Sunday, September 7, 2008

နအဖစစ်အစိုးရအား ကုလသမဂ္ဂမှ ဖယ်ရှားပေးပါရန်တင်ပြတောင်းဆိုမည်



စက်တင်ဘာ ၆

မြန်မာစစ်အစိုးရသည် တရားဝင် အစိုးရမဟုတ်ဆိုကာ တိုင်းပြည်ကိုယ်စားမပြုနိုင်သည့် အတွက် ကုလသမဂ္ဂမှ ဖယ်ရှားပေးပါရန်တင်ပြ တောင်းဆိုဖြစ်ကြောင်းသတင်းရရှိသည်။

မြန်မာရဟန်းတော်များအဖွဲ့ ချုပ်(သာသနာ့မောလိ)၊ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ(အင်န်စီယူဘီ)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (အင်မ်ပီယူ)၊ ပြည်ပရောက် ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့ ၊ဂျပန်နိုင်ငံမြန်မာ့အရေး လှုပ်ရှားမှု ပူးတွဲ ကော်မတီတို့ ဦးဆောင်လုပ်ဆောင်ခြင်းဖြစ်သည်။

ယခုတင်ပြမည့်အရေးတွင် တင်ပြချက်ကို စစ်ဆေးရေးရာတွင် ဗီတိုအာဏာဖြင့် ပယ်ချနိုင်သည့် အခွင့်အရေးမရှိကြောင်း လည်းသိရ သည်။

အဝေးရောက် မြန်မာ့စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် လက်မှတ်ရေးထိုးပြီးပါက စက်တင်ဘာ ၉ ရက်နေ့တွင် ကုလသမဂ္ဂရုံးသို့ တင်ပြမည်ဖြစ် ကြောင်းသတင်းရရှိသည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေးဆိုးလွန်းနေ

စက်တင်ဘာ ၇။ ဆက်ပွား
နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကျန်းမာရေးဟာ အိပ်ယာထဲပက်လက် ဖြစ်နေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထား ရောက်ရှိနေပြီလို့ ကြားသိရပါတယ်။

“စင်ကာပူသွားဖို့ ပြင်နေတယ်လို့ ကြားရတယ်။ ဒီတခါတော်တော်လေးဖြစ်နေတယ်တဲ့။ စစ်တပ်တွင်းအရာရှိတွေကြားမှာ ပြောနေသံတွေ တော့ ကြားတယ်။ သေလဲသေသင့်နေပါပြီ”လို့ စစ်တပ်တွင်းအရာရှိတဦးမှပြောပါတယ်။ အသဲအသန်ဖြစ်နေတယ်လို့ ကြားတယ်။ စင်ကာပူက ပါရဂူတွေကိုခေါ်ပြီး အရင်ကုမယ်။ မရမှ စင်ကာပူကိုသွားမယ်လည်း ကြားကြောင်း နအဖနှင့် နီးစပ်ရာ သတင်းရပ်ကွက်မှ လည်း သိရပါတယ်။ စင်ကာပူကို မရောက်လာသေးပါဘူး။ ရောက်လာရင်တော့ သိရမှာပါဟု စင်ကာပူရောက် နအဖအသိုင်းအ၀ိုင်းနှင့် နီးစပ်ရာသတင်းရပ်ကွက်မှပြောပါတယ်။။

“အဘိုးကြီး ကျန်းမာရေးဆိုးနေတာဖြစ်နိုင်တယ်။ နေပြည်တော်ကနေပျောက်သွားပြီ စင်ကာပူမရောက်ဘူးဆိုရင် ဘယ်ပျောက်နေလဲ တော့ မသိဘူး”ဟု ကြားနေရပြီး အဖိုးကြီးကို တည်ပြီး နေရာယူထားသူတွေနဲ့ အခွင့်ရေးယူထားသူတွေ မျက်နှာမကောင်းကြတာတွေတော့ တွေ့နေရကြောင်းကို စစ်အရာရှိတွေကြားတွင် ပြောဆိုနေကြောင်း ကြားသိရသူ စစ်အရာရှိတဦးမှ ပြောပါတယ်။


ဇရပ်ပြုပြင်စဉ်မင်းကွန်းခေါင်းလောင်းကြီးပြိုကျစဉ်




ငါးကင်စားကြသူများ

ငါးကင်စားကြသူများ


မနက်...၆း၀၀ နာရီ...
နာရီ..စက်သံတို့ .. စည်းချက်နဲ့ လုပ်ရှား...
'ဟောဒီက.. ပဲပြုတ်... '
နံနက်ခင်းရဲ့ ..နှိုးစက်...
ဒီလိုနဲ့ ... နေ့ တစ်နေ့ ရဲ့ .. ကန့် လန့် ကာဖွင့်...


၇း၃၀....
လူသံ..ကားသံ..
လက်ဖက်ရည်ဆိုင်က.. သီချင်းသံ...
ဒီနေ့ တော်တော်ရောင်းရတယ်...
ပန်းသည်ရဲ့ အပြုံး...
ခုထိဈေးဦးမပေါက်သေးဘူး...
တစ်ချို့ တွေက.. ညည်းတွား...
ဂျာနယ်တွေဈေးတက်ကုန်ပြီ...
လက်ဖက်ရည်တစ်ခွက်..၃၀၀
ဒီနေ့ ကျူတိုရီရယ်ရှိတယ်...
ကျောင်းသူတစ်ယောက်ရဲ့ စကား...
ရင်ခုန်သံပေါင်းများစွာ...မျှော်လင့်ချက်တို့ အသစ်...
နေ့ တစ်နေ့ ရဲ့ အစ...



ရင်ခုန်သံ.. ၉း၀၀ နာရီ....
မနေ့ က....စာရင်းတွေ... မပြီးသေးဘူး...
လုပ်ငန်းခွင်ထဲက.. စကား...
ဒီနေ့ ဒေါ်လာဈေးတက်တယ်...
ရွှေကတော့.. အေးနေတုန်းဘဲ...
ကားစပယ်ယာရဲ့ .... အမိန့် ပေးသံအောက်မှာ...
စက်ရုပ်တွေလို လှုပ်ရှား...
ဒါ.... နေ့ တစ်နေ့ ရဲ့ ... မနက်ခင်းတဲ့ ..လား....



ဒီလိုနဲ့ ... ၁၂း၀၀ နာရီ...
ထမင်းစားချိန်..အနားပေး...
၃၉..လမ်းထိပ်က...ထမင်းဆိုင်ဈေးသက်သာတယ်...
ဘဲဥ နဲ့ မှ.. ၃၀၀.တည်း...
ထမင်းချိုင့်..ကိုယ်စီဆွဲလို့ ...
အလုပ်ထဲက... ပင်ပန်းမှုတွေ...
ထမင်း..တစ်လုပ်နဲ့ ..မျှောချ..
တစ်ခါတစ်လေတော့လည်း...
ဘယ်မျိုကျလိမ့်မလဲ....


ညနေ..၅း၀၀နာရီ...
အိပ်တန်းပြန်ချိန်..ရောက်ပြီ....
မှတ်တိုင်တွေမှာ...လူပင်လယ်...
ကားကြပ်တယ်ဆိုတဲ့ ...ဝေါဟာရ...နားမလည်ဘူး...
နောက်ကျရင်.. ၃၀၀.ကားနဲ့ တိုးနေမယ်...
လမ်းဘေးလက်ဖက်ရည်ဆိုင်က...
ခင်ဝမ်းရဲ့ ... ဆော်လမွန်.ငါးတို့ အပြန်...
လူလှိုင်းတွေထဲ..မျောလွင့်နေလေရဲ့ ...

ည ၇း၀၀ နာရီ...
ကိုရီးယားကားလေးလဲ...ကြည့်ဦးမှ...
မီးပျက်လို့ မဖြစ်ဘူး..
ဒါဇာတ်သိမ်းပိုင်း...
ဖန်ခွက်ချင်းထိသံ.....
ယနေ့ အကြွေးမရပါ...
မီးရောင်...မှိန်မှိန်အောက်မှာ..
ဘ၀အမောတွေကို... အရည်ဖျော်ပစ်နေကြတယ်....