Wednesday, September 3, 2008

နအဖဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို တွေ့ရန်မလိုတော့သည်ဟု ယူဆ၍မတွေ့ခြင်းဟု အန်အယ်လ်ဒီက ပြော


ပီတာအောင်/ ၃ စက်တင်ဘာ ၂၀၀၈။ ။

နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့ကို ဒေါ်အောင်ဆန်းစု
ကြည်က မတွေ့ချင်ကြောင်း ပြောလိုက်သည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် နေ့စဉ် သတင်းစာများတွင် ဖော်ပြ
သော်လည်း တွေ့ရန်မလိုဘူးဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီက အတည်ပြု
ပြောသည်။

စက်တင်ဘာ (၂) ရက် မွန်းလွဲပိုင်း၌ ဆက်ဆံရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် အစိုးရက
စီစဉ်ထားခဲ့ပြီး စက်တင်ဘာ (၁) ရက် မွန်းလွဲပိုင်းတွင် ဒေါက်တာတင်မျိုးဝင်း သွားရောက်ရန် စီစဉ်ခဲ့ကြောင်း၊
ထိုအကြောင်းကို ပြီးခဲ့သည့် တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်သည့် ရှေ့နေ ဦးကြည်
ဝင်းကို သက်ဆိုင်ရာက မှာကြားလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးကြည်ဝင်းမှလွဲ၍ မည်သူ့
ကိုမျှ မတွေ့လိုသေးဟု ပြောကြောင်း သတင်း၌ပါရှိသည်။

ထိုသတင်းမှန်ကန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အတည်ပြုပြောဆိုသော်လည်း
မတွေ့ဆုံရသည့် အကြောင်းရင်းကို မသိရှိကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက
ပြောသည်။

၎င်းက “တွေ့ဖို့ ငြင်းလိုက်တာမဟုတ်ဘူး။ တွေ့ဖို့မလိုဘူးလို့ ပြောလိုက်တယ်လို့ ကျနော်သိရတယ်။ ဒီသတင်း
ဟုတ်တယ်လို့ ကျနော်တို့သိတယ်။ ဒါပေမယ့် ဘာအကြောင်းပြချက်လဲဆိုတာတော့ မသိဘူး။ အဓိပ္ပာယ်ရှိတဲ့
တွေ့ဆုံဆွေးနွေးပွဲကို ဦးမတည်တဲ့ကိစ္စတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က မကျေနပ်ဘူး။ အဓိက
ကတော့ အဲဒါပဲ။ ကျနော့် ယူဆချက်တော့ မပြောချင်ဘူး” ဟု ပြောသည်။

တိုင်းပြည်အတွက် အရေးကြီးသည့် အမျိုးသားရင်ကြားစေ့ရေးကိစ္စ ဆွေးနွေးရန် ရှေ့နေနှင့် လူကြုံပါးကာ
အကြောင်းကြားခဲ့ခြင်းသည် မသင့်တော်ကြောင်းနှင့် အစိုးရအနေဖြင့် ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်သင့်
ကြောင်းလည်း အန်အယ်လ်ဒီက ပြောသည်။

ယခင်က အာဏာပိုင်များကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အား သွားခေါ်ပြီး ဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံ
ပေးလေ့ရှိခဲ့သည်။ ပြီးခဲ့သည့်လကလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်း
စုကြည်အား အသံချဲ့စက်ဖြင့် အော်ခေါ်၍ အကြောင်းကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က တွေ့ခွင့်ငြင်းဆန်
ခဲ့သည်။

အာဏာပိုင်များ၏ အဆိုပါလုပ်ရပ်များသည် တာဝန်မဲ့လုပ်ရပ်ဖြစ်ကြောင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားပြု
ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “သူတို့ပိတ်ထားတဲ့ တံခါးပဲ။ တံခါးကို ဖွင့်ပြီး ၀င်နိုင်တာပဲ။
သူတို့သတ်မှတ်တဲ့အဆင့် တခုခုက တံခါးကိုဖွင့်ပြီးတော့ အကျိုးအကြောင်း မေးနိုင်တယ်၊ ပြောနိုင်တယ်။
ဒါတွေ မပြောဘဲနဲ့ ဦးကြည်ဝင်းကတဆင့် ကြားတဲ့ သတင်းလောက်ကို ထုတ်ပြန်တာဟာ တာဝန်မဲ့ လုပ်
တယ်လို့ ထင်ပါတယ်” ဟု ဝေဖန်ပြောကြားသည်။

ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် အကြိမ်ကြိမ်တွေ့ဆုံနေသော်လည်း တွေ့ဆုံသည့်အဆင့်မှ တက်
မလာသဖြင့် တွေ့ဆုံမှုအကျိုးမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်က ယူဆပြီး ငြင်းဆိုခြင်း ဖြစ်နိုင်ကြောင်း
ဦးအေးသာအောင်က ပြောကြားသည်။

ဦးအေးသာအောင်က “ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာတာမှမဟုတ်တာ။ နအဖက ခေါင်းမာပြီးတော့
တဖက်သတ် သူ့ရဲ့လုပ်ငန်းတွေကို လုပ်နေတာ။ သူလုပ်သမျှကို လိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က
ဟန်ပြလိုက်ပြီးတော့ လုပ်နေရမှာလား။ တွေ့ဆုံဆွေးနွေးရေးဆိုတာ မရေမရာတဲ့ အလာပသလာပ စကား
ပြောတာမျိုးကို ဆိုလိုတာမဟုတ်ဘူး။ တိုင်းပြည်အတွက် အမျိုးသားအတွက် အကျိုးရှိမယ့် တစုံတရာ ဘုံ
သဘောတူညီချက်ကိုရအောင် အဆင့်ဆင့် ဆွေးနွေးသွားဖို့ လိုတယ်။ တပ်မတော်ဘက်ကလည်းပဲ ပြော
တော့ပြောမယ်၊ ငါလုပ်ချင်တာ လုပ်မယ်ဆိုရင် ဆွေးနွေးတာမဟုတ်ဘူး။ ဦးအောင်ကြည်ကိုလည်း
ဟန်ပြသက်သက် ဆွေးနွေးဖို့ထားတာ။ ဒီအပေါ်မှာ ဆက်ပြီးဆွေးနွေးနေရင်တော့ ဘာအကျိုးထူးမှာ
လည်း” ဟု ပြောသည်။

စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲ မလာချင်အောင် သိက္ခာမဲ့သည့် နည်းများသုံး၍
ဖိတ်ကြားခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်တင်နိုင်အောင် တမင်ကြံစည်ခြင်းဖြစ်နိုင်သည်ဟု
အတိုက်အခံဘက်က ယူဆသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အစိုးရတို့အကြား ဆက်သွယ်ဆောင်ရွက်ရန် ဦးအောင်ကြည်ကို
ဆက်ဆံရေးဝန်ကြီးအဖြစ် နအဖစစ်အစိုးရက ပြီးခဲ့သည့် အောက်တိုဘာတွင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်
ဇန်န၀ါရီလက နောက်ဆုံးတွေ့ဆုံခဲ့ပြီး နောက်ထပ်တွေ့ဆုံနိုင်ခြင်း မရှိတော့ပေ။



၈၈ မျိုးဆက်များကို အချိန်လွန်မှရုံးထုတ် တောင်းဆိုချက်များ လိုက်လျောမှုမရှိ


ဧရာဝတီ | စက်တင်ဘာ ၃၊ ၂၀၀၈

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်တို့ အပါအ၀င် အဖွဲ့ဝင် ၃၅ ဦးကို ယမန်နေ့က ရုံးချိန်လွန်မှ လက်ထိပ်ခတ်ကာ ရုံးထုတ်ခဲ့သည်ဟု မိသားစုဝင်များက ဧရာဝတီကို ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ အမျိုးသမီး ၇ ဦးအပါအ၀င် စုစုပေါင်း ၃၅ ဦးကို ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရန်ကုန်မြို့ ရှိ အင်းစိန်ထောင်တွင် ရုံးထုတ်ခြင်းဖြစ်သည်ဟု ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များက ၎င်းတို့အား လက်ထိပ်ခတ်ပြီး ရုံးမထုတ်ရန်၊ တရားခွင်၌ မိသားစုဝင်များနှင့် သတင်းမီဒီယာများ ကြားနာခွင့်ပြုရန် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများမှတဆင့် တောင်းဆိုထားသည်။

“အကိုကတရာရုံးမှာထပြောတယ် … လွတ်လပ်တဲ့ တရားစီရင်မှုမျိုးမဟုတ်ဘူး .. တရားရုံးထဲကို မိသားစုလည်း မ၀င်ရဘူး၊ အာဏာပိုင်တွေနဲ့ပဲ ပြည့်နေတယ်ပေါ့ … ဒီကြားထဲ ဘယ်အဖွဲ့အစည်းကမှန်းမသိ၊ ဘယ်သူမှန်းမသိတဲ့ လူတွေက ၀န်းရံထား တော့ အဲဒီလိုအခြေအနေမျိုးမှာ ဘယ်လိုမှ မှန်ကန်တည့်မတ်တဲ့ တရားစီရင်မှု မဖြစ်နိုင်ဘူး … မိသားစုဝင်တွေလည်း တနေ ကုန်လာစောင့်နေရတာ ပင်ပန်းလှပြီ၊ တွေ့ခွင့်ပေးသင့်တယ်လို့ …” ဟု တရားရုံး၌ ကိုကိုကြီးပြောဆိုပုံအား ကိုအောင်ထွန်း က ရှင်းပြသည်။

၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များကို မနက်ဖြန်တွင် ဆက်လက်ရုံးထုတ်ရန်ရှိသည်ဟုလည်း ကိုအောင်ထွန်းက ပြောသည်။

၈၈ မျိုးဆက် အဖွဲ့ဝင်များကို ရုံးထုတ်မလာမီ လက်ထိပ်မခတ်ရန် ထောင်အာဏာပိုင်များနှင့် အခြေအတင် ဆွေးနွေးခဲ့ သော်လည်း နောက်ဆုံးတွင် လက်ထိပ်များဖြင့်သာ ရုံးထွက်ခဲ့ရသည်ဟုလည်း ကိုအောင်ထွန်းက ပြောသည်။

အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (USCB) ကလည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ အတွက် မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ကိုယ်စားလှယ် ၂ ဦး ပြန်သွားပြီး ရက်ပိုင်းအတွင်း စစ်အစိုးရက အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထားသည့် ကျောင်းသားခေါင်းဆောင်များကို အပြစ်ဒဏ်ချမှတ်ရန် စီစဉ်သည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါလုပ်ရပ်သည် စစ်အစိုးရက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များကို ပယ်ချ လိုက်ခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

မျိုးဆက်သစ် လူငယ်များ အစည်းအရုံးအဖွဲ့ဝင်တဦး ဖမ်းဆီးခံရ
အေးလဲ့ | စက်တင်ဘာ ၃၊ ၂၀၀၈

စစ်အစိုးရက ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးမှုများပြုလုပ်လျှက်ရှိရာ ယနေ့နံနက် ပိုင်းကလည်း ဒီမိုကရေစီရေးလှုပ်ရှားသူ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) မှ အဖွဲ့ဝင်တဦး ဖမ်းဆီး ခံရကြောင်း သိရသည်။


ကိုကျော်ဦး
(ဓာတ်ပုံ - မျိုးဆက်သစ်လူငယ်များ အစည်းအရုံး/GW)
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မှ GW အဖွဲ့ဝင် ကိုတင်မျိုးထွတ်(ခ) ကိုကျော်ဦး အသက် (၃၂)နှစ် ကို ယနေ့ နံနက် ၇ နာရီခွဲ က ဘုရင့်နောင်လမ်းဆုံအနီး အမေ့ရွာလက်ဖက်ရည်ဆိုင်သို့သွားရာလမ်းတွင် အာဏာပိုင်များက ဖမ်းဆီး လိုက်ခြင်းဖြစ်ကြောင်း ယင်း GW အဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

“အခုစက်တင်ဘာလဆိုတော့ ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် လှုပ်ရှား မှု တခုခုဖြစ်မှာစိုးလို့ အခုလို လူငယ်အဖွဲ့တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတယ် လို့ထင်တယ်” ဟု GW အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သည့်ု ကိုမိုဃ်းသွေးက ပြောသည်။

GW ခေါင်းဆောင် ကိုဇေယျာသော်အပါအဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင် တို့ကို ပုဒ်မ ၆/၈၈ အရ ခွင့်ပြုချက် မရှိဘဲ အသင်းအဖွဲ့ ဖွဲစည်းမှုဖြင့် အာဏာပိုင်များက ယခုနှစ် မတ်လအတွင်းက ဖမ်းဆီး၍ တရားစွဲဆိုပြီး အကြိမ်ကြိမ် ရုံးထုတ်ခဲ့သည်။

ယမန်နေ့ကလည်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) aAPP က နအဖ စစ်အစိုးရသည် ၂၀၀၈ခုနှစ် သြဂုတ်လ တလတည်းတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူ အနည်းဆုံး ၃၉ ဦး ဖမ်ဆီးခဲ့ပြီး ၂၁ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာထားသည်။

၎င်းကြေညာချက်တွင် ယခုနှစ်အတွင်း ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် မြန်မာ နိုင်ငံသို့သွားရောက်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတိုးတက်မှုများကို ကြိုးပမ်းခဲ့သည် ဟုဆို သော်လည်း မြန်မာနိုင်ငံ သားများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ဒီမိုကရေစီအရေးဖြစ်ထွန်းမှုတို့ တိုးတက်ခြင်းမရှိဘဲ ဖမ်းဆီးမှုများ၊ နှစ်ရှည် ထောင်ဒဏ်ချမှုများသာတိုးလျက်ရှိကြောင်းလည်း ဆိုထားသည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲမှ အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူ အဖွဲ့ဝင်များ၊ ကျောင်းသားလူငယ်များပါဝင်ကြောင်းလည်း ကြေညာချက်တွင်ပါရှိသည်။

aAPP အတွင်းရေးမှုး ဦးတိတ်နိုင်က “ကုလသမဂ္ဂရဲ့ထိပ်တန်းအရာရှိများ လာရောက်ပြီးဖြေရှင်းနေပါလျှက် အခုလို လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှား သူတွေကို ဥပဒေမဲ့ ဖမ်းဆီး၊ ထောင်ချမှုတွေဆက်တိုက် ပြုနေတာဟာ ဒီမိုကရေစီရေးကြိုး ပမ်းဆောင်ရွက်နေတဲ့ ကမ္ဘာ့နိုင်ငံများကို မထိမဲ့မြင်ပြုရာရောက်ပါတယ်၊ တဆက်တည်းမှာပဲ ကုလသမဂ္ဂရဲ့ ကြားဝင် ဖြေရှင်း မှုကို ကျနော်တို့ နိုင်ငံသားများပြန်စဉ်းစားရမယ့် အခြေ အနေဖြစ်ပါတယ်” ဟု ပြောဆိုသည်။

၂၀၀၈ ခုနှစ်အတွင်း လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးလှုပ်ရှားသူ အနည်းဆုံး ၂၈၆ ဦးဖမ်းဆီးခံရပြီး ဖြစ်ကြောင်းလည်း AAPP စာရင်းအရသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ရင်းသည် တွေ့ဆုံဆွေးနွေးရေး

ကျော်စွာမိုး စက်တင်ဘာ ၃၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်အပတ်က ကုလသမဂ္ဂအထူးသံကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မည်သည့်အကြောင်း မည်သည့်ရည်ရွယ်ချက်ဖြင့် လက်ခံတွေ့ဆုံရန် ငြင်းဆန်လိုက်သနည်း ဟူသည့် မေးခွန်း၏အဖြေကို လူတိုင်းက အပူတပြင်း သိလိုနေကြသည်။

ဤလှုပ်ရှားမှုသည် စစ်အစိုးရမှ ကျင်းပရန် တစိုက်မတ်မတ် ပြင်ဆင်နေသော ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို သဘောမတူ ကြောင်း ပြသရန်အတွက် ပြင်ဆင်သော နိုင်ငံရေးဗျူဟာသစ်၏ ပထမခြေလှမ်းပေလော... စဉ်းစားဖွယ် ရှိနေပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အတိုက်ခံများအတွက် အချိန်သိပ်မကျန်တော့ကြောင်း စဉ်းစားကောင်း စဉ်းစားနေပါ လိမ့်မည်။ ယခု လတ်တလောကာလသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည့်မူကို အခြေခံသော ဟန်ပြအရပ်သား အစိုးရတရပ် ပေါ်ပေါက်ရေးအတွက် စစ်အစိုးရမှ အားသွန်ခွန်စိုက် ကြိုးပန်းနေသောကာလလည်း ဖြစ်သည်။

သံသယဖြစ်စရာမလိုသော အချက်တခုမှာ မစ္စတာဂမ်ဘာရီကို လက်ခံတွေ့ဆုံရန် ငြင်းဆန်လိုက်ခြင်းဖြင့် ဒေါ်စုသည် နိုင်ငံ တကာသို့ သူမ၏ သဘောထားကို ပြတ်ပြတ်သားသား ထုတ်ဖေါ်ပြသလိုက်ခြင်းလည်း ဖြစ်သည်။ အချို့သော လေ့လာ စောင့်ကြည်သူများက ဒေါ်စု၏ ဤကဲ့သို့လှုပ်ရှားမှုသည် တဖက်တွင် ကောင်းသည်ဟု ဆိုနိုင်သော်လည်း အခြားတဖက်တွင် စွန့်စားလွန်းရာ ရောက်သည်ဟုလည်း ကောက်ချက်ချကြသည်။

မှန်ပါသည်။ တဖက်တွင်ကောင်းသော်လည်း အခြားတဖက်တွင် စွန့်စားလွန်းရာကြသည်။ သို့သော် သူမတွင် အခြား ရွေးချယ်စရာလမ်းလည်း မရှိတော့။ ရဲရဲရင့်ရင့်လှမ်းရမည့် အချိန်တွင် သူမအနေဖြင့် ရဲရဲရင့်ရင့် လှုပ်ရှားလိုက်ခြင်းသာ ဖြစ်သည်။

အရင်းစစ်လိုက်ပါက သူမ၏လှုပ်ရှားမှုသည် ရှင်းရှင်းလင်းလင်းရှိလှသည်။ မရှုတ်ထွေးပါ။ သူမနှင့် ထိပ်တန်းဗိုလ်ချုပ်များ အကြား တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ရေးသာ ဖြစ်ပေသည်။ ဘက်နှစ်ဖက်လုံးမှ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီကို တည်ဆောက်နိုင်မည်ဟု သူမက ရှင်းရှင်းလင်းလင်း ယုံကြည်ထားပါသည်။ ထိုသို့ ယုံကြည်သည့်အတိုင်း ၁၉၈၈ ခုနှစ် နိုင်ငံရေးနယ်ထဲသို့ သူမ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ တွေ့ဆုံဆွေး နွေးရန်အတွက် သူမဘက်က တစိုက်မတ်မတ် တောင်းဆို တင်ပြလာခဲ့သည်။

ပြီးခဲ့သည် နိုဝင်ဘာလက ဒေါ်စုသည် (နအဖ) စစ်အစိုးရမှ ခန့်ထားသော ဦးအောင်ကြည်နှင့် စကားပြောခြင်းထက် စစ်ဗိုလ် ချုပ်များနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးလိုကြောင်း မစ္စတာဂမ်ဘာရီမှတဆင့် ထပ်မံအကြောင်းကြားခဲ့သည်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ အတွင်း သံဃာတော်များ ဦးဆောင်သော လှုပ်ရှားမှုကြောင့် မြင့်တက်လာသော နိုင်ငံတကာဖိအားများကို လျော့ချရန် ရည်စူး၍ စစ်အစိုးရက ဦးအောင်ကြည်ကို ကြားထား၍ ပြီးခဲ့သည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြော ရန်အတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်ထားခဲ့သည်။

ပြီးခဲ့သည်လများအတွင်း ဒေါ်စုအနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးသို့ သူမ၏သဘောထားအား အသေးစိတ် တင်ပြပေးပို့ခဲ့သည်။ စစ်အစိုးရအနေနှင့် ကုလသမဂ္ဂအား တဖက်တွင် ရုပ်ပြသာအသုံးချ၍ ၎င်းတို့အတွက် တရားဝင်မှုရှိအောင် ဆောင်ရွက်နေ သည်ကို ထောက်ပြထားသည်။ ထို့အပြင် အချိန်ကာလ အတိုင်းအတာတခု သတ်မှတ်ပြီး ကိစ္စရပ်များကို တွေ့ဆုံ ဆွေးနွေး ရန် စစ်အစိုးရကို တောင်းဆိုသည့် အစီအစဉ်များ ကုလသမဂ္ဂ၌ မရှိသည်ကိုလည်း ထောက်ပြခဲ့သည်။

၂ဝဝ၇ ခုနှစ် ဇန်နဝါရီလက ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၇ ဦးနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့အနက်မှ ဒီ/ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သော ဦးဉာဏ်ဝင်းကလည်း ဤသို့ ထုတ်ဖော်ပြောကြားလာခဲ့သေးသည်။ “ဒေါ်စုအနေနဲ့ ကုလသမဂ္ဂရဲ့ လက်ရှိအနေအထားကို စိတ်ပျက်မယ်ဆိုလည်း စိတ်ပျက်လောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂကအနေနဲ့ အချိန်ကာလတိုင်းတာ သတ်မှတ်ပြီး မဆောင်ရွက်တဲ့ အတွက် ဖြစ်ပါတယ်” ဟု သူက ဆိုခဲ့သည်။

လတ်တလောတွင်လည်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ဤသို့ ပြောကြားခဲ့သည်။ “ကုလသမဂ္ဂရဲ့ အဲသလိုဖြစ်နေတဲ့ အခြေ အနေတွေကြောင့် ကုလအထူးကိုယ်စားလှယ်ကို ဒေါ်စုကတွေ့ဖို့ ငြင်းဆန်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်” ဟု ဒေါ်စုက မစ္စတာဂမ်ဘာရီနှင့် တွေ့ရန် ငြင်းဆန်ခဲ့ခြင်း အကြောင်းကို ခန့်မှန်းပြောကြားခဲ့သည်။

ဦးဉာဏ်ဝင်းမှဆက်လက်၍ “အချိန်ကာလ သတ်မှတ်ထားခြင်းမရှိတဲ့ ဒီလိုအခြေအနေမျိုးတွေ အောက်မှာဆိုရင်တော့ ကျနော်တို့အနေနဲ့ မစ္စတာဂန်ဘာရီနဲ့ ဆက်အလုပ်လုပ်ဖို့ မဖြစ်နိုင်ပါဖူး” ဟု ပြောကြားခဲ့သည်။ မစ္စတာဂမ်ဘာရီ၏ ပြီးခဲ့သည့် မြန်မာပြည်ခရီးစဉ်တွင် ဒီ/ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့် တွေဆုံ၍ လာမည့်ရွေးကောက်ပွဲအတွက် စဉ်းစားရန် တိုက်တွန်းဆွေးနွေးသွားခဲ့ပြီး စစ်အစိုးရမှ ကျောထောက်နောက်ခံပြုထားသော နိုင်ငံရေး/ လူမှုရေး အဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံသွားခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။ “သူ့အနေနဲ့ အဲသလိုအဖွဲ့မျိုးတွေနဲ့ တွေ့ဆုံဖို့ မသင့်တော် ပါဘူး။ မစ္စတာဂမ်ဘာရီဟာ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးလုပ်တာလို့ ဆိုရမှာဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆက်လက် ပြောကြားသွားခဲ့သည်။

အစောပိုင်း ကာလတခုတွင် မစ္စတာဂမ်ဘာရီက လာမည့်ရွေးကောက်ပွဲ တရားမျှတမှုရှိ၍ နိုင်ငံတကာမှ အသိအမှတ် ပြုစေ ရေးအတွက် အကူအညီများပေးမည်ဟု ကမ်းလှမ်းလာခဲ့ဖူးသည်။ “မစ္စတာဂမ်ဘာရီအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အကြောင်း မပြောသင့်ဘူးလို့ ကျနော်တို့က သူ့ကိုအကြံပေးခဲ့ရသေးတယ်။ သူကတော့ အဲဒါနဲ့ပတ်သက်လို့ ဘာမှ ပြန်ပြောမသွားပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောခဲ့သည်။

မစ္စတာဂမ်ဘာရီ၏ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသွားသော အချက်အလက်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး၊ ဒေါ်စုနှင့် စစ်ဗိုလ်ချုပ်များအကြား တိုက်ရိုက်ပြောဆို ဆွေးနွေးရေး ပြန်လည် စတင်ရန် စသည့် အချက်အလက်များ ပါဝင်ခဲ့သည်။

မစ္စတာဂမ်ဘာရီ၏ နောက်ဆုံးမြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက အချိန်ကုန်တာ သက်သက်ဖြစ်၍ မည်သည့် အကျိုးမှ မဖြစ်ထွန်းခဲ့ကြောင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ ဦးဉာဏ်ဝင်း၏ တင်ပြချက်သည် မမှန်ကန်ကြောင်း၊ ကုလ အထူးသံတမန်၏ ခရီးစဉ်သည် သာမန်အဖြစ်အပျက်တခု မဟုတ်ဘဲ ဆက်တိုက်ရှိလာခဲ့သော လုပ်ငန်းဖြစ်စဉ်တခုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ မေရီ အိုကာဘေးက ပြန်လည်ချေပ ပြောကြားသွားခဲ့သည်။

မြန်မာပြည်တွင် အမှန်တကယ် ဒီမိုကရေစီ တည်ဆောက်နိုင်ရန်အတွက် ဒေါ်စုနှင့်စစ်အစိုးရအကြား အပြုသဘောဆောင် သော သဘောတူညီချက်မျိုး ရရှိရန်မှာ အချိန် သိပ်မကျန်တော့ကြောင်း ဒေါ်စုကိုယ်တိုင်လည်း ယုံကြည်နားလည်ရမည်သာ ဖြစ်သည်။ စစ်အစိုးရသည် အချိန်ဆွဲ၍ ဝေ့လည်ကြောင်ပတ် လုပ်ရာတွင် ထူးချွန်ကြောင်း သူမကိုယ်တိုင်လည်း သိနေသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် တရက်ထက်တရက် ပိုမိုနီးကပ်လာနေပြီ ဖြစ်သည်။

ဒေါ်စုသည် စွန့်စားရသည့် လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်လိုက်သည်ဟု ဆိုလျှင်လည်းမမှား။ သို့သော် ဤလှုပ်ရှားမှု သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို တည်ဆောက်မည်ဟု ကြွေးကြော်နေသော စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံ ရသော နောက်ဆုံးကျန်တော့သည့် အခွင့်အရေးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

လော်စပီကာ သံတမန်ရေးနှင့် ဥပဒေနည်းကျ အုပ်ချုပ်ရေး
ရဲနည် စက်တင်ဘာ ၃၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူသံကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့ပြီး အပတ်စဉ် သူ့ထံပို့ပေးနေရသည့် အစားအသောက်များကိုလည်း လက်ခံရန်ငြင်းပယ်ကာ ဆက်လက် အသံတိတ်ဆန္ဒပြပွဲ ဆင်နေသည်ဟု အတည်မပြုနိုင်သည့် သတင်းများ ကြားလာရသည်။ ဒေါ်စုက မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ပြုမူ နေပါသနည်းဟု မေးခွန်းများဖြစ်လာရသလို၊ သူ၏ ကျန်းမာရေးအတွက်လည်း စိုးရိမ်ပူပန်မှု ရှိလာကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်များက ဧရာဝတီမဂ္ဂဇင်းသို့ ပြောကြားရာတွင် ယခု နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသည့် ငြင်းဆန်အာခံမှုသည် သူ့ကို ဆက်လက်ဖမ်းဆီးထားခြင်း၊ သူ့ကို ဝေယျာဝစ္စ ကူညီပေးနေသည့် သူများအပေါ် အာဏာပိုင်များက ဖိနှိပ်ချုပ်ချယ်မှု ပြုနေသည်ကို မကျေနပ်၍ ဖြစ်ဖွယ်ရှိသည်ဟု ပြောလာ ခဲ့သည်။ သူ၏ ကိုယ်ရေးကိစ္စ ဆောင်ရွက်ပေးနေသူများသည် မည်သည့်စွပ်စွဲချက်များနှင့်မျှ အရေးယူခံထားရခြင်း မရှိကြ သော်လည်း အာဏာပိုင်များက အထူးကန့် သတ်ချုပ်ချယ်မှုများ ပြုထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့်မေလက နေအိမ် အကျယ်ချုပ်သက်တမ်းကို အာဏာပိုင်များက တနှစ်ထပ်မံ တိုးလိုက်ပြန်သည်။ ဒေါ်စုက ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း သွေးထွက်သံယို တိုက်ခိုက်လုပ်ကြံမှုအပြီး ကာလမှစ၍ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်ပြီး နိုင်ငံတကာက သူ့ကို လွှတ်ပေးရန် မြန်မာစစ်ဗိုလ်ချုပ်များထံ တောင်းဆိုနေကြသည့် ကြားမှ၊ အကျယ်ချုပ်သက်တမ်းကို ထပ်မံမတိုးရန် မေတ္တာရပ်ခံနေသည့်ကြားမှ ဤသို့ ထပ်တိုး၍ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ဒီ/ချုပ်ကမူ ဒေါ်စုကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် ဥပဒေကြောင်းအရ မညီကြောင်းနှင့် သူ့ကို ဆက်လက် ထိန်းသိမ်းထားသည့်အပေါ် အယူခံမှုကို လက်ခံပါရန် စစ်အစိုးရထံသို့ တောင်းဆိုနေခဲ့သည်။ ဒေါ်စုက မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ မလာမီကာလလေးတွင်ပင် ဒေါ်စုက သူ့ရှေ့နေနှင့် တွေ့ဆုံနိုင်ခဲ့ပြီး သူ့ကိုထိန်းသိမ်းထားသည့် အမှုကြောင်း အပေါ်လည်း ဆွေးနွေးတိုင်ပင်ခဲ့သေးသည်။

ဒေါ်စုက ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်နှင့် တွေ့ဆုံရန် ငြင်းဆန်ပြီးခဲ့သည့်နောက်ပိုင်း သူ့ကို တင်းကျပ်စွာ ချုပ်ချယ် ခံထားရသည့် အခြေအနေ၊ လွတ်လပ်ခွင့် ဆုံးရှုံးနေရသည့် အခြေအနေကို မီးမောင်းထိုး ပြသနိုင်ခဲ့သည်ဟု ဒီ/ချုပ်မှ သူ၏ ရှေ့နေက ပြောပြသည်။ ပုံမှန်အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှ ထွက်ခွါသွားလာရန် ပိတ်ပင်ထားပြီး၊ နိုင်ငံရပ်ခြားသံများနှင့် တွေ့ဆုံခွင့်ကိုလည်း ပိတ်ပင်တားမြစ်ထားခဲ့သည်။

စစ်အစိုးရက ချမှတ်ထားသည့် ဥပဒေများကိုလည်း အလွယ်တကူပင် လျစ်လျူရှုထား နေခဲ့သည်။ ဒီ/ချုပ်အဖွဲ့၏ ရှေ့နေက ပြောရာတွင် ကုလသမဂ္ဂ ၀န်ထမ်းများနှင့် စစ်အစိုးရ၏ ၀န်ထမ်းများက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့တွင် လော်စပီကာ အော်၍ ထွက်တွေ့ရန် ပြောဆိုတိုက်တွန်းခြင်းသည် စစ်အစိုးရက ချမှတ်ထားသည့် “ချုပ်ချယ်ထားမှုများကို ဆန့်ကျင်ချိုး ဖောက်ရန် အတင်းအကျပ်တိုက်တွန်းမှု” ပင် ဖြစ်သည် ဟု မှတ်ချက်ပေးခဲ့သည်။

ဤအနေအထား အတိုင်းဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီနှင့် မတွေ့ဆုံဘဲ နေခဲ့ခြင်းသည် လုံးဝ တရား မျှတနေသည်။ ပြောရမည်ဆိုလျှင် မစ္စတာဂမ်ဘာရီသည် ဒေါ်စုလွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရမည့်သူ ဖြစ်သင့်ပြီး၊ သူ့ကို ဆက်လက်ချုပ်ချယ်ထားရန် စစ်အစိုးရကို အကြောင်းပြချက်ရစေမည့် အပြုအမူကို ပြုမူရန် တိုက်တွန်းသူ မဖြစ်သင့်ပေ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှုများ စတင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပထမအဆင့်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့ဦးဆောင်အဖွဲ့ကြီး ကုလသမဂ္ဂက မြန်မာ့အရေးကြိုးပမ်းချက်တွင် မစွမ်းနိုင်ဖြစ်နေရပုံက တဖြည်းဖြည်း ထင်ရှားလာနေသည်။ ကုလသမဂ္ဂက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် လွတ်မြောက်ရေးအတွက် မဆောင်ရွက်နိုင်ရုံမျှမက ပြီးခဲ့သည့် မေလက ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲတွင်လည်း “လွတ်လပ်၊ တရားမျှတသည့်” ကျင့်ထုံးများအတိုင်း ဆောင်ရွက်စေရန် စစ်အစိုးရကို တိုက်တွန်းနားချခြင်း မပြုနိုင်ခဲ့ပါ။ စစ်အစိုးရက သူထင်သလိုသာ စိတ်ကြိုက်ပြုမူနေခဲ့သည်။

ပြောရမည်ဆိုလျှင် ကုလသမဂ္ဂ အဖွဲ့ကြီးကိုလည်း စစ်အစိုးရကဲ့သို့ပင် ကိုယ်ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများကို ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံးပါရန် တိုက်တွန်းရတော့မည့်ဟန် ဖြစ်နေသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများမှာ မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်း ခံရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ကုလသမဂ္ဂက ဤသို့ အရုပ်ဆိုးအကျည်းတန်လှသည့် အခြေအနေကိုလည်း မည်သို့မျှ တိုးတက်မှုရရှိအောင် မစွမ်းသာခဲ့။ နီးစပ်သူ မိသားစုဝင်များ၏ အဆိုအရ ယခုအခါ ထိန်းသိမ်းခံထားရသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက သူတို့ကို လူအများရှေ့တွင် တရားဝင် တရားခုံရုံးတင်စစ်ဆေးရန်၊ အကျဉ်းထောင်တွင်း ဥပဒေများအရ သူတို့၏အခွင့်အရေး များ ခံစားခွင့်ရရှိစေရန် တောင်းဆိုနေကြသည်ဟု ကြားသိနေရသည်။

သို့သော်လည်း မစ္စတာ ဂမ်ဘာရီ၏ နောက်ဆုံးခရီးစဉ်တွင် လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလွတ်လပ်ခွင့်များ ဆိတ်သုဉ်းနေမှု၊ ဥပဒေအတိုင်း စီမံအုပ်ချုပ်မှု ကင်းမဲ့နေမှုတို့ကို အလေးထား ပြောဆိုကိုင်တွယ်ရန် ပျက်ကွက်ခဲ့သည်။ ထိုမျှမက စစ်အစိုးရနှင့် အတိုက်အခံအဖွဲ့များအကြား တွေ့ဆုံညှိနှိုင်းမှုများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ရမည့် သူ့အပေါ် တာဝန်ပေးအပ်ချက်ကို မေ့လျော့ထားခဲ့ပြီး၊ စစ်အစိုးရ အလိုကျ ပြုမူဆောင်ရွက်နေခဲ့သည်။ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများကို ကူညီပေးရန်ပင် ကမ်းလှမ်းခဲ့သေးသည်။

မစ္စတာဂမ်ဘာရီက ယခုအချိန်တိုင် ယခုခရီးစဉ်နှင့် ပတ်သက်၍ မည်သည့်အောင်မြင်မှု ရရှိသည်ဟု ထုတ်ဖော်ပြောဆို သည်ကို မကြားကြရသေးပါ။ အကြောင်းမှာ မည်သည့်အောင်မြင်မှုမျှ မရရှိခဲ့သောကြောင့်လည်း ဖြစ်သည်။ ယခုအချိန်သည် ကုလသမဂ္ဂနှင့် တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) တို့က မြန်မာနိုင်ငံအတွင်း ရှေ့မတိုး နောက်မဆုတ်သာဖြစ်နေသည့် အခြေအနေများကို မည်သို့ကျော်လွှား ဆောင်ရွက်နိုင်မည်ကို ပွင့်လင်းရိုးသားစွာနှင့် တွန်းတွန်း တိုက်တိုက် ပြောဆိုဆောင်ရွက်ကြရတော့မည့် အချိန်ဖြစ်ပါသည်။

ယခုအချိန်သည် ကုလသမဂ္ဂနှင့် ၎င်း၏ “မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့” တို့က စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေကို သူ၏ နေပြည်တော်ဝပ်ကျင်းမှ ထွက်လာ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပါရန် တောင်း ဆိုကြရတော့မည့်အချိန် ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ယခုအချိန်သည် လော်စပီကာ အမှန်တကယ် သုံးရတော့မည့်အချိန် ဖြစ်ပါတော့သည်။




ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့်တွေ့ခွင့်ရသည်ကို မြန်မာ့အလင်းတွင် ဖော်ပြ


ကိုသက် | စက်တင်ဘာ ၃၊ ၂၀၀၈

တာဝန်ရှိသူများက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏တင်ပြချက်အရ အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွေ့ဆုံခွင့်ပြုခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။


ဦးကြည်ဝင်း (ဓာတ်ပုံ - မိုးမခ)
မြန်မာ့အလင်းသတင်းစာ၏ နောက်ဆုံးစာမျက်နှာတွင် “ဒေါ်အောင် ဆန်းစုကြည်က ရှေ့နေ ဦးကြည်ဝင်းနှင့် တတိယအကြိမ်တွေ့ဆုံ လိုကြောင်း တင်ပြသည့်အတွက် စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီတွင် ဦးကြည်ဝင်းအား ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ၀င်ရောက်တွေ့ဆုံနိုင်ရန် တာဝန်ရှိသူများက စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်” ဟု ဖော်ပြထားသည်။

ရှေ့နေကြီး ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်ချခံရခြင်း နှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အယူခံ ၀င်ရန် သြဂုတ်လ ၈ ရက်၊ ၁၇ ရက်နှင့် ယခုလတရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ ကြိမ် တွေ့ဆုံခဲ့သည်။

အာဏာပိုင်တို့က စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲတနာရီ၌ ဆက်ဆံ ရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံရန် စီစဉ်ထားကြောင်းနှင့် စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲတနာရီတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား ဒေါက်တာတင်မျိုးဝင်းက ကျန်းမာရေး စစ်ဆေးရန် လာရောက်မည်ဖြစ်ကြောင်းကို ဦးကြည်ဝင်းကတဆင့် မှာကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးကြည်ဝင်းမှလွဲ၍ မည့်သူ့ကိုမျှမတွေ့လိုသေးကြောင်း မှာကြားလိုက်သည်ဟု မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

၎င်းဖော်ပြချက်နှင့်ပတ်သက်၍ ရှေ့နေကြီး ဦးကြည်ဝင်းက “အဲဒီနေရာလေးမှာ သူတို့ (သတင်းစာ) နည်းနည်း ကျန်သွား လိမ့်မယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ကျနော်ပြန်ပြောပြမယ် … ဦးအောင်ကြည်နဲ့ တွေ့ဆုံလိုသောဆန္ဒ ရှိပါတယ်။ သို့သော် မပြေလည်သေးတဲ့ကိစ္စတွေ ရှိတယ်။ ဒါတချက် ... သူကိုယ်တိုင်ကလည်း ပင်ပန်းနေတယ်လို့ ပြောတယ်။ ဒါကို သဘောပေါက်နားလည် ခွင့်လွှတ်ပေးပါရန် ပြောပြပါတဲ့” ဟု သတင်းစာပါ အကြောင်းအရာကို ဖြည့်စွက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒေါက်တာ တင်မျိုးဝင်းနှင့် လွန်ခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နောက်ဆုံးအကြိမ် ကျန်းမာရေးစစ်ဆေးခွင့် ရခဲ့သဖြင့် မလိုအပ်သေး၍ မတွေ့ခြင်းဖြစ်နိုင်သည်ဟုလည်း ဦးကြည်ဝင်းက ဧရာဝတီကို ပြောသည်။

ယခုလတရက်က ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန် မိနစ် ၃၀ သာ ရရှိခဲ့ပြီး ထပ်မံတွေ့ဆုံရန် အကြောင်းကိစ္စများ ရှိနေသေးကြောင်း၊ အာဏာပိုင်တို့ကလည်း တွေ့ခွင့်ပေးမည်ဟု မျှော်လင့်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းအတွင်းရှိ ခြုံနွယ်များနှင့် မြက်ပင်များကို ရှင်းလင်းထားခြင်းမရှိသည့်အပြင် ခြံဝန်းတံခါးမှ နေအိမ်သို့ သွားရာလမ်းတလျှောက်တွင်လည်း ရေညှိများတက်နေကြောင်း၊ ၎င်းအတွက် အလုပ်သမားငှားရမ်းရန် ကိစ္စကို လည်း အကျိုးဆောင်ပေးရန်ရှိသည်ဟု ဦးကြည်ဝင်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

~EIGHT LIES OF A MOTHER~

~EIGHT LIES OF A MOTHER~

1.The story began when I was a child;
I was born as a son of a poor family.
Even for eating, we often got lack of food.
Whenever the time for eating, mother often gave me her portion of rice.
While she was removing her rice into my bowl,
she would say "Eat this rice, son. I'm not hungry".
That was Mother's First Lie


2.When I was getting to grow up,
the persevering mother gave her spare time for fishing in a river near
our house,
she hoped that from the fishes she got,
she could gave me a little bit nutritious food for my growth.
After fishing, she would cook the fishes to be a fresh fish soup,
which raised my appetite. While I was eating the soup,
mother would sit beside me and eat the rest meat of fish,
which was still on the bone of the fish I ate.
My heart was touched when I saw it.
I then used my chopstick and gave the other fish to her.
But she immediately refused it and said "Eat this fish, son.
I don't really like fish."
That was Mother's Second Lie.

3.Then, when I was in Junior High School,
to fund my study,
mother went to an economic enterprise to bring some used-matches boxes
that would be stuck in.
It gave her some money for covering our needs.
As the winter came,
I woke up from my sleep and looked at my mother who was still awoke,
supported by a little candlelight and within her perseverance she continued
the work of sticking some used-matches box.
I said, "Mother, go to sleep, it's late,
tomorrow morning you still have to go for work.
" Mother smiled and said "Go to sleep,
dear. I'm not tired."
That was Mother's Third Lie.

4.At the time of final term,
mother asked for a leave from her work in order to accompany me.
While the daytime was coming and the heat of the sun was starting to shine,
the strong and persevering mother
waited for me under the heat of the sun's shine for several hours.
As the bell rang, which indicated that the final exam had finished,
mother immediately welcomed me and poured me a glass of tea
that she had prepared before in a cold bottle.
The very thick tea was not as thick as my mother's love,
which was much thicker. Seeing my mother covering with perspiration,
I at once gave her my glass and asked her to drink too.
Mother said "Drink, son. I'm not thirsty!".
That was Mother's Fourth Lie.

5.After the death of my father because of illness,
my poor mother had to play her role as a single parent.
By held on her former job, she had to fund our needs alone.
Our family's life was more complicated. No days without sufferance.
Seeing our family's condition that was getting worse,
there was a nice uncle who lived near my house came to help us,
either in a big problem and a small problem.
Our other neighbors who lived next to us saw that our family's life
was so unfortunate,
they often advised my mother to marry again. But mother,
who was stubborn, didn't care to their advice,
she said "I don't need love."
That was Mother's Fifth Lie.

6.After I had finished my study and then got a job,
it was the time for my old mother to retire.
But she didn't want to; she was sincere to go to the marketplace every morning,
just to sell some vegetable for fulfilling her needs.
I, who worked in the other city, often sent her some money to help her
in fulfilling her needs,
but she was stubborn for not accepting the money.
She even sent the money back to me.
She said "I have enough money."
That was Mother's Sixth Lie.

7.After graduated from Bachelor Degree,
I then continued my study to Master Degree.
I took the degree, which was funded by a company through a scholarship program,
from a famous University in America .
I finally worked in the company. Within a quite high salary,
I intended to take my mother to enjoy her life in America .
But my lovely mother didn't want to bother her son,
she said to me "I'm not used to."
That was Mother's Seventh Lie.

8.After entering her old age,
mother got a flank cancer and had to be hospitalized.
I, who lived in miles away and across the ocean,
directly went home to visit my dearest mother.
She lied down in weakness on her bed after having an operation.
Mother, who looked so old, was staring at me in deep yearn.
She tried to spread her smile on her face;
even it looked so stiff because of the disease she held out.
It was clear enough to see how the disease broke my mother's body,
thus she looked so weak and thin.
I stared at my mother within tears flowing on my face.
My heart was hurt, so hurt, seeing my mother on that condition.
But mother, with her strength, said "Don't cry, my dear.
I'm not in pain."
That was Mother's Eight Lie.


After saying her eighth lie, She closed her eyes forever!

အမေ... ကျနော် အမေ့ကို အရမ်း သတိရနေတယ်...
--
May all PEACE and HAPPINESS be with you.

Best Regards
Bo Bo Han Htun Naing

စင်္ကာပူကရိုက်စားနောက်တခုသိထားရန်

ခုတ်မယ်ထစ်မယ်ပါးပါးလှီးမယ်(ကျော်သူ/ေ၇ွှဇီးကွက်)

မြတ်စွာဘုရား၏သားတော်ရဟန်းတော်များကို သက๎န်းချွတ်၍လူဝတ်လဲခွင့် အစိုးရတွင်မရှိပါ နိုင်ငံသားတိုင်းက ဆန့် ကျင်ပါ


မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင်သံဃာတပါးဖြစ်သည့် အရှင် ဂမ္ဘီရအား အဓမ္မ သင်္ကန်းချွတ်၊ လက်ထိပ် ခတ်ကာ ရုံးထုတ်သည့်အပေါ် အကျိုးဆောင်ရှေ့က ဥပဒေနှင့် ညီညွတ်ခြင်းမရှိသောကြောင့် အမှုကိုဆိုင်းငံ့ထားရန်လျှောက် လွှဲရာ တရားရုံးက ပယ်ချလိုက်သည်။

အရှင်ဂမ္ဘီရ

အရှင်ဂမ္ဘီရ၏ အကျိုးဆောင်ရှေ့နေဖြစ်သည့် ဦအောင်သိန်းက အရှင် ဂမ္ဘီရအား သံဃမဟာနာယက (မဟန) အဖွဲ့နှင့် သံဃာ့ဝိနည်းပြရုံးဌာနတို့၏ ဆုံးဖြတ်ချက်များမပါဘဲ တရားစွဲဆိုခြင်းများသည် ပါရာဇိကကံ မမြောက်သဖြင့် ၎င်းအမှုအား ဆိုင်းငံ့ထားပေးရန် လျှောက်လွှဲချက်ကို တရားရုံးက ပယ်ချလိုက်သည်ဟု ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

ရှေ့နေကြီး ဦးအောင်သိန်းက "ဦးဂမ္ဘီရရဲ့ဆန္ဒအတိုင်းပေါ့လေ … သူ့ကို ဖမ်းဆီးလူဝတ်လဲတာဟာ တရားတော်နဲ့ မညီဘူးပေါ့ … လျှောက်လွှဲချက်နဲ့တပါတည်း ဘာကိုပြောပြလဲဆိုတော့ စစ်တပ်မှာ လည်း စစ်စည်းကမ်း၊ စစ်ဥပဒေ ရှိတယ်။ စစ်သားတယောက်ကို အရေးယူမယ်ဆိုရင် စစ်ဥပဒေအရ အရေးယူပြီးမှသာလျှင် အရပ်ဖက်ရုံးကို လွှဲသင့်တဲ့အခါလွှဲတယ်။ ရဲမှာလည်း ထိုနည်းလည်းကောင်းပဲ ရှိကြတယ်။ အဲဒီတော့ ဿံဃာနဲ့ပတ်သက်တဲ့ အဆုံးအဖြတ်ပြုမယ်ဆိုရင်လည်း သက်ဆိုင်ရာ သံဃအဖွဲ့အစည်းကနေ ဆုံးဖြတ်ချက်ယူပြီးမှသာလျှင် လူဝတ်လဲရမယ်" ဟု ရှင်းပြသည်။

နိုင်ငံတော်ကစွဲဆိုခဲ့သောအမှုဖြစ်သည့်အပြင် ပြစ်မှုကြောင်းအရ စွဲဆိုထားသည့်အမှုဖြစ်သောကြောင့် တရားရုံးက ၎င်းအမှုကို ဆက်လက်စစ်ဆေးခွင့်ရှိသည်ဟု အကြောင်းပြန်သည်ဟုလည်း ဦးအောင်သိန်းက ပြောသည်။

အရှင်ဂမ္ဘီရသည် လွန်ခဲ့သည့်နှစ်ကပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး၏ ဦးဆောင်သံဃာတပါးလည်း ဖြစ်ပြီး လွန်ခဲ့သည့်နှစ် နိုဝင်ဘာလဆန်းတွင် အာဏာပိုင်တို့က ဖမ်းဆီးခဲ့သည်။ လွန်ခဲ့သည့်လလယ်ပိုင်းကစ၍ အင်းစိန်ထောင်ရှိ အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိပြီး အမှု ၉ မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီကလည်း သံဃာတော်များအား သင်္ကန်းချွတ်၍ ရုံးထုတ်ခြင်းသည် သံဃာတော်တပါးချင်းစီ၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့် သံဃာ့ဝိနည်းဓမ္မကံများကို ဖောက်ဖျက်ရာ ကျနေသဖြင့် ချက်ချင်းရပ်ဆိုင်းသင့်ကြောင်းကို ဥပဒေရှူထောင့်မှ ချဉ်းကပ်၍ ကြေညာချက်တစောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အထိ သံဃာတော်အပါး ၇၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ရဲဘက်စခန်းများ တွင် သံဃာတော် ၁၉ ပါး ပျံလွန်တော်မူသည်ဟု ဖော်ပြထားသည်။

အာဏာပိုင်တို့က သံဃာတော်များအား မတရားဖမ်းဆီးကာ ဆန္ဒမပါဘဲ သင်္ကန်းချွတ်နေသကဲ့သို့ နိုင်ငံရေး လှုပ်ရှားမှုများနှင့် မပတ်သက်အောင်လည်း ပိတ်ပင်တားဆီးမှုများ ပြုလုပ်လျက် ရှိသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ် ဇေယျဝတီကျောင်းတိုက်တွင် သီတင်းသုံးနေကြသည့် သံဃာတော်များကို နိုင်ငံရေးမလုပ်ရန် သံဃမဟာနာယကအဖွဲ့ (မဟန) က ယခုအပတ်အတွင်း လက်မှတ်ထိုးခိုင်းသည်ဟု ၎င်းကျောင်းတိုက်နှင့်နီးစပ်သည့် သံဃာတပါးက မိန့်ကြားသည်။

"သမဏသာရုပ္ပဖြစ်အောင် နေပါ့မယ်ဆိုတဲ့ဝန်ခံကတိ လက်မှတ်ထိုးရတာပါ။ အဓိကကတော့ နိုင်ငံရေး မလုပ်ပါဘူးဆိုတာ ကိုပေါ့။ ဒါက မဟန ကလုပ်တာလို့သိရတယ်" ဟု အဆိုပါ သံဃာက မိန့်ကြားသည်။

အဆိုပါ ဇေယျဝတီကျောင်းတိုက်တွင် သံဃာအပါး ၇၀ ခန့် သီတင်းသုံးလျက်ရှိပြီး ယခင်က နာမည်ကြီး စာသင်တိုက် တတိုက် ဖြစ်သည်။ ၎င်းကျောင်းတိုက်ရှိ အပြင်ထွက်နေကြသည့် သံဃာတချို့မှအပ သံဃာအားလုံးလိုလို လက်မှတ်ထိုး လိုက်ရကြောင်း သိရသည်။
"သံဃာတွေဆိုတာက ကျောင်းထိုင်တွေရဲ့အောက်မှာရှိကြတာဆိုတော့ ထိုးလိုက်ရတာပေါ့။ သူတို့တွေက (အာဏာပိုင်များ) ကျောင်းထိုင်တွေကို ဖိအားပေးထားတာကိုး ... ဒါပေမယ့် လက်မှတ်ထိုးလဲ ကိုယ့်စိတ်ထဲပါမှပဲ ဖြစ်တာပါ" ဟု အဆိုပါသံဃာ က ဆက်လက်မိန့်ကြားသည်။