Friday, October 17, 2008

အမေရိကန်တို့၏ ရွေးကောက်ပွဲနှင့် မြန်မာတို့ အခွင့်အရေးများ

ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ နိုင်ငံတကာက နိုင်ငံရေးပြောင်းလဲမှုတွေ အလျင်းသင့်ရင် သင့်သလို့ စောင့်ကြည့် အကဲခတ်ကြည့်နေရင်းနဲ့ ဒီရက်တွေမှာ အရှိန်အဟုန် ပြင်းအားကောင်းလာတဲ့ အမေရိကန်တို့ရဲ့ သမ္မတရွေးကောက်ပွဲတွေ နဲ့ သူတို့ရဲ့ သဘောထားရေးရာ၊ စီးပွားရေး အခြေအနေတွေက အနာဂတ်ရဲ့ ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာ ဘယ်လိုနည်းတွေနဲ့ ဝင်ရောက် ကပြအသုံးတော်ခံမလဲလို့ တွေးတေားကြည့်မိတာပါ။ ကျွန်တော် လွန်ခဲ့တဲ့ ရှစ်နှစ်ကျော် ကာလ ကစပြီး အမေရိကန်တွေရဲ့ ရွေးကောက်ပွဲ ကာလတွေမှာ အမေရိကန်နိုင်ငံကို အခြားသောအကျိုး အကြောင်းညီညွတ်ပြီး ရောက်နေလေ့ ရှိတယ်။ ရောက်တိုင်းလည်း ဂရုတစိုက် လေ့လာမိတယ်။ ဒါပါနဲ့ဆိုရင် သုံးကြိမ်မြောက်ပေါ့။

အမေရိကန်တို့ရဲ့ နိုင်ငံရေးတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတွေနဲ့ စာရင် ရှေ့ကို တော်တော်ပြေးနေပြီး အခြေကျ တည်ငြိမ်နေပြီ။ ရွေးကောက်ပွဲတွေဆိုရင်လည်း တစ်နယ်ပြီး တစ်နယ် စနစ်တစ်ကျနဲ့ လုပ်သွားလိုက်တာ ဟော.. အခုဆိုရင် ဒီမိုကရက် နဲ့ ရီပတ်ပလစ်ကန် ပါတီနှစ်ခုလုံးက သူတို့ရဲ့ အမျိုးသားညီလာခံကို ကိုယ်စီ တစ်သီးတစ်ခြားကျင်းပပြီးသွားခဲ့ပြီ။

သိကြတဲ့ အတိုင်း ပါတီနှစ်ရပ်လုံးကတော့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ထိုးနှက်ချက်တွေ၊ အမေရိကန် ပြည်သူပြည်သားတွေ အပေါ် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အစရှိတဲ့ ကတိပေးချက်တွေနဲ့ စွဲဆောင်ကြတာကိုး။ တော်တော်လေးလည်း စိတ်ဝင်စားစရာ ကောင်းသလို့ အလွန်တရာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံခေါင်းဆောင်ကောင်းတွေ ဒုနဲ့ ဒယ်နဲ့ မြောက်မြောက်မြားမြား တွေ့ရတာပဲ။ ဒါတွေကြည့် ပြီး ကျွန်တော့်တို့ နိုင်ငံအတွက်လည်း ထူးချွန်ထက်မြက်ပြီး နည်းပရိယာယ်တွေ ကြွယ်ဝတဲ့ နိုင်ငံ ခေါင်းဆောင်ကောင်းတွေ ရာနဲ့ ထောင်နဲ့ ချီပြီး လိုအပ်နေသေးတယ်ဆိုတာ သတိရမိတယ်။

တကယ်တော့ တိုင်းပြည်တစ်ပြည်တို စီမံအုပ်ချုပ်တယ်ဆိုတာ သြဇာအာဏာနဲ့ လက်ညိုးထိုး ဟိုခိုင်း ဒီခိုင်း လုပ်ရတဲ့ အလုပ်မှ မဟုတ်ပဲ။ ခေါင်းဆောင်တွေဟာ ကိုယ်ရဲ့ စိတ်ဝိညာဉ်၊ ကိုယ်ခန္ဓာနှစ်မျိုး လုံးကို တိုင်းသူ ပြည်သားတွေရဲ့ကောင်းကျိုးအတွက်သာ ရှေးရှု့ပြီး ကိုယ်ကျိုးစွန့် တစ်စိုက်မတ်မတ်လုပ်ဆောင်ရတာကိုး။ သာမန်လောက်သာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေဆိုရင်တော့ ကိုယ်ကျိုးစွန့်ဖို့ သွားပြောရင် ဘယ်လုပ်နိုင်ကြမလဲ။ ဒါမျိုးခေါင်းဆောင်တွေဆိုရင်လည်း အသိပညာရှင်၊ အတတ်ပညာရှင် ပြည်သူတွေကလည်း လက်မခံဘူး။ အထင်လည်း မကြီးဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုကြည့်။ ယုတ်စွအဆုံး ခေတ်မှီ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတကာနဲ့ ကူလူးဆက်ဆံမှုလုပ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်ပြည်ခေါင်းဆောင်တွေကိုယ်၌က အနည်းဆုံး အင်္ဂလိပ်စကားကို လေးလုံးကွဲအောင်တောင် မပြောတတ်ကြရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံတကာ နိုင်ငံရေး မျက်နှာစာမှာ စကားတွေ ပြောကြရအောင်ဆိုရင် ခွေးအကြီး လှည်းနင်းသလို အထစ် အထစ်နဲ့။ စောင့်ကြည့်နေတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက တခွိခွိနဲ့ ရယ်ကြမှာပဲ။ ဘယ်..အထင်ကြီးကြမလဲ။

ကျွန်တော် အမြဲတမ်းလိုလို စိတ်ဝင်တစားနဲ့ မျက်ခြေမပြတ် စောင့်ကြည့်လေ့ရှိတာက အမေရိကန်၊ပြင်သစ်၊ ရုရှားတို့ရဲ့ သမတရွေးကောက်ပွဲ၊ အင်္ဂလန်၊ ဂျပန်၊ သြစတြေလျ၊တရုတ်၊ ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်တွေရဲ့ အာဘော်နဲ့ သူတို့ကို ရွေးကောက်တင်မြောက်လိုက်ပုံပါပဲ။ အဲဒီ နိုင်ငံခေါင်းဆောင်တွေရဲ့ အကြမ်းဖြင်း အာဘော်နဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ယနေ့ ကျွန်တော်တို့ ကမ္ဘာရဲ့ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ နယ်ပယ် ဒေသမျိုးစုံကို ရိုက်ခတ်နိုင်စွမ်းရှိကြတယ်။ ဒီနေရာမှာ အကြမ်းဖျင်း အာဘော်ဆိုတာ သူတို့ပြောဆိုသမျှ အားလုံးကို လုံးဝ ယုံကြည်စိတ်ချမှု မထားပဲ ဘက်စုံ ရှု့ထောင့် အမျိုးမျိုးကနေ ချိန်ထိုးပြီး အကြမ်းဖျင်း ယူဆတဲ့ သဘောပါ။

ခေတ်မီတိုးတက်နေတဲ့ နိုင်ငံ အသီးသီးမှာ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်တွေ အမျိုးမျိုး ရှိကြတယ်။ အနောက်တိုင်း နိုင်ငံတွေမှာ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ကိုက်ညီ ဆုံဆည်းအခြေကျသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ရှိတယ်။ အရှေ့တိုင်း နိုင်ငံတွေမှာလည်း အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ ချိန်ထိုးပြီး တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေး စနစ်တွေလည်း ရှိတယ်။ ဒီနေရာမှာ တိုင်းပြည်ခေါင်းဆောင်တွေက ခေါင်းဆောင်နိုင်စွမ်း အရည်အချင်းရှိဖို့လိုတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ထပ်ကြည့်ရအောင်။ လက်ရှိတိုင်းပြည်ခေါင်းဆောင်တွေက ပြည်သူပြည်သားတွေ အပေါ် အရာရာ မျက်စိပိတ် နားပိတ်လုပ်ပြီး၊ ထိန်းချုပ်ထားတာကိုး။ ဟိုး..တုန်းက ရဲစိတ်ရဲမာန် သတ္တိပြောင်ခဲ့တယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာတွေလည်း တိုင်းပြည်ထဲမှာ အနှစ်လေးဆယ်ကျော်လောက် လှောင်ပိတ် ခံခဲ့ရတယ်။ အဲဒီရလဒ်က ဘာလဲဆိုတော့ မြန်မာလူမျိုးတွေ နိုင်ငံတကာထွက်တဲ့ အခါမှာ စိုးရိမ်စိတ်တွေ၊ မပြောရဲ မဆိုရဲတဲ့ စိတ်တွေ၊ သိမ်ငယ်မှုတွေဟာ မြန်မာတွေရဲ့ စိတ်မှာ လွမ်းမိုးနေခဲ့တဲ။ စိတ် ပိုလီယို ရောဂါ စွဲကပ်နေရတဲ့ သဘောပေါ့။ စိတ်ဓါတ် အင်းအားက ခနော်နီ ခနော်နှဲ့ နဲ့ အခြေမခိုင်တော့ပဲ ယိမ်းယိုင်နေတော့တာပေါ့။ ကိုယ့်ဒူး ကိုယ်ချွန်လာတဲ့ လူတွေကတော့ ပေါက်ရောက် အောင်မြင်သွားကြပေမယ့် လူဦးရေ သန်းငါးဆယ်ကျော်ရှိတဲ့ လူတွေအတွက်ကတော့ ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ ပြုပြင်ပေးပါ။ နည်းလမ်းတွေဖွင့်ပေးပါ။ ခေါင်း မမာပါနဲ့။

နိုင်ငံတကာမှာ ကျွန်တော်တို့ မြန်မာတွေ ဂုဏ်သရေ မှေးမှိန်နေတာ ကြာလှပါပြီ။ မြန်မာ အများစုကလည်း နိုင်ငံခြားကို အထင်ကြီးစိတ် ဝင်သွားပြီ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့အတွက် ဆိုင်းဘုတ်ကြီးတွေတင်၊ ရုပ်မြင်သံကြားတွေ၊ သတင်းစာနယ်ဇင်းတွေကနေ လှုံ့ဆော်ပေမယ့် အရာမရောက်ပါဘူး။ ဘာလို့လဲ့ဆိုတော့ လူဆိုတဲ့ သတ္တဝါက လွတ်လပ်လို့တဲ့ သဘာဝကို စဉ်းစားပြီး ဝမ်းတခါး ဝဖို့ အတွက် အရင် ကြိုးစားအားထုတ်ကြလေ့ရှိတယ်။ အဲဒီ အခွင့် အရေးတွေ မရှိရင် လူတော်တွေ မရပ်တည်နိုင်ဘူး။ သဘောကို ပြောပြတာပါ။ တိုင်းပြည်ကို အုပ်ချုပ်ပုံ၊ ချဉ်းကပ်ပုံ ချဉ်းကပ်တဲ့ နည်းလမ်းတွေ မှားနေတယ်ဆိုတာ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့ အတွက် လမ်းကြောင်းတွေ ဖွင့်ပေးပြီး လုပ်နိုင်စွမ်းတဲ့ အစွမ်းအစတွေ ပေးရမှာပေါ့။ သာတူညီမျှတဲ့ အခွင့်အရေးတွေသာ ရမယ်ဆိုရင် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေက ဂုဏ်ယူဝင့်ကြွားစွာ ကိုယ့်လူ့မျိုး၊ ကိုယ့်တိုင့်ပြည်အတွက် လုပ်ကြပါလိမ့်မယ်။

ခေါင်းဆောင်တွေသာ တော်ကြမယ်၊ ထူးချွန်ထက်မြက်ကြမယ်ဆိုရင် မြန်မာဆိုတာ ကမ္ဘာမှာ မျက်နှာပွင့်ပြီပေါ့။ အရပ်စကားပြောရမယ်ဆိုရင်တော့ ကိုယ့်တိုင်းပြည်က လူတွေ နိုင်ငံတကာမှာ မျက်နှာ မငယ်ရတော့ဘူး။ မြန်မာတွေ နိုင်ငံတကာရဲ့ ပြည်ဝင်ခွင့်ယူရင် စိုးရိမ်သောက စိတ်တွေ မရှိတော့ဘူး။ မြန်မာလူမျိုးတွေ မိမိကိုယ်ကိုယ် ယုံကြည်ကိုယ်စား စိတ်တွေ ရှိလာမယ်။ မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားစိတ်ဆိုတာ ယေဘုံယျအားဖြင့် တစ်ခုခု မအောင်မြင်လို့ ဆုံးရှုံးသွားရင် နောက်ဘာဆက်လုပ်မလဲဆိုတဲ့ အစီအစဉ်ရှိတဲ့ လူတွေက မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားလို့ ရတယ်လို့ ဆိုရမယ်။ တည်ငြိမ်တယ်ပေါ့။ နိုင်ငံ တကာမှာ ရှိတဲ့ ကျွန်တော်တို့ မြန်မာတွေ အများစုအတွက်ကတော့ နိုင်ငံခြားမှာ အလုပ်ရဖို့ စိုးရိမ်ကြရတယ်။ အလုပ်ရရင်လည်း အလုပ်မြဲဖို့ စိုးရိမ်ကြရပြန်တယ်။ ကိုယ့်တိုင်ပြည်မှာက ကျောထောက် နောက်ကန် အလုပ်မှ မရှိတာ။ ဒီတော့ ပြည်ဝင်ခွင့်အတွက်၊ အလုပ်ရဖို့အတွက် စိုးရိမ်တတ်ကျတာ ထူးဆန်းတဲ့ အရာတစ်ခုလို့ မထင်တော့ဘူး။

ကိုယ့် တိုင်းပြည်ကို ကိုယ် မစွန့် ခွာရပဲ တိုင်းပြည် အတွင်းမှာ မကြောင်းမကြ မတောင်းမတ လူတိုင်း အလုပ်အကိုင်တွေ ကိုယ်စီနဲ့လုပ်နိုင်ဖို့အတွက် တိုင်းပြည်တွေရဲ့ နိုင်ငံခေါင်းဆောင်တွေက ပြည်သူတွေရဲ့ အကျိုးကိုး ဦးစားပေးပြီး အလုပ်အကိုင်တွေ ဖန်တီးနိုင်စွမ်း အရည်အချင်းရှိကြရတယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကို ဘယ်လို ရမလဲ။ ဘယ်လို ရှာကြမလဲ။ ရှင်းပါတယ်။ တိုင်းသူ ပြည်သားတွေက ရွေးကောက် တင်မြောက်တာပေါ့။

ဟိုတလောက ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ အကြောင်းကို ရေးထားခဲ့ပြီးပြီ။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာလည်း လာမည့် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းတွေနဲ့ စခန်းသွားကြမလဲဆိုတာ ပညာရှင်တွေ အခုကတည်းက စနစ်တကျနဲ့ ပြင်ဆင်ချဉ်းကပ်ဖို့ လိုပြီ။ အခု အမေရိကန်နိုင်ငံမှာလည်း ပြည်သူတွေ နင်လား ငါလား အပြိုင်အဆိုင် နဲ့ ခေါင်းဆောင်တွေ စကာတင် ရွေးချယ်လာ လိုက်တာ နောက်ဆုံး ဒီမိုကရက် ပါတီက အိုဘားမာ ဆိုတဲ့ လူမဲ ခေါင်းဆောင် တစ်ဦးနဲ့ ရီပတ်ပလစ်ကန် ပါတီက ဂျွန်မက်ကိန်းဆိုတဲ့ လူဖြူ ဝါရင့် နိုင်ငံရေး ခေါင်းဆောင် တစ်ဦး စီ ရလာတယ်။

အမေရိကန် အမ္မတ တစ်ဦးရဲ့ တခိုးအာဏာနဲ့ အစွမ်းအစက ကမ္ဘာမှာ အလွန်တရာ စွမ်းပကားကြီးမာ လှသည်။ ထို့အတူ နိုင်ငံခေါင်းဆောင်တို့သည်လည်း လူသန်းပေါင်းများစွာ တို့၏ အသက်ကို သေစေနိုင်သလို၊ ကယ်တင်နိုင်စွမ်းရှိသည်။ ငွေသန်းပေါင်းများစွာတို့ကို ထိန်းချုပ် ကိုင်တွယ် နိုင်စွမ်းလည်းရှိသည်။ ထိုကဲ့သို့ တခိုးအာဏာ တို့နှင့် နိုင်ငံ တစ်နိုင်ငံကို အုပ်ချုပ်ဖို့ အတွက် အဘယ်ကဲ့သို့သော လူမျိုးကို ပေးအပ်အုပ်ချုပ် စေမည်နည်း။ ကျွန်တော်တို့ မြန်မာ နိုင်ငံတွင် ထိုကဲ့သို့သော လွတ်လပ်စွာ မဲဆွယ်ခွင့်၊ လွတ်လပ်စွာ ရွေးကောက်တင်မြောက် ပိုင်ခွင့် စသည့် လွတ်လပ်သည့် အခွင်အရေးတွေ ဆုံးရှုံးနေသလောက် အမေရိကန်နိုင်ငံ အပါအဝင် အခြားသော ဒီမိုကရေစီ တိုင်းပြည်တို့တွင် ထိုအခွင့် အရေးတို့ရှိကြလေသည်။ ထိုအခွင့်အရေးသည်ကာ တိုင်းပြည်၏ အနာဂတ်ကို ပြောင်လဲပစ်နိုင်စွမ်း ရှိလေသည်။

အမေရိကန် နိုင်ငံသည် အင်အား ကြီးမားလှသည်။ အမေရိကန်နိုင်ငံသားတို့သည် ကောင်းပေ ညွှန့်ပေ၊ အကောင်းတကာ့ အကောင်းဆုံးတို့ကို မှီဝဲ သုံးကြသည်။ သူတို့သည် စားနိုင်၊ သောက်နိုင်ကြသည့် အပြင် အိမ်ယာများ၊ ပညာရေးနှင့် ကျန်းမားရေး စသည့် အခြေခံ လူနေမှု စနစ်ကို ပြည့်ပြည့်ဝဝ ရှိကြသည်။ပြည့်ဝသည်ထက် ပိုလျှံ၍ ပင်နေတော့သည်။ သက်တန်းအားဖြင့် နှစ် နှစ်ရာ ကျော်ကျော်သာ ရှိသေးသော အမေရိကန် နိုင်ငံသည် အဘယ်ကဲ့သို့ သော အကြောင်းကြောင်း ကြောင့် အကောင်းဆုံးများကို သုံးစွဲနေကြရပါသနည်။ အမေရိကန်တို့၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် လူသားတိုင်းအတွက် တန်းတူ တူညီသော အခွင့် အရေးကို ဦးစာပေးထားသည်။ လူတိုင်းအတွက် ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားသည်။ ထို့ အခြေခံ အကြောင်းအရာများကြောင့် အမေရိကန်တို့၏ အခြေခံ ဥပဒေသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရေးဆွဲခဲ့ကြသော်လည်း ယနေ့ထက်တိုင် မှန်ကန်ကြောင်း သက်သေပြလျက် ရှိသည်။

အမေရိကန်တို့၏ ဒီမိုကရက်တစ် ပါတီ နှင့် ရီပတ်ပလေကန် ပါတီတို့သည် လက်ရှိ နိုင်ငံရေး အခြေအနေနှင့် မိမိတို့၏ အာဘော်ကို လိုက်လျက် အခြေခံ ဥပဒေအပေါ် အနည်းငယ်မျှသော ဖြည့် စွက်ချက်များ ဖြင့် သီးခြား အခြေခံ ဥပဒေကို ပြဒါန်း တင်သွင်းကြသည်။

လက်ရှိ အမေရိကန် သမ္မတ ဂျော့ဘွတ်ရှ်၏ ရှစ်နှစ်တာ ကာလာ အုပ်ချုပ်မှု လက်ထက်တွင် စစ်သုံးစရိတ်သည် အလွန် ကြီးမြင့်လာသည်။ အခွန်အထုတ်သည် လည်း ကြီးမြင့်သည်။ စီပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသည် ကြီးမြင့်သော အခွန်အထုတ်တို့ကြောင့် အခြားတိုင်းပြည်တို့တွင် ပြောင်းရွှေ့ဖွင့်လှစ်ကြသည်။ ထို့ အတွက် အမေရိကန်တွင် အလုပ်လက်မဲ့ ဦးရေတိုးပွားလာသည်။ အလုပ်မရှိသည့် အတွက် အကြွေးနှင့် ဝယ်ယူထားသော အိမ်များကို အရှုံးခံ ပြန်ပေးကြသည်။ နယ်များတွင် အိမ် ခြံ မြေဈေး တဟုန်ထိုး ကျဆင်းသွားသည်။ ဘဏ္ဍာရေး အင်းအားလည်း ချိနဲ့နေသည်။ ထိုသည်အတွက် နိုင်ငံခြားမှ ပညာရှင်များအား အလုပ် အကိုင်အတွက် ခေါ်ယူသည့် နှုန်းနည်းသွားခဲ့သည်။ ကျောင်းများတွင် ပညာသင်ကြားရန်အတွင် ထောက်ပံ့ကြေးများလည်း နည်းသွားသည်။ ထောက်ပံ့ကြေးဖြင့် ကျောင်းတက်ရန် လာမည့် နိုင်ငံခြားမှ ကျောင်းသူကျောင်းသားများအတွက် အခွင့်အလမ်များလည်း နည်းသွားသည်။ သမ္မတ ဂျော့ဘွတ်ရှ်၏ နောက်ဆုံး သက်တမ်း ကာလာများတွင် လူကြိုက်နည်း လာကြသည်။

ဒီမိုကရက် ခေါင်းဆောင် အိုဘာမားသည် အသက်အားဖြင့် ငယ်ရွယ်သေးသော်လည်း စူးရှထက်မြက်သော လူမည်း ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများကို အလိုရှိသည်။ လက်ရှိ သမ္မတ ဂျော့ဘွတ်ရှ်၏ မပြီးဆုံးသေးသော အီရတ်နှင့် အာဖကန်နစ်စတန် စစ်ပွဲများမှ အမေရိကန် စစ်တပ်ကို ဆွဲထုတ်လျက် အဆုံးသတ်လိုသည်။ အမေရိကန်တွင် အခြေချ နေထိုင်လျက်ရှိသော လူတန်းစားအားလုံးအတွင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် တို့ကို ထောက်ပံပေးမည်ဟု လည်း ကတိပေးသည်။ တရိပ်ရိပ် ကျဆင်းနေသော အမေရိကန်တို့၏ စီပွားရေးနှင့် စစ်စရိတ်ကြောင့် ကုန်ခန်းနေသော အမေရိကန်တို့၏ ဘဏ္ဍာရေး အင်အား ပြန်လည် တောင့်တင်းလာစေရန် အလုပ် အကိုင် များ ဖန်တီးပေးမည်ဟု ဆိုသည်။ ဒီနေရာမှာ ဒီမိုကရက်တို့က လူတန်းစား အားလုံးဟုဆိုထားသည်။ ဒါကလည်း မှန်ပေသည်။ ဒီမိုကရက်တို့၏ အာဘော်သည် လူတိုင်း၊ အခြေခံ လူတန်းစားများ အပါအဝင် အားလုံးကို ကျန်းမားရေး၊ ပညာရေး၊ အလုပ်အကိုင် ထောက်ပံဖို့ ဖြစ်သည်။

ဤတွင် အထက်တန်းစား အမေရိကန်တို့သည် ဒီမိုကရက်တို့၏ အာဘော်ကို မကြိုက်ကြ။ အလုပ်လုပ်သော အမေရိကန်တို့၏ အခွန်အထုတ်မှ ရလာသော ငွေကြေးတို့ဖြင့် အလုပ် မလုပ်၊ ကလေးမွေးနေသော မိခင်များကို အလကား ထောက်ပံနေသည်ကို မလိုလားကြ။ အခြားတိုင်းပြည်မှ အခြေလာချသော၊ ခိုလှုံခွင့်ဖြင့် လာကြသော သူများကို ငွေကြေး များ ထောက်ပံ့နေကြသည်ကိုလည်း မကြိုက်ကြ။ အမေရိကန်တွင် အခြေချတာ ကြာမြင့်လျက် အမေရိကန် နိုင်ငံသား ဖြစ်သွားသော မြန်မာများကို တွေ့ဖူးပါသည်။ တစ်ချို့ ရီပတ်ပလစ်ကန်ဖက် ရိမ်းကြသည်။ သူတို့ အဆိုအရ သူတို့၏ အခွန် အထုပ်များဖြင့် အမေရိကန်ကို ဝင်ရောက် အခြေလာချသူများကို လုပ်ကြွေးနေကြရသည်ဟု ဆိုသည်။ သူရို့၏ တိုင်းပြည်သည် အမေရိကန်နိုင်ငံဖြစ်သွားကြသလေား။

ရီပတ်ပလစ်ကန်ခေါင်ဆောင် ဂျွန်မက်ကိန်းသည် နိုင်ငံခြားရေးရာတွင် ဝါရင့်ခေါင်းဆောင်တစ်ယောက် ဖြစ်သည်ဟု ကြွေးကြော်ထားသည်။ သူ၏ ပါတီသည် အမေရိကန်တို့၏ လုံခြုံမှုကို ဦးစားပေး လုပ်ဆောင်သွားမည် ဟု ဆိုသည်။ ပြိုင်ဖက် ဒီမိုကရက် ခေါင်ဆောင် အိုဘာမားကိုလည်း ဂျွန်မက်ကိန်းနှင့် စာလျင် ဝါနုသေးသည်ဟု ထောက်ပြကာ ပါတီအတွက် မဲဆွယ်နေလျက် ရှိသည်။ အီရတ်နှင့် အာဖကန်နစ်စတန် စစ်ပွဲများတွင် အမေရိကန်တို့ စစ်ရှုံးကာ ဆုတ်ခွာကြရမည်ကို မလိုလားချေ။ ရီပတ်ပလစ်ကန်တို့သည် ပြုပြင်ပြောင်းလဲမှုကို မလိုလားကြ။ ထို့အပြင် အသစ်ခန့်အပ်လိုက်သော ရီပတ်ပလစ်ကန်တို့၏ အမျိုးသမီး ဒုတိယ သမ္မတလောင်း ဆာရာပေးလင်း သည် ဒီမိုကရက်ဖက်မှ အမျိုးသမီး ဆီနိတ်တာ ကလင်တန်(သမ္မတ ဟောင်း ဘဲလ် ကလင်တန်၏ ဇနီး) ၏ မဲများကို သိမ်းကြုံးယူနိုင်ဖွယ်လည်း ရှိသည်။ ဆာရာပါလင်း သည် စကားပြာဆိုရာတွင် ထက်မြက်သလို့ အုပ်ချုပ်မှု အသစ်မှလာသော ဆီနိတ်တာလည်း ဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်မှုအဟောင်းများနှင့် ပြုပြင် ပြောင်းလဲမှု မရှိသော ရီပတ်ပလစ်ကန်တို့၏ အာဘော်ကို ထောက်ပြရန် ဒီမိုကရက်တို့ အခက်အခဲ ကြုံနိုင်လေသည်။

အသာစီးရှိလျက် ရှိသော ဒီမိုကရက်တို့သည် အသစ်ခန့်အပ်ထားသော ရီပတ်ပလစ်ကန်တို့၏ အမျိုးသမီး ဒုတိယ သမ္မတလောင်း ဆာရာပေးလင်း ကြောင့် အခြေအနေ တစ်မျိုး ပြောင်လဲသွားဖွယ် ရှိသည်။ ထို့ အတူ တကယ်တမ်း နင်လား ငါလား မဲပေးကြသည်တွင် ရီပတ်ပလစ်ကန်တို့ နိုင်သွားနိုင်ပေသေးသည်။ ပြီးခဲ့သည့်လေးနှစ် ရွေးကောက်ပွဲတွင် ထိုကဲ့သို့ အဖြစ်အပျက်က ဖြစ်ခဲ့ ဖူးပြီးပြီ။ ထိုစဉ်က ဒီမိုကရက်တို့ နိုင်မလိုလိုနှင့် နောက်ဆုံးတော့ ဂျော့ဘွတ်ရှ်၏ ရီပတ်ပလစ်ကန် ပါတီက နိုင်သွားခဲ့သည် မဟုတ်ပါလော။

ထို ဒီမိုကရက်နှင့် ရီပတ်ပလစ်ကန် တို့ အာဘော်သည် မြန်မာ နိုင်ငံနှင့် ကျွန်တော်တို့ မြန်မာ နိုင်ငံသားတို့ အပေါ် ဘယ်လို့ အကျိုး သက်ရောက် နိုင်မလဲ ဆိုတာ ကြည့် ကြရအောင်။ ရီပတ်ပလစ်ကန်တို့သည် စစ်ကို နိုင်အောင် တိုက်သွားကြမည်ဟု ဆိုသည်။ ဘဏ္ဍာရေး အင်အား ချိနဲ့ နေသော အမေရိကန်သည် မြန်မာနိုင်ငံရေးအပေါ် အကျိုး အမြတ် မရှိပဲ ငွေးကြေးအရ အကူ အညီ ပေးဖို့ မဖြစ်နိုင်ချေ။ ထို့ ကြောင့် အမေရိကန်တို့၏ ထောက်ပံစရိတ်ကို မှီခိုရန် ရည်ရွယ်နေကြသော မြန်မာ နိုင်ငံရေးသမားမျာနှင့် ခိုလှုံခွင့်ရရန် အခွင့် အလန်းရှာကြသော မြန်မာများ ခက်ခဲနိုင်သည်။ အလုပ်အကိုင်တို့ ကား ခက်ခဲလျက် စီးပွားရေးက ကျဆင်းနေဆဲ။ ထိုသည့် အတွက် ထူးချွန် ထက်မြက်သော မြန်မာများ H1-B ဟု ခေါ်သော အလုပ်သမား ပြည်ဝင်ခွင့်ဖြင့် အမေရိကန်နိုင်ငံ သို့ အလုပ်ရှာရန် လာဖို့ ခက်ခဲပေလိမ့်မည်။ အခုတောင် ကျွန်တော်၏ မိတ်တွေ သူငယ်ချင်း တော်တော်များ များ H1-b ပြည်ဝင်ခွင့် ဗီဇာယူထားပြီး အလုပ်ဖြင့် လာရန် ခက်ခဲနေကြရသည်။ တော်သေးသည်။ သူရို့သည် အိုင်တီ သမားများ ဖြစ်ကြသည်။ လိန်ဖယ် လိန်ဖယ်နှင့် ရသွား နိုင်ပါသေးသည်။

ကျွန်တော်သည် အမေရိကန် နိုင်ငံသား မဟုတ်။ မြန်မာလူမျိုး အမေရိကန်နိုင်ငံတွင် ကိုယ်တတ်သည့် ပညာဖြင့် အလုပ်လုပ်မည့် သူ ဖြစ်သဖြင့် လူတန်းစား မရွေး လူတိုင်းကို အခွင့်အရေး ပေးမည့် ဒီမိုကရက်တို့ ၏ အာဘော်ကို သဘောကျသည်။ နောင်တွင်လည်း မြန်မာပညာတတ်များ၊ သူငယ်ချင်းများ အလုပ်လာလုပ်နိုင်ရန် အလုပ်အကိုင် အခွင့် အလမ်းများကို ဖန်တီးပေးမည့် ဒီမိုကရက်ကို ထောက်ခံသည်။ အမေရိကန် နိုင်ငံသားတို့ ရီပတ်ပလစ်ကန်ကို ထောက်ခံကာ သူတို့ တိုင်ပြည် လုံခြုံရေးကို ရှေးရှု့သည်ကာ သဘာဝကျသည်။ သို့ရာတွင် အမေရိကန်နိုင်ငံသည် လူမျိုး ပေါင်းစုံနှင့် ဖွဲ့စည်းထားကာ ကျွန်တော်တို့လို နိုင်ငံခြားသားများလည်း ရှိသည်။ ထို့ပြင် ဝင်ငွေနည်းသော နိုင်ငံခြားသားများလည်း ကျန်းမားရေး ထောက်ပံမှုများ ရမည်ဆိုလျင် မကောင်းပါလော့။

အမေရိကန်တို့ မြန်မာနိုင်ငံရေး အပေါ် အကျိုး သက်ရောက်နိုင်မည်ကို ကျွန်တော် အယုံအကြည် မရှိ။ နိုင်ငံရေးကို အကြောင်းပြလျက် အကျိုး ခံစားနေကြသော နိုင်ငံရေး သမားများကို လည်း အထင်မကြီး။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကျင်းပကြတော့မည်ဆိုလျင် အနီးကပ်မှ ထအော်ကြမည့် လူများလည်း ရှိပေလိမ့်မည်။ ကျွန်တော်တို့ မြန်မာနိုင်ငံရေးသည် ပြည်သူလက်ထဲတွင် ရှိကာ ပြည်သူတွေ ဆုံးဖြတ်ရသည်။ ကျွန်တော့် အနေဖြင့် အခြားနိုင်ငံများမှ နိုင်ငံရေး ဇာတ်ခုံများနှင့် မြန်မာ နိုင်ငံရေး ဇာတ်ခုံတို့ မတူညီ သည်များကို ပြောပြရုံသာ ဖြစ်သည်။ တိုင်ပြည်အတွင်း ပိတ်ဆို့ခံရလျက် နိုင်ငံတကာ အမြင်နည်းနေသောမြန်မာများအတွက် နိုင်ငံတကာတွင် ဘာတွေဖြစ်ပျက်နေသလဲ၊ မြန်မာပြည်နဲ့ ဘာတွေ ခြားနားသလဲ၊ ဘယ်လိုမျိုး အခွင့်အရေးတွေဆုံးရှုံးနေကာ၊ ဘယ်လို့မျိုး အခွင့်အရေးတွေ တောင်ဆိုသင့်သလဲလို့ ကိုယ်မြင်သည့် ရှု့ထောင့်မှ ပြောပြရုံပင် ဖြစ်သည်။ အထူးသဖြင့် ဘယ်လိုမျိုး နိုင်ငံခေါင်းဆောင်ကို တင်မြောက်ကြမလဲပေါ့။

အနန္တမေတ္တာဖြင့်
ဘကောင်း

http://bakaung.blogspot.com/ မှ.....

တပင်ေ႟ရွှထီး (၁၅၃၁ - ၁၅၅၀) နဲ့အတူ လက်တွဲပြီး ဒုတိယအကြိမ် မြန်မာနိုင်ငံကိုပြန်လည် စည်းလုံးပေးခဲ့သူ ဘုရင့်နောင် (၁၅၅၁ - ၁၅၈၁)


၁၇၁၀၂၀၀၈သတင်း

မြန်မာသံရုံးများနှင့်ဒေသခန့်(ခေါ်) လိုကယ်ဝန်ထမ်း
သံတမန်တဦး (၁၇-၁၀-၀၈)။ ။

မြန်မာပြည်အတွက် ကိုယ်စားပြုသော နိုင်ငံတကာရှိ ဖွင့်လှစ်ထားသော မြန်မာသံရုံးများတွင် ဒေသခန့် (ခေါ်) local staff များနေရာတွင် မြန်မာနိုင်ငံသားများ တဖြည်းဖြည်းဝင်ရောက် လုပ်ကိုင်လာသည်မှာ များပြားလာသည်ကို တွေ့ရသည်။

ဒေသခန့် (ခေါ်) local staff များကို ယခင်က သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကျွမ်းကျင်သူ ယင်းနိုင်ငံသားများကိုသာ ခန့်ထားလေ့ရှိသည်။ မဆလ ခေတ်ကဆိုလျှင် မြန်မာသံရုံးများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများမှအပ ကျန်ဝန်ထမ်းများသည် သက်ဆိုင်ရာနိုင်ငံသား (သို့) ယင်းနိုင်ငံတွင် နေထိုင်သော တခြားနိုင်ငံသားများသာ ရှိကြသည်။ ယခုနအဖလက်ထက်တွင် မြန်မာသံရုံးများ၌ မြန်မာနိုင်ငံသား (ပြည်ပရောက်) များပါ ၀င်ရောက်လုပ်ကိုင်လာသည်မှာ များစွာရှိသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသားများ ၀င်ရောက်လုပ်ကိုင်လာသည်နှင့်အမျှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ဖြင့် စေလွှတ်ထားသော အဆင့်ဆင့်သံအရာရှိ/အရာထမ်းများ အချင်းချင်းသွေးကွဲပြီး လုပ်ငန်းတာဝန်များ မှားယွင်းခြင်း၊ လစ်ဟင်းခြင်း၊ လာဘ်လာဘစားသုံးခြင်း၊ အချင်းချင်း မသင့်မမြတ်ဖြစ်ခြင်းများကို တွေ့ရှိရသည်။

သံရုံးအကြီးအကဲဟုဆိုသည့် သံအမတ်ကြီးများကလည်း ဖြုတ်ဦးနှောက်နှင့် အသက်ရှင်နေသည့်အလား မစဉ်းစား မဆင်ခြင်ဘဲ လက်လွတ်စပယ် ဖြစ်ချင်တိုင်းဖြစ်နေသည်မှာ ထိုဒေသခန့်များ ခန့်ထားသည့် နိုင်ငံတိုင်းတွင်ရှိသော မြန်မာသံရုံးများတွင် ဖြစ်ပျက်နေသည်ကို တွေ့ရသည်။

ယင်းဒေသခန့် မြန်မာနိုင်ငံသားများသည် ဦးတည်ချက်၊ ရည်မှန်းချက်မရှိဘဲ အခြေမဲ့သူ ကြောင်ဖားများဖြစ်ပြီး ၎င်းတို့ပြည်ပထွက်လာစဉ်က မည်သည့်ရည်ရွယ်ချက်ကြောင့် ထွက်လာသည်ကို မသိရသော်လည်း ပြည်ပထွက်လာသူများ နည်းတူ တန်းတူလုပ်ရန် အရည်အချင်းမရှိသောကြောင့် မြန်မာသံရုံးသို့ ၀င်ရောက်လာခြင်းဖြစ်သည်ကို တွေ့ရသည်။

ထိုသို့ဝင်ရောက်လာပြီး မိမိနေရာရစေရန်အတွက် သံအမတ်ကြီှးမှအစ အဆင့်ဆင့် သံအရာထမ်းများကို မမှန်သတင်း အချက်အလက်များပေးပြီး တဆိတ်ကို တအိတ်လုပ်ကာ ပုံပြင်သဖွယ်ဖန်တီးပြီး စည်းရုံးနိုင်ခဲ့သလို အရက်ကြိုက်သူကိုအရက်၊ မိန်းမကြိုက်သူကို မိန်းမ၊ လောင်းကစားကြိုက်သူကို လောင်းကစား၊ ပိုက်ဆံ၊ ပစ္စည်းမျိုးစုံဖြင့် စည်းရုံးကာ ၀င်ရောက်မွှေနှောက်နေသည်ကို တွေ့ရသည်။

ယင်းအဖြစ်အပျက်များ မှန်သည်မှားသည်ကို တာဝန်ရှိပုဂ္ဂိုလ်များလေ့လာပါက ထို့ထက်ပိုဆိုးသည့် အခြေအနေများကိုပါ တွေ့ရှိရမည်ဖြစ်သည်။ မည်သည့်သံရုံးတွင် မည်သို့ဖြစ်နေသည်ကိုလည်း အသေးစိတ်လေ့လာစေလိုကြောင်း စေတနာနှင့် အသိပေးပါသည်။

မခင်မိုးအေးနှင့် ကိုကျော်စိုးအား ထောင်ဒဏ်ချမှတ်
ကိုသက် အောက်တိုဘာ ၁၇၊ ၂၀၀၈

၂၀၀၇ ခုနှစ် ဒီဇင်ဘာလကတည်းက မွန်ပြည်နယ် ကျိုက်ထီးရိုးရင်ပြင်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် မခင်မိုးအေးနှင့် ကိုကျော်စိုး (တော်ကီ) တို့ကို အင်းစိန်ထောင်တွင်ရုံးထိုင်သည့် စမ်းချောင်းမြို့နယ်တရားရုံးက နိုင်ငံခြားငွေ လက်ဝယ် တွေ့ရှိမှုဖြင့် ယမန်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်သည်ဟု ၎င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ဧရာဝတီကို ပြောသည်။
ကိုကျော်စိုး မခင်မိုးအေး
၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မခင်မိုးအေးနှင့် ကိုကျော်စိုးတို့ကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စအဖ က ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်မှုအက်ဥပဒေ ပုဒ်မ ၂၄ (၁) နှင့် တရားစွဲဆိုခဲ့သည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “သူတို့ကို စဖမ်း ကတည်းက ဘာကြောင့်ဖမ်းတယ်ဆိုတာ အကြောင်းပြချက်မရှိဘူး၊ စစ်ဆေးတွေ့ရှိချက်တွေအရ ဘာပြစ်မှုမှ ကျူးလွန်ခဲ့တာမတွေ့ရဘူး၊ အာဏာပိုင်က ထောင်ချမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့အတွက် စွပ်စွဲချက်တွေတပ်၊ ပုဒ်မတွေဆင်ပြီး ထောင်ချတာပါ” ဟု ပြောသည်။

မခင်မိုးအေးသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး ကျောင်းသားအရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

“၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုရတဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ်မှာလုပ်တဲ့ ထောက်ခံပွဲ ကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်တယ်။ အဲဒါကြောင့် အဖမ်းခံရတယ်။ ထောင် ၁၀ နှစ်ကျခဲ့တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

မခင်မိုးအေးသည် အကျဉ်းထောင်တွင် နှစ်ပြည့်မနေရဘဲ၁၉၉ ၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း မြန်မာ နိုင်ငံကျောင်းသားသမိုင်းစာအုပ်ကို ကိုအောင်ထွန်းက ရေးသားပြုစုနေစဉ် အကူအညီပေးခဲ့သဖြင့် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ လတွင် နောက်တကြိမ်အဖမ်းခံရသည်။ ၂၀၀၃ ခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဒုတိယအကြိမ် ထောင်မှလွတ်မြောက်လာပြီးနောက်ပိုင်း ဒီမိုကရေစီရေးလုပ်ငန်းများကို အားပေးကူညီသကဲ့သို့ လူမှုရေး လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အဖမ်းမခံရမီက အာဏာပိုင်တို့၏ ခေါ်ယူစစ်ဆေးခြင်းနှင့် ဖိအားပေးခံရမှုများ ကြုံခဲ့ရသည်။

ကိုကျော်စိုးသည်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ၎င်းအား စစ်အစိုးရက ထောင် ၃ နှစ် ချခဲ့သည်။

ကိုကျော်စိုးသည် ၁၉၉၀ ခုနှစ် ကိုဖုန်းမော် ၂ နှစ်ပြည့်အခမ်းအနားဖြစ်မြောက်ရေး ၁၉ ဦး ကော်မတီတွင် ပါဝင်ခဲ့သော ကြောင့် တခြားကော်မတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။

ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီရေးနှင့် ကျောင်းသားရေးရာကိစ္စများကို ဆက်လက်လုပ်ဆောင် ခဲ့သူ ဖြစ်သည်။

မုန်တိုင်းသင့် ကလေးငယ်များ၏ ပညာရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး ထိရောက်စွာ ပံ့ပိုးသင့်
အောင်သက်ဝိုင်း အောက်တိုဘာ ၁၇၊ ၂၀၀၈

မုန်တိုင်းသင့် ကလေးငယ်များကို စိတ်ဓာတ်ရေးရာ မြင့်တက်စေရေး ဆောင်ရွက်ရန် များစွာ လိုအပ်သကဲ့သို့ ပညာရေးနှင့် စားဝတ်နေရေးပိုင်းတွင် ထိရောက်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် လိုနေသေးကြောင်း လပွတ္တာရှိ ဒေသခံများက ပြောဆိုကြသည်။

“လပွတ္တာကျေးရွာ မူလတန်းကျောင်းတွေက ကလေးတွေအတွက် ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ တာလပေါ်လင်စကို ပတ်ပတ် လည်ကာပြီး သွပ်မိုးထားတာ။ ပြီးတော့ ထိုင်စရာမရှိဘူး။ ကလေးတွေက မြေကြီးမှာ ဖျာခင်းထိုင်ပြီး စာသင်ရတာပါ” ဟု လပွတ္တာမြို့ခံများကပြောသည်။

ကျေးရွာပေါင်း ၅၀၀ နီးပါးရှိသော လပွတ္တာမြို့နယ်တွင် အစိုးရ မူလတန်းနှင့် ပုဂ္ဂလိက တွဲဘက်မူလတန်း ၃၆၅ ကျောင်း ရှိပြီးသော ကျောင်းအများစုမှာ တာပေါ်လင်စ ပတ်ပတ်လည် ကာရံပြီး သွပ်မိုးထားသည့် လုံခြုံမှုမရှိသော ကျောင်း အဆောက်အအုံများသာ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“ကုမ္ပဏီတွေကလည်း အဖြစ်သဘောပဲ လုပ်ပေးသွားတာလေ။ ကျောင်းဆောက် ပေးတယ် ဆိုပြီး တာပေါ်လင်စ ကာပြီး သွပ်မိုးပေးသွားတာ။ ဒီလိုကျောင်းမျိုးတွေဟာ ကလေးငယ်တွေ အတွက် ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ ပြီးတော့ စာအုပ်စာတမ်း လိုအပ်ချက်၊ သင်ကြားရေးဆရာ၊ ဆရာမ လိုအပ်ချက်တွေလည်း အများကြီး” ဟုလပွတ္တာမြို့နယ်ရှိ ပညာရေးဝန်ထမ်း တဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း နေထိုင်သည့် ကလေးငယ် အများစုမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း ၅ လနီးပါး ကြာလာ သည့်တိုင် မုန်တိုင်း တိုက်ခတ်စဉ် ကြုံတွေ့ရသည့် အဖြစ်ဆိုးံများကြောင့် စိတ်ဝေဒနာ ခံစား နေရဆဲဖြစ်ပြီး ပုံမှန်အနေ အထား ပြန်လည် မရောက်ရှိနိုင်သေးဘဲ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး များတွင်လည်း အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ အန်ဂျီအို များထံမှ သိရှိရ သည်။

ဧရာဝတီတိုင်းမှ နာဂစ်ဒဏ်ခံခဲ့ရသည့် ကလေးငယ်များမှာ ကလေး သဘာဝ ပြေးလွှား ဆော့ကစားခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်း၊ စူးစမ်းမေးမြန်းခြင်း များကို လုပ်ဆောင်မှုနည်းပါးပြီး တဦးတည်း ငေးငိုင်ခြင်း၊ စာသင်ခန်းများတွင် စိတ်ပါ လက်ပါ ပညာသင်ကြားနိုင်မှုမရှိကြကြောင်း သိရသည်။

၎င်းဒေသရှိ ကလေးငယ်များသည် ရာသီဥတုအခြေအနေကို လွန်စွာသတိထားပြီး အနည်းငယ် လေတိုက်ခြင်းနှင့် ကောင်းကင်အုံ့မှိုင်းခြင်းများ ရှိလာချိန်တွင် ငိုယိုခြင်း၊ အလွန်အမင်း ကြောက်ရွံ့ခြင်းများလည်း ဖြစ်နေသည် ဟု မုန်တိုင်းသင့် ဒေသများတွင် ကလေးသူငယ် အရေးဆောင်ရွက်နေသည့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF) ဧရာဝတီ တိုင်းရုံးခွဲများမှ မြန်မာဝန်ထမ်းများက ပြောသည်။

“ခုထက်ထိကလေးငယ်တွေ မှာ စိတ်ဝေဒနာတွေရှိနေပါတယ်။ မုန်တိုင်းသင့်ဒေသက ကလေးတွေက သာမာန်ကလေး တွေလို ကစားပျော်ရွှင်တာနေကြတာ မျိုးနည်းတယ်။ သူတို့မှာ အကြောက်တရား အရမ်းကို ကြီးစိုးနေတယ်” ဟု လပွတ္တာ မြို့နယ်ကျေးရွာများရှိ မုန်တိုင်းသင့် ကလေးငယ်များ ပညာသင်ကြားရေးဆိုင်ရာ လုပ်ငန်းခွင်များတွင် ပါဝင်ဆောင်ရွက် နေသည့် စေတနာ့ဝန်ထမ်း တဦးက ပြောသည်။

မုန်တိုင်းကြောင့် စိတ်ဝေဒနာ ခံစားနေရသော ကလေးငယ်များသည် ပညာရေးတွင် စိတ်ဝင်စားမှု နည်းပါးသည့်အပြင် လှုပ်ရှားမှုနည်းပါးသည့်အတွက် ကိုယ်ခန္တာ ကြံ့ခိုင် ဖွံ့ဖြိုးမှုပိုင်းနှင့် ကျန်းမာရေး အပိုင်းတွင်လည်း ထိခိုက်မှုများ ရှိလာ သည်ကို တွေ့ရကြောင်း အဆိုပါ လူငယ်ကရှင်းပြသည်။

လပွတ္တာမြို့နယ် အခြေစိုက် Save the Children အဖွဲ့ကမူ လပွတ္တာ မြို့နယ်ရှိ ကျေးရွာ များတွင် ကလေး ပျော်ဌာန အခု ၂၀ ထားရှိမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ဌာနများတွင် ကလေးများအတွက် ကစားနည်းအမျိုးမျိုး၊ ကာတွန်းစာအုပ်၊ ပုံပြင် စာအုပ်များ၊ ပန်းချီဆွဲ ပစ္စည်းများ ထားပေးမည်ဖြစ်ပြီး ကလေးငယ်များ၏ စိတ်ဓာတ်ရေးရာ မြင့်တက်စေရန် စနစ်တကျသင်တန်း ပေးထားသည့် ဆရာ၊ ဆရာမများ ထားရှိမည့်အပြင် လာရောက်သည့် ကလေးငယ်များကို အာဟာရ ကျွေးမွေးနိုင်ရန်လစဉ်ငွေကြေး ထောက်ပံ့ သွားမည်ဟု သိရသည်။

မုန်ုတိုင်းဒဏ်သင့် ကလေးငယ်များ၏ စိတ်ဓာတ်ရေးရာ အခြေအနေများ မူလ အနေအထား ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ရန် အထူးလိုအပ်နေချိန်တွင် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့ အစည်းများက ယင်းလိုအပ်ချက်ကို တစိတ်တပိုင်း ပါဝင်ဖြည့်ဆည်း နေသော်လည်း စစ်အစိုးရကမူ တစုံတရာ ဆောင်ရွက်ခြင်း မရှိကြောင်း ပြည်တွင်း အန်ဂျီအိုများမှ စေတနာ့ဝန်ထမ်း လူငယ်များကပြောသည်။

“ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပ အန်ဂျီအိုတွေက တတ်နိုင်သလောက်လုပ်နေကြတယ်။ ဒါပေမယ့် အစိုးရပိုင်းကတော့ တအားကိုငြိမ်သက်လွန်းတယ်။ မုန်တိုင်းဖြစ်ပြီး ၃ လကျော် လောက်ကတည်းက ဘာဆိုဘာတခုမှ မလုပ်တော့ဘူး” ဟု လပွတ္တာမြို့နယ်၊ ကျေးရွာတခုရှိ တွဲဘက်မူလတန်း ကျောင်းဆရာတဦးက သုံးသပ်သည်။

ဧရာဝတီတိုင်းရှိ မုန်တိုင်းသင့် ကလေးငယ်များ၏ စိတ်ဝေဒနာကို ကုစားရန်အတွက် စီမံကိန်းများ ယခုထက်ပိုမို အရေးပေးဆောင်ရွက်ရန် လိုအပ်ပြီး ပြည်တွင်း၊ ပြည်ပ အန်ဂျီအိုများနှင့် အစိုးရပိုင်းက အားတက်သရော အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်အခြေစိုက် ကလေးသူငယ်များ အရေး ဆောင်ရွက် နေသည့် ပြည်တွင်း အန်ဂျီအို ဝန်ထမ်းများက ပြောသည်။

အခြေခံပညာ ဦးစီးဌာန ၀န်ထမ်းတဦးကလည်း “ကလေးတွေရဲ့ စိတ်ဝေဒနာကို ကုသဖို့ ကလေးကစားကွင်း၊ ဥယျာဉ်နဲ့ ကလေးပျော် နေရာဌာနလေးတွေအ များကြီး ဖန်တီးပေးဖို့ အရေးကြီးတယ်။ ပြီးတော့ ကလေးတွေရဲ့ စိတ်ဝေဒနာတွေကို ကုသပေးဖို့ စနစ်တကျ သင်တန်းပေးထားတဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီး လိုအပ်ပါတယ်” ဟု ပြောသည်။

မုန်တိုင်းသင့်ဒေသမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် အခမဲ့ပညာရေး စနစ် ဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ကလေးငယ်၏ မိသားစု စားဝတ်နေရေး ပြေလည်ရန်လည်း အရေးကြီးကြောင်း အဆိုပါ ပညာရေးဝန်ထမ်းက ပြောပြသည်။

“ခုဆိုရင် တဖြည်းဖြည်း ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေက ရိက္ခာထောက်ပံ့တာတွေနဲ့ တခြားကူညီရေး အစီအစဉ်တွေကို ရပ်ဆိုင်းလာကြပြီ။ မိသားစုတွေ စားဝတ်နေရေး ခက်ခဲလာရင် ကလေးတွေ ပညာ သင်ကြားရေးကလည်း လုံးဝထိခိုက် လာမှာပါ။ အဲဒီတော့ မိသားစုတွေရဲ့စားဝတ်နေရေး ခိုင်မာမှု ရှိလာတဲ့ အချိန်ထိ ကူညီထောက်ပံ့မှုတွေ ပေးဖို့ လိုပါတယ်” ဟု မုန်တိုင်းသင့် ဒုက္ခသည်များကိုကူညီနေသည့် ရန်ကုန်သား လူငယ်တဦးက ဆိုသည်။

ထိုင်း - ကမ္ဘောဒီးယားနယ်စပ်မှ လောင်းကစားသမားများ ထိုင်း - မြန်မာနယ်စပ်ရှိ ကာစီနိုရုံများသို့ ပြောင်းရွှေ့
ကိုထွေး အောက်တိုဘာ ၁၇၊ ၂၀၀၈

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ် တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ၎င်းဒေသရှိ နှစ်ဘက်စလုံးမှ ရွာသားများမှာ နေရပ်ဒေသများကို စွန့်ခွာခဲ့ကြသကဲ့သို့ ၎င်းဒေသရှိ ကာစီနိုရုံများမှ လောင်းကစား သမားများသည်လည်း ပိုမိုလုံခြုံစိတ်ချရသည့် ထိုင်း - မြန်မာနယ်စပ် ကာစီနို ရုံများသို့ ပြောင်းရွှေ့သွားကြကြောင်း သိရသည်။

ထို့ကြောင့် မယ်ဆိုင်တဘက်ကမ်း တာချီလိတ်ရှိ အဆင့်မြင့် လောင်းကစား ရုံနှင့် အပန်းဖြေ နေရာများ ဖြစ်သည့် အလျူရာ ရဆို့စ် (Allure Resort) နှင့် ရဂျီးနား (Regina) ဟိုတယ်တို့တွင် ကြိုတင် အခန်း ငှားရမ်းမှု ပိုမိုများပြားလာကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။

ယမန်နေ့ကလည်း ထိုင်းလောင်းကစားသမားများမှာ နယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနယ်စပ်ရှိ ရွှေတြိဂံ ပယ်ရယ်ဒိုက်စ် ရဆို့စ် (Golden Triangle Paradise Resort) သို့ သွားရောက်ကြသောကြောင့် ချင်းဆန် ခရိုင်အတွင်းရှိ Ban Sob Ruak ရွာတွင် ကားရပ်နားစရာ နေရာလွတ် အနည်းငယ်သာ ရှိတော့ကြောင်း သိရသည်။

ချင်းဆန် ခရိုင် ရဲအရာရှိတဦးဖြစ်သူ Pol Col Surachai Thienchai က “မြောက်ပိုင်း နယ်စပ်ဘက်ကို လောင်းကစားသမား တွေ အခုလိုရောက်ရှိလာတာဟာ ကမ္ဘောဒီးယား နယ်စပ် ပြဿနာကြောင့်ပါ” ဟုပြော သည်။

ချင်းရိုင် မှ ရဲအရာရှိများအား လောင်းကစားသမားများ စုပြုံရောက်ရှိလာခြင်းနှင့် ပတ်သက်၍ မျက်ခြေမပြတ် စောင့်ကြည့် ရန် အထက်က ညွန်ကြားထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်း - မြန်မာနယ်စပ်ကို ကြီးကြပ်နေသူ ထိုင်းရဲတပ်ဖွဲ့တပ်မှုး Col Chalongchai Chaiyakham က ထိုင်းနှင့်ကမ္ဘေားဒီးယား နယ်စပ်ပြဿနာကြောင့် ထိုင်းနိုင်ငံ မြောက်ဘက် နယ်စပ်ဒေသများမှ ထိုင်းနိုင်ငံ အတွင်းသို့ မူးယစ်ဆေးဝါး ခိုးသွင်းမှု များပြားလာနိုင်ဖွယ်မရှိဟု ဆိုသည်။

နယ်စပ်ပြဿနာကြောင့် နိုင်ငံအရှေ့နယ်စပ်များမှ မှုးယစ်ဆေးဝါး ခိုးသွင်းသူများသည် ၎င်းတို့၏ လမ်းကြောင်းများကို ပြောင်းလဲကာ မြောက်ပိုင်းမှ ပြန်တင်သွင်းနိုင်သည့် အလားအလာရှိသော်လည်း ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့များ အနေနှင့် နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးခိုးသွင်းခြင်းကို ထိထိရောက်ရောက် ကာကွယ်နိုင်လိမ့်မည်ဟု ၎င်းကပြောသည်။

ကိုဇာဂနာ့ ကျန်းမာရေးအတွက် မိသားစု စိုးရိမ်
သန်းထိုက်ဦး
သောကြာနေ့၊ အောက်တိုဘာလ 17 2008 19:57 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အကျဉ်းကျခံနေရသည့် ဟာသ သရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရသည် ပြီးခဲ့သည့် ၂ ရက်က မိသားစုထံ ဆေးဝါးများ မှာယူနေသဖြင့် သူ့ကျန်းမာရေးအတွက် မိသားစုဝင်များက စိုးရိမ် ပူပန်နေကြသည်။

ယခုလ ၁၅ ရက်နေ့က ကိုဇာဂနာအား ဖမ်းဆီး ထိန်းသိမ်းထားသည့် ရန်ကုန်တိုင်း အင်းစိန် အကျဉ်းထောင်ရှိ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ရာ သူက လုံခြုံရေးဝန်ထမ်းမှတဆင့် အသဲအားတိုးဆေးနှင့် အစာအိမ်ဆေးများ မှာကြားခဲ့သဖြင့် မိသားစုဝင်များမှ စိုးရိမ်မကင်း ဖြစ်နေခြင်း ဖြစ်သည်။

"ရောဂါအခြေအနေက စိတ်ပူလို့ပေါ့နော်။ ကာကွယ်တဲ့ အနေနဲ့ ဒီဆေးကို သုံးချင်လို့လား၊ ရုတ်တရက်ဖြစ်လာရင် သောက်မလို့လား။ မသိဘူးပေါ့နော်။ သူနဲ့မှ မတွေ့ရဘဲ ရဲနဲ့ပဲ တွေ့ရတာကိုး။ ရဲက ''အဲဒီဆေး၊ အဲဒီဆေး၊ ကိုသူရ မှာတယ်'' ဆိုတဲ့အခါကျတော့။ သွားတဲ့အကိုကလည်း မမေးခဲ့ဘူးလေ" ဟု ဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်ကြည်ဦးက ဆက်ပြီး ''လူကတော့ နည်းနည်း ပိန်သွားတယ်ပေါ့။ အန်တီတို့ကတော့ သွားမကြည့်ဘူးလေ။ မသွားနိုင်ဘူး။ ဝေးလို့လေ။ သားကိုပဲ လွှတ်တာပေါ့။ လူကတော့ ပိန်သွားတယ်ပေါ့။ မှာတဲ့ဆေးကို တနင်္လာနေ့ကို ပို့လို့ရတယ်လေ။ အဲဒီနေ့ကို သွားပို့မယ်'' ဟု ပြောသည်။

အကျဉ်းထောင်အတွင်း၌ ဆေးဝါး မစုံလင်သလို၊ ကုသမှု အပိုင်းတွင်လည်း ချို့တဲ့သောကြောင့် ထောင်ပြင်ပရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများက သူတို့၏ စိုးရိမ်ပူပန်မှုကို မကြာခဏဆိုသလို ယခုလို ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က "ထောင်ထဲမှာက လူနာတွေ၊ နေမကောင်းတဲ့ လူတွေကို ပေးတယ်ဆိုတာ ဒါမျိုးဆေးတွေ ပေးလေ့ မရှိပါဘူး။ ပါရာစီတမောတို့ပဲ ထောင်ထဲမှာ ပေးလေ့ ရှိပါတယ်'' ဟု ဆိုသည်။

''အိုင်စီအာစီ (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့) ၀င်လို့ မရတော့တဲ့ နောက်ပိုင်းကာလက စပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေက တော်တော် ဆိုးဝါးလာတယ်။ ကျနော်တို့ဆီမှာ အယောက် ၅၀ ကျော် စာရင်းပြုစုထားတာ ရှိတယ်လေ။ ရောဂါအလိုက် တော်တော်လေး ကျန်းမာရေး မကောင်းတဲ့ လူတွေပေါ့နော်''

အမှုအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်မောင်ရှိန်က ရုံးထုတ်စဉ်က ကိုဇာဂနာ၏ ကျန်းမာရေး ကောင်းမွန်သည်ဟု ပြောဆိုနိုင်သော်လည်း ရောဂါအခံများ ရှိနေသည်ကို ထောက်ပြ ပြောဆိုသည်။

ကိုဇာဂနာတွင် ယခင်ကတည်းက သွေးတိုး၊ အစာအိမ်၊ ကျီးပေါင်းတက်သည့် ရောဂါ၊ နှလုံးရောဂါ စသဖြင့် ရှိသလို အဖမ်းမခံရခင်က သွေးတိုးသောကြောင့် မူးလဲပြီး မဟာမြိုင် ဆေးခန်းသို့ သူ၏ အပေါင်းအသင်းများက လိုက်လံ ပို့ဆောင်ခဲ့ရသေးသည်။

ယခုနှစ် ဇွန်လဆန်းက အထူး ရဲသတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီမှ တာဝန်ရှိသူ ၉ ဦးတို့က ကိုဇာဂနာ၏ နေအိမ်အတွင်း ရှာဖွေမှုများ ပြုလုပ်ကာ၊ လူကိုပါ ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရချိန်တွင် ကိုဇာဂနာသည် နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်းမှ ဒုက္ခသည်များအား ထောက်ပံ့ကူညီရေးအတွက် အားတက်သရော ပြုလုပ်နေခဲ့သည်။ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများကို နအဖ စစ်အစိုးရက ရုတ်တရက် ငြင်းဆန်ခဲ့ကာ၊ ဆိုးရွားလှသည့် ပျက်စီး သေဆုံးမှုများအား လျှော့ပေါ့ပြောဆို သတင်းထုတ်လွှင့်ချိန်တွင် ကိုဇာဂနာတို့ကဲ့သို့ စေတနာရှင်များက ပြည်ပမီဒီယာများမှတဆင့် အခြေအနေမှန်ကို ဖော်ထုတ်ခဲ့ကြသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးတွင်လည်း သံဃာတော်များအား ထင်ရှားသည့် နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်၊ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူတို့နှင့်အတူ သူက ရေနှင့် ဆွမ်း ကပ်လှူခဲ့သည်။

နိုင်ငံတော် အာဏာပိုင်များ၏ မတရားဖိနှိပ်မှုများအပါအ၀င် လုပ်ကိုင်ဆောင်ရွက်မှု ညံ့ဖျင်းလွဲချော်နေမှုများကို အများပြည်သူ ရှေ့မှောက်၌ ဖွင့်ဟထုတ်ဖော် ပျက်ရယ်ပြုလေ့ ရှိသဖြင့်လည်း အာဏာပိုင်များက မကြာခဏ ခေါ်ယူစစ်ဆေးမှုနှင့် ဖမ်းဆီးချုပ်နှောင်မှု ခံခဲ့ရသူလည်း ဖြစ်သည်။

ယခုအခါ သူ့ကို နိုင်ငံတော်အား အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုထားသည်။

ပြီးခဲ့တဲ့ ၂ ရက်က ရုံးထုတ်ရာတွင် အခြားသော နိုင်ငံရေး အကျဉ်းသားများနည်းတူ သူ၏ မိသားစုဝင်များလည်း တရားရုံး၏ စစ်ဆေးမှုကို ၀င်ရောက်ကြားနာခွင့် မရခဲ့ပေ။

အလားတူပင် ယခုတပတ်အတွင်း အင်းစိန်တရားရုံးတွင် ထိန်းသိမ်းထားသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ အဖမ်းဆီးခံထားရသည့် နိုင်ငံရေးလှုပ်ရှားသူများ၏ မိသားစုဝင်များက တရားခွင်အတွင်း ကြားနာခွင့် ရရှိရေးအတွက် နေပြည်တော်တွင် ရုံးထိုင်သည့် နိုင်ငံတော် တရားသူကြီးချုပ်ထံသို့ တောင်းဆို ထားခဲ့ကြသည်။

မြစ်ကြီးနားက ခရစ်ယာန် သင်္ချိုင်းကို ဖျက်ဆီး
မျိုးကြီး
သောကြာနေ့၊ အောက်တိုဘာလ 17 2008 19:53 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ဘာသာရေးအဖွဲ့များက တားမြစ်သည့်ကြားက မြစ်ကြီးနားမြို့တွင် ခရစ်ယာန် သချိုင်းတခုကို ဖျက်ဆီးပစ်ခြင်းကို အာဏာပိုင်များက ဆက်လက် ပြုလုပ်လျှက် ရှိသည်။

မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ ခရစ်ယာန် သချိုင်းအုတ်ဂူများကို အောက်တိုဘာ ၁၄ ရက်မှစတင်ကာ မြေထိုးစက်များဖြင့် ဖြိုရှင်းခဲ့ရာ ထက်ဝက်ခန့် ဖျက်စီးပြီးသွားပြီ ဖြစ်သည်။

"ကချင်ဘာသာရေး အသင်းဆရာတွေက မဖျက်ဆီးဖို့၊ အာဏာပိုင်တွေ အဆက်ဆက်ကို စာတင်ခဲ့တယ်။ တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ ဗိုလ်ချုပ်အုန်းမြင့် လက်ထက်အထိ မဖျက်သေးဘဲ ကြက်ဆူစီမံကိန်း စိုက်ခင်း ဆိုင်းဘုတ် စိုက်ထားခဲ့တာ။ အခုတိုင်းမှူး လက်ထက်မှာ ဖျက်ဆီးလိုက်တာပေါ့" ဟု ဒူကထောင်ရပ်ကွက်သား ဒေသခံ ကချင်လူငယ်က ပြောသည်။

၂ဝဝ၃ ခုနှစ်အတွင်းက မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေ လက်ထက်တွင် အဆိုပါ သင်္ချိုင်းမြေနေရာ သိမ်းယူခဲ့ပြီးနောက် ကြက်ဆူ စိုက်ပျိုးရေး စီမံကိန်းအတွက်ဟု ဆိုင်းဘုတ် စိုက်ထူခဲ့သည်။

၁၉၆ဝ ခုနှစ်မှစတင်ကာ အသုံးပြုခဲ့သော သချိုင်းမြေဖျက်သိမ်းရာတွင် အရိုးများ ပြန်လည် တူးဖော်ခွင့် မပြုသည့်အတွက် ကချင် လူမှုအဖွဲ့အစည်းတခုက ပြစ်တင် ပြောဆိုလိုက်သည်။

"အဖိုးအဖွားတွေ၊ မိဘတွေရဲ့ အုတ်ဂူတွေ၊ အရိုးတွေ အထွတ်အမြတ် ထားတယ်။ အမှတ်တရ ထားတယ်။ ဘာသာရေး ယုံကြည်မှုအရရော ကချင်လူမျိုးတွေက အဲလို သဘောထားတော့ အာဏာပိုင်တွေ လုပ်တာကို ရပ်ကွက်သားတွေက စိတ်ဆင်းရဲနေကြတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်မှ ခေါင်းဆောင် ကိုအောင်ဝါက ပြောသည်။

ဖျက်သိမ်းလိုက်သည့် သင်္ချိုင်းအစား ဒူကထောင် ရပ်ကွက်နှင့် ၁ဝ မိုင်ခန့် ကွာဝေးသည့် နှောင့်နန်းရွာ သင်္ချိုင်းသို့ သွားရောက် မြှုပ်နှံကြရသည်။

ရန်ကုန်လက်လီ ဆားဈေးက နှစ်ဆတက်
မြင့်မောင်
သောကြာနေ့၊ အောက်တိုဘာလ 17 2008 20:29 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန် လက်လီဈေးကွက်များတွင် အိမ်သုံးဆားမှာ ယခင်လက ကျပ် ၆ဝ ရှိရာမှ ယခုအခါ ကျပ် ၁ဝဝ အထိ မြင့်တက်သွားသည်။

မေလဆန်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း၏ တတိယ စီးပွားရေးဖြစ်သော ဆားလုပ်ငန်းများမှာ ကြီးမားစွာ ထိခိုက် ပျက်စီးခဲ့ရသော်လည်း ရန်ကုန်တွင် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ဆားကုန်ကြမ်းများ အစားထိုး သုံးစွဲခဲ့ရာမှ ယခုအခါ တစထက်တစ ကုန်ကြမ်း ပြတ်လပ်လာသဖြင့် ရန်ကုန်ရှိ အိမ်သုံးဆား လက်လီဈေးကွက်တွင် ဆားဈေးသည် ယခင်လထက် ဈေးနှုန်း နှစ်ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။

"ဈေးထဲမှာ ဆား ၁ဝ သား တထုပ်ကို ၁ဝဝ (ကျပ်) ဝယ်ရတယ်။ အရင်လတုန်းက ၁ဝ သားကို (ကျပ်) ၆ဝ နဲ့ ဝယ်ရတယ်" ဟု ရန်ကုန်ဒေသခံ နေ့စား အလုပ်သမားတဦးက ပြောသည်။
လက္ကားဈေးကွက်တွင် တပိဿာ ၄၅ဝ ကျပ်သာ ဈေးပေါက်ပေမယ့် လက်လီဈေးတွင် ၁ဝဝဝ ကျပ်နှုန်းအထိ ရောင်းနေကြခြင်းဖြစ်သည်၊

ဧရာဝတီတိုင်းမှ ဆားအထွက် ကျဆင်းသွားသဖြင့် ဆားကြမ်းများကို ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အစားထိုး တင်သွင်းကာ ရန်ကုန်တွင် လိုအပ်သည့် ပစ္စည်းများ ဖြည့်စွက်၍ ပြန်လည် ချက်လုပ်နေရကြောင်း ရန်ကုန် ဆားလုပ်ငန်းရှင် တဦးကလည်း ပြောသည်။

ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ထုတ်ဝေသည့် အစိုးရသတင်းစာ ကြေးမုံတွင် နာဂစ်မှန်တိုင်းအပြီး ဧရာဝတီတိုင်းရှိ ဖျာပုံ၊ လပွတ္တာ၊ မြောင်းမြနှင့် ငပုတောမြို့နယ်များရှိ ဆားကျင်းဧကပေါင်း ၂၃၄၅၈၊ ဆားကြမ်းတန်ချိန် ၂၄၂၁၄ နှင့် ဆားကျင်းလုပ်သား အများအပြား သေဆုံးခဲ့ရသည့်အပြင် လုပ်ငန်းသုံးပစ္စည်းများလည်း ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ဆားလုပ်ငန်းရှင်က "မုန်တိုင်းဖြစ်တော့ ဆားကွင်းတွေ အကုန်ဆုံးရှုံးတယ်။ လူတွေလည်း ၁၈ဝ ကျော် သေတယ်။ နာဂစ်ဖြစ်လိုက်တော့ ကုန်ကြမ်းရှားသွားတော့၊ ကုန်ချောလည်း ဈေးတက်တာပေါ့" ဟု သုံးသပ် ပြောဆိုသည်။

အလားတူ အခြားသော အခြေခံ စားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးများလည်း အနည်းငယ် မြင့်တက်နေကြောင်း သိရသည်။

အိန္ဒိယမြန်မာ ကုန်သွယ်ရေးဂိတ်များ ထပ်ဖွင့်ရန် သဘောတူ
မုံပီး
သောကြာနေ့၊ အောက်တိုဘာလ 17 2008 18:28 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လက်ရှိ နယ်စပ်ကုန်သွယ်ရေးကို ပုံမှန်ကုန်သွယ်ရေး အဖြစ်သို့ ပြောင်းလဲရန်နှင့် လက်ရှိ ကုန်သွယ်နေသည့် ကုန်ပစ္စည်းအမယ်ပေါင်း ၂၂ မျိုးမှ အမျိုး ၄ဝ သို့ တိုးမြှင့်ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံတို့က ကြာသပတေးနေ့က ကြေငြာလိုက်သည်။

ယင်းသဘောတူညီချက်ကို မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စွမ်းအားဝန်ကြီး ဂျိုင်ရမ်ရာမက်ခ်ျ (Jairam Ramesh) ခေါင်းဆောင်သည့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးမြို့တွင် အောက်တိုဘာ ၁၄ နှင့် ၁၅ ရက်နေ့များက ၂ ရက်ကြာပြုလုပ်ခဲ့သည့် “အိန္ဒိယမြန်မာပူးတွဲ ကုန်သွယ်ရေးကော်မတီ” အစည်းအဝေးအတွင်း ရရှိခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲအတွင်း လက်ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ခုဖြစ်သော တမူး-မိုရေး နှင့် ရိဒ်-ဇိုခေါသာ တို့ကို ပုံမှန် ကုန်သွယ်ရေးဂိတ်များ အဖြစ်သို့ ပြောင်းလဲ၍ လက်ရှိ ဘာတာကုန်သွယ်ရေး လုပ်နေသည့် ပစ္စည်းအမယ်များကိုလည်း တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်ဟု အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ရေးသား ဖေါ်ပြထားပါသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ်တခုကို အိန္ဒိယနိုင်ငံ နာဂလင်းပြည်နယ်၏ အဗန်းခွန်း (Avakhung) နှင့် မြန်မာနိုင်ငံစစ်ကိုင်းတိုင်း လေရှီး နယ်စပ်တွင် ဖွင့်လှစ်သွားရန်လည်း အဆိုပါ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည်။

ကြာသပတေးနေ့ကလည်း ရာမက်ခ်ျနှင့် မြန်မာဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန်တို့သည် “အိန္ဒိယမြန်မာအိုင်တီ ကျွမ်းကျင်မှု တိုးတက်မြှင့်တင်ရေး ဗဟိုဌာန” (India-Myanmar Centre for Enhancement of IT Skills- IMCEITS) ကို မြန်မာနိုင်ငံ၏ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ယင်း (IMCEITS) ကို အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် အိန္ဒိယနိုင်ငံ တွက်ချက်ရေး ဗဟိုဌာန (India's Centre for Advancement of Computing – C-DAC) က တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းဗဟိုဌာနမှ နှစ်စဉ် အိုင်တီပညာရှင် ၁ဝဝဝ ခန့်ကို လေ့ကျင့် မွေးမြူပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားပြီး၊ ဒေသဆိုင်ရာ အခြားဗဟိုဌာန ၁ဝ ခုနှင့်လည်း ချိတ်ဆက်ထားမည် ဖြစ်သည်ဟု အဆိုပါ ကြေငြာချက်အရ သိရပါသည်။

အဆိုပါ အစည်းအဝေးအတွင်း အိန္ဒိယနိုင်ငံက ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs) ကို ကမ်းလှမ်းလေ့ရှိသည့် အကောက်ခွန်လွတ် ကုန်သွယ်ရေး အစီအစဉ် (Duty Free Tariff reference – DFTP scheme) ကိုလည်း လက်ခံရန် ရည်ရွယ်ကြောင်းစာကို မြန်မာနိုင်ငံက ပေးအပ်ခဲ့ပါသည်။

၂ဝဝ၈ ခုနှစ်အတွင်း တတိယအကြိမ်ဖြစ်သော ရာမက်ခ်ျ (Ramesh) ၏ ခရီးစဉ်သည် အိန္ဒိယမြန်မာ ၂ နိုင်ငံ အကျိုးတူ ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပန်းသည့် အိန္ဒိယနိုင်ငံ၏ အစီအစဉ် တစိတ်တပိုင်း ဖြစ်ပါသည်။

"မကြာမီ အချိန်များအတွင်း မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရေးပါသော ကုန်သွယ်ဘက် နိုင်ငံတခု ဖြစ်လာခဲ့ပါသည်" ဟု အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေငြာချက်တွင် ဖေါ်ပြထားပါသည်။

သို့သော် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များမှ ကျောင်းသားလှုပ်ရှား တက်ကြွသူများကမူ အိန္ဒိယနိုင်ငံ၏ ယခုလို နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ပိုဖွင့်ရန် တွန်းအားပေးနေခြင်းသည် ယင်းတို့ ၏ “အရှေ့မျှော်မူဝါဒ” ၏ အစိတ်အပိုင်းတရပ်ဖြစ်ပြီး၊ ဒေသတွင်း ပြည်သူများအတွက် အကျိုးအမြတ်မရှိဟု ပြောဆို လိုက်ပါသည်။

အိန္ဒိယ၏ အရှေ့မျှော် မူဝါဒသည် ဒေသတွင်းပြည်သူများ၏ အကျိုးစီးပွါးကို မမြင်ဘဲ မျက်စိရှမ်းနေပြီး မြန်မာနိုင်ငံတွင်း ကြီးထွားလာနေသော တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင်း ခြေကုပ်ရရေးကိုသာ ရည်ရွယ် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု အရှေ့မြောက်ပြည်နယ်များ၏ အမြင့်ဆုံး ကျောင်းသားအဖွဲ့အစည်း တရပ်ဖြစ်သော အရှေ့မြောက်ကျောင်းသားအဖွဲ့ (North East Students Organization) ၏ ဒု-ဥက္ကဌ Muanpuia က ပြောဆိုသွားပါသည်။

"အိန္ဒိယနိုင်ငံ ပြည်သူတွေအတွက် အကျိုးမရှိတာကြောင့် အိန္ဒိယအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံတာမျိုး မလုပ်သင့်ပါဘူး" ဟု Muanpuia က မဇ္ဈိမနှင့် အစောပိုင်းက ပြုလုပ်ခဲ့သော အင်တာဗျူးတခုတွင် ပြောကြားသွားခဲ့ပါသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂ဝဝ၇-ဝ၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ မှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း တန်ဘိုးရှိ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ပြီး ၂ဝဝ၆-ဝ၇ ခုနှစ်အတွင်း နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေး ပမာဏမှာ ရည်မှန်းထားသော တန်ဘိုးဖြစ်သည့် အမေရိကန်ဒေါ်လာ ၁ ဘီလျံကို မပြည့်မီဘဲ အမေရိကန်ဒေါ်လာ သန်း ၆၅ဝ ဘိုးသာ ရှိခဲ့သည်ဟု ဖေါ်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံအကြား အကျိုးတူ ကုန်သွယ်ရေး တန်ဘိုးပမာဏမှာ တိုးတက်နေပြီး ၂ဝဝ၄-ဝ၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၄၁.၄ဝ သန်းရှိကာ ၂ဝဝ၅-ဝ၆ ခုနှစ်တွင် ၂၅% တိုးတက်လာကာ အမေရိကန် ဒေါ်လာသန်း ပေါင်း ၅၅၇.၆၈ သို့ ရောက်ရှိလာခဲ့ပါသည်။

နွားနို့သုံးပြီး နို့ဆီချက်ရန် ညွှန်ကြား
NEJ/ ၁၇ အောက်တိုဘာ ၂၀၀၈။ ။

မြန်မာနိုင်ငံအတွင်း နို့ဆီချက်လုပ်ငန်းလုပ်ကိုင်သူများသည် နို့ဆီချက်ရန် ပြည်ပက ထုတ်လုပ်သည့် မည်သည့်နို့မှုန့် အမျိုးအစားကိုမှ အသုံးမပြုရန် မွေးမြူရေးနှင့်ရေလုပ်ငန်းဌာနက ညွှန်ကြားထားသည်။

“နို့ဆီချက်လုပ်သူတွေအနေနဲ့ နွားနို့နဲ့ပဲ ချက်ကြဖို့၊ တရုတ်ပြည်က သွင်းတဲ့နို့မှုန့်တွေ မသုံးကြဖို့ အကြောင်းကြား လာတယ်။ တရားဝင်စာပို့တာတော့ မရှိသေးဘူး။ ကျနော်တို့ကတော့ နွားနို့ကနေ ထုတ်လုပ်နေသူတွေဆိုတော့ သိပ်ပြဿနာမရှိဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက ဘူးနို့ဆီထုတ်လုပ်နေတဲ့ စက်ရုံတွေကတော့ ဒီလို နိုင်ငံခြား နို့မှုန့် ကုန်ကြမ်းတွေသာ အသုံးပြုခွင့်မရရင် စက်ရုံတွေကိုတောင် ပိတ်ကောင်းပိတ်ပစ်နိုင်တယ်” ဟု နို့ဆီချက်စက်ရုံ လုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် နို့ဆီချက်လုပ်သည့် စက်ရုံပေါင်း (၄၃၄) ရုံရှိပြီး ယင်းတို့အနက် နာမည်ကြီး အမှတ်တံဆိပ်နှင့် နို့ဆီဘူးများ ထုတ်လုပ်နေသည့် စက်ရုံများအပါအ၀င် စက်ရုံကြီးပေါင်း (၅၃) ရုံရှိသည်။

အဆိုပါစက်ရုံကြီးများ အားလုံးနီးပါးသည် တရုတ်ပြည်မှ နို့မှုန့်ကုန်ကြမ်းများ အသုံးပြုပြီး နို့ဆီချက်လုပ်နေကြခြင်း ဖြစ်သည်။ တနိုင်တပိုင်စက်ရုံငယ်လေးများကသာ နွားနို့ကုန်ကြမ်းကို အသုံးပြုပြီး ချက်နို့ဆီ ထုတ်လုပ်နေကြခြင်း ဖြစ်သည်။

အဆိုပါစက်ရုံများမှ တနှစ်လျှင် နို့ဆီတန်ချိန် (၇) သောင်းကျော် ထုတ်လုပ်နေကြောင်း၊ ယင်းနို့ဆီစက်ရုံများအတွက် နို့မှုန့်ကုန်ကြမ်းများ နယ်စပ်မှ တနှစ်ကို တန်ချိန် (၂,၀၀၀) ကျော်၊ ပုံမှန်ကုန်သွယ်ရေးကနေ တန်ချိန် (၃) သောင်းကျော် တင်သွင်းနေရသည်ဟု အစိုးရထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။

တရုတ်- မြန်မာနယ်စပ်ကုန်သည်များကမူ တကယ်တင်သွင်းသည့် နို့မှုန့်အရေအတွက်သည် ထို့ထက်ပိုများနိုင်ကြောင်း၊ ပြည်ပနို့မှုန့်ကုန်ကြမ်းများကိုသာ တင်းတင်းကျပ်ကျပ် ပိတ်ပင်ပြီး ယင်းနို့မှုန့်များဖြင့် နို့ဆီချက်လုပ်ခွင့်မပြုပါက ပြည်တွင်းနို့ဆီစက်ရုံများစွာ ပိတ်ပစ်ရဖွယ်ရှိပြီး နို့ဆီဘူးဈေးနှုန်းများလည်း အလွန်အမင်း ဈေးတက်သွားဖွယ်ရှိကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် နို့ဆီဘူးများနှင့် ချက်နို့ဆီများကို လက်ဖက်ရည်ဆိုင်များတွင် အသုံးများပြီး မြန်မာနိုင်ငံတလွှားတွင် လက်ဖက်ရည်ဆိုင်များ သိန်းချီရှိနေပြီး တနေ့လျှင် နို့ဆီဘူးပေါင်း အမြောက်အမြား သုံးစွဲနေကြခြင်းဖြစ်သည်။

နို့ဆီချက်လုပ်ရာတွင် ပြည်ပမှတင်သွင်းလာသည့် နို့မှုန့်များကို လုံးဝအသုံးမပြုကြရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိန်း မန္တလေးတိုင်း ကျောက်ဆည်နှင့် မိတ္တီလာမြို့တို့မှ နို့ဆီချက်စက်ရုံများကို လှည့်လည် ကြည့်ရှုစဉ်ကလည်း ညွှန်ကြားသွားကြောင်း ယမန်နေ့ထုတ် နအဖသတင်းစာများတွင် ဖော်ပြသည်။

ယခုလောလောဆယ် ပြည်တွင်း၌ နို့ဆီတဘူးဈေးနှုန်းသည် အမှတ်တံဆိပ်ကိုလိုက်ပြီး ကျပ် (၇၀၀) မှ ကျပ် (၉၀၀) အကြား ဈေးနှုန်းအမျိုးမျိုး ရှိနေသည်။ နို့မှုန့်ပြဿနာပေါ်ပြီး နောက်ပိုင်း ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် Dawn နို့ဆီသည် တဘူး (၇၅၀) ကျပ်မှ (၈၈၀) ကျပ်အထိ ခုန်တက်သွားသည်။

မုံရွာတွင် တားမြစ်စာရင်းမပါသည့် နို့မှုန့်များ အလျော်မပေးဘဲသိမ်း
မင်းနိုင်သူ/ ၁၇ အောက်တိုဘာ ၂၀၀၈။ ။

တရုတ်ပစ္စည်းအများအပြား ရောင်းချသည့် မုံရွာမြို့တွင် တရုတ်နို့မှုန့်များကို သက်ဆိုင်ရာက လိုက်လံသိမ်းဆည်းခဲ့ သော်လည်း သိမ်းဆည်းရရှိမှု နည်းပါးကြောင်း ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။

မုံရွာမြို့ရပ်ကွက်ပေါင်း (၂၄) ရပ်ကွက်ရှိ စားသောက်ကုန်အရောင်းဆိုင်များမှ နို့မှုန့်များကို ကျန်းမာရေး၊ စည်ပင်နှင့် ရယကအဖွဲ့ဝင်များပါဝင်သော အဖွဲ့က မကြာခင် ရက်ပိုင်းအတွင်း သွားရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

“ကျမတို့ဆိုင်ကို (၁၂) ရက်နေ့က ရောက်လာပြီး နို့မှုန့်တွေရှိလား ရှိရင် အပ်ပါဆိုပြီး လာသိမ်းသွားတာပဲ။ နစ်နာကြေး တစုံတရာပေးတာ မရှိပါဘူး။ ဒီအတိုင်း သိမ်းသွားတာပါပဲ။ ဘယ်နှထုပ်သိမ်းဆည်းသွားပါတယ်ဆိုတာကိုပါ လက်မှတ် ထိုးပေးလိုက်ရသေးတယ်။ နွားနီနို့မှုန့်အထုပ် (၄၀) ကျော်ပါသွားတာဆိုတော့ (၆) သောင်းကျော်ဖိုးလောက် ဆုံးရှုံးရ တာပေါ့။ တကယ်ဆို တခြားနိုင်ငံတွေမှာလို ကြိုကြိုတင်တင် ဓာတ်ခွဲစမ်းသပ်ပြီးမှ တင်သွင်းခွင့်ပြုပါလား။ အခုတော့ ကျမတို့မှာ အများကြီးနစ်နာရတယ်” ဟု မုံရွာမြို့ဘုရားကြီးရက်ကွက်ရှိ စတိုးဆိုင်ရှင်တဦးက ပြောသည်။

နွားနီတံဆိပ် နို့မှုန့်သည် အန္တရာယ်ရှိ နို့မှုန့်များအဖြစ် တားမြစ်ထားသည့် စစ်အစိုးရကြေညာစာရင်းတွင် မပါဝင်သော် လည်း မည်သည့်အတွက် မုံရွာတွင် သိမ်းဆည်းသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

သိမ်းဆည်းရေးအဖွဲ့ဝင် စည်ပင်ဝန်ထမ်းတဦးက “အများဆုံးတွေ့ရတာကတော့ နွားနီနို့မှုန့်တွေပဲဗျာ။ ဆိုင်ရှင်တွေက ရှောရှောရှူရှူ မအပ်ချင်ကြပါဘူး။ မျက်နှာတွေက မကြည်လင်တဲ့မျက်နှာတွေနဲ့။ ဒါတောင် ကျနော်တို့က ကောင်တာ ထဲမှာ အရောင်းတင်ထားသလောက်ကိုပဲ အသိမ်းပြခဲ့တာပဲ။ နောက်ကွယ်အထိ လိုက်စစ်ရင် သူတို့နာကုန်မယ်” ဟု ပြောသည်။

သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ဈေးကွက်တွင် တရုတ်နို့မှုန့်များ မှောင်ခိုရောင်းဝယ်မှုဖြစ်ပွားနေကြောင်း ချင်းတွင်းရတနာဈေးသားတဦးက ပြောသည်။

၎င်းက “ပစ္စည်းတွေကတော့ ရှိနေတုန်းပဲ။ အပ်တယ်ဆိုတာကလည်း အနည်းအကျဉ်းပဲ အပ်ပြလိုက်ကြတာပါ။ ဂိုဒေါင် တွေထဲမှာ ကျန်နေတဲ့ တရုတ်နို့မှုန့်တွေက အများကြီးရှိသေးတာကိုး။ နယ်ဝယ်လက်တွေကလည်း ၀ယ်နေကြတုန်းပဲ။ တချို့တောသူတောင်သားတွေက ဒီကိစ္စကို သိကြသေးတာမဟုတ်ဘူး။ နယ်ဆိုင်လေးတွေက အထုပ်သေးလေးတွေ ခွဲထုတ်ပြီး တထုပ် (၁၀၀) နဲ့ ပြန်ရောင်းကြတာလည်း ရှိတယ်။ နောက် နို့ခဲအဖြစ် ပြန်လုပ်ရောင်းတဲ့ အသေးစား စားသောက်ကုန်လုပ်ငန်းတွေကတော့ တရုတ်နို့မှုန့်တွေကို ၀ယ်နေကြတုန်းပဲ” ဟု ရှင်းလင်းပြောဆိုသည်။

အစိုးရက တားမြစ်ပိတ်ပင်သော နို့မှုန့် (၉) မျိုး၏ အမည်စာရင်းကို အောက်တိုဘာ (၁၀) ရက်က ထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် နို့မှုန့် (၇) မျိုးကို ထပ်မံပိတ်ပင်ကြောင်း (၁၄) ရက်နေ့က ကြေညာခဲ့သည်။ ထပ်မံပိတ်ပင် လိုက်သည့် အမျိုးအစား (၇)မျိုးမှာ Full Cream Milk Powder- Golden River ၊ Calcium Milk Powder- Butterfly ၊ Full Cream Milk Powder- Yu- Li ၊ Sweet Whey Powder, Non-Dairy Creamer (Korea), Non-Dairy Creamer ( China),နှင့် ElfalacA+ တို့ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း Star ၊ Crown၊ Two Cows နှင့် Rainbow တို့အပါအ၀င် မယ်လမင်း ပါဝင်သည့် နို့မှုန့် အမျိုးအစား (၉) မျိုးကို စစ်အစိုးရက ပိတ်ပင်ထားခဲ့သဖြင့် မြန်မာနိုင်ငံ၌ စားသုံးရန်မသင့်ကြောင်း ပိတ်ပင်ထားသည့်နို့မှုန့် အမျိုးအစားပေါင်းမှာ (၁၆) မျိုးရှိပြီဖြစ်သည်။

ပြန်ပေးဆွဲခံရသည့် မြန်မာသင်္ဘောသား (၁၄) ဦးပြန်လွတ်
NEJ / ၁၇ အောက်တိုဘာ ၂၀၀၈။ ။

ဆိုမာလီယာကမ်းခြေ၌ ပြန်ပေးဆွဲခံရသည့် မြန်မာအပါအ၀င် သင်္ဘောသား (၂၂) ဦးတို့ ပင်လယ်ဓားပြများ၏ တလကျော်ကြာ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယမန်နေ့ ညပိုင်းက ပြန်လွတ်မြောက်လာသည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဌာန၏ ပြောကြားချက်ကိုကိုးကား၍ အေဂျင်စီသတင်းများတွင် ဖော်ပြသည်။

မြန်မာသင်္ဘောသား (၁၄) ဦးနှင့် တောင်ကိုရီးယားသင်္ဘောသား (၈) ဦးတို့ ဘေးကင်းလုံခြုံသွားပြီဖြစ်ကြောင်းနှင့် အမေရိကန်ရေတပ် သင်္ဘောတစီးဆီသို့ ဦးတည်သွားနေကြာင်း တောင်ကိုရီးယား အာဏာပိုင်တို့က ပြောသည်။

မြန်မာသင်္ဘောသားများလိုက်ပါလာသည့် တန်ချိန် (၁၅,၀၀၀) ရှိ တောင်ကိုရီးယားပိုင် M.V Bright Ruby ကုန် တင်သင်္ဘောသည် ယူကရိန်းနိုင်ငံမှ ဓာတ်မြေသြဇာများတင်ဆောင်လာပြီး ဆိုမာလီယာကမ်းခြေကို ဖြတ်သန်း ခုတ်မောင်းစဉ် ပြီးခဲ့သည့် စက်တင်ဘာ (၁၀) ရက်က ပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

သင်္ဘောသားများ ပြန်လွတ်မြောက်လာရန် သင်္ဘောကုမ္ပဏီ၊ တောင်ကိုရီးယား၊ မြန်မာနိုင်ငံခြားရေးဌာနများနှင့် သံရုံးများအကြား ညှိနှိုင်းဆောင်ရွက်ခဲ့ရသည်ဟု ပြန်ပေးဆွဲခံရသည့် သင်္ဘော၌ မြန်မာသင်္ဘောသား (၁၄) ဦးအား အလုပ်လုပ်ကိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခဲ့သည့် Leader Maring Co.Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “ပြန်လွတ်လာတာ ၀မ်းသာစရာသတင်းတခုပါပဲ။ မိသားစုတွေအားလုံးကိုလည်း ပြောထားပြီးပါပြီ။ လက်ရှိကတော့ သူတို့ကို အမေရိကန်စစ်သင်္ဘောတွေက စောင့်ရှောက်ထားပါတယ်။ ဆီရေလေဖြည့်နေပါတယ်။ ပြီးရင် ကုန်ချမယ့်ဆိပ်ကမ်း သီရိလင်္ကာကို သွားပြီးကုန်ဆက်ချပါလိမ့်မယ်။ သင်္ဘောသားတွေရဲ့ပြောပြချက်အရ ထမင်းစားခန်းထဲမှာပဲ ထားပါတယ်။ အေးအေးချမ်းချမ်းပဲနေရှိပါတယ်။ နှိပ်စက်ခံရတာတွေ ဘာတွေမရှိပါဘူး” ဟု ပြောကြားသည်။

သင်္ဘောသားများပြန်လွတ်လာရန် သင်္ဘောကုမ္ပဏီက ငွေမည်မျှပေးခဲ့ရသည်ကို မသိရှိကြောင်းနှင့် သင်္ဘော သားများ သင်္ဘောဆက်လိုက်မည်မလိုက်မည်နှင့် မြန်မာနိုင်ငံသို့ မည်သည့် အချိန်၌ ပြန်လာမည်ဆိုသည်မှာ သင်္ဘောသားများ၏ သဘောဆန္ဒ အတိုင်းသာဖြစ်သည်ဟု ဦးဌေးအောင်က ဆက်လက်ပြောကြားသည်။

ပြန်ပေးဆွဲခံရသောသင်္ဘောသားများနှင့်ပတ်သက်၍ ကိုရီးယားအာဏာပိုင်တို့ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုပြီး သင်္ဘောသားများ ပြန်လွတ်လာစေရန် ပင်လယ်ဓားမြများအား ပြန်ပေးငွေမည်၍ မည်မျှပေးခဲ့ရသည်ကိုလည်း ထုတ်ဖော် ပြောဆိုခြင်းမရှိကြောင်း အေဂျင်စီသတင်းများတွင် ဖော်ပြသည်။

ဆိုမာလီယာကမ်းရိုးတန်း အေဒင်ပယ်လယ်ကွေ့ဒေသသည့် ကမ္ဘာ့ရေကြောင်းခရီးသွားလာရေးတွင် အန္တရာယ် အများဆုံးနေရာဖြစ်ပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ဆိုမာလီ ဓားပြများက ယခုနှစ်တွင်း ပင်လယ်ကူး သင်္ဘော (၃၀) ကျော်ကို ဖမ်းဆီး ပြန်ပေးဆွဲခဲ့သည်။

တရုတ်နိုင်ငံတွင် အင်တာနက်ကဖေးသုံးသူများကို ဓာတ်ပုံရိုက်မည်
Times/ ၁၇ အောက်တိုဘာ ၂၀၀၈။ ။

အများသုံးအင်တာနက်သုံးစွဲမှုအပေါ် တရုတ်အစိုးရ၏ တင်းကျပ်သည့် ဥပဒေသစ်ကြောင့် မြို့တော်ပေကျင်းရှိ အင်တာနက်ဆိုင်အားလုံးတွင် လာရောက်သူတိုင်း မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်း ခံရတော့မည်ဖြစ်သည်။

အိုလံပစ်အားကစားပွဲတော်ကာလအတွင်း GrateFirewall of China ခေါ် အင်တာနက်စာမျက်နှာများ တားဆီးပိတ်ဆို့ ထားသည့် စနစ်မှ ခေတ္တရုပ်သိမ်းခဲ့သော်လည်း ပွဲတော်ပြီး၍ နိုင်ငံခြားသတင်းထောက်များ ပြန်လည်ထွက်ခွာသွား သည်နှင့် ထိုစနစ်ကို ပြန်သုံးလာခြင်းဖြစ်သည်။

ထိုစဉ်က အင်တာနက်စာမျက်နှာပိတ်ပင်မှုကို ရုပ်သိမ်းခဲ့သည်ဆိုသော်လည်း စာမျက်နှာအချို့ကိုသာ ရုပ်သိမ်းခဲ့ခြင်း ဖြစ်သောကြောင့် တရုတ်နိုင်ငံသားများအတွက် ထူးခြားမှု တစုံတရာမရှိခဲ့ပေ။

ယခုနောက်ဆုံးထုတ်ပြန်သည့် ဥပဒေအရ အဓိကကျသည့် ခရိုင်မြို့ (၁၄) ခုရှိ အင်တာနက်ဆိုင်များတွင် လာမည့် ဒီဇင်ဘာလ အလယ်မှစ၍ ၎င်းတို့ထံလာရောက်အသုံးပြုသူများကို မှတ်တမ်းဓာတ်ပုံ ရိုက်ယူရမည်ဖြစ်ပြီး၊ အင်တာ နက်သုံးသူများသည် ဥပဒေအရ အသက် (၁၈) နှစ်နှင့် အထက်ဖြစ်ရမည်။ တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူ စုစုပေါင်း သန်း (၂၅၀) ကျော်ရှိသည်။ အဆိုပါအရေအတွက်သည် ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် (၁၀) ဆ တိုးလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် အင်တာနက် အသုံးပြုသူများ အသက် (၁၈) နှစ်အောက်မပါစေရန်အတွက် နှစ်ပေါင်းများစွာကပင် အင်တာနက် အသုံးပြုသူများ စာရင်းကို ပြုစုပေးခဲ့ရသည်။

ဆိုင်များတွင် အင်တာနက်အသုံးပြုသူများ၏ ဓာတ်ပုံနှင့် ၎င်းတို့၏ မှတ်ပုံတင်ကတ်များကို မိတ္တူကူးယူ၍ ယဉ်ကျေးမှု ဆိုင်ရာထိန်းချုပ်ရေးအဖွဲ့၏ ကွန်ပျူတာအချက်အလက် မှတ်တမ်းများအတွင်းသို့ ပေးပို့ရမည်ဖြစ်သည်။

အင်တာနက်မှတဆင့် စကားပြောရန်၊ ရုပ်ရှင်ကြည့်ရန် လာရောက်သုံးစွဲသူ အယောက် (၆၀) ခန့်ရှိသည့် Dongcheng ခရိုင်ရှိ Mingluo အင်တာနက်ဆိုင်တွင် ပြီးခဲ့သည့် (၁) လခန့်က အဆိုပါ ဥပဒေအသစ်ကို စတင်ကျင့်သုံးခဲ့ကြောင်း ဆိုင်မန်နေဂျာက ပြောသည်။ ၎င်းက “အများစုကတော့ သိပ်ပြီးအလေးအနက်မထားပါဘူး။ ကျနော်တို့ကလည်း ဒီဥပဒေအသစ်ဟာ ဆိုးကျိုး တစုံတရာ မရှိဘူးလို့ သူတို့ကို ရှင်းပြတယ်လေ” ဟုပြောသည်။

ယနေ့ အောက်တိုဘာလ (၁၇) ရက်သည် နိုင်ငံခြားသတင်းထောက်များအနေဖြင့် အိုလံပစ်ကာလအတွင်း ရရှိခဲ့သော တရုတ်နိုင်ငံအနှံ့ ကန့်သတ်မှုမရှိ လွတ်လပ်စွာသွားလာခွင့်၏ နောက်ဆုံးနေ့ဖြစ်သည်။ တရုတ်အစိုးရက အိုလံပစ်ကာလ အတွင်း သတင်းလွတ်လပ်ခွင့် အပြည့်ပေးကြောင်း အာမခံခဲ့သည်။

နိုင်ငံခြားသတင်းထောက်များကို ခရီးသွားလာမှုနှင့် သတင်းရေးသားမှုအတွက် တင်းကျပ်မှုများကို လျော့ပေးခဲ့ သော်လည်း ပြည်တွင်းသတင်းနှင့် စာနယ်ဇင်းများကိုမူ အချက် (၂၁) ချက်ပါ လမ်းညွှန်ချက်များထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရက လွတ်လပ်ခွင့်အချို့ကို ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားမှုများလည်းရှိခဲ့သည်။ နိုင်ငံခြား ရေးဝန် ကြီးဌာနပြောခွင့်ရသူ Qin Gang က “တရုတ်နိုင်ငံထဲမှာရှိတဲ့ နိုင်ငံခြားသတင်းဌာနတွေနဲ့ သတင်းထောက်တွေ အလုပ်လုပ်ရတာ အဆင်ပြေအောင် တရုတ်အစိုးရအနေနဲ့ ပွင့်လင်းတဲ့ မူဝါဒအပေါ် ဆက်ပြီးဖော်ဆောင်သွားမှာပါ” ဟု ပြောသည်။

ထိုင်း-ကမ္ဘောဒီးယားအကြား တင်းမာမှုလျော့
The Nation/ ၁၇ အောက်တိုဘာ ၂၀၀၈။ ။

ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်၌ နှစ်ဖက်တပ်များ ပူးတွဲကင်းလှည့်ရန် ယမန်နေ့က သဘောတူညီမှု ရရှိ ခဲ့သည်။ သို့သော် နယ်မြေအငြင်းပွားရာဒေသအတွင်း ဖြစ်ပေါ်နေသော တင်းမာမှုပပျောက်စေရန် ပို၍အရေးကြီးသည့် တပ်ဖွဲ့ဝင်အင်အား လျှော့ချရေးအတွက်မူ နောက်တကြိမ်အစည်းအဝေး၌ ဆွေးနွေးမည်ဖြစ်သည်။

ထိုင်းနိုင်ငံအရှေ့မြောက်ပြည်နယ် စီစကက်ရှိ ဖါမိုးအီးဒန်း နိုင်ငံခြားခရီးသွားလာရေးဝန်ဆောင်မှုစင်တာ၌ ဒေသ ဆိုင်ရာနယ်ခြား ကော်မတီမှ ကမကထပြုမှုအောက်၌ ထိုင်းကြည်းတပ် အရှေ့မြောက်ဒေသမှ အကြီးအကဲ ဒု-ဗိုလ် ချုပ်ကြီး Wiboonsak Neeparn နှင့် ကမ္ဘောဒီးယား ကြည်းတပ် ဒေသ (၄) အကြီးအကဲ ဗိုလ်ချုပ်ကြီး Chea Mon တို့အကြား (၅) နာရီအကြာ ဆွေးနွေးပြီးနောက် သဘောတူညီကြခြင်းဖြစ်သည်။

နှစ်ဖက်နောက်တကြိမ်အစည်းအဝေးကို ယခုလ (၂၁) ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့၌ ထပ်မံကျင်းပ မည်ဖြစ်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songkitti Chakkabatr က ပြောသည်။

ယခုအနေအထားတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များကို အငြင်းပွားဒေသအတွင်း ဆက်လက်ထားရှိသွားပြီး ပူးတွဲ ကင်းလှည့် မှုကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Songkitti က ပြောသည်။ သို့သော် ကမ္ဘောဒီးယားတပ်ဖွဲ့များ ကျူးကျော်လာပါက ထိုင်းစစ်သားများအနေဖြင့် နိုင်ငံတော်ကိုကာကွယ်ရန် အဆင်သင့်ရှိနေသည်ဟုလည်း သတိပေး ပြောသည်။

“နှစ်ဖက် အပစ်ခတ်များ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်” ပူးတွဲကင်းလှည့်မှုဖြင့်သာ စတင်သင့်ကြောင်း ဒု-ဗိုလ် ချုပ်ကြီး Wiboonsak ကေ ပြာသည်။ ထို့အပြင် ၎င်းက “ဆွေးနွေးပွဲမှာ တိုးတက်မှု အများကြီးမရခဲ့ပါဘူး။ စစ်တပ် တွေအနေနဲ့ သူတို့ တပ်စွဲထားတဲ့နေရာတွေမှာပဲ ဆက်ရှိနေဦးမှာပါ” ဟု ပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ထိုင်းစစ်တပ်များအနေဖြင့် အငြင်းပွားနေသည့် ဒေသအတွင်းမှ ရုပ်သိမ်းပေးရန် ယခုလ (၁၃) ရက်နေ့တွင် ပြောဆိုခဲ့ပြီးနောက် (၁၅) ရက်နေ့တွင် ဖူမာကူးရားနှင့် ဖါမိုးအီးဒန်းတို့တွင် နှစ်နိုင်ငံအကြား တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ သို့သော် အဆိုပါနယ်မြေသည် ထိုင်းနိုင်ငံ၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း ထိုင်းတာဝန် ရှိသူများက ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း ထိုင်းစစ်သား (၇) ဦးဒဏ်ရာရခဲ့ပြီး ကမ္ဘောဒီးယား စစ်သား (၂) ဦး ကျဆုံးခဲ့သည်။

ကမ္ဘောဒီးယားဘက်က ထိုင်းစစ်သားများကို ဖမ်းမိကြောင်း ပြောကြားမှုကို ထိုင်းကြည်းတပ် ဒု-ပြောခွင့်ရသူ ဗိုလ်မှူးကြီး Werachon Sukondhapatipak က ပယ်ချခဲ့သည်။ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး Tea Banh က နှစ်ဖက် ဆွေးနွေးမှုမှ “ရလဒ်ကောင်း” များ ထွက်ပေါ်ခဲ့ကြောင်းပြောသည်။ ၎င်းက “ကျနော်တို့ တဦးနဲ့တဦး နားလည်မှု ရကြပါတယ်။ နားလည်မှုလွဲမှားနိုင်တဲ့အတွက် တဖက်တည်းကနေ ကင်းလှည့်လို့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀န်းကလည်း စိုးရိမ်မှုများဖြစ်ပေါ်ခဲ့သည်။

“အမြင့်မားဆုံး ထိန်းချုပ်ကြပြီး၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးကို အရှိန်မြှင့်ကြခြင်းဖြင့် မတူကွဲပြားတဲ့အမြင်တွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း” ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

ကမ္ဘောဒီးယားမြို့တော် ဖနောင်းပင်၌ ထိုင်း (၁,၀၀၀) ဦးရှိပြီး Siem Reap မြို့တွင် (၅၀၀) ဦးခန့်ရှိသည်။ ကမ္ဘော ဒီးယားတွင် နေထိုင်ရန် အကြောင်းထူး မရှိသူများအနေဖြင့် ပြန်လာကြရန် ယခုလ (၁၄) ရက်နေ့က ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက ပြောခဲ့ပြီးနောက် ထိုင်းနိုင်ငံသား (၆၀၀) ခန့် ပြန်ရောက်လာကြပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဆိုင်ရာ ထိုင်းသံအမတ် Viraphand Vacharathit က ပြောသည်။

၂၀၀၃ ခုက ထိုင်းဆန့်ကျင်ရေး အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး မီးရှို့ခြင်းခံခဲ့ရသော ဖနောင်ပင်ရှိ ထိုင်းသံရုံးရှေ့တွင် ကမ္ဘော ဒီးယား အဓိကရုဏ်းနှိမ်နင်းရေးရဲများကို နေရာချထားသည်။ ထို့အပြင် ကမ္ဘောဒီးယားရှိ ထိုင်းစီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးအတွက်လည်း စောင့်ရှောက်ပေးရန် အရပ်ဝတ်ရဲများလည်း ချထားကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Khieu Sopheak က ပြောသည်။

၎င်းက “ကျနော်တို့လူတွေက စိတ်ဆိုးပြီး နှစ်ဖက်လုံးအတွက် အကျိုးမရှိစေတဲ့ အပြုအမူမျိုးတွေမလုပ်စေဖို့ ထိုင်း စီးပွားရေးလုပ်ငန်းတွေနဲ့ ထိုင်းပြည်သူတွေကို ကျနော်တို့ အကာအကွယ်ပေးထားပါတယ်” ဟုပြောသည်။

နှစ်ဖက်အငြင်းပွားနေသည့် နယ်မြေအတွင်းရှိ ဖရာဝိဟာ ဘုရားကျောင်းအား ကမ္ဘာ့အမွေအနှစ်အဖြစ် ယခုနှစ် ဇူလိုင်လက သတ်မှတ်ခဲ့ပြီးနောက် ထိုင်းအမျိုးသားရေးဝါဒီသမားအချို့က အဆိုပါနေရာသည် ထိုင်းနိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုလာခဲ့ရာမှ ပြဿနာများစတင်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လက နှစ်ဖက်အင်အား လျော့ချရန် သဘောတူခဲ့သော်လည်း နှစ်ဖက် စစ်တပ်အင်အား (၁,၀၀၀) ခန့်ဖြင့် ရက်သတ္တ (၆) ပတ်ကြာ ရင်ဆိုင် အနေအထားဖြစ်နေခဲ့သည်။

ရေနံဈေးကျပြီး အမေရိကန်ဈေးကွက် ရင်းနှီးမြှုပ်နှံမှု တိုးလာ

17 October 2008
အောက်တိုဘာ ၁၅၊ ၂၀၀၈။
ကမ္ဘာ့ရေနံစိမ်းဈေး လျော့ကျလာတာနဲ့အကြွေးပေးစနစ်ဈေးကွက်တွေမှာ ပြေလျော့မှု
တွေ ဖြစ်ပေါ်လာတာကြောင့် မနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ စတော့ခ်
ရှယ်ယာဈေးကွက် ဈေးမပိတ်ခင်မှာ အစုရှယ်ယာဈေးတွေ ၄% ကျော် ပြန်တက်လာခဲ့ပါတယ်။

နှစ်ပေါင်း ၃၄ နှစ်အတွင်း အဆိုးရွားဆုံးအဖြစ်အမေရိကန် စက်မှုထုတ်ကုန် ကျဆင်းမှုဟာ
၂.၈% အထိ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထိုးဆင်းခဲ့တယ်လို့ အစိုးရရဲ့ အစီရင်ခံစာ မနေ့က
နေ့လယ်မှာ ထုတ်ပြန်ခဲ့တာကြောင့်နယူးယောက်ခ် စတော့ခ်ရှယ်ယာဈေးကွက် အညွှန်းကိန်းဟာ
နေ့လယ်ပိုင်းမှာ ခေတ္တကျဆင်းသွားခဲ့ပါတယ်။

ဈေးကွက်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာခဲ့ကြလို့ အခုလို
ဘဏ္ဍာရေးအကျပ်ဆိုက်မှု ဖြစ်ခဲ့ရတဲ့ အမှားအယွင်းမျိုးတွေအတွက် သူ့အနေနဲ့ ခေါင်းငုံ့
နေရပါတယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဟင်နရီ ပေါ်လ်ဆန် (Henry Paulson) က ပြောဆို
လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အရံရေနံသိုလောင်ထားရှိမှု မြင့်တက်လာတာကို အပတ်စဉ်
အစီရင်ခံစာတစောင်မှာ ဖော်ပြလိုက်တာကြောင့် ကမ္ဘာ့ရေနံစိမ်းဈေး တစည်ကို အမေ
ရိကန်ဒေါ်လာ ၇၀ အောက်ကို မနေ့က ကျဆင်းခဲ့ပါတယ်။ မနေ့က နယူးယောက်ခ်မြို့က
ရေနံဈေးကွက်မှာ ရေနံစိမ်းတစည်ဟာ ၆၉ ဒေါ်လာ ၈၇ ဆင့်နဲ့ ဈေးပိတ်ခဲ့ပါတယ်။
တနေ့တည်းမှာ ဈေးကျဆင်းမှု ၆% ရှိခဲ့ပြီး မနေ့က အမြင့်ဆုံးဈေးကနေ ၄ ဒေါ်လာ
၆၇ ဆင့် ပြုတ်ကျသွားခဲ့တာပါ။ တကြိမ်မှာတော့ ရေနံစိမ်းတစည်ရဲ့ဈေးဟာ ၆၉ ဒေါ်လာ
အထိ ရောက်သွားခဲ့ပြီး နောက်မှ ၈၇ ဆင့် ထပ်တက်လာခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ်ခံ နေရာများတွင် နွားအစား ကျွဲ

အောက်တိုဘာ ၁၇။ ရဲအောင်သော်

နာဂစ်မုန်တိုင်းဒဏ် ခံလိုက်ရသည့် မြစ်ဝကျွန်းပေါ် ဒေသများတွင် သေဆုံးသွားသော ခိုင်းနွားများအစား ကျွဲများ အစားထိုး ဖြန့်ဝေသွားရန် မွေးမြူရေးဦးစီးဌာနက စီစဉ်လျက် ရှိသည်။

သီတင်းကျွတ်ပြီး၍ ထွန်တုံးပိတ်ချိန် ရောက်သည်အထိ မုန်တိုင်းဒဏ်ခံ ဒေသများတွင် ထောက်ပံ့ရေး ပြန်လည်ထူထောင်ရေး အစီအစဉ်များ မပြီးမြောက်သေးပါ။ ခိုင်းနွားများ နေရာတွင် ကျွဲများ အစားထိုးရန် စီစဉ်သော်လည်း နွားကိုသာ လယ်သမားများ ပိုမို သဘောကျကြပါသည်။

မေးမြန်းကြည့်ရာ “ကျွဲက ရေခဏခဏ စိမ်တယ်။ ရာသီဥတုဒဏ် မခံနိုင်ဘူး။ ကျွဲက နွားထက် သန်တယ်။ ဒါပေမယ့် နွားက ခိုင်းလို့ ပိုကောင်းတယ်”ဟု လယ်သမား မိသားစုမှ မြို့ရောက်လာသော လူငယ်များက ပြောကြားသည်။ ရွာတွင် ကျန်ခဲ့သည့် မိသားစုများကို စုဆောင်းငွေဖြင့် လယ်အတွက် ကျွဲနွား ၀ယ်ပေးရာတွင်လည်း ခိုင်းနွားများကိုသာ ဝယ်ပေးကြသည်။

နွားထီးမှာ နွားမထက် ဈေးပိုပြီး တောရွာများတွင် နို့စားနွားထက် ခိုင်းနွားသာ အဓိက မွေးမြူကြသည်။ နွားတစ်ကောင် အထီး သုံးလေးသိန်းဈေး ရှိကြောင်း သိရသည်။ မြို့တွင် နိုင်ငံခြားဖြစ် ဖရီရှန်၊ ဂျာစီနှင့် မြန်မာနွားနှင့် နိုင်ငံခြားနွားစပ်သော နွားများ ဈေးကောင်းသော်လည်း ရွာတွင်မူ လယ်ယာစိုက်ပျိုးရေးအတွက် မြန်မာခိုင်းနွားများကို ဝယ်ယူကြသည်။ နွားနေရာတွင် ကျွဲများ အစားထိုး ခိုင်းစေသွားမည့် အစီအစဉ်မှာ လက်တွေ့တွင် လယ်သမားများ၏ လိုအပ်ချက်နှင့် ကိုက်ညီမညီ မသေချာပါ။

“အရင်တုန်းကလဲ ငါးစပါးဆိုပြီး လုပ်သေးတယ်။ စပါးလဲစိုက် ငါးလဲမွေးဆိုပြီး လုပ်လိုက်တာ မအောင်မြင်ဘူး။ ငါးတွေလဲ ဥလန့်ကုန်တယ်။ စပါးလဲ ပျက်တယ်။ အခုက ကျွဲခိုင်းလို့ ပိုကောင်းရင် အစကတည်းက ကျွဲပဲ သုံးမှာပေါ့။ နွားပိုကြိုက်လို့ နွားသုံးတာ။ ကျွဲက အပူအခံနိုင်ဘူး။ ရေခဏခဏ စိမ်တယ်။ ရွှံ့အိုင်မြင်ရင် ဆင်းနေရော”ဟု နာဂစ်ကယ်ဆယ်ရေး လုပ်ခဲ့သည့် လူငယ်တစ်ဦးက ပြောကြားသည်။

ကချင်ကျောင်းသားများ စစ်အစိုးရဆန့်ကျင်ရေး ပိုစတာကပ်သည့်လှုပ်ရှားမှု ထပ်မံလုပ်ပြန်

အချက်တွေက (၁)ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးချက်ချင်း လွှတ်ပေးရန် (၂) တိုင်းပြည်၏ နိုင်ငံရေး အကျပ်အတည်းပြဿနာအား သုံးပွင့်ဆိုင် အမြန်ဆွေးနွေး ဖြေရှင်းရန် (၃) နအဖ စစ်အာဏာရှစ်စနစ် ကျဆုံးပါစေ (၄) ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်။ အေဖိုးဆိုဒ်နဲ့ ရေးထားတာ ကွန်ပြူတာ စာလုံးနဲ့ပါ။ အရွက်ရေ အားလုံး လေးရာပါ။ (၁၈)ရပ်ကွက်မှာရှိတဲ့ အစိုးရ ဌာနဆိုင်ရာ အဆောက်အဦးနဲ့ လမ်းမကြီးတွေ၊ လမ်းကြိုလမ်းကြားတွေ အားလုံး ကပ်ပါတယ်။”
“ဒီကောင်တွေ အုပ်စုက နည်းနည်း Group သေးတယ်ထင်တယ်။ သိပ်ပြီး ကျယ်ကျယ် ပြန့်ပြန့် မသိ ကြဘူး၊ လုပ်တာ။ သူတို့အုပ်စုပဲ လုပ်တာ။ ကချင်ကျောင်းသားတွေပဲ။ အပြင်မှာ သိပ်ကျယ်ကျယ် ပြန့်ပြန့်လုပ်တာ မရှိဘူး။ လုပ်ဆောင်ချက်လုပ်ပြီး ကျေညာချက် ထုတ်တာလောက်ပဲ။ သူတို့လှုပ်ရှား မှုပြတာနေမှာ။ ဘယ်မှာ လုပ်သလဲ မသိဘူး။”

လက်နက်ချ ရလလဖ စခန်းဟောင်းတွင် တိုက်ပွဲဖြစ်
စစ်သားတဦး၊ ရဲတဦးသေဆုံး။ ၂ ဦးဒဏ်ရာ ရ

ခွန်အောင်မြတ်။
အောက်တိုဘာလ ၁၇ ရက်၊ ၂၀၀၈ ခုနှစ်။

မကြာခင်က လက်နက်ချသွားသော ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖွဲ့၏ ဌာနချုပ် တပ်စခန်း နောင်ထောင်ဝ်တွင် တပ်စွဲထားသည့် မြန်မာစစ်တပ်နှင့် ရဲစခန်းကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို)က ယမန်နေ့ညတွင် ၀င်ရောက်တိုက်ခိုက်သဖြင့် မြန်မာစစ်သား တဦး၊ ရဲ တဦး ကျဆုံးပြီး အခြား ၂ ဦး ဒဏ်ရာ ရရှိသည်ဟု ပီအဲန်အယ်လ်အိုက ပြောသည်။

မြန်မာစစ်အစိုးရတပ် ခလရ ၄၂၁ ကို ပီအဲန်အယ်လ်အိုတပ်ဖွဲ့မှ ဗိုလ်မှူးအောင်နိုင် ဦးစီးသည့် တပ်ဖွဲ့က ၀င် ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပီအဲန်အယ်လ်အို၏ နိုင်ငံရေးနှင့်စည်းရုံးရေးဌာန ပြောရေးဆိုခွင့်ရှိသူ ခွန်စွဲထိုက ပြောသည်။

“၁၆ ရက်နေ့ည ၁၁ နာရီ ၅၀ အဲဒီအချိန်မှာ ဗိုလ်မှူးအောင်နိုင် ဦးစီးသော ဗိုလ်မှူး ခွန်ကျော်၊ ဗိုလ်မှူး အုန်းမောင်တို့ အဖွဲ့သည် နောင်ထောင်ဝ်မြို့ ခလရ ၄၂၁ တပ်ရင်းကို ၀င်ရောက် တိုက်ခိုက်ပြီးတော့ မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီ ၄၂၁ တပ်ရင်းမှာရှိတဲ့ တပ်သား သိန်းထွန်းတယောက်သေတယ်၊ နောက်ပြီးတော့ တယောက် ဒဏ်ရာရတယ်။ နောက်ပြီးတော့ ရဲစခန်းတခုကိုလည်း ကျနော်တို့ ၀င် တိုက်လိုက်တယ်။ ရဲစခန်းမှာ ဒုရဲအုပ် ချစ်ကိုအောင်က ဒဏ်ရာရတယ်။ တပ်သား ချစ်ကိုကိုက သေ သွားတယ်။ ”

ဗိုလ်မှူးစိန်ရွှေနှင့် ဗိုလ်မှူးစိုးအောင်လွင်တို့ ဦးဆောင်သည့် ရလလဖ အဖွဲ့ မြန်မာစစ် အစိုးရထံ လက်နက်ချပြီး နောက်ပိုင်း ရလလဖ ဌာနချုပ်ဖြစ်သည့် နောင်ထောင်ဝ်တွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

အခုလို ၀င်ရောက်တိုက်ခိုက်ရခြင်းမှာ ဒေသခံပြည်သူများက တောင်းဆိုလာခြင်းကြောင့် ဖြစ်သည်ဟု ပီအဲန် အယ်လ်အို အဖွဲ့က ပြောသည်။

“နအဖ စစ်တပ်တွေက အဲဒီမှာရှိတဲ့ ကျေးရွာသူ ကျေးရွာသားတွေကို အနိုင်ကျင့်နှိပ်စက် ပြီးတော့ လုပ် နေတယ်။ အဲဒီမှာ ရှိတဲ့ ရွာသူ ရွာသားတွေက ကျနော်တို့ အဖွဲ့ကို တိုင်ကြား ပြီးတော့မှ ပြည်သူလူထု ရဲ့ သဘောထား ဆန္ဒအရ ကျနော်တို့ ၀င်တိုက်ရခြင်းဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။” ဟု ခွန်စွဲထို က ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့သည် ၂၀၀၇ ခုနှစ် ဇွန်လပိုင်းတွင် ရလလဖ တပ်ဖွဲ့မှ ခွဲထွက်ကာ တော ပြန်ခိုပြီးနောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အေ)ဟု ပြောင်းလွဲဖွဲ့စည်းပြီး မြန်မာစစ် အစိုးရကို ဆန့်ကျင်တော်လှန် နေသည့် အဖွဲ့ဖြစ်သည်။

နောင်ထောင်ဝ် ဌာနချုပ်တွင် အခြေစိုက်ခဲ့သည့် ဗိုလ်မှူးစိန်ရွှေ၊ ဗိုလ်မှူးစိုးအောင်လွင် ဦးဆောင်သည့် ရလလဖ တပ်ဖွဲ့သည် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့တွင် အပြီး လက်နက်ချ ခဲ့သည်။

တစ်လကျော် ပြန်ပေးဆွဲ ခံရသည့် မြန်မာသင်္ဘောသား (၁၄) ဦး လွတ်မြောက်

နွယ်လေး။
အောက်တိုဘာလ ၁၇ ရက်၊ ၂၀၀၈ ခုနှစ်။

ဆိုမာလီယာ ကမ်းခြေ၌ တစ်လကျော်ပြန်ပေးဆွဲခံရသည့် မြန်မာသဘောင်္သား (၁၄) ဦး အပါအ၀င် သင်္ဘောသား ၂၂ ဦးကို ပင်လယ်ဓါးပြများက ယမန်နေ့ညတွင် ပြန်လွှတ်ပေး လိုက်သည်။

မြန်မာနှင့် တောင်ကိုးရီးယား သဘောင်္သားများ လိုက်ပါသည့် Bright Ruby အမည်ရှိ ကုန်တင် သင်္ဘောကို စက် တင်ဘာလ (၁၀) ရက်နေ့တွင် ဆိုမာလီယာ ကမ်းခြေ ပင်လယ်ဓါးပြ များက ဖမ်းဆီးပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

မြန်မာသင်္ဘောသား (၁၄)ဦး အား အလုပ်လုပ်ကိုင်ရန် တာဝန်ယူ ခဲ့သည့် Leader Marine Co. Ltd မန်းနေဂျင်း ဒါရိုက်တာ ဦးဌေးအောင် က “ကျနော်တို့ သင်္ဘောကို ပြန်လွှတ်ပေးလိုက်ပါပြီ ဆိုမာလီယာ ပြန်ပေးက နေပြီးတော့။ သက်ဆိုင်ရာ မိဘတွေကိုလည်း ဖုန်းဆက် အကြောင်းကြားပြီး ပါပြီ။ ကျနော်တို့ သင်္ဘောသား ကျန်းမာရေး အခြေနေ အားလုံး ကောင်းပါတယ်။ အချို့ မြန်မာသင်္ဘောသားတွေတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပြီးရင်တော့ သူတို့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးပါလိမ့်မယ် ။”

ပြန်လည်လွတ်မြောက်လာသည့် သင်္ဘောသားများအားလုံး ကျန်းမာရေး အခြေနေစိုးရိမ်စရာ မရှိပဲ ကျန်းကျန်း မာမာရှိကြပြီး ကိုးရီးယား သင်္ဘောသားများ၏ မိဘဆွေမျိုးများက ၀မ်းသာအားရနှင့် စောင့်မျှော် နေသည်ကို တောင်ကိုးရီးယား သတင်းများတွင် ဖော်ပြခဲ့သည် ဟု ကိုးရီးယားနိုင်ငံတွင် နေထိုင်သည့် ကိုရန်နိုင်ထွန်း က ယခုလို ပြောသည်။

“တောင်ကိုးရီးယား အနေနဲ့ကတော့ ဆိုမာလီယားဘက်က ပြန်ပေးဆွဲသူတွေနဲ့ ဘယ်လို တွေ့ဆုံပြီး သူတို့ အနေနဲ့ ကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆွေးနွေးခဲ့တယ်။ အဆင်ပြေအောင် ဘယ်လိုလုပ်ပြီး သူ တို့ သင်္ဘောသားတွေကို ဘယ်လို လွတ်မြောက်အောင် ကြိုးစားခဲ့တယ် ဆိုပြီးတော့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ”

တောင်ကိုးရီးယားနိုင်ငံ သတင်းမီဒီယာ များတွင် အစိုးရမှ မည်သို့ညှိနှိုင်း ဆောင်ရွက်ခဲ့သည် ဟု ဖော်ပြထား ခြင်း မရှိပဲ ပြန်ပေးဆွဲသူများနှင့် တွေ့ဆုံပြီး အကောင်းဆုံးဖြစ်အောင် ညှိနှိုင်း ဆွေးနွေးခဲ့သည် ဟုသာ ရေးသား ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ပြန်ပေးသမားများက သင်္ဘောနှင့် အတူ သင်္ဘောသားများအားလုံးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်၊

တန်ချိန် နှစ်သောင်းကျော် တင်ဆောင်ထားသည့် ၎င်းကုန်တင်သင်္ဘောမှ သင်္ဘောသားများကို အေဒင်ပင်လယ် ကွေ့တွင် အမေရိကန် စစ်သင်္ဘောသို့ လွဲပြောင်းပေးခဲ့ပြီး လာမည့် နိုဝင်ဘာ (၂၆) ရက်နေ့တွင် တောင်ကိုရီးယား သို့ ရောက်ရှိမည်ဟု ကိုရီးယားနိုင်ငံတွင် နေထိုင်သည့် ကိုဇော်မိုးအောင်က ကိုရီးယား သတင်းဌာနများကို ကိုးကား ပြောသည်။

မြန်မာပြည် စာနယ်ဇင်းလောကနှင့် ပတ်သက်၍ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း

အင်တာဗျူး
ဧရာဝတီ | အောက်တိုဘာ ၁၇၊ ၂၀၀၈

လက်ရှိ မြန်မာပြည်စာနယ်ဇင်းလောက ဖိနှိပ်ခံရမှုနှင့် ယခင်စာနယ်ဇင်းလောက အခြေအနေကွာခြားချက်များ၊ မီဒီယာ၏ အခန်းကဏ္ဍ အရေးပါပုံတို့ကို ဧရာဝတီမဂ္ဂဇင်းက သတင်းစာဆရာကြီး ဦးဝင်းတင်အား မေးမြန်း၍ ဖော်ပြလိုက်ပါသည်။
ဦးဝင်းတင် (ဓာတ်ပုံ - မြတ်မိုးမောင်)
မေး။ ။ အက်ရှင်တိုင်းမ်စ်ဆိုတဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ဆရာ့ အကြောင်း တပိုဒ်ပါလို့ အပိတ်ခံရတယ် ကြားတယ်။ အဲဒီပေါ်မှာ ဘာပြောချင် လဲဆရာ။

ဖြေ။ ။ သူတို့ (အာဏာပိုင်တွေ) က ရှင်းရှင်းပြောရရင်တော့ ကြံဖန်ပြီး ချုပ်ချယ်ဖို့ကို နည်းမျိုးစုံနဲ့။ တလ ပိတ်မယ်၊ ၂ လပိတ်မယ် ဆိုတာမျိုး၊ ဒီဟာ လုပ်ခြင်းအားဖြင့် တခြားလူတွေကိုပါချုပ်ချယ်ပြီးဖြစ်သွားတယ် ဆိုတာမျိုး လုပ်ကြတာပဲဗျ။ ဒါက စာစောင်တစောင်ချင်းစီကို ပိတ်တာ။ နောက်တခုကတော့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တားမြစ်ထားတယ် ဆိုတာကို ပြတာ။ ဒီဟာနဲ့ ပတ်သက်တာကတော့ ကြုံနေရမှာပဲ။ ကြုံလည်းကြုံခဲ့ရတာပါပဲ။

မေး။ ။ မ ဆ လ ခေတ်မှာ ဆရာသတင်းစာ အယ်ဒီတာလုပ်တုန်းကနဲ့ ခုနဲ့ စိစစ်ရေး ကိစ္စတွေ၊ သတင်းစာ လောကတွေနဲ့ ဘယ်လိုကွာဟလဲ ပြောပါဦး။

ဖြေ။ ။ မကွာပါဘူး။ တူတူပါပဲ။ မထူးပါဘူး။ ဒီချိန်မှာစာစောင် ၂ စောင်ကို ပိတ်တယ်။ မဆလ ခေတ်တုန်းက စာစောင် တွေ အားလုံးပိတ်ပစ်ခဲ့တာပဲ။ နောက်တခါ စီးပွားရေးအရ ညစ်တာတို့ တခုချင်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပိတ်တဲ့ နေရာမှာတော့ သီးခြား လုပ်ဆောင်မှုတွေ မတူပေမယ့် မျက်စိပိတ် နားပိတ်အောင် လုပ်ထားတာကတော့ ဦးတည်ချက်က ဘာမှ မကွာဘူး။ ကျနော်ပြောချင်တာကတော့ စာနယ်ဇင်းတွေအနေနဲ့ ရုန်းကန်ရမယ်။ အချင်းချင်း ညှိလုပ်တာပဲ ဖြစ်ဖြစ် တစောင်ချင်းစီပဲ ဖြစ်ဖြစ် ငုံ့ခံနေတာမျိုး မဟုတ်ဘဲနဲ့ တတ်နိုင်သလောက် အကြောင်းအရာ တခုချင်းစီပေါ်မှာ ရုန်းကန်မှု ရှိရမယ်။ အဲလိုပဲ ကျနော်က ယူဆတယ်။

ကျနော်ကတော့ သတင်းစာတွေ မလုပ်နိုင်တော့ဘူး။ သတင်းစာက များများလုပ်ရတယ်၊ မြန်မြန် လုပ်ရတယ်၊ ကျယ်ကျယ် လုပ်ရတယ်။ ကျုယ်ကျယ် လုပ်ရတယ် ဆိုတာက တောရော၊ မြို့ရော၊ ကမ္ဘာရော၊ မြန်မာရော။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှု ရေးတွေ လုပ်ရတယ်။ များများလုပ်ရမယ်ဆိုတာက အကြောင်းအရာ များနိုင်သမျှ များအောင် ထည့်ရတယ်၊ စုံနိုင်သလောက် စုံအောင် လူမှုဘဝကို လွှမ်းခြုံနိုင်အောင် အဲလိုပေါ့။ ပြီးတော့ မြန်မြန်လုပ်ရတယ်။ အရင်ခေတ်ကဆို တယ်လီဖုန်းလောက်ပဲ ရှိတဲ့ကြားက ဖြစ်အောင် လုပ်ရတယ်။ ဒီဟာတွေလောက်ကို ကျတော် မလုပ်နိုင်တော့ဘူး။ ခု ဂျာနယ်တွေ ကြိုးစားကြတယ် ကောင်းပါတယ်။ မှားကြတာတွေ ရှိမှာပဲ။ မှားပါစေ။ အရေးမကြီးပါဘူး။ မှားတယ် မှန်တယ်ဆိုတာ တခေတ်နဲ့ တခေတ် စံချင်းမှမတူတာ။ မှားတာကို ဂရုစိုက်စရာမလိုပါဘူး။

တခုပဲ ဝေဖန်ချင်တာက ခင်ဗျားတို့မှာ ရုန်းကန်တာနည်းနည်း နည်းတယ်ထင်တယ်ဗျ။ ကျနော်တို့ တုန်းကလည်း ဖိနှိပ်မှုက အတူတူပဲ။ မထူးဘူး။ ဒီခေတ်မှာ ဖိနှိပ်ခံရတာလည်း တူတူပဲ မထူးဘူးဗျ။ တချို့ကထင်ကြတယ် ဒီခေတ်မှာမှ ပိုဖိနှိပ်ခံရတယ် လို့ … ။ အဲဒါမဟုတ်ဘူး။ တူတူပါပဲ။ သူတို့မကြိုက်တာ တခုခု လုပ်မိရင်၊ ပါလာရင် ဘယ်ခေတ်ပဲဖြစ်ဖြစ် ပိတ်ပစ်တာပဲလေ။ ဖိနှိပ်ချုပ်ချယ်မှုက ဒီလိုပဲ ရှိနေမှာပဲ။ အဲဒီကြားကနေ ရုန်းကန်ကြရလိမ့်မယ်။

အဲဒီမှာ ကျနော်က ဘာဥပမာ ပြချင်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ကာတွန်းဆရာတွေကို မိန့်ခွန်းတခုပြော ရတယ်။ အဲဒါလေး ပြောချင်တယ်။ အဲဒီတုန်းက သူတို့ကို ခင်ဗျားတို့ ကာတွန်းတွေ သိပ်ကောင်းတယ်ဗျာ။ ရေးတာတွေ လည်း ပြောင်မြောက်တယ် ဒါပေမယ့် ခင်ဗျားတို့မှာ ငုံ့ခံနေကြတာလေးတွေ ရှိတယ်။ ဒီလိုရေးလို့မရရင် ဟိုလိုလေးလှည့် ရေးရမယ်။ ဥပမာပြောရရင် အဲဒီတုန်းက တိရစ္ဆာန်ရုံမှာ ကလေးတယောက် ကျားကိုက်တယ်ဗျာ။ အဲဒီသတင်းကို ထည့်လို့ မရဘူး။ ဘယ်လိုမှကို ထည့်ခွင့် မပေးဘူး။ ဒါပေမယ့် အဲဒီမှာ ကျနော်တို့ အနည်းဆုံးငုံ့မခံဘူးဆိုတာ ပြချင်တယ်။ ဖြစ်ချင် တော့ အဲဒီနေ့မှာ နိုင်ငံခြား သတင်းတပုဒ်က တိုက်တိုက်ဆိုင်ဝင်လာတယ်။ ခြင်္သေ့ကိုက်တဲ့သတင်းဗျ။ အဲဒါကို မျက်နှာဖုံးမှာ အကြီးကြီး ထည့်လိုက်တယ်။ ခြင်္သေ့နဲ့ ကျားနဲ့ကတော့ မတူဘူးပေါ့ဗျာ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ဟာ ဒီကောင် တွေ ရေးပြန်ပလား ဆိုတာမျိုးဖြစ်သွားတယ်။ ဒီခြင်္သေ့ကိုက်တာကို အကြောင်းပြုပြီး ကျားကိုက်တဲ့ သတင်းကလည်း လူတွေကြားထဲမှာ ပြန့်နေတယ်။ ဆိုလိုတာက ဂျာနယ်လစ်တွေက အဲဒီပုံစံနဲ့တော့ လှုပ်ရှား နိုင်တယ်။ ရုန်းကန်ပါ။ သူတို့က ဒီလိုမရေးရဘူးဆိုရင် ရနိုင်တဲ့နည်းနဲ့ ရေးပါ။ သူတို့ကဒီလိုလုပ်ပါဆိုရင် မလုပ်နိုင်ဘူး တနည်းနည်းနဲ့ လှည့်လုပ်ပါ။

ဟိုခေတ်နဲ့ ဒီခေတ် ဖိနှိပ်ပုံ ဖိနှိပ်နည်း မတူတာပဲရှိတယ် ဖိနှိပ်တာကတော့ ဖိနှိပ်တာပါပဲ။ ဂျာနယ် တစောင်ချင်းကို အရေးယူ ပုံချင်းတော့ တူချင်မှတူမယ်။ ဟိုတုန်းကတော့ သိမ်းကျုံးပြီး အရေးယူတယ်။ ဒါပဲကွာတယ်။ ခု ဂျာနယ် တွေ အများကြီး ရှိတယ်။ ဘာတွေ ရေးနိုင်လဲ။ ဘာမှ မရေးနိုင်ဘူး။ ကျနော်တို့နာမည်တွေကို လုံးဝဖျောက်ထား ရာကနေ အခုနာမည်လေး တွေ ပါလာတယ်။ များများ မသုံးနိုင်ဘူး။ တချို့ဂျာနယ်တွေဆို ကျနော့်ကို အင်တာဗျူး လုပ်တယ်။ အဲဒါတွေ ကျနော်ဖတ် ရတယ်။ စာပေစိစစ်ရေးကို တင်တဲ့ မူတွေပေါ့။ ဒါပဲဗျ။ ဘာမှမထူးဘူး။

ထူးတာက ရုန်းကန်မှု နည်းတယ်။ ကျနော်တို့ လုပ်ခဲ့တာပဲ။ ကျနော်ဟံသာဝတီ သတင်းစာ လုပ်ခဲ့တယ်။ ကျနော့်ကို ဖိနှိပ် တာက ဒီခေတ် ဂျာနယ်တွေကို ဖိနှိပ်တာထက် ပိုတယ်လည်း မပြောလိုဘူး လိုတယ်လည်း မပြောဘူး တူတူပါပဲ။ ကျနော့် အသက်အရွယ်နဲ့ ကျနော့်ရာထူးနဲ့ ပင်စင်နီးတာနဲ့ ဒါတွေငဲ့ပြီး ကျနော် အေးအေး နေရင် ရတာပဲ။ ဒါပေမယ့် ကျနော်မနေ နိုင်ဘူး တတ်နိုင်သလောက် ရုန်းတယ်။ အဲဒီမှာ သူတို့မကျေနပ်ဘူး ကျနော့်လည်း ဖြုတ်ပစ်၊ ကျနော့်သတင်းစာလည်း ပိတ်ပစ်တာပဲ။

နမူနာလေးတခု ပြောပြမယ်။ တခါက ဝန်ကြီးကနေပြီး အမိန့်နဲ့ လာတယ်။ ပေါ်လစီလားဘာလားတော့မသိဘူးဗျ သတင်း စာမှာ ဘုန်းကြီးတရားပွဲတွေထည့်ရမယ်တဲ့၊ ရန်ကုန်မှာလည်း ထည့်တယ်။ ကျနော်ကမထည့်ဘူးလို့ မန္တလေးက ဘုန်းကြီး မြို့၊ ဟိုဘုန်းကြီး တရားဟောတာထည့်ပေး၊ ဒီဘုန်းကြီးဟောတာ ထည့်ပေးတာနဲ့ ခင်ဗျားတို့သတင်းစာ ဘာမှပါရတော့မှာ မဟုတ်ဘူး ထည့်ရမှာလားလို့ပြောလိုက်တော့မှ နောက် ဝန်ကြီးကလည်း မထည့်ပါနဲ့တော့လို့ ပြောတယ်။ အဲလိုပေါ့ဗျာ။ အဲလိုလုပ်ရတာပဲ။

နောက် ဦးနေဝင်းက တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း သေတော့ သူ့မိန့်ခွန်းကို ခေါင်းကြီးနဲ့ မျက်နှာဖုံးမှာ ထည့်ရမယ်လို့ ပြောတယ်။ ကျနော်ထည့်မယ်ဆို မီတာပေါ့။ ကျနော်မထည့်ဘူး။ မန္တလေးနဲ့ ရန်ကုန် အပြန်ပြန် အလှန်လှန် ဖုန်းဆက်တယ်။ ထည့်ရမယ်ပေါ့။ ကျနော်ကလည်း မထည့်ဘူး တင်းခံနေတယ်။ အဲဒီမှာ ညနေ ၄ နာရီ ၅ နာရီဖြစ်လာတယ်။ ကျနော်က မျက်နှာဖုံးကို ပြန်ဖျက်ရတော့မှာ မလုပ်နိုင်ဘူး။ လုပ်ရင် ကုန်မယ့် စာစီခတွေ စာရွက်ဖိုးတွေ ဘယ်လိုလုပ်မလဲ ဆိုတော့ သူတို့က အကုန်ခံမယ် ထည့်တဲ့။ အဲဒါနဲ့ ကျနော်က ဒါဆို နက်ဖြန် သတင်းစာ မထုတ်နိုင်ဘူးပြောလိုက်တယ်။ အဲဒီတော့မှ ဒါဆိုလည်း မျက်နှာဖုံးမှာ မလုပ်ပါနဲ့တော့ အတွင်းက စာမျက်နှာ ၃ တို့ဘာတို့မှာပဲ ထည့်ပါတော့ ဖြစ်သွားတယ်။ ရုန်းကန်ရတာတော့ နည်းနည်း ရှိတာပေါ့ဗျာ။

မေး။ ။ ဖိနှိပ်ခံရတာ တူတူပဲဆိုရင် အရည်အသွေးနဲ့ပတ်သက်လို့ကော ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ အရင်ခေတ်နဲ့ အခုခေတ် ဘယ်လို ကွာခြားလဲ သိချင်ပါတယ်။ တိုးတက်လာတာရှိလားပေါ့။

ဖြေ။ ။ ဒါကလည်း တော်တော်ပြောရခက်တာပဲဗျ။ အရည်အသွေးဆိုတာက ဘယ်ပေါ်မှာတည်တာလဲ။ အကြောင်းအရာ ပေါ်မှာ မူတည်တာလား။ ခေတ်ကာလကိုလိုက်ပြီး ပြောင်းလဲနေတဲ့၊ ရေးဖို့ လိုအပ်တဲ့ အချိန်မှာ အသိဥာဏ်ရှိတဲ့၊ ရေးနိုင်တဲ့ သူတွေက ရေးတာဖြစ်တဲ့အတွက် သာတာတွေလည်း ရှိတာပဲဗျ။ ဒီခေတ်မှာလည်း တချို့လူတွေ တော်တော် လုပ်ကြတာ ရှိပါတယ်။ ဒီခေတ်မှာ ကျော်ဝင်းတို့ဘာတို့ တော်တော် လုပ်နိုင်တာပဲဗျ။ လျော့သွားတယ်၊ ပိုပြီး ကောင်းလာတယ် ဆိုတာ မျိုးတော့ မရှိသေးဘူးထင်တယ်ဗျ။ ဒါကတော့ ခုချက်ချင်းပြောလို့ ရတဲ့ အကြောင်းအရာလည်း မဟုတ်ဘူးဗျ။ ခေတ် တခေတ်ကျော်သွားတဲ့ အချိန်ကျမှ သမိုင်းဝင် စံတင်ပြီး ကျန်ခဲ့မှသာ ပြောလို့ရမယ်ထင်တယ်။

အဲဒါကိုပဲ ကောင်းတယ် ဆိုးတယ် ဆုံးဖြတ်ကြမှာပဲ။ ကျနော်ကတော့ အဲဒါနဲ့ ပတ်သက်လို့ မပြောချင်ဘူးဗျ။ မလိုဘူးလေ။ သူတို့လုပ်နေတာ ကောင်းတာပဲ။ ဒါပေမယ့် ဘယ်လောက်ကောင်းတယ် ဘယ်ပြောလို့ရမလဲ။ ဒီနေ့ဆုံးဖြတ်တာလည်း မှန်ချင်မှ မှန်မယ်။ ဒီနေ့ ကောင်းနေပေမယ့်လည်း နောက်တနေ့ကျတော့ လူတွေက မေ့သွားရင် ဘာမှမထူးဘူးဗျ။ ဒါပေမယ့် တခုတော့ သေချာပြောလို့ရတယ်။ ဒါကတော့ ခေတ်အလိုက် ခေတ်အလိုက် လုပ်နေကြရမှာပဲ။ ဒီနေ့လုပ်နေတာတွေက သာမာန်စံအနေနဲ့ ပြောမယ်ဆိုရင် ခေတ်တခေတ်မှာ လုပ်နေတဲ့ စံအရ မညံ့ဘူးဗျ။ ဆောင်းပါးတွေ ကောင်းတယ်ဗျာ။ ဗွိုက်စ်တို့ဘာတို့မှာ ရေးနေတဲ့ ပုံစံတွေဆိုရင် ပညာတတ်လူတန်းစားရဲ့ အသံမျိုးနဲ့ အထက်စီးက ပြောတဲ့ လေသံမျိုး ပေါက်ချင် ပေါက်နေမယ်။

ဘယ်လောက်ပဲ ဘာတွေ ဖြစ်နေနေ လုပ်နေတာကတော့ ကောင်းနေတာပဲဗျ။ လူတွေကို အသိဥာဏ်ဖွင့်ပေးတဲ့ ပုံစံမျိုး တွေလည်း တွေ့နေရပါတယ်။ တခုပဲဗျ။ ပိတ်ခံရလိုက်၊ တော်ကြာကြောက်သွားလိုက် ဆိုတာမျိုးမဟုတ်ဘဲ အဲဒီထဲက ဖောက်ထွက်ပြီး ရေးနိုင်ဖို့တော့လိုမယ်။ ကွာလတီကိုလည်း အဲဒီပေါ်မှာ ဆုံးဖြတ်ရမယ်ထင်တယ်။

မေး။ ။ ပြည်ပက မြန်မာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုကော ဆရာ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့တော့ ကျနော်သိပ်မသိဘူးဗျ။ ခင်ဗျားတို့ဧရာဝတီတောင် (ထောင်) ဆေးရုံမှာ တုန်းက တခါလား ဖတ်ဖူးတယ်။ ဝက်ဘ်ဆိုက်တို့ဘာတို့တွေ ကျနော်သိပ်နားမလည်တော့ သိပ်မပြောချင်ဘူး။ သို့သော် ဘာပဲ ပြောပြော ခင်ဗျားတို့နဲ့ အတွင်းနဲ့ ကွာတဲ့ အချက်က ထင်ရှားတဲ့ ထင်မြင်ချက် တွေကို ဖော်ထုတ် နိုင်တဲ့ အနေအထား ကတော့ ခင်ဗျားတို့နဲ့ သူတို့ကွာနေတယ်ဗျ။ ခင်ဗျားတို့ကလွတ်နေတဲ့ သူတွေ ဆိုတော့ အတွင်းကလူတွေလို ချက်ချင်း လာပိတ်လို့မရဘူး။ နောက်တခု အပြင်မှာ ရှိတဲ့သူတွေက ကမ္ဘာ့အမြင်ကျတော့ ဆို့စ်ရယူမှုကျတော့ ပြည်တွင်းထက် အများကြီးသာတယ်။ ဒီ ၂ ချက်သာနေတဲ့အတွက် ဒီမိုကရေစီ အသွင် ကူးပြောင်းတဲ့ နေရာမှာ အများကြီး အထောက်ကူပြု မယ်လို့ ယုံတယ်။ အထဲမှာက ရုန်းပါ ဆိုပေမယ့် ရုန်းကန်တဲ့ နေရာမှာ အခက်အခဲတွေ အများကြီး ရှိနေနိုင်သေးတယ်။ ဒီတော့ ခင်ဗျားတို့ အခန်းကဏ္ဍက အရေးကြီးတယ်လို့ ကျနော်မြင်တယ်။

မေး။ ။ ဒီမိုကရေစီ လှုပ်ရှားမှုမှာကော မီဒီယာရဲ့ အခန်းကဏ္ဍကို ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ မီဒီယာရဲ့အခန်းကဏ္ဍကတော့ အရေးကြီးတာပေါ့ဗျာ။ ခုမှမဟုတ်ပါဘူး။ မီဒီယာဆိုတာ တိုင်းရေး ပြည်ရေးရာ ကိစ္စတွေမှာ အသံတဝက်ဝင်ပြောတာ၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ နေရာမှာ တဝက်ဝင်အုပ်ချုပ်တာ။ တိုင်းပြည်လုပ်ငန်းတွေကို ရှယ်ယာတဝက်ယူထားတဲ့ သဘောပဲဗျ။ မီဒီယာကို ဘယ်တော့မှ ငြင်းပယ်လို့၊ မျက်ကွယ်ပြုလို့ မရဘူး။ ဒါကိုတော့ ကြိုက် သော်ရှိ၊ မကြိုက်သော်ရှိ လက်ခံရမှာပဲဗျ။ သူတို့ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကတပိုင်းပဲ။ ရှင်းရှင်းပြောရရင် ဒီမိုကရေစီအရေးကတော့ ပိုမြင့်မားတာပေါ့ဗျာ။ ဒီမိုကရေစီ လှုပ်ရှားမှုမှာ မီဒီယာရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါတာ ပေါ့ဗျာ။ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး ပိတ်ထားတဲ့ နိုင်ငံမျိုးမှာ ပိုပြီးအရေးကြီးတာပေါ့။ ခုအန်အယ်လ်ဒီ ရပ်တည်နေနိုင် တာ ပြည်ပမှာရှိတဲ့ မီဒီယာအား တွေကြောင့်ပေါ့ဗျာ။ ခု ကျနော့်ကိစ္စဆို အများကြီး အသံထွက်သွားတယ်ဗျာ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကဆို ဘယ်လောက် ကြီးကျယ်တဲ့သူ ထွက်လာလာ များများစားစား မပါနိုင်ဘူးဗျ။ ခုကျတော့ အများကြီး ကျယ်ပြန့်သွား တယ်ဗျ။ ကျနော် ဘယ်လောက်ပင်ပန်းပင်ပန်း ပြောနိုင်သလောက်ပြောမယ် ရှင်းနိုင်သလောက် ရှင်းမယ်။ ဒါတွေ ပြောနိုင်ဖို့ ဖော်ပြဖို့က မီဒီယာက အဓိကကျတယ်ဗျ။