Friday, December 19, 2008

အိမ်ငှားရာ တွင် မိမိ ကိုယ်ကို ကာကွယ်နည်း ၅မျိုး

အိမ်ငှားရာ တွင် မိမိ ကိုယ်ကို ကာကွယ်နည်း ၅မျိုး

ယခုအခါ တွင် သင်က အိမ်ရှင် နှင့် ပြနာ ရှိချင်မှ ရှိမည်။ ကံမကောင်း အကြောင်းမလှ သဖြင့် အခြေအနေ ပြောင်းလဲခဲ့သော် သင့်အနေနှင့် အသင့်ဖြစ်နေဖို့ အရေးကြီး ပါသည် ။

အဖြစ်အပျက် အရာခပ်သိမ်း ကို မှတ်တမ်းပြု ထားပြီး စာရွက်စာတမ်းများ နဲ့ ပြေစာ လက်မှတ် များကို စာရွက် စာတမ်း ထည့်သော အိတ်တွင် တွဲလျှက် သို့ မဟုတ် စာအိတ်ကြီး ထဲတွင်

သိမ်းထားကာ အောက်ပါ စိတ်ကူးများကို စဉ်းစား ထားပါ။

(၁) ပြေစာလက်မှတ် များကို ရအောင်ယူပါ

Þ ပြေစာ လက်မှတ် များကို သင်တောင်းနိုင် သော်လည်း ဥပဒေအရ အိမ်ငှားခကို ငွေလက်ငင်း နှင့် အပြေပေးချေ မှသာလျှင်အိမ်ရှင်က ပြေစာ လက်မှတ်

ထုတ်ပေးရန်လိုအပ်သည်။ အိမ်ရှင်က ဥပဒေ မလိုက်နာဘဲ ငွေရပြေစာ လက်မှတ်ကို ထုတ်ပေးရန် ငြင်းဆန် ခဲ့သော် အခြားနည်းလမ်းဖြင့် သင်တကယ်အိမ်လခ ပေးကြောင်း ကို

သက်သေပြနိုင် ရမည် ။ ဖြစ်နိုင်လျှင် ချက်လက်မှတ် သို့ မဟုတ် ဘဏ်တိုက် ငွေပို့ လွာ ဖြင့် ပေးသော်ပိုပြီး ကောင်းပါသည်။

ထို့ အပြင် အိမ်လခ ပေးသော အခါ သက်သေတယောက် ရှိထားပါ ။

(၂) စာ နှင့် ချရေးထား ပါ

Þ အဖြစ်ပျက် ကို စာနှင့် ချ ရေးထားလျှင် မှတ်တမ်း ဖန်တီးပြီးသား ဖြစ်မည်။ နောင် တွင် သင့် အတိတ်ဖြစ်ရပ် မှန်ကန်မှုကို စစ်ဆေးရန် လိုအပ်လာနိုင်ပါသည် ။

နာမည် များ၊ ရက်စွဲများ ၊ ဖြစ်ပျက်ခဲ့ ပုံများနှင့် အခြား အရေးကြီးသော အချက်အလက် များကို အသေးစိတ် မှတ်တမ်း ရေးထားပါ။

Þ အိမ် အပျက်အစီး ပြုပြင်ရန် သို့ မဟုတ် သင် အိမ် မှ ပြောင်းရွေ့ မည် စသော အိမ်ရှင် အား အကြောင်းကြား ရမည့် ကိစ္စ များ လိုအပ်ခဲ့သော် စာနှင့် ချရေး အကြောင်းကြား ပြီး

သင့် လက်မှတ်နှင့် ရက်စွဲ တပ်ပြီး မိတ္တူ တစုံကူး ပြီး သိမ်းထားပါ ။

Þ ထို့ အပြင် အိမ်ရှင်က သင့်ကို ပေးသော အိမ်ရှင် - အိမ်ငှား သဘောတူ စာချုပ် ၊ အိမ်အခြေအနေ စစ်ဆေးခြင်း မှတ်တမ်း နှင့် အကြောင်းကြား စာများကို သေချာစွာ

ဖတ်ရှုပြီး သိမ်းဆည်းထားပါ ။

(၃) သက်သေ တယောက် ထားရှိပါ

Þ တချို့ အချိန်အခါ တွင် သင်က စာဖြင့် ချမရေးနိုင် (သို့ မဟုတ်) ဓာတ်ပုံ ရိုက်မထားနိုင်ပါ ။ သက်သေ က သူတို့ မြင်ခဲ့ကြားခဲ့ သမျှ အတွက်

အထောက်အထားကောင်း ဖြစ်သည် ။ သက်သေက သင်နှင့် အတူ မနေသူ ဖြစ်သင့်သည်။ တခန်းတည်း အတူနေသူ များနှင့် အသိမိတ်ဆွေ အပေါင်းအသင်းများ ကို

အကောင်းဆုံး သက်သေများ အဖြစ် မစဉ်းစားသင့်ပါ ။

(၄) ဓာတ်ပုံရိုက် ထားပါ

Þ တခါတရံ တွင် ဓာတ်ပုံတပုံ က စာလုံးပေါင်း တထောင်လောက် တန်ဖိုးရှိသည် ။ ဓာတ်ပုံ သည် အင်မတန် ကောင်းသော အထောက်အထား ဖြစ်သည် ။

ဓာတ်ပုံ နောက်ကျော တွင် ဓာတ်ပုံ ရိုက်သော နေ့ စွဲ နှင့် အချိန်ကို ချရေးထား သင့်သည် ။ သက်သေက ထိုဓာတ်ပုံ စစ်မှန်ကြောင်း လက်မှတ်ထိုး နိုင်သည် ။

Þ အိမ်ရှင်က ပြသနာကို လာဖာထေး၊ ဖုံးအုပ်၊ ပြုပြင် ပြီး သင့်အတွက် ကောင်းသော အထောက်အထား ရယူရန်အခွင့်အရေး ပျောက်ကွယ် သွားနိုင်သော

ကြောင့် ပြနာ ရှိမှန်း သိသိချင်း ဓာတ်ပုံများကို ရိုက်ထားပါ ။

(၅) သင့် အခွင့်အရေး နှင့် တာဝန် ၀တ္တရား များကို သိအောင်လုပ်ပါ

Þ တရားမျှတသည်ဟု ယူဆနိုင်သော ကိစ္စ တချို့ ကတရားဥပဒေ အနေနဲ့ လုပ်နိုင်သော ကိစ္စ ဖြစ်ချင်မှ ဖြစ်မည်။ ပြနာ အကြီးအကျယ်

မရှုပ်ထွေး မခက်ခဲခင် က ကြိုပြီးတရားဥပဒေရဲ့  ပြောဆိုချက် များကို သိအောင် ရှာဖွေထားပါ ။


ဝက်ဘ်ဆိုက် (ဘာသာစုံ) : http://www.tenants.bc.ca/


မိတ်ဆွေ တယောက်က ဟိုတလောက ဗန်ကူးဗားမှာ သုံးဖို့  သူဘာသာပြန်ထားတာကို စာရိုက်ခိုင်း ထားတာပါ။

Post အသစ် မတင်ဖြစ်တာက တကြောင်း , စိတ်ထဲမှာ အခြားလူတွေများ အသုံးဝင်မလားလို့  ထင်မိလို့ ..