Friday, March 20, 2009

နှစ်ရှည်ထောင် ဒဏ်ချမှတ်ခြင်းခံရသည့် ဇာဂနာ ၏ မိခင် ဒေါ်ကြည်ဦး အသက် ၈၄ နှစ်တွင် ကွယ်လွန်


(မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းရဲရင့်ငယ်ဘလော့မှမှတ်တမ်းတင်အပ်ပါသည်။)
March 20, 2009 · ၂၀ မတ် ရန်ကုန်။ ။တင်ကျော်ကျော်စိုး၊ဟိန်းမင်း
နိုင်ငံကျော်လူ ရွှင်တော်တစ်ယောက်ဖြစ်သောကြောင့်မိခင်ကြီး၏ ဈာပနကို လိုက်ပါပို့ ဆောင်ခွင့်ရ ရန်ဇာဂနာ အခွင့်အရေးရ မရမှာမသေချာသေးပေ။မြစ်ကြီးနားထောင် တွင်ထောင်ဒဏ် နှစ်ရှည်ချမှတ်ခြင်းခံထား ရသည့် လူရွှင်တော် ဇာဂနာ ၏ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦး မှာ ယနေ့  ည ၈း၄၅ မိနစ် အချိန် ခန့် က အသက်၈၄ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့သည် ဟု သတင်းရရှိသည်။လွန်ခဲ့ သည့်လအနည်းငယ် ကပင်ကျန်းမာရေးချို့ ယွင်းနေသည့် ဒေါ်ကြည်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သည်းခြေအိတ်ကင်ဆာရောဂါကြောင့် ယခုလ ၆ ရက်နေ့ တွင်ဗဟိုရ် စည်ဆေးရုံဉ်တက်ရောက် ကုသခံခဲ့ရသည်။
ဒေါ်ကြည်ဦး ၏သားဖြစ်သူ ကိုဇာဂနာ မှာ ၂၀၀၈ ခုနှစ်ဇွန်လ က နာဂစ်မုန်တိုင်းသင့်ဒေသများတွင်သွားရောက်ကူ ညီကယ်ဆယ်မှုများကြောင့် ထောင်ဒဏ် ၅၉ နှစ်ပြစ်ဒဏ် ပေးခံရပြီး ဖေဖေါ်ဝါရီလက ၂၄ နှစ်လျှော့ ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅ နှစ်ကျခံရမည်ဖြစ်သည်။ယခင်နှစ် ဒီဇင်ဘာလက ကို ဇာဂနာ မြစ်ကြီးနားထောင် သို့ ပြောင်းရွှေ့ ပြီးနောက်ပိုင်း မိသားစုကထောင်ဝင်စာလိုက် တွေ့ ရာ တွင် ထောင်အာဏာပိုင်များ ကပေးမတွေ့ သည်မှ စ၍ မိခင်ဒေါ်ကြည်ဦးမှာ စိတ်ထိခိုက်၍ အစားအသောက်ပျက်ရာမှ အိပ်ရာထက် ဘုံးဘုံးလဲခဲ့ရသည်။ဒေါ်ကြည်ဦးကျန်းမာရေး မကောင်းစဉ်ကတည်း က ပြည်ထဲရေးဝန်ကြီးဌာန (အကျဉ်းဦးစီဌာန)နှင့် မြစ်ကြီးနား ထောင်ပိုင်တို့ ထံ မိခင်နှင့် တွေ့ ခွင့်ပေးရန်တောင်းခံထားသော်လည်း အာဏာပိုင်များက လျှစ်လှုရှုခဲ့သည်။ဒေါ်ကြည်ဦး၏ ခင်ပွန်းဖြစ်သူ နန်းညွန့်ဆွေမှာ ထင်ရှားသောစာရေးဆရာကြီးတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမျိုးသားနေ့ အကြောင်း ဟောပြောခဲ့သောကြောင့် စာပေရေးသားခွင့် ပိတ်ပင်ခံနေရသူဖြစ်သည်။မြစ်ကြီးနားထောင် တွင်းရှိကိုဇာဂနာ မှာ မိခင်ဖြစ်သူ၏ ဈာပန အခမ်းအနားကို လိုက်ပါပို့ ဆောင်နိုင်ရန် သက်ဆိုင်ရာက ခွင့် ပြုမပြုမှာမသေချာသေးဟု မိသားစုဝင်များနှင့် နီးစပ်သူများမှ တစ်ဆင့်သိရသည်။

ဇာဂနာ့ မိခင် ဒေါ်ကြည်ဦး ကွယ်လွန်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မတ်လ 20 2009 21:56 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှုပြုရင်း အဖမ်းခံရသူ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးမှာ ယနေ့ညတွင် ကွယ်လွန်အနိစ္စ ရောက်သွားသည်။သည်းခြေပြွန်လမ်းကြောင်းတွင် ကင်ဆာဖြစ်ပွား၍ ဝေဒနာခံစားနေရသူ အသက် ၈၃ နှစ်အရွယ် စာရေးဆရာမကြီးသည် သောကြာနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။သူမ အသည်းအသန် နာမကျန်း ဖြစ်နေသော်လည်း မြစ်ကြီးနား အကျဉ်းထောင်ရှိ သားဖြစ်သူ စိတ်မကောင်းမှာစိုး၍ အသိမပေးဘဲ ထားစေခဲ့သည်။”ကိုဇာဂနာသိရင်တော့ အရမ်း ဝမ်းနည်းသွားမှာပဲ၊ ကျမတော့ ထောင်အာဏာပိုင်တွေကနေတဆင့် သူ့ဆီရောက်အောင် အကြောင်းကြားခိုင်းလိုက်ပြီ” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမ သို့ ပြောသည်။
ဘီလင်းမြို့ ဇာတိဖြစ်သော ဆရာမကြီးသည် စာပေလောကသို့ ငယ်ရွယ်စဉ်ကပင် ဝင်ရောက်ခဲ့ပြီး ”မေ့ရက်တဲ့ မောင်”၊ ” ရှေးရိုးစဉ်လာ မြန်မာမှုများ”၊ အလောင်းတော်ကဿပသွား တောလား”၊ ” ဗုဒ္ဓဂါယာ ၂၁ ရက် ခရီးစဉ်”၊ ” ဝိသာခါ ဒေဝီ” တို့အပါအဝင် စာအုပ်များနှင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွရာတွင် ဟောပြောမှု ကိုယ်တိုင်ပြုလုပ်ခဲ့ရာ အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှု ခံခဲ့ရဖူးသည်။ကွယ်လွန်ခါနီးအထိ ထောင်ကျနေသော သားဖြစ်သူကို တွေ့လိုဇောပြင်းပြခဲ့ပြီး ”သား (ကိုဇာဂနာ) စိတ်နဲ့ပဲ ဆုံးသွားတာဟု” သားဖြစ်သူ ကိုတေဇက ပြောသည်။ရေပန်းစားသော ဟာသများကို ပြောင်မြောက်စွာ ဖန်တီးခဲ့သော ကိုဇာဂနာမှာ အီလက်ထရောနစ်အက်ဥပဒေ၊ နိုင်ငံတော် လုံခြုံရေးနှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။
နိုင်ငံရေးစိတ်ပြင်းထန်သော သားဖြစ်သူကို စစ်အစိုးရက အကြိမ်ကြိမ် ထောင်ချခဲ့သော်လည်း ဆရာမကြီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သတင်း မီဒီယာများကို မေးသည်ကို ရဲဝံ့စွာ အစဉ်အမြဲ ဖြေကြားခဲ့သူ ဖြစ်သည်။ဆရာမကြီး၏ ဆန္ဒအရ ရုပ်အလောင်းကို မနက်ဖြန် စနေနေ့တွင် သဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။
ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ၊ သားများဖြစ်သော ကိုတေဇ နှင် ကိုဇာဂနာတို့ ကျန်ရစ်သည်။

0 အကြံပြုခြင်း: