Friday, November 21, 2008

ပြန်လည်ဝေမျှခြင်း


ဒို့တာဝန် အရေးသုံးပါး

# တရုတ်ပြည်သူ့ သမ္မတ မြန်မာ နိုင်ငံတော် မပြိုကွဲရေး… ဒို့အရေး
# တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေး… ဒို့အရေး
# ဗိုလ်ချုပ်မှုးကြီး အာဏာ တည်တံ့ခိုင်မြဲရေး… ဒို့အရေး

ပြည်သူ့သဘောထား

# တရုတ်အားကိုး ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ
# နိုင်ငံတော် တည်ငြိမ် မအေးချမ်းမှန်း သိသာစေရန် မေ့လောက်ရှိ ကိုယ့်ဟာကိုယ် ဗုံးထထ ဖောက်သူများအား ဆန့်ကျင်ကြ
# နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော Asian နိုင်ငံများအား ဆန့်ကျင်ကြ


နိုင်ငံရေး ဦးတည်ချက် (၄) ရပ်

# နိုင်ငံတော် တည်ငြိမ်ရေး၊ ဧည့်စရင်း မှန်မှန်တိုင်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး
# အမျိုးသား ပြန်လည် ငြိမ်ကုပ် ပိပြားရေး
# နှစ်၅၀ အချိန်ယူ ရေးဆွဲသင့်သော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြစ်ပေါ်လာရေး
# ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ ခေတ်မီ ဖွံ့ထွား တုတ်ခိုင်သော နိုင်ငံတော် သစ်တစ်ရပ် တည်ဆောက်ရေး

စီးပွားရေး ဦးတည်ချက် (၄) ရပ်

# ရှိတာအကုန် ရောင်းစားရေးကို အခြေခံ၍ တပ်မတော်ကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
# (ညဖက်မှ အလုပ်ဖြစ်သည့်) ဇီးကွက် စီးပွားရေးစံနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး
# ပြည်တွင်း အာရှမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ ကုန်ဈေးနှုန်း ပြန်မကျ ထိုးတက်အောင် တည်ဆောက်ရေး
# နိုင်ငံတော် စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် တပ်မတော်နှင့် စက်မှု လယ်ယာ ၀န်ကြီးဌာနတို့၏ လက်ဝယ်တွင် ရှိရေး

လူမှုရေး ဦးတည်ချက် (၄) ရပ်

# တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ ပျက်စီးရေး
# အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး အတွက် နယ်ချဲ့ တော်လှန်ရေး ဗီဒီယို များများရိုက်၍ ယဉ်ကျေးမှု အမွေအနှစ်များ နောင် မပျောက်ပျက်ရန် အခုကတည်းက ထုံးသုတ်ပစ်ရေး
# မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရန် ကလေးစစ်သားများ တပ်မတော်သို့ဆွဲထည့်ရေး
# တစ်မျိုးသားလုံး ပြည်တွင်းဖြစ်ကို အားပေးရင်း ဆန်ပြုတ်သောက်နိုင်ရေးနှင့် နိုင်ငံခြား ထွက်နိုင်သူများထံမှ မရအရ အခွန်ကောက်ခံရေး

နေနတ်နွယ် fwd email ကရတယ်လို့ ဆိုပါတယ်.. ကျမကတော့ http://www.naynatnwe.co.cc/2008/11/blog-post_20.html
ကနေ တိုးတိုးတိတ်တိတ် ပေါ်တင်ယူလာပါတယ် ... =P