Friday, August 15, 2008

ခြောက်တိုက်မှာ လောက်ကိုက်ခံချင် သလားနှင့် အခြားထောင် ၀တ္တုတိုများ (၂)

'' မုန့်ဆီကြော်၊ကိုယ်တိုင်လုပ်တဲ့ မုန့်ဆီကြော် '' ဆိုတဲ့ ရှေးဟောင်းသီချင်းသံကြီးထွက်လာပြီ ဆိုရင်တော့ အဲဒါဦးလေး ဦးရှုတင်လှမ်းပြီးဆက်သွယ်နေတဲ့အသံပါ ။ '' မပဒါရေ .... မပဒါရဲ့ ၊မောင်ကြီးကိုဒါသမှာဖြင့် ခက်ကပြီကွာ '' ဆိုတဲ့ ဇာတ်မင်းသားဟဲသံ
ထွက်လာရင်တော့ ကျော်ထူးက သူ့နဲ့အမှုတွဲ အောင်သန်းမြင့်ကို လှမ်းအဆက်အသွယ်ပြုသံပါပဲ။
'' သြော် - ဘုန်းကြီး ၊ ရေးတော့အမှန်ဖတ်တော့ အသံတဲ့။ ဖုန်းကြီးလို့ခေါ်ပေမယ့် ရေးတော့ဘကုန်းနဲ့၊ဘုန်းကြီးပေါ့ ။ အင်း -ဗုံးကြိးတော့ လူအသေအပျောက်ပိုများတာပေါ့၊ဟုတ်လားဗု့းကြီး ''
ဘာမှပြောစရာမရှိဘူးဆိုရင် မျောက်အိုကြီးက လမ်းဆက်လျှောက်သွားရင်း ဆရာတော် ဦးပဏ္ဍိကို မထေမဲ့မြင် လုပ်သွားတာကြားလေ့ရှိပါတယ်။ နိုင်ငံရေးအမှုတပ်ပြီ ဖမ်းထားခြင်းခံရ
တဲ့ ဆရာတော်ဟာ ခပ်မဆိပ် လုပ်နေလေ့ရှိပေမယ့် ကြားရတဲ့သူ
တိုင်းကတော့ အ၀ီစိချိုးကပ်မဲ့ မျောက်အိုကြိးရဲ့ အသံကို နားကြားပြင်းကပ် ဖြစ်ရတာချည်းဖြစ်ပါတယ်။
'' ဟေ့ ... ကျော်ထူး ၊ ဒီလိုတိုက်ခန်းမျိုးဟာ မြို့ထဲမှာ စပေါ်တသောင်းလောက် မပေးဘဲမရနိုင်ဘူး။တ့ခါးမှ သံတံခါးနဲ့ သော့ခလောက်မှ နှစ်ထပ်တပ်ပေးထားသေးတယ်၊အစောင့် အရှောက်ကလဲ
နေ့ရောညပါ (၂၄)နာရီအပြည့်၊ မင်းတို့အိပ်နေတာတောင် တို့ ၀ါဒါတွေမှာ
အလဲအလှယ်နဲ့စောင်ကြပ်ပေးလို့ ။ဟော-ထမင်းစားတော့လည်း အချိန်မှန် ဒံပေါက် ထမင်းနဲ့ကွာ .... ဟဲဟဲ '' မျောက်အိုကြီးရဲ့ ရီသံလှောင်သံဟာ တဦးမဟုတ်တဦး ခံရကြုံရတာချည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ထောင်ထဲ တိုက်ထဲ ၀င်ချိန်မှာ ကျွေးတဲ့ ထမင်းဟာ ဆန်ဖြူ မဟုတ်သေးပါ။လုံးတီးထမင်း၊စပါးလုံးနိုင်းချင်း၊ခဲကပါသေး၊လုံးတီးဆ န်မှ အောက်စော်ကလဲ နံလိုက်သေး။ ၀က်တောင်မစားတဲ့ စပါးကို များ ကြံဖန်ရှာဖွေ ကျိတ်ခွဲပြီး ချက်ပေးနေသလားမပြောတတ် ။ ဒန်ပုဂံပြား ပိန်ရှုံရှုံပေါ်က လုံးတီးထမင်းဟာ နီတီတီဝါတာတာ အရောင်မျိုးစုံပါနေပြီ အမှတ်တမဲ့ အဝေးကနေလှမ်းကြည့်လိုက်ရင်'' ဒံပေါက်ထမင်း ''အရောင်ထနေပါတယ်။ဒါကို မျောက်အိုကြီးက '' ဒံပေါက်ထမင်း '' လို့ အမွှမ်းတင်ပြောဆိုလိုက်တာဖြစ်ပါတယ် ။

