Tuesday, December 9, 2008

ဦးဥတ္တမ

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။
uotm[1]

09122008 သတင်း

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။9122008


ကျွန်တော်နှင့်ဘရောက်ဒါဝါဒ

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။brouder


မြန်မာ့အရေး ဆောင်ရွက်မှုအတွက် အမေရိကန် သမ္မတကတော် လော်ရာဘုရှ်အား ဂုဏ်ပြု

09 December 2008
ဒေါ်လှလှသန်း
နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်လှုပ်ရှားမှုမှာ ပါဝင်
ဆောင်ရွက်ပေးကြဖို့ အမေရိကန်သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က
တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားဘေးဒုက္ခတွေ လျော့ပါးစေရေး
အတွက် တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့တဲ့ သမ္မတကတော်ကို မစ်ချီဂန်
အခြေစိုက် Christian Freedom International ကနေ ဆုတဆုချီးမြှင့်ခဲ့ပါ တယ်။
ဒီဆုလက်ခံတဲ့ မိန့်ခွန်းမှာ သမ္မတကတော်က အခုလိုပြောသွားတာ
ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ Freedom from
Fear ဆိုတဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်းဆိုတဲ့စာအုပ်ကို ဖတ်ရှုပြီး ၁၉၉၁ ခု
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ မြန်မာပြည်သူလူထု လွတ်မြောက်ရေးအတွက် ထားရှိတဲ့
စွန့်လွှတ်အနစ်နာခံမှုကို လေးစားခဲ့ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊
နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်တွင်းမှာ အိုးအိမ်မဲ့ စွန့်ပစ်ထွက်ပြေးကြရသူတွေ၊
နယ်စပ်ကို ထွက်ပြေးခဲ့ကြရတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေအရေးကို ကမ္ဘာက နိုးကြား
မှုရှိစေအောင် သမ္မတကတော် လော်ရာဘုရှ်က တစိုက်မတ်မတ် စတင်ဆောင်ရွက်ပေး
ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း သက္ကရာဇ် ၂၀၀၈ ခု Freedom Award ဆု
လက်ခံမိန့်ခွန်းမှာ သူက အခုလို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

"မြန်မာတနိုင်ငံလုံးလွတ်လပ်ပြီး ဒီမိုကရေစီ အပြည့်အ၀ ခံစားနိုင်ကြဖို့ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ ကြိုးပမ်းမှုကို ၀ိုင်းဖြည့်ဆည်းပေးကြပါ။ ကျမတို့ရဲ့လွတ်လပ်မှုကို အခြေပြုပြီး
အတူတကွ ဆောင်ရွက်ပေးကြပါစို့" လို့ အမေရိကန်သမ္မတကတော်က တိုက်တွန်း
သွားပါတယ်။

Freedom Award ချီးမြှင့်တဲ့ မစ်ချီဂန်အခြေစိုက် Christian Freedom International
(CFI) ခေါ် အမေရိကန်လွတ်လပ်မှု နိုင်ငံတကာအဖွဲ့အစည်းဟာ ၁၉၉၈ ခုကတည်းက
မြန်မာပြည်တွင်းမှာရော ထိုင်း-မြန်မာ နယ်စပ်မှာပါ ကရင်၊ ကရင်နီ ဒုက္ခသည်တွေ
အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ခရစ်ယာန်ကျမ်းစာနဲ့ အခြား လူသားချင်းစာနာမှု
အထောက်အကူတွေကို လုပ်ဆောင်ပေးခဲ့တာပါ။ အခုလို CFI အဖွဲ့ရဲ့ ဆုချီးမြှင့်ခြင်း
ခံရတဲ့ မစ္စစ်ဘုရှ်က မြန်မာဒုက္ခသည်တွေရဲ့ ကံကြမ္မာအကြောင်းကိုလည်း သူ့ရဲ့မိန့်ခွန်း
ထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

"မြန်မာဒုက္ခသည်တွေ သောင်းနဲ့ချီပြီး မလွှဲမရှောင်သာ ဒုက္ခသည်စခန်းတွေမှာ ဆယ်စု
နှစ်ပေါင်းများစွာ နေထိုင်ကြရတာပါ။ နောက်ထပ် ထောင်ပေါင်းများစွာလည်း
တောတွေ၊ တောင်တွေမှာ စားနပ်ရိက္ခာ၊ ခိုကိုးစရာ၊ ဆေးဝါးတွေ အလုံအလောက်မရှိ
ဘဲ ရုန်းကန်နေထိုင်ကြရပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုဒဏ်ရဲ့ တဖြည်းဖြည်းဆိုးရွား
လာတဲ့ အခြေအနေကို ကျမကိုယ်တိုင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကို
သွားရောက်ကြည့်ရှုခဲ့လို့ တွေ့ရှိခဲ့ပါတယ်။" လို့ မစ္စစ်ဘုရှ်က ပြောသွားပါတယ်။

သမ္မတကတော်အနေနဲ့ ပြီးခဲ့တဲ့သြဂုတ်လကထိုင်းနိုင်ငံကို သမ္မတဘုရှ်နဲ့ သွားရောက်စဉ်
တာ့ခ်ခရိုင် မဲဆောက်မြို့အနီး မယ်လဒုက္ခသည်စခန်းနဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်
ဆေးခန်းကို သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ခြင်ထောင်တွေအပါအ၀င်
အထောက်အကူ ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ UNHCR က ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ၉ ခုရှိရာမှာ တခုဖြစ်တဲ့ မယ်လကို
သွားရောက်ကြည့်ရှုခဲ့ပြီးနောက် မစ္စစ်ဘုရှ်ကဒုက္ခသည်များအရေး နိုင်ငံတကာက နိုးကြားမှု
ရရှိစေဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးဖို့ကိုလည်း မြန်မာစစ်အစိုးရကို သူ့ရဲ့မိန့်ခွန်းထဲမှာ တိုက်တွန်းလိုက်ပါတယ်။

"ဒီဒုက္ခသည်များအရေးကို ဖြေရှင်းဖို့ ကျမတို့ရဲ့ထောက်ပံ့မှုနဲ့ အာရုံစူးစိုက်မှုကို လိုအပ်ပါ
တယ်။ မြန်မာစစ်အစိုးရအနေနဲ့ ခုလို ကိုယ့်နိုင်ငံသားတွေအပေါ် အကြောက်တရားနဲ့
အုပ်ချုပ်နေတာ၊ တိုင်းရင်းသား လူမျိုးတွေအပေါ် နှိပ်ကွပ်နေတာတွေကို အဆုံးသတ်
ပေးဖို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို
ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာက တောင်းဆိုခဲ့ကြ
တာလည်း ဖြစ်ပါတယ်။" လို့ မစ္စစ်ဘုရှ်က ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ Freedom Award ရဲ့ ထူးခြားမှုကိုလည်း
သမ္မတကတော်က…

"ဒီဆုကို လက်ခံရရှိခြင်းအားဖြင့် ကျမတို့ အတူတကွထားရှိတဲ့ ရည်မှန်းချက်ကို
ရောင်ပြန်ဟပ်စေပါတယ်။ အဲဒါကတော့ တချိန်က ကြွယ်ဝချမ်းသာခဲ့တဲ့ မြန်မာနိုင်ငံကြီး
မှာ ယနေ့ ဖိနှိပ်ခံနေရတဲ့၊ မျှော်လင့်ချက်ကင်းနေတဲ့ လူထုအတွက် ကျမတို့တွေအားလုံး
တညီတညွတ်တည်း ၀ိုင်းဝန်းလုပ်ဆောင်ကြရတဲ့ သန္နိဋ္ဌာန် ခိုင်မာမှုပါပဲ။" လို့ သမ္မတ
ကတော်က ပြောကြားသွားပါတယ်။

နောက်နှစ် ဇန်န၀ါရီလ သမ္မတဘုရှ်ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက်မှာလည်း
သူတို့ဇနီးမောင်နှံနှစ်ဦး ဇာတိ တက္ကဆက်ကိုပြန်တဲ့အခါ မစ္စစ်ဘုရှ်အနေနဲ့ ပညာရေးနဲ့
အာဖဂန်အမျိုးသမီးအရေး စေတနာ့ဝန်ထမ်း လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်
သွားမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံအရေးကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်သွားမှာ
ဖြစ်တယ်လို့ မကြာသေးမီက သတင်းမီဒီယာတွေကို ပြောကြားသွားတာလည်း
ရှိပါတယ်။

ဝန်ကြီးဦးအောင်သောင်းကို အမျိုးသမီးများ ဒူးတုပ် ယပ်ခတ်ပေးကြရ

NEJ/ ၉ ဒီဇင်ဘာ ၂၀၀၈


စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း ကျောက်ဆည်စက်မှုဇုန်သို့ စက်ရုံတည်သည့်အချိန် သွားသည့်အခါတိုင်း ဦးအောင်သောင်းကို ယပ်ခတ်ပေးမည့် အမျိုးသမီးနှစ်ဦးအား လက်အောက်ခံအရာရှိများက အသင့်ရှာပေးထားရသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောကြားသည်။

ကျောက်ဆည်စက်မှုဇုန် ရှင်းလင်းဆောင် စည်းဝေးခန်းမရှိ နှစ်ယောက်ထိုင် ဆက်တီကုလားထိုင်ကြီးပေါ်တွင် တဦးတည်းထိုင်နေသည့် ဝန်ကြီး ဦးအောင်သောင်းအား အမျိုးသမီးငယ်နှစ်ဦးက ရှေးခတ်ဘုရင်များအား ခတ်ပေးသည့် အရိုးရှည်ယပ်ကြီး တခုစီကိုင်ပြီး ဆက်တီကုလားထိုင် တဖက်တချက်မှ ပုဆစ်တုပ်၊ ဒူးတုပ်အနေအထားဖြင့် ယပ်ခတ်ပေးကြရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

လောလောဆယ်တွင်မူ နေပြည်တော်စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ အထည်အလိပ် လုပ်ငန်းမှ ဝန်ထမ်းအမျိုးသမီငယ်တဦးက ဝန်ကြီး ဦးအောင်သောင်းအား လက်သည်းခြေသည်း ညှပ်ပေးရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးဦးအောင်သောင်းသည် နေပြည်တော်မှာတကြိမ်၊ မန္တလေးမှာတကြိမ် လွန်ခဲ့သည့်လအတွင်း (၂) ကြိမ် သတိလစ်မေ့မြောသွားခဲ့သည်။


Madeleine K. Albright Grant ဆုကို WLB ရရှိ


သန်းထိုက်ဦး
အင်္ဂါနေ့၊ ဒီဇင်ဘာလ 09 2008 18:58 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အမေရိကန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုက ယခုနှစ် ပေးအပ်သည့် ဒီမိုကရေစီရေးနှင့် အမျိုးသမီးများ အရေးအတွက် ကြိုးပမ်းသူများဆုကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB နှင့် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့ ပူးတွဲရရှိသည်။

ဒီမိုကရေစီအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် နိုင်ငံတကာမှ တသီးပုဂ္ဂလများနှင့် အဖွဲ့အစည်းများအား အထောက်အကူ ပြုသည့်အနေဖြင့် စတုတ္ထအကြိမ်မြောက် Madeleine K. Albright Grant ဆုကို WLB နှင့် ၁၈ ကြိမ်မြောက် W. Averell Harriman Democracy ဆုကို ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသို့ The National Democratic Institute (NDI) အဖွဲ့က ချီးမြှင့်ခြင်းဖြစ်သည်။

"နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုမှာ အမျိုးသမီးတွေ ပိုမိုပြီးတော့မှ ပါဝင်နိုင်အောင် ဆိုပြီးတော့ ဒီစွမ်းရည် မြှင့်မားရေး အတွက်ပေါ့နော်၊ အားပေးတဲ့အနေနဲ့ သူတို့က ပေးတာဖြစ်တယ်" ဟု WLB အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေးလုပ်ငန်း တာဝန်ခံ မသင်းသင်းအောင် က မဇ္ဈိကို ပြောသည်။

