Tuesday, December 2, 2008

အညတယခွပ်ဒေါင်း

Photobucket

Photobucket
အင်းစိန်မြို့နယ်ဖေါ့ကန်ရပ်ကွက်တွင်နေထိုင်သောကိုထွန်းထွန်းနိုင်ကိုပြီးခဲ့သည်လကစစ်ဏာရှင်များက
ထောင်ဒဏ်၁၉နှစ်ချမှတ်ခဲံ့ပါတယ်။အထက်တန်းကျောင်းသားထွန်းထွန်းနိုင်သည်၈၈၈၈မတိုင်ခင်ထဲက
အင်းစိန်မြို့နယ်တွင်းစည်းရုံးလှုံဆော်မှုများတွင်ပါဝင်ခဲ့သည်။အင်းစိန်မြို့နယ်တွင်၈၈၈၈နေ့ကညနေ၃နာ
ရီခွဲတွင်စတင်ဆန္ဒပြခဲ့ပြီးထွန်းထွန်းနိုင်သည်ကျောင်းသားများကြားအဓိကချိတ်ဆက်ပေးခဲ့သူတဦးလည်း
ဖြစ်သည်။အရေးအခင်းပြီးသောအခါNLDလူငယ်ဖြစ်လာသည်။နအဖမှNLDအပေါ်ဖိနှိပ်မှုများစတင်ခဲ့သည့်
အချိန်မှစ၍အင်းစိန်မြို့နယ်NLDအမာခံအဖွဲ့ဝင်ဖြစ်လာသည်။၁၉၈၈မှ၂၀၀၈အတွင်း၎ကြိမ်အဖမ်းခံခဲ့ရပြီး
ဒီတကြိမ်အပြစ်ဒဏ်မှာအများဆုံးဖြစ်သည်။အဖမ်းခံရချိန်တွင်ဇနီးဖြစ်သူနှင့်တနှစ်ခွဲအရွယ်သားငယ်တဦး
ကျန်ရစ်သည်။DVBနှင့်မေးမြန်းခန်းတွင်ဇနီးဖြစ်သူက""ကားမောင်းထွက်သွားရာကပြန်မလာတော့တာ..
စုံစမ်းလို့လည်းမရဖူး....နောက်ကြမှအဖမ်းခံရမှန်းသိတာ..သူလုပ်စာလေးပဲအားကိုးနေရတာ....ကလေး
တဖက်နဲ့လမ်းထိပ်မှာမုန့်ဗန်းလေးနဲ့ရောင်းရင်း အကိုပြန်အလာပဲမျှော်နေရတော့တာပါပဲရှင်.....""
ပထမတွင်၃နှစ်ချမှတ်ခံရပြီး ပြီးခဲ့သည့်လကထပ်တိုး၍စုစုပေါင်း၁၉နှစ်ချမှတ်ခံခဲ့ရသည်။
ယခုအခါမိထ္ထီလာထောင်တွင်ကျခံနေရပြီးဇနီးဖြစ်သူမှာဖေါ့ကန်ကားမှတ်တိုင်တွင်ဖရဲသီးစိတ်ရောင်းရင်း
လမ်းလျှောက်တတ်စအရွယ်သားငယ်လေးနှင့်အတူကျန်ရစ်ခဲ့သည်။
ဇနီးဖြစ်သူမှာလည်းတကြိမ်အဖမ်းခံရပြီးဖြစ်ရာဒုတိယနီလာသိန်းဖြစ်မလာဖို့ဆုတောင်းရန်
မှတပါး။။
အညတယခွပ်ဒေါင်းများအားဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။ ။

မြန်မာဟာဂျီလောင်း ၅၀၀ ကျော် ထိုင်းနိုင်ငံမှာ သောင်တင်

02 December 2008
ဦးသိန်းထိုက်ဦး
ထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ လေဆိပ်တွေ ပိတ်ထားခံရတဲ့အတွက်
ဘန်ကောက်မြို့မှာ သောင်တင်နေတဲ့ ထောင်သောင်းချီတဲ့ ခရီးသည်တွေထဲမှာ မြန်မာ
နိုင်ငံကနေ မက်ကာကို ဟာဂျီဘုရားဖူးသွားမယ့် အစ္စလမ်ဘာသာဝင် ဟာဂျီလောင်း
၅၀၀ ကျော်လည်း ပါဝင်ပါတယ်။ သူတို့ကို ပတ္တရားကမ်းခြေအနီး စစ်တပ်လေဆိပ်တခု
မှာ ထိုင်းစစ်တပ်က ကူညီစောင့်ရှောက်ထားပါတယ်။

ဆော်ဒီအားရေးဗီးယားနိုင်ငံက ဘုရားဖူးတွေကို ၀င်ခွင့်ပြုတဲ့ နောက်ဆုံးရက် သတ်မှတ်
ထားတာကို ရက်ထပ်တိုးပေးပေမယ့် ထိုင်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်သေးတာ
ကြောင့် ဒီနှစ် မက်ကာကို အချိန်မီရောက်ဖို့ အခွင့်အလမ်းဟာ မသေချာဘဲ ဖြစ်နေပါ
တယ်။ လေဆိပ်ကို ရောက်နေတဲ့ အစ္စလမ်ဘာသာဝင်တွေထဲက တယောက်ဖြစ်တဲ့
ဦးကျော်စွာကို ဦးသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးကျော်စွာက အခုလို
စပြောပါတယ်။

"အခု စစ်တပ်လေဆိပ် ဥတာပေါင်လေဆိပ်ကို ယာယီသုံးဖို့ လုပ်ထားပါတယ်။ အဲဒီမှာ
အ၀င်အထွက်လုပ်နေတယ်။"

ထိုင်းစစ်တပ်လေဆိပ်မှာ ဘုရားဖူးသွားမယ့်လူ မြန်မာနိုင်ငံက အစ္စလမ်ဘာသာဝင်
ဘယ်လောက်ရှိပါသလဲ။
"အခုလက်ရှိမှာ ၅၅၀ ရှိပါတယ်။"

၅၅၀ လုံးက လေဆိပ်မှာပဲ သောင်တင်နေတာလား။

"ဟုတ်ကဲ့၊ အခုလက်ရှိ ယာယီလေဆိပ်ပေါ့။ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ထားကတည်းက
အဲဒီကနေပဲ အ၀င်အထွက် လုပ်နေကြတယ်။ ကျန်တဲ့ နိုင်ငံခြားသားတွေရော၊
ကိုယ့်နိုင်ငံကိုယ် ပြန်မယ့်သူတွေရော အဲဒီလေဆိပ်ကိုပဲ သုံးနေရပါတယ်။"

လေဆိပ်မှာ လူ ၅၀၀ ကျော်လုံး ဘယ်လိုနေကြပါလဲ။

"ပထမတုန်းကတော့ Arrival ခန်းမထဲမှာပဲ။ အဲဒီမှာ Transit ခန်းမလည်း မရှိတော့
Arrival ခန်းမထဲမှာပဲ အောက်က သမံတလင်းမှာ ကိုယ့်အ၀တ်လေး ကိုယ်ခင်းပြီးတော့
နေနေကြပါတယ်။ ဒါပေမယ့် အခု နှစ်ရက်ရှိပြီ၊ အဲဒီနားမှာ ၀ိုင်းလုပ်ပေးနေတဲ့ ရေတပ်
ကလူတွေက လာပြီးတော့ အထဲမှာရှိတဲ့လူတွေအားလုံးကို အဲဒီနားမှာရှိတဲ့ မိုးလုံလေလုံ
အားကစားရုံးမှာ ပြောင်းပြီးချထားပေးပါတယ်။ အဲဒီမှာတော့ နေရတာ နည်းနည်း
ပိုအဆင်ပြေတာပေါ့။"

အဲဒီလေဆိပ်က ဘန်ကောက်မြို့နားမှာပဲလား။

"ဘန်ကောက်မြို့မဟုတ်ပါဘူး။ ပတ္တရားနဲ့ ပိုနီးပါတယ်။ ဘန်ကောက်ကနေဆို မိုင် ၁၀၀
လောက်ဝေးပါတယ်။"

ဘုရားဖူး ၅၀၀ ကျော်လောက်က စားရေးသောက်ရေး ဘယ်လိုရှိပါသလဲ။

"စားရေးသောက်ရေးကို ယာယီလေဆိပ် အမှုထမ်းတွေရယ်၊ ထိုင်းစစ်တပ်ပေါ့၊ ရေတပ်
ရော လေတပ်ရော အဲဒီနားမှာရှိနေတော့၊ သူတို့တွေက ၀ိုင်းပြီး စီစဉ်ပေးပါတယ်။
ကျနော်တို့အားလုံးကိုလည်း မွတ်ဆလင်အစားအစာတွေ လာပြီးတော့ ဝေပေးပါတယ်။
သောက်ရေသန့်ဘူးတွေလည်း လာလာဝေပေးပါတယ်။"

ဝတ်ပြုတာတွေ ဘာတွေရော။

"၀တ်ပြုတာတော့ ကိုယ့်နေရာမှာပဲ ကိုယ့်အ၀တ်လေးတွေ ခင်းပြီးတော့ ၀တ်ပြုနေကြ
ပါတယ်။"

မြန်မာနိုင်ငံမှာလည်း အစ္စလမ်ဘာသာဝင်တွေ အခုလို ထိုင်းနိုင်ငံရေး အခြေအနေ
ကြောင့် အပြင်ကို မထွက်နိုင်တာမျိုးတွေ ကြားပါတယ်။ ဘယ်လောက်လောက်များ
ရှိပါသလဲ။

"ရှိပါတယ်၊ ၁,၀၀၀ ကျော်ကျော်လောက် ရှိပါဦးမယ်။"

ဘုရားဖူးသွားဖို့အတွက်ပေါ့နော်။

"ဟုတ်ပါတယ်ခင်ဗျ။"

ဘုရားဖူးသွားတဲ့လူတွေက ဆော်ဒီအာရေးဗီးယားက ဂျီဒါ ဟာ့ခ်ျလေဆိပ်နော်၊ သူတို့
အထူးစီစဉ်ထားတဲ့ ဟာ့ခ်ျလေဆိပ်ကို နောက်ဆုံး ဘယ်ရက်မှာ ၀င်ရမှာလဲခင်ဗျ။

"ပုံမှန်ကတော့ အခု ၂ ရက်နေ့ ည ၁၂ နာရီမှာ ဟာ့ခ်ျ Terminal က ပိတ်မှာပါ။ ဒါပေ
မယ့် အခု ဒီဘက်မှာ လေကြောင်းလိုင်းပြဿနာတွေ တက်နေတဲ့အပေါ်မှာ သူတို့က
ထိုင်းဘက်ကို ၅ ရက်နေ့အထိ တိုးပေးမယ်ဆိုတဲ့ဟာ Approve ဖြစ်သွားပါပြီ။ ဒါပေမယ့်
မြန်မာပြည်သားတွေ အဲဒီထဲမှာ ပါတယ်ဆိုတဲ့ဟာရဲ့ အထောက်အထားကို အခုထက်ထိ
ကျနော်တို့ မရသေးလို့ အဲဒါကို စောင့်နေပါတယ်။"

အထောက်အထားက ဘယ်သူ့ဆီက ယူရမှာလဲခင်ဗျ။

"အထောက်အထားက အဲဒီက ဟာ့ခ်ျဝန်ကြီးဌာနကနေ ပို့ဆောင်ရေးဝန်ကြီးဌာနက
ဒီက လေကြောင်းလိုင်းတွေအားလုံးကို သူတို့ ပို့ပေးရမှာပါ။ ၅ ရက်နေ့ည ၁၂ နာရီအထိ
သူတို့ တိုးပေးလိုက်ပါတယ်။"

၅ ရက်နေ့အထိ ထိုင်းနိုင်ငံရေးအခြေအနေက၊ ဒီနေ့ဆိုရင် ၂ ရက်ရှိနေပြီဆိုတော့
၅ ရက်နေ့မှာရော အခြေအနေကောင်းပါ့မလား။ ထိုင်းနိုင်ငံရေးအခြေအနေ မပြေ
လည်လို့ မမီရင်ရော ဘယ်လိုများလုပ်မလဲ။

"အဲဒါကတော့ အားလုံးရဲ့ နဖူးစာပေါ့ဗျာ။ ဘာပြောလို့ရမလဲ။ ဒါပေမယ့် အခု မြန်မာ
သံရုံးက လာကြည့်ပြီးတော့ အီရန်ပိုင်တဲ့ လေကြောင်းလိုင်းနဲ့ သူတို့ စကားပြောပေးနေ
ပါတယ်။ စကားပြောပြီးတော့ သူတို့ Charter Flight တခုလုပ်ပြီးတော့ အဲဒီလူတွေ
ဆက်သွားဖို့ အစီအစဉ်တခု ဖြစ်လာပါတယ်။"

အဲတော့ ၅ ရက်နေ့ ၁၂ နာရီအတွင်း မီမယ်ဆိုရင်တော့ မြန်မာပြည်ကထွက်လာတဲ့
လူတွေလည်း ဘုရားဖူးခွင့်ရမယ်ဆိုတဲ့သဘောပေါ့။

"ဟုတ်ကဲ့၊ အဲလိုဆိုရင်တော့ ရနိုင်ပါတယ်ခင်ဗျ။"

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လေဆိပ်မှာ သောင်တင်နေကြတဲ့ မြန်မာ အစ္စလမ်
ဘာသာဝင်တွေထဲက တယောက်ဖြစ်တဲ့ ကိုကျော်စွာ ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံတရားရုံး ဆုံးဖြတ်ချက် ထိုင်းဝန်ကြီးချုပ် နာခံမည်

02 December 2008
တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီး
နောက် သတင်းထောက်များကို ပြောကြားနေသော ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်းဝေါင်ဆာဝတ်။
ဒီဇင်ဘာ ၂၊ ၂၀၀၈။
ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ်
(Somchai Wongsawat) က သူ့ကို နိုင်ငံရေး
၅ နှစ်မလုပ်ရ၊ သူ့ရဲ့နိုင်ငံရေးပါတီကိုလည်း
ဖျက်သိမ်းဖို့ ထိုင်းနိုင်ငံတော်ဖွဲ့စည်းပုံရေးရာ
တရားရုံးရဲ့ စီရင်ချက်ကို သူလက်ခံပါတယ်လို့
ပြောဆိုလိုက်ပါတယ်။

အရင်သီတင်းပတ်အတွင်း ဘန်ကောက်ကအဓိကလေဆိပ်များကို အစိုးရဆန့်ကျင်ရေး
ဆန္ဒပြသမားများ သိမ်းပိုက်ထားလို့ မြောက်ပိုင်းချင်းမိုင်မြို့မှာ ရုံးထိုင်နေရတဲ့ မစ္စတာဆွန်ချိုင်း
က သူ့တာဝန်ကုန်ဆုံးသွားပြီမို့ သူဟာ သာမန်နိုင်ငံသားတယောက်ပဲ ဖြစ်တော့တယ်လို့
သတင်းထောက်များအား ပြောကြားပါတယ်။

ဆွန်ချိုင်း ဝေါင်ဆာဝတ်ရဲ့ ညွန့်ပေါင်းအစိုးရထဲ အဓိကနိုင်ငံရေးပါတီကြီးသုံးခု
မဲမသမာမှုများရှိခဲ့ကြောင်း တွေ့ရှိရလို့ ဖျက်သိမ်းရမယ်လို့ ထိုင်းဖွဲ့စည်းပုံရေးရာ
ရုံးတော်က ဒီနေ့ စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မစ္စတာဆွန်ချိုင်း အပါအ၀င်
ပြည်သူ့အာဏာပါတီ၊ ချတ်ထိုင်းပါတီနဲ့ မတ်ချီမာ သီပါတရာပါတီ ခေါင်းဆောင်များ
လည်း နိုင်ငံရေး ၅ နှစ်မလုပ်ရလို့ ရုံးတော်က ပိတ်ပင်လိုက်ပါတယ်။

တရားရုံးတော်စီရင်ချက် ထွက်လာပြီးခြင်းမှာပဲ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က အာဏာရ
ညွန့်ပေါင်းအစိုးရထဲ ပါဝင်တဲ့ ခြောက်ပါတီစလုံးက အမတ်များဟာ ပါတီသစ်များဆီ
ပြောင်းကာ ၀န်ကြီးချုပ်လောင်းတယောက် ရွေးချယ်ရေးအတွက် စတင်လုပ်ဆောင်
နေကြပြီလို့ ပြောဆိုနေကြပါတယ်။

ဒုတိယ၀န်ကြီးချုပ် ချောင်ဗာရတ် ချန်ဝီရာကူးလ် (Chaovarat Chanweerakul)
ကတော့ ထိုင်းဝန်ကြီးချုပ်သစ် ပါလီမန်က ရွေးချယ်တဲ့အချိန်အထိ အိမ်စောင့်ဝန်ကြီး
ချုပ် ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

ရုံးတော်ရဲ့စီရင်ချက်နဲ့ပတ်သက်ပြီး ပီအေဒီဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ
သမားများဘက်က တုံ့ပြန်မှု ထွက်ပေါ်မလာသေးပါဘူး။ လေဆိပ်တာဝန်ခံများကလည်း
ခရီးသည်များ ပုံမှန်ပျံသန်းမှု ဒီဇင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် ပြန်စနိုင်ဖွယ်မရှိဘူးလို့
ပြောဆိုနေကြပါတယ်။

ပြောတာလည်းမင်း....ပါပဲ.....

