Wednesday, September 17, 2008

အာဏာရူး

ဒီနေ့မြန်မာ့အလင်းမှာပါတဲ့ ကျော်မင်းအေးရဲ့ဆောင်းပါးကကောက်နုတ်ချက်ဖြစ်ပါတယ်။
နအဖအဖွဲ့နဲ့ဘုရားထူးသူကိုသာကောင်းစားစေတဲ့သန်းရွှေကတော့အထက်ကဝေါဟာရ
နှစ်ခုလုံးမှာအကြုံးမ၀င်ပဲအာဏာရူးသက်သက်သာဖြစ်ကြောင်းပါ။ ။

အပြင်မှာရောသတင်းမှာပါမတွေ့ရတော့တဲ့အတွက်မသေသေးရင်တောင်ငရဲပြည်သွားဖို့ဆန့်ငင် ဆန့်ငင်ဖြစ်နေသည်မှာ
အသေအချာပင်။အခုတလောနေပြည်တော်တွင်လည်းအရာရှိစစ်ကားများပုံမှန်ထက်ပို၍ယောက်ယက်ခတ်နေကြောင်းသိ
ရသည်။ ။

ဲမြန်မာအချို့အား ဗီဇာတိုးမပေးသည့်ကိစ္စ စင်ကာပူဝန်ကြီး ရှင်းလင်း



ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

နှစ် ၂၀ ပြည့် နဝတ၊ နအဖထံသို့ ပေးပို့သည့်သဝဏ်လွှာ
မင်းသက်အောင် စက်တင်ဘာ ၁၇၊ ၂၀၀၈။

ဗိုလ်သန်းရွှေတို့ စစ်အုပ်စု ဖန်တီးရေးသားပြီး ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်လိမ်ညာထောက်ခံမှု အတင်းအဓမ္မ မရမက ရယူခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေပါ အခန်း(၁) - ပုဒ်မ(၄၇)မှာ ပါရှိတဲ့ 'နိုင်ငံတော်' ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ '`နိုင်ငံတော် ဆိုသည်မှာ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပါယ်ကို ထောက်၍ ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို ဆိုလိုသည် " ဟု ဖေါ်ပြထားသည့်အတွက် ဗိုလ်သန်းရွှေသည်
နိုင်ငံတော်သည် ဗိုလ်သန်းရွှေ လို့ သတ်မှတ်ရပါမယ်၊ ဟုတ်ပါ့ဗျား!

ရာစုဝက်နီပါး တလျှောက်လုံး အာဏာသိမ်းပြီး တိုင်းပြည်ကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့ မြန်မာစစ်အစိုးရနဲ့ နောက်လိုက်တပည့်သားတွေဟာ နိုင်ငံတော်ကို သူတို့ရဲ့ ဘိုးဘွားပိုင် ပစ္စည်းတစ်ခု အမွေရထားသလို မှတ်ယူလာပြီး အာဏာကို လက်မလွတ်စတမ်းး၊ အငမ်းမရ၊ ကျားကုတ်ကျားခဲ ဖက်တွယ်ထားပြီး သူတိုတွေသာလျှင် နိုင်ငံတော်ကို အစစ်အမှန် ချစ်တဲ့သူတွေ၊ အမျိုးကို ကာကွယ်စောင့်ရှောက်နေတဲ့သူတွေ၊ မိမိယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းတတ်သူတွေလို့ စိတ်မာန်ကြီးတွေ ဝင်နေပြီး သူတို့ရဲ့ နောက်လိုက် ငယ်သားတွေ အထက်က အောက်အထိတိုင် ခံယူတတ်လာကြအောင် အဆင့်ဆင့် သင်ကြားလေ့ကျင့်ပေးခဲ့ကြပါတယ်။ တွေးကြည့်ယင် မြင်လာမှာ။

တိုင်းပြည်ချောက်ထဲ မကျအောင် ၁၉၆၂ မတ်လ ၂ ရက်မှာ ဗိုလ်နေဝင်း၊ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်စောမောင်တို့ အသီးသီးတို့ ကယ်တင်ရှင်ကြီးများအဖြစ် ကိုယ့်ဟာကို ဘွဲ့တပ်ကြပြီး နိုင်ငံတော်ကြီးကို
ကာကွယ်ခဲ့သတဲ့ - ဆိုသဗျာ့။ ဗိုလ်နေဝင်း အာဏာမသိမ်းခင်ကဆို လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟာ အာစီယံ ၁၀ နိုင်ငံမှာ အချမ်းသာဆုံးပါပဲ၊ အဲဒီလို ဗိုလ်နေဝင်း ကယ်တင်ခဲ့တာ မယားတွေက တသီကြီး မရေမတွက်နိုင်ခဲ့၊ နိုင်ငံတော်ဘဏ္ဍာကို သူ့ဘိုးဘွား ဘဏ္ဍာလို မှတ်ယူပြီး သုံးခဲ့ဖြုန်းခဲ့၊ ကမ္ဘာမှာ သူများမကြားဘူတဲ့ "မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်စနစ်" ဆိုလား တိုင်းပြည်ကို ဦးဆောင်လာခဲ့တာ ၁၉၈၈ အထိပါပဲ - ကြုံခဲ့ကြမှာပါ။

ဒီနောက် ဗိုလ်စောမောင်က ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာဆက်ပြီး သိမ်းပြန်တယ်၊ အဲဒါလည်း တိုင်းပြည် ချောက်ထဲကျမှာ စိုးလို့ တပ်မတော်က ဆက်လက်ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံ ကယ်တင်လိုက်တယ် လို့ ကိုယ့်ဟာကို ချီးမွန်းခန်းတွေဖွဲ့၊ ရေဒီယို ရုပ်မြင်သံကြားကနေတဆင့် အရက်မူးလာရင် တိုင်းပြည်ကို မိန့်ခွန်း ရှည်ကြီးတွေကို တိုက်ရိုက် အမှာချွေလေ့ရှိပြန်သတဲ့၊ သိပြီးသားတွေပါ။

ဗိုလ်စောမောင်ကလည်း သူ့ကိုသူ ကျန်စစ်သားမင်းကြီး ဝင်စားလာရော့သလား ဆိုပြီး စိတ်ကြီးဝင်နေတာကို သူ့လက်အောက် မီဒီယာသမားတွေက အပေါ်ကို ထပ်ပြီး ပင့်ကော်ပေးပြန်တော့ ဘာပြောကောင်းမလဲဗျာ နောက်ဆုံးတော့ ရူးသွပ်သွားရတာပါဘဲ၊ ပြည်သူတွေကို သေနတ်စာ ကျွေးပြီး တက်လာတဲ့ အဲဒီပုဂ္ဂိုလ်နှစ်ပါး တမလွန်လားတဲ့အဖြစ် အင်မတန် ရင်ကွဲရရှာတယ်၊ သူတို့အသုဘချပွဲတွေမှာ နိုင်ငံတော်အကြီးအကဲ ဖြစ်ခဲ့ကြတာမို့ နိုင်ငံတော်ဈာပနအနေနဲ့ စစ်အခန်းအနား ပြည့်ပြည့်စုံစုံ၊ ဂုဏ်သရေရှိစွာနဲ့ သူ့တပည့်တွေက ဂုဏ်ပြုကြမှာပဲ လို့ စိတ်ကူးယဉ်ခဲ့ကြတာ သေတဲ့အခါ မသာချတော့ သူတောင်းစား အသုဘလောက်တောင် လူမများခဲ့ပါဘူး - မှတ်မိကြမှာပါ။

အခုလည်း ဒ်ီစနစ်ဆိုး အမွေဆိုးတွေကို ဆက်ခံရရှိထားသူ ဗိုလ်သန်းရွှေသည်လည်း သူ့အရင့်အရင် ဆရာ့ဆရာ တွေလိုပါဘဲ၊ တမလွန်ဘဝ စခန်းကို မြန်းဖို့ အိပ်ယာထဲမှာ လျောင်းတော်မူနေရတဲ့အကြောင်း သတင်းလောက တွေထဲမှာ အခုတလော ဖတ်ရှုနေရပါတယ်၊ ဗိုလ်သန်းရွှေဟာ သူမသေခင်မှာ သူ့တပည့်တပန်းတွေ စိုးရိမ်ကြောင့်ကြမှု မရှိရလေအောင် ၁၄ နှစ် ဝန်းကျင် အချိန်ဆွဲ ရေးယူထားတဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ရာသက်ပန် အာဏာရှိရေးနဲ့ စစ်အစိုးရ တရားဝင်မှု ရှိရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ "နာဂစ်" သဘာဝဘေးဒဏ်ကိုလည်း ဂရုမပြု သူ့လက်အောက် လူမှုရေးအသင်းအဖွဲ့အမည်ခံ "တိရစ္ဆာန်အသင်း "(ကြံ့ဖွတ်) အားကိုးနဲ့ ဗြောင်ကျကျ အကြံအဖန်လုပ် အတည်ပြုခဲ့ပေးခဲ့တာ - အများအသိပါ။

မဆလအမည်ပြောင်း၊ နဝတအသွင်ပြောင်း နအဖ စစ်အုပ်ရဲ့ ခေါင်းဆောင်အဆက်ဆက် (နေဝင်း၊ စောမောင်၊ သန်းရွှေ) တို့တတွေဟာ တိုင်းပြည်ဘဏ္ဍာကို သုံးဖြုန်းတတ်တာက လွဲယင် ဘာမှမလုပ်တတ်ပါဘူး၊ သေချာတာက သူတို့နဲ့ အပေါင်းအပါတွေ ချမ်းသာဖို့ ပြည်သူတွေကို ဆင်းရဲတွင်းနက်ကြီးထဲ တွန်းပစ်ချဖို့ပါဘဲ။

သတ်တာဖြတ်တာ ဆိုယင် သူတို့အချင်းချင်းတောင် မညှာကြဘူး၊ ဒီတော့ သံဃာတော်တွေ၊ ပြည်သူတွေကို လက်ရဲဇက်ရဲ သတ်ဖြတ်ရဲတဲ့ အကျင့်စရိုက်ဆိုးကြီးဟာ သူတို့အဝန်းအဝိုင်းမှာ အဆန်းကြီးတော့ မဟုတ်လှပါဘူး - ကြုံခဲ့ကြမှာပါ။

ဗိုလ်နေဝင်း နဲ့ ဗိုလ်အောင်ကြီးတို့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲခဲ့တဲ့ကိစ္စ လူရှေ့သူရှေ့မှာ ရှင်းကြရတော့ သူ့ကို ငါလက်ညှိးထိုး၊ ငါ့ကို သူလက်ညှိုးထိုးပြီး အပစ်ပုံချတတ်ကြသလို ၈၈ အရေးအခင်း၊ ၂၀၀၇
သံဃာတော်တွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကိုလည်း ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့မှာ "အကြွေး" ကျန်ရှိနေပါသေးတယ် လို့ ဆိုလိုက်ပါရစေ။



မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား


ဗညားဟံသာ စက်တင်ဘာ ၁၇၊ ၂၀၀၈။

အာဏာရေးသည် မြန်မာပြည်၏ နိုင်ငံရေးပြဿနာ ဖြစ်သည်ဟု ခေတ်သစ်ဗမာ့နိုင်ငံရေးခေါင်းဆောင်တို့က ယူဆကြသည်။ စာအုပ်စာတမ်းပေါင်းများစွာ ရေးသားကြသည်။ ၎င်းတို့၏အယူအဆနှင့် အတွေးအခေါ်များကိုလည်း အခွင့်အခါသင့်တိုင်း ဆွေးနွေးတင်ပြငြင်းခုံခဲ့ကြသည်။ အာဏာရေး၊ အာဏာရယူရေး၊ အာဏာလုတိုက်ပွဲ၊ အာဏာခွဲဝေရေး၊ အာဏာသိမ်းစစ်တပ်၊ အာဏာရူးစစ်အုပ်စု၊ အာဏာမက်စစ်ဗိုလ်ချုပ် စသောဝေါဟာရများကို ခေတ်သစ် သတင်းစာနယ်ဇင်း မီဒီယာတွင် ဖတ်ရသည်။ အာဏာရေးကို ဘာကြောင့် ပြဿနာ ဖြစ်သည်၊ ပြဿနာကို ဘာကြောင့် မဖြေရှင်းနိုင်သည်။ အာဏာရေးပြဿနာကို ဘယ်လိုဖြေရှင်းရမည် စသောစစ်တမ်းချက်များ ကောက်ချချက်များကို သာမန်နိုင်ငံရေး စကားဝိုင်းတွင် မတွေ့မြင်ရသေးချေ။ ၎င်းအပြင် အာဏာရေးပြဿနာကို နှစ်ပေါင်း ၆၀ ကျော် ကျွန်ုပ်တို့ မြန်မာပြည်တွင် မဖြေရှင်းနိုင်ခဲ့သည်ကို ဘယ်သူ့၊ မည်သည့်နိုင်ငံရေး ခေါင်းဆောင်တွင် တာဝန်ရှိသည်ကိုလည်း ကျွန်ုပ်တို့သာမန်နိုင်ငံသားတွေ တွေ့ဆုံဆွေးနွေးခွင့် သိပ်မရှိခဲ့ပေ။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာသည် “အာဏာရေး” ပြဿနာ ဖြစ်ကြောင်းကို ယေဘုယျအားဖြင့် လက်ခံကြပေသည်။ ဖဆပလ ခေတ်မှ မဆလခေတ်၊ မဆလခေတ်မှ နဝတ၊ နအဖခေတ် နှစ်ပေါင်း ၆၀ အတွင်း ဗမာအချင်းချင်း အာဏာလုရေးကို သမိုင်းက သက်သေပြခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း၊ သခင် သန်းထွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းတွင် လုပ်ကြံရန် စီစဉ်ခဲ့ခြင်း။ မကြာမီအတွင်းက ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး ဗဒိုမန်းရှာ လာဖန်းကို မဲဆောက်မြို့ပြနေအိမ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းနှင့် တခြားအကြမ်းဖက်မှုများကို ထောက်ရှုလျှင် အာဏာရေးကြောင့် ဖြစ်ပေါ်ခဲ့ကြောင်းကို သမိုင်းသက်သေပြခဲ့သည်။ ယခု အတောအတွင်းလည်း နဝတ နအဖ အကြောင်း၊ အာဏာသိမ်းမှု၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အကျယ်ချုပ် ဖမ်းဆီးမှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီးထောင်ချမှုသည် အာဏာရေးပြဿနာ ဖြစ်ကြောင်းကို ကျွန်ုပ်တို့လက်ခံရပေမည်။ ဤသက်သေပြချက်များဖြင့် မြန်မာပြည်၏ နိုင်ငံရေးပြဿနာသည် အာဏာရေး ပြဿနာဖြစ်သည်ဟု ကောက်ချက်ချလျှင် လုံလောက်ပြီးလော။ အာဏာရေး ပြဿနာ ဖြေရှင်းလိုက်လျှင် (သို့) အာဏာခွဲဝေပေးလျှင် (ဗမာ့အုပ်စုအချင်းချင်း) အာဏာခွဲဝေပေးလျှင် တိုင်းပြည်ပြဿနာ အဆုံးသတ်ပြီးလော။ ယနေ့ခေတ် ခေတ်သစ် မြန်မာပြည် နိုင်ငံရေးခေါင်းဆောင်များ စမ်းစစ်သင့်ပေသည်။

မြန်မာပြည် နိုင်ငံရေးပြဿနာသည် အာဏာရေး ပြဿနာမဟုတ်၊ အာဏာရေးပြဿနာသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အမျိုးသားစွဲ ဝါဒရေးရာစွဲနှင့် ကျဉ်းမြောင်းသော၊ မပွင့်လင်းသော၊ မရင့်ကျက်သော အမှန်တရားကို ဖုံးကွယ်သော၊ မမျှတသော နိုင်ငံရေးခေါင်းဆောင်တို့၏အယူအဆမှ ပေါက်ဖွားလာသော ပြဿနာ ဖြစ်သည်။ မြန်မာပြည် ယနေ့ခေတ် ပြဿနာသည် မှားယွင်းနေသော၊ ပျက်ကွက်နေသော၊ မတည်မြဲသော၊ တဖက်စွန်းနေသော နိုင်ငံရေး တည်ဆောက်မှု အဆောက်အအုံကြောင့် ဆက်လက် ပေါ်ပေါက်နေသော ပြဿနာ ဖြစ်သည်။ ဘာကြောင့်နည်း။

၁၉၆၂ ပတ်ဝန်းကျင်တွင် လွတ်လပ်ရေးရပြီးနောက် ၁၀ နှစ်အကြာလောက်တွင် တိုင်းရင်းသားတို့၏ အုပ်ချုပ်ခွင့် (ကိုယ်ပိုင်ပြဌာန်းခွင့်) ကို လွှတ်တော်တွင် တောင်းဆိုရာတွင် ဗမာ့စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းခဲ့ခြင်း။

၁၉၈၈ ပြည်သူ့သပိတ်မှောက်မှုတွင်မှ ဆက်လက်ပေါ်ပေါက်လာသော ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများက ဒုတိယ အများဆုံး လွှတ်တော်ကိုယ်စားလှယ် အရွေးခံရမှုကို စစ်တပ်က ထောက်ရှုပြီး အန်အယ်ဒီကို လုံးဝ အာဏာလွှဲမပေးခဲ့ခြင်း။

၁၉၉၀ - ၂၀၀၈ ယနေ့တိုင်အောင် တိုင်းရင်းသားခေါင်းဆေါင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက မြန်မာပြည်ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ၊ တရားမျှတစွာ၊ အေးအတူ ပူအမျှ စစ်မှန်သော ပြည်ထောင်စု (ဖက်ဒရယ် ပြည်ထောင်စု) တည်ဆောက်ရန် အပစ်အခတ်ရပ်စဲခြင်း၊ ဆွေးနွေးပွဲ ခေါ်ယူရေး တောင်းဆိုခြင်း၊ အမျိုးသားညီလာခံကို တက်ရောက်ပြီး တိုင်းရင်းသားပြည်နယ်များ သီးသန့် အုပ်ချုပ်ရေးပေးခြင်း စသော တောင်းဆိုမှုကြောင့် နဝတ နအဖက တဖက်သတ် ပြည်သူ့ဆန္ဒ ခံယူပွဲ ခေါ်ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ခြင်း။

ဤအကွေ့အပြောင်း အကြောင်း ၃ ရပ်သည် မြန်မာပြည်တွင် နှစ်ပေါင်းထောင်ပေါင်းများစွာ အေးအတူ ပူအမျှ နေထိုင်လာခဲ့သော တိုင်းရင်းသားတို့၏ “အခွင့်အရေး”ကို တားမြစ်ပိတ်ပင် ကန့်သတ်ချုပ်ချယ်လိုသော ဝါဒကြောင့် ဆက်လက်ပြီး မြန်မာပြည်တွင် အာဏာရေး ပြဿနာကို ပြတ်သားစွာ သို့မဟုတ် ရိုးသားစွာ မဖြေရှင်းနိုင်ခဲ့ချေ။

ကျွန်ုပ်တို့တွေ့ကြုံနေသော မြန်မာပြည်သည် အာဏာရေးပြဿနာထက် အမျိုးသားရေး (သို့) နိုင်ငံရေးပြဿနာ ဖြစ်သည်။ အမျိုးသားရေးဟု ဆိုရာတွင် တိုင်းရင်းသားအရေးသည် မြန်မာပြည်၏ ပင်မရေသောက်မြစ် ဖြစ်ကြောင်းကို အထက်ပါသမိုင်းကြောင်းများက သက်သေပြခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲသည် ဤပြဿနာကို မဖြေရှင်းနိုင်ချေ။ ဘာကြောင့်နည်း။ တိုင်းရင်းသားခေါင်းဆောင်များက အမှုမဲ့ အမှတ်မဲ့ သဘောပိုက်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း ခေါ် လက်နက်ချလျှင် နှစ်ပေါင်း ၅၀ ကျော် အသက်ပေးခဲ့သော ထောင်ပေါင်းများစွာသော တိုင်းရင်းသား တော်လှန်ရေးသမားတို့၏ ကတိသစ္စာကို ဖောက်ဖျက်ရာအဖြစ် သမိုင်းအတင်ခံရမည်ကို တိုင်းရင်းသားခေါင်းဆောင်(တချို့)က ကောင်းစွာ သဘောပေါက်သည်။ ၎င်းအပြင် ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များက သူတို့အတွက် ရွေးကောက်ပွဲတွင် အရွေးခံရသည်ဖြစ်စေ၊ အရွေးမခံရသည်ဖြစ်စေ ၂၀၁၀ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လက်တွေ့တွင် စစ်တပ် ဦးဆောင်သော အစိုးရ ဖြစ်သည့်အတွက် ဘာမျှ ပြုပြင်ဆောင်ရွက်ခွင့် မရှိချေ။

မြန်မာပြည် အာဏာရေး ပြဿနာကို တိုင်းရင်းသား ခေါင်းဆောင်များက တရားမျှတသော နိုင်ငံရေးစနစ် ပြုပြင်ပေးရန် တန်းတူညီမျှသော နိုင်ငံရေးစနစ် ဖော်ဆောင်ကြရန်၊ စစ်မှန်သော လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် တဆင့်တဆင့် တည်ထောင်သွားကြရန်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

ထို့ကြောင့် မြန်မာပြည်ကို အာဏာရေး ပြဿနာမှ ကျော်လွန်ပြီး အမျိုးသားရေး ပြဿနာအဖြစ် သဘောပေါက်ကြဖို့ ကျွန်ုပ်တို့ခေတ်တွင် ယူဆဆင်ခြင်သင့်လေသည်။ အာဏာရေးပြဿနာကို အမျိုးသားခေါင်းဆောင်များက အကြောက်ကင်းမဲ့စွာ ပွင့်လင်းစွာနှင့် တရားမျှတစွာ စားပွဲခုံပေါ်တွင် ရက် ၁၀၀ အတွင်း ဖြေရှင်းနိုင်သည်။


17-09-2008 သတင်း

ရွှေတိဂုံတွင် သံဃာတော်တပါး အဆုံးစီရင်ရန် ကြိုးပမ်း၊ (အေပီ)
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 22:39 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရွှေတိဂုံ ရင်ပြင်ပေါ်တွင် သံဃာတော်တပါး ဗုဒ္ဓဟူးနေ့က မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်ကြောင်း သိရသည်။

ငွေရေးကြေးရေး အခက်အခဲ ရှိနေဟန်ရှိသော အဆိုပါ အသက် ၅၀ ခန့်ရှိ သံဃာတော်မှာ မိမိလည်ပင်းကို ဓားဖြင့်လှီး၍ အဆုံးစီရင်ရန် ကြံစည်ခြင်းဖြစ်ပြီး သူ့ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု အေပီ သတင်းတရပ်တွင် ပါရှိသည်။

ဘွဲ့အမည်ကိုလည်း မသိရသေးသော ထိုသံဃာတော်မှာ ရန်ကုန်သို့ နယ်မှ လာရောက်ဆေးကုသနေသူ ဖြစ်ပြီး ငွေပြတ်လပ်မှုများကြောင့် စိတ်ညစ်၍ မိမိကိုယ်ကို အဆုံး စီရင်ခြင်းဖြစ်သည်ဟု ပြောကြောင်း မျက်မြင်များ၏ ပြောပြချက်ကို အဆိုပါ သတင်းက ကိုးကား ဖော်ပြထားသည်။

ယခု ထိုသံဃာတော် အခြေအနေမှာ တည်ငြိမ်သော အနေထားကို ပြန်ရောက်နေပြီဟု ရွှေတိဂုံ ဘုရား ဂေါပကများက ပြောသည်ဟု ဆိုသည်။

ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ရှိသူများက တစုံတရာ ပြန်လည် ဖြေဆိုခြင်း မရှိ၍ အသေးစိတ် အခြေအနေကို မဇ္ဈိမမှ မထုတ်ပြန်နိုင်သေးပါ။

ရွှေတိဂုံရင်ပြင်ပေါ်၌ ယခုကဲ့သို့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှာ ဒုတိယ အကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းကလည်း ကျော်ဇင်နိုင် (၂၆) နှစ်သည် စစ်အစိုးရ ကျဆုံးပါစေဟု ကြွေးကြော်ပြီး မိမိကိုယ်ကို မီးရှို့ခဲ့သေးသည်။
သူသည် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ပြီး ၁ လခန့် အကြာတွင် မီးလောင်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။


မြို့နယ် တရားရုံးများတွင် လုံခြုံရေး တိုးမြင့်ချထား
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 22:52 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ် စစ်ဆေးရာ မြို့နယ် တရားရုံးများတွင် လုံခြုံရေးရဲများ၊ လက်နက် အပြည့်အစုံဖြင့် လုံခြုံရေး ချထားကြောင်း သိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အပါအဝင် သင်္ကန်းကျွန်း၊ ကျောက်တံတား၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ အစရှိသည့် နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ် စစ်ဆေးလေ့ရှိသည့် မြို့နယ် တရားရုံးများတွင် သြဂုတ်လ နောက်ဆုံးအပတ်မှ စတင်ကာ လည်ပတ်အနီ လုံထိန်းရဲများ၊ တရုတ်ထုတ် (FAW) ကားများဖြင့် လုံခြုံရေး ချထားကြောင်း ရန်ကုန်မှ မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

“တပ်စိတ် တစိတ်စာလောက် ရှိတယ်။ တရားရုံးတိုင်း လိုလိုမှာ ချထားတယ်။ ကိုမင်းကိုနိုင် တို့ကို ရုံးမထုတ်ခင် သုံးရက်အလိုမှာ စပြီး ချထားတာ” ဟု နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ် စစ်ဆေးရာတွင် လိုက်ပါ ဆောင်ရွက်ပေးနေသူ တဦးက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများ ကိစများကို ကူညီ ဆောင်ရွက်ပေးနေသူ ကျောင်းသားတဦးမှလည်း “ဖမ်းထားတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ရုံးထုတ်တဲ့ တရားရုံးတွေမှာ ချထားတာ တွေ့ရတယ်။ ကျနော် တွေ့တာကတော့ အဲဒီရုံးတွေမှာ အောက်ခန်းတွေမှာ ရဲကင်း လုပ်ထားတယ်။ အဲဒါ ရုံးတိုင်း ရုံးတိုင်းမှာ လုပ်ထားတယ်” ဟု သူကပြောသည်။

သူက ဆက်၍ ပြောဆိုရာတွင် “သူတို့က သုံးရက်တကြိမ် လူအပြောင်းအလဲ လုပ်တယ်။ တရားရုံးတွေနားမှာ ရဲကင်း တဲထိုးပြီးတော့ နေကြတယ်” ဟု သူကပြောသည်။

ယခုကဲ့သို့ မြို့နယ်အချို့ရှိ တရားရုံးများကို လုံခြုံရေး ချထားခြင်းသည် ဖမ်းဆီးထားသည့် ၈၈ ကျောင်းသား၊ နိုင်ငံရေး အကျဉ်းသားများအား မြန်မြန်ဆန်ဆန် ပုဒ်မတပ် တရားစွဲဆိုခြင်းများ ပြုလုပ်ကာ ထောင်ဒဏ်ချခြင်းများ ပြုလုပ်နေသည့်အပေါ် ဆူပူမှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးကြိုတင် ယူထားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုနေကြသည်။

အလားတူ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များနှင့် ရပ်ကွက် ငြိမ်ဝပ်ပိပြားရေး ရုံးများတွင်လည်း လုံခြုံရေး ကင်းပုန်းများ ချထားကြောင်း ဧည့်စာရင်းတိုင်သည့် အခါ တွေ့ခဲ့ရသည့် မျက်မြင်တွေ့ရှိသူ တဦးက ယခုလို ပြောသည်။

“ကျနော်တို့ မဝတရုံး တော်တော်များများမှာ ရုံးကို ဧည့်စရင်းသွားတိုင်တာတို့ ထောက်ခံ စာသွားယူတဲ့ အခါ နေတိုင်းလိုလို ရုံးရှေ့မှာ လုံထိန်းရဲ လက်နက် အပြည့်အစုံနဲ့ လည်ပတ်အနီနဲ့ လုံထိန်း တယောက်နှစ်ယောက် ဂိတ်အဝင်ပေါက်မှာ စောင့်နေတယ်။ အဲဒါ ညတိုင်းပဲ စောင့်နေတယ်” ဟု သူကပြောသည်။

ယခင် ရန်ကုန်မြို့နယ် လူစည်ကားရာ နေရာများဖြစ်သည့် လမ်းဆုံ လမ်းခွ၊ မီးပွိုင့်များ နာမည်ကြီး ဘုရားများတွင် လုံခြုံရေး ချထားလေ့ရှိရာ ယခုလို မဝတ၊ ရယက ရုံးများနှင့် မြို့နယ်တရားရုံး အချို့တို့တွင် လုံခြုံရေး ကင်းပုန်းများ ချထားခြင်းဖြင့် နောက်ထပ် ဖြစ်ပေါ်လာမည့် ဆန္ဒပြမှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုကြသည်။

လတ်တလောတွင် ရန်ကုန်မြို့ လူစည်ကားရာ နေရာများဖြစ်သည့် ကားဂိတ်များ၊ ဈေးများတွင် ရဲများက ည ၁၁းဝဝ နာရီ နောက်ပိုင်း အလုပ်ခွင်မှ အိမ်ပြန် နောက်ကျသူများအား လမ်းဆုံလမ်းခွများတွင် စစ်ဆေး မေးမြန်းခြင်းများလည်း ရှိကြောင်း သိရသည်။

“ညဘက်ဆိုရင် ၁၁ နာရီ နောက်ပိုင်းမှာ ကောင်းရောင်း ကောင်းဝယ် လုပ်စားတဲ့ ပြည်သူတွေပဲ ဖြစ်ဖြစ် အကြောင်း အမျိုးမျိုးကြောင့် သွားလာရတဲ့ ပြည်သူတွေပဲ ဖြစ်ဖြစ် စစ်ဆေး မေးမြန်းတာတွေ တချို့ စံပြဈေးတို့လို လူစည်းကားတဲ့ နေရာတွေမှာ စစ်ဆေး မေးမြန်းတာတွေ ရှိတယ်” ဟု စံပြဈေးတွင် ကုန်တင်ကုန်ချ လုပ်နေသည် တောင်ဒဂုံ နေထိုင်သူတဦးက ပြောသည်။

ပြည်ပ မြန်မာသတင်းဌာနများ၏ ဝဘ်ဆိုဒ်များ တိုက်ခိုက်ခံနေရ
ဇာနည်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 19:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ပြည်ပတွင် အခြေစိုက်သော မြန်မာသတင်းဌာနများ ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)၊ ဧရာဝတီ၊ ခေတ်ပြိုင် တို့၏ အင်တာနက် ၀ဘ်ဆိုဒ်များ တပြိုင်နက်ဆိုသလို DDOS attack ဖြင့် တိုက်ခိုက်ခြင်း ခံနေရသည်။

အဆိုပါ သတင်းဌာနများ၏ အင်တာနက် ၀ဘ်ဆိုဒ်များမှာ ယနေ့ နေ့လည်ပိုင်းမှ စတင်ကာ ကြည့်ရှုမရ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

"ကျနော်တို့ ဆိုဒ် (www.dvb.no) က အတိုက်ခိုက်ခံရတယ် ဆိုတာ သေချာပါတယ်။ ဒီနေ့ နေ့လည် ၁၁ နာရီလောက်က စပြီး ဖြစ်တာပါ" ဟု DVB ထိုင်းဌာန တာဝန်ခံ ဦးတိုးဇော်လတ်က မဇ္ဈိမကို ပြောသည်။

အလားတူ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီ သတင်းဌာန ၀ဘ်ဆိုဒ်လည်း တိုက်ခိုက်ခြင်းခံရကြောင်း သိရသည်။

"ကျနော်တို့ ဆိုဒ် (www.irrawaddy.org) က မနေ့ကတည်းက ဖြစ်နေတာ ဒါပေမယ့် ဒီနေ့မှ တိုက်ခိုက်ခံရတယ် ဆိုတာ နည်းပညာပိုင်းက သေချာ သိလိုက်ရတယ်" ဟု ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ သတင်းဌာနတခု ဖြစ်သော ခေတ်ပြိုင် သတင်း ဂျာနယ် ၀ဘ်ဆိုဒ် (www.khitpyaing.org) လည်း ယနေ့ နံနက်ကတည်းက ကြည့်ရှုမရ ဖြစ်နေပြီး တိုက်ခိုက်ခြင်းခံရခြင်း ဖြစ်သည်ဟု သိရသည်။

ယခု DVB ၀ဘ်ဆိုဒ် အတိုက်ခိုက်ခံရခြင်းမှာ ဒုတိယ အကြိမ်ဖြစ်ပြီး မဇ္ဈိမ ၀ဘ်ဆိုဒ် မှာလည်း အလားတူ တိုက်ခိုက်ခြင်းမျိုးကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ကြုံခဲ့ရသေးသည်။ ယခုကဲ့သို့ ပြည်ပသတင်းဌာန ဝဘ်ဆိုဒ်များ ကြည့်ရှုမရမှု ဖြစ်နေသောကြောင့် မဇ္ဈိမ ဝဘ်မာစတာကလည်း မဇ္ဈိမ ဝဘ်ဆိုဒ်များကို အနီးကပ် စစ်ဆေးစောင့်ကြည့်နေကြောင်း သိရသည်။

တိုက်ခိုက်ခံရမှု အတိုင်းအတာ မည်မျှအထိ ရှိသည်၊ မည်သည့်အချိန်တွင် ပြန်လည် ကြည့်ရှုရနိုင်မည်ကို အတိအကျ မသိရနိုင်သေးဟု နော်ဝေနိုင်ငံ အော်စလိုမြို့မှ DVB မှ ၀ဘ်ဆိုဒ် နည်းပညာပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

အဆိုပါ (Distributed Denial of Services – DDoS) တိုက်ခိုက်မှုမှာ သတင်း အချက်အလက်များကို တပြိုင်တည်း အလွန်အကျွံ စုပြုံ၍ ပေးပို့လိုက်ပြီး ဝဘ်ဆိုဒ်က လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သွားစေကာ အချက်အလက်များကို ပြန်လည် မပေးပို့နိုင်ပဲ ရပ်ဆိုင်းသွားစေခြင်း ဖြစ်သည်။

ဤတိုက်ခိုက်နည်း၏ အဓိက ရည်ရွယ်ချက်မှာ ဝဘ်ဆိုဒ်ကို ကြည့်ရှု၍မရအောင် ပြုလုပ်ရန် ဖြစ်သည်။

"အခုလို လုပ်တာက ဘယ်အဖွဲ့အစည်းရယ်လို့တော့ အတိအကျ မပြောနိုင်ပေမယ့် တမင် ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာပါပဲ" ဟု ဦးတိုးဇော်လတ်က ပြောသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုးထုတ်ဆဲ
17 September 2008

ဦးကျော်ကျော်သိန်း -
ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံများစာရင်းထဲ ဒီနှစ်လည်း
မြန်မာနိုင်ငံ ပါဝင်နေဆဲပဲ ရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ
သဘောတူညီချက်တွေအရ လုပ်ဆောင်ရမှာတွေကို ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း
အပြည့်အ၀ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့ နိုင်ငံတခုအဖြစ် အမေရိကန်သမ္မတက
သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြ
ထားပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးရာ အဓိကကြားစခန်း ဒါမှမဟုတ် မူးယစ်ဆေးဝါး အဓိက
ထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့စာရင်းကို အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်ပြီး
၂၀၀၈ ဘဏ္ဍာရေးနှစ်အတွက် စာရင်းကိုတော့ မနေ့ကပဲ ကြေညာလိုက်တာပါ။ စာရင်း
တခုလုံးထဲမှာ နိုင်ငံ ၂၀ ပါဝင်ပေမယ့် ၃ နိုင်ငံကတော့ ထူးထူးခြားခြား သတ်မှတ်ခံရပါ
တယ်။

အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရား
ဥပဒေ စိုးမိုးရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဂျွန်ဆန်
(David Johnson) က မနေ့က အမေရိကန် ဒေသစံတော်ချိန်ညနေပိုင်း နိုင်ငံခြားရေး
ဌာနမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားရာမှာ …

"ဒီနိုင်ငံ ၂၀ ထဲမှာ ဘိုလီးဗီးယား၊ မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံတွေဟာ သူတို့သဘောတူ
ထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေအရ
လိုက်နာလုပ်ဆောင်ရမှာတွေကို လုံလုံလောက်လောက် အပြည့်အ၀ အကောင်အထည်
ဖော်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်သမ္မတက သတ်မှတ်ပါတယ်။"

အဲဒီနောက် နိုင်ငံတခုချင်းနဲ့ပတ်သက်ပြီး သီးခြားစီ ဆက်ပြောပါတယ်။ မြန်မာနိုင်ငံနဲ့
ပတ်သက်လို့တော့ …

"မြန်မာနိုင်ငံဟာ ဒီနှစ်မှာလည်း သိသိသာသာကို ပျက်ကွက်ပါတယ်။ အာရှတိုက်မှာ
မက်သမ်ဖက်တမင်းဆေးပြားတွေ ရရှိနိုင်တဲ့ အကြီးဆုံး အရင်းအမြစ်နိုင်ငံ ဖြစ်နေဆဲပါ။
ဒါ့အပြင် သိသိသာသာ ကျဆင်းခဲ့တဲ့ ဘိန်းစိုက်ပျိုးမှုဟာလည်း ပြန်ပြီးတက်လာပါတယ်။
မြန်မာစစ်အစိုးရဟာ စိတ်ကြွဆေးပြားထုတ်လုပ်မှု တိုက်ဖျက်ရေးနဲ့ ဘိန်းစိုက်ပျိုးမှု
ပပျောက်ရေးတို့အတွက် အနည်းအကျဉ်းပဲ လုပ်ဆောင်ခဲ့ပါတယ်။ အကျင့်ပျက်
လာဘ်စားမှုတွေနဲ့ ငွေမည်းခ၀ါချမှု တိုက်ဖျက်ရေးတွေဟာလည်း ဆက်ပြီးတော့
အားပျော့နေဆဲပါ။"

နိုင်ငံတနိုင်ငံကို အခုစာရင်းထဲမှာ ထည့်သွင်းတာဟာ အဲဒီနိုင်ငံအစိုးရရဲ့ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် ဒါမှမဟုတ် အမေရိကန်
ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မကောင်းတဲ့သဘောထားပြီး သတ်မှတ်
တာမျိုး မဟုတ်ဘူးလို့ မစ္စတာဂျွန်ဆန်က ပြောပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးရာ အဓိကလမ်းကြောင်း ဒါမှမဟုတ် မူးယစ်ဆေးဝါး
ထုတ်လုပ်ရာ အဓိကနိုင်ငံတခုအဖြစ် သတ်မှတ်ရတဲ့ အကြောင်းရင်းတွေထဲမှာ တခုက
တော့ အစိုးရက အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ပေမယ့် မူးယစ်ဆေးဝါး မှောင်ခို
ကုန်ကူးရာကြားစခန်း ဒါမှမဟုတ် မူးယစ်ဆေးဝါး ထုတ်လုပ်တာတွေဖြစ်စေတဲ့ နိုင်ငံ
တခုတည်ရှိရာ ပထ၀ီအနေအထား၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာတွေ ပေါင်းစပ်
ထားတဲ့ အကြောင်းအချက်ကြောင့်ဖြစ်တယ်လို့ မစ္စတာဂျွန်ဆန်က ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတခုဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ သဘော
တူညီချက်တွေအရ လိုက်နာလုပ်ဆောင်ရမယ့် တာဝန်တွေကို အပြည့်အ၀လုပ်ဆောင်ဖို့
ပျက်ကွက်တယ်ဆိုရင်တော့ အဲဒီနိုင်ငံဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ သိသိ
သာသာကို အောင်မြင်မှုမရတဲ့အကြောင်း အမေရိကန်သမ္မတက သတ်မှတ်တာပါတဲ့။
အခုလိုသတ်မှတ်ခံရတဲ့ နိုင်ငံတခုအပေါ်မှာ ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်နိုင်ပါ
တယ်လို့လည်း မစ္စတာဂျွန်ဆန်က ပြောပါတယ်။

ဒါပေမယ့် အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အထူးအရေးပါတယ်ဆိုရင်
တော့ နိုင်ငံတခုကို အထောက်အပံ့တွေ ဆက်ပေးအပ်ပြီး သမ္မတအနေနဲ့ အရေးယူမှု
မလုပ်ဆောင်ဘဲ နေလို့ရတယ်လို့လည်း ဆိုပါတယ်။

UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်တဲ့
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းတွေအရဆိုရင်လည်း ၂၀၀၇ ခုနှစ်အတွင်း
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧက တိုးလာတာကို တွေ့ရပါတယ်။ မက်သမ်ဖက်တမင်းနဲ့
ပတ်သက်လို့လည်း မြန်မာနိုင်ငံဟာ အဓိကထုတ်လုပ်တဲ့ နိုင်ငံတခု ဖြစ်နေဆဲပဲလို့
UNODC က ပြောထားပါတယ်။ ဒါ့အပြင် ၂၀၀၃ ခုနှစ်ကတည်းက စပြီးတော့ စိတ်ကြွ
ဆေးပြား သုံးစွဲသူအရေအတွက် တနှစ်ထက်တနှစ် ပိုများလာတယ်လို့ UNODC ရဲ့
နောက်ဆုံးအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အကြီးအကဲ ရဲမှူးကြီး
ခမ်းအောင်ကတော့ မြန်မာနိုင်ငံမှာ မက်သမ်ဖက်တမင်းထုတ်လုပ်မှု တိုးလာတယ်ဆိုတဲ့
အချက်ကို ငြင်းပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့ ဗွီအိုအေရဲ့ ဆက်သွယ်မေးမြန်းချက်
တခုမှာ ရဲမှူးကြီးခမ်းအောင်က …

"အဲဒါ သိပ်ပြီးတော့ မခိုင်မာဘူးလို့ ကျနော်တွက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်
တို့ဆီမှာတင်မဟုတ်ဘဲ ဒေသတွင်း တကယ့် Lab အကြီးကြီးတွေ ဖမ်းမိတာတွေက
မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အဲဒီနေရာတွေက Lab တွေက
ကျနော်တို့နိုင်ငံမှာရှိတဲ့ Lab နဲ့ဆိုရင် ဘာမှမဆိုင်ဘူး။ ကျနော်တို့ဆီမှာရှိတဲ့ Lab တွေက
စာရင်းတောင်မ၀င်တော့ဘူး။ ဟိုမှာရှိတဲ့ Lab တွေက တကယ့် Mega Lab တွေ၊
Super Lab တွေဖြစ်နေတာ တွေ့ရတယ်။ ကျနော်တို့ဆီမှာလည်း မထွက်ဘူးတော့
မဟုတ်ဘူး၊ ထွက်တော့ထွက်မယ်။ သို့သော် သူတို့နဲ့ယှဉ်လိုက်ရင် မပြောပလောက်
တော့ဘူး။ ကျနော်တို့ဆီမှာထွက်တာ ကျနော်တို့ Local Market အတွက်ဖြစ်မလား၊
အဲလို ကျနော်တို့ သုံးသပ်ပါတယ်။"

မြန်မာအစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အကြီးအကဲ ရဲမှူးကြီးခမ်းအောင်
ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ဘိန်းခင်း
တွေကို ဖျက်ဆီးတာတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ မှောင်ခိုကုန်ကူးသူတွေကို
ဖမ်းဆီးအရေးယူတာတွေကို နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူ ၄၂၀၊ မူးယစ်ဆေးဝါး
ဆက်စပ်အမှုပေါင်း ၂၆၅ မှုကို ဖမ်းဆီးအရေးယူခဲ့တဲ့အကြောင်း ကြေညာခဲ့ပါသေး
တယ်။ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးကင်းစင်တဲ့ နိုင်ငံဖြစ်ရမယ်ဆိုပြီး
၂၀၀၀ ပြည့်နှစ်ကစလို့ ၁၅ နှစ်စီမံကိန်းတခု ချမှတ်ပြီးတော့ လုပ်ဆောင်နေတယ်လို့
ကြေညာထားပါတယ်။

အမေရိကန်ဗဟိုဘဏ်က AIG အာမခံ ကုမ္ပဏီကို ဒေါ်လာငွေ ၈၅ ဘီလီယံ အရေးပေါ် ထုတ်ချေး

17 September 2008

ကမ္ဘာ့အကြီးဆုံး အာမခံ ကုမ္ပဏီတခုဖြစ်တဲ့ အမေရိကန် အင်တာနေရှင်နယ် ဂရု AIGကို ဘဏ္ဍာရေး ဆိုင်ရာ ပြဿနာတွေကနေ ရင်ဆိုင်နေရတာကနေပြီးတော့ ကယ်တင်နိုင်ဖို့ အရေးပေါ် ချေးငွေ အဖြစ်နဲ့ အမေရိကန် အစိုးရက ဒေါ်လာ ဘီလီယံ ၈၅သန်း ထောက်ပံ့ဖို့ သဘောတူလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဌာနရဲ့ ထောက်ခံမှုနဲ့အတူ ပြည်ထောင်စု ဗဟိုဘဏ် အုပ်ချုပ်ရေး အဖွဲ့က မနေ့ နှောင်းပိုင်းကပဲ အတည်ပြုလိုက်တာပါ။ ဘဏ္ဍာရေး ဆိုင်ရာ ဈေးကွက် အထိအခိုက် မခံနိုင်လောက်တဲ့အဆင့်ရောက်နေတဲ့အချိန်မှာ AIGရဲ့ ပရမ်းပတာဖြစ်မှုက နောက်ထပ် ပြဿနာတွေကို ကြီးထွားလာစေလိမ့်မယ်ဆိုပြီး ပြည်ထောင်စု ဗဟိုဘဏ် အုပ်ချုပ်ရေး အဖွဲ့က ဆုံးဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းတွေမှာ အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရတဲ့ နောက်ပိုင်း AIGဟာ ပြိုကွဲလု နီးနီးဖြစ်ခဲ့တာပါ။ အခုတပတ် အစောပိုင်းမှာတုန်းကလည်းပဲ အိမ်မြေ အကြွေ စနစ် ရောင်းချဖို့နဲ့ credit အကြွေးလုပ်ငန်း ပြဿနာတွေကြောင့် အမေရိကန်က အဓိက ရင်းနှီး မြုပ်နှံထားတဲ့ ဘဏ်ကြီးတခုဖြစ်တဲ့ လီမန် ဘရားသားစ် ဆိုတာလည်း ဒေ၀ါလီခံ ဖြတ်သိမ်းဖို့ လျှောက်ထားခဲ့ရပြီးပါပြီ။ အဲဒီတုန်းကတော့ ဥရောပ၊ အာရှနဲ့ အမေရိကန် ပြည်ထောင်စုက အဓိက ဘဏ်ကြီးတွေကတော့ ကမ္ဘာတ၀န်းက ငွေကြေး ဈေးကွပ် အကျပ်အတည်း စိုက်နေတာတွေကို ပိုပြီး အခြေအနေ ဆိုးမသွားစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒေါ်လာ သန်းထောင်ပေါင်းများစွာကို ငွေကြေးဈေးကွပ်ထဲ ထည့်ဝင် မြုပ်နှံခဲ့ကြပါတယ်။

ကျန်းမာရေး အရ မသင့်လျော်တဲ့ တရုတ်နို့မှုန့်ပြဿနာ ပိုမို ကျယ်ပြန့်

17 September 2008

တရုတ်ပြည်က ထုတ်လုပ်တဲ့ မသန့်တဲ့ နို့မှုန့်ကြောင့် နို့စို့အရွယ် ကလေးငယ် ၃ဦး သေဆုံးခဲ့ရပြီး ၆၀၀၀ ကျော် ဖျားနာနေပါတယ်။ အခု ပြဿနာ ပေါ်ပေါက်လာတဲ့နောက် တခြား နိုင်ငံ ၅နိုင်ငံကိုပါ နို့ထွက်ပစ္စည်းတွေ တင်ပို့နေတဲ့ တရုတ်နိုင်ငံ တလွှားက ထိပ်တန်း ကုမ္ပဏီကြီးတွေကို စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာတဲ့အကြောင်း ဘေဂျင်းကနေ ဗွီအိုအေ သတင်းထောက် Daniel Schearf ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး မနန္ဒာချမ်းက တင်ပြပေးပါမယ်။

တရုတ် ကျန်းမာရေးဝန်ကြီး Chen Zhu က အဲဒီ မသန့်တဲ့ နို့မှုန့် အမျိုးအစားကို သောက်မိတဲ့ နို့စို့အရွယ် ကလေးငယ် ၃ဦး သေဆုံးကြောင်းနဲ့ အခုဆိုရင် ကလေးငယ်ပေါင်း ၆၂၄၄ဦး ဖျားနာနေပြီလို့ ဒီကနေ့ တရုတ် ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီးတော့ နောက်ထပ် ကလေးမိဘတွေ အနေနဲ့ သူတို့ကလေးငယ်တွေကို ဆေးရုံ ထပ်ပို့ လာမယ့် အရေအတွက်ဟာလည်း များလာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

အခုဆိုရင်ကို ဆေးရုံမှာ နို့စို့ အရွယ်ကလေးငယ် ၁၃၂၇ ဦး ရှိနေပြီလို့ မစ္စတာ ချန် က ပြောပါတယ်။ ဒါ့အပြင် နို့စို့အရွယ် ကလေးငယ် ၁၅၈ ဦးဟာလည်း အတော်လေး စိုးရိမ်စရာကောင်းတဲ့ ကျောက်ကပ် အလုပ်မလုပ်တော့တဲ့ ရောဂါကို ခံစား နေရပြီလို့လည်း သူက ပြောဆိုခဲ့ပါတယ်။
အခုလို နို့စို့အရွယ် ကလေးငယ် တော်တော်များများ ကျောက်ကပ် အလုပ်မလုပ်တော့တဲ့ ရောဂါကို ခံစားရလို့ ဆေးရုံကို ရောက်ခဲ့ ကြပြီးမှ အဲဒီ နို့မှုန့်နဲ့ ပတ်သက်တဲ့သတင်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ အဓိက နို့မှုန့်ကုမ္ပဏီကြီး တခုဖြစ်တဲ့ စန်လု နို့မှုန့် ကုမ္ပဏီက နို့မှုန့်ထဲမှာ ပရိုတင်းဓာတ် ပမာဏ များများပါအောင်လို့ မယ်လမင်း လို့ခေါ်တဲ့ ပလက်စတစ် တမျိုးကို နို့မှုန့်ထဲမှာ ထည့်ပြီး သုံးခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း စန်လု နို့မှုန့် ကုမ္ပဏီ မန်နေဂျာ နဲ့ ဟေဘိုင်းက ဒေသခံအရာရှိ ၄ ဦး အလုပ် ဖြုတ်ခံခဲ့ရပြီ ဖြစ်ပါတယ်။

အခုလို နို့မှုန့်ကြောင့် တရုတ်ပြည်မှာ နို့စို့အရွယ် ကလေးငယ်တွေ သေဆုံးတယ်ဆိုတာ ဒါ ပထမဆုံး အဖြစ်အပျက်တော့ မဟုတ်ပါ ဘူး။ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းကလဲ နို့မှုန့်အတုတွေ သောက်သုံးမိလို့ နို့စို့အရွယ် ကလေးငယ် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ဖူးပါ တယ်။

ဒါကြောင့်မို့ အစိုးရကနေ တရုတ် နို့မှုန့် ကုမ္ပဏီပေါင်း ၁၀၉ ကို စစ်ဆေးတဲ့အခါ တရုတ်ပြည်ရဲ့ အကြီးဆုံး နို့မှုန့် ကုမ္ပဏီကြီးဖြစ်တဲ့ Mengniu အပါအ၀င် ၂၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ နို့မှုန့်တွေထဲမှာ အဲဒီ မယ်လမင်း ပလက်စတစ် အမျိုးအစားကို သုံးခဲ့တာ တွေ့ရတယ်လို့လည်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

“ကျနော်တို့ အဖွဲ့ဝင် ၅၀၀၀ နီးပါးရှိပါတဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ ၁၄၀၀ ကနေပြီးတော့ အဲဒီ နို့မှုန့် ထုတ်လုပ်တဲ့ ကုမ္ပဏီအားလုံး ဆီကိုသွားပြီး ဒီနေ့ ကစလို့ စုံစမ်း စစ်ဆေးမှုတွေကို လုပ်တော့မှာဖြစ်တယ်”လို့ တရုတ်ပြည်ရဲ့ အရည်အသွေး စောင့်ကြည့်ရေးဌာန အကြီးအကဲ လီ ချန်ဂျင်း က ပြောပါတယ်။

ပြီးတော့လည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ရေမင်၊ ဂါဘွန် နဲ့ ဘူရန်ဒီ နိုင်ငံတွေဆီ တင်ပို့နေတဲ့ နို့မှုန့်ကုမ္ပဏီ ၂ ခုအပါအ၀င် မသင်္ကာတဲ့ နို့မှုန့် ကုမ္ပဏီတွေ အားလုံးကို ပြန်ပြီး စစ်ဆေးဖို့ ကျနော့် ဌာနမှာ ညွှန်ကြားတယ်လို့လည်း သူက ဆိုပါတယ်။
တရုတ်နဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံဆိုရင် ဈေးပေါပြီး အရည်အသွေးညံ့တဲ့ တရုတ် အဓိက ထုတ်ကုန်ပစ္စည်းတွေကို အဓိက မှီခို အားထားနေရတာဖြစ်ပြီးတော့ မှောင်ခို လမ်းကြောင်းကနေ မြန်မာနိုင်ငံထဲ အဓိက ၀င်တဲ့ပစ္စည်းတွေထဲမှာ တရုတ်နို့မှုန့်လဲ ပါဝင်ပါ တယ်။ ဒါကြောင့် မြန်မာပြည်ကို ၀င်နေတဲ့ တရုတ် နို့မှုန့်အမျိုးအစားနဲ့ လက်ရှိအခြေအနေကို သိရအောင်လို့ တရုတ်-မြန်မာနယ်စပ် က ကုန်သည်တဦးကို မေးကြည့်တော့ -
“ဗမာပြည်က လူတွေ အများဆုံး သုံးတာကတော့ အဓိက နို့မှုန် နွားတံဆိပ် အထုတ် အနီကို သုံးတယ်။ အဲဒါက တရားမ၀င် လမ်းကြောင့်ကပဲ သွင်းတယ်။ အဲဒီကောင်တွေက ဗမာပြည်က တရားဝင် နယ်စပ်ကုန်သွယ်ရေးက သွားတာမဟုတ်ဘူး။ ထော်လာဂျီတို့နဲ့ တပိုင်တနိုင်ပဲ သွားနေကြတာပေါ့။ ဗန်မော်လမ်းကြောင်းက တဆင့်ပေါ့။ ကျွန်တော်တို့ မူဆယ်ဘက်ကလည်း သွားတာပဲ။ ပါမစ်လည်း မပေးဘူး။ စားသောက်ကုန်တွေ ဖြစ်နေတာကိုး။ ဗမာပြည်မှာ ရှိတဲ့ တရုတ်ဘက်က စားသောက်ကုန် မှန်သမျှ မှောင်ခိုလမ်းကြောင်းက သွားတာပဲ။ စားသောက်ကုန်ကို တရားဝင် ပါမစ် မပေးဘူး။ ဗမာပြည်ထဲမှာ နွားတံဆိပ် သုံးတယ်။ အပြာရောင် သမင် တံဆိပ်က ဈေးနဲနဲ ကြီးတယ်။ သမင်တံဆိပ်က ပြီးခဲ့တဲ့ နှစ်တွေက တရုတ်ပြည်မှာ ရှိတယ်တဲ့။ အခုတော့ တရုတ်ပြည်မှာ ရှိတော့ ရှိသေးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတွေက သိမ်းတာတွေ လုပ်ကုန်ပြီ။ ဟိုဘက်ကို သွင်းတယ် မသွင်းဘူးဆိုတာက ပြောရခက်တယ်။ ဈေးက နဲနဲကြီးတယ်တဲ့။ သုံးတဲ့လူလည်း သိပ်မရှိဘူး။”

ဒါ့အပြင် တရုတ်နယ်စပ်ကနေ မြန်မာပြည်ထဲကို တင်ပို့တဲ့ကုန်ပစ္စည်းမှန်သမျှ တရားဝင်တာရော တရားမ၀င်တာရော အားလုံးဟာ အရည်အသွေး ပြည့်မှီ မမှီဆိုတာမျိုး၊ ကျန်းမာရေးနဲ့ ညီ မညီ ဆိုတာမျိုးကို မြန်မာပြည်ဘက်က စစ်ဆေးလေ့ မရှိဘူးလို့လည်း အဲဒီ ကုန်သည်ကပဲ အခုလို ဆက်ပြောပြပါတယ်။
“သူတို့တွေက ပါမစ် လျှောက်တယ်ဆိုရင် ဥပမာ တရားဝင် ကုန်သွယ်ရေးပေါ့နော် အဲဒါဆိုရင် သူတို့တွေက ဟိုးနေပြည်တော်မှာ လျှောက်ရတယ်ဗျ။ ဘာ ကုန်ပစ္စည်း သွင်းမယ်ဆိုတာ။ အဲဒါ ဈေးနှုန်းရယ် ကုန်အမှတ်တံဆိပ်ရယ် တင်ရတယ်။ တင်ပြီးပြီဆိုရင် အဲဒါ သွင်းလိုက်ယုံပဲ၊ ဟိုမှာစ စ်ဆေးတာက ကာစတန်ပဲ ရှိတယ်ဗျာ။ ကျန်းမာရေး ဌာန ရှိတာလဲ မဟုတ်ဘူး။ နကတ မှာက နကတ ၀န်ထမ်းတွေ ရှိတယ်ဗျာ။ နောက်တော့ အဲဒီ အကောက်ခွန်တွေရှိတယ်။ သူတို့တွေပဲ ရှိပြီး စစ်တဲ့ အခါကျတော့ သွင်းလာတဲ့ ကုန်ပစ္စည်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တယ် မညီညွတ်ဘူးဆိုတာ ဘာသိမှာလဲ သူတို့တွေက၊”

မြန်မာ ကုန်သည်တွေအနေနဲ့ စားသောက် ကုန်ပစ္စည်းတွေကို တရားဝင် တင်သွင်းခွင့် ပါမစ်မ ရတဲ့အကြောင်းကတော့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်း မဟုတ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပြပါသေးတယ်။ အခုလို တရုတ်ပြည်ကနေ မြန်မာပြည်ထဲကို အဓိက ၀င်ရောက်နေတဲ့ ပစ္စည်းတွေထဲမှာဆိုရင် - အစားအသောက်၊ အ၀တ်အထည်၊ လျှပ်စစ်ပစ္စည်း၊ အလှကုန် နဲ့ ဆိုင်ကယ်လ် ပါဝင်ပါတယ်။

ဆွမ်းတော်ကြီးကပ်လှူပွဲများ ထိုင်း - မြန်မာနယ်စပ်တွင် ကျင်းပ
စက်တင်ဘာလ ၁၅ ရက် ၂၀၀၈။

သောင်ရင်းနဂါး
ဗုဒ္ဓဘာသာရိုးရာဓလေ့တရပ်ဖြစ်သော တော်သလင်းလပြည့်နေ့ ဆွမ်းတော်ကြီးကပ်လှူပွဲများကို စက်တင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် ထိုင်း - မြန်မာနယ်စပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ၌ အစဉ်အလာမပျက်ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

မဲဆောက်မြို့၏တောင်ဘက် ကားလမ်းမကြီးအတိုင်း ၃၀ ကီလိုမီတာ၊ ထိုမှတဆင့် အတွင်း ရွာစဉ်ကားလမ်းအတိုင်း ၂ ကီလိုမီတာ ခရီးအကွာအဝေးတွင်ရှိသော ဖုတ်ဖရမြို့နယ် ဝှေ့နုကလီကျေးရွာ ပရဟိတမြန်မာဘုန်းတော်ကြီးကျောင်းနှင့် ပရဟိတမူလတန်းကျောင်း၌ လည်း လွန်ခဲ့သော ၄ နှစ်လုံးလုံး အခြေအနေအရ မကျင်းပဖြစ်ခဲ့သော ဆွမ်းတော်ကြီးကပ်လှူပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းနှင့် ပတ်သက်၍ နာယကဆရာတော် ဘဒ္ဒန္တကောသလ္လ က “ ဒီပွဲကို အခြေအနေအခက်အခဲအရ မကျင်းပဖြစ်တာ ၄ နှစ်လောက်ရှိပြီ၊ ဒီနှစ်မှ ဒကာ ဒကာမ စိုက်ပျိုးရေးအလုပ်သမားတွေ တောင်းဆိုတာနဲ့စုပေါင်းကျင်းပကြတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့ကတည်း က ပန်းကန်တွေ လင်ပန်းတွေ သူတို့တွေရဲ့စိုက်ခင်းခြံဝန်းတွေထဲအရောက် လိုက်လံဝေငှထားပါတယ်၊ ပြီးတော့ ဒီနေ့ကျင်းပတဲ့ ဆွမ်းတော်ကြီး ကပ်လှူပွဲကို ညအိပ်လာသူလာကြ၊ မနက် ၅ နာရီကစပြီး တဖွဲဖွဲရောက်လာကြနဲ့ ညပိုင်း ကျောင်းကပွဲကျင်းပချိန်မှာ ကျောင်းဝင်းတခုလုံး လူ ၁၀၀၀ လောက်နဲ့ ကြိတ်ကြိတ်တိုး စည်ကားသွားတာပါပဲ။ ပန်းကန်တွေ လင်ပန်းတွေထဲကို တတ်နိုင်သူတွေက မုန့်တွေ သစ်သီးတွေ ဖယောင်းတိုင်း အမွေးတိုင်းတွေ ထည့်လှူကြပါတယ်။ အလုပ်မကောင်းလို့ အလုပ်မမှန်လို့ မတတ်နိုင်တဲ့သူတွေက မိမိတို့ စိုက်ပျိုးရေးခြံထွက် မာလကာသီး၊ လိမ္မော်သီး တွေအပြင် နှင်းဆီပန်း၊ သပြေပန်း၊ ကုလားပန်း (ပန်းဝါ) စတာတွေ ကပ်လှူကြပါတယ်။ ဒကာ ဒကာမ စိုက်ပျိုးရေးအလုပ်သမားတွေရဲ့ နဖူးကချွေးခြေမထိကျအောင် လုပ်ကိုင်ရင်းက ရရှိလာတဲ့ အလှူပစ္စည်းတွေ ဖြစ်တာမို့ သာဓုခေါ်ပါတယ်။” ဟု မိန့်ကြားသည်။

ဖုတ်ဖရမြို့နယ်အတွင်းတွင် ရာသီအလိုက် ပြောင်းချိုး၊ ပြောင်းစိုက်၊ လွေ့ (မုံညင်းတမျိုး) ဖြတ်တောက်ခြင်း၊ ငရုပ်သီးစိုက်ပျိုးခြင်းနှင့် ဆွတ်ခူးခြင်း၊ အာလူးစိုက်ပျိုးခြင်းနှင့် ဆွတ်ခူးခြင်း စသည်ဖြင့်လည်းကောင်း၊ ကုလားပန်း (ပန်းဝါ)၊ နှင်းဆီပန်း၊ သပြေပန်း၊ သစ်ခွပန်းစသည်ဖြင့်လည်းကောင်း စိုက်ပျိုးလုပ်ကိုင်နေကြသော မြန်မာပြည်သား စိုက်ပျိုးရေး အလုပ်သမား ၇၀၀၀၀ ကျော် ရှိပြီး အများစုမှာ ခြံ၊ တောင်ယာ စသည့် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်း လုပ်ကိုင်နေကြရကြောင်း၊ သိုး၊ ဆိတ်၊ နွားနှင့် ငါး မွေးမြူရေးလုပ်ငန်း အနည်းစုနှင့်စိုက်ပျိုးရေး ထုတ်ကုန် ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်သည့် အသေးစားစက်ရုံ အနည်းစုလည်း ရှိနေကြကြောင်း၊ အဆိုပါလုပ်ငန်းခွင် အသီးသီးတွင် ၀င်ရောက်လုပ်ကိုင်နေကြသော မြန်မာပြည်သား စိုက်ပျိုးရေး အလုပ်သမားများမှာ အနည်းဆုံးနေ့စားခ ငွေ ၅၅ ဘတ်မှ ၉၀ ဘတ်အထိ ရရှိသည်ကိုတွေ့ရှိရကြောင်း၊ အချို့လုပ်ငန်းခွင်များတွင် အမျိုးသမီးနှင့်အမျိုးသား တန်းတူအခွင့်အရေးမပေးဘဲ လုပ်အားခ ၅ ဘတ် ဖြစ်စေ ၁၀ ဘတ်ဖြစ်စေ ခွဲခြားပေးကြကြောင်း၊ ကလေးအလုပ်သမား အများအပြားမှာ အသက်လိမ်ပြောစရာမလိုဘဲ စိုက်ပျိုးရေးလုပ်ငန်းခွင်အသီးသီးတွင် မိဘညီအကိုမောင်နှမများနှင့် အလုပ်တန်းတူလုပ်ကိုင်နေကြကြောင်း မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (ဂျေအေစီဘီအေ) ၏ မှတ်တမ်းတရပ်တွင် ဖော်ပြထားသည်။

ဖုတ်ဖရမြို့နယ် ပရဟိတမူလတန်းကျောင်း အမှတ် ၁ နှင့် အမှတ် ၃ ကျောင်းတို့မှဆွမ်းတော်ကြီးကပ်လှူပွဲသို့ လာရောက်ကြသော ရွှေပွဲလာ စိုက်ပျိုးရေးအလုပ်သမားများအား တေးသရုပ်ဖော် ကကွက် ပြကွက်များ၊ တခန်းရပ်ပြဇာတ်၊ မော်ဒယ်ရှိုး၊ ဟာသယိမ်းနှင့် ကရင်ဒုံးယိမ်းစသည့်ဖျော်ဖြေမှုများကို တမျိုးပြီး တမျိုးမရိုးနိုင်အောင် တင်ဆက်သွားသည်ကိုတွေ့ရသည်။ ထိုင်း - မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်အတွင်းတွင် ၈၃ ကီလိုမီတာကျေးရွာ အုန်းဗြန်ဒုက္ခသည်စခန်းရှိ အင်ကြင်းဘုန်းတော်ကြီးကျောင်း၊ ပခါးကောင်ကျေးရွာ ပခါးကောင်တောရ (မြန်မာ) ဘုန်းတော်ကြီးကျောင်း၊ ၄၈ ကီလိုမီတာကျေးရွာ သာသနာဗိမ္မာန်ဘုန်းတော်ကြီးကျောင်း စသည်တို့တွင် လည်းကောင်း၊ မဲဆောက်မြို့ တောရကျောင်း၊ ကျောင်းသစ်ကျောင်း၊ ကျောင်းကြီးကျောင်း၊ မယ်တော်ကျောင်းတို့တွင် လည်းကောင်း၊ အလားတူ ဆွမ်းတော်ကြီးကပ်လှူပွဲများကို ရွှေ့ပြောင်းအလုပ်သမားများ၊ အဝေးရောက်မြန်မာပြည်သားများဖြင့် စုပေါင်း ကျင်းပခဲ့ကြ ကြောင်း သိရသည်။

စံခရဘူရီရှိ အကြီးဆုံးအလုပ်ရုံကို ရဲ ဝင်စီး

Kaowao စက်တင်ဘာ ၁၇ ၊ ၂၀၀၈။

ထိုင်းနိုင်ငံ စံခရဘူရီမြို့ရှိ မြန်မာပြည်မှ အလုပ်သမား အများဆုံး အလုပ်လုပ်ကိုင်နေသော အပ်ချုပ်စက်ရုံတစ်ရုံကို စက်တင်ဘာ ၁၇ ရက်နေ့ ယနေ့ နေ့လည်ပိုင်းက ထိုင်းရဲတို့ ဝင်ရောက်စီးနင်းပြီး ထိုင်းနိုင်ငံ ဌာနေတိုင်းရင်းသား မှတ်ပုံတင်ရှိသူများအပါအဝင် အလုပ်သမား ၅၀ ကျော်အား ဖမ်းဆီးသွားသည်။

ထိုင်းနိုင်ငံ ဌာနေတိုင်းရင်းသားမှတ်ပုံတင် ရှိသော်လည်း အလုပ်သမားမှတ်ပုံတင် မရှိသူ အယောက် ၅၆ ယောက် ဖမ်းဆီးသွားကြောင်း စက်ရုံအလုပ်သမားတစ်ဦးက Kaowao သို့ ပြောကြားသည်။ 54/1 Moo 2 Nhonglu တွင် တည်ရှိသော ယင်းအပ်ချုပ်စက်ရုံတွင် အလုပ်သမားမှတ်ပုံတင် အများစုရှိသော မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်လုပ်ကိုင်နေသည်။

စက်ရုံအတွင်းသို့ ယနေ့ ထိုင်းရဲတို့၏ဝင်ရောက်ဖမ်းဆီးမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ရဲအားလုံးက အရပ်ဝတ်ဖြင့်သာ ဝင်ရောက်လာကြောင်း ထိုအပ်ချုပ်စက်ရုံတွင် ၁၀ နှစ်နီးပါး အလုပ်လုပ်လာသော မြန်မာ အလုပ်သမား နိုင်ထွန်း က Kaowao သို့ ပြောကြားသည်။

“နေ့လည် ၁ နာရီလောက်မှာ ဓါတ်ပုံရိုက်မယ် ဆိုပြီး ရဲတွေက ဝင်ခွင့်တောင်းတာ၊ အယောက် ၂၀ ကျော် ရှိမယ်၊ မန်နေဂျာနဲ့ စကားပြောနေသေးတယ်။ တစ်နာရီလောက် ကြာတော့မှ တံခါးတွေအကုန်လုံး ပိတ်ပြီး အလုပ်သမား မှတ်ပုံတင် ခေါ်စစ်တယ်။ ဒီတော့မှ ဖမ်းတာမှန်း သိရတယ်။ ဟိုင်းလက်ကား ၃ စီးနဲ့ အလုပ်သမား အယောက် ၆၀ ကျော်ကို ရုံးကို ခေါ်သွားတာ”ဟု ၎င်းက ပြောကြားသည်။

ထိုင်းလူမျိုး စက်ရုံ မန်နေဂျာ အပါအဝင် ဖမ်းဆီးခံရသူ အများစုမှာ မိန်းကလေးများ ဖြစ်ပြီး သူဌေးက လုံခြုံရေး အတွက်ဟု ဆိုကာ အလုပ်သမားတစ်ဦးလျှင် တစ်လ ဘတ်ငွေ ၃၁၀ ပေးဆောင်နေရကြောင်း၊ ယခုလို ဝင်ရောက်ဖမ်းဆီးခြင်းသည် မိမိအနေဖြင့် နားမလည်နိုင်ကြောင်း၊ အသစ် ရောက်လာသော အလုပ်သမားတို့က ထိုလုံခြုံရေး ကြေးငွေကို ပေးဆောင်နေရသော်လည်း သူတို့အတွက် အလုပ်သမားမှတ်ပုံတင်ကို သူဌေးက မထုတ်ပေးသေးကြောင်း ဆက်လက်ရှင်းပြသည်။

ယခု ဖမ်းဆီးမှုသည် သူဌေးဖြစ်သူနှင့် အာဏာပိုင်တို့အကြား ငွေကြေးပေးဆောင်မှုနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ကောက်ချက်ချသည်။

ယင်းအလုပ်သမားများအား သွားရောက်ကူညီခဲ့သူတစ်ဦး၏အဆိုအရ ဖမ်းဆီးခံရသူများအနက် ထိုင်းဌာနေ တိုင်းရင်းသား မှတ်ပုံတင်ရှိသူ ၄၇ ယောက်အား တစ်ယောက်စီအတွက် ဒဏ်ငွေ ဘတ် ၃၅၀၀ ပေးဆောင်ရမည်ဖြစ်ပြီး မည်သည့်သက်သေခံလက်မှတ်မှ မရှိသော ကျန် ၉ ယောက်အား ဘတ် ၁၂၀၀ စီ ဒဏ်ငွေ တပ်ကာ ထိုင်း မြန်မာနယ်စပ် သို့ ပို့ဆောင်မည်ဟု သိရသည်။

ထိုင်း ဌာနေတိုင်းရင်းသားမှတ်ပုံတင်ရှိသူ အလုပ်သမားတို့က ထိုဒဏ်ငွေ ဘတ် ၃၅၀၀ အား ဖမ်းဆီးခံရသည့် အလုပ်သမားတို့၏ လစာထဲမှ ထပ်မံ နုတ်ယူဦးမည်ဆိုလျှင် တစ်ရက် လုပ်ခ ပျဉ်းမျှ ဘတ် ၁၀၀ သာ ရရှိသော ထိုအလုပ်ရုံတွင် အလုပ်ဆက်လုပ်ရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားကြသည်။

“လုံခြုံရေးအတွက်လည်း တစ်လ ၃၁၀ ပေးနေရတယ်၊ ယခု လွတ်လာသူတွေဆီက ဒဏ်ငွေအတွက် ထပ်နုတ်ရင် အလုပ်သမားတွေအတွက် ဘာမှ ကျန်တော့မှာ မဟုတ်ဘူး၊ ဒီဒဏ်ကြေးငွေသက်သက်က တစ်လကျော်ကျော် လုပ်ပေးနေရဦးမယ်” ဟု အလုပ်သမား ခေါင်းဆောင်တစ်ဦး ဖြစ်သူ နိုင်ထွန်းက ဆက်လက် ပြောကြားသည်။ သာမန် အလုပ်သမားတစ်ဦးအတွက် တစ်နေ့ လုပ်အားခမှာ ဘတ်ငွေ ၁၀၀ ဖြစ်ပြီး အချိန်ပို ၄ နာရီစာ ထပ်ဆင်းခွင့်ရလျှင် ၁၄၀-၁၅၀ ဘတ်ခန့် ရရှိကြကြောင်းနှင့် အလုပ်သမား အများစုမှာ မိန်းကလေးများဖြစ်ကြောင်း သိရသည်။

ထိုစက်ရုံတွင် အလုပ်လုပ်နေကြသူ အများစုမှာ စံခရဘူရီမြို့ ဝင်းကရွာ မွန်ဘက်ကမ်းမှ ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၉ နာရီအထိ အလုပ်လုပ်နေကြသူများလည်း ရှိကြောင်း သိရသည်။ “မနက်ဘက်မှာ စက်ရုံက ကားစီစဉ်ပေးတယ်။ ညနေပိုင်း အချိန်ပို မရတဲ့လူတွေကျတော့ ကိုယ့်ဘာသာကိုယ် ပြန်ကြရတယ်။ ည ၉ နာရီအထိ အချိန်ပို ဆင်းရတဲ့အသုတ်ကိုတော့ စက်ရုံက ကားစီစဉ်ပေးတယ်”ဟု မွန်ရွာဘက်ကမ်း၌ နေထိုင်သော အမျိုးသမီး အလုပ်သမားတစ်ဦးက ပြောကြားသည်။ ၅ နှစ်အရွယ် ကလေးမိခင် ၎င်း၏အစ်မဖြစ်သူလည်း ဖမ်းဆီးခံရကြောင်း သိရသည်။



သုံးသိန်း = ငါးဆယ်


ကိုဂျိုး
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 15:44 - မြန်မာစံတော်ချိန်

ယူနီဖောင်း ၀တ်ထားသူများနှင့် ဟိုနား တီးတိုး၊ သည်နားတီးတိုး "ညှိ" ကာ ဆရာတယောက် အလုပ်ရှုပ်နေသည်။ တဖြည်းဖြည်းတော့ မျှော်လင့်ချက်က အရောင်သမ်းလာပြီ ထင်သည်။

"လုပ်ပါဆရာရယ်၊ ကျနော် အဆင်ပြေအောင် လုပ်ပါ့မယ်။ အရေးကြီးတာ ထောင်မကျဘို့ဘဲ" အပြောနောက်မှာ ခြင်္သေ့ရုပ်တွေက လျောကနဲ မျက်နှာချင်းဆိုင်ဘက်သို့ ချည်းကပ်နေသည်၊ ဒီလိုနဲ့ တပွင့်နဲ့ တယောက်ကိုတော့ အဆင်ပြေအောင် လုပ်လိုက်ပြီ။ ပထမအဆင့် သုံးသောင်း။

အခြေအနေက သေချာပေါက်တော့ မဟုတ်သေး။ တပွင့်ကို ထပ်ပြီး တီးတိုး လုပ်ပေးနေရပြန်ပြီ။ သူနဲ့ပြောနေတုန်း နှစ်ပွင့် ကိုယ်တော်ကြီး မသိမသာ ပြုံးလိုက် တည်လိုက်၊ ခေါင်းတငြိမ့်ငြိမ့်။ ခဏနေတော့ နောက်တယောက် ထပ်ကပ်ရပြန်ပြီ။ ဒီတခါလူက အပွင့်တိုးလာတော့ သုံးသောင်း ကျော်တာ သေချာပြီ။

ဆရာတယောက် နှစ်ပွင့်နောက်ကို တကောက်ကောက် လိုက်ရင်းက မျက်နှာမှာ အပြုံးရိပ်ကလေး သန်းလာပြီး ကိုအောင့်ကို အားပေးစကား ပြောလာတယ်။ "မပူနဲ့ အဆင်ပြေမှာပါ။ ငါတို့ အခု ငွေသွင်းထားတယ်။ ထောင်ကတော့ မကျနိုင်လောက်ဘူး။ အနဲဆုံးတော့ အာမခံနဲ့ ရအောင် လုပ်လို့ ရတယ်"။

ဒုတိယအဆင့် ပေးလိုက်ရတာက ရှစ်သောင်း။

လမ်းပြမြေပုံလို နောက်အဆင့်တွေ အများကြီ။း ဈေးညှိလို့ မရရင်တော့ဟု စိတ်ထဲတွေးမိတော့ ကိုအောင့် ခေါင်းတွေ ထူပူကုန်သည်။ ဒီလိုနဲ့ တရားရုံးအတွင်း လ္ဘက်ရည်ဆိုင်လေးမှာ ခေါင်းတကုတ် ကုတ်နဲ့ နေလိုက်ရတာ အချိန်တွေ တော်တော်ကုန်သွားတယ်။

မနေ့ကသာ သူ့ဆရာအိမ်ကို မသွားဖြစ်ခဲ့ရင် ဒီလို ဖြစ်လာမှာမဟုတ်။ သူ ကျူးလွန်မိတဲ့အပြစ်က အဲဒီလောက်ထိ ပြင်းထန်ရော့သလား။ ကိုအောင် တုန်လှုပ်သွားခဲ့တယ်။ ရန်ကုန်မှာနေတဲ့ ရန်ကုန်သား၊ မြို့နယ် ကူးပြီး အလည်သွားလိုက်တာ။ အခုတော့ နာပြီ။ ကိုအောင် တော်တော် စိတ်ညစ်သွားသည်။ သူ့ဘ၀မှာ တခါမှ မရောက်ဖူးခဲ့တဲ့ နေရာ။ အခုတော့ သူ့နာမည်၊ ဖခင်နာမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ ရဲစခန်းမှာ မှတ်တမ်း တင်ခံလိုက်ရပြီ။ လူတယောက်ရဲ့ လွတ်လပ်မှု ဒီလောက်ထိ ကင်းမဲ့နေရတဲ့ ဥပဒေဆိုတာကြီးကိုလည်း တော်တော် စိတ်နာသွားခဲ့သည် ဘာပဲဖြစ်ဖြစ် ထောင်ကျလို့တော့ မဖြစ်။ ဒါကြောင့်လည်း သူ့ဆရာကို အပူကပ်ရတော့တာပဲ။

ဆရာခမျာမှာလည်း အိမ်ကို လာတဲ့ဧည့်သည်လည်း ဒုက္ခရောက်၊ ကိုယ်တိုင်လည်း အိမ်ရှင်အနေနဲ့ အမှု ရင်ဆိုင်နေရသည်။ မသေးလှသော ပေးဆပ်မှု။

ဘာပဲဖြစ်ဖြစ် အခု ညနေစောင်းနေပြီ။ တကယ်လို့များ ထောင်ကျမယ်ဆို ဘယ်လိုလုပ်မလဲ။ ညက အချုပ်ထဲမှာ ရှိနေတဲ့ အကိုကြီးများ ပြောပြလိုက်တဲ့ ထောင်တွင်း ဆောင်ရန်၊ ရှောင်ရန် အချက်ကလေးတွေ ကိုအောင် ပြန်စဉ်းစားနေမိသည်။

သေးနံ့၊ ချေးနံ့ တထောင်းထောင်းထနေတဲ့ ဒီအချုပ်ခန်းထဲမှာ ရေမချိုးရဘဲ နေရမယ်ဆိုရင်... ကိုအောင် ဆက်မတွေးရဲတော့။

"ညီလေး ဆေးလိပ်လေး ဘာလေး မပါလာခဲ့ဘူးလားကွ" အသာငမ်းငမ်းနဲ့ အကိုကြီး တယောက်ရဲ့ ညတုံးက မေးသံကို ကောင်းစွာ အမှတ်ရနေသည်။ ကိုအောင် သံတိုင်ကြားထဲကနေ တဖက်အခန်းက လူကို တလိပ် ထုတ်ပေးလိုက်ကာ တခြားလူတွေကိုလည်း ဝေငှပေးခဲ့လိုက်သည်။ အပြင်မှာ တဗူး တထောင့်တရာနဲ့ နေရာတိုင်းမှာ လွယ်လွယ်ရနေတဲ့ လန်ဒန်က ဒီထဲမှာ တလိပ်ထဲနဲ့ တန်ဘိုးမဖြတ်နိုင်အောင် အရေးပါလှပါတယ်။

"ညီလေးတို့က ဘာအမှုနဲ့လည်း" တဖက်ခန်းက အကိုကြီးက ဆေးလိပ်ဖွာရင်း ကိုအောင့် ကိုမေးသည်။ "ကျနော်တို့ ဧည့်စာရင်းနဲ့ ပါလာတာဗျ၊ ထောင်ကျမယ် ထင်တာပဲဗျာ" ကိုအောင် စိတ်ညစ်ညစ်နဲ့ပဲ ပြန်ပြောပြခဲ့တယ်။

"အေး မင်းတို့ အင်းစိန်ရောက်ရင် အရေးကြီးဆုံးက ကော်ဖီမစ်ကွ၊ အင်းစိန်ပို့ရင်တော့ မင်းတို့ ဘာမှ ယူသွားလို့ရမှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် တထောင်တန်ကို ဗိုက်ထဲမျိုချသွား။ ဟိုရောက်မှ ပြန်ထုတ်ပေါ့ကွာ။"

ကိုအောင်တို့တသိုက် အံ့သြတသ ပြုကျကုန်သည်။ တယောက်ပြီး တယောက် ပြောစကားများက မမေ့နိုင်စရာ။

"မင်းတို့ စ၀င်တဲ့နေ့မှာတော့ ပုံစံအပေးခံရမှာ သေချာတယ်။ အခန့်မသင့်ရင်တော့ ကောင်းကောင်း ဗျင်းခံရမယ်။ ဂရုစိုက်ကြပေါ့ကွာ"။

"မင်းတို့ ကျရင် ယမန်ကြီးတပတ်ပေါ့။ ဟိုမှာ ယူနီဖောင်းတော့ ရမှာမဟုတ်ဘူး။ မင်းတို့ ပါသွားတာပဲ ၀တ်ရမှာ။ ကျွေးမှာကတော့ တာလဘောဟင်းပေါ့ကွာ။ စားဖူးတာပေါ့။ အလုပ်ကတော့ သန့်ရှင်းရေးလောက်တော့ လုပ်ရမယ် ထင်တယ်။ ငါတို့ကတော့ ဒီအချုပ်ထဲမှာ နေရတာ စိတ်ညစ်လှပြီကွာ။ ထောင်ကိုပဲ မြန်မြန်ပို့ပါစေ ဆုတောင်း နေရတော့တာပဲ။

ဒီလိုနဲ့ မနေ့ညက တညလုံး ကိုအောင် အိပ်မပျော်ခဲ့။ မနက်မိုးလင်းတော့လည်း ဒီနေ့ လုပ်စရာအလုပ်တွေ ပျက်ကုန်တာက တကြောင်း၊ ကိုယ့်အတွက်နဲ့ တခြားသူတွေ စိတ်ညစ်ရတာက တကြောင်း အိပ်ချင်စိတ်က ပျောက်ပြီးရင်း ပျောက်နေသည်။ ကိုးနာရီထိုးတော့ တရားရုံးကို ကိုအောင်တို့အဖွဲ့ လာခဲ့သည်။

ကိုအောင် တွေးနေတာ ဘယ်လောက်ကြာသွားတယ်မသိလိုက်၊ သူ့ဆရာ ဘေးနားမှာ လာထိုင်တော့မှ အတွေးစ ပြတ်သွားသည်။

"ဆရာ အခြေအနေ ဘယ်လိုလဲ"

"အေး ..အားလုံး အဆင်ပြေသွားပြီ၊ နောက်ဆုံးအဆင့် တရားသူကြီးနဲ့ ညှိဘို့ပဲ လိုတော့တယ်

"ရှေ့ထွက်စာရေးကို သုံးပုလင်း ပေးလိုက်ရတယ်။ နောက် အာမခံအတွက်က နှစ်ပုလင်းခွဲရယ် ဟိုနဲနဲ ဒီနဲနဲရယ်နဲ့ အားလုံး နှစ်ပုံး တော့ ပြုတ်သွားပြီ။ မတက်နိုင်ဘူးကွာ .. ကုန်ချင်လည်း ကုန်ပစေတော့။ ပြီးအောင်တော့ လုပ်ရမှာပဲ"။

ခဏနေတော့ ဆရာတယောက် ပြန်ထွက်သွားပြန်သည်။ ညနေ လေးနာရီက ထိုးတော့မယ်၊ တရားသူကြီးနဲ့ သွားတွေ့ရအုံးမယ်တဲ့။

ဆရာပြန်လာတော့ အားလုံးအဆင်ပြေသွားပြီဆိုတာ ကိုအောင်သိလိုက်ရပြီ။ နောက်ဆုံး တရားသူကြီးကို ကျွေးလိုက်ရတာက တပုံး …။

ညနေငါးနာရီထိုးတော့ တရားသူကြီးရှေ့မှာ အမိန့်နာခံဘို့ ကိုအောင်တို့ ရောက်သွားခဲ့တော့ တရားသူကြီး မေးလိုက်တဲ့ အပြစ်ရှိပါသလားဆိုတဲ့ အမေးကို စိတ်ထဲက မပါပေမယ့် အပြစ်ရှိပါတယ်လို့ ပြောခဲ့ရသည်။ မြို့ပြ ဧည့်ဥပဒေအရ ဒဏ်ငွေဆောင်စေဆိုတဲ့ အမိန့်ကြောင့် အိတ်ကပ်ထဲမှာ ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ငါးဆယ်တန် တရွက် ဒဏ်ငွေ လက်ခံသူဆီမှာ ထုတ်ပေးလိုက်ရသည်။

အိမ်ကိုရောက်တော့ မှောင်ရီပျိုးနေပြီ။ ပင်ပန်းလွန်းတဲ့ နေ့တနေ့ကို ဖြတ်ခဲ့ရလို့လား မသိ။ အိမ်နဲ့ခွဲခွါခဲ့တာ တော်တော် ကြာသွားတယ်ဟု ကိုအောင် ထင်လိုက်မိသည်။