Kyi could be freed from house arrest in about six months.
Suu Kyi has now been detained for more than 12 of the last 18 years at her home in Myanmar, formerly known as Burma.
In a Monday address to ASEAN foreign ministers, Singapore's Prime Minister Lee Hsien Loong said ASEAN had only implemented 30 percent of its agreements. The charter, he added, will help improve that "somewhat patchy" record as a bulwark against crises, such as the 1997 Asian financial storm.
"If another test comes, ASEAN must not be found wanting again," Lee said.

___Associated Press reporter Jim Gomez contributed to this report.