Saturday, February 28, 2009

ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြတ်များ

နအဖရဲ့ အစာကို မြင်ပြီး ထောင်ချောက်ကို မမြင်တဲ့အတွက် နအဖအယုံသွင်း အသုံးချတာခံပြီး ယောင်တီးယောင်တနဲ့ ပြည်တွင်းဝင် ဆွေးနွေးပွဲထိုင်ခဲ့လို့ အမြီးပြတ်ခဲ့တဲ့ မြေခွေးတွေ ဘယ်လောက်ရှိနေပြီ ထင်ပါသလဲ။ အင်အယ်လ်ဒီသည် ဘယ်သောအခါမှ မြေခွေးအမြီးပြတ် လုပ်မည်မဟုတ်ပါ။
လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဗီအိုအေဦးကျော်ဇံသာနဲ့ ဦးအေးသာအောင်၊ ဒေါက်တာဦးသောင်းထွန်းတို့ ဆွေးနွေးခန်းတစ်ခုမှာ ကုလအတွင်းရေးမှူး ဘန်ကီမွန်း မြန်မာပြည်ကို သွားသင့်မသင့် ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲရဲ့ အဓိက အခြေခံ(Theme)အဖြစ် ဦးကျော်ဇံသာက ဇောင်းပေးသွားတာက တစ်ခုခုရမှ၊ အနည်းဆုံးအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနိုင်မယ်ဆိုမှ ဘန်ကီမွန်းက သွားမယ်လို့ မသွားခင် တောင်းဆိုနေတာထက် အရင်ရောက်အောင်သွားပြီးမှ တစ်ခုခုရအောင် (သို့မဟုတ်) နိုင်ငံရေးအကျဉ်းသားတွေလွှတ်အောင် ဆွေးနွေးတာ ပိုမဖြစ်သင့်ဘူးလားဆိုတာဖြစ်ပါတယ်။

တချို့ကိစ္စတွေမှာ စကားအရ ချက်ကျလက်ကျ၊ သဘာဝကျကျ၊ ယုတ္တိကျကျ ပြောနိုင်ပေမဲ့ တစ်ကယ်အကောင်အထည်ဖေါ်တဲ့အခါမှာ ဘယ်လိုမှ လက်တွေ့မကျ၊ အံမကျနဲ့ အလုပ်မဖြစ်နိုင်တာတွေရှိတတ်တယ်ဆိုရင် ဦးကျော်ဇံသာရဲ့ အထက်ပါဆွေးနွေးပွဲဟာ အတိအကျ ဥပမာတစ်ခုဖြစ်ပါတယ်။

အမေရိကန်သမတ ဘရက်အိုဘားမားက ကြိုတင်လိုအပ်ချက် (Preconditon)တွေ မထားဘဲ အီရန်နဲ့ဆွေးနွေးမယ်လို့ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေကို အိုဘားမားက “ကျုပ်က အီရန်သမတနဲ့ လက်ဖက်ရည်ထိုင်သောက်ပြီး အပြင်းပြေ အလ္လာပ သလ္လာပ စကားစမည်ပြောဖို့ သွားမှာမဟုတ်ဘူး”လို့ ပြန်ချေပခဲ့ပါတယ်။

ကမ္ဘာ့ရေးရာကိစ္စတွေမှာ ထူးခြားတဲ့ ၀ိသေသတွေနဲ့အတူ တစ်ခုတည်းသော အင်အားအကြီးဆုံး နိုင်ငံပေါင်းစုံအဖွဲ့အစည်းကြီးတစ်ခုရဲ့ တာဝန်အရှိဆုံး အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဒီလောက်များမြောင်လှတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စအထောင်အသောင်းတွေကို မအားမလပ်ဆောင်ရွက်နေရတဲ့ကြားက မြန်မာပြည်ကို အချိန်ပေးပြီး သွားရောက်ဆွေးနွေးဖို့ကိစ္စကို ကိုဇာနည်တို့၊ ကိုဇော်မင်းဦးတို့ရဲ့ ခရီးစဉ်နဲ့ ရောထွေးပြီး တန်းတူထား မစဉ်းစားသင့်ဘူးလို့ ထင်ပါတယ်။

ဘန်ကီမွန်းလို တာဝန်ကြီးတဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တကူးတက အချိန်ပေး မြန်မာပြည်လာပြီး ဗိုလ်သန်းရွှေကို ရလိုရငြား ပြောကြည့်ပါ။ ငါးမရလဲ ရေချိုးပြန်ပါလို့ တိုက်တွန်းသူတွေက တိုက်တွန်းနိုင်ပေမဲ့ သိသာမြင်သာတဲ့ တိုးတက်မှုတစ်ရပ် ဖြစ်ထွန်းဖို့ အလားအလာမရှိဘဲ၊ ဘန်ကီမွန်းလို အဆင့်ရှိသူက မလာနိုင်ဘူးဆိုတာလောက်ကိုတော့ နားလည်ပေးသင့်ကြပါတယ်။ ဒီနေရာမှာ ဘန်ကီမွန်းလာခြင်းကို ကျနော်မကန့်ကွက်သည့်အပြင် လာခြင်းကို အမြဲတမ်းကြိုဆိုပါတယ်။ ဘန်ကီမွန်းက မြန်မာ့အရေး ဖြေရှင်းလို့မပြီးမချင်း မြန်မာပြည်က မပြန်ဖူးဆိုလျင် ပိုကြိုက်ပါတယ်။ သို့သော် ဘန်ကီမွန်းအနေနဲ့ သူ့ခရီးစဉ်က သိသာတဲ့ တိုးတက်မှုတစုံတရာကို မမြင်လို့ မလာနိုင်ဘူးဆိုလျင် နားလည်နိုင်ကြောင်း၊ နားလည်သင့်ကြောင်း ဆွေးနွေးခြင်းသာဖြစ်ပါတယ်။

ဒီလိုအမြင်မျိုးနဲ့ အလွယ်ချဉ်းကပ်ပြီး လက်တွေ့မကျ အတတ(Naive)အကြံပေးမှု ပုံစံတစ်ခုကို အင်အယ်လ်ဒီနဲ့ စီးပွါးရေး ပိတ်ဆို့မှုကိစ္စကို ပူးတွဲစဉ်းစားတဲ့ ခုနေခါမှာ တွေ့ရှိနေရပါတယ်။ ဟိုဟာဖြစ်ရင် ဟိုလိုလုပ်လိုက်ပါလား။ ဒီဟာဖြစ်ရင် ဒီလိုလုပ်လိုက်ပါလားဆိုတဲ့ အလွယ်စဉ်းစားတတ်မှု(Simplistic thinking)နဲ့ အကြံပြုတတ်သူတွေဟာ ပြောတဲ့အတိုင်း ဘယ်တော့မှမလုပ်တတ်တဲ့၊ တစ်သက်လုံး ကိုယ့်တံတွေး ကိုယ်ပြန်မြို၊ ကိုယ့်နှပ်ချေးဖတ် ကိုယ်ပြန်ကော်စားတတ်တဲ့ စစ်အာဏာရှင်တွေကို လျော့တွက်ကြဟန်တူပါတယ်။ အင်အယ်လ်ဒီကဘဲ စီးပွါးရေးပိတ်ဆို့မှုကို မတောင်းဆိုကြောင်း၊ ဆန့်ကျင်ကြောင်း ကြေညာချက်လေး တစ်ခုထုတ်လိုက်တာနဲ့ ပြသနာတွေကို ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ထင်နေသူများကို နအဖ၏ သဘောသဘာဝကို မေ့လွယ်နေကြတာလား။ မေ့ချင်ယောင်ဆောင်နေကြတာလားလို့ မေးခွန်းထုတ်ချင်ပါတယ်။

အချုပ်အနှောင်ခံထားရပြီး သူမရဲ့ပါတီဝင်တွေ၊ သူမရဲ့ပြည်သူတွေ၊ လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ အဆက်ဖြတ်ခံထားတဲ့ခေါင်းဆောင်နဲ့ သူမရဲ့ ခြေဖြတ်လက်ဖြတ်နဲ့ မသေမရှင်အထားခံရတဲ့ပါတီက ကျနော်၊ ကျမတို့မှားပါတယ်။ တပ်မတော် မှန်ပါတယ်လို့ပြောလိုက်ရုံနဲ့ စစ်အာဏာရူးတွေက စိတ်ကောင်းဝင်ပြီး ဒီမိုကရေစီစနစ်ဆီ လျောလျောရှူရှူ လျှောက်လှမ်းသွားလိမ့်မယ်ထင်ပြီး ပြသနာကို အလွယ်ကြည့်တာမျိုး (Simplistic way)ဟာ ပြည်သူလူထုနဲ့ ကမ္ဘာကို လှည့်စားဖို့ (Media Manipulation)အတွက် စားနေကြ ကြောင်ဖါးကြီး စစ်အာဏာရှင်တွေ ချထားတဲ့ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကို မမြင်နိုင်ခြင်းဖြစ်ပါတယ်။

အင်အယ်လ်ဒီက ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းတပ်ပြီး စစ်ဗိုလ်ချုပ်တွေရှေ့မှောက် ဒူးထောက်လိုက်ရုံနဲ့ ပြသနာတွေကို ဖြေရှင်းသွားမယ်ဆိုရင်၊ ဒီမိုကရေစီရရေးအတွက် လမ်းပွင့်သွားမယ်ဆိုရင် ပြည်သူအတွက် အင်အယ်လ်ဒီက အချိန်မရွေး မတွန့်မရွံ့အစတေးခံနိုင်ပါတယ်။ တိုင်းပြည်သာ တစ်ကယ်အကျိုးရှိသွားပါစေ။ ယနေ့တိုင် အထုခံ၊ အချုပ်ခံ၊ အသေခံပြီးပြန်တိုက်နေတာ လူထုအတွက်ပါ။ တစ်ကိုယ်ရေ ကောင်းစားဖို့ဆိုရင် မောင့်သဘောလို့ တစ်ခွန်းပြောလိုက်ရုံနဲ့ နအဖနဲ့ နှစ်ပါးသွားပြီး အင်အယ်လ်ဒီပါတီက အချိန်မရွေး အကောင်လုပ်နိုင်ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီအဓိက၊ ငါအဓိကလို့ ဘယ်သောအခါမှ မပြောခဲ့၊ မကျင့်ခဲ့ပါဘူး။ လူထုသာ အမြဲတမ်း အဓိကဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သင်ကြားချက်၊ ကျနော်တို့ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။

မှတ်မိကြပါသေးလား။ ဗိုလ်ချုပ်စောမောင်က နယ်ချဲ့လက်ဝေခံ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်သူလူထုကို ဒီမိုကရေစီပေးဖို့ နှောင့်နေးနေရတာပါဆိုပြီး လူသိရှင်ကြားမိန့်ခွန်းချွေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျမကြောင့် စစ်ဗိုလ်ချုပ်ကြီးများအနေနဲ့ လူထုကို ဒီမိုကရေစီပေးဖို့ခက်နေပါတယ်ဆိုရင် ကျမမြန်မာပြည်က ထွက်ပေးပါ့မယ်။ ကျမထွက်သွားပြီးရင် လူထုကို ဒီမိုကရေစီ ချက်ချင်းပေးမယ်လို့ ဂတိပြုပါဆိုပြီး တောင်းဆို (Challenge)တော့ ဗိုလ်ချုပ်စောမောင် ပိတ်သွားတယ်လေ။

ဒီနေ့တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စီးပွါးရေးပိတ်ဆို့မှုအပါအ၀င် ပြသနာတွေအားလုံး ဖြေရှင်းနိုင်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ကိုတော့ မလုံလောက်ပါဘူးလို့ ဘယ်လိုဆင်ခြင်တုံတရားကို အခြေခံပြီး ဆိုနိုင်ပါသလဲ။ နအဖက ပြသနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းလိုလျင် ပြသနာကို ဖြေရှင်းနိုင်သူနဲ့ ဆွေးနွေးဖို့လိုပါတယ်။ နအဖသာ တစ်ကယ်ရိုးသားတယ်ဆိုရင် မိမိရဲ့ ဆွေးနွေးဖက်ကို ချုပ်နှောင်ပိတ်ဆို့ထားပြီး ဓါးစာခံထား ပြန်ပေးငွေတောင်းသလိုလုပ်နေစရာ မလိုပါဘူး။

အချက်လေးချက်ဖြစ်တဲ့ စီးပွါးရေး ပိတ်ဆို့မှု၊ ထိတ်တိုက်ရင်ဆိုင်မှု၊ အလုံးစုံပျက်သုံးမှု၊ အထီးကျန်ဖြစ်စေမှုတွေကို အင်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ကြေညာရမယ်လို့ အချုပ်သားနဲ့ ထောင်မှူး ဆက်ဆံရေးပုံစံနဲ့ တောင်းဆိုထားတယ်။ ဒီကတည်းက ထောင်မှူးက ပြသနာရဲ့ အဖြေကို လိုချင်တာမဟုတ်ဘဲ၊ ဒူးထောက်အညံ့ခံမှု(Submission)ကိုသာ လိုချင်တာ အထင်အရှားပါ။ အင်အယ်လ်ဒီက ဒီစွပ်စွဲချက်တွေကို ညင်းဆိုပြီး ဆွေးနွေးလိုကြောင်း၊ တပ်မတော်နဲ့ ပူးပေါင်း ဖြေရှင်းလိုကြောင်း ပြန်ကြားထားတယ်။ လူထုထောက်ခံမှု ရရှိနေတဲ့ပါတီတစ်ရပ်ကို လူထုယုံကြည်မှုကင်းသွားအောင် အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေးသတ်တဲ့သဘောနဲ့ အတင်းဝန်ခံခိုင်းနေတာကို သိသိကြီးနဲ့ အင်အယ်လ်ဒီက ခေါင်းမလျိုနိုင်ပါဘူး။

ကဲ အခု မဟာညာဏ်ကြီးရှင်များ အကြံပြုသလို စီးပွါးရေး ပိတ်ဆို့မှုကို အင်အယ်လ်ဒီက ရုပ်သိမ်းပေးပါလို့ စာထုတ်ပေးတယ်ဆိုပါစို့။ နအဖက ကျုပ်တောင်းထားတာ လေးချက်ဖြစ်တယ်။ နောက်သုံးချက်ကိုပါ စွန့်လွှတ်ကြောင်း ထုတ်ပြန်ပေးပါလို့ ထပ်ဆိုလာရင် အဲဒီသုံးချက်အတွက်ပါ အင်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ထုတ်ပြန်ပေးရမယ်လို့ ဆက်လက်အကြံပြုလိုပါသလား။ ဒီလေးချက်ပြီးရင် နောက်ဘယ်နှစ်ချက် ထပ်မလာတော့ဘူးလို့ ဘယ်မဟာ ညာဏ်ကြီးရှင်က အာမခံနိုင်ပါသလဲ။ လူသုံးယောက် ဟင်းသုံးတုံးရှိတဲ့ထမင်းဝိုင်းမှာ လက်နှစ်ဖက်စလုံးနဲ့ ဟင်းတုန်းနှစ်တုန်းကို ပြိုင်တူကိုင်ပြီး နောက်တစ်တုန်းကို မျက်စောင်းထိုးနေတဲ့ စစ်အာဏာရှင်တွေ လိုချင်တိုင်းသာ ဖြေ့ပေးရမယ်ဆိုရင် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုဟာ အရင်အတိုင်း မြောက်လောင်းသာဖြစ်နေမှာကို ကျနော်တို့က သိထားပြီးဖြစ်ပါတယ်။

ဖြစ်စဉ်တွေကို ပြန်ကြည့်ပါ။ ကိုယ့်ပြည်တွင်း ပြသနာတွေကို ကိုယ့်ပြည်သူအချင်းချင်းသာ ဖြေရှင်းရမယ်။ နိုင်ငံခြားကို အားမကိုးနဲ့လို့ သူတို့ဘဲပြောတယ်။ တစ်ခါ သူတို့ကဘဲ ကိုယ့်ဆွေးနွေးဖက်တွေနဲ့ ဆွေးနွေးအဖြေရှာရမဲ့အစား ထောင်ချပစ်တယ်။ တစ်ကယ်တော့ နအဖသာ ရိုးသားရင် နအဖနဲ့ အင်အယ်လ်ဒီ ဆွေးနွေးပွဲမှာ ကုလပါဖို့ မလိုပါဘူး။ နအဖက ကလီကမာနဲ့ မဆွေးနွေးလိုလို့သာ ကုလက ကြားဝင်လာရတာပါ။

ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံကို ပြန်ကြည့်ပါ။ ဘယ်သူကမှ ကန့်ကွက်လို့မရ ချပြထားတဲ့အတိုင်းသာ ဆွေးနွေးရတဲ့ ဖွဲ့စည်းပုံအခြေခံရေးဆွဲရေးကို ဆယ့်သုံးနှစ်ကျော်အောင် ဘာလို့ ကြာခဲ့ရသလဲ။ ဘာတွေကို ဘယ်သူတွေက လေးလေးနက်နက် ဆွေးနွေးနေကြလို့လဲ။ ကြာလေကောင်းလေဆိုပြီး အချိန်ဆွဲနေတာ အထင်အရှားပါ။

တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စေတနာမှန်နဲ့ ဖြေရှင်းလိုရိုးမှန်ရင် ဖြေရှင်းနိုင်တဲ့သူနဲ့ ဆွေးနွေးရမှာပါ။ အခုလို အခုတစ်မျိုး တော်တော်ကြာတစ်မျိုး လုပ်ပြနေတာက ပြသနာတွေကို မဖြေရှင်းလိုလို့ဆိုတာကို ဘာ့ကြောင့်မမြင်နိုင်ကြတာလဲ။ တိုင်းပြည်မှာ ပြသနာကြီးတွေမရှိရင် စစ်အာဏာရှင်လည်း သက်ဆိုးမရှည်နိုင်တာမို့ စစ်အာဏာရှင်စနစ်အစဉ်တည်မြဲဖို့က မရှိတဲ့ပြသနာတွေကို ရှိအောင်လုပ်၊ သေးတဲ့ပြသနာကို ကြီးအောင်လုပ်၊ ရှင်းတဲ့ပြသနာကို ရှုပ်အောင်လုပ်နဲ့ တစ်ခုပြီးတစ်ခု စစ်ဗိုလ်ချုပ်တွေက ဓါတ်ပြားဟောင်းကြီးကို အပ်ကြောင်းထပ်အောင် ဖွင့်သလို လုပ်ပြနေလည်း ကြံဖန်မျက်စေ့လည်ရလောက်အောင် ဒုန်းဝေးနေသူများလည်း ရှိသေးသကိုး။

အင်အယ်လ်ဒီကို လူနှစ်ယောက်တစ်ပိုင်းနဲ့ ဖွဲ့ထားတဲ့ပါတီ၊ ငွေနဲ့မျှားထားတဲ့ပါတီ၊ အာဏာနဲ့ ခြိမ်းချောက်ဖွဲ့စည်းထားတဲ့ပါတီ၊ ဆိတ်ဝှေးစေ့ပါတီ၊ အချောင်သမား အခွင့်အရေးသမားတွေရဲ့ပါတီ၊ လေလည်ပြရင် အမြီးနန့်တတ်တဲ့ပါတီလို့ ထင်သူများရှိပါသလား။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အင်အယ်လ်ဒီဟာ ပြည်သူလူထုနဲ့ ကင်းကွာနေပြီး ချိနဲ့နေပြီလို့ ကိုဇာနည်ဆိုခဲ့ပါတယ်။ အခု ဖေဖေါ်ဝါရီ၂၆၊ ၂၀၀၉ဧရာဝတီမှာ ဒီအတိုင်းဘဲဆက်ရေးပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက လူထုနဲ့ကင်းကွာနေတဲ့ပါတီတစ်ရပ်ဟာ အခုတိုင်အောင် စစ်အာဏာရှင်တွေက ဘာ့ကြောင့် အကြောက်ဆုံး ဖြစ်နေရသေးတာလဲဆိုတာကို ဖြေနိုင်ပါသလား။ လူထုမထောက်ခံတော့တဲ့ လက်တွေ့နဲ့ကင်းကွာနေတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့မလွှတ်ပေးရဲတာလဲဆိုတာကိုရော ဖြေကြည့်ချင်ပါသလား။

နအဖရဲ့ အစာကို မြင်ပြီး ထောင်ချောက်ကို မမြင်တဲ့အတွက် နအဖအယုံသွင်း အသုံးချတာခံပြီး ယောင်တီးယောင်တနဲ့ ပြည်တွင်းဝင် ဆွေးနွေးပွဲထိုင်ခဲ့လို့ အမြီးပြတ်ခဲ့တဲ့ မြေခွေးတွေ ဘယ်လောက်ရှိနေပြီ ထင်ပါသလဲ။ အင်အယ်လ်ဒီသည် ဘယ်သောအခါမှ မြေခွေးအမြီးပြတ် လုပ်မည်မဟုတ်ပါ။

အောင်တင်
ဖေဖေါ်ဝါရီလ ၂၈၊ ၂၀၀၉

မှတ်ချက်။ ။(၁)တင်မောင်ဆိုသော အမည်နှင့်၎င်း၊ တင်ထူးဟူသော အမည်ဖြင့်၎င်း အင်တာနက်တွင် စာဖြန့်နေသူနှင့် ကိုတင်မောင်ထူး(CFOB) လုံးဝမပတ်သက်ကြောင်း ကိုတင်မောင်ထူးက ကျနော့အား အခိုင်အမာ ပြောကြားသည်။ ကျနော်ယုံကြည်သည်။
။(၂)ကျနော့စာကို မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။ ခွင့်ပြုချက်မလို။

အော် ညီလေးမောင်ကျော်မြင့်က မြန်မာပြည်ကိုကယ်တင်ချင်သတဲ့လား

Written by မြန်မာပြည်သား, February 26, 2009
ယူဒီပီပါတီကြီးက မြန်မာပြည်သူလူထုရဲ လူ့နေမှုဘ၀မြှင့်တင်ရေးကို လုပ်ဘို့ ရည်ရွယ်ထားဆိုပဲ၊ ခင်ဗျားလို သူများငွေလျှောက်လိမ်နေတဲ့လူက မြန်မာပြည်သူလူထုရဲ့ လူနေမှုဘ၀ကို ဘယ်လိုမြှင့်တင်မလဲ၊ ဗဟုသုတရအောင် ပြောပြစမ်းပါ။ ကျွန်တော့ဘက်ကတော့ ခင်ဗျားရန်ကုန်မှာ ဘယ်လောက်လိမ်ခဲ့ တယ်ဆိုတာ လေးပြောပြချင်တယ်။

တလောကမှ နယူးယောက်ကို ရောက်လာတဲ့ တရုတ်တစ်ယောက်က ကျုံယွမ်ကျော်မြင့်ဆိုရင် ရန်ကုန်ကလူတွေက ခုချိန်အတိ တသသဖြစ်နေဆဲဖြစ်ကြောင်း ပြောပြရှာပါတယ်။ ချစ်လွန်းလို့  မဟုတ်ပါ. ခင်ဗျားကို တွေ့ ရင် အရေခွံဆွဲဆုတ်ဘို့ ဖြစ်ပါတယ်။

ခင်ဗျားရဲ့ ကျုံယွမ်ကုမ္ပဏီက ငွေလာအပ်သူတွေကို တလ၅% နဲ့ အတိုးပေးမှာဖြစ်ကြောင်း ကြော်ငြာလိုက်တော့ သက်ကြီးရွယ်အိုပင်စင်စားများ၊ စီးပွားရေးကို နားမလည်သူ၊ လုပ်ကိုင်မစားတတ်သူမြန်မာများက ရှိသမျှ နားကပ်၊ ဆွဲကြိုး၊အိမ်၊ကား ချရောင်းပြီး ငွေတွေ့လာအပ်တယ်လို့  ဆိုတယ်။ အစပိုင်းမှာ ခင်ဗျားက အတိုးပေးနေပြီး နောက်ပိုင်းတော့ အတိုးမပေးနိုင်တော့ပါ၊ ခင်ဗျားက နောက်ဆုံးမှာ အစုရှယ်ယာ ဈေးများ ထိုးကျသွားကြောင်း ဒေ၀ါလီခံရတော့မှာဖြစ်ကြောင်းပြောတော့ လူထောင်ပေါင်းများစွာဟာ အပူသောကကြီးစွာ ရင်ဆိုင်ကြရရှာပါတယ်။ ၁၀ သိန်းလောက်အပ်ထားသူတွေဟာ အရင်းငွေထဲက တစ်သောင်းနှစ်သောင်းလောက်တောင် မနည်းပြန်ရအောင် စောင့်တောင်းကြရတယ်လို့  ဆိုတယ်။ နောက်ဆုံးမှာတော့ ခင်ဗျားကို ပြစ်မှုထင်ရှားလွန်းလို့ တရားစွဲရတယ်။ ခင်ဗျားအမှုရင်ဆိုင်နေချိန်မှာ ခင်ဗျားရဲ့ ကုမ္ပဏီက စားပွဲ ကုလားထိုင်များကအစ ချပြီးရောင်းနေရတယ်လို့ ပြောပြပါတယ်။
အဲဒီတုန်းက လူထောင်ပေါင်းများစွာကို ဘ၀ပျက်လောက်အောင်လုပ်ခဲ့တာတွေု မှတ်မိပါသေးရဲ့ လား?

အခုလဲဗန်ကူးဗားကကုမ္ပဏီကို ရန်ကုန်မှာ လုပ်သလိုမျိုး ခင်ဗျားကလုပ်ဘို့ စဉ်းစားထားတာ။ ဖြစ်ချင်တော့ American Security Exchange Commission က ရန်ကုန်အစိုးရထက် အများကြီးပိုပြီးစံနစ်ကျတဲ့ အပြင် ဒီကလူတွေက မြန်မာပြည်ကလူတွေထက် အစုရှယ်ယာအကြောင်းကို ပိုပြီး နားလည်သူတွေဖြစ်နေတာပဲ၊ ဒီ American Security Exchange Commission က ခင်ဗျားတို့  ရှယ်ယာရောင်းတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာလည်ပါတ်မှု၊ အကျိုးအမြတ်ထွက်ပေါ်မှု ရှိမရှိဆိုတာတွေကို ၄လတစ်ခါ တရားဝင်စာရင်းထုတ်ပြန်ခိုင်းတယ်။ ဒီလိုလုပ်ခိုင်းတာဟာ ရှယ်ယာပိုင်ဆိုင်သူတွေ၊ ရှယ်ယာဝယ်လိုသူတွေ၊ ပွဲစားတွေ လေ့လာနိုင်အောင်လို့ ဖြစ်တယ်။ ဒီဇင်ဘာလထဲမှာ
ကုမ္ပဏိရဲ့ ၎လစာ သတင်းထုတ်ပြန်ချက်မှာ ရေးထားတာက ခင်ဗျားတို့ လုပ်ငန်းကို ဘယ်သူမှသုံးမဲ့ လူမရှိ၊ ၀ယ်မဲ့လူမရှိလို ဒီအတိုင်းဆက်သွားရင် ဘယ်လိုမှ ရပ်တည်နိုင်တော့မှာ မဟုတ်ကြောင်း ရေးသားထားတယ်၊ ဒါပေမဲ့လည်း ခင်ဗျားတို့  ရှယ်ယာတွေဟာ နှစ်လအတွင်း အဆ၃၀မက ထိုးတက်သွားးပြီး ဇန်န၀ါရီ ၂၁ရက်နောက်ပိုင်းမှာတော့ ၀ယ်သူလုံးဝမရှိရပ်တန့်သွားတယ်။ မကြာခင်ဒေ၀ါလီခံရတော့မဲ့ ကုမ္ပဏီက ရှယ်ယာတွေကို လူတွေက ဘာသဘောနဲ့ ၀ယ်နေကြတာလဲ၊ စဉ်းစားစရာကြီးပါလား။
ဇန်န၀ါရီ လ(၂၈)ရက်နေ့ မှာ SEC က ခင်ဗျားတို့ ရှယ်ယာ FCCE ကို ခေတ္တရပ်တန့်ထားဘို့ အမိန့် ချမှတ်လိုက်တယ်။ ရှယ်ယာဝယ်ထားတဲ့ လူတွေကတော့ ဆုံးပြီပေါ့၊ ဘယ်သူတွေက၀ယ်ထားတယ်ဆိုတာကတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့ ရှယ်ယာ အရောင်းကိုယ်စားလည်ကြီးများ အသိဆုံးပေါ့ဗျာ။ သေချာတာကတော့ ခင်ဗျား ရဲ့ နာမည်ဟာ ဗန်ကူးဗားမှာ သုံးမရအောင်ပျက်ပြီ၊ ခင်ဗျားရဲ့  Moonlighting President Jessica Chiang ကလည်း အခုတော့ မြောင်းထဲကို ရောက်ပြီပေါ့၊ နောက်ပြီးတော့ ခင်ဗျားကို နိုင်ငံရေးအရ အထောက်အပံ့ပေးသူတွေလည်း ဒုက္ခရောက်ပြီ၊ အဲ အရေးအကြီးဆုံးအချက်ကတော့ နိုဝင်ဘာလ (၅)ရက်နေ့ မှာ ရှယ်ယာတစ်ခုကို ၉၂ပြားနဲ့ ရှယ်ယာပေါင်း ၁၆၃၅၀၀ ၀ယ်သွားတဲ့လူက ခင်ဗျားကို အခုလောက်ဆိုရင် တရားစွဲနေလောက်ပြီ၊ ခငိဗျားရဲ့ ကုမ္ပဏီိဟာ ၂ပါတ်ခန့် အရပ်ဆိုင်းခံရပြီးနောက် အခုဆက်လက်လည်ပါတ်နေပါတယ်။ ဒါပေမဲ့ ၀ယ်သူလုံးဝမရှိပါ၊ လုံးဝ (လုံးဝ) တန်ကြေးမရှိတဲ့ အစုရှယ်ယာကို ခင်ဗျားရောင်းခဲ့တယ်ဆိုတာ သက်သေပါပဲ၊
ဘာတဲ့၊ ခင်ဗျားဗွီအိုအေကို ပြောသွားတာက Vancouver Sun က သတင်းထောက် David Baines ဟာ ခင်ဗျားကို မှားယွင်းရေးမိတဲ့အတွကိ တောင်းပန်ကြောင်း စာရေးတော့မယ်၊ ဟုတ်စ၊ ဒီစကားဟာ ဘာကိုပြောသလဲဆိုတော့ ခင်ဗျားမှာ ငွေပဲရှိ့ပြီး ဦးဏှောက်ထဲမှာ ဟောင်းလောင်းဖြစ်နေကြောင်းကို ပြောတာ၊ ခင်ဗျား မမေ့ဘို့ က ဒီနေ့ မြန်မာလူငယ်တော်တော်များများဟာ အင်တာနက်ကို ကောင်းကောင်းအသုံးပြုပြီး အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်ဖတ်တတ်တယ်ဆိုတာပဲ၊ ခင်ဗျားကို နာမည်ကြီးသွားအောင် လုပ်ပေးတဲ့ သူ့ အကြောင်းကို နည်းနည်းလေးမြည်းစမ်းဖတ်ကြည့်ပါအုံး။

David Baines has been uncovering white collar crime, stock fraud in particular, for the past 23 years. He has an MBA from the University of Western Ontario and has won four National Newspaper Awards, a National Magazine Award and five Jack Webster Awards. His column appears regularly on Wednesdays and Saturdays, and on other days as events occur

Friday, February 27, 2009

အဖြစ်မှန်တွေ...အဖြစ်မှန်တွေ.....

အခုတလောရတာစားမယ်တို့၊ဝေစားမယ်တို့၊ပေးသလောက်ယူမယ်တို့ကြားနေရတယ်။
ကျွေးသလောက်စားပေးသလောက်ပဲယူတာတိရိစ္ဆာန်တွေလူမှန်ရင်လိုချင်တာကိုပဲယူတတ်တယ်မိန်းမယောကျာင်္း ရတာယူတာရှိလား ခွေးတွေပဲရတာယူတာတော်သလင်းမှာ၊......


ဘကျော်ကိုယ်ဘာသာငနေးတွေနဲ့၇ဒေါ်လာတန်ဝိုင်လေးရှယ်သောက်ရင်းနှပ်နေတာဟိုကောင်ရဲရင့်လာလာ
ဂျီကျနေတာနဲ့ရေးရအုံးမယ်။။ ။
ပြသာနာစတာကဟိုကောင်ငအောင်ပေါ့ပါလီမန်တို့အမတ်တို့အသံကြားရင်သူဖင်ယားနေပြီမသေခင်အမတ်ဖြစ် ရပါလို၏ဆိုပြီးဘုရားမှာသစ္စာဆိုထားတဲ့ကောင်လေ၊၂၀၁၀ကလည်းနီးလာ၊ပိုက်ဆံကလည်းပြတ်၊ဆိုတော့ရရာဆွဲ
စာထားလိုက်တာမြန်မာလိုနိုင်ငံရေးဆိုတာတောင်စာလုံးပေါင်းမှန်အောင်မရေးတတ်တဲ့ကျော်မြင့်အမည်ခံစောက် ယူနန်တရုတ်၊သူကလည်းအကြံနဲ့ငအောင်ကိုပေါင်းတာ၊ရှယ်ယာတွေဆုံးကုန်တော့လုပ်စားစရာကမရှိ၊ပြည်တွင်း ကသူ့လူတွေကလည်းလမ်းကြောင်းပိတ်နေဆိုတော့ပြည်တွင်းကိုပြန်ဝင်နိုင်ဖို့လမ်းကြောင်းကဒီတလမ်းပဲရှိ
တော့တယ်၊ကုန်ကျစရိတ်သူခံမယ်ဆိုပြီးငအောင်ကိုပေါင်းတာ၊ရန်ကုန်ကသတင်းထောက်တွေကြိုပြောထားမယ်၊
ူအဲဒီစောက်တရုတ်ရန်ကုန်ရောက်လို့ခွန်ဆာသားပိုင်တဲ့ဘာ....ဝေါဆိုလား......အဲဒီဆိပ်ကမ်းဘက်သွားရင်အ
နောက်ကလိုက်ပေတော့၊အခုကနေဒါမှာဘိန်းဖြူကအစကတယူနစ်ကို7$အခု8$လောက်ရှိတော့တော်တော်
တွက်ခြေကိုက်တယ်၊ပြီးခဲ့တဲ့ လအနည်းငယ်ကအန္ဒိယကလာတဲ့ပုံးတွေရဲ့မျက်နှာသုတ်ပုဝါတွေအောက်မှာထည့်
ပို့တာဗန်ကူးဗားဆိပ်ကမ်းမှာမိသွားတာသန်းဂ၀လောက်ရှိတယ်။လိပ်မူထားတာကတိုရန်တိုကိုလေ၊
ဗွီအိုအေနဲ့အင်တာဗျူးတယ်..ချီးကျွေးပြောရင်တောင်ယုံမရတာတွေရှောက်ပြောသွားတယ်။ဘကျော်နန်းတွင်းက
မန္တလေးထောင်မိန်းမဆောင်ဘေးကငါးကန်နဲ့ဝက်ခြံကြားကတန်းလျားမှာနေလာတဲ့ကောင်၊အပြင်က၀က်ခြံမှာ လုပ်တာအများဆုံးတနှစ်အထိပဲကျတဲ့စစ်ပြေးတွေခြေကျင်းခတ်မထားဖူးကျန်တဲ့ကောင်တွေအထဲမှာပဲနေရတယ် အပြင်ဆိုလိုချောင်းစပ်ချီးပုန်းထွက်သွန်တဲ့ကောင်ပဲရှိတယ်၊မင်းလွတ်တယ်ဆိုရင်လည်းချီးပုန်းထွက်သွန်ရင်းလွတ် တာနေမှာ(ချီးပုန်းကျော်မြင့်)၊စာဝေလို့ဟုတ်လား.၀တွဲဖက်ဘဏ်ဏာရေးမှုးနဲ့ဘာဆိုင်လို့လည်း၊မင်းတို့သာနိုင်
ငံရေးစိတ်ဝင်စားရင်ဗမာပြည်ဒီမိုကရေစီရကြာပေါ့...။
ဘာ..ဆေးရုံကတဆင့်လွတ်တာ...အရူးချီးပန်းရှောက်ပြောမနေနဲ့ဟိုမှာငါ့အမျိုးတွေအကုန်အလုပ်ပြုတ်ကုန်လိမ့်မယ်..
ထားလိုက်ပါ..အရူးပြောအရူးယုံလို့ပဲ.....
ဘာ..ဧရာဝတီကိုတရားစွဲမယ်ဟူတ်လား..စွဲစွဲ.ဆောင်းပါးတွေပုံတိုပတ်စတွေရေးတဲ့ဟိုကောင်ငစိုးအခန်းထဲပြန့် ကျဲနေတဲ့အရက်ပုလင်းအခွံတွေပဲမင်းလျော်ကြေးရလိမ့်မယ်။ အန္ဒိယမှာသံချပ်ထိုးရင်အနောက်က၀ါးလက်ခုပ်
တီးတဲ့ကောင်လေး၊နော်ဝေအသံလွှင့်ပြဇာတ်တွေမှာအနောက်က ဝေလေလေအော်ပေးရတဲ့ချာတိတ်၊ဗမာပြည်
ဝင်လိုက်ထွက်လိုက်နဲ့မင်းလည်းသတိထား၊ပဲလှော်ကြားဆားညှပ်မယ် တော်ကြာရွေးကောက်ပွဲမပြောနဲ့ဗန်ကူဗားကတင်နွယ်တို့အာဇူးတို့အဖွဲ့ကလက်ကမြန်မြန်၊လေဆိပ်တောင်မ
ရောက်ပဲဖြစ်နေအုံးမယ်....ငအောင်ကထားလိုက်ပါတော့၊ကျော်မိုးလိုချာတိတ်ကိုအတွင်းရေးမှုးပေးပြီးချီးပုန်းကျော်
မြင့်က နိုင်ငံခြားရေးတာဝန်ခံ တဲ့၊ဆိုလိုတာကတော့......

နိုင်ငံခြားရေးတာဝန်ခံ = ဗန်ကူးဗားဆိပ်ကမ်းသိုရောက်လာသောဘိန်းဖြူများကိုတာဝန်ခံရယူရန်။

ငါ့ဟာငါဝိုင်လေးနဲ့နှပ်နေတာမင်းရဲ့စီးပွားရေးစိတ်မ၀င်စားဘူး၊ငါပြောနေရတာမင်းအလုပ်မင်းလုပ်၊နိုင်ငံရေး
ထဲဝင်မရောပါနဲ့၊ကျောင်းသားနဲ့နိုင်ငံရေးသမားတွေကိုဆွဲမစားနဲ့၊မင်းအနောက်ဘယ်သူတွေလိုက်နေတယ်
်ဆိုတာမင်းလဲသိပါတယ်၊အပြစ်လွတ်အောင်ဟန်ပြဧရာဝတီကိုတရားစွဲတာမဟုတ်လား၊ UDPကိုဖျက်လိုက်ပါ၊
မင်းအလုပ်မင်းတိုးတိုး တိတ်တိတ်လုပ်ပါ၊၊သဘောပေါက်တယ်နော်...
ကနေဒါမှာပိုက်ဆံရှိတိုင်းလုပ်လို့မရတာ
တွေအများကြီးရှိတယ်..

This is Canada not SPDC Area..... OK..

အခုလည်းဝသုံးလေးယောက်ဗန်ကူးဗားရောက်ပြီးပါတီထဲဝင်ဖို့နေ့ဖက်လိုက်ဆွယ်တယ်ညဖက်အဆက်အ
သွယ်လိုက် ရှာတယ်။။။အောင်ခင်ဆိုတဲ့ကောင်ကိုအီးမေးလ်တွေပို့ခိုင်းပြီးသူတို့လုပ်တာနှောက်ယှက်သူဘာ
ဖြစ်မယ် ညာဖြစ်မယ်နဲ့..

ဘကျော်တို့ကတော့ရယ်ဒီပဲ..စွဲမလား..လဲမလား.......ဘကျော်..တိုရန်တိုCITY HALL အဟောင်းတ၀ိုက်တွင်
်နေသည်၊။သွားလိုက်အုံးမယ်...တာပေါ်ရေမကျော်ပါဖူးချီးပုန်းကျော်မြင့်ရာ....

YO YO YO.......

အနောက်ကဆိုင်ဘာပိုင်ရှင်ကုလားအင်တာနက်ဖိုးလှမ်းတောင်းခြင်းဖြစ်သည်။ခါးကြားက၀ိုင်ပုလင်းနှင့်ပစ်မလို့
ုရွယ်လိုက်သည်။ကုလားအထဲဝင်ပြေးသည်၊။

ဘကျော်ကွ..အိန္ဒြာကျော်ဇင်ကလွဲလို့ဘယ်သူကျော်တာမှခံခဲ့တဲ့ကောင်မဟုတ်ဘူး...

အိုင်ဒီစီကလက်မခံတော့လို့(အဲ)မသေလို့ကနေဒါရောက်လာတာကွ....အေးလိုက်တာလည်းလွန်ရော.......

ဘဘကျော် ။ ။

(စာရေးသူ၏အာဘော်ဖြစ်သာသည်)
ရဲရင့်ငယ်အားတရားစွဲချင်လည်းစွဲနိုင်ပါသည်။
ကက်စီနိုရှုံးထားသောခရက်တစ်ကဒ်သုံးခုပေါင်း၂၉၈၇၇ဒေါ်လာတိတိရှိပါသည်။
ဦးကျော်မြင့်ပိုက်ဆံတွေလည်းငွေဖြူဖြစ်တာပေါ့နော......


(ငနေး = Nativeလူမျိုးများအားချစ်စနိုးခေါ်ဝေါ်ခြင်း)

27022009သတင်းနှင့်ဆောင်းပါးများ

file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


Thursday, February 26, 2009

ကိုကို...ပြောပေးနော်..အဟင့်...


၅ လောင်းပြိုင် လူသတ်မှုအရှုပ်တော်ပုံ





၂၆၀၂၂၀၀၉သတင်းဆောင်းပါး

file download here

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


အိုဘယ့် ခြင်္သေ့မြို့တော်

မြန်မာနိုင်ငံပြောင်းလဲခြင်းအတွက် အရေးပါသော အချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေချနေထိုင်ကြသော ပညာတတ်မြန်မာနိုင်ငံသားများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ကြပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်ခဲ့သောကြောင့်ဖြစ်၏။ ထိုဒီမိုကရေစီစနစ်နှင့်အတူ မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရေးအတွက် နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထုသည် တစ်သွေးတည်း၊ တစ်သားတည်း နေ့မအား၊ ညမအားကြိုးစားခဲ့ခြင်းကြောင့်သာ ယခုမြန်မာနိုင်ငံသည် ဤအခြေအနေသို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်၏။

"တီ တီ တီ တီ Door Closing"

ကိုလတ်တစ်ယောက် မြို့ပတ် ရထားပေါ်ရောက်ချိန်တွင် လွတ်နေသော ထိုင်ခုံတစ်နေရာစာသို့ ၀င် ထိုင်လိုက်ရင်း လက်ကိုင်ကွန်ပျူတာကို ဖွင့်လို့ အင်တာနက်မှ သတင်းများ၌ ယခုလပိုင်းအတွင်း အမြဲပါနေသော သတင်းတစ်ပုဒ်ကို ဖတ်မိလေ၏။ ထိုသတင်းမှာ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ကျော်ခန့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ Harddisk ထုတ်လုပ်သော Seagate ကုမ္ပဏီတွင် ခန့်ထားရန် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းပင် ဖြစ်သည်။

ရုံးဆင်းချိန်ဖြစ်သောကြောင့် ရထားပေါ်ရှိ ခုံတိုင်းတွင် လူအပြည့် ပါရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မတ်တပ်ရပ်၍ စီးနှင်းလိုက်ပါရန်မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့မြို့ပတ်ရထားကော်မတီ၏ ကျေးဇူးကြောင့် လူတိုင်းသက်တောင့်သက်သာ စီးနှင်း လိုက်ပါနိုင်ရန် ခုံအရေအတွက်နှင့် လူအရေအတွက် ကိုက်ညီသောအချိန်တွင် ရထားတံခါးများသည် သူ့အလိုလို ပိတ်သွားခြင်းကြောင့် ဖြစ်သည်။ သတင်းများကို ဖတ်ပြီး ကြော်ငြာများကို တစ်ချက်ကြည့်လိုက်သည်။ ထုံးစံအတိုင်း ကျန်းမာရေးနှင့်ညီညွတ်သော လယ်ယာလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးအလုပ်ကြော်ငြာများတွင် မြန်မာနိုင်ငံသားများအတွက်သာဟု ပါရှိပြီး တနေကုန်တနေခန်းမတ်တတ်ရပ်၍ လုပ်ရသော၊ သို့မဟုတ် ထိုင်၍လုပ်ရသော နေ့ဆိုင်းညဆိုင်းရှိသည့် အလုပ်များဖြစ်သည့် စက်ရုံများ၊ ရုံးအလုပ်ကြော်ငြာများတွင်တော့ နိုင်ငံခြားသားများလျှောက်ထားနိုင်သည်ဟု ပါရှိသည်။ နိုင်ငံခြားသားများဆိုရာတွင် ကိုယ်ပိုင်သယံဇာတမထွက်သော၊ မြေနေရာအလွန်ကျဉ်းသော စင်္ကာပူနိုင်ငံမှ စင်္ကာပူလူမျိုးများ ထိပ်ဆုံးမှ ပါရှိ၏။

စင်္ကာပူနိုင်ငံသည် တစ်ချိန်က အရှေ့တောင်အာရှ၊ အာရှမှာပါမက ကမ္ဘာမှာပါ နာမည်ကျော်ကြားခဲ့သော နိုင်ငံတစ်ခုဖြစ်သော်လည်း ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်းတွင် တဖြည်းဖြည်း နာမည်ကျဆင်းလာခဲ့သည်။ ကမ္ဘာ့နိုင်ငံတော်တော်များများ သည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကမောက်ကမတွေဖြစ်ခဲ့ရ၍ ထိုအထဲတွင် အခြေအနေအဆိုးရွားဆုံးဒါဏ်ခံရသည်မှာ စင်္ကာပူနိုင်ငံပင် ဖြစ်လေသည်။ စီးပွားပျက်ကပ်ကြောင့် ချွတ်ချုံကျနေသော နိုင်ငံများသည် မိမိတို့နိုင်ငံသားများအတွက် အရင်ဦးဆုံး စဉ်းစားကြရလေသည်။ အစစအရာရာ ဈေးကြီးလှသော ထိုအချိန်က နိုင်ငံသားများ အလုပ်လက်မဲ့မဖြစ်ရေး၊ အစာရေစာလောက်လောက်ငှငှရှိရေးနှင့် ရေမီး နှစ်ဆယ့်လေးနာရီရရှိရေး ကြိုးပမ်းနေချိန်တွင် မည်သည့်နိုင်ငံကမျှ ပြည်တွင်းထွက် အစားအစာ၊ ရေ၊ မီးစသည်တို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းမရှိတော့ပဲ ပြည်တွင်းတွင် စွမ်းအင်လောင်စာရရှိရေးအတွက် ဦးစားပေးစဉ်းစားနေကြသောကြောင့် အစစအရာရာ ပြည်ပနိုင်ငံများကို အားကိုးနေရသော စင်္ကာပူနိုင်ငံသည် အဆုံးရွားဆုံးအနေအထားတစ်ခုသို့ ရောက်ရှိနေလေသည်။

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဘာသာရပ်ဆိုင်ရာပါမောက္ခတစ်ယောက် ရေးသားထုတ်ဝေထားသော ပထမကမ္ဘာမှ တတိယကမ္ဘာသို့၊ "အိုဘယ့် ခြင်္သေ့မြို့တော်"ဆိုသည့် စင်္ကာပူနိုင်ငံအကြောင်းရေးသားထားသော စာအုပ်မှာတော့ စင်္ကာပူနိုင်ငံပျက်သုန်းခြင်းအကြောင်းများကို

(၁) စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးဟု လူသိများသော ဘိုးဘိုးလီမရှိတော့သည့် နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်း အားနည်းလာခဲ့ပြီး စစ်ဦးစီးချုပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းကြောင့် လည်းကောင်း။

(၂) နိုင်ငံသားတိုင်း စစ်ပညာမသင်မနေရဟူသော ဥပဒေနှင့်အတူ စစ်တပ်အတွက် အသုံးပြုသော ငွေကြေးပမာဏမှာ ပညာရေး၊ ကျန်းမာရေးများထက် အဆများစွာသာလွန်နေသောကြောင့် လည်းကောင်း။
(၃) ဘိုးဘိုးလီရှိစဉ်ကတည်းက ကျင့်သုံးလာခဲ့သော အယောင်ဆောင်ပါတီစုံရွေးကောက်ပွဲများနှင့် လူ့အခွင့်အရေး နည်းပါးမှုများကြောင့်လည်းကောင်း။

(၄) နိုင်ငံကောင်းကျိုးအတွက် လိုအပ်သော ပညာတတ်များ အခြားနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်သောအခါဖြစ်ပေါ်လာသော ဦးနှောက်ယိုစီးမှုပြဿနာများကြောင့်လည်းကောင်း။

(၅) ရေ၊ မီး မမှန်သောကြောင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်းကြောင့်လည်းကောင်း။

(၆) နိုင်ငံသားများ၏ လစာများမှ လစဉ်စုဆောင်းငွေ(CPF)များကိုလည်း ကမ္ဘာ့စီးပွားပျက်ကပ်မှ ပြန်လည်ကယ်တင်နိုင်ရန် ကြိုးစားရင်း စုံးစုံးမြှုပ်သွားခြင်းကြောင့်လည်းကောင်း။

(၇) စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများအဖြစ် နိုင်ငံတကာ၏ ဖိအားပေးပိတ်ဆို့မှုများကြောင့် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံခဲ့သော Integrated Resort(IR)မှာ အလုပ်မဖြစ်ခြင်းကြောင့်လည်းကောင်း။

စသည့်အချက် ၇ချက်ကို အခြေအမြစ်ကျကျ လေ့လာဆွေးနွေးချက်များနှင့် တင်ပြထား၏။

ထိုအချက်များသာမကပဲ စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာလည်း နောက်ဆုံးဖွင့်လှစ်သော Singapore Flyerကြီး မကြာခဏစက်ချွတ်ယွင်းမှုကြောင့်လည်းကောင်း၊ Sentosa၊ Underwater worldတို့ထက်ကောင်းသော အပန်းဖြေစရာများသည် အရှေ့တောင်အာရှနိုင်ငံတော်တော်များများတွင် တည်ရှိခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် ကမ္ဘာလှည့်ခရီးသွားများ၏ အဓိက စိတ်ဝင်စားမှုများမှာ ပိရမစ်များ၊ တရုတ်မဟာတံတိုင်းကြီး၊ အန်ကောဝပ်ကျောင်းတော်၊ မြန်မာနိုင်ငံမှ ပုဂံဘုရားများ၊ ဥရောပမှ ရှေးဟောင်းနန်းတော်များ ဖြစ်သောကြောင့် လည်းကောင်း စသည်တို့ကြောင့် စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း အခြေအနေတဖြည်းဖြည်း ဆိုးရွားလာခဲ့၏။

ဤကဲ့သို့ စင်္ကာပူနိုင်ငံ၏အခြေအနေ စတင်ဆိုးရွားချိန်၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းစဉ်ကို စတင်ကျင့်သုံးချိန်နှင့် တိုက်ဆိုင်ခဲ့၏။ ထိုအချိန်က မြန်မာနိုင်ငံသည် မည့်သည့်စတော့ရှယ်ယာ ဈေးကွက်တွင်မှ ပါဝင်မှုမရှိခြင်း၊ ကမ္ဘာ့နိုင်ငံတော်တော်များများနှင့် အဆက်အဆံမရှိခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားပျက်ကပ်တွင်မပါဝင်ခဲ့ပေ။ သို့သော် ထိုအချက်သည် မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရန်အတွက် အဓိကကျသော အချက်မဟုတ်ပေ။ မြန်မာနိုင်ငံပြောင်းလဲခြင်းအတွက် အရေးပါသော အချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေချနေထိုင်ကြသော ပညာတတ်မြန်မာနိုင်ငံသားများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ကြပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်ခဲ့သောကြောင့်ဖြစ်၏။ ထိုဒီမိုကရေစီစနစ်နှင့်အတူ မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရေးအတွက် နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထုသည် တစ်သွေးတည်း၊ တစ်သားတည်း နေ့မအား၊ ညမအားကြိုးစားခဲ့ခြင်းကြောင့်သာ ယခုမြန်မာနိုင်ငံသည် ဤအခြေအနေသို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်၏။ ပြန်လည်ရောက်ရှိလာခဲ့သော လူများတွင် ကိုလတ်တို့လို စင်္ကာပူနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကြုံရာကျပန်းလုပ်ကိုင်ခဲ့ကြသော မြန်မာများ၊ နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ပညာများသင်ယူခဲ့သော ပညာတတ်မြန်မာလူငယ်များလည်း ပါဝင်လေသည်။

ကိုလတ်တို့ စင်္ကာပူတွင် ရှိစဉ်က တစ်ရက်ကို စင်္ကာပူဒေါ်လာ ၁၇ဒေါ်လာသာ ရရှိခဲ့သောကြောင့် မြန်မာနိုင်ငံရှိမိသားစုကို ပြန်ပို့ရန် မဆိုထားနှင့် တစ်ကိုယ်ရည်သုံးစွဲရန်တောင် အနိုင်နိုင်ပင်။ ထိုကြားထဲ စင်္ကာပူတွင် အလုပ်လုပ်ရန်အတွက် ပွဲစားခကလည်း လတိုင်းဖြတ်သေးသည်။ ယခုမြန်မာနိုင်ငံရှိပွဲစားများ မှာ အလုပ်သမားများထံမှ ပွဲစားခ တစ်ပြားမှမယူပဲ ကုမ္ပဏီများနှင့် နိုင်ငံတော်အစိုးရထံမှ အခကြေးငွေများကိုသာ လက်ခံကြသည်။ ကိုလတ်စင်္ကာပူတွင် နေထိုင်ခဲ့စဉ်က စိတ်အညစ်ဆုံးမှာ သွားရေးလာရေးနှင့် နေထိုင်ရေးပင်ဖြစ်သည်။ သွားရေးလာရေးတွင် အားထားစရာဖြစ်သော SMRTမှာ ရုံးတက်ရုံးဆင်းချိန်တွင် အမြဲပြည့်ကြပ်နေတတ်ပြီး နေထိုင်ရသော HDBအခန်းများမှာလည်း ယခုမြန်မာပြည်တွင်နေထိုင်လျှက်ရှိသော အိမ်နှင့်စာလျှင် အသက်ရှုတော်တော်ကြပ်လေသည်။ ယခုနေထိုင်သော အိမ်မှာ ပေ၅၀ပတ်လည် ခြံဝန်းပေါ်တွင် ၂ထပ်လုံးချင်းတိုက်လေးဖြင့် နေခြင်းဖြစ်၏။

"တီ တီ တီ တီ Next Stop တောင်ဥက္ကလာပ"

တောင်ဥက္ကလာပ ဘူတာရုံသို့ ရောက်သောအချိန်တွင် ရုံးဆင်းချိန်ဖြစ်၍ လူအများနှင့် စည်ကားနေသည်။

"Nasi Lemark, Nasi Lemark နရာချပ်၊ နရာချပ်၊ Mee Poh, Mee Poh Also နရာချပ်၊ နရာချပ်"

အိမ်အပြန်လမ်းပေါ်ရှိ လမ်းဘေးဆိုင်များတွင် ညဖက်ပိုက်ဆံအပိုလေး ရရန် အလုပ်လုပ်နေကြရရှာသော စင်္ကာပူနိုင်ငံမှ တရုတ်လူမျိုးများကို တွေ့ရသည်။ အင်း Nasi Lamark ပူပူ နွေးနွေးလေး၊ အိမ်က သားနဲ့ သမီးအတွက် တစ်ခုခုတော့ ၀ယ်သွားဦးမှပဲ။ "One Nasi Lemark and one Hokkien Mee, take away" ဆိုပြီး အိတ်ကပ်ထဲမှ လေးရာကျပ်ထုတ်ပေးလိုက်သည်။


"ငါတို့ စင်္ကာပူမှာဆိုရင် အစားအသောက်တွေကို ပြည်ပနိုင်ငံတွေကပဲ တင်သွင်းရတော့ ဘယ်မှာ လတ်ဆတ်မှာလဲ။ ဒီမှာကတော့ ကန်စွန်းခင်းထဲကနေ တစ်ခါတည်းခူးပြီး ဟင်းထဲထည့်ချက်တာ။ စင်္ကာပူကို အဓိက စိတ်ကုန်တာကတော့ မီးပျက်တာပဲကွ။ မီးပျက်လို့ ရေကျတော့ ရှိလားဆိုတော့လည်း မရှိဘူး။ အစိုးရကတော့ သုံးပြီးသားရေတွေကို NEWaterဆိုပြီး Recycleအကြိမ်ကြိမ်လုပ်ရင်းနဲ့ နောက်ဆုံး ReNEWaterဆိုပြီးတောင် ဖြစ်နေပြီ။ ငါတို့ကတော့ ရွံ့လို့ မသောက်နိုင်ဘူးဟေ့။ နိုင်ငံတစ်နိုင်ငံမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေ၊ မီးမှ မှန်မှန်ရအောင် မလုပ်ပေးနိုင်တာ အုပ်ချုပ်တဲ့ သောက်အစိုးရကိုပဲ အပြစ်တင်ရမယ်နဲ့တူတယ်။ ပြီးတော့ ဒီမှာက လေကောင်းလေသန့်လည်း ရတယ်။ ငါတို့ နေတဲ့ မှော်ဘီဖက်က အိမ်မျိုး ငါ့ဒီတစ်သက် စင်္ကာပူမှာဆို နေနိုင်မယ်တောင် ထင်တာမဟုတ်ဘူး။ အခုလာမယ့် တရုတ်နှစ်ကူးမှာ စင်္ကာပူကို မပြန်ပဲ ငါ့မိသားစုကို မြန်မာနိုင်ငံခေါ်ပြီး Reunionညစာကို အိမ်နောက်ဖေးက ကွပ်ပြစ်လေးမှာ စားမလားမှတ်တယ်ကွာ"လို့ စင်္ကာပူလူမျိုးတွေ မြန်မာပြည်မှာ နေရတာကြိုက်ကြတယ်ဆိုတဲ့အကြောင်း ကို အလုပ်ထဲမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ စင်္ကာပူလူမျိုးတစ်ယောက်က ဤကဲ့သို့ ပြောပြသည်။ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းလာသော လူအများစုသည် မြန်မာများနေထိုင်သော မြို့ထဲရှိအိမ်များတွင် မနေနိုင်သောကြောင့် မှော်ဘီ၊ ထောက်ကြံ့စသော ရန်ကုန်နှင့် မနီးမဝေးနေရာများတွင် အဓိကနေထိုင်ကြသည်။

အိမ်ပြန်ရောက်တော့ ကိုလတ်၏ သမီးက အပြေးထွက်လာပြီး ကြိုလို့ မိန်းမကတော့ မီးဖိုချောင်တွင် ဟင်းချက်နေရာမှနေ၍ "မောင် ပြန်လာပြီလား၊ အိမ်ရှေ့က သံပရာပင်က သံပရာသီးတစ်လုံးခူးလာခဲ့၊ စားပွဲပေါ်မှာ သကြားနဲ့ ဆားခပ်ထားတဲ့ ရေခဲရေခွက် အဆင်သင့်ပဲ၊ တခါတည်း ညှစ်ပြီး သံပရာရည် အေးအေးလေးသောက်လိုက်"လို့ လှမ်းအော်ဖော်ရသည်။ သံပရာရည် အေးအေးလေး သောက်လိုက်ရင်း အမောဖြေကာ သားကို လှမ်းကြည့်လိုက်တော့ ကိုလတ် စင်္ကာပူတွင် ရိုက်ခဲ့သော ဓါတ်ပုံများကို ကွန်ပျူတာနှင့် ကြည့်နေတာကို တွေ့ရသည်။ စင်္ကာပူမြစ်ဘေးရှိ Merlionရုပ်ကြီးကို နောက်ခံထားပြီး ရိုက်ထားသောပုံ၊ Fullertonဟိုတယ်အရှေ့တွင် ရိုက်ထားသောပုံ၊ Esplanadeလို့ ခေါ်တဲ့ ဒူးရင်းသီးကပွဲရုံကြီးဘေးမှာ ရိုက်ထားတဲ့ပုံတွေ။ Esplanadeဆိုမှ သတိရသည်။ ဟိုတလောက စင်္ကာပူက သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ အီးမေးလ်မှာ Esplanadeမှာ လာပြမယ့် ပြပွဲတွေ မရှိတော့လို့ အခု ကပွဲရုံမဟုတ်တော့တဲ့အကြောင်း၊ အဲဒီအောက်မှာ ဒူးရင်းသီး အရောင်းဆိုင်တွေနဲ့ အရမ်းကို စည်ကားနေတဲ့အကြောင်းတွေကို ဖတ်လိုက်ရသည်။ သားနဲ့ သမီးက သူတို့အဖေရုန်းကန်ခဲ့ရတဲ့ စင်္ကာပူဆိုတဲ့ နိုင်ငံကို သွားလည်ချင်ကြသည်။ အင်း . . . ကလေးတွေကို တစ်ခါလောက်တော့ ခေါ်သွားဦးမှ၊ ဒါပေမယ့် ဟိုမှာက ရာသီဥတုကမမှန်၊ နေပူလိုက်၊ မိုးရွာလိုက်နဲ့၊ MRTနဲ့ Busတွေဆိုလည်း အခုနောက်ပိုင်း အဲယားကွန်းမဖွင့်နိုင်တော့ ဒီအတိုင်း အလုံပိတ်ကြီး စီးလို့ ဖြစ်ပါ့မလား၊ ပူစပ်ပူလောင်နဲ့ ဟိုတယ်မှာ မီးပျက်တာတွေ ငါ့ကလေးတွေ ခံနိုင်ပါ့မလား။ အဆိုးဆုံးကတော့ လမ်းဘေးဝဲယာက တချုံးချုံးတချိန်းချိန်းနဲ့ ခုတ်မောင်းနေတဲ့ မီးစက်သံတွေပဲ။ ဆိုပြီး ကလေးတွေအတွက် တွေးပူမိသေးသည်။ အင်း ဘာပဲဖြစ်ဖြစ် စင်္ကာပူကို တစ်ခေါက်လောက်တော့ ပြန်သွားချင်သေးသည်။ ကိုလတ်တို့လို စင်္ကာပူရောက်မြန်မာတွေ တွေ့ဆုံခဲ့ကြသော ပန်နီဇူလားပလာဇာကြီးကို အဓိက ပြန်သွားချင်တာဖြစ်သည်။ အခုအချိန်မှာ မြန်မာဆိုင်များ မရှိတော့ပေ။ ထိုအဆောက်အအုံကြီးကို မြန်မာအစိုးရက ၀ယ်ခဲ့၍ မြန်မာနိုင်ငံသားများ စင်္ကာပူတွင် အလုပ်လုပ်ခဲ့ကြရပုံများကို အမှတ်တရပြသလို့ထားသည်။ အဲဒီအဆောက်အအုံကိုလည်း နာမည်ပြောင်းထားလိုက်ပြီ။ Peninsula Myanmar Museumတဲ့လေ။ ကဲ . . . ။

ဇင်ကိုလတ်

ဝန်ခံချက်။ ။ စာရေးဆရာမင်းလူ၏ နှလုံးသား ၃၈၀/၅၄ ၀တ္ထုတို စာအုပ်ကို ဖတ်မိပြီး ဤအကြောင်းရေးချင်စိတ်ပေါ်၍ ရေးသားထားခြင်းဖြစ်ပါသည်။

Wednesday, February 25, 2009

ပြန်ပြင်ပြောပါ။ ။

ကနေဒါမှာရုံးကန္နားကိစ္စများတွင်စကားပြန်အလကားအစိုးရကပေးပါသည်။တရားရုံးတွင်စကားပြန်လုပ်နေသ
ူမှာယခင်GEORGE BROWN COLLEGEတွင်ENGLISHနည်းပြဟောင်းဖြစ်ပြီးမြန်မာပြည်မှလာသောအန္ဒိယ
နွယ်ဖွားတဦးဖြစ်သည်။တနေ့ကိုရွှေတယောက်ရှေ့နေမပါပဲလျှောက်လွှဲချက်ပေးသည်။သူကဒီလိုစပြောသည်


တရားသူကြီးမင်းခင်ဗျား....
ကျွန်တော့်အဖြစ်ကဘာနဲ့တူလည်းဆိုတော့..
'' ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုဖြစ်နေပါတယ်''
ပြီးတော့စကားပြန်ဆိုနိုင်ရန်ခေတ္တစောင့်ဆိုင်းပေးလိုက်သည်။
စကားပြန်တော်တော်ကြာစဉ်းစားပြီးမှဒုက္ခတခုပေါ်ဒုက္ခတခုထပ်ရောက်နေပါသည်ဟုပြန်ဆိုလိုက်သည်။

ကိုရွှေကလည်းအလကားရလို့စကားပြန်ယူတာ..ခေသူတော့မဟုတ်၊

''အန်ကယ်...ဒီအမှုမှာဒီစကားလုံးကကျွန်တော့်အတွက်အလွန်အရေးပါပါတယ်...""
''အန်ကယ်ပြန်တဲ့အထဲမှာကံဆိုးမ..လည်းမပါဖူး......မိုးရွာတာလည်းမပါဖူး...ပြန်ပြင်ပြောပေးပါ....''ဟူသတတ်။


အကယ်၍သင်ပြန်ဆိုနိုင်ပါကCommentတွင်ထားခဲ့ပါ။။။
(Unluckly lady in the rain.တော့မလုပ်နဲ့ပေါ့..တရားသူကြီးကထီးသွားပေးလိုက်လို့ပြန်ပြောမှာဗျ။။)

ဝတ်မှုန်ရွှေရည်

ပြီးခဲ့တဲ့ လများက ၀တ်မှုန်ရွှေရည်ရဲ့ ကောလဟာလ သတင်းတွေတော်တော် များများ ပေါ်ထွက်ခဲ့ပါတယ်။ ၀တ်မှုန် ကို သူ့ရည်းစားဟောင်းကဘဲ အတင်းခေါ်သွားသလိုလို၊ မြန်မာပြည်ရဲ့ စစ်အာဏာရှင် သန်းရွှေရဲ့ မြေး ဖိုးလပြည့် ကဘဲ ခေါ်သွားသလိုလို နဲ့ သတင်းများထွက်ပေါ် ခဲ့ပါတယ်။ သူမရဲ့လက်ရှိ ရည်းစား အဆိုတော်နှင့် သရုပ်ဆောင် စိုင်းစိုင်းကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အလွန်စိတ်ဆိုးနေတယ် လို့သိရပါတယ်။ ဒီသတင်းအပေါ်မှာ ၀တ်မှုန်အနေနဲ့ တစ်စုံတစ်ရာ ဖြေရှင်းချက်တွေ ထုတ်ပြန်တာကို မတွေ့ရသေးပါဘူး။ မိဘတွေက လောလောဆယ် ခွင့်မပြုသေးလို့ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်သေး ပါဘူးလို့ ၀တ်မှုန်ရွှေရည် ကဆိုပါတယ်။ အခုလောလောဆယ်တော် တီဗီကြော်ငြာမော်ဒယ် တစ်ယောက်အနေနဲ့ဘဲ အနုပညာလုပ်ငန်းတွေ ဆက်လုပ်ဆောင်သွားအုံးမယ် လို့ဆိုပါတယ်။


http://www.myanmarcelebrity.com/2009/02/myanmar-cute-model-wut-hmone-shwe-yee.html

ရဲရဲကြီးအလေးပြုခံလိုက်ပါ

ဒူဘိုင်းသည်အာရပ်နိုင်ငံများထဲတွင်အမျိုးသမီးများအားဘာသာရေးအရကန့်သတ်မှုတွင်အသက်ညှာဆုံးနိုင်ငံတ ခုဖြစ်သည်။တနင်္ဂနွေနေ့ကအသတ်ခံရသောမြန်မာအမျိုးသမီးကိစ္စသည်ဒူဘိုင်းအစိုးရအတွက်အလွန်အ
ကျဉ်းတန်သောဖြစ်ရပ်တခုဖြစ်ခဲ့သည်။အဆိုပါမြန်မာမလေးသည်ဖေါ်ရွေစွာဆက်ဆံတတ်၍သဘော
ကောင်းသူတဦးဖြစ်ပြီးခင်ပွန်းသည်နှင့်ရင်သွေးတဦးကျန်ရစ်သည်ဟုတလမ်းကျော်တွင်နေထိုင်သောမြန်မာဘ
လော့ကာတဦးဆိုသည်။
အခြားအကြောင်းအရာများဖေါ်ပြထားသော်လည်းအမှုလမ်းကြောင်းလွဲမှားမည်စိုး၍ ဖေါ်ပြခြင်း မပြုတော့ပါ။
တင်ပြလိုသည်မှာအာရပ်နိုင်ငံများမှအာရပ်လူမျိုးများအကြောင်းတစေ့တစောင်းဖြစ်သည်။အခြားလူမျိုးများလည်း လာရောက်အလုပ်လုပ်ကိုင်နေသော်လည်းမြန်မာမိန်းကလေးများအတွက်သာသိသင့်သည်ကိုပြောပြချင်ပါသည်။ အာရပ်နိုင်ငံအများစုသည်ဘာသာရေးကိုစည်းမျဉ်းခံ၍အုပ်ချူပ်ကြသဖြင့်အရက်သေစာနှင့်လောင်းကစားတွင်အမှု အခင်းနည်းသလောက်မိန်းမကိစ္စတွင်ယောကျာင်္းလေးများကိုသာဦးစားပေးတာတွေ့ရသည်။
မြန်မာမိန်းကလေးများသည်Accounting,Airlinesစသည့်လုပ်ငန်းများတွင်သာအနည်းအကျဉ်းလုပ်ကိုင်နေကြ
သည်။ပျမ်းမျှ၂၀၀နှင့်၃၀၀ကြားလောက်လစာရသည်။ယောကျာင်္းလေးများအတွက်မူတည်ဆောက်ရေးလုပ်ငန်းအ
လုပ်သမားများမှာ၃၀၀မှ၆၀၀ကြား။အင်ဂျင်နီယာအဆင့်မှာ၁၂၀၀လောက်အထိရသည်ဟုကာတာအခြေစိုက်ကာ
တာလူမျိုးတဦးနှင့်ဖက်စပ်ပိုင်ဆိုင်သောMAN POWER AGENCYအလုပ်သမားရှာဖွေခန့်ထားရေးလုပ်ငန်းမှပိုင် ရှင်မြန်မာမလေးကပြောပါသည်။မိန်းကလေးများအတွက်ကုမ္မဏီမှညမထွက်ရအဆောင်များတွင်ထားရှိသော်
လည်းသီးသန့်အပြင်တွင်ငှားရမ်းနေထိုင်သူများလည်းရှိပါသည်။အလုပ်ခွင်နှင့်အလုပ်ပြန်သည့်အချိန်တွင်မြန်မာ မိန်းကလေးများအနေနှင့်သတိထားရမည့်အချက်များရှိပါသည်။မည်မျှပင်အိုက်စပ်စေကာမူအလုပ်ခန်းအတွင်း
အာရပ်ယောကျာင်္းလေးနှင့်ယှဉ်တွဲအလုပ်လုပ်ရလျှင်အ၀တ်အစားကိုလုံခြုံအောင်ဝတ်ကြပါ။အာရပ်များသည်မိန်းမ
ဆိုလျှင်အရင်ကနှာခေါင်းနှင့်လက်ချောင်းလေးများလောက်ပဲတွေ့ဖူးသည်။နိုင်ငံခြားမိန်းကလေးများရောက်လာ
၍ဗိုက်ပေါ်၊ခါးပေါ်၊ရင်ညွန့်ပေါ်တွေ့ရသောအခါအရူးအမဲသားတွေ့သလိုဖြစ်ရသည်။နှဲကျိုးအပျက်လိုတအီအီ
နှင့်သူတို့ကြိုက်သောမိန်းမအနားမှမခွာတော့။မိန်းမရမည်ဆိုလျှင်လက်မောင်းသွေးဖေါက်၍လည်းသက်သေပြ
တတ်ကြသည်။အတည်ယူရန်တော့မဟုတ်။အိမ်မှာလည်းအာရပ်မိန်းမကြီးရှိသည်။အလုပ်ခွင်အတွင်းမှာဆိုတော့
မိမိစိတ်မယိုင်အောင်ထိန်းနိုင်လျှင်ရသည်။အန္တရာယ်သိပ်မရှိလှပေ။အလုပ်အပြန်တွင်အထူးသတိထားရသည်။
အလုပ်ရှင်ကိုဖယ်ရီစီစဉ်ခိုင်းပါ။ကားမောင်းသမားအများစုမှာအန္ဒိယနှင့်ဘင်္ဂလီများဖြစ်သဖြင့်သူတို့လည်း
ကြောက်ရသေးသည်ဟုAIRLINEတွင်လုပ်သောမိန်းကလေးကပြောပါသည်။မှတ်မှတ်ရရစကားလေးတချို့တင်
ပြပါမည်။

''အာရပ်တွေမဟုတ်လောက်ဘူး''
''India ကုလား ဒါမှမဟုတ် pakistan တွေဖြစ်လောက်တယ်။''
''ကိုယ်တို့ကာတာမှာလဲ ပါကစ်စတန်တွေကိုရှောင်တယ်''
''အင်း ....ပါကစ်စတန်တွေကပိုဆိုးတယ်ရဲရင့်ရဲ့''
''တကယ်တော့အာရပ်တွေက အဲလိုသိက္ခာအကျမခံဘူး''
''သူတို့ကပိုက်ဆံရှိတော့ခိုးကြောင်ခိုးဝှက်လုပ်စရာမလိုဘူး''
''ကိုယ်တို့ဆီမှာလဲ ကိုယ်ဆို ပါကစ်စတန်မောင်းတဲ့တက်ကစီမစီးဘူး''
''နောက် ....အီဂျစ်.....သူတို့ကသွေးဆိုးတယ်''
''ကိုယ်တို့ကလဲအူလည်လည်ဆိုတော့ ပါသွားမှာစိုးလို့''
''အလုပ်ထဲကသူငယ်ချင်းတွေကလဲအမြဲသတိပေးတယ်လေ။''
''အားလုံးခြုံလိုက်ရင် ကိုယ့်နိုင်ငံ လေဘာလော(labour law)ကကိုယ်တို့ကိုကာကွယ်ပေးနိုင်ဘို့အားနည်းတယ်''
''သံရုံးလဲမရှိဘူး''
''ရှိခဲ့လဲသိပ်တော့အားကိုးလောက်ဖွယ်မရှိဘူး''
''ဒီတော့ကိုယ့်ဘာသာကိုယ်ကာကွယ်ဘို့ဘဲရှိတယ်''
''အဲဒီကလေးမ ကံဆိုးသွားခဲ့တာပါ.. သူလည်းသူ့ကိုယ်သူထိန်းသားဘဲ၊၊''
''ဒူဘိုင်းလိုနေရာမျိုးက လူမျိုးစုံတယ် ဖျံတွေများတယ် သတိထားရမှာ၊။''


မထွက်မဖြစ်ညဖက်ထွက်လျှင်အဖေါ်နှင့်ထွက်ကြပါ။ရောက်ရှိနေသောနိုင်ငံပေါ်တွင်မူတည်၍ကွဲပြားမှုတော့
အနဲအကျဉ်းစီရှိပေလိမ့်မည်။လမ်းမတလျောက်အနောက်မှတကောက်ကောက်လိုက်၍ကားပေါ်မှ ချွတ်..ချွတ်…
ချွတ်..ချွတ်…လုပ်၍အတူလိုက်ရန်ခေါ်လျှင်လှည့်မကြည့်ပါနှင့်။ညအချိန်ထွက်လျှင်တတ်နိုင်လျှင်ဒါးဆောင်သွား
ပါ။ရှောင်မလွတ်တော့လျှင်အသုံးပြု၍ရင်ဆိုင်ပါ။အာရပ်သွေးဗိုက်ထဲထည့်၍စိန်စီသောညများကိုကျော်ဖြတ်တာ
ထက်စာလျှင်အများကြီးဂုဏ်တင့်တည်ပါသည်။
သန္တာရွှေအနေနှင့်မဟုတ်မှန်ကြောင်းချေပလိုလျှင်ကညွတ်ပန်းများနှင်စီချယ်ထားသောဆိုဖာထူထူခင်းထား
သည့်ခုံပေါ်တွင်မိမိရင်သွေးနှင့်အတူထိုင်၍စစ်တက္ကသိုလ်ဆင်းပွဲတွင်ဗိုလ်လောင်းများ၏အလေးပြုခြင်းကိုရဲရဲ
ကြီးခံယူပြလိုက်ပါ။

မည်သည့်နိုင်ငံမဆိုအမျိုးသမီးများကိုကာကွယ်စောင့်ရှောက်နိုင်သည်မှာအစိုးရသာရှိသည်။မြန်မာအမျိုးသမီး
များအနေနှင့်မိမိကိုယ်ကိုစောင့်ရှောက်ကြရုံသာရှိသည်။နအဖ၏အမျိုးသမီးစောင့်ရှောက်ရေးဆိုသည်မှာမြန်မာ
့အလင်းနှင့်အမျိုးသမီးရေးရာရုံးခန်းအတွင်းမှဆောင်ပုဒ်များပေါ်တွင်သာရှိသည့်အမျိုးဂုဏ်ဇာတိဂုဏ်မြငှ့်တင်
ရေးစီမံကိန်းတခုသာဖြစ်ပေတော့သည်။ ။

25022009သတင်းနှင်ဆောင်းပါးများ

ယခင် ACID ဟစ်ဟောပ်အဖွဲ့ မှ အဆိုတော်ဟောင်းတစ်ဦးဖြစ်ပြီးနောက်ပိုင်းတွင် ထိုအဖွဲ့  မှလမ်းခွဲထွက်ကာ ငါ့ကိုချစ်တဲ့သူုအမည်ရှိ ပွဲဦးထွက် တစ်ကိုယ်တော် ပေါပ်ရောခ် တေးအယ်လဘမ် ကို ဖြန့် ချိခဲ့ သည့် အဆိုတော် R ဇာနည် ကွယ်လွန် ပြီဆိုသည့် သတင်းမှယမန်နေ့ ညကတည်းက ရန်ကုန်မြို့  တွင် ပျံ့ နှံ့ နေခဲ့

file download here

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။



Tuesday, February 24, 2009

အပြောင်းအလဲလေးပေါ့သန်းသန်းရယ်


(ဒီနေ့toronto metro newspaperတွင်ဖေါ်ပြထားသောကာတွန်းပုံ)

ပြီးခဲ့သည်အပတ်က ကနေဒါသို့အိုဘားမားပထမဆုံးအကြိမ်လာရောက်လည်ပတ်စဉ်ကနေဒါဝန်ကြီးချူပ်စတီဗင်ဟားပါး
ကပြောကြားခဲ့သောစကားဖြစ်သည်။ကနေဒါနှင့်ယူအက်အေကိုကြီးစိုးထားသူများသည်အင်္ဂလန်မှမြစ်ဖျားခံခဲ့သူများဖြစ်
သည်။လက်ရှိအချိန်တွင်မူ ဆင်ဖြူတော်မှီကြံစုတ်ရသည်အခြေအနေတွင်ရှိသည်။ဆင်ပိန်ကျွဲထက်တော့သာပါသေးသည်။
စီးပွားကျဆင်းမှုနှင့်ပတ်သက်၍ကနေဒါခေါင်းဆောင်များ၏ကာတွန်းပုံများနေ့စဉ်လိုလိုသတင်းစာများတွင်ဖေါ်ပြခြင်းခံ
နေရသည်။ဦးသန်းရွှေကတော့ကာတွန်းနဲ့ဝေဖန်ဖို့နေနေသာ၊အချစ်ကဗျာပါမကျန်ဆားပုလင်းနှင်းမောင်ရတနာမြေပုံအ
ညွန်းဖေါ်သလိုရေငုတ်ရှာပြီးကြံဖန်အရေးယူသည်။ဆွေးနွေးပွဲလည်းမလုပ်ပေးအဝေဖန်လည်းတရားဝင်မခံနိုင်အကြောက်
ကြီးကြောက်တတ်သောဦးသန်းရွှေစစ်ဝတ်စုံကြီးနှင့်မလိုက်ဖက်ပါ။


ဒီလိုပြောင်းဝတ်လိုက်လျှင်တော့စာနာသည့်အနေနှင့်ဝေဖန်တာတွေလျော့သွားနိုင်ပါသည်။
....................................................................................................................................................
Photobucket
'""""'ဟင့်အင်း..၀တ်ချင်ဝူး....ငိုလိုက်မှာနော်...အဟင့်.....''''''''''''''''''''



ကြောက်ရင်ထမိန်ဝတ်ထား....နအဖ

အရှေ့အလယ်ပိုင်းတွင်အလုပ်လုပ်ကိုင်နေသူများသည်တရားဝင်ကုမ္မဏီများမှတဆင့်သွားရောက်
ပြီးနအဖ၏အခွန်ကောက်ခံခြင်းခံရသူများဖြစ်သည်။အာရပ်မှာအခုလိုမြန်မာမိန်းကလေးတဦးအစော်
ကားခံရပြီးလမ်းဘေးမှာပိုးဆိုးပက်စက်အ၀တ်မပါအပစ်ခံထားရတာနအဖဘာလုပ်နေလဲ။ ။

စုံစမ်းစစ်ဆေးသတင်းထုတ်ပြန်တာလုပ်ပေးပါ။ ။
အစိုးရအစစ်မဟုတ်လို့ဒူဘိုင်းအစိုးရကိုအရေးမဆိုဝံ့တာလား။
ရှေ့ဆက်အာရပ်ကုလားတွေစော်ကားတာမြန်မာမိန်းကလေးတွေငြိမ်ခံနေရမှာလား။



Police investigate woman's death
By Siham Al Najami, Staff Reporter
Published: February 22, 2009, 23:10

Dubai: A construction worker discovered the body of a dead Myanmarese woman in a manhole in Al Nahda, Dubai, on Sunday morning.
The labourer, who was one of many at the scene, discovered the body at around 10am.
The Dubai Police were contacted and the Criminal Investigation Department (CID) cordoned off the area. An ambulance later arrived to collect the body.
Eyewitnesses at the scene said the workers who found the body were horrified. Some said the woman was "completely naked".
"I first saw her legs pointing outwards and her head trapped inside. It is horrific & I just can't believe what I saw," one of the workers said.
According to Colonel Khalil Al Mansouri, Director of the CID, the Burmese waitress had been reported missing five days earlier by her roommates and employer, Emirates airline.
"One of her male Indian colleagues, whom she had a relationship with, has been in police custody since the day she was reported missing as it is believed he was the last person to be seen with her. We are still investigating the cause of death," he told Gulf News.
A roommate said the deceased, 30, was "a beautiful, young, petite woman who was kind, loving and friendly - especially to her Myanmarese roommates".
She said they had come to Dubai together in September 2008.
"She told us she befriended a colleague around 15 to 20 days ago and that he proposed to her. I don't know if they were in a relationship. I think she saw him only as a friend," the roommate said.
The woman said she last saw her friend on February 15, while on duty.
Emirates declined to comment, saying it was a police matter.

လက်ရှိအခြေအနေနှင့် လုပ်ငန်း တာဝန်များ(အောင်ဆန်း)



၂၄၀၂၂၀၀၉သတင်းဆောင်းပါး

file download here

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။

Monday, February 23, 2009

UDPအဖွဲ့ဟာအင်အားအကြီးမားဆုံးပါတီတခုဖြစ်လာနေပြီ

အကြံပေးဆိုရာဝယ်

နအဖအကြံပေးများ



USAအကြံပေးများ



နအဖ ဆန့်ကျင်ရေးစိတ်ဓာတ် ကိုမွေးမြူပွားများခြင်းအားဖြင့်

စာရွက်လေးတွေ ကျဲချချိန်မှာ လာကောက်ရမှာက အစိုးရဝန်ထမ်းတွေဆိုတော့ သူတို့ အတွက်လဲ နဲနဲရေးဖို့ မကောင်းဘူးလားဗျာ။ နည်း ၂ ခု သုံးကြည့်ပါ။ နအဖနည်း၊မဆလနည်း အဟောင်းကြီးပါပဲ။ ကြောက်တတ်တဲ့ ဝန်ထမ်းတွေကို ဥပဒေ တွေ၊ ပုဒ်မတွေ နဲ့ချောက်။ သနားတတ်တဲ့ လူတွေကို လူထုဒုက္ခတွေကို ပြောပြပေါ့။


မေး - မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး ထပ်ဖြစ်လာစရာကိစ္စလေးတွေ ရှိတယ်ဆိုတာ ဘာကြောင့်ပြောနိုင်လဲဗျ။

ဖြေ - အရင်က နယ်စပ်ဒေသနဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတယောက် အဆိုအရ ဒီမူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ လျှော့နိုင်တင်းနိုင် လုပ်လို့ရအောင် လုပ်ထားတာတဲ့။ အခု ကျွန်တော်သိချင်တာက ဒီထုတ်လုပ်မှုတွေ ရှိတဲ့ ရင်းမြစ်တခုခုရဲ့ နေရာကိုပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက တယောက်ကိုဆက်သွယ်နေတယ်ဗျ။ နဲနဲပါးပါး သတင်းလေးဘာလေးစွင့်တာပေါ့ဗျာ။ ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီးတော့ကတော့ ကုန်သည်တချို့အရဆိုရင် ၂၀၀၈ နှောင်းပိုင်းမှာ ရာခိုင်နှုန်းတော်တော်များများ ပိုလာတယ်လို့ပြောတယ်ဗျ။ အဲဒါကြောင့်ပြောနိုင်တာပါ။ တချို့ဟာလေးတွေက အရာရှိတချို့ရခဲ့တဲ့ အထူးညွှန်ကြားချက်ကလေးတွေကြောင့် သိလာရတာပါ။

မေး - မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်မှုတွေအတွက် နအဖကို စွပ်စွဲနိုင်စရာကိစ္စလေးတွေ ခင်ဗျားပြောသလိုရှိတယ် ဆိုတာလက်ခံနိုင်ပေမဲ့ တကယ်တမ်း ထိရောက်တဲ့ အရေးယူမှုမလုပ်နိုင်တာကို ကျွန်တော်ထောက်ပြချင်တယ်ဗျာ။ ခင်ဗျားဘာပြောမလဲ။

ဖြေ - ကျွန်တော်တို့မှာ အခက်အခဲလေးတွေရှိတယ်ဗျ။ တရားဝင် စစ်ဆေးတွေ့ရှိ အရေးယူမှုဟာ နအဖကို တိုက်ရိုက်ထိအောင်လုပ်နိုင်တဲ့ အရာမဟုတ်ဖူးဆိုတာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ လုပ်နိုင်တာထဲမှာ အမြင့်ဆုံးကတော့ ကုန်သည်ကြီးကြီးတွေ ကိုထိအောင်ပဲလုပ်နိုင်တာဆိုတာကိုလေ၊ အဲဒါဟာ နအဖကို တိုက်ရိုက်မထိခိုက်ဖူးဆိုပေမဲ့ ဆုံးရှုံးမှုဖြစ်အောင် လုပ်နိုင်တာပါပဲ။ ဒီကိစ္စမှာ ရဲနဲ့တာဝန်ရှိတဲ့လူတွေဆီက လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ရအောင် (ဒီကိစ္စမှာလဲ ယူအန်လို အဖွဲ့ အစည်းကထိရောက်တဲ့ ယူနစ်တခုခု ကိုပါတွဲဖက် ပါဝင်စေပြီး ဥပဒေ အရ တာဝန်ရှိသူတွေကို ဖိအားနဲ့) အတင်းအကြပ် ဖြစ်စေသင့်တယ်။ ဒါဟာတောင်မ နအဖ ကို ဆုံးရှုံးမှု အနဲငယ်သာဖြစ်စေပြီး ထိထိရောက်ရောက် မဟုတ်သေးဘူးဆိုတဲ့ ခင်ဗျား ထောက်ပြမှုဟာ မှန်ပါတယ်။ ဒါကြောင့် ကျွန်တော်တွေ့တဲ့ နောက်တချက်ကတော့ ထိုင်း၊ စင်ကာပူ၊ မလေးရှားလို နိုင်ငံမျိုးနဲ့ ပါဝင်ပတ်သက်လာနိုင်မဲ့ နောက်ထပ်တိုက်ဆိုင်မှုလေးတွေကို ကျွန်တော်တို့ရှာပြီး အာဆီယံ လောက်အထိတက်သွားမဲ့ အထိဖြစ်ဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ကို ကူညီနိုင်မဲ့ အပြင်ကအဆက်အသွယ်လေးတွေကို လည်းရှာနေတယ်ဗျ။ ဒီကိစ္စမျိုးတွေမှာ ပြောချင်တဲ့ဟာတွေကို ထိရောက်သွားစေဖို့ လိုအပ်ချက်လေးတွေရှိနေတယ်။ ကျွန်တော့ဘက်ကလဲ နောက်ဖြစ်မဲ့ကိစ္စလေးတွေမှာ သတင်းအချက်အလက်လေးတွေ ပိုတိတိကျကျနဲ့ အချိန်မီရဖို့ ပိုကြိုးစားနေရတယ်။

မေး - အခုကျွန်တော်တို့ဆီကို တုံပြန်လာတဲ့ စာလေးတွေရောက်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကို နအဖ တော့ဆက်ချီတက်နေတာပတဲ့ဗျ။ နိုင်ငံရေးပါတီလေးတွေကလဲ စတင်ဖို့လုပ်လာတယ်တဲ့။ ဒီလိုအချိန်မှာ လူထုစည်းရုံးခွင့်ကို အခွင့်ကောင်းယူလိုရမဲ့ နည်းလမ်းလေးတွေတင်ပြထားတာကို ဆန်းစစ်ပေးဖို့ တောင်းဆိုထားတယ်။ ကျွန်တော်တို့ အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ။

ဖြေ - ဒီကိစ္စအတွက် နေရာဒေသ အလိုက် သင့်တော်သလို လှုပ်ရှားဖို့လိုမယ်။ ကျွန်တော်အနေနဲ့တော့ ကွင်းဆင်းပြီး လေ့လာစုံစမ်းရေးလုပ်ဖို့လိုလာတယ်။ အခုတော့ဒီကိစ္စနဲ့ ပတ်သက်ပြီးဘာမှ မပြောနိုင်သေးဘူးဗျ။ ကျွန်တော်တို့ဘက်ကလုပ်နိုင်တာတွေကို စုဆောင်းပြီး ဖြစ်လာနိုင်မဲ့ အကျိုးဆက်လေးတွေနဲ့ သက်ရောက်မှုလေးတွေကို တွက်ဖို့လုပ်ချင်သေးတယ်။ အခုလောလောဆယ် ဒီဟာတွေကို ပြောဖို့ နဲနဲများစောနေမလားဗျာ။ နောက်ပြီး ကျယ်ပြန့်တဲ့ လူထုစုဝေးမှုလေးတွေ အစပြုလာမှ ဒီဟာလေးတွေကို လုပ်သင့်တယ်ထင်တယ်။

မေး - ကြံဖွံက နိုင်ငံရေးပါတီအသွင် ပြောင်းလာပြီး လူထုကိုချဉ်းကပ်လာရင် လုပ်ရမဲ့အရာလေးတွေပြောပါဦး။

ဖြေ - သူတို့ရဲ့ချဉ်းကပ်မှုဟာ ၂ မျိုး ဖြစ်လာနိုင်တယ်ဗျ။ ဒီနည်းနှစ်ခုကို နေရာဒေသနဲ့ လူထုသဘောထားရပ်တည်မှု၊ စီးပွားရေးအခြေအနေနဲ့ အတိုက်အခံလုပ်မဲ့ အန်အယ်ဒီရဲ့ အင်အား ဒီလိုဟာမျိုးတွေအပေါ်မှာ အခြေခံပြီး ကျင့်သုံးလာကြလိမ့်မယ်။ ၁ က စီးပွားရေးမက်လုံးနဲ့ရပိုင်ခွင့်တွေ ပေးပြီးလူထုထောက်ခံမှုကို ယူမယ်အကြံပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြံဖွံမှာ ဘယ်လောက်အထိ သုံးစွဲလာနိုင်တယ်ဆိုတာ သိဖို့ကျွန်တော်ကြိုးစားနေတယ်။ ကျေးလက်ကတချို့နေရာတွေ မှာဒီလို ရက်ရောမှုဟာ ပြည်သူတွေကိုဝေဝါးမှုဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိလို့ ကျွန်တော်တို့ဘက်က သူတို့မျက်လုံးတွေမှာ ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ အရေးတကြီး အရေးယူဆောင်ရွက်ဖို့လိုနေပြီ။ ဘယ်ကြံဖွံရဲ့ရက်ရောမှုကိုမဆို လက်ခံယူစေပြီး တကယ်တမ်း သူတို့ကိုလုံးဝ ဆန့်ကျင်နေအောင် ကြိုတင်ပညာပေးစည်းရုံးထားဖို့ ရသလောက်နည်းနဲ့လုပ်ရမယ်။ ဒီထက်ကောင်းတဲ့ နှစ်ထပ်ကွမ်းထိုးနှက်ချက် ရှာမတွေ့သေးဘူးဗျ။ ခင်ဗျားကြားမှာပါ တချို့တွေ တယ်လီဖုန်းတွေဘာတွေရ ဆိုပဲ။ တကယ်တမ်း ကြံဖွံဘက်မှာထင်သလောက် အလုပ်မဖြစ်အောင် ဒီလူတွေကို စည်းရုံး ပညာပေးထားနိုင်ခြင်းလောက်ကောင်းတာမျိုး ရှာမတွေ့သေးဘူးဗျာ။ တတ်နိုင်သမျှ သူတို့ဆီက ရသလောက်ယူပြီး ဘာမှပြန်မပေးတာမျိုးလုပ် ဖို့ပါပဲ။ ပေးခြင်းနဲ့ချဉ်းကပ်လာတာကို ယူပြီးဘာမှပြန်မပေးရအောင်လုပ်ဖို့ပဲ။ ကြံဖွံကို ခိုင်လုံစွာနဲ့ ခါးခါးသီးသီး နဲနဲလောက်လုပ်လိုက်ရင် ကျွန်တော်တို့အပေါ် ကျလာမှာပဲ။ ပြီးမှကန့်ကွက်မဲချည်းသာထည့်ကြပေရော့။ ဒီနည်းက အန္တရာယ်တော့များတယ် "ရန်သူနဲ့ အတူအိပ်ခြင်း" လို့ ရှေးကဆရာတွေပြောတာကြားဖူးတယ်မဟုတ်လား။ ၂ ကတော့ ဖိအားသုံးပြီး လူထုကိုအတင်းအကျပ်ထောက်ခံစေတာပါပဲ။ ဒီကိစ္စမျိုးလဲ အခုဆို စ နေပြီဆိုတာတွေ့ရတယ်။ အဲဒီလိုကိစ္စမျိုးမှာ ရွေးကောက်ပွဲ ဝင်ပါမယ်ဆိုတဲ့ လူတွေနဲ့ ထိပ်တိုက်တွေ့ ပေးသင့်တယ်။ ပြည်သူတွေကောင်းဖို့လုပ်ပါမယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ တနေရာကပါရရင် ပြီးတာပဲ လို့ သူတို့ကအော်နေတာကိုး။ အဲဒီလိုလူမျိုးလေးတွေကို ကြံဖွံက ဖိအားပေးမှုလေးတွေနဲ့ တည်ပေးလိုက်ပြီး ကျန်တာဘာဆက်ဖြစ်မလဲ ထိုင်ကြည့်ရုံပဲ။ ဒီ ၂၀၀၉ မှာ ပါဝါအတွက် လှုပ်ရှားလာမဲ့ဟာတွေမှာ ပြည်သူနဲ့ အန်အယ်ဒီလုပ်သင့်တာက ၂၀၁၀ ကိုသွားနေသူတွေကို ထိပ်တိုက်တွေ့ဆုံမှုလေးတွေ ရသလောက်ဖန်တီးယူကြဖို့ပဲ လို့ ကျွန်တော်သုံးသပ်မိတယ်။ လှည့်ကွက်လေးတွေကို ထိထိမိမိလေး သုံးကြဖို့ အချိန်ရောက်ပြီလို့ထင်တယ်။

မေး - ခင်ဗျားပြောတာ တခါတလေ နားထောင်ကောင်းပေမဲ့ တခါတလေ ခလေးဆန်တယ်လို့ ထင်မိတယ်။ တကယ်တမ်းကြတော့ ခင်ဗျားမှာ ခိုင်မာတဲ့အသင်းအဖွဲ့လည်း မရှိဘူး။ ခင်ဗျားပြောတဲ့ဟာ အများစုကလဲ တယောက်နှစ်ယောက်နဲ့ လုပ်လို့ရတဲ့ ကိစ္စမဟုတ်လေတော့ အကောင်အထည်ဖော်ဖို့ ဆိုတာ ထင်သလောက်မလွယ်ဘူး။ ကျွန်တော်တို့ အားလုံးက ကြံဖွံကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ ကြံဖွံဟာ လူထုထဲမှာ အစည်းအရုံးတခု အနေနဲ့ ဝင်ရောက်နေရာယူထားတာ ကြာနေပြီဆိုတော့ တကယ်တမ်း ဖိအားသုံးလာရင် တချို့ကိစ္စတွေမှာ အခက်အခဲလေးတွေရှိတယ်။ နောက်ပြီး ပါဝါ အတွက်လှုပ်ရှားလာမဲ့ ဟာတွေကိုကြည့်တော့လဲ ထင်သလောက်အင်အား မကောင်းတာတွေ့ရတော့ သူတို့ဟာ နအဖ ဆန့်ကျင်ရေး အထောက်အကူမဖြစ်နိုင်တဲ့ အပြင် ၂၀၁၀ ကိုကူညီနေသလိုများဖြစ်မလားလို့။

ဖြေ - အဓိက ကတော့ ကျွန်တော်က မာစတာပလန် မလုပ်နိုင်တာပဲဗျ။ ကျွန်တော်တယောက်ထဲ အနေနဲ့ ဗမာပြည်ကို ဒီမိုကရေစီရအောင် မလုပ်နိုင်ဘူး။ အထူးသဖြင့် ဒီမိုကရေစီရအောင် နအဖကို တိုက်ကွက်ဖော်ဆောင်နိုင်လောက်အောင် လုပ်နိုင်စွမ်းမရှိဘူး။ ဒီလောက်လူထုကို တင်းတင်းကျပ်ကျပ်ဖိနှိပ်နေတဲ့ အချိန်မှာ အုံကြွမှုပေါ်ပေါက်လာအောင် မလှုံဆော်နိုင်ဘူး။ ခင်ဗျားပြောသလို အသင်းအဖွဲ့ တခုရှိမ ဒါမျိုးကလုပ်နိုင်တာကလား။ ဒါမျိုးက အန်အယ်ဒီလို ခိုင်မာတဲ့ အသင်းအဖွဲ့မျိုးက ဦးဆောင်နိုင်မ။ ဒီလိုပြောခြင်းအားဖြင့်လဲ ကျွန်တော်က အန်အယ်ဒီကို ဖိအားတွေဖြစ်စေချင်တာ မဟုတ်ဖူး။ တလောကပဲ အန်အယ်ဒီ လူငယ်လေးတွေ အဖမ်းခံရတာကိုကြည့်ရင် နအဖ ကို ရိုးရိုးတိုက်နေလို့ဖြင့် လိုအပ်တဲ့လူထုဆန့်ကျင်ရေး ကိုအကောင်အထည်ဖော်နိုင်မှာ မဟုတ်တာခင်ဗျားတွေ့တာပဲ။ ကျွန်တော်အခုလုပ်နေတာဟာ တဦးတယောက်ချင်း အနေနဲ့ ကျွန်တော်တို့လုပ်လို့ရသလောက် နိုင်သလောက်လုပ်နေတာဖြစ်တယ်။ နောင်တချိန် လူထုကို မဖြစ်မနေ စည်းရုံးခွင့်ပေးရတော့မဲ့အချိန်မှာ နအဖ ဆန့်ကျင်ရေးစိတ်ဓာတ် ခိုင်မြဲစွာရှိနေတဲ့ အရေအတွက်များနေစေဖို့ အတွက်ပဲ။ တချို့ဟာလေးတွေက ကလေးဆန်တယ်ဆိုတဲ့ ခင်ဗျားမှတ်ချက်ကို ကျုပ်မငြင်းလိုဘူး။ ဒါပေမဲ့ ခုနက ကျွန်တော်ပြောသလို အခုအချိန်မှာ ကျွန်တော်တို့ အပေါ်မှာ ကျရောက်နေတဲ့ ဖိအားကပြင်းထန်လွန်းတော့ လူကြီးလူကောင်းဆန်စွာ နအဖကို ထိုးနှက်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး မရှိဘူး။ အခွင့်အရေးပေးတဲ့ နေရာကနေ ရသလိုထိုးနှက်နေရတာပဲဖြစ်တယ်။ဒီနေရာမှာ အရေးကြီးတဲ့အရာတခုပြောချင်ပါတယ်။ နှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ အမြစ်စွဲလာတဲ့ နိုင်ငံရေး အနာပြိုင်းကြီးကို ဆေးတခွက်သောက်ရုံနဲ့ ပျောက်အောင်ကုနိုင်မဲ့ သမားတော် မရှိဘူး မဆိုနိုင်ပေမဲ့ လွယ်ကူတဲ့ ကိစ္စမဟုတ်တာ သိစေချင်တယ်။ နောက်ပြီး ဒီလိုပြောလို့လဲ သိုးကလေး တွေကို ငုံခံနေဖို့တော့ မဟုတ်ဖူးဗျ၊ နောက်ပြီး ဒီမိုကရေစီ မျှော်လင့်ချက်ဝေးပါပြီလို့လဲ မထင်စေချင်ဘူး။ ဗမာပြည်သူပြည်သား တဦးတယောက်ချင်းစီမှာ လုပ်နိုင်တဲ့ အတိုင်းအတာ ပေးတဲ့အခွင့်အရေးအခြေအနေ တွေအများကြီးရှိတာ လူတိုင်းယုံကြည်စေချင်တယ်။ ဒီအတွက်ကျွန်တော်တို့ တဦးတယာက်ချင်းလုပ်နိုင်တဲ့ စည်းရုံးခြင်း၊ ဆန့်ကျင်ခြင်း၊ ဖိနှိပ်မှုတိုင်းကိုတန်ပြန်ခြင်းဆိုတာတွေလုပ်နိုင်တယ်လို့ အခိုင်အမာယုံကြည်လာစေချင်တယ်။ ကျွန်တော်လို၊ ခင်ဗျားလို၊ ကျွန်တော့်ကလောင်မိတ်ဆွေတွေလို၊ တဦးခြင်း မမှုလောက်ပါဘူးဆိုတဲ့ အနေအထားကနေ တဖြည်းဖြည်း အန္တရာယ်ပေးနိုင်လောက်တဲ့ အထိ အချင်းချင်းစုစည်းဆောင်ရွက်ကြလာအောင် လုပ်ပြနေတာဖြစ်တယ်။ ကျွန်တော်တို့ အခုလုပ်တာဟာ နအဖ ဆန့်ကျင်ရေးစိတ်ကို ဗမာပြည်သူပြည်သားတိုင်းရဲ့ နှလုံးသားထဲ ရိုက်သွင်းနေတာဖြစ်တယ်။ နအဖ ဆန့်ကျင်ရေးစိတ်ဓာတ် ကိုမွေးမြူပွားများခြင်းအားဖြင့် အားကောင်းတဲ့ရန်သူကို လုပ်ကြံနိုင်ဖို့ နည်းဗျူဟာ၊ မဟာဗျူဟာ ကောင်းကောင်းချမှတ်နိုင်တယ်။ ရှံးသွားပြီလို့သူတို့ထင်နေတဲ့ တိုက်ပွဲကနေ အားနည်းချက်ပျော့ညံချက်ကိုရှာ နောက်တခါ တိုက်ပွဲခေါ်သံလာပြီဆိုတာနဲ့ စနစ်တကျ ပြင်ဆင်အောင်ပွဲယူကြဖို့ပဲ။ အခုအချိန်မှာ တယောက်ထဲ ၂ ယောက်ထဲ ဆိုတာ အရေးမကြီးတော့ပါဘူး တိုင်းပြည်အတွက် လူတိုင်းက အရေးကြီးတဲ့ နေရာမှာချည်းပါပဲ။ တခုပဲခင်ဗျားစဉ်းစားကြည့်ပါ။ ခင်ဗျားမှာ အရေးကြီးတဲ့ သတင်းတစ်ခုရလာပြီ ဆိုပါစို့ (ဥပမာ နအဖ၊ ကြံဖွံ၊ စွမ်းအားရှင် ဘယ်ကပဲဖြစ်ဖြစ်)။ ဒီသတင်းကို တနည်းနည်းနဲ့ ဖြန့်ဝေလိုက်တယ်ဆိုရင်
၁) နောက်ထပ် ဒုက္ခခံရမဲ့ ပြည်သူတွေ အန္တရယ်ရဲ့ အတိုင်းအဆကို ခန့်မှန်းပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်လို့ရတယ်။
၂) ခံရတဲ့ ပြည်သူတွေ အတွက် တခုခု ကူညီဖို့ ပြည်သူအချင်းချင်းပဲ ဖြစ်ဖြစ် နိုင်ငံရပ်ခြား အကူအညီပဲဖြစ်ဖြစ် ရလာနိုင်တယ်။
၃) နောက်ထပ် ဒီလိုမျိုးပြည်သူတွေ အပေါ်ကို ကျူးလွန်ဖို့အတွက် (အနည်းဆုံး အဲဒီနေရာ ၁ ခုမှာ) ခက်လာမယ်။
၎) နအဖ မှာ အပြစ်တွေများသထက်များလာမယ်။
၅) နည်းလမ်း တခုကိုသုံးပြီး ပြည်သူကို နှိပ်စက်တာကို အားလုံးကနားလည်သွားပြီဆိုရင် နောက်ထက်နည်းလမ်းအသစ် ရှာရတော့မယ်။ (နအဖ မှာ မဆုံးနိုင်လောက်အောင် နည်းလမ်းတွေရှိမနေပါဘူး။ )
ဒီနည်းလမ်းဟာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ ထိရောက်မှုအရှိဆုံးပါ။ လူတစ်ယောက်ထဲ နဲ့တောင်လုပ်လို့ရပါတယ်။ အဓိက ကတော့ သတင်းအချက်အလက်တွေကို ဘယ်မီဒီယာမှာပဲ ဖြန့်ဝေဝေ လူထုရင်ထဲကို ထိခိုက်မဲ့ဟာဖြစ်ဖို့ပါပဲ။ ပြည်သူတယောက်ချင်းစီရဲ့ နအဖ နဲ့ ပတ်သက်ပြီး ခံစားရမှုတခုတခုစီဟာ အရင်းအမြစ်ပါ။ ဒါကြောင့် ခင်ဗျားဟာ အသင်းအဖွဲ့ နဲ့ပဲဖြစ်ဖြစ် တဦးတယောက်ပဲဖြစ်ဖြစ် အဓိက မကျတော့ပါဘူး။ ခင်ဗျားဆီမှာ ရှိတဲ့ နအဖ နဲ့ပတ်သက်တဲ့ အတွေ့အကြုံနဲ့ ခံစားမှုတွေရယ် သတင်းအချက်အလက်တွေကို ထိရောက်အောင် ဘယ်လိုတင်ဆက်သလဲဆိုတာရယ်သာ အဓိကကျပါတယ်။ ဒါကြောင့် လူထုစုဝေးမှုလုပ်လို့ မရဘူး။ လွပ်လပ်စွာစည်းရုံးခွင့် မရဘူး ဆိုတာ လူတိုင်းရဲ့ မျက်စိနားတွေကို ပိတ်ထားနိုင်မှပါ။ ဒီလိုလုပ်ဖို့ဆိုတာ အခုအချိန်မှာ လက်တွေ့မကျတော့ဘူးဆိုတာ ခင်ဗျားတွေ့ပြီးပါပြီ။ ကျွန်တော်တို့ လူထုဆီကိုရောက်မဲ့ သတင်းလေတွေကို ထိထိရောက်ရောက်ဖြစ်စေချင်ရင် စကားလုံးရွေးချယ်မှုကအစ အားလုံးသတိထားဖို့လိုအပ်တယ်ထင်တယ်။ နအဖ ကဘယ်လိုနည်းစနစ်လေးတွေ သုံးထားလဲ ကြည့်ရအောင်။ တက်ကြွတဲ့လှုပ်ရှားသူတွေနဲ့ ကျေးလက်က ရိုးသားကြောက်တတ်သူတွေကို ဆက်ဆံတဲ့နည်းလမ်း မတူတာ ခင်ဗျားတွေ့မှာပါ။ ကျွန်တော်တို့က ဒီဟာကို ပြောင်းပြန် မက်ဆေ့ခ်ျပေးနိုင်ရင်။ နမူနာလေး တခုပြောမယ်။ နအဖ ဆန့်ကျင်ရေး စာရွက်တချို့ဝေမယ်ဆိုပါစို့။ အဓိက က ပြည်သူတွေ ဖတ်ဖို့၊ တတ်နိုင်ရင် သိမ်းပြီးယူသွားကြဖို့ တခြားမသိသေးတဲ့လူတွေပါ လက်ဆင့်ကမ်းဖို့ မဟုတ်လား။ စာရွက်ကို အဝေးကနေကြည့်ပြီး ရှောင်နေကြရင်၊ စည်ပင်က၊ မီးသတ်က၊ ရဲကလာကောက်သွားရုံသာပဲဆိုရင် စာရွက်ပေါ်မှာရေးထားတာကို ပြန်ပြင်ဖို့ မကောင်းဘူးလား။ စဉ်းစားဖို့ပါ။ မက်ဆေ့လေးတွေကို ရမဲ့ပတ်ဝန်းကျင်နဲ့အလိုက် ခံစားနားလည်နိုင်မဲ့ ထိရောက်တဲ့ဟာလေးတွေဖြစ်ရင်မကောင်းဘူးလား။ တကယ်တမ်း ထိရောက်စေချင်ရင် လာကောက်တဲ့ အဲဒီလူတွေပါ ဖတ်ပြီး ဝေဝေဝါးဝါး ဖြစ်သွားစေချင်တယ်။ သူတို့ နအဖ အတွက်ဒီလို လုပ်ပေးနေတာ ပြန်စဉ်းစားဖို့၊ ရှက်လာဖို့၊ လူလူချင်း ကိုယ့်ပြည်သူအချင်းချင်း နှိပ်စက်ပြီး ပြည်သူ့ထမင်းကို စားနေရတာပါလား။ ဒီလိုမက်ဆေ့ခ်ျ မျိုးလေးတွေရသွားစေချင်တယ်။ ဒီလိုဟာမျိုးလေးတွေလုပ်ဖို့ ခင်ဗျားပြောသလို အသင်းအဖွဲ့ကြီးတွေ ဆိုင်းဘုဒ်တွေ မလိုဘူးထင်ပါတယ်။ ခင်ဗျားရယ် ကျွန်တော်ရယ်ဆိုရင်တောင် ရမို့လား။

မေး - လူထုကိုမျက်စိနား ပိတ်လို့မရဘူးဆိုတာ လက်ခံပါတယ်။ ခင်ဗျားပြောသလို တဦးချင်း ကြိတ်ခံစားမနေပဲ ပုဂ္ဂလိက မုန်းတီးမှုကို လူထုမုန်းတီးမှုဖြစ်အောင်လုပ်ရမယ် ဆိုတာကို လက်ခံပါတယ်။ လက်ရှိ နအဖ ဆန့်ကျင်သူတွေ မှာ ပြည်သူတွေရဲ့ သဘောထားရပ်တည်မှု၊ ဖိနှိပ်ခြိမ်းချောက်ခံရမှု အလိုက် ထိရောက်တဲ့ မက်ဆေ့ခ်ျပေးပြီး လူထုစည်းရုံးရေးလုပ်ဖို့ဆိုတာလဲ စမ်းသပ်စောင့်ကြည့်သင့်တဲ့ ဟာပါ။ ကျွန်တော်က အခု ခင်ဗျားပြောသလို တယောက်တည်းနဲ့တောင် ထိထိရောက်ရောက် လုပ်ချင်ပြီ ဆိုပါစို့။ ဘယ်ကစ ရမလဲ။

ဖြေ - လွယ်ပါတယ်ဗျာ။ ခင်ဗျားမှာ အနည်းဆုံး အီးမေး တခုရှိတာ ပဲဟာ။ အခု အချိန်မှာ နအဖ ကို ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေက အရမ်းကိုများနေတယ်။ ခင်ဗျား အီးမေးဖွင့်တာနဲ့ နိုင်ငံခြားသတင်းဌာနတွေမှာ အသင်းဝင် (မန်ဘာ) လုပ်ထားတဲ့ ဆီက နောက်ဆုံးပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေရမယ်ဗျာ။ ဝက်ဆိုဒ်တွေကို ဘယ်လိုပဲပိတ်ထား ပိတ်ထား ခင်ဗျားအသိတွေဆီက တနည်းနည်းနဲ့ ရပြီး ဖော်ဝဒ်လုပ်ထားတဲ့ သတင်းတွေ ဆန့်ကျင်ရေးစာတွေရမယ်ဗျာ။ ဒါတွေကို မသိသေးတဲ့ ခင်ဗျားမိတ်ဆွေတွေကို ထပ်ပြီးဖော်ဝဒ်လုပ်လိုက်ပေါ့ဗျ။ ဒီနည်းလမ်းလောက်လွယ်တာ မရှိဘူးဗျ။ အခုတလော အင်တာနက်သုံးလို့ရတဲ့ ဆိုင်တွေမှာ နဲနဲတင်းကျပ်ထားတာလေးတွေရှိတော့ ဂရုတော့စိုက်ရတာပေါ့ဗျာ။ လုံခြုံရေး အရေးကြီးတယ်ဆိုပဲ။ အဲဒီတော့ စိတ်ချရပြီဆိုရင် လုပ်လိုက်ပေါ့ဗျ။ဘာခက်တာလိုက်လို့။ အင်တာနက်သုံးရင်း ရင်ခုန်ရတဲ့စွန့်စားမှုရတာလဲ ဖီလင်တမျိုးပဲလေဗျာ။

မေး - ခင်ဗျားပြောသလို လူတိုင်းဟာ အရေးကြီးတဲ့ နေရာမှာပါနေတယ်၊ ကျွန်တော်သိထားတဲ့ သတင်းတခုဟာ တခြားလူတွေကိုပါ ဖြန့်ဝေနိုင်ရင် ထိရောက်တဲ့ အကျိုးသက်ရောက်မှုလေးတွေရှိနိုင်တယ်ဆိုတာ ကျွန်တော်ယုံကြည်အောင်ပြောပါဦး။

ဖြေ - ကျွန်တော်က ဒီလိုပြောမယ်။ အခုအချိန်မှာ လူထုကနှိပ်စက်ခံရဖန်များနေတော့ ဘယ်လိုထိခိုက်စရာကောင်းတဲ့ သတင်းမျိုးမဆို ရင်နင့်အောင်ခံစားရမဲ့ လူတစုတော့ အမြဲတမ်းရှိနေတယ်ဗျ။ ခင်ဗျားရဲ့ မက်ဆေ့ခ်ျက မှန်ကန်တဲ့လူဆီ မှန်ကန်တဲ့အချိန်မှာရောက်ဖို့ပဲလိုတယ်။ ကျွန်တော်တို့ တဦးတယောက်ဆီမှာ သတင်းတခု ရှိလာပြီ၊ ရလာပြီ ဆိုပါစို့၊ ဒီအချက်အပေါ်မှာ အခြေခံပြီး အဲဒါကို ခင်ဗျားသာ ထိထိရောက်ရောက်ဖြန့်ဝေပေးခဲ့ရင် တဖက်မှာ လုပ်လို့ရတဲ့ဟာတွေ အများကြီးရှိတယ်။ ကြိုသိထားရင် ပြင်ဆင်လို့ရတယ်ဆိုတာ အခြေခံကျကျပြောတာပါ။ တကယ်တမ်း အနိမ့်ဆုံးထိရောက်မှုက လူထုရင်ထဲက အမုန်းတရားကို နက်ရှိင်းလာအောင်လုပ်နိုင်တယ်ဆိုတာ ခင်ဗျားရော ကျွန်တော်ပါ ခံစားသိနေပါတယ်။

မေး - အစိုးရဝန်ထမ်းတွေကို ထိရောက်စေမဲ့ မက်ဆေ့ခ်ျလေးတွေပါ ထည့်ပြီး လုပ်စေ့ချင်တယ်ပေါ့။

ဖြေ - စာရွက်လေးတွေ ကျဲချချိန်မှာ လာကောက်ရမှာက အစိုးရဝန်ထမ်းတွေဆိုတော့ သူတို့ အတွက်လဲ နဲနဲရေးဖို့ မကောင်းဘူးလားဗျာ။ နည်း ၂ ခု သုံးကြည့်ပါ။ နအဖနည်း၊မဆလနည်း အဟောင်းကြီးပါပဲ။ ကြောက်တတ်တဲ့ ဝန်ထမ်းတွေကို ဥပဒေ တွေ၊ ပုဒ်မတွေ နဲ့ချောက်။ သနားတတ်တဲ့ လူတွေကို လူထုဒုက္ခတွေကို ပြောပြပေါ့။
မေး - ဒီလိုဖြစ်ဖို့အတွက် ခေတ်ပညာတတ် အသိုင်းအဝိုင်းဟာ နအဖ ဆန့်ကျင်သူတွေဘက်က အကြံဉာဏ်နဲ့ သတင်းအချက်အလက်တွေ ကူညီပေးဖို့လိုပြီပေါ့။

ဖြေ - စကားလုံး အထားအသို၊ ဝါကျ အစီအစဉ်ကအစ အရေးကြီးပြီလားဗျာ။ ရွေးကောက်ပွဲ မဲဆွယ်သလို ထိရောက်တဲ့ ခွန်အားရှိတဲ့စာအရေးအသား၊ ကြွေးကြော်သံ ဖြစ်ဖို့အထိပါလိုတော့ တော်တော်အရေးဂရုပြုရမယ်လို ခံစားမိပါတယ်။

silver moon ပေးပို့ပါသည်။ ။

သစ္စာဖေါက်တဦး၏ ထွက်ချက်( Confession of a Traitor)

UDP အဖွဲ.၏ ခေါင်းဆောင် ဦးကျော်မြင့်အကြောင်း သိထားသူဆိုပြီး ကိုယ်တိုင်က နိုင်ငံတော် သစ္စာဖေါက် လုပ်နေတဲ့ ထောက်လှမ်းရေး လူထွက် ကိုအောင်လင်းထွန်းနှင့် မေးမြန်းချက်ကိုဗွီအိုအေ ရေဒီယိုအသံလွင့်ဌာနက ကြားလိုက်ရပါတယ်။ဒီတော့ စိတ်ထဲမှာအော် သစ္စာဖေါက်တဦးရဲ့ထွက်ချက်ပါလားလို. စိတ်းထဲမှာ တွေးမိတယ်။
ဦးကျော်မြင့်ရဲ့ မြန်မာပြည်က ကျွမ်ရိုးကုမ္ဗဏီဟာ
ငွေမဲတွေကို ခ၀ါချတဲ့ ဘဏ်လို.ပြောတယ် အတိုး (၅)ရာခိုင်နှုန်းပေးတယ်လို. ပြောတယ်။ တခါ နောက်မှာတော့ အတိုးမပေးနိုင်လို. တိုင်လို.အဖမ်းခံရတယ်လို. ပြောတယ်။ ငွေမဲကိုခ၀ါချတဲ့ကုမ္ဗဏီဆိုရင် ငွေတွေ ဒီလောက်ပေါတဲ့အဖွဲ.ဟာ ဘာလို. အတိုး မပေးနိုင်စရာ အကြောင်းရှိနိုင်မလဲ။နောက်တချက်ကတော့ ထောင်ပြေးဖြစ်နေရင် မြန်မာသံရုံးကို ရောက်လာတဲ့သူကို ဘာဖြစ်လို. ကိုအောင်လင်းတို့..အနေဖြင့် တာဝန်အရ ဖမ်းဆီးအရေးယူတာမလုပ် ခဲ့ပါသနည်း။နောက် ကိုအောင်လင်းထွန်း ပြောဖို.ကျန်တဲ့အချက်တခုကတော့ ဦးကျော်မြင့်ထံမှာ
သမီးနှစ်ဦးအတွက် ကျောင်းစရိတ်ဆိုပြီး ဂေါက်သီးနှစ်စုံ လက်ဆောင်အဖြစ်ပေးဖို.. တောင်းလိုက်တယ်ဆိုတဲ့အကြောင်းတော့ ဗွီအိုအေ အင်တာဗျူးမှာ ပြောတာ မတွေ.လိုက်ပါဘူး။ နောက် ပြည်ပရောက်အဖွဲ.တွေ အထူးသဖြင့် NCGUB ပြည်ပြေးအစိုးရတွေနှင့် မပေါင်းဖို. ကျနော်တို. လူတွေ ထည့်ထားတယ်။ ဒီအဖွဲ.တွေဟာ ဘာမှ မဟုတ်ဘူး။ ကလေးကစားတဲ့အဖွဲ.တွေလို. ကျနော်လည်း ဦးကျော်မြင့်ကို အကြံပေးလိုက်တယ် မှာလိုက်ရသေးတယ်ဆိုတာလည်း ပြောဖို. မေ့.နေခဲ့တာလား သို.မဟုတ် နိုင်ငံရေး ခိုလုံခွင့်အတွက် NCGUBဆီက ထောက်ခံစာလေး ရလေမလားဆိုပြီး မျော်လင့်ချက် ရှိနေလို. ကိုယ့်အကြောင်း ပေါ်မှာဆိုလို. မပြောတာလား။
တကယ်တော့ ဦးကျော်မြင့်ကို တရုတ်စီးပွားရေးကိစ္စ ကူညီပေးဖို. လုပ်ပေးဖို.ခိုင်းတာကို မကူညီပေးလို မကျေနပ်ခဲ့ဘူးဆိုတာလည်း ထည့်ပြောဖို. လိုမယ် ထင်ပါတယ်။
ကိုအောင်လင်းထွန်း မေ့နေပုံရတယ်။ ကိုယ်တိုင်က စစ်ပြေး။ ကိုယ်တိုင်က နိုင်ငံတော် သစ္စာဖေါက်(National Traitor)ဆိုတဲ့ကိစ္စပါ။ နောက် အားလုံးမကောင်းဘူး အတိုက်အခံတွေ မကောင်းဘူးဆိုပြီး လက်ရဲဇက်ရဲ လက်သန်ပြောင်လို. နာမည်ဆိုးနှင့် ကြော်ကြားတဲ့ စစ်ထောက်လှမ်းရေးမှာ ဗိုလ်မှူးအထိ သူကောင်းပြုခဲ့တာ ခံခဲ့ရတယ်။ အခုတခါ ကိုယ့်ကိုယ် ထမင်းကျွေးခဲ့တဲ့ ကျေးဇူးရှင်တွေကို တပ်မတော်အပေါ် မကောင်းဘူးဆိုပြီး ကျေးဇူးကန်း စကားပြောနေပါတယ်။ ဟိုလူ မကောင်းဘူး ဒီလူမကောင်းဘူးလို. ပြောနေတဲ့ ကိုအောင်လင်းထွန်းအနေဖြင့် ဘယ်အချိန်မှာ ကိုအောင်လင်းထွန်းမကောင်းတဲ့အကြောင်းတွေရော ပြောပြဖို. ၀င်ခံဖို. လုပ်မလည်း။ မှတ်ထားပါ ဘယ်သူမှ သစ္စာဖေါက်ပြောတာကို မယုံဘူး။ နိုင်ငံတော်အဆင့် တပ်မတော်အဆင့် မပြောနှင့် မကောင်းတာ လုပ်နေတဲ့ ဒုစရိုက်ဂိုဏ်းတွေမှာတောင်သစ္စာမရှိတဲ့ ဖော်ကောင်လုပ်တဲ့ ကြွက်ဆိုရင် မယုံဘူး လက်မခံဘူး။ မှန် မှန် မမှန်မှန် ကိုယ်ယုံတာကို လုပ်တဲ့သူတွေကိုပဲ လူတွေက လေးစားတယ်ဆိုတာ သစ္စာဖေါက်တဦးဖြစ်တဲ့ ကိုအောင်လင်းဦး သိစေချင်တယ်။ သို.မဟုတ် ကျနော် လုပ်လိုက်လို. အပြစ်မရှိတဲ့ အတိုက်အခံကျောင်းသား ပြည်သူ ဘယ်နှစ်ဦး ဘ၀ပျက်သွားတယ်။ ကျနော်လက်ထဲမှာ လူဘယ်နှစ်ဦး အသက်ပျောက်သွားခဲ့တယ်။ ဘယ်သူတွေရဲ့ သွေးတွေ ကျနော်လက်ထဲမှာ ကျန်နေတယ် ပေနေတယ်ဆိုတာတကယ် သတ္တိရှိတယ်ဆိုရင် ၀န်ခံလိုက်ပါ ။ ။

မောင်လေ့လာ(မြန်မာပြည်)

၂၃၀၂၂၀၀၉သတင်းဆောင်းပါး

file download here

ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


မျိုးဆက်သစ်အသိပေးကြေငြာချက်


2010 အကြိုနိုင်ငံရေးတိုက်ကွက်များ

နအဖဟာ သူ့ပြည်သူပြည်သားတွေကို အပေါ်စီးကကိုင်နေပေမယ့် သံတမန်တွေကို အောက်ကြေးနဲ့ရိုက်ပါတယ်။ ဒီလူတွေကို တဖြည်းဖြည်းချင်း ချော့ယင် ရနိုင်ခြေရှိတယ်လို့ ထင်ရအောင်လည်း မူတတ်တယ်။ ခင်ညွန့်တုန်းက မူလွန်းလို့ အချောက်ပုံတောင် ပေါက်နေခဲ့သေးတယ်။

Fri 20 Feb 2009, နိုင်မွတ်ဒိပ်
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်ကံကြမ္မာကို နှစ်နှစ်အတွင်း အဆုံးအဖြတ်ပေးရတော့မယ်။ အဆုံးအဖြတ်ပေးတဲ့နေရာမှာ နအဖများသာမဟုတ်ဘဲ ဒီမိုကစီရေအင်အားစုများနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများလည်း ပါဝင်နေတယ်။ နအဖတို့အနေနဲ့ အနှစ်နှစ်ဆယ်အင်အားနဲ့ အသာစီးရနေတဲ့သဘော တွေ့ရတယ်။ အမေရိကန်မှာ ခေတ်စားနေတဲ့ ရက်ဇယ်လင်းနပန်းပွဲလို စည်းနဲ့ကမ်းနဲ့ မထိုးချင်ဘူး။ ပြိုင်ဘက်ကို အနိုင်ယူဖို့ နအဖက ဒိုင်ကိုတောင် အလဲထိုးချင်နေတယ်။

ဗေဒင်အားကိုးနဲ့ နအဖရူးနေတယ်လို့ ရေးချင်ရေးလို့ရတယ်။ ဒါပေမယ့် ဒါဟာ ထိပ်ပိုင်းကပဲ များတယ်။ တပ်တွင်းမှာ ဒါတွေကို ခွင့်မပြုဘူး။ နအဖရဲ့ကျောရိုးက တပ်မတော်ပဲ ဖြစ်တယ်။ တပ်မတော်ကို ပြည်သူတွေနဲ့ ရန်တိုက်ပြီး သူတို့အိတ်ထဲ လုံးလုံးလျားလျားဝင်လာအောင် စီမံထားတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဆိုရှယ်လစ်တပ်မှူးများနဲ့ အသွင်ကူးပြောင်းခဲ့တဲ့ လက်ရှိတပ်မတော်မှာလည်း ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အငွေ့အသက် စိမ့်ဝင်နေရာယူဆဲလို့ ဆိုနိုင်တယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဖဆပလအဖွဲ့ထဲမှာ ခိုကပ်နေရတဲ့ ဆိုရှယ်လစ်ဦးကျော်ငြိမ်းတို့နဲ့ပေါင်းပြီး ဦးနုအစိုးရကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကွန်မြူနစ်ယိမ်းဗိုလ်ချုပ်ကျော်ဇော်ကို တီးဖို့ ဆိုရှယ်လစ်တပ်မှူးတွေကို သူ့ဝန်းကျင်မှာ ရံနေစေခဲ့တယ်။ ၀ါဒရေးရာကို မကျော်နိုင်တဲ့ကွန်မြူနစ်တွေကို ဗုဒ္ဓဘာသာနဲ့ ရန်တိုက်ပေးပြန်တော့ ကွန်မြူနစ်တွေ အထိနာခဲ့တယ်။

ဒါကြောင့် တပ်မတော်မှာ ညဉ်တစ်ခုစွဲကပ်နေပြီ။ အာဏာနဲ့ရာထူးကို ရယူချင်ရင် စစ်တိုက်တော်ဖို့မလို၊ နောက်တန်းက နေရာယူတတ်ဖို့ပဲလိုတယ်ဆိုတဲ့ သဘောတရား တစ်ခုပါပဲ။ ဒါလည်း အထောက်အထားတွေ အများကြီးပဲ။ တရုတ်ဖြူတွေကို ဗိုလ်ချုပ်ကျော်ဇော်နဲ့အတူ တိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (ယခု အန်င်အဲလ်ဒီ ဗိုလ်ချုပ်ကြီးတင်ဦး) ဗျူဟာချမှတ်ပေးပြီး တိုင်းရင်းသားတွေကို တိုက်ခဲ့တဲ့ သီဟသူရစစ်မောင်၊ ဒီဗိုလ်ချုပ် ဗိုလ်ချုပ်ကြီးတွေရဲ့ အနေအထားကို ကြည့်ပါ။

ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ သီဟသူရစစ်မောင်တို့ကို ခင်ညွန့်လက်စဖျောက်ခဲ့တယ်လို့ အများထင်စရာ ဖြစ်အောင် ဗိုလ်သာဂေါင် (သန်းရွှေ) က အကွက်ဆင်နိုင်ခဲ့တယ်။ ဒီလိုညစ်ပတ်တဲ့အပြုအမူတွေ ဒီကနေ့ထိ ရှိနေတုန်းပဲ။ တပ်မတော်ကို အချင်းချင်း ယုံကြည်စိတ်ချလို့မရတဲ့အနေအထားနဲ့ မပြိုကွဲအောင် ကြားကန်ထားတယ်။ တစ်ယောက်နဲ့တစ်ယောက် မခွာဝံ့ဘူး။ အမြဲတမ်း သတိအနေအထားနဲ့ နေနေရတယ်။ ဒီအနေအထားကြောင့်ပဲ တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေ ဖင်တောင်မပူသေးဘူး တစ်နယ်ပြီး တစ်နယ် ထပြောင်းနေရတာပေါ့။

ဒီလိုအင်အားနဲ့ တည်ဆောက်ထားတဲ့ နအဖနဲ့ ယုံကြည်မှုတည်ဆောင်ချင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိသေးတယ်။ လေ့လာမိသလောက် အပြင်ပန်းက မာနေပေမယ့် အတွင်းသဘောမှာ ကေအဲန်ယူလည်း ပျော့ချင်နေတယ်။ ဒါကို နအဖကလည်း သိနေတယ်။ ကေအဲန်ယူကိုကိုင်ဖို့ ဒီကေဘီအေနဲ့ ကေအဲန်ယူခွဲထွက် အဖွဲ့တွေ ရှိပြီးသား၊ သူတို့ဆီ ရန်သူရောက်ဖို့ အဝေးကြီးလိုသေးတယ်။ တိုင်းရင်းသားတွေ ကြားမှာ သပ်လျှိုမှုတွေလည်း လုပ်တယ်။ အမျိုးသားရေးစိတ်ပြင်းထန်တဲ့ တိုင်းရင်းသား တွေဟာ နအဖအကွက်ထဲ ၀င်ကုန်တယ်။

နအဖရဲ့နောက်ထပ်တိုက်ကွက်တစ်ခုမှာ ဒီမိုကရေစီအင်အားစုတွေနဲ့ ကုလသမဂ္ဂကို ရန်တိုက်ပေးခြင်း ဖြစ်တယ်။ အစွန်းရောက်ဒီမိုကရေစီဘက်တော်သားတွေကို အသုံးချပြီး သဘောထားပျော့ပျောင်းတဲ့လူတွေကို ဆွဲထုတ်ခြင်းပင် ဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေမှာလည်း နအဖကို အများကြီး အထောက်အကူပြုနေတယ်။ ဒီမိုကရေစီအင်အားစုတွေမှာ ၀ါဒရေးရာနဲ့ တိုက်ပွဲ အသွင်သဏ္ဍာန်မတူညီမှု၊ တိုင်းရင်းသားတွေမှာ နယ်မြေထပ်မှုနဲ့ သမရိုးထက်ကျော်လွန်သော အမျိုးသားရေးမျှော်မှန်းမှုတို့မှာ နအဖအတွက် ထိုးဖောက်ဖို့ ကွက်လပ်များ ဖြစ်နေတယ်။ ဒီအချက်တွေကိုပဲ အမိအရကိုင်ပြီး လာရောက်သမျှ နိုင်ငံခြားသံတမန်တွေကို ခင်းကျင်းပြသလေ့ ရှိတယ်။

ကုလသမဂ္ဂအထူးသံတမန် မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာပြည်ကို အကောင်းမြင်စေလောက်တဲ့ အနေအထားမှာ ရှိနေတယ်။ လက်နက်နဲ့အုပ်ချုပ်နေတဲ့ မြန်မာပြည်ဟာ သူတို့အာဖရိကနိုင်ငံလောက် မမွဲသေးဘူး။ အာဖရိကမှာ လူကို ပုရွက်ဆိတ်သတ်သလို သတ်နေတယ်။ ရန်ကုန်မှာ သေနတ်သံတစ်ချက်မှ ဂမ္ဘာရီမၾကားရဘူး။ အမ်ားယုံၾကည္မႈတစ္ခုကေတာ့ ဂမ္ဘာရီဟာ လာဘ်ထိုးခံရခြင်းပါ။ ဒီထက် ညစ်ပတ်တဲ့နည်းတွေ နအဖမှာ အများကြီး ရှိသေးတယ်။

မင်္ဂလာဒုံမှာ မွေးထားတဲ့အလှပဂေးတွေ ရာပေါင်းများစွာ ရှိတယ်။ ဒီအလှပဂေးတွေဟာ သံတမန်တွေကို ပြုစုဖို့တာဝန် ယူရတယ်။ ကိုယ်ဖိရင်ဖိ ပြုစုမယ့်သတို့သမီးတွေပါပဲ။ မခိုင်လုံသော သတင်းရပ်ကွက်တွေအရ အမျိုးသားညီလာခံကိုယ်စားလှယ်အချို့လည်း ဒီကျော့ကွင်းကနေ မလွတ်ခဲ့။ ယူဂိုဆလပ်မှာ အင်ဒိုးနီးရှားသမ္မတဆူကာနို ခံရသလိုမျိုး ဂမ်ဘာရီမိသွားယင် နအဖရဲ့အကွက်ပေါ့။

နအဖရဲ့နိုင်ငံရေးကစားကွက်ဟာ ခပ်ညံ့ညံ့ပဲ ဖြစ်တယ်။ ရိုးရိုးနဲ့ရှင်းရှင်း တိုက်ကွက်ဆင်ခြင်းပဲ ဖြစ်တယ်။ နိုင်ငံခြားသံတမန်တွေအနေနဲ့ သူတို့ကို ခပ်အအသဘောမျိုးထင်အောင်လည်း နေတတ်တယ်။ ဒီကောင်တွေဆီက ပိုက်ဆံအိတ်ကို လိမ်စားလို့ရတယ်လို့ အိမ်နီးချင်းတွေထင်လောက်အောင်လည်း နေပြတတ်တယ်။ နအဖဟာ သူ့ပြည်သူပြည်သားတွေကို အပေါ်စီးကကိုင်နေပေမယ့် သံတမန်တွေကို အောက်ကြေးနဲ့ရိုက်ပါတယ်။ ဒီလူတွေကို တဖြည်းဖြည်းချင်း ချော့ယင် ရနိုင်ခြေရှိတယ်လို့ ထင်ရအောင်လည်း မူတတ်တယ်။ ခင်ညွန့်တုန်းက မူလွန်းလို့ အချောက်ပုံတောင် ပေါက်နေခဲ့သေးတယ်။

အကြမ်းဖျင်းအားဖြင့် သုံးသပ်ရယင် အတိုက်အခံတွေက သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ ကြားဖြတ်အစိုးရတည်ထောင်ရေး၊ အနိုင်ရပါတီက လွှတ်တော်ခေါ်ရေး၊ အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေး၊ အသွင်ကူးပြောင်းရေး၊ ဗိုလ်ချုပ်တွေ စစ်တန်းလျားပြန်ရေး (၆) ချက် ကို အသေပိတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲထွက်ပေါက်ကိုပဲ နအဖက ပေးထားတယ်။ အဲဒီ ထွက်ပေါက်ကလည်း သူတို့မြုံးထဲဝင်မိတဲ့အဖြစ်မို့ အလွန်အန္တရာယ်များတဲ့အခြေအနေပဲ ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ တစ်ခုတည်းသောထွက်ပေါက် ဖြစ်ကြောင်း အများထင် အောင်လည်း နအဖက စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်နေတယ်။ ဘယ်အဖွဲ့၊ ဘယ်ပါတီ ကစပြီး ရွှေ့လာမလဲ စောင့်ကြည့်အကဲခတ်နေတဲ့အဆင့်လို့ ဆိုရမယ်။ ရွေးကောက်ပွဲမှာ ၁၉၉၀-တုန်းကလို ပါတီပေါင်းရာချီ ပေါ်ထွက်လာယင် နအဖအတွက် မုတ်ဆိတ်ပျားစွဲကိန်း ဆိုက်ဦးမှာပါ။

ဒီမိုကရေစီအင်အားစုတွေနဲ့တိုင်းရင်းသားအင်အားစုတွေဟာ ဒီအပေါက်ကို မ၀င်မိဖို့ အရေးကြီးသလို ဒီတစ်ခုတည်းသော နအဖထွက်ပေါက်ကိုလည်း ပိတ်နိုင်အောင် ဆောင်ရွက်သင့်တယ်။ ဒီထွက်ပေါက်ကို မပိတ်နိုင်ရင်၊ သို့မဟုတ် မြုံးသွင်းခံရယင် ကျန် (၆) ပေါက်လည်း ပိတ်သွားမယ့်သဘောပဲ။
ဒီအခြေအနေမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဘုံရန်သူ နအဖကို ရင်ဆိုင်ဖို့ စုစည်းညီညွတ်သင့်ပြီ။ နအဖရဲ့အခြေခံဥပဒေကို အံတုနိုင်တဲ့ အခြေခံဥပဒေတစ်ခု လိုအပ်နေပြီ။ နိုင်ငံတကာမှာ နအဖကို ရင်ဆိုင်နိုင်တဲ့၊ ရင်ဆိုင်ဝံ့တဲ့ စင်ပြိုင်အစိုးရတစ်ခု လိုအပ်နေပြီ။

ဒီအစိုးရယန္တရားလည်ပတ်နိုင်ဖို့ စင်ပြိုင်တပ်မတော်တစ်ခု တည်ဆောက်ဖို့ လိုအပ်နေပြီ။ တိုင်းရင်းသားတွေရဲ့အားနဲ့ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရယူခဲ့သလို ဒီတစ်ချီမှာလည်း တိုင်းရင်းသားတို့ရဲ့အင်အားနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ဒုတိယအာဇာနည်တစ်ဦး လိုအပ်နေပါပြီ။ လွတ်လပ်ရေးရယူတုန်းက အပြန်အလှန်ယုံကြည်မှုအရ ခွဲထွက်ခွင့်ကိုတောင် လိုက်လျောခဲ့တယ်။ ဒါပေမယ့် ဘယ်တိုင်းရင်းသားတွေကမှ ခွဲထွက်မယ်လို့ မပြောခဲ့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုပဲ တောင်းဆိုခဲ့ခြင်း ဖြစ်တယ်။

ဒီတော့ကာ လက်ရှိနအဖကို အံတုနိုင်တဲ့ အခြေခံဥပဒေလို့ဆိုရင် ဖက်ဒရယ် ပြည်ထောင်စုဥပဒေပဲ ဖြစ်မယ်။ လက်ရှိနအဖကို ရင်ဆိုင်နိုင်တဲ့ စင်ပြိုင်အစိုးရလို့ဆိုရင် ဖက်ဒရယ်စင်ပြိုင်အစိုးရပဲ ဖြစ်မယ်။ လက်ရှိနအဖလက်ကိုင်တုတ်တပ်မတော်ကို ထိုးစစ်ဆင်ဖို့ ဖက်ဒရယ်တပ်မတော်တစ်ခု လိုအပ်မယ်။ နယ်စပ်တလျှောက်လုံးမှာ ရှိနေတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေမှာ အင်အား (၅)သောင်းကျော် ရှိတယ်။

ကျောင်းသားတပ်မတော်အင်အားနဲ့ပေါင်းပြီး ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရင် ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဒီအချက်ကို အကောင်အထည်ဖော်နိုင်ယင် အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့အာရုံကို အများကြီးဆွဲဆောင်နိုင်မှာ ဖြစ်တယ်။ ဖက်ဒရယ်အစိုးရ တရားဝင်ကြောင်း ပြည်တွင်းခေါင်းဆောင်တွေ ထောက်ခံမှုရရင် ပြည်တွင်းမှာရော ကုလသမဂ္ဂမှာပါ နအဖနေရာကို ၀င်လုလို့ရနေပြီ။

ဝေဖန်လိုတာက ပြဿနာကို ဖြေရှင်းလိုရင် ပြဿနာကို ခွဲခြမ်းစိတ်ဖြာတတ်ရမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့နိုင်ငံရေး ပြဿနာပါ။ လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို တစ်စေ့တစ်စောင်း အကဲခတ်ကြည့်ရင် နယ်နိမိတ်ပြဿနာနဲ့ မျိုးနွယ်စုပြဿနာ ဒီစစ်အေးလွန်ပြဿနာနှစ်ရပ်အပြင် မြန်မာပြည်လွတ်လပ်ရေးရကတည်းက ဘယ်အချိန်ဘယ်အခါမှ မဖြေရှင်းရသေးတဲ့ အမျိုးသားရေးမူဝါဒပြဿနာလည်း ပင်ကိုယ်အတိုင်း တည်ရှိနေသေးတယ်။ နှစ်ပေါင်း (၆၀) ကြာမြင့်ခဲ့လို့လည်း ပဋိပက္ခများလည်း အမြစ်တွယ်နေပါပြီ။

မြန်မာပြည်သမိုင်းမှာ သွေးထွက်သံယိုနည်းနဲ့ အသွင်ကူးပြောင်းခဲ့တာပဲ များတယ်။ ဒါကို သင်ခန်းစာယူပြီး အကြမ်းမဖက် မေတ္တာလက်နက်နဲ့ အသွင်ကူးပြောင်းစေရမယ်လို့ အားခဲခဲ့တဲ့၊ နအဖကို အံတုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း နှစ်ပေါင်း (၂၀) သာ ကြာခဲ့တယ်၊ အောင်မြင်မှုအရိပ်အရောင် အခုထိ မမြင်သေးဘူး။ သမရိုးကျနည်းနဲ့ နအဖကို တိုက်လို့မရတော့ဘူးဆိုတာ နားလည်သင့်ပြီ။ ဒါကြောင့်ပဲ နအဖကို သွေးတိုးစမ်းတဲ့အနေနဲ့ ဒီအပတ်ထဲမှာပဲ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ထောမွန်က ဂျပန်ကို သွားပြီး လူလုံးပြခဲ့ တယ်။ ဒါဟာ နိုင်ငံရေးကစားကွက်တစ်ခု ဖြစ်ကြောင်း သိသာတယ်။

တိုက်ပွဲအသွင်သဏ္ဍာန်ပြောင်းလာနိုင်တယ်လို့ နအဖကလည်း တွက်ချက်ပြီးသား ဖြစ်နေမယ်။ သိလို့လည်း စစ်ထွက်တွေကို တိုင်းရင်းသားနယ်မြေထဲ စိမ့်ဝင်စေပြီး အဓိကရုဏ်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်။ မြန်မာပြည်နိုင်ငံရေးပြဿနာကို ဘာကြောင့် ဖြေရှင်းရခက်သလဲ။ ပြဿနာကို ကိုယ်တိုင်ဖန်တီးပြီး ပြဿနာထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတဲ့ ခေါင်းဆောင်တွေက ပြဿနာကို လုံးဝမဖြေရှင်းချင်လို့ ဖြစ်ကြောင်း နိုင်ငံရေးသုတေသီတွေ သဘောပေါက်ကြတယ်။ ဒါဆို ငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေသေးတယ်လို့ ဆိုရမယ်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့က ဗမာတွေကို ပြန်ကိုင်ဖို့ လိုအပ်တဲ့အချိန်မှာ တိုင်းရင်းသားတွေကို အသုံးချလေ့ရှိတယ်။ ဖဆပလခေတ်ကတည်းကစပြီး နအဖခေတ် အဆုံးပါပဲ။ ယခုအချိန်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၁၇) ဖွဲ့စာရင်းကို ပြပြီး ဒီမိုကရေစီသမားတွေကို လှုပ်လို့မရလောက်အောင် ကိုင်တွယ်နိုင်ခဲ့ တယ်။ ဒီမျှ အကျိုးပြုခဲ့တဲ့ ဒီတိုင်းရင်းသားအဖွဲ့တွေဟာ အမျိုးသားညီလာခံမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဘာမှ ပြောပိုင်ခွင့် မရှိခဲ့ဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မစုစည်း မိအောင်လည်း သတိအနေအထားနဲ့ နအဖက စောင့်ကြည့်နေခဲ့တယ်။

ဒီနိုင်ငံရေးအလှည့်အပြောင်းမှာ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေက အခရာကျပြီး နိုင်ငံရေး ပါရမီရှိမှု၊ ပါးနပ်မှု၊ နအဖရဲ့တိုက်ကွက်ကို တွက်ချက်နိုင်မှုတို့နဲ့ ပေါင်းစပ်နိုင်ရင် နအဖတို့အတွက် အန္တရာယ်များနိုင်တယ်။ နအဖတို့အနေနဲ့ ရန်သူလို့ ပြောင်သတ်မှတ်ထားတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိတ်တဆိတ် သတ်မှတ်ထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲထွက်ပေါက်တစ်ပေါက်ထဲ ပေးထားတဲ့အတိုင်း သူတို့အတွက်လည်း ဒီတစ်ပေါက်ပဲ အသက်ရှုလို့ရမယ့်အနေအထား ဖြစ်နေတယ်။ ဒီ ၂၀၁၀ တိုက်ကွက်မှာ နှစ်ဦးနှစ်ဖက် ၅၀% စီပဲ အသာစီးရနိုင်မယ်။ ကြံ့ဖွံ့နဲ့စွမ်းအားရှင်အားကိုးနဲ့ နအဖကြိမ်းနေပေမယ့် ဒီအင်အားစုတွေက သူတို့သခင်တွေကို သိပ်ပြီးသစ္စာရှိလှတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ အချိန်မရွေး နအဖက ကိုယ့်ရှူးကိုယ်ပတ်နိုင်တဲ့ အနေအထား ဖြစ်တယ်။ ဒီလိုအနေအထားမျိုးဖြစ်ပေါ်လာအောင်…

၁။ တွေ့ဆုံဆွေးနွေးရေးအမြင်တွေ ကြံ့ဖွံ့၊ စွမ်းအားရှင်အပါအ၀င် တပ်မတော်သားများ အားလုံး သိရှိသဘောပေါက်လာစေရန် ၀ါဒဖြန့်နိုင်ရမယ်။ ပြည်သူတွေနဲ့တပ်မတော်ကြား ရန်တိုက်ပေးနေမှုကိုလည်း လှည်းနေလှေအောင် မြင်းစောင်းမကျန် ပြည်သူပြည်သားများနဲ့ တပ်မတော်သားများ သဘောပေါက်လာကြရန် ဘက်ပေါင်းစုံ ရှင်းပြနိုင်ရမယ်။

၂။ ကုလသမဂ္ဂနဲ့အာဆီယံကို အသုံးချပြီး သံတမန်ရေးရာချဲ့ထွင်နေမှုကို ရပ်တန့်စေအောင် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးနဲ့ ဒီမိုကရေစီဘက်တော်သားများပူးပေါင်းကာ ဖက်ဒရယ်အစိုးရတစ်ရပ် ထူထောင်ပြီး နအဖရဲ့တရားဝင်မှုကို စိန်ခေါ်ရမယ်။

၃။ စစ်အစိုးရနဲ့ တစ်ဖွဲ့ချင်း ဘယ်တော့မှ မဆွေးနွေး၊ ဖက်ဒရယ်စင်ပြိုင်အစိုးရအနေနဲ့သာ ဆွေးနွေးရမယ်။

Sunday, February 22, 2009

အများပြည်သူမြင်ကွင်းမှာဗျာ....



ဇိုင်ရယူရန်

တကယ်တော့ဒီရှိုးပွဲဟာ၁၈နှစ်အထက်သာကြည့်သင့်တဲ့Indoor private show တခုပါ။
ဒါပေမဲ့ဒီလိုပွဲမျိုးကိုမန္တလေးက78 shopping mall အတွင်းလူမြင်ကွင်းမှာညှပြတဲ့အကွက်တွေ
နဲ့တင်ဆက်နေတာကိုထိုင်ကြည့်ရပ်ကြည့်နေသူအများစုက၁၈နှစ်အောက်တွေပါ။၁၂နှစ်
အရွယ်အကျီ င်္အဖြူလေးနဲ့ကောင်လေးတယောက်ထိုင်ကြည့်နေတာပါတွေ့ရပါတယ်။
ဒီဖက်နိုင်ငံတွေမှာအ၀တ်အစားဖက်ရှင်ရှိုးတွေပြတာမှာယောကျာင်္းလေး၊မိန်းကလေးတွဲ
ထွက်တာရှိပေမယ့်ကောင်မလေးပေါင်ကိုပွတ်ပြခါပြတာတို့တော့မရှိပါဖူး။
နအဖဟာသူတို့ကိုထိခိုက်မဲ့အပြုအမူအရေးအသားတင်ဆက်မှုတွေကိုမှတ်ကျောက်အ
တင်မခံရဲဘဲနှိမ်နင်းသလောက်၊သူတို့ကိုမထိခိုက်ပဲပြည်သူနဲ့အခုလိုအမျိုးကောင်းသား
သမီးငယ်လေးတွေအရွယ်မရောက်ခင်၊စဉ်းစဉ်းစားစားနဲ့မတွေးခေါ်နိုင်မှီအတုခိုးလမ်းလွဲ
ရောက်နိုင်မဲ့ကိစ္စတွေကိုလက်လွတ်စပယ်ထိုင်ကြည့်နေတာဟာ(အမျိုးဂုဏ်ဇာတိဂုဏ်
မြှင့်တင်ရေး
)ဆိုတာတရုတ်ကုလားမယားငယ်ဖြစ်တာကိုပြောတာလားမေးရမလောက်ပါပဲ။ ။

ဒီမှာလည်းကြည့်လို့ရပါတယ်

သန်းရွှေ၊မောင်အေးဖြုတ်ချရေးစီမံချက်