Saturday, January 31, 2009

သားသတ်သမားစိန်လွင်

Butcher


တပ်မတော်ကအပိုင်စီးခြင်း


နာဂစ်ကိုဆဲဆိုခြင်း


မနိုင်ဝန် ထမ်းသူများအကြောင်း

ဒီအောင်ခင်
ဇန်န၀ါရီ ၃၀၊ ၂၀၀၉
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)က ပြီးခဲ့တဲ့လဆန်းပိုင်းမှာ သုံးရက်ကြာ လုပ်ခဲ့တဲ့ အစည်းအဝေးမှတ်တမ်း ပြင်ပကို ပေါက်ကြားလာပါတယ်။ မပခ နယ်မြေမှာ ကချင်ပြည်နယ် ပါဝင်ပါတယ်။ ကချင်ဒေသနဲ့ နီးတဲ့ ရှမ်းပြည်နယ်ထဲက မြို့တချို့လည်း ပါဝင်ပါတယ်။

မြစ်ကြီးနားမြို့မှာလုပ်တဲ့ ဒီအစည်းအဝေးကို တိုင်းမှူးဖြစ်လာတာ ၆ လပဲ ရှိသေးတဲ့ ဗိုလ်မှူးချုပ် စိုးဝင်း တက်ပါတယ်။ မြောက်ပိုင်းတိုင်းထဲမှာရှိတဲ့ ဗျူးဟာမှူး၊ တပ်ရင်းမှူး စသဖြင့် အရာရှိ အယောက် ၈၀ ၀န်းကျင်ရဲ့ နာမည်တွေလည်း တွေ့ရပါတယ်။

ပထမဆုံး တိုင်းမှူးက သူ့အထက် ခေါင်းဆောင်တွေရဲ့ အမှာစကားတွေကို ပြန်ရှင်းပြတဲ့အကြောင်း ထိပ်တန်းလျှို့ဝှက် ဆိုတဲ့ ဒီအစည်းအဝေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မှာကြားချက်တွေ အများကြီး ရှိတဲ့ထဲက အချက် ၄ ခုက စိတ်ဝင်စားဖို့ကောင်းပါတယ်။
၁။ အရပ်သားအစိုးရ တက်လာတဲ့အခါ ဒီနေ့ဆောင်ရွက်နေတဲ့ လုပ်ပိုင်ခွင့်တွေ ထိခိုက်လာလိမ့်မယ်
၂။ ရန်သူကို ချေမှုန်းရမှာ အားနည်းပြီး အထက်က ဖိအားပေးမှ ဆောင်ရွက်နေကြတယ်။
၃။ မြန်မာပြည်မှာ ကျေးရွာပေါင်း ၆၀၀၀၀ ကျော် ရှိတယ်၊ စစ်သားသစ် စုဆောင်းဖို့ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ရမယ်။
၎။ တပ်တွေကို လေ့ကျင့်ရေးကလွဲပြီး စီးပွားရေးကိစ္စတွေမှာ မသုံးနဲ့။
တိုင်းမှူးကတဆင့်ပြောပြတဲ့ သူ့မှာကြားချက်တွေကိုကြည့်ရင် တိုက်ခိုက်ရေးကောင်းတဲ့ စစ်တပ်ကြီး ဖြစ်စေချင်တဲ့ ဆန္ဒကို တွေ့ရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး
ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ညွှန်ကြားချက်တွေ ဆိုတဲ့ထဲမှာလည်း
၁။ မိုင်းထောင်ဖို့ အမြဲ စဉ်းစား ဆောင်ရွက်နေရမယ်၊
၂။ အပစ်ရပ်အဖွဲ့တွေရဲ့ ဆက်ဆံရေးရုံးတွေကို လိမ္မာပါးနပ်စွာနဲ့ ဖယ်ရှားဖို့။ (စာထဲမှာတော့ “မထားဖို့” လို့ ဆိုပါတယ်)
၃။ ဆက်ဆံရေးရုံးတွေကို အမည်ထပ်ပြောင်းခွင့် မပြုဖို့။
၎။ သဘာဝဘေးဒဏ် ကာကွယ်ရေး ကယ်ဆယ်ရေး စီမံချက်များ ရေးဆွဲဇာတ်တိုက်ထားပြီး ပြည်သူတရပ်လုံးသိဖို့ ဆောင်ရွက်ပါ။
နံပတ် ၄ အချက်က ပြည်သူလူထု ကောင်းကျိုးအတွက် ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကြီး ၂ယောက်ရဲ့ အမှာစကားတွေကို ယှဉ်ကြည့်ရင် ဗိုလ်ချုပ်မောင်အေးက ပြည်သူတွေအရေး ဆောင်ရွက်ပေးဖို့ သူ့ လက်အောက်ငယ်သားတွေကို ခိုင်းတတ်တယ်လို့ မှတ်ချက်ချရမလို ဖြစ်နေပါတယ်။

စစ်တပ်အရည်အသွေး၊ ကြက်ဆူပင်၊ ရန်သူများ
တပ်မတော်စစ်ဆေးရာအရာရှိချုပ်နဲ့ တခြားခေါင်းဆောင်တွေကတော့ “တပ်မတော်၏ အစဉ်အလာကောင်းများသည် တဖြည်းဖြည်း လျော့နည်းရာမှ အရည်အသွေးများမှာ ကျဆင်းလာသည်ကို တွေ့ရကြောင်း” လို့ ဆိုပါတယ်။ ပြီးတော့ လောင်စာအတွက် တနှစ်ကို ဒေါ်လာ သန်း ၅၀၀ ကျော် ကုန်ကျနေတဲ့အတွက် ကြက်ဆူပင်စိုက်ဖို့အရေးကြီးကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ကမ်းလွန်ရေနံနယ်မြေ အငြင်းပွားချက်ကိုလည်း ရှင်းထားပါတယ်။ “မိမိရေပိုင်နက်အတွင်းရှိသည့် စီးပွားရေးဇုံအတွင်း ဆောင်ရွက်သည် ဖြစ်သော်လည်း အမေရိကန်နိုင်ငံ၏ အားပေးထောက်ပံ့မှုအရ မရရအောင် ပြန်လည် တောင်းဆိုလာသော အနေအထား၊ တနည်းအားဖြင့် ရန်စသော အနေအထားကို တွေ့ရမှာဖြစ်ကြောင်း” လို့ ဆိုပါတယ်။

“ဘင်္ဂလားဒေ့ရှ်၊ ယိုးဒယား နှစ်နိုင်ငံလုံးမှာ အမေရိကန်နှင့် ပတ်သက် - - - - ၊ အချိန်မရွေး ပြည်ပကျူးကျော်စစ်ကို ဆင်နွှဲနိုင်သောအနေအထားဖြစ်ကြောင်း” လို့လည်း ဆိုပါတယ်။

မထူးဆန်းပါဘူး
ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးရဲ့ ဆွေးနွေး ဝေဖန်ချက်တွေကို ပြန်လည် ဖောက်သည်ချရာမှာလည်း တပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို တွေ့ရပါတယ်။

“တပ်မတော် တစ်ရပ်လုံး အုပ်ချုပ်မှု ဖြစ်စဉ်များကို သုံးသပ်ရာတွင် အရာရှိများ၊ အထက်အရာရှိများ ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ အရက် အလွန်အကျွံ သောက်စား မူးယစ်ပြီး ပြဿနာရှာခြင်း၊ - - - -လုံခြုံမှုအားနည်းခြင်းတို့ကို အဓိက တွေ့ရှိရသည့်အတွက် ကြပ်မတ် ကွပ်ကဲ ပြုပြင်သွားရန် လိုအပ်” လို့ ဖော်ပြထားပါတယ်။

စာမျက်နှာ ၄၀ နီးပါးရှိတဲ့ ဒီရဲ့ မှတ်တမ်းကို ဖတ်ပြီးရင် မြန်မာပြည်မှာ စစ်သား၊ စစ်ဗိုလ်၊ စစ်ခေါင်းဆောင်တွေက မနိုင်ဝန် ထမ်းနေပါလား ဆိုတာ တွေ့ရမှာပါ။ စစ်သားက ကာကွယ်ရေး၊ လုံခြုံရေး အလုပ်တွေသာ မဟုတ်၊ စိုက်ပျိုးမွေးမြူရေးက အစ နိုင်ငံတကာဆက်ဆံရေးအဆုံး အလုပ် တာဝန်ပေါင်း များစွာကို ယူထားတာ တွေ့ရမှာပါ။

စစ်သားတယောက်ဟာ သေနတ်ကိုင်တတ်ရုံတင်မကဘဲ အပင်စိုက်တတ်ဖို့၊ နိုင်ငံရေးသမားတွေကို စောင့်ကြည့်ဖို့၊ တနိုင်ငံလုံးရဲ့ စီးပွားရေး အဆင်ပြေဖို့လည်း လိုအပ်တယ်လို့ ဒီအစီရင်ခံစာက ပြောနေသလိုပါပဲ။ ဒီတော့လည်း မြန်မာ့တပ်မတော် အရည်အသွေး ကျလာတာဟာ သဘာဝကျပါတယ်လို့ပဲ ပြောရပါတော့မယ်။ ။

Friday, January 30, 2009

၃၀၀၁၂၀၀၉သတင်းနှင့်ဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


Thursday, January 29, 2009

ဖြစ်သင့်တာ......

ပြည်ပအတိုက်အခံထက်ပြည်တွင်းအတိုက်အခံတို့၏လှုပ်ရှားမှုသည်ပိုမိုထိရောက်သက်ဝင်သည်ဟုအများစုက
ယုံကြည်ကြသည်။ထိပ်ပေါက်ခေါင်းကွဲအန်စီဂျီယူဘီနှင့်ပြည်တွင်းကစီအာပီပီအပြောင်းအလဲတခုကိုရုတ်ချည်း
ဖန်တီးနိုင်မှုစွမ်းအားမည်သူပိုင်ဆိုင်သည်ကိုအားလုံးစဉ်းစားစရာမလိုသိကြသည်။

လတ်တလောမှာတော့စီအာပီပီကိုရောအန်အယ်ဒီကိုရောဦးဝင်းတင်(ထောင်မကြောက်ဝင်းတင်)ကျားကန်
ပေးထားသည်ဟုယူဆရသည်။ကိုမင်းကိုနိုင်တို့လိုဦးဝင်းတင်ဘတ်ဘတ်အိပ်ထဲစီဒီလေးချပ်လောက်ပြစ်ထည့်
လိုက်ရုံနှင့်၆၀နှစ်ကအသာလေးအချိန်မရွေးပြန်ဖြစ်သွားနိုင်သည်။

စီအာပီပီအသက်ဝင်ဖို့တိုင်းရင်းသားတွေမှာအပြည့်အ၀တာဝန်ရှိနေသည်။(ဟ..ဟ..ဘလိုင်းကြီးပါလား).....
အန်အယ်ဒီလိုတစညလိုပါတီအမတ်တွေကရှင်းသည်။ဖြစ်ပေါ်လာမည့်ဖွဲ့စည်းပုံအာဂုံဆောင်သောကြာသား
သမီးပီသစွာလွှတ်တော်ထဲမှာထိုင်ပွားရုံပင်၊အရင်းခံအစွဲမရှိ၊ရှိသည်ကတိုင်းရင်းသားအဖွဲ့(သို့)ပါတီများသာ၊
လက်နက်ကိုင်/စွန့်လွှတ်ကိစ္စ၊ ကိုယ်ပိုင်....ကိုယ်ပိုင်....ကိုယ်ပိုင်....ကိစ္စတွေအများကြီးနောက်ကပါလာမည်။

ထို့အတွက်လတ်တလောတွေ့ဆုံဆွေးနွေးရေးတွင်လည်းအစကောင်းမှအနှောင်းသေချာဆိုသလိုစီအာပီပီ
တွင်တိုင်းရင်းသားအဖွဲ့အားလုံး(ကေအန်ယူ၊အက်စ်အက်အေပါမကျန်)ပါဝင်သင့်သည်။ရန်ကုန်တက်ခွင့်မရ
တောင်ပါဝင်ကြောင်းကြေငြာချက်လောက်တော့ထုတ်သင့်သည်။ကိုယ်တိုင်ပါဝင်ဦးဆောင်၍လည်းအရေးဆို
ဆွေးနွေးသင့်သည်။(အဲ)၁၉၉၉နှစ်ဦးပိုင်းလောက်ကလိုစီအာပီပီတွင်ကျွန်တော်ကျွန်မတို့အဖွဲ့သည်တနှစ်
ခြောက်လနှစ်ရက်သုံးနာရီလေးမိနစ်နှင့်၅၀စက္ကန့်တိတိပါဝင်ပါသည်။အဲဒီအချိန်အတွင်းတိုင်းပြုပြည်ပြုလွှတ်
တော်မပေါ်ပေါက်ပါကပါဝင်မှုအလိုအလျောက်ပျက်ပြယ်သည်တွေဘာတွေထပ်မလုပ်ဖို့ပဲသတိချပ်သင့်ပါသည်။

ဆွေးနွေးရာတွင်အဓိကဖြစ်သောကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာကြီးကိုလည်းဒီခေတ်ဒီအခြေအနေနှင့်မှန်မှန်
ကန်ကန်လက္ခံသင့်ပါသည်။(ရှားရှားပါးပါးအရှေ့ဒီမောတခုတော့ရှိပါသည်။ဘူးခံမငြင်းပါ)......
ပြည်နယ်တခုကိုပြည်နယ်အဆင့်အမတ်များနှင့်အနိုင်ရသည့်ပါတီ(လေးနှစ်)အုပ်ချူပ်စေဆိုတဲ့ဖက်ဒရယ်စနစ်
ကိုလိုက်နာလက်ခံမှာလား၊အဲလိုမှမဟုတ်လက်ရှိအခြေအနေအတိုင်းဆိုရင်တော့မင်းကြီးမသာရွှေ(အဲ)မဟာရွှေ
က၂၀၁၀ပြီးရင်ဒီကေဘီအေကတောင်ဇမုဒ်မှာထောင်ထုပ်စားစေ။ဝတပ်ဖွဲ့ကမြောက်စမုဒ်မှာ....(အဲ)......
မြောက်စမုဒ်မှာ....ကျောက်ထုပ်စားစေပေါ့.....(၆)ဂဏန်းနဲ့ပြည်စုံသူကိုတော့အမီးတော်သံနာစွေရဲ့
အိပ်ဖန်တော်စောင့်ဖြစ်စေပေါ့.....

ဒီတော့စီအာပီပီမှာဝင်စို့၊ထွက်စို့တွေမလုပ်ပဲစုစုစည်းစည်းနဲ့ဆွေးနွေးပွဲဖြစ်ပေါ်ဖို့ပြင်းပြင်းထန်ထန်တောင်း
ဆိုရင်ကုလလည်းဝင်ပါလို့ကောင်း၊အနှစ်၂၀မှာတခါစီးတဲ့သွေးချောင်းတွေလည်းပေါ်စရာမလိုတော့။

အခုဟာကမော်လမြိုင်မြို့ပေါ်ရုံးခန်းလေးရ...၀တ်သောက်ကားတွေဝူးဝူးလုပ်...လက်ဖက်ရည်ဆိုင်ထဲဝင်လိုက်
တာနဲ့သာမန်ပြည်သူတွေအပြင်အလိုက်တသိထွက်ပေးတာကိုဂုဏ်ယူနေတတ်လောက်ရုံနဲ့ကျေနပ်နေရင်တော့
ကိုယ့်အမျိုးကိုယ်သတ်နေသလိုပါပဲ။မဟာရွှေပေးတဲ့အထူးအုပ်ချူပ်ရေးနယ်ဆိုတာဖက်ဒရယ်စနစ်ပြည်နယ်အစိုး
ရမဟုတ်တဲ့အတွက်အာမခံချက်မရှိလို့ဘယ်ပြည်ပအထည်ချူပ်စက်ရုံကမြိုင်ကြီးငူမှာစိတ်ချလက်ချလာတည်
မည်နည်း။ဒီလှေနဲ့ဒီသဂျီးရေမျောကမ်းတင်လုပ်နေရင်တော့ပြည်နယ်နက်နက်ထဲကတောင်ယာဦးကြီးတွေ
နောင်အနှစ်၅၀တောင်အင်တာနက်မပြောနှင့်လျှပ်စစ်မီးလုံးတောင်လက်နှင့်ကိုင်ဖူးရန်လမ်းမမြင်မိပေ။

နိုင်ငံရေးနှင့်နအဖကိုခဏဘေးထုတ်၍ကြည့်လျှင်ပြည်သူကြားတွင်ဘာသာတရားကိုဖြစ်စေအခြေခံ၍ဖြစ်ပေါ်
သောလူမျိုးရေးမုန်းတီးမှုဆိုတာမြို့ပြများတွင်မတွေ့ရပေ၊၊(မယ်လိုဒီဆိုရင်..ကရင်-မွန်စပ်လေး..ဘယ်လောက်
လှလဲ)..
ဗမာ့တပ်မတော်ဟေ့.....ဗမာ့တပ်မတော်ကွ...ဆိုပြီးအလွဲသုံးစားလုပ်ပြီးတိုက်ခိုက်သတ်ဖြတ်တာခံနေရသည့်မြို့ ဝေးဝေးတောနက်နက်ထဲကရွာတွေကိုတော့ဒီမိုရပြီးရင်တောင်ကုစားမှုလျော်ကြေးတွေတော်တော်ပေးဆပ်၍ပြေ ပျောက်စေရပေအုံးမည်။မြို့ပြကဗမာတွေလည်းနည်းမျိုးစုံနဲ့အဲ့ဒီတပ်မတော်အဆိုးယဆိုတာကြီးနှိပ်စက်တာခံနေ ရတာကိုပါသူတို့သိအောင်လုပ်ရအုန်းမည်။

သွေးတွေလည်းနှောလိုတရောင်ထဲလိုဖြစ်နေပါပြီ။လက်ရှိမြန်မာဆိုတဲ့အခေါ်အဝေါ်ကမိမိတို့ကိုကိုယ်စားပြု
တယ်မထင်ရင်လည်း(...United State Of Golden Land{USGL}...}ဖြစ်ဖြစ်။{...United State Of South
East Asia{USSEA}...)ဖြစ်ဖြစ်ပြောင်းခေါ်ကြတာပေါ့....

နအဖကိုတိုက်ပွဲဝင်နေတဲ့ပြည်ပကထိုးစစ်ကိုမစောင့်ပဲ၂၀၁၀မတိုင်ခင်စီအာပီပီကိုနအဖအရေးတယူဆွေးနွေးမှု
ှုတွေဖြစ်ပေါ်လာဖို့ဝိုင်းဝန်းအားဖြည့်ကြပါလို့တိုက်တွန်းပါတယ်။ ။

{{{ ပြည်တွင်းကလူတွေလည်ပင်းညောင်ရေအိုးဖြစ်မှာစိုးလို့ပါ...
ဒပ်ဗလင်ဆေးရုံကချူပ်ပေးလိုက်တဲ့ချူပ်ရိုးဖြေပြီးမှပဲမြန်မာပြည်ကြီးကယ်တင်ဖို့စဉ်းစားတော့မယ်တဲ့}}}


Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.

မသဒ္ဒါကျေးဇူးပြုပါသည်။

ညီလေးနဲ့တခဏတာ



ညီလေးရေ့ 

ငါတို့တတွေဟာ

သာသူကိုအားကြတဲ့

ပုတုစဉ်လူသားတွေဖြစ်ကြတယ့့်  ။

တကယ်ဆိုငါတို့တတွေဟာလောကီသားတွေပေမို့ 

လောကသဘာဝအတိုင်းလိုက်ကာ

တခါတလေမှာ

တကိုယ်ကောင်းအတ္တတွေကို

ကိုယ်ပိုင်အသိနဲ့ဖျောက်လို့

အစွန်းရောက်လွန်းတဲ့

လူ့တိရစ္ဆာန်မဖြစ်အောင်

အများတကာနဲ့သဟဇာတဖြစ်ဖို့

ကိုယ်ပိုင်အသိနဲ့အမြဲရှင်နေရတယ်နော့့်  ။

ညီလေးရေ့ 

ကိုယ့်မျက်စေ့မွှေးတဆုံးမကပဲ

ဝေးဝေးကိုမြင်နိုင်အောင်လို့

မြင့်မြင့်ပျံပြီးတော့

ဝေးဝေးကြည့်ရမယ့့်  ။

နားစွင့်ထားညီလေ့း့ 

ဟိုးရှေ့က၀ံပုလွေတွေ

သားရဲကိုလိုက်ရင်း

စူးစူးရဲရဲအော်သံတွေကြားနေတယ်

ဒါပေမယ့် ခေါင်းဆောင်

ဝံပုလွေအိုကြီးအသံကိုသိပ်မကြားရဘူး

တဘို့တည်းကြည့်တတ်တဲ့ဝံပုလွေအိုကြီးက

တချီတည်းနဲ့သားရဲကိုအပြီလှဲဖို့ပဲ

အဓိကကြိုးစားနေလေရဲ့  ။

ညီလေးရေ့ 

ခေါင်းဆောင်လုပ်တဲ့သူဆိုတာ

စွန့်လွှတ်စွန့်စားမှု

သီးခံအနစ်နာခံမှုနဲ့

ရဲရင့်ဆုံးဖြတ်ဥာဏ်မှန်ကန်မှု

တခုကောင်းတခုတော့ရှိရမယ့့်  ။

ညီလေးငါတို့တတွေက့ 

ယုံကြည်ကိုးကွယ်ကြတာ

ဘာသာအသီးသီးဖြစ်ကြပေမယ့်

ဘာသာတရားတိုင်းမှာ

မကောင်းတာတွေလုပ်ဖို့

ဟောကြားဆုံးမထားတာတွေမရှိဘူ့း့  ။

တကယ်ဆိုရင်ညီလေးရာ့ 

ငါဟာ ပညာရှိတယောက်မဟုတ်တော့

စကားကြွယ်သူပညာတတ်တွေနဲ့

နေ့တဓူဝလောကအကြောင်းတွေပြောကြရင်း

သူတို့တတွေလောက့်

ငါကဥာဏ်မသုံးတတ်တော့

ပညာရှိတွေအကြား

ငါ့မှာ့  မျက်နှာငယ်နဲ့ရှက်စရာပ့  ။

ဒါပေမယ့်လည်း ညီလေးရေ့ 

အချိန်ရရင်ငါဟာ

ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဝေဖန်တတ်လို့

ငါဟာ့  ပညာနည်းပေမယ့်

အစွန်းရောက်တာတွေမလုပ်ခဲ့ဘူး

ကွဲကွာ ညီလေးရာ

ငါတို့နှစ်ယောက်တွေ့ရတဲ့တခဏ

မင်းရဲ့အမြင်လေးတွေနဲ့

ခံစားချက်လေးတချို့ကိုပြောပြပါဦ့း့  ။

ဇာနည်မောင်

၂၉၀၁၂၀၀၉သတင်းနှင့်ဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


Wednesday, January 28, 2009

ငဇင်ကာနှင့်သီတာ

http://www.mediafire.com/?gozcyznjmdz


စမ်းသပ်ချက်တခု

သိပ္ပံပညာရှင်များဟာ မျောက် ၅ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။
ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး
လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့။

တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို
တက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို
(မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ
ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။

ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့
ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ
နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို
ရပ်နားထားလိုက်တော့သတဲ့။

အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင်
အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး
လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။

ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို
လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့
လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့
(မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့
ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ
သူ့ကို ၀ိုင်း "သမ" ကြသတဲ့။
(ကွိကွိ...ကွကွ...ကွိကွ...ခွေးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)

အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ
ဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို
စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့
ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း
ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။

ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး
ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ
စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ
သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို
တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ
ဝါသနာပါပုံရတယ်။)

အဲသလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နေရာမှာ
အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။
စတုတ္ထမျောက်အသစ်တကောင်ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။
နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို
နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။

********************************************************************

.အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့
မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။
သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူး။
ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့
ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့်
အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ
မသိကြရှာဘူးတဲ့ဗျာ။
အဲဒီ မျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို
လူ့အဖွဲ့အစည်း အတွင်းမှာရော တွေ့ဘူးကြုံဘူး ပါသလား။ ။

အဖေကြီးတို့ရေ

အဖေကြီးနှင့်နိုင်ငံတော်ကျေးဇူးကြောင့်သားအခုလိုအကယ်ဒမီရတာကျေးဇူးတင်ပါတယ်ဆိုတဲ့မင်းသား...
အဖေကြီးခင်ညွန့်က..ကတုံးကြီးဖြစ်သွားရှာတော့ဘယ်သူကိုအဖေကြီးတော်နေပြန်လည်းတော့မသိ..
ရက်၁၀၀ရပြီဖြစ်တဲ့သမီးကတော့ကြားကဓါးစာခံဖြစ်ရပြန်ပြီ...
အဖေကြီးအကြိုက်မျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစွာမဧရာဝတီလူမင်းဟုတွင်စေလတ္တံ့ ။ ။

ကျောင်းသားလှုပ်ရှားမှုသမိုင်း(အောင်ထွန်း)

ဖိုင်ရယူကြ



၂၈၀၁၂၀၀၉သတင်းနှင့်ဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


၂၀၁၀ ခုနှစ်ဆိုင်ရာ မဟာဗျူဟာအမြင်နှင့် မြန်မာနိုင်ငံ ပဋိပက္ခအတွင်း အပြုသဘော အမြင်ရှိသူများ အခန်းကဏ္ဍ



မင်းဇော်ဦး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 28 2009 13:35 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံအစိုးရဟာ တပ်မတော်နဲ့ အရပ်သား ညွန့်ပေါင်းအစိုးရတရပ် ပေါ်ပေါက်ရေးကို ရှေးရှု တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအသစ်တရပ် ကျင်းပဖို့ အဆိုပြုခဲ့ပါပြီ၊ အဆိုပါ ညွန့်ပေါင်းအစိုးရ ပုံစံကို တပ်မတော်အစိုးရ ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံမှ ရေးဆွဲခဲ့ပြီး ဝေဖန်မှု အမျိုးမျိုး ပေါ်ပေါက်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲနှင့် ပြီးခဲ့သည့်နှစ်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ NLD အပါအ၀င် ဆန့်ကျင်သူများအဖို့ ပြီးခဲ့တဲ့ (၁၈) နှစ်အချိန်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ အနိုင်ရမှုကို ဆက်လက်ဆုပ်ကိုင်ထားတဲ့ အတွက် ရွေးကောက်ပွဲသစ်ကျင်းပမယ့် အလားအလာအပေါ် လက်ခံနိုင်မှု မရှိကြပါ။

ရွေးကောက်ပွဲအသစ်ကို လိုလားသူတဦးအနေနဲ့ ဒီမိုကရေစီ စံတွေနဲ့မညီတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ကို အားပေးထောက်ခံသူအဖြစ်သို့ ကျရောက်သွားမယ့် အလားအလာ တည်ရှိနေပြန်တယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတွင် အပြုသဘောအမြင်ရှိတဲ့ ဒီမိုကရေစီ အင်အားစုများ ပါဝင်မှုဟာ မဟာဗျူဟာအရ မှန်ကန်သလို ရင်ကြားစေ့ဖို့ များစွာလိုအပ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများ ပြေလည်စေပြီး နိုင်ငံငြိမ်းချမ်းတည်ငြိမ်မှု ဖြစ်ပေါ်ရေးအတွက် လက်တွေ့လိုအပ်ချက်လည်း ဖြစ်ပါတယ်။ ယခုစာတမ်းမှာ၂၀၁၀ ရွေးကောက်ပွဲ အရေးပါမှုနှစ်၂၀၁၀ ရွေးကောက်ပွဲအပြီးကာလတွင် အပြုသဘောအမြင်ရှိသူများက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်နည်းဘယ်ပုံ ပြုစုပျိုးထောင် ပေးနိုင်စရာ အလားအလာတို့ကိုတင်ပြ ဆွေးနွေးထားပါတယ်။


အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ အနေအထား
အနာဂတ်ကို မစဉ်းစားသေးခင်မှာ အနောက်နိုင်ငံများရဲ့ ထောက်ခံမှုရရှိနေတဲ့ ဒီမိုကရေစီလိုလား သူများရဲ့လှုပ်ရှားမှူကို ရိုးသားပွင့်လင်းစွာ ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့်သင့်တယ်။ ၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး NLD ကို ဖြိုခွင်းခဲ့မှုဟာ ပဋိပက္ခကို အလှည့်အပြောင်းကာလသို့ ရောက်စေခဲ့တယ်၊ တဘက်တွင် ဒီပဲယင်းဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ နာတာရှည် ဝေဒနာပြွမ်းတီးမှုဖြစ်စဉ်အပေါ် အချို့ အတိုက်အခံသမားတွေအဖို့ မိမိတို့ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည် သုံးသပ်လာစေခဲ့တယ်။ ဒီပဲယင်း အဖြစ်အပျက်ဟာ မြန်မာအတိုက်အခံ အသိုင်းအ၀ိုင်းများအကြား အကြီးအကျယ် ဒေါသူပုန်ထသွားစေခဲ့တယ်။ တပ်မတော်အစိုးရကို ပြန်လည်ဒဏ်ခတ်ဖို့ နှိုးဆော်ခဲ့ကြတယ်။ အမေရိကန်အစိုးရ ထိပ်တန်း တာဝန်ခံအပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့တဲ့အတွက် မိမိတို့အပေါ် အနောက်ကမ္ဘာက ထောက်ခံသူများဟာ စိတ်ဓါတ်ရေးအရ အားပေးမှု၊ ငွေကြေး အနည်းအကျဉ်းပံ့ပိုးမှုတွေ ပြုနေတဲ့ အနေအထားမှ ရှေ့ကို တဆင့်တက်တော့မယ်လို့ မြန်မာဆန့်ကျင်ရေးသမားတွေ ယုံကြည်လာခဲ့တယ်။

ဒါပေမယ့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဟာ အနောက်ကမ္ဘာအဖို့ စိတ်ဓါတ်မြှင့်တင်ရေး အားပေးမှု အဆင့်မှာသာ ဆက်လက်တည်ရှိနေခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် စိတ်ဓါတ်ရေး အားပေးမှုဟာ မဟာဗျူဟာမြောက် အရေးပါမှုလောက် တန်ဖိုးမြင့်မားမှု မရှိပါ။ ၁၉၉၈ခုနှစ်တုန်းက ဘီကလင်တန်အစိုးရဟာ အီရတ် အတိုက်အခံများကို ဒေါ်လာသန်း (၁၀၀) ထောက်ပံ့ပေးခဲ့ဘူးတယ်။ ယခု မြန်မာနိုင်ငံ အတိုက်အခံများကို အမေရိကန်အစိုးရ ထောက်ပံ့မှုဟာ ဒေါ်လာ (၁၀) သန်းမျှသာရှိပြီး အဲဒီအထဲမှာ ဒုက္ခသည်နဲ့ လူသားချင်းစာနာမှု အကူအညီတွေလည်း ပါနေပါသေးတယ်။ ဒီပမာဏဟာဖြင့် သမုဒ္ဒရာရေထက် ရေတစက်ကျတာလောက်သာ ရှိပါတယ်။

၂ ဒီပဲယင်းနှိမ်နင်းမှုဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအားပေးမှုရဲ့ အတိုင်းအတာ ဘယ်လောက် ရှိတယ်ဆိုတာ လက်တွေ့ ပြလိုက်တာပါပဲ။ မြန်မာဒီမိုကရေစီ လှုပ်ရှားအပေါ် အနောက်ရဲ့အားပေးမှုဟာ အစွမ်းကုန်နေပြီ ဒီအတိုင်းအတာထက် မကျော်နိုင်တော့ဘူးဆိုတာ ပြည်ပအရောက် အတိုက်အခံအချို့ မျက်စိပွင့်လာခဲ့ကြတော့တယ်။

ဒီအရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၀င်ရောက်ဆောင်ရွက်ဖို့ NLD က ပြတ်ပြတ်သားသား တောင်းဆိုခဲ့တယ်။ ယခုလို အရေးပေါ် ကယ်ဆယ်ရေးလုပ်ပေးဖို့ တောင်းခံလိုက်ရတာကတော့ ပြည်တွင်းမှာ NLD ပါတီရဲ့ စည်းရုံးလှုပ်ရှားမှုကို အစိုးရက ပြင်းထန်စွာ နှိမ်နင်း ချုပ်ကိုင်လိုက်ပြီလို့ ပါတီခေါင်းဆောင်များ သိရှိလာလို ဖြစ်တယ်။ အစိုးရဟာတဘက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ရည်ကိုင်ရည် ရှိသူတွေကို ထိမ်းသိမ်းလိုက်သလို တချိန်တည်းမှာ ပါတီအောက်ခြေ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုကိုလည်း ကန့်သတ် ချုပ်ကိုင်လိုက်ပါတော့တယ်။

ပြည်ပရောက် ဆန့်ကျင်သူတွေနဲ့ သူတို့ကို အားပေးထောက်ခံသူတွေဟာ NLD ရဲ့ အရေးပေါ် အသက်ကယ် အကူအညီတောင်းခံမှုကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ ချက်သမ္မတ ဟောင်း ဘားကလပ်ဟာဘယ်နဲ့ နိုဘယ်ဆုရှင် ဒက်စမွန်တူတူးတို့ ပါဝင်တဲ့ ကော်မရှင်တရပ်ဖွဲ့စည်းပြီး ၀ါရှင်တန်မှာရှိတဲ့ အတိုက်အခံ အဖွဲ့ဝင်ရှေ့နေ အချို့က ရှည်လျားတဲ့ ပန်ကြားစာတစောင် ထုတ်ပြန်ခဲ့ကြတယ်။ မြန်မာအစိုးရဟာ ဒေသလုံခြုံရေးကို ထိပါးအန္တရာယ်ပြုနေပြီလို့ တောင်းဆိုလိုက်ကြပါတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံများ အားလုံးလောက်က ဒီအဆိုကို ထောက်ခံခြင်း မရှိကြပါ။ အမေရိကန် ပင်တခွန်စစ်ဌာနချုပ်နဲ့ ထောက်လှမ်းရေး နယ်ပယ်တို့ကလည်း ဒီအဆိုကို ထောက်ခံခြင်း မရှိပါ။ တကယ်တော့ ဒါဟာ အစိုးရအပေါ် ပိုမိုဖိအားပေးဖို့ လှုံ့ဆော်မှု သက်သက်မျှသာ ဖြစ်နေပါတော့တယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီအဆိုဟာ အောင်မြင်မှုမရမှန်း သိသိကြီးနဲ့ အမေရိကန် ကွန်ကရက်လွှတ်တော်နှင့် ဘွတ်ရှ်အစိုးရဟာ အတိုက်အခံတွေရဲ့ လိုလားချက်ကို အကောင်အထည်ဖော် ပေးခဲ့ကြတယ်။ ၁၉၉၅ ခုနှစ်တုန်းက ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မယ်ဒလင်အောဘရိုက် နဲ့ တွေ့ဆုံစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်က အလားတူ တောင်းဆိုမှု ပြုခဲ့ဘူးတယ်။ ဒါပေမယ့် ကလင်တန် အစိုးရဟာ ဒီအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံ လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့ တိဘက်လွတ်မြောက်ရေး လှုပ်ရှားမှုတို့ရဲ့ ကံကြမ္မာဟာ တထပ်တည်း ကျနေပါတယ်။ အဆိုပါ လှုပ်ရှားမှုနှစ်ရပ်လုံးဟာ လူအများ သိရှိလာအောင် လှုံ့ဆော်နိုင်တဲ့ အဆင့်အထိတော့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြတယ် (Awareness Campaigns)၊ ဒါပေမယ့် ဒီစွမ်းဆောင်မှုဟာ နိုင်ငံတကာ ထောက်ခံမှုရရှိရေးတွင် အဆင့်တရပ်မျှသာ ဖြစ်ပါတယ်။ ပေါ်လစီမူဝါဒတရပ် လက်တွေ့ အကောင်အထည်ဖော်ရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ သဘောဆန္ဒပါဝင်မှ ဖြစ်မှာပါ။ မြန်မာ နဲ့ တိဘက်လှုပ်ရှားမှု နှစ်ခုစလုံးဟာ နိုင်ငံတကာ မျက်နှာစာကို ရောက်သွားပြီဆိုရင် အရှိန်အဟုန် ရပ်တန့်သွားကြတာချည်းပါပဲ။

တပ်မတော်အစိုးရဟာလည်း ပြီးခဲ့တဲ့(၈)လအတွင်း အဓိကအကြပ်အတည်းကြီး (၂) ရပ်ကို ရှေ့ဆင့်နောက်ဆက်ဆိုတာလိုကြုံခဲ့ရပါတယ်။ ဘုန်းတော်ကြီးတွေဦးဆောင်တဲ့ လှုပ်ရှားမှုဟာ(၁၈) နှစ် အတွင်းပထမဆုံးအကြိမ်အဖြစ် လူများစွာကို လမ်းတွေပေါ်ထွက်လာစေခဲ့တယ်။ နာဂစ်ဆိုက်ကလုံး မုန်တိုင်းဟာ ဆန်စပါးအဓိကစိုက်ပျိုးရာ မြစ်ဝကျွန်းပေါ်ဒေသမှာဖြစ်ပွားခဲ့ပြီး လူ (၁၃၀ယ ၀၀၀)ခန့် သေကျေပျက်စီးစေခဲ့တယ်။ မြန်မာ့သမိုင်းမှာအဆိုးဝါးဆုံး သဘာဝဘေးလည်းဖြစ်တယ်။ ဒါပေမယ့် ဒီအကြပ်အတည်း(၂)ရပ်လုံးကို အစိုးရကနိုင်နင်းစွာကိုင်တွယ်နိုင်ခဲ့တယ်။

မြန်မာ့လူ့အဖွဲ့အစည်းက ဦးစားပေးတဲ့သာသနာ့ဝန်ထမ်းပင်ဖြစ်ပေစေ ဥပဒေရေးရာနှင့် ပတ် သက်လာရင် မငဲ့မကွက် ဆောင်ရွက်မယ်ဆိုတဲ့အစိုးရတစ်ရပ်ရဲ့ လုပ်ရည်ကိုင်ရည် (Institutional
Capacity) ကိုလည်း ပြသခဲ့တယ်။ ဆိုက်ကလုံးမုန်တိုင်းကြောင့် ဒုက္ခဖိစီးမှုများလာပြီး နိုင်ငံရေးထက် စားဝတ်နေရေးဘက်ကိုသာ လူထုတွေဦးစားပေးလာစေခဲ့တယ်။ အဆိုပါအကြပ်အတည်း (၂)ရပ် ဖြစ်ပွားပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအံတုမှုများကိုလည်း အောင်မြင်စွာချုပ်ထိမ်းနိုင်ခဲ့တယ်။


၃ တည်ဆဲ တပ်မတော်အစိုးရရဲ့ အနေအထား
ဗိုလ်ချုပ်နေ၀င်းရဲ့၁၉၆၂ခုနှစ် တပ်မတော်အာဏာသိမ်းမှုနှင့် တည်ဆဲတပ်မတော်အစိုးရတို့ အကြား မှာကြီးမားတဲ့ ကွဲပြားခြားနားမှု အခြေခံတရပ်ရှိတယ်။ အဲဒါကတော့ တပ်မတော်အာဏာသိမ်းပြီး (၁၂) နှစ်အကြာမှာ တပါတီအစိုးရစနစ်အဖြစ်သို့ ဦးနေ၀င်းက အသွင်ကူးပြောင်းကာ မိမိအခြေခံကို ခိုင်မာ အောင်ပြုလုပ်ခဲ့တာဖြစ်ပြီး တည်ဆဲနိုင်ငံတော် အေးချမ်းးသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ကတော့ မိမိတို့ဟာ နိုင်ငံအာဏာကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အသွင်ကူးပြောင်းရေးကာလ အစိုးရတရပ်သာ ဖြစ်ကြောင်း ကြေညာခဲ့ခြင်းပဲ ဖြစ်တယ်။

ဒါ့အပြင် တပ်မတော်အစိုးရဟာ ပြည်တွင်းပြည်ပ ဆန့်ကျင်သူအများရဲ့ အဆက်မပြတ် ဖိအားပေးမှုကို ယခုအချိန်အထိ တွန်းလှန်ဖယ်ရှားနိုင်စွမ်း ရှိနေဆဲဖြစ်ပေမယ့် တဘက်တွင် အဆိုပါ ဖိအားဟာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပဲယင်းကိစ္စ ဖြစ်ပွါးမှုဟာ တပ်မတော်အစိုးရရဲ့ အသွင်ကူးပြောင်းရေး လမ်းညွှန်မြေပုံကို အချိန်မဆိုင်းဘဲ ထုတ်ပြန်ကြေညာလာစေခဲ့ပါတယ်။

အသွင်ကူးပြောင်းရေးဟာ အစိုးရဦးဆောင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ်မှာ အခြေစိုက်ထားပြီး ၂၀၀၈ မေတွင် ဆိုက်ကလုန်းမုန်တိုင်းဒဏ် သင့်နေစဉ် အချိန်အတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုခဲ့တယ်။ ပေါ်ပေါက်လာမယ့် ဥပဒေပြု လွှတ်တော်တွင် တပ်မတော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းပါဝင်ပြီး တပ်မတော် ရည်ရွယ်ချက်တွေကို ကာကွယ်စောင့်ရှောက် သွားပါလိမ့်မယ်။

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးမှုဟာ ရွေးကောက်ပွဲတွင် အရပ်သားနိုင်ငံ ရေးသမားများပါဝင်မှု အတိုင်းအတာရယ် အစိုးရအဖွဲ့အတွင်း ရွေးချယ်ခံ ကိုယ်စားလှယ်များရဲ့ လုပ်ပိုင်ခွင့် ရယ်တို့ အပေါ်မှာ မှီတည်နေပါလိမ့်မယ်။ အစိုးရအဖွဲ့သစ်အတွင်းမှာ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ် များရဲ့ လုပ်ပိုင်ခွင့်တွေ အများကြီးရရှိနိုင်ဖို့ရာ ဖွဲ့စည်းပုံဥပဒေက အပ်နှင်းထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ် အကောင်အထည်ဖော်နိုင်မှုဟာ ဒီမိုကရေစီလိုလားတဲ့ အရပ်သားတွေ ရွေးကောက်ပွဲမှာ ပါဝင်မှု အတိုင်းအတာရယ် အစိုးရအဖွဲ့သစ်တွင် သူတို့ရဲ့အခန်းကဏ္ဍရယ်တို့ အပေါ်မှာ တည်မှီနေပါတယ်။ တပ်မတော် အစိုးရဘက်မှာလည်း အခက်အခဲကြီး (၃) ရပ် ရှိနေပါတယ်။ ပထမ အခက်အခဲကတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆင်းဖို့ရာ အရပ်သား နိုင်ငံရေးသမားများကို နိုင်ငံရေးလုပ်ပိုင် ခွင့်ပေးဖို့ ချိန်ဆနေဆဲ ဖြစ်ပါတယ်။ ဘာကြောင့်ဆို ကျောင်းသားခေါင်းဆောင်များကို လွှတ်ပေးပြီး သူတို့ လိုလားသူများ အကြားမှာ လှုပ်ရှားစည်းရုံးခွင့် ပေးလိုက်မှုက ရလိုက်တဲ့ ခါးသည်းတဲ့ သင်ခန်းစာကြောင့်ပဲ ဖြစ်တယ်။ သူတို့ရဲ့ လှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ်တွင် သံဃာတော်များ ဦးဆောင်ဆန္ဒပြမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဒါကြောင့် အလားတူအမှားမျိုး ထပ်မံမကျူးလွန်မိအောင် အစိုးရဘက်က အထူးသတိထားလျက် ရှိတယ်။

ဒုတိယအခက်အခဲကတော့ ၂၀၁၀ရွေးကောက်ပွဲတွင် NLD အနိုင်ရနိုင်တဲ့ အလားအလာနဲ့ ပတ်သက်ပါတယ် ရွေးကောက်ပွဲအနိုင်ရ အရပ်သားကိုယ်စားလှယ်များ အကြားတွင် တပ်မတော် ဆန့်ကျင်ရေးသမားတွေ အများစုဖြစ်လာပြီး ရွေးကောက်ပွဲ အပြီးကာလတွင် တပ်မတော်ကို ထိပ်တိုက်ဆန့်ကျင်မှုပြုဖို့ အတိုက်အခံများကို လှုံဆော်လာနိုင်ပါတယ်။ တနည်းဆိုရရင် လာမယ့် ရွေးကောက်ပွဲတွင် အပြု သဘောဆောင်သူတွေ ပိုမိုပါဝင်ယှဉ်ပြိုင်ရေးကို တပ်မတော်က လိုလားပါတယ်။ ၂၀၀၄ ခုနှစ်တွင် ကျောင်းသားခေါင်းဆောင်များကို လွှတ်ပေးလိုက်မှုဟာ NLD နှင့် အစိုးရအကြား တတိယအင်အားစု တရပ် ဖန်တီးဖို့ မူလကရည်ရွယ်ရင်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားခေါင်းဆောင်များက ပြင်းထန် တဲ့ ရည်ရွယ်ချက် သဘောထားဘက်ကို ရွေးချယ်ခဲ့ကြတယ်။

အစိုးရရဲ့ အဓိက ရည်ရွယ်ချက်ဟာ NLD အပါအ၀င် သဘောထားပြင်းထန်သူများရဲ့ အရှိန်သြဇာ ကိုလျှော့ချရေးဖြစ်ပုံရတယ်။ နိုင်ငံရေးလှုပ်ရှားသူများကို လောလောဆယ်ဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာဟာ ရွေးကောက်ပွဲမတိုင်မှီ သဘောထားတင်းမာသူများကို လမ်းရှင်းထားရေးစီမံချက်ဖြစ် ပုံရတယ်။ တဘက်မှာတော့အတိုက်အခံအင်အားစုများဘက်တွင် အပြုသဘောဆောင်သူတွေတစု တစည်းတည်း ရပ်တည်မလာနိုင်သေးပါ မြန်မာနိုင်ငံရေးဟာ ရန်-ငါ အစွန်းနှစ်ဘက်သာရှိတဲ့ ဆက်ဆံ ၄ ရေး (Nature of Polarization) ဖြစ်နေလို့ အပြုသဘောဆောင်သူ တသီးပုဂ္ဂလများအနေနဲ့ တတိယ အင်အားစုအဖြစ်ရပ်တည်ရေးမှာ လက်နှေးနေကြတယ်။ မြန်မာအတိုက်အခံ နိုင်ငံရေးနယ်ပါယ်တွင် အပြုသဘောဆောင်တဲ့ရည်ရွယ်ချက်ကို အချောင်သမား၊ အစိုးရအလိုတော်ရှိလို့လွယ်လွယ်ပဲ တံဆိပ်ကပ် ချိုးနှိမ်ပြစ်လေ့ရှိတယ်။

တတိယစိုးရိမ်မှုကတော့ အရပ်သားတွေဦးဆောင်တဲ့အစိုးရဟာ တပ်မတော်ရဲ့အဓိကဦးတည် ချက်တွေကို ထိပါးလာမယ့်အလားအလာနှင့်ပတ်သက်လို့ပါပဲ အရပ်သားနိုင်ငံရေးသမားတွေအပေါ် မယုံကြည်စိတ်မချနိုင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အထိမ်းအကွပ်တွေထားတာ ဖြစ်ပါတယ်။ အချုပ်ဆိုရလျှင် ၂၀၁၀ရွေးကောက်ပွဲအပြီးကာလ ပေါ်ပေါက်လာမယ့်အစိုးရသစ်မှာ ရှေ့နောက် ချင့်ချိန်နိုင်စွမ်းရှိတဲ့ အရပ်သား လုပ်ဖော်ကိုင်ဖက်တွေ မရှိသေးပါ အရပ်သား နိုင်ငံရေးသမားများအပေါ် စိတ်မချနိုင်မှုကတဘက် အပြန်အလှန်မိတ်ဆွေရင်းခြာသဖွယ် ဆက်ဆံရေးမပေါ်ပေါက်သေးတာကလည်း တဘက်ဆိုသလို ကြုံနေရတဲ့အတွက် တပ်မတော် ခေါင်းဆောင်စုများအကြား ကိုယ့်တပ်ကို အခိုင်အလုံပြုရေးက (Siege mentality) ရှေ့တန်းရောက်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အထိမ်းအကွပ်တွေ ပိုထည့်လာမှု ဖမ်းဆီးနှိပ်ကွပ်မှုတွေနဲ့ မိမိတို့ရပ်တည်ချက်တွေကို အကာအကွယ်ယူလာပါတော့တယ်။


