Saturday, December 27, 2008

နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆိုချီတက်ပွဲများနှင့် ဆန္ဒပြပွဲ (၂၀၀၈)မှတ်တမ်းများ






အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ


နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆိုချီတက်ပွဲများနှင့် ဆန္ဒပြပွဲ (၂၀၀၈)မှတ်တမ်းများအား တင်ပြလိုက်ပါသည်။

မင်းမော် စိုး

မန်ာဟရီ၏ရင်ခတ်သံများ

manawhary


၂၇၁၂၂၀၀၈ သတင်းနှင့်ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။27122008 News


အသက်ဝင်လာသည့် မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေးဟာ ရွှေဝါရောင်တော်လှန်ရေးအပြီး ငြိမ်သက်နေရာကနေ အသက်ဝင် လှုပ်ရှားလာလို့ လူအများ စိတ်ဝင်စားရတော့ မယ့်အခြေအနေ ရောက်လာပြန်ပါပြီ။ဘီဘီစီ။ဗွီအိုအေ စတဲ့ သတင်း အသံတွေမှာရော။ အခြားသတင်းဌာနတွေမှာပါ ထွက်လာတဲ့ အသံတွေ နှိုင်းယှဉ်ပြီး မြင်တာကို ပြန်ဖောက်သည်ချပြချင်ပါရဲ့ ။
အခုဆိုရင် မြန်မာ့နိုင်ငံရေးကို ကုလသမဂ္ဂက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ မနေ့က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါ တယ်။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်တွင်း ရေးကို စွက်ဖက်တာဆိုပြီး ထုံးစံအတိုင်း ဘူးခံ-လက်မခံ ပယ်ချလိုက်ပါတယ်ခင်ဗျ။
လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဟာ အရှေ့ အုပ်စုနဲ့ အနောက်အုပ်စုကြားမှာ လွန်ဆွဲတဲ့ ကွင်းပြင် တခုဖြစ်နေပါပြီ။ ဘာလို့လဲဆို တော့ အီးယူ၊အမေရိကန်နဲ့ ဒီမိုကရေစီ နိုင်ငံများက မြန်မာ့အရေးကိုထောက်ခံ အရှေ့အုပ်စုဖြစ်တဲ့ အာစီယံနိုင်ံများနဲ့ နအဖစစ်အစိုးရ ဆီက နှိုက်ယူစားခွင့် ရနေတဲ့ အရှေ့ အုပ်စုက တဖက်ဖြစ်နေတာ အခုတော့ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပါပြီ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို နိုင်ငံအများက အသိအမှတ်ပြုထားပြီး ဒီအတွက် အကြံပြုချက်တွေနဲ့ တောင်းဆိုချက်တွေ အဆိုပြုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်ကို မနေ့က(၂၅။၁၂။၀၈) ကုလ သမဂ္ဂ အထွေထွေညီလာခံကြီးမှာ ထောက်ခံမဲ ၈၀၊ ကန့်ကွက်မဲ ၂၅၊ ကြားနေ ၄၅ မဲတို့နဲ့ အတည်ပြုလိုက်ပါတယ်။
ထင်ရှားအောင်နမူနာဆောင်ပြရရင် မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ အပါအ၀င် အာဆီယံနိုင်ငံတွေ ကတော့ အခု ဆုံးဖြတ်လိုက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူများပြီး အချို့က ကြားနေပါတယ်။ မြန်မာနဲ့နီးတဲ့ အရှေ့အာရှ ထဲကဆိုရင် ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့တီမောနိုင်ငံတွေကပဲ ဒီဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြ ပါတယ်။
အနောက်အုပ်စုဘက်က မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့နဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တွေမှာ အတိုက်အခံတွေကို လွတ်လွတ် လပ်လပ် ပါဝင်ခွင့်ပြုဖို့ ကိစ္စတွေကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာ စစ်အစိုးရကို တောင်းဆိုထား ပါတယ်။ မြန်မာနိုင်ငံ စစ်အစိုးရ ကိုယ်စားလှယ် ကတော့ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို အကြောင်းပြ ပြီး နိုင်ငံရေးအရ မြန်မာနိုင်ငံကို ဖိအားပေးတာလို့ ယူဆခဲ့ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ အရင်ချမှတ်ပြီးသား နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုပဲ ဆက် လုပ်သွားမယ်လို့ မနေ့က ကုလ သမဂ္ဂမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးကျော်တင့်ဆွေကတုန့် ပြန်ချေပ ပြော သွားပါတယ်။
သူပြောဆိုသွားပုံကတော့ ယဉ်သဗျ။ ဘာတဲ့ --“လူ့အခွင့်အရေးဆိုတာကို နိုင်ငံရေးအတွက် အသုံးချတဲ့အပေါ် မြန်မာနိုင်ငံအနေနဲ့ လက်မခံ နိုင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာ လူထုဆန္ဒခံယူပွဲလုပ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု လိုက်နိုင်ပြီး ကိုယ့်ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ် တွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နေပါတယ်။
ကျနော်တို့အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း မှုလုပ်ငန်းတွေ ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျနော် တို့ရဲ့နိုင်ငံရေးလုပ်ငန်းစဉ် အဆင့် ၇ ဆင့်ကို အောင်အောင် မြင်မြင် ဆက်လုပ်သွားဖို့ကို ပိုင်းဖြတ်ထားပါတယ်။ ပါတီစုံရွေးကောက်ပွဲ
ကျင်းပနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ဒီနိုင်ငံရေးလုပ်ငန်းစဉ် အဆင့် ၅ ကို လာမယ့် ၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ လျာထားပါ တယ်။” တဲ့လေ။ သူ့ကွင်းမှာပြင်ပြီးသားနဲ့  အတိုက်အခံတွေ၊ ပြိုင်ဘက်တွေကို သူ့အားပေးတဲ့ အရှေ့ အိမ်နီးချင်းပရိတ်အား အပိုင်ယူပြီး ကိုယ့်အိမ်ကွင်းမှာ အစီအစဉ်တကျ အပိုင်ကုလားဖန်ထိုးပြီး အပိုင်ကန်မယ့် အခြေအနေပါ။
ကုလသမဂ္ဂအနေနဲ့ကတော့ လာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်ပြီး မျှတဖို့လိုမယ်၊ အတိုက်အခံ ပါဝင် ခွင့်ရှိဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ ယူဆထားပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံက တရားရေးစနစ်ကိုလည်း ဝေဖန် ထောက် ပြထားပြီး ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ အကြံပြုထားတာ ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ဆိုတာကတော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးပြောင်းလဲမှုအတွက် အခရာပဲလို့ ကုလ သမဂ္ဂက မြင်ထားပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရအနေနဲ့ပည်တွင်းပြည်ပက ဘယ်အကြံပြုချက်ကိုမှ အကောင်းမြင်တဲ့ သဘော မယူဆပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးတာလို့ ယူဆပြီး ဒါတွေကို လက်ခံခွင့်ပြု စရာမရှိဘူး လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်က မနေ့က မဲခွဲဆုံးဖြတ် အတည်ပြုပြီးတဲ့နောက် အခုလို ပြောပါတယ်။
“ကျနော်တို့ရဲ့ ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် ကိစ္စတွေကို လက်ခံ ခွင့်ပြုမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအသုံး ချမှုဖြစ်တာကြောင့် ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ လက်မခံပါ ဘူး။ ဒါကို လက်ခံဆောင်ရွက်ဖို့ မလိုပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒ ကိုတော့ ထပ်လောင်း အတည်ပြုပြောလိုပါတယ်။ ကျနော်တို့အနေနဲ့ ကုလသမဂ္ဂနဲ့ရော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဆိုပဲ။
အခုဆိုရင် မြန်မာ့နိုင်ငံရေးကို ကုလသမဂ္ဂက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ ပတ် သက်လို့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ မနေ့ က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့ အချိန်မှာပဲ တရုတ်အစိုးရလည်း မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့ ကို နှစ်၃၀ စာချုပ်နဲ့ ၀ယ်ခွင့်ရပြီဖြစ်ကြောင်း။ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်တော့မှာဖြစ်ကြောင်း ထုတ် ဖော် ကြေ ငြာ ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံရေးအခြေအနေကိုပြန်ကြည့်ရင် အတိုက်အခံတွေထဲမှာ မြန်မာနိုင်ငံလွတ်လပ်ရေး တိုက်ပွဲနဲ့အတူ အခြေခံ သန္ဓေတည်လာခဲ့တဲ့ အနောက်မုန်း။ အရှေ့မျှော်အုပ်စုများကလည်း အင်အားမသေးလှသလို တရုတ်စီးပွါးရေးနဲ့ တရုတ်ရေတပ် မြန် မာ့ပင်လယ်ပြင်မှာ နေခွင့်ရနေ၊ပြီးတော့ အိန္ဒိယနဲ့ ရုရှားကလည်း ထောက်ခံမှုက နအဖဘက်ကို ရှိနေတာကလည်း မြန်မာ့ ဒီမိုကရေ စီ ထွန်းကားရေးအတွက်စဉ်းစားရမယ့် အချက်တချက် ဖြစ်နေပါတယ်။
ဘာပဲပြောပြော ကုလသမဂ္ဂရဲ့ အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံချက်၊ တင်ပြချက်တွေအပေါ် အခြေ ခံပြီး ပြုစုထားတာပါ။ ကုလသမဂ္ဂ လူ့အခွင့် အရေးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က တော့ လာမယ့်ရှေ့နှစ် မတ်လမတိုင်ခင် မြန်မာနိုင်ငံကို ထပ်မံသွားရောက်နိုင်မယ်လို့ မျှော်လင့်နေပါ တယ်။ မတ်လမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ် လည်ညီလာခံ ကျင်းပမှာမို့ သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက် လို့ နောက်ထပ် အစီရင် ခံစာတခု ကုလသမဂ္ဂကို ထပ်တင်ရဖို့ရှိပါတယ်။
နောက်ပိုင်းတော့ ၂၀၀၉ ခုနှစ်မှာ တရုတ်က အနီးကွင်း။ အနောက်အုပ်စုက အဝေးကွင်း ဖြစ်တဲ့ မြန်မာ့ မြေပြင်မှာ ဘယ်လိုရှိမယ်ဆို တာ စိတ်ဝင်စားဖွယ်ဖြစ်လာကြောင်း ဖောက်သယ် ချလိုက်ပါတယ်ခင်ဗျ။

http://www.thuriya.org/မှ

သူ့ဘက် ကိုယ့်ဘက် အခြေအနေမှန်

လက်ရှိ မြန်မာနိုင်ငံရေးကတော့ ရေဒီယိုသတင်းဌာနတွေမှာ ကြားကြရတဲ့ နအဖဘက်က အချိန်ဆွဲပြီး ဂွင်ဆင်လာလိုက်တာ အခု ဆို ရင် သူလိုချင်တဲ့ ဂွင်မှာ အပိုင်ထိုင်နိုင်တဲ့ အဆင့် ရောက်သွားပါပြီ။

အများသိကြတဲ့ အတိုင်း အတိုက်အခံတွေ အင်အားကောင်းနေတဲ့အချိန်မှာ နအဖ ဘက်က ၈န္ဒီညီလာခံကို ပျက်အောင်ဖျက် နိုင်ခဲ့ တယ်။ ပြီးတော့ အမျိုးသားညီလာခံဆိုတာ ခေါ်ယူကျင်းပပြီး အခြေခံဥပဒေဆိုတာကို ဆွဲနိုင်ခဲ့တယ်။ တရုတ်နဲ့ရုရှားကို အခိုင်အမာ ကျောထောက်နောက်ခံရအောင် နည်းမျိုးစုံနဲ့ ဆွဲဆောင် အကူအညီယူနေခဲ့ကြတယ်။ နာဂစ်မုန်တိုင်းဖြစ်ပြီး လူတွေ သိန်းချီသေနေ တာကို ဂရုမစိုက်ဘဲ သူတို့ လက်ဝါးရိုက်ထားတဲ့ အခြေခံဥပဒေဆိုတာကို အတည်ပြူတဲ့ မဲပေးပွဲကို အနိုင်ရ အောင် လုပ်နိုင်ခဲ့ တယ်။

