Wednesday, January 21, 2009

အရှေ့ နဲ့ နောက်တောင်နဲ့ မြောက်မှာကွယ် အဆိုးများက နေရာတိုင်း ၀ိုင်း.

ကလေးတွေ ဆံပင်ဆေးရောင်ဆိုးတော့အမကပြောတယ်..ကလေးတွေ ပျက်စီးကုန်ပြီ.တဲ့...
ရွှေဝါရောင်မှာလက်ကာတန်းတာ ဒီကလေးတွေ ဗျ....တချို့ ဗိုလ်မှူးတွေ ဖမ်းထားတဲ့သံဃာတော်တွေကို လွတ်အောင်တော်တော်လေးကူညီခဲ့ကြတယ်လို့ ပြောတယ်ဗျ....တစ်တပ်လုံးပျက်နေတာ မဟုတ်ပါဖူး ၊၁၉၉၀ ရွှေးကောက်ပွဲမှာစစ်တပ်က တာဝန်ကျေပါတယ်.. NLD ဘဲနိုင်တာလေ..တပ်မတော်လည်း အတွင်းမှာကွဲနေတာပါဘဲ..လူဆိုတာ သူရပြီးကိုယ်မရရင်..မကျေနပ်တာထုံးစံဘဲ..ရတဲ့ လူ ကများများရ..မရတဲ့ လူကမရ..ပါးစပ်ပိတ်နေတယ် ထင်လား..
အလှည့်အပြောင်းတစ်ခုခုဖြစ်တာနဲ့ အဲဒီတစ်ဖွဲ့ လုံးသေဖို့ သာ ပြင်ပေတော့ပဲ...ငသောင်းလည်းမလွတ်ဖူး..
သူတို့ တပ်ထဲမှာက အခြေအနေကကောင်းတာမဟုတ်ဖူး.... ဟန်ပဲရှိတာ...စားခွက်လုတဲ့သူနဲ့ ...
စက်တင်ဘာကိစ္စ မကျေနပ်တဲ့ သူတွေနဲ့ တော်တော်ရှုပ်နေတာ....လက်နက်တွေကလည်း ၀ယ်လိုက်ရင် အစုတ်ချည်းပဲ...လက်မှတ်ထိုးတဲ့သူနဲ့ ရောင်းတဲ့သူနဲ့ ပေါင်းရိုက်နေကြတာလေ....တပ်က ရဲဘော်လေးတွေ ဆို သနားပါတယ်..မငတ်ရုံတမယ်လေးရယ်..
အဲဒီတော့ ပိုင်ရာဆိုင်ရာ လူယက်တာပေါ့ မုဒိန်းကျင့်တာပေါ့....

မနေ့ က အန်တီစုအိမ်ရှေ့ က ကားနဲ့ ဖြတ်တယ်...မနက်၆ ည၆ဆိုဖွင့်တယ်...စောင့်ကြည့်နေတဲ့ သူတွေကအများကြီးပဲ...ဂိတ်ကလည်း ဟိုဘက်ဒီဘက်၃ဂိတ်စီလောက်ရှိမယ်..အန်တီစုက ဗိုလ်ချုပ်ပုံတောင် ကိုယ်တိုင်ဆွဲပြီး ထိပ်ကတင်ထားတာဗျ.....
် ဒီလောက် အစောင့်များတဲ့နေရာ နာနတ်သီးသည်က ၀င်ပြီး ၅လောင်းပြိုင်သတ်နိုင်တာ..တယ်တော်တာဘဲနော်..သန်းရွှေသမီးကို စိန်ထည်ငှားနိုင်တာ မြန်မာပြည်မှာ မိုးကုတ်မြမောင် မိသားစုဘဲရှိတာ..နာနတ်သီးသည်က ဒိုင်ကြော်ကြော်လေ...သိတယ်ဟုတ် (သခိုးဓါးပြထက်ဆိုးထက်ဆိုးတဲ့ ရန်သူဟာ) ဆိုတာလေ..
အမေရိကန်သံရုံးနားထိ ဖားတစ်ပိုင်းငါးတစ်ပိုင်းတွေချထားတာ မနည်းဘူး...အမေရိကန်သံရုံးကြီးကတော့ ရှယ်ပဲ...အရေးရယ်အကြောင်းရယ်ဆို အန်တီစုကို ကယ်လို့  ရနိုင်ကောင်းရဲ့ ....