ခြောက်တိုက်မှာ လောက်ကိုက်ခံချင် သလားနှင့် အခြားထောင် ၀တ္တုတိုများ (၁)

၆ တိုက်မှာ လောက်ကိုက်တာ ခံဖူးသလား (၀င်းတင့်ထွန်

( ၁ )
'' ၆ တိုကမှာလောက်ကိုက်တာ ခံဖူးသလားဟေ့ ''
မျောက်အိုကြိးတင်လတ်ပြောပြောနေတုန်းကတော့ ဒီလောက်သဘောမပေါက်မိ ။ ကမ္ဘာပေါ်မှာ အင်မတန် အချိုးအဆစ် မကျလှတဲ့ မျောက်အိုကြီးတစ်ကောင်လို လက်ပြင်ကကုန်းကုန်း ၊ နဖူးကတွန့်တွန့် ၊ မျက်နှာကြီးက ရှုံတွတွနဲ့ သူဟုတ်မာတို့ ရဲ့ အင်္ဂါလက္ခဏာအားလုံးက မျောက်အိုကြီး လို့ လျှိုဝှက်နာမည် ပေးထားပါတယ် ။ သူလာပြီဆိုရင် တကယ်ကို မျောက်အိုကြီးတစ်ကောင် ၀င်လာသလို ကုန်းကွကုန်းကွ နဲ့ဝ်လာတတ်သလို တခန်းခန်းက တစ်ဦးဦင်္းကိုတော့ မထိခလုတ်ထိ
ခလုတ်ထိခလုတ် ဖြစ်ဖြစ် ၊ဆူပူကြိမ်းမောင်းတာဖြစ်ဖြစ် ၊ အပြစ်ရှာတာ
သရော်တာဖြစ်ဖြစ် လုပ်လေ့ရှိပါတယ် ။
'' အော် .. ဘုရားတကာ .... ဒါအလှူခံဇရပ် မဟုတ်ဖူး ။ ထောင် ... ထောင် ၊ ထောင်မှတိုက်-တိုက်လို့ခေါ်တယ် ၊အပြင်မှာတုန်းက တိုက်လိုက်မယ် ခိုက်လိုက်မယ်နဲ့ ရဲရဲတောက်လာခဲ့ပြီး အခုမှ ကောင်းမှုတစ်ခုနေ့စဉ်ပြုဂိုက်နဲ့ စာလေးတွေ ကိုစပါးလုံးကောက်ကျွေးနေ
သလား၊တိုက်ရှေ့မှာ စာလေးတွေလာနားအောင် လုပ်လို့ မရဘူး။ မဟာဂရု
ဏာတော်ကြီးတွေလည်း စာလေးတွေ ပေါ်မှာ ပြမနေနဲ့။ ကျေးစေတမန်တွေ
စာစေတမန်တွေ လွှတ်ဖို့လည်းစိတ်မကူးနဲ့ မရဘူး။နောက်စပါးလုံးကို မစားနိုင်လို့ ကောက်ပစ်တယ် ဆိုရင်လည်း ကိုယ်ဟာကိုကောက်-ပြီးတော့ ဂန်ဖလားထဲထည့် ၊တိုက်ရှေ့ပစ်ပြီးစာမွှေးလို့ မရဘူး ၊ မှတ်ထား ''တဲ့ ။

၅ တိုက်မှာနေရတုန်းက ထမင်းမစားခင် စပါးလုံးလေးတွေ ကောက်ပြီး အခန်းရှေ့မလှမ်းမကမ်းမှာ လာလာနားတတ်တဲ့ စကလေးနှစ်ကောင်ရှေ့ ပစ်ကြွေးမိလို့ ခြေသံမကြားအောင်လာချောင်းတတ်တဲ့ မျောက်အိုကြီးနဲ့ တွေ့သွားပြီး အခုလိုသြ၀ါဒပေးခြင်းခံလိုက်ရပါတယ် ။ ( ၅ ) တိုက်ဟာ အခန်း (၂၂)ခန်းရှိပါတယ် ။အလျားလိုက် အခန်း (၂၂)ခန်းကို တခန်းနဲ့တခန်းကြား အုတ်နံရံ ထပ်ပြီးခြားထားပါသေးတယ်။ အနံ (ပေ
အလျား (၁၀)ပေလောက်ရှိရမယ်လို့ ထင်တဲ့ အခန်းလေးဟာ တဆက်တည်း
ဖွဲ့စည်းထားတာဖြစ်တဲ့ အတွက် တခန်းက စကားကျယ်ကျယ်ပြောရင် ကပ်ရက်သားအခန်းကတော့ လပ်တိုးတိုးကြားနိုင်ပါတယ် ။ ဒါ့ကြောင်က၀ါဒါတွေ အလစ်ျွာ တခန်းနဲ့ တခန်းခိုးခိုးပြီး စကားစမြည်ပြောလေ့ ရှိပါတယ် ။ ၀ါဒါတွေ ကလည်းမကြာမဏ ခိုးခိုးပြိးနားထောင်လေ့ ရှိပါတယ် ။တိုက်ထဲမှာ တစ်ခန်းနဲကတစ်
ခန်းလှမ်းညပီးစကားပြောတာဟာလည်းထောင်ဥပဒေအရ အင်မတန်
ကြီးမားတဲက ထောင်စည်းကမ်းချိုးဖောက်မှုကြီးပါပဲ ။ခိုးနားထောင်ပြိးမိအောင်ဖမ်း
စကားပြောတဲ့သူကို နည်းအမျိုးမျိုးနဲ့ ဟိန်းဟောက်တတ်တာကတော့ ၀ါဒါ
တေါ အားလုံးလိုလိုပါပဲ။ ဒီမှာ လက်မောင်းမှာ အရစ်နှစ်ရစ်တပ်ထား
တဲ့ ၀ါဒါအကြပ် မျောက်အိုကြိးဟာ အဆိုးဆု့းဖြစ်ပါတော့တယ် ။ ဒါကြောင့် ၀ါဒါ အလစ် တခန်းနဲ့ တခန်း လှမ်းအဆက်အသွယ်ပြု စကားပြောကြရပါတယ်။ ကျွန်တော့ ကို တော့ ကျွန်တော်တိုက ရဲဘော်တွေ
က ကဗျာဆရာ တဲ့ ။ (ခုချိန်အထိ ထောင်ထကြမလွတ်ရရှာသေးတဲ့ )
ကိုစိုးမြင့် ကိုတော့ ဘာဂျာကြိး တဲ့ ။ ကိုကျော်ဝင်း ကိုတော့ ပုလွေ တဲ့ ။အောင်သန်းညမင်က ကိုတော့ မပဒါ မပဒါအဖေ ဦးလေးရှုတင်ကြိးကိုတော့ မုန့်ဆီကြော် တဲ့။ကျော်ထူးကိုတော့ ကိုဒါသ ၊ နာမည်ဝှက်တွေ အသီးသီး ရှိကြပါတယ် ။
ဆက်ရန် ..........................

Type

ခြောက်တိုက်မှာ လောက်ကိုက်ခံချင် သလားနှင့် အခြားထောင် ၀တ္တုတိုများ (အမှာစာ )


ခြောက်တိုက်မှာ လောက်ကိုက်ခံချင် သလားနှင့် အခြားထောင် ၀တ္တုတိုများ သည် ပြည်တွင်းတွင် ထုတ်ဝေ ခဲ့သော စာအုပ်မဟုတ် ။
မဆလခတ် ထောင်များ အကြောင်း ကို ရေးသားထားသော ဆရာ ၀င်းတင့်ထွန်း ဧ။် လက်ရာကို
မြန်မာကျူးပစ်ဖို ရမ် တွင် မန်ဘာ ကို big box က ရိုက်တင် နေဆဲ ဖြစ်ပါသည် ။
ထို့ အတွက် တချိန်တည်း ဖြင့် စ-ဆုံး တင်ခြင်းငှာ မဖြစ်နိုင်ပါ။
အစအဆုံးပြီးရန်မည်မျှ ကြာမည် မသိသော်လည်း အခန်းဆက် ၀တ္တုအနေဖြင့်
ကိုရဲရင့် ဘလော့တွင် ကူးယူဖော်ပြပေးပါမည် ။ စိတ်ရှည်လက်ရှည် သီးခံပေးကြပါရန် နှင့်
သီးမခံနိုင်ပါက မလေးမေ အား မဆဲကြပါရန် မေတ္တာရပ် ပါသည် တမုံ့  .. :D
ခင်တဲ့
မလေးမေ
=======================================================================
ခြောက်တိုက်မှာ လောက်ကိုက်ခံချင် သလားနှင့် အခြားထောင် ၀တ္တုတိုများ ( ၁ )

