Friday, December 26, 2008

26122008သတင်း...ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။2612008 News


စစ်အစိုးရသံအမတ်အား ဖယ်ရှားရေး စိန်ခေါ်ချက်လက်တွေ့ကျပါ့မလား

နိုင်ကျော်/ ၂၆ ဒီဇင်ဘာ ၂၀၀၈Photobucket
“ပြည်တွင်းလှုပ်ရှားမှုတွေမပါဘဲ ကုလသမဂ္ဂ ဖြေရှင်းပေးမှုကြောင့် လွတ်မြောက်သွားသော နိုင်ငံဟူ၍ ကမ္ဘာပေါ်တွင်မရှိ” ဟူသည့် လူထုဦးစိန်ဝင်း၏ အသံဖိုင်ကို နားထောင်ခဲ့ဖူးသည်။ ထို့ကြောင့် လက်လှမ်းမီသမျှ ကမ္ဘာ့အခင်းအကျင်းများကို လေ့လာကြည့်သောအခါတွင်လည်း ထိုသို့ပင်တွေ့ရသည်။ သို့သော်လည်း ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်ဖြစ်ပေါ်ပြောင်းလဲရေးအတွက် ဆက်လက် ကြိုးစားလုပ်ဆောင်နေသည်ကို အသိအမှတ် ပြုရပေလိမ့်မည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ပြည်သူအပေါ် နှိပ်စက်ကလူပြုမူနေမှုများသည် မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများပါ သည်းမခံနိုင်စရာဖြစ်နေသည်ကို လူသားချင်းစာနာသူတိုင်း သတိထားမိကြမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအ၀န်းမှ စစ်အစိုးရအား ဖိအားပေးမှုများ၊ အရေးယူဆောင်ရွက်မှုများ ယနေ့ကာလတွင် ဆက်တိုက်ဆောင်ရွက်နေသည်ကို တွေ့မြင်ကြရပေသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းအရေးမှုးချုပ်၏ အထူးကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအထူးကိုယ်စား လှယ်များ မြန်မာနိုင်ငံသို့သွားရောက်ပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတိုးတက်ပြောင်းလဲလာစေရန် အကြိမ်ကြိမ်သွားရောက် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း နအဖ၏ တဖက်သတ်စီစဉ်မှုအောက်တွင်သာ သွားလာလှုပ်ရှားခွင့်ရကြသဖြင့် တိုးတက်မှုမတွေ့ရဘဲ အနုတ်လက္ခဏာများသာ ဖြစ်ပေါ်ခဲ့ရပါသည်။ နအဖအစိုးရသည် အာဏာရှင်တို့ထုံးစံအတိုင်း ၎င်းတို့အာဏာတည်မြဲရေးကိုသာ ရှေးရှုပြီး ပြည်သူလူထုအား ခြိမ်း ခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း စသည်တို့ကိုသာ အစဉ်တစိုက် လုပ်ဆောင်မြဲ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

တဖက်တွင်လည်း ပြည်တွင်းပြည်ပရှိ မြန်မာ့ဒီမိုကရေစီဘက်တော်သားများကလည်း မိမိတို့တတ်စွမ်းသရွေ့ စစ်အာဏာာရှင် ဆန့်ကျင်ရေးလုပ်ငန်းများကို နည်းနာအမျိုးမျိုးဖြင့် လုပ်ဆောင်နေကြပေသည်။ ဤရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံ့ခေါင်းဆောင်ဟောင်း (၁၁၂) ဦးက စုစည်းလက်မှတ်ထိုး၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ မြန်မာနိုင်ငံအား ဖိအားပေးရန် တောင်းဆိုမှုတရပ် ထွက်ပေါ်လာသည်။ ထို့နည်းတူ အာဆီယံနိုင်ငံများ၏ လွှတ်တော်အမတ်များကောင်စီ (AIPMC) မှ ကမကထပြုပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အလားတူစာများ ပေးပို့တောင်းဆိုခဲ့ကြသည်။ ဤဖြစ်ရပ်များသည် နအဖစစ်အစိုးရအပေါ် ဖိအားပေးရေးလုပ်ငန်းတွင် အင်မတန်ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများပင်ဖြစ်သည်။ ထိုကဲ့သို့သော နည်းနာပေါင်းများစွာ၊ လုပ်ငန်းစဉ်ပေါင်းများစွာထဲတွင် Credential Challenge သည်လည်း တခုအပါအ၀င်ဖြစ်နိုင်ပါသည်။ စစ်အစိုးရအား နိုင်ငံတကာမှ အသိအမှတ်မပြုနိုင်အောင် ကြိုးစားခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်ပါသည်။ သို့သော် ထိုနည်းနာသည် နည်းနာပေါင်းများစွာထဲမှ တခုဖြစ်သည်ဆိုသည်ကို သတိပြုရန် လိုအပ်ပေသည်။

ထို့အပြင် စစ်အာဏာရှင်အားတိုက်ဖျက်ကြရာတွင် “မိမိတို့လုပ်ဆောင်ချက်သည်သာ အမှန်ကန်ဆုံးဖြစ်သည်၊ ထိုလုပ်ဆောင်ချက်အပေါ် စစ်အစိုးရဆန့်ကျင်ရေး အင်အားစုများအားလုံး မည်သူမဆို ထောက်ခံလုပ်ဆောင်ကြ ရမည်၊ မတူကွဲပြားသော စဉ်းစားချက်၊ အကြံပြုချက်များကို တင်ပြအကြံပြုပြီး မိမိတို့၏ အစီအစဉ်အား ငြင်းဆိုပိုင်ခွင့်မရှိစေရ” ဆိုသည့်အယူအဆမျိုး မထားရှိသင့်ဟု ထင်မြင်ပါသည်။ ထိုသို့ စဉ်းစားဆောင်ရွက် ကြပါက လူတဦးချင်း တဖွဲ့ချင်းစီ၏ ပြဋ္ဌာန်းချက်နှင့် လွတ်လပ်ခွင့်များကို ထိခိုက်သွားပေလိမ့်မည်။ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ပုတ်ခတ်စွပ်စွဲသည့်အပြုအမူများအထိ မတော်တဆပင်ဖြစ်စေ ဖြစ်ပေါ်လာပါက ညီညွတ်ရေးကို ထိခိုက်လာစေနိုင်ပါသည်။

မိမိ၏ယူဆချက်မှာ ကမ္ဘာ့ခေါင်းဆောင်များကြား မြန်မာ့ပြဿနာကို တင်ပြနိုင်ဖို့အတွက်မှာ ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားလှယ် ရှိခြင်း မရှိခြင်းဆိုသည်ထက် မိမိတို့၏ ချဉ်းကပ်နိုင်မှုနည်းနာများသည် တခုလုံးအကျိုးစီးပွားအတွက် မည်မျှထိရောက်သည် မထိရောက်သည်ကသာ အဓိကကျသည့် ကိစ္စဖြစ်သည်ဟု ထင်မြင်မိသည်။

အမျိုးသားညွန့်ပေါင်းအစိုးရသည် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ခန့်အပ်ထားသည်ဖြစ်ရာ Credential Challenge နှင့်ပတ်သက်၍ အမျိုးသား ညွန့်ပေါင်းအစိုးရနှင့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားများ ကွဲပြားနေကြသည် ဆိုသည့်အဖြစ်မှာ အင်အားစုများအကြား သို့မဟုတ် ပြည်တွင်းမှ တက်ကြွလှုပ်ရှားနေသူများအကြား နားရှုပ်စေနိုင်သော အကြောင်းအရာများဖြစ်လာစေပါသည်။

Credential Challenge အဆင့်ဆင့်နှင့်ပတ်သက်၍ ….

ပထမအဆင့်အနေဖြင့် MPU ဒု-ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုးပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် Credential Challenge လျှောက်လွှာကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်း ဥပဒေနှင့် ကိုက်ညီမှုမရှိသေး၍ Credential Challenge ကော်မတီသို့ တင်သွင်းရန် မပြည့်စုံသေးကြောင်း ပြန်ကြားခဲ့ပါသည်။

ပထမဦးဆုံးအဆင့်ဖြစ်သော ဤတင်သွင်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်သူများသည် ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်းဥပဒေများကို မသိကျိုးကျွန်ပြုပြီး တင်သွင်းခဲ့လေသလားဆိုသည်ကို မေးခွန်းထုတ်ဖွယ်ဖြစ်သည်။ သိလျက်နှင့် တင်သွင်းသည်ဆိုလျှင်တော့ အခြားသော ရည်ရွယ်ချက်များ ရှိနေသေးသလားဟု ထပ်မံမေးခွန်းထုတ်စရာဖြစ်လာပါသည်။

ဒုတိယအဆင့်အနေဖြင့် ၂၀၀၈ ဒီဇင်ဘာလအတွင်းတင်သွင်းရန် ထပ်မံကြိုးပမ်းမှုများသည် အမျိုးသားညွန့်ပေါင်းအစိုးရ၀န်ကြီးချုပ်မှ လက်မှတ်ထိုးမပေး၍ ပျက်ကွက်ခဲ့ရသည်ဟု ကြားသိကြရသည်။ ၀န်ကြီးချုပ်မှ လက်မှတ်ထိုးမပေးခြင်းဆိုသည်မှာလည်း လုံလောက်သော အကြောင်းရှိပေလိမ့်မည်။ ၀န်ကြီးချုပ်၏စဉ်းစားချက်များကို အလေးအနက်ထား၍ ထည့်သွင်း စဉ်းစားကြရမည်လည်းဖြစ်သည်။ အကြောင်းမဲ့ လက်မှတ်မထိုးဘဲ ငြင်းဆိုနေသည်တော့ မဟုတ်တန်ရာဟု အောက်မေ့မိပါသည်။

တတိယအဆင့်အနေဖြင့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ညီလာခံကို ၂၀၀၉ ဇန်န၀ါရီလထဲတွင် ကျင်းပကြမည်။ ထိုညီလာခံတွင် Credential Challenge ကိစ္စ၌ လက်မှတ်ထိုးမည်ဟု ကတိပြုနိုင်သောသူကိုသာလျှင် ၀န်ကြီးချုပ်ရာထူးခန့်အပ်မည် ဆိုသည့်ပြောဆိုမှုများ စိတ်မကောင်းစွာ ကြားနေကြရသည်။ ထိုညီလာခံမှဖွဲ့စည်းလိုက်သည့် အစိုးရ၏ ၀န်ကြီးချုပ် (သို့မဟုတ်) နိုင်ငံခြားရေးဝန်ကြီးမှ လက်မှတ်ရေးထိုး၍ ထပ်မံတင်သွင်းကြမည်ဟု ကြားသိနေရပါသည်။

ထိုသို့ဆောင်ရွက်ရန် သင့် မသင့်၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လှုပ်ရှားမှုကြီးတခုလုံးအတွက် အပေါင်းလက္ခဏာ ဆောင် မဆောင်၊ ဆောင်ရွက်ကြမည့်သူများက သတိချပ်ကြဖို့ လိုမည်ဟု ထင်ပါသည်။ မဆောင်ရွက်သင့်သည် များကို ဆောင်ရွက်မိလျှင် တရှုံးအပေါ် တရှုံးဆင့်သလို ဖြစ်သွားတတ်ပါသည်။

စတုတ္ထအဆင့်အနေဖြင့် မိမိတို့တင်လိုက်သော တင်ပြချက်ကို Credential Challenge ကော်မတီက လက်ခံစဉ်းစားပြီဆိုသည့်တိုင် Credential Challenge Committee တွင် နိုင်ငံပေါင်း (၉) နိုင်ငံ ပါဝင်ဖွဲ့စည်းထားသည်ဖြစ်ရာ မိမိတို့ဘက်မှ အမေရိကန်နိုင်ငံက ထောက်ခံရန်မှာ မသေချာလှပေ။ အစ္စရေးအရေးက သူတို့အတွက် Credential Challenge ကို ထောက်ခံရန် တံတိုင်းသဖွယ် တားဆီးနေသော ဖြစ်စဉ်တခုကို သတိမူသင့်သည်။ တရုတ်နှင့် ရုရှကတော့ သေချာပေါက် ငြင်းပယ်မည်သာဖြစ်သည်။ မဲစနစ်ဖြင့်ဆုံးဖြတ်ရာတွင် (၅) နိုင်ငံရဖို့ ဆိုသည်မှာ အလွန်ခက်ခဲသော ကိစ္စရပ်ပင်ဖြစ်သည်။

ပဉ္စမအဆင့်အနေဖြင့် (၅) နိုင်ငံမှ ထောက်ခံ၍ အထွေထွေ ညီလာခံသို့ရောက်ရှိသွားခဲ့သော် မည်သို့ဖြစ်လာမည်နည်း။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်ရန်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၈၉) မဲ၊ ကန့်ကွက်မဲ (၂၉) နှင့် ကြားနေ (၆၃) မဲရရှိခဲ့သည်။ ထောက်ခံမဲမှာ (၅၀) ရာခိုင်နှုန်းမပြည့်ခဲ့ပေ။ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ညံ့ဖျင်းလှသည်ဟု နာမည်ကြီးနေသော စစ်အစိုးရ၏လုပ်ရပ်များကို ဝေဖန် အကြံပြုလွှာအပေါ်မှာပင် အဖွဲ့ဝင် (၁၈၂) နိုင်ငံအနက် (၈၉) နိုင်ငံကသာ ထောက်ခံခဲ့သည်မှာ အားရစရာမရှိလှကြောင်းကို ညွှန်ပြနေပေသည်။ စစ်အစိုးရအား ကုလသမဂ္ဂထိုင်ခုံမှဖယ်ရှားခြင်း ဆိုသည့်ခေါင်းစဉ်အတွက်ဆိုလျှင် ကြားနေမဲပေးခဲ့သည့် (၆၃) နိုင်ငံသည် ဆက်လက်၍ ကြားနေမဲပေးကြပါဦးမည်လော။ စဉ်းစားသင့်ပါသည်။ ထိုနိုင်ငံများသည်လည်း သူတို့၏ သီးခြားပြဿနာများ ကိုယ်စီ အသီးသီးရှိနေကြပါသည်။ မထောက်ခံချင်၍ ကြားနေသည်ဆိုသည်ကို သတိမူသင့်သည်။ ပို၍အရေးကြီးသော Credential Challenge လို ကိစ္စများအဖို့ဆိုလျှင် ကြားမနေတော့ဘဲ ကန့်ကွက်သည်ဆိုသောအဆင့်သို့ ပြောင်းသွား မပြောင်းသွားကို မည်သူမျှ အတတ်ပြောနိုင်လိမ့်မည်မဟုတ်ဟု ထင်ပါသည်။

ကျွမ်းကျင်သော ဥပဒေပညာရှင်များနှင့် နိုင်ငံရေးအကဲခတ်သမားများ၏ အကြံပြုချက်မှာ ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်လက်မှတ်ထိုးခြင်း မထိုးခြင်း၊ နိုင်ငံတခုမှ လက်ခံလက်မှတ်ထိုးခြင်း မထိုးခြင်းသည် အရေးကြီးသော ဖြစ်စဉ်တခုမဟုတ်ဘဲ အတိုက်အခံအင်အားစုများနှင့် နိုင်ငံတကာအင်အားစုများက နိုင်ငံရေးအရ ထောက်ခံမှု များလေလေ Credential Challenge အပေါ် နိုင်ငံရေးသြဇာသက်ရောက်မှု ကြီးလေလေဖြစ်သည်ဟု ဆိုကြသည်။

အထက်ပါအကြောင်းအချက်များကို ဆန်းစစ်ကြည့်ခြင်းဖြင့် Credential Challenge သည် လက်တွေ့ကျသော နိုင်ငံရေးထိုးနှက်ချက်တခု ဖြစ်နိုင် မဖြစ်နိုင်၊ မိမိတို့အတွက် အောင်ပွဲ ရနိုင် မရနိုင် ဆိုသည့်မေးခွန်းများမှာ အမှန်တကယ်ဖြေကြားကြရမည့်မေးခွန်းများ ဖြစ်လာပါတော့သည်။

တဖက်တွင် ကုလသမဂ္ဂက ယနေ့အချိန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တွေ့ဆုံနွေး နွေးအဖြေရှာခြင်းကိုသာ ဆက်လက်ကြိုးပမ်းနေဆဲဆိုသည်ကိုလည်း အထူးသတိချပ်သင့်ပေ သည်။ စစ်အစိုးရကို နေရာမှလုံးဝဖယ်ရှားပစ်ရေးထက် စကားပြောဖက်အဖြစ် တက်လှမ်းလာ ရေးကို ပို၍အားစိုက်နေကြောင်း သတိချပ်သင့်ပါသည်။

ယနေ့အချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အပြောင်းအလဲတရပ်သို့ ဦး တည်နေသည့် အချိန်ကာလဖြစ်သည်ဆိုသည်ကို အားလုံးလက်ခံနိုင်ကြမည်ထင်ပါသည်။
ထိုသို့သောအခြေအနေအောက်တွင် ပြည်တွင်းပြည်ပညီညွတ်မှုကို အစွမ်းကုန် တည် ဆောက်ကြရမည်လည်းဖြစ်သလို နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဆင်ကြရာတွင်လည်း အပြန် အလှန်အသိအမှတ်ပြု အပြန်အလှန်တန်ဖိုးထားပြီး လက်တွဲဆောင်ရွက်၍ ရသမျှလုပ်ငန်းတိုင်း တွင် လက်တွဲဆောင်ရွက်ကြရမည်လည်းဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ပြည်သူတို့၏မဲများကို အတင်းလုယူ၍ အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံမူကြမ်းကို အသက်သွင်းနိုင်ရေးအတွက် ၂၀၁၀ ရွေးကောက် ပွဲဆိုသည်ကို ဇွတ်ကျင်းပရန် နအဖအစိုးရက စီမံဆောင်ရွက်နေပြီဖြစ်သည်။ ၎င်းဆောင်ရွက် ချက်များသည် ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီများနှင့် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးအပိုင်ဖျက်သိမ်းပစ်ရန် စစ်အစိုးရ၏ ကြံရွယ်အားထုတ်ချက်များဖြစ်သည်။

အကျိုးဆက်အဖြစ် မြောက်များလှစွာသောစိန်ခေါ်ချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းအတိုက်အခံအင်အားစုအားလုံး ရင်ဆိုင်နေကြရပြီဖြစ်သည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် မည်သည့်လုပ်ရပ်တစ်ခုကို ဆောင်ရွက်သည်ဖြစ်စေ မိမိတို့ အင်အားစုတစ်ခုလုံးအတွက် သို့မဟုတ် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးတစ်ခုလုံးအတွက် အကျိုး ရှိ မရှိ၊ အပေါင်းလက္ခဏာ ဆောင် မဆောင်ဆိုသည့် ပေတံဖြင့်သာ ချင့်ချိန်တိုင်းတာ ဆောင်ရွက်သင့်သည်ဟု စဉ်းစားမိပါသည်။ တစ်ဦးစီတိုင်း၏ ဆောင်ရွက်မှုတိုင်းသည် တစ်ခု လုံးဆိုင်ရာဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ်သည်။ တစ်ဖွဲ့ချင်းစီ၏ ဆောင် ရွက်ချက်တိုင်းသည် တစ်ခုလုံးဆိုင်ရာဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ် သည်။ ဤစဉ်းစားနည်းများသည် နိုင်ငံတစ်ခုကို အကောင်းဆုံးဖြစ်အောင်တည်ဆောက်နေသူ များအဖို့ ကိုင်စွဲကြရမည့် အခြေခံအကျဆုံးသော လုပ်ထုံးလုပ်နည်းများဖြစ်သည်ကို အင်အား စုအားလုံး မည်သူမဆိုလက်ခံနိုင်လိမ့်မည်ဟု ရိုးသားစွာယုံကြည်မိပါသည်။


လေပါတ်ကားတွေ ရွှေအသင်းရုံးခန်းရောက်

NEJ / ၂၆ ဒီဇင်ဘာ ၂၀၀၈Photobucket
ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၇) ရက်မှစ၍ ရန်ကုန်မြို့ ရွှေဘုံသာလမ်း အမှတ် (၆၂-၆၈) ပထမထပ်၌ ရွှေလုပ်ငန်းရှင်များအသင်း ရုံးခန်းဖွင့်လှစ်ပြီးနောက်ပိုင်း လေပါတ်ကား (ကြိုရောင်းကြိုဝယ်) သမားများအားလုံး အသင်းရုံးခန်းမမှာပင် အရောင်းအဝယ် ပြုလုပ်ကြကြောင်း အသင်းဝင်တဦးက ပြောသည်။

၎င်းက “ အသင်းရုံးခန်းနေရာဟာ နဂိုက ရွှေဘုံသာလမ်း လေပါတ်ကား လုပ်ကြတဲ့ နေရာနားမှာ။ အသင်းတာဝန်ရှိသူတွေက အရောင်းအဝယ်လုပ်တဲ့လူတွေကို တယောက် ကျပ် (၃) သိန်းခွဲပေးပြီး အသင်းဝင်ရမယ်၊ ပြီးတော့ အရောင်းအဝယ်ကို အသင်းရုံးခန်းမမှာပဲ လုပ်ရမယ်။ အပြင်မှာလုပ်ရင် အရေးယူမယ်လို့ ဆိုတာကြောင့် လေပါတ်ကားသမားတွေ အများစု ငွေ (၃) သိန်းခွဲပေးပြီး အသင်းဝင်၊ ခုတော့ အသင်းရုံးခန်းမှာ အရောင်းအဝယ် လုပ်နေကြပြီ” ဟု ပြောသည်။

၎င်းပြောသည့် လေပါတ်ကားသည် အမှန်တကယ် ရွှေအရောင်းအဝယ် လုပ်ခြင်း မဟုတ်ဘဲ နောက်နေ့ ဖြစ်ပေါ်မည့် ရွှေဈေးနှုန်းကို နှုတ်ကတိဖြင့် ကြိုတင်အရောင်းအဝယ် လုပ်ခြင်းမျိုး ဖြစ်သည်။ နောက်ရက် ရောက်သည့်အခါ ဖြစ်ပေါ်လာသည့် ရွှေပေါက်ဈေးကိုကြည့်ပြီး မူလအရောင်းအဝယ် လုပ်ထားသည့် ရွှေဈေးနှုန်းနှင့် ကွာဟသမျှကို ငွေသားဖြင့် အပေးအယူ လုပ်သည့် လောင်းကစားသဘောမျိုး ဖြစ်သည်။ နိုင်ငံတကာက စတော့ရှယ်ယာ ဈေးကွက်ဆန်ဆန်၊ ကြိုရောင်းကြိုဝယ် ဈေးကွက်ဆန်ဆန်မျိုး ဖြစ်သည်။

ယခုကဲ့သို့ လေပါတ်ကားသမားများ ရွှေလုပ်ငန်းရှင်များ အသင်းရုံး၌ အလောင်းအစား အရောင်းဝယ် လုပ်သည့်ကိစ္စနှင့် ပတ်သက်၍ တဦးနှင့်တဦး တနေ့စာ တနေ့ စာရင်းရှင်းကြရန် နှိုးဆော်ခြင်းဖြစ်ပြီး မသမာမှုများ ဖြစ်ပေါ်လာပါက အသင်းအနေဖြင့် တာဝန်ခံ ဖြေရှင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခန်းမသည် ရွှေအရောင်းအဝယ်လုပ်သည့်ခန်းမ ဖြစ်သော်လည်း အသင်းဝင် မဟုတ်သူများ ရွှေဝယ်ချင်သော်လည်း ခန်းမကို လာခွင့်မရှိကြောင်း၊ ထို့အပြင် အသင်းဝင်အချင်းချင်း အရောင်းအဝယ်လုပ်သည့် (၁ဝ) ကျပ်သားတန် အကယ်ဒမီ၊ ဘသန်း စသည့် အခေါက်ရွှေချောင်းများကိုလည်း တရားဝင် ရောင်းဝယ်၍ရသည့် ကုန်ပစ္စည်းအဖြစ် အစိုးရက အသိအမှတ်မပြုချေ။

ယခုလက်ရှိ အသင်းဥက္ကဋ္ဌ ဦးဘသန်းက ဂျာနယ်သတင်းထောက်များနှင့် တွေ့ဆုံပြီး ရွှေဈေးနှုန်းကို နေ့စဉ် သတ်မှတ်ပေးမည်ဟု ပြောဆိုသည့်ကိစ္စနှင့်ပတ်သက်၍ အသင်းဝင်များ တွေ့ဆုံအစည်းအဝေး ပြုလုပ်ပြီး အဆိုပါ ပြောဆိုချက် မှားယွင်းကြောင်း၊ ဈေးနှုန်းကို ကမ္ဘာ့ရွှေဈေး အနေအထား၊ ပြည်တွင်း ရောင်းလိုအားနှင့် ဝယ်လိုအား အခြေအနေများကိုလိုက်ပြီး နဂိုမူလအတိုင်း ဈေးကွက်၌သာ အဆုံးအဖြတ် ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တရပ် ထုတ်ပြန်လိမ့်မည်ဟု သိရသည်။

ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တဦးကမူ ယခုအချိန်အထိ အမှန်တကယ် ရွှေရောင်းဝယ်နေသူ ရွှေဆိုင်ပိုင်ရှင်များ အသင်းဝင်ကြခြင်း မရှိသေးဘဲ လေပါတ်ကားသမားများသာ အသင်းဝင်နေကြခြင်း ဖြစ်ကြောင်း၊ စစ်အစိုးရက ဈေးကွက်သဘောတရားကို နားမလည်ဘဲ ရွှေဈေးနှုန်း ထိန်းချုပ်နိုင်ရေးအတွက် အသင်းကို ဖွဲ့ခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က ရွှေဈေးတက်တိုင်း ရောင်းဝယ်သူ ကုန်သည်များကို ဖမ်းဆီးထောင်ချခြင်းမျိုး လုပ်ခဲ့ဖူးပြီး ယခုအချိန်၌ ရွှေအသင်းမှတဆင့် အရေးယူဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါအသင်းရုံးမှာ (၂) ပေ ဂြိုဟ်တုစလောင်းတခု တပ်ဆင်ထားပြီး Bloomberg ချယ်နယ်မှ အချိန်နှင့်အမျှ ပြောင်းလဲနေသည့် ရွှေဈေးနှုန်းကို ပြသထားပေးကြောင်း သိရသည်။ ဒီဇင်ဘာလ (၂၅) ရက် ရွှေပေါက်ဈေးမှာ အကယ်ဒမီ ခေါက်ရွှေ တကျပ်သား (၅၂၄,၅ဝဝ) ကျပ် ဖြစ်ပြီး နိုင်ငံတကာ ရွှေပေါက်ဈေးမှာမူ တအောင်စ (၈၄၅) ဒေါ်လာဖြစ်သည်။

မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ

(သုံးသပ်ချက်)
ဦးစိန်ကျော်လှိုင် /၂၆ ဒီဇင်ဘာ ၂၀၀၈ Photobucket

ပြည်ပရောက် ၀ရမ်းပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်လက်ထက်မှ တပ်ဆင်နှင့်မကင်းသည့် ၀န်ကြီးချုပ် များအဆုံး မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ကောင်းခဲ့သည်။ စစ်အစိုးရနှင့် စီးပွားဖက်ပြီး ကြီးပွားခဲ့သည်။ စစ်အစိုးရအလိုကျ ပြောပေးခဲ့သည်။ စစ်အစိုးရအလိုကျ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်ခဲ့သည်။

သို့သော် ထိုင်း အတိုက်အခံ ဒီမိုကရက်ပါတီ အာဏာရလာပြီဆိုတော့ မြန်မာစစ်အစိုးရဘက်က ဟက်ဟက်ပက်ပက်မရှိသည်ကို သတိထားမိသည်။ ထိုင်းအစိုးရသစ် သတင်းများကို မြန်မာသတင်းစာတွေမှာ မဖော်ပြ။ ၀န်ကြီးချုပ် အာဘီဆစ်ဝိဇ္ဇာဇီဝဘက်ကလည်း မြန်မာစစ်အစိုးရအပေါ် မည်သို့ဆက်ဆံမည်၊ ဒီမိုကရက်ပါတီ ၀န်ကြီးချုပ်ဟောင်း ချွမ်လိပိုင် လက်ထက်က ပေါ်လစီမျိုး ဆက်ကိုင်စွဲမလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ထိုင်း-မြန်မာဆက်ဆံရေးကို ခြုံကြည့်လျှင် ထိုင်းစစ်ခေါင်းဆောင်များ ဆက်တိုက်အာဏာရစဉ်ကာလက မြန်မာနိုင်ငံအပေါ် သဘောထား တင်းမာခဲ့သည်။ သို့သော် ၁၉၈၈ ခုနှစ် ၀န်ကြီးချူပ် ချတ်တီချိုင်း၏ အရပ်သားအစိုးရ တက်လာချိန်တွင် မြန်မာကို ဈေးကွက်သစ်တခုအဖြစ် သဘောထားပြီး ချစ်ကြည်စွာ ဆက်ဆံရန် ဆုံးဖြတ်ခဲ့သည်။ နယ်စပ်မြန်မာလက်နက်ကိုင် တိုင်းရင်းသားများအပေါ် ထောက်ပံ့မှုရပ်ဆိုင်းခဲ့သည်။ မြန်မာနိုင်ငံက သစ်တွေ၊ သယံဇာတတွေ ငါးတွေထုတ်ပြီး ငွေရှာလိုသည့် ထိုင်းစီးပွားရေးသမားကြီးများက ချတ်တီချိုင်း၏သဘောထားကို ချက်ချင်းထောက်ခံခဲ့သည်။ ချတ်တီချိုင်းအစိုးရထဲမှ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ချာဗလစ်ယောင်ချိုင်ယုဆိုလျှင် ၈၈ အရေးအခင်းအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်ခဲ့သူ ဖြစ်လာသည်။

ထိုအချိန်က အင်ဒိုချိုင်းနားကို စစ်မြေပြင်မှ ဈေးကွက်သစ်ဖန်တီးရေး ချတ်တီချိုင်း၏ ပေါ်လစီ ကျင့်သုံးမှု အထိုက်အလျောက် အောင်မြင်ခဲ့၏။ ထိုကြောင့် မြန်မာနိုင်ငံကိုလည်း ဈေးကွက်သစ်တခုလိုသဘောထား အမြတ်ထုတ်ရန် ချတ်တီချိုင်းအစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး ချာဗလစ်၏ နားချမှုကြောင့် ဗိုလ်ချုပ်ကြီးစောမောင်က ဈေးကွက်စီးပွားရေးပေါ်လစီ စတင်ကျင့်သုံးသည်ဟုပင် ပညာရှင် ဒေါက်တာ ပါဗင်က ယူဆသည်။

မြန်မာစစ်အစိုးရနှင့် ယင်းသို့ ရွှေလမ်းငွေလမ်းဖောက်ပြီး မကြာခင် ၁၉၈၉ ခု အစောပိုင်းတွင် ထိုင်းနိုင်ငံ တပ်
ပြည်နယ်က မြန်မာဒုက္ခသည်များကို မြန်မာနိုင်ငံပြန်ပို့ရန် ချတ်တီချိုင်းအစိုးရက သုတ်ခြေတင် ပြင်ဆင်တော့သည်။ ချတ်တီချိုင်း၏ ဈေးကွက်သစ်ပေါ်လစီကြောင့် ထိုင်းအစိုးရ၀င်ငွေ ကောင်းခဲ့သလို နိုင်ငံရေး အာဏာကိုင်ထားသည့် ထိုင်းလုပ်ငန်းရှင်ကြီးများလည်း ရုတ်တရက် ကြီးပွားကုန်ကြသည်။

ဗိုလ်ချုပ်ကြီး ချာဗလစ် ၀န်ကြီးချုပ်ဖြစ်လာချိန်တွင်မူ ထိုင်းစီးပွားရေးသမားများ၊ အာဏာရ နိုင်ငံရေးသမားများ၊ စီးပွားလုပ်သည့် ထိုင်းစစ်အရာရှိများအတွက် ရွှေခေတ်ဟုပင် ဆိုနိုင်၏။ ချာဗလစ်အစိုးရ တနှစ်တာကာလအတွင်း န၀တပေးသည့် စီးပွားရေး လုပ်ပိုင်ခွင့်တို့ကြောင့် ထိုပုဂ္ဂိုလ်များ အကုန်လုံး နေ့ချင်းညချင်း သဌေးဖြစ်ကုန်သည်။ န၀တကို နိုင်ငံတကာက ရှုတ်ချနေသည့်ကြားကပင် မြန်မာစစ်အစိုးရအနေဖြင့် အာဏာကို ကြာကြာယူမှာ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး ချာဗလစ်က စစ်အစိုးရကိုယ်စား နိုင်ငံတကာကို အကာအကွယ် ပေးခဲ့သည်။

၁၉၉၇ ခု အာရှငွေကြေးစီးပွားကပ်ဖြစ်အောင် မီးမွှေးခဲ့သူမှာလည်း ဗိုလ်ချုပ်ကြီး ချာဗလစ်ဟုပင် ထိုင်းပညာရှင်များက စွပ်စွဲခဲ့သည်။ ဘတ်ငွေကို တန်ဖိုးချရန် ခေါင်းမာနေသည့်အတွက် ထိုင်းစီးပွားရေးပျက်ပြီး အာရှငွေကြေးစီးပွားကပ်ဖြစ်ခဲ့သည်ဆို၏။ မကြာခင် ဗိုလ်ချုပ်ကြီး ချာဗလစ် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရပြီး ၎င်း၏ ဈေးကွက်သစ်ပေါ်လစီလည်း မြောင်းထဲရောက်သွားပြန်သည်။

ဒီမိုကရက်ပါတီခေါင်းဆောင် ချွမ်လိပိုင် အာဏာရလာချိန်တွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ခပ်တင်းတင်း သဘောထားခဲ့သည်။ မြန်မာစစ်အစိုးရနှင့် အကျိုးစီးပွားမရှိသည့် အစိုးရအဖွဲ့ဝင်များက မြန်မာနှင့် ဆက်ဆံရေးပေါ်လစီကို ပြန်သုံးသပ်ရန် တိုက်တွန်းခဲ့သည်။ ဤတွင် လက်နက်ကိုင် လူမျိုးစုများအား ထိုင်း-မြန်မာဆက်ဆံရေးမှာ ကြားခံပေါ်လစီအဖြစ် ထားရှိရေးကိစ္စ ပြန်အသက်ဝင်လာသည်။

ချွမ်လိပိုင်အစိုးရက ထိုင်းနိုင်ငံကို ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ရောက်အောင် လုပ်ပေးဖို့ အားသန်သည်။ ထို့ကြောင့် မြန်မာဒုက္ခသည်များကိုလည်း နိုင်ငံတကာ စံနှင့်အညီ ထောက်ပံ့ခဲ့သည်။ ဒီမိုကရေစီရေးကို အလေးထားသည့် ချွမ်လိပိုင်အစိုးရက မြန်မာနှင့်ဆက်ဆံရာတွင် စစ်အစိုးကို လူဆိုး၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို လူကောင်းဆိုသည့် ပေါ်လစီကျင့်သုံး၏။

အချို့ကလည်း ၁၉၉၇ ခု အာရှစီးပွားကပ်ကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ တင်းကျပ်သည့် ပေါ်လစီတွေက ချွမ်လိပိုင်အစိုးရကို မြန်မာနှင့်ဆက်ဆံရေး တင်းမာဖို့ ဖြစ်လာစေသည်ဟု ယူဆ၏။ ထူးခြားသည့် အချက်မှာ ဒီမိုကရက်ပါတီ အာဏာရသည့်အချိန်တိုင်း ထိုင်းစီးပွားရေး ပြုတ်ကျနေချိန်နှင့် တိုက်ဆိုင်နေခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှောင်းပိုင်း အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ်ဖြစ်ချိန် ထိုင်းစီးပွားရေးမှာ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုဒဏ် နိုင်ငံတကာချေးငွေကပ်ဆိုးကြီးဒဏ်တို့ကြောင့် အထိနာနေချိန်ဖြစ်၏။

သို့သော် မြန်မာစစ်အစိုးရနှင့် ဆက်ဆံပြီး စီးပွားကောင်းခဲ့သည့် ထိုင်းစစ်တပ်အပါအ၀င် ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် နိုင်ငံရေးထိ သြဇာပေါက်သည့် ကျောက်ပိုခေါ် ထိုင်းဂေါ့ဖားသားကြီးများကလည်း မြန်မာစစ်အစိုးရနှင့်ဆက်ဆံရေးကို ရင်းရင်းနှီးနှီးရှိရန် ချွမ်လိပိုင်အစိုးရအား ဖိအားပေး၏။

ဤတွင် မြန်မာစစ်အစိုးရအပေါ် မိတ်ဆွေလိုသဘောထားမလား၊ ရန်သူလိုသဘောထားမလား အယူအဆအ တွက် အငြင်းအခုန်ဖြစ်လာသည်။

မြန်မာနှင့်ဆက်ဆံရာတွင် ဗိုလ်ချုပ်ကြီး ချာဗလစ်ကဲ့သို့ ထိုင်းစစ်ဗိုလ်ချုပ်များ၏ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု အခြေခံဖြေရှင်းသည့်နည်းမျိုးကို ၀န်ကြီးချုပ် ချွမ်လိပိုင်က လက်မခံ။ တချိန်တည်းမှာပင် ထိုင်းနိုင်ငံရေးအား ထိုင်းစစ်တပ်သြဇာမှ ကင်းလွတ်အောင်လည်း ချွမ်လိပိုင်က အားထုတ်နေရသည့်အချိန်ဖြစ်၏။ ထိုင်းစစ်တပ်ကလည်း နိုင်ငံရေးသြဇာ ကန့်သတ်ခံရမှာ စိုးရိမ်မှု၊ မြန်မာစစ်အစိုးရထံမှ စီးပွားရေးအခွင့်အလမ်းများ လက်လွှတ်ခံရမှာ စိုးရိမ်မှုတို့ကြောင့် ချွမ်လိပိုင်အစိုးရပေါ်လစီသည် ထိုင်းပုံစံ ဆက်ဆံရေးမဟုတ်ဆိုပြီး ပြန်တိုက်၏။

ထို့ကြောင့် ချွမ်လိပိုင်လက်ထက် မြန်မာနှင့် ဆက်ဆံရေးကို ထိုင်းအရပ်သားအစိုးရနှင့် ထိုင်းစစ်တပ်ကြား နိုင်ငံရေးအာဏာ လွန်ဆွဲမှု ပဋိပက္ခတခုဟုလည်း ဆိုနိုင်သည်။

မြန်မာတိုင်းရင်းသား လက်နက်ကိုင်များအပေါ် သဘောထားပျော့ပျောင်းသည့် ချွမ်လိပိုင်အစိုးရပေါ်လစီကို မြန်မာစစ်ခေါင်းဆောင်ပိုင်းကလည်း လက်မခံ။ ထိုင်းဒီမိုကရေစီရေးကို အနောက်တိုင်းသြဇာလွှမ်းမိုးသည့် ဒီမိုကရေစီရေးဆိုပြီး မြန်မာစစ်ခေါင်းဆောင်များက စွပ်စွဲခဲ့သည်။ ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ မတည်ငြိမ်အောင် လှုံ့ဆော်သည်ဆိုပြီး ထိုင်းဆန့်ကျင်ရေးလုပ်ငန်းများကို မြန်မာစစ်အစိုးရက ပြည်တွင်းမှာ ဆော်သြခဲ့သည်။ နောက်ဆုံး စစ်ရေးပဋိပက္ခတွေထိ ဖြစ်လာသည်။

၁၉၉၉ ခု အောက်တိုဘာ (၁) ရက်တွင် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့က
ဘန်ကောက် မြန်မာသံရုံးကို ၀င်စီး၏။ ချွမ်လိပိုင်အစိုးရက ကျောင်းသားများကို အရေးမယူဘဲ နယ်စပ်ပို့ပေးသည့်ကိစ္စကို ထိုင်းအစိုးရအတိုက်အခံက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ သို့သော် ထိုကျောင်းသားများသည် ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူများသာဖြစ်ပြီး အကြမ်းဖက်သမားများမဟုတ်ဟု ချွမ်လိပိုင်အစိုးရက ဖြေရှင်းခဲ့သဖြင့် ထိုင်းနိုင်ငံရေးလောကထဲ အချေအတင် ဖြစ်ခဲ့ပြန်သည်။

တဖန် ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလတွင် ဘုရားသခင်တပ်မတော် (God Army) ဆိုသည့် ကရင်အဖွဲ့က ထိုင်းနိုင်ငံ ရပ်ချဘူရီဆေးရုံကို ၀င်စီးရာ ထိုင်းလုံခြုံရေးအဖွဲ့များက ၀င်စီးသူအားလုံးကို သတ်ပစ်သည်။ ထိုအဖြစ်အ ပျက်တွေ ဖြစ်ပြီး မကြာခင် မြန်မာစစ်အစိုးရဘက်ကလည်း လက်တုံ့ပြန်သည့်အနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေပိတ်ရုံမက မြန်မာရေပိုင်နက်မှာ ထိုင်းများ ငါးဖမ်းခွင့်လိုင်စင်တွေပါ ပိတ်လိုက်သည့်အတွက် ဘတ်ငွေ သန်းထောင်နှင့်ချီပြီး ထိုင်းဘက်က နစ်နာကုန်သည်။

တပ်ဆင် ၀န်ကြီးချုပ်ဖြစ်လာချိန်တွင်မူ ထိုင်း-မြန်မာစစ်အစိုးရ ဆက်ဆံရေး ဖြောင့်တန်းလာသည်။ မြန်မာစစ်အစိုးရလည်း တပ်ဆင်၏ ဖောက်သည်နိုင်ငံဖြစ်လာ၏။ တပ်ဆင်၏ ဆက်သွယ်ရေးဂြိုဟ်တုကို စစ်အစိုးရက သုံးရသည်။ တပ်ဆင်ရောင်းသည့် ပစ္စည်းများကို စစ်အစိုးရ ၀န်ကြီးဌာနတွေက ၀ယ်ရသည်။ နောက်ဆုံး မြန်မာစစ်အစိုးရကို တပ်ဆင်သြဇာဖြင့် ဘတ်ငွေ သန်း (၄,၀၀၀) ချေးခဲ့ရာ ယခုတိုင်ပြန်မရပေ။

အပြန်အလှန်အားဖြင့် စစ်အစိုးရ ပြောစေချင်သည့် စကားများကို တပ်ဆင်က ပြောပေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဘဲ မကြာခဏ တွေ့ပါသည်ဟု ဗိုလ်ချုပ်ခင်ညွန့်ပြောသည့်အတိုင်း တပ်ဆင်က လိမ်ပေးသည်ကို အန်အယ်လ်ဒီ ဦးလွင်က မဟုတ်ကြောင်း ငြင်းဆိုခဲ့ရဖူးသည်။

တပ်ဆင်ပြုတ်ပြီး တပ်ဆင်ငွေနှင့် ထောင်ထားသည့် People Power ပါတီခေါင်းဆောင် စမတ်ဝန်ကြီးချုပ် ဖြစ်တော့လည်း စစ်အစိုးရအလိုကျ ၂၀၁၀ ရွေးကာက်ပွဲမှာ ပါတီကြီး (၃) ခုသာပြိုင်ခွင့်ရမည်ဟု စမတ်က ပြောခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးရာ၌ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထည့်မပြောလျှင် ပိုအောင်မြင်မည်ဟု ပြောခဲ့ရုံမက မြန်မာစစ်အစိုးရ အဓမ္မအနိုင်ယူခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကိုပါ ထောက်ခံကြောင်း စမတ်က ပြောခဲ့သည်။

ထို့ကြောင့် တပ်ဆင်လက်ထက် ထိုင်း-မြန်မာစစ်အစိုးရ ဆက်ဆံရေးသည် မြန်မာစစ်အစိုးရထံမှ စီးပွားရေးရသမျှ အမြတ်ထုတ်ရေးပေါ်လစီ သက်သက်သာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးသည့်ပေါ်လစီကို အခြေမခံဟု ဆိုနိုင်၏။ တပ်ဆင်ယောက်ဖ ဆွန်ချိုင်း ၀န်ကြီးချုပ် ဖြစ်ချိန်တွင် ပြည်တွင်း နိုင်ငံရေးတင်းမာနေသည့်ပြင် ၀န်ကြီးချုပ်ထိုင်စရာ ရုံးပင်မရှိတော့သည့်အတွက် မြန်မာစစ်အစိုးရ ထောက်ခံကြောင်း ပြောချိန်မရဘဲ ပြုတ်သွားရသည်။

မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာ၌ စီးပွားရေးအကျိုးအမြတ်ကို ရှေးရှုပုံခြင်း ဆင်သော်လည်း တပ်ဆင်နှင့် ချတ်တီချိုင်း ကွာခြားချက်မှာ တပ်ဆင်က မိမိပုဂ္ဂိုလ်ရေး ချမ်းသာမှုကို ပိုဦးစားပေးခဲ့ခြင်းဖြစ်သည်။

ဖော်ပြပါ ထိုင်း-မြန်မာစစ်အစိုးရ အတိတ်ဆက်ဆံရေး အခြေအနေများကို ချုပ်ကြည့်လျှင် မြန်မာနိုင်ငံအား ဒီမိုကရေစီရေးကို အခြေခံပြီး ဆက်ဆံလိုသည့် ထိုင်းဒီမိုကရက်ပါတီ၏ သဘောထားကို ထောက်ခံသည့် စစ်တပ်အင်အားစု၊ ထိုင်းနိုင်ငံရေးအင်အားစု၊ စီးပွားရေးအင်အားစုများ နည်းနေသည်မှာ ထင်ရှားသည်။

ထိုင်းနိုင်ငံရေးမှာ သြဇာရှိသည့် စီးပွားရေးအသိုင်းအ၀ိုင်းကလည်း မြန်မာစစ်အစိုးရနှင့် အပေါ်ယံ ရင်းနှီးမှုပြပြီး စီးပွားရေးအမြတ်ထုတ်သည့် ပေါ်လစီကိုသာ ဆက်လက် ကျင့်သုံးလိုသည်မှာ သိသာသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းကာလအတွင်း မြန်မာစစ်အစိုးရက နယ်စပ်ဂိတ်များ မပိတ်သည်ကို ထိုအချိန် ထိုင်းအစိုးရက ကျေးဇူးတင်နေသည်။ နယ်စပ်ဂိတ်များ မပိတ်ရေးသည်သာလျှင် ဦးစားပေးပေါ်လစီဖြစ်ကြောင်း ထိုစဉ်ကာလ ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက ပြောခဲ့ကြောင်း The Nation သတင်းစာက ထောက်ပြခဲ့သည်။

လောလောဆယ် ၀န်ကြီးချုပ် အာဘီဆစ်အစိုးရ တက်ချိန်တွင်မူ ထိုင်းနိုင်ငံ (၂) ခြမ်းကွဲပြီး ထိုင်းဒီမိုကရေစီရေး ယိုင်နဲ့နေချိန်နှင့် တိုက်ဆိုင်နေသည်။ တပ်ဆင်အစိုးရလက်ထက် အဂတိလိုက်စားမှုများကြောင့် အနောက်တိုင်း ဒီမိုကရေစီရေးသည် ထိုင်းနိုင်ငံနှင့်မကိုက်ညီဆိုပြီး ပီအေဒီ တပ်ဆင်ဆန့်ကျင်ရေးအဖွဲ့က ဆော်သြနေချိန်လည်း ဖြစ်၏။ တချိန်က ချွမ်လိပိုင်၏ မြန်မာစစ်အစိုးရနှင့် ခပ်တင်းတင်းဆက်ဆံရေးမူကို မကြိုက်သည့် ထိုင်းစစ်တပ်ကို လည်း ဒီမိုကရက်ပါတီ အာဏာရဖို့အတွက် ပင်းပေးသည်ဟု တပ်ဆင်ထောက်ခံသည့်အုပ်စုများက စွပ်စွဲနေချိန်ဖြစ်သည်။

ထို့ကြောင့် အာဘီဆစ်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာ၌ ချွမ်လိပိုင်လက်ထက်ကလို ဗိုလ်ချုပ်ခင်ညွန့်က လူဆိုး၊ ဒေါ်အောင်ဆန်းစုကြည်က လူကောင်းဆိုသည့် ပေါ်လစီမျိုးဆက်ကိုင်ပြီး နယ်စပ် မြန်မာလက်နက်ကိုင် တိုင်းရင်းသားများအပေါ် သဘောထားပျော့ပျောင်းမှုဖြင့် ဆက်ဆံနိုင်ပါ့မလားဆိုသည်မှာ အတတ်ပြောဖို့ ခက်နေသည်။

ဒီမိုကရေစီရေးဘက်မဲတင်းပြီး မြန်မာစစ်အစိုးရနှင့်ဆက်ဆံလျှင် ထိုင်းစီးပွားရေးအုပ်စုကြီးများ၊ သြဇာရှိ ကျောက်ပိုကြီးများက ဖိအားပေးတော့မည်။ မြန်မာစစ်အစိုးရအပေါ် သဘောထားပျော့ပျောင်းပြန်လျှင်လည်း ဒီမိုကရေစီရေးကို အားနည်းစေသည်ဆိုပြီး ပါတီတွင်း အတိုက်အခံများနှင့် ကြုံရမည်။

သေချာသည့်အချက်တော့ ထိုင်းနိုင်ငံရေးလောကထဲမှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ မပါဝင်နိုင်အောင် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နိုင်မှသာ ဒီမိုကရေစီရေးကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်မည့် လမ်းပေါ် ရောက်ဖို့ ရှိသည်ဆိုသည့် အချက်ဖြစ်သည်။

အမှောင်ထဲက Messenger


Friday, 26 December 2008 18:29 ဧရာဝတီ
ပန်းချီ ချောအိ သိမ်းသည် ၂၀၀၀ ပြည့်နှစ် မှစ၍ စိတ်ဝေ ဒနာ ခံစားနေရ သူများ အတွက် မြန်မာပြည်တွင် ပထမဆုံး ကျင်းပသော ပန်းချီပြပွဲတွင် စတင် ပါဝင် ပြသ ခဲ့ပြီး ထိုစဉ်မှစ၍ ပန်းချီပြပွဲများ၊ ပါဖောမင့် (သရုပ်ပြ အနုပညာ) ပွဲများစွာတွင် ပါဝင်ခဲ့သည်။ ပြည်တွင်း၌သာမက နိုင်ငံတကာ ပွဲပေါင်း များစွာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ တပ်ဆင်ခြင်း အနုပညာ (Installation art) အနေနှင့် ယခုနှစ် အတွင်း စင်ကာပူ နိုင်ငံတွင် ၇ ပေအမြင့် ၁၁ ပေအကျယ်ရှိ သကြားပန်းပု ကျောင်းဆောင် တဆောင် အဆင့်ဆင့် ပျက်စီး ပြိုကျခြင်းကို ဖန်တီး ပြသခဲ့သည်။ ယခု ချင်းမိုင်မြို့ Balance ပန်းချီပြခန်းတွင် ပြသလျှက်ရှိသော “ဒီ ပိန်းပိတ် အမှောင်ထု ကြီးထဲမှာ” (In This Dark And Closed Space) အမည်ရှိ ပြပွဲမှာ ပန်းချီ ချောအိသိမ်း၏ တတိယ အကြိမ်မြောက် တကိုယ်တော် ပြပွဲဖြစ်သည်။
Photobucket
In This Dark And Closed Space (2) နှင့် ဗုဒ္ဓဆင်းတုတော် (ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ ခုပြပွဲမှာ မြင်ရတဲ့ ကားတိုင်းလိုလိုက အဆိုးဘက်ကိုချည်း ပြောပြနေသလိုပဲနော် … ။

ဖြေ။ ။ ဟုတ်တယ် လက်ရှိ ဖြစ်ပျက်နေတာကိုပဲ ပြောပြချင်တာဆိုတော့ လက်ရှိဖြစ်ပျက် နေတဲ့ အတိုင်းပဲပေါ့။

မေး။ ။ ဆွဲနေတဲ့အချိန်မှာ စိတ်ခံစားချက်ကကော … ။

ဖြေ။ ။ ဒီဟာကို ဆွဲနေတဲ့ အချိန်ကစဉ်းတော့ စဉ်းစားမိတယ်။ ငါဆွဲနေတဲ့ ဟာတွေက အကောင်းဘက်ကို ပြောတာထက် အဆိုးတွေကို ပြောသလိုဖြစ်နေတယ်ဆိုတာတွေ့မိတယ်။ ငါပေးတဲ့ အနုပညာက၊ ကိုယ်ပြော ချင်တာက ပရိသတ်ကိုမျှော်လင့်ချက် ကင်းမဲ့အောင်လုပ်သလို၊ စိတ်ညစ်နေတဲ့အချိန်မှာ စိတ်ညစ်စရာတွေ ထပ်ပေးသလိုဖြစ်နေသလားလို့စဉ်းစားမိပေမယ့် ကိုယ်က ဒီထဲက နေရုန်းမထွက်နိုင်ဘူး ဒါကိုပဲ သွားလုပ် ချင်နေမိတယ်။ အမှန်တော့ ဒီအချိန်က ကျမကိုယ်တိုင် စိတ်ဓာတ်ကျနေတဲ့ အချိန်ပဲ။ ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျနေတာ သိတယ်။ မကျသင့်ဘူး လုပ်လို့ရမယ့်နည်းလမ်းတွေရှိတယ်လို့ စဉ်းစား မိပေမယ့် အမှန်ကတော့ စိတ်ညစ်နေတဲ့ အချိန်ပဲ။
Photobucket
ကိုယ်တိုင်ရေးပုံတူ (ဓာတ်ပုံ - ဧရာဝတီ)
မေး။ ။ စိတ်ဓာတ်ကျနေတာက နိုင်ငံရေးနဲ့ကော ပတ်သက်မှုရှိလား။

ဖြေ။ ။ ရှိတာပေါ့။ လူတိုင်းဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့မှ မရတာ။ ဒီနိုင်ငံမှာ နေသရွေ့ လူတိုင်းက ဒီနိုင်ငံရေးနဲ့ပတ်သက်မှာပေါ့။ ဒီနိုင်ငံရဲ့ အခြေအနေက ဒီနိုင်ငံသားတွေကို ရိုက်ခတ်နေတာပဲဟာ။

မေး။ ။ In this dark and closed space no.2 (ယခုပြပွဲတွင် အရွယ်အစားအကြီးဆုံး ပန်းချီကား ဖြစ်ပြီး ပြပွဲ၏ အဓိပ္ပာယ်ကို ဖော်ကျူးထားသော ကားဖြစ်သည်။ ထိုပန်းချီကား၏ အကြောင်းအရာခွဲများကို ပန်းချီ ကားငယ် များဖြင့် ထပ်မံပံ့ပိုး ရေးဆွဲထားသည်) အကြောင်းပြောပြပါဦး။

ဖြေ။ ။ အဲဒီကားကြီးက ကနေဒါမှာ ၁၀ ရက်နေပြီးဆွဲခွင့်ရတဲ့ ကားကြီးပေါ့။ (7A - 11D) လို့ နာမည် ပေးထားတဲ့ ကနေဒါမှာ နှစ်တိုင်းနီးပါးလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ပါဖောမင့်အာ့ထ် ပြပွဲပဲ။ ခုဟာက ၇ ကြိမ်မြောက်ဖြစ်တဲ့အတွက် နိုင်ငံတကာက အနုပညာရှင် ၇ ယောက်ကိုဖိတ်ပြီး အချိန်ကြာကြာနေခိုင်းပြီး ပြည်သူလူထုနဲ့ဆက်နွှယ်တဲ့ အနုပညာတခုခုကို လုပ်စေချင်တယ်။ အဲဒီမှာ ကျမက စဉ်းစားထားပြီးသား ရှိတယ်။ ဘာလဲဆိုတော့ လမ်းပေါ်မှာလုပ်ရတဲ့ လမ်းအနုပညာပေါ့ အပြင်က လူသွားလူလာ များတဲ့ နေရာကိုရွေးပြီ အနုပညာတခုလုပ်ချင်တယ်။ အဲလိုလုပ်ရင် လူတွေနဲ့ထိတွေ့ပြီး စကားပြောလို့ ရမယ်ပေါ့။ အဲဒါကိုရွေးလိုက်တယ်။ ဒါလုပ်လို့ရမလားဆိုတော့ ရတယ်တဲ့။ စပြီးပြောတုန်းက သူတို့ကို ပန်းခြံလို နေရာတခုမှာ နံရံတခုရှာခိုင်းထားတယ်။ ဒါပေမယ့် ပြဿနာက ရာသီဥတုက အရမ်းအေးလာပြီ ဆိုတော့ အပြင်မှာရပ်ပြီးဆွဲဖို့ဆိုတာ မလွယ်ဘူး။ နေ့တိုင်းဆွဲရမှာလေ။ နောက်တခုက နံရံရဖို့ ခက်တယ်။ ကိုယ်လိုချင်တဲ့နေရာမှာ လိုချင်တဲ့ အနေအထားနဲ့ နံရံရဖို့မလွယ်ဘူး။ အဲဒါနဲ့ လမ်းဘေးမှာပဲ ရှိတဲ့ ဂယ်လယ်ရီတခုမှာ နံရံတော့မရနိုင်ဘူး ကင်းဗတ်စ် အကြီးကြီးစီစဉ်ပေးမယ်။ ဖြစ်လားပေါ့။ ကျမကလည်း ဖြစ်ပါတယ်ဆိုပြီး အဲဒီမှာပဲ လုပ်ဖြစ်တယ်။ အဲဒါကို ဒီပြပွဲမှာ အဓိကထားပြီး ပြဖို့ စဉ်းစားလိုက်တယ်။ ဒီကားကြီးက အားကောင်းတယ်လေ။ ဆိုဒ်အရကော အကြောင်းအရာအရကော အားလုံး အဆင်ပြေတယ်။ တခြားအကြောင်းအရာတွေပါ ရောပြီးလုပ်မလို့ပဲ ဒါပေမယ့် အဲဒီကား ကြီးကိုပဲ ထောက်ပံ့မယ့် ကားတွေ လုပ်ရင် ပိုကောင်းမယ်။ ကိုယ့်စိတ်ထဲမှာလည်း စဉ်းစားထားတာတွေရှိနေတာနဲ့ လုပ်ဖြစ်သွားတာ။
Photobucket
In This Dark And Closed Space (8) (ဓာတ်ပုံ - ဧရာဝတီ)
မေး။ ။ ဒီပန်းချီကားကြီးက နည်းနည်း ပိုစတာဆန်တယ် ထင်တယ်နော်။

ဖြေ။ ။ ဟုတ်တယ်။ သူက Street work ဖြစ်တဲ့အတွက် ပိုစတာပုံစံပေါ့။

မေး။ ။ မချောအိရဲ့ ပေါ့ထရိတ် (ကိုယ်တိုင်ရေးပုံတူ) အကြောင်းလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ကျမဆွဲတဲ့ ပေါ့ထရိတ်တွေမှန်သမျှက ကျမရဲ့ ပါဖောမင့်တွေပေါ်မှာ အခြေခံတယ်။ ပါဖောမင့် လုပ်ရင်းနဲ့ရလာတဲ့ တချို့ကို ပန်းချီကားအဖြစ်အသက်သွင်းတာ။ ဒီပုံကတော့ ကျမပထမဆုံး လုပ်တဲ့ ပါဖောမင့်ကို ပန်းချီအဖြစ်အသက် ပြန်သွင်းတာပါ။ ဒါပေမယ့် ပန်းချီအနေနဲ့မဟုတ်တော့ ပန်းချီအနေနဲ့ ပုံစံတမျိုးဆို ဘယ်လိုခံစားရမလဲ ဆိုပြီး လုပ်ကြည့်တာ။ တကယ်က ကျမက မျက်နှာကိုကြိုက်တာ မဟုတ်ဘူး။ ကိုယ့်လည်ပင်းကို ကိုယ်ကိုင်ထားတဲ့ ပုံစံကို ကြိုက်တာ ပုံမှာတွေ့မှာပေါ့။ ဘယ်လိုခေါ်မလဲ စိတ်ဓာတ်ကျနေတဲ့ အပိုင်း၊ ဘယ်လိုမှ အားမရှိတော့တဲ့ အချိန်မှာ ပြန်ပြီးတော့ ထူကိုထူရမယ်ဆိုတာကို ပြောချင်တာ။ လည်ပင်းကြီးကို အရှည်ကြီးဆွဲထားတာ တွေ့မှာပေါ့။ အဲဒီလည်ပင်းနေရာကို အဓိက ဆွဲချင်လို့ ဒါကြီးတခုလုံးကိုထည့်ဆွဲတာ။

မေး။ ။ ဒီပွဲမှာ မြေအိုးကလေးတွေ သုံးပြီး အင်စတော်လေးရှင်း လုပ်ပြထားတာလဲ တွေ့ရတယ်။ ပြောပြပါဦး။

ဖြေ။ ။ အင်စတော်လေးရှင်းကတော့ ကျမလုပ်ခဲ့သမျှ အနုပညာထဲမှာ အနည်းဆုံးလို့ပြောလို့ ရပါတယ်။ နောက်ဆုံးမှ လုပ်ဖြစ်တာပေါ့။ ဒီနှစ်ထဲကျမှ လုပ်ဖြစ်တာ။ သကြားပန်းပု (စင်ကာပူတွင် ပြသခဲ့သည့် သကြားဖြင့် တည်ဆောက်သော ၇ပေ x ၁၁ပေ အရွယ် ကျောင်းဆောင် အင်စတော်လေးရှင်း) က ပထမ ဆုံးပဲ။ ခု အိုးလေးတွေ ကတော့ ဒုတိယပေါ့။ အရမ်းစိတ်ဝင်စားခဲ့တဲ့ အလုပ်တခုပါပဲ။ ဒီအိုးလေးတွေ လုပ်ဖြစ်တာက ဒီလို အမှန်ကတော့ ပန်းချီကားပေါ်မှာ ဆွဲတယ်ဆိုတာက ဘောင်ရှိတယ်ပေါ့နော်။ တချို့ ဟာတွေဆို ပြောချင်တာကို ပြောလို့မရဘူး။ ကိုယ့်လက်က မလိုက်နိုင်တာလည်း ပါမယ်ပေါ့။ အဲဒီတော့ ပန်းချီကား မဟုတ်ဘဲ ဘယ်လိုပြောနိုင်မလဲဆိုတာ စိတ်ကူး နေရင်း တနေ့ဈေးသွားတော့ အိုးလေးတွေ သွားတွေ့တယ်။ နေ့စဉ်သုံးပစ္စည်းတွေကို အနုပညာ ပစ္စည်း အဖြစ် ဖန်တီးချင်တယ်။ အဲဒီမှာ ဒီအိုးလေးကို တွေ့ပြီး အိုးကလေးထဲကို နေထိုးနေတာ သွားတွေ့တယ်။ ကိုယ်ကြည့်တဲ့အချိန်မှာ နေရောင်က အထဲမှာ အကွက်လေးဖြစ်နေတယ်။ အဲဒီနေကွက် လေးက ကျမကို ပန်းချီဆွဲဖို့ စိတ်ကူးဖြစ်စေခဲ့တယ် ပြောရမှာပေါ့။ အဲဒီတုန်းက အခက်အခဲဖြစ်နေတာကို သူက ဖြေရှင်းပေး သလိုဖြစ်သွားတာ။ ဒီအိုးလေးထဲမှာ ဆွဲရရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ကူးရခဲ့တာ။ နောက် တရက်ကျတော့ အောက်ထပ်မှာဆွဲနေရင်း မျက်စိညောင်းလို့ မြေကြီးကို ကြည့်လိုက်တော့ ဒီခဲလုံးလေး တွေကို သွားတွေ့တယ်။ အဲဒီခဲလုံး လေးတွေပေါ်က မျက်နှာပြင် မညီတာလေးတွေကိုတွေ့တယ်။ အမှန်တော့ အိုးလေးထဲမှာ မျက်နှာလေးတွေကို ဆွဲနေတာ။ အဲဒီအချိန် ဒီခဲလုံးလေးကိုတွေ့တော့ အဲဒါလေး တလုံးကို ရေဆေးပြီး အဲဒီပေါ်မှာ မျက်နှာလေးကို ဆွဲကြည့်မိတယ်။ အဲဒါကို အရမ်းသဘောကျသွားတယ်။ မညီညာတဲ့ မျက်နှာလေးတွေဆိုတော့ မျက်နှာရဲ့ Expression ကလည်း အော်တို အမျိုးမျိုးဖြစ်လာတယ်။ အဲဒါနဲ့ ကျမ ခဲလုံးလေးတွေကိုကောက်ပြီး ရေဆေးပြီး ရေးဖြစ် သွားတာ။ ဒါကတော့ အင်စတော်လေးရှင်းလို့ လည်းပြောလို့ရတယ်။ Mix media ပေါ့။ ကြားခံပစ္စည်း လည်းသုံးတယ် ပန်းချီလည်း သုံးထားတယ်။
Photobucket
ပန်းချီ ချောအိသိမ်းကို In This Dark And Closed Space (2) နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မေး။ ။ အခု ပြပွဲမှာ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ကား တကား တွေ့မိတယ်။ အဲဒီကားတကားတည်း ရီရယ်လစ်ဇင်နဲ့ နီးစပ်တယ်လို့ ထင်ပါတယ်။ အိတ်စ်ပရက်ရှင်တွေ ကြားမှာ ခုလိုကား မျိုးဘာကြောင့် ထည့်ပြထားတာလဲ သိပါရစေ။

ဖြေ။ ။ သြော် တကယ်တမ်းတော့ အဲဒါဖြစ်တဲ့အချိန်မှာ အထဲမှာမရှိဘူး၊ တရုတ်မှာရောက် နေတယ်။ တရုတ်မှာ ပါဖောမင့် တခုလုပ်နေတဲ့ အချိန်ဖြစ်နေတယ်။ အင်တာနက်ကနေ နေ့စဉ် တွေ့နေ မြင်နေ ကြားနေရတာတွေတော့ ရှိတာပေါ့။ အဲဒီလို အင်တာနက်က သိရတဲ့ သတင်းတွေကနေ အမစိတ်ကို ထိခိုက် စေတယ်။ အမှန်တော့ ဓာတ်ပုံရှိပြီးသား။ ဘုန်းကြီးတပါးတည်းနဲ့ အရှေ့မှာ စစ်သားတွေပေါ့။ ခု အတိုင်းကို အစ်မ သိပ်မကြိုက်တော့ဘူး။ သိပ် တိုက်ရိုက်ကြီးဖြစ်နေတယ်။ အပေါ်ပိုင်းမှာ စစ်သားမှန်း သိသာစေတဲ့ ခေါင်းလေးတွေ သေနတ်တွေ တွေ့တယ်မဟုတ်လား။ အဲဒါတွေကို အမည်းအပြည့် ချယ်ပစ်ချင်နေတယ်။

မေး။ ။ မချောအိ ပါဖောမင့်လုပ်ရင်ပဲဖြစ်ဖြစ် ပန်းချီတွေမှာပဲဖြစ်ဖြစ် လူရဲ့အစိတ်အပိုင်းတွေ မျက်နှာတွေ လက်တွေ ခြေထောက်တွေကို အမြဲ သုံးလေ့ရှိတာတွေ့ရတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဲဒါကိုယ့်ကိုယ်ကိုယ်တောင် မေးဖြစ်တယ်။ အဲဒီအစိတ်အပိုင်းတွေကို သဘောကျတာမျိုး ပေါ့။ အမှန်ပြောရရင် ကျမကိုလွှမ်းမိုးတဲ့ နံပါတ် ၁ အချက်က ကျမက တက်တူး အရမ်းကြိုက်တယ်။ ဒါကြောင့် ပါဖောမင့် လုပ်ဖြစ်ရင် မျက်နှာတွေ လက်တွေမှာ အဲဒီအစိတ်အပိုင်းတွေကို ဆွဲတယ်။ အဓိပ္ပာယ်က ရိုးရိုး လေးပါ။ ငါလုပ်နေတာ တယောက်တည်းမဟုတ်ဘူး။ လက်လှမ်းနေရင်လည်း လက်တခုတည်း မဟုတ်ဘူး။ လူတွေ အများကြီးလှမ်းနေတယ်ပေါ့။ အဲဒီနောက်ပိုင်းဘာဆွဲဆွဲ အဲဒါလေးတွေ အများကြီး လုပ်ဖြစ်သွားတာ။ ခန္ဓာဗေဒ ပုံစံမှန်မှန်နဲ့ဆွဲထားတာတော့ မဟုတ်ဘူး လူပုံမှန်းသိရုံပါပဲ။

မေး။ ။ မြန်မာပြည်တွင်းမှာ အနုပညာဖန်တီးရတဲ့ အနေအထား လွတ်လပ်မှုကို ဘယ်လို သုံးသပ်ချင် ပါသလဲ။
Photobucket
In This Dark And Closed Space (9) (ဓာတ်ပုံ - ဧရာဝတီ)
ဖြေ။ ။ အမှန်အတိုင်းဖြေရရင် အထဲမှာကော အပြင်မှာကော ဘယ်မှာမှ အနုပညာ ဖန်တီးရတာ လွတ်လပ်တယ်လို့ မရှိသေးပါဘူး။ တချို့က အပြင်ရောက်လို့ ငါတို့တော့ လွတ်လပ်ပြီ လို့ထင်ကောင်း ထင်မယ်။ ကျမကိုမေးရင်တော့ ကျမက အထဲဖြစ်ဖြစ် အပြင်ဖြစ်ဖြစ် လွတ်လပ်တယ် လို့ကို မခံစားရပါဘူး။ ဒါကတော့ ကျမရဲ့ ပြဿနာပေါ့လေ။ အပြင်ကို စစချင်းထွက်လာတုန်းကတော့ ငါလွတ်လပ်ပြီ၊ ငါလုပ်ချင်တာ လုပ်လို့ ရပြီဆိုပေမယ့် အကြောက်တရားက ကျမကျောမှာ ကပ်ပါ လာနေတာပဲ။ ဒါကြောင့်ကျမတို့ဖန်တီးတဲ့ အနုပညာတိုင်းမှာ ဘယ်သူကမှ ကိုယ့်ကို ဆင်ဆာမလုပ်ခင် ကိုယ့်ဘာသာ ဆင်ဆာလုပ်မိနေတတ်တယ်။ ကျမတို့က ကိုယ့်အိမ်ကိုယ် အမြဲပြန်နေကြတာ ဆိုတော့ … အမြဲထည့်ပြီး အဲဒါကြီးကိုစဉ်းစားနေတာဆိုတော့။

မေး။ ။ ပြည်တွင်းက ပန်းချီဆင်ဆာတွေနဲ့ ပတ်သက်လို့ ကိုယ်ပိုင်ထင်မြင်ချက်ကို ပြောပါဦး။

ဖြေ။ ။ ကိုယ်ပိုင်ထင်မြင်ချက်ဆိုရင်တော့ မရှိရင်ကောင်းတာပေါ့နော်။ အနုပညာဆိုတာ လွတ်လွတ် လပ်လပ် ဖန်တီးခွင့်ရရင်အကောင်းဆုံးပေါ့။ လွတ်လပ်မှုမရှိဘူးဆိုရင် သူဖန်တီးချင်သလောက် ဖြစ်မလာ နိုင်ဘူးပေါ့။

မေး။ ။ ပါဖောမင့်တွေ အင်စတော်လေးရှင်းတွေ လုပ်နေတဲ့ သူတယောက်အနေနဲ့ လက်ရှိမြန်မာပြည်တွင်းက အနုပညာဖန်တီးမှုတွေကို ဘယ်လိုသဘောရလဲ။

ဖြေ။ ။ အဲဒီတခုက တော်တော်အံ့သြဖို့ကောင်းတယ်။ ကျမတို့ နိုင်ငံက အနုပညာ သမားတွေက တခြားနိုင်ငံတွေထက်စာရင် အဆက်အသွယ်ကအစ လုပ်ရကိုင်ရတာ အခက်အခဲ အမျိုးမျိုးရှိနေတဲ့ကြားက အနုပညာလုပ်ငန်းတွေမှာ အထူးသဖြင့် စာပေ တို့ ရုပ်ရှင်တို့နဲ့ယှဉ်ရင် ပန်းချီက တကယ်ကိုရင်ဘောင် တန်းနိုင်တယ်။ ပြတ်မကျန်ခဲ့ဘူး။ ကျမတို့ အနုပညာသမားတွေမှာ နောက်ကပံ့ပိုးမယ့်သူ မရှိဘူး။ ကိုယ့်အားပဲ ကိုယ်ကိုးနေရတာ။ အခက်အခဲတွေ အမျိုးမျိုးရှိတဲ့ကြားက အမီလိုက်နိုင်တယ်။ ကွာလှလည်း နည်းနည်းပေါ့။

မေး။ ။ ကလေးပန်းချီလည်း သင်တယ်ဆိုတော့ ကလေးတွေနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ကလေး တိုင်းက ပန်းချီဆွဲတယ်လို့ ကြားဖူးတယ် ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်တာပေါ့။ ကလေးတိုင်းက ပန်းချီဆွဲကြတယ်။ ကလေးတွေက သူတို့စိတ်ထဲမှာ ခံစားရတဲ့ အကြောင်းအရာတွေကို စကားနဲ့ မဖော်ပြတတ်တော့ အရုပ်ကလေးတွေဆွဲပြတာ။ အဲဒီကမှတဆင့် ကိုယ်က သူဘာဖြစ်နေတယ်ဆိုတာ သိရတာ။ ဒါကြောင့် ကလေးတိုင်းက ပန်းချီဆွဲတယ်လို့ပြောတာ။ သုတေသနတခု အရဆိုရင် အသက် ၁၂ နှစ်လောက် ထိကလေးတိုင်း ပန်းချီဆွဲကြတယ်။ ကျော်မှသာ သူသန်ရာသန်ရာ ခွဲသွားတယ်။ ကျမသင်ဖူးတဲ့ ကလေးတွေကို ပြန်ကြည့်ရင်လည်း အဲဒီအတိုင်းပဲတွေ့ရတယ်။ တချို့ဆို ကလေးဘဝမှာ အရမ်း ပန်းချီတော်တယ်။ အသက် ၁၂ နှစ်ကျော်လာတော့ လုံးဝ ပန်းချီကိုလှည့် မကြည့်တော့တာမျိုးပေါ့။ သူတို့ အကြိုက်တွေကို သူတို့ သိသွားတဲ့အချိန်မှာ ပန်းချီကို ဆွဲချင်မှ ဆွဲတော့တာလေ။
Photobucket
In This Dark And Closed Space (13) (ဓာတ်ပုံ - ဧရာဝတီ)
မေး။ ။ ကလေးပန်းချီသင်တဲ့ အလုပ်ကို ဘာလို့ရွေးချယ်ခဲ့တာလဲ။

ဖြေ။ ။ “ကလေးပန်းချီ” က ဖန်တီးမှုနဲ့ ဝေဖန်ပိုင်းခြား နိုင်မှုကိုပေးတယ်။ ဒါက သိပ်အရေးကြီးပါလား ဆိုတာ ဖေဖေကနေတဆင့် သိလာတယ်။ နောက် ကိုယ်က စာသင်ရတာလည်း ဝါသနာပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ပန်းချီဆွဲတယ်။ အနုပညာနဲ့လည်း ခွဲမထွက် လို့ ဒါပဲလုပ်ဖြစ်သွားတာပါ။

မေး။ ။ မြန်မာပြည်က ကလေးတွေနဲ့ တခြားနိုင်ငံတွေက ကလေးတွေ ဘယ်လိုကွာခြားလဲ ဆိုတာလေး မြင်သလို ပြောပေးပါဦး။ ဖန်တီးနိုင်မှု စွမ်းအားကတော့ ကလေးဆိုတာ တူတူပဲလို့ ထင်ပါတယ်။ ဆိုလိုတာက သူတို့တွေ ရကြတဲ့ အခွင့်အရေးခြင်းယှဉ်ပြီး ပြောပြပေးပါလား။

ဖြေ။ ။ အခွင့်အရေးကတော့ ကွာတာပေါ့။ အပုံကြီးကွာတာပေါ့။ တကယ်တမ်းက စနစ်ကောင်းဖို့ လိုတာကိုး။ စနစ်ကောင်းရင် အဲဒီစနစ်အောက်က တပြုံကြီး ကောင်းစားမယ်။ စနစ်မကောင်းရင် အဲဒီ စနစ်အောက်က တပြုံကြီး ဒုက္ခရောက်ရတာပဲ။ ကျမတို့ဆီမှာက အခွင့်အရေးလည်း မရဘူး။ ပေးရကောင်း မှန်းလည်း မသိဘူး။ အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာချင်းကို ကွာတယ်။ မြန်မာပြည်က ကျောင်းတွေမှာ ပန်းချီလို့ပြောလိုက်ရင် မရှိဘူးတော့မဟုတ်ဘူး။ ပြိုင်ပွဲ ဝင်ဖို့အတွက် တပွဲတိုးပဲ … ကျောင်းသင်ခန်းစာထဲမှာ နည်းနည်းပါးပါး ပါပေမယ့် အဲဒါက ကလေးတွေအတွက် သေသေချာချာ ထည့်ဆွဲထားတဲ့ သင်ခန်းစာမျိုးမဟုတ်ဘူး။ စနစ်က ခေတ်မမီဘူးဆိုတော့ ဘက်ပေါင်းစုံကနေပြီး ဖြည့်ရမှာမျိုးတွေ ရှိသေးတယ် ဆိုရမှာပေါ့။

မေး။ ။ မချောအိလက်ရာ ပထမဆုံး အင်စတော်လေးရှင်း သကြား ဗိမာန်နဲ့ ပတ်သက်လို့ ထူးခြားတာလေးတွေ ပြောပြပါဦး။

ဖြေ။ ။ အဲဒါလုပ်တုန်းက ပုရွက်ဆိတ်တွေ အမျိုးစုံလာတယ်။ အကြာကြီးမနေဘူး။ လာတယ် သယ်တယ် ပြန်တယ်။ ကိုယ် မျှော်လင့်တာက ပုရွက်ဆိတ်နဲ့ ယင်ကောင်လောက်ပဲ မျှော်လင့်တာ။ သုံးရက် မြောက်ထိ ဘာမှ မဖြစ်ဘူး။ လေးရက်မြောက်ကျတော့ ပျား တကောင်တည်းလာတယ်။ နောက်နေ့လည်း ကျရော သောင်းနဲ့ချီပြီးကို လာတာ။ အထဲကို လုံးဝဝင်လို့မရတော့ဘူး။ ကျမက တဲကြီးထိုးပြီးလုပ်တာ။ အဲဒီထဲမှာ ပျားတွေ။ အဲဒါတွေကို မီးခိုးမှိုင်း တိုက်ထုတ်လိုက်ရတာလေ။ ကိုယ်က စိတ်မကောင်းဘူး။ ကိုယ်လုပ်တာက ဘုရားကျောင်းဆောင်၊ အဲဒါလုပ်ဖို့ ကိုယ်က သူတို့ကို သတ်ရသလို ဖြစ်နေတာ။
Photobucket
In This Dark And Closed Space (11) (ဓာတ်ပုံ - ဧရာဝတီ)
မေး။ ။ ဒီအင်စတော်လေးရှင်းမှာ သကြားကိုဘာကြောင့်ရွေးဖြစ်တယ်ဆိုတာလေး ပြောပါဦး။

ဖြေ။ ။ သကြားကိုဘာလို့ရွေးလဲ ဆိုတော့ သကြားရဲ့ ဂုဏ်သတ္တိကိုကြိုက်လို့။ သူက ထိလွယ် ခိုက်လွယ်တယ်။ ပူရင်လည်းပျော် ရေထိရင်လည်းပျော်တဲ့ အမျိုးလေ။ ပြီးတော့ ကျမလုပ်တဲ့ ပစ္စည်းကိုက အဲဒီလို အဓိပ္ပာယ်မျိုးသက်ရောက်အောင် လုပ်ချင်တာဖြစ်တဲ့အတွက် သုံးတဲ့ပစ္စည်းကိုလည်း အဲလို ထိခိုက်လွယ်တာမျိုးကို ရွေးလိုက်တယ်။ နောက်တခုကတော့ နေ့စဉ်သုံးနေတဲ့ ပစ္စည်းတွေထဲက လူတွေ သတိမပြုမိတဲ့၊ အနုပညာပစ္စည်းလို့ ထင်မထားတဲ့ ပစ္စည်းကို သုံးတာပါ။ နောက်တော့ တဖြည်းဖြည်း ပျက်စီးသွားတယ် ဆိုတာမျိုးကို ပြချင်လို့ကိုရွေးတာ။

မေး။ ။ ပြီးသွားတဲ့အချိန်မှာ၊ ပြိုကျသွားတဲ့ အချိန်မှာ ခံစားချက်က … ။

ဖြေ။ ။ ပြိုတဲ့ အဆင့်ကိုမြင်တိုင်း မြင်တိုင်း အရမ်းစိတ်တိုင်းကျတယ်။ ကျေနပ်တယ်။ ကျမဖြစ်စေ ချင်တဲ့ ပုံစံအတိုင်း ဖြစ်တယ်။ တကယ်က ကျမက ဒီအလုပ်ကို မှန်းဖို့ပဲတတ်နိုင်တယ်လေ။ လုပ်ကြည့်ရုံလေး လုပ်ကြည့်မလို့။ ဒါလုပ်ဖို့က စင်ကာပူဒေါ်လာ ၇၀၀၀ ကုန်ပါတယ်။ ကုန်တာကတော့ စင်ကာပူ အစိုးရက ကုန်တာပါ။ ဒီ ၇၀၀၀ ကုန်တာကို နောက်ဆုံးမှာ ဒီလောက်လေးပဲ ကျန်ခဲ့တယ်။ ဒီဟာပြိုကျဖို့ကို ၂ လခွဲ ကြာသွားတယ်။ သူ့ရက်နဲ့ သူ အဆင့်ဆင့် ပြိုကျတာပေါ့နော်။ ကိုယ်က ဗိသုကာလည်း မဟုတ်ဘူး ပန်းချီပဲသိတာလေ။ ကိုယ့်ဘာသာ စိတ်ကူးထဲမှာဆွဲပြီး ဗိသုကာတွေနဲ့ တိုင်ပင်ရတယ်။ သကြားက ၅. ၅ တန် ကုန်တယ်။ အဲဒါရဖို့ ၁၀ ရက်လောက် Volunteer ၄၅ ယောက်လောက်နဲ့ ချက်လိုက် ရတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ခု ပြတဲ့ ပန်းချီပြပွဲနဲ့ ပတ်သက်လို့ တခုခု ပြောပြပေးပါဦး။
Photobucket
ပန်းချီ ချောအိသိမ်း (ဓာတ်ပုံ - ဧရာဝတီ)
ဖြေ။ ။ အဓိကကတော့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို ကိုယ်ခံစားရသလို လူတယောက်အနေနဲ့ ခံစားပြီး တင်ဆက်ထားတယ် ဆိုတာပါပဲ။ နောက်တခုက ကျမ သွားတဲ့ နေရာတိုင်းမှာ ဘာသိရလဲဆိုတော့ လူတွေက တကယ့် အတွင်းကျကျ ဘယ်သူမှ မသိကြဘူး။ အပေါ်ယံလောက်ပဲ သိတယ်။ အဲဒါကြောင့် ကျမကိုယ်ကျမ အနုပညာသမား တယောက် အနေနဲ့ စကားပါးသူ (Messenger) အဖြစ် အမြဲခံစား ရတယ်။ သူတို့တွေက အပေါ်ယံဖြစ်နေတာ လောက်သာ သိကြတယ်။ စစ်အစိုးရ အုပ်ချုပ်တယ်၊ အန်တီစု နိုဗဲလ်ဆုရတယ်။ ဒီလောက်ပဲသူတို့သိတယ်။ ကျမတို့ နေ့စဉ် နေထိုင်နေရ တဲ့ အခက်အခဲ ပြဿနာတွေကို သူတို့ မသိဘူး။ နောက်ဆုံး အဲဒီ နာမည် နှစ်ခုသာ သူတို့ သိရင်သိမယ် မြန်မာပြည်ဆိုတာကို သူတို့ မသိဘူး …။ အဲဒီတော့ ကျမ လုပ်တိုင်း လုပ်တိုင်းမှာ ပန်းချီဆွဲတာထက် စကားပြောတာ ပိုများတယ်။ ငါတို့ ဘယ်လိုစားရတာ၊ ဘယ်လိုနေရတာ၊ မီးက ဘယ်လိုပဲရတာ၊ ငါတို့ရဲ့ ပညာရေးက ဘယ်လို .. စသည်ဖြင့်ပေါ့ …။ ကျမတတ်နိုင်တဲ့ အနုပညာနဲ့ Messenger တယောက် လုပ်နေ တာပါလို့ … ။ ။

Season Greetings/2008 CFOB Report

“Canada is one of those countries which has a special place in my heart because it is very far away from Burma and yet consistently the people and the government of Canada have shown great concern for our struggle for democracy.”
Aung San Suu Kyi

Dear friends and supporters:

Canadian Friends of Burma would like to wish you and your family a very Merry Christmas/happy holidays and all the best in the New Year. We would also extend our appreciation for your support for a free and democratic Burma. For your info, we are now sending you some important accomplishments in 2008.
− Canadian Friends of Burma

Canadian Prime Minister met Burmese Prime Minister in exile
Dr. Sein Win (Left) and Prime Minister Stephen Harper (right) - Photo: PMO

Prime Minister Stephen Harper met Burma’s Prime Minister in exile Dr. Sein Win in his parliament office on May 7, 2008. This is the first time a Prime Minister of Canada has ever met the leader of Burma’s government in exile. The Burmese democracy leader requested Mr. Stephan Harper to coordinate the international relief effort in response to the most devastating natural disaster in Burma.

Senior Burmese monks met Canadian ministers
From left - front row: Hon. Larry Bagnell, U Kawwida, U Panavamsa; Back row: Hon. David Kilgour, MP Diane Bourgeois, MP Lloyd St. Amand, MP Bryon Wilfert, and Tin Maung Htoo - Photo: Larry Bagnell Office

Venerable U Pannavamsa, president of International Burmese Monks Organization (IBMO) and Venerable Ashin Kawwida, abbot of Burmese Buddhist Temple, visited to Ottawa on May 27 and met senior Canadian government officials including Foreign Minister, Secretary of State for Multiculturalism and parliamentarians. Discussion focused on the urgency of cyclone relief efforts in Burma. They also discussed about food crisis on Thai-Burma border.

FM presented Honorary Canadian Citizenship to DASSK
The Canadian Foreign Affairs Minister presented the Honorary Canadian Citizenship to Daw Aung San Suu Kyi, in a formal ceremony on May 5th in Parliament. Daw Aung San Suu Kyi, the leader of Burmese democratic movement, is the fourth person to receive this prestigious award and the first female to receive the award. On October 17th, 2007 the motion tabled by Prime Minister Harper was passed with a unanimous support in the House. On May 5, Foreign Minister Bernier presented the award to Daw Aung San Suu Kyi’s cousin, Prime Minister Dr. Sein Win, of the exiled National Coalition Government of the Union of Burma (NCGUB). CFOB took the initial nomination process with the support of thousand of citizens’ support.

Cyclone Nargis and “Crime against Humanity”
Hon. Jason Kenney, current Minister of Immigration, gave a speech at a Toronto rally
In the aftermath of deadly cyclone, CFOB called for a Global Action Day on Burma in a press conference held on Parliament Hill, to draw an immediate attention on the humanitarian catastrophe and the need to use humanitarian intervention, given the state’s failure to protect its citizens from dying of disease and starvation. Around the world, activists gathered in more than 30 cities including Ottawa, Toronto and Vancouver, calling for “Reasonability to Protect (R2P)” clause to be invoked.
Canada provided $26 million for cyclone relief in Burma
From left: former Toronto MP Wajid Khan, Conrad Sauvé (Red Cross Canada), Chinese Consulate, Beverley Oda (Minister for International Cooperation), Tin Maung Htoo (CFOB), Victor Wong (Chinese Canadian National Council), and Dr. Longhuan Kim (National Congress of Chinese Canadians) during a matching fund announcement on Aug. 14 in Toronto

As the cyclone hit Burma, CFOB urged the government to announce an emergency relief for survivors in Burma. On May 5, Beverley J. Oda, Minister of International Cooperation, and Maxime Bernier, Minister of Foreign Affairs, responded by announcing $2 million for the assistance. An additional $12 million was made on May 30 and a matching mechanism was added to encourage public donation which amounted to $11.6 million. In total, the Government of Canada provided 26 million dollars and private and institutional donation is estimated at $14 million.

Responses to Food Crisis on Thai and India-Burma border:
In response to a call for emergency aid to alleviate food crisis on the Thai-Burma border, CFOB issued a press release about the crisis and tried to draw media, public and policymakers attention. CFOB also raised the issue with officials from FAC and CIDA officials. As result of all efforts, CIDA agreed to provide extra $2 million.

On one hand, CFOB worked with Chin Human Rights Organization (CHRO) to highlight another food crisis on India-Burma border. The mass flowering of bamboo has led to an explosion of rats which are destroying basic crops and paddy fields in the region. Chin State covers almost 14,000 square kilometres, roughly one fifth of which is covered by bamboo and approximately 100,000 people are facing food shortage. CFOB arranged meetings for CHRO with government officials, representatives of Canadian civil society organizations including Canadian MPs.

Parliamentary Hearings
Early this year, two Burma briefings have been held at Parliamentary Standing Committee on Foreign Affairs and International Trade. During the 1st briefing on Jan. 30, four director generals from Department of Foreign Affairs and International Trade told the Committee that the government's tougher sanctions against Burma imposed in Oct., 2007 would have some impact not only the new investment but also on the existing Canadian ones in Burma. And during the second briefing on Mar. 8, three representatives from Canadian civil society organizations including Canadian Friends of Burma testified before the committee, asking more concrete actions including ‘earmarked money’ for Burmese democratic movement.

Burma in the Radar of Canadian Foreign Policy
Burma appears to be becoming a priority of Canadian foreign policy. That trend is hinted in government’s ‘2008-09 Reports on Plans and Priorities’ tabled in the House of Commons on March 31, 2008. The report outlines its strategy to “develop an integrated, whole-of-government policy for ... and Burma” and to “support governance, human rights and the rule of law in Burma.” Interestingly, another separate report tabled in the House endorses an establishment of ‘panel of experts’ to study Canadian capacity to deliver “democracy support.” To strengthen this position, Canada hosted an International Conference on Burma in Quebec City on Mar. 27, 2008, inviting 76 guests from 15 countries. Among others, an imposition of the toughest economic sanction on Burma on Nov. 14, 2007 in response to brutal crackdowns on the ‘Saffron Revolution’ represents the strongest indicator of Canada heading towards somewhere desired by Burma supporters in Canada.

Parliamentary support on Burma stronger than ever
The membership of the Parliamentary Friends of Burma (PFOB) that was established in Dec., 2006 is also growing with 37 MPs and Senators, and Burma issues have been discussed quick often in the House, especially during the question and answer period. PFOB and CFOB have jointly held press conferences on Parliament Hill, and created unprecedented Canadian media interest and coverage on Burma.

The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma since 1991. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org