အတိုက်အခံတွေ ဘက်မှာရော ဘယ်လိုအခြေအနေရှိနေပြီလဲ။ နအဖ ကို ထိပ်တိုက်ရင်ဆိုင်တဲ့ အနေနဲ့  ဂန္ဒီညီလာခံ အပြီးမှာ ပြည်ပ ထွက်ပြီး စင်ပြိုင်အစိုးရ ဆိုတာကို ထူထောင်နိုင်လိုက်တယ်။ နေက်တော့ အမျိုးသားညီလာခံ ညောင်နှစ်ပင်ညီလာခံကို ဆန့် ကျင် တာလုပ်တယ်။ နိုင်ငံတကာလှည့်ပြီးလော်ဘီလုပ်တယ်။ ကုကသမဂ္ဂမှာ မြန်မာ့အရေး ဆောင်ရွက်နိုင်အောင်ရယ်။ နိုင်ငံတကာက စီးပွါးရေးပိတ်ဆို့နိုင်အောင်ရယ် လောဘီလုပ်-၀ါဒဖြန့် နိုင်ခဲ့ကြတယ်။ ပြီးတော့ နော်ဝေက ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ အာအက်ဖ် အေ လို့ခေါ်တဲ့ လွတ်လပ်တဲ့အာရှအသံဆိုပြီး မြန်မာ့အသံလွှင့်ဆက်ရှင် ၂- ခုတိုးအောင်လုပ်နိုင်ခဲ့ကြတယ်။မေ ၃၀ ဒီပဲယင်းပြဿနာ ကို အကြောင်းပြပြီး နအဖ သိက္ခာကျရေး လုပ်ခဲ့ကြတယ်။ နောက်တော့ နအဖ လုပ်သမျှနောက်ကလိုက်ပြီး ရှုတ်ချပွဲတွေ ဆန့် ကျင် ပွဲတွေ လုပ်ခဲ့ကြတယ်။ ဥပမာ ကိုမင်းကိုနိုင်တို့ရဲ့ ကုန်ဈေးနှုန်းကျဆင်းရေး ပြည်ပကထောက်ခံ။ နအဖကို ရှုတ်ချ။ ရွှေဝါရောင် တော် လှန်ရေးကိုထောက်ခံ။ နအဖလုပ်ရပ်ကို ရှုတ်ချ၊နာဂစ်မုန်တိုင်း ပြည်ပ ကယ်ဆယ်ရေးကို ထောက်ခံ။ နအဖ ဘက်က ကယ်ဆယ်ရေး တားဆီးမှုကို ရှုတ်ချခဲ့ကြတယ်။ အခုနောက်ဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဒဏ် နှစ်အများကြီးချ နယ်ထောင်တွေ ပြောင်းနေတာကို နိုင်ငံတကာက သနားလာအောင် ဆက်လုပ်နေပါတယ်။

လက်ရှိ အနှစ် ၂၀ ကြာပြီးနောက် ပြန်ဆန်းစစ်ကြည့်ရင်တော့ ၁၉၉၀ တုန်းက အတိုက်အခံတွေဘက်က ၁ ပိဿာ- နအဖ ဘက်က ၁၀ ကျပ်သားအဆင့်ပါ။ လက်ရှိအခြေအနေမှာတော့ နအဖ ဘက်က ၁ ပိဿာ- အတိုက်အခံတွေဘက်က ၁-ကျပ်သား အဆင့် ရောက်သွားရပါပြီ။ ဒါ ဘာကိုပြသလဲဆိုရင် လုပ်ငန်းအောင်မြင်မှု အဆင့် ဘယ်လောက်ကွာတယ်ဆိုတာ အမြင်ကိုအမြင်အတိုင်း ရလဒ်က သက်သေ ပြခဲ့တာပါ။

ဒီလိုဘာကြောင့် ဖြစ်ခဲ့ရသလဲ။ပြန်ဆန်းစစ်ကြည့်ရင် နအဖ ဘက်က လုပ်စရာရှိတာကို ဘယ်သူက ဘာပြောပြော မှားသည်ဖြစ်စေ။ မှန်သည်ဖြစ်စေ သူလိုရာကို တိကျတဲ့ ဆုံးဖြတ်ချက်နဲ့ သွားနိုင်ခဲ့လို့ ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့အချက်ပါ။

အတိုက်အခံတွေဘက်ကတော့ တရုတ်နဲ့ရုရှားလိုလားသူတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လိုသူတွေ၊ လက်ယာနိုင်ငံတွေဘက် လိုလားသူတွေဆိုပြီး အယူအဆတွေ အမျိုးကွဲခဲ့ကြတယ်။

တရုတ်နဲ့ ရုရှားလိုလားတယ်ဆိုတဲ့သူ အချို့ ကလည်း အမေရိကန်နဲ့ ဥရောပနိုင်ငံ အပါအ၀င် တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်ယူသူက ယူကြတယ်။တရုတ်နဲ့ ရုရှားဆီမှာ မခိုလှုံခဲ့ကြဘူး။ ထိုင်းနယ်စပ်နဲ့ တောထဲက လူတွေကလည်း စောစောက အယူအဆ ၃ မျိုးအပေါ် မှာ တောင်လိုက်မလို မြောက်လိုက်မလိုနဲ့ ခြံစည်းရိုး ခွထိုင်သူက ထိုင်ကြတယ်။ တတိယနိုင်ငံရောက်သူတွေ အများစုကလည်းအမုန်း ခံရမှာစိုးပြီး နိုင်ငံရေး-နှာစေးနေကြပြန်တယ်။

ပြည်ပရောက် နိုင်ငံရေးအဖွဲ့ အချို့  ပြောနေတဲ့လေသံတွေကတော့ နအဖဟာ အတိုက်အခံတွေကိုကြောက်နေပါတယ်၊ တနေ့ မြန်မာ ပြည်သူတွေ ဒီမိုကရေစီကို ရကိုရမှာပါလို့ အော်ဟစ် ကြွေးကျော်နေဆဲပါ။ဒါမေမယ့် ပြည်သူတွေကို ဘယ်လိုဒီမိုကရေစီစနစ်မျိုး ယူ ပေးမယ် -နိုင်ငံရေး လမ်းစဉ်နဲ့ ဘယ်လိုသွားမယ်- ဘယ်စနစ်နဲ့ သွားမယ်ဆိုတာ ထုတ်ဖော်မကြေငြာရဲ။ ဗီတိုအာဏာနဲ့ ကိုယ့်ဘက်မှာ ရပ်တည်ပေးမယ့် ကျောထောက်နောက်ခံနိုင်ငံလည်းမရှိ။ တချို့က ၂၀၁၀ ရွေးကောက်ပွဲ ထောက်ခံရမလိုလို။ တချို့က ၁၉၉၀ ရလဒ် ဆက်လက်ဆုပ် ကိုင်ရမလိုလို ဒွိဟ ဖြစ်လျှက်- ငြင်းခုန်လျှက်။ အဲသလို ပဲ့ကိုင်နိုင်ငံရေး အတိုက်အခံအုပ်စုများထဲမှာ အနာဂါတ် နိုင်ငံ ရေးရည်မှန်းချက် ဇဝေဇ၀ါ ဖြစ်နေမှုဟာ တိုင်းပြည်နဲ့  လူမျိုး အတွက် နစ်နာစေမှာ ဖြစ်ပါတယ်။

နအဖ ဘက်က စည်းကမ်းရှိသော ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုပြီး အနုမြူပိုင်တဲ့ နိုင်ငံဖြစ်အောင် လုပ်နေပါတယ်။နိုင်ငံတကာက ဘာပဲပြောပြော-ဝေဖန်ချင်တာဝေဖန်၊ မောရင်ရေသောက်- ပြန်မပြောနားမထောင် လုပ်ပြနေတယ်။ ပြည်သူတွေကိုလည်း လှုပ်ရင် မြှုပ်သွားမယ် ငြိမ်ငြိမ်နေ ဆိုတဲ့ စနစ်နဲ့ ငြိမ်ပိဖြစ်အောင်ဆက်လုပ်နပါတယ်။ ပြီးတော့ လူဆိုးတွေနဲ့ မောင်တိုင်ပင်ဆိုသလို ကမ္ဘာ့ အော့ကြောလန် မြောက်ကိုရီယား အပါအ၀င်အာဏာရှင်နိုင်ငံ တွေနဲ့ ဆက်ဆံ။ပြီးတော့ ဗီတိုအာဏာ သုံးခွင့်ရှိတဲ့ နိုင်ငံ ၂ နိုင်ငံကို အပိုင်အားပြုပြီး စစ်အာဏာရှင် ဒီမိုကရေစီစနစ်သွားဖို့ ထုတ်ဖော်ပြသ နေပါပြီ။

ဒီတော့ မြန်မာပြည်ကို ကယ်တင်လိုသော အတိုက်အခံအဖွဲ့ များ တွေ ၁၉၉၀ အခြေအနေရောက်အောင် ဘယ်လို လုပ်ကြရမည် ဆိုတာ အကြံဥာဏ်ကောင်းများ ၂၀၀၉ ခုနှစ်အတွင်း အမြန်ထုတ် တော်မူကြမည် ဆိုသည်ကို မြန်မာပြည်သားအပေါင်းမှ စောင့်စား ယုံကြည်နေကြပါသည်။ ပြည်ပရောက် စင်ပြိုင် အစိုးရအဖွဲ့နှင့် ပြည်ပရောက်အတိုက်အခံများမှ ကယ်နိုင်မည်လောဟု မျှော်လင့် နေဆဲလည်းဖြစ် ပါသည်။



ဖိုးသောကြာ(အညာမြေ)

“တော်လှန်ရေး ရေပေါ်ဆီ ”


ကျွန်တော်ကတော့ ၁၉၈၉ ခုနှစ် ကနေ ၂၀၀၁ ခုနှစ်အထိ ကေအင်န်အယ်လ်အေ မှာ တာဝန်တမ်းဆောင်ခဲ့သူပါ။ တပ်မဟာ(၄)၊ တပ်ရင်း ၁၂ မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ အခု ဗိုလ်ချုပ်ကြီးစောဗိုလ်မြရဲ့ သား ဗိုလ်ကြီးစောနေမြရဲ့ လုပ် ရပ်ဟာ အေအင်ယူရဲ့ မူ(၄)ချက်နဲ့  လုံးဝ ဆန့် ကျင်နေပါတယ်။ဒီလုပ်ရပ်က လက်နက်ချတဲ့ ၀ါဒ ဖြစ်ပါတယ်။ကရင် လူမျိုးတို့ ၏ ကိုယ်စားပြုသည့် လုပ်ရပ်မဟုတ်ပါ။ ဗိုလ်ချုပ်ကြီး စောဗိုလ်မြနဲ့ အဖွဲ့ တို့ ဗိုလ်ချုပ်ခင်ညွန့် နဲ့  ရန်ကုန် သွားရောက် ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ခရီးစဉ်နဲ့ ရည်ရွယ်ချက်-လုပ်ရပ်နဲ့  အခု သူ့ လုပ်ရပ် တခြားစီပါ။
ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကာလက သူက တော်လှန်ရေးအရှိန်အ၀ါနဲ့  နိုင်ငံခြားမှာ ကျောင်းကောင်း ကောင်းတက် ပြီး ကားကောင်းကောင်းစီးနေခဲ့သူပါ။ တော်လှန်ရေးငွေနဲ့  ပိုက်ဆံတွေနဲ့  နိုငငံခြားမှာ ပညာသင်ခဲ့တာပါ။ ကရင့် ရဲဘော် တော်လှန်ရေး သမားတိုင်း သိပါတယ်။ တချိန်မှာ တော်လှန်ရေး အကျိုး ရှိမယ်ထင်ခဲ့ကြတာပါ။ တော်လှန်ရေးလုပ်တာ အချိန်တိုတို အတွင်းမှာ စိန်နားကပ် အရောင်နဲ့  ပါးပြောင်ခဲ့သူလို့ ကျွန်တော်အပြည့်အ၀ ယုံကြည်ပါတယ်။ သူ တာဝန်ထမ်း ဆောင်တာ အချိန်တို ကာလ အတွင်းမှာပဲ ရှိပါသေးတယ်။
စောဘဦးကြီး မူဝါဒ (၄)ချက်အပေါ်မှာ ကိုင်စွဲပြီးရပ်ခဲ့တာ ကရင့်တော်လှန်ရေးဟာ အနှစ် ၇၀ နီးနီးရှိခဲ့ပါပြီ။ သူဟာ ဗိုလ်ချုပ်ကြီးစောဗိုလ်မြရဲ့ သားမဟုတ်ခဲ့ရင် သူ့ တသက် ဒီလိုရာထူး မျိုး ရနိုင်ဖို့ မလွယ်ပါ။ တကယ်လို့ သာမန် ရိုးရိုး လူ တယောက်ဟာ ဒီရာထူးမျိုးရရှိပိုင်ဆိုင်ခွင့် အခွင့်အလမ်းမျိုး ရဖို့ အလွန်ခက်ခဲပါတယ်။
ကရင့် တော်လှန်ရေးမှာ အရည်အချင်းရှိတဲ့ လူတွေ၊ ခေါင်းဆောင်တွေ များစွာပေါ်ခဲ့ပါတယ်။ ဗိုလ်ကြီးစောနေမြလို လူမျိုး တွေ လုပ်ရပ်ကြောင့် တော်လှန်ရေးသမားတွေ၊ ကရင့်တော် လှန်ရေး ခေါင်းဆောင်တွေ တော်လှန်ရေးနဲ့ ကင်းကွာ ခဲ့ရမှုတွေ ရှိခဲ့ပါတယ်။ ဥပမာ ဖဒိုမန်းရှာဆိုရင် အလွန်တော်ပါတယ်။အတွင်းရေးမှူးရာထူးဖြစ်ဖို့  အချိန်တွေအများကြီး စောင့်ခဲ့ရပါတယ်။အချိန် တွေအများကြီး စောင်နေ့ခဲ့ရတဲ့ အတွက် တော်လှန်ရေးမှာ အလွန်နစ်နာခဲ့ရပါတယ်။
ဗိုလ်ကြီးစောနေမြလိုလူ လုပ်ရပ်ဟာ ကရင်လူထုအကျိုးအတွက်ထက် ကိုယ်ရေး ကိုယ်တာ ကိုယ်ကျိုး အမြတ်အတွက်လို့ လုံးဝ ယုံကြည်ပါတယ်။ တပ်မဟာ(၇)မှူး ဗိုလ် ထိန်မောင်လို နအဖရဲ့  ခွဲထုတ်စည်းရုံးရေးမူနဲ့  အလုပ်ခံရတဲ့နောက် သူပါ သွားတာပါ။
အခုတော့ အချိန်တိုအတွင်းမှာ ဒီရာထူးရပြီး အခုလိုလုပ်တဲ့ လုပ်ရပ်ဟာ တော်လှန်ရေး ရေပေါ်ဆီ တစ်ယောက်လုပ်ရပ်လို့ ကျွန်တော်မြင်ပါတယ်။

ဗိုလ်မိကျောင်း(တပ်သားဟောင်း)
ကိုယ်ပိုင်အမှတ် - ၅၁၃၃၃
ခေတ္တ။ နော်ဝေ
မေးမြန်း စုံစမ်းလိုပါက။ ဖုံး ( ၀၀၄၇- ၆၁ ၅၀ ၃၈ ၄၈ )