နံရံလေးဘက် အုတ်ရိုးအုတ်တံတိုင်ခြားလိုက်ရုံနဲ့ ကမ္ဘာတစ်ခု လောကတစ်ခု ဖြစ်သွားရတဲ့ နေရာဟာ ထောင်ပါပဲ။ ပုံမှန်လောက ပုံမှန်လူ့အဖွဲ့အစည်းနဲ့ ဘယ်လိုမှ မတူမျှနိုင်တော့လောက်အောင် အံသြစရာပြောင်းလဲသွားရပါတယ် ။ ကမÇတစ်ခု လောကတစ်ခု ဖြစ်သွား၇ပါတယ် ။ဘယ်လိုကမÇာ ဘယ်လိုလောက ဖြစ်သွားရပါသလဲ ။တစ်ခွန်းထဲနဲ့ ချုပ်ပြီးပြောရရင် ....
ငရဲ ကကမ္ဘာငရဲလောက ၊ လောကငရဲပါပဲ ။
ပြင်ပက ကမ္ဘာပြင်ပလောက နဲ့ မတူခြားနားတဲ့ ကမÇာ့အညစ် လောကအညစ်တခု ဖြစ်သွားရတဲ့ အလျှောက် ၊ မတူခြားနားတဲ့ ဝေါဟာရတွေ အသုံးအနှုန်းတွေလည်း တသီးတသန့် တကန့်တစုံ ၊ တဖုံတဘာသာ ကွာပြားခြားနားလှစွာ ရှိလာပါတယ် ။ကြည့်ပါ ......
ပုံစံ၊လက်ကောက်၊အမှုတွဲ ၊ အိုးစား၊ဘူးဝ ၊ မိန်းဂျေးလ်၊ဘုတ်ကိုင်၊ဘုတ်တိုက်၊ဘာယာ၊တန်းစီး ၊ဂန်ဖလား၊တလာစီ၊ဖိုကြိး၊အလုပ်ကြီး ၊ ပါဆယ်၊ ထောင်ဝင်စာ ၊လိုင်းဝင်၊လိုင်းသွင်း၊အကြံအဖန်
စတဲ့ စတဲ့ ဝေါဟာရတွေဟာ ထောင်ဝေါယာရတွေပါပဲ ။
ဒီလောက် ငရဲလောက ၊ လောကငရဲ ဖြစ်ရတဲ့အတွက် အင်မတန်ပူ
လောင်ပါတယ်။အလွန်တရာယုတ်မာရိုင်းစိုင်းပါတယ်။တော်တော်ကို ခါးသီးနာကြီးစရာ ကောင်းပါတယ်။ စက်ဆုတ်စရာ အနိဌာရုံတွေနဲ့ ပြည့်နက်လွှမ်းခြုံ ပုတ်ဟောင်နေတဲ့ အရပ်ဖြစ်ပါတယ် ။ ဒါကြောင့် ဒီအရပ်ကို မစည်ကားအပ်ရာအရပ်အဖြစ် ထုံးတမ်းစဥင်္လာ ပြောကြဆိုကြ သတ်မှတ်ခဲ့ကြပါတယ် ။ လူသေမြှုပ်နှံရာ သချိုင်းသုÃ္ဋန် လုပ်တိုင်းကုန်းနဲ့ထပ်တူထပ်မျှမစည်ကားရာ အရပ် အဖြစ် တတန်းတည်း သဘောထားခဲ့ကြပါတယ် ။
ဒါဖြင့် ဒီလိုမစည်ကားအပ်ရာအရပ်မှာ ဘာကြောင့်လူတွေ ပြည့်နှက်
ကြပ်ညပ်နေအောင် စည်ကားနေရပါသလဲ ။ ပဒေသရာဇ်ခောတ် ၊ နယ်ချဲခောတ်
လွတ်လပ်ရေးခောတ် ကနေ၊ ကနေ့အထိ ခာတ်တိုင်းခောတ်တိုင်း တခောတ်ထက် တခောတ်တိုးတိုးပြီးသာ မစည်ကားအပ်ရာအရပ်မှာ စည်ကားနေကြရတာ ဘာကြောင့်လဲ ။
မတူခြားနားတဲ့ ခောတ်ကာလတွေအလျောက် ၊ နှောင်အိမ် ၊ ကြေးတိုက် ၊ အချုပ် ၊ ဂျေးလ် ၊ စံပြထောင် ၊ ပုံစံထောင် ၊ အကျဥင်္းထောင် ၊ ထောင် .... စသဖြင့်စသဖြင့် အမည်တွေ ဘယ်လောက် ကွဲပြားကွဲပြား ၊အနှစ်သာရ အရကတော့ ၊ သက်ဆိုင်ရာအုပ်စိုးသူတွေ
ရဲ့ အာဏာတည်မြဲရေး ၊ ဆက်လက်အုပ်စိုးမင်းမူနေနိုင်ရေးတွေ
အတွက် မရှိမဖြစ် ဖွဲ့စည်းထူထောင်တပ်ဆင်ထားရတဲ့ ညှဉ်းပန်းနှိပ်စက်ရေးကရီယာတွေထဲမှာ အရေးကြီးကရီယာ တန်ဆာပလာတခုဟာ ထောင်ဖြစ်နေလို့ပါပဲ ။
ထောင်ဆိုတာ အုပ်စိုးသူတို့ရဲ့ ဖိနှိပ်အုပ်ချုပ် ညှဉ်းပမ်း
နှိပ်စက်ရေး ကရီယာတခု ဖြစ်တဲ့အတွက် ၊ ရာဇ၀တ်မှုပြစ်မှု
ကျူးလွန်သူ ဒုစရိုက်သမားတွေမှ ရောက်ရှိ ကြုံတွေ့ ထည့်သွင်းခံရတာမဟုတ် ၊ မတရားတဲ့အုပ်စိုးမှုကို တုံပြန်ဆန့်ကျင် အန်တုတိုက် ပွဲဝင်ကြသူ၊အမှန်တရားဘက်မှ ရပ်တည်ခဲ့ကြသူ လူကောင်းသူကောင်း သူရဲကောင်းတွေလဲ ရောက်ရှိကြုံတွေ ရင်ဆိုင်စံမြန်း ထည့်သွင်းခံရရာ နေရာတခုဖြစ်ခဲ့ရ
ပါတယ်။
ထောင်ဆိုတာ အုပ်စိုးသူ တို့ရဲ့ဖိနှိပ်အုပ်ချုပ် ညှဥင်္းပန်း
နှိပ်စက်ရေး ကရီယာတစ်ခု ဖြစ်တဲ့အတွက် ၊ ရာဇ၀တ်မှုပြစ်မှု ကျူးလွန်သူ၊ဒုစရိုက်သမားတွေမှ ရောက်ရှိကြုံတွေ့ ထည့်သွင်း ခံရတာမဟုတ်၊မတရားတဲ့အုပ်စိုးမှုကို တုံပြန်ဆန့်ကျင် အန်တုတိုက်ပွဲဝင်ကြသူ၊အမှန်တရားဘက်မှ ရပ်တည်ခဲ့ကြသူ၊လူကောင်းတွေလဲ ရောက်ရှိကြုံတွေ့ ရင်ဆိုင်စံမြန်းထည့်သွင်းခံရရာ
နေရာတစ်ခုဖြစ်ခဲ့ရပါတယ်။
ထောင်ဆိုတာ လူ့ဂုဏ်ပုဒ်မှန်အမျှနဲ့လူ့အခွင့်ရေးအားလုံးကို ချိုးနှိပ်ဖျက်သိမ်း ပစ်လိုက်တဲ့နေရာဖြစ်ရုံမက မတရားသဖြင့် နှိပ်စက်စော်ကားရာ၊ဟုတ်ဟုတ်ကန်းကန်းပြုမူရာ ၊အကျည်းတန်ဆုံး လူမဆန်ဆုံး အရပ်လဲပဲဖြစ်သလို ပုန်ကန်သူတော်လှန်သူ အမှန် တရားဆုပ်ကိုင်သူများ ကာလမရွေး ကြုံတွေ့ရောက်ရှိ သွားနိုင်ဖွယ်ရှိတဲ့ အနီးစပ်ဆုံးနေရာ ဒါမှမဟုတ် သံခဲတင်အစမ်းသပ်ခံနေရာ ပေတင်ခုံတခု၊စမ်းသပ်ကွင်းတစ်ခု တခုလဲပဲ ဖြစ်တယ် လို့ဆိုချင်ပါတယ်။ဒါကြောင့်ထောင်ထဲမှာ
တခါက ကျနော်ကိုယ်တိုင် နိုင်ငံရေး အကျဥင်္းသားတစ်ဦးဖြစ်ရစဉ်က .
ထောင် ..... တဲ့
နှောင်အိပ်မျှသာ မဟုတ်
လူ့ဂုဏ်ပုဒ် မှန်သမျှကို ချေနင်း
ခါးသီးချင်းပေါင်းစုံတို့ရဲ့ ဗဟိုချက်
ရက်စက်မှုပေါင်းစုံတို့ရဲ့ ရပ်ဝန်း
သွေးရိပ်စွန်းနေတဲ့ အမျောင်မြေ .... လို့ ကဗျာဖွဲ့ဆိုခဲ့ဖူးပါတယ်
ပြီးမှ ........
ဒါပေမယ့် ..... ဒီနေရာမှာပဲ
အာဇာနည်များစွာကို ဖွားသစ်
သံမဏိ စစ်မစစ်ပေတင်ခံ
မီးလျှံတွေတွင်းမှာ ဖြတ်ကျော်ရင်း
အလင်းချစ်သူတွေလဲ မွေးလာတယ် .... လို့ဖော်ကျူးခဲ့ဖူးပါတယ်။
ထောင်ထဲတုန်းက ထောင်ခံစားမှု ကဗျာတွေ တော်တော်များများ စပ်ဆိုရေးသီဖြစ်ခဲ့သလို ၊ထောင်ကပြန်လာတော့လဲ ထောင်လုံးချင်း ၀တÂ္ထုရှည်ကြီးနှစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။နှစ်ပုဒ်လုံးကို ဆရာမောင်စွမ်းရည်၊တင်သိန်းမောင် (ထောင်ထဲမှာပဲ ကျဆုံးသွားရရှာ
တဲ့ အဲန်အယ်လ်ဒီ ကိုသိန်းတင် ) ၊ ကိုဌေးအောင် ( ဇင်လင် ၊ နာမည်ကြီးစာရေးဆရာမတစ်ဦးနဲ့ ရဲဘော်ရေးဘော်တချို့ကို ပေးပြီး
ဖတ်ခဲ့ဖူးတာတွေလဲရှိပါတယ်။ရှစ်လေးလုံးအေ၇းတောပုံကြိး မတိုင်မီကာလကပါ။အကြောင်းကြောင့် ဘယ်မှာမှ ဖော်ပြနိုင်ခွင့် စာအုပ်အဖြစ်ထွက်ပေါ်လာနိုင်ခွင့် စက်တင်ပုံနှိပ်ခွင့်မရခဲ့ပါဘူး။ ဟိုမှာဒီမှာ သိုထား ၀ှက်ထားခဲ့ရပါတယ်။
ပြည်ပကို ထွက်လာခဲ့ရပြီးနောက်ပိုင်း အကြောင်းအားလျော်စွာထောင်တွင်းခံစားမှုလေးများကို (အရင်ကရေးဖြစ်ပြီးသားရော မရေးဖြစ်သေးတာပါ ) ပြန်လည်ဈာန်ဝင် တူဖော်ရေးဖွဲ့ဖြစ်ခဲ့ပြီး မိုးကြိုး၊ဒေါင်းအိုးဝေ ၊ ဥဒါန်းတို့မှာ သင်ကလျော်သလို ပေးပို့ အသုံးပြုခွင့် ရခဲ့ပေမယ့်၊ ထုံပိုင်းထုံပိုင်းနဲ့ ပြည့်ပြည့်၀၀ ကျေကျေနပ်နပ် ခံစားမှုမျိုးမဖြစ်
ခဲ့ပါ။
အခုတင်ဆက်လိုက်တဲ့ ထောင်ဝတÂ္ထုတိုလေးများဟာ မဆလ အစိုးရခောတ်မှာ အင်းစိန်ထောင် ၊ သာယာဝတီထောင်တို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဘ၀ပုံရိပ် တစွန်းတစကောက်ကြောင်း ခဲခြစ်လေးများဖြစ်သလို ကျွန်တော့်ကိုတွေ့ ခံစားချက်များ တစိတ်တပိုင်း မပီမသ ရုပ်ပုံလွှာ အစစ်အမှန်လေးများဖြစ်ပါတယ် ။
မဆလခေတ်နောက်ဆုံးနေ၀င်ခါနီး မဆလအကျဉ်းထောင်ဖိနှိပ်ရေး ယနÃဋ္ဋယားကြီးရဲ့ တကယ့်သရုပ်သကန်ကို ပြန်လည်ငဲ့စောင်း ခြေရာကောက်ကြည့်နိုင်ကြရင်း စစ်အာဏာရှင်စနစ် ခေတ်တလျှောက် ဖောက်ပြန်ဆိုးဝါးလှတဲ့ အကျဉ်းထောင် ယနÃဋ္ဋရားကြိးတစ်ခုလုံးရဲ့ ကွင်းဆက်အစိတ်အပိုင်း တဆစ်တကန့် တကွေ့တချို့ကို မီးမောင်းထိုးပြနိုင်တာ အဖြစ် သို့မဟုတ် လိုအပ်ချက်တစ်ခုကို ဖြည့်ဆီးပေးလိုက်နိုင်တာ အဖြစ် ၊တစ်စုံတရာ ရရှိခံစားနိုင်ကြတယ်ဆိုရင်ဖြင့် ၊ ကျနော် ကြည်ကြည်နူးနူး ၀မ်းသာဂုဏ်ယူလိုက်ပါမယ် ။

