Saturday, July 26, 2008

ရွှေလီမြို့မှာ တရုတ်-မြန်မာ ချစ်ကြည်ရေး အနေနဲ့ အခုလို ချိတ်ဆွဲထားတာပါ။


Dagon Net တောလား


Dagon အေးဓါးပြတိုက်မှု
Jul 26th, 2008 by admin
စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် တိုင်းပြည် အကြီးကဲဆိုသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ တိုင်းပြည်နှင့် ပြည်သူပြည်သားများကို အနိုင်ကျင့် ဗိုလ်ကျသည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။
ယမန်နေ့ အင်တာနက်သတင်းအရ တိုင်းပြည်နှင့် ပြည်သူ ပြည်သားများ၏ ချွေးနည်းစာ များကို အေးဓားပြတိုက်သူ နောက်တစ်ဦးအကြောင်း သိလိုက်ရသည်။ အကြင်သူမှာ အခြား သူစိမ်းမဟုတ်ပါ။ မိဘခြေရာ နင်း ၍ ပြည်သူကို ဆော်ကားနေသူတစ်ဦး ဖြစ်သည့် သမီးတော် ဒေါ်ခင်သန္ဒာရွှေ ဆိုသူဖြစ်သည်။
ဒေါ်ခင်သန္ဒာရွှေသည် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ (အင်ဗွိုင်းခန်းမ)တွင် မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့တွင် ကျင်းပသည့် မြန်မာ့ ပရိဘောကကုန်စည်ပြပွဲတွင် လာရောက်လေ့လာပြိး အဖိုးတန် မြန်မာ့ကျွန်းသစ်ဖြင့် ထုလုပ်ထားသည့် ပန်းပု ရုပ်ထုလက်ရာများ အပါအဝင် အခြား အဖိုးတန် ပရိဘောဂ ပစ္စည်းများ အေးဓါးပြတိုက်သွားကြောင်း သတင်းရရှိပါသည်။ အဆိုပါ ပစ္စည်းများ၏ ကာလတန်ဖိုးမှာ အမေရိကန် ဒေါ်လာ 10,000 ကျော်ခန့်ရှိမည်ဟု ဆိုသည်။
အဆိုပါ ဒေါ်ခင်သန္တာရွှေ၏ ၂၀၀၆ ခုနှစ်မင်္ဂလာပွဲတွင် ဝတ်ဆင်ထားသော စိန်ထည်ပစ္စည်းများကိုမည်သို့ရရှိသည်ကို မှန်းဆကြည့်က ပြည်သူများ၏ ချွေးနည်းစာမှ အေးဓါးပြတိုက်ထားသော သူခိုး …


ကြည့်ချင်အုံးဟဲ့ စလောင်း . . .
Jul 24th, 2008 by admin
ကျွန်တော့်မျက်လုံးတွေကိုပြူးသွားစေတာက ရန်ကုန်မှာ စလောင်းနှစ်စဉ်ကြေးတွေ တိုးကောက်လိုက်တယ် ဆိုတဲ့သတင်းပါပဲ။ မြန်မာလို့တွေလိုက်တာနဲ့ ခေါင်းစဉ်ကို သေသေချာချာတောင် မဖတ်လိုက်တော့ ဘယ်နှစ်ဆ တက်သွားလဲဆိုတာ သတိမထားမိလိုက်ဘူး။ လိုက်ဖတ်ကြည့်တော့ တစ်နှစ်ကို အရင်က ၆,၀၀၀ ကျပ်ပေးနေရတာကနေ အခု ၁၀ သိန်းတောင် တိုးကောက်လိုက်တယ်တဲ့။ တက်သွားတဲ့နှုန်းက ၁၆၇ ဆ ဆိုလားပဲ။
ဘာမှ တရားဝင် ကြေငြာခြင်းမရှိဘူးလို့ရေးထားတာဖတ်လိုက်ရတယ်။ တရားဝင် မကြေငြာတာကတော့ မဆန်းပါဘူး။ နောက်ပြီးတော့ ဆက်ရေးထာားသေးတယ်။ ဘာလို့ဈေး အဆမတန် တင်လိုက်တာလဲဆိုတော့ မြန်မာပြည်ကလူတွေ အပြည်ပြည်ဆိုင်ရာ သတင်းတွေကို မကြည့်စေချင်လို့ပါတဲ့။
စက်တင်ဘာ အရေးအခင်းတုန်းက စစ်တပ်ရဲ့လုပ်ရပ်တွေကို ကမ္ဘာတစ်ဝှမ်းက လူတွေတင်မက မြန်မာပြည်ထဲက လူတွေပါ အလွယ်တစ်ကူ ကြည့်လို့ရနေတာမို့နဲ့တူပါတယ်။ ဒီလိုတင်လိုက်တော့ တော်ရုံတန်ရုံလူတွေ စလောင်းတွေ ဖြုတ်ကြတော့မှာပေါ့။ ဒီလောက် စီးပွားရေးတွေ ကြပ်တည်းနေတာ ဘယ်သူက တစ်နှစ် ၁၀သိန်းပေးပြီး ကြည့်မှာလည်း။ နှစ်ပေ စလောင်းရဲ့ ကဒ်ကတောင်မှ တစ်နှစ်ကို ၁၀သိန်းမပေးရဘူး။
လူတွေ အရင်ကလိုပဲ ပုန်းရှိုးကွယ်ရှိုးနဲ့ တပ်ပြီး ကြည့်ကြရတော့မှာပေါ့။ ရပ်ကွက်ထဲက ရဝတ လိုလူတွေတော့ စားပေါက်တွေ ပွင့်တော့မှာပေါ့။ လိုင်စင်မရှိပဲ ကြည့်လို့ မိရင် လာလုပ်မလဲတော့ မသိဘူး။ ပစ္စည်းသိမ်းရုံလောက် ဆိုရင်တော့ လူတွေ သိပ်မှုကြမယ်မထင်ဘူး။
ရွှေနိုင်ငံကြီးက ဘုရင်ရူး ရူးနေတဲ့ ရွှေဦးနှောက်ပိုင်ရှင်ကြီးတွေရဲ့ ရွှေဥာဏ်တော် စူးရောက်မှုကို ကြည့်ကြ မြင်ကြရသေးတာပေါ့။
“မှန်လှပါ၊ သင့်မြတ်လှကြောင်းပါ ဘုရား” လို့ဘယ်သူတွေက အော်ကြအုံးမှာလဲ . . .

နေပူတော်သွားတောလားးးးးးး
Jul 24th, 2008 by admin
ဒီအပါတ် တနင်္ဂနွေညနေကနေ နေပူတော်ကို ကားနဲ့သွားပီး ဒီနေ့ အင်္ဂါနေ့ မနက်ကြီးမှာ ကားနဲ့ ပြန်ရောက်သဗျို။
ဒီအပါတ် ခေတ်မီသွားပါသတဲ့
နေပူတော်ကိုရောက်နေတဲ့ တိရစ္ဆာန်တွေတော့ မတွေ့ခဲ့ရဘူး(အဟိဟိ:P ရှာမတွေ့ဘူး၊ တမျိုးမတွေးနဲ့ တိရစ္ဆာန်ရုံ မရောက်ခဲ့ဘူး ပြောတာကို) ထောတော့ထောတယ် ဖုန်းကိုယ်စီနဲ့လေ
အမယ်လေး တနေရာနဲ့ တနေရာက အဝေးကြီး။ လမ်းရှင်းတာတောင် ဆိုင်ကယ်မောင်းတာ မိနစ် 20ကြာကြာ သွားယူရတယ်။ တုတ်တုတ်လဲ စောင့်မစီးချင်ဘူး ခရီးဖင့်မစိုးလို့ ။ ဘတ်စ်ကားကတော့ ရှိတယ်။ တွေ့မိတယ်(ကြာကြာနေတော့ တစ်ခါပေါ့) ဘတ်စ်မှတ်တိုင်မှာ စောင့်တဲ့သူကတော့ မရှိသလောက်ပါပဲ။ နေကလဲ ပူမှပူ။ ဖုန်တော့မထူဘူး။ လမ်းမကြီးတွေက အကျယ်ကြီး ကောင်းမှကောင်း။ တို့များ ရန်ကုန်နဲ့တော့ ကွာပါ့။
မိုးတွေကလဲ ရွာသဗျ။ ခဏရွာပြီး တိတ်လိုက်။ တော်နေကြာ ခဏရွာလိုက်နဲ့။ လည်စရာတွေ ရှိတယ် ပြောပေမဲ့ မဖြူတဲ့ အသားတွေ ပိုမည်းကုန်မစိုးတာက တစ်ကြောင်း ဆိုင်ကယ် တက္ကစီခနဲ့ မွဲနိုင်တာကတစ်ကြောင်းနဲ့ လိမ်လိမ်မာမာပဲ အိပ်လိုက် စားလိုက် လုပ်ရင်း အချိန်တွေကုန်ပစ်လိုက်တယ်။
ညနေ 6နာရီမှာတော့ ဆိုင်ကယ်တက္ကစီလာခေါ်လို့ မြို့မဈေးရောက် မိုးလေးကလဲ တဖျောက်ဖျောက်။ လမ်းမကြီးပေါ်က ဗွက်အိုင်တွေထဲ ဆိုင်ကယ်တရကြမ်းမောင်းလို့ ရေတွေကလဲ တဗွမ်းဗွမ်းနဲ့ ပျော်စရာကြီး။ မော်တော်ပီကယ်တွေလဲ အမြဲတမ်း duty ချိန်မှာ ကြိုးကြိုးစားစား တာဝန်ထမ်းနေကြသားပါလား။ အဲ… မြို့မဈေးမှာ ရောက်ရောက်ချင်း ရှမ်းခေါက်ဆွဲစား။ ကောင်းသဗျ။ ဈေးနှုံးတွေက သက်သာပါတယ်။ ရန်ကုန်နဲ့ အတူတူလောက်ပဲ။ ရန်ကုန်ကို ဖုန်းခေါ်တော့လဲ 100ပဲ ပေးရတယ်။ လက်ဖက်ရည်တို့ ရေသန့်တို့လဲ ဈေးအတူတူ။ မနက်က မိတ္တူကူးခလေးပဲ တစ်မျက်နှာ 100မလို့ ဈေးကြီးတယ်။ မြို့မဈေးထဲက ဆိုင်တွေ လျှောက်ပတ်ကြည့်ရတာလဲ ပျော်စရာကြီး။ တရုတ်တန်းလိုပဲ အစားအသောက်တွေကလဲ ပေါမှပေါ။ 7နာရီထိုးတော့ ကားပေါ်တက် 7နာရီခွဲမှာ နေပူတော်ကြီးကို နှုတ်ဆက်ခဲ့တယ်။ မီးတွေကလဲ ထိန်ထိန်ငြီးလို့။ အော် တို့ ရန်ကုန်နဲ့တော့ ကွာပါ့။
နေပူတော်ကိုမှတ်မိတာက မီးတိုင်တွေအများကြီးနဲ့ အ၀ိုင်းပတ်ကြီးရယ်၊ ဧည့်ရိပ်သာရှိတဲ့ သပြေကုန်းရယ်။ ရုံးတွေ ရှိတဲ့နေရာရယ်၊ မြို့မဈေးရယ် ပြီးတော့ ဟိုတယ်ဇုန်ရယ်။ အဟိဟိ ဒါဆို ဘာကျန်သေးလဲ(ဒါပဲ ရှိတယ်ထင်တာပဲနော်..)
လမ်းမှာ ရေတာရှည်မှာ နားတယ်။ နောက်တစ်နေရာနားတယ်။ မနက် 5နာရီမှာ အောင်မင်္ဂလာအဝေးပြေးဂိတ်ကို ပြန်ရောက်လာတယ်။
ကဲ..ကျမ မယ်လိုဒီမောင်၏……ရဲ့ နေပူတော်သွား တောလားလေးကတော့ ဒီလောက်ပါပဲရှင်။

လေးဖြူ၏ နာဂစ်မုန်တိုင်းဒုက္ခသည်များ ရန်ပုံငွေ ဖျော်ဖြေပွဲ
Jul 25th, 2008 by admin
နာဂစ်မုန်တိုင်းဒုက္ခသည်များ ရန်ပုံငွေအတွက် နာမည်ကြီးအဆိုကျော် လေးဖြူသည်
လာမည့် သြဂုတ်လ (၁၆) ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားခန်းမ၌
Iron Cross (IC) အဖွဲ့သားများ၊ နာမည်ကြီး အဆိုတော်များဖြင့် တွဲဖက်၍
စတိတ်ရှိုး သီဆိုဖျော်ဖြေသွားမည်ဖြစ်သည်။

စနေသတင်းများ



မုန်တိုင်းဒေသ ကလေးငယ် ၇ သိန်းနီးပါးအတွက် အကူအညီများ လိုအပ်နေ
26 July 2008
ခင်ဖြူထွေး
အစားအစာအတွက် တန်းစီနေကြသည့် မုန်တိုင်းသင့်ဒေသက မြန်မာကလေးငယ်များ (မေလ ၁၂၊ ၂၀၀၈)
မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ ၃ လနီးပါး ရှိလာခဲ့ပြီ ဖြစ်ပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အသက်မသေ ကျန်ရစ်ခဲ့တဲ့ အသက် ၁၇ နှစ်အောက် ကလေးငယ် ၇၀၀,၀၀၀ အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘ၀ ရှင်သန်နိုင်ရေးတွေအတွက် အကူညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။
မုန်တိုင်းမတိုက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ကလေးငယ်တွေအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ မကောင်းတာကြောင့် အခုချိန်မှာ ဒီကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ပြုစုစောင့်ရှောက်မှုတွေ ပိုပြီးတော့ လုပ်ပေးဖို့ လိုအပ်တယ်၊ လုပ်ပေးဖို့ အခွင့်အလမ်းလည်း အခု ရှိနေတယ်လို့ UNICEF အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပက်ထရစ် မက် ကောမစ် (Patrick McCormick) က ပြောပါတယ်။
"အခုချိန်က ကယ်ဆယ်ရေးအဆင့်ပြီးတဲ့နောက်ပိုင်း ပြန်လည် တည်ဆောက်ရေးကာလပါ။ ဒါကြောင့် ကလေးငယ်တွေနဲ့ သူတို့ မိသားစုတွေရဲ့ ဘ၀တွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ ကျနော်တို့ ဆိုလိုတာက - ဒီကလေးငယ်တွေ အတွက် စာသင်ကျောင်းတွေ၊ ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေ ဆောက်ပေးဖို့ လိုပါတယ်။ နောက်တခါ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးရေးကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ မုန်တိုင်း မဖြစ်ခင်ကတည်းက မွေးကင်းစကလေးငယ် သေဆုံးမှုနှုန်းက များပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုသေဆုံးမှု အများဆုံး နိုင်ငံထဲမှာ ပါတယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ဒီကလေးငယ်တွေအတွက် ဆေးဝါး ထောက်ပံ့မှုတွေ၊ ရောဂါ ကြိုတင်ကာကွယ်မှု အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေ ပိုပြီးတော့ လုပ်ပေးရမှာပါ။ အရင်တုန်းက ဒီလိုမျိုး ကူညီဖို့ အခွင့်အလမ်းတွေ သိပ်မရှိခဲ့သလို အခုချိန်ဟာ ကျနော်တို့ဘက်က ကူညီနိုင်တဲ့ အကောင်းဆုံး အချိန်ပါ။"
မုန်တိုင်းကာလနောက်ပိုင်း ရောဂါဘယ ပြန့်ပွားနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စိုးရိမ်ရဆဲ ဖြစ်သလို ဒီအတွက် လတ်တလောမှာလည်း UNICEF အဖွဲ့က အကူအညီတွေ ပေးနေတယ်လို့လည်း သူက ပြောပါတယ်။
"မုန်တိုင်းသင့်ဒေသမှာ ရောဂါဘယ ပြန့်ပွားနိုင်တဲ့ အနေအထားတွေကို ကျနော်တို့ အထူး စိုးရိမ်နေတုန်းပါပဲ။ ဒါကြောင့်လည်း လိုအပ်တဲ့
ဆေးဝါးတွေကို ကျနော်တို့ ထောက်ပံ့ပေးနေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ အစားအစာ အလောက်အလောက် မရတဲ့အခါမှာ အာဟာရ ချို့တဲ့ တဲ့ရောဂါ ဖြစ်လာနိုင်တဲ့ အနေအထားတွေ၊ တချို့တော့ ဖြစ်ပြီးသား အခြေအနေတွေ ရှိပါတယ်။ ဒီအခါ ရောဂါ ပြန့်ပွားမှုက ပိုပြီးတော့ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရေက ပြန့်ပွားတဲ့ ရောဂါမျိုးတွေပါ။ ဒါကြောင့် ကျနော်တို့က - ဒီကလေးငယ်တွေ သန့်ရှင်းတဲ့ သောက်သုံးရေ နဲ့ အစားအစာ ရရှိရေးအတွက် ကူညီထောက်ပံ့တာမျိုး ရောဂါ ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးတာတွေ လုပ်ပေးပါတယ်။ စိတ်ချလုံခြုံရတဲ့ နေရာလို့ ကျနော်တို့ခေါ်တဲ့ နေရာမျိုးတွေကိုလည်း မုန်တိုင်းဖြစ်ဖြစ်ပြီးချင်းကတည်းက ကျနော်တို့ တည်ဆောက်ပေးပါတယ်။ ဥပမာ - ကလေးငယ်တွေ အန္တရာယ်ကင်းကင်းနဲ့ ကစားနိုင်တဲ့နေရာတွေ၊ မိဘတွေက ပျက်ဆီးခဲ့တဲ့ သူတို့ရဲ့ အိမ်ယာလယ်မြေတွေကို ပြန်ပြီးတော့ တည်ဆောက်ရတဲ့အခါမျိုးမှာ ကလေးငယ်တွေကို စိတ်ချလက်ချနဲ့ ထားခဲ့နိုင်တဲ့နေရာမျိုးတွေပါ။"
မုန်တိုင်းကြောင့် မိဘနှစ်ဦးစလုံး သေဆုံး၊ ဒါမှမဟုတ် အဖေ မဟုတ်ရင် အမေ ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်ပေါင်း ၆၀၀ ကျော်ရဲ့စရင်းကို UNICEF အဖွဲ့က ပြုစုခဲ့သလို ဒီကလေးငယ်တွေရဲ့ မိဘဆွေမျိုး နောက်ကြောင်း အစဖော်နိုင်အောင် ကြိုးစားရှာဖွေပေးတာတွေနဲ့ လူမှုပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနေတဲ့အကြောင်းလည်း သူက ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ UNICEF အဖွဲ့ရဲ့ လုပ်ငန်းတွေ ၁၉၅၀ ခုနှစ်ကတည်းက စလုပ်ခဲ့တာဖြစ်သလို အခြေအနေတွေ အားလုံးကောင်းမွန်ပြီး
အကူအညီ လုံးဝ မလိုတော့တဲ့အချိန်အထိ လုပ်ငန်းတွေ ဆက်လုပ်သွားတယ်၊ ဒါပေမယ့် သိပ်ကို ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ အဲဒီလို အခြေအနေမျိုး ရောက်ဖို့ကလည်း မလွယ်ဘူးလို့ မစ္စတာ McCormick က ဆိုပါတယ်။
ပြီးခဲ့တဲ့မေလ အစောပိုင်း တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူနေအိမ် ၇၀၀,၀၀၀ ကျော်၊ ကျန်းမာရေး အဆောက်အဦ ၇၅ % နဲ့ စာသင်ကျောင်းပေါင်း ၄,၀၀၀ ကျော် ပျက်ဆီးခဲ့တယ်လို့ UNICEF အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၉ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံက ကူညီရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀ ကျော် UNICEF က မကြာသေးခင်ကပဲ တောင်းခံထားတာ ဖြစ်ပါတယ်။

အိန္ဒိယတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီး လူအသေအပျောက်များပြား
26 July 2008
Steve Herman Report in Burmese -
Ahmedabad မြို့က ပေါက်ကွဲမှု တနေရာ (ဇူလိုင် ၂၆၊ ၂၀၀၈)
အိန္ဒိယနိုင်ငံက ကွန်ပြူတာနည်းပညာ IT မြို့ဖြစ်တဲ့ ဘင်္ဂလောမြို့မှာ ဗုံးကွဲမှု အငယ်စားတွေ ဖြစ်ပြီး နောက်တနေ့မှာပဲ မနေ့ညနေပိုင်းကတော့ အိန္ဒိယနိုင်ငံ အနောက်ဖက်ခြမ်း စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာမြို့တော်ဖြစ်တဲ့ Ahmedabad မြို့မှာ ဗုံးကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဂူဂျရတ် ပြည်နယ် မြို့တော် Ahmedabad မြို့တ၀ိုက် ပေါက်ကွဲမှု ၁၆ ခု ဆက်တိုက် ဖြစ်ပေါ်ခဲ့တာကြောင့် အခုအချိန်အထိ လူပေါင်း အနည်းဆုံး ၂၉ ယောက် သေဆုံးသွားပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာ ရရှိထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
တနေ့က ဘင်္ဂလောမြို့က အသေးစား ပေါက်ကွဲမှုလေးတွေက အပျက်အစီး အထိအခိုက် တွေကြားက သဲလွန်စတွေကို ထောက်လှမ်းရေး စုံစမ်းရေးမှုးတွေက လိုက်လံရှာဖွေနေချိန် - မနေ့ စနေနေ့ ညနေပိုင်းမှာပဲ အလားတူ ပေါက်ကွဲမှုမျိုးတွေ ဂူဂျာရက် ပြည်နယ်မြို့တော် Ahmedabad မှာ ဆက်တိုက် ဖြစ်ပေါ်လာတာလို့ နယူးဒေလီမြို့ကနေ ဗွီအိုအေ သတင်းထောက် Steve Herman က သတင်းပေးပို့ပါတယ်။
ဘင်္ဂလောက ပေါက်ကွဲမှုတွေမှာ လူတဦးပဲ သေဆုံးခဲ့ပေမယ့်လို့ အခု Ahmedabad က ပေါက်ကွဲမှုတွေမှာတော့ လူအတော်များများ သေဆုံးခဲ့ပါတယ်။ ဒီပေါက်ကွဲပစ္စည်းတွေကို ထမင်းဗူးနဲ့ထည့်၊ စက်ဘီးတွေပေါ်တင်ပြီး အဲဒီစက်ဘီးတွေကို လူစည်ကားတဲ့ ဈေးတွေမှာ ထိုးထားရင်နဲ့ အခုလို ပေါက်ကွဲခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရထားသူ အချို့ကို ခေါ်ဆောင်ထားတဲ့ ဆေးရုံတခုမှာလည်း ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။
ပထမဆုံးဗုံး မကွဲခင် အချိန်ပိုင်းမှာပဲ အိန္ဒိယ မူဂျာဟစ်ဒင်လို့ အမည်ပေးထားတဲ့ အုပ်စုကနေ ၁၄ မျက်နှာရှိတဲ့ အီးမေး စာတစောင်နဲ့ တိုက်ခိုက်တော့မယ်ဆိုတဲ့ သတိပေးချက် သူတို့ ရရှိခဲ့တယ်လို့ ရုပ်မြင်သံကြားသတင်းဌာနတွေက ပြောပါတယ်။ ဒီအဖွဲ့ကိုတော့ အိန္ဒိယမှာ လူသိနည်းပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ဟာ အရင်တုန်းက အခြားမြို့တွေက ပေါက်ကွဲမှုတွေကို သူတို့လုပ်တာလို့ ပြောခဲ့ဖူးပါတယ်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး Shivraj Patil ကတော့ အခု ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုအတွက် အကူအညီတွေ ဘယ်လိုမဆို လိုအပ်တယ်လို့ ပြောပါတယ်။
မူဘိုင်းပဲဖြစ်ဖြစ်၊ ဒေလီပဲဖြစ်ဖြစ် ဘင်္ဂလောပဲဖြစ်ဖြစ် အမာဒမတ်ပဲဖြစ်ဖြစ် အစိုးရအနေနဲ့ တခုခုကို အပြစ်တင်ပုံချတာမျိုး လုပ်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို အပြစ်တင်ရုံနဲ့ ပြီးသွားတာမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးက ဟိန္ဒြူဘာသာစကားနဲ့ ပြောသွားတာပါ။
ဒီတိုက်ခိုက်မှုတွေကို ကာကွယ်မှုတွေ လုံလုံလောက်လောက် မလုပ်နိုင်တဲ့အပေါ် ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အပြန်အလှန် စွပ်စွဲထောက်ပြမှုတွေ ရှိနေတဲ့အပေါ် ရည်ညွန်းပြီး သူပြောခဲ့တာပါ။
အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh ကတော့ အိန္ဒိယပြည်သူတွေအနေနဲ့ တိုင်းပြည်အတွင်း လူမျိုးနွယ်စုတွေ ဘာသာကွဲတွေအကြား သဟဇာတ ဖြစ်အောင် နေထိုင်ကြဖို့ တောင်းဆိုပါတယ်။ စိုးရိမ်ရတာကတော့ ဒီတိုက်ခိုက်မှုတွေကို အစွန်းရောက် အစ္စလာမစ် အုပ်စုတွေ လုပ်တာလို့ စွပ်စွဲချက်တွေ ပေါ်လာမယ့်ကိစ္စပါ။ ဒီလို စွတ်စွဲရာကနေ လက်တုံ့ပြန်တဲ့ အနေနဲ့ ဟိန္ဒြူဘာသာဝင် တွေအနေနဲ့ လူနည်းစုမွတ်ဆလင်တွေကို ပြန်လည် တိုက်ခိုက်မှုတွေ ပေါ်လာနိုင်ချေ ရှိတာကို စိုးရိမ်ရပါတယ်။ အထူးသဖြင့်ဆိုရင် ဂူဂျရတ်ပြည်နယ်ဟာ ဘာသာရေးနဲ့ ပတ်သက်လို့ အထိအရှ ရှိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက အဲဒီမှာ မွတ်ဆလင်နဲ့ ဟိန္ဒြူဘာသာဝင်တွေအကြား ရက်သီတင်းပတ် အတော်ကြာ အဓိကရုန်းတွေ ဖြစ်တာကြောင့် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။

ကမ္ဘောဒီးယားရွေးကောက်ပွဲ အခြေအနေ ယခင်ထက် ပိုမို ငြိမ်းချမ်းဘွယ်ရှိ
26 July 2008
ကိုအောင်လွင်ဦး -
ဖနွမ်းပင်မြို့ လူထုစုဝေးပွဲတခုက ၀န်ကြီးချုပ် ဟွန်ဆန်ဦးဆောင်သည့် CPP ပါတီ ထောက်ခံသူများ (ဇူလိုင် ၂၆၊ ၂၀၀၈)
ကမ္ဘောဒီးယားနိုင်ငံမှာ မကြာခင် ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေသူတွေက အရင် ကျင်းပခဲ့ဖူးတဲ့ ရွေးကောက်ပွဲတွေနဲ့စာရင် အခုတကြိမ် အကြိုရွေးကောက်ပွဲတွေဟာ ပိုပြီးငြိမ်းချမ်းတဲ့ အသွင် ဆောင်တယ်လို့ ဆိုနေကြပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့၊ အတိုက်အခံ နိုင်ငံရေး ပါတီတွေကတော့ အစိုးရဟာ ခြိမ်းခြောက်မှုတွေ၊ မသမာမှုတွေနဲ့ အနိုင်ရအောင် ကြိုးပမ်းမှုတွေ လုပ်နေတယ်လို့ စွပ်စွဲနေပါတယ်။ တချိန်တည်းမှာ အစိုးရကတော့ ဒါကို ငြင်းဆိုနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Rory Byrne ဖနွမ်းပင်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ကုလသမဂ္ဂကနေ ၁၉၉၁ ခုနှစ်ကစလို့ ဒီမိုကရေစီ အစပျိုးဖို့ ကြိုးပမ်းခဲ့စဉ်ကစလို့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အခု ရွေးကောက်ပွဲတွေဟာ စတုတ္ထအကြိမ် မြောက်ပါ။ နိုင်ငံရေးပါတီပေါင်း ၁၀ ပါတီက ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထား ပေမယ့်လည်း လက်ရှိအာဏာရ ၀န်ကြီးချုပ် ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က အလွယ်တကူ အနိုင်ရသွားလိမ့်မယ်လို့ အကဲခတ် အများစုက ခန့်မှန်းထားကြတာပါ။ အရင်တုန်းက ကမ္ဘောဒီးယားနိုင်ငံမှာ အစိုးရဖွဲ့ဖို့အတွက် လွှတ်တော်ထဲမှာ ၃ ပုံ ၂ ပုံ နေရာရဖို့ လိုပေမယ့် မကြာသေးခင်တုန်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ အပြောင်းအလဲ တွေ လုပ်ခဲ့တာကြောင့် အခုဆိုရင် တ၀က်ကျော် ရရင်ပဲ အစိုးရဖွဲ့နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း လက်ရှိ ဟွန်ဆန် အစိုးရအနေနဲ့ ပထမဆုံး အကြိမ်အဖြစ်နဲ့ တခြားပါတီငယ်တွေရဲ့ အကူအညီမပါပဲ အစိုးရ ဖွဲ့နိုင်တော့မယ့် အနေအထားဖြစ်ပါတယ်။
အရင်ရွေးကောက်ပွဲတွေတုန်းကနဲ့စာရင် ပိုပြီးငြိမ်းချမ်းတဲ့ အသွင် ဆောင်နေတယ် ဆိုပေမဲ့လည်း နိုင်ငံရေးအရ သတ်ဖြတ်မှုတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တဲ့ မဲဝယ်တာတွေ၊ နှောက်ယှက်ဟန့်တားမှုတွေကလည်း ရှိနေတာပါ။ ကမ္ဘောဒီးယားနိုင်ငံက လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ လီခါဒို (Lichadho) ရဲ့ အကြီးအကဲဖြစ်တဲ့ ခက်ခ် ကလာဘရူး (Kek Galabru) ကတော့ မဲပေးမယ့် သူတွေကို အာဏာရပါတီက တက်ကြွလှုပ်ရှားသူတွေဖက်က ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
"နေရာတိုင်းလိုလိုမှာကို အနှောက်အယှက်တွေ ရှိနေတာကို ကျမတို့ ဆက်တွေ့နေရတုန်းပါ။ သူတို့ ပြောသလိုပါပဲ၊ ရှင်တို့ မှတ်ပုံတင်တွေ လိုတယ်လို့ ပြောတယ် ဘာအတွက်လည်းဆိုတာလည်း မသိရဘူး၊ ဆိုတော့ လူတွေက ကြောက်ကြတာပေါ့။ ဘာကြောင့် ငါ့မှတ်ပုံတင်ကို တောင်းရတာလဲ၊ တခါတလေကြတော့လည်း ပြောကြတယ်၊ သူတို့နဲ့ ပေါင်းရင် အခွင့်အလမ်းကောင်းတွေ ရမယ်ဆိုတာမျိုးတွေ၊ မပေါင်းဘူးဆိုရင်တော့ သတိသာထားပေတော့၊ မြေသိမ်းတဲ့ ကိစ္စမျိုးလို စသဖြင့်ပေါ့လေ။"
အတိုက်အခံ ဆမ် ရိန်ဆီ (Sam Rainsy) ရဲ့ပါတီ ပြောခွင့်ရပုဂ္ဂိုလ် လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဆွန်ချေ (Son Chhay) ကတော့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ရွေးကောက်ပွဲမှာ မသမာမှုတွေနဲ့ အနိုင်ရဖို့ ကြိုးပမ်းနေတယ်လို့ ဆိုလိုက်ပါတယ်။
"မဲဝယ်တာတွေ၊ နှောက်ယှက်တာတွေ၊ မသမာမှုတွေ မရှိပဲနဲ့ လွတ်လွတ်လပ်လပ် မျှမျှတတသာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် CPP ပါတီ အနေနဲ့ မဲအရည်အတွက်ရဲ့ ၃၀ % တောင် ရပါ့မလားဆိုတာ ကျနော်တော့ သံသယ ဖြစ်မိပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီမှာ ပြဿနာ အကြီးအကျယ် ဖြစ်နေရတာပါ။ ကျနော်တို့ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ခင်ဗျားတို့ ဇင်ဘာဘွေနဲ့ ကမ္ဘောဒီးယားကို ယှဉ်ကြည့်လို့ ရပါတယ်။ အဲဒီထက် ဆိုးမယ်မဆိုးဘူး ဆိုတာကို။"
အစိုးရကတော့ ရွေးကောက်ပွဲ အကြိုကာလအတွင်း နိုင်ငံရေးအရ သတ်ဖြတ်မှုတွေ လျှော့ကျလာတာကို ထောက်ပြရင်း
ရွေးကောက်ပွဲဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဆိုတာကို ငြင်းပယ်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အာဏာရ (CPP) ပါတီ မဲဆွယ်လှုပ်ရှားမှု လက်ထောက်တာဝန်ခံ ခေ ဘွန် ခီရန် (Ke Bun Khieng) က ပြောတာကတော့ -
"လွှတ်တော်ရဲ့ စတုတ္ထအကြိမ် သက်တမ်းအတွက် ပါတီကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ လှုံ့ဆော်မှုတွေဟာ ချောချော မောမောနဲ့ အဆုံးသတ်ခဲ့တယ်လို့ သူယူဆပါတယ်။ နိုင်ငံရေးအရ သုတ်သင်သတ်ဖြတ်မှုတွေဟာလည်း အတော့်ကို နည်းသွားပြီးတော့၊ နောက်ဆုံးအကြိမ် ရွေးကောက်ပွဲတွေ လုပ်ခဲ့တုန်းက အခြေအနေနဲ့စာရင် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာမှုတွေဟာလည်း အကြီးအကျယ်ကို တိုးတက်မှုတွေ ရှိခဲ့ပါတယ်။" - ဆိုပြီးတော့ သူက ပြောသွားတာပါ။
ဒီတကြိမ် ရွေးကောက်ပွဲအခြေအနေတွေဟာ တိုးတက်မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက ပြောဆိုနေတာတွေ ရှိနေတဲ့ တပြိုင်နက်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံမှာ အစိုးရက ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေကို လက်ဝါးကြီး အုပ်ထားတဲ့ ကိစ္စမျိုးလို့ အရေးကြီးတဲ့ ပြဿနာတွေကတော့ ရှိနေတုန်း ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ရွေးကောက်ပွဲ အကြိုကာလ အခြေအနေတွေနဲ့ ပတ်သက်လို့ မကြာသေးခင်ကပဲ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တဲ့ National Democratic Institute က ပြောရေးဆိုခွင့်ရှိသူ တွမ် အင်ဒရူး (Tom Andrews) ပြောတာကတော့ -
"ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ တိုးတက်မှုတချို့ ရှိခဲ့ပါတယ်။ ဒါကိုလည်း ခင်ဗျားတို့ အသိအမှတ် ပြုရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက ကျနော် ဒီမှာ ရှိနေပါတယ်၊ ၁၉၉၈ ခုနှစ် ရွေးကောက်ပွဲတွေ တုန်းကလည်း ရှိပါတယ်။ တိုးတက်မှုတွေ သိသိသာရှိနေပါတယ်။ ဒါပေမယ့်လို့ ကမ္ဘောဒီးယားနိုင်ငံက ရွေးကောက်ပွဲတွေမှာ မဲပေးမယ့် သူတွေ အနေနဲ့ ဖက်ပေါင်းစုံက အသံတွေကို ကြားရသလားဆိုရင်တော့၊ မကြားရပါဘူး။ အာဏာရပါတီက သူ့အနေအထားကို ချဲ့ထွင်ဖို့ လက်ရှိအစိုးရကို အသုံးချနေသလားဆိုရင်တော့ ဟုတ်ပါတယ်။"
မဲပေးကြဖို့ တရက်သာ ကျန်တော့တဲ့အချိန်မှာတော့၊ မဲဆွယ်ပွဲလှုပ်ရှားမှုတွေလည်း အဆုံးသတ်ခဲ့ပါပြီ။ တနင်္ဂနွေနေ့ အစောပိုင်းမှာ စတင်တော့မယ့် ရွေးကောက်ပွဲတွေမတိုင်မီ ၂၄ နာရီ အရက်သေစာ သောက်စားမှုတားမြစ်တဲ့ ဥပဒေ တခုကိုလည်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ သိရဖို့ အတွက်ကတော့ ရက်အတော်ကြာတဲ့အထိ စောင့်ဆိုင်းရလိမ့်ဦးမယ်လို့လည်း မျှော်လင့်ရပါတယ်။

သတင်း - သျှမ်းသံတော်ဆင့်သတင်း
Written by S.H.A.N
Friday, 25 July 2008 13:13
သဋမ်းပြည်အရှေ့ပိုင်း၌ နအဖတိုင်းစစ်ဌာနချုပ် တစ်တိုင်း ထပ်မံတိုးချဲ့မည်ဟု သတင်း ထွက်နေကြောင်း ကျိုင်းတုံသတင်းရပ်ကွက်က ဆိုပါသည်။
ဂျူလိုင်လလယ်က တီးတိုးသတင်းများ ထွက်ပေါ်ခဲ့ပြီး ဘယ်တော့ အကောင်အထည် ဖော်မည်ကို မသိရသေးသော်လည်း နေပြည်တော် ဗဟိုစစ်ရုံးချုပ်၏ ၄ လပတ် အစည်းအဝေး ဆုံးဖြတ်ချက် ဖြစ်နိုင်သည်ဟု ဆို၏။
“မိုင်းဆတ်မြို့မှာ ရုံးစိုက်မယ်လို့ သတင်းထွက်နေတယ်။ မိုင်းဆတ်မြောက်ဘက် မိုင်းပြင်းကနေ မိုင်းဆတ်အရှေ့တောင်ဘက် ဟိုမိန်းမြို့နယ်ခွဲ အပါအ၀င် ကယားနယ်စပ်အထိ ထိန်းချုပ်မဲ့ သဘောဘဲ။ တိုင်းစစ်ဌာနချုပ်အသစ် ဖွင့်မယ် ဆိုတာတော့ အလားအလာ ရာခိုင်နှုန်း ပိုများတယ်။ ဘယ်တော့ စလုပ်မလဲ။ နာမည် ဘယ်လိုပေးမလဲတော့ မသိဘူး” ဟု ဗမာပြည်ကွန်မြူနစ် ပါတီဝင်ဟောင်း ကျိုင်းတုံသား စီးပွါးရေးသမား တစ်ဦးက ပြောပြသည်။
နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် ပုဒ်မများအရနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအတိုင်း သံလွင်အရှေ့ဖက်ခြမ်း အပစ်ရပ် ၀တပ်ဖွဲ့ အထူးဒေသ ၂ နှင့် မိုင်းလား အပစ်ရပ်အထူးဒေသ ၄ အဖွဲ့တို့အား လက်နက်ဖြုတ် တပ်ရုပ်ရန် ဖိအားပေးရေးအတွက် အင်အားဖြည့် အသင့်ပြင်ထားခြင်းလည်း ဖြစ်နိုင်ကြောင်း၊ မိုင်းဆတ် မိုင်းတုံမြို့နယ်နှင့် ထိုင်းနယ်စပ် အကြားရှိ ၁၇၁ စစ်ဒေသ UWSA - ၁၀ တပ်ရင်းကျော်၊ တပ်မဟာ ၄၁၄၊ ၂၅၁၈ ထိန်းချုပ်နယ်မြေ တစ်ခုလုံးနှင့် SSA-S သျှမ်းတပ်တို့အား ရင်ဆိုင်ရန်လည်း စစ်ရေးပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း - သျှမ်းခေါင်းဆောင်အချို့ သုံးသပ်ကြ၏။
“အဲဒီမှာ တိုင်းစစ်ဌာနချုပ်သစ် တစ်ခု တကယ်ချဲ့ဖြစ်ရင်တော့ ဟိုမိန်းမြို့နယ်ခွဲလည်း မိုင်းဆတ်ခရိုင်အောက် ဆွဲထည့်ဖို့ အလားအလာများမယ်။ သျှမ်းပြည်ထဲမှာတင် စစ်တိုင်း ၄ တိုင်း ဖြစ်သွားမယ်။ အပစ်ရပ်အဖွဲ့တွေ၊ လက်နက်ကိုင် တိုက်နေဆဲအဖွဲ့တွေ အတွက် ရင်လေး ရတာပေါ့။ ဒေသခံလူထုလည်း ဖိနှိပ်မှု အမျိုးမျိုး ခံရဖို့ များမယ်။ စားဝတ်နေရေး ပိုပြီး ကျပ်တည်းလာမယ်” ဟု တြိဂံတိုင်းအသိုင်းအ၀ိုင်းနှင့် ၀င်ဆန့်သည့် အဆိုပါ ဗကပဟောင်း လုပ်ငန်းရှင်က ဆိုပါသည်။
စစ်တိုင်းအသစ် ထိန်းချုပ်မည့် မိုင်းဆတ်ခရိုင်တွင် မိုင်းဆတ်၊ မိုင်းပြင်း၊ မိုင်းတုံမြို့နယ်နှင့် မိုင်းကုတ်၊ ပုံပါကျင် မြို့နယ်ခွဲများ ပါဝင်၏။ အရှေ့မြောက်နှင့် အရှေ့ဘက်ဂွင်များကို ကျိုင်းတုံတြိဂံစစ်တိုင်းရုံးမှ တသီးတခြား ပိုင်နိုင်စွာ ကွပ်ကဲထိန်းချုပ်နိုင်စေရန် ပိုင်းခြား ခွဲထုတ်လိုသဖြင့် စစ်တိုင်းအသစ် တိုးချဲ့ခြင်းဖြစ်မည်ဟု ဆိုသည်။
မဆလခေတ်က မြန်မာတပြည်လုံး တိုင်းစစ်ဌာနချုပ် ၁၀ တိုင်းသာ ရှိသော်လည်း န၀တခေတ်၌ ကမ်းရိုးတမ်းတိုင်းနှင့် တြိဂံတိုင်း ၂ တိုင်း ထပ်မံ တိုးချဲ့ လိုက်သဖြင့် ၁၂ တိုင်း ဖြစ်လာ၏။ နအဖလက်ထက်၌ ပျဉ်းမနား ကြပ်ပြေး နေပြည်တော်သို့ တပ်ပြောင်းရွှေ့ကြပြီးနောက် နေပြည်တော် ဗဟိုစစ်တိုင်းချုပ်ဟူ၍ ထပ်တိုးပြန်သဖြင့် ၁၃ တိုင်းဖြစ်လာ၏။ မိုင်းဆတ်၌ တစ်တိုင်း ထပ်တိုးပါက စုစုပေါင်း တိုင်းစစ်ဌာနချုပ် ၁၄ တိုင်း ရှိမည် ဖြစ်သည်။

သမိုင်းတွင်တော့မည့်အချစ်ဇတ်လမ်းတပုဒ်

သမိုင်းတွင်တော့မည့်အချစ်ဇတ်လမ်းတပုဒ်


အံ့သြဖွယ်အချစ်ဇတ်လမ်းတပုဒ်ကမ္ဘာကိုရိုက်ခတ်သမိုင်းတွင်ရန်စတင်နေပေသည်။
ယောကျာင်္းတယောက်..သူ့ထက်အသက်ကြီးတဲ့မိန်းမတယောက်အချစ်တခုအတွက်
တားမြစ်နယ်မြေမှရုန်းထွက်..နှစ်ဦးထဲကမ္ဘာလေးကိုရာစုနှစ်တ၀က်ကျော်တည်
ဆောက်ခဲ့သည်..!$$နှစ်ယောက်ထဲနဲ့ဒို့ရဲ့တိုင်းပြည်ကို.....တည်ထောင်ကြမယ်.$$

အသက်၇၀အရွယ်တရူတ်အမျိုးသားကြီးဟာသေဆုံးသွားချိန်ထိ၈၀ကျော်ပြီးတောင်ပေါ်ကလှိုင်ဂူထဲက
သူ့ဇနီးတောင်အောက်အလွယ်တကူဆင်းနိုင်အောင်သူ့ရဲ့လက်တွေ
နဲ့လှေခါးထစ်ပေါင်း၆၀၀၀ကျော်ကိုထုဆစ်ခဲ့တယ်....

လွန်ခဲ့တဲ့နှစ်၅၀ကျော်ကလူကောင်းကျင်းဆိုတဲ့၁၉နှစ်အရွယ်ချာတိတ်လေးဟာ၂၉နှစ်အ
ရွယ်မုဆိုးမကလေးအမေဇူချောင်ကွင်းနဲ့မေတ္တာမျှခဲ့ကြတယ်လေ...

ကမ္ဘာကျော်ရှိတ်စပီးယားရဲ့၇ိုမီယိုနဲ့ဂျူးလိယက်ဇတ်လမ်းထက်ပိုမိုဆိုးရွှားစွာလောကကြီး
ကိုရင်ဆိုင်ခဲ့ရတယ်..အဓိကကတော့ဇူချောင်ကွင်းကကလေးအမေဖြစ်နေခဲ့လို့ပဲ.....

အဲဒီအချိန်ကလူတွေရဲ့လက်မခံနိုင်တဲ့စာရိတ္တပိုင်းဆိုင်ရာအယူအဆကတော့အသက်ငယ်ငယ်
ယောကျာင်္းဟာအသက်ကြီးကြီးကလေးအမေကိုနှီးနွယ်မိခြင်းပါတဲ့...
အသိုင်းအ၀ိုင်းရဲ့အတင်းပြောခြင်း..မလေးမစားဆက်ဆံခြင်းတို့ကိုရှောင်ကွင်းဖို့တောင်ပိုင်းမှာ
ရှိတဲ့ကျောင်းကျင်ပြည်နယ်အပိုင်..ချူံကင်နယ်ထဲကတောင်တန်းတခုအပေါ်ကဂူထဲမှာကမ္ဘာလေး
တခုတည်ဆောက်ဖို့ဆုံးဖြတ်လိုက်ကြတယ်....

တောင်ပေါ်မှာသူတို့ရဲ့ဘ၀အစကငရဲတခုလိုကြမ်းတမ်းခဲ့တယ်...စားစရာဆိုလို့မြက်နဲ့သစ်မြစ်
တွေပဲရှိတယ်..သူတို့ဘ၀အတွက်အလင်တန်းလေးတခု..ရေနံဆီမီးခွက်လေးကို"လူ''ကပြုလုပ်နိုင်
ခဲ့တယ်...""ဇူ""ကသူ့ကိုဖက်လှဲပြီးအထပ်ထပ်အခါခါမေးခဲ့တယ်..''မင်းစိတ်ထဲမှာဘယ်လိုခံစားရလဲ"
လူ..ကတော့အေးအေးပဲဖြေခဲ့တယ်..""ဖန်တီးမှုလေးတွေလုပ်နိုင်နေသရွေ့ဒို့ရဲ့ကမ္ဘာလေးတည်တံ့
နေစေရမယ်""
တောင်ပေါ်ရောက်ပြီးနောက်နှစ်မှာပဲ.. လု..ဟာ..ဇူတောင်အောက်ကိုအဆင်ပြေပြေဆင်းနိုင်အောင်
လှေခါးထစ်၆၀၀၀ကျော်ကိုနှစ်၅၀အတွင်းတယောက်ထဲပြုလုပ်ပေးခဲ့တယ်...
ရာစုနှစ်တ၀က်ကျော်ကြာပြီးနောက်၂၀၀၁မှာတောတွင်းစူးစမ်းလေ့လာသူတစုဟာလက်နဲ့
လုပ်ထားတဲ့တောင်လှေခါးထစ်တွေကတဆင့်..လူ..တို့ဇနီးမောင်နှံကိုရှာဖွေတွေ့ရှိခဲ့ကြတယ်..
လူ..တို့မှာစုစုပေါင်းကလေး၇ယောက်ရှိတယ်၊တယောက်ဖြစ်တဲ့..လူမင်စန်းက..အဖေနဲ့အမေဒီလုံခြုံ
တဲ့နေရာလေးမှာတရက်မှမခွဲစတမ်းနေထိုင်သွားကြတယ်..အဖေဟာတောင်လှေခါးထစ်တွေကိုအမေ့
အတွက်ပြုလုပ်ပေးခဲ့ပေမဲ့အမေကတောင်အောက်ကိုဆင်းလေ့ဆင်းထသိပ်မရှိခဲ့ပါဖူး....