သူမသည် WLB မှ ထိုင်းနိုင်ငံ၌ ဦးစီးပြုလုပ်သော အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေး ၆ လ သင်တန်းကို သင်ကြားပေးနေသည့် တာဝန်ခံတဦးဖြစ်သည်။

NDI သည် ကမ္ဘာတ၀ှမ်းရှိ ဒီမိုကရေစီရေးနှင့် အမျိုးသမီးများအရေး ကြိုးပမ်းနေသူများအား ယခုဆုများကို နှစ်စဉ် ချီးမြှင့်လာခဲ့သည်။

လက်ရှိ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine K. Albright အား ဂုဏ်ပြုသည့် အနေဖြင့် နိုင်ငံသားဘ၀နှင့် နိုင်ငံရေးတွင် အမျိုးသမီးများအတွက် ကြီးမားစွာ ပံ့ပိုးလုပ်ဆောင်သူများအား ချီးမြှင့်သည့် Madeleine K. Albright Grant ဆုကို လွန်ခဲ့သည့် ၄ နှစ်မှ စတင် ပေးအပ်လာခဲ့သည်။

W. Averell Harriman Democracy ဆုမှာမူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ခံယူချက်ပြင်းပြစွာ ဆောင်ရွက်နေသူများအား ပေးအပ်ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲ ငွေသားနှင့်အတူ ဆုကို WLB က ယခုလ ၁၅ ရက်နေ့တွင် ၀ါရှင်တန်မြို့၌ လက်ခံရယူမည်ဖြစ်သည်။

မသင်းသင်းအောင်က ''သင်တန်း တက်ပြီးတဲ့ အမျိုးသမီးတွေ ကိုယ့်ဒေသတွေကို ပြန်ပြီးတော့ ဒီပညာရပ်တွေကို မျှဝေသွားဖို့အတွက် ဒီဆုကြေးငွေကို အသုံးပြုသွားမှာပါ'' ဟု ပြောဆိုသည်။

WLB ကို ၁၉၉၉ ခုနှစ်တွင် ပြည်ပရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းခဲ့သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုတွင် အမျိုးသမီးများ ပါဝင်မှုကို မြှင့်တင်သွားရန်၊ တိုင်းရင်းသား လူမျိုးများအကြား ပိုမိုနားလည်မှု ရရှိရန်၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် တိုးတက်ရေးကို တည်ဆောက်ရန်၊ နိုင်ငံတကာအဆင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်သွားရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

WLB နှင့် ရှမ်းအမျိုးသမီးရေးရာ ပူးပေါင်းဆက်သွယ်ရေးအဖွဲ့ (SWAN) သည် ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက အမေရိကန်အခြေစိုက် Peter Gruber Foundation အဖွဲ့က ပေးအပ်သည့် ၂ဝဝ၅ ခုနှစ် အမျိုးသမီး အခွင့်အရေး ရွှေတံဆိပ်ဆုနှင့် အမေရိကန်ဒေါ်လာ ၂ သိန်း ရရှိခဲ့သည်။

သက်တော် ၇၇ နှစ်အရွယ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည် တောင်အာဖရိနိုင်ငံ မြို့တော် ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဘုရားရှစ်ခိုးကျောင်းများ ကောင်စီမှ အတွင်းရေးမှူးဖြစ်ဟောင်းကာ၊ ၁၉၈၄ ခုနှစ်တွင် ချီးမြှင့်သည့် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သည်။

မူဆယ် ဆေးရုံတွင် ဆေးစစ်သူ ၁၃ ရာခိုင်နှုန်း HIV နှင့် အတူနေ


မျိုးကြီး
အင်္ဂါနေ့၊ ဒီဇင်ဘာလ 09 2008 18:56 - မြန်မာစံတော်ချိန်


ရွှေလီ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဆေးရုံသို့ ၂၀၀၈ ခုနှစ်အတွင်း သွေးစစ်လာသူများနှင့် သွေးစစ်ကြည့်ဖြစ်သည့် လူနာ စုစုပေါင်း ၃ ထောင်ကျော်တွင် HIV နှင့် အတူနေသူ ၁၃ ဒဿမ ၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်အာဏာပိုင်များအကြား AIDS ပူးပေါင်းကာကွယ်ရေးအတွက် ပြုလုပ်သည့် အစည်းအဝေးတွင် မူဆယ်ဆေးရုံကြီးမှ ထုတ်ပြန်သည့် စာရင်းအရ ဆေးစစ်ဖြစ်ခဲ့သည့် လူနာပေါင်း ၂၅၆ ဦးအနက် ၁၀၂ ဦး (၃၉ ဒဿမ ၈ ရာခိုင်နှုန်း) မှာ HIV ဝေဒနာစွဲကပ်နေသည်ဟု သိရသည်။

ထို့အပြင် ကိုယ်ဝန်ဆောင် ၁၈၀၅ ဦးတွင် ၄၅ ဦး (၂ ဒဿမ ၄၉ ရာခိုင်နှုန်း)၊ တနှစ်ခွဲကလေး ၁၁ ဦးတွင် တဦး (၉ ဒဿမ ၀၉)၊ သွေးလာစစ်သူ ၆၂၀ ဦးတွင် ၂၁၉ ဦး (၃၅ ဒဿမ ၃၂)၊ တက္ကစီကားမောင်းသူ ၃၀ ဦးတွင် ၄ ဦး (၁၃ ဒဿမ ၃)၊ မူးယစ်ဆေးထိုးသူ ၄၆ ဦးတွင် ၂၆ ဦး (၄၆ ဒဿမ ၄)၊ အဆုတ်ရောဂါသည် ၂၈၉ ဦးတွင် ၂၅ ဦး (၈ ဒဿမ ၆) ရာခိုင်နှုန်း ရှိသည်။

ထို့ကြောင့် လူဦးရေ စုစုပေါင်း ၃၀၅၇ ဦးတွင် ၄၂၂ ဦး (၁၃ ဒဿမ ၈ ရာခိုင်နှုန်း) မှာ HIV ရှိသူများဖြစ်နေသည်။

ဤသည်မှာ ၂၀၀၈ ခုနှစ်အတွင်း မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီး၏ သွေးစစ်ချက်မှတ်တမ်းဖြစ်သည်ဟု မူဆယ်ဆေးရုံနှင့် နီးကပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

ယခုစာရင်းကို နှစ်နိုင်ငံ အစည်းအဝေးတွင် HIV နှင့်ပတ်သက်သည့် သတင်းအချက်များ ဖလှယ်ရာ၌ မူဆယ် အာဏာပိုင်များက တရုတ်အာဏာပိုင်များထံ ပေးအပ်ခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးရန်နှင့် သုံးသပ်ချက်ပေးရန်အတွက် မူဆယ်ရှိ AIDS ဝေဒနာသည်များအား စောင့်ရှောက်နေသည့် အစိုးရမဟုတ်သော NGO အဖွဲ့အချို့နှင့် မူဆယ်ဆေးရုံသို့ ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက HIV အများဆုံးဖြစ်ပွားရာ ဇုန်သတ်မှတ်ထားသည့် ဒေသများဖြစ်သည့် ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်နှင့် ရန်ကုန် အပါအ၀င် အချို့ဒေသများတွင် မူဆယ်မြို့လည်း ပါဝင်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် ကြယ်ခေါင်နှင့် မူဆယ်တွင် လိင်ဖျော်ဖြေရေးနှင့် မူးယစ်ဆေးဝါးကို နေရာအများအပြားတွင် အလွယ်တကူ ရရှိနိုင်သည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများ လာရောက်နေထိုင်မှုကြောင့် HIV ကူးစက်ပြန့်ပွားမှုလည်း လွယ်ကူကြောင်း မူဆယ် ကျန်းမာရေးဝန်ထမ်းများနှင့် နီးစပ်သူ ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

''မူဆယ်ဆေးရုံမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဆေးစစ်ကြည့်လို့ ရောဂါတွေ့ပြီဆို သူတို့ကို ဒီရောဂါရှိတယ်လို့ နှစ်သိမ့်ပြီး ပြောပြတဲ့အခါ တချို့က ရီတောင် ရီနေသေးတယ်။ 'သြော် ဟုတ်လား။ ဒီရောဂါ ရှိနေတာလား' ဆိုပြီး။ များသောအားဖြင့်လေ အပျော်အပါး လိုက်စားတာနဲ့ မူးယစ်ဆေးဝါးစွဲသူတွေ။ နောက်တခုက အလုပ်လာလုပ်တဲ့ သူတွေကြားမှာ အဖြစ်များလာတယ်'' ဟု သူက ပြောသည်။

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ


စဉ် ဌာန
၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
၂ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး
၃ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ရုံး
၎ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ ရေ/ လေရုံး) ဗိုလ်ချုပ်ကြီး သူရရွှေမန်း
၅ တပ်မတော် (ကြည်း/ရေ/လေ) စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံး ဗိုလ်ချုပ် မောင်ရှိန်
၆ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (မပခ/နမခ/လပခ) ဗိုလ်ချုပ် အုန်းမြင့်
၇ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (ရပခ/တသခ/ရမခ) ဗိုလ်ချုပ် မင်းအောင်လှိုင်
၈ အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (တပခ/နတခ) ဗိုလ်ချုပ် ကိုကို
၉ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (ရတခ/ကရခ) ဗိုလ်ချုပ် သာအေး
၁၀ အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (ရကတ) ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ
၁၁ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (နပခ) ဗိုလ်ချုပ်ခင်ဇော်
၁၂ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စီမံရေး ဗိုလ်မှူးကြီး ထင်ကျော်သူ
၁၃ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး ဗိုလ်မှူးကြီး မောင်မောင်အေး
၁၄ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တာဝန် ဗိုလ်မှူးကြီး ၀င်းသိန်း
၁၅ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သုတေသန ဗိုလ်မှူးကြီး ၀င်းမောင်
၁၆ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ဗိုလ်ချုပ် ဥာဏ်ထွန်း
၁၇ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း
၁၈ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင်
၁၉ တပ်မတော်ထောက်လှမ်းရေး ဌာနချုပ်ရုံး ဒုဗိုလ်ချုပ်ကြီး ရဲမြင့်
၂၀ စစ်ရေးချုပ်ရုံး (ရေး - ၁/၂/၃/၄/၅) ဗိုလ်ချုပ် သူရမြင့်အောင် ဗိုလ်ချုပ်လှရွှေ (တွဲဖက်)
၂၁ စစ်ထောက်ချုပ်ရုံး (၁/၂/၃/၄/၅/၆) ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ဗိုလ်ချုပ် ခင်မောင်ထွန်း ဗိုလ်ချုပ် ထင်အောင်ကျော်
၂၂ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး ဗိုလ်ချုပ် လှဌေးဝင်း ဗိုလ်ချုပ် ဇော်ဝင်း
ဗိုလ်မှူးချုပ် သိုးထိန်း
၂၃ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး ဒုဗိုလ်ချုပ်ကြီး တင်အေး
၂၄ စစ်ရာထူးခန့်ချုပ်ရုံး ဗိုလ်ချုပ် ဆန်းဆင့် ဗိုလ်မှူးကြီး ၀င်းဗိုလ်ရှိန်
၂၅ စစ်ဥပဒေချုပ်ရုံး ဗိုလ်ချုပ် စိုးမောင် ဗိုလ်မှူးကြီး သာဟန်
၂၆ တပ်မတော်စစ်ဆေးရေး အရာရှိချုပ်ရုံး ဗိုလ်ချုပ် သိန်းထိုက် ဗိုလ်မှူးကြီး ကျော်ဆန်း
၂၇ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ် မြ၀င်း ဗိုလ်မှူးကြီး အေးသော်
၂၈ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး - ဗိုလ်မှူးကြီး အေးလှစံ
၂၉ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ဗိုလ်မှူးကြီး ကျော်ညွန့်
၃၀ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဗိုလ်မှူးချုပ် မောင်မောင်အုန်း ဗိုလ်မှူးကြီး ညိုဝင်း
၃၁ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး - ဗိုလ်မှူးကြီး မြင့်မောင်ဝင်း
၃၂ တပ်မတော် (ကြည်း/ရေ/လေ) ကွန်ပြူတာဌာနမှူးရုံး - -
၃၃ စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး - ဒုဗိုလ်မှူးကြီး ဇော်ဝင်း
၃၄ စခန်းမှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ် လှအောင်သိန်း
၃၅ လုံခြုံရေးနှင့်ဆိုင်သော ပုံနိုပ်လုပ်ငန်းညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ် ခင်မောင်တင့် ဗိုလ်မှူးကြီး တင့်ဆွေ
၃၆ ဗဟို မှတ်ပုံတင်ရုံး - -
၃၇ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ် သန်းအောင်
၃၈ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး - ဗိုလ်မှူးကြီး ဌေးနိုင်
၃၉ တပ်ထိန်းချုပ်ရုံး ဗိုလ်ချုပ် စောလှ ဗိုလ်မှူးကြီး စိန်လွင်
၄၀ တပ်မတော် အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ်ငွေသိန်း ဗိုလ်မှူးကြီး အောင်စံတင်
၄၁ တပ်မတော်မှတ်တမ်း ညွှန်ကြားရေးမှူးရုံး - ဗိုလ်မှူးကြီး အောင်လင်းဒွေး
၄၂ စည်းမျဉ်းဥပဒေ ရေးဆွဲရေးဌာန - ဒုဗိုလ်မှူးကြီး ချစ်ဦး
၄၃ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ဗိုလ်မှူးကြီး ဥာဏ်ထွန်း -
၄၄ ထောက်ပံ့နှင့် ပို့ဆောင်ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ် သန်းဌေး ဗိုလ်မှူးကြီး ညီဖြူလှ
၄၅ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ် စိန်လင်း ဗိုလ်မှူးကြီး စိုးလွင်
၄၆ လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ် အေးမြင့် -
၄၇ ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းရုံး ဗိုလ်ချုပ် လှိုင်မြင့် -
၄၈ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ် ၀င်းသိန်း -

တိုင်းစစ်ဌာနချုပ်များ
စဉ် ဌာနချုပ် တည်နေရာ တိုင်းမှူး ဒုတိုင်းမှူး
၁ နပတ ပျဉ်းမနား ကြည်း ၁၃၉၃၇ ဗိုလ်ချုပ် ဝေလွင် ၁၈ ဗိုလ်မှူးကြီး မင်းဇော်
၂ မပခ မြစ်ကြီးနား ကြည်း ၁၆၄၈၉ ဗိုလ်ချုပ် စိုးဝင်း ၂၂ ဗိုလ်မှူးကြီး စံထွန်း
၃ ရမခ လားရှိုး ကြည်း ၁၄၇၅၁ ဗိုလ်ချုပ် အောင်သန်းထွဋ် ၂၀ ဗိုလ်မှူးချုပ် လှမြင့်
၎ တသခ ကျိုင်းတုံ ကြည်း ၁၆၅၂၁ ဗိုလ်မှူးချုပ် ကျော်ဖြိုး ၂၂ ဗိုလ်မှူးချုပ် ဝေလင်း
၅ ရပခ တောင်ကြီး ကြည်း ၁၆၅၅၆ မှူးချုပ် ရာပြည့် ၂၂ ဗိုလ်မှူးကြီး ချစ်ဦး
၆ ရတခ မော်လမြိုင် ကြည်း ၁၅၀၁၂ ဗိုလ်ချုပ် သက်နိုင်ဝင်း ၅၆ ဗိုလ်မှူးချုပ် ဇော်မင်း
၇ ကရခ မြိတ် ကြည်း ၁၅၀၆၇ ဗိုလ်ချုပ် ခင်ဇော်ဦး ၅၆ ဗိုလ်မှုးချုပ် ကျော်ဦးလွင်
၈ ရကတ ရန်ကုန် ကြည်း ၁၄၈၅၃ ဗိုလ်မှူးချုပ် ၀င်းမြင့် ၂၀ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း
၉ နတခ ပုသိမ် ကြည်း ၁၆၄၉၃ ဗိုလ်မှူးချုပ် ကျော်ဆွေ ၂၂ ဗိုလ်မှူးချုပ် တင်မောင်အေး
၁၀ နပခ အမ်း ကြည်း ၁၄၇၈၈ ဗိုလ်ချုပ် သောင်းအေး ၂၀ ဗိုလ်မှူးချုပ် တင်လှိုင်
၁၁ နမခ မုံရွာ ကြည်း ၁၆၃၉၁ ဗိုလ်မှူးချုပ် မြင့်စိုး ၆၁ ဗိုလ်မှူးချုပ် တင်မောင်အုန်း
၁၂ လပခ မန္တလေး ကြည်း ၁၆၄၈၅ ဗိုလ်မှူးချုပ် တင်ငွေ ၂၂ ဗိုလ်မှူးချုပ် သန်းထွန်းအောင်
၁၃ တပခ တောင်ငူ ကြည်း ၁၆၅၂၂ ဗိုလ်မှူးချုပ် လှမင်း ၂၂ ဗိုလ်မှူးချုပ် ၀င်းမြင့်



ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ
စဉ် ဌာနချုပ် တည်နေရာ ဒကစ မှူး ဦးစီး (ပ)
၁ ဒကစ (တနိုင်း) တနိုင်း ကြည်း -
၂ ဒကစ (လွိုင်ကော်) လွိုင်ကော် ကြည်း ၁၃၉၃၅ ဗိုလ်မှူးချုပ် ၀င်းမြင့် -
၃ ဒကစ (လောက်ကိုင်) လောက်ကိုင် ကြည်း ၁၇၂၈၇ ဗိုလ်မှူးချုပ် ၀င်းမောင် -
၎ ဒကစ (ပြည်) ပြည် ကြည်း ၁၇၃၅၇ ဗိုလ်မှူးချုပ် စိန်မြင့် -
၅ ဒကစ (စစ်တွေ) စစ်တွေ ကြည်း ၁၈၁၈၉ ဗိုလ်မှူးကြီး စိုးလွင် -
၆ ဒကစ (ကလေး) ကလေး ကြည်း ၁၇၉၇၄ ဗိုလ်မှူးကြီး အောင်စန်းချစ် -



ခြေမြန်တပ်မ ဌာနချုပ်များ
စဉ် ဌာနချုပ် တည်နေရာ တပ်မမှူး ဦးစီး (ပ)
၁ တမခ (၁၁) အင်းတိုင် ကြည်း ၁၆၆၂၂ ဗိုလ်မှူးကြီး သန်းထွဋ် ၈ -
၂ တမခ (၂၂) ဘားအံ ကြည်း ၁၇၆၀၆ ဗိုလ်မှူးကြီး တင်မောင်ဝင်း ၆၄ -
၃ တမခ (၃၃) စစ်ကိုင်း ကြည်း ၁၇၄၄၄ ဗိုလ်မှူးကြီး အောင်ကျော်ဇော ၂၄ -
၎ တမခ (၄၄) သထုံ ကြည်း ၁၇၉၄၃ ဗိုလ်မှူးကြီး တောက်ထွန်း ၁၀ -
၅ တမခ (၅၅) ကလော ကြည်း ၁၇၁၄၈ ဗိုလ်မှူးချုပ် အေးခိုင် ၆၃ -
၆ တမခ (၆၆) အင်းမ ကြည်း ၁၇၉၅၃ ဗိုလ်မှူးကြီး စန်းမြင့် ၁၀ -
၇ တမခ (၇၇) ပဲခူး ကြည်း ၁၇၄၅၄ ဗိုလ်မှူးကြီး ထွန်းသန်း ၂၄ -
၈ တမခ (၈၈) မကွေး ကြည်း ၁၇၅၄၀ ဗိုလ်မှူးကြီး စိုးထွဋ် ၆၄ -
၉ တမခ (၉၉) မိတ္ထီလာ ကြည်း ၁၇၁၀၀ ဗိုလ်မှူးချုပ် ခင်မောင်ဌေး ၆၃ -
၁၀ တမခ (၁၀၁) ပခုက္ကူ ကြည်း -



စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များ
စဉ် ဌာနချုပ် တည်နေရာ စကခမှူး ဦးစီး (ပ)
၁ စကခ (၁) ကျောက်မဲ ကြည်း ၁၅၁၉၀ ဗိုလ်မှူးချုပ် စံမြင့်ဦး -
၂ စကခ (၂) လွိုင်လင် ကြည်း ၁၇၄၈၉ ဗိုလ်မှူးကြီး ကျော်ဇံမြင့် -
၃ စကခ (၃) မိုးကောင်း ကြည်း ၁၃၉၇၉ ဗိုလ်မှူးချုပ် မြင့်ဟိန်း -
၎ စကခ (၄) ဖူးကြီး ကြည်း ၁၇၃၄၀ ဗိုလ်မှူးကြီး အောင်ကျော်ငြိမ်း -
၅ စကခ (၅) တောင်ကုတ် ကြည်း ၁၆၈၀၁ ဗိုလ်မှူးချုပ် ကောင်းမြတ် -
၆ စကခ (၆) ပျဉ်းမနား ကြည်း ၁၈၁၃၈ ဗိုလ်မှူးကြီး မောင်မောင်အေး -
၇ စကခ (၇) ဖယ်ခုံ ကြည်း ၁၆၅၀၅ ဗိုလ်မှူးချုပ် မျိုးအေး -
၈ စကခ (၈) ထားဝယ် ကြည်း ၁၆၇၃၅ ဗိုလ်မှူးချုပ် သန်းစိုး -
၉ စကခ (၉) ကျောက်တော် ကြည်း ၁၇၄၄၆ ဗိုလ်မှူးကြီး စိုးသိန်း -
၁၀ စကခ (၁၀) ကလေး ကြည်း ၁၇၂၇၂ ဗိုလ်မှူးချုပ် ကိုကိုလတ် -
၁၁ စကခ (၁၁) - - -
၁၂ စကခ (၁၂) ကော့ကရိတ် ကြည်း ၁၅၉၀၆ ဗိုလ်မှူးချုပ် နေလင်း -
၁၃ စကခ (၁၃) ဘုတ်ပြင်း ကြည်း ၁၆၇၃၆ ဗိုလ်မှူးချုပ် မင်းထွန်းဇံ -
၁၄ စကခ (၁၄) မိုင်းဆတ် ကြည်း ၁၇၄၃၂ ဗိုလ်မှူးကြီး သန်းထွန်းဦး -
၁၅ စကခ (၁၅) ဘူးသီးတောင် ကြည်း ၁၅၂၀၄ ဗိုလ်မှူးချုပ် အောင်နိုင် -
၁၆ စကခ (၁၆) သန္နီ ကြည်း ၁၈၁၀၆ ဗိုလ်မှူးကြီး သိန်းထွန်း -
၁၇ စကခ (၁၇) မိုင်းပန် ကြည်း ၁၆၃၈၇ ဗိုလ်မှူးချုပ် တင်မောင်ဝင်း -
၁၈ စကခ (၁၈) မိုင်းဖြတ် ကြည်း ၁၇၃၉၉ ဗိုလ်မှူးချုပ် ကျော်စိုးဝင်း -
၁၉ စကခ (၁၉) ရေး ကြည်း ၁၄၄၈၁ ဗိုလ်မှူးချုပ် ချိုထွန်းအောင် -
၂၀ စကခ (၂၀) ခမောက်ကြီး ကြည်း ၁၆၃၇၉ ဗိုလ်မှူးချုပ် ဇော်သင်းမြင့် -
၂၁ စကခ (၂၁) ဗန်းမော် ကြည်း ၁၆၇၂၈ ဗိုလ်မှူးချုပ် စိုးဝင်း -




ဝန်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ရာထူးမှ နှုတ်ထွက်မည်


မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 09 2008 16:59 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အနည်းဆုံး ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန် တဦးသည် လက်ရှိရာထူးများမှ အနားယူပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အမတ်များအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း အစိုးရ သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သစ်တော၊ ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ မွေးမြူရေး၊ အမှတ် (၁) စက်မှု၊ ပို့ဆောင်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ၀န်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် မဝေးလှသော အနာဂတ်တွင် အစိုးရအဖွဲ့ဝင် ရာထူးများမှ နှုတ်ထွက်မည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရပ်ကွက်များက ပြောသည်။

အတိုက်အခံများနှင့် ဝေဖန်သူများ အပြင်းအထန် ကန့်ကွက်ထားသော်လည်း စစ်အစိုးရက နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်လမ်းပြမြေပုံ ချမှတ်ထားကာ ၂၀၁၀ ခုနှစ်တွင် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးလည်း ပါရှိသည်။

ပြည်တွင်း အကဲခတ်တဦးက "၀န်ကြီးဟောင်းတွေက ကြိမ်းသေနိုင်တဲ့ နေရာတွေမှာ ၀င်ပြိုင်လာကြလိမ့်မယ်" ဟု ပြောလိုက်ရင်း လက်ရှိ အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းအနေဖြင့် မန္တလေးတွင်လည်းကောင်း၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် မြစ်ကြီးနားတွင် ၀င်ပြိုင်နိုင်ဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရမှသည် အရပ်သားအနည်းငယ် ရောစွက်လာမည့် အစိုးရပုံစံသစ် ဖြစ်ပေါ်လာရေး ဖန်တီးမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါဝင်ခွင့် မရအောင် ကန့်သတ်မှုများ ပြုလုပ်ဖွယ်ရှိသည်ဟု သူက ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းဆန်ထားသည်။ ထို့အပြင် ပါတီခေါင်းဆောင်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သူမကိုပါ နေအိမ်၌ အကျယ်ချုပ်ချထားသည်။

နှုတ်ထွက်မည်ဆိုသော ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန်၏ စာရင်းကို အောက်တွင် ဖော်ပြထားသည်။

၁။ ဗိုလ်မှူးချုပ် သိန်းအောင် (၀န်ကြီး၊ သစ်တောရေးရာဝန်ကြီးဌာန)

၂။ ဗိုလ်ချုပ် စောထွန်း (၀န်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

၃။ ဗိုလ်ချုပ် စောလွင် (၀န်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

၎။ ဗိုလ်မှူးချုပ် မောင်မောင်သိမ်း (၀န်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)

၅။ ဦးအောင်သောင်း (၀န်ကြီး၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန)

၆။ ဗိုလ်ချုပ် သိန်းဆွေ (၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန)

၇။ ဗိုလ်ချုပ်ဌေးဦး (၀န်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

၈။ ဗိုလ်မှူးချုပ် သိန်းဇော် (၀န်ကြီး၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)

၉။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (မြို့တော်ဝန်၊ ရန်ကုန်)

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၃)


Tuesday, 09 December 2008 13:07 နော်မန် ရိုဘက်စ် စပီရီ
အကြမ်း မဖက်မှုကြောင့် ကိုယ်ကျင့် တရား၊ ကျင့်ဝတ် ရေးရာအရ အသာစီး ရနေသည့ှ် အတိုက်အခံ များနှင့် မတူသော အချက်မှာ စစ်အစိုးရက ၎င်း ရည်မှန်းချက် ပြည့်ဖို့ဆိုလျှင် အကြမ်းဖက်မှုသုံးရန် အင်တိုက်အားတိုက် လိုလိုလားလား ဖြစ်နေခြင်းပင် ဖြစ်သည်။ အကြမ်းဖက်မှု အတွက် စစ်အစိုးရက အသုံးချနိုင်သည့် အင်အားစုတခုမှာ စွမ်းအားရှင်များဖြစ်ပြီး၊ သေချာသည်မှာ ထိုသူများကို စစ်အစိုးရ ၏ အစိတ်အပိုင်းအချို့က ညွှန်ကြားခိုင်းစေနေခြင်းပင် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ စစ်ဖက်လုံခြုံရေးအဖွဲ့ (စရဖ) က ညွှန် ကြားထားခြင်း ဖြစ်နိုင်ပါသည်။ ရံဖန်ရံခါဆိုသလို စွမ်းအားရှင်များက လူထုများကို အကြမ်းဖက်မှုဖြင့်၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းဖြင့် ခြိမ်းခြောက်ကျိုးနွံစေပြီး ဗီဒီယို၊ ဓါတ်ပုံမှတ်တမ်းအများအပြားတွင် ၎င်းစွမ်းအားရှင်များက လက်နက်မဲ့ ဆန္ဒပြနေသူများ ကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ထိုးကြိတ်ခြင်း ပြုသည်ကို တွေ့ခဲ့ကြရသည်။ စစ်အစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက်ခြင်း ကြောင့် လူထုများတွင် အကြောက်တရား ကြီးထွား လာစေသည်။ ထိုအချက် ကြောင့်ပင် အတိုက်အခံ အင်အားစုများ တချိန် အာဏာရယူ နိုင်လိမ့်မည်ဟူသည့် မှေးမှိန် အားပျော့နေသည့် မျှော်လင့်ချက် ကလေးကိုပင် နောက်ဆုံး ဖြိုခွဲချေဖျက်လိုက် နိုင်သည်။ ဤအမြင်ဖက်မှ ကြည့်မည် ဆိုလျှင် စွမ်းအားရှင် များသည် အာဏာ ဆက်လက် တည်မြဲရန် အသုံးချ နိုင်ရေးအတွက် အထူး အောင်မြင်နေ သည်ဟု မြင်နိုင်သည်။ အစိုးရက အရေးယူမှု မရှိ၊ အထိန်း အကွပ်မရှိ အကြမ်းဖက်မှုကို အသုံးချ နိုင်ခြင်းနှင့် မတူကွဲ ပြားသည့် ဆန့်ကျင်ဖက် နိုင်ငံရေး အမြင်ရှိသူများကို ထိန်းသိမ်းထားနိုင် ခြင်းကြောင့် နိုင်ငံရေး အပြောင်း အလဲများ ဖြစ်လာစေရန် ပွင့်ပွင့် လင်းလင်း ထောက်ခံ ဖော်ပြလာကြခြင်းကို အောင်မြင်စွာ ထိန်းချုပ် ထားနိုင်လေသည်။

အယ်လ်ဘတ်အိန်းစတိန်း အင်စတီကျုမှ ဒေါက်တာဂျင်းရှပ်က ၎င်း၏ ရေးသားဖော်ပြချက်များကို ထောက်ပြခဲ့သလို လူများ က အကြမ်းဖက်မှုထက်စာလျှင်၊ အကြမ်းဖက်၍ အရေးယူခံရမည့်အရေးကို ကြောက်ရွံ့စိုးရိမ်စိတ်ကြောင့် ကြောက်ရွံ့စိုးထိတ် နေရမှု ၀န်းကျင်အနေအထားကို ဖြစ်စေပြီး လူထုကို နာခံလာစေသည်ဟု ဆိုပါသည်။ အမှန်တကယ် သက်ဝင်ထိရောက် သည့် တရားရေးစနစ်မရှိသ၍ စစ်အစိုးရ၏ လက်ကိုင်တုတ် လူမိုက်များကို အရေးယူအပြစ်ပေးရန် အတိုက်အခံများ အတွက် နည်းတခုမှာ ဥပဒေပြင်ပက အရေးယူဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်။ ဥပမာအားဖြင့် လူထုများကိုယ်တိုင်က ဖွဲ့စည်းထားသည့် တရားမျှတရေးအစုများ စုဖွဲ့နိုင်ပြီး၊ စွမ်းအားရှင်များကို လမ်းမများပေါ်တွင် ပြစ်ဒဏ်ခတ်နိုင်ကြပါသည်။ သူတို့၏ လူမဆန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြစ်ရှိကြောင်း "ပညာပေး" နိုင်ပါသည်။

ဤစွမ်းအားရှင်ဆိုသူများကို ၎င်းတို့နေထိုင်ရာ ရပ်ကွက်လူထုများက ကောင်းစွာသိထားကြပြီး၊ အချို့သောကိစ္စများတွင် လက်စွမ်းပြ အရေးယူခဲ့လျှင်တောင် သူတို့ဆောင်ရွက်ခဲ့သည့် မတရားမှု များကြောင့် အရေးယူအပြစ်ပေးခံကြရခြင်း ဖြစ်ကြောင်း သိသာစေကြမည် ဖြစ်ပါသည်။ သူတို့ကို ဆန့်ကျင်နေကြသူများ အဖို့လည်း အားတက်လာစေလိမ့်မည် ဖြစ်သည်။ အတိုက်အခံများဦးဆောင်သည့် လက်စွမ်းပြတပ်ဖွဲ့များက လူထုအတွင်း တည်ရှိနေသည့် အကြောက်တရားဝန်းကျင်ကို မဖယ်ရှားနိုင်ဟု ဆိုလျှင်သော်မှ အနည်းဆုံး နိုင်ငံရေးချိန်ခွင်လျှာ ဖက်နှစ် ဖက်စလုံးတွင် အကြောက်တရားကို သက်ရောက်မှု မျှတလာစေလိမ့်မည် ဖြစ်သည်။

ဖေဖေါ်ဝါရီလ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ ကြေညာသည့် သတင်းတပုဒ်တွင် စစ်အစိုးရလက်ကိုင်တုတ် လူမိုက် များကို အဓိကရည်ရွယ်တိုက်ခိုက်သည့် တိုက်ရိုက် လှုပ်ရှားမှုကို ရှားရှားပါးပါး ကြားခဲ့ရပါသည်။ သတင်းအရ စစ်အစိုးရနှင့် ဆက်စပ်ပတ်သက်နေသည့် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအဖွဲ့ဝင် လှိုင်သာယာမြို့နယ်နေ လူထုကို နှိပ်စက်နေသည် ဟု သတင်းကျော်စောနေသူတဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း ကြားသိရပါသည်။ ဤသတင်းကြောင့် အခြားကြံ့ဖွံ့ အဖွဲ့ဝင်များတွင်လည်း အလားတူ ကြောက်ရွံ့လာစေနိုင်ပြီး၊ လူထုကို ဖိနှိပ်ဆက်ဆံနေမှုများ သိသိသာသာ လျော့ပါးလာ ကြောင်း သတင်းအရ သိရှိရပါသည်။ အကယ်၍ ယခုလို လက်စားချေခံရမည့် ကြောက်ရွံ့စိုးရိမ်နေမှုများ ပိုမိုကျယ်ပြန့်လာ ပါက စစ်အစိုးရအဖို့ အတိုက်အခံများကို ထိန်းချုပ်စရာ အင်အား အရင်းအမြစ်များ ပို၍လျော့နည်းသွားပေလိမ့်မည်။ အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရေးအတွက်လည်း စဉ်းစားစရာ အချက်ဖြစ်လာစေမည် ဖြစ်သည်။

ဤသို့ ဆောင်ရွက်ရမည့်အစား ပြည်ပရှိ အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းနာကိုသာ တရားသေ ဆုပ်ကိုင် ထားပြီး ယခုအခါ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုထားမှုကို ပယ်ဖျက်ပေးရန် လှုပ်ရှားမှုကို အကြီး အကျယ် အားတင်းလုပ်ဆောင်နေကြပြန်ပြီ ဖြစ်သည်။ ကုလသမဂ္ဂသို့ တောင်းဆိုမှုဆိုသည်မှာ ယခုမှ စတင်လုပ်ဆောင်ကြ ခြင်း မဟုတ်ပါ။ ၁၉၉၆ ခုနှစ်က အလားတူ လှုပ်ရှားမှုသည် အောင်မြင်မှုမရဘဲ အဆုံးသတ်ခဲ့ရသလို၊ ယခုတကြိမ် လှုပ်ရှားမှု အောင်မြင်ရန် ပိုကောင်းသည့် အခွင့်အလမ်းများရှိနေသည်ဟု မျှော်မှန်းထားရန် အချက်အလက်များ ရှိမနေပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံရှိ အခြားသော နိုင်ငံများစွာက သူတို့ကိုယ်တိုင် ဒီမိုကရေစီဖြစ်ရန် ဝေးနေကြဆဲဖြစ်ပြီး အလားတူပြစ် ဒဏ်ပေးမှုများကို လုပ်ဆောင်ရန် လက်တွန့်နေနိုင်ပါသည်။ လာမည့်တနေ့တွင် သူတို့လည်း အလားတူလုပ်ထုံးမျိုးနှင့် ရင် ဆိုင်ရနိုင်သည်ဟု ကြိုတွေးစိုးရိမ်နေနိုင်ကြပါသည်။

သေချာသည်မှာ တရုတ်နှင့် ရုရှားနိုင်ငံတို့က ဒီမိုကရေစီထွန်းကားရေး အားပေးမည့်သူများ မဟုတ်ကြသလို၊ သူတို့၏ ထောက်ခံပံ့ပိုးမှု မရပါကလည်း ယခုနောက်ဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်ပြဆုံးဖြတ်စေရန် ကြိုးပမ်းချက်များ သည်လည်း အရေးနိမ့်မှုနှင့် ကြုံရမည်သာ ဖြစ်သည်။ အကယ်၍ သံတမာန်ရေး ကြိုးပမ်းမှုများကို အကောင်းဆုံးဆောင် ရွက် အောင်မြင်၍ ကုလသမဂ္ဂထိုင်ခုံမှ မြန်မာစစ်အစိုးရကို ဖယ်ရှားနိုင်သည်ထားဦး၊ ပြည်တွင်းတွင် အာဏာသုံးအုပ်ချုပ်နေ သည့် စစ်အစိုးရအပေါ် ထိခိုက်သက်ရောက်မှုမှာ အနည်းငယ်မျှသာ ရှိပါလိမ့်မည်။ ကုလသမဂ္ဂအတွင်း ကြိုးပမ်းဆောင်ရွက် နေမှုများကြောင့် ကမ္ဘာတ၀ှမ်းအာရုံစိုက် အလေးထားမှု ရလာနိုင်သည်ဆိုသော်လည်း အတိုက်အခံများ၏ နိုင်ငံတကာရှိ ကြိုးပမ်းချက်များမှာ စစ်အစိုးရ လှုပ်သာလှည့်သာအောင် အဓိကပံ့ပိုးပေးနေသည့် စင်္ကာပူနိုင်ငံအပေါ် အထူးအာရုံထား ဆောင်ရွက်သင့်လှပါသည်။ အကြောင်းမှာ အနောက်နိုင်ငံဘဏ်ကြီးများနှင့် ထဲထဲဝင်ဝင် ဆက်စပ်နေရသည့်၊ နိုင်ငံတကာ အကျိုးစီးပွားများနှင့် ပတ်သက်နေရသည့် စင်္ကာပူနိုင်ငံက ဖိအားပေးလျှင် အထူးထိခိုက်လိုက်လျောရနိုင်သည့် အနေ အထားရှိနေပါသည်။

စင်္ကာပူနိုင်ငံက တရုတ်နှင့် အခြားသောအိမ်နီးချင်း နိုင်ငံများသို့ လက်ညှိုးထိုးရင်း စစ်အစိုးရကို ပင်မထောက်ပံ့နေသူ အဖြစ် ၎င်းကို ဝေဖန်လာသမျှကို အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့ပါသည်။ စစ်အစိုးရ သက်ဆိုးရှည်အောင် အသက် ဆက်ပေးနေသူမှာ စင်္ကာပူသာ ဖြစ်ပါသည်။ စစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုများတွင် စင်္ကာပူ၌ ဘဏ် စာရင်း ရှိနေကြသည်ကို လူအများသိထားပြီး ဖြစ်ပါသည်။ စစ်အစိုးရ၏ အာဏာရှင် ခေါင်းဆောင်ကြီးများက နောက်ဆုံး ပေါ်နည်းပညာဖြင့် ဆေးကုသမှု ခံယူရန်အတွက် စင်္ကာပူသို့ မကြာခဏ ခရီးထွက်လေ့ ရှိကြပါသည်။ စင်္ကာပူအာဏာပိုင် များကလည်း နွေးထွေးစွာ တရားဝင်ကြိုဆိုလက်ခံခဲ့ကြပါသည်။ သို့သော်လည်း စင်္ကာပူနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အတိုက် အခံအင်အားစုများမှာမူ စစ်အစိုးရခေါင်းဆောင်များ ခရီးအလာတွင် ဆန္ဒပြမည်ဆိုပါက ကွဲပြားခြားနားစွာပင်၊ ဖမ်းဆီးခံရ မည့်အရေး၊ ဗီဇာ နေထိုင်ခွင့် ပယ်ဖျက်သိမ်းခံရမည့် အန္တရာယ်များ ကြုံကြိုက်နေကြရပါသည်။

စင်္ကာပူက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်အဆက်အသွယ်ရှိသည့် စီးပွားရေးလုပ်ငန်း အများအပြားကို လက်ခံခဲ့ပြီး စင်္ကာပူ နိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင်စေခဲ့ပါသည်။ စင်္ကာပူက ပိုက်ဆံအတွက် စီးပွားရေးကျင့်ဝတ်များကို ဘေးချိတ်ထားပြီး မြန်မာ စစ်အစိုးရအတွက် စီးပွားရေး တရားဝင် ဆောင်ရွက်နိုင်ရန် ဖုံးကွယ်၍ အကာအကွယ် ပေးထားပါသည်။ ကိစ္စများစွာတွင် အနောက်တိုင်းနိုင်ငံများက ချမှတ်ထားသည့် စီးပွားရေး၊ဘဏ္ဍာရေးပိတ်ဆို့မှုများကို ကျော်လွှားဆောင်ရွက်နိုင်ခွင့် ရစေခဲ့ပါ သည်။ မြန်မာ-စင်္ကာပူ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေမှု၏ ဥပမာတခုမှာ ဆေးလ်ဗားဝေ့ဖ် စွမ်းအင်ကုမ္ပဏီ (Silver Wave Energy) ဖြစ်ပါသည်။ သတင်းမီဒီယာများတွင်ဖော်ပြချက်အရ ဤစင်္ကာပူကုမ္ပဏီက စစ်အစိုးရနှင့် အိန္ဒိယ၊ ရုရှား ကုမ္ပဏီများအကြား သဘောတူညီမှု ရရှိအောင် ကြားဝင်၍ ပွဲစားဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော်လည်း ဤကုမ္ပဏီကို လေ့လာသုတေသနပြုကြည့်ရာတွင် ၎င်း၏ ဖုန်းနံပတ်နှင့် ရုံးခမ်းမှာ ရန်ကုန်မြို့၊ ထရိတ်ဒါးဟိုတယ်တွင် ရှိနေသည်ကိုလည်း တွေ့ရှိခဲ့ရပြန်သည်။

ဤအချိန်တွင် ပြည်ပရောက် အတိုက်အခံအင်အားစု၏ ခေါင်းဆောင်မှုအတွင်း၌ မထိရောက်တော့သည့် မဟာဗျူဟာချ မှတ်သူများ ဆက်လက်၍ အတူတူ နေရာယူ ဦးဆောင်နေကြဆဲ ဖြစ်ပြီး၊ သူတို့က မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုများ ဖြစ်ပေါ်စေရေးအတွက် အကြမ်းမဖက်နည်းနာကို အဓိကကဏ္ဍအဖြစ် ထားရှိ ဆောင်ရွက်နေကြဆဲ ဖြစ်သည်။ ဆယ် စုနှစ် ၂ ခုကျော် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်မှုများ မရှိဘဲ ဦးဆောင်နေကြခြင်းဖြစ်ပြီး၊ အတိုက်အခံအင် အားစုများ၏ ဦးဆောင်မှုမှာ သေနေပြီ ဖြစ်သည်။ အမြင်သစ်များကို ရှောင်လွှဲဖယ်ကျဉ်နေကြပြီး၊ အားလုံးတက်ညီ လက်ညီ ပါဝင်လှုပ်ရှားနိုင်မည့် မဟာဗျူဟာလည်း ကင်းမဲ့နေပါသည်။ သူတို့က ရှုံးပြီးသား မဟာဗျူဟာ လမ်းကြောင်းကိုပင် ဆက်လက် လျှောက်လှမ်းနေကြပြီး ဤအတွက်ကြောင့်ပင် ယခုလို ၀မ်းနည်းကြေကွဲ ဖွယ် မည်သို့မျှ မစွမ်းနိုင်သည့် အခြေအနေ ဆိုက်နေကြရခြင်း ဖြစ်ပါသည်။

အတိုက်အခံအင်အားစုများအနေနှင့် ဤအနေအထားသို့ ကျရောက်ရခြင်းမှာ အနောက်တိုင်းနိုင်ငံများမှ ဘဏ္ဍာရေး အကူ အညီများကို အကြီးအကျယ် အားကိုးမှီခိုခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဤအကူအညီများက အကြမ်းမဖက်လှုပ်ရှားမှု များအတွက်သာဟု ပွင့်ပွင့်လင်းလင်း ဖော်ပြထားကြပါသည်။ ဤသို့ ငွေကြေးအကူအညီများ လက်ခံရယူ နိုင်သော်လည်း အကြမ်းမဖက် လှုပ်ရှားမှုကို ဖြည့်ဆီးဖော်ဆောင်ပေးနိုင်မည့် စုပေါင်းညီညွတ်သော ထိုးစစ်ဆင် လှုပ်ရှားမှု များဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက်မှုကို အဟန့်အတား မဖြစ်စေသင့်ပါ။ အလားတူ စစ်အစိုးရနှင့် ၎င်းကို ပံ့ပိုးနေသူများ ကို ဦးတည်ချက်ထားသည့် အကြမ်းဖက်ရော၊ အကြမ်းမဖက်ပါ ပါသည့် နည်းပေါင်းစုံ အောင်မြင်သော စီမံချက်များဖော် ဆောင်နိုင်ရေးအတွက်လည်း လူအားငွေအား စသည်ဖြင့် အရင်းအမြစ်များကို ထိထိရောက်ရောက် စီမံကွပ်ကဲတတ်ရန် အလွန်အရေးကြီးပါသည်။ ဤသို့ ပူးပေါင်းလှုပ်ရှားမှုများ ဖြင့် အောင်ပွဲများရရှိခဲ့ကြောင်း သမိုင်းသက်သေများ ရှိထားပြီး ဖြစ်ပါသည်။

ပြည်ပရောက် ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင်များက အယူအဆဟောင်း၊ နည်းနာဟောင်း များကို ထပ်၍ တကျော့ကျော့ ပြောဆိုတင်ပြ နေကြပါသည်။ စစ်အစိုးရအုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် သူတို့မှာ နောက်ထပ်ရွေးကောက်ပွဲဝင်ရန် အခွင့်အလမ်းမရှိသလို၊ မည်သည့် မဲဆန္ဒနယ်ကိုမျှလည်း ပိုင်ဆိုင်ထားခြင်း မရှိကြတော့ပါ။ သူတို့တွင် ကျောထောက်နောက်ခံပြုထားသူဟူ၍ အနောက်တိုင်း ဆရာကြီးများသာ ရှိပါတော့သည်။ စကားပြောကြည့်ရာမှ တွေ့လာရသည်မှာ များစွာသော အတိုက်အခံများက သူတို့၏ ပြည်ပရောက်အနေအထားကို ဆက်လက်ဆုပ်ကိုင်ထားရန် လိုလားကြပြီး၊ လက်ရှိ ဘ၀တွင် နေပျော်နေကြပါသည်။ မအောင်မြင် အရေးနိမ့်ရသည့် မူဝါဒများ၏ ဆိုးကျိုးကို တိုက်ရိုက် မခံစားရသလို၊ သူတို့၏ ရဲရဲတောက်သတ္တိစွမ်းများကို အမှန်တကယ် ကြီးလေးစွာ မကြာခဏဆိုသလို နစ်နာခံစားကြရသူများမှာ မြန်မာပြည်တွင်းရှိ ပြည်သူများသာ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်တွင်းရှိ အတိုက်အခံခေါင်းဆောင်များမှာလည်း အလားတူပင် စစ်မျက်နှာပေါင်းစုံ တွင် အရေးနိမ့်ခဲ့ကြပါသည်။ စစ်တပ်တွင်း အာဏာလွန်ဆွဲမှုနှင့် အားပြိုင်မှုများကြောင့် ၂၀၀၄ ခုနှစ်က စစ်တပ်ထောက် လှမ်းရေး ကွန်ရက်ကို ဖျက်သိမ်းခဲ့စဉ်က ယာယီဖြစ်ပေါ်ခဲ့သည့် အားနည်းချက်ကိုလည်း အခွင့်ကောင်းယူ၍ အသုံးမချနိုင်ခဲ့ ကြပါ။ ထိုမျှမက တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ အကျယ်အပြန့် ထောက်ခံမှုအင်အားကို အရယူ၍ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများအတွက် ပို၍ ကြီးမားသည့် လှုပ်ရှားမှု ဖြစ်လာစေရန်၊ ထိုးစစ်သဘောဆောင်သည့် လှုပ်ရှားမှုများ ဖြစ်လာ စေရန်လည်း ပျက်ကွက်ခဲ့ကြပါသည်။ တချိန်တည်းမှာပင် စင်္ကာပူ၊ တရုတ်နှင့် စစ်အစိုးရကို အဓိက ထောက်ခံပံ့ပိုးနေသည့် နိုင်ငံများကို ပစ်မှတ်ထားလှုပ်ရှားရန်လည်း ပျက်ကွက်ခဲ့ကြပါသည်။ နောက်ဆုံးရလဒ်အနေနှင့် သူတို့က လက်ဦးမှု အားလုံးနီးပါး ဆုံးရှုံးခဲ့ကြရသည်။ အကယ်၍ လက်ရှိအခြေအနေအောက်တွင် လက်ရှိနည်းဗျူဟာများ နှင့် ဆက်သွားနေပါက သူတို့နောက်တကြိမ်ဆုံးရှုံးရဦးမည်ကို သဘောမပေါက်နိုင်လောက်အောင်ပင် သူတို့ ဖြစ်နေကြပါသည်။

ဘောလုံး လောင်းကစား ပိုမိုကျယ်ပြန့်လာ


Tuesday, 09 December 2008 17:15 ကြည်ဝေ
ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၄၉ ရပ်ကွက် အတွင်းမှ ခပ်မှောင်မှောင် ခပ်ကုတ်ကုတ် လက်ဖက်ရည် ဆိုင်ထဲတွင် ခုံတိုင်းစေ့ လူပြည့်နေတာ တွေ့ရသည်။ ဆိုင်ထဲမှာ ရှိရှိသမျှ လူအားလုံးသည် ညနေ ၆ နာရီ ၃၀ တွင် ထုတ်လွင့်မည့် Histon နဲ့ Leeds ဘောလုံး ပွဲစဉ် ကြည့်ရန်အတွက် တီဗီရှေ့သို့ပင် မျက်နှာမူလျက် အဆင်သင့်ရှိနေကြပြီဖြစ်သည်။

သူတို့ လက်ထဲတွင် ဒိုင်မှ ဝေထားသော ပွဲစဉ်များနှင့် လောင်းကြေးစာရွက်လေးများကို ကိုယ်စီကိုင်ထားကြပြီး လောင်းကြေးဘယ်လောက်ထိုးမည် ဘယ်လို လောင်းမည် ဟု ဆိုင်ထဲတွင် ဘောလုံးပွဲ လောင်းကြေးကိစ္စ ဖြင့် ဆူညံနေကြပြီ။

ထိုအချိန်တွင် ထိုလက်ဖက်ရည်ဆိုင်လေးသာမက မြန်မာနိုင်ငံတွင်းမှ ရုပ်မြင်သံကြားစက်ဖြင့် 5-movie လိုင်းတပ်ဆင်ထားသော လက်ဖက်ရည်ဆိုင်များအားလုံး ထိုကဲ့သို့ပင် ဘောလုံးပွဲ လောင်းသူများနှင့် ပြည့်နေ တတ်သည်။

ယနေ့ခေတ်လက်ဖက်ရည် ဆိုင်များမှာ လက်ဖက်ရည်ရောင်းခြင်းနှင့် ဘောလုံးပွဲပြခြင်းကို စီးပွားရေးလုပ်ငန်း တခုအနေနှင့်တွဲပြီးပြုလုပ်တတ်သလို၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်များ၏ ၈၀ ရာနှုန်း ခန့်ကလည်း ဘောလုံးပွဲ လောင်းရာတွင် ဒိုင်အဖြစ်ဆောင်ရွက်လေ့ရှိကြောင်း ဘောလုံးပွဲလောင်းသူ တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပရီးမီးယားလိဂ်ပွဲစဉ်၊ အီတလီ စီးရီးအေ ပွဲစဉ်၊ စပိန် လာလီဂါပွဲစဉ်၊ စီတီလေးပွဲစဉ်၊ ဘွန်ဒတ် စလီဂါ ပွဲစဉ် စသည့်ပွဲစဉ်များအား လောင်းကြသလို၊ တိုင်းနှင့်ပြည်နယ်ပွဲများ၊ ချစ်ကြည်ရေးပွဲများကိုလည်း လောင်းလေ့ရှိကြောင်း သိရသည်။

ဘောလုံးပွဲစဉ်များရှိသည့် သြဂုတ်လမှ မေလအထိ ကာလများတွင် လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များ၊ ဘောလုံးပွဲပြလေ့ရှိသော ဗီဒီိယို ရုံများတွင်သာ ဘောလုံးပွဲ လောင်းသူများနှင့် ပြည့်နေတတ်သည် မဟုတ်၊ ကာရာအိုကေအခန်းများဟု ခေါ်သော KTV အခန်းများတွင်လည်း(တယူနစ်) ဘောလုံးပွဲ တပွဲစာ အခကြေးငွေ ပေးပြီး ဘောလုံးပွဲလောင်းကြသလို၊ ငွေကြေးချမ်းသာသူများက ဟိုတယ်ကြီးများတွင် နှစ်ယောက်ခန်း၊ မိသားစု ခန်းများ ယူကာ ညလုံးပေါက် စားကြ သောက်ကြရင်း ဘောလုံးလောင်းကစားသမားများစုကာ လောင်းကြ ကြောင်း သိရှိရသည်။

"မြန်မာနိုင်ငံမှာ ၂ လုံး ထီထိုးတာ ပြီးရင် ၁ လုံးလို့ခေါ်တဲ့ ဘောလုံးပွဲ ထိုးတာ အများဆုံးပဲ၊ ခုဆို အမျိုးသားတွေ ရော၊ အမျိုးသမီးတွေပါ ထိုးလာကြတာ လူ ၁၀ ယောက်ရှိရင် ၈ ယောက်လောက်က ၁ လုံးထိုးကြတယ်" ဟု ဘောလုံးပွဲ ဒိုင်ကိုင်သူ တဦးက ပြောဆိုသည်။

ဘောလုံးပွဲများကို လက်ဖက်ရည်ဆိုင်များ၊ ဘောလုံးပွဲပြသသော ရုံများမှ ကိုယ်စားလှယ်ဒိုင်များထံတွင် ထိုးလို့ ရသလို၊ တယ်လီဖုန်းများဖြင့်လည်း ထိုးလို့ရကြောင်း၊ တယ်လီဖုန်းဖြင့် ထိုးရာတွင် ညစဉ်ပိုက်ဆံရှင်းစရာမလိုဘဲ တပတ်တခါ၊သို့မဟုတ် ၂ ပတ် တခါမှ ထိုးကြေးများကို ရှင်းပေးရခြင်းဖြစ်ကြောင်း ဘောလုံးပွဲကစားသူများထံမှ သိရှိရသည်။

ဘောလုံးပွဲထိုးသူများ တဖြည်းဖြည်းနှင့်တိုးလာသလို ဒိုင်ကိုင်သူများလည်း တိုးလာကြောင်း လွန်ခဲ့သော ၁၉၉၀ ခုနှစ်က ရပ်ကွက်တခုတွင် ဘောလုံးပွဲ ဒိုင် ၃ ဦး ၄ ဦးခန့်သာ အများဆုံး ရှိသော်လည်း ယနေ့ ၂၀၀၈ တွင် ဘောလုံးပွဲ ဒိုင်များမှာ ထိုးကြေးများပေါ်တွင် မူတည်ပြီး ရပ်ကွက်တခုတွင် အနည်းဆုံး ဒိုင် ၃၀ ကျော်ခန့် ရှိနေကြပြီဖြစ်ကြောင်း ဘောလုံးပွဲ ဒိုင်ကိုင်သူက ပြောဆိုသည်။

သူတို့ မြောက်ဒဂုံ ၄၉ ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ပေါင်း ၄၀ ကျော်ရှိပြီး ဘောလုံးပွဲပြသော လက်ဖက်ရည် ဆိုင်မှာ ၄၀ တိတိရှိကြောင်း၊ ဘောလုံးပွဲပြသော ရုံမှာမူ ၁၆ ရုံ ရှိကြောင်း အဆိုပါရပ်ကွက်တွင်း စာရင်းကောက် ယူမှု အရေ သိရှိရသည်။

ထိုကဲ့သို့ပင် ယုဇနဥယျာဉ်မြို့တော်တွင်လည်း မိသားစုပေါင်း ၁၅၀၀ ခန့်ရှိရာ ဘောလုံးပွဲ ပြသာရာ လက်ဖက် ရည်ဆိုင်၊ ဘီယာဆိုင်၊ ဗီဒီယိုရုံ စုစုပေါင်း ၂၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရှိရသည်။

ဘောလုံးပွဲထိုးသူအများစုမှာ ဘောလုံးပွဲ ၀ါသနာပါသောကြောင့်မဟုတ်ဘဲ ငွေလိုချင်သောကြောင့် ထိုးကြသူများ ကြောင်းနှင့် ၀င်ငွေနည်းပြီး အပိုအသုံးစရိတ်များတက်လာသောကြောင့် စွန့်စားပြီးထိုးသူများလာခြင်းဖြစ်ကြောင်း ဘောလုံးပွဲ လောင်းနေသူ တဦးက ဆိုသည်။

"ကျနော်တို့လောင်းနေတာက အဓိကက ပိုက်ဆံလိုချင်လို့ပဲဗျ၊ ရတဲ့ လစာနဲ့လည်း မလောက်ဘူး၊ အပိုဝင်ငွေရ အောင် သူငယ်ချင်းတွေလည်း ဒီလိုနည်းနဲ့ လုပ်နေတာပဲ၊ ကျနော်လည်း အဲဒီထဲက တယောက်ပေါ့" ဟု အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦးက ပြောဆိုသည်။

ယနေ့ ဘောလုံးပွဲလောင်းသူများထဲတွင် အသက် ၁၀ နှစ်နှင့်အထက်မှ အရွယ်စုံ တွေ့ရပြီး အများဆုံးလောင်း နေကြသူများမှာ အသက် ၂၀ ၀န်းကျင်အရွယ်မှ အသက် ၅၀ ၀န်းကျင် အရွယ်အမျိုးသားများဖြစ်နေကြောင်း တွေ့မြင်ရသည်။

လောင်းကြေးများမှာလည်း အနည်းဆုံး ကျပ် ၅၀၀၊ ကျပ် ၁၀၀၀ မှ ကျပ် သိန်းရာချီပြီးလောင်းနိုင်သော ဒိုင်ကြီး များလည်း ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သော အပတ်တုန်းက ချယ်လ်ဆီးအသင်းဘက်မှ လောင်းရာတွင် သိန်း ၃၀ လောက် အနိုင်ရလိုက်သော အသက် ၄၅ နှစ်အရွယ် ကိုအောင်မြင့်အေးသည် ဒီတပတ်လုံး ရှုံးသည့်အတွက် နေသည့်အိမ်ကိုပါ ပေါင်လိုက်ရ သည် အထိ ရှုံးသွားကြောင်း ပြောဆိုသည်။

"ဒီနေ့ ကားစီးပြီး နောက်နေ့ စီးစရာကားမပြောနဲ့ တက္ကစီခတောင် မကျန်တော့တဲ့ နေ့တွေ၊ မိဘ အမွေတွေ အကုန် ပြောင်တဲ့ အဖြစ်တွေ ကျနော် ကြုံခဲ့ဖူးတယ်၊ ခုလဲ အိမ်ပေါင်လိုက်ရပြီ ဒါပေမယ့် ဘောလုံးပွဲလောင်းတာ ကို ကျနော် မဖြတ်နိုင်တော့ဘူး" ဟု သူ ပြောသည်။

ခုလို လူအများဘောလုံးပွဲလောင်းနေကြခြင်းမှာ စီးပွားရေးလုပ်ငန်းများတွင် မသေချာ မရေရာမှုများ များလာသော ကြောင့်ဖြစ်ကြောင်း၊ ဘ၀ အာမခံချက်နည်းလာသည့်အတွက် လူငယ်များလည်း ဘောလုံးပွဲများဆီ ရောက်ကုန် ကြခြင်းဖြစ်ကြောင်း စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခတဦးက သုံးသပ်သည်။

"ခေတ်ပျက်လာလေ လောင်းကစားပိုလုပ်လာလေဆိုတဲ့ သဘောပဲ၊ တိုင်းပြည်စီးပွားရေးကျပြီး လူတွေကြပ်တည်း လာတာနဲ့ အမျှ လောင်းကစားဝိုင်းတွေ ပိုများလာမှာပဲ၊ ခုလဲ ဘောလုံးပွဲလောင်းတဲ့သူ ဟာ ၂ မျိုးပဲ ရှိတယ်၊ ငွေလိုချင်လို့ လုပ်တဲ့သူနဲ့ ၀ါသနာပါလို့ လုပ်တဲ့သူ ပေါ့၊ သေချာကြည့်ရင် ငွေလိုချင်လို့ လောင်းတဲ့သူက ပိုများ လာတယ်" ဟု ၎င်းက ပြောဆိုသည်။

လောင်းကြရာတွင်လည်း အခြေခံလူတန်းစားအများစုလောင်းသည်မှာ “မောင်း” ဟု သိရပြီး ထိုနည်းမှာ အနည်းဆုံး လောင်း ကြေး ကျပ် ၁၀၀၀ နှင့် ၄ ပွဲ လုံး မှန်အောင်လောင်းနိုင်ပါက ၁၃ ဆ ရရှိမည်ဖြစ်ပြီး တပွဲ ရှုံးပါက ထိုးကြေး ၁၀၀၀ ကို ဒိုင်စားသည့် စနစ်ဖြစ်ကြောင်းသိရှိရသည်။

မောင်းစနစ်တွင် အနည်းဆုံး ပွဲ ၄ ပွဲ လောင်းလို့နိုင်ပါက ၁၃ ဆ၊ ပွဲ ၅ ပွဲလောင်းနိုင်ပါက ၂၃ ဆ၊ ပွဲ ၆ ပွဲလောင်းနိုင်ပါက ၃၂ ဆ၊ ၇ ပွဲလောင်းနိုင်ပါက ၇၄ ဆ၊ ၈ ပွဲလောင်းနိုင်ပါက အဆ ၁၀၀ ရရှိမည်ဖြစ်ပြီး ထိုပွဲများတွင် ၁ ပွဲရှုံးပါက လည်း အရှုံးဟု သတ်မှတ်ကာ ထိုးကြေးငွေကို ဒိုင်စားခြင်းဖြစ်သည်။

အခြားနည်းတခုမှာ တပွဲချင်းလောင်းသော focus လောင်းနည်းဟု ခေါ်သော နည်းဖြစ်သည်။ ထိုနည်းမှာ ဂိုးအရေအတွက်ကို သေချာစဉ်းစားပြီး လောင်းသော နည်းစနစ်ဟုသိရကာ လူသုံးများသော လောင်းနည်းဖြစ် ကြောင်း သိရှိရသည်။

အခြားနည်းတခုမှာ အနိုင်အရှုံး လောင်းနည်းဖြစ်ပြီး ထိုနည်း ပေါက်ကြေး ဈေးမှာ တရုတ်ဒိုင်များက ဖွင့်သည့် ဈေးဖြစ်ကြောင်း သိရှိရသည်။ ထိုနည်းကိုလည်း ဘောလုံးကစားသမား ၀ါရင့်များက အများဆုံး ကစားကြကြောင်း ဘောလုံးဒိုင်တဒိုင်မှ ၀န်ထမ်းတဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဘောလုံးပွဲများကို အားကစားအနေနှင့် အားပေးသူများထက် လောင်းကစား တခုအနေနှင့် လောင်းကစား လုပ်သူများက ပိုများလာကြောင်း၊ လူတန်းစားအသီးသီး က ဘောလုံးပွဲ ရာသီများဖြစ်သော သြဂုတ်လမှ မေလအထိ ရာသီချိန်တလျှောက်လုံးလောင်းလျက်ရှိသောကြောင့် သူဌေးဖြစ်သွားသူရှိသကဲ့သို့ မွဲတေသွားသူများ ရှိလာကြောင်း၊ စီးပွားဖြစ် လုပ်လာသူများလည်း တဖြည်းဖြည်းနှင့်များ လာကြောင်း ဘောလုံးပွဲ လောင်းနေသူ တဦးက ဆိုသည်။

"ဘောလုံးဂျာနယ်တွေ ရောင်းအားကောင်းနေတာ ဘောလုံးပွဲ အနိုင်အရှုံးခန့်မှန်းချက်တွေ ပါလို့ပဲ၊ လူတွေက ဘောလုံးဂျာနယ် ၀ယ်ဖတ်တယ်ဆိုတာ အားကစား စိတ်ရှိလို့မဟုတ်ဘူး လောင်းချင်လို့" ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ်များတွင် ဘောလုံးဂျာနယ်များမှာ ရောင်းအား အကောင်းဆုံးဖြစ် လျက်ရှိပြီး ထိုဂျာနယ်များမှာ ပွဲစဉ်များ၏ အနိုင်အရှုံးများကို ခန့်မှန်းရေးသားကြသလို၊ လောင်းကြေးများကိုလည်း ဖော်ပြပေးလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ ဘောလုံးဂျာနယ်များတွင် ဘောလုံးပွဲစဉ်များ၊ အနိုင်အရှုံးခန့်မှန်းချက်များနှင့် လောင်းကြေးများကိုပါ ထည့်သွင်းဖော်ပြကြသောကြောင့် ရောင်းအားတက်လာသည်ကို တွေ့ရသည့်အတွက် သတင်းဂျာနယ်များက လည်း ဘောလုံးပွဲအနိုင်အရှုံးခန့်မှန်းချက်များကို ပါ စာမျက်နှာပေးပြီး ဖော်ပြလာကြသည်။

"ခန့်မှန်းတာ မှန်တဲ့ ဂျာနယ်က တက်သွားတာပဲ။ စောင်ရေများချင်ရင် တက်ချင်ရင် ဘောလုံးပွဲ ကို နိုင်အောင် ခန့်မှန်းတတ်ဖို့လိုတယ်၊ ခုဆို သတင်းဂျာနယ်တွေမှာတောင် ခန့်မှန်းတာတွေ ဖော်ပြလာကြပြီ" ဟု ဂျာနယ် အရောင်းဆိုင်ရှင် တဦးက ဆိုသည်။

တချို့ဘောလုံးဂျာနယ်များမှာ ဒိုင်များနှင့်ပေါင်းပြီး ဒိုင်ဘက်က နိုင်အောင် ရေးပေးသော ခန့်မှန်းပေးသော ဂျာနယ်များလည်း ရှိသည်ဟု ၄င်း၏ ပြောပြချက်အရ သိရသည်။

ဘောလုံးပွဲလောင်းရာတွင် အကျိုးအမြတ်ရှိသူများမှာ ဒိုင်များသာဖြစ်ပြီး ဒိုင်များမှာ ဘောလုံးပွဲစဉ် တော်တော် များများတွင် နိုင်လေ့ရှိကြောင်း ၊ ဘောလုံးပွဲလောင်းသူ နိုင်ပါကလည်း ၅ ရာနှုန်းကို ဒိုင်များအား ပေးရလေ့ရှိ ကြောင်း သိရှိရသည်။

ဘောလုံးပွဲလောင်းကြသူအများစုမှာ ဘောလုံးရာသီဖြစ်သော သြဂုတ်လမှ မေလထိ တောက်လျှောက်ရှိသမျှ ဘောလုံးပွဲစဉ် တိုင်းကို လောင်းနေကြခြင်းဖြစ်ပြီး ဒိုင်များသာလျှင် စီးပွားဖြစ်သွားလေ့ရှိကြောင်း ဂျာနယ် အရောင်းဆိုင်ရှင်က ပြောဆို သည်။

လက်ရှိ ဒိုင်လုပ်နေသူများမှာ ငွေကြေးအရင်းအနှီးနည်းသူရော၊ များသူများ ရှိကြောင်း တချို့ဒိုင်ကြီးများမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများသို့ပါ ဆက်သွယ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်းလည်း သူက ပြော သည်။

မြန်မာနိုင်ငံတွင် ဘောလုံးပွဲလောင်းချင်းသည် တရားမ၀င် လောင်းကစား တခုဖြစ်သောကြောင့် ဘောလုံးပွဲဒိုင် လုပ်သူများမှာ ရဲတပ်ဖွဲ့များထံသို့ ပုံမှန် လိုင်းကြေး ပေးနေရကြောင်း သိရသည်။

"လိုင်းကြေးက အမျိုးမျိုးပဲ ရပ်ကွက်နယ်ထိန်းလောက်ဆိုရင် ၁ ရက်ကို ၁ ထောင် ၂ ထောင်လောက်ပေးရင် ရတယ်၊ တိုင်းကနေ ဆင်းလာတဲ့သူဆိုရင်တော့ အနည်းဆုံး ၃ ထောင် ၅ ထောင်ကနေ သူတို့တောင်း သလောက်ပေးရတာပဲ" ဟု ကျောက်တံတားမြို့နယ် ဘီယာဆိုင်တဆိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လောင်းကြေးများများကိုင်ကာ ရပ်တည်နေကြသော ဒိုင်များမှာ စီးပွားရေးလုပ်ငန်း ရှင်ကြီး များဖြစ်နိုင်သည်ဟုခန့်မှန်းနေကြပြီး ထိုဒိုင်များမှာ ဒိုင်ခွဲများ အမြောက်အမြားထားရှိကာ ၄င်းတို့အား လူမသိစေ ရေးအတွက် နာမည်မထွက်ရန် ကာကွယ်ထားကြကြောင်း သိရသည်။

ရေခဲအိမ်


အခြားနံရံ တဘက်တွင် နေ့ သည်အမှောင်ရောင် အဆိုးခံရလျှက် ပိန်းပိတ်အောင် မဲနက်နေသည်။
ပြတင်းပေါက်များ သည်လည်းကောင်း မြေနီရောင်လမ်းမ များသည်လည်းကောင်း အိမ်နံရံများ
သည်လည်းကောင်း အမှောင်ကြားတွင် ပြားပြားဝပ်လျက် ..
မီးလုံးဝါ၀ါများသာ ကျမ ဘက်မှာမရှိလျှင် ကျမလည်း အမှောင်အောက်မှာ ထိုင်နေရမှာ ..
လရောင်ဖြူဖြူများ ဖြားကျနေတတ်သော မြန်မာပြည်က ည များက လရောင်တွေတောင်
အခုလောက်ဆို မြောက်ဝန်ရိုးစွန်းမှာများ အေးခဲနေမလား ကျမ မသိနိုင်ပါ ။

ကျမ အသဲနှလုံးကိုတော့ အေးခဲအောင် သို့ မဟုတ် အေးစက်အောင်ကြိုးစားလို့ မရသေး ..
----------------------------------------------------------------------------------------

တစုံတဦးက ကျမအိမ်အပြန်ကို စောင့်မျှော် မနေလျှင် ထိုနေရာသည် အိမ်မဟုတ်
လို့ ကျမယုံကြည်ထားပါသည်။ ဒါသည် တိုင်ခန်း ဒါမဟုတ် အိမ်ခန်းသာ ဖြစ်ရမည် ။
ကျမမှာ အိမ်မရှိခဲ့တာ ၄နှစ် နီးပါးကြာခဲ့ပြီ ။

အခန်းတွေ တခုပြီးတခုပြောင်းရွေ့ လျက် ငှားရမ်းလျှက် ကိုယ်မပိုင်သော နေရာတွေမှာ ကျမနေခဲ့သည် ။
လေးလ တကြိမ် အမေရှိသော အိမ်ကို ကျမပြန်ခဲ့သည် ။ သို့ သော် ဒီတကြိမ်မှာတော့ အရင်လို
ကျမ အိမ်ပြန်ခွင့် လွတ်ကျသွားလေသည်။

လူငယ်တယောက် ရဲ့ မိုက်မဲခြင်းလား မြမိုရ်တောင်ကို ပြစ်ပေါက်ရင်း ကွဲကြေသွားလွင့်စင်သွားသော
ဆီးစိ လေးမှာ ကျမလား ..
ညောင်သီးသာစားရင်း လေးသုံကို နားမစွင့်မိသော ကျမသည် ချီကွေဗား လို လူတန်းစား တရပ်လုံးဧ။်
ရောဂါကို မကုနိုင်သေးခင် အိမ်အလွမ်းရောဂါ စွဲကပ်လျက် မိန်းမောရလေသည် ။
ထိုအချိန်တွင် ချစ်သူနှင့် ကျမ ဆုံရလေသည် ။

သူနှင့် ကျမ ပြောစရာ အနည်းဆုံးအကြောင်းအရာသည် နိုင်ငံရေးဖြစ်သည် ။ သို့ သော် အသိမိတ်ဆွေများ
အကြောင်းပြောမိသောအခါ ကျမက ကျောင်းတုန်းကလေ လို့ အစ ချီလျှက် သူက တော်လှန်ရေးထဲကလေ
ဟု သုံးနှုန်းတတ်လေသည် ။
ကျမတို့ နှစ်ယောက်သည် အစွန်း တဘက်တွင် အတူတကွ ရပ်နေပါလျှက် မျက်နှာခြင်းမဆိုင်ဖြစ်သော
စုံတွဲသာ ဖြစ်လေသည် ။

ကျမတွင် လူသိပ် မသိသော ဘလော့လေးတခုရှိလျှက် သူ့ ထံတွင် ဆန်းကြယ်သော သမိုင်းတခုရှိလေသည်။
သူသည် Pop website များကို ဖတ်လျှက် ကျမ က နိုင်ငံရေး website များကိုသာ အဖတ်များပါသည်။
ကျမသည် မေလတရက် တွင် အိမ်မှ အပြီးတိုင်ခွဲခွာခဲ့ ရလေသည် ။ သူသည် နှစ်ပေါင်းများစွာ
ကတည်းကပင် သူ့ အိမ်ကလေး ပြန်ခွင့်ပျောက်ဆုံးထားလေသည် ။
သစ်ရွက်များ မကြွေခင် နှင်းတို့ မလာခင် ကပျာကယာ တည်ခဲ့သော ကျမတို့ အိမ်ကလေးသည်
သူ့ အတွက် အခန်းလေးတနေရာထက် အဓိပ္ပါယ် မပိုမှန်း ကျမသိပါသည် ။

တခါတရံ ထမင်းအတူစား ချင်သော ကျမနှင့် , တဦးတည်း ရပ်တည်ချင်သော ချစ်သူတို့  လမ်းခုလပ်တွင်
ခလုပ်တိုက်သောအခါနာကြင်ရသူမှာ ကျမသာ ။
တခါတရံ နေရာကျဉ်းလေးကို ရှင်းလင်းချင်သော , လိုသည်ထက်ပို ဂရုစိုက်မိသော
ကျမ နှင့် စိတ်ရှုပ်လာသော အနှောင်အဖွဲ့ များကို မုန်းတီးသော ကျမချစ်သူတို့ သည် ရန်သူ များ ဖြစ်လာ ပြန်သည် ။
အဖြေရှာချင်သော ကျမ , ပြသနာကို မေ့ပျောက်ပြစ်ချင်သော ချစ်သူကို
မေးခွန်းများနှင့် ပြစ်ပေါက် သော အခါ ကျမလိုချင်သော အဖြေကားမရ ….
ဆွဲခါ ကိုင်ဆောင့်ချင် လောကအောင် ကျမဒေါသတို့ ဆူဝေ တတ်လာ သောအခါ လမ်းခွဲမယ်
ပြောတိုင်း တိတ်တဆိတ် တဘက်သို့ လှည့်နေတတ်သော ချစ်သူကို ပွေ့ ဖတ်ခါ ငိုမိတိုင်း ကျမတို့ 
အိမ်ကလေးသည် လှုပ်ရမ်းခါနေသည်ဟု ထင်မိသည် ။

တဘက်သတ် ကျမသတ်မှတ်ထားသော ကျမရဲ့ အိမ် .. ကျမရဲ့ မိသားစုကား ဒဏ်ရာဒဏ်ချက်
လိုအပ်ချက် တို့ ကို ကျမ တဦးတည်း ထားရှိသော အနှောင်အဖွဲ့ များက မကုစားနိုင်ပါ ။
ကြီးမား လှသော အဓိပ္ပါယ်ကို တဦးတည်းထမ်းပိုးရင်း ကျမ လက်ချောင်းတို့ တစစ်စစ်
နာကျင်လာလေသည် ။ အကူအညီတောင်းရန် စကားလုံးကား ပျောက်ဆုံးလျှက် ….
ကျမသာ သည် နေရာမှနေ ခွဲခွာရတော့ မည်ဆိုလျှင် ကျမ မုန်းသော ရေခဲထားသည့်
အစားအသောက်များလို ကျမ နှလုံးသားနှင့်တကွ အိမ်ကလေးကို ရေခဲပြီးထားခဲ့ချင်ပါသည် ။

မနွေးထွေးစေနိုင်တော့သော ကျမလက်များ မေတ္တာများ စိတ်ကူးများ နှင့် ချစ်ခြင်းများကို
မပျောက်ဆုံးနိုင်မည့် နေရာမှာ ထားခဲ့ရင်း လာရာအရပ်ကို အိမ်မက်ဗလာနှင့် ပြန်လှည့်ရန်
ကျမခြေထောက်များကအသင့်ဖြစ်လျှက် ။

သို့ သော် အသဲနှလုံးများကား မအေးခဲနိုင်သေး ။

မလေးမေ

အောင်ဆန်းပေးတဲ့မြန်မာပြည်



ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ





(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။""

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

Burma's junta finds no laughs in political satire

Burmese comedian Zargana, who uses only one name, is seen joining a street protest in this Sept. 24, 2007 file photo. He was sentenced to a prison term of 45 years with no chance of parole for criticizing the government's response to Cyclone Nargis.

08, 2008 04:30 AM
Comments on this story (5)
Marc Kielburger
Craig Kielburger

When it comes to comedian Zargana, no one's laughing.

Any person who has ever performed knows how hard this can be. In comedy, moments of silence feel like an eternity.

But Zargana, whose real name is Muang Thura, has a very tough audience. You see, the silence isn't due to lack of skill – his sharp wit has been critically acclaimed. It's not because his words are boring – his writing has won international awards. And, the moments don't feel like eternity, exactly.THE ASSOCIATED PRESS FILE PHOTO 5505

They feel like 45 years.

This is because Zargana's audience is Burma and that country's military junta is less than impressed with his political satire.

Zargana is no stranger to the inside of a Burmese prison cell. But, this time, the comedian, poet and dissident went too far. He was incarcerated for criticizing the government's response to Cyclone Nargis and leading a private relief effort.

On Nov. 21 he was sentenced to a prison term of 45 years with no chance of parole.

Mark Twain once said, "The human race has one really effective weapon and that is laughter." We here in North America have the power to wield that weapon live from New York, every Saturday night, and pretty much whenever else we want.

"It's not enough to say we are lucky to have these freedoms," says Marian Botsford Fraser, a co-ordinator with PEN Canada, an organization that advocates for freedom of expression. "We have to use this freedom to protect people like Zargana and pressure our own governments to stop these terrible crackdowns."

Political satire has long played an important role in the commentary on our political system. Comedy carries with it an element of truth. It makes us think critically and commands accountability. We've seen that through Jon Stewart's criticism of the Iraq War. Since 1970, the Royal Canadian Air Farce has impersonated our leaders, drawing our attention to their policies and making us think twice when casting our ballots.

But these comedians have done it while drawing ratings and without the fear of imprisonment.

Zargana's story starts off similarly. In the late 1980s, the dentist (Zargana means "tweezers") began his career as a comedian, appearing on Burmese television farcically detailing the failures of government. His programming received high ratings and delighted fans.

Then in 1988, Zargana was arrested for taking part in the nationwide uprising demanding democracy. He would spend the next few years in and out of jail as the government stepped up its brutal campaign of repression.

Zargana's "crimes" are eerily similar to our regular programming. In 1990, he was imprisoned for impersonating Gen. Saw Maung, former head of the military government. His videos and poems have been banned.

His latest offence – the one that carries the 45-year penalty – involved organizing a group of entertainers to provide disaster relief.

"It's just heartbreaking that a man who was actually in the act of helping people was arrested," says Fraser. "He was doing the work the government was supposed to be doing."

You would be hard-pressed to find a person in North America who would label Tina Fey's job as dangerous or expect to see Rick Mercer imprisoned (unless it's part of a sketch, of course).

But, it's our job to make sure we don't stay silent. If laughter is our greatest weapon, then we have the tools for change at our disposal.

The world is waiting for the punch line.

Craig and Marc Kielburger are children's rights activists and co-founded Free The Children, which is active in the developing world. Online: Craig and Marc Kielburger discuss global issues every Monday in the World & Comment section. Take part in the discussion online at thestar.com/globalvoices.

Comments on this story are moderated| Login to Comment Commenting Guidelines

Maybe people are not taken in prison in our democratic societies,but... at least in my country and I am sure in America as well, governments have their own remedies to shut people's mouths. For exemple: They can take care that your career is ru?ned somehow, tell lies about you in the media, (something they do sometimes to get rid of certain politicians), sabotage your research (if your are a scientist or journalist)or attack you unfairly in all possible ways. Even our democracy is not always as free as we think it is. And humour...that works to make things understandable yes...when a scandal is brought to light, or to make things more ridiculous then they already are. But after all: of course terrible that this man, Zargana, is taken in prison for 45 years.

Submitted by marije at 4:56 AM Tuesday, December 09 2008