Photobucket

ကြက်ဆူသီးတွေကို တတောင်းကို ကြိတ်မှ ကြက်ဆူဆီက တပုလင်းခွဲဘဲ ရပါတယ်။ စက်သုံးဆီက နှစ်ပုလင်းခွဲကုန်ပါတယ်။ တွက်ခြေမကိုက်တာကို အာဏာပိုင်တွေကို တင်ပြတော့ ရတာ မရတာ မသိဘူး။ နိုင်ငံတော် စီမံကိန်း ဆက်ကြိတ်ရမယ်ဆိုလို့ ပြောတဲ့အတွက် ဆက်လက်ပီး ကြိတ်နေရပါတယ်။”

Photobucket

နိုင်ငံကူးလက်မှတ်ကို ရွှေ့ပြောင်းအလုပ်သမားများ အယုံအကြည်မရှိဟုဆို
Tue 02 Dec 2008, ကွန်းဟဒေ့၊ လွတ်လပ်သောမွန်သတင်း
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအတွက် ၂၀၀၈ စက်တင်ဘာလမှ စတင်ကာ လာမည့် ၂၀၀၉ ဖေဖော်ဝါရီလအထိ မြန်မာအစိုးရမှ ပြုလုပ်ပေးမည့် နိုင်ငံကူးလက်မှတ်များကို ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများက အယုံအကြည်မရှိ၍ ယခုချိန်အထိပင် ပြုလုပ်သူအလွန်ပင်နည်းပါးသည်ဟု ၄င်းတို့က ဆိုသည်။

``ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့အလုပ်ရုံက အလုပ်သမားတွေ တယောက်မှ မဖြည့်ကြဘူး``ဟု ထိုင်းနိုင်ငံမဟာချိုင်မြို့တွင် အလုပ်လုပ်နေသော မွန်အလုပ်သမားတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင် စီကို ပြောပြခဲ့သည်။

ဖောင်စာရွက်များကို အလုပ်ရှင်များက ပေးထားကြသော်လည်းပဲ အလုပ်သမား ၁၀ ယောက်လျှင် တစ်ယောက် ဖောင်ဖြည့်ဖို့ အင်မတန်မှနည်းသည်ဟု ၄င်းကဆက်ပြီးပြောပြခဲ့သည်။ အကယ်၍အစိုးရအာဏာပိုင်များမှ နေရပ် လိပ်စာကို သိခဲ့မည်ဆိုလျှင် အိမ်သွားပြီး ခင်ဗျားတို့သားသမီးတွေက ထိုင်းနိုင်ငံကို ခိုးသွားတယ်ဟု ပြောပြီးလျှင် ပိုက်ဆံတောင်းမည် စိုးရိမ်သည်ဟု ဘန်ကောက်မှ မြန်မာရွေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောသည်။

``ဖောင်ဖြည့်တဲ့နေရာမှာ မှတ်တင်ပုံတင်အမှတ်၊ နေရပ်လိပ်စာအတိအကျဖြည့်ရတယ်ဆိုတော့ သိပ်ပြီးတော့ အယုံအကြည်မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအာဏာပိုင်တွေက နေရပ်လိပ်စာအတိအကျသိပြီးဆိုတာနဲ့ အိမ်သွားပြီး လွှဲပေးထားတဲ့ပိုက်ဆံကနေ ထက်ဝက်ကို သူတို့တောင်းမှာစိုးရိမ်လို့ မလုပ်ဘူး`` ဟု ဘန်ကောက် အထည်စက်ရုံရှိ ထားဝယ်အလုပ်သမားတဦးက ဆိုသည်။

ကျွန်တော်တော့မလုပ်ရဲဘူး၊ ကျွန်တော်ု့နိုင်ငံက အစိုးရက တခြားနိုင်ငံက အစိုးရတွေနှင့်မတူဘူး၊ သိသည့်အတိုင်း ပင် မှောက်ချင်ရင်မှောက် လှန်ချင်လှန် သူတို့သဘောလုပ်ချင်တိုင်းလုပ်နေကြသည်ဟူ၍လည်း စားသောက်ဆိုင် တစ်ခုတွင် စာရေးအလုပ်သမားတစ်ဦးက ပြောပြခဲ့သည်။

၂၀၀၆ ခုနှစ်တွင်လည်း တစ်ခါဖောင်ဖြည့်၍ ပေးခဲ့သော်လည်း မည်သည့်သတင်းမကြားပဲ ပျောက်ဆုံးသွားခဲ့ သော ကြောင့် ယခုအချိန်တွင် ဤနှစ်အတွင်း ပြုလုပ်သည့် နိုင်ငံကူးလက်မှတ်ကိုလည်း အယုံအကြည်မရှိတော့ ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်အထည်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော ဗမာအလုပ်သမားတစ်ဦးက ပြောပြခဲ့သည်။

ကြက်ဆူ သံသရာ ရခိုင်ပြည်သူများ ကျော့ကော့အောင် ဆက်လက်ခံနေရ
12/1/2008
မောင်ရမ္မာ၊ ခိုင်မင်းမူ (နိရဉ္စရာ)
ရခိုင်ပြည်နယ် တ၀ှန်းလုံးရှိ ပြည်သူများအား နအဖ စစ်အာဏာပိုင်များက အတင်းအကြပ် ကြက်ဆူပင်များကို စိုက်ပျိုးခိုင်းသည်သာမက ကြက်ဆူပင် စိုက်ပျိုးရန်အတွက် မြေများကိုလည်း သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ ၎င်းအပြင် ကြက်ဆူပင် မျိုးစေ့များကိုလည်း စစ်အာဏာပိုင်များထံမှ ၀ယ်ယူ စိုက်ပျိုးခဲ့ရသည်။
ယခုအခါ တဖန် ရခိုင်ပြည်နယ် အာဏာပိုင်များက ကြက်ဆူစေ့များကို ဆီစက်ပိုင်ရှင်များကို အဖိုးအခ တစုံတရာ မပေးဘဲ ကြိတ်ခိုင်းနေသည်ဟု သိရသည်။

ယခုကဲ့သို့ ကြက်ဆူပင် စိုက်ပျိုးရာဒေသများမှ အာဏာပိုင်များက ဒေသ အတွင်းက ဆီစက်ပိုင်ရှင်များအား ကြက်ဆူဆီကြိတ်ရန် အတင်းစေခိုင်းနေကြောင်းကို ဒေသခံ ဆီစက်ပိုင်ရှင် တဦးက ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တိုက စစ်တွေမြို့နယ်မှာ ဒေသခံတွေပိုင်တဲ့ ဆီကြိတ်စက်သုံးလုံးကို ကြွီဒဲ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ တည် ခိုင်းပီးတော့ အနီးအနား ကျေးရွာတွေအားလုံးက ကြက်ဆူသီးတွေ အဲဒီ ဘုန်တော်ကြီး ကျောင်းဝင်း အတွင်းကို ပို့ပေး ရတယ်။ ကြက်ဆူသီးတွေကို တတောင်းကို ကြိတ်မှ ကြက်ဆူဆီက တပုလင်းခွဲဘဲ ရပါတယ်။ စက်သုံးဆီက နှစ်ပုလင်းခွဲကုန်ပါတယ်။ တွက်ခြေမကိုက်တာကို အာဏာပိုင်တွေကို တင်ပြတော့ ရတာ မရတာ မသိဘူး။ နိုင်ငံတော် စီမံကိန်း ဆက်ကြိတ်ရမယ်ဆိုလို့ ပြောတဲ့အတွက် ဆက်လက်ပီး ကြိတ်နေရပါတယ်။” ဟု ပြောသည်။

၎င်းပြင်သူက “မိုးရာသီမှာ ကြက်ဆူပင် စိုက်ပျိုးဖို့ အတွက် ရွာသားတွေကို လုပ်အားပေးစေခိုင်းပါတယ်။ ကြက်ဆူသီး ရင့်လာပြန်တော့ ဆီကြိတ်ဖို့ဆိုပီး ကိုယ့်ရွာက ထွက်တဲ့ ကြက်ဆူသီးတွေကို ဆီကြိတ်တဲ့နေရာကို သွားသယ်ပေးရပါတယ်။ တနှစ်လုံး ကိုယ့်အလုပ်ကို ကိုယ်လုပ် လို့မရဘဲ ဖြစ်နေပြီး သူတို့ အတွက်ချည်းဘဲ နေ့စဉ် လုပ်အားပေးနေကြရတယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

အဆိုပါ ကြက်ဆူ ဆီကြိတ်ခွဲရေးလုပ်ငန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ယခုအချိန်ထိ ဒေသခံတပ်ရင်းများဖြစ်ကြသည့် ခမရ ၂၃၂၊ ၃၄၄ တပ်ရင်းအာဏာပိုင်များက ကြက်ဆူပင် စိုက်ပျိုးရာ ကျေးရွာများမှ ကြက်ဆူသီးများကို ကျေးရွာသားများကို အတင်း လုပ်အားပေစခိုင်ပြီး ဆီကြိတ်ရာ နေရာသို့ နေ့စဉ်နေ့တိုင်း ပို့ဆောင်ခိုင်းနေသည်ဟု သိရသည်။

ယခုကဲ့သို့ လုပ်အားပေစေခိုင်းစေခံနေရသော ကျေးရွာများမှာ စစ်တွေမြို့မြောက်ဘက်တွင် တည်ရှိသော ကြွီဒေးကျွန်း၊ ကျောက်တန်း၊ ပါဒလိပ်၊ အမြင့်ကျွန်း၊ ငတောက်တက်၊ ချီလီပြင် ကျေးရွာများဖြစ်ကြသည်။

ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသော လယ်မြေများကို နအဖတပ်များ ဆက်လက် သိမ်းယူနေ
12/1/2008မောင်ရမ္မာ၊ ခိုင်မင်းမူ (နိရဉ္စရာ)
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များက ဒေသခံတောင်သူ လယ်သမားများထံမှ လယ်မြေများကို မကြာသေးမီက စတင်ပြီး ဆက်လက်သိမ်းယူနေကြောင်း သိရ သည်။
အမည် မဖေါ်လိုသူ လယ်သမား တဦးက “တိုင်းမှူးအမိန့်နဲ့ဆိုပီးတော့ မယကနဲ့ မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူတွေလာပြီး နိုဝင်္ဘာလ ၁၅ ရက်နေ့က ကျနော်တို့လယ်မြေတွေကို လာတိုင်းပါတယ်။ တိုင်းပြီးတာနဲ့ အလံနီတွေကို စိုက်ထူလိုက်ပါတယ်။ ပီးတော့ ခင်ဗျားတို့လယ်မှာ ကျန်နေတဲ့စပါးတွေကို အမြန်သိမ်းပါဆိုပီး ပြောသွားပါတယ်”ဟု ပြောသည်။

ယခု လမ်မြေသိမ်းဆည်းခံနေရသည့် ကျေးရွာများမှာ စစ်တွေ-ရန်ကုန်ကားလမ်း တလျှောက် တွင် တည်ရှိကြသော သရက်ချို၊ ကံဇောက်၊ အောင်ဖြူပင်၊ ပဲသူနန်း၊ ယိုးငု၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာ၊ ကျေးတောနှင့် ယိုးတရုတ်စသည့်ကျေးရွာများဖြစ်ကြသည်။

“လွန်ခဲ့တဲ့နှစ်ကလဲ ကျနော်တို့ရွာက လယ်မြေတွေကို စစ်တပ်က သိမ်းပြီးတော့ မြေပဲနဲ့ နေကြာစိုက်ခိုင်းပါ တယ်။ မိုးရာသီရောက်တော့ သိမ်းသွားတဲ့ ကိုယ့်လယ်ကို စစ်တပ်က ကိုယ်ပြန်ငှားပီး စပါးစိုက်ရပါ တယ်။ အခုနှစ်မှာတော့ လယ်ပိုင်ရှင်တွေကို မဌားဘဲ အပိုင်သိမ်းသွားပြီ ဆိုတဲ့ သတင်းတွေထွက်နေတဲ့အတွက် ကျနော်တို့ လယ်သမား တွေအနေနဲ့ အထူးစိတ်မကောင်းဖြစ်နေကြပါတယ်”ဟု သူကဆက်ပြောပြသည်။

ယခင်နှစ်က အာဏာပိုင်များက ဒေသခံလယ်သမားများထံမှ လယ်မြေများကိုသိမ်းယူပြီး အဆိုပါ မြေတွင် လယ်သမားများကို မြေပဲနှင့် နေကြာပင်များစိုက်ခိုင်းကာ မိုးရာသီရောက်လျှင် သိမ်းဆည်းထားသည့် လယ်မြေ များကို ပြန်လည်ငှားရမ်းပြီး စပါးစိုက်ပျိုးခွင့် ရရှိခဲ့သော်လည်း ယခုနှစ်တွင် အပြီးပိုင် သိမ်းယူ သွားသည်ဟု ဒေသ အတွင်း သတင်းများထွက် ပေါ်နေသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် အာဏာပိုင်များက ၂၀၀၅ ခုနှစ်ကတည်းက “ဘဲငါးရာတောင်ခြေ လယ်မြေဧက ၁၀၀၀ ဖေါ်ထုတ်ရေးစီမံကိန်း”ဟုဆိုကာ ဒေသအတွင်းရှိ လယ်သမားများထံမှ လယ်မြေနှင့်ဥယျဉ်ခြံမြေများကို အဖိုးအခ တစုံတရာ မပေးဘဲ အပြီးအပိုင်သိမ်းယူကာ ရော်ဘာခင်းများနှင့် ကြက်ဆူပင်များ စိုက်ပျိုးထားကြောင်း စုံစမ်းသိရှိရသည်။

ရာဘာဈေးနှုန်း ဆက်လက်ကျဆင်းနေဆဲ
မိရိုင်မရော
ယခုလက်ရှိရာဘာဈေးနှုန်းသည် လွန်ခဲ့သည့် ရက်သတ္တပတ်ကထက် ဆက်လက်ကျဆင်းနေခြင်းကြောင့် လက်ရှိဈေးနှုန်းထက် ဆက်လက်ကျဆင်းမည်ကို ရာဘာခြံပိုင်ရှင်များနှင့် ရာဘာအစေးခြစ်လုပ်သားများက စိုးရိမ်တကြီးဖြစ်နေကြသည်ဟု ရာဘာစေးခြစ်လုပ်သား များအသိုင်းဝိုင်းမှ သိရသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် ရာဘာကို အဓိကထားစိုက်ပျိုးသည့် မွန်ပြည်နယ်အတွင်းရှိ ရာဘာဈေးနှုန်းသည် လွန်ခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့မတိုင်ခင်က တစ်ပေါင်လျှင် ၇၀၀ ကျပ်ရှိရာမှ ၄င်းရက်နောက်ပိုင်း တစ်ပေါင်လျှင် ၆၃၀ ကျပ်ထိကျဆင်းသွားခဲ့သည်။

''ငွေရှိတဲ့သူတွေအတွက်ကတော့ သူတို့မရောင်းသေးဘူး၊ ငွေမရှိတဲ့သူတွေကျတော့ မရောင်းရင် ဘာနဲ့စားမှာလည်း၊ ဈေးကျလည်း ရောင်းရတာပဲ၊ လွန်ခဲ့တဲ့ တစ်လလောက်ကတော့ ဝယ်တောင် သူတို့မဝယ်ဘူး။ အခုက ပြန်ဝယ်နေပြီး ဒါပေမယ့် ဈေးက မကောင်းပါဘူး'' ဟု မုဒုံမြို့နယ်မှ ရာဘာခြံရှင်တစ်ဦးက ပြောသည်။
ရာဘာဈေး ဆက်တိုက်ကျဆင်းနေမှုကြောင့် ရာဘာခြံလုပ်သားများထက် ရာဘာခြံပိုင်ရှင်များက အခက်အခဲ ပိုဖြစ်နေကြသည်မှာ ရာဘာလုပ်သားများ၏ ငှားရမ်းခသည် ယခင်ဈေးအတိုင်းသာရှိနေခြင်းကြောင့် ဖြစ်သည်ဟု ၄င်းရာခြံပိုင်ရှိင်က ပြောသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ရာဘာဈေးသည် ၁၂၀၀ ကျော်မှ ၁၄၀၀ ကျော်ထိ ရှိပြီး၊ ဒီနှစ်ရာဘာဈေးသည် အမြင့်ဆုံး ၁၁၀၀ ကျော်သာရှိရာမှ ယခု ၆၀၀ ကျပ်ကျော်ထိကျဆင်းသွားသည်။

''ရာဘာဈေးမကျခင်တုန်းက ကျမတို့တစ်နေ့ကို ၃၀၀၀ လောက်ရနေတာ၊ အခု ၁၀၀၀ ကျော်ကျော်ပဲကျန်တော့တယ်။ အစေးခြစ်သမားငှာတဲ့ခြံတွေအတွက်ဆိုရင် မကိုက်ဘူး။ သူတို့ကို ပေးပြီးပြီဆိုရင် တဝက်လောက်ပဲကျန်တော့တယ်၊ ဈေးကျလည်း ရောင်းရတာပဲ ဝယ်တဲ့သူမရှိမှာကိုပဲ စိုးရိမ်နေရတာပါ'' ဟု ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများက ယခုလိုရာဘာဈေးကျဆင်းနေခြင်းကြောင့် ရာဘာသူဌေးများက ယခင်က ၁၀၀ လျှင် ၄၀ ဘတ်နှုန်းဖြင့် ဝေးမျှပေးနေသည်ကို ယခုလ ရာဘာဈေး ၃၀ ဘတ်ကျော်ကျဆင်းသွားပြီးနောက် ၁၀၀ ဘတ်ကို ၃၅ ဘတ်နှုန်းဖြင့် ၅ ဘတ်လျှော့ချလိုက်သည်ဟု ထိုင်းနိုင်ငံရှိ အလုပ်သမားများက ပြောဆိုနေကြသည်။

''ရာဘာဈေးကျနေတာက နေ့တိုင်းလိုလိုတက်လိုက်ကျလိုက်ဖြစ်နေပြီး၊ စက်တင်ဘာလဆန်းပိုင်းလောက်မှာ ၄၀ ဘတ်ကျော် တစ်ခါကျသွားတယ်၊ လွန်ခဲ့တဲ့နှစ်ပတ်လောက်မှာ့ ဘတ် ၅၀ ကျော် ပြန်တက်သွားတယ်။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက် က ၃၄ ဘတ်အထိကို ပြန်ကျသွားတာ၊ တနေ့နဲ့ တစ်နေ့က ဘယ်လိုမှခန့်မှန်းလို့မရဘူး ဖြစ်နေတယ်'' ဟု ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်နေသည့် ရာဘာခြံလုပ်သားတစ်ဦးက ပြောသည်။

ရာဘာဈေးနှုန်းကျဆင်းမှုကြောင့် အချို့သော ရာဘာဝယ်ယူနေသည့် တရုတ်ကုမ္မဏီအများသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြသည်။ မုဒုံမြို့ရှိ ရာဘာဝယ်သည့် ကုမ္မဏီနှစ်ခုဖြစ်သည့် ယုံရှင်းကုမ္မဏီနှင့် လိုင်ဟောက်ကုမ္မဏီတို့က ရာဘာဝယ်ယူမှုကို ရပ်ဆိုင်းလိုက်သည်ဟု ၄င်းကုမ္မဏီကို ရာဘာတင်သွင်းနေသည့် ရာဘာရောင်းဝယ်သူတစ်ဦးက ပြောသည်။

ယခုလက်ရှိကျဆင်းနေသည့် ရာဘာဈေးနှုန်းသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် သက်ဆိုင်နေသည့်အတွက် ရာဘာဈေးပုံမှန် ပြန်လည်ဖြစ်ရန် သုံးလလောက် အချိန်ကြာမည်ဟု ရာဘာကုမ္ပဏီ လုပ်သားတစ်ဦးက ပြောသည်။







ကုလားသွေးပါသော သားကလေး၏ အဖေရှာပွဲနှင့် ဆက်စပ်နေသော ငါးလောင်းပြိုင် လူသတ်မှုကြီး

၂၀၀၆ ခုနှစ်က တကမ္ဘာလုံး အံ့သြရလောက်အောင် ကြီးမား တဲ့ စိန်ဘယက်ကြီးကို အခန့် သားဆွဲရင်း စင်္ကြ၀တေးမင်း မဟုတ်သော ဘယ်ကမှန်း မကျိန်းသေသည့်အနောက်တိုင်းသားတယောက်၏ မျိုးစေ့ကို လွယ်ကာ လူပုံအလည်၌ မျက်နှာထား တင်းတင်းဖြင့် နွားရွေးပွဲ ကို ဆင်နွှဲခဲ့သည့် မိကြိုင် နှင့် ငသန်းရွှေတို့၏ ရှုမငြီးသော သမီးကညာ၏ မင်္ဂလာ ပွဲ မှ စတင်ကာ ကံခေသော သူကြွယ် မိသားစု ခမျာ လုပ်ကြံခံလိုက်ရသည့်ဇာတ်လမ်းအား ပြည်ထဲရေး နှင့် တပ်မတော် အတွင်းပိုင်းမှပေါက်ကြား ငြီးငြူ လာသော သတင်းစစ် သတင်းမှန်များအား အံ့ဖွယ်လိလိ ယခုကဲ့သို့ ကြားသိရပါသည်။

ထိုကမ္ဘာကျော်ကြွားပွဲကြီးတွင် သတို့သမီးဖြစ်သူ စူပုတ်မ ၀တ်ဆင်ထားသော ရတနာများသည်ကား လုပ်ကြံခံရသူ မိသားစု ထံမှ ငှားရမ်းကာ ၀တ်ဆင်ထားသော ရတနာများဖြစ်ကြသည်ကို မိကြိုင် ၊ ငသန်းရွှေ နှင့် သူတို့ အသိုင်းအ၀ိုင်းသာလျှင်သိမည်ဟု အထင်ရှိနေသ်ာလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၊ ရဲချုပ် ခင်ရီ နှင့် တကွ တပ်မတော် အထက်ပိုင်းတခုလုံး
ကောင်းကောင်းသိရှိသည့်ကိစ္စဖြစ်သည်။ သို့သော် ယခု မြန်မာ့တပ်မတော်သည် အခြောက်များဖြင့် ဖွဲ့စည်းထားသည်နှင့်အညီ ယူနီဖောင်းဝတ် ဗိုက်ရွှဲရွှဲ အဆီပြန်ပြန် တယောက်ကို တယောက် ကြိတ်ကြိုက် နေကြသည့် ဗိုလ်ချုပ်များ ၊ ဗိုလ် မှူးကြီးများ ၊ ဗိုလ်မှူးများ ၊ ဗိုလ်ကြီးများ စသော စသော အရာရှိများသည် ရေငုံနှုတ်ပိတ်ခေါင်းငုံ့ကာ ကြီးစဉ်ငယ်လိုက် အချစ်တော်လျှော့မှာ
ကြောက်တော်မူသည့်အခြောက်တို့၏ ထုံးစံအတိုင်း မသိယောင်ဆောင်ကာ ကွယ်ရာတွင်သာ အပါတ်စဉ်တူသူ အခြောက်ခြင်း တွတ်တီးတွတ်တာ အတင်းပြောကြ၏။

ဖြစ်ပုံမှာကား....

လုပ်ကြံသတ်ဖြတ်ခံရသည့်မိသားစုသည် ၄င်းတို့ မိသားစု ပိုင်သော ဘိုးစဉ်ဘောင်ဆက်ရတနာကို ပြန်လည်ကာ မိကြိုင်ထံမှ ဖုန်းဆက်တောင်းခံရာ နေ့ ရွှေ့ ညရွှေ့ လုပ်နေသည့် ချစ်တီးမယားအကျင့် ကျင့်ကြံသော မိကြိုင်က စိတ်ကွက်တော်မူခြင်းဖြစ်၏။

အမှန်မှာ မင်္ဂလာဆောင်ပြီးသည်မှာကြာယုံမက မိကြိုင် ငသန်းရွှေတို့၏ မြေးတော်လေး စွပ်ပရား သန်းရွှေ ပင် လူဖြစ်ကာ အူဝဲ ဆိုကတည်းက ပထွေး က ပွေ့ ချီခိုက် ပထွေးမျက်နှာ သေးဖြင့်ပန်းပြီးလောက်ပြီပင်ဖြစ်သည်။ သို့သော် စိန်ဘယက်များ လက်ဝတ်ရတနာများကို ကား မိကြိုင်တို့ကပြန်မပေး ။ ထိုကဲ့သို့ မြန်မာပြည်တွင်း ဆက်သွယ်ပြောဆိုသော တယ်လီဖုန်း လိုင်းတိုင်းမှ အချီအချစကားများကို လက်ရှိထောက်လှမ်းရေးမှအမြဲ ဖမ်းယူနားထောင် နေသည်ကို မေ့လျော့နေလို့တော့ ဟုတ်ချင်မှဟုတ်မည်။ ထောက်လှမ်းရေးကိုလဲ ဂရုစိုက်စရာသတ္တ၀ါတွေဟု ယူဆပုံမပေါ် ။

သို့နှင့်ပြသနာမှာတစတစကြီးမားလာကာ နောက်ဆုံးတွင် မိကြိုင် စိတ်ကွက်တော်မူကာ ၀ လူမျိုးတစ်ယောက်နှင့် ယိုးဒယား လူမျိုးလေးယောက်ပါသော ကြေးစားလူသတ်သမားအဖွဲ့ကိုငှားရမ်းကာလုပ်ကြံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မိကြိုင် ၏ ဒေါသအိုးကို တုတ်နှင့်ထိုးသကဲ့သို့ ကိုယ့်ပစ္စည်းကိုယ်ပြန်တောင်းမိသော မိသားစုကို သတ်ရန် အတွက် ငသန်းရွှေ၏ သားကြီးက ငသန်းရွှေကိုင်ဆောင်သော ပစ္စတိုအပါအ၀င် သေနတ်အတိုများကိုယူကာ လူသတ်သမားများ အား ငှားရမ်းခဲ့၏။ ထိုကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီနှင့်တကွ ထို စူပုတ်မ၏ လင်ကောင်ဖော်ပွဲတွင် ကျော်ဆန်းစကားပြောနေသည်ကို ကြည့်ပြီး တခြား ဗိုလ်ချုပ်တယောက်ကို လက်တို့ကာ "ဟော...ငဖား လေပေါ သချီးထူ ကျော်ဆန်း ပါးစပ်က မနားတန်း ဖြဲနေတာ ကြည့်ပါဦးဗျာ" ဟု ပြောဖူးသော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ နှစ်ယောက်လုံး သိကာ ထိုအမှုကို ဆက်လက်ကိုင်တွယ်ရန် လက်တွန့်နေကြ၏။ သို့သော် ထိုဖြစ်ရပ်ကို ဗိုလ်ချုပ်ကြီး မောင်အေး နှင့် နိုင်ငံတကာ သံရုံးများသို့ တိုးတိုးတိတ်တိတ် သတင်းပေးပို့ခဲ့ကြကာ သူတို့ ပါဝင်ပတ်သက်မှုမရှိဟု လက်ဦးမှုရယူထားပေသည်။ ဗိုလ်ချုပ် မြင့်ဆွေ ၊ဗိုလ်ချုပ် တင်အောင်မြင့်ဦး ၊ ဗိုလ်ချုပ် ရွှေမန်းတို့ လည်း ထိုကိစ္စကို သိရှိကြသော်လည်း မိကြိုင် နှင့် ငသန်းရွှေ တို့ လုပ်သည့် ကိစ္စဖြင့်သဖြင့် ထို ရဲစွမ်းသတ္တိနှင့် အလွန်တရာ ပြည့်စုံဟန် ဟန်ရေးပြလေ့ရှိသော ဗိုလ်ချုပ်များလည်း ထမိန်ဖြင့်အအုပ်ခံရမည်ကို ကြောက်ရွံ့လှသဖြင့် နှာစေးနေကြပေသည်။

ရဲချုပ် ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကတော့ သတ္တိရှိ၍ ပေလော ပိုမိုအကြောက်လွန်၍ လောမသိ ထိုအမှုကို ဗိုလ်ချုပ်ကြီး အေးနှင့်တကွ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းသို့ အသိပေးလိုက်ပြီးဖြစ်ပေသည်။

အောင်ချမ်း

လအနီး ကြာသပတေးဂြိုလ်နှင့် သောကြာဂြိုလ် ထွန်းလင်းမှုကြောင့် လူတဦးရယ်နေပုံ ပေါ်ပေါက်ခဲ့

12/2/2008
မောင်အေး (နိရဉ္စရာ)
ယမန်နေ့ ညနေက ကောင်းကင်တွင် လ နှင့်နီးကပ်စွာ ကြာသပတေးဂြိုလ်နှင့် သောကြာဂြိုလ်နှစ်လုံး ထင်ထင်ရှားရှားပေါ်ထွက်ခဲ့သဖြင့် လူ တဦးရယ်နေပုံ ပေါ်ခဲ့သည်။
အဆိုပါ ပေါ်ထွက်မှုမှာ ယမန်နေ့ညနေ ၅ နာရီခွဲမှ ညနေ ၇ နာရီခွဲအထိ အနောက်တောင် ထောင့်တွင် ပေါ်ထွက်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ထင်ရှားစွာ မြင်ခဲ့ရသည်။

“မနေ့က ဂြိုလ်နှစ်လုံးပေါ်ထွက်ခဲ့တဲ့ပုံစံက လူတဦး ပါးစပ်ဟပြီးရယ်နေတဲ့ပုံစံဖြစ်ပါတယ်။ ကျွန်တော်တခါမှ ဒီလိုမျိုးမမြင်ဖူးပါဘူး”ဟု ကိုယ်တိုင်မြင်တွေ့လိုက်သူ ဘင်္ဂလီအမျိုးသား တဦးကပြောသည်။

ယခုကဲ့သို့ ပေါ်ထွက်မှုမှာ နောက်အပတ်ထိ ပေါ်ထွက်နိုင်မည်ဖြစ်ကြောင်းနှင့် သာမန်မျက်စိ နှင့် ကြည့်မြင်နိုင်မည်ဖြစ်ကြောင်း ဘင်္ဂလာသိပ္ပံပညာရှင်များကပြောသည်။

“ ကြာသပတေးဂြိုလ် လထက်ကပေါ်ရင် တိုင်းပြည်မှာ မင်းစတဲ့နိုင်ငံခေါင်းဆောင်တွေ ပျက်စီးတတ်တယ်။ နောက်ပြီး သောကြာဂြိုလ် လထက်ကပေါ်ရင်လည်း တိုင်းသူပြည်သား တွေ ဆင်းရဲဒုက္ခရောက်တတ်ပြီး မင်းစတဲ့ နိုင်ငံခေါင်းဆောင် ပညာရှင်တွေ ခန္ဓာကိုယ် ပျက်စီးတတ်တယ်လို့ ဒိတ်ထုံကျမ်းမှာ ပါရှိတယ်ဟု” ဝေဒနှင့်သမိုင်းသုတေသီ အရှင် ဣန္ဒာစက္ကမှပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ယခုကဲ့သို့ပေါ်ထွက်မှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က ပေါ်ထွက်မှုများ မရှိခဲ့ကြောင်း ထင်ရှားသည့် သိပ္ပံပညာရှင်တဦးဖြစ်သူ ဘင်္ဂလီအမျိုး သား ချာပလာဘီချာက ဒေသထုတ်သတင်းစာများကို ပြောသည်။

အဆိုပါ ဖြစ်ပေါ်မှုမှာ ယခုရက်သတ္တပတ်အတွင်း နောက်ထပ်ပြန်လည်ပေါ်ပေါက်နိုင်ပြီး လ မှာအနောက်ဘက်သို့ ရွေ့လျားသွားပြီးနောက် အဆိုပါဂြိုလ်နှစ်လုံးမှာ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း ဘင်္ဂလာသိပ္ပံပညာရှင်များကပြောသည်။



ရာသီဥတု မဖောက်ပြန်ပါက ယခုနှစ်ကယားပြည်တွင် ဘိန်းအထွက်တိုးမည်

သတင်း - သျှမ်းသံတော်ဆင့်သတင်း
Monday, 01 December 2008 16:06

သျှမ်းပြည်ကဲ့သို့ ယခုနှစ်အတွင်း ကယားပြည်တွင် ဘိန်းစိုက်ပျိုးမှုတိုးပွါးလာကြောင်း၊ ရာသီဥတု ဖောက်လဲဖောက် ပြန်မရှိခဲ့ပါ က အထွက်တိုးမည့်အခြေအနေရှိကြောင်း KADAC ကရင်နီ မူးယစ်ဆေးဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နမ့်ပွန်ချောင်းအနောက်ဘက်ခြမ်း လွိုင်ကော်၊ ဒီမောဆိုးနှင့် အရှေ့ခြမ်းရှိ ရှားတောမြို့နယ် စုစုပေါင်း ၃ မြို့ နယ်တွင် ယခုနှစ်ဘိန်း ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလာသည်ဟုဆို၏။ စစ်အာဏာပိုင်များ ဘိန်းခင်းဖျက်ဆီးသော်လည်း အနည်းအကျဉ်း သာဖြစ်သည် ဟုဆို၏။

“ရှားတောမှာ ၄၇ ရွာစိုက်တာ ၁ ရွာဘဲဖျက်တယ်၊ ၁၀ ဧက လောက်ပျက်စီးတယ်၊ ဒေသခံအာဏာပိုင်တွေ မဟုတ်ဘူး၊ နေပြည်တော်က လာတယ်လို့ပြောတယ်၊ ဒေသခံ အာဏာပိုင်တွေကတော့ ဘိန်းခင်းခွန်ကောက်စားထားလို့ ဘာအနှောင့် အယှက်မှမပေးဘူး ” ဟုလည်း ဘိန်းစိုက်တောင်သူတစ်ဦးက ပြောသည်ဟု ဖော်ပြထားသည်၊

“အဲဒီဘက်မှာ များသောအားဖြင့် ဖယ်ခုံမှာအခြေစိုက်တဲ့ စကခ ၇ က လှုပ်ရှားတယ် ” ဟု လည်း စစ်ရေးလေ့ လာသုံးသပ်သူ တစ်ဦးကပြောပြသည်၊

နအဖစစ်အစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်း ၁၅ နှစ်လျာထားသည်ဟုဆိုသော်လည်း ယခုချိန်အထိ အပစ်ရပ် နယ်မြေအတွင်းသာ လုပ်ငန်းအကောင်အထည်ဖော်နိုင်သည်ဟု မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာသည့် အဖွဲ့က ပြောသည်၊

“ ၁၉၉၉-၂၀၀၄ က ပထမသုတ်။ ၂၀၀၄-၂၀၀၉ က ဒုတိယသုတ်နဲ့ ၂၀၀၉ -၂၀၁၄ တတိယသုတ်ဆို ပြီး ၃ သုတ်ခွဲ ထားတာ တွေ့ ရတယ်၊ ဒါပေမဲ့ ၁၉၉၉-၂၀၀၉ အထိ စစ်အစိုးရရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးစီမံကိန်းက ထိထိရောက်ရောက် အောင်မြင် အောင် မတိုက်ဖျက်နိုင်ခဲ့ဘူး၊ အပစ်ရပ်နယ်မြေအချို့မှာဘဲ သူတို့ရှင်းနိုင်ခဲ့တယ်၊ ၂၀၀၉-၂၀၁၄ တတိယပိုင်းစီမံကိန်းမှာ ကယားပြည် လွယ်ကော်နဲ့ ဒီမောဆိုးမြို့နယ်ဘဲလျာထားတယ်၊ ဒီနှစ် ဘိန်းဧကများတဲ့ ရှားတောမပါဘူး ဆိုတော့ စစ်အစိုးရရဲ့ စီမံကိန်းဟာ ပြည်သူလူထုအတွက် ဟာသ ဖြစ်နေတယ်” ဟု ဆက်ပြောပြသည်၊

ကယားပြည်နယ် ဘိန်းစိုက်ပျိုးသည့် ၃ မြို့ နယ်အနက် ရှားတောအတွင်း တောတောင်လျှိုမြောင်၊ ချောက်ကမ်းပါးပါမကျန် ဘိန်းစိုက်ပျိုး၏။ ဒီမောဆိုးမြို့တွင်မူ တောင်ကုန်းများတွင်သာ စိုက်ပျိုးပြီး လွိုင်ကော်တွင် တောင်ကုန်းမြေပြန့် လယ်ယာအတွင်း စိုက်ပျိုးသည်ဟု KADAC က ဖော်ပြထားသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပြင်းတွင် ယခုနှစ် ဘိန်းသစ်ရောင်းဝယ်သည့် အစိမ်းဈေးနှုန်းမှာ ၁ ပိဿာ ကျပ် ၄၅၀၀၀၀ ဘိန်းဟောင်းတစ်ပိဿာ ကျပ် ၇၈၀၀၀၀ အပြင် ရာဘတစ်ပြား ကျပ် ၁၅၀၀မှ ကျပ် ၂၀၀၀၊ ဆေးတောင့် (ကက်ပ်ဆူး) သွင်းရောင်းသော ရာဘဆေးမှုန့် တစ်တောင့်ကျပ် ၂၃၀၀ ရှိသည်ဟုဆိုပါသည်။ ကယားပြည်တွင်လည်း ၂၀၀၈ နှစ်လယ် ဘိန်း ပေါက်ဈေး တစ်ပိဿာကျပ် ၄၅၀၀၀၀ ရှိပြီး နိုဝင်ဘာလနှောင်းပိုင်း တစ်ပိဿာ ကျပ် ၅၄၀၀၀၀ သို့ ထိုးတက်သွားသည်ဟု ဆို၏။ ရာဘ ပေါက်ဈေးမှာ တစ်ပြားကျပ် ၄၀၀ နှင့် ၅၀၀ ကြားတွင်ရှိသည်ဟုဆိုပါသည်။

ကြယ်စင်များ၏မိခင်

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။A_May_Mar


the Voice weekly

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။The Voice 5-6 E-book


၂၀၁၀ ရွေးကောက်ပွဲ အတွက် ရပ်ကွက်အဆင့် သင်တန်းများ ပို့ချ

Tuesday, 02 December 2008 16:51 အောင်သက်ဝိုင်း
စစ်အစိုးရက လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်းများ ပြန်လည် စိစစ် ကောက်ခံခြင်းနှင့် အောက်ခြေ အဆင့် ရပ်ကွက် အာဏာပိုင်များကို စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေး သင်တန်းများ ပို့ချခြင်းများ စတင် ဆောင်ရွက် နေကြောင်း ရန်ကုန်မြို့ခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

လမ်းပြမြေပုံအတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည် ဆိုသည့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - အေအက်ဖ်ပီ)
လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးကြမည့် လူဦးရေ စာရင်းများကို ပြန်လည် စိစစ်သည့် အနေဖြင့် ရန်ကုန် အပါအ၀င် မြို့ပြဒေသ ကြီးများတွင် ယခုနှစ် နိုဝင်ဘာ လကုန်မှစပြီး လူဦးရေ စာရင်းများ စတင် ကောက်ခံ နေကြောင်း ရန်ကုန်တိုင်း လှိုင်မြို့နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“လူဦးရေ စာရင်းတွေ ပြန်ပြီးကောက်ဖို့ အထက်က ညွှန်ကြားလာတယ်၊ ဒါက ၂၀၁၀ ရွေးကောက်ပွဲ အတွက်၊ လက်ရှိ မြို့နယ်ထဲမှာ နေထိုင်တဲ့ လူဦးရေစာရင်းကို အတိအကျ ကောက်ခိုင်းတာ”ဟု အဆိုပါ လှိုင်မယက အဖွဲ့ဝင် တဦးက ဆိုသည်။

အဆိုပါ ကောက်ခံရရှိသော လူဦးရေ စာရင်းများကို ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တိုင်းစစ်ဌာနချူပ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန များသို့ အသီးသီး ပေးပို့ရကြောင်း၊ အဆိုပါ လူဦးရေ စာရင်းနှင့်တကွ ပြည်ပ တိုင်းပြည် များတွင် သွားရောက် အလုပ် လုပ်ကိုင်လျက် ရှိနေသည့် လူဦးရေ စာရင်းကိုပါ တပါတည်း ကောက်ခံပေးအပ် ရကြောင်း စုံစမ်းသိရှိရသည်။

“လူဦးရေ စာရင်းကောက်ရင်းနဲ့ ပြည်ပကိုထွက်နေတဲ့ လူစာရင်းပါ တွဲကောက်ရတယ်၊ ပြည်ပကိုသွားတဲ့ လူရဲ့ နာမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ သွားရောက်တဲ့ နိုင်ငံတွေ သေသေချာချာ ကောက်ခိုင်းတယ်၊ အဲဒီစာရင်းကို ဘာအတွက် ကောက်ခံခိုင်းတာလဲတော့ မသိဘူး”ဟု အင်းစိန်မြို့နယ်မှ ရပ်ကွက်အာဏာပိုင် အဖွဲ့ဝင်တဦးက ရှင်းပြသည်။

ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်ခံခြင်းနှင့် အတူ စစ်အစိုးရ ကျောထောက်ခံပေး ထားသည့် ကြက်ခြေနီ၊ မီးသတ်၊ စွမ်းအားရှင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းများတွင် အင်အား သစ်များ စုဆောင်း တိုးချဲ့ခြင်းများ ရှိနေကြောင်း ရန်ကုန်မြို့ရှိ ရယက အဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

“ကြံ့ဖွံ့၊ မီးသတ်၊ ကြက်ခြေနီ၊ စွမ်းအားရှင်ထဲ ၀င်ချင်ရင် ရပ်ကွက်လူကြီးတွေက တဆင့် သက်ဆိုင်ရာ အဖွဲ့ အစည်းတွေဆီ ပို့ပေးတယ်၊ အင်အားသစ်တွေ တိုးချဲ့နိုင်အောင် စည်းရုံးရေး ဆင်းဖို့လည်း မှာထားတယ်”ဟု ရန်ကုန်မြို့မှ အမည် မဖော်လိုသော ရပ်ကွက် လူကြီးတဦးက ပြောပြသည်။

လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ၀င်မည့် ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းမှ မြို့နယ် စည်းရုံးရေးမှုး တဦးကမူ အသင်းအနေဖြင့် အသင်းဝင် သစ်များကို လက်ခံကြိုဆိုနေကြောင်း၊ လက်ရှိ အသင်းဝင် အင်အား ၂၄ သန်းကျော် ရှိသော်လည်း မည်သူမဆို အသင်းဝင်လိုက ၀င်နိုင်ကြောင်း ပြောသည်။

“အသင်းသား အသစ်တွေ လက်ခံကြိုဆို နေပါတယ်၊ အသင်း ၀င်ချင်ရင် သက်ဆိုင်ရာ မြို့နယ်ရုံးတွေကနေ တဆင့် လျှောက်လွှာဖြည့်ပြီး အသင်းဝင်လို့ ရပါတယ်”ဟု ၎င်းက ပြောသည်။

ကြံ့ဖွံ့အသင်း နာယက ဗိုလ်ချူပ်မှုးကြီး သန်းရွှေကမူ ကြံ့ဖွံ့အသင်းကြီး အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ကိုယ်တိုင် ပါဝင်မည် ဖြစ်သကဲ့သို့ ပြည်သူ တရပ်လုံး ပါဝင်လာ ရန်လည်း ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ မည်သည့် အခြေအနေမျိုးတွင်မဆို အနှောင့်အယှက် မှန်သမျှကို တွန်းလှန် ဖယ်ရှားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ၁၅ နှစ်မြောက် အသင်း နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။

“နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရုံမကဘဲ ပြည်သူတရပ်လုံး အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်နိုင်စေဖို့ စည်းရုံးနည်းလမ်းအားဖြင့် အထောက်အကူ ပြုနိုင်ရေးဟာ အသင်းကြီးရဲ့ အဓိက တာဝန်ဖြစ်တယ်”ဟု ဗိုလ်ချူပ်မှုးကြီး သန်းရွှေက ဆိုသည်။

ထို့ပြင် အောက်ခြေအဆင့် ရယက အဖွဲ့အစည်းများကိုလည်း စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေး သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

“ဆယ်အိမ်မှုးတွေ၊ ရာအိမ်မှုးတွေခေါ်ပြီး ရက်တိုသင်တန်းတွေ ပေးတယ်၊ မြို့နယ်ရဲမှုး၊ ခရိုင်အုပ်ချူပ်ရေးမှုး၊ မီးသတ် အရာရှိတွေလာပြီး အုပ်ချူပ်ရေး၊ စီမံခန့်ခွဲရေး သဘောတရားတွေ ပို့ချတယ်၊ ပြီးတော့ အထက်အောက် အပြန်အလှန် သတင်းပို့ခြင်း စနစ်တွေလည်း အဓိကထား သင်တယ်”ဟု နိုဝင်ဘာ လဆန်းပိုင်းက တပတ်သင်တန်း တက်ရောက်ခဲ့သည့် အသက် ၃၀ ကျော်အရွယ် ရပ်ကွက် ဆယ်အိမ်မှုး တဦးက ဆိုသည်။

ရန်ကုန်မြို့ အခြေစိုက် သတင်းထောက် တဦးကမူ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် အရေးကြီးသည့် နိုင်ငံရေး ပါတီများ ဖွဲ့စည်းခွင့် ဥပဒေကို မထုတ်ပြန်ဘဲ ထိုသို့ ပြင်ဆင်မှုများ ပြုလုပ်ခြင်းမှာ ဖြစ်ပေါ်လာမည့် အခြေအနေများကို ထိန်းသိမ်းနိုင်ရန်အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“တကယ် အရေးကြီးတာက ပါတီတွေ ဖွဲ့ခွင့်ဥပဒေပေါ့၊ ဒါကို ခုထိမထုတ်သေးဘဲ သူတို့အချိန်ယူ ပြင်ဆင်နေတာက ဥပဒေထွက်ပြီး ဖြစ်လာမယ့် အခြေအနေတွေကို နိုင်နိုင်နင်းနင်း ထိန်းနိုင်အောင်ဖို့ အတွက်ဆိုတာ ထင်ရှားတယ်”ဟု အဆိုပါ သတင်းထောက်က ဆိုသည်။

အခြားတဘက် တွင်လည်း စစ်အစိုးရသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သား အစိုးရထံ တရားဝင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် ပြင်ဆင်ခြင်းထက် နိုင်ငံပိုင် သဘာဝ သံယံဇာတ အရင်းအမြစ်များ၊ မြေယာ အဆောက်အအုံများ၊ စက်ရုံအလုပ်ရုံ အပါအ၀င် ပြည်သူပိုင် ပစ္စည်းများအားလုံးကို ထုတ်ရောင်းလျက်ရှိကြောင်း သိရှိရသည်။

ယခု ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံပိုင် မော်တော်ယဉ်များ၊ စက်ရုံများ၊ မြေယာ အဆောက်အဦများ လေလံတင် ရောင်းချမှု များပြားလာသည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ခုနောက်ပိုင်း နိုင်ငံပိုင် ကားတွေ လေလံပစ်တာ တော်တော်များလာတယ်၊ ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ လားရှိုး၊ မူဆယ်မှာ ကားတွေ ရာဂဏန်းချီပြီးတော့ ဆက်တိုက် လေလံပစ်တယ်၊ ထပ်ပစ်ဖို့လည်း ကြေညာနေတယ်” ဟု ရန်ကုန်အခြေစိုက် ကားဝယ်ရောင်း စီးပွားရေးသမားကြီး တဦးက ဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင်လည်း အစိုးရပိုင် စက်ရုံ ၃၄ ရုံနှင့် ၀န်ကြီးဌာနပိုင် မြေကွက်နှင့် အဆောက်အဦး ၂ ခုကို ရောင်းချမည်ဖြစ်ကြောင်း၊ အဆိုပါ စက်ရုံနှင့် မြေကွက်များ၏ တန်ဖိုးမှာ မြန်မာငွေ ၇၇ ဘီလီယံကျော် တန်ဖိုးရှိကြောင်း တရားဝင် ကြေညာထားသည်။

ရောင်းချမည့် စက်ရုံများတွင် အမှတ် ၁ စက်မှုဝန်ကြီး ဌာနပိုင် စက်ရုံ ၂၇ ရုံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနပိုင် စက်ရုံ ၇ ရုံတို့ ပါဝင်ပြီး ရန်ကုန်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၏ အဆောက် အအုံနှင့် မြေကွက်၊ သမ၀ါယမ ၀န်ကြီးဌာန၏ အဆောက်အအုံနှင့် မြေကွက် ပါဝင်ကြောင်း သိရသည်။

“၂၀၁၀ မရောက်ခင် ဒီစစ်အစိုးရ စီးပွားရှာတာပေါ့၊ ရှိတာတွေ အကုန် ထုတ်ရောင်းတဲ့ သဘောပဲ”ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။

ရန်ကုန် သတင်းထောက်က ထိုသို့ သုံးသပ်သော်လည်း စစ်အစိုးရ မြန်မာ့စီးပွားရေးဘဏ်မှ အရာရှိကြီး တဦးကမူ အစိုးရ၏ ထိုသို့ နိုင်ငံပိုင် စက်ရုံများနှင့် မြေကွက်များ ရောင်းချခြင်းမှာ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။

“ဒီစက်ရုံတွေက နည်းပညာပိုင်းအရ ခေတ်မမီတော့ဘူး၊ အသစ်တိုးချဲ့ဖို့ ဆိုတာကလည်း ငွေကြေးအင်အား တအားများတယ်၊ အဲဒီတော့ အရှုံးပေါ်နေတဲ့ ဒီစက်ရုံ အလုပ်ရုံတွေ ပုဂ္ဂလိကကို ရောင်းတာဟာ အစိုးရ အနေနဲ့ မှန်တယ်”ဟု အဆိုပါ အရာရှိက ဆိုသည်။

ရန်ကုန်မြို့မှ စီးပွားရေးသမား တဦးကလည်း အစိုးရရောင်းချသည့် စက်ရုံများမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့်သူ နည်းပါးကြောင်း၊ အထူးသဖြင့် ကြမ်းခင်းဈေး အလွန်များပြီး ရင်းနှီးမြုပ်နှံရမည့် ပမာဏနှင့် ရရှိမည့်အမြတ်မှာ မကာမိနိုင်ကြောင်း ရှင်းပြသည်။

“၂၀၀၇ ခုနှစ်တုန်းက အစိုးရရဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ထုတ်တဲ့ စက်ရုံတွေ အပါအ၀င် အကြီးစား စက်ရုံ ၁၁ ရုံရောင်းတယ်၊ ရင်းနှီးမြုပ်နှံမယ့်သူ အတော်နည်းတယ်၊ အဓိက ကြမ်းခင်းဈေး တအားများတယ်၊ ပြီးတော့ ရှိရင်းစွဲ ၀န်ထမ်းကို အလုပ်ဖြုတ်မပစ်ဘဲ ဆက်ပြီး အလုပ်ခန့်ရမယ်ဆိုတဲ့ အချက်နဲ့ တခြား ကန့်သတ်ချက် တွေကြောင့်
လုပ်ငန်းရှင်တွေဘက် ရင်းနှီးမြှုပ်နှံဖို့ မ၀ံ့မရဲပေါ့၊ အခုလည်း ဒီအတိုင်းပါပဲ´ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။

ယခုအစိုးရ ရောင်းချမည့် စက်ရုံများတွင် အချိုရည်နှင့် ရေခဲစက်ရုံများ၊ အထည်စက်ရုံ၊ စားသောက်ကုန် စက်ရုံ၊ လူသုံးကုန်နှင့် ကြွေထည် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ နှင့် ဆန်စက်များ ပါဝင်ပြီး စက်ရုံတခု၏ အနည်းဆုံး တန်ဖိုးမှာ ကျပ်သန်း ၁၂၆ ရှိပြီး အများဆုံး တန်ဖိုးမှာ ကျပ်သန်း ၁၀၂၄၁ ရှိကြောင်း စက်ရုံအားလုံး၏ စုစုပေါင်း တန်ဖိုးမှာ ကျပ် ၇၇ ဘီလီယံ ရှိကာ အဆိုပါ ငွေကြေးပမာဏသည် စစ်အစိုးရ အုပ်ချူပ်သည့် သက်တမ်းကာလ တလျောက်တွင် ပုဂ္ဂလိကသို့ ရောင်းချသည့် ပထမဦးဆုံးနှင့် အများဆုံးသော ငွေကြေးပမာဏ ဖြစ်ကြောင်း သိရှိ ရသည်။