ဇနီးမောင်နှံဟာနှစ်၅၀ကျော်ကိုပြီးခဲ့တဲ့အပါတ်ထိငြိမ်းချမ်းစွာနေထိုင်ခဲ့ကြတယ်...၇၂နှစ်ရှိပြီဖြစ်တဲ့လူ..
ဟာတောင်ယာအလုပ်ကိုပဲနေ့စဉ်ရပ်တည်မှုအတွက်သက်မွေးဝမ်းကျောင်းခဲ့တယ်...

သူလက်ပေါ်မှာပဲသေဆုံးသွားတဲ့ခင်ပွန်းသည်အတွက်ဇူဟာကြေကွဲဝမ်းနည်းစွာဆုတောင်းနေခဲ့တယ်.
အချစ်ကြီးချစ်ခဲ့ကြတဲ့စုံတွဲ..သေဆုံးချိန်မှာ..ဇူ့လက်တွေကိုဆုပ်ကိုင်ထားတဲ့..လူ..ရဲ့လက်တွေကို
ဘယ်သူမှဖြေလို့မရခဲ့ကြဖူး...အမဲရောင်အခေါင်းပေါ်မှာခေါင်းတင်ပြီးပါးပြင်ပေါ်စီးကျနေတဲ့မျက်ရည်
တွေနဲ့အထပ်ထပ်အခါခါရည်ရွတ်နေခဲ့တယ်...
..လူ..မင်းကတိပေးခဲ့တယ်လေ..''ဂရုစိုက်ပါ့မယ်..ဇူသေသည်အထိအနားမှတဖွားမှမခွာပါဖူးဆို..
အခုတော့မင်းငါ့ကိုထားခဲ့မယ်ပေါ့..မင်းမရှိပဲ..ငါဘယ်လိုရပ်တည်ရမှာလည်း..လူ..ရယ်...""

၂၀၀၆ခုနှစ်တရုတ်အမျိုးသမီးအပတ်စဉ်မဂ္ဂဇင်းကဂန္ထ၀င်အမြောက်ဆုံးအချစ်ဇာတ်လမ်းဆယ်
ပုဒ်မှာတပုဒ်အဖြစ်ဂုဏ်ပြုခဲ့တယ်...ပြည်နယ်အစိုးရကလည်းအချစ်လှေခါးတွေနဲ့မောင်နှံနေခဲ့
တဲ့လှိုင်ဂူကိုပြတိုက်ပြုလုပ်လိုက်တယ်...


ဒီအချစ်ဇတ်လမ်းလေးဟာပျောက်ကွယ်မသွားတော့ပဲထာဝရတည်ရှိနေတော့မှာအမှန်ပါ...


(ရဲရင့်ဆီလျော်အောင်ပြန်ဆိုသည်။အီးမေးလ်ပို့ပေးသောဂျူလီယာကိုကျေးဇူးတင်ပါသည်။)

ဆာဗီးယားကလူသတ်ကောင်ကရာဒစ်...သန်းရွှေအချိန်မှီမပြင်ရင်တော့လူယုတ်မာတို့သွားရာလမ်းဟာ..ဒန်..ဒန်..ဒန့်...ဒန်..(ပေါက်ကောင်ဖွင့်မယ်လက်ရှောင်)



ဘော့စနီးယား ဆာ့ဗ် ခေါင်းဆောင်ဟောင်း ရာဒိုဗန် ကရာဒစ်ရှ် (Radovan Karadzic) ဟာ သူ့အပေါ် စွဲဆိုထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွဲဆိုချက်တွေကို The Hague မြို့က စစ်ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂ တရားခုံရုံးမှာ သူကိုယ်တိုင် ထုချေ လျှောက်လဲမယ်လို့ ကရာဒစ်ရှ် ရဲ့ ရှေ့နေ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။ ဘော့စနီးယား ဥပဒေအကြံပေး အဖွဲ့တခုကလည်း ကရာဒစ်ရှ် အတွက် အကူအညီပေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူ့ကို ကုလသမဂ္ဂ တရားခုံရုံးဆီ လွှဲပြောင်းမယ့် ဆုံးဖြတ်ချက်ကိုလည်း ကရာဒစ်ရှ် က အယူခံဝင်မယ်လို့ ပြောပါတယ်။ ကရာဒစ်ရှ် ဟာ ဘဲလ်ဂရိတ်မြို့တနေရာကနေ နောက်တနေရာကို ခရီးသွားနေတုန်း တနင်္လာနေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို ကူညီနေတယ်လို့ သံသယရှိသူတွေကို နောက်ယောင်ခံလိုက်ပြီး ကရာဒစ်ရှ် ကို ခြေရာခံမိခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ ဘော်လကန်စစ်ပွဲအတွင်း ထောင်သောင်းချီတဲ့ ဘော့စ်နီးယား၊ ခရိုဧရှားနဲ့ မူဆလင်တွေကို သတ်ဖြတ်ခဲ့တာ၊ မတော်မတရား ပြုကျင့်ခဲ့တာ၊ နှိပ်စက်ညှင်းပမ်း ခဲ့တာတွေအတွက် ကရာဒစ်ရှ်မှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ စစ်ရာဇ၀တ်မှုဆိုင်ရာ တရားခုံရုံးက သူ့ကို စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။

တော်လှန်ရေးပုံရိပ်များ

8888မှာတကယ်ပြောပြီးတကယ်ပစ်တဲ့နေ၀င်း

၈၈၈၈ပုံရိပ်များ၁

ကမ္ဘာမကြေဘူးဟေ့

အကျဉ်းထောင်

အလေးပြုပါတယ်

သန်းရွှေဖြစ်ပေါ်လာပုံကတော့....

8888မျိုးဆက်ပုံရိပ်များ

ဒို့ခေတ်ကြမှ ညံ့ကြတော့မှာလား ...

ဓါတ်ဆီပုံးလည်းပစ်မရ...-ျီးထုပ်လည်းပစ်မမှီဖြစ်နေသောottawaကသံရုံး(စာရွက်များကပ်ထားသှ့်အခန်း)