ဝင်းတင့်ထွန်း

ဆက်ရန် -

--------------------------------------------------------------------------------------------------------------------------------

အဟမ်း.. အဟမ်း ... ကိုရဲရင့်ကြီးတယောက် သူ့ ပူတူးလေးနဲ့ ပြန်လည်ဆုံစည်း ဖို့ ရာ
အချိန်နီးကပ်လာပါသဖြင့် အပြင်သို့ အချိန်ရသမျှထွက်ကဲခြင်း အခွင့်သာတုန်း လူပျိုလုပ်ခြင်းများ
နှင့် Busy Bee ဖြစ်နေကြောင်းကို အစွန်းနှစ်ဖက် ပရိတ်သတ်ကြီးကို စောင်းခြည်မြောင်းခြည်
တိုးတိုးတိတ်တိတ် ဒဲ့ဒိုး သတင်းပေးအပ်ပါတယ် ( သွားမမေးနဲ့ နော် .. ဟိ) ။
ဒါ့အပြင် အကြာခင်အချိန်အတွင်းမှာ အချစ်ရေးနဲ့ 
စစ်ရေး အစွန်းနှစ်ဘက်ရပ် နေရာကနေ အချစ်ရေးဘက်သို့ ပြောင်ပြောင်းတင်းတင်း ခတ္တမျှရပ်ပါ တော့မည်
ဖြစ်သဖြင့် ( ထိုသို့ မျှ မရပ်ပါက ဒေါ်ပူတူးက လက်သည်းဖြတ်ဓား နှင့်မဟုတ်ပဲ ငှက်ကြီးတောင်ဓားဖြင့်
ပိုင်းရန် အလားအလာ ရှိကြောင်းလည်း အတွင်းသတင်းများက ဆိုပါသည် ။ )
ထိုသို့ သော အခါသမယ တွင် မိမိ Blog လေးကိုပင် တပတ်ပိုစ့်တခု မတင်သော မလေးမေ ခမျာ
ထိုထို ကိုရဲရင့်ဧ။် ဗြဟ္မာဦးခေါင်းနှင့်
အလားသဏာန်တူသော Blog ကြီးအား အရင့် အရင်ထက်ပို၍ အချိန်ပေးရန်ကြိုးစားရပါတော့မည် ။
သနားစရာတည်း ................... :(


Type

စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း တနှစ်ပြည့်ပြီ








စာရေးဆရာတာရာမင်းဝေ နှစ်ပတ်လည်ဆွမ်းကြွေး နေအိမ်တွင်သာကျင်းပ

မြန်မာ့စာပေလောက၏ မောဒန်စာပေကို စတင်ခဲ့သူဟု တင်စားခေါ်ဆိုလောက်သည့် စာရေးဆရာတာရာမင်းဝေ ကွယ်လွန်ခဲ့သည်မှာ ယခုနှစ် သြဂုတ်လဆိုလျှင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သို့သော် ဆရာတာရာမင်းဝေကွယ်လွန်ခြင်း နှစ်ပတ်လည်အခမ်းအနားနှင့် အောင့်မေ့ဖွယ်တို့ကို မြန်မာ့စာနယ်ဇင်းလောကတွင် ထုတ်ဝေသမျှ မည့်သည့် ဂျာနယ်မဂဇင်းတွင်မှ ဖော်ပြပါရှိခြင်းမရှိခဲ့ပဲ နှစ်ပတ်လည်မှာ ပြီးခဲ့ရပေသည်။

သို့သော် ဆရာတာရာမင်းဝေ၏ မိဘများနေအိမ်တည်ရှိသည့် ဒဂုံမြောက်ပိုင်းမြို့နယ်၊ (၄၈) ရပ်ကွက်၊ ပီမိုးနင်း (၁) လမ်းမှာတော့ တစ်နှစ်ပြည့်နှစ်ပတ်လည် ဆွမ်းကြွေးကို သူကွယ်လွန်ခဲ့သည့် သြဂုတ်လ (၅) ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ဆွမ်းကြွေးအလှူသို့ မည်သည့်ပြည်တွင်းသတင်းမီဒီယာကမှ သတင်းလာရောက်ယူခြင်းမရှိပဲ စာပေသမားအချို့သာ တက်ရောက်ခဲ့ကြပေမယ့် ဆရာတာရာမင်းဝေနှင့်အတူ ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားသမဂမှ ပုဂိုလ်အတော်များများ တက်ရောက်ခဲ့ကြတယ်လို့ ထိုပွဲကို သွားရောက်ခဲ့တဲ့ စာပေလောကသားတစ်ဦးက MHT သို့ ပြောသည်။

နှစ်ပတ်လည်ဆွမ်းကြွေးကျင်းပသည့် သြဂုတ်လ (၅) ရက်နေ့တွင်မူ နေအိမ်တည်ရှိရာ ပီမိုးနင်း (၁) လမ်းထိပ်တွင် လုံခြုံရေးအကြောင်းပြကာ ရယက၊ ကြံဖွံ့၊ စွမ်းအားရှင်စသည့် အာဏာပိုင်အဖွဲ့အစည်းများမှ ပုဂိုလ်များ စုရုံးရောက်ရှိနေကြပြီး လာရောက်သူများကို မှတ်တမ်းအဖြစ် ဓာတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာများဖြင့် စဉ်ဆက်မပျက်ရိုက်ကူးခဲ့ကြောင်း သိရသည်။

===============================================================================

စာရေးဆရာ ၊ ကဗျာဆရာ ၊ တာရာမင်းဝေ၏ တစ်နှစ်ပြည့်ပွဲကျင်းပ

စာရေးဆရာ ၊ ကဗျာဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို မြောက်ဒဂုံ ၊ ပီမိုးနင်းလမ်းရှိ ၄င်း၏နေအိမ်၌ ယခုလ ၅ ရက်က ကျင်းပသွားခဲ့ကြောင်း သိရသည် ။
ဆရာတာရာမင်းဝေ၏ ပွဲသို့ 88 မျိုးဆက်ကျောင်းသားများ ၊ NLD ပါတီဝင်များနှင့် အခြားသော နိုင်ငံရေးပုဂ္ဂိုလ်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ဆရာ့၏ နာမည်ကျော်ကဗျာဖြစ်သော “ကျောင်းဖွင့်ချိန်” ကဗျာနှင့် ဈာပနအခမ်းအနားတွင် ရွတ်ဆို သွားခဲ့သည့် “ ကြယ်ကြွေ သတို့သား”ကဗျာ (၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် ရွတ်သည်) တို့အားဝေငှခဲ့သည် ။
ဆရာတာရာမင်းဝေသည် ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၀ တွင်ထိန်းသိမ်းခံရကာ ၁၉၉၄ တွင်ပြန်လည်လွတ်မြောက်ခဲ့ သည် ။
သူ၏ အကျော်ကြားဆုံးဝတ္ထုဖြစ်သော “ပန်းခေတ်ကလမင်း”သည် ထောင်နန်းထဲတွင် ရေးသားခဲ့ခြင်း ဖြစ် သည် ။
သူ၏ တစ်နှစ်ပြည့်ပွဲလေးသို့ ဇနီးဖြစ်သူ စာရေးဆရာမ “မနော်ဟရီ”နှင့်သားဖြစ်သူ မောင်ခေတ်နေတို့ တက် ရောက်လိမ့်မည် မဟုတ်ကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။
ဆရာတာရာမင်းဝေ၏ တစ်နှစ်ပြည့်သို့ သူရဲဘောကြောင်သော ဂျာနယ်လစ်များ(တချို့နှင့်တော်တော်များများ) မတက်ရောက်ခဲ့သကဲ့သို့ သူနေ ထိုင်ရာ ပီမိုးနင်းလမ်းထိပ်တွင် အက်စ်ပီ ၊ စ.ရ.ဖ နှင့် ထောက်လှမ်းရေးများစွာ စောင့်ကြည့် အကဲခတ်လျှက်ရှိသည်ကိုတွေ့ရသည်။


ဓာတ်ပုံများကို http://myanmar-chitchat.blogspot.com/2007_07_08_archive.html နှင့်

http://www.mysuboo.com/index.php?option=com_content&task=view&id=87&Itemid=17
မှ ကူးယူဖော်ပြသည်။