တေဇကို ဘိုးတော်ကသိပ်မကြိုက်ဖူး...အဘွားကြီးက အတင်းကြိုက်နေလို့ ...
တေဇဆိုတဲ့ ထူး ကုမ္ပဏီ ကဒေါ်ထူးဆိုတာ.. ဂဠုန်ဦးစောရဲ့တပည့် လူသတ်မှူထဲပါတဲ့ ကောင်လေးရဲ့ ရည်းစားလို့ ကြားဖူးတယ်..
တေဇ ယောက္ခမဗျ...အမျိုးတွေ ကအကောင်းစားတွေ..တေဇအိမ်ရှေ့ ကလည်း ကားနဲ့ ဖြတ်ကြည့်လိုက်သေးတယ်......ခိုးကားတွေကတော့ထိုးထားလေရဲ့ ..ရသမျှခိုးတာတေဇဗျ.။.မင်းတုန်းမင်းစိုက်ခဲ့တဲ့ ကျွန်းတောတွေ ပြုတ်အောင်ခုတ်တာသူပေါ့...သူ့  အမေလင်ပစ္စည်းကျနေတာဘဲ..သူသား၂ကောင်ရုပ်ကလည်းအေကိုက်မဲ့ရုပ်တွေ..စင်္ကာပူကကလေးတွေ ဒီလောက်များတာ..ကြံဖွတ်နည်းနဲ့ ရှင်းရင်တောင် ဘယ်သူမှန်းသိလိုက်မှာမဟုတ်ဖူး......
တော်တော်ကောင်းတဲ့ နန်းတော်လို အိမ်ကြီးတွေလည်း ရန်ကုန်မှာ အများကြီးပေါ်လာနေတယ်....ရွှေဂုံတိုင်ပွိုင့်နားက သံဃာ့ဆေးရုံရှေ့ မှာကောပဲ...အရင်က သိပ်ကောင်းရင် သူခိုးမှန်းသိမှာစိုးလို့ နောက်ထဲမှာပဲဆောက်တာလေ...အခုကပေါ်တင်ပဲဆိုပြိး သူခိုးက ရှေ့ ထွက်ဆောက်လာတဲ့သဘော...

ဖမ်းချင်တဲ့သူမရရင် တွေ့ တဲ့သူကို ဓားစာခံလုပ်ဖမ်းတာ ကျွန်တော်ငယ်ငယ်ကကြည့်ဖူးတဲ့ ကားတွေထဲမှာ ဓားပြတွေလုပ်တာပါ..အခုတော့ဗျာ.... “ဗကသ(အထက်ဗမာပြည်-မန္တလေး)မှ ကျောင်းသားခေါင်းဆောင် ကိုထွန်းထွန်းရဲ့ ဇနီး မကေသီအောင်ဟာ စစ်ကြောရေးထဲမှာ ကိုယ်ဝန်ပျက်သွားပါပြီ။ ဓားစာခံလုပ်ခံရတဲ့ မကေသီအောင်ဟာ အခု ထောင်ဆေးရုံမှာ တင်ထားရပါတယ်“
အစိုးရလား ?သူခိုးဓားပြလားဆိုတာ? ယောကျာ်းတွေတဲ့ဗျာ..သောက်ဆင့်မရှိတဲ့ကောင်တွေ ထမီသာဝတ်ထားလိုက်ကြတော့.......
ငသန်းရွှေကတော့ နေ့ ရှိသရွေ့ ကြောက်နေလေရဲ့ ...
ဟိုတလောက လေဆိပ်နားက ရန်ကုန်မှကြိုဆိုပါသည် ဆိုတဲ့ ဆိုင်းပုဒ်ကြီးကို သတိထားမိသွားပြီး လူတက်နေလို့ ရလား မေးတယ်တဲ့....
ရတယ်လို့ ဖြေကြတော့ အခုချက်ချင်း ဖျက်ပေးပါ တဲ့ နို့ မို့ ဆို သူကိုအဲဒီပေါ်တက်ပြီး လုပ်ကြံလိမ့်မယ်တဲ့....
သူဘဲ အသက်ပါတယ်.လား...အဲဒါနဲ့ ဖျက်လိုက်ရပါရောလား.....အဖိုးကြီး ၀တ်ကြွေးဆပ်ဖို့  အသက်မွေးနေပုံများ...
သူကရက်တော်တော်များများ ရန်ကုန်မှာ ခိုးနေနေတာဆိုတော့ ရန်ကုန်လေဆိပ်ပဲသုံးနေရတာလေ......
..ဦးနေ၀င်းတုန်း ကလည်းဒီအတိုင်းပါဘဲ..တံခိုးထွားတာလေ..သေတော့ကြည့်ပါလား မြေပုံတောင်ပြစရာမရှိ...
သူလည်း ဒီအတိုင်းဘဲလာမှာပါ....ဆတ်ဒန်ကြည့်ပါလား ဟစ်တလာကြည့်ပါလား အာဏာရှင် ဘယ်သူဇာတ်သိမ်းကောင်းသလဲ..
အခုလည်း အခြေအနေကမကောင်းဘူးလေ....တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ဖြုတ်ပြီး ပါတီထောင်ခိုင်းနေတာ မရတဲ့အပြင်ပြန်ချမယ်လုပ်နေလို့  ရွာလည်နေလေရဲ့ ...မြတ်ထွန်းဦးဆိုတဲ့ ကောင်ကိုလည်း အရင်လို လွှတ်လို့ မရတော့ဘူး....နာမည်ပျက်သွားပြီ...ဒီကောင့်ကိုလည်းသတ်ဖို့ ကြိမ်းထားတဲ့သူတွေ မနည်းဘူး....

ရန်ကုန်မှာ လ္ဘက်ရည်ဆိုင်ထိုင်ရတာ မလွယ်ပါ...ဖင်ပေါ်တာနဲ့ ခြင်ဆော်တာပဲဗျာ..... သေပြည်တော်မှာတော့ အဘတို့ က ၀ါး သယ်တဲ့ကားတောင် အလွတ်မပေးဘူးဆိုပဲ...အဘွားကြီးတွေ နဲ့  သားသမီးတွေကလဲ ကြက်ပြေးတောမှာမပျော်ကြတော့ ရန်ကုန်မှာတက်နေကြတယ်လေ...အဘတို့ အကြိုက်ပေါ့ ဘယ်နေ့  အေ ကိုက်မလဲတော့မသိဘူး...ဒူဘိုင်းရောင်တော့လဲ ကုလားနဲ့ တွဲလိုက်တာ ကုလားက စုဗူးပါ တစ်ခါတည်းပေးလိုက်တာ တွေတယ် မဟုတ်လား..အဲ့ဒါပေါ့ အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းတယ်ဆိုတာလေ...နို့ ခြောက်လုံးနဲ့ ကုလားတစ်ယောက်၊ဗမာတစ်ယောက်၊ တရုတ်တစ်ယောက်ပြုံပြီးမမွေးတာ တော်သေးတာပေါ့.....
ဲ့ MCC ကပုဂ္ဂိုလ်အကောင်းစားကြီးလည်း အဘအိုကြီးတွေဆီကရုံးပိုင်ဆိုင်ရာ local networking ပိုင်း ကန်ထရိုက်ကြိးကြီးတွေ ရထား..ဆိုပဲ....ဘိုးတော်ကြီးရဲ့ သား ကအဓိက တာဝန်ယူထားတယ်ပြောတယ်......
သမ္မတသစ် အိုဘားမားကို ကမ္ဘာက ၀ိုင်းကြိုဆို ကြတယ်...သန်းရွှေကို ငါးစိမ်းတန်းကတောင် မကြိုဆိုဘူး...
မြန်မာအကြောင်းဘဲ သိပြီး ကျွဲ ခြေရာခွက် ကို ပင်လယ်လို့ထင်နေတာ ကမ္ဘာနဲ့ ယှဉ်ပြီး မသိတာ သူအဆင့်အတန်းသူဖော်ပြသွားတာဘဲ.. တန်ရာတန်ရာပေါ့ ။ သူဖုန်းစားဆရာကြီးကို ( သူတောင်းစား ) တွေကြိုမှာပေါ့ ။ ( မြောက် ကိုရီးယား ) တို့ .....လောက်မင်းကြီးဆိုတော့ ချီးတွင်းထဲက လောက်တွေနဲ့ ပဲပျော်ရတာပေါ့...ကျန်တာတွေ သိလည်းမသိဘူး စိတ်လည်းမ၀င်စားဘူး...ရပ်ကွက်အဆင့်ပဲသိတဲ့ ရပ်ကွက်ထဲက ( ၇ယက ) တွေဆိုပိုသနားစရာ ။ ပုရွက်ဆိတ် ခြေရာခွက်ထဲက ဘက်တီးရီးယား လောက်ပဲရှိတာ ။သူတို့ အသိဥာဏ်က ရပ်ကွက်ထဲတင်ပြီးနေတာ ။ ကမ္ဘာ့ အခြေအနေနဲ့ ဆို ဘာမှမဟုတ်ဘူး ။ ( မော်လီကျူး ) ထက်တောင်ငယ်သေးတယ် ။စရဖ စောက်ရမ်းဖားတွေဆို ပိုဆိုး......အဲဒီ အမှုန်အမွှားတွေက သိပ်ကြီးကျယ်ခန်းနားတယ်လို့  သူတို့ ကိုယ် သူတို့ ထင်နေတာ ။ပေးတာယူ ကျွေးတာစားတဲ့ ငပျင်းခွေးမျိုးတွေကတော့ ကြိမ်တို့ ထားသရွေ့ နေ့ နေ့ ညည အူနေကြရတာ သနားပါတယ်ဗျာ.....
သင်ပုန်းကြီးလောက် သိတဲ့ဥာဏ်နဲ့  ကမ္ဘာကို ဥာဏ်မမှီ ။ ရပ်ကွက်လောက် ၊ မြို့ နယ်လောက် ၊ အလုပ်ကလေးကို ခိုင်းဖတ်အနေနဲ့  လုပ်ရတာတောင် ၊ မြောက်ကြွ မြောက်ကြွ နဲ့  ။ယူနီဖေါင်း တစုံလောက်ပေးလိုက်ရင် ၊ အဲဒီကောင်တွေ ( သေခိုင်းလို့ ရတယ် ) ။ တန်ဖိုးက အဲဒီလောက်ပဲရှိတာ ။ဆိုင်ကယ်မစိးရတဲ့ ရန်ကုန်မှာ ဆိုင်ကယ်လေး နဲ့ ဝေါ်ကီတော်ကီ ကတစ်ဖက် ဟန်းဖုန်းလေးက တစ်ဖက်နဲ့ နိုင်ငံတော်ကြီးအတွက်(ငရွှေကြီးအတွက်) တာဝန်ကျေနေကြပုံများ....ဒီနေ့ တောင် ဆေးကျောင်းက ကောင်လေးတွေမောင်းလာတဲ့ ဂျစ်ပုတစ်စီးနဲ့ တိုက်တော့မလို့ .....
တကယ်လုပ်ရတာက အနှိပ်ခန်းဆက်ကြေးကောက်တဲ့ ( ဖါထိန်း ) အလုပ်လောက်ကို ၀မ်းသာအားရ အလုအယက်လုပ်ချင်နေတာ ။
အဲဒီကရတဲ့ သူများဘ၀နဲ့ ရင်းထားရတဲ့ မသထာရေစာ ကို အငမ်းမရစားချင်တဲ့ကောင်တွေ ။ အဲဒီအဆင့်ပဲ ရှိတယ် ။

ဟိုတစ်နေ့ က အင်းယားလမ်းက ပန်းဆိုင်တန်းမှာ စတေကာမည်းနေအောင်ကပ်ထားတဲ့ CORONA ဆင်ခေါင်း ၉၅ မော်ဒယ်အထက် စစ်နံပါတ်နဲ့ ကား ကိုစိးပြီး ၄၀ ၀န်းကျင်လောက်ရှိတဲ့ အဖြူဘွားတော်တစ်ယောက်ဈေးလာဝယ်သွားတယ်။သူတို့ နောက်ကွယ်မှာ ကြေးစားအဖြူတွေရှိနေတယ်ဆိုတာ ထင်ရှားတယ်ဗျ......တချို့ တွေ က နျူကလီယာ project က စစ်တပ်လုံခြုံေ၇းယူထားတဲ့ မိသားစုတွေ လည်းရှိတယ်..
ရန်ကုန်မှာ စတေကာမည်းနေအောင် ကပ်ထားတဲ့ ကားတွေကလည်း အများသား...ရှေ့ မှန်မှာ တံဆိပ်မျိုးစုံကပ်လို့ ....
ဦးပိုင် ကဆွဲတဲ့ တက္ကစီတွေကတော့ အကောင်းစားတွေချည်းပဲ...Caldinaတွေ Mark 2ဗင်ကားတွေ အများကြီးပဲ....အဲယားကွန်းဖွင့်ချင်ရင် ဈေးနည်းနည်းပိုပေးရတယ်...
(စောမင်းခ ခေါ် မောင်မျိုး ၂၆ နှစ်၊ မြိုင်ကြီးငူ ဗဟိုဌာနချုပ်၊ လှိုင်းဘွဲမြို့နယ်) ဒီကောင်က DKBA ပေါ့ ။ ငွေအတုလုပ်တာ ။ (န-အ-ဖ)ကို နားအုံဖြတ်ရိုက်တာပဲ ။

အခုဆို ရန်ကုန်မှာ မီးသတိပေးသီချင်းတောင် ဆိုက်ဂျဲဒိုး နဲ့ မအော်တော့ဘူးဗျ.......သီချင်းက...ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ မညှာတာဘယ်သူ့ မှမထောက်တာ သခိုးဓါးပြထက်ဆိုးထက်ဆိုးတဲ့ ရန်သူဟာ ဒီဇမ်ဗူတစ်ခွင်မှာ...ရန်သူ “မင်း“ (မီး) ကို အစဉ်အမြဲသတိပြုပါ....တဲ့ ခုဆို အဲဒါတောင်ဖွင့်ရတော့ ဘူးတဲ့.....
အကြမ်းဖက်သမားအဘိုးကြီးတွေအတွက်က ၂၀၁၀ မတိုင်ခင် လောလောဆယ် “ အရှေ့ နဲ့ နောက်တောင်နဲ့ မြောက်မှာကွယ် အဆိုးများက နေရာတိုင်း ၀ိုင်း...“ နေပြီ...

ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ဦးဆောင်မှုနဲ့ နွားအကြမ်းဖက်သမားတွေကို တော်လှန်ကြတာမျိုးဖြစ်သွားစေချင်တော့တယ်......
အခုလိုအချိန်မျိုးမှာ ပြည်တွင်းပြည်ပကနိုင်ငံရေးအဖွဲ့အစည်းတွေမြန်မာနိုင်ငံအမျိုးသားလွတ်မြောက်ရေးအတွက်ညီညွတ်ပေးကြပါခင်ဗျာ....
.ပြည်တွင်းက မိဘပြည်သူတွေက ညီညွတ်တဲ့ညွန့် ပေါင်းအစိုးရတစ်ဖွဲ့  နဲ့  သူ့ ရဲ့ ညွန့် ပေါင်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုလိုမျိုးကို မျှော်လင့်နေကြပါတယ်.....
ဟူး.....နောက်တစ်နာရီ(ညနေ ၅ နာရီ) ဆိုမီးပြတ်တော့မယ်...... မီးစက်ဖွင့်ဖြစ်ရင် ပြန်ဝင်လာမယ်နော် တာ့တာ..

(နေမင်းသူရိန်)

0 အကြံပြုခြင်း: