Wednesday, October 29, 2008

ဂျပန်မှာသီးလေးသီးဖျော်ဖြေမှု

ချောအိသိန်း၏အနုပညာပြပွဲသို့

PhotobucketPhotobucket
စနေနေ့ပြပွဲကိုလည်တင်ဆက်ပါမည်။

အိတိုးရဲ့မင်္ဂလာသတင်း

Photobucket

မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးမှုးဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးထွန်းလွင်

စာလုံးကြီးမြင်ရန်အပေါင်းလက္ခဏာကိုနှိပ်ပါရန်။ ။
download file


ရှေးမြန်မာတို့ဝမ်းစာရှာပုံ

စာလုံးကြီးမြင်ရန်အပေါင်းလက္ခဏာကိုနှိပ်ပါရန်။ ။
download file


မြန်မာပြည်အုပ်ချူပ်ရေးသမိုင်း(ဒေါက်တာသန်းထွန်း)

စာလုံးကြီးမြင်ရန်အပေါင်းလက္ခဏာကိုနှိပ်ပါရန်။ ။
download file


အောက်တိုဘာလ 29 2008 သတင်း

Photobucket PhotobucketPhotobucketPhotobucketPhotobucketPhotobucket

လူ ၅၄ ဦးသေဆုံးခဲ့သည့် တရားမ၀င်လူသယ်မှု တရားခံများ ထောင်ဒဏ်များ ချမှတ်

နွယ်လေး။
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ငါးသယ်သည့် ရေခဲကားတွင်း မြန်မာအလုပ်သမား ၅၄ဦး အသက်ရှူမွန်းကျပ်ပြီး သေဆုံး သည့် တရားမ၀င်လူသယ်ယူမှုနှင့် ပတ်သက်သူ တရားခံ နှစ်ဦးအား မြန်မာနိုင်ငံ ကော့သောင်း တရားရုံးမှ ပြီးခဲ့ သည့် စက်တင်ဘာ၂၇ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်နှင့် ၂ နှစ် တရားစီရင် ချက်ချလိုက်သည်ဟု ကော့သောင်းဒေသခံ တစ်ဦးက ပြောသည်။

“ ဦးဝင်းနိုင်က သုံးနှစ် သူ့အမျိုးသမီးက ခြောက်လ ထောင်ကျတယ် ။ လူတွေက အမှန်တိုင်း ခန့်မှန်းကြတာ က လူသေတဲ့ ကိစ္စဆိုတော့ အနည်းဆုံး ဆယ်နှစ်၊ ကြိုးမိန့်၊ တစ်သက်တစ်ကျွန်းလို့ အများကြီး ထင်ကြတာပေါ့ ။ လူတွေ ဒီလောက်သေတာတောင် သုံးနှစ်ပဲကျတယ်။ မတန်ဘူးပေါ့ ။”

အဆိုပါ တရားမ၀င် လူသယ်ယူမှုတွင် ပါဝင်သူ ကားမောင်းသမားအား ထိုင်းတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။ တရားခံကားမောင်းသူမှ အပြစ်ရှိကြောင်း ၀န်ခံသဖြင့် တရားရုံးမှ ထောင်ဒဏ် ၆နှစ် သို့လျှော့ ချခဲ့သည် ။

၎င်း လူကုန်ကူးမှုတွင် ပါဝင်သည့် အခြားတရားခံ ၅ ယောက် ကို ထိုင်းရှေ့နေများ ကောင်စီမှ တရားစွဲ ဆိုထားဆဲ ဖြစ်သည် ။

“ရုံးချိန်းတက်နေတယ်။ ပြသာနာက မြန်မာဘက်က အမှုလာရင်ဆိုင်တဲ့လူက နေ့ချင်းပြန်ဖြစ်နေတော့ ဒီဘက်က လုပ်ရကိုင်ရတာ အခက်ခဲဖြစ်နေတယ်။ ရနှောင်းမြို့ပိုင်ရုံး တာဝန်ရှိသူက ဒီအမှုပြီးတဲ့ ထိ ဒီဘက်ခြမ်းမှာ နေပေး ဖို့ ပြောပါတယ် ။မြန်မာဘက်ခြမ်းက ခွင့်မပြုဘူး။ မနက်လာ ညနေပြန်ဆိုတော့ အခက်ခဲရှိတယ်။ လူကုန်ကူးမှုက ဒေသခံ ရာဇ၀တ်ဂိုဏ်းနဲ့ ပတ်သက်တော့ သူတို့ အသက်အန္တရာယ်လဲ စိုးရိမ်ရတယ်။ ဒါကြောင့် ကျနော်တို့ သွားတဲ့ချိန်ဆို ထိုင်းစစ်တပ်က လုံခြုံရေး တာဝန်ယူပေးရတယ်။”

ကားအာမခံကုမ္ပဏီမှ သေဆုံးသူများအား တစ်ဦးလျှင် ဘတ်တစ်သိန်း လျော်ကြေးငွေပေးမည် ဆိုသော်လည်း ယခုချိန်ထိ ကြန့်ကြာနေခြင်းမှာ စာရွက်စာတမ်းများ ပြည့်စုံခြင်းမရှိပဲ မြန်မာအစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း ကြောင့်ဖြစ်သည်ဟု ၄င်းအမှုတွင် လိုက်ပါဆောင်ရွက်သူ အခြေခံလူထု လူ့အခွင့်အရေးပညာပေး (GHRE) အဖွဲ့မှ ကိုထူးချစ်ကပြောသည်။

အာဆီယံအစည်းအဝေး ချင်းမိုင်တွင် ကျင်းပမည်
သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 19:44 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည့် အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီး၏ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဒီဇင်ဘာလတွင် ကျင်းပမည် ဖြစ်သည်။

မြို့တော်ဘန်ကောက်တွင် ကျင်းပရန် ယခင်က စီစဉ်ခဲ့သော်လည်း ချင်းမိုင်မြို့ ရှန်ဂရီလာ ဟိုတယ်တွင် ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ပြောင်းလဲကျင်းပရန် သတ်မှတ်လိုက်သည်။ အစည်းအဝေးသည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။

ချင်းမိုင်မြို့၏ သာယာသောရာသီဥတုကြောင့် ပြောင်းရွှေ့ကျင်းပရခြင်း ဖြစ်သည် ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော်လည်း ဘန်ကောက်တွင် အာဏာရအစိုးရကို ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် လုံခြုံရေးအရ နေရာပြောင်းလဲရခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

"အစည်းအဝေးကို လာရောက်ကျင်းပဖို့ကတော့ အခြေအနေအရ ပိုများတယ်…ချင်းမိုင်မှာလည် အစိုးရကို ဆန့်ကျင်တဲ့လူတွေ ရှိပေမယ့် သိပ်မများဘူး။ ထိမ်းလို့ရနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အဲဒါကြောင့် ချင်းမိုင်မှာ လာကျင်းပတာလို့ ထင်တယ်" ဟု လုံခြုံရေး အရာထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။

အစည်းအဝေး ကျင်းပမည့် ရှန်ဂရီလာ ဟိုတယ်က ကိုယ်စားလှယ်များအတွက် ဟိုတယ်အခန်းများ အားလုံး မှာယူထားပြီးဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ ( Association of Southeast Asian Nations ) အာဆီယံကို ၁၉၆၇ ခုနှစ် ၊ သြဂုတ်လ (၈) ရက်နေ့တွင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံ တို့နှင့် စတင် တည်ထောင်ခဲ့သည်။

ကလေးစစ်သားကို မိဘထံ ပြန်အပ်ရန် စစ်တပ်က ငြင်းဆန်
သဲသဲ
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 18:50 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်မှုထမ်းနေသော အရွယ် မရောက်သေးသော စစ်သားငယ်တဦးကို အုပ်ထိန်းသူများက ပြန်လည်ခေါ်ယူရန် ကြိုးစားသော်လည်း တပ်အရာရှိများက တားဆီး ပိတ်ပင်လိုက်သည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုမြို့နေ ကလေးစစ်သားလေးသည် အသက်မပြည့်သေးကြောင်း မွေးစာရင်း၊ ကျောင်းတက်လက်မှတ်များ ပြသကာ အမဖြစ်သူနှင့် ပြန်လည် အပ်နှံပါရန် ၀န်းသိုမြို့အနီးရှိ လေ့ကျင့်ရေးတပ်တွင် အောက်တိုဘာ ၁၈ ရက်နေ့က တောင်းယူသော်လည်း စစ်တပ်က ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

"ကျမ အဲဒီကို ရောက်သွားတော့ တပ်က အရာခံဗိုလ်တယောက်ရယ်၊ တပ်ကြပ်တယောက်ရယ် တွေ့ရပါတယ်။ သူတို့ ဘာပြောလဲဆိုတော့ ကလေးကို လာခေါ်တာလား၊ ပြန်ခေါ်လို့ မရဘူး၊ သင်တန်းကာလက ၄ လခွဲ တက်ရမှာ၊ အခု ၃ လ ရှိပြီဆိုတော့ ခေါ်လို့ မရဘူးလို့ ပြောတယ်" ဟု အမဖြစ်သူ မတင်ဌေးက ပြောသည်။

"ကလေးက မနေချင်ဘူး။ ပြန်လိုက်ချင်တယ်။ ဒါပေမဲ့ သူက မထွက်ပြေးရဲဘူးတဲ့။ ထွက်ပြေးရင်လည်း လိပ်စာအတိအကျ ပေးထားလို့ အိမ်လိုက်လာပြီး ခေါ်လိမ့်မယ်တဲ့။ လမ်းမှာ မိရင်လည်း သေအောင် ရိုက်မှာပဲတဲ့။ သူ ကြောက်တယ်လို့ ပြောပါတယ်။ သူတို့ (စစ်အာဏာပိုင်များ) ကလည်း လုံးဝ ပြန်ထည့်မပေးနိုင်ဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် ကျမတို့ သူ့ကို ထားခဲ့ရတယ်"

မတင်ဌေးသည် မောင်ဖြစ်သူကို မလှမ်းမကမ်းမှ စောင့်ကြည့်နေသည့် တပ်သားများ ရှေ့တွင် တနာရီနီးပါးကြာ စကားပြောခွင့် ရရှိခဲ့သည်။

စစ်သားငယ်သည် အသက် ၁၈ နှစ် မပြည့်သေးကြောင်း ပြသရန်အတွက် ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံချက်နှင့် ကျောင်းသား မှန်ကန်ကြောင်း ထောက်ခံစာနှင့် ကျောင်းမှ ကျောင်းအုပ်ကြီး၏ ထောက်ခံစာတို့လည်း တင်ပြခဲ့သည်။

ဇွန်လ ၂၀ ရက်နေ့က အသက် ၁၅ နှစ်အရွယ် ကျောင်းသားလေးသည် မိဘနှင့် စိတ်ဆိုးကာ အိမ်မှ ထွက်သွားခဲ့သည်။ လေးလခန့်ကြာ သတင်းပျောက်ဆုံးနေပြီးမှ စစ်ကိုင်းတိုင်း ၀န်းသိုမြို့နယ် အရာတော်ရွာအနီးရှိ လေ့ကျင့်ရေးတပ် ၁၁၁ တွင် လေ့ကျင့်ရေး တပ်သားအဖြစ် ရှိနေကြောင်း သိရှိခဲ့ကြသည်။ မိဘများသည် တောင်သူများဖြစ်ပြီး မိခင်ကို စိတ်ကောက်၍ နေအိမ်မှ ထွက်သွားခြင်း ဖြစ်သည်။

ယခုအခါ မိသားစုဝင်များက ပဲခူးမြို့ရှိ လမ်းပြကြယ်အဖွဲ့မှ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအေးမြင့်ကို အကူအညီတောင်းခံကာ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) ထံ တိုင်တန်းမှု ပြုလုပ်မည် ဖြစ်သည်။

ဦးအေးမြင့်ကလည်း ''တိုင်တန်းမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ။ အားလုံး အသင့်ရေးပြီးပြီ။ မနက်ဖြန်ကို (ILO) ရုံး သွားမယ်" ဟု ယမန်နေ့က ဆက်သွယ်မေးမြန်းမှုတွင် ပြောပြခဲ့သည်။

လမ်းပြကြယ်အဖွဲ့သည် ဒေသတွင်းရှိ အာဏာပိုင်များက လယ်ယာမြေများ သိမ်းယူမှုများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများအား လိုက်လံ ဖြေရှင်းပေးသလို၊ ILO အကူအညီကို ဆက်လက် တောင်းခံခြင်းဖြင့် ကလေးစစ်သား ၁၅ ဦးကို စစ်တပ်တွင်းမှ ပြန်လည် ထုတ်ယူနိုင်ခဲ့သည်ဟု ဦးအေးမြင့်က ပြောဆိုသည်။

ရွှေဂုံတိုင်အနီး ဓားပြမှုများ ဆက်တိုက်ဖြစ်
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 17:13 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်အနီး ရန်ကုန်မြို့တွင်း လူစည်ကားရာ ရွှေဂုံတိုင် လမ်းဆုံတ၀ိုက်တွင် သုံးရက်အတွင်း ဓားပြတိုက် လုယက်မှုနှစ်ခု ဖြစ်ပွားခဲ့သည်။

ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံအနီး အပေါ်ထပ်ရှိ ဆိုင်ပိုင်ရှင်မိသားစုရှိရာသို့ ယနေ့ နံနက် ၃ နာရီခန့်က လူစိမ်းတဦး ၀င်ရောက်လာပြီး ဓားပြကာ အိမ်ရှင် အမျိုးသမီးထံမှ ငွေနှင့် လက်ဝတ်စားများ ခြိမ်းခြောက်တောင်းခဲ့သည်ဟု အိမ်နီးချင်းများ အပြောအရ သိရသည်။

နေအိမ်ရှိ အခြားသူများ နိုးလာသောအခါ ၀ရံတာမှတဆင့် ဓားပြက ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။

သတင်းရေးသားချိန်အထိ ကုမ္မာရီစတိုးဆိုင်ကို ဆက်သွယ် မေးမြန်း၍ မရနိုင်သော်လည်း အိမ်နီးချင်းတဦး ပြောပြချက်အရ လက်ကောက်တခုနှင့် ငွေသားကျပ် ၃ သိန်း ဓားပြနှင့် ပါသွားသည်ဟု ဆိုသည်။

သို့သော် အမှုတိုင်တန်းထားခြင်း မရှိသေးကြောင်း ဗဟန်းရဲစခန်းက မဇ္ဈိမကို ပြောကြားသည်။

အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ရွှေဂုံတိုင်လမ်းဆုံမှ မီတာ ၂၀၀ ခန့်တွင် တည်ရှိသည်။ အဖွဲ့ချုပ်၏ လှုပ်ရှားမှုကို အာဏာပိုင်များက အမြဲမပြတ် စောင့်ကြည့်နေသဖြင့် ရွှေဂုံတိုင် လမ်းဆုံအနီးတွင် လုံခြုံရေးများ မပြတ်မလပ် ရှိနေသော်လည်း နောက်ထပ် လုယက်မှုတခုလည်း ပေ ၁၀၀ ခန့် ဝေးကွာသော နေရာတွင် ဖြစ်ပွားခဲ့သေးသည်။

တနင်္လာနေ့က ယုဇနတာဝါ ၁၃ ထပ်ရှိ နေအိမ်ခန်းတခုကို လူတစုက ၀င်ရောက် ဓားပြတိုက်ခဲ့သည်။

"ဓားပြမှုနဲ့ အမှုလာဖွင့်ထားတာ ဟုတ်ပါတယ်။ ယုဇန တာဝါက အခန်းတခုမှာပါ။ … တရားခံ မမိသေးပါဘူး" ဟု ဗဟန်းရဲခန်းမှ အရာရှိတဦးက မဇ္ဈိမကို အတည်ပြု ပြောသည်။

သို့သော်လည်း သတင်းဌာနများသို့ ဖြေကြားခွင့် မရှိသေး၍ အသေးစိတ်ပြောရန် ငြင်းဆန်သွားခဲ့သည်။

ဓားပြတိုက်သူများက အိမ်ရှင်များကို ချုပ်နှောင်၊ ပါးစပ်များကို တိတ် Tape ဖြင့် ပိတ်ကာ ငွေနှင့် လက်ဝတ်ရတနာများ လုယူသွားခဲ့သည်ဟု အိမ်နီးချင်းတဦးက ပြောသည်။

"ကျမတို့ တခါတလေ အဲဒီ အထပ်ကို ဓာတ်လှေကားနဲ့ ပါသွားမိရင်တောင် အဲဒီ အထပ်က သံဇကာနဲ့ ပိတ်ထားတာကြီး။ အကြောင်းသိပဲ ဖြစ်ဖို့ များမယ်" ဟု ယုဇနတာဝါ ၉ ထပ်တွင် နေသူတဦးက မဇ္ဈိမကို ပြောသည်။

ယုဇန တာဝါသည် အောက်ဆုံးထပ်တွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင် လူနေအိမ်ခန်းများနှင့် ရုံးခန်းများလည်း ဖွင့်လှစ်ထားသည်။

၂၅ နှစ်အတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးသော မြောက်ကိုရီးယား ခရီးစဉ်
မုံပီး
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 13:21 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ မြောက်ကိုရီးယား ခရီးစဉ်သည် အရှေ့တောင်အာရှမှ အထီးကျန် မြန်မာနိုင်ငံနှင့် အတွေးအခေါ် ဆင်တူသည့် နိုင်ငံများကို မိတ်ဆွေဖွဲ့သည့် ခရီးစဉ်တခု ဖြစ်သည်ဟု ဆန်းစစ်လေ့လာသူတဦးက ပြောသည်။

ထိုခရီးစဉ်သည် နှစ်နိုင်ငံအတွက် သမိုင်းအလှည့်အပြောင်း တခုပင်ဖြစ်ပြီး အထီးကျန်နေသော မြန်မာ စစ်ဗိုလ်ချုပ်များအတွက် တူညီသော အတွေးအခေါ်များကိုမျှ ဝေလက်ခံနိုင်မည့် မိတ်ဆွေရှာဖွေခြင်း တခုအဖြစ်သာ ရည်ညွှန်းသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ဆန်းစစ်လေ့လာသူ ကိုအောင်နိုင်ဦးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ဦးဥာဏ်ဝင်းရဲ့ ခရီးစဉ်ဟာ သာမန်ခရီးစဉ်တခုပါပဲ။ ဒါပေမဲ့ ဒါဟာ အတွေးအခေါ်တူတဲ့ နိုင်ငံတွေရဲ့ လိုလားမှုတွေကို ပိုပြီး နီးကပ်သွားစေတယ်လို့ ရည်ညွှန်းလိုက်တာပါပဲ" ဟု ကိုအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။

ဦးဥာဏ်ဝင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းသို့ ရောက်ရှိခဲ့ပြီး သူနှင့် ရာထူးအဆင့်တူ "ပတ်အူရီချမ်း" က ကြိုဆိုနှုတ်ဆက်ခဲ့၍ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးသည် "မန်ဆူဒေ" စည်းဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာနတခုဖြစ်သော "ကိုရီးယား ဗဟိုသတင်းဌာန" (KCNA) မှ သတင်းပေးပို့ချက်တခုတွင် ဖော်ပြထားသည်။

သို့သော် (KCNA) မှ မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ လာရောက် လည်ပတ်မှုနှင့်ပတ်သက်၍ နောက်ထပ် အသေးစိတ် တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါ။

ကိုအောင်နိုင်ဦးက နှစ်နိုင်ငံ ဆက်ဆံရေး အနေအထားအပေါ် ယခုလို ဝေဖန်ထောက်ပြသည်။

''နိုင်ငံနှစ်ခုကြားမှ ဖွံဖြိုးလာတဲ့ ဆက်ဆံရေးဟာ ကုန်သွယ်ရေး ပြန်လည်စတင်မှုအပြင် လက်နက်ခဲယမ်းနဲ့ နျူကလီးယားနည်းပညာ ထောက်ပံ့မှုတွေ ပါရှိလာနိုင်ပေမယ့်လည်း ဒါဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတခုတော့ ဖြစ်မလာနိုင်ပါဘူး။ ရှေးရိုးစကားတခုလိုပါပဲ၊ အမွေးအတောင်တူတဲ့ ငှက်တွေ အုပ်စုဖွဲ့တာပါပဲ'' ဟု သူက ပြောသည်။

ဦးဥာဏ်ဝင်းသည် ၁၉၈၃ ခုနှစ်က နှစ်နိုင်ငံ သံတမာန် အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး ၂၅ နှစ်အကြာတွင် ပြုံယမ်းသို့ ပထမဆုံး သွားရောက်သော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။

ထိုအချိန်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်အား ပစ်မှတ်ထား၍ မြောက်ကိုရီးယား လျှို့ဝှက် အေးဂျင့်များက ရန်ကုန်တွင် ဗုံးခွဲခဲ့သည့် ၁၉၈၃ တွင် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် သံတမန် အဆက်အသွယ် ဖြတ်ခဲ့ကြသည်။ ချန်ဒူးဝမ်အား မထိခိုက်ခဲ့သော်လည်း တောင်ကိုရီးယား ဝန်ကြီး ၄ ဦး အပါအဝင် ၂၁ ဦး သေဆုံးခဲ့သည်။

သို့သော်လည်း နှစ်နိုင်ငံတို့က ၂၀၀၇ ခုနှစ် ဧပြီလတွင် သံတမန် ဆက်ဆံရေး ပြန်လည်စတင်ရန် သဘောတူခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ နိုင်ငံများ၏ လက်နက်ရောင်းချမှု ပိတ်ပင်ခံထားရသော မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ လက်နက်များ ဝယ်ယူခဲ့သည်ဟု ပြောဆိုနေကြသည်။

ဆက်ဆံရေး ပြန်လည် စတင်ခဲ့ပြီးချိန် ကတည်းက နှစ်နိုင်ငံအရာရှိများသည် သံတမန်ဆိုင်ရာ ခရီးစဉ်အချို့ကို စတင်ခဲ့ကြရာ မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်သည် မကြာသေးခင်က မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ စစ်တပ်အဆင့်မြင့် အရာရှိကြီးများ ဦးဆောင်သည့် အဖွဲ့တဖွဲ့သည်လည်း ယခုနှစ်စောစောပိုင်းက မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်သွားခဲ့သည်။

အရေးယူချမှတ်သည့် ကျောက်မျက်ဥပဒေကို ထောက်ခံသင့်ကြောင်း HRW ပြော
ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 13:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ ထုတ်လုပ်သော ကျောက်မျက်များ မဟုတ်ကြောင်း ရတနာကုန်သည်များက မပြောနိုင်ပါက အဆိုပါ ရတနာများကို ဝယ်ယူခြင်းမပြုဘဲ အမေရိကန်၏ ဥပဒေသစ်ကို စားသုံးသူများက ထောက်ခံသင့်ကြောင်းဖြင့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး (HRW) က တနင်္လာနေ့က တောင်းဆို ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံမှ ကျောက်မျက်များ ဝယ်ယူခြင်းသည် စစ်အစိုးရကို ဒေါ်လာ သန်းပေါင်းများစွာပေး၍ သက်ဆိုးရှည်စေနိုင်ပြီး၊ မြန်မာနိုင်ငံသားများကို ဖိနှိပ်သော အုပ်ချုပ်မှုအောက်တွင် ဆက်လက် ရှိနေစေလိမ့်မည် ဖြစ်ကြောင်းဖြင့် HRW က ထုတ်ပြန်သော ကြေငြာချက်တွင် ဖေါ်ပြ ရေးသားထားပါသည်။

မြန်မာစစ်အစိုးရအပေါ် ဖိအား ပိုမိုပေးသည့် အနေဖြင့် မြန်မာနိုင်ငံမှ ပတ္တမြားနှင့် ကျောက်စိမ်းများ ဝယ်ယူခြင်းမပြုရန် တင်းကြပ်စွာ တားမြစ်သည့် ဥပဒေတရပ်ကို အမေရိကန် ပြည်ထောင်စုက တနင်္လာနေ့က ပြဌာန်းလိုက်ပါသည်။ တွမ်လန်းတော့စ် မြန်မာ့ကျောက်မျက်ဥပဒေ (JADE – Junta's Anti-Democratic Efforts) ကို လွှတ်တော် ၂ ရပ်စလုံးက တညီတညွတ်တည်း အတည်ပြုခဲ့ပြီး၊ သမတ ဂျော့ဘုရှ် (George W. Bush) က ၂ဝဝ၈ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန် ကြေငြာခဲ့ပါသည်။

"ဒါဟာ အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် ဖိအားပေးတဲ့ အဓိက ခြေလှမ်းတရပ် ဖြစ်ပါတယ်၊ ကျောက်မျက်ရတနာ ကုန်သွယ်ရေးဟာ မြန်မာစစ်အစိုးရကိုရော သူနဲ့နီးစပ်တဲ့ ပုဂ္ဂလိက ကုန်သည်တွေကိုပါ အကျိုးအမြတ် ဖြစ်စေပါတယ်" ဟု HRW ၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီဆန် (David Scott Mathieson) က မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

သို့သော် "မြန်မာ့ ကျောက်မျက်ရတနာ အချို့သည် အမေရိကန် ဈေးကွက်တွင် ယခုတိုင် ရှိနေဆဲ ဖြစ်သည်" ဟု သူက ပြောကြားသွားခဲ့ပါသည်။ အမေရိကန် ဥပဒေပြု အမတ်များ အနေနှင့် အာရှမှ ရတနာ ပေးပို့တင်သွင်းနေသူများကို စိစစ်သည့် အခြေအနေကို လေ့လာစစ်ဆေးပြီး သူတို့ ရောင်းချနေသော ရတနာမျာနှင့် ပတ္တမြားများ မည်သည့်နေရာက ထွက်ရှိသည်ကိုပါ စစ်ဆေးသွားသင့်ကြောင်းဖြင့်လည်း တိုက်တွန်းသွားပါသည်။

"အမေရိကန် လက်ဝတ်ရတနာ လက်လီရောင်းချသူများဟာ မြန်မာပတ္တမြားတွေနဲ့ ကျောက်စိမ်းတွေကို နှစ်ပေါင်းများစွာ ဝယ်ယူခဲ့ကြပြီး စစ်အစိုးရရဲ့ ရက်စက်မှုတွေကို ဘဏ္ဍာရေးအရ အထောက်အပံ့ ပေးခဲ့ကြပါတယ်" ဟု HRW ၏ စီးပွါးရေးနှင့် လူ့အခွင့်အရေး အစီအစဉ် ဒါရိုက်တာ Arvind Ganesan က ကြေငြာချက် ထုတ်ပြန်၍ ပြောကြားသွားပါသည်။