၂၀၁၀ ရွေးကောက်ပွဲအတွင်း အရပ်သား အင်အားစုများရဲ့ အခန်းကဏ္ဍ
ရွေးကောက်ပွဲဝင်ကြမယ့် တပ်မတော်လိုလားသူအပါအ၀င်အင်အားစုများမှာလာမယ့်ရွေးကောက် ပွဲအပေါ်ထားရှိတဲ့သဘောထားနဲ့ အခန်းကဏ္ဍတွေပေါ်အခြေခံပြီး အရပ်သားနိုင်ငံရေးသမားများအကြား (၄)မျိုး(၄)စားခွဲခြားနိုင်ပါတယ် အတိုက်အခံအများစုကတော့အစိုးရရဲ့လမ်းညွှန်မြေပုံကို ဆန့်ကျင်နေကြ တယ်။ သူတို့ဟာ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်နေဦးမှာဖြစ်တယ်။ အဲဒီလိုသဘောထား ပြင်းထန်သူအများစုဟာပြည်ပမှာရှိနေတယ် ပြည်တွင်းသဘောထားပြင်းထန်သူအများစုကတော့ ပြီးခဲ့တဲ့ သံဃာလှုပ်ရှားမှုဖြိုခွင်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရပြီးပြီဖြစ်တယ်။ အစွန်းရောက်သမားတွေရဲ့သဘော ထားတွေဟာ ရွေးကောက်ပွဲကျင်းပမှုအပေါ်အနည်းငယ်သာ အကျိုးသက်ရောက်နိုင်ပါတော့မယ်။ ဒုတိယအမျိုးအစားကတော့ လာမယ့်ရွေးကောက်ပွဲကို နောက်တကြိမ်ထိပ်တိုက်ရင်ဆိုင်ပွဲအဖြစ် ကျင့်သုံးလိုတဲ့အတိုက်အခံတွေဖြစ်တယ်။ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ဆက်လက် တောင်းဆိုနေပေမယ့် ၂၀၁၀ နောက်ပိုင်းကာလတွင် NLD ပါတီ တရားဝင်ရပ်တည်ခွင့်ရရေးလူထုစည်းရုံး လှုပ်ရှားနိုင်ရေးတို့အတွက် NLD ဟာ၂၀၁၀ရွေးကောက်ပွဲမှာ ပါဝင်နိုင်စရာရှိပါတယ် ဗမာပြည်ကွန်မြူနစ် ပါတီ(ဗကပ) အပါအ၀င်သဘောထားပြင်းထန်သူများအဖို့ကတော့ လာမယ့်ရွေးကောက်ပွဲဟာ ပဋိပက္ခပိုမို အရှိန်အဟုန်မြှင့်တင်ရေးအတွက်စစ်မြေပြင်တရပ်ဖြစ်ပါတယ်။

တတိယနိုင်ငံရေးအင်အားစုကတော့ လာမယ့်ရွေးကောက်ပွဲကို မိမိတို့အကျိုးစီးပွားတွေ ဆက် လက်ချဲ့ထွင်ရေးအခွင့်အလမ်းအဖြစ်သဘောထားတဲ့ ငြိမ်းချမ်းရေးအပစ်အခတ်ရပ်စဲရေးအဖွဲ့တွေဖြစ်တယ် လာမယ့်ရွေးကောက်ပွဲလွတ်လပ်တရားမျှတမှုရှိမရှိဆိုတာထက် ရွေးကောက်ပွဲမှတဆင့်မိမိတို့ရဲ့ရပ်တည်မှု ပိုမိုခိုင်မာရေးတရားဝင်ဖြစ်လာရေးကို လိုလားကြတယ်။

စတုတ္ထအမျိုးအစားတွင် အပြုသဘောအမြင်ရှိတဲ့ တတိယအင်အားစုတွေအဖြစ်ရပ်တည်လိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေပါဝင်တယ်။

မြန်မာနိုင်ငံအတွင်းက တတိယအင်အားစုအဖြစ်ခံယူထားကြတဲ့ တသီးပုဂ္ဂလများဟာ NLD မဟုတ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများဖြစ်ပြီး စီးပွါးရေးပိတ်ဆို့မှုကိုလိုလားတဲ့ NLD ရဲ့သဘောထား ရယ် အစိုးရနှင့်ထိပ်တိုက်တွေ့ရေးရယ်တို့ကို မနှစ်သက်သူတွေဖြစ်တယ်။ အပြုသဘောအမြင်ရှိသူများ အဖြစ်ခံယူထားကြပြီး NLD ဦးဆောင်တဲ့အတိုက်အခံလှုပ်ရှားမှုဟာ အရေးနိမ့်နေပြီလို့ ယူဆထားကြသူ တွေပဲ အဲဒီအသိုင်းအ၀ိုင်းမှာ နိုင်ငံရေးအကျဉ်းသမားဟောင်းများ၊ NLD မှ ရွေးချယ်ခံလွှတ်တော်ကိုယ် စားလှယ်များ၊ လတ်တလောဖွဲ့စည်းထားတဲ့ြွဥ အဖွဲ့တာဝန်ခံများ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမား များ ပါဝင်ကြတယ် သူတို့အနေနဲ့ နိုင်ငံရေးအင်အားစုတရပ်အဖြစ် တလုံးတစည်းတည်း ပေါ်ထွက် မလာသေးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတွင်မဟာမိတ်ဖွဲ့ပြီး ယှဉ်ပြိုင်မယ့် အလားအလာရှိနေပါတယ်။


၂၀၁၀ ရွေးကောက်ပွဲအပြီးကာလတွင် နိုင်ငံရေးမတည်ငြိမ်မှု ပေါ်ပေါက်နိုင်စရာအလားအလာ
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် နိုင်ငံတော် အစိုးရပုံစံဟာ ရာနှုန်းပြည့်ဒီမိုကရေစီစနစ်မျိုးဖြစ်မည်မဟုတ်ပါ။ ၁၉၅၅ ခုနှစ်မှ ယနေ့အချိန်အထိ ကမ္ဘာ အ၀ှမ်းနိုင်ငံရေးမတည်ငြိမ်မှုများကိုလေ့လာဆန်းစစ်ချက်အရခေတ်စနစ်တရပ်သို့ အသွင်ကူးပြောင်းသည့် ကြားကာလတွင် ပါတီစုံဒီမိုကရေစီအပြည့်အ၀ကျင့်သုံးခြင်းမရှိတဲ့ နိုင်ငံတရပ်မှာ စီးပွားရေးကျဆင်းမှုနဲ့ နိုင်ငံရေးဂိုဏ်းဂနစိတ်ဝမ်းကွဲမှုတွေရှိနေပြီဆိုရင် နိုင်ငံရေးမတည်ငြိမ်မှုတွေ မုချပေါ်ပေါက်လာတတ်တယ် ဆိုတာ တွေ့ရှိရပါတယ်။ (Goldstone , J. Robert Bates , Ted Gurr & et. al. ( 2005 ) အမေရိကန်နိုင်ငံရေးသိပ္ပံတွင် နှစ်ပတ်လည်အစည်းအဝေးတွင် နိုင်ငံရေးမတည်ငြိမ်မှုလေ့လာရေးအဖွဲ့ ဖတ်ကြားတဲ့ ''A global forecasting model of political instability'' စာတမ်း) အစိုးရသစ်တရပ်ဟာမည့်သည့်အသွင်ကူးပြောင်းရေး ပုံစံကျင့်သုံးသည်ဖြစ်စေ လောလောဆယ် စီးပွားရေးနိမ့်ကျနေမှုမှ ချက်ချင်းနလံထူလာနိုင်မည်မဟုတ်ပေ။ လူနေမှုအဆင့်နိမ့်ကျနေမှုဟာ ၂၀၁၀ အပြီးကာလတွင် ဆက်လက်တည်ရှိနေပါလိမ့်ဦးမည်။ စီးပွားရေးအခက်အခဲတွေဟာနိုင်ငံရေး မကျေနပ်မှု များသို့ ကူးစက်သွားတတ်တယ်၊ စီးပွားရေးနိမ့်ကျဆင်းရဲမှု ဆက်လက်တည်ရှိနေရင် အစိုးရအဖွဲ့ထဲ တပ်မတော်ဆက်လက်ပါဝင်နေမှုကို လူထုကအပြစ်မြင်လာနိုင်တယ်။

ရာနှုန်းပြည့် ပါတီစုံဒီမိုကရေစီစနစ်သို့ ချက်ချင်းကူးပြောင်းနိုင်ခြင်းမရှိသေးတဲ့ နိုင်ငံများမှာတချိန် က ဖိနှိပ်ချုပ်ချယ်ခံထားရတဲ့ နိုင်ငံရေးအတိုက်အခံများအဖို့ လွတ်လပ်ခွင့်တစုံတရာပွင့်လင်းလာပါ တယ်။ စီးပွားရေးမှာမကျေနပ်ဖြစ်နေတဲ့ လူထုတွေဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေနောက်ကို ပါသွားတတ်ပါ တယ်။ သဘောထားတင်းမာတဲ့ အတိုက်အခံတွေဟာ အစိုးရသစ်အပေါ် ဖိအားပေးဖို့ရာ ဆင်းရဲဒုက္ခ ရောက်ပြီးမကျေနပ်စိတ်တွေနဲ့ မွမ်းကြပ်နေတဲ့လူထုတွေကို လတ်တလောပွင့်လင်းလာတဲ့ နိုင်ငံရေးအခွင့် အလမ်းအသုံးပြုပြီး လှုံ့ဆော်လေ့ရှိတယ်။ သူတို့ရဲ့ဦးတည်ချက်ကတော့ တည်ဆဲဖွဲ့စည်းပုံဥပဒေပျက်ပြား စေရေးနဲ့ တပ်မတော်ကို နိုင်ငံရေးမှဖယ်ထုတ်ရေးတွေပါပဲ။

၂၀၁၀ ရွေးကောက်ပွဲပြီးစီးချိန်တွင် မိမိလမ်းညွှန်စီမံခဲ့တဲ့ဖွဲ့စည်းပုံဥပဒေ အကာအကွယ်ရှိနေသေး တဲ့တိုင်အောင် တပ်မတော်ဟာခံစစ်အနေအထားသို့ ရောက်ရှိနိုင်စရာရှိပါတယ်။ ပါလီမန်အတွင်းရှိ တပ်မတော်ကိုယ်စားလှယ် ၂၅% ဟာအတိုက်အခံဆန့်ကျင်မှုတွေ အန္တရာယ်မှ တပ်မတော်ရဲ့အဓိကဦး တည်ချက်များဆက်လက်တည်တံ့ရေးကို ထိမ်းသိမ်းစောင့်ရှောက်သွားပါလိမ့်မယ်။ တပ်မတော်ဟာ သဘောထားတင်းမာသူများကို ၂၀၁၀ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခွင့်မရှိအောင် လုပ်သွားနိုင် သလို ၂၀၁၀ နောက်ပိုင်းကာလမှာပင် သူတို့ရဲ့နိုင်ငံရေးလွတ်လပ်ခွင့်ကို ကန့်သတ်သွားနိုင်စရာရှိပါတယ်။ အဆိုပါ အခြေအနေအလားအလာအရပ်ရပ်အရ ရွေးကောက်ပွဲအပြီးကာလမှာလည်း တပ်မတော်နှင့် သဘောထားတင်းမာသူများအကြားထိပ်တိုက်တွေ့မှုဟာ ပိုမိုအရှိန်မြင့်လာစရာရှိပါတယ်။

၂၀၁၀ နောက်ပိုင်းတက်လာမဲ့အစိုးရသစ်အတွက် စိန်ခေါ်မှုနောက်တခုကတော့ အပစ်အခတ် ရပ်စဲထားတဲ့အဖွဲ့စည်းများ ဖျက်သိမ်းရေးပါပဲ။ အနှစ် ၂၀ ကြာခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်အပစ်အခတ် ရပ်စဲရေး အဓိကအဖွဲ့အစည်း (၁၅) ခုနှင့်နိုင်ငံရေးသဘောတူညီမှုရသည်အထိခရီးမရောက်သေးပါ။ စုစု ပေါင်းလက်နက်ကိုင်အင်အား ၄၀ယ ၀၀၀ ခန့်ရှိပြီး အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့ထက် ( ၄ ) ဆ ကြီးပါတယ်။ ၂၀၁၀ အသွင်ကူးပြောင်းရေး ခြေလှမ်းတချက်မှားရင် တိုင်းပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခကြီးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ စစ်မက်ထူပြောလာတာနဲ့အမျှ မြန်မာနိုင်ငံရေးတွင်တပ်မတော်ရဲ့ အရေးပါမှုဟာလည်း မရှောင်လွှဲသာဆက်လက်တည်ရှိပါလိမ့်မယ်။


၂၀၁၀ နောက်ပိုင်းလက်တွေ့ကျတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး
နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပျက်စီးကျေပြုန်းမဲ့ထိပ်တိုက်တွေ့မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှု တဖန်ပြန် ခေါင်းထောင်လာမှုတွေ စတဲ့အလားအလာတွေမှရှောင်ကွင်းဖို့ရာ တခုတည်းသော လမ်းကတော့ ၂၀၁၀ အပြီးကာလတွင် စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို လက်ခံကျင့်သုံးဖို့လိုပါတယ်။ အတိုက်အခံ များရဲ့ အတိတ်က အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုများမှာ အဓိကလိုအပ်ချက်များ မပါဝင် တဲ့အတွက် အထမမြောက်မအောင်မြင်ခဲ့တာပါ။

၂၀၁၀ အပြီး အသွင်ကူးပြောင်းရေးကြားကာလဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုချက်ချင်း လက်ငင်းမွေးဖွားပေးမယ်တော့မဟုတ်ပါ ဒါပေမယ့် ပဋိပက္ခအတွင်းက အဓိကတာဝန်ရှိသူများအကြား အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်မယ့် ဘုံရပ်တည်ချက် နိုင်ငံရေးနယ်ပါယ်တရပ် ဖန်တီးလာနိုင် ပါလိမ့်မယ် အတိတ်တုန်းကတော့ ကာယကံရှင်နှစ်ဦးနှစ်ဘက်လုံးဟာ အမျိုးသားပြန်လည်သင့်မြတ် ရေးစကားလုံးကို တဘက်နှင့်တဘက် အသာစီးရရေးမှာသာ အသုံးချခဲ့ကြပြီး နိုင်ငံနှင့်ပတ်သက်တဲ့ ဘုံအကျိုးစီးပွါ်းနှင့် စပ်ဆိုင်တဲ့နေရာမှာပူးပေါင်းဆောင်ရွက်ရန် ဘုံရပ်တည်ချက် (Commonground) တွေ မရှာဖွေခဲ့ကြပါ။

(၂၂) နှစ်ကြာပြီးတဲ့နောက် ပါလီမန်အတွင်းတွင် အရပ်သားနိုင်ငံရေးသမားကိုယ်စားလှယ်များနှင့် တပ်မတော်ကိုယ်စားလှယ်များအတူ ယှဉ်တွဲဆောင်ရွက်ကြရတော့မှာ ဖြစ်ပါတယ်။ အနာဂတ်အတွက် မူဝါဒရေးရာရှာဖွေ ဆွေးနွေးတိုင်ပင်ချမှတ်ရာ အစည်းအဝေးခန်းမဖြစ်လာပါလိမ့်မယ်။ ၂၀၁၀ အသွင်ကူး ပြောင်းရေးကာလဟာဖြင့် တိုင်းပြည်တွင်များစွာ လိုအပ်လျက်ရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှာကြံရာမှာ အရှိန်အဟုန်နှင့်အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးအစပြုဖို့ အခွင့်အလမ်းတရပ် လည်း ပွင့်လင်းလာစရာရှိပါတယ်။

အစိုးရရဲ့အနာဂတ်လမ်းညွှန်မြေပုံကိုတော့ ရှောင်ရှားလို့ရနိုင်တော့မှာမဟုတ်ပါ အဲဒီလမ်းညွှန်ချက် ကိုစွန့်လွှတ်ပြီး အတိုက်အခံနဲ့စေစပ်လိမ့်မယ်လည်းမဟုတ်ပါ။ တပ်မတော်ဦးဆောင်မယ့် အသွင်ပြောင်း ရေးဖြစ်စဉ်မှတဆင့်သာ နိုင်ငံရေးခန်းဟာ ဖြစ်ပေါ်စရာရှိပါတယ် အတိတ်တုန်းက ဆန့်ကျင်ဘက်နိုင်ငံရေး သမားတွေဘက်က မိမိတို့ခင်းကျင်းထားတဲ့စားပွဲမှာ တပ်မတော်ကို ထိုင်ဖို့တောင်းဆိုခဲ့တယ်။ ယခုအချိန်မှာတော့ တပ်မတော်ရဲ့အခင်းအကျင်းအတိုင်း ဆန့်ကျင်သူ တွေက လိုက်ပါဆောင်ရွက်ရတော့မယ့် အနေအထားကို ရောက်နေပါပြီ။

၂၀၁၀ ခုနှစ်အပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ တပ်မတော်၊ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံများနဲ့လူမျိုးစုများအကြား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုပုံစံရယ်လို့ ချက်ချင်းလက်ငင်းပေါ် ထွက်လာဦးမည်မဟုတ်ပါ ပါလီမန်လွှတ်တော်နဲ့ အစိုးရအဖွဲ့အတွင်း တပ်မတော်နှင့်အပြုသဘောအမြင်ရှိ သူများရဲ့ ဆက်ဆံရေးတွေနဲ့အစပြုစရာရှိပါတယ်။ နိုင်ငံရေးနယ်ပါယ်မှာပါဝင်နေပြီဖြစ်တဲ့ အပစ်အခတ်ရပ် အဖွဲ့များဟာ လူမျိုးစုပြသနာများတွေ့ဆုံဆွေးနွေးရာတွင် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်လာစရာရှိပါ တယ်။

၂၀၁၀ ပြီးကာလရဲ့ ဦးစားပေးလုပ်ငန်းများဟာ အဖျက်လုပ်ငန်းဆန့်ကျင်ကာကွယ်ရေးနဲ့ နိုင်ငံ တည်ဆောက်ရေးတွေ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီထွန်းကားရေးအောင်မြင်ဖို့ရာ အဆိုပါလုပ်ငန်းစဉ် (၂)ရပ် ဟာ အရေးပါလှပါတယ်။ လွတ်လပ်ပွင့် လင်းရေး(Liberalization) နဲ့ ဒီမိုကရေစီထွန်းကားရေး (Democratization) ဖြစ်ပေါ်ဖို့တွင် အုပ်စုဂိုဏ်းဂဏစိတ်ဝမ်းကွဲမှုဟာ ဆိုးကျိုးကိုသာဖြစ်ပေါ်စေပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ခါးသည်းနာကျည်းစရာအမှန်တရားကတော့ ၁၉၅၅ ခုနှစ်မှစလို့ ရေတွက်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု (၁၀၈)ခုမှာ နိုင်ငံ(၁၂)နိုင်ငံသာ ဒီမိုကရေစီစခန်းသို့ တက်လှမ်းရောက်ရှိနိုင်ခဲ့တယ်ဆိုတာပါပဲ။ ကိစ္စများစွာမှာ အသွင်ကူးပြောင်း ရေးနောက်တော်ပါးမှ နိုင်ငံမတည်မငြိမ်မှုတွေလိုက်ပါလာခဲ့ခြင်းပါပဲ။ အချို့နိုင်ငံများမှာတော့ အာဏာရှင် စနစ်အသွင်တမျိုးမျိုးပြန်ပေါ်ပေါက်လာခဲ့ပါတယ်။ အသွင်ကူးပြောင်းမှုပြုနေတဲ့နိုင်ငံများအတွင်း အုပ်စု ဂိုဏ်းဂဏတိုက်ပွဲ စိတ်ဝမ်းကွဲမှု တွေနဲ့ကြုံတွေ့နေကြရဆဲဖြစ်ပါတယ်။


အပြုသဘော ဆောင်သူများရဲ့ အရေးပါမှု
မြန်မာနိုင်ငံရေးပဋိပက္ခမှာ ဂိုဏ်းဂဏစိတ်ဝမ်းကွဲမှုတွေလည်း များပြားလှပါတယ်။ တပ်မတော်နဲ့ ဆန့်ကျင်ဘက်အုပ်စုတို့ကြားမှာလည်း နက်ရှိုင်းတဲ့ကွာဟမှုရှိနေပါတယ်။ ဆန့်ကျင်ဘက်အုပ်စုများက တော့ ၂၀၁၀ နောက်ပိုင်းမှာလည်း တပ်မတော်နဲ့ထိပ်တိုက် ဆက်လက်ရင်ဆိုင်သွားစရာရှိတယ်။ စီးပွား ဖွံ့ဖြိုးရေး ၊ ကျန်းမာရေးစောင့်ရှောက်မှု လုံခြုံရေးနဲ့လူထုဘ၀ဖူလုံရေးလို အကျိုးတူကိစ္စရပ်များမှာပင် အရပ်သားနိုင်ငံရေးသမားများနဲ့ တပ်မတော်တို့လက်တွဲဆောင်ရွက်နိုင်မှု မရှိသမျှကာလပတ်လုံး ယုံကြည် မှုတည်ဆောက်ရေးဟာ အကောင်အထည်ဖော်နိုင်မည်မဟုတ်ပါ။ အလုံးစုံထိပ်တိုက်ဆန့်ကျင်ရေးအစား အကျိုးတူကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြရေးဟာအဓိက အလုပ်ပါ။

၂၀၁၀ နောက်ပိုင်းကာလမှာ လက်တွဲဆောင်ရွက်နိုင်မယ့် အရပ်သားနိုင်ငံရေးသမားတွေ အလုံ အလောက် မရှိသေးဖူးလို့ တပ်မတော်အနေနဲ့ထင်မြင်နေသေးရင် လာမယ့်ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေပါဝင်မှုနဲ့ စည်းရုံးလှုပ်ရှားနိုင်မှုတွေကို ကန့်သတ်ချုပ်ချယ်ထားနိုင်စရာရှိပါတယ်။ တပ်မတော်နှင့်ယုံကြည်စိတ်ချလက်တွဲဆောင်ရွက်သွားလိုတဲ့ အရပ်သားအင်အားစုတရပ်ကတော့ NLD မဟုတ်တဲ့ အပြုသဘောအမြင်ရှိသူ ဒီမိုကရေစီသမားများဖြစ်တယ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအပေါ် လိုလားလက်ခံမှုမရှိကြပါ တပ်မတော်အနေနဲ့ အဆိုပါတတိယအင်အားစုအပေါ် အပြည့်အ၀ယုံကြည် စိတ်ချမှုမရှိနိုင်ပေမယ့် မိမိရဲလမ်းညွှန်မြေပုံအကောင်အထည်ဖော်ရေးမှာ လက်တွဲဆောင်ရွက်ရမယ့် တခု တည်းသော အရပ်သားလုပ်ဖော်ကိုင်ဖက် ဖြစ်ပါတယ်။

အရပ်ဘက်နဲ့စစ်ဘက်ဆက်ဆံရေးတွင် ယုံကြည်မှုတည်ဆောက်ကြရာမှာ တာထွက်ပဏာမ အဆင့်တွေဖြစ်တဲ့ နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာနယ်ပါယ်များတွင် တပ်မတော်နှင့် တတိယအင်အားစုတို့ အကြား တူညီတဲ့ ဘုံရပ်တည်ချက်တွေရှိနေကြတယ်။ မြန်မာ့နိုင်ငံရေးပဋိပက္ခအတွင်းက ရန်-ငါ ဆက်ဆံရေး တွေကို လျော့ပါးစေခြင်းဖြင့် အစွန်းနှစ်ဘက်တို့အကြား လိုအပ်နေတဲ့ ကြားခံစခန်းထောက်အဖြစ် အဆို ပါ တတိယအင်အားစုဟာ ထမ်းရွက်နိုင်စရာရှိပါတယ်။

မြန်မာနိုင်ငံအတွင်းက တတိယအင်အားစုဖြစ်လာနိုင်ဖို့ အလားအလာရှိသူများအကြား အဓိက လိုအပ်ချက်ဖြစ်နေတာကတော့ ထက်မြက်တဲ့ခေါင်းဆောင်မှုနဲ့ ညီညွတ်ပေါင်းစည်းမှု တို့ပါပဲ အပြုသဘော အမြင်ရှိသူများအကြားမှာ လက်ရှိအခြေအနေတွင် နိုင်ငံရေးအဖွဲ့အစည်း တရပ်အဖြစ်လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့ရာ မိမိတို့ကိုယ်ပိုင်နိုင်ငံရေးလမ်းစဉ်နဲ့ ခေါင်း ဆောင်မှုတွေစုစည်းနိုင်ခြင်းမရှိသေးပါ ၂၀၁၀ ရွေးကောက်ပွဲဟာဖြင့် မြန်မာနိုင်ငံရေး နယ်ပါယ် တွင် အပြုသဘောဆောင်တဲ့ သဘောထားရှိသူများ တစုတစည်းတည်း ဖြစ်ပေါ်လာရေး အတွက် မွေးမြူလေ့ကျင့်ပေးမယ့် ဘူမိနက်သန်နေရာမှန် ဖြစ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲတရပ်ဖြစ်ပေါ်ရေးအတွက် တပ်မတော်ရဲ့လမ်းပြမြေပုံဟာ မရှောင်သာတဲ့လိုအပ် ချက်ဖြစ်နေသမျှကာလပတ်လုံး ၂၀၁၀နောက်ပိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေး အရှိန် အဟုန်နှင့်ဖြစ်ပေါ်ဖို့ကိစ္စတွင် လုပ်ရည်ကြံရည်နှင့်ပြည့်စုံတဲ့ တတိယအင်အားစု ပေါ်ပေါက်ရေး ဟာလည်း မဟာဗျုဟာမြောက် အရေးပါအရာရောက်မှုဖြစ်နေပါတော့တယ်။

ဦးမင်းဇော်ဦးဟာ တောင်အာရှနှင့်အရှေ့တောင်အာရှဆိုင်ရာ ဒေသလုံခြုံတည်ငြိမ်ရေးပြဿနာနှင့် ပတ်သက်ပြီး အထူးပြုလေ့လာသူဖြစ်တယ်။ သူဟာ ဂျော့မေဆင်တက္ကသိုလ်မှာ ဒီမိုကရေစီအသွင်ကူး ပြောင်းမှု (၁၀၈)ခုအပေါ် လေ့လာသုံးသပ်ချက်ပါရဂူဘွဲ့ဆိုင်ရာစာတန်း တင်သွင်းထားသူ ဖြစ်ပါတယ်။ ဂျော့တောင်းတက္ကသိုလ်တွင် လုံခြုံမှုဆိုင်ရာလေ့လာရေး မဟာဝိဇ္ဇာဘွဲ့ ဂျော့မေဆင်တက္ကသိုလ်တွင် ပဋိပက္ခဆန်းစစ်ဖြေရှင်းမှု မဟာသိပ္ပံဘွဲ့များ ရရှိထားသူဖြစ်ပါတယ်။



ရက်စွဲ၊ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီ (၂၂)

ဘာသာပြန်သူရဲ့အမှာစာ
၁၉၅၅ ခုနှစ်မှအစပြုလို့ ဒီကနေ့အထိ နိုင်ငံပေါင်း(၁၀၈)နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်ရပ်များကို သုံးသပ်လေ့လာထားတဲ့ ပါရဂူဘွဲ့စာတန်း ဂျော့မေဆင်တက္ကသိုလ်မှာ တင်သွင်းထားသူ ဦးမင်းဇော်ဦးက ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ခါးသည်းနာကျည်းစရာ အမှန်တရားက တော့ ၁၉၅၅ ခုနှစ်မှစလို့ရေတွက်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု(၁၀၈)ခုမှာ နိုင်ငံ(၁၂)နိုင်ငံ သာ ဒီမိုကရေစီ စခန်းသို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာ သမိုင်းလမ်းကြောင်းများကို ကိုယ်ပိုင်အတွေ့အကြုံများမှတဆင့် ဆည်းပူး သင်အံအဖြေရှာရတဲ့ ပြည်တွင်းက တို့များအဖို့တော့ ၁၉၇၀ ပြည့်လွန်ကာလများဆီကပင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ စက်မှုနှင့်ကုန်သွယ်အရင်းရှင်တို့က အုပ်စိုးသူပဒေသရာဇ်လူတန်းစားအပေါ် ဆန့် ကျင်ဦးဆောင်ဆင်နွှဲတဲ့ တော်လှန်ရေး (Revolution From Below) အမျိုးအစားသာမက နိုင်ငံခေတ်မီ ဖွံ့ဖြိုးရေးကို အုပ်စိုးသူ လူတန်းစားများ အထဲက လမ်းခွဲထွက်ပြီးဦးဆောင်ဆင်နွှဲတဲ့တော်လှန်ရေးမျိုး (Revolution From Above) ရှိကြောင်း ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်တို့ရဲ့ အတွေ့အကြုံ များအရ တွေ့ရှိသိမြင်ခဲ့ပါတယ်။

ဦးမင်းဇော်ဦးက ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အပြုသဘောဆောင်တဲ့ဒီမိုကရေစီလိုလားသူ အရပ်သားများ ပါလီမန်မှာ တပ်မတော်နှင့်လက်တွဲသွားဖို့အရေးဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အခြေခံ လိုအပ်ချက်ဖြစ်ကြောင်း တင်ပြထားပါတယ်။

တို့များဟာလည်း အုပ်စိုးသူလူတန်းစားများထဲက အစိတ်အပိုင်းတရပ် လမ်းခွဲထွက်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆင်နွှဲတဲ့ ရာဇ၀င်လမ်းကြောင်းကို သိမြင် သဘောပေါက်ထားတာရယ် တဘက်မှာလည်း နိုင်ငံရေးအရငြိမ်းချမ်းတည်ငြိမ်ပြီး စီးပွားဖွံ့ဖြိုးမှုအရှိန်မပျက်ဖြစ်ပေါ်မှသာ လူထုတွေ ဟာ ဒီမိုကရေစီထုံးစဉ်လာတွေ အလေ့အကျင့်ရ ကျင့်သုံးဆောက်တည်လာနိုင်တယ်ဆိုတဲ့ မက္ခ၀ါဒ နိုင်ငံရေးဘောဂဗေဒရဲ့ အလင်းရောင်ပေးမှုရယ်တို့ကြောင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်အာဏာရယူပြီး ပါတီစုံဒီမိုကရေစီနိုင်ငံရေးနဲ့ ဈေးကွက်စီးပွားရေးကို ကျင့်သုံးမယ်လို့ တပ်မတော်ခေါင်းဆောင်စုများက ကြေငြာလိုက်တဲ့အချိန်မှအစပြုလို့ ပြီးခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်းမှာ အပြုသဘောဆောင် တဲ့ ဒီမိုကရေစီအင်အားစုတွေပေါ်ပေါက်ရေးကို သဘောတရားအရရော လက်တွေ့အရပါ ကိုယ်တိုင်ပါဝင် လေ့ကျင့်ပျိုးထောင်မှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့ပါတယ်။

လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာလည်း အမျိုးသားနိုင်ငံရေးလိုလားတဲ့ အဖွဲ့(၈)ဖွဲ့ ပူးပေါင်းပြီး အပြုသဘောဆောင်တဲ့ဒီမိုကရေစီအင်အားစုများ ၂၀၁၀ရွေးကောက်ပွဲတွင် ပါဝင်ဆင်နွှဲဖို့ ကြိုး ပမ်းသွားတော့မှာဖြစ်ပါတယ်။

ဒီကြိုးပမ်းမှုအစဉ်မှာ ပူးတွဲပါ ဦးမင်းဇော်ဦးရဲ့စာတန်းဟာဖြင့် အမတရွှေဂူ ဒီမိုကရေစီပြည်နိဗ္ဗန်သို့ သယ်ယူဆောင်ပို့မယ့် ဖောင်ကူးတို့ကြီးတစင်းသဖွယ်ဖြစ်ပါကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။

အပြုသဘောဆောင်တဲ့ ဒီမိုကရေစီနိုင်ငံရေးသမားများ ပေါ်ထွန်းရေးသို့

(လှမြင့်)
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး
သုတေသနနှင့်တိုးချဲ့ထုတ်လုပ်မှုကျောင်းတော်သားစု
အမှတ်၊၃၄၁၊ ဆုတောင်းပြည့်ဘုရားလမ်း၊ ဈေးရပ်ကွက်၊
သရက်မြို့ ဖုန်း - ၀၆၈ – ၂၁၃၉၈

hla myint 068 – 21352 @ gmail .com


Tuesday, January 27, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်တိုင်ရေးဘ၀ဇာတ်ကြောင်း


၂၇၀၁၂၀၀၉သတင်း၊ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


Monday, January 26, 2009

အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း



ဂျူး၏ဝတ္တုတို ၃၆ပုဒ်

ဂျူး၏ဝတ္တုတို ၃၆ပုဒ် ကို တစ်စုတစ်စည်းထဲဖတ်နိုင်ရန် စုစည်းထားခြင်းဖြစ်ပါသည်။
၁။ ညမီးကျီ
၂။ ပြတိုက်မှအပြန်
၃။ သစ်တစ်ပင်ကောင်း
၎။ အချစ်ရဲ့အလှ အချစ်ရဲ့အရသာ
၅။ ကမ္ဘာမြေရဲ့ချစ်သူ
၆။ ကျမနှင့်ဆေးလိပ်
၇။ ကျမတို့မိန်းမတွေ
၈။ လေထဲမှာပျံဝဲသူများ
၉။ ချစ်သူ၏သမီး
၁၀။ ငါးမျှားခြင်း
၁၁။ ဆဲတတ်သူများနှင့်တစ်ညနေ
၁၂။ ဆရာဝန်နှစ်ယောက်
၁၃။ ဆူးနှင့်ဖက်
၁၄။ နာမည်နှင့်အသက်
၁၅။ ပြတင်းပေါက်
၁၆။ ဖျားနေတဲ့မြို့
၁၇။ ဘဝဇာတ်ဆရာ
၁၈။ မြစ်ပြင်ပေါ်မှာ
၁၉။ မိန်းမနှစ်ယောက်
၂၀။ မြရဲ့လ
၂၁။ မိုးခေါ်တဲ့ပွဲ
၂၂။ မတော်တရော်
၂၃။ ရဲရင့်သောနှလုံးသား
၂၄။ ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့
၂၅။ ရွက်လှေများ
၂၆။ လူနှင့်ကြိုး
၂၇။ လရောင်ကိုကြောက်သူ
၂၈။ သစ်တောလမ်း
၂၉။ သူတို့တွန်းအားကြောင့် ကျနော်လုပ်မိသွားတာပါ
၃၀။ အဆိပ်
၃၁။ အဝါရောင်ရထား
၃၂။ အသံဖမ်းသူ
၃၃။ အာရုံဝင်စားခြင်း
၃၄။ အနုပညာရှင်များနှင့် စံလက်ရာများ
၃၅။ ကောင်းကင်မပါသောည
၃၆။ ရေမျောသီး
File download here

love to the children of Myanmar

မသဒ္ဓါ မှကျေးဇူးပြုသည်။ ။

ရင်နာလွန်းလို့


2601009သတင်းနှင့်ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


ဆက်တွန်းရင် ပိတ်နေတဲ့တံခါး ပွင့်သွားနိုင်တယ်

Monday, 26 January 2009 19:04 ဧရာဝတီ
ဦးအောင်မိုးဇော် သည် ၁၉၉၀ ပြည့်နှစ်တွင် ပြည်ပသို့ တိမ်းရှောင် လာသော နိုင်ငံရေးသမား တဦး ဖြစ်သည်။ ပြည်ပ အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) ၏ ဥက္ကဌ ဦးအောင်မိုးဇော် (ဓာတ်ပုံ - yoma3.org)
ဖြစ်သည်။ စင်ပြိုင်အစိုးရဖွဲ့မည်ဟု မကြာသေးမီက ကြေညာခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်သည်။ ပြည်ပရောက်အတိုက်အခံအဖွဲ့များ၏အခြေအနေ၊ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီက ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ NCUB က စင်ပြိုင်အစိုးရအသစ်တခု ဖွဲ့မယ်ဆိုတာနဲ့ပတ်သက်ပြီး ဦးအောင်မိုးဇော်အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ NCUB က ထုတ်တဲ့ နှစ်သစ်ကူး ကြေညာချက်ကို ကျနော် နားလည်တာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ပြုပြင်ပြီးတော့ အားကောင်းအောင် လုပ်မယ်ဆိုတာပဲ။ အဲဒီလို မဟုတ်ဘဲ အသစ်တခုဖွဲ့ဖို့ သူ ရည်ရွယ်တယ် ဆိုရင်တော့ ကျနော်တို့ လက်ခံလို့ မရဘူး။ ကျနော်တို့ လုပ်ရမှာက အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့၊ အဲဒီကတဆင့် တိုင်းပြည် အပြောင်းအလဲ ဖြစ်အောင် သွားဖို့။ အဲဒီကိစ္စတွေ အင်အားစုတွေ အသီးသီးက ဆောင်ရွက်ရမယ်။ ပြည်တွင်းလုပ်ငန်းမှာဖြစ်ဖြစ်၊ နိုင်ငံတကာလုပ်ငန်းမှာပဲ ဖြစ်ဖြစ် အင်အားစု အသီးသီး ပူးပေါင်း ပြီးတော့ နအဖကို ဒီထက် ပိုပြီး ဖိအားပေးနိုင်ရင် ပေး၊ မပေးနိုင်ရင် ဘာအဖွဲ့ပဲ ဖွဲ့ဖွဲ့၊ ဘာပဲ လုပ်လုပ်၊ ဘာမှ ဖြစ်မှာမဟုတ်ဘူး။

မေး။ ။ အဲဒီလိုဖြစ်လာဖို့ အချိန် ဘယ်လောက် လိုအပ်မလဲ။ ၂၀၁၀ ရွေးကောက်ပွဲကလည်း ရှိနေတယ်ဆိုတော့ ..။

ဖြေ။ ။ ဒီနှစ်တွေထဲမှာ လုပ်ရင် ရနိုင်မယ်လို့ ထင်တယ်။ လုပ်ဖို့ အချိန်လည်း ကျနေပြီ။ ၂၀၁၀ မတိုင်ခင်မှာပဲ ကျနော်တို့ အင်အားစု အသီးသီး လက်တွဲပြီး နအဖကို ဖိအား ပိုပေးနိုင်မယ်ဆိုရင် ရွေးကောက်ပွဲဆိုတာလည်း မြင်ချင်မှ မြင်ရ လိမ့်မယ်။ မြန်မာပြည်ထဲမှာ မနေ့တနေ့ကပဲ ဖြစ်သွားတာတွေကြည့်၊ အန်အယ်လ်ဒီလူငယ်တွေ ဒေါ်စုလွတ်မြောက်ဖို့ ဆန္ဒပြကြတာတွေ ရှိတယ်။ စစ်တွေမှာ ကျောင်းသား လေးငါးရာလောက် လှုပ်ရှားမှုတွေ ရှိတယ်။ အဲဒီလို လှုပ်ရှားမှု မျိုးတွေက ကျနော့်အထင်အရ ပြောမယ်ဆိုရင် ဆက်တိုက် ဖြစ်လာလိမ့်မယ်။

မေး။ ။ လှုပ်ရှားမှုတွေဖြစ်လာနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်တာပါလဲ။

ဖြေ။ ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်က တော်တော်ကို ပြဿနာ ရှိနေတယ်။ စီးပွားရေးအကြပ်အတည်းကိုလည်း ကျော်လွှားနိုင်မယ့် အခြေအနေ မရှိဘူး။ ပြည်သူတွေရဲ့ မကျေနပ်မှုတွေက နေ့စဉ်နဲ့အမျှ တိုးပွားနေတယ်။ နအဖက အတိုက်အခံ အင်အားစုကို ဖိနှိပ်ပြီးကျော်လွှားဖို့ ကြိုးစားနေတယ်။ မကျေနပ်မှုတွေ လှုပ်ရှားမှုတွေ၊ ပေါက်ကွဲမှုတွေက ဖြစ်လာလိမ့်မယ်။

မေး။ ။ ပြည်ပမှာရှိတဲ့ အဖွဲ့တွေက မြန်မာပြည် အပြောင်းအလဲအတွက် ဘယ်ကဏ္ဍကပါဝင်ကြမှာပါလဲ။

ဖြေ။ ။ နိုင်ငံတကာကို focus လုပ်နိုင်တယ်။ ပြည်တွင်းကိစ္စတွေနဲ့ ပတ်သက်ရင်တော့ အရံသဘော၊ အထောက်အကူဖြစ်တဲ့သဘောပဲ ရှိတယ်။ တပြိုင်နက်တည်းမှာ ပြည်ပမှာရှိတဲ့ အင်အားစုတွေက အသွင်ကူးပြောင်းရေး ကာလအတွက် ပြင်ဆင်တာတွေ လုပ်နိုင်တယ်။ ဘယ်ကိစ္စက အရံလည်း၊ ဘယ်ကိစ္စက အဓိကလဲ ဆိုတာကတော့ ပြောဖို့ခက်တယ်။ တခုလုံးအနေနဲ့ ပြောမယ်ဆိုရင် ပြည်တွင်း လှုပ်ရှားမှုတွေအတွက် အဓိက အထောက်အကူ ဖြစ်မယ့် အခန်းကဏ္ဍမှာ ရှိမယ်။

မေး။ ။ စစ်အစိုးရကတော့ လမ်းပြမြေပုံအတိုင်း သွားမှာပဲမဟုတ်လား။

ဖြေ။ ။ ၂၀၁၀ အစောပိုင်းမှာ (ရွေးကောက်ပွဲ) လုပ်မယ် ဆိုရင်တောင် ၁ နှစ် ကျော်ကျော် အချိန် ရသေးတယ်။ နှောင်းပိုင်းမှာ လုပ်မယ်ဆိုရင် ၂နှစ်နီးပါး အချိန်ရသေးတယ်။ ၁ နှစ်ကျော် ၂ နှစ်အတွင်းမှာ အင်အားစုတွေ အားလုံး သေသေချာချာ လုပ်ငန်းစဉ်တခု အောက်မှာ ကျနော်တို့ တွန်းရင် အချိန်ရှိသေးတယ်။ ကျနော်တို့အားလုံး ကျရာအခန်းကဏ္ဍက ဆက်တွန်းရင် ပိတ်နေတဲ့တံခါး ပွင့်နိုင်တယ်။

မေး။ ။ လူထုအုံကြွမှု ဖြစ်လာရင်ကော ဘယ်သူက ခေါင်းဆောင်မှာပါလဲ။ ခေါင်းဆောင်နိုင်တဲ့သူတွေ အကုန် ထောင်ထဲရောက်နေတယ် မဟုတ်လား။

ဖြေ။ ။ အန်အယ်လ်ဒီခေါင်းဆောင်မှု ရှိနေသေးတယ်။ ပြင်ဆင်မှုရှိရင် ခေါင်းဆောင်နိုင်လိမ့်မယ်လို့ ထင်တယ်။ ပြင်ဆင်မှုကို သေချာလုပ်ရမယ်။

မေး။ ။ ၁ နှစ်ကျော် ၂ နှစ် အချိန် ရှိသေးတယ်လို့ ဦးအောင်မိုးဇော် ပြောပေမယ့်၊ ရှေ့မှာ နှစ် ၂၀ လုပ်ခဲ့ပြီးသွားပြီ။ နှစ် ၂၀ ဘာမှ မဖြစ်လာဘဲနဲ့ ဒီ ၁ နှစ် ၂ နှစ်အတွင်း ဘယ်လိုလုပ်မှာလဲ။

ဖြေ။ ။ နှစ် ၂၀ က အချည်းအနှီး ဖြတ်ခဲ့တာတော့ မဟုတ်ဘူး။ နှစ် ၂၀ အတွင်း ကျနော်တို့ ရခဲ့တာ အများကြီးပဲ။ နှစ် ၂၀ အတွင်း ကျနော်တို့ဘက်က ပဲ့တာတွေ၊ လွင့်တာတွေလည်း အများကြီးပဲ။ နအဖ ဘက်က ရှုံးခဲ့တာတွေလည်း အများကြီးပဲ။ သူက နိုင်ငံရေးအင်အားစုတွေကို ဖိနှိပ်ထားနိုင်တာ မဟုတ်ဘူး။ သူကိုယ်နှိုက်က စင်းလုံးချော တိုင်းပြည်ကို အုပ်ချုပ် စီမံနေနိုင်တာ မဟုတ်ဘူး၊ အကယ်၍ နောက်တချီ ကျနော်တို့ ပြင်ပြင်ဆင်ဆင်နဲ့ ရုန်းနိုင်မယ် ဆိုရင် အလှည့်အပြောင်း တခုကို ဖန်တီးနိုင်တဲ့ အခြေအနေရှိတယ်။

မေး။ ။ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ပါ့မလား။ ပြည်ပအဖွဲ့အစည်းတွေရဲ့ ဘုံတူညီချက်ကို ဘယ်လိုစည်းရုံးနိုင်မလဲ။

ဖြေ။ ။ ဘယ်အင်အားစုကိုပဲ မေးမေး၊ အဖြေတွေက တယောက်နဲ့တယောက် မကွဲဘူး၊ ကျနော်တို့ မြင်ချင်တဲ့ဟာ လိုချင်တဲ့ဟာ တူကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်သူမှ လက်မခံနိုင်ဘူး ဆိုတဲ့ ဘုံတူညီချက် ရှိတယ်။ အဲဒီကိစ္စက အငြင်းမပွားဘူး။ ဘုံလုပ်ငန်းစဉ် ဘယ်လိုရမလဲ ဆိုရင် အင်အားစုအသီးသီးက သူ့အခန်းကဏ္ဍနဲ့သူ အလုပ်လုပ်ရုံပဲ။

မေး။ ။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအတွက် ဆန္ဒခံယူပွဲ လုပ်တုန်းကလည်း ဒီလိုပဲ ပြောကြတာပဲမဟုတ်လား။ ဒါပေမယ့် စစ်အစိုးရက ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲရတယ် ဆိုပြီး လုပ်လိုက်တယ်လေ။

ဖြေ။ ။ ဆန္ဒခံယူပွဲ ဆိုတာလည်း တိုက်ပွဲတခုပဲ။ ဒီတိုက်ပွဲကို တိုက်တယ်၊ သာမန်အရ ကျနော်တို့ ရှုံးတယ်လို့ ပြောလို့ရတယ်၊ နောက်တိုက်ပွဲတခုကို ကျနော်တို့ ထပ်တိုက်နိုင်အောင် ကြိုးစားမယ်။

မေး။ ။ တိုက်ပွဲရှုံးခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဖြေ။ ။ ၂၀၁၀ ကို ရည်ရွယ်ပြီးကို တိုက်ရလိမ့်မယ်။ တပြိုင်နက်တည်းမှာ အဆိုးဆုံး အခြေအနေ အတွက်လည်း နောက်ထပ် ပြင်ဆင်မှုတော့ ရှိဖို့ လိုတယ်။ ၂၀၀၈ မှာ ဆန္ဒခံယူပွဲဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတင်းအဓမ္မ အတည်ပြုလိုက်တယ်။ အဲဒီဖွဲ့စည်းပုံကို မတိုက်လို့ မရဘူး။ ၂၀၁၀ မတိုင်ခင်မှာ ဒါကို တိုက်ဖို့ လိုမယ်။ ဒါကြောင့်လည်း အန်အယ်လ်ဒီက ဖွဲ့စည်းပုံကို ပြန်သုံးသပ်ဖို့ ပြောထားတယ်။ ဒါကို ၂၀၁၀ မတိုင်ခင် ပြင်နိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ မရဘူးလား၊ နောက်တပွဲ ဆက်တိုက်မယ်။

မေး။ ။ ၂၀၁၀ ပြီးသွားရင် နအဖ ထဲမှာ power structure ဘယ်လိုပြောင်းသွားမယ် ထင်သလဲ။ အပြင်က အဖွဲ့အစည်းတွေကော ဘယ်လိုပြောင်းလဲသွားမယ် ထင်ပါသလဲ။

ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားရင်လည်း အခြေအနေက ဒီအတိုင်း ဆက်ရှိနေဦးမှာပဲ။ ရွေးကောက်ပွဲ ပြီးသွားရင် ကျိန်းသေတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသက်သွင်းရမယ်။ အသက်သွင်းရင် တပ်ထဲမှာ အာဏာပြိုင်ဆိုင်မှု ပိုများလာမယ်။ ဘယ်သူ သမ္မတ လုပ်မလဲ၊ ဘယ်သူ ကာကွယ်ရေးဦးစီးချုပ် လုပ်မလဲ။ ကျနော်တို့မှာလည်း စိန်ခေါ် ချက်တွေ ရှိနေတယ်၊ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် နအဖက တစုံတရာ တရားဝင်မှု ရသွားလိမ့်မယ်၊ ကျနော်တို့ တရားဝင်မှုက ကျသွားလိမ့်မယ်၊ အထဲမှာ နိုင်ငံရေးပုံစံသစ် ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ရှိတယ်။

ကျိန်းသေတာက အခုဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ ပြေလည်မသွားဘူး။ တိုင်းရင်းသားပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ။ ၀ ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ မွန်ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ ကချင်ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ ဖြုတ်လို့ မရဘူး။ အဲဒီလိုပဲ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း ဆက်ရှိနေဦးမှာပဲ။ အားနည်းကောင်း နည်းသွားနိုင်တယ်။ ဆက် တည်ရှိနေဦးမှာပဲ။ ထူးထူးခြားခြား ပြောင်းလာလိမ့်မယ်လို့ မထင်ဘူး။

မေး။ ။ မြန်မာ့အရေးကို အမေရိကန် သမ္မတဘုရှ်က အစွမ်းကုန်လုပ်ခဲ့တယ်လို့ ယူဆလို့ ရမလား။ လက်ရှိသမ္မတကရော မြန်မာ့အရေးကို ဘယ်လောက်အထိ စွမ်းစွမ်းတမံဝင်လုပ်ပေးနိုင်မယ် ထင်ပါသလဲ။

ဖြေ။ ။ သမ္မတဘုရှ်က သူလုပ်နိုင်တဲ့ ဘောင်ထဲကနေ တော်တော်လေး လုပ်ခဲ့တယ်လို့ ကျနော် ထင်တယ်။ သူတို့ ကျနော်တို့ကို အများကြီး လုပ်ပေးသွားတယ်။ အိုဘားမားရဲ့ မူဝါဒသဘောထား ထုတ်ပြန်ချက်ကို ကျနော်တို့ ဖတ်ရတာ ရှိတယ်။ အဲဒီ statement အရ ဆိုရင် သမ္မတဘုရှ် လက်ထက်က ရှိခဲ့တဲ့ မြန်မာ့အရေးအပေါ် သဘောထားနဲ့ ဘာမှ မကွဲပြားဘူး။ အတူတူပဲလို့ ပြောလို့ရတယ်။ မြန်မာပြည်အရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်မယ်ဆိုရင် သူ့အနေနဲ့ တခြားနိုင်ငံတွေကို တွဲခေါ်နိုင်မယ့် အခြေအနေက သမ္မတဘုရှ်ထက်စာရင် ပိုများနိုင်တယ်လို့ ကျနော်တော့ ထင်တယ်။

မေး။ ။ အမေရိကန်ကို ဆန့်ကျင်တဲ့သူတွေကြောင့် ပြီးခဲ့တဲ့ ၈ နှစ်မှာ မြန်မာအတိုက်အခံတွေက မစ္စတာဘုရှ်နဲ့ ရင်းနှီးလာတယ်၊ ။ မြန်မာအတိုက်အခံတွေဟာ အစွန်းရောက်သူတွေ၊ အမေရိကန်ရဲ့လူတွေ၊ အမေရိကန်နဲ့ နီးစပ်တဲ့လူတွေလို့ ဥရောပ နိုင်ငံ တချို့က မြင်ကြတယ်လို့ သိရတယ်။ အတိုက်အခံတွေက သူတို့ကို မစ္စတာဘုရှ် နဲ့ နီးတယ်လို့ အပြောခံရတဲ့အတွက်ကြောင့် စိတ်ညစ်ကြတယ်။ အဲဒီလို ကိစ္စတွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်း ကျော်လွှားခဲ့ရပါသလဲ။

ဖြေ။ ။ မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံသူတွေ အားလုံးထဲမှာ အမေရိကန်က အတက်ကြွဆုံးပဲ။ အား အပါဆုံးပဲ။ မစ္စတာဘုရှ်လည်း ဒီအတိုင်းပဲ။ အဲဒီအတွက် သူတို့နဲ့ ကျနော်တို့နဲ့ ပိုရင်းနှီးတယ်လို့ ပြောလာရင်တော့ ကျနော်တို့မှာ ပြန်ပြောစရာ အကြောင်း မရှိပါဘူး။

မေး။ ။ မြန်မာအတိုက်အခံတွေက အနောက်ကို အားကိုးတဲ့၊ မျှော်တဲ့ မူဝါဒ အရမ်းများတယ်လို့ မထင်ဘူးလား။

ဖြေ။ ။ အဓိကက ကျနော်တို့ အကျိုးကို ကျနော်တို့ ကြည့်တာပါ။ ကျနော်တို့ လှုပ်ရှားမှု၊ ကျနော်တို့နိုင်ငံ အပြောင်းအလဲအတွက် ဒီအကျိုးကို ကျနော်တို့ ကြည့်တာပဲ။ အမေရိကန် ကျနော်တို့ကို ထောက်ခံတယ်၊ ပိုထောက်ခံအောင် ကျနော်တို့ လုပ်ရမှာပဲ။ တချို့နိုင်ငံတွေကလည်း ခင်ဗျားပြောသလို ပြောနေတာတော့ ရှိပါတယ်။ တကယ်တမ်းတော့ သူတို့ ဘာမှ လုပ်ပေးတာတော့ မဟုတ်ဘူး။ ဥပမာ စီးပွားရေး ပိတ်ဆို့မှုကို ကြည့်။ ဒါနဲ့ပတ်သက်ပြီး လုပ်သင့်တယ် မလုပ်သင့်ဘူး အငြင်း အပွားဆုံးက ဥရောပနိုင်ငံတွေပဲ။ တကယ်တမ်းတော့ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် စီးပွားရေး ပိတ်ဆို့ခဲ့တာ မရှိဘူး။ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် လုပ်ခဲ့တာမရှိဘဲနဲ့ မလုပ်သင့်ဘူးပြောတာလည်း သူတို့ပဲ။

မေး။ ။ ဒါပေမယ့် အီးယူက မြန်မာပြည်ထဲကို အကူအညီတွေ အများကြီး ပေးနေတာပဲ မဟုတ်ဘူးလား။ လူသားချင်း စာနာမှုဆိုင်ရာ ရှုထောင့်ကနေပေါ့။

ဖြေ။ ။ လူသားချင်း စာနာမှု အကူအညီနဲ့ ပတ်သက်လို့ ကျနော်တို့ မဆန့်ကျင်ဘူး။ မြန်မာပြည်သူတွေက အကူအညီ လိုတာ အမှန်ပဲ၊ ပေးသင့်တယ်။ တခုကိုတော့ သေချာအောင် လုပ်ဖို့လိုတယ်၊ သူတို့ပေးနေတဲ့ အကူအညီတွေ လူထု လက်ထဲကို ထိထိ ရောက်ရောက် ရောက်သလား မရောက်ဘူလား ဆိုတဲ့ဟာကို သေသေချာချာ သိဖို့ လိုတယ်။ ရောက်အောင်လုပ်ပါ လို့လည်း ကျနော်တို့ ပြောတယ်။ မြန်မာပြည်သူတွေကို များများ အကူအညီ ပေးနိုင်လေ ကောင်းလေပဲ။ ဒါပေမယ့် ပေးတဲ့ အကူအညီတွေက နအဖအိတ်ထဲ မရောက်ဖို့တော့ လိုတယ်။ မေးခွန်းတွေ ထုတ်ရင်တော့ အဲဒီလူတွေက သည်းမခံနိုင် ဖြစ်ကြတယ်။

မေး။ ။ အထဲရော အပြင်ရော အတိုက်အခံတွေ အနောက်ကိုမျှော်တာ အကျိုးရှိလို့ လို့ ပြောတယ်။ ဒါဆိုရင် အရှေ့ဘက်ကို မျှော်တာမျိုးရော ရှိလား။

ဖြေ။ ။ ကျနော်တို့ ကိုယ်တိုင် အာဆီယံထဲမှာ နေနေတာပဲ။ အနှစ် ၂၀ လုံး တရုတ်ကိုလည်း ဆက်ဆံခဲ့တယ်၊ အခုချိန်ထိလည်း လက်မလျှော့သေးဘူး ကြိုးစားတုန်းပဲ။ အာဆီယံနိုင်ငံတွေကိုလည်း ချည်းကပ်တုန်းပဲ။ ကျနော်တို့ကို အစဉ်တဆက် ထောက်ခံနေတာ အနောက်အုပ်စုက ဖြစ်တယ်။ အဲဒီထောက်ခံမှုကို ကျနော်တို့ ယူရမှာပဲ။ မယူလို့ မရဘူး။

မေး။ ။ တရုတ်နဲ့ အာဆီယံကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘာလုပ်စေချင်ပါသလဲ။

ဖြေ။ ။ အာဆီယံညီလာခံမှာ တရုတ်ဝန်ကြီးချုပ် သဘာပတိ လုပ်တုန်းက ထုတ်ထားတဲ့ ကြေညာချက် ရှိတယ်။ အဲဒီ ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ဆက်ရပ်မယ် ဆိုရင် မြန်မာပြည်ကို ပြောင်းအောင် တွန်းနိုင်မယ်လို့ ကျနော် ထင်တယ်။ အထိန်းသိမ်းခံအားလုံးကို လွှတ်ပေးဖို့၊ နိုင်ငံရေး အင်အားစုတွေကို ဖိနှိပ်နေတာတွေကို ရုတ်သိမ်းဖို့၊ အားလုံး ပါဝင်တဲ့ နိုင်ငံရေး process တခုကို သွားဖို့။ ရွေးကောက်ပွဲကို တရုတ်တောင် မပြောဘူးနော်။ အဲဒီအပေါ်မှာသာ သေချာ တွန်းပြီးတော့ ကုလသမဂ္ဂနဲ့ရော နိုင်ငံတကာနဲ့ရော ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် မြန်မာပြည် အပြောင်းအလဲဖြစ်ဖို့ အများကြီး အားရှိလိမ့်မယ်။

မေး။ ။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေတာကို ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ အသုံးဝင်တယ်လို့တော့ ထင်တယ်။ သို့သော် အခုအနေအထားကတော့ မျှော်လင့်ချက် အတော် နည်းတယ်။ သူတို့နောက်မှာ ရပ်တည်မယ့်နိုင်ငံတွေ ကြားမှာ ကွဲပြားနေတယ်။ အားရစရာ မကောင်းဘူး။ မစ္စတာ ဘန်ကီမွန်းတို့ ကိုယ်တိုင် ပိုပြီးတော့ ကြိုးစားသင့်တယ်။ ပြောထားတာတွေကို ထိထိ ရောက်ရောက် ဖြစ်အောင် ဆက်ကြိုးစားသင့်တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် မျှော်လင့်ချက်တခုလို့ ခံယူတုန်းပဲလား။

ဖြေ။ ။ ဟုတ်တယ်။ သူဟာ ကနေ့အထိ အလွှာအသီးသီးရဲ့ ယုံကြည် လက်ခံမှုကို ရထားလို့ မျှော်လင့်ချက် ရှိတယ်။ သူက သင်္ကေတပဲ။ ဒီသင်္ကေတက အသွင်ကူးပြောင်းတဲ့ကာလမှာ သိပ်အရေးကြီးတယ်။ ကျနော်တို့ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားမှုကို ကြည့်။ သင်္ကေတ မရှိဘူး။ မရှိတော့ ဟန်ချက်ကို ဘယ်လိုထိန်းလဲဆိုတာ ပြဿနာ ရှိတယ်။

မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု

၂၀၀၉ (သုံးသပ်ချက်)
မင်းနိုင်သူ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
၂၀၀၉ ခုနှစ်အတွင်း အာရှနိုင်ငံများ၌ စီးပွားရေးကို အခြေခံသော လူမှုအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက်တရပ်ရှိသည်။ ထိုကဲ့သို့ သတိပေးသူမှာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗဟိုရုံးအကြီးအကဲ Ajay Chhibber ဖြစ်သည်။ ၎င်းက အခြေခံဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံ့စီးပွားရေးထိန်းကျောင်းနိုင်မှုစံနှုန်းများ အပေါ်မှုတည်၍ “အာရှနိုင်ငံများအတွင်း” ဟူသော အထူးပြုချက်ကို သုံးနှုန်းသတိပေးခဲ့ခြင်းဖြစ်ဟန်ရှိသည်။

ထို့ကြောင့် သတိပေးဧရိယာအတွင်း ပါဝင်နေသည့် ၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေး အလားအလာကို သုံးသပ်ကြည့်ဖို့လိုလာသည်။

၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေးသည် ၂၀၀၈ ခုနှစ်ထက် သိသာစွာ ကျဆင်းလိမ့်မည်ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် (Burma Fund) ဘားမားဖန်းမှ ဦးစိန်ဌေးတို့နှစ်ဦးက တူညီစွာမှန်းဆသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းလာချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံများ ရင်ဆိုင်ရမည့် စီးပွားရေးအကျပ်အတည်းထက် မြန်မာက ပိုမည်ဖြစ်သည်။

၂၀၀၈ ခုနှစ် နှစ်စပိုင်းတွင် နာဂစ်ဒဏ်ခံခဲ့ရသဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများမှ အခြေခံသွင်းအားစုများနှင့် လုပ်သားများ ပျက်စီးဆုံးရှုံးခဲ့ခြင်း၊ နှစ်လယ်ပိုင်းတွင် အဓိကပို့ကုန်တမျိုးဖြစ်သော ပဲဈေးကွက်ပျက် ပြားသွားခြင်းနှင့် စစ်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှု များပြားနေခြင်းတို့သည် အခြားနိုင်ငံများထက်ပိုနေသော အချက်များဖြစ်ကြောင်း မီးမောင်းထိုးပြကြသည်။

“စီးပွားရေးခန့်မှန်းတဲ့အခါ ပြီးခဲ့တဲ့ တနှစ်လောက်ကိုပဲကြည့်ပြီးတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့။ အရင်ကဟာတွေကိုလည်း ကြည့်ဖို့လိုတယ်။ သို့သော်လည်း recently ပေါ့။ တနှစ်လောက်ကဟာကတော့ တိုက်ရိုက်ထိခိုက်တာ (directly impact) ဖြစ်တာပေါ့။ ဒီလိုပဲ စီးပွားရေးကျဆင်းမှုဟာ တနှစ်အတွင်း သိသာမှု မရှိခဲ့ဘူးဆိုရင်လည်း နောက်နှစ် နောက်နှစ်တွေမှာကျမှ သွားပြီးထိခိုက်တာမျိုးလည်းရှိတယ်။ ချက်ချင်းထိခိုက်တာမျိုးလည်းရှိတယ်။ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာအရေးခင်းမျိုးကတော့ တိုက်ရိုက်အကျိုးသက်ရောက်သွားတာလို့ ပြောလို့ရတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။

အကယ်စင်စစ်လည်း ကမ္ဘာ့စီးပွားရေး မကျဆင်းမီကပင် မြန်မာ့စီးပွားရေးမှာ ကျဆင်းနေခဲ့ပြီးဖြစ်သည်။

စစ်အစိုးရ၏ ညံ့ဖျင်းသောကိုင်တွယ်မှုကြောင့် ယိုင်နဲ့နေသော မြန်မာ့စီးပွားရေးကို မေ (၂) ရက် နာဂစ်က အရှိုက်ထိုးလိုက်ပြန်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု (၄၀) ရာခိုင်နှုန်းမျှ ပျက်စီးခဲ့သည်။ ငါးလုပ်ငန်း၊ ဆားလုပ်ငန်း များလည်း နာလန်မထူနိုင်။ ထို့ထက်ပိုဆိုးသည်မှာ ဒေသခံလူထု နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ကြရခြင်း ဖြစ်သည်။ လုပ်သားအင်အားဆုံးရှုံးမှုသည် အဆိုးဝါးဆုံး ဆုံးရှုံးမှုဖြစ်သည်။

သေဆုံးသူစာရင်းကို နအဖက အတိအကျထုတ်ပြန်မပေးနိုင်သော်လည်း ပျက်စီးဆုံးရှုံးမှုစာရင်းကိုမူ သုံးပတ်အတွင်း အရအမိကောက်ကာ ကန်ဒေါ်လာ (၁၁) ဘီလီယံကျော်ရှိကြောင်း ကမ္ဘာကိုပြောသည်။ မေ (၂) ရက်က ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုးကို မေ (၂၅) ရက်တွင် စာရင်းအတိအကျဖြင့် တင်ပြလာနိုင်စွမ်းသော နအဖ၏ စာရင်းများကို ကမ္ဘာကမယုံ။ သို့နှင့် အာဆီယံက ကြားဝင်တွက်ချက်ပေးရာ လေးပုံတပုံလျော့ပါးသွားပြီး (၄) ဘီလီယံဟု အဖြေထွက်လာသည်။

နာဂစ်ဖြစ်ပြီးစအချိန်ကလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် မစဉ်းစားဘဲ မေ (၅) ရက်တွင် ဘဏ္ဍာရေး ဒု-၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက ဒုက္ခသည်ပြ ဒေါ်လာရပြီ အထင်နှင့် ကမ္ဘာ့ဘဏ်သွားကာ လက်ဖြန့်သည်။ ကမ္ဘာ့ဘဏ်က မပေး။

ဤကဲ့သို့သော မရိုးဖြောင့်မှုများရှိရသည့်အထဲ နာဂစ်ဒုက္ခသည်များကို ကူညီသူများအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူမှုများကြောင့် ကမ္ဘာ့အကူအညီပေးရေးများ တွန့်ဆုတ်ကုန်သည်။ နအဖ၏ မိုက်မဲမှုကြောင့် ဒေသခံလူထုသည် ကမ္ဘာ့အကူအညီများကို လိုသလောက်မရခဲ့။

တဖက်တွင်လည်း စက်တင်ဘာအရေးအခင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကျဆင်းလာနေသော ခရီးသွားလုပ်ငန်းသည် နာဂစ်အပြီးတွင် အခြေအနေပိုဆိုးလာသည်။ မီးခိုးမဲ့စက်ရုံပိုင်ရှင် ခရီးသွားလုပ်ငန်းရှင်များ ကိုယ်တိုင် ၎င်းတို့အိမ်တွင် မီးခိုးမဲ့တော့မည့် သဘောရှိလာသည်။ ဗီဇာစနစ်ပြောင်းလဲပေးရန်နှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်မှုများ လျှော့ပေါ့ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တောင်းဆိုလာကြသည်။ နအဖကတော့ ယခုအချိန်အထိ တုတ်တုတ်မျှမလှုပ်။

ပုဂ္ဂလိကစီးပွားရေးကျဆင်းနေချိန်တွင် ရှိသမျှသယံဇာတ ထုတ်ရောင်းရန်သာ ကြံဆနေသော နအဖက ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားပြန်သည်။ ရလဒ်ကား ပြည်တွင်းရေထွက်ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ရပ်ဆိုင်းကုန်ခြင်းဖြစ်သည်။

တဖန် နှစ်လယ်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းဖြစ်ပွားခဲ့သော ပဲကြိုပွိုင့်ရောင်းဝယ်မှုများကြောင့် အဓိကပို့ကုန်တခုဖြစ်သည့် ပဲဈေးကွက်ပျက်သွားပြန်သည်။ ဤတွင် နအဖက နိုင်ငံတော်မှ ဦးဆောင်ရောင်းဝယ်မည်ဆိုကာ ပဲဈေးကွက်ကို ထိန်းချုပ်ရန် တာစူလာပြန်၏။ တနိုင်ငံလုံးရှိ ကုန်စည်ဒိုင်အမှုဆောင်များအား ကုမ္ပဏီများ စုဖွဲ့ခိုင်းနေသည်။ နယ်ခံကုမ္ပဏီနှင့် ရန်ကုန်ရှိ နအဖလက်ဝေခံကုမ္ပဏီများ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု စီးပွားကူးသန်းဒု-၀န်ကြီးက နယ်လှည့် ဆွယ်တရားဟောနေ၏။ နယ်ခံကုန်သည်ပွဲစားများက လိုလားမှုမရှိ။ နအဖနှင့် ပတ်သက်နေသော ရန်ကုန်ကုမ္ပဏီများကိုလည်း မယုံကြည်ကြ။ အဆုံးသတ်တွင် မည်ကဲ့သို့သော ရလဒ်ပေါ်ထွက်လာမည်ကို စောင့်ကြည့်ကြရဦးမည်။

နအဖ၏ တပွဲတိုးဖြေရှင်းနည်းများကား ထိုမျှနှင့်ရပ်မသွား။ နာဂစ်ဒဏ်ခံခဲ့ရခြင်း၊ စပါးဈေး အလွန်အမင်းကျဆင်းနေခြင်းတို့ကြောင့် သွင်းအားစုများ ဖြည့်တင်းရန်ပင် အခက်အခဲရှိနေသော လယ်သမားများ၏ လယ်ယာမြေများကို ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများအား ၀င်ရောက်လုပ်ကိုင်စေသည်။ အမည်ကိုကား လှလှလေး ပေးထားပါ၏။ အကျိုးတူ လယ်ယာစီးပွား။ ထိုအကျိုးတူ လယ်ယာစီးပွားဆိုသည်ကို ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါ တိုးချဲ့သွားမည်ဟု နအဖက လေသံပစ်ထားသည်။

“အဲလိုတွေက လုပ်ခဲ့ဖူးတယ်။ ၁၉၉၅ ခုနှစ်လောက်မှာထင်တယ်။ ရေနက်ကွင်း စိုက်ကွင်းဆိုပြီး ဒေသခံတွေဆီက မြေတွေသိမ်းပြီး သူတို့ကုမ္ပဏီတွေကို ချပေးတာမျိုးတွေရှိခဲ့တယ်။ မကွေးတိုင်းမှာလည်း စီမံကိန်း ၀ါစိုက်ဖို့ဆိုပြီး ယာမြေတွေသိမ်း ပုဂ္ဂလိကကုမ္ပဏီတွေကို ချပေးခဲ့ဖူးတယ်။ မဆလ လက်ထက်တုန်းကလည်း သမ၀ါယမ လယ်ယာတွေဆိုပြီး ရှိခဲ့ဖူးတာပါပဲ။ အခုလည်း အဲဒီပုံစံတွေအတိုင်း နအဖက လိုက်လုပ်နေတာပါပဲ။ အဲဒါတွေက ဒေသခံလူထုအတွက် အကျိုးမရှိနိုင်ဘူး။ ကုမ္ပဏီတွေပဲ အကျိုးရှိမယ်။ သူတို့က ထွက်လာတဲ့အသီးအနှံကို ပြည်ပတင်ပို့ခွင့်ရတော့ နိုင်ငံခြားငွေ (export earning) တွေ ရမယ်။ မူလလုပ်ခဲ့တဲ့ လယ်သမားတွေကတော့ ကုမ္ပဏီရဲ့ အလုပ်သမားသွားဖြစ်ရော။ လယ်ပိုင်ကနေ လယ်ယာလုပ်သားဖြစ်သွားတာ။ နောက်ဆုံးကျတော့ ဒေသခံတောင်သူလယ်သမားတွေကတော့ ဘ၀ပျက်သွားတော့တာပေါ့။ သူတို့ရဲ့ စီးပွားရေးမူဝါဒထဲမှာ ပုဂ္ဂလိကပိုင်ပြုရေးဆိုတာပါပေမယ့် လက်တွေ့မှာ သမ၀ါယမပြုနေတာပဲ။ ပုဂ္ဂလိကပိုင်ပြုတယ်ဆိုရင် တဦးချင်းစီ၊ တကဏ္ဍစီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမှာ”ဟု ဦးစိန်ဌေးက သုံးသပ်ပြသည်။

ထိုကဲ့သို့ ပုဂ္ဂလိကစီးပွားရေး ကဏ္ဍတွင် ဒေသခံများ မလုပ်တတ်ဟုဆိုကာ ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများထံ လုပ်ငန်းခွင်များ ထိုးထည့်ပေးနေသော နအဖအနေဖြင့် ၎င်းတို့ကိုယ်တိုင်စီမံခန့်ခွဲနေသည့် အစိုးရအသုံးစရိတ်ကို ကြည့်ပြန်တော့လည်းမဟန်။ ဘတ်ဂျက်လိုငွေပြမှုက (၅) ရာခိုင်နှုန်းအထက်မှာ နှစ်စဉ်ရှိနေသည်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော်ရှိခဲ့ကြောင်း ၀န်ကြီး အဖွဲ့အစည်းအဝေး(၃၈/၂၀၀၈) တွင် ၀န်ကြီးချုပ်က ၀န်ခံခဲ့သည်။

“(၇) ရာခိုင်နှုန်း (၈) ရာခိုင်နှုန်းဆိုတာ နှစ်စဉ်လိုဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒီနှစ်မှာ ပိုတောင်သုံးရဦးမယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ပုဂ္ဂလိက ကဏ္ဍကသုံးစွဲမှုတွေ လျော့လာမှာဖြစ်လို့ ငွေကျုံ့မှု (deflaction) မဖြစ်အောင် အစိုးရက ပိုသုံးပေးရမယ်” ဟု ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

ဦးစိန်ဌေးက “တိုင်းပြည်တိုးတက်ဖို့ ဘတ်ဂျက်ပိုသုံးသင့်တဲ့အခါ သုံးကြရပါတယ်။ စီးပွားရေးကျဆင်းလာချိန်မှာ အစိုးရက ပိုသုံးပေးရတယ်ဆိုတာ မှန်ပါတယ်။ သီအိုရီအရမှန်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ပိုသုံးခဲ့တာများနေပြီဗျ။ ၈၈ ကနေ ၂၀၀၈ ဆိုရင် အနှစ်နှစ်ဆယ်ရှိနေပြီ။ ဘာမှအကျိုးမရှိဘူး။ အဲဒီမှာပိုသုံးတာ မသုံးတာထက် သုံးတဲ့ဧရိယာတွေကြည့်ရမှာ။ ယောင်ပြတည်ဆောက်မှုတွေ လုပ်နေတာမျိုးက ဘာမှအကျိုးမရှိဘူး။ မလိုအပ်သေးဘဲနဲ့ ဒါမှမဟုတ် တကယ်မလုပ်နိုင်သေးဘဲနဲ့ ၀ါဒဖြန့်ချင်လို့ လမ်းဖောက်လို့၊ တံတားဆောက်လို့ စပါးထွက်နှုန်းတိုးလာမလား။ ဘတ်ဂျတ်သုံးစွဲတဲ့အခါ ဘယ်ကဏ္ဍသည် နိုင်ငံအတွက် အဆီအနှစ်ဖြစ်စေသလဲ။ ဒါကိုကြည့်ရမယ်။ အခုဟာက စစ်တပ်အတွက် အများကြီးသုံးနေတယ်။ မလိုအပ်ဘဲ နေပြည်တော်ဆောက်နေတာ အခုထိမပြီးသေးဘူး။ အများပြည်သူအလုပ်လုပ်တဲ့ ကဏ္ဍတွေမှာ ပံ့ပိုးတာမရှိဘူး။ နိုင်ငံတနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုဟာ (၂) ရာခိုင်နှုန်း၊ (၃) ရာခိုင်နှုန်းသာ ရှိသင့်တာပါ” ဟု ပြောသည်။

နအဖ၏ စာရင်းများကား မှန်ကန်လေ့မရှိဟု ကမ္ဘာကလက်ခံထားကြသည်။ ယခုဘတ်ဂျက်လိုငွေပြမှုသည်လည်း ယခုထက်ပိုစရာသာရှိသည်။ ကြံ့ဖွံ့လို လူမှုရေးအသင်းအဖွဲ့ဆိုသည်ကြီးကိုလည်း နအဖက ထောက်ပံ့နေရသဖြင့် လျော့စရာအကြောင်းမရှိ။ ကြံ့ဖွံ့ပံ့ပိုးငွေများ မည်သည့်ဝန်ကြီးဌာန၏ အသုံးစာရင်းမှ သွားသနည်း။

မိမိတို့ အစိုးရအသုံးစရိတ်ကိုပင် ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသည့် နအဖအနေဖြင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း ၎င်းတို့အား နောက်ခံပြုပေးနေသော ကုမ္ပဏီကြီးများ လက်သို့သာ ၀ကွက်အပ်စီမံစေသည်မှာ တကယ်တော့မဆန်း။

ဆန်းသည်မှာ Ajay Chhibber ၏ စီးပွားရေးကို အခြေခံသော လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးမှုမှန်ကန်ကြောင်းကို မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် နှစ်စမှာပင် ပြသခဲ့ခြင်းဖြစ်သည်။

ဖြစ်ရပ်မှာ နအဖလက်ဝေခံကုမ္ပဏီများကြီးစိုးရာ ရေနံမှော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းမှူး၏ အစ်မပိုင်ကုမ္ပဏီက နှောပင်ရေနံမှော်တွင် ဒေသခံတွင်းပိုင်များထံမှ ရေနံစိမ်းကို လက်ဝါးကြီးအုပ် ၀ယ်ယူလိုသည်။ တန်ရာတန်ကြေးမပေး။ ပြင်ပရေနံပွဲစားများက တပေပါ (၅) သောင်းကျော် ပေးနေချိန်တွင် ကုမ္ပဏီက (၃) သောင်းဝန်းကျင်သာပေးသည်။ သူတို့မှလွဲ၍ အခြားရောင်းချခြင်းမပြုရဟု အစည်းအဝေး ခေါ်ပြောသောနေ့မှာပင် ဒေသခံလုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ပြဿနာတက်သည်။ စစ်တပ်က ဒေသခံလူထုကိုသာ ပစ်ခတ်နှိမ်နင်းခြင်းဖြင့် ဖြေရှင်းပြသည်။

အလားတူဖြစ်ရပ်မျိုးများ ပေါ်ပေါက်လာနိုင်စရာအကြောင်းများလည်း တွေ့မြင်နေရသည်။ အဘယ့်ကြောင့် ဆိုသော် နအဖ၏ စီးပွားရေးမနိုင်နင်းမှုနှင့် ၎င်းတို့နှင့် လက်ဝေခံကုမ္ပဏီများကိုသာ အလုံးစုံသော လုပ်ပိုင်ခွင့်များ ပေးထားသဖြင့် လူထုစီးပွားကျဆင်းလာနေခြင်းကြောင့်ဖြစ်သည်။


Sunday, January 25, 2009

ပါလီမန်ဒီမိုကရေစီပါတီ(သတင်းစာစောင်)


ဂျောက်ဂျက် - Sample



For my baby - ဂျောက်ဂျက်

အမှန်လေး - ဂျောက်ဂျက်

ပိုက်ဆံ - ဂျောက်ဂျက်

အဲဒါဘယ်လိုလုပ်မလဲ - ဂျောက်ဂျက် ရသ ကျော်ထွဋ်ဆွေ

ကြောက်လား - ဂျောက်ဂျက်

လေးစားမှုပျောက်ရှခြင်း - ဂျောက်ဂျက်

သီချင်း Download here
ဂျောက်ဂျက်နာမည်ဖြင့်သီဆိုဖျော်ဖြေခွင့်တစ်နှစ်ပိတ်
January 24, 2009
ရေးသူ..ညွန့်သက်ထားဦး

Rock Starအဖွဲ့
မြန်မာနိုင်ငံတွင်းမည်သည့်နေရာတွင်မဆိုကျင်းပသည့်စင်မြင့်ဖျော်ဖြေပွဲများ၌ဂျောက်ဂျက်နာမည်
သုံး၍သီဆိုဖျော်ဖြေခွင့်ကိုပိတ်လိုက်ကြောင်းရန်ကုန်တိုင်းအေးချမ်းသာရေးကောင်စီမှထုတ်ပြန်
သောသတင်းကိုဂီတအစည်းအရုံးသို့ပေးပို့ထားပြီးရက်(ပ)အဆိုတော်ဂျောက်ဂျက်ဆီကိုလည်းအ
ကြောင်းထားပြီးပြီဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
ယခင်V.I.Pအဖွဲ့မှဂျောက်ဂျက်မှာယခုRock Starအဖွဲ့အနေဖြင့်ပြန်လည်သီဆိုရာတွင်ဂျောက်ဂျက်
အနေဖြင့်သီဆိုခွင့်မရှိပဲတခြားနာမည်တစ်ခုဖြင့်သာသီဆိုဖျော်ဖြေခွင့်ရှိသည်ဟုသိရသည်။ယခုကဲ့
သို့အနုပညာရှင်တယောက်ကိုသူ၏အနုပညာနာမည်အသုံးပြုခွင့်မပေးသည်မှာ အဆိုတော်တ
ယောက်ကိုသတ်လိုက်သလိုမျိုးပဲဟု နာမည်ကျော်တေးရေးဆရာတယောက်ကပြောသည်။
၁၉၉၀ပြည့်လွန်နှစ်များကလည်း ရုပ်ရှင်သရုပ်ဆောင်ခိုင်ခင်ဦးကို ရန်ကုန်တိုင်းစစ်ဒေသမှတစ်
နှစ်ကြာအနုပညာလှုပ်ရှားခွင့်ပိတ်လိုက်သဖြင့် ခိုင်ခင်ဦး၏နာမည်မှာမှေးမှိန်ခဲ့ရသည်။

“အခုထုတ်ပြန်ချက်က နောက်နာမည်တမျိုးပြောင်းပြီးဘဲဆိုရမှာလား၊လုံးဝဘဲမဆိုရဘူးလား
ဆိုတာမသေချာဘူးဖြစ်နေတယ်။သေချာတာကတော့အခွေထုတ်ခွင့်မပေးဘူး။အဲဒါဆိုကျွဲကူး
ရေပါဆိုသလို အကုန်ပါမှာဘဲ”ဟုဂျောက်ဂျက်ပရိတ်သတ်တဦးက FNG သို့ပြောသည်။
၂၀၀၇ခုနှစ် နိုဝင်ဘာလကမူ G-Tone နှင့်Cyclone အဖွဲ့များကိုဖျော်ဖြေခွင့်၆လပိတ်ခဲ့ဖူး
သည်။ဂျောက်ဂျက်အနေဖြင့်လည်း စာနယ်ဇင်းတွေ့ဆုံပွဲပြုလုပ်၍ခိုးကူးခွေရောင်းချသူများ
၏ဖြတ်ညတ်ကပ်ကိစ္စများကိုသူနှင့်မဆိုင်ကြောင်းရှင်းလင်းပြောကြားမည်ဟုသိရသည်။

25022009သတင်းနှင့်ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


အမျိုးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ)