Thursday, October 30, 2008

အိတိုးနဲ့ဟဲလေးရဲ့မင်္ဂလာသတင်းဓါတ်ပုံတချို့

စာလုံးကြီးမြင်ရန်အပေါင်းလက္ခဏာကိုနှိပ်ပါရန်။ ။
download pdf. file


THE VOICE WEEKLY ဂျာနယ်

စာလုံးကြီးမြင်ရန်အပေါင်းလက္ခဏာကိုနှိပ်ပါရန်။ ။
download pdf. file


ABSDF Photo Gallery

တရုတ်ဆန့်ကျင်သော ရန်ကုန်က KIMONO HOUSE

PhotobucketPhotobucketPhotobucket

စစ်အာဏာရှင်ကြီးစိုးမှုမှောင်ရိပ်

စာလုံးကြီးမြင်ရန်အပေါင်းလက္ခဏာကိုနှိပ်ပါရန်။ ။
download file


ယောက်ဖကို ခေါ်ခဲ့ဦးတဲ့....

စာလုံးကြီးမြင်ရန်အပေါင်းလက္ခဏာကိုနှိပ်ပါရန်။ ။
download file


မောင်စူးစမ်းနှင့်ဒီမိုကရေစီ

စာလုံးကြီးမြင်ရန်အပေါင်းလက္ခဏာကိုနှိပ်ပါရန်။ ။
download file


အောက်တိုဘာ ၃၀၊ ၂၀၀၈ သတင်း

Photobucket
Photobucketတရုတ်-မြန်မာ နှစ်နိုင်ငံ စစ်တပ်များ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် ဆက်ဆံရေး တိုးမြှင့်
ကိုစိုး အောက်တိုဘာ ၃၀၊ ၂၀၀၈

နှစ်နိုင်ငံ စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇောင်းလီနှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇောင်းလီနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံနှုတ်ဆက်နေစဉ်
အဆိုပါ ဗိုလ်ချုပ်ကြီး ဇောင်းလီသည် မြန်မာ စစ်အစိုးရ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏ ဖိတ်ကြားချက်အရ တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မွန်းလွဲပိုင်း ၁ နာရီတွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံသည်။

ဗိုလ်ချုပ်ကြီး ဇောင်းလီသည် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအ၀င် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နှင့်လည်း တွေ့ဆုံ ပြီးနောက် အင်္ဂါနေ့ နံနက်က နေပြည်တော်မှ ပြင်ဦးလွင် မြို့သို့ထွက်ခွာသွားကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ် သတင်းဌာန တခုဖြစ်သော ဆင်ဟွာ သတင်းဌာနက အသေးစိတ် သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ယင်း ဗိုလ်ချုပ်ကြီး ဇောင်းလီ၏ ခရီးစဉ်တွင် မြန်မာဘက်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့နှင့် ဆွေးနွေးပြောဆိုမှုများပြုလုပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ စစ်တပ်များ အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်ရေးတို့ပါဝင်မည်ဟု ထင်မြင်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်ကလည်း တရုတ် ဗိုလ်ချုပ်ကြီး ဇောင်းလီ၏ ခရီးစဉ်သည် နှစ် နိုင်ငံ စစ်တပ်များပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်သည့် အသွင်လက္ခာပင် ဖြစ်ကြောင်း ပြောသည်။

“နှစ် နိုင်ငံ လက်နက်ရောင်းတာတွေရော၊ နှစ်နိုင်ငံ တပ်မတော်ချင်း အပြန်အလှန် နီးနီးကပ်ကပ် ဆက်ဆံနေတာ တွေလည်း ရှိတော့ ပုံမှန်လာတာလည်း ဖြစ်နိုင်တာပေါ့၊ တပ်မတော် အရာရှိ တဦးလာတာကတော့ ဖိအားပေးဖို့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့ လဲဆိုတော့ ဖိအားပေးဖို့ဆိုရင် နိုင်ငံတော် ကောင်စီအဆင့်တို့၊ ပေါ်လစ်ဗျူရိုအဆင့်တို့ တခုခုပေါ့၊ ပါတီလိုင်းက ဖြစ်ဖြစ် အဲဒီ လူတွေကသာ ဖိအားပေးနိုင်မယ့် အဆင့်ရှိတယ်၊ အခုလာတာက စစ်တပ် က တောင် အကြီးဆုံးအဆင့် မဟုတ်သေးဘူး ဆိုတော့ နှစ်နိုင်ငံ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေး လာတာ မျိုးပဲ ဖြစ်နိုင်တယ်”ဟု ဦးဌေးအောင်က ပြောဆိုသည်။

တရုတ်နိုင်ငံသည် စစ်အစိုးရက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြိုခွဲပြီးချိန်မှစတင်၍ မြန်မာနိုင်ငံသို့ စစ်လက်နက် ပစ္စည်းများကို အဓိက အထောက်အကူပေးနေသောနိုင်ငံ ဖြစ်သည်။ ဂျက်တိုက်လေယာဉ်များ၊ ရေတပ်သုံး စစ်သဘောင်္များ၊ တင့်ကားများ၊ စစ်သုံး မော်တော်ယာဉ်များနှင့် ခဲယမ်းမီးကျောက်များ စသည့် စစ်ဖက်ဆိုင်ရာ ပစ္စည်းများကို ၁၉၉၀ ခုနှစ် အစောပိုင်းကာလ ကတည်းက တရုတ်နိုင်ငံက မြန်မာသို့ ထောက်ပံ့ပို့ ဆောင် နေသည်မှာ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ ယခု နှစ်နိုင်ငံ စစ်ဗိုလ်ချုပ်များ တွေ့ဆုံ ဆွေးနွေးမှုသည် စစ်လက်နက်ပစ္စည်း စက်ရုံကိစ္စဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“တရုတ်က မြန်မာကို အကြီးစား စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့နေတာဟာ နှစ်အတော်ကြာနေပါပြီ”ဟု ဦးအောင်ကျော်ဇောက ပြောသည်။

နယူးရောက်မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)ကလည်း အိန္ဒိယ၊ တရုတ်၊ ရုရှ နိုင်ငံများနှင့် တခြားသော နိုင်ငံများက ကူညီထောက်ပံ့သည့် စစ်လက်နက်ပစ္စည်းများကို အသုံးပြု၍ မြန်မာစစ် အစိုးရက အာဏာတည်မြဲ ရေးနှင့် အရပ်သားပြည်သူများအပေါ် ဆိုးဝါးစွာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ၂၀၀၇ ခု နှစ် အောက်တိုဘာလ အတွင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထောက်ပြ ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံက ခေတ်မီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ လက်နက်ထုတ်လုပ်သည့် နည်းပညာ၊ လက်နက်ငယ်နှင့် အပို ပစ္စည်းများ၊ မော်တာများအပါအ၀င် မြေမြုပ်မိုင်းများနှင့် ချေမှုန်းရေး ရိုင်ဖယ် သေနတ်များ၊ လက်နက် ငယ်တပ်ဆင်ထုတ် လုပ်မှု များအတွက် အထောက်အပံ့များရှိကြောင်း၊ ထို့အပြင် တိုက်လေယာဉ်များ၊ ရေတပ် စစ်သဘောင်္များ၊ တင့်ကားများနှင့် တခြားသော ခြေလျင်စစ်တပ်သုံး လက်နက်များ စသည့် အကြီးစား စစ်လက်နက် ပစ္စည်းများကိုလည်း မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးပို့မှုများရှိကြောင်း HRW က ပြောဆိုသည်။

လွန်ခဲ့သော သြဂုတ်လအတွင်းကလည်း တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ် ကြီး တင်အေးသည် တရုတ်နိုင်ငံသို့ သွားရောက်၍ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လိန်ဂေါင်းလီ နှင့် တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု ရေးရာများ တိုးမြှင့်၍ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်း ဌာန က ထုတ်ပြန်ထားသည်။

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ကာကွယ်ရေး၊လုံခြုံရေးတို့အတွက် နှစ်နိုင်ငံ အကူအညီများအပြန်အလှန် ပေးရန် တရုတ် ကာကွယ်ရေး ၀န်ကြီဌာနအနေနှင့် အဆင်သင့်ရှိကြောင်းလည်း ဆင်ဟွာ သတင်းဌာန၏ အဆို အရ သိရသည်။

ဇူလိုင်လအတွင်းပြုလုပ်သော ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ၏ လျှို့ဝှက် အစည်းအဝေးတခုတွင် ပြည်ထဲ ရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးကမူ ၎င်းတို့အနေနှင့် တရုတ်ကို လိုလားထောက်ခံသူများမဟုတ်ကြောင်း၊ အခြေအနေအရ ချဉ်းကပ်ပေါင်းသင်းရခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်များအတွက် ပင်လယ်ထွက်ပေါက်ဖြစ်နေပြီး ထိုင်ဝမ်၊ တောင် ကိုရီးယား၊ ဂျပန်နှင့် အာဆီယံနိုင်ငံများအနေနှင့် အမေရိကန် နိုင်ငံကို မဟာမိတ်ပြုသကဲ့သို့ တရုတ်နိုင်ငံကိုလည်း မိမိတို့အတွက် ၀န်းရံ ထားရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မောင်ဦး က အဆိုပါအစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင် ဧရာဝတီက ရေးသားခဲ့ဖူးသည်။

၁၉၈၉ ခုနှစ်အတွင်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဆင့်ဖြင့် တရုတ် နိုင်ငံသို့ စစ်လက်နက် ပစ္စည်းအကူအညီအတွက် ပထမဆုံး အကြိမ် သွားရောက်ခဲ့ဖူးသည်။

မင်းကိုနိုင်နှင့် အပေါင်းပါ ၈ ဦးကို ထောင်ဒဏ် ၆ လစီချမှတ်
ကိုသက် အောက်တိုဘာ ၃၀၊ ၂၀၀၈

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၉ ဦးအား တရားစီရင်မှုကို အနှောင့် အယှက်ပေးသည့်ပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်သည်ဟု ၎င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်း က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုဉာဏ်လင်းနှင့် ကိုမျိုးအောင်နိုင်တို့ကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင်ရုံးထိုင်ထားသည့် မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ရှေ့နေကြီး ဦးအောင်သိန်းက “တရားစီရင်ရေးကို အနှောင့်အယှက်ပေးလို့ အရေးယူပေးပါဆိုပြီး တရားလိုဥပဒေ အကျိုး ဆောင်ရှေ့နေ ဦးမြကြိုင်ကနေ လျှောက်တယ်။ တရားရုံးက အဲဒီကိစ္စကို လက်ခံပြီးတော့ မနေ့က သူတို့ ၉ ယောက်တည်း ထုတ်ပြီး အမိန့်ချလိုက်တာ” ဟု ဧရာဝတီကို ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများကို အမိန့်ချမှတ်ခြင်းသည် မူလကစွဲဆိုထားသည့်အမှုများနှင့် သက်ဆိုင်မှုမရှိ၊ သီးခြားချမှတ် ခြင်းဖြစ်ပြီး ယခင်အမှုများအတွက် တရားရုံးချိန်းထွက်သည့်အခါ ခြေကျင်းဖြင့်ထွက်ရတော့မည်ဟု ဦးအောင်သိန်းက ဆက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများကို လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပွဲများကို ဦးဆောင်သောကြောင့် စစ်အစိုးရက မတရားဖမ်းဆီးခဲ့ပြီး ဥပဒေပုဒ်မ အမျိုးမျိုးတပ်ကာ တရားစွဲဆိုထားသည်။

၈၈ မျိုးဆက်ကျောင်းသားများသည် ၎င်းတို့အား ရုံးထုတ်စစ်ဆေးချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင် များနှင့် အများပြည်သူ လာရောက်ကြားနာခွင့်ပြုရန်တို့ကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသဖြင့် တရားစီရင်မှုကို အနှောင့် အယှက်ပေးသည်ဟု အကြောင်းပြကာ ထောင် ၆ လစီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

လူငယ်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးနှင့် ၎င်း၏အမှုသည်များဖြစ်ကြသော လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ ၀င်များဖြစ်ကြသည့် ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်နှင့် ကိုရန်နိုင်ထွန်းတို့ကို ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့ ထောင် ၆ လစီချလိုက်သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအ၀န်းက ပြောသည်။

အဖမ်းခံရသည့် ကိုညီညီထွေးသည် နိုင်ငံရေးလှုပ်ရှားသူများစွဲဆိုခံထားရသည့် အမှုများကို ရှေ့နေလိုက်ပေးနေသူတဦး ဖြစ်ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှုပြုလုပ်သဖြင့် အဖမ်းခံရသည့် လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီပါတီဝင် ၁၁ ဦး၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေစဉ် အပြစ်ပေးခံရခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် နိုင်ဝင်ဘာလက ရွှေသံစဉ် ကိုဝင်းမော်၊ ကိုမြတ်စံတို့နှင့်အတူ အဖမ်းခံရသည့် ကိုသိန်းအောင်လင်း (ခ) ရှဲ အား ထောင်တွင်းအထူးတရာရုံးက ဥပဒေပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

ားပြတွေ သောင်းကျန်းနေပြီ၊ ရဲတွေ ဘာလုပ်နေလဲ
အေးချမ်းမြေ့  အောက်တိုဘာ ၃၀၊ ၂၀၀၈

ရန်ကုန်မြို့တွင် ၃ ရက်အတွင်း ဓားပြမှု ၃ မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးတဦး သေဆုံးခဲ့ရကြောင်း ဒေသခံ များထံမှကြားသိ ရသည်။

ယမန်နေ့နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်၊ ဇဋိလလမ်း၊ အမှတ် ၂၆၊ ၃ လွှာရှိ တိုက်ခန်း တခန်းတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေး အမည်ရှိ အမျိုးသမီးကြီး တဦးတည်း ရှိနေစဉ် အိမ်ခန်းပြင်ရန် ခေါ်ထားသော အလုပ်သမား တဦးက ပစ္စည်းများကို ခြိမ်းခြောက် တောင်းခံရာ အမျိုးသမီးကြီးက အော်ဟစ် အကူအညီတောင်းသဖြင့် ငရုပ်ကျည်ပွေ့နှင့် ခေါင်းကိုထုပြီး စကေဘာဖြင့် လည်ပင်းကို ထိုးသတ်သွားခြင်း ဖြစ်ကြောင်း ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တဦးက ပြောပြသည်။

“လူတွေတက်ကြည့်တော့ အမျိုးသမီးကြီး အသက်မရှိတော့ဘူး။ လုပ်သွားတဲ့သူက နောက်ဖေးပေါက်ကနေ တွယ်ဆင်းပြီး မေတ္တာညွန့်ဘက်ကို ထွက်ပြေးတာ” ဟု သူက ဆိုသည်။

ပတ်ဝန်းကျင်ရှိ ဆိုက်ကားသမားများ အပါအဝင် လူအများက ထွက်ပြေးသူနောက်သို့ ဝိုင်းလိုက်ရာ မေတ္တာညွန့် သံတံတား အောက်တွင် ပုန်းခိုနေသည်ကို ဖမ်းဆီးရမိကြောင်းသိရသည်။

“ပစ္စည်းတွေတော့ ပါမသွားပါဘူး။ ဒါပေမယ့် ခုတလောမှာ ဒါမျိုးတွေ ခဏ ခဏ ကြားနေရတယ်။ ညဘက်တွေတောင် ညနက်ခံ အပြင်မထွက်ရဲတော့ဘူး” ဟု ကျောက်မြောင်းသား တဦးက ပြောသည်။

တနင်္လာနေ့ည ကလည်း ရွှေဂုံတိုင်ရှိ ယုဇနတာဝါ၊ ၁၃ လွှာနှင့် မြေညီထပ်တို့တွင် ဓားပြမှု ၂ မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ထိုနေ့ည ၇ နာရီခန့်က ယုဇနတာဝါ ၁၃ လွှာရှိ ရှမ်းတရုတ်လူမျိုးပိုင် နိုင်ငံခြားသို့ သစ်တင်ပို့နေသော မြန်မာ ဝုဒ်မာ့ခ် ကုမ္ပဏီ ကိုဝင်ရောက်လုယက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဓားပြများဝင်ရောက်ချိန်တွင် အမျိုးသမီးငယ် ၂ ဦးသာ ရှိနေပြီး ထို အမျိုး သမီးငယ်များကို ဓားဖြင့်ထောက်ကာ နိုင်ငံခြားငွေများကို လုယက်သွားခြင်းဖြစ်ကြောင်း ကြားသိရသည်။

“ငွေဘယ်လောက်ပါသွားလဲ ဆိုတာတော့ မသိရသေးဘူး။ ရဲတွေကတော့ အဲဒီနားက အခန်းတွေကို လိုက်စစ်နေတာပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။

၎င်းည ၁၀ နာရီခန့်တွင်လည်း ယုဇနတာဝါမြေညီထပ်ရှိ ကုမ္မာရီစတိုးကို ဝင်ရောက်လုယက်ရာ ပိုင်ရှင် အမျိုးသမီး ကြီးထံမှ ရွှေလက်ကောက်တကွင်းသာ ရသွားပြီး မီးများ လင်းလာသောကြောင့် ကျူးကျော်သူများ ထွက်ပြေးသွားကြကြောင်း သူက ဆက်ပြောသည်။

“ရွှေဂုံတိုင်ရဲစခန်းကတော့ တဖွဲ့တည်း မဖြစ်နိုင်ဘူးလို့ ပြောတပဲ” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။

မကြာသေးမီကလည်း မန္တလေးမြို့တွင် ရွှေဆိုင်တဆိုင်ကို ဓားပြဝင်တိုက်ရာ ရွှေသား ၂ ပိဿာခန့် ပါသွားသည်ဟု ဒေသခံ များထံမှ ကြားသိရသည်။

အလားတူပင် ယခုလအတွင်း မန္တလေးမြို့၊ ၈၄ လမ်းတွင်နေထိုင်သည် ဒေါ်ကြွယ်ကြွယ်၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက် သည့် လုယက်မှုတမှု ဖြစ်ပွားခဲ့သေးသည်။ ဒေါ်ကြွယ်ကြွယ်က ပြန်လည် ခုခံသောကြောင့် တရားခံများကို ဖမ်းမိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ရေးသားထားသည်။

“လုယက်မှုတွေ၊ ဓားပြမှုတွေကတော့ ကြားနေရတာပဲ။ မိတာကော၊ မမိတာကော ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပြီးမှ တရားခံကို လိုက်ဖမ်းတာလေ။ လူတွေကို အကာအကွယ် မပေးနိုင်တာတော့ သေချာတယ်” ဟု သုဝဏ္ဏမြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန် မြို့တွင်းရှိ တိုက်ခန်းများတွင် မြေညီထပ် သံတံခါး သော့ခပ်မထားသော တိုက်ခန်းများအတွက် ရဲများက တာဝန် မယူဟု ပြောထားကြောင်း သိရသည်။

ယခုအခါ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများ တစထက်တစ များပြားလျှက်ရှိပြီး ပြည်သူလူထုမှာ ရဲကို အားကိုး မရဘဲ မိမိ လုံခြုံရေးအတွက် မိမိဘာသာ တာဝန်ယူနေရကြောင်း ၎င်း ကုမ္ပဏီ ဝန်ထမ်းက ဆက်ပြောသည်။

“ရဲတွေက နေရာတိုင်းမှာ ရှိနေတာပဲ။ ဒါပေမယ့် သူတို့တာဝန်က လူဆိုးတွေကို ဖမ်းဖို့မဟုတ်ဘူး။ လူကောင်း တွေကို စောင့်ကြည့်ဖို့” ဟု သူက ဆိုသည်။

'မြန်မာနေ့' ဟာ ဘားမားကင်ပိန်းအတွက် အားမရဖွယ်
ဇာနည်
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 19:14 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဘယ်လ်ဂျီယံ နိုင်ငံတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သော နှီးနှောဖလှယ်ပွဲတခုသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှု နည်းလွန်းသည်ဆိုကာ ဝေဖန်ပြစ်တင်ခံနေရသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အောက်တိုဘာ ၂၉ ရက်နေ့က ကျင်းပသော "မြန်မာနေ့" ဟု အဓိပ္ပါယ်ရသည့် လက်ရှိနှင့် အနာဂတ် မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲအပေါ် မြန်မာ့အရေး လှုပ်ရှားနေသော ဘားမားကင်ပိန်း (ယူကေ) က ဝေဖန် ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ဒီဆွေးနွေးပွဲမှာက စစ်အစိုးရရဲ့ လူအခွင့်အရေး ချိုးဖောက်တာတွေ၊ နိုင်ငံရေး အကြောင်းအရာတွေ၊ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စ စတာတွေ တင်ပြတာဆွေးနွေးတာတွေ မရှိဘူး။ ဥရောပကော်မရှင် အနေနဲ့ မြန်မာအရေးနဲ့ ဆက်ဆိုင်လာရင် မြန်မာ့ဒီမိုကရေစီ အရေးကို လစ်လျုမရှုသင့်ဘူး" ဟု အဖွဲ့ညွှန်ကြားရေးမှူး မာခ့် ဖမနာ Mark Farmaner က မဇ္ဈိမကို ပြောသည်။

ဥရောပကော်မရှင်က ပူးတွဲ ကမကထပြု ကျင်းပသည့် တံခါးပိတ် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာသည့် အကူအညီများ ကိစ္စကိုသာ အလေးပေး ဆွေးနွေးကြသည်ဟု သိရသည်။

ကော်မရှင်နာမင်းကြီး ဖာရီရို-၀ဲလ်ဒနာ Ferrero-Waldner က မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ကာ ကောင်းမွန်သော အုပ်ချုပ်မှု အသည်းအသန် လိုအပ်နေသည့်အပြင် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် ခံစားရသူများအတွက် အကူအညီ လိုအပ်လျှက်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

"ဒီမှာ ဆွေးနွေးကြတာက အထူးသဖြင့် နာဂစ်ဖြစ်သွားတာအပေါ် ဥရောပ ကော်မရှင်က ပေးမယ့် လူသားချင်းစာနာတဲ့ အကူညီတွေကိစ္စတွေကို ဆွေးနွေးကြပါတယ်။" ဟု အစည်းဝေး တက်ရောက်သူ တဦးဖြစ်သူ ယူရို - ဘားမား ရုံး (ဘရပ်ဆဲလ်) မှ ဒါရိုက်တာ ဦးဟန် ယောင်ဟွေ က မဇ္ဈိမကို ပြောပြသည်။

ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အရာရှိများ၊ ဥရောပ သမဂ္ဂ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာ အတိုက်အခံများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူပေါင်း ၂၀၀ ကျော် ရှိခဲ့သည်။

နိုင်ငံရေးရှေ့နေ ၂ ဦးကို ထောင်ဒဏ် ၆ လ ချမှတ်
ဝိုင်းပီး
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 21:29 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေနှစ်ဦးကို တရားစီရင်ရေးကို အနှောက်အယှက် ပြုသည်ဆိုကာ မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၆ လ အပြစ်ပေးလိုက်သည်။

အင်းစိန်ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသော ကြည်မြင့်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်းအပါအ၀င် ၃ ဦးအတွက် ခုခံချေပပေးနေသော ရှေ့နေ ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ကို ထောင်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။ သို့သော် ကိုစောကျော်ကျော်မင်းသည် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

အမှုစစ်နေစဉ် တရားခံများက ကျောခိုင်းထိုင်နေသည်ကို ရှေ့နေများကတဆင့် ပြောခိုင်းရာ တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသည့်အတွက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။

"ကိုညီညီထွေး တယောက်တည်း လာတာပါ။ ကိုစောကျော်ကျော်မင်း မလာဘူး။ မနက် ၁၁ နာရီလောက်မှာ မြောက်ပိုင်းခရိုင် တရားသူကြီးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်" ဟု တရားရုံးချိန်းတွင် ရှိနေသူ ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၂၂၈ နှင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်းနှင့် ၃၀ ရက်နေ့တွင် တရားရုံးသို့ လာရောက်၍ တရားရင်ဆိုင်ရန် မြောက်ပိုင်းခရိုင် တရားသူကြီးမှ သမ္မာန်စာကို ကိုစောကျော်ကျော်မင်းထံ အောက်တိုဘာ ၂၈ ရက်နေ့တွင် ပေးပို့ခဲ့သည်။

အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများ ရင်ဆိုင်နေရသော အစိုးရက ဆွဲဆိုထားသည့်အမှုများအတွက် လိုက်ပါဆောင်ရွက်နေသူ ကျန်ရှေ့နေအချို့လည်း ဖိအားပေး ခြိမ်းခြောက်မှုများ ရင်ဆိုင်လာကြရသည်။

စမ်းချောင်းမြို့နယ် တရားရုံး၌ နိုင်ငံရေးအမှုတခု လိုက်ပါဆောင်ရွက်နေစဉ်အတွင်း တရားသူကြီးက သတိထားနေရန်နှင့် ထောင်ဒဏ်ချခံရနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

"ကျနော့်ကိုလည်း စမ်းချောင်းမြို့နယ် တရားသူကြီးက မင်းလည်း အမှုစီစဉ်တဲ့အခါ သတိထား၊ တရားစီစဉ်ရာမှာ နှောင့်ယှက်မှုနဲ့ ထောင်ချမယ်လို့ မနေ့က ခြိမ်းခြောက်တယ်" ဟု သူက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်က "လိုရာကို ဆွဲသုံးပြီးတော့ အမှုတွေ ဆင်ပြီးတော့ ထောင်ချနေတဲ့ ကိစ္စတွေပဲဖြစ်တယ်။ အဲဒီလိုပဲ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့သူတွေ ဖမ်းဆီးခံရတဲ့ အမှုတွေကို လိုက်ပေးနေတဲ့ သူတွေကိုလည်း သူတို့တွေက ရန်သူသဖွယ် ဆက်ဆံနေတဲ့ အခြေအနေက ကြာပါပြီ။ ရှေ့နေတွေကိုလည်း အာဃာတထားခဲ့တာ ကြာပါပြီ။ အခုတော့ ကျန်တဲ့ ရှေ့နေတွေက မလိုက်ရဲလောက်အောင် ခြောက်လှန့်တဲ့ သဘောမျိုး ဖြစ်ပါတယ်" ဟု ပြောသည်။

ဂက်စ်အိုး အသုံးပြုနည်း ကျယ်ပြန့်စွာ ပညာပေးရန် လိုအပ်
မြင့်မောင်
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 20:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံတွင် စီအန်ဂျီ ဂတ်စ်အိုးပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းသည် ဂတ်စ်အိုး ကြံ့ခိုင်မှု စစ်ဆေးခြင်း အားနည်းမှုကြောင့်ဖြစ်ပြီး ပညာပေးလုပ်ဆောင်မှုများ လိုအပ်နေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ယခုလ ၉ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းတန်းလမ်းဆုံနှင့် အင်းစိန်မြို့နယ်အတွင်း စီအန်ဂျီ ဓာတ်ငွေ့သုံး ဘတ်စ်ကားများ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၇ ဦး သေဆုံးခဲ့ရသည်။

"ကျနော်တို့ ယူဆတာက ကားသမားတွေရဲ့ ကြံ့ခိုင်မှုစစ်ဆေးတာနဲ့ ပတ်သက်တယ်လို့ ယူဆတယ်။ အိုးတွေ တပ်ပေးတဲ့အခါကျ ဘာမှ မဖြစ်ဘူး။ ယာဉ်ဆိုတာက စက်ပစ္စည်းဆိုင်ရာ ပျက်စီးတတ်တာကို ယာဉ်ပိုင်ရှင်တွေက ပုံမှန်တော့ စစ်ဆေးပေးသင့်တယ်။ အိုးတွေ ပလပ်တွေ ကောင်းမကောင်း၊ နတ်တွေ ခိုင်မခိုင်၊ ပိုက်တွေ ယိုစိမ့်မှု ရှိမရှိ၊ ပုံမှန် စစ်ဆေး မဆေးဆိုတာ ယာဉ်မောင်းနဲ့ဆိုင်တယ်။ ကြံ့ခိုင်မှု ရှိမရှိကို သုံးစွဲသူ တယောက်အနေနဲ့ စစ်ဆေးပေးဘို့ လိုအပ်တယ်" ဟု ရန်ကုန်ရှိ စီအန်ဂျီ ပြောင်းလဲတပ်ဆင်ရေး ကုမ္ပဏီ Myanmar Power မှ တာဝန်ခံတဦးက ပြောသည်။

ဘတ်စ်ကားချင်း ပိုက်သွယ်တန်းကာ ဓာတ်ငွေ့ မျှဝေပေးသလို၊ ပိုက်ခေါင်းများ၊ မူလီများ အသေအချာ တပ်ဆင်မှု မရှိရာမှ နောက်ဆက်တွဲအဖြစ် ပေါက်ကွဲမှုများ ဖြစ်ရသည်ဟု သူက ဆိုသည်။

ယာဉ်မောင်းနှင့် နောက်လိုက်များကို အသိပညာပေး လက်ကမ်းစာစောင် ဝေငှမှု၊ ဟောပြောမှုတို့ လုပ်သင့်သည်ဟုဆိုသည်။

"စီအန်ဂျီ ကားတစီးလုံးကို ထိန်းချုပ်မောင်းနှင်နေတဲ့ ယာဉ်မောင်းနဲ့ စီအန်ဂျီ ဂက်စ်အိုးကြီးတွေကို ထိတွေ့ကိုင်တွယ်ရတဲ့ ယာဉ်နောက်လိုက်တို့ ကိုယ်တိုင် စီအန်ဂျီနဲ့ ပတ်သက်ပြီး ဂဃနဏ မသိကြဘူး" မော်တော်ယဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး အရာရှိတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စီအန်ဂျီနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ကားစပယ်ယာနှင့် ယာဉ်မောင်းများသို့ သင်တန်းပေးထားခြင်း မရှိသဖြင့် ၂၀၀၄ ခုနှစ် စီမံချက် ကာလအစောပိုင်းတွင် စီအန်ဂျီနှင့် ပတ်သက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အချို့ကို အလုပ်ရုံဆွေးနွေးပွဲ တကြိမ်သာ ပြုလုပ်ခဲ့သည်။

''လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကာလတလျှောက်လုံး အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုခဲ့ပြီးမှ အခု ၃-၄ နှစ်အတွင်း တပ်ဆင်ထားတဲ့ ကားနှစ်စီးက ကွဲတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် သေချာတာက နောက်ပိုင်း တပ်ဆင်တဲ့ ကားတွေဟာ သတ်မှတ် စံချိန်စံညွှန်းအတိုင်း မပြည့်မီဘူးဆိုတာ သေချာတယ်။ ဒါကြောင့် သက်ဆိုင်ရာက ကျွမ်းကျင်သူတွေနဲ့ ကားတွေကို ပြန်လည်စိစစ်သင့်တယ်" ဟု အမည်မဖော်လိုသော ကုမ္ပဏီမှ ဂက်စ်အိုးတပ်ဆင်သူတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော် ပေါ်လစီအရ ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားကြီးများ၊ Taxi များနှင့် ခရီးသည်တင် လိုင်းကားများကို ၂၀၀၄ နှင့် ၂၀၀၅ ခုနှစ်အတွင်း စီမံချက်ဖြင့် ပြောင်းလဲစေခဲ့သည်။ ထိုကဲ့သို့ ၂ နှစ်တာ ကာလအတွင်း ကားအစီးရေ တသိန်းကျော်အား တပြိုင်နက်ထဲ ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့်လည်း စနစ်တကျ သင်ယူတတ်မြောက်ထားခြင်း မရှိဘဲ လက်တန်းသင်ယူထားသည့် ၀ပ်ရှော့ဆရာများဖြင့်သာ အများအားဖြင့် ပြောင်းလဲခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စီအန်ဂျီကို အသုံးပြုမှုမှာ သက်တမ်း ၂၅ နှစ်ခန့် ရှိပြီ ဖြစ်သည်။

၂၀၀၄ ခုနှစ်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် စီအန်ဂျီ ဂက်စ်အိုးသည် ဆက်ကြောင်းမရှိ အိုးအထူကြီးများ ပေါက်ကွဲရန် ဆိုသည်မှာ ဖြစ်နိုင်ခြေ လုံးဝမရှိကြောင်း ဆောင်းပါးရေးသူများက ရေးသားခဲ့ကြသည်။

စီအန်ဂျင် ပြောင်းလဲတပ်ဆင်သူ အင်ဂျင်နီယာတဦးကတော့ "ဆောင်းပါးထဲမှာ ပါသလို တကယ်လည်း ဟုတ်ပါတယ်။ ပေါက်ကွဲဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ရာခိုင်နှုန်း နည်းပါတယ်။ ဒါပေမဲ့ တပ်ဆင်မှုမှာ စနစ်မကျရင် ဂက်စ်ထွက်ရာ လမ်းကြောင်းတွေမှာ ပိတ်ဆို့နေတာမျိုးတွေ ဖြစ်နေရင်တော့ ပေါက်ကွဲနိုင်ပါတယ်" ဟု ပြောသည်။

ယခုလ ၉ ရက်နေ့က စော်ဘွားကြီးကုန်းနှင့် ဆူးလေ ပြေးဆွဲသော မထသ ယာဉ်လိုင်းအမှတ် ၄၅ ဘတ်စကား ဂက်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း စာပေစိစစ်ရေးက ဂက်စ်အိုး ကွဲသည်ဆိုသည့် အကြောင်းအရာကို ထိန်ချန်စေခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်တခုမှ အယ်ဒီတာတဦးက "သူတို့အယူအဆက သေးသိမ်ပြီး ကျဉ်းမြောင်းလွန်းတယ်။ ဂျာနယ်မှာ စီအန်ဂျင်ဂက်စ်အိုး ကွဲတယ်ဆိုတာ ပါသွားရင် စာဖတ်သူတွေ ကြောက်လန့်ပြီး ကားမစီးတဲ့ ဂယက်များ ရိုက်သွားလေမလားပေါ။့ ကျနော်တို့ ဂျာနယ်တွေအနေနဲ့ဆိုလည်း၊ ကားတွေ စီအန်ဂျီ ပေါက်ကွဲကုန်ပြီ၊ စီအန်ဂျင်ကားတွေ မစီးကြနဲ့လို့ ဘယ်သူကမှ ရေးမှာ မဟုတ်ပါဘူး'' ဟု ပြောသည်။

မြန်မာစစ်တပ် လက်တွင်းမှ ကလေးစစ်သားကို ကယ်တင်ခြင်း
သဲသဲနှင့်မုံပီး
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 18:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မောင်မျိုးအောင် (အမည်ပြောင်းထားသည်) ကို သူလွန်ခဲ့သော ၃ လကျော်က အိမ်မှ ထွက်ပြေးသွားအပြီး စစ်တပ်ထဲ ရောက်သွားသည်ကြား၍ မိသားစုက သွားခေါ်သောအခါ သူသည် ဤလေ့ကျင့်ရေး စခန်းတွင် စစ်သင်တန်း တက်နေသည်မှာ ၃ လသာ ရှိသေးသည်။

မိသားစုက တပ်ထဲမှ ထွက်ခွင့်ရရန် ခွင့်တောင်းဘို့ သူနှင့် စကားပြောနေစဉ် သူ့မျက်လုံးများက အကြီးအကျယ် နောင်တရနေကြောင်း ဖေါ်ပြနေသည်။ သူ့ကံကြမ္မာအပေါ် စိတ်ထိခိုက်ခြင်းနှင့် သူ့ဘဝကို ပြောင်းလဲလိုသည့် ဆန္ဒများကို အတိုင်းသား တွေ့နေရသည်။

သို့သော် သိပ်နောက်ကျသွားပါပြီ။

စစ်ကိုင်းတိုင်း ဝန်းသိုမြို့ အရာတော်အခြေစိုက် ခလရ ၁၁၁ မှ အရာရှိများက "သူ (မျိုးအောင်) ဒီ ၄ လသင်တန်း ပြီးတော့မှာမို့ ဒီစခန်းက ထွက်လို့မရဘူး" ဟု ပြောသည်။

စိတ်ပျက်လက်ပျက် ဖြစ်သွားသော မိသားစုဝင်များက သူတို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးပါရန် အရာရှိများထံ အသနားခံကြသည်။ သို့သော် သူတို့၏ ကြိုးပန်းမှု မှန်သမျှသည် သဲထဲရေသွန်ပင်။ သူတို့က မောင်မျိုးအောင်၏ ကျောင်းသား မှတ်ပုံတင်ကဒ်ပြား၊ ရဲစခန်းနှင့် ရယက ထောက်ခံစာ၊ ကျောင်းအုပ်ကြီး၏ထောက်ခံစာစသည့် သူ့အ သက်မှာ ၁၅ နှစ်သာရှိသေးကြောင်း အထောက်အထားများကို ထုတ်ပြကြပါသေးသည်။ သို့သော် အချည်းနှီးပင်။

ဗိုလ်ကြီးတဦးနှင့် တပ်ကြပ်ကြီးတဦးတို့ကို ဤကိစ္စ သွားပြောခဲ့သော အမဖြစ်သူ မတင်ဌေးက ဤစစ်အရာရှိများက သူ့ကို "ကျနော်တို့ သူ့ကို ခင်ဗျားတို့ လက်ထဲ ပြန်မထည့်နိုင်ဘူး" ဟုသာ ပြန်ပြောလိုက်သည်ဟု ဆိုသည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုကျေးရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ မောင်မျိုးအောင်သည် သူ့အမေက သူ့ကိုရိုက်၍ အိမ်မှ ဇွန်လအတွင်းက ထွက်ပြေးသွားခဲ့သည် ဟု အမဖြစ်သူ မတင်ဌေးက ရှင်းလင်း ပြောပြပါသည်။

လပေါင်း အတော်ကြာပြီး အောက်တိုဘာလ ၁၈ ရက်နေ့ရောက်မှ မောင်မျိုးအောင် မိမိတို့အိမ်၏ မြောက်ဘက် မိုင် ၄ဝဝ အကွာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းရှိ စစ်သားသစ် လေ့ကျင့်ရေးစခန်းတွင် ရောက်ရှိနေကြောင်း မိသားစုက သိကြရသည်။

အိမ်မှ ထွက်ပြေးပြီး ခလရ ၁၁၁ မှ စစ်သားတဦးနှင့် တွေ့ကြောင်း၊ သူက သူ့ကို တပ်ထဲဝင်မလားဟု မေးကြောင်း၊ မောင်မျိုးအောင်ကလည်း သူ သူ့ခြေထောက် ၂ ချောင်းပေါ် ရပ်နိုင်ကြောင်း မိသားစုကို ပြသလိုသည့်အတွက် အခွင့်ရေးတရပ်ဘဲဟု ထင်ကာ ဝင်မည်ဟု ပြောလိုက်ပြီး ထိုစစ်သားနောက် လိုက်သွားမိခဲ့ကြောင်းဖြင့် သူ့မောင်က သူ့ကို ပြန်ပြောပြသည်ဟု မတင်ဌေးက ပြောပါသည်။

သူဘယ်လောက် မှားသွားပြီဆိုတာ ခုမှဘဲ သိတော့သည်။

"သူဒီလေ့ကျင့်ရေးစခန်းမှာ ဘယ်လောက် စိတ်ဆင်းရဲရတဲ့အကြောင်း ကျမမောင်က ကျမကို ပြန်ပြောပြပါတယ်။ ဒါပေမဲ့ အိမ်ပြန်လဲ တပ်က အိမ်ကို လာဖမ်းမှာ ကြောက်တယ်လို့ သူက ပြောပါတယ်" ဟု မတင်ဌေးက စိတ်ပျက်လက်ပျက် အသံဖြင့် ပြောပါသည်။

သို့သော် သူတို့မောင်ကို ဤလေ့ကျင့်ရေးစခန်းမှ ဆွဲထုတ်ရန် အကြံကို လက်မလျှော့သေးကြောင်း၊ ဤကိစ္စအတွက် ပဲခူးမြို့ရှိ အလုပ်သမားကိစ္စများ လိုက်လံ ဆောင်ရွက်ပေးနေသူ ဦးအေးမြင့်ကို ချဉ်းကပ် အကူအညီ တောင်းထားကြောင်း ပြောပါသည်။ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ဆက်ဆံရေးရုံးကို တိုင်တန်းပေးရန် အကူအညီ တောင်းထားကြောင်း ပြောပါသည်။

အလုပ်သမား အခွင့်အရေးကိစ္စများ လိုက်လံ ဆောင်ရွက်ပေးနေသူ ဦးအေးမြင့်ကလည်း ဤကိစ္စကို ရန်ကုန်ရှိ ILO ရုံး သို့တိုင်ကြားပေးရန် သဘောတူညီခဲ့ပြီး ဖြစ်ကြောင်း ပြောပါသည်။

"တကယ်တော့ ကျနော်က စာရွက်စာတမ်း အထောက်အထားတွေတောင် အကုန်ပြင်ဆင်ထားပြီးပြီ၊ သောကြာနေ့ မှာ ILO ရုံးကို တိုင်ကြားစာ သွားပို့မယ်" ဟု ဦးအေးမြင့်က ပြောပါသည်။

သို့သော် ဤသို့ ILO ရုံးကို သွားရောက် တိုင်ကြားခြင်းဖြင့် မောင်မျိုးအောင်ကို တပ်ထဲမှ ပြန်ထုတ်၍ ရမရကိုမူ မသိရသေးပါ။ မောင်မျိုးအောင်၏ အဖြစ်အပျက်သည် သူကြားဖူးသမျှထဲတွင် ပထမဆုံး မဟုတ်ကြောင်းသာ ဦးအေးမြင့်က ပြောပါသည်။

မောင်မျိုးအောင်လိုပင် မရည်ရွယ်ဘဲ တပ်ထဲ ရောက်သွားသူ ကောင်လေး အများအပြားရှိကြောင်း၊ အတော်များများပင် တပ်ထဲတွင် ဆက်မနေချင်တော့သော်လည်း ထွက်ခွင့် မရကြကြောင်း၊ သူတို့ မိသားစုများ၏ ညွှန်ကြားချက်အရ ဤ ကလေးများ အသက်မပြည့်သေးကြောင်း သက်သေပြနိုင်သည့်တိုင်အောင် ပြန်ထွက်၍ မရကြကြောင်းဖြင့်သာ ဦးအေးမြင့်က ပြောပါသည်။

"အရင်တုံးကတော့ အိုင်အယ်လ်အို ဆက်ဆံရေးရုံးက အရာရှိရဲ့ အကူအညီနဲ့ ကလေး ၁၅ ယောက်လောက်ကို တပ်ထဲက ထွက်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့တယ်" ဟု ဦးအေးမြင့်က ရှင်းပြပါသည်။

အိုင်အယ်လ်အို ဆက်ဆံရေးရုံး အရာရှိအနေဖြင့် ဤကလေးများ တပ်ထဲမှ ပြန်ထွက်ခွင့်ရရန် စုဆောင်းရေးနှင့် လေ့ကျင့်ရေးတပ်မှ တပ်မှူးများ၊ အရာရှိများနှင့် တိုက်ရိုက် စကားပြောခွင့်မရသဖြင့် အဆင့်မြင့် မြန်မာအရာရှိကြီးများနှင့် တွေ့မှသာ ဤကိစ္စကို တင်ပြပေးရကြောင်း၊ သူတို့ အကူအညီဖြင့်သာ ကလေးအချို့ လွတ်မြောက်လာအောင် လုပ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။

အဓမ္မ လုပ်အားပေးကိစ္စများ တိုင်တန်းနိုင်ရန် ဆက်ဆံရေးအရာရှိတဦး ထားရှိခွင့်ကို ILO အား မြန်မာစစ်အစိုးရက ၂ဝဝ၇ ခုနှစ် နှစ်ဆန်းတွင် ခွင့်ပြုခဲ့ပါသည်။

ဦးအေးမြင့်၏ ကူညီမှုနှင့် ရန်ကုန်မြို့ရှိ ILO ဆက်ဆံရေးရုံးတို့ကြောင့် မတင်ဌေးတို့ မိသားစုမှာ မျှော်လင့်ချက်ကလေးများ ရှိနေပါသေးသည်။ သို့သော် စစ်သားစုဆောင်းရေးနှင့် လေ့ကျင့်ရေး တပ်များသို့ ရောက်ရှိသွားသော မြန်မာ ယောက်ျားလေး တော်တော်များများမှာမူ ကံမကောင်းလှပါ။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး (HRW) ၏ ၂ဝဝ၂ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်ထဲတွင်ရော၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင်ပါ စစ်မှုထမ်းနေသော ကလေးစစ်သားပေါင်း အနည်းဆုံး ၇ဝဝဝဝ ရှိသည်ဟု ဆိုပါသည်။

သို့သော် ဤကိန်းဂဏန်း အရေအတွက်သည် မှန်မှန် ပြုပြင်ဖြည့်စွက်ခြင်း မလုပ်သဖြင့် သိပ်စိတ်မချရတော့ကြောင်းကိုမူ (HRW) ၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီးဆန် (David Scott Mathieson) က ပြောပါသည်။ ယုံကြည်ကိုးစားနိုင်သော ကိန်းဂဏန်း အချက်အလက်များ မရရှိခြင်းသည် မြန်မာနိုင်ငံမှ သတင်းအချက်အလက်များ ရရှိရေးအတွက် အခက်အခဲတရပ် ဖြစ်ကြောင်း သူက ပြောပါသည်။ မြန်မာစစ်အစိုးရသည် သတင်းစီးဆင်းမှုကို တင်းကြပ်စွာ ပိတ်ဆို့ထားသည်ဟုလည်း သူက ပြောပါသည်။

"အတည်မပြုနိုင်သေးပေမဲ့ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ ကလေးစစ်သား အရေအတွက်ဟာ အရင်အတိုင်းဘဲ နဲနဲ ပါးပါးဘဲ အတိုးအလျော့ ရှိမယ်လို့ ထင်ပါတယ်" ဟု ဒေးဗစ်စကော့မက်သီဆင် က ပြောသည်။ ကလေးစစ်သား စုဆောင်းမှုကို မီဒီယာများက သတိမထားမိနိုင်စေရန် သူတို့ အသုံးပြုသော နည်းစနစ်များသည် အလွန်အသိရ ခက်လာကြောင်းကိုလဲ သူက ဆက်လက် ပြောဆိုပါသည်။

"အသက်မပြည့်သေးသူ ကလေးစစ်သားများ စုဆောင်းမှု တားဆီးကာကွယ်ရေး ကော်မတီ" ကို ဖွဲ့စည်းလိုက်ကြောင်း စစ်အစိုးရက ဇန်နဝါရီလ ၅ ရက် ၂ဝဝ၄ ခုနှစ်တွင် ကြေငြာခဲ့ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ကလေးစစ်သား အသုံးပြုမှုကို အကြီးအကျယ် ဝေဘန်ပြစ်တင်ခြင်း ခံခဲ့ရပြီးနောက် မြန်မာစစ်တပ်တွင်းသို့ အသက်မပြည့်သေးသူ ကလေးများ စုဆောင်ခြင်း မပြုနိုင်အောင် ဤကော်မတီက ကာကွယ် တားဆီးထားကြောင်း ပြသရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

"ကျနော်ကတော့ ဒီကော်မတီက ဘာမှ မလုပ်ခဲ့ဘူးလို့ ထင်တာဘဲ" ဟုလည်း သူက မှတ်ချက်ချ ပြောကြားသွားခဲ့ပါသည်။

ဤသို့ မျှော်လင့်ချက်များ အားရစရာ သိပ်မရှိလှခြင်းကြောင့် မတင်ဌေးအနေဖြင့်လည်း သူ့မောင် တပ်သားသစ် လေ့ကျင့်ရေးစခန်းမှ ပြန်လွတ်လာကာ ပုံမှန် အရပ်သားဘဝဖြင့် ပြန်နေနိုင်ဦးမည် ဆိုသည်ကို ပူပန်ကြောင့်ကြနေရသည်။

"ဒါပေမဲ့ ကျမမောင်လေး ကျမတို့ဆီ ပြန်ရောက်လာဦးမယ်လို့တော့ မျှော်လင့်နေတုံးပါဘဲ" ဟု သူမက ပြောဆိုသွားခဲ့ပါသည်။

ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အာရုံစိုက်ရန် လိုပြီ
ဆော်လမွန်
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 13:19 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များ နာလန်ထူရေးဖြစ်စဉ်တွင် သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနှင့် သဘာဝဘေး စီမံခန့်ခွဲမှု တို့သည် အဓိက အစိတ်အပိုင်းများ ဖြစ်သင့်ကြောင်းဖြင့် ကုလသမဂ္ဂအာရှရေးရာ စီးပွါးရေးနှင့် လူမှုရေးကော်မရှင် (ESCAP) က ပြောပါသည်။

မည်သည့် လုံခြုံစိတ်ချရသော သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ချဉ်းကပ်မှုတွင်မဆို ထိရောက်သော ကြိုတင်သတိပေးစနစ် တရပ်သည် အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်မြဲ ဖြစ်ကြောင်းဖြင့် ဆက်လက် ဆောင်ရွက်ဆဲ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဒဏ်မှ နာလန်ထူရေး လုပ်ငန်းမှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့သည့် ဘန်ကောက်မြို့ ၂ ရက်ကြာ အစည်းအဝေးအပြီးတွင် ESCAP ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် မစ္စနိုလင်းဟေဇာ (Ms. Noeleen Heyzer) က ပြောကြားသွားပါသည်။

သို့သော် ကြိုတင် သတိပေးခြင်းကို ကြိုတင် ဆောင်ရွက်ခြင်းဖြင့် အမှန်တကယ် သဘာဝ ဘေးအန္တရာယ်အတွက် ပြင်ဆင်ထားပြီးသား ဖြစ်ဘို့ လိုကြောင်းဖြင့်လည်း သူမက အလေးပေးပြောကြားပါသည်။

ဤအစည်းအဝေးသို့ ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာအစိုးရနှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး၊ နည်းပညာနှင့် ဘဏ္ဍာရေး အထောက်အပံ့များ ပိုမို ပေးအပ်ရေးအပါအဝင် ဦးစားပေးလုပ်ငန်းကို ကယ်ဆယ်ရေး လုပ်ငန်းမှ ရေရှည်စီးပွါးရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည် နာလန်ထူရေးတို့သို့ ပြောင်းလဲရန် သဘောတူညီခဲ့ကြပါသည်။

နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ်မှ ပြန်လည်နာလန်ထူရေး လုပ်ငန်းစဉ်တွင် ဤအစည်းအဝေးသည် ပထမဆုံး အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်သည့် အစည်းအဝေးဖြစ်ပြီး၊ မကြာသေးခင်က အလားတူ သဘာဝဘေးဒဏ် ခံခဲ့ရသည့် အာချေ၊ ဘင်္ဂလာဒေ့ရှ်၊ ပါကစ္စတန် နှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များလည်း ပါဝင် တက်ရောက်ခဲ့ကြပါသည်။

ဤအစည်းအဝေးမှ ရရှိလာသော အချက်အလက်များကို နာဂစ်လွန် ပြန်လည်နာလန်ထူရေးနှင့် အသင့်ပြင်ရေးစီမံကိန်း (PONREPP)၊ ဆောင်ရွက်ဆဲ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (TCG) ၏ ပုံမှန် ပြန်လည်သုံးသပ်ရေး လုပ်ငန်းများနှင့် ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလလယ်၌ ကျင်းပမည့် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေးသို့ ပေးပို့သွားရန်ကိုလည်း အစည်းအဝေး တက်ရောက်သူများက သဘောတူညီခဲ့ကြပါသည်။

သို့သော် TCG က ပြုလုပ်သော နာဂစ်လွန် ပူးတွဲအကဲဖြတ်လေ့လာမှု (PONJA) သည် ဆိုင်ကလုံးဒုက္ခသည်များ ကယ်ဆယ်ရေး လုပ်ငန်းတွင် မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြီးအကျယ် လျစ်လျူရှုထားကြောင်းဖြင့် မြန်မာလူထု အခြေပြုအဖွဲ့အစည်း ၁၉ ခု ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့က အောက်တို ဘာလ ၁၆ ရက်နေ့က အစီရင်ခံစာတစောင် ထုတ်ပြန်၍ ထုတ်ဖေါ်ဝေဘန်ခဲ့ပါသည်။ TCG ကို ကုလသမဂ္ဂ၊ အာဆီယံ နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ဖြင့် ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။

"နာဂစ်လွန်လေ့လာရေး - အခြားတဘက်မှ ဇာတ်လမ်းများ” အမည်ရှိ အဆိုပါ အစီရင်ခံစာတွင် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး၊ မုန်တိုင်း ဒုက္ခသည်များ ဆိုးရွားစွာ ခံစားခဲ့ရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် အကူအညီများ ဝေငှဖြန့်ဖြူးရာတွင် မလုံမလောက် မညီမမျှ ဖြန့်ဖြူးခဲ့ခြင်း တို့ကို PONJA အစီရင်ခံစာက ဖေါ်ပြရန် ပျက်ကွက်ခဲ့ကြောင်းဖြင့် မီးမောင်းထိုး ဖေါ်ပြ ရေးသားထားပါသည်။

ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက် လေ့လာခဲ့သည့် ကရင်လူမျိုး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်သူ ကိုရွှေကလည်း မြန်မာစစ်တပ်သည် အကူအညီများ ပေးပို့ရာတွင် တားဆီး နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဒုက္ခသည်များ ရထိုက်သည့် အကူအညီနှင့် လူသားချင်းစာနာသည့် ထောက်ပံ့ကူညီမှုများ အညီအမျှ ရရှိခွင့်ကိုလည်း ပိတ်ပင်ခဲ့ကြောင်း ပြောဆိုပါသည်။

မေလဆန်းက မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဖြတ်ကျော် ဝင်ရောက်တိုက်ခတ်အပြီး၊ စစ်အစိုးရသည် အကူအညီများ စီးဆင်းမှုကို အစပိုင်းတွင် ပိတ်ပင်တားဆီးခဲ့ကာ၊ မုန်တိုင်းဒဏ်ခံ ဒေသများသို့ အကူအညီပေးရေး လုပ်သားများ ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါသည်။

သို့သော် မေလလယ်တွင် ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်အပြီးတွင်မှ အကူအညီများ ပေးပို့ရေးနှင့် နာလန်ထူရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးမည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) တွင် ပါဝင်ရန် မြန်မာအစိုးရက သဘောတူညီခဲ့ပါသည်။ နောက်ပိုင်းတွင် TCG က ကွင်းဆင်းလေ့လာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ နာဂစ်လွန် ပူးတွဲလေ့လာအကဲဖြတ်ခြင်း အစီရင်ခံစာ (PONJA) ကို ရေးသားထုတ်ပြန်ခဲ့ပါသည်။

သို့သော် မြန်မာ့လူထုအခြေပြု အဖွဲ့အစည်းများကမူ PONJA သည် ဆိုင်ကလုံးဒဏ်ခံ ဒေသများ၏ ဘက်ပေါင်းစုံ အခြေအနေများကို ထည့်သွင်းတင်ပြရန် အကြီးအကျယ် ပျက်ကွက်ခဲ့ပြီး၊ မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သည့် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း လုံးဝ ချန်လှပ်ထားခဲ့ကြောင်းဖြင့် ရေးသား တင်ပြထားပါသည်။

မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်း ဒုက္ခသည်များသည် သန့်ရှင်းသော သောက်ရေသန့်ကို ယခုတိုင် လိုအပ်နေဆဲ ဖြစ်ပြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက်လည်း ဘဏ္ဍာငွေ မလုံလောက်ကြောင်းဖြင့် ကုလသမဂ္ဂ လူသားချင်းစာနာသည့်လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးကလည်း ဤအတောအတွင်း ပြောကြားသွားခဲ့ပါသည်။

ယခုလအစောပိုင်းက မဇ္ဈိမသို့ ပေးပို့ခဲ့သော အီးမေးလ်တွင် ဒန်ဘေကာ (Dan Baker) က "လိုအပ်နေတာတွေ အများကြီးဘဲ၊ ထပ်လဲ တိုးလာနေသေးတယ်။ လူသားချင်း စာနာတဲ့ လုပ်ငန်းအတွက် လိုအပ်ချက်တွေကို ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ဘို့ ပိုင်းဖြတ်မှုရှိတဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေ လိုအပ်နေပါတယ်" ဟု ပြောကြားသွားခဲ့ပါသည်။

"သောင်းနဲ့ချီတဲ့ မိသားစုတွေ အမိုးအကာရှိရုံ အခြေအနေမှာ နေနေရတုံးပါဘဲ" ဟု ဘေကာက ပြောသွားပြီး၊ စိုက်ပျိုးရေးကဏ္ဍတွင်လည်း ငွေများ အကြီးအကျယ် လိုအပ်နေကြောင်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

တကယ့်လက်တွေ့မျက်မြင် အခြေအနေအရလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့နယ် သင်္ကန်းကြီးကျေးရွာမှ ရွာသားများကလည်း သူတို့ကို စားနပ်ရိက္ခာများ ဖြတ်တောက်ခဲ့သည်မှာ ၂ လရှိသွားပြီ ဖြစ်ကြောင်း၊ နေ့စဉ်စားစရာ အတွက်သာ ရုန်းကန်နေရသဖြင့် သူတို့ဘဝ ပြန်လည်ထူထောင်ရေးအတွက် လှည့်မကြည့်နိုင်ကြကြောင်းဖြင့် ပြောကြားသွားပါသည်။

"ရိက္ခာတွေ ဂိုဒေါင်ထဲမှာ ရှိနေတာ ကျနော်တို့ မြင်ခဲ့ရတယ်၊ ဘာလို့ ကျနော်တို့ကို ဝေမပေးတာလဲဆိုတာ ကျနော်တော့ နားမလည်ဘူး" ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ ဂိုဒေါင်များတွင် စားနပ်ရိက္ခာများ သိုလှောင်ထားသည်ကို မြင်ခဲ့ရသော အဆိုပါ ကျေးရွာသားက ပြောပါသည်။

ရောင်းစားခံရသူ အမျိုးသမီးများ တရုတ်က ပြန်လည်လွှဲအပ်
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 22:53 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တရုတ်နိုင်ငံတွင် ရောင်းစားခံရသူ မြန်မာအမျိုးသမီးများအား နေရင်းသို့ ပြန်လည် ပို့ဆောင်ပေးခြင်းများ ပြုလုပ်လျှက် ရှိသည်။

တရုတ်နိုင်ငံ အမ်းဝေ ပြည်နယ်မှ အဖမ်းခံခဲ့ရသူ မိန်းကလေး ၆ ဦးအား အောက်တိုဘာ ၂၁ ရက်နေ့က တရုတ်အာဏာပိုင်များက မြန်မာဘက်သို့ ပို့ဆောင်ပေးခဲ့သည်။

"ဘေဂျင်း အိုလံပစ်ပွဲနီးတော့ သန်းခေါင်စာရင်းကို ကြပ်မတ်ကောက်ခံတဲ့ အချိန်မှာ လ၀က (လူဝင်မှုကြီးကြပ်ရေး) အမှုနဲ့ အဖမ်းခံရတာ ဖြစ်တယ်။ ရောင်းစားခံရသူတွေက ကွန်ကြိုး၊ ဖူးကျင်း၊ ယူနန်၊ အမ်းဝေ၊ ဆန်တုံ၊ စစ်ထွာ ပြည်နယ်မှာ လ၀က အမှုနဲ့ အဖမ်းခံရတယ်" ဟု ပြန်လည် ပို့ဆောင်ရာတွင် ပါဝင်ကူညီပေးနေသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ စုစုပေါင်း အမျိုးသမီး၂၀၀ ခန့်ကို အသုတ်လိုက်ခွဲ၍ ပြန်လည် ပို့ဆောင်မည် ဖြစ်သည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတို့မှ ပါဝင်သော လူကုန်ကူးခံရသူများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လွယ်ကျယ်မြို့မှ မြန်မာဘက်ခြမ်း ရှမ်းပြည်နယ် လားရှိုးမှ မူဆယ်ရှိ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ထံ ပေးပို့သွားမည် ဖြစ်သည်။

ဖူးကျင်းဒေသတွင် တရုတ် တံငါသည်များထံ မယားအဖြစ် ရောင်းစားခံရသူ ၁၈ ဦးအား နှစ်နိုင်ငံ အဖွဲ့အစည်းက မကြာမီ ပြန်ပို့ဖွယ် ရှိသည်။

အများစုမှာ မိသားစု စားဝတ်နေရေး ပြဿနာကြောင့် အလုပ်ရှာဖွေရင်း လူပွဲစားများ လက်တွင်းသို့ ကျရောက်ကာ ရောင်းစားခံရသူများ ဖြစ်သည်။

မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ ရောင်းစားခံရသော အမျိုးသမီးငယ်များသည် မယားအဖြစ်၊ အိမ်ဖော်အဖြစ် ခိုင်းစေခံကြရသည်။

အာဆီယံအစည်းအဝေး ချင်းမိုင်တွင် ကျင်းပမည်
သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 19:44 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည့် အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီး၏ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဒီဇင်ဘာလတွင် ကျင်းပမည် ဖြစ်သည်။

မြို့တော်ဘန်ကောက်တွင် ကျင်းပရန် ယခင်က စီစဉ်ခဲ့သော်လည်း ချင်းမိုင်မြို့ ရှန်ဂရီလာ ဟိုတယ်တွင် ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ပြောင်းလဲကျင်းပရန် သတ်မှတ်လိုက်သည်။ အစည်းအဝေးသည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။

ချင်းမိုင်မြို့၏ သာယာသောရာသီဥတုကြောင့် ပြောင်းရွှေ့ကျင်းပရခြင်း ဖြစ်သည် ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော်လည်း ဘန်ကောက်တွင် အာဏာရအစိုးရကို ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် လုံခြုံရေးအရ နေရာပြောင်းလဲရခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

"အစည်းအဝေးကို လာရောက်ကျင်းပဖို့ကတော့ အခြေအနေအရ ပိုများတယ်…ချင်းမိုင်မှာလည် အစိုးရကို ဆန့်ကျင်တဲ့လူတွေ ရှိပေမယ့် သိပ်မများဘူး။ ထိမ်းလို့ရနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အဲဒါကြောင့် ချင်းမိုင်မှာ လာကျင်းပတာလို့ ထင်တယ်" ဟု လုံခြုံရေး အရာထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။

အစည်းအဝေး ကျင်းပမည့် ရှန်ဂရီလာ ဟိုတယ်က ကိုယ်စားလှယ်များအတွက် ဟိုတယ်အခန်းများ အားလုံး မှာယူထားပြီးဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ ( Association of Southeast Asian Nations ) အာဆီယံကို ၁၉၆၇ ခုနှစ် ၊ သြဂုတ်လ (၈) ရက်နေ့တွင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံ တို့နှင့် စတင် တည်ထောင်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် မဟာမိတ်များနှင့် အနီးကပ် လက်တွဲတိုက်ပွဲဝင်မည်ဖြစ်ကြောင်း ပြောကြား

ရိုးမ ၃။ အောက်တိုဘာ ၂၈၊ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် ယခင်ချမှတ်ထားသည့် လမ်းစဉ်များကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်ပြီးနောက် စစ်အာဏာရှင်ကျဆုံးရေး၊ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာ ရေးတို့အတွက် ဒီမိုကရေစီမဟာမိတ်များနှင့် အနီးကပ်ဆက်လက် လက်တွဲသွားမည်ဟု ဆိုသည်။

(၁၄) ကြိမ်မြောက် (KNU)ကွန်ကရက်တွင် တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဗိုလ်မှူးစောလှငွေက ယမန်နေ့က ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့က အမျိုးသားရေးနဲ့ ဒီမိုကရေစီရေးမှာ ခွဲမထားဘူး၊ ဒီမိုကရေစီမရှိဘဲ တကယ့် အမျိုးသားရေးမဖြစ်နိုင်သလို အမျိုးသားရေးကို တကယ်မတည်ဆောက်ဘဲလုပ်ရင်လဲ တကယ့်ဒီမိုကရေစီဆိုတာလဲ မဖြစ်လာနိုင်ဘူး၊ ဒီနည်းနှစ်ရပ်စလုံးကို တန်းတူထားပြီး ဆောင်ရွက်သွားမယ်၊ မဟာမိတ်အဖွဲ့တွေနဲ့လဲ ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးအပေါ် စိတ်ဝင်စား ခြင်း မရှိကြောင်း မိမိတို့အနေဖြင့် သုံးသပ်မှုများပြုလုပ်ပြီးနောက် ရှေ့ဆက်လုပ်ငန်းစဉ်များကို ချမှတ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

“နအဖအနေနဲ့ ဆက်ပြီး စစ်ရေးအရ ဖိအားပေးလာရင်တော့ ကျနော်တို့အနေနဲ့ ပြန်လည်ခုခံဖို့၊ နောက်တခုက ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖမ်းဆီးတာတွေနဲ့ ပတ်သက်လို့ အဲဒီအပေါ် ကျနော်တို့က စာနာထောက်ထားပြီး သူတို့တတွေရဲ့ တိုက်ပွဲ၊ သူတို့တတွေရဲ့ လွတ်မြောက်လှုပ်ရှားမှုနဲ့အတူ ကျနော်တို့ရှိတယ်”ဟု ဆက်လက် ပြောသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် မည်သူမဆို ဘယ်လိုအခြေအနေရောက်ရောက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ် ကြောင်းနှင့် အမှန်တရားပေါ်ပေါက်ရေးအတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အမှန်တရားဆိုတာ တနေ့ပေါ်ပေါက်မယ်၊ အဲလို အမှန်တရားပေါ်ပေါက်ဖို့ ကျနော်တို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရမယ်။ အဲလိုဖန်တီးရာမှာ ညီညီညွတ်ညွတ်နဲ့ လုပ်ကြမယ်ဆိုရင် ကမ္ဘာပေါ် မှာပဲဖြစ်ဖြစ်၊ ဒေသအတွင်းမှာပဲဖြစ်ဖြစ် လုပ်ဆောင်သွားတဲ့အတိုင်း ကျနော်တို့ အောင်ပွဲခံနိုင်မှာ ဖြစ်တယ်၊ ကျနော်တို့က သန်းခေါင်တော့ကျော်နေပြီ မိုးသောက်ချိန်နီးရင် ပိုမှောင်လာတယ် ဆိုပေမဲ့ အဲဒါပြီးရင် အလင်းရောက်မယ်ဆိုတဲ့အတွက် အားလုံး ယုံယုံကြည်ကြည်နဲ့ လုပ်ကြပါလို့ ကျနော် တိုက်တွန်းပြောချင်ပါတယ်”ဟု ပြောသည်။

ထို့အပြင် (KNU)အထွေထွေအတွင်းရေးမှူးအဖြစ် ဆရာမနော်စီဖိုးရာစိန်အား ရွေးချယ်တင် မြှောက်ခြင်းနှင့် ပတ်သတ်၍ ခေါင်းဆောင်နိုင်သည့် အရည်အချင်းရှိသည့်အတွက် ရွေးချယ် လိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောလှငွေက ဆက်ပြောသည်။

“ဆရာမစီဖိုးရာစိန်က သူတို့ ကရင်အမျိုးသမီးအဖွဲ့မှာကတည်းက အမျိုးသမီးအခွင့်အရေးတွေ အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တာတွေ လုပ်ခဲ့တယ်၊ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံတကာ မှာရော၊ အမျိုးသမီးရေးမှာရော၊ နိုင်ငံရေး၊ အမျိုးသားရေးမှာပါ ခေါင်ဆောင်နိုင်တယ်လို့ယူဆလို့ အများက အခုလိုရွေးချယ်လိုက်တာလို့ ယုံကြည်တယ်၊ ဒါဟာလည်း ဖြစ်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းက ဖဒိုမန်းရှားလားဖန်း လုပ်ကြံခံလိုက်ရမှုနှင့်ပတ်သက်၍ ကွန်ကရက်အတွင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်အတွင်း (KNU)အတွက် တန်းဖိုး မဖြတ်နိုင်သည့် ခေါင်းဆောင်နှစ်ဦး ဆုံးရှုံးခဲ့ရသည်ဟု ပြောသည်။

“တဦးက လုပ်ကြံခံရတယ်၊ တဦးက ကျန်းမာရေးကြောင့် ဆုံးရှုံးသွားတယ်၊ ဘယ်သူတွေက ညွှန်ကြားတယ်။ ဘယ်သူက လုပ်တယ်ဆိုတာတွေကိုလည်း ကျနော်တို့သိပြီးသားပါ၊ အချိန်အခါ ကျရောက်လာတဲ့အခါမှာ တရားမျှတတဲ့ ခုံရုံးမှာ တရားခံအစစ်အမှန်တွေကို တင်ပြီးတော့ အရေးယူနိုင်ဖို့ပဲ၊ ဂလဲ့စားချေရေး မုန်းတီးရေးတို့ ကျနော်တို့ မလုပ်ပါဘူး၊ ကိုယ်စိုက်တဲ့စပါးတော့ ကိုယ်ရိတ်သိမ်းရမှာပဲ၊ ကျနော်တို့က အဲလိုပဲ သဘောထားပါတယ်”ဟု ဆက်လက် ပြောဆိုခဲ့ သည်။

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များအား ထောင်ဒဏ်ချမှတ်

ဖြိုးကြီး။ အောက်တိုဘာ ၃၀၊ ၂၀၀၈

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင် (၉) ဦးကို စစ်အစိုးရအာဏာပိုင်များက ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ယမန်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်း၊ အင်းစိန်အထူးတရားရုံးမှ ၎င်းတို့ကို တရားရုံးအား မထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့ကို ထောင်ဒဏ်များချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်က အာဏာပိုင်များ အနေဖြင့် ဥပဒေကို ချိုးဖောက်ခြင်းသာဖြစ်သည်ဟု ပြောသည်။

“ကိုမင်းကိုနိုင်တို့ အဓိကတောင်းဆိုတာက လွတ်လပ်တဲ့ တရားစီရင်ရေးရရှိဖို့အတွက် တောင်း ဆိုတာဖြစ်တယ်၊ ဒါဟာ ဘယ်သူမဆို တောင်းပိုင်ခွင့်ရှိတယ်၊ အဲဒါက လွတ်လပ်စွာ တရားစီရင် ခွင့်ရရေးဆိုတဲ့ တောင်းဆိုချက်ဟာ ကိုမင်းကိုနိုင်တို့မှ မဟုတ်ပါဘူး ဒါဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ တာဝန်ဖြစ်ပါတယ်၊ တရားရုံးက အခုလို လုပ်လိုက်တာဟာ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရဆိုတဲ့ကိစ္စကို ကျော်လွန်တဲ့ကိစ္စဖြစ်တယ်”ဟု ပြောသည်

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များက ၎င်းတို့အား ရုံးထုတ်စစ်ဆေးစဉ် ရသင့်ရထိုက်သည့် အခွင့်ရေးများကို တရားသူကြီးအား တင်ပြလျှောက်ထားသည့်ကိစ္စအပေါ် တရားရုံးဆွဲချများ၊ အစိုးရရှေ့နေများက ရုံးတော်ကို မထီမဲ့မြင်ပြုရာရောက်သည့်ဟုဆိုကာ အရေးယူရန်တင်ပြခဲ့သည့်အတွက် တရားသူကြီးက ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

“ဘယ်နိုင်ငံမှာမဆို လွတ်လပ်စွာတရားစီရင်ခွင့်ရရေးဆိုတာ အခြေခံဥပဒေမှာ တရားဝင်ပြဌာန်း ထားပါတယ်၊ တကယ်လို့ အဲဒါနဲ့မညီဘဲ တရားစီရင်မှုပြုမူတယ်ဆိုရင် ဘယ်နိုင်ငံသားမဆို ဒါကို ဖွင့်ဟပြောဆိုခွင့် ရှိပါတယ်၊ ဒါမျိုးလုပ်တယ်ဆိုတဲ့ဟာကတော့ တကယ့်ကို လပ်လွတ်စပယ် လုပ်တဲ့ ကိစ္စမျိုးပါ”ဟု (AAPP)အတွင်းရေးမှူး ဦးတိတ်နိုင်က ဆက်လက်ပြောသည်။

ယင်းကဲ့သို့ ထောင်ဒဏ်များချမှတ်ခံလိုက်ရသူများမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအောင်သူ၊ ကိုဌေးကြွယ်၊ ကိုဉာဏ်လင်း၊ ကိုမျိုးအောင်နိုင်နှင့် ကိုလှမျိုးနောင် တို့ ဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်မှု စတင်

နွယ်လေး။
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအား မြန်မာအစိုးရမှ ပြုလုပ်ပေးမည့် နိုင်ငံကူးလက်မှတ်များ စတင်ပြု လုပ်ပေးနေပြီး လျှောက်လွှာတင်သူ တစ်ထောင်ခန့်ရှိပြီဟု ထိုင်းနိုင်ငံ ဘန်ကောက်ရှိ လုပ်ငန်းစီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူက ပြောသည်။

"လျှောက်လွှာစာရွက်ကို မြန်မာ အစိုးရဘက်က ပို့လာပေးတာ အင်္ဂလိပ်နဲ့ မြန်မာ နှစ်ဘာသာ။ လျှောက်လွှာတင်ပြီးတဲ့သူ တစ်ထောင်ကျော်ရှိပြီ။ မြန်မာအစိုးရဘက်ကို ကျမတို့ ပို့ပေးပြီးသွားပြီ။ မြန်မာ အစိုးရဘက်ကနေ စိစစ်ပြီး ပြန်ပို့လာလိမ့်မယ်။ ခုချိန်ထိ တော့ စိစစ်ပြီး ပို့လာတာမရှိသေး ဘူး" ဟု လုပ်ငန်းစီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူက ပြောသည်။

မိမိတို့ နေထိုင်ရာ ခရိုင်၊မြို့နယ် ဒေသအလိုက်ရှိ လုပ်ငန်းစီမံခန့်ခွဲရေးရုံးတွင် ၎င်းလျှောက်လွှာများ သွားရောက် ယူနိုင်ကြောင်းနှင့် ထိုင်းလုပ်ငန်းစီမံခန့်ခွဲရေးရုံးမှ စိစစ်ပြီးသည့် လျှောက်လွှာများကို မြန်မာအစိုးရထံပို့ပြီး မြန်မာ အစိုးရထံမှ အကြောင်း ပြန်ကြားချက်ကို စောင့်ဆိုင်းရမည်ြဖစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ချင်းမိုင်မြို့တွင် လျှောက်လွှာတင်ထားသူ ၂၀ခန့်သာ ရှိသေးသည်ဟု လုပ်ငန်းစီမံခန့်ခွဲရေး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

"ချင်းမိုင်မှာ လျှောက်လွှာတင်ပြီးတဲ့ အလုပ်သမား ၂၀ယောက် လောက်တော့ ရှိပြီ။ နိုင်ငံသားမှတ် ပုံတင်ကဒ် ရှိမရှိနဲ့ ပတ်သက်ပြီး ဘာမှ တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးဘူး။ ခုချိန်ထိ စိစစ် တဲ့ အဆင့်ပဲရှိသေးတယ်။ လျှောက်လွှာမတင်ရင်လဲ ဘာမှ တော့ မဖြစ်ဘူး။ တင်ချင်တယ်ဆိုရင်လဲ ထိုင်းအလုပ်သမား ကဒ်ရှိတဲ့ သူရော မရှိတဲ့ သူပါ လျှောက်လွှာ လာယူလို့ရပြီ။"

ထိုင်းအစိုးရသည် ၎င်းတို့နိုင်ငံအတွင်းတွင် တရားမ၀င် အလုပ်သမားများ ပပျောက်ရန် ကြိုးစားနေပြီး လာမည့် ၂၀၁၀ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံတွင်း၌ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုင်ဆောင်သည့် အလုပ် သမားကိုသာ ငှါးရမ်းသွားမည်ဟု ထိုင်းလုပ်ငန်းစီမံခန့်ခွဲရေးရုံးများတွင် ကြေငြာချက် ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်း၊ မြ၀တီနှင့် တာချီလိတ်မြို့တို့တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ရုံးတစ်ခုစီထားပြီး ၂၀၀၈ခုနှစ် စက်တင်ဘာလ မှစတင်ကာ လာမည့် ၂၀၀၉ ခုနှစ်ဖေဖေါ်ဝါရီလထိ လက်ခံပြုလုပ် ပေးမည် ဘန်ကောက်ရှိ လုပ်ငန်း စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူက ပြောဆိုသော်လည်း ယင်းသတင်းကို ဒေသခံ များက မကြားသိရသေးကြောင်း ပြောသည်။

၂၀၀၆ ခုနှစ်အတွင်းက ထိုင်းနှင့် မြန်မာနှစ်ဘက် အစိုးရများပူးပေါင်း၍ အလားတူ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန် စီစဉ်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

ကေအဲန်ယူကို နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

ခွန်အောင်မြတ်။
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ တပ်မဟာ ၆ ကို မြန်မာစစ် အစိုးရတပ်နှင့် တိုးတက် သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များ ပူးပေါင်းပြီး ယနေ့ နံနက်က ထိုးစစ်ဆင် တိုက် ခိုက်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ တပ်မဟာ ၆ ဗဟိုဌာချုပ်အား နံနက် ၅ နာရီအချိန်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ပဒိုစောလှငွေက ယခုလို ပြော သည်။

"ကျနော်တို့ ဒီဗဟိုဌာနချုပ် တပ်ရင်း ၂၀၁ ဂွင်ဖက်မှာ။ ထိုင်းနယ်စပ်နဲ့ ကပ်နေတယ်လေ။ ကရင်လို အခေါ်တော့ ဖလယ်လော်ဆယ်ပေါ့ဗျာ။ နှုတ်ခမ်းမွေး ၉၀၇အဖွဲ့တွေနဲ့ နအဖ တပ်ရင်း သုံးရင်း လောက်ကနေ အဲဒီ ဖလယ်လောဆယ်ဂွင်ကနေ ကျနော်တို့ ပြောက်ကျားတွေ ရှိတဲ့နေရာ အခြေစိုက် တဲ့နေရာကို ၀င်ရှင်းတာလို့ ပြောတယ်။ ထိုင်းဖက် ကနေ ပတ်ဝင်တာလို့ပြောတယ်။ အဲဒါ လက်နက် ကြီးတွေနဲ့ ပစ်လိုက်၊ တက်လိုက် လုပ်နေတာလို့ ပြောတယ်။ ကျနော်တို့ဖက်ကတော့ ပြန်ဆက် သွယ်လို့မရဘူး။ အကျ အဆုံးဒဏ်ရာရ ဘာမှမသိရသေးဘူး။ ဘယ်တပ်ရင်းမှန်းလည်း မသိဘူး။"

မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းပြီး ကေအဲန်ယူအား ယခင်လကုန်ပိုင်းမှစပြီး ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသရှိ စီးပွားရေးလမ်းကြောင်းကို စိုးမိုးရန်အတွက် ထိုးစစ်ဆင်ခြင်း ဖြစ်နိုင်သည်ဟု ပဒိုစောလှငွေက သုံးသပ်သည်။

"ကျနော်ကြည့်ရတာကတော့ အခုနယ်စပ်မှာ ကျနော်တို့ရဲ့ထူးခြားတာ ဒီနှစ်ဖက် အဲဒီ နေရာမှာပေါ့ ဗျာ။ စီးပွားရေးအရ စတင်ကြတာပဲ။ အဲဒီမှာ သူတို့ စီးပွားရေးကွက်တွေမှာ ကျနော်တို့ဖက်ကလည်း အဲဒီဒေသမှ ပြောင်းခင်းတွေနဲ့ပတ်သက်တာ အခွန်ကောက်၊ သူတို့ကလည်း အဲဒီအခွန်တွေကို လက် ၀ါးကြီးအုပ်ဖို့ ကြိုးစားရာတွေကနေ ထဖြစ်တဲ့ အဲဒီ Clash ပေါ့၊ အဲဒီကနေ စပြီးတော့ သူနယ်ငါနယ် လုနေတဲ့အပေါ်မှာတော့ ထိုင်းက ဖိအားပေးတဲ့အပေါ်မှာ နအဖကလည်း သူတို့ကလည်း အဲဒီနေရာကို အရယူမယ်။ ဒီဖက် ကလည်းပဲ ခုခံ ကာကွယ်တဲ့ သဘောပေါ့။ ကျနော် ထင်တယ် ဒါကတော့ ဒေသ အလိုက် ကွက်ပြီးဖြစ်တဲ့ ကိစ္စပါပဲ။"

တပ်မဟာ ၆ ဒေသရှိ ကျေးရွာများသည် ပြောင်းဖူးခင်းများကို ဧကသိန်းနှင့်ချီ၍ စိုက်ပျိုးကြ ကာ ပြောင်းဖူးခင်းများ ထံမှ အခွန်ငွေကို ကေအဲန်ယူက ကောက်ခံနေသည်ဟု ၎င်းက ဆက်ပြောသည်။

ယခုလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း မြန်မာစစ်တပ်နှင့် ကေအဲန်ယူတို့အကြား တိုက်ပွဲ ၄ ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဖက်မှ ၆ ယောက် ကျဆုံးပြီး၊ ၆ယောက် ဒဏ်ရာရရှိကာ မြန်မာတပ်သား ၂ ဦး လက်နက်နှင့်တကွ ကေအဲန်ယူထံ လက်ရောက်လက်နက်ချခဲ့သည် ဟု သိရသည်။

ရသေ့တောင်မြို့နယ်တွင် ကြွက်များသောင်းကျန်း၍ စပါးစိုက် အများအပြားပျက်စီး
10/30/2008


မင်းအောင် (နိရဉ္စရာ) ရသေ့တောင်မြို့နယ်တွင် ကြွက်များသောင်းကျန်း၍ လယ်စပါးဧက ၉ ဧကနှင့် တောင်ယာစပါး ၁.၆ဧက ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ပျက်စီးသွားသော စပါးခင်းများမှာ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာအနီး တ၀ိုက် ဖြစ်ကြောင်း သိရှိရသည်။

ကြွက်များသောင်းကျန်း၍ လယ်နှင့်တောင်ယာစပါးများ ပျက်စီးသွားခြင်းအပေါ် ဒေသများက မြို့နယ်လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနသို့ တိုင်ကြားခဲ့ပြီး စစ်ဆေးရန် အရာရှိများရောက်ရှိ လာပြီး ပိုးသတ်ဆေးများဖြန်း၍ ပြန်သွားကြောင်း ဒေသခံများက ပြောသည်။

ကြွက်များမှာ ညဥ့်အချိန် အုပ်စုလိုက် ၀င်ရောက်လာပြီး စပါးခင်းများကို ၀င်ရောက် ဖျက်ဆီးကြခြင်း ဖြစ်သည်။

ဒေသခံတဦး အပြောအရ ကြွက်များကို လိုက်လံဖမ်းဆီးကြည့်ရာ ကြွက်တကောင်၏ အရှည် မှာ(၆)လက္မခန့်ရှိပြီး ၀မ်းဗိုက်မှာ(၃)လက္မခန့်ရှိကြောင်းနှင့် ၀မ်းဗိုက်တွင် အဖြူရောင် အကွက်များပါကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ်တလျောက်ရှိ တောင်တန်း များတွင် လွန်ခဲ့သောနှစ်က ၀ါးများ အပွင့်ပွင့်ခဲ့သဖြင့် ကြွက်များအုပ်စုလိုက် ကျခဲ့သည်။

မွန်ပြည်နယ် ဆား လက်ကားဈေး ၁၀ ဆခန့်မြင့်
Thu 30 Oct 2008, အာကာ
ဧရာဝတီတိုင်းရှိ ဆားကွင်း၊ ဆားကျင်းများ မေလ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်မှစ၍ ဆားဈေးများ တရစ်ရစ်မြင့်တက်လာပြီး ယခုအောက်တိုဘာလ နှောင်းပိုင်းတွင် မွန်ပြည်နယ် လက်ကားဆားဈေးမှာ မေလမတိုင်မီ ဈေးနှုန်းထက် ၁၀ ဆခန့် မြင့်တက်လာသည်။

မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းအတွင်း ဆားလုပ်ငန်းလုပ်ကိုင်ကြသည့် မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ ငပုတောမြို့နယ်များ၌ ဆားကွင်း ၂၃၄၅၈ ဧက၊ ဆားကြမ်း ၂၄၂၁၄ တန်ခန့်နှင့် ဆားလုပ်ငန်းသုံးပစ္စည်းများလည်း ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဆားလုပ်သားအများအပြားလည်း သေဆုံးသွားခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်၏ ဆားအများဆုံးထွက်ရာ ပငကျေးရွာ ဆားလုပ်ငန်းရှင်တစ်ဦး၏ အဆိုအရ လက်ကားဆားဈေးနှုန်းမှာ မေလမတိုင်မီက အကောင်းစား ဆားချော ထစ်ပိဿာ ၉၀ ကျပ်၊ အလတ်စား ၇၀ ကျပ်၊ အညံ့စား ၆၀ ကျပ်ရှိရာမှ ယခု ၈၀၀ ကျပ်၊ ၆၀၀ ကျပ်နှင့် ၅၀၀ ကျပ်ထိ အသီးသီး မြင့်တက်လာသည်ဟု ဆိုသည်။

လက်ကားဆားဈေးမြင့်တက်လာသည့်နည်းတူ လက်လီဆားဈေးမှာလည်း ယခင် ဆားချော တစ်ပိဿာ ၂၀၀ ကျပ်ရှိရာမှ ၅ လ အတွင်း ၁၀၀၀ ကျပ်ထိ မြင့်တက်လာသည်။

ပြည်တွင်းဆားဈေးမြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံမှ ဆားများ နယ်စပ်မှတဆင့် ပြည်တွင်းသို့ တင်ပို့မှု ပိုမိုများပြားလာပြီး တန်ဆာခမှာလည်း ပိဿာချိန် ၅၀ ရှိ ဆားအိတ် တစ်အိတ်အတွက် ယခင်က ၃၅၀၀ ကျပ် ပေးဆောင်ရသည်မှ ယခု ၆၀၀၀ ကျပ်ထိ မြင့်တက်လာသည်ဟု မြဝတီမြို့မှ ကုန်သည်တစ်ဦးက ဆိုသည်။

''မြဝတီမှာဆိုရင် နာဂစ်ဖြစ်ပြီးကတည်းက ဗမာပြည်ကဆား သိပ်မရောက်တော့ဘူး၊ ထိုင်းဆားပဲ အသုံးများတယ်၊ ၁၀ ကျပ်သားလောက်ရှိတဲ့ ဆားတစ်ထုပ်ဆို ၂၅၀ ကျပ် ပေးရတယ်''ဟု ၄င်းက ပြောသည်။

''ကျမတို့မှာ ဆား ၁၀ ကျပ်သားတစ်ထုပ်လောက်ဆို ၂၀၀ ကျပ်ပေးရတယ်၊ အရင်ကဆို ၅၀၊ ၁၀၀ ဝန်းကျင်လောက်ပဲရှိတယ်။ ပငဆားပဲ အသုံးများတယ်''ဟု မွန်ပြည်နယ် မုဒုံမြို့နယ်မှ ရွာသားတစ်ဦးက ဆိုသည်။

အထက်ပါ ဆားလုပ်ငန်းရှင်၏ အဆိုအရ ပငကျေးရွာရှိ ဆားကွင်း စုစုပေါင်းမှာ ဧက ၂၀၀၀ ခန့်သာရှိပြီး၊ ဆားအထွက်ကောင်းကြောင်း၊ အများဆုံး ထုတ်လုပ်သည်မှာ ဆားကြမ်းဖြစ်ပြီး အခြားဆားအမျိုးအစားများနှင့် အိုင်အိုဒင်းဆားများကိုလည်း ထုတ်လုပ်ကြောင်း ဆိုသည်။

''ကျနော်တို့ ဆားကွင်းက ၂၂ ဧက လောက်ပဲရှိတယ်။ မနှစ်ကဆို မိုးများလို့ ဆားပိဿာချိန် ၃ သိန်း ၈ သောင်း (တန်ချိန် ၆၀၀ ကျော်) လောက်ပဲ ထွက်တယ်။ မိုးနည်းပြီး ရာသီဥတုကောင်းရင်တော့ ၆ သိန်းလောက် (တန်ချိန် ၁၀၀၀ ခန့်) ထွက်နိုင်တယ်'' ဟု ၄င်းဆားကွင်း ပိုင်ရှင်က ဆိုသည်။

မွန်ပြည်နယ်မှ ဆားများမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် အထက်မြန်မာပြည်သို့ တင်ပို့လျှက်ရှိပြီး ယခုမူ ဧရာဝတီတိုင်းသို့လည်း အနည်းအကျဉ်း တင်ပို့နေသည်ဟု ၄င်းက ဆိုသည်။ မွန်ပြည်နယ်တွင်ရှိ သထုံမြို့နယ် ဆိတ်ကျွန်းကျေးရွာ၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာနှင့် ကရုပ္ပိကျေးရွာ၊ ရေးမြို့နယ် ပလိုင်ကီးကျေးရွာနေရာတို့တွင် နေလှန်းဆားကြမ်းနှင် အိုင်အိုဒင်းဆားချော ထုတ်လုပ်သည်။

သို့သော်လည်း ဧရာဝတီတိုင်းအတွင်း လေဘေးသင့်၍ ပျက်စီးသွားသော ဆားလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊ ကုန်းတွင်းဆားအပါအဝင် ဆားတန်ချိန် သုံးသိန်းထွက်ရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ ဆားလုပ်ငန်းချေးငွေထုတ်ပေးခြင်းနှင့် ပြန်လည်ပေးဆပ်မည့် အစီအစဉ်များကိုလည်း သက်ဆိုင်ရာအသီးသီးက ရှင်းပြသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အမေရိကန် သမ္မတလောင်းများ စီးပွားရေး ပြဿနာ ကိုင်တွယ်ပုံကို ဦးစားပေး မဲဆွယ်

30 October 2008
အမေရိကန် သမ္မတ ရွေးကောက်ပွဲ နီးလာတဲ့နဲ့ အမျှ မဲဆွယ် ဟောပြောမှုတွေဟာလည်း ပိုပြီး စူးရှ ထက်မြက်လာနေ ပါတယ်။ ဒီမိုကရက် သမ္မတလောင်း ဘားရက် အိုဘားမားနဲ့ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းတို့ဟာ စီးပွားရေး ကိစ္စတွေကို အလေးထား ပြောဆိုနေပြီး အပြန်အလှန် ထိုးနှက် ဝေဖန်မှုတွေကလည်း ပြင်းထန်လာပါတယ်။ ဗွီအိုအေ သတင်းထောက် ဂျင်မက်လုံးက ၀ါရှင်တန်မြို့ကနေ သတင်းပေးပို့ထားတာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

Senator ဂျွန်မက်ကိန်းဟာ များသောအားဖြင့် သူ့လို ရီပတ်ဗလစ်ကန် သမ္မတလောင်းတွေကို ထောက်ခံအားပေးလေ့ရှိတဲ့ ပြည်နယ် အများအပြားမှာ အဓိကထား ဟောကြားနေပါတယ်။

“ကျွန်တော်တို့ ဖလော်ရီဒါမှာ အနိုင်ရမယ်။ နိုဝင်ဘာလ ၄ရက်နေ့မှာ ဖလော်ရီဒါ ပြည်နယ်မှာ ကျွန်တော်တို့ နိုင်ဖို့ လိုအပ်ပါတယ် မိတ်ဆွေများ ခင်ဗျား”လို့ ဂျွန်မက်ကိန်းက ပြောပါတယ်။

လက်ရှိသမ္မတ ဂျော့ဘုရှ်ဟာ သူ့ရဲ့ အောင်ပွဲ ၂ကြိမ်စလုံးဟာ ဖလော်ရီဒါ ပြည်နယ်မှာ နိုင်ခဲ့တာ ချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ် ဆန္ဒသဘောထား ကောက်ယူတဲ့ စစ်တမ်းတွေရဲ့ နောက်ဆုံး ရလာဒ်က Senator အိုဘားမား ဟာ ဂျွန်မက်ကိန်းထက် မသိမသာ လူကြိုက်များနေပါတယ်။

မက်ကိန်းကတော့ အခုအခါ အချိန်တော်တော်များများ အိုဘားမားရဲ့ အခွန်အကောက်ဆိုင်ရာ အစီအစဉ်ကို ထိုးနှက် တိုက်ခိုက်နေပါရဲ့။ အိုးဘားမားရဲ့ အခွန်အကောက်အစီအစဉ်အရဆိုရင် အခု လက်ရှိသမ္မတ ဂျော့ဘုရှ်ဟာ ၀င်ငွေများတဲ့ အမေရိကန်တွေဆီက အခွန် လျော့ကောက်နေတာကို တဖြေးဖြေး ဖယ်ရှားသွားဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အိုဘားမား အနေနဲ့ ကျိကျိတက် လူတန်းစားတွေရဲ့ ချမ်းသာ ကြွယ်ဝမှုကို ဆင်းရဲသားတွေဆီ ဝေငှ ပေးရေး မျှော်မှန်နေတာ ဖြစ်တယ်လို့ ဂျွန်မက်ကိန်းက ဆိုပါတယ်။

“ဒါဟာ Senator အိုဘားမားနဲ့ ကျွန်တော်အကြား အခြေခံ ကွဲလွဲချက်ပါပဲ။ သူဟာ အခွန်ကောက်တာ သိပ်နည်းလွန်းတယ် လို့ ထင်တယ်။ ကျွန်တော်ကတော့ အသုံးစာရိတ်တွေ သိပ်များလွန်းတယ်လို့ ထင်ပါတယ်။”
ဘားရက် အိုးဗားမားကတော့ ဗုဒ္ဓဟူးနေ့က မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ မဲဆွယ်ခဲ့ပါတယ်။ ဒီပြည်နယ်ဟာ ၁၉၇၆ ခုနှစ်တုန်းက နောက်ဆုံး အကြိမ်အဖြစ် ဒီမိုကရက် သမ္မတလောင်းတယောက်ကို ထောက်ခံအားပေးခဲ့တဲ့ ပြည်နယ်ပါ။

“၆ရက်ပဲ လိုပါတော့တယ်။ ၀ါရှင်တန်မြို့တော်မှာ ဆယ်စုနှစ်နဲ့ ချီပြီး နိုင်ငံရေး ချွတ်ခြုံကျနေခဲ့ပြီးတဲ့နောက် ဂျော့ဘုရှ်ရဲ့ မူဝါဒတွေ ၈နှစ်ကြာ လုံးလုံး ကျဆုံးနေပြီးတဲ့နောက် အမေရိကားကို အပြောင်းအလဲ လုပ်နိုင်ဖို့ရာ ၆ရက်ပဲ လိုပါတော့ တယ်။”လို့ အိုဘားမားက ပြောပါတယ်။

နိုင်ငံရေး ကျွမ်းကျင်သူ တချို့က အိုဘားမားရဲ့ အခွန်အကောက်အစီအစဉ်ကို မက်ကိန်းရဲ့ ထိုးနှက်မှုကြောင့် အိုးဘားမား အပေါ်ထောက်ခံမှု နဲနဲ လျော့သွားနိုင်တယ်လို့ ပြောကြားပါတယ်။ အိုဘားမားကတော့ သူ့ကို ထောက်ခံသူတွေကို မိမိတို့ ကိုယ့်ကို မိမိတို့ သိပ်ယုံကြည်စိတ်ချမှု မလွန်ကဲဖို့ တိုက်တွန်းနေပြီး မက်ကိန်းရဲ့ ထိုးနှက်ချက်တွေကိုလည်း စူးစူးရှရှ တုန့်ပြန်ပါတယ်။

“သူဟာ ကျွန်တော့်ကို နောက်ဆုံး ပြောခဲ့တာကတော့ ဆိုရှယ်လစ်ဖြစ်တယ်လို့ ခေါ်ထားပါတယ်။ ဆက်လက်ပြီး ဘယ်လို့ ကင်ပွန်းတက်လာလိမ့်ဦးမယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ဒီရက် သတ္တပတ် ကုန်ဆုံးချိန်မှာတော့ သူဟာ ကျွန်တော့်ကို လူမသိနေတဲ့ ကွန်မြူနစ် တယောက်ရယ်လို့ စွပ်စွဲလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ မူကြိုမှာတုန်းက ကျွန်တော့်ရဲ့ ကစားစရာ အရုပ်တွေကို အားလုံးနဲ့ ဝေမျှပြီး ကစားခဲ့ဘူးလို့ပါပဲ။”လို့ အိုးဘားမားက ပြောခဲ့ပါတယ်။

နိုင်ငံတခုလုံး လူထု စစ်တမ်းရဲ့ နောက်ဆုံးအဖြေမှာတော့ အိုးဘားမားဟာ မက်ကိန်းထက် ၆မှတ်သာနေပါတယ်။ ဒီအပတ် အစောပိုင်းထက်တော့ နဲနဲကျသွားတဲ့ သဘောပါ။ အဓိကကျတဲ့ ပင်ဆယ်ဗေးနီးယား၊ အိုဟိုင်းယိုးနဲ့ ကော်လိုရားဒိုး လို အချက်အချာကျတဲ့ ပြည်နယ်တွေမှာ အိုးဘားမား အပြတ်သာနေတယ်လို့ စစ်တမ်းအသစ်တွေက ပြသနေပါတယ်။ သာမန်အားဖြင့် ရီပတ်ဗလစ်ကန်တို့ အားသာလေ့ရှိတဲ့ ဖလော်ရီဒါလို၊ မြောက်ကယ်ရိုလိုင်းနားလို ပြည်နယ်မျိုးမှာတောင် အိုဘားမားက နဲနဲ ရှေ့ပြေးနေပါတယ်။ ဒီသမ္မတရွေးကောက်ပွဲကို တကယ်တမ်း အဆုံးအဖြတ်ပေးမှာကတော့ ပြည်နယ်တခုချင်းအလိုက်ရရှိတဲ့ ရွေးချယ်ရေးအဖွဲ့ရဲ့ မဲအရေအတွက်သာ ဖြစ်ပါတယ်။ ရွေးချယ်ရေး အဖွဲ့ရဲ့ မဲစုစုပေါင်း ၅၃၈မဲအနက် အနည်းဆုံး ၂၇၀မဲ ရရှိတဲ့သူဟာ အနိုင်ရရှိမှာ ဖြစ်ပါတယ် ခင်ဗျား။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေကိုယ်တိုင် ထောင်ဒဏ်ချမှတ်ခံရ

30 October 2008
ဦးအောင်လွင်ဦး
ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရုံးတင်စစ်ဆေးတာတွေ လုပ်နေတဲ့
တရားခွင်တွေမှာ အနှောင့်အယှက်၊ အဟန့်အတားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေး
ယူ အပြစ်ပေးတာတွေကို အာဏာပိုင်တွေဘက်က အခုရက်ပိုင်းအတွင်း ဆက်တိုက်
ဆိုသလို လုပ်လာတဲ့နေရာမှာ အခုနောက်ဆုံး အမှုမှာ လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ
ကိုပါ ထောင်ချလိုက်တဲ့အထိ ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲချက်တွေနဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေကို မနေ့က ထောင်ဒဏ်စီရင်ခဲ့သလို ဒီနေ့လည်း
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေမှာ ဥပဒေအကျိုးဆောင်ပေးနေတဲ့ ရှေ့နေတဦးနဲ့
တက်ကြွလှုပ်ရှားသူတချို့ကို အလားတူ စီရင်ခဲ့ပါတယ်။ အကြောင်းစုံကို ဆက်သွယ်
မေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မကြာသေးခင်လတွေက
စလို့ ရုံးတင်စစ်ဆေးတာတွေ လုပ်တဲ့နေရာမှာ တရားခွင်ကို မထီမဲ့မြင်လုပ်တာဆိုပြီး
အာဏာပိုင်တွေဘက်က အရေးယူ အပြစ်ပေးမှုတွေ လုပ်လာတဲ့နေရာမှာ ဖမ်းဆီးခံ
နေရသူတွေအတွက် ဥပဒေကြောင်းအရ လိုက်ပါကူညီပေးနေသူ ရှေ့နေတွေပါ ပါဝင်
လာခဲ့တာပါ။ အခုနောက်ဆုံးဆိုရင်လည်း ဒီလိုစွပ်စွဲခံခဲ့ရတဲ့ လူငယ်ရှေ့နေတွေဖြစ်ကြ
တဲ့ ကိုစောကျော်ကျော်မင်းနဲ့ ကိုညီညီညီထွေးတို့ ၂ ဦးအနက်၊ ကိုညီညီထွေးနဲ့ သူတို့
လိုက်ပါဆောင်ရွက်ပေးနေရတဲ့ အမှုသည်တွေဟာ တရားခွင်ကို မထီမဲ့မြင်လုပ်တယ်
ဆိုပြီး ထောင်ဒဏ် ၆ လ အသီးသီး အပြစ်ပေးခံခဲ့ရတာလို့ နီးစပ်သူ နိုင်ငံရေးအကျဉ်း
သား မိသားစုဝင်တွေက ပြောပြကြပါတယ်။

"ရှေ့နေ ညီညီထွေးတို့ကျတော့ ပုဒ်မ ၂၂၈၊ တရားရုံးက ခေါ်တာတော့ မထီမဲ့မြင်မှုပေါ့။
အဲဒါကို ရှေ့နေ ညီညီထွေးရယ်၊ ရန်နိုင်ထွန်းရယ်၊ မျိုးကျော်ဇင်ရယ်၊ အောင်မင်းနိုင်ခေါ်
မီးသွေးဆိုတဲ့ လေးယောက်ကို ၆ လဆိုပြီး မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ချလိုက်
တယ်။ ရှေ့နေက အဲဒီမှာတင်ထားတာ ညီညီထွေးရယ်၊ စောကျော်ကျော်မင်းရယ်။
စောကျော်ကျော်မင်းကတော့ ဒီနေ့ တရားရုံးကို ရောက်မလာဘူး။

"ဒီဘက်ကတော့ အာမခံရမယ်ထင်ပြီးတော့ ညီညီထွေးအတွက် အာမခံပြင်ထားတာ
ပေါ့။ ဒါပေမယ့် သူတို့က ဘေးပေါက်ကနေ ထုတ်လာပြီး တခါတည်းတင်လိုက်တယ်။
အာမခံလိုက်မယ့်လူတွေတောင် မသိလိုက်ဘူး။ အမိန့်တခါတည်းချလိုက်ပြီးတော့
ကားပေါ်တင်ပြီး ထောင်ထဲပြန်သွင်းလိုက်တယ်။"

အခုပြစ်ဒဏ်စီရင်ခဲ့တဲ့ စွပ်စွဲချက်အရဆိုရင် အာမခံပေးနိုင်တဲ့အမှု ဖြစ်ပေမယ့်လို့
အာမခံတင်နိုင်တဲ့ အခွင့်အလမ်းတွေလည်း မရ၊ သက်ဆိုင်ရာ မိသားစုဝင်တွေကိုလည်း
အသိပေးတာတွေမရှိဘဲ ဒီလို အစစ်ဆေး အမေးမြန်းမရှိ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ
လို့လည်း နောက်ထပ် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက ပြောပြပါတယ်။

"ကျနော်တို့က တရားခံတွေထုတ်လာတဲ့ ရှေ့တည့်တည့်က လက်ဖက်ရည်ဆိုင်မှာ
ထိုင်နေတာ။ တရားခံတွေထုတ်နေကျ အဲဒီကပဲထုတ်တယ်။ အခုက နောက်ပေါက်က
နေ မသိမသာ ကျနော်တို့မသိအောင် ထုတ်သွားတယ်။ ထုတ်ပြီးတော့ ရုံးတင်ပြီး အမိန့်
တန်းချလိုက်တယ်။ ကိုညီညီထွေးကတော့ တရားသူကြီးကိုပြောတယ်၊ ကျနော်တို့ကို
ခုခံချေပခွင့်ပြုဖို့၊ ရှေ့နေငှားခွင့်ပေးဖို့။ အဲလိုတင်ပြတာကို ဘာမှစကားမရှည်နဲ့တဲ့၊
ထပ်ပြီး ပုဒ်မကပ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ်တဲ့၊ တရားသူကြီးက။ အဲဒါ
ကိုညီညီထွေး ပြောပြတာ။

"ကျနော်တို့ ရှေ့နေ ရှေ့ရပ်တွေနဲ့ အာမခံလုပ်ဖို့ဆိုပြီး အာမခံတွေလည်းခေါ်၊ အကုန်လုံး
ရောက်နေတယ်။ အာမခံတယောက်ကို နှစ်ယောက်၊ အားလုံး အာမခံ လေးယောက်
တောင်ကျော်တယ်၊ ထိုင်ပြီး အသင့်စောင့်နေကြတာ။ အဲလိုစောင့်နေကြတာကို အသိ
လည်းမပေးဘူး၊ မိသားစုဝင်တွေကိုလည်း အသိမပေးဘူး။ ဒီလိုရုံးထုတ်လာမယ်၊ ဒီနေ့
တရားစီရင်မယ်၊ တရားစီရင်တဲ့အခါလည်း ရှေ့နေတွေဘာတွေနဲ့ ခုခံချေပခွင့်တွေ
လည်း ကြိုတင်အကြောင်းကြားခြင်း လုံးဝ မရှိခဲ့ဘူး။ တရားရုံးက အဲဒါတွေကို လုံးဝ
ပျက်ကွက်ခဲ့ပါတယ်။ မိသားစုတွေကလည်း ကျေနပ်မှု လုံးဝမရှိဘူး။ ဒီလိုမျိုး
တဖက်သတ်လုပ်သွားတဲ့ကိစ္စကို။"

ပြီးခဲ့တဲ့နှစ်ထဲတုန်းက ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုခဲ့သူတွေ၊ သံဃာတော်တွေ
ရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို ရုံးတင်စစ်ဆေးတာ
တွေ လုပ်တဲ့နေရာမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဘက်က သူတို့ရသင့်တယ်လို့
ယုံကြည်တဲ့ အခွင့်အရေးတွေကို တောင်းဆိုတာတွေ၊ အပြန်အလှန် ချေပတာတွေ
ရှိလာတဲ့နောက် အခုလို အာဏာပိုင်တွေဘက်က စွပ်စွဲချက်တွေ ထွက်ပေါ်လာတာ
လည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး ဥပဒေအကျိုးဆောင်တွေ အပါအ၀င် တက်ကြွ
လှုပ်ရှားသူတွေ အရေးယူခံရတဲ့ အခြေအနေအထိ ဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းတချို့
ကိုလည်း ဒီ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်က ပြောပြပါသေးတယ်။

"ပြီးခဲ့တဲ့ ၂၃ ရက်နေ့မှာ ရုံးချိန်း ချိန်းတယ်။ ချိန်းတဲ့အခါ ဦးတင်ဦးတို့ သန့်ဇင်မျိုးတို့
အားလုံး ၁၁ ယောက်ကို ရုံးထုတ်လာတယ်။ အဲဒီမှာ ရန်နိုင်ထွန်းက ထပြီး ကျနော်တို့
ဒီအမှုက ဖမ်းပြီးတော့ ပြန်လွှတ်တာ တနှစ်ကြာပြီ။ တရားဝင် နိုင်ငံတော်အစိုးရက
သတင်းစာက ကြေညာပြီး လွှတ်တာ။ မိဘသဖွယ် သဘောထားကြီးစွာနဲ့ ဆိုဆုံးမ၍
ပြန်လွှတ်တယ်ဆိုပြီးတော့ ရန်နိုင်ထွန်းက ထပြီးလျှောက်တာ။

"ကျနော်တို့ကို ပြန်လွှတ်တယ်ဆိုတာ ရဲချုပ်ခင်ရီလည်း သိတယ်၊ ဗိုလ်မှူးချုပ်ကျော်ဆန်း
လည်း သိတယ်။ အဲဒါကို ရုံးပေါ်သက်သေအဖြစ် ခေါ်ပေးပါလို့ ပြောတဲ့အခါ တရားသူကြီး
က တားတယ်။ တရားသူကြီးက ခင်ဗျားတို့အမှုသည်ကို ထိန်းပေးပါဦးဆိုပြီး ပြောတယ်။

"အဲဒီမှာ ကိုညီညီထွေးက ထပြောတယ်။ ကျနော်တို့ ရှေ့နေဆိုတာ အမှုသည်တွေရဲ့
ညွှန်ကြားချက်အရပဲ လုပ်လို့ရတယ်၊ လုပ်ခွင့်ရှိတယ်တဲ့။ အမှုသည်တွေက လွတ်လပ်စွာ
ပြောတာ၊ တရားဝင်ပြောတာကို ကျနော်တို့ တားမြစ်ခွင့် မရှိဘူးတဲ့။ အဲဒါလေး
ပြောလိုက်တာ။ ဒါဆိုရင် တာဝန်မယူဘူးပေါ့လို့ တရားသူကြီးက ပြောတယ်။ အဲလို
ပြောပြီးနောက်ပိုင်း အဲလိုတွေ ဖြစ်လာတာပဲဗျာ။"

မနေ့တုန်းကလည်းပဲ ၈၈ မျိုးဆက်ကျောင်းသား ၉ ဦးကို အလားတူ စွပ်စွဲချက်တွေနဲ့ပဲ
ထောင်ဒဏ် ၆ လစီ အသီးသီးချမှတ်ခဲ့တာပါ။ အစောပိုင်းမှာတုန်းက ၈၈ မျိုးဆက်
ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဘက်က သူတို့ကို တရား
ရုံးတင် စစ်ဆေးရာမှာ လက်ထိပ်ခတ်တာ၊ ခွင့်ပြုချက်မတောင်းဘဲ မှတ်တမ်းဓာတ်ပုံရိုက်
တာ စတာတွေကို ကန့်ကွက်တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ဒါတွေမရတဲ့အပြင် မိသားစု
ဝင်တွေ တရားခွင်လာရောက်ခွင့်ကိုပါ ပိတ်ပင်လိုက်တဲ့အတွက်လည်း ထိန်းသိမ်းခံနေရ
သူတွေဘက်က တရားခွင်မှာ ကန့်ကွက်တာတွေ၊ အချေအတင်ဖြစ်တာတွေ ကြီးထွား
လာခဲ့တာပါ။

မနေ့တုန်းက ဒီလို ၈၈ မျိုးဆက်ကျောင်းသားတွေကို စီရင်ချက်တွေ ချမှတ်လိုက်တဲ့
အတွက်လည်း တရားစီရင်ရေးစနစ်ဟာ မျှတမှုမရှိဘူးလို့ ယုံကြည်တဲ့အတွက် တရားခွင်
ရဲ့ ဆောင်ရွက်ချက်တွေကို ရှေ့လျှောက် လက်ခံတော့မှာ မဟုတ်ဘူးဆိုပြီးတော့လည်း
ဒီကနေ့ အင်းစိန်ထောင်တွင်း သီးသန့်တရားစီရင်ရာမှာ ပြောဆိုခဲ့တယ်လို့ နိုင်ငံရေး
အကျဉ်းသား အသိုင်းအ၀ိုင်းက ပြောပါတယ်။

NLD လူငယ် အကျိုးဆောင် ရှေ့နေ အဖမ်းခံရ

30 October 2008
မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အတိုက်အခံပါတီရဲ့ ပါတီဝင်တွေကို အကာအကွယ်ပေးတဲ့ ရှေ့နေ တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကိုညီညီထွေးကို ရန်ကုန် လှိုင်သာယာ ရဲစခန်းမှာ ရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ USCB အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ထုတ်ဖော် ပြောဆိုလိုက်တာပါ။

ကိုညီညီထွေးနဲ့အတူ ရှေ့နေတစ်ဦး ဖြစ်တဲ့ စောကျော်ကျော်မင်း တို့ဟာ လူထု မငြိမ်မသက်ဖြစ်အောင် ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင် ၁၁ဦးဘက်က ကာကွယ်ပြောဆိုခဲ့တယ်လို့ USCBက ပြောပါတယ်။ ၂၀၀၇ခုနှစ် ဂျူလိုင် ၁၉ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားကို ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ကြရာမှာ အဲဒီလူငယ် ၁၁ဦးကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာ တရားမျှတတဲ့ စီရင်မှုတွေ မရှိခဲ့ဘူးလို့ USCBက ပြောဆိုပါတယ်။

ဥရောပကော်မရှင် မြန်မာနေ့ဆွေးနွေးပွဲတွင် ဒီမိုကရေစီရေးဆွေးနွေးမှုအားနည်းဟု လှုပ်ရှားသူများဝေဖန်

29 October 2008
အီးယူ (ဥရောပ သမဂ္ဂ) ရဲ့ ဥရောပ ကော်မရှင်က နှစ်စဉ် ကမကထလုပ် ကျင်းပပေးနေတဲ့ အီးယူ-မြန်မာနေ့ ကို ဘရပ်ဆဲလ်မှာ ကျင်းပနေရာမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ထိုက်သင့်တဲ့ ဆွေးနွေးပြောဆိုမှုမျိုးတွေ မလုပ်ဘူး ဆိုပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက စောဒက တက်နေကြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံက နိုင်ငံရေး၊ လူမှုရေး စတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ အခမ်းအနားမှာ ကျယ်ကျယ်ပြန့်ပြန့် မပြောကြသလို ဆွေးနွေးမယ့် သူတွေကို ရွေးချယ်မှုမှာလည်း အားနည်းချက်တွေ ရှိခဲ့တယ်ဆိုပြီး ပြောနေကြတာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က ပြောပြပေးပါဦးရှင်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှုတွေ မရှိတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတာ စတဲ့ ပြဿနာတွေကြောင့် အီးယူ (ဥရောပ သမဂ္ဂ) က အရေးယူ ဒဏ်ခတ်မှုတွေ၊ ဝေဖန်ပြစ်တင်မှုတွေ ရှိနေပေမယ့်လည်း အခု အီးယူ-မြန်မာနေ့ အခမ်းအနားမှာတော့ ဒါတွေနဲ့ ပတ်သက်လို့ ပြောသံဆိုသံ မကြားရလို့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေဖက်က အားမလို အားမရ ဖြစ်နေကြတာပါ။ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ ဘားမားကန်ပိန်း ယူကေ အဖွဲ့ကဆိုရင်လည်း ဆွေးနွေးသူ အများစုဟာ အခြေအနေတွေဟာ တိုးတက်မှုတွေ ရှိလာနေတယ်ဆိုပြီးတော့သာ အလေးထား ပြောဆို နေတယ်ဆိုပြီး ပြောပါတယ်။ တကယ်တမ်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ မပြေလည်နိုင်သေးတာ၊ မကြာသေးခင်က ဆိုင်ကလုန်းလေဘေးဒဏ် ခံခဲ့ရအပြီး လူသားချင်း စာနာမှုလုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရက အဟန့်အတားတွေ လုပ်ထားတွေနဲ့ ပတ်သက်လို့လည်း ရေရေရာရာ မပြောဘူးဆိုပြီး ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ဒီအခမ်းအနားပွဲကို တက်ရောက်ခဲ့တဲ့ ဘားမားကန်းပိန်းအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး မက်ခ် ဖာမာနား က ပြောပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ ဘာမှပြောတာဆိုတာလည်းမရှိ၊ အကူအညီ အထောက်အပံ့ပေးတဲ့ လုပ်ငန်းတွေမှာ အကန့်အသတ်တွေ ရှိနေသေးတာ၊ မြစ်ဝကျွန်းပေါ်ဒေသထဲက တချို့ဒေသလောက်ကိုသာ လက်လှမ်းမှီ သေးတာတွေနဲ့ ပတ်သက်လို့လည်း မပြောကြပါဘူး။ ဒါက မြန်မာနိုင်ငံမှာ တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို ပိုပြီးနားလည် သဘောပေါက်လာအောင် ဘယ်လိုလုပ် အထောက်အကူဖြစ်မှာလဲဗျာ။”

တကယ်တော့ ပြီးခဲ့တဲ့ အပတ်ထဲတုန်းကပဲ နိုင်ငံပေါင်း (၂၇) နိုင်ငံ ပါဝင်တဲ့ ဥရောပ ပါလီမန် အမတ်တွေက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ဖမ်းဆီးခံနေရဆဲ ဖြစ်တာ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေ လုပ်နေတာ၊ ဒီလို ပြဿနာတွေကို မြန်မာစစ်အစိုးရက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေကို အလေးထား ပြောဆိုရင်းနဲ့ ဆုံးဖြတ်ချက် တရပ်လည်း ချမှတ်ခဲ့တာပါ။ ဒါပေမယ့်လို့ ဥရောပပါလီမန်ရဲ့ ဒီလို ကျိုးပမ်းမှုတွေဟာ ဥရောပ ကော်မရှင်ရုံးရဲ့ လုပ်ရပ်တွေကြောင့် အရာမထင် ဖြစ်နေရတယ်ဆိုပြီးတော့လည်း မက်ခ် ဖာမာနား က ဝေဖန်ပါတယ်။

“ဥရောပ ကော်မရှင်ရုံးအဖွဲ့ဝင်တွေနဲ့ အတွင်းရေးမှူးအဖွဲ့ အနေနဲ့က ဥရောပ သမဂ္ဂအတွက် အလုပ်လုပ်ပေးနေပေမယ့် လတ်တလော အခြေအနေမှာတော့ ဥရောပ ပါလီမာန်ရဲ့ ဆောင်ရွက်ချက်တွေကို လျစ်လျူရှုနေတာပါ။ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်တွေဟာ မလိုက်နာမဖြစ် လိုက်နာရမယ်ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားတာ မဟုတ်ပဲ အကြံပြုချက်တွေသာ ဖြစ်တဲ့အတွက်လည်း လတ်တလော အခြေအနေမှာ ဒီမိုကရေစီဆန်တဲ့ အကြံပြုချက်တွေ အခုလို လျစ်လျူရှု ခံနေရတာပါ။”
ဒီလို အီးယူ-မြန်မာနေ့ ကျင်းပပြီး မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုတာတွေ နှစ်စဉ် လုပ်တဲ့ နေရာမှာ အခုလို ဝေဖန်သံတွေ ထွက်ပေါ်လေ့ရှိတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းကလည်း အလားတူ အခမ်းအနားပွဲ ကျင်းပတဲ့ နေရာမှာ မြန်မာစစ်အစိုးရကို ထောက်ခံပြောဆိုမယ့်သူတွေကိုသာ ဥရောပ ကော်မရှင်က ရွေးချယ်ပြီး ဆွေးနွေးပြောဆိုဖို့ ဖိတ်ခေါ်ခဲ့တယ် ဆိုပြီးတော့လည်း မြန်မာ့အရေးလှုပ်ရှားသူတွေ တက်ကြွသူတွေက အကြီးအကျယ် ဆန္ဒပြ ကန့်ကွက်မှုတွေလည်း ထွက်ပေါ်ခဲ့ဘူးပါတယ်။ အခုတကြိမ်မှာ အဲဒီတုန်းကလောက် မဆိုးပေမယ့် အလားတူ အခြေအနေမျိုးတွေ ရှိနေသေးတုန်းပဲလို့လည်း မက်ခ် ဖာမာနား က ပြောပါတယ်။

“အခုတကြိမ်မှာလည်း အလားတူခပ်ဆင်ဆင်ပါပဲ။ ၂၀၀၅ ခုနှစ်တုန်းကတော့ ဘားမားကန်းပိန်း အဖွဲ့ကို အစပိုင်းမှာ တက်ရောက်ခွင့်တောင် ပိတ်ပင်ခံခဲ့ရတာပါ။ အခုတကြိမ်မှာလည်း တက်ရောက်ခွင့်ရဖို့ အခြေအတင်ပြောခဲ့ပေမယ့် တက်ရောက်ခွင့်ရပြီး၊ စကားပြောခွင့်တော့ မရပါဘူး။ အဲဒီအချိန်တုန်းကတော့ မြန်မာစစ်အစိုးရအတွက် ဘက်လိုက် ပြောပေးမယ့်သူတွေ ပါနေတာက သိသိသာသာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ အဲဒီလူတွေထဲက တချို့ မပါတော့ပါဘူး။”
ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ ဘားမားကန်ပိန်း ယူကေ အဖွဲ့ ညွှန်ကြားရေးမှူး မက်ခ် ဖာမာနား ဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရှမ်းအမျိုးသမီး နန်း ချန်တောင်း တက်ရောက် စကားပြောဆိုခွင့်ရပြီးတော့ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြောပြခွင့်တော့ ရခဲ့တယ်လို့လည်း သူကပြောပါတယ်။

သမ္မတလောင်းမဲဆွယ်ပွဲ အိုဘားမားနဲ့ ဘီလ်ကလင်တန် ပူးပေါင်းစည်းရုံး

30 October 2008ဒီမိုကရက်ပါတီ သမ္မတလောင်း မစ္စတာအိုဘားမား(၀ဲ) နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ကို မဲဆွယ်စည်းရုံးပွဲတွင် အတူတကွတွေ့ရစဉ်။အောက်တိုဘာ ၂၉၊ ၂၀၀၈။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကတော့လာမယ့်သီတင်းပတ်ထဲမှာ စတင်ပါတော့
မယ်။ ဒီအချိန်မှာ အရင်သမ္မတဟောင်းဘီလ်ကလင်တန် (Bill Clinton) က
ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့ ဒီမိုကရက်ပါတီသမ္မတလောင်း ဘရက်ခ်
အိုဘားမား (Barack Obama) နဲ့အတူဝိုင်းပြီး စည်းရုံးမဲဆွယ်ပေးတာကို ပထမဆုံး
အကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်ဟာ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ဂျွန်မက်ကိန်း
(John McCain) ရော ဒီမိုကရက်သမ္မတလောင်း ဘရက်ခ် အိုဘားမားအတွက်ရော
ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အရေးကြီးတဲ့ပြည်နယ်ပါ။ ဂျွန်မက်ကိန်းကလည်း
ဖလော်ရီဒါပြည်နယ်ကို အခုရောက်နေပါပြီ။အဲဒီမှာ သူတို့ ၂ ဦး အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့အကြောင်း ဗွီအိုအေသတင်း
ထောက် ဘရိုင်ယန် ၀က်ဂ်နာ (Brian Wagner) က ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့
ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

သီတင်းပတ်တွေ တော်တော်များများအကြာ နောက်ဆုံးမှာတော့ ဒီမိုကရက်တစ်ပါတီ
သမ္မတလောင်း ဘရက်ခ် အိုဘားမားကို ကိုယ်စားပြုတဲ့အနေနဲ့ သမ္မတလောင်း
ဘီလ်ကလင်တန်က ဖလော်ရီဒါပြည်နယ်က မဲဆွယ်စည်းရုံးပွဲမှာ ဘရက်ခ် အိုဘားမားနဲ့
အတူ စဉ်မြင့်ပေါ်ကို အတူရောက်လာခဲ့ပါတယ်။

"ဖလောရီဒါပြည်နယ်ဟာ လာမယ့်အင်္ဂါနေ့ညမှာ အိုဘားမားကို ထောက်ခံကြောင်း
ပြသတဲ့ပြည်နယ်ဆိုတာ ခင်ဗျားတို့ သေသေချာချာ လုပ်နိုင်ဖို့အတွက်က သိပ်ကိုအရေး
ကြီးပါတယ်" လို့ သမ္မတဟောင်း ဘီလ်ကလင်တန်က ပြောသွားခဲ့ပါတယ်။

ဘရက်ခ် အိုဘားမားဟာ တိုင်းပြည်မှာ အခုအရေးတကြီးဖြစ်နေတဲ့ စီးပွားရေးပြဿနာ
တွေကို ဂျွန်မက်ကိန်းထက်ပိုပြီး ဖြေရှင်းနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်၊ သူအဆိုတင်သွင်းထားတဲ့
စွမ်းအင်ဆိုင်ရာကိစ္စတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စတွေဟာလည်း ချီးကျူး
စရာပါပဲလို့ ဆိုပါတယ်။

ဘရက်ခ် အိုဘားမားကတော့ တိုင်းပြည်ဟာ လက်ရှိ အိမ်ဖြူတော်က လုပ်ကိုင်နေတဲ့
အစီအစဉ်တွေအတိုင်း မလိုက်နာဘဲ လမ်းခွဲထွက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ကြုံခဲ့ရတဲ့ လွန်ခဲ့တဲ့ ၈ နှစ်တာကာလလိုမျိုး နောက်ထပ် ၄ နှစ် ထပ်ပြီး
လက်မခံနိုင်တော့ပါဘူး။ အခုချိန်ဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်တွေတုန်းကလို ငြိမ်းငြိမ်း
ချမ်းချမ်းနဲ့ ချမ်းချမ်းသာသာ ဖြစ်ရမယ့်အချိန် ရောက်နေပါပြီ။"

ဘရက်ခ် အိုဘားမား ပြောသွားတာဖြစ်ပါတယ်။

အိုဘားမားနဲ့ ဂျွန်မက်ကိန်းတို့အတွက် ရွေးကောက်ပွဲအနိုင်ရရေးမှာ အဓိကကျတဲ့
ပြည်နယ်တွေဖြစ်တဲ့ ဖလော်ရီဒါလိုမျိုးပြည်နယ်တွေက မဲထည့်ကြမယ့်သူတွေအတွက်
အကြိတ်အနယ် ယှဉ်ပြိုင်မဲဆွယ်ကြရဖို့က အချိန်တပတ်တောင် မရှိတော့ပါဘူး။

ဒီအချိန်မှာ ဘရက်ခ် အိုဘားမားက နာရီဝက်စာကြာတဲ့ သူ့ရဲ့ ရုပ်မြင်သံကြား နိုင်ငံရေး
ကြော်ငြာ အစီအစဉ်ကို ပြည်သူတွေအကြည့်များတဲ့ အချိန်မျိုးမှာ ရပ်မြင်သံကြားလိုင်း
တော်တော်များများကနေ မနေ့ညနေပိုင်းက တနိုင်ငံလုံးကို ထုတ်လွှင့်ပြသခဲ့ပါတယ်။
အဲဒီအတွက် ဒေါ်လာ ၃ သန်းကျော် ကုန်ကျပါတယ်။

"လာမယ့် ၆ ရက်အကြာမှာ အလုပ်ကြိုးစားမှုတွေကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေး၊
အလုပ်အကိုင်သစ်တွေနဲ့ ကြွယ်ဝတဲ့ ရေနံတွေကိုရဖို့ ကျနော်တို့ ရွေးချယ်နိုင်ပါတော့
မယ်။ လူလတ်တန်းစားတွေက စတင်ရမှာပါ။"

နောက်ဆုံး ကောက်ခံရရှိတဲ့ လူထုထောက်ခံမှု သဘောထားတွေအရ အိုဘားမားဟာ
ဂျွန်မက်ကိန်းထက် အနည်းအကျဉ်းပဲ အသာရထားတာပါ။

ဂျွန်မက်ကိန်းအနေနဲ့က သူ့ရဲ့ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အတွေ့အကြုံတွေ
ကြောင့် သူ့ကို ပြည်သူအများက မဲပေးကြပြီး အနိုင်ရလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ဘရက်ခ် အိုဘားမားက သူရဲ့အရည်အချင်းတချို့ကို အားရလောက်အောင် ထုတ်ပြခဲ့ပါ
တယ်။ ဒါပေမယ့် မေးစရာရှိနေတာက အိုစာမာ ဘင်လာဒင်တို့ အယ်လ်ကိုင်းဒါးတို့လို
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ရန်ကနေ အကာအကွယ်
ပေးနိုင်မယ့်သူလား ဆိုတာပါပဲ။ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ကျရင် အမေရိကန်
သမ္မတသစ် ရွေးကောက်ပွဲစပါတော့မယ်။ အချိန် ၆ ရက်ပဲ ကျန်ပါတော့တယ်။

ပါကစ္စတန်မှာ အနည်းဆုံး လူ ၁၇၀ သေဆုံးတဲ့ ငလျင် လှုပ်ခတ်အပြီး နောက်ထပ် ပြင်းထန်တဲ့ ငလျှင် လှုပ်ခတ်

29 October 2008
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ ငလျင်ကြီးလှုပ်လို့ လူ ၁၇၀ထက် မနည်း သေဆုံးပြီး၊ အပျက်အစီးပုံအောက် ပိနေကြစဉ်၊ နောက်ထပ် တုန်ခါမှုတရပ် ဖြစ်ပွားပါတယ်။ ဗုဒ္ဓဟူးနေ့ ဒေသ စံတော်ချိန် မွန်းလွဲပိုင်းမှာ အင်အား ၆ ဒဿမ ရှိတဲ့ အဲဒီ တုန်ခါမှုဖြစ်ပွားကြောင်း အမေရိကန် ဘူမိဌာန ကြေညာပါတယ်။

အသေအပျောက် အပျက်အဆီးစာရင်းတော့ မရသေးပါဘူး။ အာဖဂန် နယ်စပ်အနီး ဘလူချီဆတန် ပြည်နယ် ကမ္ဘာလှည့်ခရီးသည်များ သွားလေ့ရှိတဲ့ ဇီအာရက် တောင်ပေါ်ဒေသအနီးကို ဗဟိုပြုပြီးတော့ အာရုံတက် အချိန်မှာ အင်အား ၆.၄ရှိတဲ့ ငလျင်ကြီး လှုပ်သွားခဲ့တာပါ။ လူအများ အိပ်ပျော်နေကြစဉ် ရွာများမှာ မြေကြီးအိမ်တွေ ပြိုကျ၊ အလောင်း ၁၇၀ကို ရရှိပြီးတော့ ရှာဖွေနေဆဲမို့ အသေအပျောက် စာရင်း တိုးနိုင်သေးကြောင်း သက်ဆိုင်ရာက ခန့်မှန်းနေကြပါတယ်။ လူပေါင်း ၁၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြပါတယ်။PhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket

PhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket

မြန်မာဘုန်းတော်ကြီးများနှင့် စေတနာရှင်များ၏ Child Aid Foundation က ပြုစုကူညီထောက်ပံ့ထားသော မိဘမဲ့ကလေးသူငယ်များ စာရင်း

မိုးမခ အထောက်တော် ၀၀၂
အောက်တိုဘာ ၂၉၊ ၂၀၀၈
မြန်မာဘုန်းတော်ကြီးများနှင့် စေတနာရှင် မြန်မာမိသားစုများ ၀ိုင်းဝန်းပြီး စေတနာ့ဝန်ထမ်းဆောင်ရွက်လျက်ရှိသည့် ချိုင်းအိတ်ဒ်ဖောင်ဒေးရှင်းက ယခုအောက်တိုဘာလအတွင်း ကောက်ခံရယူထားသော နာဂစ် မုန်တိုင်းသင့် မိဘမဲ့ ကလေးသူငယ်များစာရင်းနှင့် ထောက်ပံ့ကူညီနေသည့် စေတနာအလှူရှင်များကိုပါ တွဲဖက်သည့် စာစောင်ငယ်လေးတခု ထုတ်ပြန်လိုက်သည်။

ယာယီ သတင်းပြန်ကြားရေးအတွက် တင်ဆက်နေသည့် http://childaid08.blogspot.com အပြင် အင်တာနက်စာရွက်စာတမ်းများ သိမ်းဆည်း ထုတ်ပြန်ရန် မှတ်သားရလွယ်ကူမည့် အင်တာနက် လိပ်စာတခုကိုလည်း စတင်လိုက်သည်။ လိပ်စာမှာ - http://ChildAidMyanmar.Org ဟူ၍ ဖြစ်သည်။

ကလေးသူငယ်များနှင့် အလှူရှင်များ စာရင်းတွင် စာမျက်နှာ ၄၅ မျက်နှာခန့်ပါဝင်ပြီး ကလေးသူငယ်ပေါင်း ၄၃၉ ဦး၏ စာရင်း၊ ဓာတ်ပုံငယ်၊ ကိုယ်ရေးအကျဉ်းနှင့် တနှစ်စာ လစဉ်အလှူ ကူညီသူ မြန်မာမိသားစုများ၊ စေတနာရှင်များ၏ အမည်တို့ကို တွဲဖက်ပြီး ထုတ်ပြန်ထားသည်။ တ၀က် ကျော်ကျော်မှာ သီးသန့်အလှူရှင် မရှိသေးသော်လည်း ဆရာတော်များနှင့် ဝေယျာဝစ္စ တကာ၊ တကာများက စုပေါင်းအလှူငွေများကတဆင့် ၀ိုင်းဝန်း စောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။

စာလုံးကြီးမြင်ရန်အပေါင်းလက္ခဏာကိုနှိပ်ပါရန်။ ။
download file

နာဂစ်ကို အမြတ်ထုတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် စစ်ဗိုလ်ချုပ်


ko ko win
အောက်တိုဘာ ၃၀၊ ၂၀၀၈

နာဂစ်မုန်တိုင်းက စစ်အစိုးရရဲ့ အခြေခံဥပဒေကို ပြိုကွဲအောင် မတိုက်နိုင်ခဲ့ဘူး။ မေလက နာဂစ်အပြီးမှာပဲ စစ်အစိုးရက သူတို့ အခြေခံဥပဒေကို အတည်ပြုလိုက်တယ်။ ထောက်ခံမဲက တင်းကြမ်းများလွန်းတော့ မြန်မာပြည်မှာ အတိုက်အခံဆိုတာ ရှိသေးရဲ့လားလို့တောင် ထင်ရပါတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ အတိုက်အခံက ရွေးကောက်ပွဲအကြောင်း မပြောရသေးခင်မှာ စစ်အစိုးရနဲ့ ဘက်တော်သားများက ၂၀၁၀ ရွေးကောက်ပွဲ အဖျားတက်ကုန်ကြပြီ ဖြစ်ပါတယ်။

ဝန်ကြီးတွေ၊ ဦးဆောင်ညွန်ကြားရေးမှူး ရုံးချုပ်တွေ၊ ၀န်ကြီးရုံးတွေနဲ့ စစ်အစိုးရရဲ့ လုပ်ငန်းရှင် အဖွဲ့အစည်းမျိုးစုံက ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရှင်းလင်းပွဲတွေ၊ ဆွေးနွေးပွဲတွေအတွက် ခြေလှမ်းပြင်နေကြတယ်လို့ သိရပါတယ်။

ဥပမာ - နအဖ စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ် လွန်းသီကို ကြည့်နိုင်ပါတယ်။ သူ့ဇာတိက ကွမ်းခြံကုန်း။ ရန်ကုန်နဲ့ မိုင် ၃၀။ နာဂစ်အလွန် ပြာပုံ … အော် သည်းခံပါခင်ဗျာ။ အပျက်အစီးပုံ၊ အလောင်းပုံထဲက စစ်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ခွဲတမ်းချတော့ ဗိုလ်ချုပ်လွန်းသီနဲ့ အေးရှားဝေါလ်ဒ် ကုမ္မဏီတို့ တာဝန်ကျပါတယ်။ တောင်ပိုင်းခရိုင် မုတ်ကျွန်းဒေသ၊ ကွမ်းခြံကုန်း ဒေသတွေကို တာဝန်ယူကြရတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ် လွန်းသီက ပေးမယ့် ထမင်းထုတ်ကို လက်က မလွှတ်ခင်မှာ လက်ဖြန့်နေတဲ့ ဒုက္ခသည်များကို အမှာစကား ချွေတာက -

“၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ပွဲ၊ ပြည်သူကို အမြဲ စောင့်ရှောက်နေတာက တပ်မတော် အစိုးရ၊ အမေရိကန်တို့ ဘာတို့က ခင်ဗျားတို့ကို ဆန်ကျိုးလေး တစေ့တောင် ကျွေးတာ မဟုတ်ဘူး။ ခင်ဗျားတို့မှာ ရွေးစရာက တပ်မတော်က ပေးစာကမ်းစာပဲ ဖြစ်တယ် …”

ဆိုတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၆ လ ကတည်းက မုန်တိုင်းသင့်ဒေသကို ချောင်းပေါက်မတတ် လာတဲ့ ၀န်ကြီးကြောင့် သာတူညီမျှ ကောင်းစားကုန်တာမဟုတ်ဘဲ သားတူညီများ ဆိုတဲ့ သူနဲ့ ဆွေမျိုးနီးစပ်တွေ ကြီးပွားသည်ထက် ကြီးပွားလာတယ်လို့ သိရပါတယ်။ ရေခဲစက် ကြာဇံစက်ပိုင်သူတွေက သူ့အမျိုးတွေလို့ ဆိုပါတယ်။ နွမ်းပါးတဲ့ ဆွေမျိုးတချို့တလေကိုတော့ ၀န်ကြီးကိုယ်တိုင်က အရေးမလုပ်ဘဲ သာမန်နင်းပြား ပြည်သူတွေကဲ့သို့ တပြေးညီ ဆက်ဆံပြပါတယ်။

လေဘေးအကူအညီ ပစ္စည်းတွေကို တပ်မတော်က သိမ်းပိုက်ထားပြီး သူတို့ စိတ်တိုင်းကျ ပြန်ပေးဆွဲ ဝေငှနေတာကို အလွန်ဆင်းရဲဒုက္ခ ရောက်နေတဲ့ ဒေသခံများက အလွန်ကျေးဇူးတင်ကြပါတယ်။

အင်န်အယ်ဒီတွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေက အဖမ်းအဆီးခံရမှာ စိုးလို့ ရုပ်ဖျက်ပြီး ခိုးကြောင် ခိုးဝှက် အလှူအတမ်းပြုနေရချိန်မှာ အကူအညီပေးနေရချိန်မှာ ၀န်ကြီးနဲ့ အပေါင်းအပါတွေက ပေါ်ပေါ်ထင်ထင် နိုင်ငံတကာနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက တဆင့်ရတဲ့ အလှူတွေကို သူတို့လက်ကတဆင့် လှူနေတာ ဆိုတော့ မသိနားမလည်တဲ့ ပြည်သူတချို့က

“ဟင် … ဘယ်မှာလဲ အင်န်အယ်ဒီက လူတွေ။ ရေဒီယိုမှာတော့ သူတို့တွေ လှူနေကြတယ် ဆို …” ဟု မြည်တမ်းတော့ ၀န်ကြီး ဗိုလ်ချုပ်လွန်းသီက အလွန် ကျေနပ်သွားတယ်လို့ ဆိုပါတယ်။

ကွမ်းခြံကုန်းက လက်ရှိအခြေအနေကို မေးမြန်းစုံစမ်းကြည့်တော့ ၀န်ကြီး ဗိုလ်ချုပ်လွန်းသီက နာဂစ်ကို အကြောင်းပြုပြီးတော့ ၂၀၁၀ အတွက် နိုင်ငံရေး အမြတ်ထုတ်နေတာ ဖြစ်တယ်လို့ ဝေဖန်ကြတာကို ကြားသိရပါတယ်။ ဆောက်ပေးတဲ့ အိမ်ယာတွေကလည်း လမ်းပေါ်က လမ်းကြောင်းသွားတဲ့ (၀န်ကြီး ဖြတ်သန်းတဲ့) နေရာက မျက်နှာစာအိမ်တချို့ ကို ဆောက်တာ ဖြစ်တယ် လို့ ပြောပြကြပါတယ်။

အလှူရှင်လို့ မဏ္ဍပ်တိုင် မတက်ပြရဲတဲ့ အလှူရှင်အဖွဲ့အစည်းစုံက အစားအစာတွေ၊ အဆောက်အဦတွေ၊ အကူအညီတွေကြောင့် ဒေသခံတွေ ပြန်လည် ထူထောင်လာနိုင်ရတာ ဖြစ်ပေမယ့် ၀န်ကြီးနဲ့ စစ်အာဏာရှင်လက်ပါးစေတွေက နေရာတကာပါနေတော့ ပေါ်ပေါ်ထင်ထင် ထုတ်ပြောဖို့ ခွင့်မသာဘူးလို့ မျက်မြင်တချို့က ပြောပါတယ်။

“တကယ်လို့ ကယ်ဆယ်ရေး စေတနာရှင်တွေက မာကျောတဲ့ နှလုံးသားနဲ့ စစ်အစိုးရလက်ထဲကို ဒီနယ်မြေတွေကို နင်တို့ချည်းပဲ စိတ်ကြိုက်ကယ်ကြပေတော့လို့ ပစ်ထားခဲ့ရင် စစ်အာဏာရှင်ဘီလူးရုပ်ကို ထင်းထင်းကြီး မြင်ကြရမှာပဲ။ အခုတော့ စေတနာရှင်တွေကိုကော ဒုက္ခသည်တွေကိုပါ စစ်တပ်က နိုင်ငံရေးအမြတ်ထုတ်နိုင်ဖို့ စေတနာရှင်တွေက ကျောခင်းပေးနေရသလိုပဲ” လို့ ဒေသခံ နိုင်ငံရေးတက်ကြွသူတချို့က သုံးသပ်ပြပါတယ်။

မည်သို့ပင် ဖြစ်စေကာမူ နာဂစ်အလွန် ဒုက္ခသည်ဒေသတွေမှာ စစ်အာဏာရှင်တွေရဲ့ အသိုင်းအ၀ိုင်းတွေက သြဇာတည်ဆောက်တာ၊ လွှမ်းမိုးဖို့ ကြိုးစားတာ၊ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဦးတည်တဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ စနစ်တကျ ပြင်ဆင်တာကို တွေ့နေရပြီ ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်တွေကပဲ ကိုယ်တိုင်ရွေးကောက်ပွဲ ၀င်မှာလား၊ သူတို့ ကျောထောက်နောက်ခံပေးလိုက်တဲ့ ဒေသခံ မြို့မျက်နှာဖုံးတွေ၊ လူကြီးဆိုသူတွေကိုပဲ ရွေးကောက်ပွဲ ၀င်စေမှာလား ဆိုတာကတော့ ကာယကံရှင်တွေကို သတင်းစာသမားက တိုက်ရိုက်မေးခွင့်ရမှ သိမှာပဲ ဖြစ်ပါတယ်။

"တူဖူး" ရဲ့ စစ်ဆန့်ကျင်ရေး ရင်ခုန်သံ

မောင်ဖူးတင့်
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 17:32 - မြန်မာစံတော်ချိန် တရုတ်ကဗျာဆရာ "တူဖူး" ပေါ်ထွန်းခဲသည့် ခေတ်မှာ နှယ်နှယ်ရရ ခေတ်မဟုတ်။ တရုတ်ကဗျာ သမိုင်းတွင်၊ ကဗျာရွှေခေတ်ကြီးဟု တင်စားရလောက်အောင် ... လူတွေက ကဗျာကို အထူးတလည် ချစ်မြတ်နိုးကြသော ခေတ်ကြီးဖြစ်၏။ အင်မတန် ထင်ရှားသည့် "တူဖူး" ၊ "၀မ်ဝေ" ၊ "လီပို" တို့လို ကဗျာဆရာကြီးများ ပေါ်ပေါက်ခဲ့သည့် ခေတ်ဖြစ်၏။ ထိုခေတ်မှာ "တန်မင်းဆက်ခေတ်" ဖြစ်၏။

"တန်မင်းဆက်ခေတ်" က၊ လူတွေ ကဗျာကို အလေးအနက်ထားကြပုံမှာ သြချယူရလောက်၏။ ဥပမာ ... ဈေးဆိုင်တွေ၊ အိမ်နံရံတွေမှာ ကဗျာတွေ ရေးကပ်ထားကြ၏။ လူတချို့သည် ကဗျာစာသားများကို ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ရည်စုတ်ထိုးပြီး ရူးသွပ်ခဲ့ကြ၏။ ထိုခေတ်က ပေါ်သည့် ကဗျာဆရာများကလည်း သဘာဝပတ်ဝန်းကျင်အပေါ် အလေးအနက်ထား စုံမက်ကြပုံမှာ အံ့သြရလောက်၏။ ဥပမာ ကဗျာဆရာ "လီပို" သည် ယန်စီမြစ်ထဲက "လ" ကို ဆင်းဆယ်ဖို့ ကြိုးစားရင်းက ရေနစ်ပြီး သေခဲ့ရသည်ဟု ဆို၏။ သည်လို ၀န်းကျင်၊ သည်လို အနေအထားမျိုးတွင် ကဗျာဆရာ "တူဖူး" ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

"တူဖူး" သည် ခရစ်သက္ကရာဇ် ၇၁၂- ခုနှစ်တွင် မွေး၏။ ၇၇၀- ခုနှစ်တွင် ဆုံး၏။ ခရီး အင်မတန်သွား၏။ ပဒေသရာဇ် မင်းစိုးရာဇာ စာမေးပွဲများတွင် အကြိမ်ကြိမ် ရှုံးနိမ့်သော်လည်း ကဗျာဆရာတဦး အနေနှင့်မူ ပဒေသရာဇ် စစ်ဘုရင်များက အစ၊ သာမာန်ဆင်းရဲသား အဆုံး လေးစားခြင်း ခံခဲ့ရ၏။ သူသည် လူပေါင်း (၁၆) သန်းကျော် သေဆုံးသည်ဟု ယူဆခဲ့ကြသည့် "လူရှန်ပုန်ကန် အုံကြွမှုကြီး" ကို အသက် (၄၀) ကျော်မှာ ကြုံတွေ့ခဲ့ရ၏။ စစ်ဘုရင်တွေ အချင်းချင်း ဖြစ်ကြသည့် စစ်ပွဲမှာ ၉- နှစ် ကြာခဲ့၏။ "တူဖူး" သည် အဖမ်းခံခဲ့ရသေး၏။ နယ်နှင်ခံခဲ့ရ၏။ ပြည်ပြေး ဖြစ်ခဲ့ရ၏။ စစ်ဘေးဒုက္ခသည် ဖြစ်ခဲ့ရ၏။ သည်အဖြစ်အပျက်ကြီးက "တူဖူး" ကို မည်ကဲ့သို့ ရိုက်ခတ်ခဲ့သနည်း။ သူ့ကဗျာများထဲ၌ သူက မည်ကဲ့သို့ ထည့်သွင်းရေးစပ်ခဲ့သနည်း။

မိသားစုဘ၀မှာလည်း "တူဖူး" သည် ကံမကောင်းပါ။ မိခင်က သူ့ကို မွေးပြီးကာစမှာပင် ဆုံး၏။ ဖခင်က နောက်အိမ်ထောင်ပြု၏။ သူက အဒေါ်ဖြစ်သူထံ သွားနေရင်း ကြီးပျင်းရ၏။ သူ့ကဗျာများထဲ၌ သူ့ဖခင်၊ သူ့ ညီအစ်ကိုသားချင်း ...၊ သူ့အဒေါ်တို့အကြောင်း ရေးဖွဲ့တတ်သော်လည်း သူ့မိဒွေးကိုမူ စာတလုံးမျှ ထည့်မရေးခဲ့။ "တူဖူး" သည် ကဗျာပုဒ်ရေ (၁၅၀၀) ကျော် ရေးဖွဲ့သွားခဲ့၏။ နေရာဒေသမျိုးစုံ ခရီးသွားခဲ့၏။ သူ့ဘ၀နှောင်းပိုင်း (၉) နှစ် လုံးလုံး ဆင်းရဲကြီးစွာ နေသွားခဲ့၏။ ငှက်ပျောဖက် တဲအိမ်ဆောက်ပြီး နေခဲ့သည်များလည်း ရှိ၏။ အသက် (၅၈) နှစ်တွင် လှေတစင်းပေါ်၌ ဖျားနာရင်း သေဆုံးခဲ့ရ၏။

သူ့ကဗျာတွေက သူ့ခေတ် သူ့ကာလ သမိုင်းရေး အဖြစ်အပျက်များကို အခြေခံသဖြင့် သမိုင်းဆရာတို့ အတွက် တန်ဖိုးကြီးသော ကဗျာများ ဖြစ်လာခဲ့၏။ အထူးသဖြင့် သူ့ကဗျာများထဲတွင် ကျနော် စိတ်အ၀င်စားဆုံးမှာ "စစ်" ကို ဖွဲ့သည့်ကဗျာများ ဖြစ်၏။ ထိုခေတ်က လူတွေ ... စစ်အပေါ် ဘယ်လိုမြင်ကြသလဲ။ စစ်ပွဲတွေ အပေါ် ဘယ်လို သဘောထားကြသလဲ။ အထူးသဖြင့် ကဗျာဆရာတွေက စစ်ကို ဆန့်ကျင်ကြသလား၊ ထောက်ခံခဲ့ကြသလား။ သူတို့သည် စစ်မုန်းသူလား၊ စစ်ကို လိုလားကြသူတွေလား။ ကျနော် သိချင်၏။ ထို့ကြောင့် "တူဖူး" ရဲ့ ကဗျာများကို ရနိုင်သမျှရအောင် ကျနော် စုဆောင်းခဲ့သည်။ ဖတ်ခဲ့သည်။ "တူဖူး" ရဲ့ စစ်ဆန့်ကျင်ရေးအမြင် ရှိသည်ဟု ယူဆရသည့် ကဗျာ(၄) ပုဒ်ကို ဘာသာပြန်ခဲ့သည်။ "ဆီးပွင့်" ကဗျာစာအုပ်တွင် ထည့်ခဲ့သည်။

အခု ... "တူဖူး" ရဲ့ "စစ်ဆန့်ကျင်ရေး" ကဗျာတပုဒ်ကို ဖော်ပြလိုက်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း တထောင်ကျော်က၊ ကဗျာဆရာတယောက်ရဲ့ စစ်ပွဲတခုအပေါ်မြင်တဲ့ အမြင်ကို ခံစားမျှယူလို့ ရနိုင်ကောင်းရဲ့ ဟု ကျနော် ယူဆမိ၏။ "တူဖူး" က သူ့ကဗျာထဲမှာ စစ်ပွဲကြောင့် မိသားစုတွေ ပြိုကွဲဒုက္ခ ရောက်ရသည်ဟု ဖွဲ့ဆိုခဲ့၏။


နွေဦးကာလ စစ်ပွဲ

နိုင်ငံတော်သည်ကား

ပြိုကျပျက်စီးသွားခဲ့ပြီ။

တောင်ကုန်းတွေ စမ်းချောင်းတွေသာပဲ

အသက်ရှင်သန်ဆဲ။

နွေးဦးကာလ မြို့တော်ထဲ

မြက်ခင်းနဲ့ သစ်ရွက်တွေ ရှင်သန်ဆဲ။

ပန်းပွင့်တွေကတော့

မျက်ရည်သုပ်ရင်းက အချိန်ကုန်လွန်ကြ။

ငှက်တွေ

ထိတ်လန့်ခြောက်ခြားနေဘွယ်ထင်ရ

သူတို့လည်းပဲ

ခွဲခွါကြရမှာကို မုန်းတီးကြတာပဲ။

မီးတွေ လောင်ကျွမ်းနေခဲ့တာ

သုံးလပင် ကြာခဲ့ပြီ။

အိမ်တအိမ်က စကားတခွန်းကြားရဖို့ဆိုတာ

ရွှေအချိန်တတန်ထက်ပင် တန်ဖိုးကြီးပြီပေါ့။

သေးသေးမျှင်မျှင်လေးပေါက်လာတဲ့

ငါ့ဆံပင်ဖြူတချောင်းကို ငါနှုတ်တော့

ဆံပင်ဖြူက

ငါ့ဦးထုပ် ဆံထိုးကြား

တွယ်ကပ်လို့ ထားလေရဲ့။ ။


ကိုးကား။ ။ THREE CHINESE POETS : VIKRAM SETH


မောင်ဖူးတင့်