"ဤကုန်သွယ်ရေး လုပ်ငန်းကို ထောက်ခံခြင်းသည် ယခုအခါ တရားမဝင်လုပ်ရပ် ဖြစ်နေပြီ" ဟု သူက ပြောပါသည်။

ဤဥပဒေသည် လက်မှတ်ရေးထိုး ထုတ်ပြန်ကြေငြာအပြီး ရက်ပေါင်း ၆ဝ အကြာ စက်တင်ဘာ ၂၇ ရက်နေ့တွင် အတည်ဖြစ် အာဏာတည်ပါသည်။ သို့သော် အမေရိကန် အကောက်ခွန်နှင့် နယ်စပ် ကာကွယ်ရေးဌာနကမူ ဤ အစီအစဉ်ကို တဆင့်ပြီးတဆင့် အကောင်အထည် ဖေါ်နေကာ ဆိုင်းငံ့ကာလ ရက်ပေါင်း ၃ဝ ကိုလည်း ခွင့်ပြုထားပါသည်။ ယင်းဆိုင်းငံ့ကာလသည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကုန်ဆုံးသွားပြီဖြစ်ပြီး ယခုအခါ ရတနာလုပ်ငန်း အနေဖြင့် ဥပဒေ စည်းမျဉ်းသစ်များအတိုင်း လိုက်နာ လုပ်ကိုင်ရတော့မည် ဖြစ်ပါသည်။

မြန်မာ့ကျောက်မျက် ပိတ်ဆို့ရေးဥပဒေ (JADE) ကို လိုက်နာသည့်အပြင် ရတနာကုန်သည်များနှင့် လက်လီရောင်းချ သူများအနေဖြင့်လည်း မြန်မာနိုင်ငံက ထုတ်လုပ်သည်ဟု သိထားသော အခြား ကျောက်မျက်များကိုလည်း ဝယ်ယူရာတွင် သေချာစွာ စိစစ်ရွေးချယ် ဝယ်ယူကြခြင်းဖြင့် မြန်မာစစ်အစိုးရကို မရည်ရွယ်ဘဲ ထောက်ခံမိသလို မဖြစ်ရန်လည်း HRW က တိုက်တွန်းပြောကြားပါသည်။

ကျောက်မျက်ရတနာများ ဝယ်ယူသည့်အခါ လက်လီ ရောင်းချသူများက အဆိုပါ ကျောက်မျက်များ မည်သည့်နေရာမှ တူးဖေါ်ထုတ်လုပ်ကြောင်း စာဖြင့် ရေးသားထားသည့် အသိအမှတ်ပြု လက်မှတ် ထုတ်မပြနိုင်ပါက၊ (ဥပမာ အရောင်း ပြေစာ)၊ ဝယ်ယူခြင်း မပြုကြပါရန်လည်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး (HRW) က ဆက်လက် ပြောဆိုသွားပါသည်။

ဤသို့ သွင်းကုန် ပိတ်ဆို့အရေးယူမှုများ ချမှတ် အရေးယူထားသည်သာမက အမေရိကန် ဘဏ္ဍာရေးဌာနကလည်း မြန်မာ့ဦးပိုင်လီမိတက်၊ စစ်အစိုးရ ပိုင်ဆိုင်သည့် လုပ်ငန်းများဖြစ်သော မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်း၊ မြန်မာ့ပုလဲ လုပ်ငန်း၊ မြန်မာ့ အင်ပီရီးယဲလ် ကျောက်စိမ်းကုမ္ပဏီတို့ အပါအဝင် မြန်မာကုမ္ပဏီအချို့ကို ရွေးချယ်ပိတ်ဆို့ အရေးယူမှုများလည်း ပြုလုပ်ထားပါသည်။

ဤသို့ အမေရိကန်ပြည်ထောင်စုက မြန်မာ့ရတနာများကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော်လည်း၊ သူတို့ထံမှ ကျောက်မျက် ဝယ်ယူသူများမှာ စင်္ကာပူ၊ ဟောင်ကောင် နှင့် ထိုင်းနိုင်ငံတို့ ကဲ့သို့သော အာရှနိုင်ငံများမှသာ ဖြစ်သည့်အတွက် ထိုဥပဒေကြောင့် အနည်းငယ်သာ ထိခိုက်မှု ရှိကြောင်းဖြင့်လည်း မြန်မာ ရတနာကုန်သည်များနှင့် ကျောက်မျက် စီးပွါးရေးသမားများက ပြောကြားကြပါသည်။

ရန်ကုန်ရှိ ပုဂ္ဂလိက ကျောက်မျက် အရောင်းအဝယ် လုပ်သူများကလည်း ရတနာ အရောင်းအဝယ် လုပ်ငန်းသည် ကောင်းမြဲကောင်းနေဆဲဖြစ်ပြီး၊ ဒေသတွင်းနိုင်ငံများမှ ဝယ်ယူသူ အများအပြား ဆက်လက် ဝင်ရောက်ဝယ်ယူနေဆဲ ဖြစ်ကြောင်းဖြင့် ပြောပါသည်။

"ကျနော်တို့က စင်္ကာပူ၊ ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံတွေကို ကျောက်မျက်တွေ ရောင်းတာပါ" ရန်ကုန်မြို့မှ ကျောက်မျက်ရတနာ ကုန်သည်တဦးက မဇ္ဈိမကို ပြောပါသည်။
ဤသို့ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူထားသော်လည်း မြန်မာစစ်အစိုးရက ကျောက်မျက်ရတနာ ပြပွဲတရပ်ကို ရန်ကုန်မြို့တွင် ယခုလ အစောပိုင်းက ပြုလုပ်ခဲ့ပါရာ အမေရိကန်ဒေါ်လာ ၁၇၂ သန်း ရရှိခဲ့ပါသည်။ ဤပြပွဲသို့ တရုတ်၊ ထိုင်း၊ ဂျပန် နှင့် ကနေဒါနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံခန့်မှ ရတနာကုန်သည်ပေါင်း ၂၆၄၈ ဦး လာရောက်ဝယ်ယူခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်လတွင် ဆရာဝန်နှင့် တွေ့ခွင့်ပြုမည်
မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 21:22 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စစ်ဆေးရန်အတွက် သူ၏ မိသားစုဆရာဝန်နှင့် လာမည့် လဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံဦးမည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာတင်မျိုးဝင်းနှင့် နိုဝင်ဘာလဆန်းတွင် တွေ့ဆုံခွင့် ထပ်မံခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သူ ဆရာဝန်နဲ့ နိုဝင်ဘာလဆန်းမှ တွေ့ခွင့် ရပါလိမ့်မယ်။ ရှေ့နေနဲ့ တွေ့ခွင့်မရသေးပါဘူး။ တိုးတက်မှု မရှိသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆရာဝန်နှင့် နောက်ဆုံး တွေ့ခွင့်ရသည်မှာ အောက်တိုဘာ ၂ ရက်နေ့က ဖြစ်သည်။ ယခုအခါ အကျယ်ချုပ် ကျခံနေရသည့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အနီးမှ သံဆူးကြိုးများနှင့် စစ်ဆေးရေးဂိတ်များကို ဖယ်ရှားထားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရခြင်း ဖြစ်သည်။

သခင်တင်မြ ဟောင်ကောင် အစည်းအဝေး သွားရောက်ဖွယ်ရှိ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 20:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာ့အရေး ဆွေးနွေးရန်အတွက် သခင်တင်မြ အပါအ၀င် အထင်ကရ နိုင်ငံရေးသမားကြီး ၃ ဦးက ဟောင်ကောင်သို့ လာမည့် ဒီဇင်ဘာလအတွင်း သွားရောက်ဖွယ် ရှိသည်။

ကိုလိုနီနယ်ချဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် သခင်လှကွန်း၊ သခင်တင်မြနှင့် ရှမ်းအမျိုးသား ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုံးတို့ ဖြစ်သည်။

သူတို့ကို ဟောင်ကောင် တက္ကသိုလ်၊ အာရှနှင့် နိုင်ငံတကာ လေ့လာရေးဌာနမှ လက်ထောက် ပါမောက္ခ ဒေါက်ကျော်ရင်လှိုင်က ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းကနေ ကြားသိရသည်။

သို့သော် အစည်းအဝေး ဖြစ်မြောက်မည် မဖြစ်မြောက်မည်ကို ယတိပြတ် ပြော၍ မရသေးပါ။

မြန်မာပြည်တွင်းမှ နိုင်ငံရပ်ခြားသို့ သွားရောက်ကာ မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေများအား လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးတင်ပြမည့် အစီအစဉ်ဖြစ်သဖြင့် မြန်မာစစ်အစိုးရက သူတို့ သွားရောက်ရေးအပေါ် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို မပြောနိုင်သေးပါ။

သို့သော်လည်း သခင်ကြီးများသည် လက်ရှိ မြန်မာ့နိုင်ငံရေး အဖြေရှာရာတွင် လိပ်ခဲတည်းလည်း ဖြစ်ရခြင်းသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံ အင်အားစုများဘက်က တင်းမာမှုကြောင့်ဟု ဝေဖန် ပြောဆိုတတ်သူများအဖြစ် လူသိများသည်။

ရှမ်းအမျိုးသားခေါင်းဆောင် ဦးရွှေအုံးသည် စစ်အစိုးရမှ မကြာသေးခင်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် နိုင်ငံရေး လမ်းစဉ်များကို ထောက်ပြဝေဖန်လေ့ရှိသူဖြစ်ပြီး၊ သခင် နိုင်ငံရေးသမားကြီးများကမူ ဖွဲ့စည်းပုံဥပဒေ မရှိသည်ထက် စာလျှင် ရှိနေခြင်းက တော်သေးသည်ဟူ၍ မှတ်ချက် ပေးခဲ့ကြသည်။

သူတို့သည် ရန်ကုန်မြို့ရှိ ၀ါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့နှင့် မည်သို့မှ ပတ်သက် ဆက်စပ်ခြင်း မရှိကြောင်း သိရသည်။

နာဂစ် ဘောလုံး ရန်ပုံငွေ သိန်း ၁၂၀ ကျော်ရရှိ
နန်းဒေ၀ီ၊ သဲသဲ
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 20:42 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ် လေဘေးကယ်ဆယ်ရေး ရန်ပုံငွေ ရှာဖွေသည့် ဘရာဇီးနှင့် မြန်မာ ဘောလုံးအသင်း၏ ဘောလုံးကစားပွဲ နှစ်ပွဲမှ ကျပ်သိန်းပေါင်း ၁၂၅ ကျော် ရရှိလိုက်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့နှင့် ယနေ့တွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်း၌ ကျင်းပသည့် ဘောလုံးပွဲများမှ နာဂစ်ရန်ပုံငွေအဖြစ် ကျပ်ငွေ ၁၂၅ သိန်းကျော် ရရှိခဲ့ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်မှ ပြောဆိုခြင်း ဖြစ်သည်။

''တနင်္ဂနွေနေ့တုန်းက လက်မှတ်ရောင်းရငွေ ကျပ် ၈၀ သိန်း ရတယ်လေ။ ဒီနေ့ ညနေ ၃ နာရီခွဲမှာ ဒုတိယပွဲစဉ် ဆက်ကစားတော့ ၄၅ သိန်း ရခဲ့တယ်။ စုစုပေါင်း မြန်မာကျပ်ငွေ ၁၂၀ သိန်းကျော် ရတာပေါ့နော်'' ဟု မြန်မာဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့က ဘရာဇီး ဘောလုံးအသင်းမှ အားကစားသမားများသည် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ လေဘေးသင့် ဒေသများဖြစ်သည့် ကွမ်းခြံကုန်း၊ ဖျာပုံနှင့် ကျိုက်လတ်ဒေသများသို့ သွားရောက်ကာ လေဘေးဒုက္ခသည်များကို အားပေးစကားများ ပြောကြားခဲ့သည်။

အဖွဲ့ချုပ် တာဝန်ရှိသူက "ဘောလုံးအဖွဲ့ချုပ်က ဦးဇော်ဇော်တို့ ဦးဆောင်ပြီးတော့ ဘရာဇီး ဘောလုံးသမားတွေ သွားကြတယ်။ ကစားသမားတွေက အားပေးစကားတွေ ပြောကြတယ်။ လေဘေးသင့်လူတွေကို မြင်တော့ သူတို့တွေ စိတ်မကောင်းဖြစ်ပြီး မျက်ရည်လည်ကြတယ်" ဟု ပြောသည်။

နာဂစ်ရန်ပုံငွေများကို မြန်မာဘောလုံးအဖွဲ့ချုပ်က လေဘေးသင့် ဒုက္ခသည်များသို့ သွားရောက်လှူဒါန်းမည် ဖြစ်သော်လည်း မည်ကဲ့သို့ လှူဒါန်းသွားမည်ကို အသေးစိတ် မသိရှိရပါ။

ယနေ့ပွဲစဉ်အတွက် လက်မှတ်ရောင်းရာတွင် ယခင် ပွဲဦးထွက် ပွဲစဉ်တွင် အထက်တန်း လက်မှတ်တစောင်လျှင် ကျပ်ငွေ ၅၀၀၀ ရောင်းခဲ့ရာမှ ယခုအခါ ကျပ် ၁၀၀၀ ၊ ရိုးရိုးတန်း တစောင်အတွက် ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀ အထိ လျှော့ချကာ ရောင်းခဲ့သည်။ ယနေ့ လာရောက်ကြည့်သူပေါင်း ၆၀၀၀ ကျော် ရှိသည်ဟု ပွဲစီစဉ်သူတဦးက ယခုလို ပြောသည်။

သူက "ဘောလုံးပွဲကို ပရိသတ်တွေ များများ လာကြည့်စေချင်တယ်။ ငွေရဖို့ အဲလောက် မမျှော်မှန်းပါဘူး။ ဒါကြောင့် လက်မှတ်ဖိုးတွေကို ချလိုက်တာပါ။ ဒါမှပဲ ဘောပွဲကြည့်ချင်တဲ့သူတွေ များများလာနိုင်မယ်" ဟု ပြောသည်။

ပထမနေ့ ကစားရာတွင် ဘရာဇီးအသင်းက မြန်မာအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး၊ ယနေ့ပွဲစဉ်တွင်မူ ဘရာဇီးက ပထမပိုင်း မိနစ် ၃၀ အကြာတွင် ၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ဒုတိယပိုင်း၌ မြန်မာဘက်က ချေပဂိုး သွင်းနိုင်ခဲ့သဖြင့် သရေပွဲဖြစ်ခဲ့သည်။

ပွဲကြည့်သူတဦးက "ခြေက ကွာတယ်ဗျ။ ဘရာဇီးအဖွဲ့က ခြေပိုသာတာပေါ့ဗျာ" ဟု ပြောသည်။

အစောပိုင်းက ဘောလုံးပွဲကို သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပမည်ဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီး ဖလားပွဲရှိသဖြင့် ဒဂုံမြို့နယ်ရှိ အောင်ဆန်း အားကစားကွင်း၌ ကျင်းပခဲ့ရသည်။

ထို့အတွက် ဘရာဇီး-မြန်မာ ဘောလုံးပွဲအား ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်ထုတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ဘရာဇီးဘက်မှ ၁၉၉၈ ခုနှစ် ဘရာဇီး လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သည့် ကွင်းလယ် ကစားသမား ကားလို့စ် ဆီဇာဆမ်ဘာရီယို (Carlos Ceaser Sambario) ပါဝင်ကစားခဲ့သည်။

ရန်ကုန်ရှိ ထောက်လှမ်းရေးပိုင် တိုက်ခန်းများ လေလံတင်ရောင်းချ
NEJ/ ၂၉ အောက်တိုဘာ ၂၀၀၈

နိုင်ငံပိုင်အဖြစ်သိမ်းဆည်းထားသည့် ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်နှင့် ၄င်း၏အဆက်အနွှယ်များ ပိုင်ဆိုင်သည့် တိုက်ခန်းများ အပါအ၀င် တိုက်ခန်း (၅၀)ကျော်ကို စစ်အစိုးရက ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်) သတင်းရပ်ကွက်မှ သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီက တိုက်ခန်းများကို ပြန်ရောင်းချနေခြင်းဖြစ်ပြီး ရောင်းချသည့် တိုက်ခန်း(၅၂)ခန်း အနက် ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွှန့်ပိုင် တိုက်ခန်း (၁)ခန်း၊ ၎င်း၏သား ရဲနိုင်ဝင်း၏တိုက်ခန်း (၁)ခန်း၊ ၎င်း၏ ကိုယ်ရေး အရာရှိ နိုင်ဌေး၏ တိုက်ခန်း (၁၃) ခန်းနှင့် ၎င်း၏သားမက်ပိုင် တိုက်ခန်း(၆)ခန်းတို့ပါဝင်သည်ဟု အိုးအိမ်ဌာနနှင့် နီးစပ် သူတဦးကပြောသည်။

တိုက်ခန်းဝယ်ယူလိုသူတို့အနေဖြင့် ရန်ကုန်ရှိ အိုးအိမ်ဦးစီးဌာနသို့ အောက်တိုဘာလ (၃၁) ရက်နေ့နောက်ဆုံး ထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူတို့အနေဖြင့် တိုက်ခန်းတန်ဖိုးအပြင် အခွန်ငွေ (၁၅) ရာခိုင်နှုန်းကိုပါ တပါတည်း ပေးသွင်းရမည်ဖြစ်ပြီး တိုက်ခန်းလွှဲပြောင်းလက်ခံခြင်းနှင့် လူနေ ထိုင် ခွင့်ကိစ္စကို သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အိုးအိမ်ဌာနက ကြေညာထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို ၂၀၀၄ အောက်တိုဘာ (၁၉)ရက်တွင် နအဖ စစ်အစိုးရက ကျန်းမာရေး အ ကြောင်း ပြချက်ဖြင့် ၀န်ကြီးချုပ် တာဝန်မှအနားပေးလိုက်ပြီး ၂၀၀၅ ဇူလိုင်တွင် အဂတိလိုက်စားမှု အပါအ၀င် စွဲချ က် (၈)ခုဖြင့် တရားစွဲဆိုကာ ဆိုင်းငံ့ ထောင်ဒဏ် (၄၄)နှစ် ချမှတ်ခဲ့သည်။ သို့သော် ၎င်း၏အဂတိလိုက် စားမှုများနှင့် ပတ်သက်၍ အများပြည်သူများသိရှိရန် ယခုအချိန်အထိ စစ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် နှင့်ဆက်နွှယ်သည့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်(၃၀၀)ကျော်ကိုလည်း စီးပွားရေး မသမာမှု၊ လာဘ်စားမှုများဖြင့် ထိုစဉ်က ဖမ်းဆီးအရေးယူခဲ့ပြီး အချို့ကို ထောင်ဒဏ်နှစ် (၁၀၀) ကျော် အထိချ မှတ်ခဲ့သော်လည်း အဆိုပါ လာဘ်စားမှုများကို အများပြည်သူသိအောင် စစ်အစိုးရမှ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိမ်းဆည်းထားသောတိုက်ခန်းများအား ပြန်ရောင်းချနေသည့်နည်းတူ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနကလည်း နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ကားအစီး (၁၀၀) ကျော်ကို တောင်ငူမြို့၌ လေလံတင်ရောင်းချခဲ့ပြီး ရန်ကုန်၌လည်း ထပ်မံရောင်းချရန်စီစဉ်နေကြောင်း စုံစမ်းသိရသည်။

လွယ်ဟိန်းကုမ္ပဏီ စက်မှု(၁)၀န်ကြီးဌာနကို ကျပ်သန်း ၆၀၀၀ ကျော် မပေးနိုင် မြန်မာ့စားသောက်ကုန်လုပ်ငန်းပိုင်စက်ရုံများဝယ်သူမရှိ
NEJ/ ၂၉ အောက်တိုဘာ ၂၀၀၈

စက်မှု (၁) ၀န်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ၀န်ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ စာရင်းရှင်းကြရာ စိုင်းစံထွန်းဘက်မှ ပေးရန်ရှိငွေ ကျပ်သန်းပေါင်း ၆၀၀၀ ကျော် မပေးနိုင်ဖြစ်နေသည်ဟု စက်မှု (၁) ၀န်ကြီးရုံး သတင်းရပ်ကွက်က ပြောသည်။

သို့သော် စိုင်းစံထွန်းပိုင် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းနှင့် ပတ်သက်နေသည့်အတွက် စိုင်းစံထွန်း ကျပ်သန်းပေါင်း ၆၀၀၀ ကျော် ပြန်မဆပ်လျင် စက်မှု (၁) ၀န်ကြီးဌာနမှ မည်သို့ အရေးယူမည်ကို ရန်ကုန်စီးပွားရေးလောကမှ စိတ်ဝင်တစား ဖြစ်နေကြသည်ဟု အရာရှိတဦးက ပြောသည်။

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နေပြည်တော်ဝန်ကြီးဌာနများကို အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထားပြီး စာရင်းစစ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးပြီး နောက်ပိုင်း စက်မှု (၁) ၀န်ကြီးဌာနကို စာရင်းပိတ်ရာမှ ယခုကဲ့သို့ ပုဂ္ဂလိက အပိုင်းမှ စာရင်းမရှင်းနိုင်သည့် အမှုများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။

ထိုအတောအတွင်း ရန်ကုန်မြို့မှာ အများဆုံးရှိပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်း အောက်ရှိ အရှုံးပေါ်နေသည့် စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိပိုင်လုပ်ဖို့ အကျိုးတူလုပ်ဖို့ကြေငြာထားရာ စက်ရုံများကို ၀ယ်မည့်သူ တဦးမျှမရှိဘဲ မြေ၀ယ်ချင်သူတွေသာ များနေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

၂၀၀၆ ခု ဒီဇင်ဘာလကုန်တွင် စက်မှု (၁) ၀န်ကြီးဌာနလက်အောက်ခံ စက်ရုံအားလုံးမှ ရောင်းမထွက်သည့် ကုန်ချောလက်ကျန်တန်ဘိုးမှာ ကျပ်ငွေသန်းပေါင်း ၉၀၀၀ ကျော်ရှိသည့်အတွက် ၂၀၀၅ ခုနှစ်ကုန်ချောလက်ကျန်တန်ဘိုးထက် ၁၂၅ ရာနှုန်း ပိုရှုံးခဲ့သည်။

“ စက်မှု (၁) ၀န်ကြီးဌာန မြန်မာ့စားသောက်ကုန် လုပ်ငန်းအောက်မှာ ပင်မစက်ရုံ(၂၂)ရုံနဲ့ စက်ရုံခွဲပေါင်း (၂၅)ရုံ၊ စုစုပေါင်း(၄၇)ရုံရှိတယ် ဒီရောင်းမဲ့ စက်ရုံအများစုကိုကြည့်ရင် စက်ပစ္စည်းတွေက ချို့ယွင်းနေတယ်၊ ထုတ်လုပ်တဲ့ စားကုန်ပစ္စည်းကလဲ ထိုင်းတို့ တရုတ်တို့က ကလာတဲ့ စားကုန်တွေနဲ့ မယှဉ်နိုင်အောင် အရည်အသွေးညံ့တယ် ဈေးကွက်လဲမရှိဆိုတော့ ဘယ်သူမှ မလိုချင်ဘူးပေါ့။ စက်မှု (၁) သကြားလုံးစက်ရုံဆိုလဲ ရှုံးနေတယ်၊ စက်မှု (၁) က ချောကလက်ကို ထုတ်တာ ထန်းလျက်နဲ့ ထုတ်ရမယ်လို့ ၀န်ကြီးက အမိန့်ပေးထားတော့ ဘယ်လိုလုပ်ပီး တရုတ် ထိုင်းကလာတဲ့ ချောကလက်တွေနဲ့ ယှဉ်လို့ရတော့မလဲ ဘယ်သူမှ မစားတော့ဘူး” ဟု စက်ရုံမှူးတဦးက ပြောသည်။

စက်မှု ၁ ထုတ် သကြားလုံး ဧရာမ ကြော်ငြာဆိုင်းဘုတ်ကြီးများကို ၀န်ကြီးဦးအောင်သောင်း၏ မြေးပုံတူများဖြင့် တချိန်က ကြော်ငြာခဲ့သည့်အတွက် ၀န်ထမ်းများ မကျေမနပ်ဖြစ်ခဲ့သည်။

စစ်မှုထမ်းဟောင်းများသာ ဦးပိုင်တက္ကစီကားများ မောင်းနှင်ခွင့်ရှိ
NEJ/ ၂၉ အောက်တိုဘာ

ရန်ကုန်တွင် ပါရမီအမည်ရှိ တက္ကစီကားများကို စစ်မှုထမ်းဟောင်းများသာ မောင်းနှင်ခွင့်ရရှိသည်။

မြန်မာ့စီးပွားရေး ဦးပိုင် လက်အောက်ခံ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်က ဂျပန်မှ တင်သွင်းသည့် ရန်ကုန်အတွက် ပါရမီအမည်ရှိ တက္ကစီများ မောင်းနှင်ခွင့်ကို စစ်မှုထမ်းဟောင်းများသာ ရရှိကြောင်း အဆိုပါကုမ္ပဏီမှ ၀န်ထမ်းတဦးကပြောသည်။

ဂျပန်မှ မှာယူထားသည့် Toyota Mark II ယာဉ်စီးရေ (၁၀၀) ကို ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြေးဆွဲနေခြင်းဖြစ်သည်။

အဆိုပါ ကားများ ပြေးဆွဲရန်အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ယာဉ်မောင်းများ ခေါ်ယူရန် လျှောက်လွှာပေါင်း (၃) သောင်းကျော် ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် စစ်မှုထမ်းဟောင်းများကို ဦးစားပေးရွေးကြောင်း၊ စပေါ်ငွေ (၃) သိန်းတင်ရကာ တနေ့ အုံနာကြေး (၁) သောင်းပေးဆောင်ရကြောင်း၊ နံနက် (၆) နာရီမှ ည (၆) နာရီထိဖြစ်ပြီး နေ့လည် (၁၂) နာရီ အ၀င်ပြရကြောင်း၊ ကားကို ကားမောင်းသူကိုယ်တိုင် ကွန်ပျူတာစနစ်သုံး လုံခြုံရေး လက်ဗွေနှိပ်ပြီးမှ ထုတ်ယူခွင့်ရရှိကြောင်း လျှောက်ထားသူ ယာဉ်မောင်းများက ပြောသည်။

“ဦးပိုင်ဆိုတာက စစ်အစိုးရရဲ့လူတွေနဲ့ ဖွဲ့ ထားတာပဲ၊ စစ်မှုထမ်းဟောင်းတွေပဲ ရမှာပေါ့၊ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအ၀န်းတွေ ကောင်းစားနေချိန်ပဲ၊ သူတို့ အသိုင်းအ၀ိုင်း ကောင်းစားဖို့ ဒီကားတွေကို စစ်မှုထမ်းဟောင်းတွေကို ပေးတာပေါ့။ စည်းရုံးထားတာလည်း ပါတယ်” ဟု မ ထ သ ယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်တွင် ယခုအခါ ပါရမီတက္ကစီ စီးရေ (၂၃၄) စီး ရှိပြီဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး မှ တရားဝင်စားရင်းများအရ သိရသည်။

ပါရမီတက္ကစီများကို မောင်းချင်သူများကြကြောင်း၊ အကြောင်းမှာ စပေါ်နည်းပြီး ပြင်ဆင်စားရိတ် မရှိသည့်အတွက် ရသည့်ငွေမှာ အသားတင်ဖြစ်သည့်အပြင် လမ်းတွင် မီးနီဖြတ်မိခြင်း၊ လမ်းကြောမှားခြင်းတို့မှအစ ယာဉ်ထိန်းရဲနှင့် ရှင်းပါက ပါရမီမို့ အဆင်ပြေကြောင်း၊ အပြင်ကားများမှာမူ စပေါ်တင်ပါက (၁၀) သိန်း ၀န်းကျင်ပေးရပြီး ပြင်ဆင်စားရိတ်များလည်း ကိုယ်တိုင်ကြခံကြကြောင်း၊ ထို့ကြောင့် ကားမောင်းသူများက ယာဉ်အသစ်ဖြစ်သည့် ပါရမီယာဉ်များကို ကြိုက်နှစ်ကြကြောင်း တက္ကစီသမားများက ပြောသည်။

ပါရမီယာဉ်မောင်းတဦးက “ကျနော် တနေ့ကို (၂) သောင်းခွဲကတော့ ရတယ်၊ တခါတခါ (၃) သောင်းထိရဖူးတယ်၊ အုံနာကြေး (၁) သောင်းဆိုတော့ ပါရမီယာဉ်မောင်းတာ ကိုက်တယ်” ဟု ပြောသည်။

ထိုင်းဘဏ်များရှိ စုဆောင်းငွေအားလုံး ၂၀၁၁ ခုထိ ခိုင်မာနေကြောင်း ထိုင်းအစိုးရ အာမခံ
NEJ/ ၂၉ အောက်တိုဘာ ၂၀၀၈

ကမ္ဘာတ၀ှမ်း ကြုံတွေ့နေရသည့် ငွေကြေးစီးပွားကပ်ကြီးကို ကာကွယ်သည့်အနေဖြင့် ထိုင်းဘဏ်များမှာထားရှိသည့် စုဆောင်းငွေကို ၂၀၁၁ ခုနှစ်ထိ ရာနှုန်းပြည့် သက်တမ်းတိုးပြီး အာမခံပေးရန် ထိုင်းအစိုးရ၀န်ကြီးအဖွဲ့ ယမန်နေ့က အတည်ပြုလိုက်ပြီ ဖြစ်သည်။

ထိုင်းဘဏ်များရှိ စုဆောင်းငွေကို စိုးရိမ်ပြီး အမြောက်အများတပြိုင်ထည်း ပြန်ထုတ်ကြမှာ တားဆီးသည့်သဘောဖြင့် ထိုင်းဘဏ်များရှိ စုဆောင်းငွေကို ၂၀၁၁ ခုနှစ်ထိ ထိုင်းအစိုးရက၀င်ပြီး အာမခံပေးလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ခု သြဂုတ်လမှစတင်ခဲ့သည့် ထိုင်းဘဏ်များရှိ စုဆောင်းငွေကို အစိုးရက အာမခံပေးရေး စီမံကိန်းသည် မူလက ၂၀၀၉ တွင် သက်တမ်းကုန်ဖို့ လျာထားခဲ့ရာမှ ၂၀၁၁ ခု သြဂုတ်လ ၁၀ ရက်ထိ ထိုင်းအစိုးရက သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်သည်။ ထိုင်းဘဏ်များရှိ စုဆောင်းငွေကို ထိုင်းအစိုးရက၀င်ပြီး အာမခံပေးသော်လည်း အများအပြား အရှုံးပေါ်နေသည့် ထိုင်းစတော့ဈေးကွက်ကိုမူ အာမခံဖို့ အစီအစဉ်မရှိသေးဟု ထိုင်း ဘဏ္ဍာရေးဝန်ကြီး ဆူချတ်က ပြောသည်။

ကမ္ဘာတ၀ှမ်း ကြုံတွေ့နေရသည့် ငွေကြေးစီးပွားကပ်ကြီးကြောင့် လောလောဆယ် ထိုင်းဘဏ်များ ငွေကြေးပြဿနာကြုံတွေ့ရခြင်း မရှိသေးသော်လည်း လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ထိုင်းဘဏ်များအပေါ် ငွေကြေးစီးပွားကပ်၏ ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်သည်ဟု ဆူချတ်က ပြောသည်။

ခေတ်ပြိုင် ပုံနှိပ်ဂျာနယ်မှ ၀င်းဖေ၏ ကာတွန်းများ
၂၀၀၈ ခု နိုဝင်ဘာလထုတ် ခေတ်ပြိုင် ပုံနှိပ်ဂျာနယ်မှ ၀င်းဖေ၏ ကာတွန်း
( မြန်မာစစ်ခေါင်းဆောင်များပုံကို သရုပ်ဖော်ရာ၌ အရှက်အကြောက်တရား ကင်းမဲ့လွန်းသည့်အတွက် ယူနီဖောင်းဝတ်မပေးဘဲ လန်ကွတ်တီဖြင့်သာ ရေးဆွဲလေ့ရှိသည်ဟု ဆရာ ဦးဝင်းဖေက ပြောသည်။ ဆရာဦးဝင်းဖေသည် ခေတ်ပြိုင်ကာတွန်းများကို ငယ်နာမည် ဖိုးညို ဖြင့် နှစ်ပေါင်းများစွာ အစဉ်တစိုက်ရေးဆွဲခဲ့ရာမှ အမည်ရင်း ၀င်းဖေ ကို မကြာခင်က ပြောင်းလဲသုံးနှုန်းခဲ့သည်–အယ်ဒီတာ )

ကမ္ဘာတ၀န်း အစုရှယ်ယာဈေး ပြန်ဦးမော့လာ
29 October 2008
အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီနဲ့ ဟောင်ကောင်တို့မှာရှိတဲ့ အစုရှယ်ယာဈေးကွက်
တွေ အင်္ဂါနေ့မှာ အကြီးအကျယ် အမြတ်ထွက်ခဲ့ပါတယ်။ နယူးယောက်ခ်က ဒေါင်းဂျုံးစ်
(Dow Jones) အညွှန်းကိန်းက ၁၁% နီးပါး မြင့်တက်သွားပြီး တခြား အမေရိကန်
ညွှန်းကိန်းတွေလည်း မြင့်တက်ခဲ့ပါတယ်။

အစောပိုင်းတုန်းကလည်း ဟောင်ကောင်ရဲ့ အဓိကညွှန်းကိန်းဟာ ၁၄% မြင့်တက်ခဲ့ပြီး
ဂျာမဏီနိုင်ငံက စံညွှန်းကိန်းက ၁၁% ကျော် မြင့်တက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ ပြင်သစ်
နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့က ရှယ်ယာဈေးတွေလည်း အမြတ်ထွက်ခဲ့ကြပါတယ်။

အထိနာနေတဲ့ ကမ္ဘာ့စီးပွားရေးကို ပြန်မြှင့်တင်ဖို့ နိုင်ငံတကာ အစိုးရတွေက ကြိုးပမ်းမှု
တွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် အခုလို အစုရှယ်ယာဈေးတွေ ပြန်တက်လာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတို့မှာ ငွေချေးတဲ့ စရိတ်စက လျော့နည်းပြီး စီးပွား
ရေးလုပ်ငန်းတွေ ပြန်ရှင်သန်လာနိုင်အောင် အဓိကအတိုးနှုန်းတွေကို ဗဟိုဘဏ်က
လျှော့ချပေးဖို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆထားပါတယ်။

တချိန်တည်းမှာပဲ တကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းကြီး အရှေ့ဥရောပက
ဖွံ့ဖြိုးစပြုနေတဲ့ စီးပွားရေးတွေဆီ ကူးစက်မသွားအောင် လုပ်ဆောင်ဖို့က ဗြိတိန်နဲ့
ပြင်သစ်အစိုးရတို့ရဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း
(Gordon Brown) က ပြောပါတယ်။

ဘဏ္ဍာရေးအကျပ်အတည်းကြောင့် နစ်နာခဲ့ရတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးတွေကို ပြန်မြှင့်
တင်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို ပိုပြီးခိုင်မာအောင် ပြုလုပ်ဖို့ လိုအပ်
တယ်လို့ မစ္စတာဘရောင်းက ပြောဆိုပါတယ်။ IMF ဟာ ယူကရိန်း၊ ဟန်ဂေရီနဲ့
လတ်တလောမှာ အိုက်စ်လန် အပါအ၀င် နိုင်ငံအများအပြားကို ကူညီဖို့ လုပ်ဆောင်
နေပါတယ်။

အမေရိကန်ရဲ့ မြန်မာကျောက်မျက်ပိတ်ဆို့မှု ယခင်ဒဏ်ခတ်မှုများထက် ထိရောက်ဟု လူ့အခွင့်အရေးအဖွဲ့ သုံးသပ်
28 October 2008
ဦးအောင်လွင်ဦး

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရအပေါ် အမေရိကန်
ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အပေါ်
လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။
အမေရိကန်သမ္မတဘုရှ် မြန်မာ့ကျောက်မျက် တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေကို လက်မှတ်ရေးထိုးနေစဉ်။
ဇူလိုင် ၂၉၊ ၂၀၀၈။
အခုနောက်ဆုံး မြန်မာနိုင်ငံကထွက်တဲ့
ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံ
ထဲမှာ ရောင်းချတာတွေ မလုပ်နိုင်ဖို့
တားမြစ်တဲ့ဥပဒေ မနေ့တုန်းက စတင်အသက်ဝင်လာခဲ့တဲ့နောက် ဒါဟာ လူ့အခွင့်
အရေးနဲ့ နိုင်ငံရေးအခြေအနေတွေတိုးတက်လာစေဖို့ ဆောင်ရွက်ချက်အဖြစ်နဲ့
အခုလို တုံ့ပြန်ချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်
အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့
သဘောထားနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်မပြုတဲ့
ဥပဒေအသစ်တရပ်ကို အမေရိကန်အစိုးရက ပြဋ္ဌာန်းထားတာ စတင်အသက်ဝင်လာခဲ့
တဲ့နောက် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာတွေကို
တားမြစ်နိုင်ဖို့ အဟန့်အတားတခု ဖြစ်လာစေလိမ့်မယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူ
တွေက ကြိုဆိုလိုက်ကြတာပါ။ မြန်မာနိုင်ငံထွက် ကျောက်မျက်တွေကို တင်သွင်းခွင့်မပြု
တားမြစ်ထားတဲ့ အရင်တုန်းက ဥပဒေမှာ တတိယနိုင်ငံတွေကတဆင့် တင်သွင်းတာ
တွေကို တားမြစ်ထားတာမျိုးမရှိဘဲ ဖြစ်နေရာက အခုတော့ အဲဒီလစ်ဟာချက်ကို
ပိတ်ပင်လိုက်တဲ့ ဥပဒေအသစ်တရပ်ကို အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်တာ
ပါ။

ဒီလို လစ်ဟာချက်တွေကို ပိတ်ပင်နိုင်လိုက်တာကြောင့် ဒါဟာ စစ်အစိုးရရဲ့ လူ့အခွင့်
အရေး ချိုးဖောက်မှုတွေကို ဟန့်တားရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့
အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်
လေ့လာနေတဲ့ Human Rights Watch အဖွဲ့ကြီးက စီးပွားရေးနဲ့ လူ့အခွင့်ရေးရာ
ဒါရိုက်တာ အာဗင် ဂနေဆန် (Arvind Ganesan) က ပြောပါတယ်။

"ဒါဟာ အရေးကြီးတဲ့ ခြေလှမ်းတရပ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့
ကျောက်မျက်တွေဟာ ထိုင်း၊ အိန္ဒိယလို နိုင်ငံတွေကတဆင့် အမေရိကန်နိုင်ငံထဲကို
ဝင်လာနေတဲ့ ယိုပေါက်ဟာပေါက်တွေ ဖြစ်နေတာ ကြာလှပြီဖြစ်တာမို့ အခုတော့ ဒါကို
ပိတ်လိုက်နိုင်လို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်နေလို့လည်း စစ်အစိုးရအနေနဲ့ အမေရိကန်
မှာ ကျောက်မျက်တွေ ရောင်းလို့ရတာကနေ ဒေါ်လာသန်းပေါင်း ရာထောင်ချီ ၀င်ငွေရ
နေတာ ဖြစ်ပါတယ်။ အခုတော့ ဒီယိုပေါက်တွေကို ပိတ်လိုက်လို့ မြန်မာစစ်အစိုးရအနေ
နဲ့ ကိုယ့်နိုင်ငံသားတွေကို ဖိနှိပ်နိုင်ဖို့အတွက် ၀င်ငွေရဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။

"ကျနော်တို့ ပြီးခဲ့တဲ့နှစ်နဲ့ ဒီအရင်တုန်းကတည်းက မှတ်တမ်းတွေ လုပ်လာတဲ့နေရာမှာ
မြန်မာနိုင်ငံက ကျောက်မျက်လေလံပွဲတွေဟာ အစိုးရက လုပ်တဲ့ပွဲတွေဖြစ်တာ တွေ့ရပါ
တယ်။ လေလံပွဲဘုတ်အဖွဲ့ဟာဆိုရင်လည်း အစိုးရကိုယ်တိုင်က ထိန်းချုပ်ထားတာပါ။
ဒါကြောင့်လည်း ကျောက်မျက်လေလံပွဲတွေက ရလာတဲ့ အကျိုးအမြတ်တွေကို အဓိက
အကျိုးခံစားခွင့် ရနေသူတွေဟာလည်း စစ်အစိုးရပဲ ဖြစ်ပါတယ်။"

ဒီလို ဖိအားပေးမှုတွေ နိုင်ငံတကာ အတိုင်းအတာနဲ့ တိုးမြှင့်လာတာဟာဆိုရင် မြန်မာ
စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားစေနိုင်မှာဖြစ်သလို နိုင်ငံရေး
အပြောင်းအလဲတွေအတွက်လည်း တတပ်တအား ဖြစ်စေပါလိမ့်မယ်လို့ လူ့အခွင့်အရေး
လှုပ်ရှားသူတွေကတော့ ယူဆနေကြပါတယ်။

"ဒီလို နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုတွေ တိုးပြီးလုပ်လာမယ်ဆိုရင် မြန်မာ
စစ်အစိုးရအနေနဲ့ အရင်လို စီးပွားရေးလုပ်နေတဲ့ ပုံစံမျိုးကို လက်ခံကြတော့မှာ မဟုတ်
ဘူးဆိုတာ သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာလည်း
ကျောက်မျက်နဲ့ သဘာဝဓာတ်ငွေ့လို ထုတ်ကုန်တွေကရတဲ့ အများပြည်သူပိုင်တဲ့ငွေတွေ
ကို ဘယ်လို သုံးစွဲနေသလဲဆိုတာ သိဖို့အတွက်လည်း လမ်းပွင့်လာပါလိမ့်မယ်။
ဒါကြောင့်မို့လို့လည်း ဖိအားတွေ တိုးပြီးပေးတာဟာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ
ဖြစ်စေဖို့အတွက်လည်း အရေးပါလိမ့်မယ်လို့ ထင်ပါတယ်။"

လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့ Human Rights Watch အဖွဲ့ကြီးက စီးပွားရေးနဲ့
လူ့အခွင့်ရေးရာ ဒါရိုက်တာ အာဗင် ဂနေဆန် ပြောပြသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို မြန်မာ
အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့နောက် ဒီလို မြန်မာကျောက်မျက်တွေကို
သပိတ်မှောက်တာ အပါအ၀င် စစ်အစိုးရအပေါ် ဖိအားပေးမှုတွေလည်း အရှိန်မြင့်လာခဲ့
တာပါ။ အခု အမေရိကန်ပြည်ထောင်စုက အသစ်ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ ဒီဥပဒေကို
ဒီမိုကရေစီရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ကွယ်လွန်သူ အောက်လွှတ်တော်အမတ်
တွမ်လန်းတို့စ် (Tom Lantos) ကို အစွဲပြုပြီးတော့ ၂၀၀၈ ခုနှစ် ကျောက်စိမ်းဥပဒေ
ဆိုပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲ ၇ ရက်အလို အရေးပါတဲ့ ပြည်နယ်တွေမှာ သမ္မတလောင်းနှစ်ဦး မဲဆွယ်စည်းရုံး
28 October 2008
အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ သီတင်းတပတ်သာ လိုတော့တဲ့အချိန်
အဓိကပြိုင်ဘက်နှစ်ယောက်က စီးပွားရေး ပြန်ကောင်းလာရေး အပြောင်းအလဲပြုလုပ်ဖို့
သူသာအကောင်းဆုံး၊ ကိုယ်သာအကောင်းဆုံးဆိုပြီး မဲဆန္ဒရှင်များအား နားချစည်းရုံး
နေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ရီပတ်
ဘလီကန်ပါတီ ကိုယ်စားလှယ် ဂျွန်မက်ကိန်း (John McCain) တို့ အင်္ဂါနေ့က
ရွေးကောက်ပွဲ အနိုင်အရှုံးမှာ အရေးပါတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ စတင်
မဲဆွယ်ပြီးမှ အကြိတ်အနယ်ရှိတဲ့ တခြားအရေးကြီးပြည်နယ်များကို ခရီးဆက်ကြပါမယ်။

လူထုသဘောထား စစ်တမ်းများအရ အိုဘားမားက မက်ကိန်းထက် ပင်ဆယ်လ်ဗေးနီး
ယားပြည်နယ်မှာ ၁၁% အသာရနေတယ်လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဂျော့ခ်ျ
အိတ်ခ်ျ ဒဗလျူ ဘုရှ် (George H.W Bush) ကလွဲပြီး မည်သည့် ရီပတ်ဘလီကန်သမ္မတ
လောင်းမှ ပင်ဆယ်လ်ဗေးနီးယားမှာ အနိုင်မရခဲ့ပါဘူး။

မက်ကိန်းက သမ္မတဘုရှ်ရဲ့ စီးပွားရေးဝါဒများအတိုင်း ဆက်လုပ်သွားမှာပါလို့ အိုဘားမား
က မဲဆန္ဒရှင်များအား ရှင်းပြစည်းရုံးနေပါတယ်။ မက်ကိန်းကလည်း မိမိသာလျှင်
အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်သူ၊ အစားထိုးစွမ်းအင် လုပ်ငန်းအားလုံးမှာ ငွေရင်းနှီး
မြှုပ်နှံမယ့်သူ၊ ၀ါရှင်တန်မှာ အပြောင်းအလဲဖြစ်ရေးကို တိုက်ပွဲဝင်မယ့်သူဖြစ်လို့
အကောင်းဆုံးသမ္မတလောင်း ဖြစ်နိုင်တယ်လို့ အကြောင်းပြပြီး မဲဆွယ်နေပါတယ်။

ပင်ဆယ်လ်ဗေးနီးယားကနေ အိုဘားမားက ဗာဂျီးနီးယားပြည်နယ်သို့၊ မက်ကိန်းက
မြောက်ကယ်ရိုလိုင်းနားပြည်နယ်သို့ ခရီးဆက်ကြပါလိမ့်မယ်။ အစဉ်အလာအားဖြင့်
အဲဒီပြည်နယ်နှစ်ခုစလုံးမှာ ရီပတ်ဘလီကန်တို့ နိုင်ခဲ့ကြပေမယ့် အခုနှစ်မှာတော့
အိုဘားမားက အသာရနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှ အလုပ်သမား ၁ သန်း ၂၀၀၉ ခုနှစ်တွင် အလုပ်လက်မဲ့ ဖြစ်နိုင်
10/29/2008
နိုင်ငံခြားသို့ ကုန်ပစ္စည်း တင်ပို့မှုနှုန်း ကျဆင်းသွားသဖြင့် ၂၀၀၉ နှစ်တွင် ထိုင်းနိုင်ငံတွင် အ လုပ်သမား ၁ သန်း အလုပ်လက်မဲ့ ဖြစ်သွာနိုင်ကြောင်း ထိုင်းနိုင် စက်မှုလက်မှု အဖွဲ့ချုပ်က ပြောသည်။
အဆိုပါအဖွဲ့၏ ဒုဥက္ကဌ ဖြစ်သူ Thaveekij Jaturajarernkul က တဖြည်းဖြည်း နှေးကွေး လာနေသော ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် ထောက်ပြပြီး ယခု လက်ရှိကြုံတွေ့နေရသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းကြီးမှာ ၁၉၉၇ နှစ်က ကြုံတွေ့ခဲ့ရေသော အခြေ အနေထက် ဆိုးရွားနိုင်ကြောင်း သူကပြောသည်။

ထိုင်းနိုင်ငံ၏ အဓိကကုန်ပစ္စည်းများ မှာယူတင်သွင်းနေသော အမေရိကန်၊ ဥရောပနိုင်ငံများ နှင့် ဂျပန်နိုင်ငံများမှ ယခုအခါ ကုန်ပစ္စည်းများ မှာယူတင်သွင်းမှုကို လျော့ချလိုက်ပြီ ဖြစ် ကြောင်း သူကပြောသည်။

သို့အတွက် လာမည့်နှစ်တွင် ထိုင်းအလုပ်သမား အများအပြားမှာ အလုပ်လက်မဲ့များ ဖြစ်သွား နိုင်ကာ စုစုပေါင်း အလုပ်သမား ၁ သန်း အလုပ်ပြုတ်သွားနိုင်ကြောင်း သူကပြောသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ၂ သန်းခန့်ရှိပြီး ယခုကြုံတွေ့ နေရသော စီင်္းပွားရေး အကျပ်အတည်းက မြန်မာအလုပ်သမားများကိုလည်း ထိခိုက်နိုင်ကြောင်း စီးပွားရေး ကျွမ်းကျင်သူများက ပြောသည်။

ထမင်းဖိုး မလောက်သည့် ဝန်ထမ်းလခများ
အောက်တိုဘာ ၂၉။ ရဲအောင်သော်

ကုမ္ပဏီဝန်ထမ်းနှင့် အစိုးရဝန်ထမ်းများမှာ ရရှိသော လစာငွေနှင့် လစဉ် ထမင်းဖိုး မလောက်ငသဖြင့် နယ်မှ လာရောက် အလုပ်လုပ်ရသူများနှင့် အဆောင်နေလိုသည့် လူငယ်များ အခက်အခဲတွေ့လျက် ရှိသည်။

ထမင်းချိုင့်ဆွဲ ဈေးနှုန်းများမှာ တစ်လ အနိမ့်ဆုံး နှစ်သောင်းမှ နှစ်သောင်းခွဲ သုံးသောင်းထိ မြင့်တက်နေသည်။ ထမင်းဆိုင်များတွင် တစ်ခါပြင် ဈေးအနည်းဆုံး ၈၀၀ ကျပ်မှ ၁၀၀၀၊ ၁၃၀၀၊ ၁၅၀၀ အစားစား ရှိသည်။ လစာ နှစ်သောင်းခွဲ သုံးသောင်းသာ ရသော ဘွဲ့ရ အလုပ်ဝင်စ လူငယ်များမှာ လစာကို မုန့်ဖိုးအဖြစ်သာ သုံးနိုင်ကြောင်း သိရသည်။

“လခက တစ်လ ငါးသောင်းဆိုရင်တောင် ချိုင့်ဆွဲစားရင် ထမင်းဖိုးကတင် တစ်ဝက်လောက် ကုန်နေပြီ။ ထမင်း ကိုယ့်ဟာကိုယ်ချက်။ ဟင်းက လက်ဖက်သုတ်စားလိုက်၊ တုတ်ထိုးတို့ အကြော်တို့နဲ့ စားလိုက် ဆိုရင်တော့ ချွေမိတယ်။ လခထုတ်ရက်လောက်ပဲ ဆိုင်က အသားဟင်း ဝယ်စားပေါ့။ ဖက်စပ်မှာ လုပ်တဲ့ ဝန်ထမ်းတွေကတော့ နယ်ကလူတွေဆို လခနည်းတဲ့ ကြားထဲက ဒီလိုပဲ အိမ်ကို ပို့ဖြစ်အောင် ပြန်ပို့တာပါပဲ”ဟု ကုမ္ပဏီဝန်ထမ်းဟောင်း တစ်ဦးက ပြောကြားသည်။

လမ်းဘေးပလက်ဖောင်းများတွင် စားပွဲနှင့် ခွေးခြေပုများ ချကာ ရောင်းချသော ညနေခင်း ဆိုင်များမှာ လခစား ဝန်ထမ်းများနှင့် နေ့စား အလုပ်သမားများ ပုံမှန် စားသောက်ကြသည်။ ကြက်၊ ဝက်နှင့် ထမင်း တစ်ခါပြင် ၈၀၀ ခန့်၊ ဘဲဥ၊ ချဉ်ပေါင်ကြော် ဟင်းများနှင့် ၅၀၀ ခန့် ပေးရသည်။ နံနက်စာ ထမင်းကြော် တစ်ပွဲမှာ ၄၀၀၊ ၅၀၀ ကျပ်အထိ ဖြစ်နေသည်။

“လခတက်ရင်လဲ ကုန်ဈေးနှုန်းက လိုက်လိုက်တက်နေတယ်။ ထမင်းဟင်းဖိုးရယ်၊ အဆောင်လခတွေရယ်၊ ဘတ်စ်ကားခရယ် ဈေးကျရင် ကောင်းမယ်”ဟု မိန်းကလေး တစ်ဦးက ပြောသည်။ ဖက်စပ် စက်ရုံများတွင် ဝန်ထမ်းများ အိုဗာတိုင်များများ ဆင်းချင်စေရန် အခြေခံ လစာကို ဈေးနှိမ့်ပေးထားပြီး အော်ဒါကျလျှင် ကျသလို ည ၁၀ နာရီ၊ ၁၁ နာရီထိ အိုဗာတိုင် ဆင်းကြရကြောင်း သိရသည်။

ကယ်လီဖိုးနီးယားတွင် စာပေဟောပြောပွဲများ ဆက်
မိုးမခ အထောက်တော် ၀၀၂
အောက်တိုဘာ ၂၈၊ ၂၀၀၈
လာမည့် နိုဝင်ဘာ ၈၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ ဧည့်သည် စာရေးဆရာ ၄ ဦး (ဦးဝင်းဖေ၊ မောင်စွမ်းရည်၊ ဒေါ်မာမာအေးနဲ့ ဆရာ အောင်ဝေး)၊ အိမ်ခံ စာရေးဆရာ ၁ ဦး (ဆရာ ဉာဏ်ဦးမောင်) တို့နဲ့ ၉ ကြိမ်မြောက် စာပေဟောပြောပွဲလုပ်မှာ ဖြစ်ပါတယ်။ အဲဒီပွဲအပြီး နောက် ၂ ပတ်အကြာ နိုဝင်ဘာ ၂၃ တနင်္ဂနွေနေ့မှာ လော့အိန်ဂျလိစ် မြန်မာမိသားစုများက ဆရာမောင်စွမ်းရည်၊ ဆရာ မောင်သာရနဲ့ ဆရာ အောင်ဝေးတို့နဲ့ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပကြမယ်လို့ ဆိုပါတယ်။

LA Organizers for Burma အဖွဲ့နဲ့ Mandalay Gazette တို့နဲ့အတူ ဒေသခံ စာပေချစ်သူများ ၀ိုင်းဝန်းစီစဉ်ကြတယ်လို့ အယ်အေက မြန်မာအမျိုးသားနေ့ စာပေဟောပြောပွဲ စီစဉ်သူတွေက ပြောပြကြပါတယ်။ ရွှေပွဲလာ စာပေပရိသတ်များကို ကော်ဖီနဲ့ မုန့်ဖြင့် ဧည့်ခံကျွေးမွေးမယ်၊ ၀င်ကြေး အခမဲ့ ဖြစ်တယ်၊ ၂၀၀၆ အမျိုးသားနေ့ပွဲတော်ကို ဆရာတင်မိုး မကွယ်လွန်မီက သူ့သူငယ်ချင်း ဆရာမောင်စွမ်းရည်နဲ့အတူ ဖိတ်ကြားစီစဉ်ခဲ့ပြီး ယခု ၂ နှစ်ကြာမှ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို မြန်မာမိသားစုများ အားလုံးစုဝေးပြီး ထပ်မံ စီစဉ်ဖြစ်လို့ ၀မ်းမြောက်ကြရတယ်လို့ သိရပါတယ်။

အစိုးရ၏ တာဝန်မဲ့မှုကြောင့် ချောင်းဆုံမြို့နယ်မှပြည်သူများ ကိုယ်ထူကိုယ်ထဖြင့် လမ်းပြင်ရ
Wed 29 Oct 2008, ကွန်းဟဒေ့
မွန်ပြည်နယ် မော်လမြိုင်မြို့၏ တဖက်ကမ်းရှိ ဘီးလူးကျွန်းဟုခေါ်သည့် ချောင်းဆုံမြို့နယ်အတွင်း ကျေးရွာအများစုသည် အစိုးရမှ ၄င်းတို့၏လုပ်ငန်းတာဝန်မဲ့မှု၊ လျစ်လျူရှုထားမှုကြောင့် သက်ဆိုင်ရာ ကျေးရွာဥက္ကဌ၏ ဦးဆောင်မှုဖြင့် ပြင်ဆင်ခိုင်းသောကြောင့် ရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းများကို ပြန်လည်ပြင်ဆင်နေရသည်။

''ငါတို့ရွာမှာ ဒီလိုပဲနှစ်တိုင်း လမ်းပြင်နေရတယ်၊ မိုးကုန်လို့နွေကူးပြီဆိုရင် ပျက်နေတဲ့လမ်းတွေကို ရွာသားတွေ စုပြီးတော့ ပြင်ကြတာပဲ၊ မပြင်ရင် သွားလာလို့မရဘူးလေ၊ အစိုးရပြင်ပေးတာကိုပဲ စောင့်နေမယ်ဆိုရင် သေသွားရုံပဲရှိမယ်၊ သူတို့တစ်ခါမှ မပြင်ပေးဘူး'' ဟု ဘီးလူးကျွန်း ချောင်းဆုံမြို့နယ်ရှိ မုဒွန်းကျေးရွာနေ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

ကလွီကျေးရွာ၊ ကမာမိုကျေးရွာ၊ ဒေါင်းဥကျေးရွာ၊ မုဒွန်း၊ ဘိုးနက်၊ ဒေါင်းရပ်၊ ကညော်၊ ကော့မုပွန်၊ ဒရယ်၊ ကွမ်ရိုက်၊ သက္ကောကျေးရွာများသည် မိုးရာသီကာလအတွင်း လမ်းများပျက်စီးသွားသောကြောင့် ၄င်းတို့ကျေးရွာတဝိုက်ရှိ လမ်းများကို အစိုးရမှအနည်း ငယ်မျှထောက်ပံ့ခြင်းမရှိဘဲ ကိုယ်ထူကိုယ်ထ တစ်အိမ်တစ်ယောက်စနစ်ဖြင့်သာ လုပ်ဆောင်နေကြသည်။

''ကျမတို့ ကမာမိုကျေးရွာမှာဆိုရင် တစ်အိမ်တစ်ယောက် တစ်နေ့ကိုတစ်ရပ်ကွက်စီ သွားပြီး လုပ်အားပေးရတယ်။ မနက် ရ နာရီကနေစလုပ်ပြီးတော့ ၁၁ နာရီမှာထမင်းစားပြီး ခဏနားတယ်၊ မွန်းလွဲတစ်နာရီလောက်မှာ ပြန်စတယ်။ ညနေ ၃ နာရီအထိ လုပ်ပေးရတယ်''ဟု ကမာမိုမှ လုပ်အားပေးသွားလုပ်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဘီးလူးကျွန်းသည် မော်လမြိုင်မှ ဇက်၊ လှေ၊ သမ္ဘာန်များ ကမ်းဆိုက်ရာ ကလွီကျေးရွာမှစ၍ ဒေါင်းဥကျေးရွာအထိ ကတ္တရာလမ်းတစ်လမ်းသာရှိပြီး ထိုဒေါင်းဥကျေးရွာမှ မုဒွန်းကျေးရွာ တစ်လျှောက်ရှိ ရွာများကို ဖြတ်သွားသောလမ်းနှင့် ကမာကျေးရွာတစ်လျှောက်ရှိ ရွာများ ဖြတ်သွားသောလမ်းမ နှစ်လမ်းသာ ကတ္တရာခင်းထားပြီး ချောင်းဆုံးမြို့တွင် ကတ္တရာလမ်းဆုံးသည်။ ကျန်ကျေးရွာများနှင့် ဆက်သွယ်ထားသော လမ်းများသည် မြေနီလမ်းများသာဖြစ်သည်။ ကတ္တရာလမ်းခင်းထားသည်မှာ ကြာပြီဖြစ်သောကြောင့် သွားလာမကောင်းအောင် ပျက်စီးနေပြီး ဖြစ်သည်။ အစိုးရမှ ပြန်လည်ပြင်ဆင်ပေးခြင်းမရှိသဖြင့် ရွာသားများကသာ ပြန်လည်ပြုပြင်ရသည်။

''ကျမမှတ်မိသလောက်ပြောရမယ်ဆိုရင် အစိုးရကပြင်ပေးတာ တစ်ခါမှမတွေ့ဖူးဘူး၊ ကျမရှစ်တန်းနှစ်တုန်းက ကျောင်းသားတွေသွားပြီးတော့ လမ်းပြင်ဖို့ လုပ်အားပေးသွားရတယ်၊ ကျွန်မတို့ရွာမှာကြတော့ ဆရာတော် အရှင်နန္ဒိယကဦးဆောင်ပြီးတော့ နှစ်တိုင်းလမ်းပြင်နေကြတာပဲ''ဟု ဘီလူးကျွန်းချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာသူတစ်ဦးက ပြောသည်။

လမ်းများမှာ သွားလာ၍မကောင်းအောင် ပျက်နေသော်ငြားလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက လျစ်လျူရှုထားမှုကြောင့် ရွာသားများသည် မနေသာဘဲ ရွာဥက္ကဌမှ ဦးဆောင်၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းများကိုကိုယ့်ရွာနှင့်ကိုယ် ပြင်ဆင်နေကြသည်။ ချောင်းဆုံမြို့နယ်တွင် ကျေးရွာပေါင်း ၇၀ ကျော်ခန့်ရှိသည်။

ရွှေဈေးကျချိန် ရွှေရောင်းသူများလာ
Tue 28 Oct 2008, ရိုင်မရော
ရွှေဈေးသည် ယခုလ ပထမပတ်အတွင်း ကျဆင်းမှုရှိလာသော်လည်း ဝင်ငွေအခက်အခဲကြောင့် ရွှေရောင်းသူ များလာနေသည်ဟု ရွှေဆိုင်ပိုင်ရှင်အသိုင်းအဝိုင်းမှ သိရသည်။

သံဖြူဇရပ် ရွှေဆိုင်ပိုင်ရှင်တစ်ဦးနှင့် နီးစပ်သူ၏အဆိုအရ ''ရွှေဈေးကျပေမယ့်လည်း ရွှေရောင်းတဲ့သူတွေက ဝယ်တဲ့သူတွေထက် ပိုများနေတယ်။ သူတို့ပြောတာက ဒီနှစ်မှာ ထိုင်းနိုင်ငံကလည်း အရင်နှစ်ကလောက် ပိုက်ဆံမပို့နိုင်၊ ရာဘာဈေးကလည်း ကျနေတဲ့အတွက်ကြောင့် ရွှေဝယ်ဖို့မပြောနဲ့ ရှိတာလေးကိုပဲ ထုတ်ရောင်းနေရတာ'' ဟု ပြောသည်။

ရွှေဈေးကျသွားသည်မှာ နှစ်ပတ်ကျော်ကျော်ကြာသွားပေမယ့်လည်း ဘာကြောင့်ရွှေဈေးကျသည်ဆိုတာကို ဘယ်သူမျှတိတိ ကျကျမသိဟု သံဖြူဇရပ် ရွှေဆိုင်အသိုင်းအဝိုင်းမှ သိရသည်။

မွန်ပြည်နယ်ဘက်မှာလည်း ယနေ့က လက်ရှိရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ်သား ၅ သိန်း ၂ သောင်းကျော်ရှိသည်။ ဝယ်ဈေးနှင့် ရောင်းဈေးမှာ ၂ သောင်းကျပ်နီးပါး ကွာခြားမှုရှိသည်။ ထိုင်းမှ ဝင်လာသောရွှေ တစ်ကျပ်သားလျှင် ကျပ်ငွေ ၄ သိန်း ၄ သောင်း ခန့်ရှိသည်။

''လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ရွှေဈေးကျသွားတာဟာ ကမ္ဘာ့စီးပွားရေးနဲ့ သက်ဆိုင်တယ်လို့ ဆိုရမယ်။ ဒါပေမယ့် လက်ရှိကျနေတဲ့ဈေးအောက် ထပ်ကျဖို့တော့ မရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အခု ဒေါ်လာဈေးတက်နေတယ်'' ဟု ရန်ကုန်ရှိ နန္ဒာဝန်ဈေးမှ ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

ရန်ကုန်ရွှေမြို့ပေါ်၌ ယခင်ရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သား ၅ သိန်း ၈ သောင်းရှိပြီး၊ နှစ်ပတ်အတွင်းမှာ လက်ရှိရွှေဈေး အခေါက်ရွှေ (မီးလင်း) တစ်ကျပ်သားကို ၅ သိန်း ၂ သောင်းကျပ်ထိ ကျဆင်းသွားခဲ့သည်။

''ရွှေဈေးကျသွားတာ အရောင်းအဝယ်တော့ ကောင်းလာပေမယ့် အမြတ်တော့ နည်းတယ်။ ရွှေဈေး ၅ သိန်း ၈ သောင်းကျပ်တုန်းက အရောင်းအဝယ် ဒီလောက်မကောင်းပေမယ့်လည်း အမြတ်က များတယ်'' ဟု ထိုရွှေဆိုင်ပိုင်ရှင်က ပြောသည်။

မော်လမြိုင်မြို့ပေါ်တွင် ရွှေရောင်းမယ့်သူများပေမယ့်လည်း ရန်ကုန်မြို့တွင်မူ ရွှေဝယ်သူများ ပိုများလာသည်။ တောင်ဥက္ကလာ နန္ဒ၀န်ဈေးမှ ရွှေဆိုင်ပိုင်ရှင်၏အဆိုအရ ''အရောင်းအဝယ်ဆိုတာ ဒီလိုပဲလေ မြတ်တဲ့အခါလည်း မြတ်တယ်၊ ရှုံးတဲ့အခါလည်း ရှုံးတာပေါ့ ဝယ်တဲ့သူကလည်း ဒီလိုပဲ ရွှေဈေးကျတော့ အဝယ်များတယ် ရွှေဈေးပြန်တက်တဲ့အခါ ပြန်ရောင်းတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ၁၀/၉၉ အမိန့်အမှတ်ဖြင့် ပြည်ပသို့ တင်ပို့ခွင့် ကန့်သတ်ထားသည့် ပို့ကုန်ပစ္စည်း ၂၃ မျိုးအနက် ရွှေလည်းပါဝင်သည်ဟု Weekly eleven ဂျာနယ်တွင် ဖော်ပြထားသည်။

စပါးဈေးကြောင့် လယ်သမားများ အခက်ကြုံရ
Tue 28 Oct 2008, ရိုင်မရော့
လက်ရှိစပါးဈေး ကျဆင်းနေခြင်းကြောင့် ပဲခူးတိုင်းအတွင်းနှင့် မွန်ပြည်နယ်အတွင်းရှိ လယ်အမားများက နွေရာသီအတွင်း ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းအတွက် အခက်အခဲများနှင့် ကြုံတွေ့ရသည်။

''ပဲခူးမှာ စပါးထွက်တဲ့အချိန်ဆိုရင် စပါးဈေးကကျတာ နှစ်တိုင်းဘဲ၊ ဘာဖြစ်လို့လဲဆိုတော့ စပါးထွက်ချိန်မှာ အစိုးရက သူတို့ရိက္ခာတွေအတွက် ပဲခူးကစပါးတွေ သူတို့လာဝယ်တယ် အဲဒီအခါကျရင် စပါးတွေကို ဘယ်ဒေသကိုမှ ထွက်ခွင့်မပေးတော့ စပါးဈေးက အလိုလိုကျသွားတယ် ကုန်သည်တွေကိုလည်း အခြားဒေသကို တင်ရောင်းခွင့်မပြုဘူး'' ဟု ပဲခူးမှ လယ်သမားတစ်ဦးက လွတ်လပ်တဲ့မွန်သတင်းအေဂျင်စီကို ပြောပြသည်။

''ဒီနှစ်မှာ ပိုပြီးတော့ အခက်အခဲဖြစ်လိမ့်မယ်ထင်တယ် ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ စပါးအထွက်များတဲ့ဒေသ ပြောလို့ရသည့် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှာ လွန်ခဲ့သည့် မေလတုန်းက နာဂစ် ဝင်သွားတဲ့ ဧရာဝတီတိုင်းမှာ လယ်မြေအများစုက ပျက်စီးသွားတယ် စပါးကတော့ အထွက်နည်းမှာသေချာတယ် ဒါကြောင့် ပဲခူးဘက်ကို သူတို့ ဦးတည်လာမယ် ထင်တယ်'' ဟု ၄င်းလယ်သမားက သူ၏အမြင်ကို ပြောပြသည်။

၂၀၀၇ ခုနှစ်တွင် ပဲခူးတိုင်းအတွင်းရှိ စပါးဈေးသည် တင်းတစ်ရာလျှင် ၃ သိန်းကျော်ရှိပြီး ယခုနှစ်အတွင်း စပါးဈေးသည် ၂ သိန်း ၅ သောင်းကျော်ရှိပြီး ဆက်လက်ကျဆင်းရန်ရှိသည်ဟု ပဲခူးမှ လယ်ပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။ မွန်ပြည်နယ်တွင်လည်း ယခုနှစ်ဦးပိုင်းအတွင်း စပါးတင်းတစ်ရာလျှင် ၅ သိန်းအောက်ရှိပြီး ယခင်ကဈေးမှာ ၆ သိန်းရှိသည်။ စပါးအမျိုးအစားပေါ်မူတည်ပြီး စပါးဈေးကွာခြားမှု ရှိသည်။

''ဒီနှစ်တော့ လုံးဝအဆင်မပြေဘူး စပါးဈေးလည်းမကောင်း စပါးသိမ်းတဲ့အချိန်ကလည်း မိုးရွာတယ်'' ဟု လယ်ပိုင်ရှင်အမျိုးသမီးက ပြောသည်။

အစိုးရမှ စပါးဝယ်ယူစုဆောင်းနေသည့်အချိန်တွင် စပါးရောင်းဝယ်ခွင့်ကို ပိတ်ပင်ထားသော်လည်း စပါးကုန်သည်အချို့က ခိုးထုတ်ရောင်းချမှုကြောင့် အရောင်းအဝယ်ကြပ်တည်းလာပါက အစိုးရမှ စပါးကြိတ်စက်ကြီးများကို ပိတ်ပင်လာသည်မှာ နှစ်တိုင်းလိုလိုပင် ဖြစ်သည်။

''စပါးရိတ်သိမ်းချိန်မှာ လယ်သမားတွေ ဒုက္ခဖြစ်ကြတယ် လယ်သမားအများစုက စပါးသိမ်းပြီးတာနဲ့ ပဲစိုက်ဖို့ ပြင်ဆင်ရတယ်၊ အဲဒီအချိန်ဆိုရင် စပါးဈေးကကျတာဘဲ ဘာမှမတတ်နိုင်တော့ဘူး ပြီးတော့ စပါးစိုက်တုန်းက ဝဲဈေးနဲ့ လုပ်အားခကလည်းများတယ်'' ဟု ၄င်းလယ်သမားကဆက်ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ လယ်သမားအများစုက စပါးစိုက်ရာတွင် မနောသုခမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး နွေးအတွင်း ပဲစိုက်ပျိုးရေးဖြင့် လုပ်ကိုင်နေကြသည်။

မွန်ပြည်နယ်မှ စပါးကုန်သည်တစ်ဦးက ''စပါးဈေးကတော့ ကျသွားပြီး စပါးသစ်ထွက်ချိန်ဆိုရင် စပါးဈေးကကျတာဘဲ လက်ရှိဈေးထက် ထပ်ကျအုံးမယ်'' ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ပျိုးမြေဧက (၁၆.၄၃၄) သန်းရှိပြီး၊ နွေးစပါးစိုက်ပျိုးမြေဧက (၃.၄) ရှိသည်ဟု အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သက်နိုင်ဝင်း၏ ရာထားချက်အရ မွန်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးမြေဧက ၁၀ သိန်းပြည့်မီရမည်ဟု အစိုးရထုတ်သတင်းစာတွင် ဖော်ပြထားသည်။

ဖမ်းဆီးထားသောဆိုက္ကားများ စည်ပင်တံဆိပ်ထုပြီး ပြန်ငှားစား
Tue 28 Oct 2008, ဟွန်းဟကောင်းရန်ကုန်တိုင်းအတွင်း၌ ဖမ်းဆီးထားသော ဆိုက္ကားအစီးအရေအတွက်မှာ စုစုပေါင်း ၃၀၀၀ ကျော်မျှရှိပြီး ထိုဆိုက္ကားများကို သက်ဆိုင်ရာမော်တော်ဘီကယ်ရုံးများနှင့် စည်ပင်ရုံးများတွင် သိမ်းဆည်းထားသည်ဟု ၎င်းကဆက်ပြောသည်။

၎င်းတို့ငှားရမ်းပေးသောဆိုက္ကားများသည် အိမ်တွင်ညသိမ့်ခွင့်မရပဲ မနက် ၆ နာရီမှ ညနေ ၈ နာရီသာ အသုံးပြုခွင့်ပေးပြီး တစ်နေ့တာ ငှားရမ်းအသုံးပြုခမှာ ၈၀၀ ကျပ် ပေးဆောင်ရသည်ဟု လှိုင်သာယာမြို့နယ်တွင် ထိုစည်ပင်ဆိုက္ကားကို အသုံးပြုနေသူတစ်ဦးက ပြောသည်။ သို့သော် မြောက်ဥက္ကလာပမြို့နယ်တွင် ဆိုက္ကားများကို မြို့နယ်ခန်းမ၌ သိမ်းဆည်း ထားပြီး ထိုခန်းမတွင် စားသောက်ဆိုင် ဖွင့်ထားသောကြောင့် ဆိုက္ကားထုတ်ချိန်သွင်းချိန်မှာ မနက် ၇ နာရီခွဲမှ ည ၈ နာရီ သတ်မှတ်ထားသည်။

ဆိုက္ကားတစ်စီးကို ကိုယ်တိုင်တပ်ဆင်လျှင် ငွေကျပ်တစ်သိန်းသာမျှသာ ကုန်ကျပြီး လိုင်စင်ရှိပြီးသော ဆိုက္ကားတစ်စီး၏တန်ဖိုးမှာ ဆယ်သိန်းနှင့်အထက်ရှိသည်။ ဆိုက္ကားသမားတို့ ဘ၀သည် ဆယ်သိန်းဆိုသော ငွေပမာဏကို မည်ကဲ့သို့ ရှာဖွေနိုင်မည်နည်း၊ ထို့ကြောင့် လိုင်စင်မဲ့ကိုသာ တစ်သိန်းဝန်းကျင်ပေးဝယ်ပြီး လုပ်ကိုင်စားသောက်နေရသည်ဟု ထိုဆိုက္ကားသမားက ပြောသည်။

"သူတို့က မြို့ပြင်တွေဘက်မှာ ဦးစားပေးပြီးတော့ဖမ်းတာများတယ်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ အင်းစိန်။ ရွှေပြည်သာ၊ လှိုင်သာယာတို့လိုမြို့နယ်တွေဘက်မှာပေါ့ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမြို့နယ်တွေက ဆိုက္ကားသမားတွေအတွက် အငိုက်မိနိုင်တဲ့မြို့ နယ်တွေလေ၊ ဒီနေရာကို သူတို့မလာနိုင်ဘူးဆိုပြီးတော့ ကိုမထင်မှတ်တဲ့အချိန်မှာ သူတို့လာဖမ်းတာကို ခံသွားရတာများတယ်" ဟု ဆက်ပြောသည်။

ပြည်သူများဆီမှ ဖမ်းဆီးထားသော ဆိုက္ကားများကို ပြည်သူများအား ပြန်လည်ငှားရမ်း ပေးခြင်းသည် အလုပ်လက်မဲ့ပြည်သူများအား အလုပ်အကိုင်ရရှိရန် စီစဉ်ဆောင်ရွက်ပေးခြင်းပြောနေသည်မှာ လက်မခံနိုင်စရာပင် ဖြစ်သည်။

ဒဂုံတက္ကသိုလ် အဝေးသင်ကျောင်းသားများ micro copy ဖြင့် စာမေးပွဲဖြေဆို
Mon 27 Oct 2008, ဟွန်းဟကောင်း
ဒဂုံမြို့သစ်မြောက်ပိုင်း အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများသည် စာမေးပွဲ ဖြေဆိုရန် ကျောင်းဝင်းအတွင်းရှိ မိတ္တူဆိုင်မှ ရောင်းချနေသော micro copy spot စာရွက်များဖြင့် ဖြေဆိုလျှင် အောင်မှတ်ရနိုင်မည်ဟု ထိုစာရွက်ကိုဝယ်ယူထားသော ကျောင်းသားတစ်ဦးက ပြောသည်။

ဂုံအဝေးသင်တက္ကသိုလ်ရှိ ကျောင်းသားများသည် တစ်နှစ်တွင် တစ်ဘာသာလျှင် စာသုံးပုဒ် ဖြေရုံမျှဖြင့် အောင်မှတ်ရရှိနိုင်ပြီး ဆရာ၊ ဆရာမများသည် မေဂျာတစ်ခုစီအတွက် စာ ၆ ပုဒ်ကို သာ ကျက်ခိုင်းသည်ဟု ၎င်းကျောင်းသားက ပြောသည်။

ထို့အပြင် စာမေးပွဲတွင်မေးမည့် မေးခွန်းများ၏ အဖြေကို ကျောင်းနောက်ဆုံးတက်ရတဲ့ ရက်များတွင် ကျောင်းဝင်းအတွင်းရှိ မိတ္တူဆိုင်များ၌ အသင့်ကူးယူနိုင်သော micro copy စာရွက်ငယ်များကို မေဂျာတစ်ခုအတွက် တစ်စုံလျှင် ၁၀၀၀ ကျပ်ဖြင့် အလွယ်တကူ ၀ယ်ယူနိုင် သည်။ ကျောင်းသားအားလုံးနီးပါးမှာလည်း ၀ယ်ယူကြသည်။

ထိုကျောင်းဝင်းအတွင်းရှိ ၀န်ထမ်းသက်သာဆိုင်တစ်ဆိုင်မှ ၀န်ထမ်းတစ်ဦးက " ကျွန်တော်တို့ ဆိုင်က အဝေးသင်တစ်သုတ်ဖြေလို့ရှိရင် ၇ သိန်းနဲ့ ၈ သိန်းကြားရောင်းရတယ်၊ ဒီ spot တွေက ဆရာ၊ ဆရာမတွေဆီကနေ သူတို့ညွှန်ကြားလို့ရလာတယ်ဆိုတော့ အရမ်းကိုတိကျ တာ တစ်နှစ်မှ လွဲတယ်လို့မရှိပါဘူး၊ အမြဲနှစ်တိုင်းဝယ်နေတဲ့ကျောင်းသားတွေက ပိုသိတာပေါ့" ဟု ပြောသည်။

"ကျောင်းသားတွေ စာပေးပွဲဖြေဖို့အတွက် အနီးကပ် (၁၀) ရက်ပဲ တက်ရတာဆိုတော့ စာတွေကို ဘယ်လိုလုပ်လိုက်နိုင်မှာလဲ၊ ပြီးလို့ရှိရင် စာအုပ်ထုတ်ရတဲ့ရက်၊ ကျောင်းသား ကဒ် ထုတ်ရတဲ့ရက်တွေနဲ့ အချိန်ကုန်နေရတယ်လေ၊ တချို့ကျောင်းသားတွေအတွက် ကျောင်းက အရမ်းဝေးတော့ အိမ်ရောက်လို့ရှိရင် ကျောင်းစာမလုပ်နိုင်တော့ဘူး၊ အဲဒါကြောင့် ဒီနည်းကို ကျောင်းသားတွေက အကြိုက်ဆုံးပဲလေ" ဟု ပြောသည်။

"ကျွန်တော်တို့ဒဂုံတက္ကသိုလ်က အရှေ့ဘက်က ကျောင်းတက်ပြီးတော့ အနောက်ဘက်ကနေ copy ထွက်လာတာ မဆန်းတော့ပါဘူး" ဒဂုံ အဝေးသင်ကျောင်းသားတစ်ဦးက ပြောသည်။
PhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket PhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket