Thursday, August 28, 2008

ဘားမားအိပ်စပတ် ညွန်ကြားရေးမှုးရာထူးအင်တာဗျူး

ဒီမိုကရေစီလှုပ်ရှားမှုအတွင်းအချို့ခေါင်းဆောင်တွေဟာ အန်ဂျီအိုတွေ ကထောက်ပံ့ငွေတွေကို ရိုက်စားလုပ်နေကြတဲ့အတွက်လူထု နစ်နာ တိုင်းပြည်နစ်နာနေတာတွေကို သကြားမင်းကြီး ကြည့်ပြီး စိတ်ပျက်နေသတဲ့။ တံခါးပြည်တွင်းမှာလည်း နအဖ ခေါင်းဆောင်တွေက အန်ဂျီအိုတွေကထောက်ပံတာကို လူထုဆီမရောက်နိင်အောင်ရိုက်စားလုပ်နေကြပြန်တယ်၊
ဒီတော့ ဒီလူတွေကို ဆုံးမဖို့ သကြားမင်းကြီးကစောင့်ကြည့်ရေး ဌာနတခုဖွင့်လိုက်တယ်၊ ဒီဌာနအတွက် ဘားမားအိပ်စပတ် ညွန်ကြားရေးမှုးတယောက်ခန့်အပ်ဖို့လိုလာတယ်၊တာဝရိန်သာက အလုပ်လက်မဲ့ဖြစ်နေတဲ့ ဘွဲ့ရနတ်တွေအများကြီးလာလျောက်ကြတယ်၊ သကြားမင်းကြီး အင်တာဗျူးတာကို အဖြေအားလုံးကိုမှန်အောင်ဖြေနိင်တဲ့ နတ်သားတယောက်ပဲရှိတယ်၊ သူရဲ့အင်တာဗျုးကို သုတေသနပြုသူများအတွက်လေ့လာနိင်ဖို့ ဖေါ်ပြလိုက်ပါတယ်။

သကြား - ပေါတာကြီး သန်းရွေ နဲ့ ငရဲမင်း ကိုဘယ်လိုခွဲခြားသိနိင်သလည်း၊
နတ်သား - ခွဲခြားလို့မရနိင်ပါ၊

သကြား - မြန်မာနိင်ငံသားတယောက် နိင်ငံခြားကိုသွားရင် ဗီဇာမလိုပဲ သွားနိင်တဲ့ နိုင်ငံတခုပဲရှိတယ်၊ ဒီနိင်ငံကဘယ်နိင်ငံလည်း ၊

နတ်သား - ငရဲပြည်ဖြစ်ပါတယ်၊

သကြား- အရက်အလကားသောက်လို့ရတဲ့နေရာ ဘယ်မှာရှိလည်း
နတ်သား- ညောင်နစ်ပင်ညီလာခံမှာရနိင်ပါတယ်၊

သကြား- မဆလခေတ် နဲ့ နအဖခေတ်တွေအောက်မှာ မြန်မာတွေရဲ့ အခြေအနေခြားနားမှု

နတ်သား- မဆလခေတ်က လူတွေမှာငွေရှိသေးတယ်၊ ဒါပေမဲ့ ၀ယ်စရာပစ္စည်းမရှိဘူး၊ နအဖ ခေတ်မှာ လူတွေကငွေလုံးဝမရှိကြဘူး၊ ဒါပေမဲ့ ၀ယ်စရာပစ္စည်းတွေက အများကြီးရှိနေတယ်၊

သကြား - နောက်ထပ်ရွေးကောက်ပွဲအသစ်လုပ်ရလဒ်ကဘာဖြစ် လာနိင်သလည်း။
နတ်သား- ဖြေဖို့မလွယ်ပါ၊ ဘာဖြစ်လို့လည်းဆိုတော့နောက်ရွေးကောက်ပွဲရလဒ် ကို နအဖက ခိုးပြီးဖြစ်နေလို့ပါ၊

သကြား - လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်တွေ နဲ့နအဖ ဗိုလ်ချုပ်မှုးကြီးတွေကြားမှာ အဓိကခြားနားချက်ကိုလိုရင်းတိုရှင်းပြောပါ ၊

နတ်သား - အန်အဲလ်ဒီက ခမောက်ဆောင်းတယ်၊ နအဖက စစ်ဦးထုတ်ဆောင်းတာပဲခြားနားပါတယ်၊

သကြား- အန်အဲလ်ဒီ ဖွဲ့စည်းပုံနဲ့ နအဖ ဖွဲ့စည်းပုံမှာ ခြားနားချက်ကိုပြောစမ်း ၊

နတ်သား- နအဖက ခေါင်းဆောင်တွေ မကြာခဏပြောင်းပေးတယ်၊လူသစ်တွေနဲ့ မကြာခဏ အစားထိုးပေးတယ်၊ အန်အဲလ်ဒီ အမှုဆောင်အဖွဲ့ကသေမှပဲပြောင်းမယ်၊

သကြား - မဆလခေတ် အလုပ်သမားအစည်းရုံးက ကေဒါနဲ့အက်တီယူဘီက အလုပ်သမားခေါင်းဆောင်ကြား ဘာခြားနားသလည်း၊

နတ်သား - မဆလ အလုပ်သမားခေါင်းဆောင်က သရီတူးသရီးစီးတယ်၊အက်ဖ်တီင်္ယူဘီအလုပ်သမားခေါင်းဆောင်က စက်တက်လိုက်ဖုံးကိုင်တယ်၊

သကြား- မဆလခေတ်အလုပ်သမားဝန်ကြီးနဲ့ အက်တီယူဘီအတွင်းရေးမှုးမောင်မောင် ကိုဘယ်လိုခွဲမလည်း၊

နတ်သား- ခွဲလို့မရနိင်ပါ၊ဘာဖြစ်လို့လည်းဆိုတော့ အလုပ်သမားဝန်ကြီးက အလုပ်ဘယ်မှာနေတယ်ဆိုတာကို အလုပ်သမားတွေမသိနိင်ပါ၊မောင်မောင် ဘန်ကောက်မှာ ဘယ်နေတယ်ဆိုတာလည်း ဘယ်သူမှမသိနိင်ပါ၊

သကြား- ၁၉၈၈ခုနစ်ဒီမိုကရေစီလှုပ်ရှားမှုတုန်းကခရစ်စတိုဖါဂါးနက်နဲ့ ဘီဘီစီဦးနေ၀င်း နှစ်ယောက်ထဲ ရှိတုံးက ၈၈ လှုပ်ရှားမှုကြီးဖြစ်ခဲ့တယ်၊ဒီနေ့သတင်းထောက်တွေအများကြီး ဖြစ်လာမှ ဘာလို့လှုပ်ရှားမှုကြီးဖြစ်မလာတာလည်း၊

နတ်သား- လှုပ်ရှားသူတွေက သတင်းထောက်တွေချည်းဖြစ်ကုန်လို့ပါ၊

သကြား- နအဖ ထုတ်သတင်းစာတွေနဲ့ ဒီမိုကရေစီအင်အားစုတွေထုတ်သတင်းစာ ဘာကွာလည်း၊

နတ်သား- နအဖ ထုတ်သတင်းစာက စာရွက်သားညံတယ်၊ ဒီမိုကရေစီထုတ်သတင်းစာတွေကစာရွက်သားကောင်းတာပဲကွာပါတယ်၊

သကြား- RFA ဦးစိုးသင်းနဲ့နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်း မှာ တူညီတဲ့အရည်အချင်းတခုကိုဖေါ်ပြပါ၊

နတ်သား- နစ်ယောက်စလုံး သတင်းမရေးတတ်ကြပါ၊

သကြား- မြန်မာ သတင်းထောက်နဲ့ မြန်မာ တက်ကြွလှုပ်ရှားသူကိုဘယ်လိုခွဲမလဲ။


နတ်သား- နေ့အချိန်တွင်ခွဲခြားလို့မရနိင်ပါ၊ ညအချိန်မှသာခွဲခြားနိင်ပါတယ်၊ တက်ကြွ လှုပ်ရှားသူကညဖက်အိပ်ချိန်တွင်ပုဆိုးခြုံအိပ်ပါတယ်၊ သတင်းထောက်က ဟော်တယ်လ်မှာ အိပ်ပါတယ်၊

သကြား- ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှုးဂန်ဘရီရယ် ရန်ကုန်သွားတုံးက
က- ဦးသန်းရွေနဲ့အရင်တွေ့တာလား။
ခ-ဒေါ်အောင်ဆန်းစုကြည်နဲ့အရင်တွေ့တာလား၊

နတ်သား - နစ်ခုစလုံးမဟုတ်ပါ၊ နန္နာလှိုင်နဲ့အရင်ဆုံး တွေ့ခဲ့တာဖြစ်ပါတယ်၊

သကြား- ဂန်ဘရီရယ်က မြန်မာကိစ္စကိုလုံခြုံရေးကောင်စီ အစည်းဝေးမှာ တင်သွင်းနေချိန်မှာ အစည်းဝေးပြီးအောင်တောင်မနေသွားတာနဲ့ပတ်သက်လို့ သင် ဘယ်လိုယူဆပါသလည်း

နတ်သား- နန္နာလှိုင် ဆီက ဖုံးလာတာလို့ ယူဆနိင်စရာရှိပါတယ်၊

သကြား- မြန်မာအရေးကို လုံခြုံရေးကောင်စီပေါ်မှာမတင်သင့်ဘူးလို့ ကန့်ကွက်တဲ့ ရုရှား၊ တရုပ်နဲ့ ဂျပန်နိင်ငံတွေ ရဲ့မြန်မာပြည်ပေါ်မှာ ရပ်တည်ချက်ဟာဘာလဲ။

နတ်သား- Asses of Evil တွေဖြစ်ပါတယ်၊

သကြား- ဂျပန် နိင်ငံရပ်တည်ချက်ပြန်ပြောင်းလာအောင်ဘယ်လို လုပ်ဖို့ မြန်မာတွေ ဘာအလုပ်သင့်ဆုံးလည်း၊

နတ်သား- ဒေါက်တာစိန်ဝင်းကို ဂျပန်ကိုထပ်မလွတ်သင့်ပါ၊

သကြား- Congratulation! အမောင်နတ် သားကို အရည်အချင်းပြည့်မှီတဲ့အတွက်ရွေးချယ် လိုက်ပါပြီ၊

နတ်သား- Yahoo!

( မှတ်ချက် - ညောင်နှစ်ပင် ညီလာခံ စကာ စ က အီးမေးမှ တဆင့်ရရှိခဲ့သော ဟာသလေးအား ပြန်လည်ဖော်ပြပါသည် ..
အမှား အမှန် အရှုပ် အထွေးများအား တာဝန်မယူပါ .. အဟီးးး )