Monday, October 27, 2008

မြန်မာ့သမိုင်းတွင်အကြီးမားဆုံးလာဒ်စားမှု

Sr. General Than Shwe’s Second Daughter has made 200 Million dollars by selling Burma’s land to Chinese tycoons



ထွန်းနိုင်ရွှေ (ခ) ထွန်းထွန်းနိုင်

ခင်ပြုံးရွှေ




အေးအေးသစ်ရွှေ

ဒေဝါရွှွှေ


ကြည်ကြည်ရွှေ


ကြိုင်စန်းရွှေ (Kyaing San Shwe runs construction business the Classic International Company as well as earning a fortune from illegal gambling.)


သန့် ဇော်ရွှေ (ခ) မောင်မောင်


သန္တာရွှေ (ခ) မပေါက်



ရှာဖွေသူ(noname)

First week of January, 2007. The second daughter of Sr. General Than Shwe (head of Junta) have made deal with Wang Xiaohua, Chairman and Zeng Guang’an, President of Guangxi Liugong Industrial Investment Co. Ltd of Guangxi Liugong Group- CHINA, over Nanning Overseas Chinese Investment Zone (China-ASEAN economic park).

Nanning Oversea Chinese Investment Zone is established to attract the investments from ten ASEAN countries including Burma, to attract the ASEAN countries, Chinese Government offered 40 Acres of 30 years granted lands (Free of Charge) to all Asean Countries and 400 millions dollars soft loan for each land to carry out the development.

The deal was simple, Than Shwe’s daughter transfer the 30 years ownership of the (40 Acres) land which is belongs to Burma to Guangxi Liugong Group, Liugong Group claimed 400 million dollars soft loan from China bank and share or bribe 50% which is 200 million dollar to Than Shwe’s daughter.

But to legalized the deal Than Shwe’s daughter forced to brought in the local GO-NGO (Government Organized- Non Government Organization) name UMF-CCI (Union of Myanmar Federation of - Chambers of Commerce and Industry) into the deal, she ordered UMF-CCI to formed joint company with Liugong Group of China which is later named Golden Land East Asia Development Co. Ltd. Then the legalization process was done within one week (which usually took about year for normal business companies)

This information was disclosed by senior officials from Ministry of Trade who is loyal to his country (who must remained extremely anonymous), he said “who do they think they are ? (Than shew family) to do whatever they want with the properties that belongs to the state not to them”.

မြသန်းတင့်(လက်ဖက်ရည်ဆိုင်)


download link



သော်တာဆွေ(ဘရန်ဒီတပုလင်း)

download link



DDoS or DoS (Denial of service Attack) ကို တားဆီးနိုင်မဲ့နည်းလမ်း

DDoS or DoS လို့ခေါ်တဲ့ Denial Of Service attack က ရိုးရှင်းပြီး effect ဖြစ်ပါတယ်။ ခပ်တိုတိုပြောရရင်တော့ Website တစ်ခုကို Hacker ထိန်းချုပ်ထားတဲ့ PC တွေ (Bots) အများကြီးကနေ Request တွေ အများကြီးကို တစ်ပြိုင်ထဲ ပို့လိုက်ရင် အဲဒီ အတိုက်ခံရတဲ့ Website ရဲ့ Web Server က Request တွေကို handle မလုပ်နိုင်တော့ပဲ Down သွားတာပါ။ အဲဒီလို အတိုက်ခံရတာကို ကာကွယ်ချင်ရင် ဒီ php file လေးကို သုံးပြီး prevent လုပ်လို့ရပါတယ်။

How It Works

Little Lady Baby DoS Shield က PHP script တစ်ခုပါ။ Logic က ရှင်းပြီး ကောင်းပါတယ်။ ဘယ်လို အလုပ်လုပ်လဲ ဆိုတော့ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်ထက် ပိုပြီးတော့ request ၀င်လာရင် အဲဒီ IP ကို ခဏ ban လိုက်ပါတယ်။

How to Use It

ကျွန်တော်ကတော့ ကျွန်တော့် Blog directory ထဲကို tweety.php ဆိုတဲ့ php file ကို upload လိုက်ပြီးတော့ index.php ထဲမှာ အောက်က ပြထားတဲ့အတိုင်း get_header(); ဆိုတာရဲ့ အနောက်မှာ include(”tweety.php”); ဆိုပြီး ထည့်ပေးလိုက်ရင် ရပါတယ်။

Configuration?

Script file ထဲမှာ Configuration settings တွေ ရှိပါတယ်။ Script က attack အလုပ်ခံရတယ်လို့ ယူဆတိုင်းမှာ ကိုယ့် email ထဲကို Warning mails တွေ ပို့အောင် လုပ်ထားလို့ရပါတယ်။ နောက်ပြီး လောလောလတ်လတ်ပဲ ကျွန်တော့် ဘလော့ကို dos ခံရတယ်လို့ ယူဆပါတယ်။ အောက်မှာ ပါတဲ့ ပုံကိုကြည့်ပါ။Warning Messagesကို အခုလိုမြင်ရပါမယ်။
mister Rblog

Defeating Traffic Flooders
PHP DoS Shield

By br0(TweetyCoaster)
Version: Beta
Date: Wednesday, July 30,2008
URL: http://yehg.net/lab/#tools

Overview

During somedays ago, some of Myanmar sites faced with by some DoS like attacks and
some sites are temporatily down by cause of huge CPU usage and bandwidth usage.
All sit admins and developers find out some ways which can escape or prevent to that DoS attack.
Actually it's difficult to prevent. It's use ordinary HTTP request and vary IP addresses except
sending forge large packet size.

How it works

PHP DoS Shield work on a concept of different accessing time by human visitor and bot attacker.
You can set it up minimum average time between one visitor visits and maximum visits in minimum time.
That is main point of this code. No human visitors may never visit 90 times during 30 seconds.
But bot visitors can visit more than that. :-)
When some bot trip our trigger of time trap, our shied a error 503 header to their request
and display human readable warning message. If bot was gone shield will automatically remove.
We record attacker's IP in a Log file under Log folder.
We use different error message with PHP brute force detector's 200 message.
We want close connection from current attack and prevent large amount of CPU usage and Traffic flooding.

This program based on a PHP timer code which we collected from web
written by who-we-don't-remember-name. Special thanks to him/her from here !!!

Objectives

* to prevent DoS or DDoS attack
* to prevent from Traffic Jamming
* to prevent Large amount of CPU usage

အောက်တိုဘာ ၂၇၊ ၂၀၀၈ သတင်း


သန်းရွှေ အသက်သွင်းတဲ့ ခွေးခြေင်္သေ့မှန်သမျှ ကြက်ခြေခတ် ကန့်ကွက်ကြ
26 Oct 2008

လွတ်လပ်ရေးဖခင်ကြီးနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အသက်ပေးကာ ကြိုးပမ်းပေးခဲ့ကြသော နိုင်ငံ့အာဇာနည်စစ်စစ် ခေါင်းဆောင်ကြီးတို့ ၏ ဂုဏ်ကျေးဇူးကိုမှ မထောက်၊ သမိုင်းပျောက်အောင်လုပ်ခဲ့ကြတဲ့ အာဏာရှင်တို့ ရဲ့  လုပ်ရပ်ဖြစ်တဲ့ ငွေစက္ကူတွေမှာ ဗိုလ်ချူပ်အောင်ဆန်း၊ ဆရာစံ၊ သခင်ဖိုးလှကြီး အစရှိတဲ့ ပုံတွေကို ဖယ်ရှားပြီး၊ ခွေးလိုလို ခြင်္သေလိုလိုပုံတွေကို အစားထိုးပြီး ငွေစက္ကူတွေမှာ ပုံနှိပ်သုံးစွဲနေတာတွေကို ကန့် ကွက်တဲ့အနေနဲ့  ခွေးခြင်္သေ့လှုပ်ရှားမှုကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ဒီလို ငွေစက္ကူတွေမှာသာမက ခွေးလိုလို ခြင်္သေလိုလိုပုံတွေကို နအဖရဲ့  လက်ကိုင်တုတ်အဖွဲ့ ဖြစ်တဲ့ ကြံ့ ဖွတ်အဖွဲ့ မှာပါ အဖွဲ့ တံဆိပ်အနေနဲ့  သုံးနေတာတွေ့ ရတော့ ဒါဟာ နအဖအာဏာရှင်တွေရဲ့  နိုင်ငံတော်တံဆိပ်ပါ ခြင်္သေပုံဖြစ်နေပါတယ်။ ဒါတင်မကသေးဖူး နအဖ မတိုင်ခင် ၁၉၆၂ ခုနှစ်ကတည်းက သုံးခဲ့တဲ့ နေ၀င်းဥိးဆောင်ခဲ့တဲ့ မဆလ တစ်ပါတီရဲ့  နိုင်ငံတော်တံဆိပ်ပါ ခြင်္သေ့ပုံလည်း ဖြစ်ပါတယ်။

အဆိုပါ ခွေးလိုလို ခြင်္သေ့လိုလို ပုံပါ ငွေစက္ကူများနှင့် နအဖလက်ကိုင်တုတ် ကြံ့ ဖွတ်အဖွဲ့ အား ဆန့် ကျင်သည့် အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မရမ်းကုန်မြို့နယ်နှင့် လှိုင်မြို့နယ်များတွင် နအဖ စစ်အာဏာရှင် အုပ်စုအား အလိုမရှိသူ လူငယ်များမှ ခွေးခြင်္သေ့ပုံအား ကြက်ခြေခတ်ဆန့် ကျင်သည့် လှုပ်ရှားအား ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

နအဖအာဏာရှင်မှ မည်သို့ မည်ပုံဖမ်းဆီးသည်ဖြစ်စေ မြန်မာပြည်သား မြန်မာလူငယ်များအနေဖြင့် အမျိုးသားရေးတာဝန်အား ပုခုံးထမ်းကာ ရဲရဲဝန့် ၀န့်  အင်အားသစ်များဖြင့် အာဏာရှင်အား ဆက်လက် တော်လှန်တိုက်ပွဲ ၀င်နေမည် ဖြစ်ကြောင်းနှင့် မြန်မာပြည်သူပြည်သားအပေါင်းမှ ပူးပေါင်းပါဝင်လက်တွဲကြကာ အမျိုးသားရန်သူဖြစ်သည့် အာဏာရှင် နအဖလက်တစ်စုစာအား ဆန့် ကျင်ကြရန် တိုက်တွန်းလိုက်ရတယ်။

အထက်ပါ လှုပ်ရှားမှု့များအား NCFF,TBM,NCFF 8888 မျိုးဆက်များမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုအပေါ် မြန်မာစစ်အစိုးရ ဝေဖန်ခံရ
27 October 2008
မြန်မာစစ်အစိုးရက ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ထဲမှာ
အမျိုးသမီးနဲ့ အမျိုးသား တန်းတူညီမျှရေးကို မြှင့်တင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ နိုင်ငံ
တကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေကို CEDAW လို့ခေါ်တဲ့
အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂရဲ့
ကော်မတီကို တင်သွင်းခဲ့ကြပါတယ်။

WLB လို့ခေါ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်ကလည်း ဒီအကြောင်းနဲ့ပတ်သက်
တဲ့ ကြေညာချက်တစောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အခုလို အမျိုးသမီး၊ အမျိုးသား
တန်းတူညီမျှမှုတွေကို စစ်အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေမှာ မြှင့်တင်ဖို့ ပျက်ကွက်တာဟာ
အစိုးရအဖွဲ့ထဲမှာ စစ်တပ်ဘက်က ၂၅% နေရာယူထားလို့ပဲလို့ ဆိုပါတယ်။

မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ အမျိုးသားတွေကပဲ ရှေ့တန်းက နေရာရတယ်၊ စစ်တပ်
ကြီးစိုးမှု ရှိတဲ့နိုင်ငံဖြစ်တယ်၊ စစ်တပ်မှာလည်း အားလုံးလိုလိုဟာ အမျိုးသားတွေပဲ
လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။

CEDAW အဖွဲ့ကနေပြီး မြန်မာစစ်အစိုးရက ဒီနှစ်တင်သွင်းတဲ့ အမျိုးသမီး အခွင့်
အရေးဆိုင်ရာ အစီရင်ခံစာကို ကန့်ကွက်ပေးဖို့ The Global Justics Center လို့ခေါ်တဲ့
အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့ အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတဲ့ ရှေ့နေ
အဖွဲ့က တိုက်တွန်းထားပါတယ်။

မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂရဲ့ တိုက်တွန်းမှုတွေကို မလိုက်နာရုံမက အမျိုးသမီးတွေကို
အဓမ္မပြုကျင့်မှုနဲ့ တခြားပြစ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေက အရေးယူဖို့
စိတ်မပါကြဘူးလို့ The Global Justice အဖွဲ့က ပြောပါတယ်။ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့
ကျရင် CEDAW အဖွဲ့ရဲ့ ၄၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပမှာဖြစ်ပါတယ်။

သတင်းထိန်ချန်လိုလျှင် ပြန်ကြားရေးသို့ ပြောရန် ၀န်ကြီးက ပြော
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 13:59 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အစိုးရဌာနများအနေဖြင့် ထိန်ချန်ပိတ်ပင်လိုသော သတင်းများကို ပြန်ကြားရေး ၀န်ကြီးဌာနသို့ ကြိုတင် အကြောင်းကြားလျှင် ပူးပေါင်း ထိန်းချုပ်ပေးမည် ဖြစ်ကြောင်း ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားလိုက်သည်။

"မိမိတို့ ဌာနဆိုင်ရာနှင့် ပတ်သက်၍ ဖော်ပြခွင့် မပြုလိုသော၊ ထိန်ချန်လိုသော၊ ထိန်ချန် ပိတ်ပင်ထားလိုသော သတင်း အကြောင်းအရာများ ရှိပါက" "ပြန်ကြားရေးဌာနသို့ စာဖြင့် ကြိုတင်ညှိနှိုင်း ပေးပို့ထားမည် ဆိုပါက သင့်လျော်သလို ထိန်းချုပ် ချပြပေးနိုင်မည် ဖြစ်ပါသည်" ဟု မဇ္ဈိမက မိတ္တူ လက်ခံရရှိထားသော ပြန်ကြားရေးဝန်ကြီး၏ ၀န်ကြီးဌာနများ အားလုံးနှင့် ၀န်ကြီးချုပ်ရုံးသို့ ပေးပို့သော ယခုလ ၁၅ ရက်နေ့ ရက်စွဲတပ် စာတွင် ပြောဆို ရေးသားထားခြင်း ဖြစ်သည်။

"စာပေစိစစ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ၀န်ကြီးဌာနအလိုက် သတင်းထုတ်ပြန်ရေး စနစ်နှင့် သတင်းညှိနှိုင်းစနစ်များ ထားရှိ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ" စာတွင် ပြန်ကြားရေးဝန်ကြီး လက်အောက်ရှိ စာပေစိစစ်ရေးဌာနအတွက် ကန့်သတ်ရမည့် အသုံးအနှုန်း၊ အကြောင်းအရာနှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ်ထားခြင်းမရှိ၍ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲ ရှိသည်ဟုလည်း ပါရှိသည်။

ထို့အပြင် "အထူးသဖြင့် ဌာနဆိုင်ရာများနှင့် ပတ်သက်သည့် သတင်းများ၌ သက်ဆိုင်ရာဌာနနှင့် စာနယ်ဇင်းသမားများအကြား မကြာခဏ အငြင်းပွားဖွယ် အခြေအနေများ ပေါ်ပေါက်လျက်ရှိကြောင်း တွေ့ရှိရပါသည်" ဟု ဆိုထားသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ ၂၀၀၈ ခုနှစ်အတွက် ၁၇၃ နိုင်ငံအား လေ့လာချက်တွင် သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုအဆင့်၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၀ တွင် ရှိနေသည်။ သူ့ထက်ဆိုးရွားသော နိုင်ငံ ၃ ခုမှာ တာ့ခ်မေနစ်စတန် (Turkmenistan) ၊ မြောက်ကိုရီးယားနှင့် အီရီထရီးယား (Eritrea) တို့ ဖြစ်သည်။

RSF က မြန်မာနိုင်ငံတွင် "သတင်းသမားများ၊ ပညာတတ်များနှင့် နိုင်ငံခြားသားများကိုပင် စစ်အစိုးရက ရန်သူအဖြစ် ရှုမြင်ကြသည်” ဟု ပြောထားသည်။

ဗိုလ်မှူးချုပ် ကျော်ဆန်း၏ စာတွင် ၀န်ကြီးဌာနများကို သတင်းထုတ်ပြန်ရေး အဖွဲ့များဖြင့် သတင်းထုတ်ပြန်ရန် တိုက်တွန်းလိုက်သေးသည်။

"မိမိတို့၏ သတင်းများကို ထိန်းချုပ်ထားခြင်းထက် မိမိလိုလားသည့်အတိုင်း ပညာသားပါပါ ကြိုတင်အသိပေးခြင်းဖြင့် (Pre-emptive) လက်ဦးမှု ရယူဆောင်ရွက်ခြင်းက မိမိတို့အတွက် ပိုမိုကောင်းမွန် အကျိုးရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်" ဟု ပါရှိသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားကို ၂၅ နှစ်အတွင်း ပထမဆုံးသွားရောက်
27 October 2008

မြန်မာနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ သံတမန်ဆက်ဆံရေးတွေ ပြန်စပြီးလို့ တနှစ်ကျော်
အကြာ ဒီကနေ့မှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ခေါင်းဆောင်တဲ့
အဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော် ပြုံယမ်းကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီမှာ
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ် အူအီ ချွန်း (Pak Ui Chun) နဲ့ တွေ့ဆုံ
ခဲ့တဲ့အကြောင်း မြောက်ကိုရီးယားရဲ့ အစိုးရသတင်းအေဂျင်စီရဲ့ သတင်းတွေမှာ ဖော်ပြ
ထားပါတယ်။

မြို့တော်ပြုံယမ်းလေဆိပ်မှာ မြန်မာအဖွဲ့နဲ့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး
ဝန်ကြီးနဲ့ တခြားအရာရှိတွေ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းကဆိုပေမယ့် တခြား
အသေးစိတ်အချက်အလက်တွေတော့ မသိရပါဘူး။

နှစ်ပေါင်း ၂၀ ကျော် သံတမန်အဆက်အသွယ် ဖြတ်ထားကြတဲ့ မြန်မာနဲ့ မြောက်ကိုရီးယား
အကြား လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကစပြီး သံတမန်ဆက်ဆံရေး ပြန်လုပ်ဖို့ နှစ်ဖက် သဘော
တူညီခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်က မြန်မာပြည်ကို အလည်အပတ်ရောက်လာတဲ့
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် (Chun Doo-hwan) ကို မြောက်ကိုရီးယားဘက်က ဗုံးခွဲပြီး
လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာဘက်က သံတမန်အဆက်အသွယ်
ဖြတ်ခဲ့တာပါ။ အဲဒီလုပ်ကြံမှုမှာ တောင်ကိုရီးယားအစိုးရ၀န်ကြီး ၄ ဦး အပါအ၀င် လူ ၂၀ ကျော်
သေဆုံးခဲ့ရပါတယ်။ အခု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့အဖွဲ့ဟာ နှစ်ပေါင်း ၂၅ နှစ်
အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့ သတ္တုလုပ်ငန်း ထိုင်းမှိုင်းနေ
ထက်ဝင်း
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 18:26 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ မှောင်ခိုဈေးဖြင့်ဝယ်ရသော လောင်စာဆီဈေးနှုံးများနှင့် ကြီးလေးလှသည့် အခွန်အခများကြောင့် မြန်မာ့ သတ္တုလုပ်ငန်းမှာ အလုပ်ဖြစ်ရုံမျှပင် မနည်း ရုန်းကန်နေရကြောင်း သတ္တုတူးဖေါ်ရေးလုပ်ငန်း သတင်းရပ်ကွက်များမှ ပြောပါသည်။

စရိတ် အကုန်အကျ ကြီးလွန်းခြင်းနှင့် အခွန်အကောက် များလွန်းခြင်းတို့ကြောင့် သတ္တု တူးဖေါ်ရေးလုပ်ငန်း ရှင်သန်ကြီး ထွားရေး၌ အဟန့်အတားများ ဖြစ်နေရသည်ဟု သတ္တုတူးဖေါ်ရေး လုပ်ငန်း၏ ပကတိ အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာ့ အကြီးဆုံး သံဖြူ သတ္တုတူးဖေါ်ရေး ကုမ္ပဏီတခု၏ အရာထမ်းတဦးက ပြောကြားသွားခဲ့ပါသည်။ ဤသို့ သတ္တုတူးဖေါ်ရေး လုပ်ငန်းမှာ ကျဆင်းနေသော်လည်း ကမ္ဘာ့ဈေးကွက်တွင် သံဖြူဈေးနှုံးမှာ တက်လျက် ရှိသည်ဟုလည်း သူက ပြောသွားပါသည်။

သတ္တုတူးဖေါ်ရေး ကုမ္ပဏီများ အနေဖြင့် အစိုးရကို သတ္တုထုတ်လုပ်မှု၏ ၃ဝ% ကို ပေးရန်လိုကြောင်း၊ ၁ဝ%မှာ ပို့ကုန် အခွန်ဖြစ်ပြီး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနကိုလည်း ပေးရန် လိုသည်ဟု သံဖြူတူးဖေါ်ရေး ကုမ္ပဏီတခု၏ တာဝန်ရှိသူ တဦးက အမည်မဖေါ်ဘဲ ပြောကြားသွားခဲ့ပါသည်။

မိုးထိုးနေသော ကုန်ကျစရိတ်များနှင့် ခေါင်ခိုက်နေသာ အခွန်များကြောင့် သံဖြူတူးဖေါ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီ အရေအတွက်သည် လွန်ခဲ့သော ၃ နှစ်မှ ၇ နှစ်အတွင်းက ရာဂဏန်းအထိရှိရာမှ ယခုအခါ ၄၅ ခုသာ ကျန်တော့သည်ဟု သူက ဆက်လက် ပြောပြပါသည်။

ကွာလာလမ်ပူ သံဖြူဈေးကွက် (KLTM) သည် လာမည့်အပတ်တွင် အမေရိကန်ဒေါ်လာ ၁၁ဝဝဝ မှ ၁၂ဝဝဝ အကြား ရှိလိမ့်မည်ဟု ဈေးကွက်အတွင်း အရောင်းအဝယ် လုပ်နေသူတဦးကို ကိုးကားကာ ဘာနားမား သတင်းဌာန (Bernama News Agency) က ပြောကြားသွားခဲ့ပါသည်။

ကြီးလေးလှသော အခွန်နှုံးထားများကြောင့် ဒေသခံ ကုမ္ပဏီများအတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည် သာမက ဤကဏ္ဍအတွက် လိုအပ်နေသော အဆင့်မြင့် နည်းပညာနှင့် ကြီးမားသော အရင်းအနှီး ရရှိစေနိုင်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုလည်း အတားအဆီး ဖြစ်စေသည်ဟု တနင်္သာရီတိုင်းအတွင်း သံဖြူနှင့် တန်စတင် သတ္တုတူးဖေါ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသော သတ္တုတူးဖေါ်ရေး ကုမ္ပဏီများကလည်း သဘောတူညီကြပါသည်။

ကမ္ဘာ့ သတ္တုဈေးကွက်အတွင်း မရေရာမှုများနှင့် ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေသည့် စိန်ခေါ်မှုများ ရှိနေသည့်အတွက် သတ္တု တူးဖေါ်ထုတ်လုပ်ရေးလုပ်ငန်း အကျိုးငှါ အခွန်များ လျှော့ချပေးပါရန် သတ္တုတူးဖေါ်ရေး ကုမ္ပဏီများကလည်း အစိုးရထံ မေတ္တာ ရပ်ခံခဲ့ကြပါသည်။

"ဒါပေမဲ့ အစိုးရဆီက ဘာတုံ့ပြန်မှုမှ မရပါဘူး" ဟု ကုမ္ပဏီများကို သီးခြားစီ တွေ့ဆုံ မေးမြန်းရာတွင် ဖြေဆိုခဲ့ကြပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ ဒေသခံ သတ္တုတူးဖေါ်ရေး စီးပွါးရေး လုပ်ငန်းများကို အစိုးရက အားပေးအားမြှောက် မပြုနိုင်ခဲ့ခြင်း၏ ရလဒ်လည်း ဖြစ်ကြောင်းဖြင့် အဆိုပါ ကုမ္ပဏီများက တချိန်တည်းတွင် အစိုးရကို ပြစ်တင် ပြောဆိုခဲ့ပါသည်။

ဤအတောအတွင်း အစိုးရ အကြီးတန်း အရာရှိတဦးကလည်း မြန်မာအစိုးရ၏ အခွန်နှုံးထားသည် အခြားအာဆီယံ နိုင်ငံများတွင် ကောက်ခံနေသည့် ထုတ်လုပ်မှု၏ ၄% နှင့် အမြတ်ခွန်သာ ပေးရသည့် နှုံးထားနှင့် မတူဘဲ ကွဲပြားခြားနားလျက် ရှိကြောင်း ပြောဆိုသွားပါသည်။

သို့သော် ဒေသခံ ကုမ္ပဏီများသည် ယခင်က ပို့ကုန်ခွန်နှင့် အခြားအခွန်များ လွတ်ငြိမ်းခွင့်ရခဲ့ပြီး၊ အစိုးရထံမှ လောင်စာ နှင့် ဒိုင်းနမိုက်ကဲ့သို့သော ပစ္စည်းများ ထောက်ပံ့မှုကိုလည်း ရရှိခဲ့ကြောင်း သိရပါသည်။

ထုတ်လုပ်မှု ခွဲဝေရေး စာချုပ်ကို သတ္တုတွင်း ဝန်ကြီးဌာနနှင့် ချုပ်ဆို တူးဖေါ်သော ကုမ္ပဏီများသည် အစိုးရထံမှ အခွန်ကင်းလွတ်ခွင့် ရခဲ့ပါသည်။

"ဒါပေမဲ့ အဲဒီ အခွန်ကင်းလွတ်ခွင့်က လွန်ခဲ့တဲ့ ၅ နှစ်က ပယ်ဖျက်ခံလိုက်ရပြီး၊ လောင်စာနဲ့ ဒိုင်းနမိုက်တွေလဲ အစိုးရ ဈေးနဲ့ သက်သက်သာသာ မရတော့ဘူး" ဟု သူက ပြောပါသည်။

ကမ္ဘာ့ဝယ်လိုအား နှေးကွေးသွားသည့်အတွက် မြန်မာ့ပို့ကုန်ကဏ္ဍတွင်လည်း ထိခိုက်မှုအချို့ ရှိလိမ့်မည် ဖြစ်ကြောင်းဖြင့် ရန်ကုန်အခြေစိုက် စီးပွါးရေး ဆောင်းပါးရှင်တဦးက ပြောပါသည်။ ထွက်ရှိသော သတ္တုအားလုံးကို နိုင်ငံခြားသို့ တင်ပို့သည့်အတွက် မြန်မာ့သတ္တုကဏ္ဍတွင်လည်း အလားတူ ထိခိုက်နစ်နာမှုများ ရှိမည်ဖြစ်ကြောင်း၊ ပို့ကုန်ဈေးကွက် အများစုသည် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများသာ ဖြစ်သည့်အတွက် ယခုအခါ ဒေါ်လာဘီလီယံများစွာ သုံးစွဲပြီး စီးပွါးရေးကယ်တင်ရေး ရံပုံငွေများ ထူထောင်နေကြရသည့် ထိုနိုင်ငံများတွင်လည်း ဝယ်လိုအား လျော့နည်းသွားမည် ဖြစ်သည်။

သံဖြူ၊ တန်စတင်နှင့် အခြား ကုန်ကြမ်းနှင့် သန့်စင်ပြီးသတ္တုများ တင်ပို့ခြင်းမှ ရငွေသည် ၂ဝဝ၇-ဝ၈ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၈ သန်း ရှိခဲ့သည်ဟု အဆိုပါ ဆောင်းပါးရှင်က အစိုးရ၏ တရားဝင် စာရင်းဇယားများကို ကိုးကား ပြောကြားခဲ့ပါသည်။

"သတ္တုများကို သန့်စင်၍ ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ပါက မြန်မာနိုင်ငံ၏ ပို့ကုန်မှ ရငွေသည် ၃ ဆအထိ တိုးလာနိုင်သည်" ဟုလည်း သူက ဆက်လက် ပြောကြားပါသည်။

"သူတို့နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် သတ္တုအမျိုးမျိုး လိုအပ်နေတဲ့ ဒီ သတ္တု တင်သွင်းတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ မြန်မာနိုင်ငံဟာ ဆက်လက်ပြီး ကုန်သွယ်မှု အခွင့်အလမ်းတွေ လက်လွတ် ဆုံးရှုံးနေရတာကို ဒါက ပြနေတာပါပဲ" ဟုလည်း သူကပြောပါသည်။

ဤအတောအတွင် သတ္တုတူးဖေါ်ရေးဆိုင်ရာ ဘူမိဗေဒ ပညာရှင်တဦးက ခနောက်စိမ်း သတ္တုကို နမူနာအဖြစ် ထုတ်ဖေါ် ပြောပြပါသည်။ ကုန်ကြမ်းသက်သက် အနေနှင့် ရောင်းချသည်ထက် သန့်စင်သတ္တုအဖြစ် ကျိုချက်ပြီးမှ တင်ပို့နိုင်ပါက ကမ္ဘာ့ဈေးကွက်တွင် ဈေးကောင်းရနိုင်သည်ဟု သူက ပြောပါသည်။

မြန်မာ့သတ္တုများ၊ အထူးသဖြင့် ပလပ်စတစ်နှင့် ချည်မျှင်များ ထုတ်လုပ်ရာတွင် မီးခံပစ္စည်းအဖြစ် အဓိကအသုံးပြုသည့် ခနောက်စိမ်းဈေးကွက်သည် အလွန်ကောင်းကြောင်းနှင့် ရှေ့တွင်လည်း ဆက်လက် တိုးတက်ဖွယ်ရှိကြောင်း ပြောပါသည်။ ကုန်ကြမ်းအနေနှင့် ခနောက်စိမ်းသတ္တုကို ရောင်းချရသည့်အခါ ကမ္ဘာ့ဈေးကွက်တွင် ဈေးအနှိမ်ခံရပါသည်။

"ကျနော်တို့သာ သန့်စင် ခနောက်စိမ်းကို ထုတ်လုပ်နိုင်မယ်ဆိုရင် တရုတ်က ပေးတဲ့ဈေးထက် ပိုရမှာ သေချာတယ်" ဟု အမည်မဖေါ်လိုသူ အဆိုပါ ဘူမိဗေဒပညာရှင်က ပြောကြားပါသည်။

ခနောက်စိမ်းကို မြန်မာ့နိုင်ငံခြား တင်ပို့သော အဓိက သတ္တုတမျိုးအဖြစ် သူက ထုတ်ဖေါ်ပြောဆိုပါသည်။

အဓိက သတ္တုတူးဖေါ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံများ ဖြစ်သော တရုတ်၊ ပြင်သစ်၊ အယ်လ်ဂျီးရီးယား၊ မက္ကဆီကို နှင့် သြစတြီးယား-ဟန်ဂေရီ နိုင်ငံများတွင် မြန်မာနိုင်ငံ မပါဝင်သော်လည်း မြန်မာနိုင်ငံသည် သတ္တုသိုက် အတော်အတန် ကြွယ်ဝပြီး၊ အမြောက်အမြားလည်း ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။

ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား အမြောက်အမြား ရှိနေသော သန့်စင် ခနောက်စိမ်းကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်း ချနိုင်ရန် သတ္တုသန့်စင် စက်ရုံများကို မြန်မာ့ သတ္တုလုပ်ငန်းရှင်များအနေဖြင့် တည်ထောင်သင့်ကြောင်းလည်း အဆိုပါ ဘူမိဗေဒပညာရှင်က ပြောပါသည်။

မြန်မာ့ ခနောက်စိမ်းသတ္တုကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပြီး၊ တရုတ်နိုင်ငံက သန့်စင်ကျိုချက်ကာ ကမ္ဘာ့ဈေးကွက်တွင် အလွန်မြင့်မားသော ဈေးနှုံးဖြင့် ပြန်လည် ရောင်းချပါသည်။

အပစ်အခတ်ရပ်အဖွဲ့များအတွက် မေးခွန်းတခု
အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 17:57 - မြန်မာစံတော်ချိန်

စစ်အစိုးရအတွက် မပြီးပြတ်သေးသော လုပ်ငန်းတခုလည်း ဖြစ်သည့် ခေါင်းကိုက်စရာတခုမှာ အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး အဖွဲ့များအား လက်နက်ဖြုတ်သိမ်းကာ အလုံးစုံ ထိန်းချုပ်နိုင်ရေး ဖြစ်သည်။

ဒေသတွင်း နိုင်ငံရေး ပြောင်းလဲလာမှုနှင့် ရပ်တည်ရေးတို့ ထိန်းညှိနေရသည့် ငြိမ်းချမ်းရေး အဖွဲ့များတွင်လည်း အတွင်းလွန်ဆွဲမှုများ ပိုမို များပြားလာခဲ့သည်။

ကျေးလက်ဒေသမှ လက်နက်ကိုင် ပုန်ကန်နေသူများနှင့်သာ ရင်ဆိုင်နေရသည့် အခြေအနေမှ မြို့ပြဆန့်ကျင်မှု ကြီးထွားလာသော ၁၉၈၈ ခုနှစ်နှင့် နောက်ပိုင်းကာလတွင် ရန်မီးတဖက် ငြိမ်းစေရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင် ပစ်ခတ်ခဲ့ကြသူများနှင့် ယာယီ အပစ်ရပ်စဲရေး ပြုလုပ်ခဲ့ကြသည်။ တနည်းအားဖြင့်တော့ စစ်အုပ်ချုပ်ရေး တကျော့ပြန်ဝင်လာခဲ့၍ တန်ခိုးထွား စစ်ဗိုလ်ချုပ်ကြီးများ၏ အခွန်အကောက် ဝေစုမျှပေးခြင်းဖြင့် နှစ်သိမ့်ခဲ့ရသည်။

န၀တ-နအဖအတွက် မြို့ပြနေလက်နက်မဲ့ ပုန်ကန်သူများသည် အဓိကပစ်မှတ် ဖြစ်နေခဲ့သည်။

အကျိုးဆက်အဖြစ် အပစ်အခတ်ရပ် ခေါင်းဆောင်အချို့တွင် "တော်လှန်ရေး" ဆိုသည်မှာ ကွယ်ပျောက်ကုန်သော်လည်း ဒေသခံအများစုမှာ တနေ့ကောင်းနိုးနိုးနှင့် မျှော်ကိုးရင်း ပျက်သုန်းရမည့် အခြေအနေကို တွေ့ကြုံနေရသည်။

သေနတ်သံများမှာ နည်းပါးသွားသည် မှန်သော်လည်း တိုင်းရင်းသား လူနည်းစုများအတွက် ၀မ်းမီးပူလောင်မှု ပိုလို့ပင် များလာသေးသည်။ ထွက်ပေါက်အဖြစ် နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်များသို့ နောက်ဖေးပေါက်မှ တိုးဝင်ရောက်ကာ အိမ်ရှင်နိုင်ငံသားများ မလုပ်ချင်တော့သည့် အလုပ်များ သွားရောက်လုပ်ကိုင်ကာ အသက်ဆက်နေရခြင်း ဖြစ်သည်။

စစ်အစိုးရအတွက် ဖြစ်သည့်နည်းနှင့် အနိုင်ယူရန် သံဓိဌာန်ချထားသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် "ငြိမ်းအဖွဲ့" အချို့ကို သက်တမ်းတိုးပေးဖွယ် ရှိနေပေသည်။

သို့သော် စစ်အစိုးရအတွက် ဘုရားပြီး ငြမ်းဖျက်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ အချိန်ကာလကိုသာ ရွေးချယ် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ အချိန်ဆွဲကာ ခွဲထုတ်ခြင်းဖြင့် တစစ အင်အား ယုတ်လျော့လာရေး ဘောင်အတွင်းကသာ ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်သည်။

မေးခွန်းထုတ်စရာက ငြိမ်းအဖွဲ့များအနေဖြင့် အစဉ်အလာလိုပင် ဖြစ်နေသည့် တစုတဖွဲ့ အလိုက်သာ ထင်သလို ဖြေရှင်းမည်လား၊ အခြားသူများနှင့် ညှိနိုင်းကာ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းအောင် အဖြေရှာနိုင်လာကြဖွယ်လား ဆိုသည်ပင် ဖြစ်ပေတော့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ လုံခြုံရေးများ လျှော့ချ
မုံပီး
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 15:06 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသော ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ သံဆူးကြိုး အတားအဆီးများကို မြန်မာစစ်အစိုးရက တနင်္ဂနွေနေ့ကတည်းက ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း သူမ၏ ပါတီမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စစ်အစိုးရသည် တက္ကသိုလ်ရိပ်သာလမ်းရှိ အတားအဆီးများကို ဖယ်ရှားလိုက်ပြီး အစောင့်ချထားသော စစ်သားများကိုလည်း ရုပ်သိမ်းလိုက်ပြီဟု ပြောသည်။

"ကျနော်တို့ တွေ့ရသလောက်ကတော့ အဲဒီမှာ အတားအဆီးတွေ ဘာမှ မရှိတော့ဘူး။ ယူနီဖောင်းဝတ်တဲ့ လုံခြုံရေးတွေလည်း မတွေ့ရတော့ဘူး" ဟု ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော်လည်း အရပ်ဝတ် လုံခြုံရေးဝန်ထမ်း ၃ ဦးသည် ဒေါ်စုနေအိမ်ရှေ့တွင် စောင့်ဆိုင်းနေသည်ကို တွေ့ခဲ့ရကြောင်း သူက ထပ်ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလတွင် ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရသည်။ ပုံမှန်အားဖြင့် တက္ကသိုလ်ရိပ်သာလမ်းတွင် သံဆူးကြိုး အကာအရံများဖြင့် ပိတ်ဆို့ထားပြီး အနည်းဆုံး စစ်သား ၁၀ ဦးခန့် စောင့်ကြပ်ခဲ့ကြသည်။

"အခုတော့ ကားတွေရော၊ လူတွေရော ဖြတ်လို့ရနေပါပြီ" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

သို့သော်လည်း မည်သည့်အကြောင်းကြောင့် ရုတ်ချည်းပြောင်းလဲမှု ဖြစ်ပွားခဲ့ခြင်းအပေါ် ကောက်ချက်ချရန် ဦးဥာဏ်ဝင်းက ငြင်းဆန်သွားသည်။

"ဘာကြောင့်လဲတော့ ကျနော်လည်း မပြောလိုတော့ပါဘူး" ဟု သူက ပြောသည်။

ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေမှ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်ကတော့ အာဆီယံ-ဥရောပ အစည်းအဝေးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရထံ ဖိအားပေးမှုများ တကျော့ပြန်ရှိနေမှုနှင့် ဆက်နွယ်နိုင်သည်ဟု ပြောကြားလိုက်သည်။

အာဆီယံနှင့် ဥရောပ ခေါင်းဆောင်များသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ၇ ကြိမ်မြောက် ASEM ထိပ်သီး အစည်းအဝေးကို လွန်ခဲ့သည့် စနေနေ့က ကျင်းပခဲ့သည်။ အစည်းအဝေးက သက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတရပ် ပြုလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးပါတီများအပေါ်တွင် တားမြစ် ချုပ်ချယ်ထားမှုများ ရုပ်သိမ်းရန် စစ်အစိုးရကို တောင်းဆိုခဲ့သည်။

ဦးညိုအုံးမြင့်က မြန်မာစစ်ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး တရုတ်က အားမလိုအားမရ ဖြစ်နေခြင်း၏ အကျိုးဆက်ကြောင့် ASEM တောင်းဆိုချက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"မြန်မာစစ်အစိုးရဟာ ဒါကို (ASEM တောင်းဆိုချက်) အလေးအနက် ထားပုံရတယ်" ဟု သူက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ချောင်ပိတ်မိနေသည်ဟု သူက ထင်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အပေါ် တားမြစ်ချုပ်ချယ်ထားတာတွေ လျှော့ချတာနဲ့ စစ်အစိုးရက စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ချင်တယ်လို့တော့ ပြောလို့ မရဘူး"

ကတိက၀တ်များ ချိုးဖောက်ခဲ့ဖူးသော ရာဇ၀င်ရှိသည့်အတွက် စစ်အစိုးရကို ယုံကြည်၍ မရကြောင်း သူက ပြောသည်။


မြန်မာခရီးသွားလုပ်ငန်း မရှုမလှ ကျဆင်းနေ
မိုးမခ အထောက်တော် (ရန်ကုန်)
အောက်တိုဘာ ၂၅၊ ၂၀၀၈
မိုးကုန်၊ ပွင့်လင်းရာသီမှာ ပြည်ပခရီးသွားတွေ မြန်မာပြည်ကို ရောက်မလာသေးပါဘူး။ ခရီးသွားလုပ်ငန်းရှင်တွေ၊ နိုင်ငံခြားဝင်ငွေ လုပ်ငန်းရှင်တွေနဲ့ စစ်အစိုးရကိုယ်တိုင် မျက်နှာပျက်နေရပြီ ဖြစ်တဲ့ အခြေအနေလို့ ဆိုပါတယ်။ စစ်အစိုးရရဲ့ တိုင်းသူပြည်သားတို့အပေါ် စောင့်ရှောက်ခြင်း မရှိသည်ကို အဓိကထား ထောက်ပြကြပါတယ်။
“ရွှေဝါရောင်တော်လှန်ရေးမှာကတည်းက နိုင်ငံသားတွေကော နိုင်ငံခြားသားတွေကို ပိတ်ပင်တားဆီးခဲ့တယ်။ အခြေခံဥပဒေ ဆန္ဒခံတော့လည်း ပြည်ပက လာမည့်လူတွေကို စိစစ်ပြီးမှ လက်ခံတယ်။ သာမန်ခရီးသွားတွေကလည်း လုံခြုံစိတ်ချမှု မရှိတဲ့ တိုင်းပြည်ကို မလာချင်ဘူး။
ဟော နာဂစ်ဖြစ်တော့ အစိုးရက နိုင်ငံခြားသားတွေကို ရန်လိုတယ်။ တားဆီးတယ်။ ကိုယ့်တိုင်းသူပြည်သားတွေကို ကာကွယ်စောင့်ရှောက်တာတွေ လုပ်မပေးဘူး။ တမ္ဘာလုံးက စစ်အစိုးရ လက်ချက်တွေကို မျက်မြင်သက်သေဖြစ်သွားတော့ မြန်မာပြည်ကို မလာချင်ကြတော့ဘူး။ ပြည်သူတွေကို သနားတယ်၊ တိုင်းပြည်က သာယာလှပတယ်။ အစိုးရက ရက်စက်တယ်။ ပြည်သူတွေကို ဖိနှိပ်တယ်။ နိုင်ငံခြားသားတွေကိုလည်း ရန်သူလို ၀ါဒဖြန့်ထားတော့ မလာတာ မဆန်းပါဘူး” လို့ လုပ်ငန်းရှင်တယောက်က သုံးသပ်ပြပါတယ်။
ယခုတလော လမ်းမများပေါ်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်နေတာကလည်း ပြည်ပခရီးသည်တို့ကို တွန့်ဆုတ်စေပါတယ်လို့ တိုးရစ်ဂိုက်တဦးက ထောက်ပြပါတယ်။ ဟိုတယ်တွေထဲမှာ သဘာဝဒေသတွေမှာ ဖွင့်ထားတဲ့ ချောင်းသာနဲ့ ငွေဆောင်ဟိုတယ်များအားလုံးက ဧည့်မျှော်နေကြပေမယ့် ထိုဒေသများကိုလည်း မလာကြချေ။ အလားတူ သဘာဝဆွဲဆောင်ဒေသ အင်းလေးမှာ ဧည့်ခမ်းခြောက်နေလို့ ၂၀၀၉ မှာ သစ်ခွပွဲလုပ်ပြီး ဧည့်ခေါ်မယ်လို့လဲ ပြောနေကြပါတယ်။ နိုင်ငံပိုင် မီဒီယာများကတော့ သာယာလှပ စည်ကား ပျော်ရွှင် ဖော်ရွေနတဲ့ တိုင်းပြည် မြန်မာပြည်ဆိုပြီး အကြီးအကျယ် ၀ါဒဖြန့်ပေးနေတယ်လို့ သိရပါတယ်။
“ဧည့်သည်က ကုမ္ပဏီကို မေးမယ်၊ တိုးရစ်ဂိုက်ကို မေးမယ်။ မင်းတို့ဆီလာလည်ရင် စိတ်ချရမှာလား။ လုံခြုံမှု ပေးနိုင်မှာလား။ လွတ်လွတ်လပ်လပ် သွားနိုင်မှာလား။ ဒီမေးခွန်းမျိုးတွေကို ကျနော်တို့က ဘယ်လို ဖြေရမှာလဲ။ ကင်မရာ ရိုက်လို့မရဘူး တို့၊ ဘုရားပေါ် တက်ခွင့်ရချင်မှ ရမယ်တို့၊ တချို့နေရာတွေ မသွားရဘူးတို့ ပြီးတော့ ရဟန်းသံဃာတွေကို နှုတ်ဆက်ခွင့် မရှိဘူးတို့ ဒါမျိုး ရှောင်ရန် ဆောင်ရန်တွေနဲ့ တိုင်းပြည်ကို ဘယ်သူက အပမ်းဖြေဖို့ လာမှာလဲ …။
ဟိုတယ်မန်နေဂျာတဦးက မိုးမခကို ပြောသွားတာပါ။

မယ်တော်ဆေးခန်းတွင် ယခုနှစ် မျက်စိကုဝေဒနာရှင် ပိုမိုများပြားလာ
အေးလဲ့ အောက်တိုဘာ ၂၇၊ ၂၀၀၈

ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် အခမဲ့မျက်စိခွဲစိတ်ကုသလူနာများ ယခင်နှစ်များထက် ပိုမို များပြား ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခုလ ၁၃ ရက်နေ့မှစတင်ပြီး သံဃာတော် ၁၃ပါး နှင့် သီလရှင် ၆ ပါး အပါအ၀င် မျက်စိရောဂါကု လူနာ စာရင်းပေးသွင်း ထားသူစုစုပေါင်း ၅၉၃ ဦးရှိပြီး လူနာအစောင့်များပါလျှင် လူဦးရေ ၁၀၀၀ ကျော်ကြောင်းကို မယ်တော်ဆေးခန်းရှိ လူမှု ဆက်ဆံရေးဌာနမှ တာဝန်ခံလည်းဖြစ် မျက်စိခွဲစိတ်မည့် လူဦးရေ စာရင်းကြီးကြပ် သူလည်းဖြစ်သည့် ဦးတင်ရွှေက ပြောသည်။မယ်တော်ဆေးခန်းတွင် မျက်စိကုသမှု ခံယူနေသော ဝေဒနာရှင်များ (ဓာတ်ပုံ - ဧရာဝတီ)

“ဒီမျက်စိပြဖို့ရောက်လာတဲ့လူတွေကို အသုတ်ခွဲလိုက်ရင် မဖြစ်မနေခွဲရမယ့် ဦးစားပေးလူနာ၂၇ဦး၊ ရေတိမ် ခွဲရမယ့် လူနာ ၂၁ဦး၊ နှစ်ဘက်လုံးတိမ်စွဲနေတဲ့လူနာ ၁၀၂ဦး၊ တဘက်ထဲတိမ်စွဲနေတဲ့လူနာ ၁၄၂ဦး၊ ဆရာဝန်နဲ့ ပြသရမယ့်လူနာ လိုအပ်ရင် မဲဆောက် ဆေးရုံကြီးကို ပို့ရမယ့်လူနာ ၄၆ဦး ၊ မျက်မှန်လုပ်ရမယ့် လူနာဆိုပြီး တော့ အသုတ်တွေ ခွဲလိုက်တယ်၊ တချို့က လည်း ခွဲစိတ်လို့ မရနိုင်တော့တဲ့ ရောဂါရင့်တဲ့ လူနာတွေလည်းပါ တယ်”ဟု ဦးတင်ရွှေကပြောသည်။

ယခု အခမဲ့လာရောက်ကုသပေးသည့်အဖွဲ့တွင် စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ် တက္ကသိုလ်မှ ခွဲစိတ် ကုသ ဆရာဝန်နှစ်ဦး နှင့် အကူဆရာဝန်တဦးပါဝင်ကြောင်း၊ ယင်းမျက်စိကုသမှုအစီအစဉ်မှာ နှစ်စဉ်ပြု လုပ်ခြင်းဖြစ် ကြောင်းလည်း သိရသည်။

လက်ရှိခွဲစိတ်ကုသပေးနေသည့် စကော့တလန်နိုင်ငံဆရာဝန်များထဲမှ Dr Frank က“မျက်စိနဲ့ ပတ် သက်ပြီး သာမန်အားဖြင့် အသက်ကြီးလာရင်ဖြစ်လေ့ရှိတဲ့ အဓိကပြဿနာတွေကတော့ အတွင်းတိမ်စွဲတာကိုတွေ့ရ ပါတယ်။

နောက်တခုဒီထက်ဆိုးတာကတော့ ရေတိမ်စွဲတာဖြစ်ပါတယ်။ အများအားဖြင့် ဒီအရှေ့တောင်အာရှ နိုင်ငံတွေမှာ ရေတိမ်စွဲတဲ့ မျက်စိလူနာတွေကိုတွေ့ရပါတယ်။ ရေတိမ်စွဲတဲ့ လူတွေမှာ ခွဲစိတ်ဖို့အတော်နောက်ကျသွားပြီဆိုရင်တော့ လုံးဝမမြင်နိုင်တဲ့ အဆင့် ကိုရောက်ရပါတယ်”ဟု ပြောသည်။

မယ်တော်ဆေးခန်းတွင်လာရောက်ကုသနေသည့် လူနာများထဲမှ ၁၀၀ ကျော် သည်လုံးဝမမြင်သည့်လူနာများ ဖြစ်ကြောင်း လည်း Dr Frank ကပြောသည်။

မြန်မာနိုင်ငံမှလာရောက်မျက်စိကုသသည့် လူနာများမှာကရင်ပြည်နယ်ရှိ ဘားအံ၊ လှိုင်းဘွဲ့၊ သင်္ကန်း ညီနောင်၊ ကော့ကရိတ်၊ မွန်ပြည်နယ်ရှိ မော်လမြိုင်၊ သထုံ၊ အပေါင်၊ မုတ္တမ၊ ဘီးလင်း၊ မြိတ်၊ ထားဝယ်၊ ပဲခူးတိုင်း၊ တောင်ငူ၊ ဧရာဝတီတိုင်းမှ ပုသိမ်၊ အထက်မြန်မာပြည်မှ ရွှေဘို စသည်တို့မှ လာရောက်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းမှ မျက်စိနှစ်ဘက်ခွဲစိတ် ကုသခံခဲ့သော ကချင်ပြည်နယ်ဖားကန့်မှ လာရောက်ကုသသည့် လူနာတဦးက “အစက မျက်လုံးကမွဲတယ်၊ ဒီဘက်မှာရှိတဲ့ ဆရာမတို့နဲ့ အရင်က တရပ်တည်း မိတ်ဆွေတွေ ဖြစ်တော့ သူတို့အကြောင်း ကြားချက်နဲ့ လာခဲ့တာပါ။ လမ်းစရိတ်ပဲ အသွားအပြန် ကျပ်၁သိန်းကျော်ကုန်ပါ တယ်၊ ဒီဘက်မှာကတော့ ခွဲစရိုတ်မကုန် ဘူးပေါ့နော်။ မြန်မာပြည်ထဲမှာကုမယ်ဆိုရင်တော့ ၅သိန်းလောက် ကုန်မှာပေါ့၊ ဒီဘက်မှာတော့အဆင်ပြေပါတယ်” ဟု ပြောသည်။

ယင်းအခမဲ့မျက်စိကုသမှုသည် ယခုလ၂၄ရက်နေ့မှစတင်ပြီး နိုဝင်ဘာလ ၁ ရက်နေ့အထိဖြစ်ကြောင်းလည်း မျက်စိကုဌာနမှ တာဝန်ယူစီစဉ်ဆောင်ရွက်သူ နော်သာမလာဝါးကပြောသည်။

၎င်းမျက်စိကုလူနာများသည် ယခင်နှစ်များတွင် လူနာအစောင့်များပါဝင်မှ လူဦးရေ၅၀၀ကျော်မျှသာရှိပြီး ယခုနှစ်တွင် တထောင်ကျော်သဖြင့် နေရာထိုင်ခင်း မလုံလောက်သည့်အတွက် ဆိုင်ကယ်၊ စက်ဘီးထားသော နေရာများတွင်ပင် နေရာပြင်ဆင်ပေးရကြောင်း၊ နေ့အချိန်၌ ထိုင်ခုံများတွင်ထိုင်စောင်ကြရ ကြောင်း လည်း သိရသည်။

လူနာအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ပြီး ၎င်းတို့၏ နေထိုင်စားသောက်စရိတ်များကို မယ်တော်ဆေးခန်းက တာဝန်ယူပြီး နံနက်၇နာရီတကြိမ်၊ ၉နာရီတကြိမ်၊ ညနေ၄နာရီ တကြိမ်တာဝန် ယူကျွေးမွေးရကြောင်း၊ ပြင်ပ အလှူရှင်များကလည်း လာရောက်လှူဒါန်းကြကြောင်း မယ်တော် ဆေးခန်းကပြောသည်။

အဆိုပါ ဒေါက်တာစင်သီယာမောင်တည်ထောင်သည့် မယ်တော်ဆေးခန်းသည် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာ ပြည်သားများအား မည်သည့်ရောဂါမဆို အခမဲ့ဆေး ကုသပေး နေသည့် တခုတည်းသော ဆေးခန်းဖြစ်ပြီး ၁၉၈၉ ခု ဖေဖော်ဝါရီလတွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်စုခြံရှေ့မှ အတားအဆီးများ ဖယ်ရှား
ဧရာဝတီ အောက်တိုဘာ ၂၇၊ ၂၀၀၈

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံရှေ့တွင် တားဆီးထားသည့် သံဆူးကြိုး အတား အဆီးများကို ယမန်နေ့ကစ၍ စစ်အစိုးရက ဖယ်ရှားထားကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့က အတားအဆီး တွေဖယ်လိုက်တယ်၊ ဘာကြောင့်မှန်းတော့မသိဘူး။ အရင်က ဒီလို ရှင်းရှင်းလင်းလင်းလုပ်တာမျိုး တခါမှမရှိခဲ့ဘူး” ဟု ဧရာဝတီကို ပြောသည်။

ပုံမှန်အားဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားသည့်ကာလများအတွင်း ၎င်း၏ခြံရှေ့ လမ်းမပေါ်တွင် သံဆူးကြိုးတပ်ဆင်ထားသည့် အတားအဆီးများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို အစောင့်ချထားလေ့ ရှိပြီး အဆိုပါအတားအဆီးများကို ယမန်နေ့မှစ၍ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ရှိ အတားအဆီးများကို ရုပ်သိမ်းလိုက်သော်လည်း ၎င်းအား လွှတ်ပေးမည့် အစီအစဉ်မျိုး စစ်အစိုးရတွင်မရှိနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ဝါရင့် စာရေးဆရာကြီးတဦးက “ဥပဒေအရဆိုရင်တော့ လွှတ်ကိုလွှတ်ရမှာ၊ ဒါပေမယ့် ဥပဒေဆိုတာကလည်း လူတယောက် ထဲရဲ့လက်ထဲမှာရှိနေတာကိုး … အမှန်က ဟိုအရင်ပြန်လွှတ်တုန်းကဆိုရင် ဘာမှရုပ်သိမ်းစရာမလိုဘူး၊ လွှတ်လိုက်တဲ့အချိန် ကျမှ ဖယ်စရာတွေကို ဖယ်လိုက်တယ်။ အလွန်ဆုံးကြာ တနာရီပဲ” ဟု ပြောသည်။

နအဖ က နိုင်ငံတကာအသိုင်းအ၀န်းက ၎င်းတို့ကို အမြင်ကောင်းစေရန် ဟန်ရေးပြခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အား အမှန်တကယ်လွှတ်ပေးရန် ဆန္ဒမရှိကြောင်း အဆိုပါ စာရေးဆရာက ဆက်ပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ် ဇူလိုင်လ၊ ၂၀၀၀ ခုနှစ် စက်တင်ဘာလနှင့် ၂၀၀၃ ခုနှစ် မေလတို့ တွင် အကျယ်ချုပ် ၃ ကြိမ် ချမှတ်ခဲ့သည်။

ယခုလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့မှာက တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင်ကျင်းပြခဲ့သည် အာရှ-ဥရောပ ထိပ်သီးအစည်း အဝေးကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။

လွန်ခဲ့သည့်သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် နေရသည့်သက်တမ်း ၁၃ နှစ် ပြည့်သွားခဲ့ပြီး အမေရိကန်နှင့် ဥရောပပါလီမန်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် နအဖ စစ်အစိုးရအား ဖိအားပေးခဲ့သည်။

စစ်အစိုးရက အခွန်ငွေတိုးရရှိရေးအတွက် ထီလက်မှတ် တန်ဖိုး ၂ ဆ မြှင့်တင်
ကြည်ဝေ အောက်တိုဘာ ၂၇၊ ၂၀၀၈

စစ်အစိုးရ က အခွန်ငွေ ၂ ဆ တိုးရရှိရေးအတွက်၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် ဖွင့်လှစ်မည့် (၂၄၀ ) ကြိမ်မြောက် အောင်ဘာလေသိန်းဆု လက်မှတ်များကို တစောင်လျှင် ကျပ် ၁၀၀ အစား ကျပ် ၂၀၀ အဖြစ် တိုးမြှင့်လိုက် ကြောင်း သိရှိရသည်။

ထီလက်မှတ်ဈေးနှုန်းများတိုးမြင့်လိုက်သကဲ့သို့ အောင်ဘာလေ ထီဆုကိုလည်း ယခင် ကျပ် သိန်း ၅၀၀ အစား ကျပ် သိန်း ၁၀၀၀ ဆု၊ အနိမ့်ဆုံး ကျပ် ၂ သောင်းဆုအစား ကျပ် ၁ သိန်းဆု အဖြစ် ပြောင်းလဲသတ်မှတ်လိုက် ကြောင်း အစိုးရပိုင် သတင်းစာများတွင် ကြော်ငြာခဲ့သည်။

“လူတွေကို ထီထိုးခိုင်းတာဟာ အခွန်ကောက်တာနဲ့အတူတူပါပဲ၊ ခုလိုလုပ်လိုက်တာက ထီဈေးတက်လိုက်ပြီး ၀င်ငွေတိုးရှာ လိုက်တာပဲ”ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ တဦးက သုံးသပ်ပြောဆိုသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အောင်ဘာလေ ထီရောင်းရ ငွေမှာ အစိုးရအသုံး စရိတ် နှင့်ဆိုင်သော ၀င်ငွေဖြစ်သောကြောင့် ယခုကဲ့သို့ထီလက်မှတ်ဈေး ၂ဆ တက်လိုက်ခြင်းအားဖြင့် အစိုးရ အနေ နှင့် ထိုအောင်ဘာလေထီမှ ရရှိမည့်ဝင်ငွေမှာ လစဉ် ၂ ဆတိုးလာမည်ဖြစ်ကြောင်း အဆိုပါ ပါမောက္ခက ဆိုသည်။

ပြည်တွင်းငွေဖောင်းပွလာခြင်းတို့ကြောင့်လည်း ထီလက်မှတ်ဈေးတက်ခြင်းနှင့် ဆုကြေးငွေ တိုးလာခြင်းတို့ဖြစ် ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားမှာ ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး၊ လူအများ ၀င်ငွေနည်းလျက်ရှိ သည်ကို တွေ့ရကြောင်း၊ ၄င်းတို့အနေနှင့် ထီထိုးခြင်းမှာ စားစရိတ်ထဲမှ ဖဲ့ပြီးထိုးရခြင်းဖြစ်သောကြောင့် ကုန်ထုတ် လုပ်မှုပိုင်းများ ကျဆင်းလာနိုင်ပြီး၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်လာမှာဖြစ်ကြောင်း၊ ယခုကဲ့သို့အစိုးရအနေနှင့် လောင်းကစား တမျိုးဖြစ်သော ထီဘက်သို့ လူအများအာရုံစိုက်အောင် ဆောင်ရွက်ခြင်းမှာ တိုင်းပြည် အတွက် မကောင်းကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခက သုံးသပ် ပြောဆိုသည်။

လက်ရှိပြည်တွင်းတွင် လစဉ်ဖွင့်လှစ်ပေးနေသော အစိုးရအောင်ဘာလေထီအပြင် နေ့စဉ် ထွက်နေသော တရား မ၀င် ၂ လုံးထီ၊ ၂ ပတ် တကြိမ် ထွက်နေသည့် တရားမ၀င် သုံးလုံးထီများနှင့် အခြားသောတရားမ၀င် လောင်း ကစားများလည်း အလွှာအသီးသီးတွင်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထိုကဲ့သို့လောင်းကစား များလာခြင်းမှာ လည်း တိုင်းပြည်စီးပွားရေး ကျဆင်းသည့် လက္ခဏာတခုပင်ဖြစ်ကြောင်း သူကဆိုသည်။

စစ်အစိုးရလက်ထက်တွင် အောင်ဘာလေထီလက်မှတ်ဈေးနှုန်းများကို ပြောင်းလဲခဲ့သည်မှာ ယခု အကြိမ်နှင့်ဆို လျှင် နှစ်၂၀ အတွင်း ၅ ကြိမ်မြောက်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။

ယခင်၂ ကျပ် တန်ထီ ကို ၁၉၈၈ ခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှ စပြီး ၅ ကျပ် အဖြစ်တိုးမြှင့်ခဲ့ပြီး အမြင့်ဆုံးဆုကို လည်း ကျပ် ၁ သိန်းမှ ကျပ် ၅ သိန်းတိုးမြှင့်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ပြောင်းလဲခြင်းမှာ ၁၉၉၁ ဧပြီလမှ စတင်ပြီး ၅ ကျပ်တန် ထီကို ၁၀ ကျပ်တန်ထီအဖြစ် ပြောင်းလဲခဲ့ပြီး ဆုငွေကိုလည်း အမြင့်ဆုံး ကျပ် ၅သိန်းမှ ကျပ် ၁၀ သိန်းအထိ ပြောင်းလဲခဲ့ကြောင်း၊ ၁၉၉၈ ဒီဇင်ဘာလတွင် တတိယ အကြိမ်မြောက် အဖြစ် ၁၀ ကျပ် တန်ထီ လက်မှတ်ကို ၅၀ ကျပ်တန်အဖြစ် ပြောင်းလဲလိုက် ပြီး အမြင့်ဆုံးဆုငွေကိုလည်း ကျပ် သိန်း ၃၀၀ အထိ ပြောင်းလဲ ခဲ့သည်။ လေးကြေိမ်မြောက်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာ လမှ စတင်ကာ ကျပ် ၅၀ တန်ထီလက်မှတ်ကို ကျပ် ၁၀၀ တန်ထီလက်မှတ်အဖြစ် ပြောင်းလဲခဲ့ပြီး ဆုငွေကိုလည်း ကျပ် သိန်း ၅၀၀ အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရ အနေနှင့် လစဉ် ထီရောင်းရငွေရ၏ ၄၀ ရာခိုင်နှုန်းကို အစိုးရဘဏ္ဍာငွေအဖြစ်သိမ်းယူပြီး ၆၀ ရာခိုင်နှုန်း ကိုသာ ထီဆုကြေးများအဖြစ် ထီထိုးသူများအား ခွဲဝေပေးနေခြင်းဖြစ်ကြောင်း ၊ ယခုကဲ့သို့ ထီလက်မှတ်ဈေး ၂ဆ မြှင့်ခြင်းအားဖြင့် အောင်ဘာလေထီမှ ၀င်ငွေ ၂ ဆတိုးသွားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ အငြိမ်းစား အရာရှိတဦးက ပြောဆိုသည်။

"အောင်ဘာလေသိန်းဆုဌာနက ၀င်တဲ့ဝင်ငွေက ကုန်သွယ်ခွန်၊ ၀င်ငွေခွန်တို့ပြီးရင် ရငွေပမာဏ အရ ဒုတိယ လိုက်တယ်”ဟု သူက ဆိုသည်။

အောင်ဘာလေထီ အက္ခရာတလုံးတွင် ထီစာအုပ်ရေ ၈၁၈၁၈ အုပ်ပါသည်ဟုသိရပြီး ထီ ၁ အုပ်တွင် ထီစောင်ရေ ၁၁ စောင် ပါကာ အက္ခရာ စုစုပေါင်း အလုံး ၃၀ ထုတ်သောကြောင့် စုစုပေါင်း ထီစောင်ရေမှာ ၂၆၉၉၉၉၄၀ စောင် ရိုက်ထုတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လစဉ် ဖွင့်လှစ်သော အောင်ဘာလေထီဆုများတွင် လာရောက်ထုတ်ယူခြင်းမရှိသော ဆုငွေများလည်း ရှိကြောင်း၊ ထိုဆုငွေပမာဏများသည်လည်း လစဉ် သိန်းရာနှင့်ချီပြီး ရှိနေကြောင်း၊ အဆိုပါ လာရောက်ထုတ် ယူခြင်းမရှိသော ဆုငွေ တွေကို တနှစ်စောင့်ပြီးမှ လာမထုတ်ပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနေခြင်းဖြစ် ကြောင်း အောင်ဘာလေသိန်းဆု ဌာနမှ သိရှိရသည်။

လက်ရှိအောင်ဘာလေ သိန်းဆုဌာနခွဲက ထီဝယ်လိုသူ မည်သူ့ကိုမဆို မြန်မာ့စီးပွားရေးဘဏ်တွင် PO (Payment Order) နှင့် ငွေကြိုပေးသွင်းပြီးဝယ်ရသော စနစ်နှင့် ၀ယ်ယူရခြင်းဖြစ်ပြီး တဦးလျှင် အနည်းဆုံးထီစာအုပ် ၁၀၀ မှ အများဆုံး၂ သောင်းအထိ လျှောက်ထားခွင့်ရှိကြောင်း အောင်ဘာလေသိန်းဆုဌနမှ တာဝန်ရှိသူ တဦးကပြော သည်။

အစိုးရအနေနဲ့ထီဆိုင်များက ၀ယ်ယူလျှောက်ထားသည့် PO ၏ ၆ ရာခိုင်နှုန်းသာလျှင် အများဆုံးရောင်းချပေး လေ့ ရှိကြောင်း ထီဆို်င်များက ပြောဆိုသည်။

ထီလက်မှတ် တစောင် အစိုးရထုတ်ဈေး ၂၀၀ ကျပ် ဆိုလျှင် အပြင်ပေါက်ဈေးနှင့် ထီဆိုင်များတွင် ထီတစောင်၏ တန်ဖိုးမှာ အနည်းဆုံး ၂၅၀ ကျပ်မှ ကျပ် ၃၀၀ နှင့် ရောင်းချကြရမှာဖြစ်ပြီး ထီအရောင်းဆိုင်ကြီးများမှ တဆင့်ပြန် ယူရောင်းကြရသော လက်တွန်းလှည်းနှင့် ထီရောင်းသူများ၊ လက်ပွေ့ထီအရောင်းသမားများမှာ ထီတ စောင်လျှင် အနည်းဆုံး ကျပ် ၃၀၀ နှင့်အထက် ရောင်းမှသာ ကိုက်မည်ဖြစ်သည်ဟု ထီအရောင်းဆိုင်ကြီးတဆိုင်မှ အရောင်း တာဝန်ခံ မန်နေဂျာ တဦးက ဆိုသည်။

၎င်းတို့ ထီဆိုင်အပါအ၀င် လက်ရှိ ထီဆိုင်အတော်များများမှာ ကိုယ့်ဆိုင်တွင် လက်ရှိအမြင့်ဆုံး ဆု သိန်း ၅၀၀ ပေါက်မဲပါဝင် ခဲ့ပါက ဆုပေါက်သူအား အပိုဆုကြေးအဖြစ် ဆိုင်မှ သိန်း ၅၀၀ ဆုကြေးပေးသော စနစ်ကို ကျင့်သုံး ကာ ရောင့်းအားမြှင့်တင် နေရခြင်းဖြစ်ကြောင်း၊၂၄၀ ကြိမ်မြောက်မှ စတင်မည့် သိန်း ၁၀၀၀ ပေါက်သူအား အပိုဆု ကြေးအဖြစ် မည်မျှပေးရမည်ကို မစဉ်းစားရသေးကြောင်း၊ လက်ရှိ နှုန်းထားအတိုင်း အပိုဆုကြေးကို ပေါက်ငွေ ပမာဏအတိုင်း ပေးနိုင်ရန်အတွက် ထီဆိုင် များအနေနှင့် ရောင်းအားရှိမရှိ မသေချာနိုင်သေးကြောင်း၊ လက်ရှိ ထီရောင်းအားအခြေအနေမှာ ယခင်နှစ်ကထက် ၃ ပုံ ၁ပုံခန့်အထိ ကျဆင်းနေကြောင်း သူက ဆိုသည်။

“အခု ထီလက်မှတ်ဈေးမြှင့်လိုက်တဲ့အတွက် ထီထိုးတဲ့သူတွေလည်း ထိုးအားကျသွားနိုင်တယ်၊ ပေါက်နိုင်တဲ့ ရာနှုန်းလည်း နည်းလာကြမယ်၊ ထီးရောင်းတဲ့ သူတွေမှာလည်း ငွေအဆများများရင်းနှီးမြှုပ်နှံဖို့အတွက် ငွေလို လာကြလိမ့်မယ်”ဟု ထီဆိုင်လုပ်ငန်းရှင် တဦးက ဆိုသည်။

ထီရောင်းချသူများအနေနှင့်ထီလက်မှတ်တန်ဖိုးငွေ တိုးလာသည့်အတွက် ယခင်ကထက် ငွေရင်းပမာဏများ လာပြီး ငွေအတိုးနှုန်းအနေနှင့်လည်း တန်ဖိုးပမာဏတခု တက်လာမှာဖြစ်ကြောင်း ထိုပမာာဏကို ထီထိုးသူ များကသာလျှင် ကျခံကြရခြင်းဖြစ်ကြောင်း သူက ပြောသည်။

ထီရောင်းအားကောင်းရန်အတွက် ထီဆိုင်များ အပြိုင်အဆိုင်ကြော်ငြာခြင်းနှင့် ထိုကြော်ငြာခတို့အတွက် ကုန်ကျ စရိတ် အသီးသီးကိုလည်း ထီင်္ဝယ်ထိုးသူများကသာ ကျခံနေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ အစိုးရထုတ် ထီလက်မှတ်ဈေးနှုန်းမှာ တစောင်လျှင် ၁၀၀ ကျပ်ဖြစ်ပြီး ထီဆိုင်များ ရောင်းချသော လက်ရှိဈေးနှုန်းမှာ အက္ခရာနှင့် အတွဲပေါ်တွင် မူတည်ပြီး အနည်းဆုံးကျပ် ၁၅၀ ဈေးမှ ကျပ် ၂၅၀ ဈေးအထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

ဘရာဇီးလ်-မြန်မာ နာဂစ် ရန်ပုံငွေ ဘောလုံးပွဲ ကျင်းပ
အောင်သက်ဝိုင်း အောက်တိုဘာ ၂၇၊ ၂၀၀၈

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ပရိသတ် သောင်းပေါင်းများစွာဆန့်တဲ့ သုဝဏ္ဏဘောလုံးကွင်းကြီး အတွင်းမှာ လူဦးရေ တထောင်လောက်စုဝေးနေကြပါတယ်။

သုဝဏ္ဏဘောလုံးကွင်းကြီးရဲ့ ပွဲကြည့်စင်က ထိုင်ခုံနေရာသောင်းပေါင်းများစွာဟာ ကြည့်ရှုသူမရှိ လစ်လပ်နေပြီး အဲဒီလူ တထောင်လောက်ကလည်း အထူးတန်းပွဲကြည့်စင်ရှေ့မှာသာစုရုံးနေကြတာပါ။ ဒီလူတွေက မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်တွေကိုကူညီဖို့ ရန်ပုံငွေပွဲလာရောက်ကစားတဲ့ ဘရာဇီးလ်ဘောလုံး လက်ရွေးစင်ဟောင်းများပါဝင်တဲ့ AME အသင်းနဲ့ မြန်မာ့ လက်ရွေးစင်ဟောင်းအသင်းတို့ကစားကြမယ့် ဘောလုံး ယှဉ်ပြိုင်ပွဲကိုလာရောက် ကြည့်ရှုတဲ့ ဘောလုံးချစ်ပရိသတ်တွေပါ။
လက်ရွေးစဉ်ဟောင်းများ ဦးဆောင်သော မြန်မာဘောလုံးအသင်း

ကမ္ဘာ့ဘောလုံး အားကစားလောကမှာ အကောင်းဆုံးအရည်အချင်းရှိတယ်လို့ သတ်မှတ်ထားတဲ့ ဘရာဇီးလ် နိုင်ငံ က လက်ရွေး စင်ဘောလုံးသမားဟောင်းတွေပါဝင်တဲ့ AME ကလပ်အသင်းနဲ့ မြန်မာ့လက်ရွေးစင်ဘောလုံး သမား ဟောင်းတွေ ပါဝင်တဲ့ အသင်းတို့ယှဉ်ပြိုင်ကစားကြတဲ့ ဘောလုံးပွဲက ရာသီဥတုပုံမှန်အခြေအနေမှာဆိုရင် လာရောက်ကြည့်ရှုမယ့် ဘောလုံးပရိသတ်အရေအတွက် သောင်းပေါင်းများစွာရှိနိုင်ပေမယ့် ရန်ကုန်နဲ့ဧရာဝတီ တိုင်းကို မုန်တိုင်းဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ပရိသတ် တထောင်လောက်သာ ဘောလုံးပွဲကိုလာရောက်ကြပါတယ်။

ရန်ကုန်မြို့မှာ အောက်တိုဘာ၂၄ ရက်နေ့ကတည်းက အဆက်မပြတ်ရွာသွန်းနေတဲ့ မိုးကြောင့် မုန်တိုင်း ၀င်ရောက်မယ်ဆိုတဲ့ သတင်းကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်စေပြီး လူတွေရဲ့စိတ်ထဲကို ဘရာဇီးလ်-မြန်မာ ဘောလုံးယှဉ်ပြိုင်ပွဲက ရာသီဥတု အခြေအနေထက် စိုးမိုးနိုင်စွမ်းမရှိပါဘူး။

“မနက်ကတည်းက ရွာနေတဲ့ မိုးက ခုထိ မတိတ်သေးဘူး၊ လူတွေအများကြီးလာမယ်ထင်လို့ ဘောလုံးပွဲ လက်မှတ်တွေ ၀ယ်ပြီးပြန်ရောင်းဖို့ လုပ်ထားတာ၊ အခုပွဲစဖို့ ဆယ်မိနစ်(ပွဲစတင်မည့်အချိန်မှာ ညနေ ၃း၃၀ အချိန်ဖြစ်သည်) ပဲလိုတော့ တယ်။ပွဲကြည့်ပရိသတ် နည်းနည်းပဲလာတယ်၊ လက်မှတ်တွေအများကြီးကျန်တော့ ရှုံးမယ့် သဘောရှိတယ်”ဟု သုဝဏ္ဏ ဘောလုံးအားကစားကွင်းရှေ့မှာ လက်မှတ်ဝယ်ရောင်း ပွဲစားတဦးအမျိုးသား တဦးက ပြောပါတယ်။

ပရိသတ်တထောင်လောက်သာရှိပေမယ့် ဘောလုံးပွဲကို ကြေညာထားတဲ့အတိုင်း ညနေ ၃း၃၀ နာရီအချိန်မှာ စတင်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဘောလုံးပွဲစတင်တဲ့အချိန်မှာ သဲသဲမဲမဲရွာနေတဲ့ မိုးက တိတ်သွား ပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းတွေနဲ့ ဘရာဇီးလ်လက်ရွေးစင်ဘောလုံးသမား ဟောင်းတွေ ကွင်းထဲ ၀င်ရောက် လာတယ်ဆိုရင်ပဲ တထောင် လောက်ရှိတဲ့ပရိသတ်တွေက ဘင်ခရာတွေ တီးခတ်လို့ `ဘရာဇီးလ်´၊ `ဘရာဇီးလ်´ဆိုတဲ့ အသံတွေ ပြိုင်တူ အော်ဟစ်ကြတဲ့ အသံက ဆူညံစွာပဲ သုဝဏ္ဏအားကစားကွင်းကြီးကို ဖုံး လွှမ်းသွားပါတယ်။ ဒီပွဲကိုလာ ရောက်သတင်းယူကြတဲ့ ပြည်တွင်းပြည်ပသတင်းထောက်တွေကလည်း ဓာတ်ပုံ တွေ တဖျပ်ဖျပ်ရိုက်နေကြသလို စစ်အစိုးရ မြန်မာ့ရုပ်မြင်သံကြားကလည်း ဒီပြိုင်ပွဲကိုတိုက်ရိုက် ထုတ်လွှင့်နေပါ တယ်။


အ၀ါရောင်ဝတ် ဘရာဇီးလ် AME ကလပ်အသင်းမှာ ၁၉၉၄ ခုနစ် ကမ္ဘာ့ဖလားဆုရ ဘရာဇီးလ်လက်ရွေးစင် ဘောလုံး သမားဟောင်းပေါ်လို ဆာဂျီယို(Paulo Sergio) က နံပါတ် ၇ အင်္ကျီ ၀တ်ဆင်ပြီး အသင်းခေါင်းဆောင် အဖြစ်ဆောင်ရွက် သလို အနီရောင်ဝတ်မြန်မာအသင်းဘက်မှာတော့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း သန်းတိုးအောင်က နံပါတ် ၁၀ အင်္ကျီ ၀တ်ဆင်ပြီး အသင်းခေါင်းဆောင်အဖြစ်ဆောင်ရွက်ပါတယ်။

နှစ်သင်းစလုံးက ဘောလုံးသမားတွေကို မြန်မာ့ရုပ်ရှင်အနုပညာအသိုင်းအ၀န်းက ရုပ်ရှင်ဂီတမော်ဒယ်လှပျိုဖြူ လေးများက ပန်းစည်းတွေ ပေးကြတယ်။

နှစ်သင်းစလုံးကွင်းထဲကိုရောက်လာပြီဆိုရင်ပဲ“နာဂစ်လေမုန်တိုင်းကြောင့် သေဆုံးသွားကြတဲ့ ပြည်သူပြည်သား တွေကို အောက်မေ့တသတဲ့အနေနဲ့ အားလုံး တမိနစ် ငြိမ်သက်ကြပါလို့ မေတ္တာရပ်ခံပါတယ်”ဆိုတဲ့ ကြေညာသံ က လော်စပီကာ ကနေ ကျယ်လောင်စွာထွက်ပေါ်လာတဲ့အတွက် သုဝဏ္ဏကွင်းတခုလုံး တမိနစ်တာ လုံးဝငြိမ် သက် သွားပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဦးဇော်ဇော်နဲ့ အားကစားဝန်ကြီးဌာနက အစိုးရအရာရှိတဦးက နှစ်ဘက် သောအသင်းသားတွေကို တဦးချင်း လိုက်လံနှုတ်ဆက်ပြီး ဘောလုံးပွဲကို စတင်လိုက်ပါတယ်။

ဘောလုံးပွဲစတင်ပြီဆိုတာနဲ့ ဘရာဇီးလ်အသင်းက မြန်မာအသင်းဘက်ကို စတင်တိုက်စစ်ဆင်ပါတော့တယ်။ ကိုယ်ခန္ခာ ကြံ့ခိုင်တောင့်တင်းတဲ့ ဘရာဇီးလ်ဘောလုံးအသင်းသားတွေက အားမာန်အပြည့်နဲ့ လျှင်လျှင်မြန်မြန် ပြေးလွှားကစားနိုင်ကြ ပေမယ့် မြန်မာ ဘောလုံးသမားတွေက ကိုယ်ခန္ခာသေးငယ်တဲ့အပြင် တချို့သောဘောလုံး သမားတွေဟာ ဗိုက်ရွှဲကြီးတွေနဲ့ လေးလေးပင်ပင်ကစားနေကြပါတယ်။ကမ္ဘာ့ဖလားရယူခဲ့သော လက်ရွေးစင်ဟောင်းများပါဝင်သည့် ဘရာဇီးလ် ဘောလုံးအသင်း

ပွဲစလို့ ၁၀ မိနစ်အကြာမှာပဲ တိုက်စစ်ဆင်နေတဲ့ဘရာဇီးလ်အသင်းကကွင်းလယ်ကစားသမား ဆူဗိုလ်( Silivo Cesar Ferreira Costa) နံပါတ် ၉ က ဗွေဆော်ဦးဂိုးကို လှလှပပသွင်းယူလိုက်ပါတယ်၊ အဲဒီအချိန်မှာ“ဘရာဇီးလ်၊ ဘရာဇီးလ်” ဆိုတဲ့အသံကိုပရိသတ်တွေက ကြွေးကြော်အော်ဟစ်လို့ ဘင်သံတွေထုပြီးလည်း ဂုဏ်ပြုအားပေးကြပါ တယ်။

ပထမဦးဆုံးဗွေဆော်ဦးဂိုးကို ရရှိပြီးတဲ့နောက် ဘရာဇီးလ်အသင်းက မြန်မာအသင်းကို ဆက်လက်တိုက်စစ်ဆင် နေတဲ့ အတွက် မြန်မာဘောလုံးသမားတွေ အသည်းအသန် လိုက်လံဖျက်ထုတ်နေရတယ်။ ဘရာဇီးလ်အသင်းက လျှင်လျှင်မြန်မြန် လှလှပပအကွက်ကျကျ ဘောလုံးပညာတွေပြလို့ ကစားနေပေမယ့် မြန်မာအသင်းကတော့ ဖရိုဖရဲ ကြမ်းကြမ်းတမ်းတမ်း ကစားတယ်။

ဒီလိုနဲ့ ပွဲချိန်မိနစ်၂၀ ရောက်လာချိန်မှာ ဘရာဇီးလ်အသင်း တိုက်စစ်မှူးတွေ မြန်မာအသင်း ဂိုးဧရိယာထဲ တရ ကြမ်းဝင် ရောက် ဂိုးသွင်းဖို့ကြိုးစားတာကို ဖျက်ထုတ်ရင်း မြန်မာအသင်း ဘောလုံးသမား လွင်ဦး ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့ အတွက် ဘရာဇီးလ်တို့ နောက်ထပ် တဂိုးရရှိသွားတယ်။

အဲဒီနောက် ဘရာဇီးလ်ရဲ့တိုက်စစ်ကို မြန်မာတွေ အသည်းအသန်ဖျက်ထုတ်နေကြသလို မြန်မာဂိုးသမား အောင်ကျော်ကျော် ကလည်း ဂိုးဝင်နိုင်လောက်တဲ့ ဘောလုံးတွေကို အစွမ်းကုန်ကာကွယ်နေရတယ်။ ပထမပိုင်း ၃၃ မိနစ်ကျော်မှာတော့ မြန်မာဂိုးသမားအောင်ကျော်ကျော် နံပါတ် ၁ အစား နံပါတ် ၁၈ ကိုကိုအောင် လူလဲလှယ် ၀င်ရောက်ကစားတယ်။ ဘရာဇီးလ် အသင်းကလည်း နံပါတ် ၄ ကစားသမား Batista အစား နံပါတ် ၁၄ ကစား သမား Pereira နဲ့ နံပါတ် ၉ ကစားသမား Silvio အစား နံပါတ် ၁၆ ကစားသမား Celso ၀င်ရောက်ကစားတယ်။

ပထမပိုင်းပွဲစဉ်မှာ ဘရာဇီးလ်တို့ခြေအသာနဲ့ကစားရင်း ဘရာဇီးလ်တို့ နှစ်ဂိုးအသာနဲ့ပွဲချိန် ၄၅ မိနစ် ပြည့်သွားပါ တယ်။

ဒုတိယပိုင်းပွဲပြန်စချိန်မှာတော့ ဘရာဇီးလ်အသင်းကပထမပိုင်းအတိုင်းပဲ တိုက်စစ်ဆင်ကစားတာကိုတွေ့ရပြီး မြန်မာအသင်း ကတော့ ပထမပိုင်းထက်ပိုမိုကစားကွက်စေ့လာသလို ဘောလုံးပိုင်ဆိုင်မှုအနည်းငယ်ရှိလာပြီး ကြမ်းကြမ်းတမ်းတမ်း ၀င်ထွက်ကာ ဘရာဇီးလ်ဂိုးပေါက်ကို ခြိမ်းခြောက်လာနိုင်တယ်။

ပွဲစလို့ ၉ မိနစ်ရှိချိန်မှာ ဘရာဇီးလ် ရှေ့တန်း တိုက်စစ်မှူး နံပါတ် ၁၆ Celso ကန်သွင်းတဲ့ဘောလုံးကို မြန်မာဂိုး သမား ကိုကိုအောင်အသည်းအသန်ကာကွယ်လိုက်ရပါတယ်။ ၁၅ မိနစ်အကြာမှာတော့ နာမည်ကျော်မြန်မာ့ လက်ရွေးစင်ဟောင်း သန်းတိုးအောင် အစား နံပါတ် ၁၉ မောင်မောင်ဌေးဝင်ရောက်ကစားတယ်။

အသစ်ဝင်လာတဲ့ မောင်မောင်ဌေးဟာ ဘရာဇီးလ် ဂိုးဧရိယာထိရောက်အောင် ဘောလုံးကို တွန်းတွန်းတိုက်တိုက် သယ်ယူ ဘောလုံးကို အရောက်ပို့နိုင်ပေမယ့် မြန်မာတို့ဂိုးမသွင်းနိုင်ပါဘူး။ ၁၉ မိနစ်မှာတော့ ဘရာဇီးလ် နံပါတ် ၆ ကစားသမား Biro ဘောလုံးနဲ့ သယ်ပြေးတုန်း မြန်မာ နံပါတ် ၁၉ မောင်မောင်ဌေးက ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်တဲ့အတွက် ဒိုင်လူကြီး က အ၀ါကတ်ပြသတိပေးတယ်။ မြန်မာအသင်းက ပထမပိုင်းတုန်းကနဲ့မတူ မြန်မြန် ဆန်ဆန်ကစားပြီး တိုက်စစ်ဆင်နိုင် ပေမယ့် ဘရာဇီးလ်ရဲ့ခံစစ်ကို မကျော်နိုင်ပါဘူး။

၂၄ မိနစ်အချိန်မှာ ဘရာဇီးလ်တိုက်စစ်မှူး နံပါတ် ၁၆ Celso က မြန်မာနောက်ခံလူတွေကို လိမ်ခေါက်ဖြတ် ကျော်ပြီး လှလှပပဂိုးသွင်းလိုက်တဲ့အတွက် ဘရာဇီးလ်တို့ သုံးဂိုးရရှိပါတယ်။ဘရာဇီးလ် အသင်း နှင့် မြန်မာ အသင်း ယှဉ်ပြိုင် ကစားနေစဉ်

အဲဒီနောက် မြန်မာနဲ့ဘရာဇီးလ်တို့ ကစားသမားတွေ အသစ်တွေအစားထိုးကစားကြပေမယ့်ပွဲက လေးသွားပါတယ်။ ပွဲချိန်ကြာလာတဲ့အမျှ သက်လုံကောင်းတဲ့ ဘရာဇီးလ်အသင်းက အေးအေးဆေးဆေး ဘောလုံးအရည် အသွေးပြကစားနိုင် ပေမယ့် မြန်မာအသင်းကတော့ ကစားအား အနည်းငယ်ကျသွားပါတယ်။ တဦးချင်းဘောလုံး အလိမ်အခေါက် စတဲ့ဘောလုံး ပညာတွေကို မြန်မာတို့မယှဉ်နိုင်ဘူး။

မိနစ် ၄၀ အချိန်မှာဘရာဇီးလ်အသင်းက နံပါတ် ၁၅ ကစားသမား Paulo Cruz က စတုတ္တမြောက် ဂိုးသွင်းယူပါ တယ်။ အဲဒီနောက်မှာတော့ ဒုတိယပိုင်းပွဲချိန် ၄၅ မိနစ်ပြီးဆုံးသွားချိန်မှာ ဘရာဇီးလ်အသင်းက မြန်မာအသင်းကို လေးဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားတယ်။ မြန်မာပရိသတ်တွေကတော့ ဘရာဇီးလ်အသင်းရဲ့ကစားပုံတွေကို တခဲနက် အားပေးကြပါတယ်။

မြန်မာ့ လက်ရွေးစင်ဘောလုံးသမားတဦးက“ဒီလို ဘရာဇီးလ်ကဘောလုံးသမားတွေနဲ့ ကစားရတဲ့အတွက် အရမ်း ၀မ်းသာတယ်၊ ပြီးတော့နာဂစ်ဒုက္ခသည်တွေအတွက် ကစားပေးရတာဆိုတော့ ပိုလို့ ဂုဏ်ယူပါတယ်”လို့ ပြောပြပါ တယ်။

ဘရာဇီးလ်အသင်း နည်းပြ Ricardo Ximenes de Oliveira ကလည်း “ဒီခရီးစဉ်က Tour of Hope အနေနဲ့ လာကစား ရတဲ့အတွက် ပျော်ရွှင်ကျေနပ်ပါတယ်”လို့ ပြောဆိုတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ သုဝဏ္ဏကွင်းမှာကျင်းပတဲ့ ပထမမြောက်ဘောလုံးပွဲစဉ် အထူးတန်း လက်မှတ် တစောင် ၅၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ်တစောင် ကျပ် ၃၀၀၀ သတ်မှတ်ရောင်းချပေမယ့် ပရိသတ်တထောင် နီးပါးသာရှိတဲ့ အတွက် အောက်တိုဘာလ၂၈ ရက်နေ့ကျင်းပမယ့် ဒုတိယမြောက် ယှဉ်ပြိုင်ပွဲအတွက် အထူးတန်း လက်မှတ်တစောင် ကျပ် ၁၀၀၀ နဲ့ ရိုးရိုးတန်း လက်မှတ်တစောင် ကျပ် ၅၀၀ ကို လျှော့ချ ရောင်းပေးမှာဖြစ်တယ် လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် တာဝန်ရှိသူတဦးကပြောတယ်။

ဘရာဇီးလ် AME ကလပ်အသင်းမှာ ဘရာဇီးလ်နိုင်ငံဘောလုံးလက်ရွေးစင်ကစားသမား ဖြစ်ဖူးသူ ၆ဦးပါဝင်ပြီး သူတို့တွေ ကတော့ နံပါတ် ၂ ကစားသမားZe Carlos၊ နံပါတ် ၄ ကစားသမား Batista၊ နံပါတ် ၇ ကစားသမား Paulo Sergio၊ နံပါတ် ၉ ကစားသမား Silvio၊ နံပါတ် ၁၀ ကစားသမား Giovanni နဲ့ နံပါတ် ၁၄ ကစားသမား Pereira တို့ဖြစ်ပါတယ်။ မြန်မာ အသင်းမှာ လက်ရွေးစင် ဘောလုံးသမားဟောင်း အောင်ကျော်ကျော်၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ရန်ပိုင် အပါအ၀င် လက်ရွေးစင်ဘောလုံးသမားများပါဝင်ကြောင်း သိရပါတယ်။

ယင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဘရာဇီးလ်-မြန်မာ လေဘေးရန်ပုံငွေ ဘောလုံးပွဲကို ကုန်ကျစရိတ် ကျခံပြီး ကမကထပြုသူများမှာ စူပါကော်ဖီမစ်မှ ကျပ် သိန်း ၂၀၀ မတည်ကာ One-Tea နို့ဆီနဲ့ လေဆာ သွားတိုက်ဆေး တို့က ပံ့ပိုးမှုများ ပြုလုပ်ကြတယ်လို့လည်း သိရပါတယ်။

မြန်မာ-ဘရာဇီး ဒုတိယပွဲစဉ်ဈေးနှုန်း လျှော့ဈေးဖြင့် ရောင်းချ
NEJ/ ၂၇ အောက်တိုဘာ ၂၀၀၈

မနက်ဖြန် ညနေ (၃) နာရီခွဲတွင် အောင်ဆန်းကွင်း၌ ကျင်းပမည့် မြန်မာ-ဘရာဇီး ဒုတိယပွဲစဉ် လက်မှတ်ဈေးနှုန်းများ လျှော့ဈေးဖြင့် ရောင်းချနေရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ယမန်နေ့ (၃) နာရီခွဲက သုဝဏ္ဏကွင်းတွင် ကျင်းပသော မြန်မာ-ဘရာဇီး ပထမပွဲစဉ်တွင် ဘရာဇီးအသင်းက (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်ကို ပရိသတ် (၁၀၀၀) ခန့်သာ လာရောက်ကြည့်ရှုပြီး မြန်မာ့အသံက Live ပြသခဲ့သည်။

ပထမပွဲစဉ်အတွက် လက်မှတ်တစောင်လျှင် အထူးတန်း (၅,၀၀၀) ကျပ်၊ ရိုးရိုးတန်း (၃,၀၀၀) ကျပ်ဖြစ်ပြီး ဒုတိယပွဲစဉ်အတွက် အထူးတန်း (၁,၀၀၀) ကျပ်၊ ရိုးရိုးတန်း (၅၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။ ယခုဘောလုံးပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နာဂစ်ရန်ပုံငွေအတွက် ပြုလုပ်ခြင်းဖြစ်ပြီး မျှော်မှန်းထားသည့်အတိုင်း ပွဲကြည့်ပရိသတ် မလာရောက်ခဲ့ဟု သိရသည်။

“နာဂစ်အလှူငွေအတွက်ဆိုတော့ လူတွေက လာချင်ကြပေမယ့် အစိုးရကို စိတ်ပျက်ကြတဲ့အတွက် အစိုးရကို မယုံကြည်လို့ မလာကြတာ ဖြစ်နိုင်တယ်။ ပိုက်ဆံရရင်လည်း သူတို့ပဲ ဒီငွေတွေကိုလှူတာ၊ နာဂစ်ဒဏ်သင့်ဒေသတွေကို ရောက်မရောက် ဘယ်သူသိတာမှတ်လို့” ဟု ရန်ကုန်အခြေစိုက် အားကစားဂျာနယ်တစောင်မှ အယ်ဒီတာက ပြောသည်။

ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက “Live ပြလို့ အိမ်မှာပဲ တီဗွီကြည့်တာရှိတယ်။ ဒါကြောင့်လည်း ကြည့်သူတွေ နည်းတာဖြစ်နိုင်ပါတယ်” ဟု ပြောသည်။ လာရောက်ကြည့်ရှုသူ နည်းပါးသည့်အတွက် ယခုကဲ့သို့ လျှော့ဈေးဖြင့် ရောင်းချခြင်းဖြစ်သည်ဟု ဘောလုံးဝါသနာရှင်များက သုံးသပ်သည်။

ပထမပွဲစဉ်တွင် ဘရာဇီးအသင်းက မြန်မာအသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အပေါ် မြန်မာအသင်း ဂိုးသွင်းမှုကို ဘရာဇီးဂိုးသမား ဖေဘီယို၏ အစွမ်းပြချက်များကြောင့် မြန်မာအသင်း ဂိုးမရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။

၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာထွက်ကုန်များ ခင်းကျင်းပြသ
မျိုးကြီး
တနင်္ဂနွေနေ့၊ အောက်တိုဘာလ 26 2008 22:03 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ပဉ္စမအကြိမ်မြောက် တရုတ်-အာဆီယံ နိုင်ငံများ၏ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီးပြည်နယ် နန်နင်မြို့တွင် ၄ ရက်ကြာ ကျင်းပရာ မြန်မာ့ထွက်ကုန်ပစ္စည်းများလည်း ခင်းကျင်း ပြသခဲ့သည်။

ယခုလ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပသည့် ပြပွဲအတွင်း တရုတ်နှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်း အဖွဲ့ပေါင်း ၂၁၀၀ ကျော် ပြသသည့်အနက် မြန်မာနိုင်ငံမှ ကုမ္ပဏီများလည်း စားသောက်ကုန်၊ ပရိဘောဂပစ္စည်း၊ ကျောက်စိမ်းလက်ဝတ်ရတနာ၊ လယ်ယာထွက်ကုန်ပစ္စည်းနှင့် ရိုးရာအနုပညာပစ္စည်းများ ခင်းကျင်းရောင်းချခဲ့ခြင်း ဖြစ်သည်။

''ကျောက်စိမ်းနဲ့ပတ်သက်တဲ့ လက်ဝတ်ရတနာတွေ၊ လက်မှုပစ္စည်းတွေ များတယ်။ မြန်မာပစ္စည်းတွေမှာ ကျောက်စိမ်းနဲ့ ပတ်သက်တာတွေကို တရုတ်တွေ အတော်လေး စိတ်ဝင်စားကြတယ်။ အရောင်းအ၀ယ်လည်း ဖြစ်တာပေါ့။ တခြားပစ္စည်းတွေ လက်မှုအနုပညာ ပစ္စည်းတွေကျတော့ သိပ်စိတ်ဝင်စားမှု မရှိကြဘူး'' ဟု ကနုကမာ လက်မှုအနုပညာ ကျောက်စီပန်းချီကားချပ် အရောင်းပြခန်း ဖွင့်လှစ်ပြသသည့် Gold Asia ကုမ္ပဏီလိမိတက်မှ ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံမှ ပြပွဲလာသည့် ကုမ္ပဏီအများစုသည် ရန်ကုန်မှ ဖြစ်ကြသည်။

ကနုကမာ ကျောက်စီ မြန်မာ့ရိုးရာ ပန်းချီကားချပ်ပြခန်းတွင် တရက်လျှင် တရုတ်ယွမ်ငွေ ၃ သောင်းခန့် အရောင်းအ၀ယ် ဖြစ်ကြောင်းနှင့် ပြပွဲသို့ လာရောက် ကြည့်ရှုသူများလည်း ယခင်နှစ်များထက် ပိုမိုစည်ကားကြောင်း သိရသည်။

Gold Asia ကုမ္ပဏီလိမိတက်မှ ပိုင်ရှင်က ''နောက်ဆုံးပိတ်ပွဲက ပိုစည်ကားမယ်။ အခုက ကဒ်နဲ့ဝင်ရတာ။ မနက်ဖြန်ဆိုရင်တော့ အားလုံး ဖွင့်ပေးမယ်။ မြန်မာထွက်ကုန်ပြခန်းတွေ အနေနဲ့ပြောရရင် အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ရာနှုန်းထက်ဝက်နီးပါး အောင်မြင်တယ်။ အရောင်းအ၀ယ်က စာချုပ်တွေနဲ့ ရောင်းတာဝယ်တာ မရှိဘူး။ လက်ငင်းဝယ်ရောင်းပေါ့'' ဟု ပြောသည်။

ကုန်စည်ပြပွဲ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် ကြက်ဆူစေ့နှင့် မြန်မာ့လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်း ပြသသူများသည် ပြပွဲပြီးဆုံးရက်ထိ မစောင့်ဘဲ ပြန်သွားကြကာ ကျန်ကုမ္ပဏီများသည် မနက်ဖြန်တွင် ပြန်ကြမည် ဖြစ်သည်။

မြန်မာကုမ္ပဏီ အများစုသည် လေကြောင်းဖြင့် ကွမ်းရှီးပြည်နယ် နင်နန်မြို့သို့ သွားရောက်ကြပြီး အနည်းငယ်သာ မူဆယ်-ရွှေလီမှတဆင့် ကုန်းလမ်းဖြင့် သွားရောက်ကြသည်။

ပြပွဲနှင့်အတူ တရုတ်-အာဆီယံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးပွဲလည်း ကျင်းပရာ စီးပွားရေးလုပ်ငန်း ၈၀ ကျော်ကို အပြန်အလှန် စာချုပ် ချုပ်ဆိုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ ဘီလျံရှိကြောင်းနှင့် အာဆီယံ နိုင်ငံများနှင့် လုပ်ငန်းပေါင်း ၃၁ ကျော် စာချုပ်ခဲ့ရာ ဒေါ်လာ ၁ ဒဿမ ၁ ဘီလျံကျော် ရှိကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ကုန်စည်ပြပွဲသို့ တရုတ်နိုင်ငံ ဒုဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံ အကြီးအကဲများ၊ နိုင်ငံတကာ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂဆိုင်ရာ ကုန်သွယ်မှု ဖွံ့ဖြိုးရေးအရာရှိများနှင့် မြန်မာနိုင်ငံမှ ၀န်ကြီးချုပ် သိန်းစိန် ခေါင်းဆောင်သော အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

မြန်မာဝန်ကြီးချုပ်က မြန်မာနှင့် ကွမ်းရှီးအကြား လယ်ယာစိုက်ပျိုးရေး၊ အခြေခံကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် သဘာဝသယံဇာတ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

ပေ့ကျင်းမြို့တော်တွင် နိုင်ငံအဆင့်မြင့် ခေါင်းဆောင်များဖြင့် ကျင်းပနေသည့် ၇ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးအဆင့် တက်ရောက်လျက် ရှိသည်။

မြန်မာယူနီဗာဆယ်ဘဏ်မှ ငွေလာမထုတ်ပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းမည်
ပီတာအောင်/ ၂၇ အောက်တိုဘာ ၂၀၀၈

ငွေကြေးခ၀ါချမှုနှင့်ပါတ်သက်၍ အပိတ်ခံထားရသည့် မြန်မာယူနီဗာဆယ်ဘဏ် (MUB)တွင် ငွေအပ်နှံ ထား သူများအနေဖြင့် ငွေများလာရောက် ထုတ်ယူနိုင်ပြီဖြစ်ကြောင်းနှင့် မထုတ်ယူပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူ တော့မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ဖော်ပြောကြားသည်။

ငွေကြေးအပ်နှံထားသူ မြီရှင်တို့အနေဖြင့် အောက်တိုဘာလ (၂၂)ရက်မှ စတင်၍ လာမည့် ၂၀၀၉ ခု မတ်လ (၃၁) ရက် နောက်ဆုံးထား၍ အထောက်အထားအပြည့်အစုံဖြင့် ရန်ကန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁) အပေါ်ထပ်၌ လာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။

မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁)ရှိ မြန်မာယူနီဗာဆယ်ဘဏ်ရေးရာ တာဝန်ရှိသူတဦးက “ ငွေစုစာအုပ်ရယ်၊ လူကိုယ်တိုင်ရယ်၊ မှတ်ပုံတင်ရယ် ယူလာခဲ့ပါ။ နေ့ချင်းထုတ်ပေးပါတယ်။ ကာယကံရှင်ကတော့ ကိုယ်တိုင် လာရမှာပါ။ တခြားထောက်ခံစာတွေမလိုပါဘူး။ MUB ကတော့လုံးဝပိတ်သိမ်းလိုက်ပြီး မြန်မာ့စီးပွားရေးဘဏ်က ဆက်ပြီးတော့တာဝန်ယူထားတာပါ။ အပ်ထားတဲ့ ပိုက်ဆံတွေ သိပ်အများအစားကြီးတော့မရှိပါဘူး။ (၃)နှစ် အတွင်းမှာ အတော်များများလာထုတ်ပြီးကြပါပြီ။ စားရင်းပိတ်ဖို့အတွက်ကို နှိုးဆော်လိုက်တာပါ” ဟု ပြောကြား သည်။

မြန်မာယူနီဗာဆယ်ဘဏ်ကို မြန်မာစစ်အစိုးရက ငွေကြေးခ၀ါချမှုများနှင့်စပ်လျဉ်း၍ ၂၀၀၅ ခု သြဂုတ်လတွင် စတင်ပိတ်သိမ်းအရေးယူခဲ့ပြီး ၂၀၀၇ခု ဧပြီလတွင် ဘဏ်ပိုင်ရှင် ဦးတင်စိန်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သောဥပဒေ၊ တရားမ၀င်ငွေကြေးခ၀ါချမှုနှင့်ပတ်သက်သည့် ဥပဒေများဖြင့် ထောင်ဒဏ် (၁၀)နှစ် အပြစ်ပေးအရေးယူခဲ့သည်။

ဘဏ်ပိတ်သိမ်းပြီး (၃)နှစ်တာကာလအတွင်း ငွေကြေးအပ်နှံထားသူများအား မြန်မာယူနီဗာဆယ်ဘဏ်က အပ်နှံငွေများကို ပြန်ထုတ်ပေးခဲ့ပြီး မြန်မာယူနီဗာဆယ်ဘဏ်၏ အုပ်ချုပ်မှု အားလုံးကို မြန်မာ့စီးပွားရေးဘဏ်က အောက်တိုဘာ (၁)ရက်မှ စတင်၍ လွဲပြောင်းယူကာ လာမထုတ်ယူသေးပဲ ကျန်ရှိ နေသူတို့၏ ငွေများကို ယခု နောက်ဆုံးအနေဖြင့် ပြန်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

အလားတူ မူးယစ်ဆေးဝါးနှင့်ပါတ်သက်သည်ဟု အမေရိကန်၏ စွပ်စွဲခံထားရပြီး ၂၀၀၅ မတ်လ ကုန်က ပိတ် သိမ်းခံခဲ့ရသည့် အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကလည်း လာမည့် ဒီဇင်ဘာလ နောက် ဆုံး ထား၍ ငွေများလာရောက်ထုတ်ယူကြရန် ယင်းဘဏ် (၂)ခု၌ ငွေအပ်နှံထားများအား ပြီးခဲ့သည့် ဇူလိုင်လ က တည်းက အသိပေးကြညာထားသည်။

နေပြည်တော်လွှတ်တော်ရုံးအဖွဲ့ ၂၀၀၉ မှာ စတင်ရုံးထိုင်မည်
NEJ/ ၂၇ အောက်တိုဘာ ၂၀၀၈

၂၀၁၀ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက် ရည်ရွယ်ဆောက်လုပ်နေသည့် နေပြည်တော် လွှတ်တော်အဆောက်အဦတွင် ၂၀၀၉ ခု စက်တင်ဘာလမှ စတင်၍ ရုံးဝန်ထမ်းများ စတင်ရုံးထိုင်တော့မည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ချောချောမောမော ကျင်းပခွင့်ရမည် မရမည် မသေချာသေးသော်လည်း ၂၀၀၉ ခု စက်တင်ဘာလမှ စတင်ပြီး နေပြည်တော် လွှတ်တော်မှာ ရုံးအဖွဲ့ စတင်ရုံးတက်ဖို့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် လွှတ်တော်ရုံးအဖွဲ့တွင် တာဝန်ပေးနိုင်ရေးအတွက် စစ်တပ်မှ ဗိုလ်ကြီးအဆင့်နှင့် အရာခံဗိုလ်များကို စတင်ရွေးချယ်နေပြီဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

တည်ဆောက်နေဆဲ လွှတ်တော် အဆောက်အဦကြီးမှာလည်း ၅၀ ရာနှုန်းကျော်ပြီးစီးနေပြီ ဖြစ်သည့်အတွက် ရုပ်လုံးပေါ်နေသော်လည်း အပေါ်ပိုင်းတွင် သံမဏိဂဟေလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်သည်ဟု နေပြည်တော်ဆောက်လုပ်ရေးတာဝန်ခံတဦးက ပြောသည်။

အစိုးရမြေကွက် ထုတ်ရောင်းမှုကြောင့် အိမ်ခြံမြေဈေးကွက် ရပ်ဆိုင်း
NEJ/ ၂၇ အောက်တိုဘာ

နအဖစစ်အစိုးရက အစိုးရ၀န်ကြီးရုံးများကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ရန်ကုန်တွင်ကျန်ခဲ့သည့် အဆောက်အဦနှင့် မြေကွက်များကို ရောင်းချနေသောကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးကြီးမြေကွက်အရောင်းအ၀ယ်များ ရပ်ဆိုင်းကုန်ကြောင်း အကျိုးဆောင်ကုမ္ပဏီလုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှ အကျိုးဆောင်လုပ်ငန်း ဒါရိုက်တာတဦးက “ ဒီလအတွင်းမှာပဲ အစိုးရပိုင် ပြည်လမ်း မြန်မာ့အသံ ဘေးက (၇) ဧကလောက်ရှိတဲ့ မြေကွက်ကို အိပ်ပိတ်တင်ဒါခေါ်ပြီး ရောင်းတယ်။ နောက် ပြည်လမ်း စိန်ဂေဟာ စူပါမားကက်နံဘေးက တပ်မတော်မှတ်တမ်းရုံးဟောင်း မြေနေရာကိုလည်း လက်သိပ်ထိုးပြီးရောင်းနေတယ်။ နောက် (၆) မိုင်ခွဲက (၃) ဧကလောက်ရှိတဲ့ ရွှေဟင်္သာ
သားရေစက်ရုံကိုလည်း ရောင်းနေတယ်” ဟုပြောသည်။

ပြည်လမ်း၊ အင်လျားလမ်း၊ သံလွင်လမ်း၊ အေဒီလမ်းစသည့် နေရာကောင်းများမှ မြေကွက်များ၊ အိမ်များသည် သိန်း (၅) ထောင်ခန့်မှ သိန်းပေါင်းသောင်းချီ တန်ဖိုးရှိပြီး ယင်းတန်ဖိုးကြီးမြေကွက်များ၏ အရေအတွက်သည် ရန်ကုန်တွင် အကန့်အသတ်ရှိကာ ငွေကြေးတတ်နိုင်သူများက ၀ယ်ယူသိမ်းဆည်းထားကြပြီး အချို့က အမြတ်ဖြင့် ပြန်လည်ရောင်းချကြသည်။ မြေကွက်များသည် နောက်ထပ်တိုးလာရန် မရှိသောကြောင့် ၀ယ်ထားသူများအနေဖြင့် သေချာပေါက် အမြတ်အစွန်းရကြသည်။

အဆိုပါနေရာများသည် နေရာကောင်း တန်ဖိုးကြီးမြေကွက်များဖြစ်သောကြောင့် အစိုးရက ယခုကဲ့သို့ ထုတ်ရောင်းနေသဖြင့် မြေကွက်အရေအတွက် တိုးလာသော်လည်း ဈေးကွက်အတွင်း၌ ၀ယ်လိုအား တိုးမလာသောကြောင့် ဈေးကျကာ အရောင်းအ၀ယ်များ ရပ်တန့်သွားခြင်းဖြစ်ကြောင်း အဆိုပါ ဒါရိုက်တာက ရှင်းပြသည်။ အခြားဈေးနိမ့်သည့် အိမ်ခြံမြေဈေးကွက်ကိုမူ ရိုက်ခတ်မှုမရှိဟု သိရသည်။

နေရာကောင်း မြေကွက်များ၏ ပျမ်းမျှပေါက်ဈေးသည် (၁) စတုရန်းပေကို ကျပ် (၁) သိန်း (၂) သောင်းဝန်းကျင် ရှိကြောင်း၊ (၁) စတုရန်းပေကို ကျပ် (၁) သိန်းနှုန်းဖြင့်တွက်လျှင်ပင် မြန်မာ့အသံဘေးမှ မြေကွက်သည် ကျပ်ဘီလီယံ (၃၀) ကျော် တန်ဖိုးရှိကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

အဆိုပါမြေကွက်ကို ချိပ်ပိတ်တင်ဒါ ခေါ်ယူထားပြီး ၀ယ်ယူခွင့်ရရှိသူသည် မြေကွက်များ စိတ်ပိုင်းရောင်းချခြင်းအားဖြင့် အမြတ်အစွန်းများနိုင်ကြောင်းလည်း အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။

ရန်ကုန်ပန်းဆိုးတန်းလမ်းမှ ၀ါရင့်အကျိုးဆောင်တဦးက “ချိပ်ပိတ်တင်ဒါ ခေါ်တယ်ဆိုပေမယ့် နောက်ကွယ်မှာ လေလံဆွဲမယ့် အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေအကြား အပေးအယူက ရှိပြီးသား။ မှတ်တမ်းရုံးနဲ့ သားရေစက်ရုံတွေဆိုလည်း ဒီလိုပဲ၊ လက်သိပ်ထိုး အရောင်းအ၀ယ် လုပ်ပြီးသား၊ တရားဝင်ဖြစ်အောင် လေလံဟန်ပြပစ်တာ ဖြစ်လိမ့်မယ်” ဟု ပြောသည်။

စစ်အစိုးရက ယခုနောက်ပိုင်း နေပြည်တော် ပျဉ်းမနားဝန်းကျင်တွင် ငွေကုန်ကြေးကျ အလွန်များသည့် အဆောက်အဦများ၊ ကွန်ကရစ်လမ်းများ စသည်တို့ကို တည်ဆောက်နေပြီး မည်သည့်ငွေဖြင့် ယခုကဲ့သို့ တည်ဆောက်ရေးလုပ်ငန်းများ လုပ်နိုင်သည်ကို သတင်းထောက်များက မေးမြန်းခဲ့ဖူးသည်။

ယင်းသို့မေးမြန်းမှုကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ရန်ကုန်တွင်ရှိသည့် အစိုးရပိုင်ရုံး၊ အဆောက်အဦ၊ မြေနေရာ စသည်တို့ကို ရောင်းချရသည့်ငွေများဖြင့် တည်ဆောက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့လမ်းပိုင်း ကန့်သတ်ချိန်အတွင်းပြန်ဖြတ်ခွင့်ပေး
NEJ/ ၂၇ အောက်တိုဘာ ၂၀၀၈

ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းထိပ် ပိတ်ထားသည့်အတားအဆီးအချို့ကို ဖယ်ရှားလိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ လမ်းပိုင်းကိုမူ ယခင်အတိုင်း ကန့်သတ်ချိန်ဖြင့် ပိတ်ထားဆဲ ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ဖယ်ရှားလိုက်သည့် အတားအဆီးများမှ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းကာလကထဲက တက္ကသိုလ်ရိပ်သာလမ်းထိပ်မှာ မကြာခဏ ချထားခဲ့သည့် အတားအဆီးများဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့လမ်းပိုင်းကိုမူ မနက် ၆ နာရီမတိုင်မီနှင့် ညနေ ၆ နာရီနောက်ပိုင်း ပုံမှန်ပိတ်ထားဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချသည့်အချိန်မှစ၍ အိမ်ရှေ့လမ်းအပိုင်းကို မနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ ဖွင့်ပေးထားလေ့ရှိပြီး ရန်ကုန်မြို့တွင်း လုံခြုံရေးတင်းကျပ်သည့်အချိန်မျိုးတွင် တက္ကသိုလ်ရိပ်သာလမ်းထိပ်ကို မကြာခဏ ပိတ်လေ့ရှိသည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်များက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းထိပ် ပိတ်ထားသည့်အတားအဆီးများကို ဖယ်ရှားလိုက်သော်လည်း စစ်အစိုးရဘက်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့်အရိပ်အယောင် မတွေ့ရကြောင်း၊ စက်တင်ဘာ အရေးအခင်းနှစ်ပတ်လည်မတိုင်မှီက ၀န်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးတော့မယောင် မြန်မာတိုင်းဂျာနယ်က သတင်းရေးခဲ့သော်လည်း ဆွေးနွေးပွဲမဖြစ်ခဲ့ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောသည်။

စစ်တွေ တက္ကသိုလ် ကျောင်းသား တဦး ဖမ်းဆီးခံရ
10/26/2008
ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်မှ ပထမနှစ်ကျောင်းသား တဦးကို ပြည်ပရှိ ကျောင်းသား အဖွဲ့အစည်း တခုနှင့် ဆက်သွယ်မှုရှိသည်ဟုကာ စစ်တွေရဲက ဖမ်းဆီ်းထားသည်ဟု သူ့သူငယ်ချင်း တဦးက ပြောသည်။
ဖမ်းဆီးခံထားရသူမှာ ကိုနီမင်းအောင် (ဘ) ဦးထူးကျော်ဖြစ်ပြီး စစ်တွေမြို့ ဓည၀တီ ရပ်ကွက်မှ ဖြစ်သည်။

သူ့အား အောက်တိုဘာလ ၈ ရက်နေ့က သူဖခင်ပိုင် ထူးကျော် ဘက်ထရီဆိုင်မှ ရဲတပ်ဖွဲ့ဝင်များက ခေါ်ယူသွားပြီး ယခုအခါ စစ်တွေ အမှတ် ၁ ရဲစခန်းတွင် ချုပ်နှောင် ထားသည်ဟု သူကပြောသည်။

ယခုအချိန်ထိ တရားရုံးထုတ်ပြီး အမှု စစ်ဆေးမှု မရှိသေးကြောင်း သိရသည်။

ကိုနီမင်းအောင် ဖမ်းဆီး ခံရပြီးနောက် ကျောင်းသား အနည်းဆုံး ၁၁ ဦးခန့်ထွက်ပြေး တိမ်းရှောင်နေကြရသည်။

သူတို့ ၁၁ ဦးအား ပြည်ပ ကျောင်းသား အဖွဲ့အစည်း တခုခုနှင့် အဆက်အသွယ် လုပ်သည့် စွဲချက်ဖြင့် ဆက်လက် ဖမ်းဆီးလာနိုင်သဖြင့် ရှောင်တိမ်းနေကြခြင်း ဖြစ်ကြောင်း ကိုနီမင်းအောင် သူငယ်ချင်းက ပြောသည်။

အမေရိကန် သမ္မတလောင်း ၂ ဦး နောက်ဆုံးသီတင်းပတ် မဲဆွယ်လှုပ်ရှား
27 October 2008

လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ အမေရိကန် သမ္မတရွေးပွဲမှာ အနိုင်ရဖို့အတွက်
အဓိကကျတဲ့ ပြည်နယ် ၂ ခုမှာ ဒီမိုကရက်ကိုယ်စားလှယ် ဘရက်ခ် အိုဘားမား (Barack
Obama) နဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက ဂျွန် မက်ကိန်း (John McCain) တို့
မဲဆွယ်လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း ပြည်နယ်တွေဖြစ်ကြတဲ့ ပင်ဆယ်လ်ဗေးနီး
ယားနဲ့ အိုဟိုင်းယိုးတို့မှာ ဒီကနေ့ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြတာပါ။ တနိုင်ငံလုံး
အတိုင်းအတာနဲ့ ကောက်ယူထားတဲ့ လူထုစစ်တမ်းအရတော့ လတ်တလောမှာ ဒီမို
ကရက်တစ် ကိုယ်စားလှယ်လောင်း အိုဘားမားက ၇% နဲ့ ဦးဆောင်နေပါတယ်။
အထက်လွှတ်တော်အမတ် အိုဘားမားရဲ့လက်ထောက်တွေ ပြောတာကတော့
အိုဘားမားဟာ အဆုံးသတ်မိန့်ခွန်းပြောမယ်လို့ ဆိုပါတယ်။

မက်ကိန်းကလည်း သူ့ရဲ့မဲဆွယ်ပွဲဟာ အောင်မြင်မှုရဲ့လမ်းအဖြစ် ခေါ်ဝေါ်သုံးနှုန်းလိုက်ပါ
တယ်။ တချိန်တည်းမှာပဲ ရီပတ်ဘလစ်ကန်ပါတီရဲ့ ဒု-သမ္မတလောင်းအဖြစ် အရွေးခံမယ့်
ဆာရာပေလင်း (Sarah Palin) က ဗာဂျီးနီးယားပြည်နယ်မှာ မဲဆွယ်စည်းရုံးနေပြီးတော့
သူ့ရဲ့ပြိုင်ဘက် ဒီမိုကရက်ပါတီက ဂျိုးဘိုင်ဒင် (Joe Biden) ကတော့ မြောက်ကာရို
လိုင်းနားပြည်နယ်မှာ မဲဆွယ်ပွဲတွေ လုပ်ဆောင်နေကြပါတယ်။

အာရှ-ဥရောပ စတော့ခ်ဈေးတွေ သိသိသာသာ ကျဆင်း
27 October 2008

အာရှနဲ့ ဥရောပက စတော့ခ်ရှယ်ယာဈေးကွက်တွေမှာ ဒီနေ့လည်း သိသိသာသာ
ဈေးနှုန်းတွေ ကျဆင်းနေလို့ ကမ္ဘာတ၀န်း စီးပွားရေးကျဆင်းမယ့်အရေး စိုးရိမ်ပူပန်မှု
တွေ ရှိနေပါတယ်။

ဥရောပက အင်္ဂလန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေမှာရှိတဲ့ စတော့ခ်ရှယ်ယာဈေးကွက်
တွေမှာ ဒီနေ့ညနေပိုင်းမတိုင်ခင် အရောင်းအ၀ယ်တွေ ၃% ကနေ ၆% လောက်ထိ
ကျဆင်းခဲ့ပါတယ်။

ဟောင်ကောင်က စတော့ခ်ရှယ်ယာဈေးကွက် ပိတ်တဲ့အချိန်မှာတော့ ၁၃% လောက်
အထိ ဈေးတွေ ထိုးကျခဲ့ပါတယ်။ ဂျပန်နိုင်ငံက တိုကျိုဈေးကွက်မှာ ၆% လောက်
ကျဆင်းခဲ့ပါတယ်။ ဂျပန်ယန်းငွေဟာ အမေရိကန်ဒေါ်လာထက် တန်ဖိုးမြင့်မားလာခဲ့ပြီး
ဈေးပိတ်တဲ့အချိန်မှာ တဒေါ်လာကို ၉၂.၈ ယန်းအထိ ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဂျပန်
နိုင်ငံက နိုင်ငံခြားပို့ကုန်တွေ ဈေးပိုကြီးမြင့်လာပါတယ်။

ရေနံစိမ်းဈေးနှုန်းတွေလည်း ကျဆင်းနေပါတယ်။ ရေနံစိမ်းတပီပါကို ၆၁ ဒေါ်လာ
လောက်ပဲ ပေါက်နေပါတယ်။ အမေရိကန်က စတော့ခ်ရှယ်ယာဈေးကွက် ဒီနေ့ စဖွင့်တဲ့
အချိန်မှာလည်း ဖွင့်ဖွင့်ချင်း ၁.၅% လောက် ကျနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှ ကြယ်ဒီခို့ ဘုန်းကြီးကျောင်းကထိန်ပွဲမှာ မြန်မာဇာတ်ပွဲနှင့် မြန်မာပရိသတ်တွေ ခြိမ့်ခြိမ့်သဲ
(အောက်တိုဘာလ ၂၆ရက်၊ ၂၀၀၈ သောင်ရင်းနဂါး)
(ကြယ်ဒီခို့ရွာ ဘုန်းကြီးကျောင်းကထိန်ပွဲနှင့် ကြိတ်ကြိတ်တိုးစည်ကားနေသော မြန်မာပြည်သား ပရိသတ်ကိုတွေ့ရပုံ)

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ် ကြယ်ဒီခို့ကျေးရွာ ဘုန်းကြီးကျောင်း၏ ကထိန်ပွဲမျာ (အောက်တိုဘာလ ၂၄-၂၅-၂၆)ရက် သုံးရက်တွင်ကျင်းပလျက်ရှိရာ ဇါတ်ပွဲငတ်နေသူ မြန်မာပြည်သားရွှေ့ပြောင်းအလုပ်သမား ပရိသတ်များဖြင့် ခြိမ့်ခြိမ့်သဲသဲ စည်းကားလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၏ တောင်ဘက် ၂၅ ကီလိုမီတာအကွာအဝေးတွင်ရှိသော ကြယ်ဒီခို့ကျေးရွာနှင့် ၀ပ်ကြယ်ဒီခို့ (ခေါ်) ကြယ်ဒီခို့ ဘုန်းကြီးကျောင်းတို့မှာ ယခုအချိန်ကထိန်ခင်းသောရာသီဆိုလျှင် ထိုင်းနှင့် မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် စုပေါင်းကုသိုလ်တော်ယူကြသလို အလုပ်ရှင်ထိုင်းများကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအကြိုက်ဖြစ်သော မြန်မာဇာတ်ပွဲကို သွားရောက် ငှားရမ်းစေကာ ကျင်းပလာခဲ့ကြ ကြောင်း သတင်းရရှိသည်။ ဤကထိန်ပွဲ(၀ါ)ဤပျော်ပွဲရွှင်ပွဲနှင့် ပတ်သက်၍ ကျင်းပရေးကော်မတီမှ ဦးရဲထွန်း(ဓါတ်ပုံ)အား ဟစ်တိုင်မှ မေးမြန်းကြည့် ရာ သူက ``အရင့်အရင်နှစ်တွေ တုန်းကလည်း မြန်မာပြည်ဘက်က ခါးပြတ်ဇါတ်ခေါ်မှာပေါ့။ ည ၁၂ နာရီ ၁ချက်တီး အထိခါးပြတ်ဇါတ်ကနိုင်ဖို့ စီစဉ် တာပါပဲ။ ၆ နှစ်လောက်ရှိပါပြီ။ အဲဒီနောက် ၃နှစ်လောက်မှာတော့ (ဒီနှစ်အပါအ၀င်ပေါ့နော်) မိုးအလင်း ဇာတ်ငှားပြီးကပြစေပါတယ်။ ပရိသတ်တွေ အများစုက မပြန်ချင်ကြဘူး။ ပြန်ရင်အခက်အခဲရှိတယ် ဘာညာနဲ့ ပြောလာကြလို့ မိုးလင်းဇာတ်က ပရိသတ်နဲ့ ပိုအဆင်ပြေတယ်လေ။ ၀ပ်ကြယ်ဒီခို့ ဘုန်းကြီးကျောင်းမှာက ဦးဇင်းရော ကိုရင်ပါ စုစုပေါင်း (၂၂)ပါး သီတင်းသုံးပါတယ်။ မြန်မာဘုန်းကြီး ၁ပါးပဲ ရှိပေမယ့် ထိုင်းရော မြန်မာပါ ဗုဒ္ဖဘာ သာဝင် အချင်းချင်းနာလည်မှုနဲ့ပဲ ကထိန်ခင်းလာကြတာအတော်ကြာပါပြီ။ ထိုင်းအလုပ်ရှင်တွေ(အထူးသဖြင့်) မြန်မာတွေ အလွယ်ခေါ်ကြတဲ့ မျှော့ပေါ့နော်။ မျှော့(ခေါ်)မုံလူမျိုးတွေကလည်း ဒီကုသိုလ်ပွဲမှာ မြန်မာဇာတ်ပွဲကို မြန်မာပြည်အထဲထိသွားငှားပြီး ကပြစေတယ်။ တခြားပျော်စရာတွေကတော့ ကာအိုကေပြိုင်ပွဲနဲ့ လက်ဝှေ့ပွဲရှိတယ်။ ကလေးတွေအတွက် ချားရဟတ်၊ မီးရထားကား၊ ရှိသလို ရွှေပွဲလာပရိသတ်တွေ ကံစမ်းမဲနိုက်ချင်တာအောင် ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ စက်ဘီးတွေနဲ့ ဆွယ်ထားတာပေါ့ဗျာ။ ပျော်စရာကြီးဗျ။ ကုသိုလ်လည်းရတယ်။ ပျော်လည်းပျော်ရတယ်လေ`` ဟု၍ ရှင်းပြ သည်။

နေ့ပိုင်းတွင် ကြယ်ဒီခို့ ဘုန်းကြီးကျောင်းဝန်းအတွင်းထားရှိသော ပဒေသာပင်များကို ရွှေပွဲကြွလာ ပရိသတ်များက အလှူငွေ၊ အလှူပစ္စည်း ကိုထည့်ဝင်လှူဒါန်းကြသည် ကိုတွေ့ရသည်။ ညပိုင်းတွင် တင်ဆင်နေသော(ဆန်းမိုးနိုင်)မြန်မာဇါတ်ပွဲကို လာရောက်ကြည့်ရှုသူတဦးဖြစ် သူ ကိုငွေက ``ကျနော်က မယ်ကုရွာက၊ စိုက်ပျိုးရေးအလုပ်သမားတဦးပါ ကျနော် ဒီပွဲကိုရောက်တာ ဒီတခါနဲ့ဆို ၃နှစ်ရှိပြီ။ ဟုတ်ပါတယ်။ အခု ၃နှစ်လုံးလုံး မိုးလင်းဇာတ်ပါပဲ။ ထိုင်းမှာနေတာ မြန်မာဇာတ်ပွဲ ကြည့်ရခဲတယ်ဗျ။ သီးလေးသီးအငြိမ့်က ကျောင်းသားဆေးခန်းတို့၊ တောရကျောင်းတို့မှာ လာကတုန်း က ကျနော်သွားကြည့်တာပဲ။ အခု ဆန်းမိုင်းနိုင်(မော်လမြိုင်၊ အပေါင်)ဇာတ်ကမကြည့်ဘူးဘူးဗျ။ ဘုန်းကြီးကျောင်း ကထိန်အတွက် ကျနော် ၀တ္ထုငွေ လည်းလှူပြီးပါပြီ။ ကျနော်တို့လုပ်အားခ တနေ့(၈၀)ဘတ်ဗျ။ အပိုအလျှံဘယ်ရှိမှာလဲဗျ။ ကုန်ဈေးနှုန်းကလည်းကြီးတယ်။ အစစ အရာရာပဲ။ ဒီဇါတ်ပွဲ ရှိရာ ကြယ်ဒီခို့ရွာကို အရင်နှစ်တွေက ကျနော်တို့ မယ်ကုကနေ ကားခ(၂၀-၂၅)ဘတ်ပဲဗျ။ အခု ၅၀ ဘန်ဖြစ်နေပြီ။ ရရစားစားပဲ နေထိုင်နေကြရ တယ်။ လုပ်အားခတွေကမတိုးပေမယ့် မြန်မာအလုပ်သမားတွေက တိုး. တိုးလာတယ်။ စက်ရုံအလုပ်ရုံက အလုပ်သမားကလည်း ပုံမှန်အလုပ်မရှိကြ တော့ ကျနော်တို့ စိုက်ပျိုးရေးအလုပ်တွေကို လာပြီးလုပ်တာများလာပြီ အဲဒီတော့ အားလုံးကျယ်တည်းကုန်ကြရတာပဲ`` ဟု၍ ရင်ဖွင့်သည်။

မြန်မာစကားကိုကောင်းစွာ ပြောနိုင်သော မျှော့(ခေါ်)မုံလူမျိုးအလုပ်ရှင်တဦးဖြစ်ြသော နိုင်းနီတိကလည်း ``ကျနော့်လူတွေ ပျော်တာမြင်ရင် ကနော်တို့လည်း ပျော်တာပါပဲ။ ကျနော်တို့က သူတို့ကို တနေ့လုပ်အားခ ၈၀ ဘတ်နှုန်းရှင်းပေးတယ်။ နေထိုင်မကောင်းရင် ကျနော့်ကားနဲ့ အာလမိုင် (ဆေးပေးခန်း)ပို့ပေးတယ်။ မြန်မာလူမျိုး ကျန်းမာရေးမှူးတွေနေတဲ့ အိမ်အထိကျနော်လိုပ်ပို့ပေးတယ်။ ကျနော်တို့က မြန်မာအလုပ်သမားတွေ လုပ်အားနဲ့ ထမင်းစားနေရတာ။ ကျနော်တို့မိသားစုက အခုလိုကထိန်ပွဲတို့၊ ကုသိုလ်ပွဲတို့မှာ လှူချင်တဲ့ တပည့်တွေကို ငွေကြိုတင်ထုတ်ပေးတာ။ ဘတ်ငွေ ၃၀ မျိုး ၅၀ မျိုး အလကားပေးလိုက်တာရှိပါတယ်။ သူတို့တတွေ လှူနိုင်ကြပါစေပေါ့ဗျာ။ ကျနော်တို့မိသားစုက မြန်မာတွေနဲ့ ပဌာန်းဆက်ပါ မလားပဲ။ ကျနော်က အခုဆိုရင် မြန်မာသီချင်းနားထောင်လို့ရတယ်။ ကရင် ဒုံးယိမ်းနဲ့ ရင်းနှီးတယ်။ မြန်မာဇာတ်ပွဲကြည့်လို့ရတယ်။ မြန်မာအစား အစာကို ကောင်းကောင်းစားနိုင်တယ်။ မြန်မာတွေဖွင့်ထားတဲ့ ကြယ်ဒီခို့ဆိုင်က လ္ဘက်ရည်ဆိုင်လည်း ကျနော်ထိုင်တာပါပဲ။ ကျနော်ကျေနပ်ပါတယ်။ ဗုဒ္ဖဘာသာဝင်တွေပဲလေဗျာ၊ ချစ်ကြည်ရင်းနှီးမှုက အဓိကပါပဲ`` ဟူ၍ လှိုက်လှဲစွာ ပြောပြသည်။

ကြယ်ဒီခို့ ဘုန်းကြီးကျောင်းနှင့် ကြယ်ဒီခို့ကျေးရွာမှ ဈေးဆိုင်၊ ဈေးတန်း၊ ရောင်းချသူများကလည်း အခုလိုပွဲရှိလျှင် ပိုမိုရောင်းကောင်း ကြောင်း ဟစ်တိုင်သို့ ပြောပြကြသည်။ ကြယ်ဒီခို့ရွာ ကျေးရွာလူကြီး မယ့်ဖုယိုင်ကလည်း မြန်မာအလုပ်သမားများ၏ ချွေးနည်းစာဖြင့် စုပေါင်းကုသိုလ်ပြုပွဲနှင့် ပျော်ပွဲရွှင်ပွဲဖြစ်သဖြင့် ထိုင်းလူမျိုးများအနေဖြင့် အစစအရာရာ သည်းခံပြီး ပူးပေါင်းပါဝင်ကြရန် အထူးမှာကြားထားကြောင်း တာဝန်ရှိသူများက ပြောပြသည်။ မိုးထဲလေထဲအခြေအနေထဲမှာပင် ရွှေပွဲလာမြန်မာပြည်သားပရိသတ်များသည် ပင်မကျောင်းဆောင်ပေါ်တွင် ခေတ္တမိုးခိုပြီး ဆန်းမိုးနိုင်ဇါတ်ပွဲကို ပြန်ကပေးပါရန် တောင်းဆိုကြသည်ကိုတွေ့ရသည်။
PhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket