Sunday, May 31, 2009

Daw Aung San Suu Kyi's International Awards, Honors & Appointments

Photobucket
1. Honorary Fellow St Hugh's College (Oxford, UK) 1990
2. Thorolf Rafto Human Rights (Norway) 1990
3. Sakharov Freedom of Thought (European Parliament) 1991
4. Nobel Peace Oslo, Norway 1991
5. Honorary Member International PEN (Norwegian Center) 1991
6. Humanities Human Rights Award (USA) 1991
7. Honorary Member International PEN (Candian Center) 1991
8. Marisa Bellisario Price Italy 1992
9. Annual Award of the international Human Rights Law Group (USA) 1992
10. Honorary President Students' Union London School of Economics and Political Science ( UK ) 1992
11. Honorary Member International PEN (English Centre) 1992
12. Honrary Life Member University of London Union (UK) 1992
13. Honorary Professional Fellowship Law and Society Trust (Sri Lanka) 1992
14. Honorary Doctorate in Political Science Thammasat University (Thailand) 1992
15. International Simon Bolivar prize UNESCO 1992
16. Prix Litteraire des Droits de l'Homme Nouveaux Droits de l'Homme, France 1992
17. Honorary Member World Commission on Culture and Development (UNESCO) 1992
18. Member Academie Universelle des Cultures (Paris) 1993
19. Rose Prize arbejderbevaegelsens Internationale Forum/International Forum of the Danish Labour Movement, Copenhagen 1993
20. Victor Jara International Human Rights Center for Human Rights and Constitutional Law, Los Angeles, USA 1993
21. Member of the Advisory Board Francois-Xavier Bagnoud Center for Health and Human Rights, Harvard University 1993
22. Honorary Doctorate of Law University of Toronto (Canada) 1993
23. The Freedom of the City Commune of Giugliano, Italy 1993
24. Bremen Solidarity City of Bremen, Germany 1993
25. Premio Mujer Progresista (Federacion Mujeres Progresistas / Spanish Federation of Progressive Women, Madrid) 1993
26. Honorary Doctorate Philosophy & Letters, Free University of Brussels 1994
27. Honorary Adviser Forum of Democratic Leaders in the Asia-Pacific 1994
28. The Freedom of the City Aversa, Italy 1995
29. Liberal International Prize for Freedom Britanints Liberal Democracy Party, UK 1995
30. Honorary Doctorate of Laws Queen's University, Canada 1995
31. Jawaharlal Nehru Award for International Understanding (for 1993) India 1995
32. Gandhi Award Simon Fraser University, Canada 1995
33. Honorary Doctorate of Civil Law University of Oxford 1995
34. IRC Freedom Award International Rescue Committee 1995
35. Companion of the Order of Australia Australia 1996
36. Liberal International Prize (UK) 1996
37. Asia Human Rights of Law (Japan) 1996
38. W.Averell Harrimen Democracy Award National Democratic Institute U.S.A 1996
39. Rajiv Shmirti Parashka [Rajiv Gandhi Memorial Award] India 1996
40. Empty Chair Award Women of the Year Lunch, London, UK 1996
41. Honorary Doctorate of Law Charles University in Prague, Czeeh Republic) 1997
42. Honorary Doctorate of Letters Sydney University of Technology, Australia 1997
43. Honorary Doctorate of Letters California Chapman University, U.S.A 1997
44. Honorary Doctorate of Law Natal University, South Africa 1997
45. Honorary Doctorate of Law America University,Washington D.C, U.S.A 1997
46. Distinguished Alumni Award Central University / Delhi University 1997
47. Honorary Citizenship of Rome (Italy) (May 23,1997) 1997
48. Honorary Doctorate of Letters Glasgow University (UK) 1997
49. Pearl S. Buck Woman's Award Pearl S. Buck Foundation (USA) 1997
50. International Award St. Angela's Peace and Justice Group, Waterford (Eire) 1997
51. Profiles in Courage Award Kennedy Society of Denmark 1997
52. Honorary Doctorate Cambridge University (June 1998) 1998
53. Freedom of the City (Oxford, UK) 1998
54. Honorary Doctorate of Laws University of Wales, Cardiff 1998
55. Honorary Doctorate of Laws University of Bristol (UK) 1998
56. Honorary Doctorate of Laws University of Melbourne (Australia) 1998
57. Honorary degree Université catholique de Louvain, Belgium - December 1998
58. Honorary Degree University of Bath (UK) - December 1998
59. Honorary Degree Bucknell University - May 1999
60. Freedom Award International Republican Institute, USA (October 1999) 1999
61. The Freedom of the City of Dublin Award Ireland (November 1999) 1999
62. 2000 CAW Nelson Mandela Human Rights Award Canada (December 2000) 2000
63. Presidential Medal of Freedom Award U.S.A. (December 2000) 2000
64. Collage United Nations Prize 2001 Germany (June 2001) 2001
65. International Social Welfare Prize University of Southern CaliforniaSchool of Social Work- (December 8) 2001
66. Al Neuharth Free Spirit Award U.S. Foundation, Washington, USA 2003
67. MTV Humanitarian Award, "Free Your Mind" MTV Europe, EDINBURGH, UK 2003
68. The 2004 TIME 100, The most influential people in the world today TIME Magazine 2004
69. Kwangju Human Rights Award May 18 Memory Foundation from South Korea 2004
70. TIME's Asia's Hero 2004 TIME MAGAZINE 2004
71. The Honorary Citizen of Paris France 10/12/2004
72. Honorary Doctorate in Politics, Philosophy and Economics Rangsit University, Thailand 13/12/2004
73. Outstanding Women in Buddhism United Nations Gender and Religious department 8/03/2005
74. Honory Degree in Political Science Thammasat University, Thailand 19/06/2005
75. Freedom of the City Award The City Council of Edinburgh, Scotland 16 /06/ 2005
76. Freedom of Galway City Galway city, Ireland June 2005
77. UNISON Honorary Membership UNISON, Britain's largest trade union, June 2005
78. Olof Palme Prize Sweden, February 2006
79. Freedom Award Franklin and Eleanor Roosevelt Institute, USA March 2006
80. New Statesmen Magazine Hero New Statesmen Magazine, May 2006
81. Netaji Subhas Chandra Bose International Deshprem Award, India, 2007
82. Award from University of Cape Town, South Africa

ဒီပဲယင်းလူသတ်ခေါင်းဆောင်

Photobucket
စိုးဝင်းတပည့်သန်းဟန်အရပ်ဝတ်ဖြင့်အနီးကပ်လုပ်ကြံသည်။

Photobucket
နောက်တနေ့ တွင်ပြည်သူအချင်းချင်းခိုက်ရန်ဖြစ်ပွားသည်ဟုသာသတင်းစာတွင်ပါသည်။အာဇာနည်လူငယ်များအသက်ပေးကာ
ကွယ်မှုကြောင့်သာဒေါ်စုအသက်ချမ်းသာရာရခဲ့သည်။အခုလည်းဖျာပုံထောင်ကို၅နှစ်ပို့ပြီးမျက်ကွယ်တွင်လုံးပါးပါးအောင်
ညှင်းသတ်ရန်သန်းရွှေကြံစည်နေသည်။ယုတ်မာမှုသရဖူဆောင်းထားသောသန်းရွှေနှင့်ကြိုင်ရွှေမဘုရားထီးတင်ရန်မရဲတော့ပြီ၊
ဘုရားမြိုမှာစိုးလို့ဖြစ်သည်။

“ကယားပြည်နယ်၊ လွိုင်ကော် နိုင်ငံရေး အကျဉ်းသားများ ပေးစာ”

ဒု-ထောင်မှူး သန်းကျော်သင့်သည် ထောင်းတွင်း ကိစ္စအ၀၀ပေါ် စိုးမိုးချယ်လယ်၍ လဒ်ပေးလဒ်ယူမှုများ၊ အကျဉ်း သားများအား အတင်းအ ဓမ္မစေခိုင်းစေမှုများပြုလုပ်လျှက်ရှိပါသည်။ ထိုကြောင့် လွိုင်ကော် အကျဉ်း ထောင်တွင် ဖြစ်ပျက်နေ သော ကိစ္စအ၀၀ကို အထက်လူကြီးမင်းမျာင်းနှင့် သက်ဆိုင်ရာများ သိရှိစေရန် တင်ပြအပ်ပါသည်။
၁) လွိုင်ကော် အကျေဉ်းထောင်တွင် အကျဉ်းသားများအား ပြင်ပဧည့်တွေများလာလျင် မိသားစုဝင်များ သာတွေ့ရန်၊ ပုံစံ (၁၀) ပါ မိသားစုဝင်များသာလျင် တွေ့ခွင့်ပေးရန် စသည်ဖြင့် ထောင်အာဏာပိုင်က မတရား အမိန့်ချထားသည်။ သို့သော် ထောင်းမှူး၊ ထောင်ပိုင်များ လာဒ်စားလိုချင်သောကြောင့် ယခုလို ပြုလုပ်ခြင်း သားဖြစ်သည်။ အကျိုးဆက်အားဖြင့် မိသား စုနှင့် ဝေးလံသူ (အကျဉ်းသား)၊ ပုံစံ (၁၀) မရှိသူ (အကျဉ်း သားမိသားစု) လာဒ်မထိုး နိုင်သူသော အကျဉ်းသား မိသားစု တို့သည် ထောင်ဝင်စားမရဘဲ အကျဉ်း သားများ စားစရာ/ စားသောက်စရာ ပေးခွင့်များ၊ ကျန်းမာရေး၊ လူမှုရေး မေးမြန်းခွင့် များစသော အခွင့်အရေး များကို ဆုံးရှုံးခဲ့ရပါသည်။ မေလ၊ (၁၇) ရက်၊ ၂၀၀၉ ပုံစံ (၁၀) မရှိဘဲ ထောင်ဝင်စာ ရအောင် ဆိုပြီး ကျပ် (၂၀၀၀၀) ပေးပြီး လဒ်ထိုးခဲ့သောကြောင့် လွတ်လပ်စွာ တွေ့ခွင့်ရခဲ့သည်။
၂) ထိုနည်းတူ ဦးဝင်စက် ခေါ် အကျဉ်းသားတဦးသည် ထောင်ဝင်စာလွတ်လွတ်လပ်လပ် တွေ့နိုင်ရန်အတွက် ဒုထောင်မှူး သန်းကျော်သင့်အား မေလ၊ (၁၄) ရက်၊ ၂၀၀၉ တွင် ငွေ (၁၀၀၀၀) ကျပ်ပေးအပ်ခဲ့ရသည်။ ဦး တင်ဌေးနှင့် ထွန်းထွန်းဝင်းတို့ သည်လည်း အလုပ် မှာ နားနားနေနေ- သက်သက်သာသာရှိရန်အတွက် ဧပြီးလ၊ (၂၈)ရက်၊ ၂၀၀၉ တွင် (၁၀၀၀၀) ကျပ်နှင့် မေလ၊ (၁၃) ရက်၊ ၂၀၀၉ တွင် (၃၀၀၀၀) ကျပ် အသီး သီးလဒ်ထိုးခဲ့သည်။
၃) လဒ်မထိုးနိုင်သူ နိုင်ငံရေးအကျဉ်းသားများတို့သည် သာမန် အကျဉ်းသားများနည်းတူး၊ အလုပ်မလုပ်မနေရ ဆိုပြီး အတင်းအဓမမ္မ အလုပ် လုပ်ခိုင်းနေပါသည်။ နားမကျန်းဖြစ်နေသူ အကျဉ်းသားများ၊ ဖျားနေသော နိုင်ငံရေး အကျဉ်းသားများ ရာဇ၀တ်အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများ မခွဲခြားဘဲ နေ့စဉ် ထောင်တွင်း အလုပ်ကြမ်းကို ဒု-ထောင်းမှူးအာဏာဖြင့် အတင်းအဓမ္မ လုပ်ခိုင်း နေပါကြောင်း တင်ပြချင်ပါသည်။
Khun Po Po.

မေလ၊ ၂၄ ရက်၊ ၂၀၀၉
၁) လွိုင်ကော်ထောင်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ ဆေးဝါးအကူအညီ မရ၊
အခုလောလောဆယ် အချို့ နိုင်ငံရေးသမားတွေ ဆိုးဆိုးရွားရွား ရောဂါဝေဒနာခံစားနေရတယ်၊
၂) Human rights Defender and Protector က ဦးမြင့်အေးမှာ ခါးကိုက်ဝေဒနာ။ သွေး တိုးဆီးချို ဝေဒနာ များ ခံစားနေရတယ်၊
၃) ကိုမြအေး ၈၈ကျောင်းသားခေါင်းဆောင်မှာ မကြာခန ဖျားနေတယ်။
၎) NLD က ဦးသန်းလွင် နဲ့ ကို သီဟအောင် တို့ မှာ မျက်လုံးနဲ့ သွားဘက်ဆိုင်ရာ ရောဂါဝေ ဒနာများ ခံစား နေ ရတယ်။
၅) အဆိုးရွားဆုံးကတော့ ၂၀၀၈ လူထုဆနဒခံယူပွဲတုန်းက ဆန့် ကျင်လှုပ်ရှားခဲ့ပြီး ထောင်ဒဏ် (၃၇)နှစ် စီချခံခဲ့ရတဲ့ လူငယ်သုံးဦးဖြစ်တဲ့ ခွန်းဘီးဒု (ခေါ်) လွီးဇီငြိမ်း၊ ဒိးဒီ နှင့် ကေကော ရီယို တို့ သုံးဦးထဲက ကေကောရီယိုသည် အဆုတ်ထဲရေ၀င် တဲ့ရောဂါကိုခံစားနေရသည်။ (၂၁) ရက်တွင် ထောင်ဆေး ခန်းတွင် ကုသုပေးခဲ့သော်လည်း ရောဂါသက်သာမှုမရှိပါ။ အပြင် ဆေးရုံသို့ သွားရောက်ကုသရန် တောင်းဆိုသော်လည်း သွားကုသခံခွင့်မရရှိပါ၊ (၂၁)ရက်နေ့ တွင် ထောင်တွင်း အကျဉ်းကျခံနေ ရသော ဆရာဝန်တစ်ဦးဖြင့်သာ ကိုယ်ထူ ကိုထ ထောင်တွင်း မှာသာ အဆုတ် ထဲပိုက်သွင်း ရေထုတ် ခွဲစိတ်မှုကိုပြု လုပ်ခဲ့ရပါတယ်။ ကေကောရီယိုရဲ့ မိ သားစုသည် ဆင်းရဲပြီး နေရပ်မှာ လွိုင်ကော် ထောင်နှင့်ဝေး လံသောဒေသဖြစ်သောကြောင့် လာရောက်ကြည့် ရှုနိုင်ခြင်းမရှိပါ။ သူ့ ရဲ့ သူငယ် ချင်းများဖြစ်တဲ့ ခွန်းဘီးဒု(ခေါ်) လွီးဇီငြိမ်း၊ ဒီးဒီ နှင့်အခြားသော အကျဉ်းသားများရဲ့  အကူအညီကိုသာ ရယူနေရခြင်းဖြစ်တယ်။ သူတို့  သုံးဦးကို နိုင်ငံရေး အကျဉ်းသာ များ ကဲ့သို့ဆက်ဆံခြင်းမရှိပဲ။ အခြားသော သာမာန် အကျဉ်းသားများနည်းတူ ဆက်ဆံပါတယ်။ အလုပ် တွေကို လုပ်ခိုင်း ပါတယ်။ အကျဉ်း သားများ။ အခန်းတွင်း လိုအပ်မှုများကို တောင်းပါတယ်။ ၀ယ်ခိုင်း ပါတယ်၊
၆) လွိုင်ကော်ထောင်တွင် မေလလူထုဆန်ဒခံယူပွဲ တွင် no campaign လှုပ်ရှားသော လူငယ် သုံးဦး အပြင် ၈၈ကျောင်းသားခေါင်းဆောင်များနှင့် အခြားသောနိုင်ငံရေး အကျဉ်းသား များ(၈) ဦး စုစုပေါင်း နိုင်ငံရေး အကျဉ်းသား(၁၁)ဦးရှိနေပါသည်၊
၇) ဒုထောင်မှူး သန်းကျော်တင့်သည် လဒ်ပေးလဒ်ယူမှုများ၊ အကျဉ်းသားများအပေါ် အဓမအ လုပ်ခိုင်း စေမှုများ ကို ပြုလုပ်နေပါတယ်။

သံဃာ့သွေးကရေးတဲ့သမိုင်း

Photobucket

“ကြိုင်ကြိုင်တို့ အခြေမခိုင် ယိုင်တော့မယ် ဆိုတာ ဓနုတ် က အဟုတ် သတိပေး”

PhotobucketPhotobucketPhotobucketမေလ ၃၀ ရက်နေ့ ရန်ကုန်တိုင်း ဒလမြို့ နယ်ရှိ ဒေါ်ကြိုင်ကြိုင်စိန်ဖူးတော်တင်ခဲ့သော">စေတီကြီးပြိုကျမှုကြောင့် လူဆယ် ဦးထက်မနည်းသေဆုံးသည် ဟုသတင်းရရှိသည်။အချို့မှာ ဘုရားပြိုအောက်ရှိရင်ပြင်တော်ပေါ်တွင်ပိတ်မိနေပြီးယခု တိုင် ရှာဖွေထုတ်ယူမရသေး ဟု ဂေါပကလူကြီးတစ်ဦးကပြောသည်။(ယခင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ဖြုတ်ချမခံရင် ကလည်း ငှက်မြတ်နားတော် ပြုတ်ကျခဲ့သည်။ဗညားဦး ကို ဗညားနွဲ့ (ရာဇဓိရာင်္ဇ)ပုန်ကန်စဉ်ကလည်း ဗညားဦးကိုယ်တိုင်ကပ်လှုခဲ့သော စိန်ဖူးတော် မြေခခဲ့သည်။Updated 1 ..ဓနုတ် စေတီတော် ၀န်းကျင်ကို စစ်တပ်ကပိတ်ထားပြီး မည်သူမျှ ၀င်ခွင့် မပြုUpdated 2..ဓနုတ်စေတီ တော်ပြိုကျသည့်သတင်းကိုပြည်တွင်း ထုတ်ဂျာနယ် များတွင်ဖေါ်ပြခွင့် မပြုသော်လည်းတွံတေး ရှိဘုန်းတော် ကြီးတစ်ပါးမိန့် ကြားသည်. “ကြိုင်ကြိုင်တို့ အခြေမခိုင် ယိုင်တော့မယ် ဆိုတာ ဓနုတ် က အဟုတ် သတိပေး” ဆိုသော မိန့် မှာချက် ရန်ကုန်တွင် ပျံ့ နှံ့။မေလ ရ ရက်နေ့ က ဒေါ်ကြိုင်ကြိုင် ထီးတော်တင်ကာ ဌာပနာပိတ်ပွဲ ကျင်းပခဲ့သည့် ဒလ မြို့ နယ်ရှိနှစ်၂၃၀၀ သက်တမ်းရှေးဟောင်းသမိုင်းဝင် ဓနုတ် စေတီတော် ကြီးမှာ မေ လ ၃၀ ရက်နေ့ နေ့ လည် ၂ နာရီ အချိန်ခန့် ကစေတီ တော်ကြီး၏ ထီးတော် နေရာမှ စတင်ပြိုကျကာ မိနစ်အနည်းငယ် အတွင်းစေတီ တော်တစ်ခုလုံးပြိုကျပျက်စီးခဲ့သည် ။စေတီတော် ပြိုကျမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိ ခဲ့သော ဒုတပ်ကြပ်တစ်ဦးမှာ ယနေ့ မနက် အစောပိုင်းက ရန်ကုန်ဆေးရုံကြီးအရေးပေါ်လူနာတင်ဌာန တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ထိုဌာနတွင် တာဝန်ကျသော ဆရာဝန် တစ်ဦးက အတည်ပြုပြောကြားသည်။စေတီတော် ပြိုကျမှုကြောင့် လူပေါင်း၅၀ ထက် မနည်းဒဏ်ရာရရှိကာ ဒဏ်ရာရရှိ သော ဧရာဝတီရေတပ်စခန်းမှ တပ်သားများကို အမှတ် ၂စစ်ဆေးရုံ နှင့်ရန်ကုန်ဆေးရုံကြီးအရေးပေါ်လူနာတင်ဌာနများသို့ ပို့ ဆောင်ပေးထားပြီး လုပ်အားပေးအရပ်သားများကိုမူ ဒလ နှင့်တွံတေးဆေးရုံများ သို့ သာတင်ပို့ ထားသည်။ အရပ်သား ဆယ်ဦးထက် မနည်း နှင့် စစ်သားသုံးဦးမှာစိုးရိမ်ရသည့် အခြေအနေရှိသည် ။ဓနုတ်စေတီတောကြီးမှာ ၂၇ .၆ .၂၀၀၆ ခုနှစ်က တစ်ခါပြိုကျခဲ့ပြီး ၊နာဂစ်မုန်တိုင်း တိုက်ခတ်စဉ် အချိန်ကတစ်ခါ နှင့် ယခု တစ်ခါသုံးထပ်မံပြိုကျခြင်းဖြစ်သည်။စေတီတော် မှ ဂေါပက တစ်ဦး၏ပြောပြချက်အရ ထိုစေတီတော်ကြီးကို ထပ်မံတည် ထားသည့် ဟံသာဝတီ မင်း ဗညားဦးမှာ သားဖြစ်သူဗညားနွဲ့  (ရာဇဓိရာင်္ဇ )ပုန်ကန်မှုကြောင့် အရေးမလှဖြစ်နေစဉ် တွင် တစ်ခါပြိုကျသည် ဟုဆိုသည်။ဗညားဦး သည် မဂဒူးတည် ထောင်ခဲ့သော မုတ္တမ နန်းနေရာကို ဟံသာဝတီ သို့ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ဒေါ်ကြိုင်ကြိုင် နှင့် သမီးသုံးဦးစုပေါင်းပြီးထီးတော် တင်ခဲ့သည့် ဓနုတ်စေတီတော်ပြိုကျမှုကြောင်ပြည်သူများက အတိတ်နိမိတ် မကောင်းဟု ယူဆလျှက်ရှိသည်။စေတီတော် ပြိုကျမှုကြောင့် ဒလနှင့်ဓနုတ်စေတီတော် ပြေးဆွဲသော ဒလမြို့ နယ်ရှိကားလိုင်းများကို ပိတ်ထားသည် ဟုသိရသည်။ဓနုတ်စေတီတော် ကြီးကိုထီးတော်တင်သည့်နေ့ ကည်းစစ်ကားက ခရီးသည် တင်ကားကို ၀င်တိုက်မိ၍ ခရီးသည် အများအပြားဒဏ်ရာရရှိခဲ့သည်။ဓနုတ် စေတီတော်ကြီး အနီးတွင်နေ သော ဒေသခံတစ်ဦးကမူ “ဒီတစ်ကြိမ်ပြိုကျတာ အဆိုးဆုံးပဲ ၀ုန်းခနဲ အသံကြီးမည်ပြီး ဖုန်မှုန့် တွေတက်လာတာ မည်းမှောင် နေတာပဲ ”ဟု Freedom News Group သို့ ပြောသည်။
credit to http://longwalktofreedom.wordpress.com/

ယခုလ (၇) ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ထီးတော်တင်ခဲ့သည့် ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဓနုတ်စေတီတော်ကြီး ယမန်နေ့က ပြိုကျသွား သဖြင့် လူပေါင်း (၅၀) ကျော် ဒဏ်ရာပြင်းထန်စွာရရှိပြီး မြေပိနေသူများစွာရှိနေသေးကြောင်း မျက်မြင်သက်သေ များက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီ (၁၅) မိနစ်ခန့်တွင် အဆိုပါစေတီတော်ကြီးသည် လေမတိုက်၊ မိုးမရွာ၊ ငလျင်မလှုပ်ဘဲ ပြိုကျပျက်စီးသွားခြင်းဖြစ်သည်။
စေတီတော်ကြီအနီး ဓနုတ်ကျေးရွာနေ အဖွားအိုတဦးက “ ဖြစ်ပုံက မနေ့က မွန်းလွဲပိုင်း (၂) နာရီလောက်မှာ လေလည်းမတိုက်ပါဘဲနဲ့ ထီးတော်က အရင်ကျိုးကျသွားတယ်။ အဲဒီအချိန်မှာ စေတီကြီးအပြီးသတ် မွမ်းမံရေးအတွက် ငြမ်းတွေပေါ်မှာ အလုပ်လုပ်နေကြသူတွေက ကျိုးကျသွားတဲ့ ထီးတော်ကို ပြန်ပြီးတည့်မတ်ဖို့၊ တခုခုလုပ်ဖို့ ကြိုးစားကြတယ်။ မကြာပါဘူး၊ (၁၀) မိနစ်လောက်ပဲ ရှိတယ်၊ ဝေါကနဲဆိုတဲ့အသံကြီးနဲ့ ဘုရားကိုယ်ထည်ကြီးတခုလုံး ပြိုကျသွားပြီး ပတ်ဝန်းကျင်တခုလုံး ဖုံမှုန့်တွေနဲ့ မှောင်ကျသွားတယ်။ အဖွားအတွက်ကတော့ ကံကောင်းတယ်၊ အလုပ်သွားတဲ့ သားနှစ်ယောက်စလုံး တယောက်ကတော့ ခေါင်းကွဲတယ်၊ တယောက်ကတော့ ပုခုံးမှာပွန်းပဲ့ပြီး ခါးနာသွားတယ်” ဟုပြောသည်။
ဓနုတ်ကျေးရွာမှ စေတီတော်ဂေါပကအဖွဲ့ဝင်ဟောင်းတဦးကမူ ထီးတော်တင်သည်မှာ (၂၃) ရက်သာရှိသေးပြီး စေတီတော်ကြီး ပြိုကျပုံမှာ ဆန်းကြောင်း၊ တည်ဆောက်မှု မကောင်းပါကလည်း တခြမ်းပြိုခြင်း၊ပဲ့ကျခြင်းလောက်သာ ဖြစ်သင့်ကြောင်း၊ ယခုဖြစ်ရပ်သည် အလယ် ပစ္စယံက ပြိုကျခြင်းဖြစ်သည်ဟု ပြောသည်။
စေတီတော်ကြီးပြိုကျပုံကို မြင်တွေ့လိုက်သူတဦး “ပြိုကျတာက နှစ်ဆင့် ပြိုကျတာဗျ၊ ပထမ တုန်းက အပေါ်ကနေ အသံကြီးတခု မြည်တယ်၊ စိတ်ထဲကနေအလိုလို ပြိုကျမယ့်အသံ မျိုးလို့သူတို့သိကြတယ်ထင်တယ်၊ ဘုရားပေါ်က ဆင်ထားတဲ့ငြမ်းပေါ်မှာ အလုပ် လုပ်နေသူတွေ ပြေးတာလွှားတာ မြင်နေရတယ် ၊ ဒါပေမယ့် သူတို့ ခမျာမလွတ် လိုက်ဘူး၊ မကြာခင်ပဲ နောက်တဆင့်ပြိုကျတာ၊ အလယ်ပစ္စယံထိပဲ” ဟု ရှင်းပြသည်။
အဆိုပါပြိုကျမှုဖြစ်ရပ်မတိုင်မီ စေတီတော်ကြီးကို အချောကိုင်နေကြသော အလုပ်သမားများနှင့် စနေ၊ တနင်္ဂနွေနေ့ တိုင်း လုပ်အားပေးသူများအပါအ၀င် ဘုရားကြီးတွင် အလုပ်လုပ်နေသူပေါင်း (၁၀၀) ကျော်ရှိပြီး ၎င်းတို့အနက် ဒလအခြေစိုက် အမှတ် (၃၆) ရေယာဉ်အုပ်စု တပ်မတော်ရေမှ တပ်သားအများအပြား ပါဝင်ပြီး ဒဏ်ရာရသူများ မှာလည်း အဆိုပါ ရေတပ်သားများပါဝင်သည်ဟု မျက်မြင်များက ပြောသည်။
“စေတီက ရွှေကပ်ဖို့ အချောကိုင်နေတုန်း ကာလဆိုတော့ ဆင်ထားတဲ့ငြမ်းတွေပေါ်မှာ လူတွေက အများကြီး ၊ ဒီတော့ ခုန်ချပြီး ထွက်ပြေးဖို့ကလည်း မလွယ်ဘူးလေ၊ အခု ပြိုကျတဲ့အောက်မှာ ပိနေတာတွေ အနည်းဆုံး အယောက် (၅၀) ရှိနိုင်တယ်၊ အခု ဒဏ်ရာရလို့  အတွင်းလူနာအဖြစ် သယ်သွားတာတွေက လူပေါင်း (၅၀) ကျော်တယ်လေ” ဟု မျက်မြင်တဦးကပြောသည်။
“အခုထိ သေတဲ့သူ (၅ ) ယောက်ရှိပါပြီ၊ အလောင်းတွေကို သယ်သွားပါပြီ၊ ပိနေတာတွေရှိနေပါတယ်၊ ဖော်ဖို့ လုပ်နေကြပါတယ်” ဟု ကယ်ဆယ်ရေး ကြက်ခြေနီတပ် သားတဦးက ပြောသည်။
မျက်မြင်များ၏ ပြောပြချက်အရ ယမန်နေ့ ညနေပိုင်းတွင် လူအင်အားဖြင့် မြင်သမျှ ဒဏ်ရာရသူများကို ဆွဲထုတ်ကာ ဒလဆေးရုံသို့ပို့ပြီး အခြေအနေဆိုးသူများကို ရန်ကုန်ဘက်ကမ်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီးမှ တာဝန်ကျ ဆေးဝန်ထမ်းတဦးက ယမန်နေ့ည (၉) နာရီခန့်တွင် ဒဏ်ရာရသူ (၅၀) နီးပါး ဆေးရုံရောက်လာပြီ ဖြစ်ကြောင်းပြောသည်။
ဘုရားပြိုကျသည်မှာ တောင်ပြိုသည်နှင့် အလားတူဖြစ်နေပြီး မြေအောက်တွင်ပိနေသူများကို ပြန်ဖော်ရန် ယမန်နေ့ညက စက်ကိရိယာများ မရှိသဖြင့် လူအားဖြင့်သာ တဖြေးဖြေး ရှာဖွေရကြောင်း၊ အပျက်အစီးပုံကြီး ကြီးလွန်းသဖြင့် အတွင်းတွင် ပိတ်မိနေသူ အတော်များမည်ဟု ခန့်မှန်းရကြောင်း ရှာဖွေရာတွင် ပါဝင်သူတဦးက ပြောသည်။
ယနေ့ မေ (၃၁) ရက် မနက်တွင်ဝန်ချီကရိန်းကား (၃) စီးရောက်လာပြီး အပျက်အစီးပုံပေါ်မှ အဖိုးတန်ပစ္စည်းများကို တဖြေးဖြေး သယ်ယူပြောင်းရွှေ့မှုလုပ်နေကြောင်း၊ အပျက်အစီးပုံအောက်တွင် ပိတ်မိနေသူများ ရှိနေသေးပြီး အသက်ရှင်ရန် မျှော်လင့်ချက် မရှိနိုင်တော့ကြောင်း ၎င်းကပြောသည်။
လောလောဆယ် သေဆုံးသူဦးရေ အတိအကျမသိရသေးသော်လည်း ဒဏ်ရာရသူ (၇၀) ကျော်အနက် (၅၀) နီးပါး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သိရသည်။
၂၀၀၆ ခု၊ ဇွန် (၂၇) ရက်၊ နံနက် (၃) နာရီ (၁၅) မိနစ် ခန့်တွင် အဆိုပါ သမိုင်းဝင် ဓနုတ်စေတီတော်ကြီးမှာ တနင်္လာထောင့်မှစ၍ ထီးတော်၊ ငှက်ပျောဖူးတော်တို့နှင့်အတူ ထက်ခြမ်းကွဲ မြေခခဲ့သည်ကို နအဖ အစိုးရက ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ဦးဆောင်စေပြီး ပြန်လည်တည်ထားရန် စီစဉ်ခဲ့သည်။
ဘုရားကြီးပြုပြင်ပြီးနောက် ယခုနှစ် မေလ (၇) ရက်တွင် ဒေါ်ကြိုင်ကြိုင်နှင့်သမီးများ၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းတို့ကကြီးမှူးပြီး အထက်ဌာပနာတော်သွင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်ပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
ယခု ပြန်လည် တည်ထားသောစေတီတော် ဉာဏ်တော် အမြင့်မှာ (၁၈၆) ပေ ၊ ငှက်ပျောဖူး (၂၃) ပေ ၊ထီးတော် (၉) ပေ (၉) လက္မ ၊ ထီးတော်မြင့် (၃၂) ပေ၊ လုံးပတ်တော် (၁၇၄) ပေ (၈) လက္မ ၊ ဖိနပ်တော် (၄၉၀) ပေ (၄) လက္မ ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း(၁၃၀၀၀) ကျော် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဧ။် မှတ်တမ်းများအရ သိရသည်။
http://www.khitpyaing.org/news/May_09/31-5-09a.php

Saturday, May 30, 2009

ဓနုတ်ဘုရားပြို လူအများဒဏ်ရာရ


ဒလ ဘက်ကမ်းမှာ ရှိသော ရှေးဟောင်း ဓနုတ်ဘုရားကြီး မှ ငြမ်းများ ပြိုကျပျက်စီးသွားသော ကြောင့် လူတော်တော်များများ ထိခိုက် ဒါဏ်ရာများ ရကုန်တယ်လို့ သတင်းရပါတယ်ခင်ဗျာ။ ပထမ အဆင့်ပြိုကျတဲ့ အချိန်မှာ သွားကယ်ဆယ်တဲ့ ရဲများ အပါအဝင် ကယ်ဆယ်ရေးလုပ်သားများပါ ဒုတိယ အကြိမ် ပြိုကျမှုကြောင့် တော်တော်များများ ထိခိုက်ကုန်တယ်လို့ သိရပါတယ်။ လောလောဆယ်ဆယ် မှာ ဆေးရုံကြီး အရေးပေါ်ဌာနမှာ အကုန်ပြင်ဆင်ထားပါတယ်။ အသေအပျောက်မသိရသေးပါ။ စောင့်ဆိုင်းနေတဲ့ တာဝန်ကျ များလည်း အများကြီးပါ ခင်ဗျာ။

စာကြွင်း။။။ အဆိုပါ ဓနုတ်ဘုရားကြီး ကို လွန်ခဲ့သော ၈ ရက်နေ့က ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် ဘုရားထီးတင်ထားသည်ဟု သိရပါကြောင်းပါခင်ဗျာ။
အခု အချိန်မှာတော့ ဆေးရုံကြီးအရေးပေါ်မှာ လူများ တိုးကြိတ်နေသလို အရေးပေါ်ကားများလည်း တစ်စီးပြီး တစ်စီး ရောက်နေပါတယ်။

ဓနုတ်ဘုရားပြို လူအများဒဏ်ရာရ
၃ဝ ပြေ ၂ဝဝ၉

ဒလမြို့နယ်အတွင်း ပြန်လည်ပြုပြင် တည်ဆောက်ဆဲ ဓနုတ်ဘုရားကြီး ခေါ် ဥာဏ်တော် ပေ(၁၈ဝ)ခန့် စေတီတော်ကြီး စနေနေ့ မွန်းလွဲပိုင်းက ပြိုကျမှုကြောင့် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ ရေတပ်သားများ အပါအဝင် ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။

ဒလမှ လက်ခုပ်ကုန်းသို့ သွားသော ကားလမ်းပေါ်တွင်ရှိသော ဘုရားကြီး၏ ဌက်ပျောဖူးနှင့် ခေါင်းလောင်းတော် အပါအဝင် အချို့ အစိတ်အပိုင်းများအား ပြန်လည် ပြုပြင်နေဆဲတွင် ပြိုကျမှု ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသူ ဦးရေ (၃ဝ) ထက်မနည်းကြောင်း တာဝန်ကျ ဝန်ထမ်းများက ပြောသည်။ ဒလနှင့် တွံတေး ဆေးရုံများသို့ တင်ပို့ထားသော လူနာများ ရှိနေသည်။

“ဖြစ်တာက နေ့လည် နှစ်နာရီကျော်လောက်ဖြစ်တာ။ ကျနော်က ငြမ်းပေါ်ကို တက်တုန်းပဲ ရှိသေးတယ်။ အပေါ်က ဝုန်းကနဲ အသံကြားလို့ ကြည့်တော့ ငှက်ပျောဖူးနေရာကစပြီး ပြိုကျ လာတာ။ အမြန်ပြန်ဆင်းပြေးတာ ကံကောင်းလို့ လွတ်သွားတယ်။ ကျနော်တို့ ငါးယောက်အဖွဲ့မှာ တယောက်က အရေးပေါ် တင်ထားရတယ်။ ” ဟု အန္တရာယ်မှ ကင်းလွတ်လာသူ ဆေးသုတ်အဖွဲ့မှ လုပ်သားတဦးက ပြောသည်။

လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ ဘုရားကြီး၏ ခေါင်းလောင်းတော်နေရာမှ စတင်ပြိုကျပြီးနောက် အချိန်ခဏမျှသာ ဆိုင်း၍ စေတီတော်ကြီး တခုလုံး ပြိုကျသွားကြောင်း သိရသည်။

“ဒီနေ့ လုပ်အားပေးတဲ့ စစ်သားတွေ (ရေတပ်သားများ ) အားလုံး ၅၄ ယောက် ရှိတယ်။ ဆေးအဖွဲ့တွေရော၊ ငြမ်းအဖွဲ့တွေရော နောက်ပြီး ရွာကလူရောဆို စုစုပေါင်း ရာဂဏန်း နီးပါးလောက်ရှိတယ်။ ငြမ်းအဖွဲ့တွေကတော့ အမြင့်ဆုံးမှာ ရောက်နေတယ်။ ငှက်ပျောဖူးကငြမ်းကို ဒီနေ့ စဖြုတ်တုန်းမှာ ဖြစ်တာ။ ဒဏ်ရာရတဲ့သူတွေကို မရေနိုင်ဘူး.။ ကားလာထိုးတာနဲ့ ကိုယ့်အဖွဲ့ကလူကိုယ် ချက်ချင်းကောက်တင်ပြီး ကားနဲ့ လိုက်လာတာ။” ဟု ဆေးသုတ်လုပ်သားက ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် ဆရာ ခင်ငြမ်းအဖွဲ့နှင့်အတူ ဘုရားလူကြီးတဦးနှင့် စစ်ဘက် အရာရှိ နှစ်ဦးခန့် ကြီးကြပ်နေခဲ့သည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် စောင့်ကြပ်နေသူ ရေတပ်မှ တပ်ကြပ်တဦးက “ဒီကိုရောက်လာတဲ့ ရေတပ်သား စုစုပေါင်း (၁၇) ယောက်ရှိပြီ။ ဟိုကနေပို့နေတုန်းပဲ။ စုစုပေါင်း ဘယ်လောက်ထိလည်း မပြောတတ်သေးဘူး။ ဒလနဲ့ တွံတေး ဆေးရုံတွေကိုလည်း ပို့ထားသေးတယ်။” ဟု ယနေ့ ည ၇ နာရီခန့်တွင် ပြောသည်။

ရေတပ်သား လုပ်အားပေးများ အနေဖြင့် အရပ်သားများထက် ထိခိုက်ဒဏ်ရာရသူ ပိုမို များပြားပြီး ရေယာဉ်စု(၃၆) လုပ်အားပေးအဖွဲ့မှာ အခြေအနေ အဆိုးဝါးဆုံး ဖြစ်ကြောင်း သိရသည်။ ယင်းတို့အား ဆေးရုံကြီးတွင် အရေးပေါ် ကုသမှုများ ပြုလုပ်ပေးပြီးနောက် အမှတ် (၂) စစ်ဆေးရုံသို့ ဆက်လက် လွှဲပြောင်းပေးနေသည်ကိုလည်း တွေ့ရသည်။

နာဂစ်မုန်တိုင်းတွင် တစိတ်တပိုင်း ပြိုကျပျက်စီးခဲ့သည့် ဓနုတ်ဘုရားကြီးအား ပြန်လည်ပြုပြင်ပြီးနောက် မေလ(၈ ) ရက်နေ့တွင် ထီးတော်တင်လှူ ပူဇော်ခဲ့သည်။

“ဒီဘုရားက လူပြောများတယ်။ ဦးခင်ညွှန့် အိမ်မက်ပေးတယ်တို့၊ မိန်းမ ဦးစီးပြီး ပြန်ပြင်မှ ရမယ်တို့ အဲ့ဒီလိုတွေက ဒလ တမြို့လုံး ပြန့်နေတာ ကြာပြီ။ နောက်ပြီး ထီးတင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် အိမ်မက်ပေးတာတို့ ခဏခဏ ကောလဟာလ ထွက်တယ်။ ကျမယောက်ျားက ဒီနေ့မှ လုပ်အားပေးတာ အခုအုတ်ပုံပိပြီး ခြေထောက်နှစ်ချောင်းလုံး ကျိုးသွားတယ်။ ” ဟု ဒဏ်ရာရရှိသူ ရွာခံလုပ်အားပေး တဦး၏ ဇနီးက မဇ္ဈိမသို့ ပြောသည်။

ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ပြိုကျ ပြန်

ရန်ကုန်တိုင်း၊ ဒလ မြို့နယ် မှာ တည်ရှိသော ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ယနေ့ ညနေပိုင်း ( မေလ ၃ဝ ရက် တွင် ) ပြိုကျမှု ကြောင့် လူတော်တော်များ သေကြေ ဒဏ်ရာ ရရှိသွားတယ်လို့ သိရှိ ရပါတယ်။

ဓနုတ် စေတီတော်ကြီး သည် ၇၊၆၊၂ဝဝ၆ ရက် မနက် ဝ၃း၁၅ နာရီမှာ မိုး သည်းထန်စွာ ရွာသွန်းတဲ့ သဘာဝ ရာသီဥတု ဒဏ်ကြောင့် တနင်္လာထောင့်မှ စပြီး ထီးတော်၊ ငှက်ပျော်ဖူးနဲ့ တကွ စေတီတော်ကြီးဟာ ထက်ခြမ်းကွဲပြီး ပြိုကျ မြေခ ခဲ့ပြီး၊ သီတင်းကျွတ် လပြည့်နေ့ ၁၄၊၁ဝ၊၂ဝဝ၈ ရက်က စတင်ပြီး မူလ စေတီ ဘုရား ငုတ်တိုကို ငုံကာ ၉ လ နဲ့ အပြီး တည်ဆောင်ရန် ကြံစည် ခဲ့သော်လည်း၊ ၈ လ နဲ့ အပြီးသတ် ပြန်လည် တည်ဆောက် ခဲ့တာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ပြီးခဲ့သည့် မေလ ၈ ရက်၊ သောကြာနေ့ ( မြန်မာသက္ကရဇ် ၁၃၇၁ ခု ကဆုန်လပြည့်နေ့ ) ကမှ ဘုရား ဒယိကာမ ဒေါ်ကြည်ကြည် က ထီးတော် တင်ထား ခဲ့တာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ကို မူလဒီဇိုင်းအတိုင်း ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဒီဇိုင်း ဖြစ်ကာ၊ အလှူငွေ သိန်းပေါင်း ၁ သောင်း ၃ထောင် ( ၁၃ဝဝဝ ) ဖြစ် တည်ဆောက် ခဲ့တာ ဖြစ်ကြောင်း၊ စေတီတော်ကြီး ပြန်လည် ပြုပြင်မှုကို ရွှေသံလွင် ကုမ္မဏီက ဦးဆောင်ပြုလုပ် ခဲ့တာ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ နုတ် စေတီတော်မြတ်ကြီးကို ဥာဏ်တော် (၁၈၆)ပေ၊ ငှက်ပျောဖူး (၂၃)ပေ၊ ထီးတော်အဝ (၉)လက်မ၊ ထီးတော်အမြင့် (၃၂)ပေ၊ လုံးပတ်တော် (၁၇၄)ပေ (၈)လက်မ၊ ဖိနပ်တော် (၄၉ဝ)ပေ (၄)လက်မ ဖြစ်ကာ၊ အခုတစ်ကြိမ် ပြိုကျတာဟာဖြင့် (၅) ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

ဓနုတ် စေတီတော်ကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ်မှာ ဂေါတမ မြတ်စွာ ဘုရား ရဲ့ ဆံတော် (၂) ဆူ ဓာတ်တော် (၂၄) ဆူ တို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောက ရဲ့ အထောက်အပံ့ နဲ့ ရဟန်းတော် အရှင်ဇာတကလေး သည် ရွာမှာ တိုက်စေတီ တည်တာကြောင့် ဒုနဂ္ဂဟစေတီလို့ ဘွဲ့တော် ပေးခဲ့ဖြစ်ကြောင်း၊ နောင်အခါ တိုက်စေတီ မှ သင်တိုင်း စေတီပုံ ပြင်ဆင်ခဲ့ပြီး ဓနုတ်စေတီ လို့ ဘွဲ့တော် အမည် ပြောင်းလဲခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။

ဓနုတ် စေတီတော် ကို မြန်မာ မင်းအဆက်ဆက် ပြုပြင်မှုမှာ ကောဇာသက္ကရာဇ် (၇၁၅) ခုနှစ်မှာ ဟံသာဝတီ ဘုရင် ဗညားဦး နဲ့ မိဖုရား တို့က ပြန်လည် ပြုပြင်ကာ ထီးတော် တင်လှူ ခဲ့ကာ၊ သက္ကရာဇ် (၇၅၆) ခုနှစ်မှာ တော့ သုတသောမရာဇာဓရာဇ် ဘုရင် ရဲ့အမိန့်တော်အရ ဓနုတ်ကင်း သူကြီး 'ထဗ' ရွှေဘုရား၊ ငွေဘုရား (၄၅) ဆူစီ ဌာပနာထားပြီး အမြင့် (၄၅)တောင်ခန့် စေတီ တည်ထားကာ ထီးတော် တင်လှူခဲ့ပါတယ်။ သက္ကရာဇ် (၉၂၆) ခုနှစ်မှာတော့ ဘုရင့်နောင် မင်းတရားကြီးက အမြင့် အတောင် (၉ဝ) ရှိ စေတီတော် ထပ်မံ တည်ကာ ကြေးထီးတော် တင်လှူပြီး စေတီတော် လုံးတော်ပြည့် ရွှေချခြင်းများ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ် တခုမှာ ဖတ် ခဲ့ရဘူးပါတယ်။

လူထုအသံ အွန်လိုင်းဂျာနယ်မှ ကူးယူဖေါ်ပြပါသည်။
=======================
ဒီသတင်းထဲမှာတော့ ဒေါ်ကြည်ကြည်လို့ ပြောထားပါတယ်။

ဒီပဲယင်းအကြမ်းဖက်မှု ၆ နှစ်ပြည့်တိုင် အရေးမယူသေး

30 May 2009
နိုင်ငံတွေရဲ့ သမိုင်းမှာ အထိန်းအမှတ်ပြုတဲ့နေ့တွေ ရှိတတ်ကြပါတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ပြီး ဒီဘက်ခေတ်၊ အထူးသဖြင့် ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းအချိန်ကစပြီး အမှတ်စရာတွေက ပိုများလာပါတယ်။ မင်္ဂလာရှိတဲ့နေ့တွေထက် သွေးချောင်းစီးခဲ့တဲ့ နေ့ရက်တွေက ပိုများလာပါတယ်။ အခုတလော ပိုပိုပြီးတော့ စိပ်လာတာတွေ့ရပါတယ်။
ဒီအထဲမှာမှ လွန်ခဲ့တဲ့ခြောက်နှစ် ဒီကနေ့မှာဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေးအခင်းဆိုရင် မြန်မာ့သမိုင်းကို အတော်ကို အောက်တန်းကျအကျည်းတန် အရုပ်ဆိုးစေတဲ့နေ့လို့ ဆိုရပါလိမ့်မယ်။ အဲဒီနေ့က ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတချို့ကို အခု မကြာခင်ကပဲ ကျနော် ပြန်ကြည့် ကြည့်ပါတယ်။ အကြမ်းဖက်သမားတွေကို အမှောင်ထဲမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူစိတ်ပျောက်ပြီးတော့ သရဲသဘက်တွေ မကောင်းမိစ္ဆာတွေ ၀င်ရောက်ပူးကပ်နေလေသလားလို့ ထင်ရလောက်အောင် ကြောက်စရာကောင်းတဲ့ ရုပ်လက္ခဏာတွေနဲ့ ၀ါးရင်းတုတ်တွေ ကိုင်ထားတာ တွေ့ရပါတယ်။ ဒီလူတွေအပါအ၀င် သူတို့ကို ခိုင်းတဲ့သူတွေက ဒီဖြစ်ရပ်တွေကို မမေ့ရင်တောင်မှ မေ့ချင်ယောင်ဆောင်နေကြမှာ ဖြစ်ပေမယ့် ခံခဲ့ရတဲ့သူတွေကတော့ ဘယ်မေ့နိုင်ပါ့မလားဗျာ။ ကိုယ်တိုင် ခေါင်းကွဲအောင် ရိုက်နှက်ခံခဲ့ရတဲ့ ဒေါ်ညွှန့်ညွှန့် ဆိုရင် ဒီနေ့ပဲ အခုလို ပြန်ပြောခဲ့ပါတယ်။
“ဘယ် မေ့ပျောက်နိုင်မှာလဲရှင်။ ကျမရှေ့မှာ လူလေးယောက်လောက်ကို ရိုက်ပြီး ကျမ သားသမီးအရွယ် ကလေးတွေ တပြုံကြီးသေတာ ကျမ ဘယ်မေ့လို့ ရပါ့မလဲ။ အိပ်မက်ဆိုးကြီးက ဒီနှစ်ဒီရက်ဆိုရင် တော်တော် ခံစားရတာပေါ့။ အခုလည်း ကျမ အဲဒီကိစ္စအတွက် သေဆုံးသွားတဲ့လူတွေ ကောင်းရာဘုံရောက်ဖို့ ကျမနဲ့အတူတူ တိုက်ပွဲဝင်ခဲ့တဲ့ အဖမ်းခံရတဲ့ ရဲဘော်တွေ လွတ်မြောက်ဖို့အတွက် ကျမကတော့ ဒီနေ့ရောက်တိုင်း ဆွမ်းကပ်ပြီးတော့ အမြဲတမ်း ဆုတောင်းပေးနေပါတယ်။”
ရိုက်တဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာကိုလည်း အထွေအထူး စစ်မေးနေစရာ မလိုပါဘူး။ သူတို့ကိုယ်တိုင် သူတို့ဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို ပြောဆိုရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။
“သူတို့က ရိုက်ကတည်းကိုက ပြောတယ်။ ငါတို့က စွမ်းအား၊ တံတားတွေဆောက်၊ လမ်းတွေဖောက်နေတာ သိသလား ဆိုပြီး ကျမ နားထဲကို ၀ါးချွန်နဲ့ ထိုးလိုက်တာ အခုချိန်ထိ ကျမနားမှာ တဖက်က ပိတ်နေပါတယ်။”
သူတို့က စွမ်းအား ဖြစ်တယ်ဆိုပြီးတော့ ရိုက်တဲ့သူကပြောပါတယ်။ လမ်းတွေဖောက် တံတားတွေ ဆောက်နေတယ် ဆိုတော့လည်းပဲ ဒါဟာ အာဏာလက်ရှိ စစ်အစိုးရရဲ့ သူတွေ၊ သူတို့ရဲ့ လက်ပါးစေတွေ ဆိုတာ ပေါ်လွင်နေပါတယ်။
ဆိုတော့ ဒီဖြစ်ရပ်ဟာ ဘယ်သူတွေလက်ချက်လဲ ဆိုတာတော့ သိရပါပြီ။ ဘယ်လို အရေးယူနိုင်သလဲ ဆိုရင်တော့ ပြည်တွင်းမှာ အရေးယူဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အာဏာလက်ရှိလူတွေရဲ့ လုပ်ရပ်ပါ။ အာဏာရှင်နိုင်ငံတွေမှာ ဒီလိုကိစ္စမျိုး မကြာခဏ ဖြစ်တတ်ပြီး တရားဥပဒေဟာ စွံ့အနေတတ်ပါတယ်။ ပြစ်မှု ကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့လူတွေ တာဝန်ရှိတဲ့သူတွေတောင် ရာထူးတိုးတက်သွားတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ကြားခဲ့ရပါတယ်။ ဒါဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကရော ဘယ်လို အရေးယူနိုင်ပါသလဲ။ ဒါလည်းပဲ သိပ်မလွယ်နိုင်သေးဘူးလို့ ထင်ပါတယ်။ အာဏာလက်ရှိအစိုးရကို အကြောင်းအမျိုးမျိုးကြောင့် အကာအကွယ်ပေးနေတဲ့နိုင်ငံတွေ ကမ္ဘာ့မှာရှိနေပါတယ်။ ဒါပေမယ့် BLC လို့ခေါ်တဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီရဲ့ အတွင်းရေးမှူး ဦးအောင်ထူးကတော့ ဒီကိစ္စကို လက်မလျော့သေးပါဘူး။
“ကျနော်တို့ မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့ ကြားထဲမှာတင်ပဲ ကျနော်တို့ အတိုက်အခံ အင်အားစုတွေအားလုံးနီးပါးရော နိုင်ငံတကာအဖွဲ့အစည်းတွေ ပါဝင်တဲ့ seminar တခုကို ဘန်ကောက်မှာ ကျင်းပနိုင်ခဲ့တယ်။ ကျင်းပပြီးတော့ ကျနော်တို့ သဘောတူညီချက် တော်တော်များများ ရယူနိုင်ခဲ့တယ်။ ဘာလဲဆိုတော့ တချိန်ကျရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြစ်မှုကြီးတွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကိုရောက်အောင် ကြိုးပမ်းသွားဖို့ ဦးတည်ချက် ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက အရင်က မဖြစ်ခဲ့တဲ့ အခြေအနေတွေ ဖြစ်တယ်။ အခုဖြစ်လာပြီ။ တကမ္ဘာလုံး ကျနော်တို့ နိုင်ငံကိစ္စကို စိတ်ဝင်စားသူ တော်တော်များများက ဒီလမ်းကြောင်းကို လျှောက်လှမ်းလာနေတာ တွေ့ရပါတယ်။”
တကယ်တမ်းမှာတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အမျက်အမုန်းထားပြီး အရေးယူစေချင်တာ အပြစ်ပေးစေချင်တာထက် ဒီလို လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုမျိုးကို တရားဥပဒေနဲ့အညီ မဖော်ထုတ်မဟန့်တားနိုင်ဘူး ဆိုရင် ဒီလိုဖြစ်ရပ်မျိုးတွေဟာ မကြာခဏ ပြန်ပြီး ဖြစ်လာနိုင်တတ်ပါတယ်။ ဖြစ်လည်းဖြစ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေကို အရေးယူမဆောင်ရွက်နိုင်သမျှ မြန်မာနိုင်ငံဟာ တရားဥပဒေ ကင်းမဲ့သော လူ့ယဉ်ကျေးမှုနဲ့ မထိုက်တန်သော၊ အစွယ်ရှိတဲ့သူက မရှိတဲ့သူကို နိုင့်ထက်စီးနင်း လုပ်နိုင်တဲ့ တောတွင်း အရိုင်းအစိုင်း တိရစ္ဆာန်တွေရဲ့ ဥပဒေကြီးစိုးသော လူ့အဖွဲ့အစည်းတခု အဖြစ် ဖြစ်နေဦးမယ်ဆိုတာ ပေါ်လွင်နေပါတယ်။
http://www.voanews.com/burmese/2009-05-30-voa3.cfm

checkmate အလုပ်ခံထားရရှာသောဦးသန်းရွှေ


ဒီGameဒီလိုလာမယ်ဆိုတာသူသိတယ်။ထောင်ကျတာမကျတာသူ့အတွက်မထူးဆန်း၊ပြည်သူအတွက်ရင်းထား
ပြီးသား၊USA,EUနဲ့UNကအစထဲကPressureပေးနေကြ၊ဒီတခါတော့ရုရှား..နဲ့အာစီယန်ပါယိုင်ဆင်းလာရတယ်
၊မြန်မာနိုင်ငံမှာဒီလိုမျိုးနိုင်ငံရေးအကွက်ရွှေ့နိုင်တာအန်တီစုတယောက်ပဲရှိတယ်၊ဦးမောင်အေးကတော့ဦးသန်း
ရွှေကိုသတိပေးရှာသား၊အန်တီစုကိုတခြားနည်းနဲ့အကွက်ဆင်ဖမ်းဖို့သတိပေးတယ်၊ဒါပေမဲ့အန်တီစုမျက်လုံး
တွေကိုရင်မဆိုင်ရဲတဲ့ဦးသန်းရွှေရရာအကွက်တက်လိုက်တော့မထင်တဲ့Attackersတွေကိုဘွားဘွားကြီးရင်ဆိုင်
ရတော့တယ်..ဘာအကောင်ချကျွေးရမှန်းတောင်မသိ၇ှာတော့ဖူး...ဒါပေမဲ့တဂိမ်းပြီးရင်နောက်တဂိမ်း..
အန်တီစုဖက်ကဘယ်သူတွေပြိုင်မှာလည်း..ရဲရင့်ငယ်မှသည်ဒေါက်တာဦးစိန်ဝင်းအထိပွဲကြည့်ပရိတ်သတ်
သက်သက်....တကယ်ဝင်ပါခွင့်ရမယ့်သူတွေကဦးဝင်းတင်ခေါင်းဆောင်တဲ့ပြည်တွင်းကပြည်သူတွေပါ...
အလကားတော့မရဖူး..၀င်ကြေးရှိတယ်...(ဒီမိုကရေစီနဲ့လူ့အခွင့်ရေးရတဲ့အထိသင့်ဘ၀ကိုရင်းရမည်)..
အသက်၆၃နှစ်အရွယ်မိန်းမသားတယောက်ပြောလိုက်တယ်..
''ဘာမှ စိတ်ပူစရာ မလိုဘူး၊ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး..""
ဦးသန်းရွှေရွှေ့လို့ရတာတကွက်ပဲရှိတယ်..စကားလုံးလှလှလေးတွေသုံးပြီးအန်တီစုကိုလွှတ်...အဆင်ပြေမယ့်
နိုင်ငံရေးလမ်းကြောင်းတခုကိုရွေးချယ်၇န်ဖြစ်သည်။
အန်တီစုကိုထောင်ချပြီးပြည်သူကိုထိပ်တိုက်ရင်ဆိုင်ရင်တော့တပ်မတော်သားတွေရဲ့သေနတ်ပြောင်းတွေဟာ
ဦးသန်းရွှေဖက်လှည့်လာတော့မည်ဖြစ်ကြောင်းပါ။

Friday, May 29, 2009

ဒေါ်အောင်ဆန်းစုကြည်သည်တပ်မတော်ဖခင်ကြီး၏သွေးဖြစ်သည့်အ

တွက်ကာကွယ်စောင့်ရှောက်ရန်တပ်မတော်သားအားလုံးတွင်တာဝန်

ရှိပါသည်။

ဒီပဲယင်း လုပ်ကြံမှု



ဒီပဲယင်းအကြမ်းဖက်မှု ၆ နှစ်ပြည့်တိုင် အရေးမယူသေး (Click)

ကြည်ရွာရဲ့ ငရဲပွက်ညနှင့်ခွင့်လွှတ်နိုင်သည့် နိုင်ငံရေးယဉ်ကျေးမှုသစ်

ဒီပဲယင်းလူသတ်ခေါင်းဆောင် (Click)

“ဒီပဲယင်း နိုင်ငံရေး လုပ်ကြံတိုက်ခိုက်မှု ထပ်မံ စုံစမ်းတွေ့ရှိချက်များ”.....mediafire....google...

(ဒီပဲယင်း လုပ်ကြံမှု အရေးယူ ဆောင်႟ရွက်ရေး ကော်မရှင် ဒုတိယ အကြိမ် ပဏမ အစီရင်ခံစာ).....mediafire...google...

မသဒ္ဒါကျေးဇူးပြုသည်။

Burma Report -
ဒီပဲရင်း အရေးအခင်း ဒါမှမဟုတ် စစ်အကြမ်းဖက်လက်နက်ကိုင် သန်းရွှေ ၏အမိန့်  ပေးကြိုးကိုင် မှုအောက်မှ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အရေးအခင်းမှတ်တမ်း ဟာ ဗမာ့သမိုင်းမှာ ဘယ်လိုမှ မေ့ ပျောက်လို့ ၊ မေ့ဖျောက်လို့ မရဘူးဆိုတာကို တင်ပြချင်လို့  အခုလိုစုစည်းတင်ပြလိုက်ရပါတယ်ခင်ဗျာ ။ဝမ်းနည်းစရာကောင်းတဲ့  သမိုင်းဗွီဒီယိုအပိုင်းအဖြစ်မှန်တွေ ကို ဝေမျှခံစားလိုက်ပါတယ်။ ဒီလို အဖြစ်ပျက်တွေနဲ့ ဆင်တူတဲ့ အဓိကမြန် မာ့သမိုင်းကိုထင်ပေါ်စေမယ့် အရေးအခင်းအကြောင်းတွေကို မသိခဲ့ မကြားဖူးခဲ့ တဲ့ ညီငယ် ညီမငယ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးခြင်းအားဖြင့်သော်၎င်း တဆင့်ပြီးတဆင့် သမိုင်းတွေကို လက်ဆင့်ကမ်းပေးကြပါလို့  ဆော်အောလိုက်ပါတယ်။

လက်နက်အားကိုး မိစ္ဆာမျိုးများ ကျဆုံးပါစေ။


Depayin Massacre


*****************
Eye witness from Depayin


သက်သေများ

၂၀၀၃ ခုနှစ် မေ ၃၀ ရက်နေ့ညတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်သည့်အဖွဲ့ မြန်မာပြည် အလယ်ပိုင်း စကိုင်းတိုင်းအတွင်း လူထုစည်းရုံးရေးခရီး လှည့်လည်စဉ် မောင်းနှင်လာကြသည့် သူမ၏ ယာဉ်တန်းကို ဒီပဲယင်း မြို့အနီး ကျည်ရွာအရောက်တွင် စစ်တပ်နှင့်ကြံ့ဖွံ့အဖွဲ့တို့ ပူးပေါင်း၍စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး အကြမ်း ဖက် တိုက်ခိုက်ခဲ့ကြသည်။
အောင်ဆန်းစုကြည်သည် သူစီးနင်းလာသည့် ကား၏ ကားမောင်းသူ ကိုကျော်စိုးလင်း အကူအညီဖြင့် ထိုဖြစ်စဉ်နေရာမှ လွတ်မြောက်ခဲ့သော်လည်း၊ ရေဦး သို့ အရောက်တွင် အဖမ်းခံခဲ့ရသည်။ သူမကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ထိမ်းသိမ်းထားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် သူမ၏ အထောက်အခံ အဖွဲ့သားများ အမြောက်အများ ရာနှင့်ချီ၍ သေကြေဒဏ်ရာရှိခဲ့သည်ဟု သတင်းများထွက်ခဲ့သော် လည်း မြန်မာစစ်အစိုးရက သတင်းစာရှင်းလင်းပွဲတွင် လူလေးဦး သေဆုံးပြီး ၅၀ ကျော် ဒါဏ်ရာရခဲ့သည်ဟုသာ ပြောဆိုခဲ့သည်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဖေါ်ထုတ်အရေးယူပေးခြင်း မရှိသည့်အပြင် အဖွဲ့ချုပ် ခေါင်းဆောင် များဖြစ်ကြသည့် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ယနေ့အထိ နေအိမ်များတွင် အကျယ်ချုပ်ဖြင့် ဆက်လက် ဖမ်းဆီးထားသည်။


မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အင်တာဗျူး
မြန်မာနိုင်ငံသမိုင်းတွင် စစ်လက်နက်အားကိုးဖြင့်တိုင်းပြည်အာဏာကို မတရားရယူ၍ အစိုးရအမည်ခံ
အုပ်ချုပ်နေသော နအဖ စစ်အာဏာရှင်တို့ ၏ အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်များစွာထဲမှ
ထင်ရှားသောသွေးစွန်းလုပ်ရပ်တခုကို ထုတ်ပြပါဆိုလျှင် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ကျည်ရွာအနီးတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူပြည်သားတို့ အား နအဖ စစ်အုပ်စုက ၂၀၀၃ခုနှစ်မေလ ၃၀ရက် သောကြာနေ့ ည လမိုက်ညတွင် တဘက်သတ် ခြုံခိုတိုက်ခိုက် ရိုက်နှက်သတ်ဖြတ်လုပ်ကြံကြသော
သမိုင်းဝင် ကမ္ဘာသိ ဒီပဲယင်းအရေးအခင်းနေ့ ဟု ပြောရပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအဖွဲ့ ချုပ် ဒု-ဥက္ကဌ အဘဦးတင်ဦး၊လူကြီး လူငယ်တချို့  အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့သော်လည်း၊ အပြစ်မဲ့ လက်နက်မဲ့ပြည်သူများ သေပွဲဝင်ခဲ့ရသော သွေးစွန်းနေ့  ဒီပဲယင်းနေ့ သည် ယခုနှစ် ၂၀၀၉ မေလ ၃၀ရက် နေ့ ဆိုလျှင်
ဘာလိုလိုနှင့် ၆နှစ် ပတ်လည်ပင် ရောက်ရှိခဲ့ပေပြီ။ထိုသို့ တနှစ်တနှစ် တိုးကာ ကြာမြင့်လာသော်ငြား
နိုင်ငံတော်လုပ်ကြံမှုဖြစ်သော ထိုအရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့ကြသော မြန်မာ့သမိုင်း စစ်ရာဇဝတ်ကောင်၊ရဲရာဇဝတ်ကောင်၊ကြံ့ဖွတ် စွမ်းအားရှင် ရာဇဝတ်ကောင်တို့ သည် ယခုအထိ အမှုဖွင့် တရားစွဲဆိုခြင်း မခံရသေးဘဲ၊ လက်နက်မဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာကြသော အပြစ်မဲ့
ပြည်သူတို့ နှင့်တကွ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦးတို့ သည် တရားလိုအဖြစ်မှ
တရားခံအဖြစ်သို့ ရောက်နေကြရရှာသော ခေတ်ပြောင်းပြန် ခေတ်ပျက်ကြီးထဲက အမှန်တရားပျောက်ဆုံးနေဆဲ ဒီပဲယင်းနေ့ ၆နှစ်ပတ်လည်ဟုပင် ဆိုလိုက်ချင်တော့သည်။
သမိုင်းမှန်လျှင် ဖျောက်ဖျက်မရ။ သမိုင်းကို လူလုပ်သဖြင့် သမိုင်းမှန်ထဲတွင် အမှန်တကယ် ပါဝင်ပတ်သက်ခဲ့သော သက်ရှိထင်ရှား အသိဥာဏ်မချို့ ယွင်းကြသော လူတို့ ၏အသံသည် ကမ္ဘာအနှံ့  ပဲ့တင်ထပ်ကာ ပျံ့ နှံ့ နေမည် အမှန်ပင်တည်း။
စစ်အာဏာရှင်တို့ က ဘယ်လိုပင် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးကွယ် ပလေ့စေ။မဝေးလှသောအနာဂတ်တွင် အမှန်တရား၏ တရားစီရင်မှုခုံရုံးရှေ့ တွင် မျက်မြင်သက်သေများ၏ ခိုင်လုံသော ထွက်ချက်များကြောင့် သမိုင်းဘီးတပတ်ပြန်လည်လျှက် ပြည်သူတို့ ကို တရားမဲ့စော်ကားခဲ့သော သွေးကြွေးတို့ ကို ပြည်သူ့ ခုံရုံး ကြိုးစင်ထက်တွင် အာဏာရှင်
ဆာဒမ်ဟူစိန်ကဲ့သို့  သန်းရွှေတို့ ငမိုက်သားတသိုက် လှလှကြီး ပြန်ပေးဆပ်ရဦးမည်ကို မြင်ယောင်နေမိတော့သည်။
သွေးစွန်းခဲ့သော ဒီပဲယင်း အရေးအခင်း ကာလအတွင်း မျက်မြင်သက်သေအဖြစ် ပါဝင်ပတ်သက်ခဲ့သူ၊
အရေးအခင်းမှာ ပြည်သူဘက်က ကူညီပါဝင်ခဲ့လို့  ထောင်ဒဏ်ကျခံခဲ့ရသူ၊၂၀၀၄ခုနှစ် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ အိပ်ငိုက်ချင်းမှ ချက်ချင်းထလော့ တိုက်ပွဲခေါ်သင်္ကြန်သံချပ်ခွေထဲမှာ ထည့်သွင်းစပ်ဆိုဂုဏ်ပြု ခံခဲ့ရတဲ့ ဦးဇင်းတပါး ။
ယခုအခါ အမေရိကန်နိုင်ငံ၊အာရီဇိုးနားပြည်နယ်၊ဖီးနစ်မြို့ တွင် အခြေချနေထိုင်နေသူ၊ သာမန်လူမဟုတ်သော သံဃာတော်အရှင်သူမြတ် ဦးဇင်း ဦးဝိမလအား မိမိတို့ ဟစ်တိုင် အမေရိက သတင်းထောက်တဦးက လူတွေ့ အင်တာဗျူးလုပ်ကာ တင်ပြထားချက်များကို ယခု ဒီပဲယင်း ၆နှစ်ပတ်လည် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အတွက် ဟစ်တိုင်အထူးအစီအစဉ်အဖြစ် အောက်ပါအတိုင်း တင်ဆက်လိုက်ရပါသည်။
ဟစ်တိုင်။ ။ဦးဇင်းဘုရား၊ဦးဇင်းကို ဒီပဲယင်းနေ့ အတွက် အင်တာဗျုးခွင့်ရတာ တပည့်တော်တို့ ဟစ်တိုင် မီဒီယာအဖွဲ့ ကိုယ်စား တပည့်တော်က ဝမ်းမြောက်ကြောင်း ဦးတင်လျှောက်ထားပါတယ်ဘုရား။ဦးဇင်းဘွဲ့ တော်ကစလို့  ဦးဇင်း ကြုံတွေ့ ခဲ့ရတဲ့ ဝမ်းနည်းဖွယ်ရာ
ဒီပဲယင်းအရေးအခင်း ဖြစ်ရပ်မှန်တွေကို အများတကာ သိရှိမှတ်သား အကျိုးများအောင် ဟစ်တိုင်မှတဆင့် ပြည့်ပြည့်စုံစုံလေး မိန့် ကြားပေးတော်မူပါဘုရား။
ဦးဇင်းဦးဝိမလ။ ။ဦးဇင်းဘွဲ့ က ဦးဝိမလ ဖြစ်ပါတယ်။ဦးဇင်းဇာတိက စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ နယ်၊ဒီပဲယင်းနဲ့ လေးမိုင်အကွာ ကျည်ရွာဇာတိပါ။ ဒီပဲယင်းမြို့ နယ်၊စိုင်ပြင် အထကကျောင်းမှာ အလယ်တန်းအထိ လောကီပညာ သင်ခဲ့တယ်။၆တန်းမှာပဲ ကျောင်းကထွက်ပြီး၊ ဇာတိ ကျည်ရွာ၊မြောက်ကျောင်းကြီးမှာ ရှင်သာမဏေ ကိုရင် စတင်ဝတ်ခဲ့တယ်။အဲဒီနောက် ၁၉၉၄ခုနှစ် မှာ ရဟန်းဘောင်သို့ ဝင်ပြီး ၊မုံရွာမြို့ဓမ္မပါရဂူ ပါဠိတက္ကသိုလ်စာသင်တိုက်၊ရန်ကုန် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ၊ရန်ကုန် သင်္ဃန်းကျွန်း ရွှေနားပန်ကျောင်းတိုက်တွေမှာ လောကုတ္တရာ စာပေတွေ လေ့လာသင်ယူခဲ့တယ်။
၂၀၀၂ ခုနှစ် ထဲမှာ ကျန်းမာရေးချို့ တဲ့နေတဲ့ ဦးဇင်းဇာတိ ကျည်ရွာကျောင်း ဥပဇ္ဈယ်ဆရာတော်ကြီးကို ပြန်လည်ပြုစုဖို့  တပည့်တပါးအနေနဲ့ အလှည့်ကျလာတာမို့ ၊ရွာကျောင်းမှာ ပြန်လည်သီတင်းသုံးခဲ့တယ်။
ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ ၃၀ရက်မှာ ဦးဇင်းတို့ ကျည်ရွာ ကားလမ်းမပေါ်မှာ နာမည်ကျော် ဒီပဲယင်းအရေးအခင်း ပေါ်ပေါက်လာပုံကို မိန့် ကြားပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။အဲဒီအရေးအခင်းဖြစ်တော့ ဦးဇင်း ကျည်ရွာမှာ သီတင်းသုံးနေတယ်။ဦးဇင်း
ကြုံတွေ့ ခဲ့တာတွေ ပြန်ပြောပြမယ်။ ၂၀၀၃ခု မေလဆန်းကတည်းက ဒကာမကြီးဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည်အနှံ့ စည်းရုံးရေးခရီးလှည့်လည်နေတယ်ဆိုတဲ့သတင်းကို ရေဒီယိုတွေက တဆင့် ဦးဇင်းကြားသိနေခဲ့ရတယ်။ဒေါ်စုတို့ အဖွဲ့ ကို ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုကြတာတွေ၊နအဖ စစ်တပ် ရဲ မီးသတ် ကြံ့ဖွတ် စွမ်းအားရှင်တွေက ခရီးလမ်းမှာ အမျိုးမျိုးနှောက်ယှက်နေတဲ့ သတင်းဆိုးတွေလည်း ဦးဇင်းကြားနေခဲ့ရတယ်။ဦးဇင်းတို့  ဒီပဲယင်းကို လာမယ်လို့ လည်း သိရတယ်။ ဒီလိုနဲ့ ဒေါ်စုတို့ သတင်းနားစွင့်နေရင်း ရွာသူရွာသားတွေကလည်း ဒေါ်စုတို့ လာရင် သွားကြိုကြမယ်ဆိုတဲ့ အသံတွေကလည်း ရွာထဲမှာကြားနေရတာ အားရှိစရာပေါ့။မေလ၂၆ရက်ရက်နေ့ ရောက်တော့ မကောင်းတဲ့သတင်းတခုကြားရတယ်။ရွာထဲက ဒကာတယောက်က ဦးဇင်းကို လာလျှောက်တယ်။အားလုံးက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ပြည်သူ့ အချစ်တော် လူထုခေါင်းဆောင်ဒေါ်စုတို့ ကို တွေ့ ချင်လို့ ဝမ်းသာပျော်ရွှင်နေချိန်မှာ၊ ဒေါ်စုတို့ ကို မုန်းနေတဲ့ နအဖလက်ပါးစေ အလိုတော်ရိ ပြည်သူ့ သစ္စာဖောက် ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေက ဒီပဲယင်း မြို့တော်ခန်းမ (ဆရာစံခန်းမ)မှာ စခန်းချပြီး လက်နက်ကိုင်သင်တန်းတွေပေးနေတာ တွေ့ ခဲ့ရတယ်ဘုရားလို့  လာလျှောက်တယ်။နောက်တခု ကြားခဲ့ရတာကိုလည်း ဦးဇင်းကို လျှောက်တယ်။ကျည်ရွာကားဂိတ်နဲ့  ကိုက်၄၀အကွာလောက်မှာရှိတဲ့
တဖက်ရွာ=ဘုရားထွက်ရွာစပ်က ဘောလုံးကွင်းထဲမှာ ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်နဲ့ အဖွဲ့ ၊ရဲတပ်ဖွဲ့ တွေက လမ်းသွားလမ်းလာ ကားတွေကို ရပ်တန့် စစ်ဆေးနေတယ်။ကားပေါ်ပါ ခရီးသွားတွေကို မှတ်ပုံတင်စစ်၊ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူရင်း လာမယ့် မေလ ၃၀ရက်နေ့ မှာ ကျည်ရွာကားဂိတ်သို ဘယ်သူမှ မလာကြဖို့ နဲ့ လာတဲ့သူကို ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုနေကြောင်းတွေကို ဦးဇင်းကို ပြောပြတယ်။
ဦးဇင်းလည်း ဒကာပြောတာ ဟုတ်မဟုတ် နောက်နေ့ မေလ၂၇ နဲ့ ၂၈ ရက်နေ့ တွေမှာ ကိုယ်တိုင်သွား
ကြည့်ခဲ့တယ်။မေလ ၂၇ရက်မှာ ဆရာစံခန်းမမှာ လက်နက်ကိုင်သင်တန်းတက်နေသူတွေ သိပ်မစုံသေးပေမယ့်၊ မေလ ၁၈ရက်ရောက်တော့ လူတော်တော်စုံနေတာတွေ့ ခဲ့ရတယ်။သင်တန်းသားတွေလက်ထဲမှာ လုံထိန်းတွေကိုင်တဲ့ နံပါတ်တုတ်တွေ ကိုယ်စီရှိနေတာတွေ့ ခဲ့
ရတယ်။နောက်ထပ်ရောက်လာတဲ့သူတွေအတွက် နံပါတ်တုတ် ဝေပေးဖို့ မလောက်တော့လို့ ၊ဝါးရင်းတုတ်တွေ ဆက်ဝေပေးနေတာတွေ့ ခဲ့ရတယ်။သင်တန်းနားချိန်မှာ မူးရူးသောက်စားကြပြီး ရွာထဲသို့ လျှောက်လည်တာ တွေ့ ခဲ့ရတယ်။တချို့ က ဆရာစံခန်းမထဲမှာပဲ လေးခွ အပစ်လေ့ကျင့်နေကြတာ တွေ့ ခဲ့ရတယ်။(ဒေါ်စုကြည်-အမျိုးဖျက်မ အလိုမရှိ။)..စသဖြင့် တိုင်ပေးသူက တိုင်ပေး၊အော်သူတွေက အော်နေကြတယ်။ဦးစီးခေါင်းဆောင်နေသူက ဒီပဲယင်းမြို့ 
ကြံဖွတ်အတွင်းရေးမှုး ဝင်းသိန်း ဆိုတာ သိခဲ့ရတယ်။ မြို့ ရွာ နယ်စုံကလူတွေကို စားစရိတ်ငြိမ်း တနေ့ (၅၀၀) ကျပ်နဲ့ ခေါ်ယူစုဆောင်းကာ သင်တန်းပေးနေတာလို့  သိခဲ့ရတယ်။အလားတူ ဒေါ်စုတို့ လာရင်
နှောက်ယှက်ဖို့  ဦးဇင်းတို့ နဲ့ သိပ်မဝေးလှတဲ့ ရေဦးမြို့  မြို့ တော်ခန်းမမှာ၊ရေဦးမြို့ အထက(၁)ကျောင်းထဲမှာလည်း စွမ်းအားရှင်သင်တန်းဆိုပြီး လက်နက်ကိုင် သင်တန်းတွေ ပေးနေကြတာ တွေ့ ခဲ့ ရတယ်လို့  သွားကြည့်ခဲ့တဲ့ ဦးဇင်းတပါးက ပြောပြလို့ လည်း သိနေခဲ့ရတယ်။ ဒါဆို သူတို့ တွေ လူစုနေကြတာဟာ ခရီးစဉ်သတင်းတွေမှာကြားနေရသလို ဒေါ်စုတို့ အဖွဲ့ ကို နှောက်ယှက်ဖို့ ဆိုတာ သေချာပြီဆိုတာ ဦးဇင်းအကဲခတ်မိခဲ့တယ်။
မေ၃၀ရက်နေ့ နေ့ လည် ၁နာရီမှာ ဒေါ်စုတို့ အဖွဲ့  ဦးဇင်းတို့ ကျည်ရွာကားဂိတ်ရှေ့  ကားလမ်းတဆင့် ခရီးဆက်သွားမယ် ဆိုတဲ့သတင်းကို မနက်ပိုင်းကတည်းက စိုင်ပြင်ရွာက ဒကာနှစ်ယောက် က ရွာထဲ လာပြောသွားလို့  ရွာသူရွာသားတွေ နံနက်၁၀နာရီကတည်းက ကျည်ရွာ ကားဂိတ်မှာ စုဝေးပြီး ထွက်ကြိုနေခဲ့ကြတယ်။ ရွာသားတွေ ထွက်ကြိုကြတဲ့သတင်းကို နအဖလက်ကိုင်တုတ် ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်၊ လဝက ဦးမောင်ရှိန် ၊ကြံ့ဖွတ်တွေ၊ရဲတပ်ဖွဲ့ ဝင်တွေ သိသိချင်း ချက်ချင်းလိုက်လံတားမြစ်ခြိမ်းခြောက်ခဲ့ကြတယ်။ကျည်ရွာကားဂိတ်မှာ ဒေါ်စုကို ထွက်ကြိုတဲ့သူတွေကို စစ်အာဏာရှင် ဘက်တော်သားတွေက ဝါးလုံးတွေတန်းပြီး ထွက်မကြိုကြဖို့ ၊ပြန်ကြဖို့ ၊မပြန်တဲ့သူတွေကို အကုန်ဖမ်းပစ်မယ် စသဖြင့် ကြိမ်းမောင်းပြောဆိုရင်း ဓါတ်ပုံရိုက်၊စာရင်းမှတ်လုပ်နေကြတယ်လို့  အဲဒီကားဂိတ်က ပြန်လာတဲ့ ဒကာနှစ်ယောက်က ဦးဇင်းကျောင်းမှာ နေ့ ဆွမ်းဘုန်းပေးနေတုန်း လာလျှောက်ကြတယ်။
ရွာသူရွာသားတွေက ကြောက်ရွံ့ နေကြတယ်လို့  လည်း လျှောက်ကြတယ်။ဒါနဲ့ ဦးဇင်းလည်း ကိစ္စမရှိ
ဘူး၊ဆွမ်းစားပြီးတာနဲ့ ရွာထဲလှည့်ပြီး အသံချဲ့ စက်နဲ့  အားလုံးထွက်ကြိုကြဖို့ ဆော်သြလိုက်မယ်လို့ ပြန်
ပြောလိုက်တယ်။ဆွမ်းစားပြီးတာနဲ့ ကျောင်းထိုင်ဆရာတော်ကြီးကို ရွာကအဖြစ်အပျက်တွေကို ဦးဇင်းမြင်ခဲ့ကြားခဲ့ရတဲ့အတိုင်း တင်ပြလျှောက်ထားရင်း အသံချဲ့ စက်သော့ယူရင်း ရွာထဲဆော်သြဖို့  ခွင့်ပြုဖို့ ဆရာတော်ကိုလျှောက်ထားတော့ ဆရာတော်က ..အေး၊ဒို့  မြန်မာလူမျိုးတွေ အချင်းချင်း
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဖြစ်သင့်တာတွေ မဖြစ်ဖို ၊့ ဒို့  တတ်နိုင်တဲ့ ဘက်က ကာကွယ်ရမယ်..
လို့ ရွာထဲဆော်သြဖို့  ခွင့်ပြုရင်း မိန့် တာနဲ ၊့ ဦးဇင်းလည်း အသံချဲ့ စက်ဆရာ ကိုသိုက်ထွန်းဝင်းနဲ့ အတူ
အသံချဲ့ စက်ကို နွားလှည်းပေါ်တင်ရင်း ၊ရွာထဲလှည့်ကာ ဒေါ်အောင်ဆန်းစုကြည်ကို မကြောက်မရွံ့ 
ထွက်ကြိုကြဖို့ ၊ဦးဇင်းးကိုယ်တိုင် အသံချဲ့ စက်နဲ့ လိုက်လံဆော်သြခဲ့တယ်။
ဟစ်တိုင်။ ။ ထွက်ကြိုကြတဲ့ရွာသားစုစုပေါင်းဘယ်လောက်လို့ ခန့် မှန်းပါသလဲဘုရား။ရှေ့  ဘာဆက်ဖြစ်သေးလဲ ဘုရား။မိန့် တော်မူပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။ဦးဇင်းလိုက်လံဆော်သြလို့  နံနက်၁၀နာရီကစပြီး ကျည်ရွာကားဂိတ်မှာ ထွက်ကြိုသူပေါင်းဟာ ကျည်ရွာအပါအဝင် ရွာနီးဝန်းကျင်ကျေးရွာတွေက ကြိုဆိုသူပေါင်းဟာ ၄ထောင်ကျော် ၅ထောင်နီးပါး ရှိမယ် ခန့် မှန်းရတယ်။ကျည်ရွာမှာ အိမ်ခြေပေါင်း ၁ထောင်ခန့် ရှိတယ်။
တအိမ် မိသားစု၃ယောက်နှုန်း ထွက်ကြိုကြရင်ပဲ ကျည်ရွာမှာ ကြိုသူ ၃ထောင်ကျော်တယ်။
ဘုရားထွက်ရွာမှာ အိမ်ခြေ ၂၀၀ကျော်ရှိတယ်။မန်ကြီးအုပ်ရွာမှာ အိမ်ခြေ ၅၀ခန့် ရှိတယ်။အခြားအနီးဝန်းကျင်က လာကြိုကြသူတွေနဲ့ပါ ပေါင်းလိုက်ရင် ၄၀၀၀ကျော် လောက်ရှိမယ် ခန့် မှန်းရတယ်။ ဒေါ်စုကို ကြိုဆိုထောက်ခံသူတွေနဲ့ ဆန့် ကျင်ဘက် ၊နအဖစစ်အုပ်စုက ငွေပေးစည်းရုံးလက်နက်သင်တန်းပေး ခေါ်ဆောင်ထားတဲ့ ဒေါ်စုအဖွဲ့ ကို ဆန့် ကျင်ကန့် ကွက် နှောက်ယှက် မယ့် ကြံ့ဖွတ်၊စွမ်းအားရှင်တွေကလည်း ကျည်ရွာအရှေ့ တမိုင်ခန့် ဝေးတဲ့ ရွာသစ်ရွာ ရဲစခန်းမှာ စုရုံးနေကြတာ လူဦးရေ လေးထောင်ကျော်ခန့် ရှိတယ်လို့ ကြားသိခဲ့ရတယ်။ရွာသစ်ရွာတောင်ဘက် (အများအခေါ်=ပတွင်းတံတား)ကနေ စပြီး လမ်းဘေးဝဲယာ တဘက်တချက်မှာ ဒေါ်စုကိုတိုက်ခိုက်မယ့် အဖွဲ့ တွေကို သူ့ အဖွဲ့ နဲ့ သူ ရဲတပ်သားတွေက ကြီးကြပ်နေရာချပေးနေခဲ့တယ်။ အစဉ်လိုက်ပြောရရင် ရှေ့ တန်းမှာ ဝက်လက်အဖွဲ့ ၊ဒုတိယတန်း မှာ ရွှေဘိုအဖွဲ့ ၊တတိယတန်းမှာ ခင်ဦးအဖွဲ့ ၊စတုတ္ထတန်းမှာ ရေဦးအဖွဲ့ ၊ပဉ္စမတန်းမှာ ခယက ဥက္ကဌ သန်းဟန်တို့ အဖွဲ့ ။
ဒီလိုနဲ့ ကြိုဆိုသူနဲ့ နှောက်ယှက်သူဦးရေဟာ ဆတူ သဘောမျိုးရှိနေတာ တွေ့ ခဲ့ရတယ်။ကြိုဆိုသူတွေက မနက်ခင်းကတည်းက ကားဂိတ်ကားလမ်း တဖက်တချက်မှာ တနေကုန် စောင့်လာခဲ့ကြတာ ၊ညနေပိုင်းရောက်လာတဲ့အထိပေါ့၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့  ကျည်ရွာထိပ်ကို မေ၃၀ရက် ည ၇နာရီ၁၅မိနစ်လောက်မှ ရောက်လာကြတယ်။ ဒေါ်စုတို့ ကား ဆက်လက်မောင်းနှင်လာရင်း ကျည်ရွာကားဂိတ်မရောက်ခင် ကျည်ရွာအလွန် ကြည်ရွာတံတားဦးကျောင်းမှ ဦးဇင်းဦးကောဏ္ဌည၊ဦးဇင်းဦးတေဇဓမ္မတို့ က ဒေါ်စုတို့ ကားကို တားကာ …ရွာသူရွာသားတွေက မနက်ကတည်းက ထွက်ကြိုနေကြတာမို့ ရွာလူထု က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခေတ္တမိတ်ဆက်စကား ဟောပြောပေးဖို့ တောင်းပန်စကားပြောခိုင်းလို့  ဦးဇင်းတို့ အနေနဲ့ လာရောက်မေတ္တာရပ်ခံတာပါ…လို့ ဦးဇင်းတွေကပြောတဲ့အခါ ဒေါ်စုကားပေါ် လုံခြုံရေးလိုက်ပါလာတဲ့  လူငယ်တွေက ညမိုးချုပ်နေပြီး ရှေ့ ဆက်ရမယ့်ခရီးစဉ်တွေလည်း ရှိနေသေးတာမို့  ဟောပြောဖို့ အချိန်မရတော့တာကို နားလည်ပေးဖို့ တောင်းပန်လျှောက်ထားကြတယ်လို့ သိရတယ်။
ဟစ်တိုင်။ ။ဦးဇင်းဘုရား။အဲဒီ လမိုက်ည သောကြာနေ့ ညမှာ လက်နက်မဲ့တဲ့ ဒေါ်စုနဲ့ ထောက်ခံသူ လူထူကို လက်နက်ကိုင်တွေက အကြမ်းဖက်တိုက်ခိုက်ကြတာ မြင်တွေ့ ခဲ့ရသလောက် မိန့် ပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။ရွာလူထုရဲ့ တောင်းပန်ချက်အရ ဦးဇင်း၂ပါးက ဒေါ်စုတို့ ကားကို တားရင်း စကားပြောဆိုကြတော့ နောက်က ကားတန်းကြီးလည်း ခေတ္တရပ်တန့် သွားတာပေါ့။ဒါကိုလည်းတွေ့ ရော စောင့်စားနေတဲ့ရွာလူထုကြီးကလည်း ဒေါ်စုတို့ ကို သောင်းသောင်းဖျဖျ ကြိုဆိုကြမယ် ဆိုတဲ့ ဝမ်းမြောက်စိတ်တွေနဲ့ ကားတန်းတွေနား စုပြုံတိုးဝှေ့ ရောက်လာကြတာပေါ့။အလားတူ ဒေါ်စုကို နှောက်ယှက်တိုက်ခိုက်ဖို့  အသင့်စောင့်ဆိုင်းနေကြတဲ့ နအဖရဲ့ လက်မရွံ့  အာဏာပါးကွက်သားတွေကလည်း မူးရူးအော်ဟစ်ရင်း လူအုပ်ကြီးထဲကို လေးခွများနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ကြတယ်။ထို့ အတူ ဒေါ်စုတို့ ကားတန်းနောက်ကို နှောက်ယှက်ဖို့ မုံရွာမြို့ အထွက်ကတည်းက လိုက်ပါလာတဲ့ မှန်လုံကားတွေ၊ဒိုင်နာကားတွေ၊ဟီးနိုးကားကြီးတွေပေါ်က ကြံ့ဖွတ် စွမ်းအားရှင်တွေ၊လူရမ်းကားတွေဟာ မူးရူးအော်ဟစ်ရင်း လမ်းဘေးမှာ ထွက်ကြိုနေကြတဲ့ လူအုပ်ထဲကို လေးခွတွေနဲ့ စတင်ပစ်ခတ်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်အောင် စတင်လုပ်ကြပါတော့တယ်။

ရွာလူထုဟာ ရုတ်တရက် မထင်မှတ်ဘဲ ညအချိန်မှာ အဲသလို စတင်အတိုက်ခိုက်ခံရတော့ ထွက်ပြေးသူက ထွက်ပြေး၊ လဲကြ ကွဲကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။
တဆက်တည်း ကျည်ရွာကားဂိတ်မှာ ဒေါ်စုအဖွဲ့ ကို နွားလှည်းပေါ်ကထိုင်ရင်း ထွက်ကြိုနေတဲ့ ဦးဇင်းတို့ ကျည်ရွာဆရာတော်ကြီးကိုပါ မကျန် လူရမ်းကားတွေက လေးခွနဲ့ ပစ်ပါတယ်။”ဒီဘုန်းကြီးက ကြီးမှ နိုင်ငံရေးလုပ်တာ”ဟု ပြောရင်း လေးခွနဲ့ အပစ်ခံရသလို့  ဆရာတော်ကြီးမှာ လက်ဖနောင့်မှာတချက်၊ဆီးခုံမှာတချက် ထိမှန်သွားပြီး လှည်းပေါ်မှာ လဲကျသွားခဲ့တယ်။
ဟစ်တိုင်။ ။စစ်အာဏာရှင် ဒေါက်တိုင်တွေက သူတို့ ကို မထောက်ခံရင် ပြည်သူလူထုကို သာမက သာသနာ့ခေါင်းဆောင် ဘုရားသားတော် ရဟန်းသံဃာတွေကိုပါ ကိုယ်ထိလက်ရောက် စော်ကားရဲကြ၊စော်ကားရက်ကြတာ..ကံကြီးထိုက်ပြီး..အဝီစိငရဲလားမှာ…အရှင်လတ်လတ်မြေမျိုကြမှာတောင် မကြောက်ကြတော့ပါလား ဘုရား။ရှေ့ ဆက် ဘာဖြစ်သေးလဲ မိန့် ပါဦး ဘုရား။
ဦးဇင်းဦးဝိမလ။ ။စစ်အာဏာရူးတွေရဲ့ ခိုင်းဖက် စစ်ဘီလူးတွေဟာ သူတို့ ကို ဆန့် ကျင်ရင် ရဟန်းရော၊ကိုရင်ရော၊ဘာသာပေါင်းစုံက ပြည်သူတွေကိုရော အကုန်လုံးကို မိုက်ရိုင်းစော်ကားကြတာပဲ။ဆရာတော်ကြီးသာမက လှည်းပေါ်မှာပါလာတဲ့ ကိုရင်လေးနှစ်ပါးကိုလည်း
လေးခွထိမှန်ခဲ့တယ် ဒကာရေ။ဦးဇင်းတသက်မှာ မျက်စေ့ရှေ့ မှာ သံဃာတွေကို ပြည်သူတွေကို လက်ရဲဇက်ရဲ ငရဲမကြောက် စော်ကားရဲကြတာ ဒီစစ်အာဏာရှင်တွေပါလားလို့ ကိုယ်တွေ့ သိခဲ့ရတယ်။ကိုရင်လေးတပါးက နောက်စေ့ကို ထိမှန်ခဲ့တယ်။နောက်တပါးက ဦးခေါင်းထိပ်မှာ ထိမှန်ခဲ့တယ်။လှည်းပေါ်မှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ဆရာတော်နဲ့ ကိုရင်နှစ်ပါးကို သွားကယ်တဲ့ ဦးဇင်းတို့ ကျည်ရွာသား ဒကာဦးဌေးအောင်ဟာ ကိုရင်တွေကို ပွေ့ ထုတ်နေစဉ် ဦးဌေးအောင်ရဲ့ အနောက်ကနေ ဝါးရင်းတုတ်ကိုင်ထားတဲ့ နအဖလက်ပါးစေ ပြည်သူ့ သစ္စာဖောက် အသားထဲကလောက်ထွက်တဲ့ လူရမ်းကားတဦးက ခေါင်းကို ရိုက်နှက်လိုက်လို့ ဦးဌေးအောင် ခေါင်းကွဲသွားခဲ့တယ်။ဦးဇင်းတို့ လည်း ဆရာတော်၊ကိုရင်တွေကို ဆိုင်ကယ်တွေနဲ့ သွားရောက်ကယ် ထုတ်ခဲ့ရတယ်။အဲဒီနောက် ဦးဇင်းကိုယ်တိုင် လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်နေတဲ့ မြင်ကွင်းများကို
ကုက္ကိုပင်များကို အကာအကွယ်ယူလိုက်၊လယ်ကွင်းတွေထဲ ဖြတ်ပြေးလိုက်နဲ့ ကျည်ရွာ မြောက်ဘက်တံတားကနေ တောင်ဘက်တံတားဆုံးအထိရောက်အောင် ပုန်းလျှိုးကွယ်ရှိုး နဲ့ လိုက်လံကြည့်ရှုခဲ့တယ်။အရိုက်ခံရသူတွေဟာ လူမဆန်စွာ တိရစ္ဆာန်တွေကို ရိုက်နှက်သတ်ဖြတ်နေသလို ခံနေကြရတာ တွေ့ ခဲ့ရတယ်။အရိုက်ခံရသူတွေ ဆီက ဆွဲကြိုး၊နာရီ၊လက်စွပ်၊လက်ကောက်၊နားကတ်၊ရွှေငွေပစ္စည်းတွေကို လုယက်ဖြုတ်ယူနေကြတာ တွေ့ ခဲ့ရတယ်။အခင်းဖြစ်နေချိန်မှာ ဒကာမလေးတယောက်ကို ရိုက်နှက်သူတွေက “ နင် ဝင်းမြမြလား၊ဝင်းမြမြဆိုတာ နင်လား”လို့ မေးရင်း ဦးခေါင်းကို ဝါးရင်းတုတ်နဲ့ရိုက်နေတာတွေ့ ရတယ်။ကောင်မလေးက ဘာမှပြန်မပြောတော့ ကတ္တရာလမ်းနဲ့ခေါင်းနဲ့ မေးလို့ မရမချင်းဆောင့်နေတာတွေ့ ခဲ့ရတယ်။အဲဒီကောင်မလေး လှုပ်ရှားမှုမရှိတော့လို့  သေဖို့ များမယ်လို့ ဦးဇင်းထင်တယ်။အဲဒီနေရာမှာ ဒဏ်ရာတွေနဲ့ လူပေါင်းများစွာ သေကြတာ တွေ့ ရတယ်။
ရိုက်နှက်သူတွေထဲမှာ လူဝတ်ကြောင် လူရမ်းကားများသာမက သင်္ကန်းပတ်စည်းထားတဲ့ ဘုန်းကြီးအတုတွေပါ ဝင်ရောက်ရိုက်နှက်နေတာကိုဦးဇင်း အံ့အားသင့်စွာ တွေ့ ခဲ့ရတယ်။
ဟစ်တိုင်။ ။သံဃာအတုတွေလို့ ဘယ်လို သိရပါသလဲဘုရား။
ဦးဇင်းဦးဝိမလ။ ။ရိုက်နှက်သူတွေထဲမှာ ဘုန်းကြီးအတုတွေလို့  ဘယ်လိုသိရသလဲဆိုတော့ ထိုသူတွေဟာ ပြည်သူတွေကို ရိုက်နှက်ရင်းနဲ့ သူတို့ ပတ်စည်းထားတဲ့ ခါးဝတ်သင်းပိုင်သင်္ကန်းတွေ ကျွတ်ကျသွားတဲ့အခါ စစ်ဘောင်းဘီတိုများ၊အရပ်ဝတ်ဘောင်းဘီတို (short pant) များ ဝတ်ထားကြတာကို ဦးဇင်းမြင်လို့ မို့  ဘုန်းကြီးအတုတွေလို့ ပြောလို့ ရတာပါ။
ဟစ်တိုင်။ ။ရဟန်း၊ကိုရင် အစစ်တွေဟာ အဲသလို အောက်ခံဘောင်းဘီတိုတွေ ဝတ်လေ့ဝတ်ထ မရှိဘူး မဟုတ်လား ဘုရား။
ဦးဇင်းဦးဝိမလ။ ။မရှိပါဘူး။ဦးဇင်းမြင်ခဲ့ရတဲ့ ဘုန်းကြီးအတုတွေဟာ သင်းပိုင်သင်္ကန်းများ ကျွတ်ကျပြီး
ပြန်ဝတ်ကြတဲ့အခါ ဦးဇင်းတို့ သံဃာအစစ်တွေ သင်းပိုင်ပြန်ဝတ်သလို ပြန်မဝတ်ကြတော့ဘဲ လူတွေ ပုဆိုးဝတ်သလို သင်္ကန်းတွေကိုပြန်ဝတ်ပြီး လိုက်လံရိုက်နှက်ကြတာ တွေ့ ခဲ့ရတယ်။တချို့ ဆိုရင် သင်းပိုင်ကိုတောင် ပုဆိုးဝတ်သလို ပြန်မဝတ်တော့ဘဲ သင်္ကန်းအားလုံးကို ချွတ်ချပြီး ဘောင်းဘီတိုများဝတ်လျှက်နဲ့ ပဲ လိုက်လံရိုက်နှက်ကြပြန်တယ်။

ဟစ်တိုင်။ ။သံဃာကိုရိုက်နှက်တာက တပြစ်၊သံဃာယောင်ဆောင်တာက တပြစ်၊လူသတ် ဓါးပြတိုက်ကြတာက တပြစ်၊အဝီစိငရဲလားမယ့် အပြစ်ပေါင်းစုံကို ကန်ထရိုက်ဆွဲပြီး အာဏာရှင်တွေအလိုကျ ကြိုးဆွဲရာ ကကြ ရရှာတဲ့  ထမင်းစားတဲ့ စက်ရုပ်ဘဝရောက်နေကြရသူတွေဟာ တပည့်တော်တို့ ကြားခဲ့ရသလောက် ၊ထောင်ထွက်တွေ စစ်တပ် ရဲ လုံထိန်းထဲက ကတုံးတုံး ရဟန်းအသွင်ပြောင်း မိုက်ကန်းကြရတဲ့ ငမိုက်သားတွေလို့  ကြားသိခဲ့ရတာ ဖြစ်နိုင်တယ်ဘုရား။အင်း..ရက်စက်မှုအပေါင်း သရဖူဆောင်းကြတဲ့ ဒီပဲယင်းလူသတ်ပွဲ
ကြီးအကြောင်း ဆက်မိန့် ပါဦး ဘုရား။

ဦးဇင်းဦးဝိမလ။ ။ဦးဇင်းသွားကြည့်တာ ကျည်ရွာ မြောက်ဘက်တံတားအစွန်းကနေ ဟိုးဘက် တောင်
ဘက် တံတားအစွန်းအထိရောက်သွားပြီး၊ အဲဒီ တောင်ဘက်ကနေ လိုက်ကြည့်ပြီး မြောက်ဘက်ကို ပြန်လာချိန်မှာ ညအမှောင်မှာ ဦးဇင်း မြင်ခဲ့ရသရွေ့  လူပေါင်း(၉၀)ကျော်လောက် သွေးသံတရဲရဲနဲ့ တုံးလုံးပက်လက် လဲနေကြတာ တွေ့ ခဲ့ရတယ်။ရုပ်ပျက်ဆင်းပျက်နဲ့ မအော်နိုင်တဲ့သူတွေကများတယ်။
ဦိးခေါင်းနဲ့ မျက်နှာတွေကို အဓိကရိုက်ခံထားကြရလို့ ဒကာဒကာမတွေကို ဘယ်သူဘယ်ဝါ ခန့် မှန်းရ ခက်လောက်အောင်ကို ရုပ်လုံးမပီသူတွေ အဖြစ် စိတ်မကောင်းစွာ တွေ့ ခဲ့ရတယ်။ဒကာမလေးနှစ်ယောက် ဆိုရင် ထပ်လျှက် မေ့လဲနေတာ တွေ့ ခဲ့ရတယ်။အပေါ်ပိုင်းအဝတ်အစားတွေ မရှိကြတော့ဘူး။
သူတို့ လုံချည်နဲ့ ပေါင်တွေမှာသွေးစီးတွေနဲ့  ကပ်နေတာကို တွေ့ ခဲ့ရတယ်။အဲဒီအထဲက အသေအပျောက်(၆၀)ကျော်လောက် ရှိမယ်လို့  ခန့် မှန်းရတယ်။
ဦးဇင်း တောင်မြောက်တံတားနှစ်စင်းကနေ ရွာဘက်ကို ပြန်လှည့်လာတော့ တံတားနဲ့ ရွာကြားက သောက်သုံးရေကန်ဘေးမှာ လဲကျနေတဲ့ဆိုင်ကယ်တွေ၊လူတွေကို တွေ့ ခဲ့ရတယ်။
သေနေသူအတော်များမယ်လို့ ယူဆတယ်။ရွာကို ဆက်လျှောက်လာရင်း ကျည်ရွာကားဂိတ်နဲ့ ကိုက်၂၀လောက် အတိုင်းအတာရှိမယ့် ရေကူးမြောင်းလေးမှာ ကားတစီးမှောက်နေတာတွေ့ ရတယ်။
ကားခေါင်းထဲမှာ ဒကာတယောက် ဇက်ကျိုးပြီး မျက်လုံးတဖက်ထွက်ကျပြီး သေနေတာ တွေ့ ရတယ်။
အဲဒီကား အနောက်ဖက်ပိုင်း ကားဝမ်းဗိုက် ကြမ်းပြင် သံမြောင်းလေးတွေကြားထဲမှာ လူ့ သွေးတွေ လက်တဆစ်လောက် ပြစ်ခဲနေတာတွေ့ ခဲ့ရတယ်။အနီးအနား လယ်ကွင်းဘက်တွေထဲကနေလည်း
ကယ်ပါ၊ယူပါ တစာစာနဲ့ အော်ဟစ်ညည်းတွားနေတဲ့ အသံတွေလည်း ကြားခဲ့ရတယ်။
ဦးဇင်း ဆက်လျှောက်လာရင်းနဲ့  ရွာနားရောက်တော့ လမ်းတနေရာမှာ ကျည်ရွာက အသက်၂၀ကျော်
ဒကာလေး သက်နိုင် က “ကယ်ပါ၊ကယ်ပါ “လို့ အော်နေလို့ ၊ဦးဇင်းက ရွာသားတချို့ ကို လူနာနားမှာ အစောင့်ထားပြီး ၊ကျန်သူတွေကို ရွာပြန်ကာ လှည်းသွားယူခိုင်းလိုက်တယ်။ ဦးဇင်းက လမ်းဆက်လျှောက်လာရင်းနဲ့ ၊ လှည်းနဲ့ အတူ လှည်းယူခိုင်းလိုက်တဲ့ ဒကာတွေကို ရွာဦးဘုရားနားမှာ မျက်နှာချင်းဆိုင်ပြန်တွေ့ ကြလို ၊့ဦးဇင်းက လူနာကို ရွာကို အမြန်သယ်လာဖို့  ထပ်မှာလိုက်တယ်။
ဦးဇင်းရွာကျောင်းကို ရောက်တယ်ဆိုရင်ပဲ လေးခွဒဏ်ရာရထားတဲ့ ဆရာတော်က
ဦးဇင်းပြန်မလာလို့ စိတ်ပူနေတာလို့ ဆိုတယ်။ဦးဇင်းက အခု ဘာမှမဖြစ်ဘဲ ပြန်ရောက်လာပြီဘုရားလို့ 
ဦးချ လျှောက်ထားလိုက်တယ်။ ဒကာလေး မောင်သက်နိုင်ကတော့ လမ်းမှာ ဒဏ်ရာတွေနဲ့ 
ညည်းညူနေလို့ ရွာကလှည်းနဲ့ သွားသယ်နေကြပြီဘုရားလို့ လျှောက်ထားနေရင်း၊ကြံ့ဖွတ်ဒကာတယောက်ကို ရွာသားတွေက ဖမ်းဆီးလာပြီး၊ ဦးဇင်း ထံကို လာအပ်ကြတယ်။ကျောင်းထိုင်ဘုန်းကြီးက စစ်မေးခိုင်းလို့ ဦးဇင်းက အဲဒီ ဒကာကို မေးမြန်းတော့သူက ရေဦးမြို့ နယ်၊ရေဦးကုန်းရွာကတဲ့။သူကအရက်မူးနေလို့ သည်းခံခွင့်လွှတ်ပါဘုရားလို့  တောင်းပန်ရင်း သူတို့ ကြံ့ဖွတ်အဖွဲ့ တွေကို စရိတ်ငြိမ်း ၅၀၀ကျပ်ပေးပြီး အရက်တိုက်တယ်။အရက်တွေပါတဲ့ ကားတွေနဲ့ ဟိုခေါ်ဒီခေါ် ခေါ်သွားပြီး ဒေါ်စုကြည်နဲ့ အဖွဲ့ ကို ရိုက်နှက်ခိုင်းတယ်။တပည့်တော်လည်း မူးမူးနဲ့  ဒေါ်စုကြည်တို့ ကားတန်းကို ရိုက်နေတုန်း ၊လူသုံးယောက်က ဖမ်းချုပ်ပြီး ၊ ကြိုးတုတ်ကြီးတွေနဲ့ တုတ်ထားပြီး ဘုရားဝင်းထဲမှာ ထားထားတယ်ဘုရား၊ဦးဇင်း၂ပါးက တွေ့ တော့ ဒီကောင် ဘယ်ကကောင်လဲလို့ ပြောနေချိန် ၊သူ့ ဒကာနှစ်ယောက်ရောက်လာပြီး၊ဒီကောင့်ကို ဦးဝိမလဆီ
ပို့ မယ်ဆိုပြီး ဒီကျောင်းကိုခေါ်လာတာပါ ဘုရားလို့ လျှောက်တယ်။
အဲဒီလို စစ်မေးနေရင်း လူနာမောင်သက်နိုင်ကို တင်လာတဲ့လှည်း ကျောင်းထဲဝင်လာတယ်။
ဒါနဲ့စစ်မေးတာ ခဏရပ်ရင်း..ဒီကြံ့ဖွတ်ဒကာကို..ကျောင်းအောက်မှာ အစောင့်တွေနဲ ခဏထားပြီး၊စစ်တာမပြီးသေးဘူး၊သူ့ ကို ဘာမှ မလုပ်ကြနဲ့ လို့ မှာရင်း ၊ဒဏ်ရာတွေနဲ့ မောင်သက်နိုင်ကို အရက်ပျံတွေနဲ့ ဆေးကြောပြုစုပေးရတယ်။သူ့ ဒဏ်ရာတွေက သိပ်ကြီးကျယ်တယ်။
ခြေထောက်အောက်ပိုင်းတွေ အရိုက်ခံထားရတယ်။ဦးခေါင်း အလယ်ခေါင်တည့်တည့် အရိုက်ခံထားရတယ်။နဖူးထိပ်တည့်တည့် အရိုက်ခံထားရတဲ့ဒဏ်ရာက အတော်ကြီးတယ်။
ဦးဇင်းကိုယ်တိုင် ချုပ်ပေးခဲ့ရတယ်။မျက်လုံးနှစ်လုံးစလုံး အထက်အောက် ဝါးချွန်နဲ့ 
အထိုးခံရတယ်။ဘယ်ဘက် လက်ခုံမှာလည်း ဝါးချွန်နဲ့ အထိုးခံရတဲ့ ဒဏ်ကြောင့် ၊ဝါးချွန်ဆိပ်တက်လွန်းလို့ ၊
သူ အခံရခက်လွန်းလို့  သူ့ လက်ကို ဖြတ်ခိုင်းတဲ့အထိ ဒဏ်ရာပြင်းထန် ခံစားနေခဲ့တာ
ဦးဇင်း မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ကျောင်းပေါ်မှာ ဆေးကုနေတဲ့ လူနာကို ကြည့်နေတဲ့
ဒကာမကြီး တယောက် ရုတ်တရက် မူးလဲသွားလို့ ၊ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သေးတယ်။
ကျောင်းပေါ်မှာ ဆူညံနေသလို ကျောင်းအောက်မှာလည်း ရွာသားတွေက ဖမ်းချုပ်ထားတဲ့ ကြံ့ဖွတ်ကောင်ကို ..လူတွေကို သေအောင်ရိုက်တဲ့ကောင်ကို ပြန်သတ်မယ်..လုပ်နေကြလို့ ဦးဇင်းက
ဒီကောင့်ကို ဘာမှမလုပ်ကြဖို့  ဟန့် တားရင်း၊ဆယ်အိမ်မှူးကိုအခေါ်ခိုင်းပြီး ဒီကောင့်ကို
ကျုပ်တို့ ဒဏ်ရာရအောင် ဘာမှမလုပ်ခဲ့ဘူး လို့ ပြောပြပြီး ပြန်လွှတ်ပေးလိုက်တယ်။

ဟစ်တိုင်။ ။ဦးဇင်းတို့ က သဘောထား ကြီးပြခဲ့တာပေါ့။ ဦးဇင်းက ဘယ်လောက်
သည်းခံခွင့်လွှတ်ပေမယ့် ဦးဇင်းကို အာဏာရှင်တွေက နောက်ပိုင်း လာဖမ်းပြီး စစ်ကြောရေးမှာ
နှိပ်စက် မတရားထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ ကြားရတယ်ဘုရား။အသေးစိပ် ရှင်းပြပါဦးဘုရား။

ဦးဇင်းဦးဝိမလ။ ။ဒီပဲယင်းအရေးအခင်းလို့ ဆိုတဲ့ ဦးဇင်းတို့ ကျည်ရွာအနီး နိုင်ငံတော်ကစီစဉ်လုပ်ကြံတဲ့ ကျည်ရွာလူသတ်မှုကြီး၊လူသတ်ပွဲကြီးကို ဆက်ပြောပြရရင် ..အဲဒီ မေ၃၀ ညမှာပဲ ဒေါ်စုစီးတဲ့ကားဟာ
လူရမ်းကားတွေ ရိုက်နှက်နေတဲ့ ကြားကပဲ ...ဒရိုင်ဘာရဲ့ကျွမ်းကျင်မှု၊ဒေါ်စုတို့ရဲ့သေဘေးကလွတ်တဲ့ကံ၊ပြည်သူတို့ ပို့ သတဲ့ စစ်မှန်တဲ့ မေတ္တာဓါတ်တွေကြောင့် ရေဦးမြို့ မရောက်ခင်..ရွာသစ်ရွာ ရဲစခန်းဂိတ်တွေကို တိုက်ထွက်မောင်းနှင်နိုင်
ခဲ့လို့  ရိုက်နှက်သတ်ဖြတ်ခံရတဲ့အဖြစ်ဆိုးကလွတ်ထွက်ခဲ့တယ်။
ရွာသစ်ရွာရဲစခန်းမှာ နအဖဘက်က ပါဝင်ဦးဆောင်သူတွေက ခယက ဥက္ကဌ ဗိုလ်မှုးသန်းဟန်၊စခန်းမှုး
ဦးစိန်ဝင်း၊မြို့နယ်မှုးဦးသောင်းဝင်း၊ဒီပဲယင်းတောင်ပြင်ရပ်ကွက်ကချက်ကြီး(ခ)စိုးတင့်၊ဦးမြဝင်း၊ရေဦးမြို့ မယက ဥက္ကဌ ဦးစိန်မောင်ဝင်း၊ဒီပဲယင်း မယက ဥက္ကဌ ဦးတင်အုန်းတို့ ဖြစ်တယ်။
မြို့နယ်မှူးသောင်းဝင်းရဲ့ လူယုံတော် ချက်ကြီး(ခ)စိုးတင့်ဟာ အခင်းဖြစ်မယ့် နေ့ လည်ကတည်း …ဒီပဲယင်းမြေမှာ ကုလားမယား ခြေမချစေရဘူး…လို့ မြို့ထဲမှာလျှောက်အော်ခဲ့တယ်။ဒါ့ကြောင့်စစ်အုပ်စုက ဒေါ်စုကို လုပ်ကြံဖို့ ကြိုတင်ကြံစည်ခဲ့တယ်ဆိုတာ အရမ်းထင်ရှားတယ်။အရေးအခင်းအပြီးမှာ
လူသတ်လုယက်လို့ ရွှေငွေအများဆုံးရသူဟာချက်ကြီးလို့  နာမည်ကြီးလာခဲ့တယ်။ဒါပေမယ့် အခုထိ ဒီလူသတ်တရားခံတွေကို အရေးမယူဘဲ၊ အခံဘက်က ခံခဲ့ကြရတဲ့ ဒေါ်စုအပါအဝင် ဦးဇင်းတို့ ကို ထောင်ကျခဲ့တယ်။ဒီပဲယင်းအရေးအခင်းမှာ အဲဒီအခင်းဖြစ်တဲ့ညမှာ ဒေါ်စုတို့ ကားတန်းကို ရွာသစ်ရဲစခန်းဘက်ကနေ..မီးဆလိုက်တွေထိုးပြီး၊သေနတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်တယ်လို့ကြားရတယ်၊
ဗိုလ်မှုးသန်းဟန်ကိုယ်တိုင် သေနတ်ပစ်မိန့် ပေးတယ်။သူကိုယ်တိုင်လည်း ဝင်ပစ်တယ်လို့ ကြားရတယ်

အိုးဝေအောင်
www.oway8888. com/
www.hittaing. org
www.hittai.org

Freedom from fear ဆိုတာ သူမှ အစစ်ပဲ

Friday, 29 May 2009 20:18 ဧရာဝတီ
မခင်ဥမ္မာသည် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ နိုင်ငံခြားရေးရာ အတွင်းရေးမှူး တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် ပြောရေးဆိုခွင့်ရှိသူတဦးအဖြစ် ပါဝင်ခဲ့သည်။ ယင်း လှုပ်ရှားမှုကို အတိုက်အခံအင်အားစုများ သတ်မှတ်ထားသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (မတ်လ ၁၃) ရက်နေ့က စတင်ခဲ့ရာ နိုင်ငံပေါင်း ၁၅၀ ကျော်မှ လက်မှတ် ၆ သိန်း ၅ သောင်းကျော်ရရှိခဲ့ကြောင်း မေလ ၂၆ ရက်နေ့တွင် ကြေညာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မတရားစွပ်စွဲခံရကာ တရားရင်ဆိုင်နေရခြင်းနှင့် ပတ်သက်၍ ဧရာဝတီ မဂ္ဂဇင်းက မေးမြန်းခဲ့ပါသည်။
Photobucket
မခင်ဥမ္မာ (ဓာတ်ပုံ - ဧရာဝတီ)
မေး။ ။ ခုဖြစ်ပေါ်နေတဲ့နိုင်ငံတကာ ဖိအားကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီအခြေအနေမှာသိသာထင်ရှားတာကတော့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုက အရမ်းကိုကြီးတယ်၊ နအဖဘက်က ဒီလောက်တောင် မျှော်လင့်ထားမှာ မဟုတ်ဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တကမ္ဘာလုံးက ယုံကြည်ကိုးစားမှုနဲ့ လေးစားမှုက ဘယ်လောက်ရှိတယ်ဆိုတာ အရမ်းကို သိသာ ထင်ရှား သွားတယ်။ အရင်ကလို ထုတ်ပြန်ချက်တွေနဲ့ ပါးစပ်က ပြောနေတာတင် မဟုတ်ဘဲ ကြိုးစား လုပ်နေတာ တွေလည်း တွေ့ရတယ်။ ဥပမာ ဆိုရရင် UK အစိုးရက ဒေါ်အောင်ဆန်းစုကြည် အသက်ကို ရည်ရွယ်ပြီး ဝက်ဘ်ဆိုက်တခု လုပ်ပေးတာကြည့်၊ အစိုးရတရပ်အနေနဲ့ ခုလို လုပ်ပေးတာက နည်းတဲ့ အင်အား မဟုတ်ဘူး လေ။ အနည်းဆုံးတော့ လုံခြုံရေးကောင်စီက သတင်းစာ ရှင်းလင်းပွဲနဲ့ ကြေညာချက်ကို ရအောင် ထုတ်ပေးနိုင် တယ်၊ တရုတ်နဲ့ ရုရှားက သူတို့ဘာသာ သူတို့ဆိုရင် ဘယ်တော့မှ စဉ်းစားမှာ မဟုတ်သလို သူများလုပ်ရင်လည်း တော်ရုံနဲ့ လက်ခံတာမဟုတ်ဘူး။ ဒါပေမယ့် UK တို့ US တို့ ပြင်သစ်တို့ရဲ့ ချက်ချင်း တုံ့ပြန် မှုကြောင့် ဒါကို လုပ်လိုက်နိုင်တာ တွေ့ရတယ်။ နောက် အာဆီယံနဲ့ ထိုင်းဆိုရင်လည်း ဒါမျိုးတခါမှ မကြုံဖူးဘူး။

ဘာပဲပြောပြော ကြေညာချက်တွေမှာ ပါတဲ့ စာသားတွေကို ကြည့်ရင်ပဲ ကြေညာချက်ထုတ်ရုံနဲ့ ရပ်သွားမှာမျိုး မဟုတ်ဘဲနဲ့ ဆက်ပြီး ထိထိရောက်ရောက်လုပ်ဖို့အတွက် ဒီအစိုးရ တော်တော်များများမှာ အစီအစဉ်တွေ ရှိနေတယ်ဆိုတာ သိသာတယ်။ အရင်ကဟာတွေနဲ့ ကွာတယ်။

မေး။ ။ နအဖက နိုင်ငံတကာက ဖိအားကို ထည့်မစဉ်းစားဘဲဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်လိုက်မယ်ဆိုရင် နိုင်ငံတကာရဲ့ အခြေအနေက ဘယ်လို ဆက်ဖြစ်လာမယ် ထင်ပါသလဲ။

ဖြေ။ ။ ကျမထင်တာတော့ အခုအချိန်မှာ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင်လွှတ်ပေး မလွှတ်ပေးဘဲ နေအိမ်အကျယ်ချုပ်ဆိုရင်လည်း ပုံစံမကျတော့ဘူးဆိုတော့ ဒီတော့ သူတို့က ထောင်ချကို ချမှာပဲ။ ခု နိုင်ငံတကာက စောင့်ကြည့်နေသူတွေ နားလည်တယ်၊ နအဖ ဘာလုပ်မလဲဆိုတာ သူတို့ ရိပ်မိတယ်။ ဒီတော့ နိုင်ငံတကာရဲ့ ဖိအားက ရပ်သွားမှာမဟုတ်ဘူး။

ပြောရရင် နအဖရဲ့ ရက်စက် ယုတ်မာမှုက ကမ်းကုန် နေပြီ ဆိုတော့ ဒီလောက်ကမ်းကုန်အောင် ယုတ်မာတဲ့ အာဏာရှင်တစု လုပ်ချင်ရာ လုပ်နေချိန်မှာ ဘယ်လို လက်တွေ့ကျပြီး ကျမတို့နိုင်ငံအတွက် အကျိုးဖြစ်မယ့် .. အဖြေတခုကို နိုင်ငံတကာ အင်အားစုတွေ၊ အစိုးရတွေကြားထဲမှာ ဘယ်လောက် ထိ ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပဲ။

လွယ်လွယ်ကူကူနဲ့တော့ လုပ်လို့ ရမှာမဟုတ်ဘူး။ အဲဒီလို မလုပ်နိုင်ခဲ့လို့လဲ ဒီလောက်ကြာခဲ့ ပြီးပြီ၊ တရုတ်နဲ့ ရုရှား အမြဲခံနေလို့ ဘာမှ မလုပ်နိုင်တဲ့ အပိုင်းတွေလည်း ရှိတယ်။ အဲလိုအနေအထားမှာ နိုင်ငံတကာဖိအား လျော့သွား စရာ မရှိဘူး၊ ပိုတိုးလာဖို့ပဲရှိတယ်။ ပိုတိုးလာတယ်ဆိုတဲ့ အနေအထားမှာ လက်တွေ့ကျတဲ့ တုံ့ပြန်မှုနဲ့ အရေးယူ ဆောင်ရွက်မှု ရှိဖို့ပဲ လိုအပ်တယ်။

မေး။ ။ ပြည်ပရောက် နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မတရား စွပ်စွဲ ခံရပြီး တရားရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ နိုင်ငံတကာကို ဘယ်လို တောင်းဆိုမှုတွေ လုပ်ထားပါသလဲ။

ဖြေ။ ။ အာဆီယံက အထူးကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို ခုချက်ချင်းဖွဲ့ပြီး မြန်မာနိုင်ငံကို သွားပါ၊ နအဖနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွှတ်ပေးဖို့ ပြောပေးပါ လို့တောင်းထားတယ်။ နောက်တော့ အာဆီယံကိုပဲ ထိရောက်တဲ့၊ တဦးချင်းစီကို ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူပေးဖို့၊ ဒါက အာဆီယံ တခုတည်းကို မဟုတ်ဘူး ဥရောပကော်မရှင်၊ US အားလုံးက လုပ်ပေးဖို့။ အခု လတ်တလော ဒေါ်အောင်ဆန်း စုကြည် အပေါ်မှာ ကျူးလွန်နေတဲ့ ကိစ္စတွေကို နိုင်ငံတကာက သံတမန်နည်း အရ ချက်ချင်းဖိအားပေးဖို့၊ လုံခြုံရေးကောင်စီက အရေးပေါ် စည်းဝေးခေါ်ပြီး မြန်မာပြည်အရေးအတွက် ဆုံးဖြတ်ချက် ချဖို့။ မစ္စတာ ဘန်ကီမွန်းအနေနဲ့ သူကိုယ်နှိုက်က တက်တက်ကြွကြွ ဦးဆောင်ပြီး နိုင်ငံအားလုံးက အဓိက ကျတဲ့သူတွေ ပါဝင်နိုင်တဲ၊့ အားလုံးသဘောတူညီတဲ့ အစီအစဉ်တခုကို ချမှတ်နိုင်ဖို့၊ မစ္စတာ ဘန်ကီမွန်း သွားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို နအဖနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ အဲဒါမှ မရရင် လက်မခံနဲ့ ဆိုတာမျိုး တောင်းဆိုထားပါတယ်။ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က တောင်းဆိုထားတာကိုလည်း ငြင်းဆိုစရာ ဘာမှမရှိဘူး။

နောက်တခု US က အထူးကိုယ်စားလှယ်က သမ္မတ ဘုရှ် လက်ထက်မှာ အလုပ်လုပ်ပေမယ့် ဘုရှ် ပြီးသွားချိန်မှာ အသက်မဝင်ဘဲနဲ့ သမ္မတ အိုဘားမားအစိုးရက အဲဒါကိုဆက်မလုပ်ဘူး၊ အာဆီယံမှာကလည်း အထူး ကိုယ်စား လှယ် မရှိဘူး၊ ဒီတော့ US နဲ့ အာဆီယံကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အမြန်ဆုံး အထူး သံတမန် အဖွဲ့ ဖွဲ့ပြီး သွားပါလို့ တောင်းဆိုထားတယ်။ နောက်တော့ EU မှာက အထူးကိုယ်စားလှယ်ရှိတယ်၊ အဲဒီအထူးကိုယ်စားလှယ်ကိုလည်း ချက်ချင်း သွားပါလို့ ပြောထားတယ်။ ဒါက သံတမန်နည်းအရပေါ့။ အဲဒီလို သံတမန်နည်းအရ သွားရဲ့သားနဲ့ နအဖ က လုံးဝလက်မခံဘဲနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို မလွှတ်ပေးဘူး ..၊ တရားစီရင်တာကို မရပ်ဘူးဆိုရင် နောက်တဆင့်ထပ်တောင်းတာက လုံခြုံရေး ကောင်စီအနေနဲ့ စစ်လက်နက် ပစ္စည်း တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့ လုပ်ပါ၊ နောက်တော့ နအဖရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ပါ။ ရှင်းရှင်း ပြောရရင် နအဖ ကို သံတမန်နည်းအရ ဖိအားပေးလို့မရရင် အပြစ်ပေး၊ အရေးယူပါတော့လို့ ပြောလိုက်တာ။

အဲဒါတွေကို ဒီတရက် နှစ်ရက်မှာပို့ဖို့အတွက် စီစဉ်နေပြီ။ အဲဒါတွေက နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းတွေ ..၊ အမျိုးသမီးနဲ့ လူငယ်တပ်ပေါင်းစုတွေ ပေါင်းပြီး လုပ်ကြတာ။ မစ္စတာဘန်ကီမွန်းရုံးအထိ ပို့ဖို့ လုပ်နေပြီ။

မေး။ ။ ဒီအဖြစ်အပျက်ကြီး တခုလုံးပေါ်မှာ အမျိုးသမီးတယောက်အနေနဲ့ မခင်ဥမ္မာတဦးတည်းရဲ့ အမြင်ကို ပြောပြပေးပါ။

ဖြေ။ ။ ကျမအနေနဲ့တော့ ဒီအဖြစ်အပျက်မှာ နအဖက စစ်ဗိုလ်ချုပ်တွေပေါ့ ..၊ အမျိုးသမီး အမျိုးသား ဆိုတဲ့ ကျား၊ မ သတ်မှတ်ချက်အရ ကြည့်မယ်ဆိုရင် အထူးသဖြင့် (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေပေါ့။ သူက နံပတ် ၁ လည်း ဖြစ်တယ်၊ ဗိုလ်ချုပ်လည်းဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ပြိုင်ဘက် ဖြစ်နေတယ်။ တကယ်တမ်း ပြောရ ရင် ဒေါ်အောင်ဆန်းစုကြည်က သူ့အာဏာကို အဆုံးသတ်ပေးမယ့်သူကိုး။ ဒေါ်အောင်ဆန်းစုကြည်က သူ့ထက် ငယ်တယ်၊ နောက် အမျိုးသမီးဖြစ်တယ်၊ အဲဒီငယ်လည်းငယ်တဲ့ ပိန်ပိန်ပါးပါးနဲ့ အမျိုးသမီးက သေချာတာကတော့ လူထုရဲ့ အသည်းနှလုံးကိုရထားတယ်။ လူထု ဆိုတာတောင် မြန်မာတပြည်တည်းမဟုတ်ဘူး တကမ္ဘာလုံးက လူထု၊ ကျမ စဉ်းစားကြည့်တာ လူသားတယောက်အနေနဲ့ မြင်ကြည့်ရင် ကိုယ့်ကို သူများချစ်ခင်မှု မလိုချင်တဲ့သူ ဘယ်သူမှ မရှိဘူး။

ဒါပေမယ့် သေချာတာက (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေကို သူ့မိသားစုနဲ့ သူမြေးလောက်ပဲ ချစ်မယ်၊ အများမေတ္တာ ကိုတော့ သူမရဘူး။ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနေရာက နေကြည့်ရင် သူ့အနေနဲ့လည်း ဒါကို သူမလိုချင်တာ မျိုးတော့ မဖြစ်လောက်ဘူး .. သူမရနိုင်တာလည်း သူသိတယ်။ ဆိုတော့ ဒေါ်အောင်ဆန်း စုကြည် အပေါ်မှာ သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှု၊ ပုဂ္ဂိုလ်ရေးအရ အမျက်ဒေါသ၊ ပုဂ္ဂိုလ်ရေး မနာလိုမှုတွေ ရှိကိုရှိမယ်။ သူ့အတွက် ပိုပြီးခံရခက်စေတာက ငယ်လည်းငယ်ပြီး အမျိုးသမီးတယောက် ဖြစ်နေတဲ့ ဒီလိုလူဟာ သူလို တနိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်တဲ့ လူတယောက်ထက် သာနေတယ်ဆိုတဲ့အချက်က သူ့ရဲ့ မနာလို မုန်းတီးမှုနဲ့ ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေမှုတွေပါ ပါလာတယ်လို့ မြင်တယ်။

နောက်တခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားချက်တွေ သူတို့သိနေတယ် သူတို့နဲ့ လုံးဝမတူဘဲ၊ သူတို့ လုံးဝ မယှဉ်နိုင်တဲ့ အချက်တွေပေါ့။ သူတို့ဟာသူတို့ ဘယ်လောက်ကြီးပဲ လက်နက်ကြီးနဲ့ စစ်တပ်ကြီးရှိနေ ရှိနေ၊ လူထု ကြားမှာ ခြေတချောင်းမပြောနဲ့ အရိပ်တောင်ချရဲတဲ့ သူတွေမှ မဟုတ်တာ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လူထုကြားသွားရင် မိုးအဆုံးမြေအဆုံး လူထုက မိုးချုပ်နေဝင်ထိ လိုက်တယ်လေ။ ဘာသေနတ်မှလည်း မလိုဘူး။ အဲဒီဥစ္စာက သူတို့အတွက် အကြီးမားဆုံး ကြောက်စရာ ခြိမ်းခြောက်မှု ဖြစ်စေတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်နက်လို့ပြောလို့ရတာက သူ့နောက်မှာ ပြည်သူရှိတယ်။ သူက အမှန် တရားအတွက် ရဲရဲ ရင့်ရင့် ရင်ဆိုင်ရဲတယ်။ ရှင်းရှင်းပြောရရင် သူက အမျိုးသမီးတယောက်၊ မိခင်တယောက် .. အနည်းဆုံးတော့ သူ့မှာ သားသမီးတွေ မြေးတွေရှိတယ်။ သူ့မိသားစုနဲ့ ပုဂ္ဂိုလ်ရေး ဘဝ အေးအေးဆေးဆေး နေလို့ရတယ်။ သူ့မှာ လူသားတယောက်ရဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေပြီးသားပဲ .. ဘာလိုလဲ။ အဲဒါ တောင်မှ သူ့ရဲ့လွတ်လပ်မှု၊ မိသားစုဘဝ အကုန်လုံးကို ကိုယ်ကျိုးတကယ်စွန့်၊ အနစ်နာခံပြီး ဒီအခြေအနေမှာ အမှန်တရားအတွက် မူအရ၊ သစ္စာတရားအရ သည်းခံပြီး နေနေတယ်၊ နောက်ဆုံး ဒီဗိုလ်ချုပ်တွေကိုတောင် မေတ္တာ မပျက်ဘဲ ဆက်ပြီးရပ်နေတာ၊ ဒါကိုတော့ သူတို့ ယှဉ်နိုင်မှာကို မဟုတ်ဘူး။

တဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရိုးရိုးသားသားမှန်မှန်ကန်ကန်နဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ကိုယ်ကျိုးစွန့် ရပ်တည်မှုဟာ နအဖဘက်က မုန်းတီးပြီး အငြိုးကြီးကြီးနဲ့ ဆက်လုပ်နေဦးမယ်ဆိုရင် သေချာ တာက သမိုင်းကိုတော့ လိမ်လို့ရမှာမဟုတ်ဘူး။

ဒီတော့ အမျိုးသမီးတယောက် ဖြစ်နေတဲ့အပေါ်မှာ ပိုပြီး အငြိုးကြီးတယ်၊ သူတို့ဘက်က ပြောရရင် သူတို့ကို ပါဝါ အားဖြင့် မယှဉ်နိုင်တဲ့ သူတယောက်ဖြစ်တယ်လို့ မြင်မယ်။ အဲဒီလို အနေအထားမှာ သူတို့ထက် အများကြီး မိုင်ထောင်နဲ့ ချီပြီး ရှေ့ရောက်နေတဲ့ အနေအထားဖြစ်တာကို သူတို့ ပိုပြီး မခံမရပ်နိုင်ဖြစ်မယ်။ ဒီ အပေါ်မှာ သူတို့ အငြိုးကြီးကြီးနဲ့ ရက်စက်ဖို့ စဉ်းစားကြတယ်။

တဘက်က အမျိုးသမီးတယောက်အနေနဲ့ ပြောရရင် ကျမအနေနဲ့ပေါ့ စိတ်ပူတာတွေရှိတယ်။ သူ့အသက် ၆၄ နှစ် ပြည့်တော့မယ်၊ တယောက်တည်းနဲ့ ကျန်းမာရေးအရပဲဖြစ်ဖြစ် အသိုင်းအဝန်းအရပဲဖြစ်ဖြစ် ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်တဲ့နေရာ၊ မနေသင့် မနေထိုက်တဲ့နေရာ၊ သူ့အတွက် ဘယ်လိုမှမသင့်တော်တဲ့ နေရာကြီးမှာ ခုလို နေနေရတာ ဘယ်လိုမှ မဖြစ်စေချင်ဘူး။ ဒါ ကျမက အမျိုးသမီးတယောက် အနေနဲ့ ကြည့်ကြည့်တာ။ နောက် တော့ အမျိုးသမီး ကျန်းမာရေးတို့ဘာတို့ .. ဘယ်လောက်ထိ သူ ကုသမှုခံရနိုင်မလဲ။ နအဖရဲ့ လက်အောက်မှာ ဘယ်လောက်အထိ အငြိုးကြီးကြီးနဲ့ ရက်စက်ယုတ်မာမှုကို ခံရနိုင်သလဲ ဆိုတာ စဉ်းစားမိတယ်။ နောက် သူ့ရဲ့ တကိုယ်ရည် လုံခြုံရေးက အစ အများကြီး စိတ်ပူစရာတွေရှိတယ်။

ဒါပေမယ့် သတင်းတွေမှာ သူ့မျက်နှာကို မြင်လိုက်ရတော့ အရမ်းကို ကြက်သီးထမိတယ်။ ကျမစိတ် ဓာတ်ကျတဲ့အချိန်ဆို သူ့မျက်နှာကို ပြေးမြင်တယ်။ သူတောင် ငါတို့အတွက် ဒီလောက် နေနိုင်တာ ငါက ဘာလို့ စိတ်ဓာတ်ကျရမှာလဲ ဆိုတာမျိုး ဖြစ်မိတယ်။ အခု နောက်ဆုံး သံတမန် သုံးယောက်နဲ့ တွေ့တဲ့မျက်နှာ၊ တရားရုံးထဲ ဝင်လာတဲ့ မျက်နှာကို ကြည့်လိုက် .. ရှင်းပြီး ငြိမ်နေတယ်။ အေးအေးဆေးဆေးပဲ။ သူ့ရဲ့နဂို စိတ်ရင်းအတိုင်း စိုးရိမ်ပူပန်မှု တုန်လှုပ်မှု ဘာမှမရှိဘူး။

ဒီလို စိတ်ဓာတ်မျိုးကတော့ စစ်တပ်က တသန်းချီနေ ပစေဦး ကြောက်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်း စုကြည်ကတော့ တကယ့်ကို မယုံနိုင်စရာ ကောင်းလောက် အောင်ပါပဲ။ တခါတလေကျရင် ကိုယ်လည်း အမျိုးသမီးတယောက်ပဲ ..ပင်ပန်းလို့ ညည်းညူမိတာပဲ ဖြစ်ဖြစ် နေမကောင်းလို့ အိပ်ရာထဲ ခွေမိတာပဲဖြစ်ဖြစ် ဖြစ်မိရင် သူ့ကို သတိရတယ်။ နေမကောင်းလို့ ဆေးခန်း သွားရရင်တောင် စိတ်ထဲမှာ ငါက ဆေးခန်း သွားနေတဲ့အချိန်မှာ သူကတော့ သူတို့ခွင့်ပြုမှ ဆေးကုသ ခွင့်ရတဲ့ အနေအထားပါလားလို့ စဉ်းစားမိတယ်။ သူ့ရဲ့ ရပ်တည်နိုင်မှု၊ နောက် စိတ်ကျန်းမာရေး ကိုယ်ခန္ဓာ ကြံ့ခိုင်နိုင်မှုတွေကိုပါ တည်ဆောက်နိုင်တာကို ကြည့်ရတာ Freedom from fear ဆိုတာ သူမှ အစစ်ပဲ။

မေး။ ။ လက်ရှိ အနေအထားမှာ ပြည်သူလူထုရဲ့အကြောက်တရားနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ် မိပါသလဲ။

ဖြေ။ ။ ပြည်သူလူထုကို စိတ်ပူတယ် လို့ပဲ ပြောချင်တယ် ..။ ပြည်သူတွေရဲ့ လောလောဆယ် အနေအထားကို စိတ်ပူတာအပြင် အနာဂတ် အရေးအရကော၊ လာမယ့် မျိုးဆက်တွေ အတွက်ကော စိတ်ပူ တယ်။ အဲဒါက ဘာလဲဆိုတော့ အကြောက်တရားကို အများကြီး အသွတ်သွင်း ခံလိုက်ရတဲ့ အခါကျတော့ လူတွေက ထုံသွားသလိုဖြစ်သွားတာလားလို့ စိတ်ပူတာ။ ဒါက အပြစ်တင်ပြီး ပြောတာ မဟုတ်ဘူး။ ဒီလောက် ဖိနှိပ်ခံနေရတဲ့ အနေအထားမှာ ပြည်သူ ကြောက်တာကို အပြစ်တင်လို့ မရဘူး။

၈၈ တုန်းကဆိုရင်ကြည့်၊ ကိုယ့် ကျောင်းသား တယောက် တခုခုဖြစ်ရင် နောက်က ကျောင်းသားတွေ လိုက်လာ တယ်။ တချိန်တည်းမှာ သူတို့ရဲ့ မိဘတွေ လိုက်လာတယ်။ အခုချိန်မှာ သံဃာတော်တွေကို ရိုက်တယ်၊ ထောင်ချ တယ်၊ သတ်တယ် .. နောက်ကနေပြီးတော့ ပြည်သူလူထုက အကြောက်တရားတွေက ဖိစီးနေတော့ ထွက်သင့် သလောက် ထွက်မလာနိုင်ဘူး .. ။

ခုလည်း အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးက ကျမတို့နိုင်ငံမှာ နောက်ထပ် တယောက် မရနိုင်တော့ဘူး ..။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတိုင်းပြည်ကို ပြန်တည်ဆောက်ဖို့ ဆိုတာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် အရမ်းအရေးကြီးတယ်။ ဒါပေမယ့် အဲဒါကို ပြည်သူက မြင်ဖို့ခက်နိုင်တယ်။

ဘာလို့လည်းဆိုတော့ တနေ့ကို ထမင်း နှစ်နပ်စားနိုင်ဖို့အရေးရယ် ..၊ နောက်တခုက ရှင်းရှင်းပြောရရင် ထောင်ထဲ မရောက်ရေးပေါ့ ..။ ထမင်းစားရဖို့ ကြိုးစားတဲ့နေရာမှာ ထောင်ထဲ မရောက်ရေးရယ် ..။ ပါးစပ်လှုပ်လိုက်ရင် လှုပ်လိုက်သလောက် ထောင်ထဲ မရောက်ရေးရယ်ကို ၂၄ နာရီထက်ပိုပြီးကျော်လွန် စိတ်ပူနေရတယ်။ အဲဒီတော့ ပြည်သူလူထုက ရေတိုပဲ ကြည့်နိုင်တဲ့ အနေအထားဖြစ်နေပြီး ရေရှည်မှာ တသက်လုံးခံရတော့မှာ ..။ အဲဒီ တခုကိုတော့ စိတ်ပူတယ်။

အပြစ်ပြောတာတော့မဟုတ်ဘူး။ ခုလို ကျမတို့က ပြည်ပမှာ ရောက်နေချိန်မှာ ပြည်တွင်းက ပြည်သူတွေကို ဘာဖြစ်စေချင်တယ်လို့ ပြောတာက ကျမစိတ်ထဲမှာ တရားတယ်လို့မထင်ဘူး။ ဒါပေမယ့် ဖြစ်စေချင်တဲ့ ဆန္ဒ ကတော့ရှိတာပေါ့။ ကိုယ်က အပြင်မှာရောက်နေတဲ့ ကာလမှာ အထဲမှာရှိတဲ့ ပြည်သူတွေကို ဘာဖြစ်စေချင်တယ် ဆိုတာထက် .. ကျမတို့ နိုင်ငံအပြောင်းအလဲဖြစ်ဖို့ ပြည်တွင်း ပြည်ပက လူတွေ ပေါင်းပြီးတော့ လုပ်ကြရအောင် ဆိုတာတော့ ပြောကိုပြောချင်တယ်။

ကျမတို့ရှေ့က မားမားမတ်မတ်ရပ်ခဲ့တဲ့ ခေါင်းဆောင်တယောက် ခုလို မတရားခံနေရတာကို လက်ပိုက် ကြည့်မနေကြစို့နဲ့တော့ အတူတူရပ်ကြစို့ဆိုတာမျိုးပြောချင်တယ်။ ဒါပေမယ့် ဒီလို အပြင်က ရပ်ပြီး ပြောနေရတာ လည်းမတရားဘူး ဆိုတာသိတယ်။ အဲလိုဖြစ်မှာစိုးလို့ မပြောချင်တာက လွဲရင် .. အဲလိုစကားမျိုးက ပြောကို ပြောချင်တယ်။ အပြင်မှာရောက်နေတယ် သို့သော် အကောင်းဆုံး အဖြစ်နိုင်ဆုံး ဦးနှောက်ထဲက အကြံဉာဏ် ရှိသမျှ ထုတ်သုံးပြီး လုပ်နေတာပဲ တချိန်တည်းမှာ အထဲမှာရှိတဲ့ ပြည်သူတွေကိုလည်း တို့တွေနဲ့ တူတူ လက်တွဲပြီး အတူတူရပ်ကြစို့၊ မခံကြစို့နဲ့လို့ ပြောချင်တယ်။ ဒါပေမယ့် ဒီစကားကို ပြောမထွက်ဘူး။ ။

သန်းရွှေ၏ကြက်ဆူရောဂါ

Photobucket

၂၉ မေ ၂၀၀၉
သဘာဝဓာတ်ငွေ့ရောင်းလို့ရတဲ့ငွေကို ကြပ်ပြေးနေပြည်တော် အတွက်သုံးပြီး တိုင်းသူပြည်သားကိုတော့ ကြက်ဆူပင်ကရတဲ့ လောင်စာဆီသုံးစေဖို့ စီမံသူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်တယ်။ မြန်မာပြည်မှာ ဇီဝလောင်စာသုံးဖို့ ပထမဆုံး စီစဉ်သူပဲ။ ၂၀၀၅ နိုဝင်ဘာလ အစောပိုင်းက ကြပ်ပြေးကို အစိုးရရုံးပြောင်းရွှေ့ပြီး ဒီဇင်ဘာလမှာ ကြက်ဆူပင်စိုက်ဖို့ အမိန့်ထုတ်တာပဲ။ တပြည်လုံး ကြက်ဆူပင်တွေနဲ့ ပြည့်သွားအောင် သုံးနှစ်အတွင်း အကောင်အထည်ဖော်ဖို့ အမိန့်ပေးတာပဲ။

တိုင်းနဲ့ ပြည်နယ်အားလုံးမှာ မစိုက်မနေရ အတင်းအဓမ္မခွဲတမ်းချပြီး ကြက်ဆူပင် စိုက်ရတယ်။ တပြည်လုံး ကြက်ဆူပင်စိုက်နေပုံကို လည်း အစိုးရသတင်းစာတွေမှာ နေ့စဉ်ဖော်ပြတယ်။ ကြက်ဆူပင် မစိုက်ရင် အရေးယူခံရမှာ ကြောက်လို့ ထွက်ပြေးတဲ့ ကြက်ဆူဒုက္ခ သည်တောင် ရှိလာတယ်။ အခုတော့ ကြက်ဆူရောဂါထတာ သုံးနှစ်ကျော် သွားပြီမို့ အခြေအနေ သုံးသပ်ဖို့ လိုလာပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ ကြက်ဆူပင် စီမံကိန်းအောင်မြင်ပေမယ့် မြန်မာပြည်မှာတော့ အတတ်ပညာခေါင်းပါးပြီး အရင်းအနှီး မရှိတဲ့အတွက် မအောင်မြင်ကြောင်း နိုင်ငံခြားသတင်းဌာနတွေက ရေးကြပါတယ်။ ဒါပေမယ့် တိုင်းရင်းသားအဖွဲ့ (၇) ဖွဲ့ ပါဝင်တဲ့ “လူထုဖွံ့ဖြိုးရေးဆုံရပ်” ဆိုတဲ့အဖွဲ့ လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ (၆၀) ရှိတဲ့ အစီရင်ခံစာဟာ စိတ်အချရဆုံးနဲ့ ယုတ္တိအရှိဆုံးဖြစ်တယ်။ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ ရှမ်း၊ မွန်နဲ့ ရခိုင် ပါဝင်တဲ့ လူထုဖွံ့ဖြိုးရေးအဖွဲ့ပါပဲ။

ဒေသခံ သုတေသီ (၁၅) ဦးက ပြည်နယ် (၇) နယ်က မြို့နယ် (၃၂) ခုမှာ ကွင်းဆင်းလေ့လာပြီး တွေ့ဆုံမေးမြန်းတဲ့ အပြင် နအဖ အစိုးရထုတ် စာရွက်စာတမ်းနဲ့ နိုင်ငံတကာ ကြက်ဆူစီမံကိန်းတွေကိုပါ ကိုးကားထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြက်ဆူရောဂါထလို့ တပြည်လုံး ကြက်ဆူပင်တွေ စိုက်နေရတဲ့အတွက် ဒုက္ခရောက်ရပုံကို အသေအချာ ဖော်ပြထားပါတယ်။ ရာသီဥတုနဲ့ မြေဆီလွှာကို မစစ်ဆေးဘဲ ပရမ်းပတာ စိုက်ပျိုးကြတာကြောင့် မြေဧကထောင်သောင်းချီနေတဲ့ စိုက်ခင်းကြီးတွေဟာ (၇၅) ရာခိုင်နှုန်း ပျက်စီးနေရပြီလို့ ဆိုပါတယ်။ ကြက်ဆူလောင်စာဆီ ထုတ်လုပ်တော့လည်း အတတ်ပညာအားနည်းပြီး စနစ်မကျလို့ အင်ဂျင်စက်တွေ ပျက်စီးရပါတယ်တဲ့။

ဒါပေမယ့် နအဖ အစိုးရအဖို့ ဒါတွေ အရေးမကြီးပါဘူး။ ဗိုလ်ချုပ်မှူးကြီးအမိန့်ကို နာခံဖို့ကသာ အရေးကြီးတယ် မဟုတ်ပါလား။ အာဏာပြတဲ့အနေနဲ့ မအပ်မရာလုပ်တာ ဗမာမင်းဓလေ့ပါ။ ဗိုလ်နေ၀င်းထက် ပိုပြီး အာဏာရှိကြောင်း ပြချင်တာဟာ ကြပ်ပြေးနေပြည်တော် တည်ရတဲ့ အကြောင်းတခု ဖြစ်နိုင်တယ်။ မြေလွတ်ရှိရင် ကြက်ဆူပင် စိုက်ရတာလည်း အာဏာစက်ထက်မြက်ကြောင်း ပြတာပါပဲ။

ဘ၀ရှင်မင်းတရားကြီး ကြပ်ပြေးသန်းရွှေကတော့ သူစိုက်ခိုင်းတဲ့ ကြက်ဆူပင် စီမံကိန်း အောင်မြင်ပြီလို့ ယုံကြည်မှာ သေချာတယ်။ သူ့အောက်က စစ်ဗိုလ်တွေ သူ့အကြိုက်ပြောတဲ့အတိုင်း သူက ယုံမှာပဲ။ မဆလခေတ်က စာရင်းလိမ်ကို ဗိုလ်နေ၀င်းက ယုံခဲ့တာပဲ။ အာဏာရှင် မော်စီတုန်းဟာ မအပ်မရာ လုပ်ရာမှာ နာမည်ကြီးတယ်။ ဒါကြောင့် အရှေ့အာရှမှာ ဒီမိုကရေစီကျင့်သုံးလို့ မရဘူးလို့ ပြောကြတာပဲ။

သူများနိုင်ငံမှာ ကျွမ်းကျင်သူကသာ သံမဏိထုတ်လုပ်နိုင်တယ်လို့ ယူဆပေမယ့် တရုတ်အာဏာရှင် မော်စီတုန်းဟာ လူထုအင်အားနဲ့ ထုတ်လုပ်နိုင်တယ်လို့ယုံကြည်ပြီး ဘယ်သူမှ မလုပ်ဖူးတာကို လုပ်တယ်။ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်း ကို လူထုအားနဲ့ လုပ်မယ်ဆိုပြီး ခုန်ပျံချီတက်ရေး မဟာစီမံကိန်း ၁၉၅၈ က ၁၉၆၂ အထိ ကျင့်သုံးဖို့ ဆုံးဖြတ်တယ်။ မိသားစု (၅,၀၀၀) လောက် ပါဝင်တဲ့ ကွန်မြွန်းဘုံအဖွဲ့တွေ ဖွဲ့ပြီး စီမံကိန်း အကောင်အထည် ဖော်ခိုင်းတာပဲ။ သံမဏိချက်စက်ရုံ ပေါင်း (၆) သိန်း လောက်ရှိတယ်။ ကွန်မြွန်းဘုံအဖွဲ့မှာ လူဦးရေ သန်း (၇၀၀) ပါဝင်တယ်။ လူထုအင်အားနဲ့ လုပ်ရင် အောင်မြင်ရမယ်ဆိုတဲ့ မော်စီတုန်းရဲ့ စိတ်ကူးယဉ်ချက်ကို အကောင်အထည်ဖော်ရတာပဲ။

ကွန်မြွန်းဘုံအဖွဲ့က ထုတ်လုပ်တဲ့ သံမဏိဟာ အရည်အသွေးညံ့ဖျင်းလွန်းလို့ ဆောက်လုပ်ရေးမှာ သုံးမရတာကို ချက်ချင်းသိတယ်။ ဘုံအဖွဲ့အနေနဲ့ မစွမ်းဆောင်နိုင်တာကို သိပေမယ့် အမှန်အတိုင်းပြောရင် သစ္စာဖောက်လို့ မဟားတရားစွပ်စွဲခံရမှာ သေချာတာကြောင့် ကိုယ်မတတ်တဲ့ကိစ္စကို လုပ်ကြတယ်။ မော်စီတုန်းရဲ့ သံမဏိရောဂါကို ကုသနေရတာကြောင့် စိုက်ပျိုးရေးလုပ်မယ့် လူအင်အား နည်းသွားတယ်။

ဒါပေမယ့် ပါတီကေဒါတွေကတော့ သီးနှံအထွက်တိုးတက် နေကြောင်း စာရင်းလိမ်ပြတယ်။ ခုန်ပျံချီတက်လို့ တနှစ်လောက် ကြာတော့ ရာသီဥတုမကောင်းလို့ သီးနှံအထွက် ဆက်တိုက်ကျဆင်း တယ်။ ၁၉၆၀ မှာ တရုတ်ပြည်သား (၉) သန်း ငတ်သေကြတယ်။ မသေရုံစားသောက်နိုင်အောင် အစိုးရက ခွဲတမ်းစနစ်နဲ့ ရိက္ခာ ဝေရတယ်။ ငတ်လို့သေသူစုစုပေါင်း သန်း (၂၀) လောက် ရှိမယ်လို့ ခန့်မှန်းကြတယ်။ ဒါဟာ အမိန့်နာခံတဲ့ စီမံကိန်းရဲ့ ဆိုးဝါးတဲ့ ရလဒ်ပဲ။

ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်မပါ၊ စနစ်တကျလေ့လာမှု မပြု၊ နည်းပညာအခြေခံ မခိုင်မာဘဲ အမိန့်အာဏာ တခုတည်းကို သုံးပြီး ပြည်သူပြည်သားကို အနိုင်ကျင့်ပြီး အတင်းအဓမ္မ စိုက်ခိုင်းတဲ့ ကြက်ဆူစီမံကိန်း မအောင်မြင်တာ အံ့သြစရာ မဟုတ်ပါဘူး။ ကြက်ဆူလောင်စာဟာ အကောင်းဆုံး ဖြစ်ကြောင်း အစိုးရစာနယ်ဇင်းက နေ့စဉ် ၀ါဒဖြန့်တာနဲ့ ကြက်ဆူပင်တွေ ပေါက်လာမှာ မဟုတ်ပါဘူး။ ဗမာပြည်က ကြက်ဆူစီမံကိန်းဟာ ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့ အစီအစဉ်တခုသာ ဖြစ်ပါတယ်။

ကြက်ဆူပင်ကို သင့်လျော်တဲ့ မြေနေရာမှာ စိုက်ပျိုးတာ မဟုတ်ဘဲ အာဏာပိုင်တွေ မြင်နိုင်တဲ့ နေရာမှာ စိုက်ပျိုးတဲ့အတွက် စီမံကိန်းမအောင်မြင်တာလို့ ဆိုတယ်။ ကြက်ဆူပင်စိုက်ဖို့ သင့်လျော်တဲ့ နေရာတွေ မြန်မာပြည်မှာ ရှိပေမယ့် စီမံကိန်းအကောင်အထည်ဖော်တဲ့နေရာဟာ မသင့်လျော်ဘူးလို့ သိရတယ်။ ရာသီဥတုနဲ့ မဆီလျော်လို့ ကြက်ဆူပင်တွေ သေကုန်တာ ဖြစ်တယ်တဲ့။ တရုတ်ပြည်တောင်ပိုင်းက ကြက်ဆူစိုက်ပျိုးရေးကို လေ့လာတဲ့အခါ အသေအချာ လေ့လာရေးနဲ့ ကောင်းမွန်တဲ့ မျိုးစေ့တွေရဖို့ (၅) နှစ် စောင့်ကြည့်ပြီး သုတေသနလုပ်ဖို့ လိုတယ်လို့ ကမ္ဘာ့သစ်တောဌာနက မှတ်ချက်ချပါတယ်တဲ့။

မြန်မာ့ကြက်ဆူကိုတော့ ကြပ်ပြေးဗိုလ်ချုပ်တွေ မြင်နိုင်မယ့်နေရာမှာသာ စိုက်ပျိုးကြပါတယ်။ လမ်ဘေး၊ ရွာဝင်ရွာထွက်၊ ဘူတာရုံ၊ စာတိုက်၊ ကျောင်း၊ ဆေးရုံနဲ့ ရုံးတွေမှာ အမျိုးသားရေးတာဝန်ထမ်းဆောင်တဲ့အနေနဲ့ ကြက်ဆူပင်စိုက်ထား ကြရတယ်။ ကြက်ဆူသီးကို စားမိရင် အဆိပ်သင့်တတ်တာမို့ ကလေးတွေအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါပေမယ့် ခြံစည်းရိုးမှာ ကြက်ဆူပင်စိုက်ဖို့ နအဖ စိုက်ပျိုးရေးဌာနက ပညာပေးထားပြီး ခြံစည်းရိုးကြက်ဆူလို့ အမည်ပေးထားတယ်။ နာမည်ပေးတဲ့အတိုင်း ကြက်ဆူပင်တွေဟာ ခြံစည်းရိုးဘ၀မှပဲ နိဂုံးချုပ်ပြီး ပြည်သူကို အန္တရာယ် မပေးဘူးလို့ မျှော်လင့်ရပါတယ်။

Black Eyed Peas အဖွဲ့ ဒေါ်စုလွတ်မြောက်ရေးအတွက်လှုံဆော်မှုများပြုသွားမည်

အမေရိကန် Hip Hop အဖွဲ့ တစ်ခုဖြစ်သည့် Black Eyed Peas အဖွဲ့ ကမူ ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာတစ်ဝှမ်းရှိ သူတို့ ဖျော်ဖြေရေးပွဲ စဉ် များတွင် ဒေါ်စု လွတ်မြောက်ရေးအတွက် လှုံဆော်မှုများပြုသွားမည်ဖြစ်သည်။၂၀၀၆ ခုနှစ်က ဘန်ကောက်တွင် ဖျော်ဖြေခဲ့သည့် ပွဲစဉ် ၌ ဒေါ်စု လွတ်မြောက်ရေးအတွက် လှုံဆော်မှုများပြုခဲ့သည်။

အပြစ်ပေးခံရခြင်းက ကင်းလွတ်နေတာကို အဆုံးသတ်ပါ

မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆက်ရှိနေမှာ ထင်ရှားသလို ချိုးဖောက်သူတွေကိုလည်း နအဖရဲ့ တရားစီရင်ရေးစံနစ်က အပြစ်ပေးအရေးယူမှာ မဟုတ်ပါဘူး။ဒါကြောင့် လုံခြုံရေးကောင်စီကနေ ကော်မရှင်ဖွဲ့ပြီး မြန်မာပြည်က လူမဆန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချိန်ရောက်ပါပြီ။ရဝမ်ဒါ၊ ဘော့စနီးယားနဲ့ ဆူဒန်မှာ လုံခြုံရေးကောင်စီက ကော်မရှင်ဖွဲ့ စုံစမ်းတာ လုပ်သလို မြန်မာနိုင်ငံမှာလည်း လုပ်ဖို့ အရေးကြီးပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ဆယ့်သုံးနှစ်ကြာနေခဲ့ပြီးပြီဖြစ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖက ကလိမ်စေ့ငြမ်းစင် ပုဒ်မတွေနဲ့ နောက်ထပ်ငါးနှစ်လောက်ထပ်ဖမ်းချုပ်ထားဖို့ မကြာတော့မယ့် အချိန်ကာတွင်းမှာပဲ အမိန့်ချလာနိုင်စရာ ရှိနေတယ်လို့ အစချီပြီး မစ္စတာပင်ညှဲရိုးက နအဖ စစ်အစိုးရကို လုံခြုံရေးကောင်စီကနေ စုံစမ်းရေးကော်မရှင်တခုဖွဲ့ပြီး လူမဆန်တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်း စစ်ဆေးဖို့၊ ခုချိန်ထိ ဘာမှ အရေးယူမခံရသေးတာကို စုံစမ်းစစ်ဆေးဖို့International Herald Tribuneသတင်းစာထဲမှာ ရေးသားလိုက်ပါတယ်။မစ္စတာ ပင်ညှဲရိုး ပြောတာက မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ်နဲ့ ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလတလျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နှစ်ထောင်ကျော်လောက်ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် အစိုးရက အမြဲတမ်းငြင်းပယ်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကမှ သူ့ရဲ့ အကျဉ်းကျခံနေရတဲ့ အဖြစ်ကို ကမ္ဘာက သိပါသေးတယ်။ဒါပေမယ့် တဖက်မှာ တတိုင်းပြည်လုံးရဲ့ သုံးပုံတပုံလောက်ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေ နအဖစစ်တပ်ရဲ့ လုပ်ရပ်တွေကို ခါးစီးခံနေရတာတွေကိုတော့ ကမ္ဘာက မသိကြတာတွေဖြစ်နေပါတယ်။နအဖစစ်တပ်ဟာ တိုင်းရင်းသားလူမျိုးစုတွေကို ဦးကျိုးသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျေးရွာပေါင်း သုံးထောင့်သုံးရာကျော်ကို စနစ်တကျ ဖျက်ဆီးခဲ့တယ်၊ ကလေးစစ်သားတွေ မကြာခဏသုံးတယ်၊ လူတွေကိုမိုင်းရှင်းခိုင်းတယ်၊ နောက်ရွာသူရွာသားတွေကိုလည်း ပေါ်တာဆွဲတယ်အစိုးရ ကိုယ်တိုင်က ဒီလိုလုပ်ရပ်တွေ လုပ်တဲ့လူတွေကို တမင်သက်သက်အရေးမယူတဲ့ပေါ်လစီကို ကိုင်ထားတော့ အောက်က စစ်သားတွေဟာ ရွာတွေဝင် မုဒိမ်းကျင့်၊ ခိုးဆိုးလုယက် သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတာဖြစ်ပါတယ်။ကျနော့်ကို ပြန်ပြောပြချက်တခုမှာ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလတုံးက နအဖ စစ်သားတွေက ကရင်ရွာတရွာကိုဝင်ပြီး အသက် ၇နှစ်အရွယ် ကလေးလေးကို မုဒိမ်းကျင့် သတ်ပစ်ခဲ့တယ်ဆိုတာ ပါဝင်ခဲ့ပါတယ်။အဲ့ဒီစစ်သားကို သူ့အထက် အရာရှိတွေက အရေးမယူတဲ့အပြင် ကလေးမိဘတွေကို တိုင်ရင် သတ်မယ်လို့တောင် ခြိမ်းခြောက်ပါတယ်။နောက် ၂ဝဝ၂ ခုနှစ်တုံးကလည်း ရှမ်းပြည်မှာ အမျိုးသမီး ၆၂၅ ယောက်ကို နအဖစစ်သားတွေက စနစ်တကျ မုဒိမ်းကျင့်တဲ့ သတင်းတွေ ရှိပါတယ်။ဒီလုပ်ရပ်တွေအတွက် ဘယ်လူတယောက်ကိုမှ အရေးယူ ခုံရုံးတင်တာ မရှိပါဘူး။စစ်တပ်ရဲ့ လုပ်ရပ်တွေကို ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကော်မရှင်တို့မှာ ကျနော် မကြာခဏ တင်ပြခဲ့ပါတယ်။

ကျနော့် အရင် လူ့အခွင့်အရေး ကိုယ်စားလှယ်တွေလည်း မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် အကြိမ်ပေါင်းများစွာ သွားပြီး ကြိုးစားခဲ့ပါတယ်။
ဒီသံတမန်ရေးလမ်းကြောင်းနဲ့ ကြိုးစားမှုတွေက လမ်းဆုံးနေပါပြီ

ဒီကြိုးပမ်းမှုတွေရဲ့ ရည်မှန်းချက်တွေ ဘာမှ မရခဲ့ပါဘူး။မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆက်ရှိနေမှာ ထင်ရှားသလို ချိုးဖောက်သူတွေကိုလည်း နအဖရဲ့ တရားစီရင်ရေးစံနစ်က အပြစ်ပေးအရေးယူမှာ မဟုတ်ပါဘူး။ဒါကြောင့် လုံခြုံရေးကောင်စီကနေ ကော်မရှင်ဖွဲ့ပြီး မြန်မာပြည်က လူမဆန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချိန်ရောက်ပါပြီ။ရဝမ်ဒါ၊ ဘော့စနီးယားနဲ့ ဆူဒန်မှာ လုံခြုံရေးကောင်စီက ကော်မရှင်ဖွဲ့ စုံစမ်းတာ လုပ်သလို မြန်မာနိုင်ငံမှာလည်း လုပ်ဖို့ အရေးကြီးပါတယ်။ဒီလိုကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးရင် ပထမအချက်အနေနဲ့ နအဖကို သူကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖြေရှင်းချက်ပေးခိုင်းရာ ရောက်မယ်၊ နောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးမှာ တရားစွဲဆိုတာမျိုးထိ ဖြစ်ချင်လည်း ဖြစ်လာနိုင်မယ်။ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံထဲမှာ ရာဇဝတ်မှု ကျူးလွန်သူတွေ အရေးယူမခံရတဲ့ အစဉ်အလာကြီးကို ထုတ်ဖော်ရာရောက်မယ်။နောက်ဆုံးအချက်အနေနဲ့ မြန်မာနိုင်ငံထဲမှာ နောက်ထပ်လူမဆန်တဲ့ ရာဇဝတ်မှုတွေ ထပ်မဖြစ်အောင် ဟန့်တားရာ ရောက်မယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ပါမောက္ခ ပင်ညှဲရိုးက အကြံပြုထားပါတယ်။
ဘီဘီစီမှ ကူးယူဖေါ်ပြပါသည်

ဒါနိုင်ငံရေးမဟုတ်ဖူးလို့မောင်မြင့်ပြောသည်။

ဥရောပ - အာရှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမောင်မြင့် စစ်အစိုးရဖတ်ခိုင်းတာ ဖတ်နေရတဲ့ပုံပါပါတယ်။ သူ့မျက်နှာမှာ ယုံကြည်ချက်ကြောင့်ပြောရတာမျိုးမဟုတ်ပဲ ပြောခိုင်းလို့ပြောရတာမျိုးဆိုတာ အရမ်းသိသာပါတယ်။ (ရိုက်တာက ပြောတာကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းလို့ပြောပါတယ်။ ကျနော်ကတော့ ရိုက်တာ သတင်းဌာနမှားနေတယ်လို့ပဲ ထင်ပါတယ်)။
၂ဝဝ၉.၅.၂၈ ရက်နေ့တုန်းက အင်းစိန်ထောင်ရှေ့မှာ အငြိမ်းစားလေတပ်ဗိုလ်ကြီးဇော်ညွန့် ဆန္ဒပြတဲ့ ပုံလည်းပါပါတယ်။
နောက်ဆုံးမှာ ကျနော်တို့ရဲ့ ကျက်သရေရှိလှတဲ့ အမေစုရဲ့ ပုံရိပ်အချို့ပါပါတယ်။

shwemyothar



ရွှေနန္ဒရဲ. ခရေပန်းလေးများ


မြန်မာ့အရေး မြန်မာတွေ လက်မနှေးစေချင်

ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့ အစီရင်ခံစာ
၀၅ - ၂၉ - ၂၀၀၉
သံရုံးက ထွက်လာပြီးတဲ့ နောက်ပိုင်း ပြည်တွင်းက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆက် အသွယ်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ နေပြည်တော်ကြပ်ပြေးက လေးလပတ် အစည်းအဝေးမှာ စစ်ခေါင်းဆောင်တွေ ဆွေးနွေးပြောကြားခဲ့တာကို ပြည်တွင်းက သတင်း ရရှိပါတယ်။ လုပ်ဖေါ် ကိုင်ဖက်တွေရဲ့  ပြောကြားချက်အရ ဗိုလ်သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ညှိနှိုင်းဖို့ လုံးဝ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ အစည်းအဝေးမှာ ဒီကိစ္စ တွေနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပ Issue တစ်ခု အနေနဲ့ ပြောသင့်တယ်လို့ ပြောကြား ကြပါတယ်။ ဗိုလ်သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံစကား ပြောဖို့ သတ္တိမရှိဘူး။ ဒါကြောင့် ဗိုလ်ချုပ်အောင်ကြည်ကို ကိုယ်စားစကားပြောဖို့ နည်းနာ တစ်ခုအနေနဲ့ လှည့်စားဖို့ ဖြစ်တယ်လို့ နေပြည်တော်က သတင်းရရှိပါတယ်။ ဆက်လက်ရရှိတဲ့ သတင်းကတော့ ဗိုလ်သန်းရွှေအနေနဲ့ ပြည်သူတွေကို အာဏာ လွှဲပေးဖို့ ကြောက်ရွှံ့နေပါတယ်၊ နောက်ဆုံး ပြည်သူတွေ အနေနဲ့လည်း သူတို့ရဲ့ ကောက်ကျစ်မှု ယုတ်မာမှုတွေကို သိလာကြပြီ ဖြစ်ပါတယ်၊ ဗိုလ်သန်းရွှေ ဘာလုပ်နေ သလဲဆိုတာ အဆင့်မြင့်အရာရှိကြီးတွေတောင် ဗိုလ်သန်းရွှေကို နားမလည်နိုင်အောင် ဖြစ်နေ ကြပါတယ်လို့ သိရှိရပါတယ်။ ဗိုလ်သန်းရွှေရဲ့ Plan ဟာ Government ကို ပုံစံတစ်မျိုးနဲ့ ချိန်းကာ သူ့အနေနဲ့ ထိန်းချုပ် ထားဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ဗိုလ်သန်းရွှေအနေနဲ့ အမျိုးသား လုံခြုံရေး ကောင်စီ အကြံပေး နာယက အဖြစ် နေမဲ့အစီအစဉ် ရေးဆွဲထားပါတယ်။ သူကိုယ်တိုင် စိတ်ဓါတ်စစ်ဆင်ရေးဌာနမှာ လုပ်ကိုင်ခဲ့ပြီး ပြည်သူတွေကို ဘယ်လို ညစ်ပတ်ရမလဲဆိုတာကို ကောင်းကောင်းကြီးသိနေခဲ့ပါတယ်။ ဥပမာ- ရန်ကုန်မြို့ အနေနဲ့ လူထုကို မီးမှန်မှန်ပေးနိုင်ပေမယ့် မီးဖြတ်ထားတာဟာ နိုင်ငံရေးကို ပြည်သူတွေ စိတ်မ၀င်စားနိုင်ဘဲ နေ့စဉ် လည်ပတ်နေရတဲ့ ကိစ္စတွေမှာ ပြဿနာဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ အကြံနဲ့ ဗိုလ်သန်းရွှေက တမင်လုပ်ထားတာလို့ သိရပါတယ်။ ပြည်သူလူထုကို တကယ် ကောင်းကောင်းမွန်မွန် ထားရင် တိုးတက်တဲ့အမြင်နဲ့ နိုင်ငံရေးကိစ္စတွေကို စိတ်ဝင်စားလာနိုင်တယ်လို့ ဗိုလ်သန်းရွှေက ကောင်းကောင်းကြီး သိနေခဲ့ပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေဟာ ဦးနေ၀င်းထက် ပိုမိုဆိုးရွား ကောက်ကျစ် ယုတ်မာတယ်လို့ ပြောပါတယ်။ ဗိုလ်သန်းရွှေရဲ့ ကိုယ်ပိုင်ဥာဉ်က သူတစ်ပါးနှင့်မတူဘဲ သွေးအေးအေးထား ရက်စက်တတ်ပါတယ်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်မရှင် (MEC) တွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအားလုံးကို ချုပ်ကိုင်ထားပါတယ်။ ဒီဌာနတွေရဲ့ အကြီးအကဲဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးဟာ ဗိုလ်သန်းရွှေ တပ်မ (၈၈) တပ်မမှူးဘ၀မှာ ဗိုလ်သန်းရွှေရဲ့ P.A လုပ်ခဲ့ဖူးးသူ ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်လုပ်ရေးတပ်မှာလည်း အကြီးအကဲဖြစ်ပြီဲး SPDC ရဲ့  အဖွဲ့ဝင် တစ်ဦးလည်းဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ၀န်ကြီးဌာနတွေ အားလုံးလိုလိုဟာ ဦးပိုင်ရဲ့ ကွပ်ကဲမှုအောက်မှာသာ အလုပ် လုပ်လို့ရတဲ့ အစီအစဉ်မျိုးကို ဗိုလ်သန်းရွှေက ချမှတ် ထားပါတယ်။ ဦးပိုင်နဲ့ အမ်အီးစီက ရရှိတဲ့ ၀င်ငွေတွေအားလုံးကို သန်းရွှေအနေနဲ့ သူ့သဘောနဲ့သူ ကြိုက်သလောက် စာရင်းမရှိ အင်းမရှိ သုံးစွဲခွင့် ရရှိထားပါတယ်။ သန်းရွှေကို ပျော့ပျော့ပြောင်းပြောင်း ချဉ်းကပ်လို့ သူ့ရဲ့ စိတ်ဓါတ်က ပြောင်းလဲဖို့ မရှိပဲ ဒီလိုချဉ်းကပ်တာကိုလဲ သူ့အနေနဲ့ လုံးဝဂရုမစိုက်ဘူးဆိုတာ သိရပါတယ်။ သူ့ကို စိတ်ပြောင်း လဲဖို့ဆိုရင် သူ့အနေနဲ့က သံတမန်ရေး ထိုးစစ်ဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာစီယံတို့ကို အသုံးပြု နေတာကြောင့် နိုင်ငံတကာနဲ့ ဆက်ဆံရေး ပျက်ပြားအောင် သူ့ကို လုပ်သင့်ကြောင်း ပြည်တွင်းမှ အရာရှိများက အကြံဥာဏ် ပေးလာပါတယ်။ ထို့အတူ အနောက်နိုင်ငံတွေရဲ့ ဖိအားကို ပိုမိုပေးနိုင်အောင် လုပ်သင့်တယ် လို့လည်း အကြံဥာဏ်ပေးပါတယ်။ တရုတ်အစိုးရကို မြန်မာနိုင်ငံအား Pressure ပိုမို ပေးနိုင်အောင် လည်းလုပ်ရပါမယ်။ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ အမေရိကန်နိုင်ငံ သံရုံး ယာယီတာဝန်ခံအဖြစ် တာဝန်ထမ်း ဆောင်နေစဉ်က တရုတ်ထောက်လှမ်းရေး အရာရှိတစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံရဲ့ Policy သဘောထားဟာ ဒေါ်အောင်ဆန်းစုကြည် တက်ရင်လည်း ပြဿနာ မရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်တဲ့ အစိုးရဖြစ်ရန်သာ လိုလားကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်စေချင်တာဟာ တရုတ်တို့အနေနဲ့ စီးပွားရေးကိုသာ စိတ်ဝင်စားကြောင်း၊ ၁၉၉၀ အန်အယ်လ်ဒီ အနိုင်ရတဲ့အခါမှာလည်း ကြိုဆိုခဲ့ပါကြောင်း စသဖြင့် တရုတ်အရာရှိမှ ဆွေးနွေး ပြောကြားခဲ့ပါတယ်။ အဲဒီအရာရှိဟာ ယခုလက်ရှိ တရုတ်သမ္မတ ဟူကျန်တောင်ရဲ့ အနီးကပ် တပည့်တစ်ယောက် ဖြစ်နေပါတယ်။ သူတို့ ဆွေးနွေးခဲ့စဉ်မှာ ဟူကျန်တောင်ဟာ ဒုတိယ သမ္မတသာဖြစ်ပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ် စစ်ရုံးမှာ နေစဉ်အခါတုန်းက ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့်တိုဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ “ ငါတို့သိတယ်၊ တရုတ်ဟာ ငါတို့မိတ်ဆွေအစစ်မဟုတ်ဘူး၊ ငါတို့သူတို့ကို မလွှဲမရှောင်သာလို့ ဆက်ဆံရတယ်၊ မချစ်သော်လည်း အောင့်ကာနမ်းရတယ်” စသဖြင့် လက်ရှိအခြေအနေအရ တရုတ်ကို မပေါင်းမဖြစ်လို့ ပေါင်းရတာဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားတာ အမြဲကြားခဲ့ရပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဟာ သူတို့ငယ်ရွယ်စဉ် နှစ်ပေါင်းများစွာ တရုတ်ရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်တိုက် ခဲ့ရတာကြောင့် တရုတ် ကို အတွင်းကြိတ် မုန်းနေတဲ့ သဘောရှိပါတယ်။ လေးလပတ်အစည်းအဝေးတွေမှာ ဗိုလ်မောင်အေးဟာ တပ်မမှူး၊ တိုင်းမှူးတွေကို “ဒီကောင်တွေကို တစ်နေ့ ငါတို့ပြန်တိုက်ရမယ်၊ အသင့်ပြင်ထားလို့” အမြဲပြောတတ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ အမြဲညွှန်ကြားပါတယ်။ အခုအချိန်ထိလည်း တရုတ်အစိုးရဟာ တရုတ်-မြန်မာနယ်စပ်က ငြိမ်းချမ်းရေး အဖွဲ့တွေကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဗိုလ်ရွှေမန်း တရုတ်ပြည်ကို အလည်သွားခဲ့ရာမှာ ငြိမ်းချမ်းရေးအဖွဲ့တွေ အနေနဲ့ အပြီးတိုင်လက်နက်ချဖို့ တရုတ်အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးပါရန် ပြောကြားရာ တရုတ်အစိုးရက မသိသလို ဝေ့လည်ကြောင်ပတ် လုပ်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာရောက်ရာ ဗိုလ်သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ဗိုလ်သန်းရွှေက အလိုမကျစွာ တုန့်ပြန်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အလိုကျ အတိုက်အခံတွေနဲ့ဆွေးနွေးဖို့ တရုတ်ကပြောတယ်လို့ ယူဆရပါတယ်။ ဗိုလ်သန်းရွှေဟာ ရုရှားက နျူးကလီးယား Expert ကျွမ်းကျင်သူတွေကို မြန်မာပြည်သို့ ဖိတ်ခေါ်ခြင်းဖြင့် တရုတ်မကြိုက်တာကို လုပ်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တရုတ်စစ်တပ်ဦးစီးချုပ် မြန်မာပြည်ကို သွားရောက်လည်ပတ်ရင်း ဗိုလ်သန်းရွှေကို ပြန်ချော့ခဲ့ပါတယ်။ တရုတ်နှင့်မြန်မာဟာ ဂက်စ် ပိုက်လိုင်းကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်တွေမှ သယ်ယူဖို့ သဘောတူခဲ့ပါတယ်။ အဲဒါကို ဗိုလ်သန်းရွှေဟာ ကျောက်ဖြူကနေသယ်ဖို့ ပြန်ပြင်ပြောကာ ပြဿနာတစ်ခုအနေနဲ့ တရုတ်ကို ချပြလိုက်ပါတယ်။ ၂၀၁၀ မှာ တရုတ်အနေနဲ့ ဂက်စ်ပိုက်လိုင်းကိစ္စ အပြီးအစီး လုပ်ဖို့ ဖိအားပေးခြင်းကတော့ တရုတ်ဟာ ဗိုလ်သန်းရွှေကို စီးပွားရေးအရ စိတ်မချဘူးဆိုတာ သိရပါတယ်။ ၂၀၀၂-၂၀၀၃ ခုနှစ်ကလည်း တရုတ်နှင့် မြန်မာ သဘောတူညီပြီးသား စာချုပ်ဖြစ်တဲ့ ဧရာဝတီမြစ်ကို အသုံးပြုရန် ကိစ္စမှာ သမ္မတ ကျန်ဇီမင်း မြန်မာပြည်လာစဉ် ဗန်းမော်တွင် ဆိပ်ကမ်းလုပ်ပြီး ဧရာဝတီမြစ်အား မဲခေါင်မြစ်လို လမ်းကြောင်းဆက်ကာ တရုတ်သင်္ဘောများ ၀င်ထွက်ရန် စီစဉ်ခဲ့ပါတယ်။ တကယ်တမ်း စာချုပ်လက်မှတ်ထိုးကာနီးမှ ဗိုလ်သန်းရွှေက စိတ်ပြောင်းပြီး လက်မခံတော့လို့ ကျန်ဇီမင်းလည်း ဒေါသထွက်ခဲ့ရာ ဗိုလ်ခင်ညွှန့်က လိုက်ချော့ခဲ့ရပါတယ်။ ဗိုလ်သန်းရွှေရဲ့ အကြောင်းပြချက်ကတော့ ဧရာဝတီ မြစ်ကြောတလျှောက် တရုတ်သင်္ဘောတွေ တရုတ်အလံထောင်ပြီး ခုတ်မောင်းနေတာကို ခွင့်မပြုနိုင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ဟာ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာ့အရင်းအမြစ်တွေကို ယူပြီး ရေအား လျှပ်စစ်စီမံကိန်း (၇) ခုအား ၂၀၁၀ မတိုင်မီမှာ လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုနိုင်ရေး ကြိုးစားနေပါတယ်။ မြန်မာ့ အရေးမှာ တရုတ်ဟာ အမြတ်ထုတ် စီးပွားရေးကိုယ်ကျိုးကြည့် လှုပ်ရှားနေတာကြောင့် အတိုက်အခံတွေအနေနဲ့ တရုတ်ကို ဆွဲဆောင်ဖို့ ပူးပေါင်းဖို့ အလွန်လိုအပ်ပါတယ်။ တရုတ်ကို ဆဲဖို့ထက် စည်းရုံးဖို့ ဗီတို အာဏာမသုံးဖို့ နည်းလမ်း ရှာဖွေသင့်ပါတယ်။ အိန္ဒိယအနေနဲ့က မြန်မာကို အန္တရာယ်မပေးနိုင်ဘူးလို့ ဗိုလ်သန်းရွှေ ကောင်းကောင်းသိပါတယ်။ အိန္ဒိယနယ်စပ်က နာဂ၊ကသည်း၊ ကူကီး စတဲ့ သောင်းကျန်း သူတွေဟာ အိန္ဒိယအစိုးရအတွက် ပြဿနာရှိပါတယ်။ မြန်မာဘက်က သူတို့ကို နေခွင့် ပေးတာမျိုး ရာရှင်၊ သေနတ်စသဖြင့် ထောက်ပံ့ပေးတာမျိုး လုပ်နိုင်တာရှိပါတယ်။ ရာဂျစ်ဂန္ဒီ သေပြီးနောက် ကကလှမ်းမှ ဗိုလ်ချုပ်ကျော်သိန်းဟာ အိန္ဒိယကို ဆွေးနွေးဖို့ အလည်အပတ် သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အိန္ဒိယဟာ အရှေ့မျှော်ဝါဒပေါ်လစီ ပြောင်းလဲခဲ့ပါတယ်။ တရုတ် ရေတပ် ဘင်္ဂလားပင်လယ်အော်ပေါ်မှာ လှုပ်ရှားမှာကို အထူးစိုးရိမ်နေလို့ အိန္ဒိယကို ကိုယ်ကသာ အန္တရာယ်ပေးနိုင်ပြီး အိန္ဒိယကတော့ ကိုယ့်ကို ပြဿနာမပေးနိုင်ဘူးဆိုတာ ဗိုလ်သန်းရွှေကောင်းကောင်းသိခဲ့ပါတယ်။ ဗိုလ်သန်းရွှေဟာ အာစီယံအုပ်စုနှင့်ပတ်သက်ပြီး အာစီယံကို ရှေ့နေတစ်ယောက် လိုသာ သဘောထားခဲ့ပါတယ်။ ၁၉၉၈ မှာ အာစီယံတွင် ဒေါ်အောင်ဆန်းစုကြည်ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်သန်းရွှေအား ဖိအားပေး ပြောကြားရာ ဗိုလ်သန်းရွှေက အာစီယံက ထွက်မယ်လို့ လှမ်းက ဗိုလ်ချုပ် ကျော်ဝင်းတို့ကို ပြောခိုင်းလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာစီယံနိုင်ငံတွေဟာ မြန်မာပြည်နဲ့စီးပွားရေးအရ ပတ်သက်လုပ်ကိုင်နေရတာမို့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ အခြေအနေတခု စောင့်ကြည့်နေတဲ့အပြင် စင်္ကာပူနိုင်ငံကလည်း စစ်ခေါင်းဆောင်တွေရဲ့ ငွေတွေကို သူတို့ဘဏ်မှာ ထားရှိရတာကြောင့် စီးပွားရေးအရ သဟဇာတ ဖြစ်နေတဲ့သဘော ရှိပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့အတွက် တခုတည်းသော ပိုက်ဆံရပေါက်ဖြစ်တဲ့ ဂက်စ်လိုင်းတွေ ပေါက်ကွဲမှာကို အထူးစိုးရိမ် ကြောက်လန့်နေပြီး ဂက်စ်ဖိုးငွေ ထိုင်းနိုင်ငံမှ ရရှိဖို့ အပြန်အလှန် စီးပွားဘက်ဖြစ်နေကြရပါတယ်။ ဒါကြောင့် အမေရိကန်အနေနဲ့ စင်္ကာပူကို ထိန်းချုပ်ဖို့ ဖိအားပေးရန် လိုအပ်ပါတယ်။ ဗိုလ်သန်းရွှေအနေနဲ့ ထိုင်းနဲ့စင်္ကာပူကို ပစ်ပယ်လို့မရတာကြောင့် ပြဿနာအများကြီး ရင်ဆိုင်နိုင်အောင် ကြိုးစား လုပ်ဆောင်ပေးရပါမယ်။ ဗိုလ်သန်းရွှေဟာ ထိုင်းနိုင်ငံကို အားကိုးတဲ့အနေနဲ့ ၀န်ကြီးချုပ် သက်ဆင် အာဏာရစဉ် သက်ဆင်က သမ္မတ ဂျော့ဘုရှ်နှင့်တွေ့ရန် သွားတဲ့အခါ မြန်မာ့နိုင်ငံခြားရေး ၀န်ကြီးကတဆင့် သက်ဆင်ထံ စာတစ်စောင်ပေးလိုက်ပါတယ်။ အဲဒီစာထဲမှာ သမ္မတ ဂျော့ဘုရှ်နှင့် တွေ့ဆုံဆွေးနွေးတဲ့အခါ မြန်မာပြည်နှင့်ပတ်သက်လို့ ကောင်းတဲ့အချက်အလက်တွေကို ပြောပေးပါလို့ သက်ဆင်ထံ ဖိအားပေး ပြောဆိုရေးသားထားတဲ့စာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနှင့်စင်္ကာပူကို ဗိုလ်သန်းရွှေက ပစ်ပယ်လို့မရတာ ထင်ရှားခဲ့ပါတယ်။ နိဂုံးချုပ်အားဖြင့် ဆိုရင် ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့  အကြံဥာဏ်ကတော့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာကို ဖိအားပေးဖို့ ပိုပြီး လိုအပ်ပါတယ်။ မြန်မာစစ်တပ် အပေါ်မှာ အပြုသဘောဆောင်တဲ့ ဖိအားပေးမှုတွေ၊ တွန်းအားပေး စေ့ဆော်မှုတွေလည်း လုပ်ရပါမယ်။ နအဖကို သံတမန်နည်းအရ အပြည့်အ၀ ဖိအားပေးဖို့နဲ့ သတ်မှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို အသုံးပြု တွန်းအားပေးဖို့ အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာ့ ကုလသမဂ္ဂကို ဖိအားပေးရပါမယ်။ စီးပွါးရေး ဒါဏ်ခတ်ပိတ်ဆို့မှုဟာ နောက်ဆုံးထိရောက်မှုရှိကြောင်း တင်ပြထားပါတယ်ခင်ဗျား။
credit to http://www.photayokeking.org/

Thursday, May 28, 2009

ဘုရင်ရူးကြီး ရူးနေသူနှင့် အလိုတော်ဖြည့်ကြရသူ နိုင်ငံတော်အနှိပ်သည်အဖွဲ့ ဝင်များ ကျွန်များဘ၀။

မြန်မာပြည်ကြီးကို သူ့ဘာသာ အာဏာသိမ်းပြီး အုပ်ချုပ်နေသူ သန်းရွှေဟာ အမှန်တကယ်ကို ဘုရင်ရူး ရူးနေသူတစ်ယောက်ဖြစ်ကြောင်း သူနဲ့ နီးစပ်သူ တပည့်သားမြေးများထဲမှ သည်းမခံနိုင်တော့သူတစ်ဦးက ပြောပြပါတယ်။သန်းရွှေဟာ ဘောလုံးပွဲကြည့်ရတာကို အလွန်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး၊ သူဘောလုံးပွဲကြည့်တဲ့အခါ တစ်ယောက်တည်း ဘယ်တော့မှ မကြည့်ပဲ နီးစပ်သူ တပည့်သားမြေး၊ ၀န်ကြီး၊ ၀န်ကလေးများကို သူနဲ့အတူကြည့်ဖို့ ခေါ်တတ်ပါတယ်။သူကြည့်တဲ့ ပုံစံကို မြင်ယောင်အောင် ပြောပြရရင် အခန်းကျယ်ကြီးတစ်ခုတည်းမှာ သန်းရွှေဟာ သူထိုင်ဖို့ ခုံကြီးတစ်လုံးတည်း ချထားပြီး ကြည့်ပါတယ်။ ကျန်တဲ့ ၀န်ကြီး၊ ၀န်ကလေး၊ တပည့်သားမြေးတွေကတော့ သူ့ခြေရင်းက ကြမ်းပြင်ပေါ်မှာထိုင်ရင်း ဘောလုံးပွဲကို ကြည့်ရပါတယ်။ကြည့်နေရင်းကနေ သူ့ကို ခြေဆုပ်လက်နယ် ပြုလုပ်ပေးဖို့ အပြိုင်အဆိုင် အလုအယက် ကြိုးစား ကြရပါတယ်တဲ့။ အဲဒီလူတွေအထဲမှာတော့ အောင်သောင်းဟာ နှိပ်တာအတော်ဆုံး၊ လက်အပေါက်ဆုံးမို့ သန်းရွှေက အင်မတန်သဘောကျတယ်လို့လည်း ပြောပါတယ်။ဘောလုံးပွဲပြီးလို့ အိမ်ပြန်တော့မယ်ဆိုရင် ၀န်ကြီး၊ ၀န်ကလေးများဟာ ဒီတိုင်း ထပြန်လို့မရပါဘူး။ သန်းရွှေကို ဦးချကန်တော့ပြီးမှ ပြန်ကြရပါတယ်။ တခါတလေ မကန်တော့လိုသူများက ယောင်လည်လည် လုပ်ပြီး လစ်ထွက်ခဲ့လို့ရှိရင်၊ ဘယ်အချိန် ဘယ်နေရာကနေ ကြည့်နေမှန်းမသိတဲ့ ဒေါ်ကြိုင်ကြိုင်က အိမ်ပေါက်ဝကို ထွက်လာပြီး “ ဟဲ့ ပြန်တော့မလား၊ နင်တို့ အဘကို ကန်တော့သွားအုံးလေ၊ ပြီးမှပြန်” ဆိုပြီး အတင်း ကန်တော့ခိုင်းပါတယ်လို့ သည့်မခံနိုင်တော့သူ တစ်ဦးက ပြောပြပါတယ်။ဒီလို သန်းရွှေ ဘုရင်ရူးကြသလို လက်အောက်ခံ အလိုတော်ဖြည့်ကြသူများကလည်း အားကျမခံ သူတို့ ရဲ့  နိမ့်ကျသူ တစ်ဆင့်ခံတွေအပေါ်မှာ စေခိုင်းပါတော့တယ်။ ဒီလိုနဲ့  သန်းရွှေကစလို့  ၀န်ကြီး ၀န်ကတော်များရဲ့  ဇက်ကြောတက်ညောင်းညာသမျှကို ပညာအကုန်သုံးပြီး နှိပ်ပေးနေရလို့  နအဖဟာ နိုင်ငံတော်အနှိပ်သည်အဖွဲ့ လို့ တောင် အမည်တွင်တော့မယ်။လူပုံလည်အကြားမှာလည်း ဗိုလ်ချူပ်တစ်ဦးရဲ့  ရှူးဖိနပ်ကို အားရပါးရ တိုက်ပေးနေရတဲ့ အရာရှိငယ်လေးတွေ၊ ဗိုလ်ချူပ်ကြီးများ အရာရှိကြီးများရဲ့ ကတော်တွေကို နင်းနယ်နှိပ်နယ်ပေးနေရတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေရဲ့  ဇနီးသားမယားတွေ၊ အထက်ကအရာရှိများရဲ့  နေအိမ်တွေမှာ အိမ်စေကျွန်သဖွယ် ယောင်္ကျားဖြစ်သူက ရေခပ်ထင်းခွဲ မိန်းမဖြစ်သူက အ၀တ်လျှော် ချက်ပြုတ် မီးပူတိုက် ကြမ်းတိုက်လုပ်ပေးနေကြရတဲ့ စစ်သားရဲဘော်လေးများနဲ့ သူတို့ ရဲ့ ကြင်ယာများကို ကြည့်ပြီး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့  ဘုရင်မှူးမတ်များသဖွယ် ခိုင်းစေနေတာနဲ့  ကျွန်သဘောက်သဖွယ် ချေးပါသေးပေါက်က အစ ခိုင်းတာမှန်သမျှလုပ်ပေးနေရတဲ့အဖြစ်တွေပါလားလို့  တွေ့ မြင်မိပါတယ်။လူတွေ မပြောနဲ့  အဆောက်အဦးတွေ တံတားတွေဆောက်တာ၊ မြို့ ရွာဒေသတွေ တိုးချဲ့ တာ၊ လမ်းတွေဖောက်တာ ပွဲလန်းသဘင်တွေ ကျင်းပတာတွေ အကုန်လုံးမှာ ဘုရင်ခေတ်လို နန်းဆံဆံ ပုံစံတွေနဲ့  လုပ် နန်းဆံဆံ အမည်အခေါ်အဝေါ်တွေ သမုတ်နဲ့  လုပ်နေတာ ဘုရင်ရူးဇတ်ကချင်နေတဲ့ သန်းရွှေတို့ ရဲ့  ရုးသွပ်ချက်တွေပါဘဲ။နေက်ဆုံးကြတော့ နေ၀င်းက စလိုက်တဲ့ အစ အခု သန်းရွှေလက်ထက်ထိ ဘုရင်ရူး မှူးမတ်ရူး ရူးနေကြကာ လူကို လူလို တန်ဖိုးမထားဘဲ အခိုင်းအစေကျွန်သဖွယ် အဆင့်ဆင့် ဆက်ဆံနေကြတော့ ယခု နအဖခေတ်ဟာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့  ကျေးကျွန်စနစ် နှစ်ခု ပေါင်းစပ်တာထက်တောင် ပိုဆိုးနေပါပြီ။ ဒါတွေကို အဟုတ်ကြီးမှတ်နေကြသူတွေကတော့ အရူးပြောသမျှ ယုံ၊ အရူးခိုင်းသမျှ လုပ်၊ အရူးဘုံမြှောက်ပြီးနေကြတာ ကိုယ့်ကိုကိုယ် ကျွန်ဘ၀ရောက်နေကြတာ မှန်ထဲပြန်ကြည့်ရင်တောင် တဖြေးဖြေး ရုပ်လုံးပေါ်နေပြီဆိုတာ သဘောပေါက်သင့်နေပါပြီ။သန်းရွှေရဲ့  မိန်းမ၊ သားသမီးတွေမပြောနဲ့  မြေးမြစ်တွေဖြစ်ကြတဲ့ နေရွှေသွေးအောင်က အစ လူကိုလူမှန်း မသိတော့ဘဲ တိုင်းပြည်မှာ လူထုအပေါ် ရမ်းကားချင်တိုင်း ရမ်းကားပြီး မောက်မာစွာဆက်ဆံနေကြတာကို စစ်တပ်ထဲက အရာရှိအရာခံအကြပ်တပ်သားတွေကအစ ငုံ့ ခံ ကျွန်ပြုနေကြတော့ တိုင်းပြည်ကြီးရဲ့  ကံကြမ္မာကတော့ အရင်ခေတ်ကလို နယ်ချဲ့ ကျွန်ဘ၀အောက်ရောက်ကို မရောက်ဘဲနဲ့ အခုက သန်းရွှေတို့ ရဲ့  ကျွန်သဘောက်ဘ၀အောက် ရောက်လို့ နေပါပြီ။ ကိုယ်ရဲ့ မြေးမြစ် မျိုးဆက်သစ်တွေ ဆက်ပြီးတော့ ကျွန်ဖြစ်မှာ မခံချင်ရင်တော့ တစ်ခုတည်းသောလမ်းကို လျှောက်ဖို့ ဘဲ ရှိပါတယ်။

http://www.niknayman-niknayman.co.cc/

အရူးမီးဝိုင်းနေပါပြီ


ဘာမှ စိတ်ပူစရာ မလိုဘူး၊ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး

ဒေါ်အောင်ဆန်းစုကြည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ခင်မမမျိုး ရေးသားတင်ပြသည်။
မေ ၂၈၊ ၂၀၀၉။
၂၀၀၉ ခုနှစ်၊ ပထမငါးလတာကာလအတွင်း၊ အာရှစစ်ရေး၊ နိုင်ငံရေးလောကမှာ ပေါ်ထွက်လာခဲ့တဲ့ ထိပ်တန်းသတင်းတွေထဲမှာ စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သုတေသီတွေ၊ အာရှ-ပစိဖိတ်လုံခြုံရေး လေ့လာသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ သတင်းလေးပုဒ်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားက ရေပိုင်နက် ပဋိပက္ခ၊ သီရိလင်္ကာစစ်တပ်ရဲ့ တမီးလ်တော်လှန်ရေးသမားတွေကို အပြီးသတ်ချေမှုန်းရေးစစ်ပွဲ၊ လတ်တလောဖြစ်နေတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ တာလီဘန်ချေမှုန်းရေးစစ်ပွဲ၊ မြန်မာနိုင်ငံက အာဏာရှင်လက်ပါးစေစစ်တပ်ရဲ့ တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်များကို အင်အားလျှော့ပေါ့ရေးစီမံချက်နဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်ကိုမတရားအမှုဆင် ဖမ်းဆီးပြီး၊ ခေါင်းဆောင်နဲ့ တော်လှန်ရေး ပြတ်တောက်အောင် ပြုလုပ်ကြိုးပမ်းနေမှုစတာတွေဟာ သီးခြားစီ၊ သူ့နိုင်ငံနဲ့ သူဖြစ်ပွားနေတာ မှန်ပေမယ့်၊ ဒေသရဲ့ မဟာဗျူဟာ အချက်အချာအကျဆုံးနေရာတွေအားလုံးမှာ တပြိုင်နက်တည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။တိတိကျကျဆိုရရင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ 'String of Pearl's Strategy' အရ အဓိကကျတဲ့မဟာဗျူဟာကျ ဆိပ်ကမ်းတည်ဆောက်မှု ကွန်ယက်တွင်းမှာ ရှိနေတဲ့ ပါကစ္စတန်နိုင်ငံ ဂျီဝါဒါဆိပ်ကမ်း၊သီရိလင်္ကာနိုင်ငံ ဟမ်ဘာတိုတာ ဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ ကျောက်ဖြူ ဆိပ်ကမ်းစတဲ့ ဆိပ်ကမ်းတွေရှိနေတဲ့နိုင်ငံတွေမှာ တပြိုင်နက်တည်းလိုလို စစ်ရေး၊ နိုင်ငံရေး ချေမှုန်းရေး ထိုးစစ်တွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ဘာကြောင့် ဒီဆိပ်ကမ်းတွေဟာ အရေးကြီးရသလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။တရုတ်နိုင်ငံနှင့် ကွန်မြူနစ်ပါတီသြဇာအာဏာ(၂၀၀၀) ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ဝေတဲ့ အမျိုးသားကာကွယ်ရေးအစီရင်ခံစာမှာတရုတ်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အခင်းအကျင်းအသစ်ကိုရှာဖွေနေတယ်လို့ တရားဝင်ထုတ်ပြန်ထားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပပို့ကုန် အခြေပြုစီးပွားရေးစနစ်ကြောင့် စီးပွားရေးဖံွ့ ဖြိုးတိုးတက်မှု ရှိလာတာ ဖြစ်ပေမယ့်၊ ၁၉၉၀နောက်ပိုင်းကာလတွေကစပြီး နိုင်ငံတကာရေးရာတွေမှာ တစတစနဲ့ aggressive ဖြစ်လာခဲ့ပါတယ်။အိမ်နီးချင်းနိုင်ငံများနဲ့ နယ်မြေအငြင်းပွားမှုဆိုင်ရာ ပြဿနာတွေ၊ အာဏာရှင်နိုင်ငံအစိုးရတွေကို ပံ့ပိုးမှုတွေ၊သူလျှိုပြဿနာတွေ၊ လက်နက်ကန့်သတ်ရေး သဘောတူစာချုပ်များအပေါ် ဖောက်ဖျက်မှုစတာတွေကတစတစ များပြားလာခ့ပဲါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့ရေးရာ ပြဿနာတွေဖြစ်တဲ့အကြမ်းဖက်နှိမ်နင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည်သူ့ကျန်းမာရေး၊ငြိမ်းချမ်းရေးတပ်ဖွဲ့စေလွှတ်ရေး၊ နယူးကလီးယားလက်နက်ထိန်းချုပ်ရေး၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ်ခိုင်မာတောင့်တင်းမှု စတာတွေမှာလဲ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ တစတစ ကြီးထွားလာခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့ အာရှတိုက်အပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းရခြင်း အကြောင်းရင်းတခုကတော့တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဏာ သက်ရောက်မှုကို ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီခေါင်းဆောင်များအနေနဲ့ ၁၉၅၀ ပြည့်လွန်ကာလများကတည်းက တရုတ်ပြည်မှာ အာဏာရှင်စနစ်ကနေဒီမိုကရေစီစနစ်ဆီကို ရွေ့လျော ကူးပြောင်းသွားမှာကို စိုးရိမ်ခဲ့ကြပါတယ်။ စီးပွားရေးရာမှာဈေးကွက်စီးပွားရေးစနစ်နဲ့ ပြည်ပပို့ကုန်အခြေပြု စီးပွားရေးအဆောက်အအုံကိုတည်ဆောက်ကျင့်သုံးနေပေမယ့် နိုင်ငံရေးရာမှာတော့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုပြီး၊ ပါတီရဲ့သြဇာအာဏာ လျော့နည်းလာမှာကို လိုလားခြင်း မရှိပါဘူး။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့အာဏာသက်ရောက်မှုကို ထိန်းသိမ်းထားနိုင်ဖို့က ပြည်တွင်းထိန်းချုပ် ကန့်သတ်မှုတွေ လိုအပ်သလို၊ပြည်ပနိုင်ငံ များအပေါ်မှာလဲ သြဇာသက်ရောက်ဖို့ လိုအပ်လှပါတယ်။ မြန်မာနိုင်ငံအပါအ၀င်အာဏာရှင်နိုင်ငံများရဲ့ အစိုးရတွေကို ပံ့ပိုးနေခြင်းမှာလဲ ဒီအချက်က အချက်တခုအနေနဲ့ ပါဝင်ပါတယ်။ပြည်ပနိုင်ငံများအပေါ် သြဇာသက်ရောက်ဖို့ တရုတ်နိုင်ငံရဲ့ လက်သုံးစကားကတော့ stability တည်ငြိမ်မှုပဲဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ နိုင်ငံရေး၊ စစ်ရေးတည်ငြိမ်မှုရှိအောင်လုပ်ဖို့၊ ငြိမ်ဝပ်ပိပြားမှုရှိဖို့ကို အထူးတလည်ပြောဆိုလေ့ရှိပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တဦးကတော့ တရုတ်နိုင်ငံဟာ တရားဥပေဒေစိုးမိုးရေးနဲ့ငြိမ်ဝပ်ပိပြားမှုနှစ်မျိုးမှာ ငြိမ်ဝပ်ပိပြားမှုရှိရေးကို ဦးစားပေးတွန်းအားပေးလေ့ရှိပြီး၊ ဒီအတွက်နိုင်ငံတော်အစိုးရတွေက တရားဥပဒေကို လျစ်လျူရှုလာမှုတွေကိုပါ အားပေးအားမြှောက်လုပ်တတ်တယ်လို့ဆိုထားခ့ပဲါတယ်။တရုတ်နှင့် စွမ်းအင်လုံခြုံရေးတရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ပြည်ပက တင်သွင်းတဲ့ စီးပွားရေး အရင်းအမြစ်များအပေါ်မှာအများကြီး မူတည်နေပါတယ်။ စွမ်းအင်နဲ့ ပတ်သက်ရင် လက်ရှိကာလမှာ နေ့စဉ် 4 million barrels of oilကို တရုတ်ပြည်ထဲ တင်သွင်းဖို့ လိုအပ်နေပါတယ်။ ဒီပမာဏဟာ ၂၀၂၀ ခုနှစ်ကျရင် 6 millionsဖြစ်လာပါမယ်။ ဒီလို အခြေအနေမှာ အနာဂတ်စွမ်းအင်လုံခြုံရေးအတွက် အဓိက ကျလာတာကပြည်ပရေနံနဲ့ သဘာဝဓာတ်ငွေ့အရင်းအမြစ်နေရာဒေသတွေအပေါ် လွှမ်းမိုးချုပ်ခြယ်မှုရှိလာနိုင်စေရေးဖြစ်ပါတယ်။ ၁၉၈၉ ခု၊ တရုတ်ကျောင်းသားများ လှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်ပွဲအပြီးမှာ အမေရိကန်၊ ဂျပန်နဲ့ တခြားနိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုလုပ်ခဲ့ဖူးတာကိုတရုတ်အနေနဲ့ ကြုံတွေ့ ခ့ရဲ ဖူးပါတယ်။ ဒီလိုထပ်မဖြစ်လာနိုင်ဖို့အတွက်က တရုတ်နိုင်ငံရဲ့စီးပွားရေးအဆောက်အအုံ လည်ပတ်မှုအတွက် အရေးပါတဲ့ စီးပွားရေးအရင်းအမြစ်တွေအပေါ်မှာဘယ်နိုင်ငံကမှ ထိပါးနိုင်စွမ်း မရှိဖို့ နိုင်ငံရေးအရ၊ စီးပွားရေးအရ ပါဝါကြီးမားလာဖို့ လိုအပ်တယ်လို့တရုတ်ခေါင်းဆောင်များက တွက်ဆကြပါတယ်။အဲဒီမှာတင် စွမ်းအင်လုံခြုံရေးအတွက် အဓိကကျတဲ့ ဒေသ (၅) ခုနဲ့ ပတ်သက်ပြီး၊ လွှမ်းမိုးထိန်းချုပ်နိုင်တဲ့တရုတ်နိုင်ငံရဲ့ Geostrategy ထွက်ပေါ်လာပါတော့တယ်။ ဒီမဟာဗျူဟာအရ တရုတ်နိုင်ငံဟာအာရှအလယ်ပိုင်းနိုင်ငံများနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လာပါတယ်။ (၁၉၉၆) ခုနှစ်ကစပြီးရုရှားနိုင်ငံကို တရုတ်နဲ့ အာရှအလယ်ပိုင်းနိုင်ငံများရဲ့ တွေ့ဆုံပွဲတွေမှာ ဖိတ်ကြားမှုတွေ စလုပ်လာခဲ့ပြီး၊(၂၀၀၁) ခုနှစ်မှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းကြီးတခုဖြစ်တဲ့ Shanghai Pact ပေါ်ပေါက်လာပါတယ်။ ဒီမဟာမိတ်အဖွဲ့မှာ ရုရှား၊ တရုတ်နဲ့အာရှအလယ်ပိုင်းနိုင်ငံကြီးလေးခုက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားရဲ့ စွမ်းအင်အရင်းအမြစ်နဲ့ပတ်သက်ပြီး တရုတ်နဲ့ ဂျပန်တို့ရဲ့ အပြိုင်အဆိုင် ရယူကြိုးပမ်းမှုပြဿနာတွေက အခုထိ ရှိနေဆဲပဲဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်တို့အကြားက proposed pipelines မြေပုံမှာ ၂၀၁၀ မှာသဘာဝဓာတ်ငွေ့စတင် ထုတ်လွှတ်မှုပြုလုပ်မယ့် ရုရှား- တရုတ်ပိုက်လိုင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။
Photobucket
တရုတ်နဲ့ ရုရှားတို့ရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုအပေါ် ထားရှိတဲ့ မဟာဗျူဟာကိုနိုင်ငံရေးပညာရှင်တွေက အဆင့်နှစ်ဆင့် မဟာဗျူဟာလို့ သတ်မှတ်ပြောဆိုကြပါတယ်။ ပထမတဆင့်ကနှစ်နိုင်ငံလုံးဟာ အနောက်အုပ်စုနိုင်ငံများနဲ့ ပုံမှန် ဆက်ဆံရေးကို ဆက်လက်ထားရှိပြီး၊စီးပွားရေးဖံွ့ ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးတွေမှာ အပြန်အလှန်အကျိုးအမြတ်ရှိအောင်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒုတိယတဆင့်ကတော့ အနောက်အုပ်စုအပေါ်မှာ နိုင်ငံရေး နည်းလမ်းတချို့ကိုအသုံးပြုပြီး ဆန့်ကျင်ဖို့ဖြစ်ပါတယ်။ ဒီလိုဆန့်ကျင်ရာမှာ အာဏာရှင်နိုင်ငံများကို အကာအကွယ်ပေးမှုနဲ့အနောက်အုပ်စုနဲ့ မဟာမိတ်ဖြစ်သွားနိုင်ချေမရှိတဲ့ နိုင်ငံတွေမှာ နယူးကလီးယား ဓာတ်ပေါင်းဖိုများတည်ဆောက်ရေး ပရောဂျက်တွေ ပေါ်ပေါက်လာဖို့ အကူအညီပေးရေး ဖြစ်ပါတယ်။ နယူးကလီးယားနည်းပညာမှာ reactors နဲ့ weapons ထုတ်လုပ်နိုင်မှုဟာ nuclear chain reaction ကိုဘယ်လိုစီမံခန့်ခတွဲ ယ်ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ regulated process နဲ့ reactor energy outputရအောင် ထုတ်လုပ်နိုင်သလို၊ uncontrolled and rapid chain reaction နဲ့ ပေါက်ကွဲအား ပြင်းထန်တဲ့fission weapons နဲ့ thermonuclear weapons လို့ အများသိထားကြတဲ့ fusion weapons တွေကိုထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပေါင်းဖို ရှိပြီးသား နိုင်ငံတွေဟာ လိုအပ်လာတဲ့ အချိန်တခုမှာလက်နက်တွေကိုပါ ပြောင်းလဲ ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့်လဲ တရုတ်နဲ့ ရုရှားတို့က အနောက်အုပ်စုကိုဆန့်ကျင်တဲ့ အာဏာရှင်အစိုးရတေကွို နယူးကလီးယားနည်းပညာများ ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ စစ်ရေး၊နိုင်ငံရေး လောကမှာ ဘာလုပ်ချင်လိုက်တာ၊ ဘာဖြစ်ချင်လိုက်တာဆိုတဲ့ intent တွေ ထိုင်အော်နေလို့ ဘာမှအကျိုးမရှိပါဘူး။ အချိန်မရေွးထလုပ်နိုင်တဲ့ capability ကိုပဲ ဦးစားပေးတည်ဆောက်ရပါတယ်။ capabilityရှိမှ intent ကို အကောင်အထည်ဖော်နိုင်ပါတယ်။တရုတ်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်တဲ့ Geostrategy ကို ဆက်လက်တင်ပြပါမယ်။တရုတ်နိုင်ငံစွမ်းအင်လုံခြုံရေးရဲ့ (၈၀) ရာခိုင်နှုန်းဟာ အရှေ့အလယ်ပိုင်းဒေသပေါ်မှာ မူတည်နေပါတယ်။သဘာဝအရင်းအမြစ်တွေ များပြားလှတဲ့ ဒီဒေသဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံများအတွက် ရတနာသိုက်ကြီးသဖွယ်ပဲ ဖြစ်ပါတယ်။ ဗြိတိသျှ ရေနံကော်ပရေးရှင်းက ထုတ်ဝေတဲ့ ၂၀၀၇ ခုနှစ် ကမ္ဘာ့စွမ်းအင် သုံးသပ်ချက်အစီရင်ခံစာအရ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ အရှေ့အလယ်ပိုင်းဒေသကဖြစ်ပါတယ်။၁၉၉၀ ကာလတွေမှာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသ မဟာဗျူဟာကတော့ အီရန်နဲ့အီရတ်တို့အကြားက tensions ကို တိုးမြှင့်ထားပြီး containment လုပ်ဖို့ဖြစ်ပါတယ်။ တရုတ်ရဲ့ဗျူဟာကတော့ ဒီဒေသထဲမှာ အမေရိကန်က state-sponsored terrorism ရှိတယ်လို့ သတ်မှတ်ထားတဲ့လစ်ဗျား၊ အီရန်နိုင်ငံတို့ကို မဟာမိတ်ဖွဲ့ရေး ဖြစ်ပါတယ်။လက်တင်အမေရိက ဒေသနဲ့ ပတ်သပ်တဲ့ တရုတ်နိုင်ငံရဲ့ geostrategy ကတော့ ကျူးဘားနဲ့ နိုင်ငံရေး၊စစ်ရေး ဆက်ဆံမှု ခိုင်မြဲအောင် တည်ဆောက်ရေးဖြစ်ပါတယ်။ ဒီလို တည်ဆောက်ရင်းတောင်ပိုင်းနယ်စပ်မှာရှိတဲ့ အာဏာရှင်နိုင်ငံများကို အကူအညီပေးပြီး အမေရိကန်ပြည်ထောင်စုကိုစိတ်အနှောင့်အယှက်ပေးခြင်း ဖြစ်ပါတယ်။ ကျူးဘားနဲ့မဟာမိတ်တည်ဆောက်ထားတာ၊ ဗင်နီဇွဲလားအာဏာပိုင်တွေကို အကူုအညီပေးမှုတွေဟာ တရုတ်နိုင်ငံရဲ့ ဒီဒေသနဲ့ပတ်သက်တဲ့ စွမ်းအင်အရင်းအမြစ်ရရှိနိုင်မှုကို အာမခံချက်ပေးနိုင်တယ်လို့ တရုတ်ခေါင်းဆောင်များက ယူဆပါတယ်။အခုဆက်လက်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်နဲ့ ပင်လယ်ရေကြောင်း ထွက်ပေါက်တွေမှာအရေးကြီးဆုံးဖြစ်တဲ့ တောင်တရုတ်ပင်လယ်နဲ့ တရုတ်နိုင်ငံ နိုင်ငံတော်ကာကွယ်ရေးမှာ အရေးကြီးတဲ့ကျွန်းစုများ ကို ဆက်လက်တင်ပြပါမယ်။ ၁၉၉၂ ခုနှစ်ကစပြီး တောင်တရုတ်ပင်လယ်ဟာတရုတ်ပိုင်ရေပိုင်နက်ဖြစ်ကြောင်း တရုတ်အစိုးရက ထပ်ခါတလဲလဲ ပြောကြားခဲ့ပါတယ်။အငြင်းပွားစရာဖြစ်တဲ့ ကျနွ်းစုတေကွို သိမ်းပိုက်ပြီး ဖြေရှင်းတာကြောင့် ဖိလစ်ပိုင်၊ ဂျပန်၊ မလေးရှား၊ဗီယက်နမ်တို့နဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကျတော့ အမေရိကန်နိုင်ငံကတောင်တရုတ်ပင်လယ်မှာ freedom of navigation ရှိဖို့ဟာ အာရှ- ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့တိုးတက်ရေးအတွက် အရေးကြီးကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။တောင်-တရုတ်ပင်လယ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပထစီဝင်strategic doctrine ဖြစ်တဲ့ first island chain of defense ကို အကောင်အထည်ဖော်တာဖြစ်ပါတယ်။ ဒီstrategic doctrine ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရေးပါသော ပင်လယ်ဒေသများကိုထိန်းချုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ စီးပွားရေး အရင်းအမြစ်များကိုကာကွယ်ဖို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ်သာမက တရုတ်- အိန္ဒိယဒေသမှာအရေးကြီးတဲ့ ရေကြောင်းလမ်းများကို ထိန်းချုပ်နိုင်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်လာပါတယ်။ မြန်မာနိုင်ငံ၊အာဏာရှင်အစိုးရကို ကျောထောက်နောက်ခံပေးပြီး၊ တရုတ်ရေတပ် အခြေစိုက်စခန်းများဆောက်လုပ်ထားမှုနဲ့ မဟာဗျူဟာ ဆိပ်ကမ်းများ တည်ဆောက်မှုမှာလဲ ဒီအချက်ကအလွန်အရေးကြီးပါတယ်။ ဒီဒေသရဲ့ ရေကြောင်းလမ်းများ မြေပုံပေါ်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ပင်လယ်လမ်းကြောင်းများအတွက် အရေးကြီးတဲ့ နေရာတခုဖြစ်တယ်ဆိုတာ သေချာ တွေ့မြင်နိုင်ပါတယ်။
Photobucket
အခုဆက်လက်ပြီး တရုတ်- အိန္ဒိယ ဒေသရဲ့ မဟာဗျူဟာ အချက်အချာကျနိုင်ငံများနဲ့တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးကို ရေးသားတင်ပြပါမယ်။တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေးတရုတ်နိုင်ငံရဲ့ အာရှဒေသကို လွှမ်းမိုးထားချင်တဲ့ နောက်ထပ်အကြောင်းရင်းတခုကတော့အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများရဲ့ အာရှဒေသတွင်းမှာ ဖြန့်ကျက်ရောက်ရှိနေတဲ့ ပါဝါကိုလျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်ပြည်တို့အကြားက မဟာဗျူဟာဆက်နွယ်မှုတွေက အရေးကြီးလာပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့အကြားမှာ ၂၀၀၈ခုနှစ်အတွင်းက civil nuclear agreement ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှာ ပြုလုပ်တဲ့Nuclear supplier's Group အစည်းအဝေးမှာ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ အိန္ဒိယတို့အကြားကသဘောတူစာချုပ် ပျက်ပြယ်ဖို့ အားထုတ်ကြိုးပမ်းမှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။ အာရှတိုက်ရဲ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့အကြား ဆက်ဆံရေးဟာ မဟာဗျူဟာ ပြိုင်ပွဲသဏ္ဍာန်ဖြစ်နေတာကြောင့်၊ ၀ါရှင်တန်ပေါ်လစီရေး လေ့လာသူတွေ၊ အာရှရေးရာ လေ့လာသူတွေအတွက် အထူးပဲစိတ်ဝင်တစားစောင့်ကြည့်နေကြရတဲ့ ဆက်ဆံရေးဖြစ်နေပါတယ်။အိန္ဒိယနိုင်ငံ မဟာဗျူဟာရေး ကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးမှာရေရှည်မဟာဗျူဟာနှစ်ရပ်ကို ၁၉၉၀ ကာလတွေကတည်းက စတင်အကောင်အထည်ဖော်ထားတယ်လို့ယူဆကြပါတယ်။ ပထမတခုက ကုန်သွယ်မှုတိုးမြှင့်ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်လာအောင်တည်ဆောက်တာဖြစ်ပြီး၊ ဒုတိယတခုကတော့ တပြိုင်နက်တည်းမှာပဲ ဒေသတွင်း မဟာဗျူဟာအချက်အချာဒေသတွေကို လွှမ်းမိုးချုပ်ကိုင်ပြီး အိန္ဒိယနိုင်ငံကို ၀န်းရံတာ ဖြစ်ပါတယ်။ ဒီနေရာမှာပါကစ္စတန်နိုင်ငံ ဂျီဝါဒါဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံ ဟမ်ဘာတိုတာ ဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းတွေဟာ တရုတ်- အိန္ဒိယနိုင်ငံတွေအတွက် အရေးပါတဲ့ မဟာဗျူဟာ ဆိပ်ကမ်းတွေဖြစ်လာပါတယ်။ ဒီဆိပ်ကမ်းတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ရေးဟာ အိန္ဒိယနိုင်ငံ၊ မဟာမိတ်ဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အတွက် အလွန်ပဲ အရေးကြီးလှတဲ့ မဟာဗျူဟာဂိမ်းတခုဖြစ်ပါတယ်။
Photobucket
တရုတ်- ပါကစ္စတန် ဆက်ဆံရေးနိုင်ငံတကာရေးရာမှာ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်တို့အကြားက ဆက်ဆံရေးကို Sino-Pakistani Relationsအနေနဲ့ သုံးသပ်ပြောဆိုကြပါတယ်။ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံကို ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့နိုင်ငံအုပ်စုတွေထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်မှာ ပထမဆုံးသံတမန်ရေးရာဆက်နယ်ွမှုစတင်ခြဲ့ပီးကတည်းက ဒီနိုင်ငံနှစ်နိုင်ငံအကြားက ဆက်ဆံရေးဟာ ပြေပြစ်ချောမောတိုးတက်ကောင်းမန်ွခ့ပဲါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတည်ဆောက်မှုဆိုတာက တဘက်မှာ သံတမန်ရေး၊စစ်ရေး၊ မဟာဗျူဟာရေးပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်သလို တဘက်မှာလဲ ကုန်သွယ်ရေး၊ စီးပွားရေး၊ယဉ်ကျေးမှုပိုင်းမှာ ကူးလူးဆက်နွယ်မှုတွေ လိုအပ်တယ်ဆိုတာ တရုတ်ခေါင်းဆောင်များရော၊ပါကစ္စတန်ခေါင်းဆောင်းများပါ သဘောပေါက်ခဲ့ကြပါတယ်။ဒါကြောင့် တရုတ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ခဲ့ပြီး၊ပါကစ္စတန်နိုင်ငံကလဲ Exclusive Industrial Zones တွေ ဖွင့်လှစ်ပြီး၊ တရုတ်နိုင်ငံရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ တောင်အာရှမှာ ပါကစ္စတန်နိုင်ငံဟာသီရိလင်္ကာတနိုင်ငံတည်းနဲ့သာ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရှိနေတာကြောင့်၊ ဘေဂျင်းပေါ်လစီက ပါကစ္စတန်ပို့ကုန် တထောင်နီးပါးကို tariffs လျှော့ချပေးမှုဟာ ပါကစ္စတန်နိုင်ငံအတွက်ကုန်သွယ်မှုအကျိုးအမြတ်များစွာ ရရှိလာခ့ပဲါတယ်။စစ်ရေးပိုင်းမှာဆိုရင် တရုတ်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံကို အဓိက လက်နက်ရောင်းချထောက်ပံ့ပေးတ့နဲိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့အကြားမှာ defence production pactကော၊ defence co-operation pact တို့ပါ သဘောတူလက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊စက်တင်ဘာလ နှစ်နိုင်ငံ စစ်ဘက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုမှာ တရုတ်နဲ့ပါကစ္စတန်တို့ရဲ့နှစ်နိုင်ငံကြား bilateral strategic partnership ကို တိုးမြှင့်သွားမှာဖြစ်ကြောင်းဆေွး နေွး ပြောဆိုခြဲ့ကပါတယ်။ ၂၀၀၈ ခုနှစ်ဟာ ပါကစ္စနဲ့ တရုတ်တို့ရဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကို အဆုံးစွန်တိုးမြှင့်ပေးခဲ့တဲ့နှစ်ပါ။ ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ဖို့ပြုလုပ်နေတာတွေ ရပ်ဖို့ ပါကစ္စတန်နိုင်ငံရေးဝန်ကြီးဌာနက သုံးကြိမ်တောင်းဆိုခဲ့ပါတယ်။ တခါပါကစ္စတန်နိုင်ငံတွင်းမှာ အမေရိကန်ပြည်ထောင်ရဲ့ war on terror တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့တရုတ်နိုင်ငံက သတိပေးပြောကြားခ့သဲ လို တရုတ်နိုင်ငံရဲ့ advanced state of the art navy frigateဖြစ်တဲ့ F-22 Frigate ကို ပါကစ္စတန်ရေတပ်ကို ပံ့ပိုးပေးခဲ့ပါတယ်။ဒီ ၂၀၀၈ ခုနှစ်ထဲမှာပဲ တရုတ်နဲ့ ပါကစ္စတို့ ပူးတွဲအကောင်အထည်ဖော်နေတဲ့ Gwadar Port မှာပထမဆုံးသင်္ဘော ကျောက်ချခ့ပဲါတယ်။ ဒီ ဆိပ်ကမ်းဟာ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့အတွက် အရေးပါတဲ့အချက်အချာ ဆိပ်ကမ်း တခုပါ။ အခုလက်ရှိမှာ တရုတ်ပြည်မှာ အသုံးပြုနေတဲ့ oil တွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းဟာ မလက္ကာ ရေလက်ကြားကနေ ၀င်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာဒီရေလက်ကြားကို တချိန်မှာ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ပြီး တရုတ်နိုင်ငံကို ထိန်းချုပ်မှာကိုစိုးရိမ်မှုရှိပါတယ်။ ဒီအတွက် String of Pearl's Strategy ဆိုတဲ့ မဟာဗျူဟာတရပ်ကိုအကောင်အထည်ဖော်ပါတယ်။ ရည်ရွယ်ချက်ကို oil movement ကို အနောက်နိုင်ငံတွေကထိန်းချုပ်လို့မရအောင် line of defense တည်ဆောက်ဖို့ပါ။ ဒီလိုတည်ဆောက်ဖို့မှာ ပါကစ္စတန် ဂျီဝါဒါ၊ဘင်္ဂလားဒေ့ရှ် စစ်တကောင်း၊ သီရိလင်္ကာ ဟာဘမ်တိုတာ၊ မြန်မာနိုင်ငံ စစ်တွေ၊ကျောက်ဖြူဆိပ်ကမ်းတွေဟာ အရေးကြီးတဲ့ အချက်အချာနေရာတွေ ဖြစ်လာပါတယ်။ဒီလိုစီမံချက်တွေ အကောင်အထည်ဖော်နေစဉ်မှာပဲ ဘင်လာဒင်ဦးဆောင်တဲ့ တာလီင်္ဘန်အကြမ်းဖက်သမားတွေကို အကြောင်းပြုပြီး၊ ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာကိုတရုတ်ခေါင်းဆောင်များနဲ့ ပါကစ္စတန်ခေါင်းဆောင်များက စိုးရိမ်မကင်းဖြစ်လာကြပါတယ်။ ဒီလိုအချိန်မျိုးမှာအကောင်းဆုံးလုပ်နိုင်တဲ့ မဟာဗျူဟာ ထွက်ပေါက်ကတော့ ချေမှုန်းရေး ထိုးစစ်တွေ စတင်ပြီး၊အနောက်အုပ်စုရဲ့ ဒေသတွင်းလွှမ်းမိုးမှု ပါဝါကို လျှော့ချခြင်းပါပဲ။တရုတ်- သီရိလင်္ကာ ဆက်ဆံရေးသီရိလင်္ကာ နိုင်ငံ၊ ဟာဘမ်တိုတာ ဆိပ်ကမ်းဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာဆိပ်ကမ်းတည်ဆောက်မှုကွန်ယက်အတွင်းက ဆိပ်ကမ်းတခုဖြစ်ပါတယ်။ ဒီဒေသအတွင်းက Trincomaleeဆိပ်ကမ်းကို ဗြိတိသျှရေတပ်က ၁၉၅၇ အထိ စစ်အခြေစိုက်စခန်းအနေနဲ့ အသုံးပြုခဲ့ပြီး၊လက်ရှိအချိန်အထိအနီးအနားက ကျနွ်းစုတခုဖြစ်တဲ့ Diego Garcia ကျွန်းကို စစ်ရေးအချက်အချာ နေရာတခုအနေနဲ့အမေရိကန်ပြည်ထောင်စုနဲ့အတူ ပူးတွဲအသုံးပြုနေဆဲပဲ ဖြစ်ပါတယ်။ ဒီဒေသအတွင်းမှာ တရုတ်နိုင်ငံရဲ့မဟာဗျူဟာ ဆိပ်ကမ်းတခု ပေါ်ထွက်လာနေတာကို အနောက်အုပ်စုနဲ့ အိန္ဒိယနိုင်ငံတို့အနေနဲ့ အတော်ပဲစိုးရိမ်မကင်းဖြစ်နေကြပါတယ်။တရုတ်နိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံကို ၁၉၉၀ နှောင်းပိုင်းကာလက စတင်ပြီး လက်နက်ရောင်းချမှုတွေအများအပြားပြုလုပ်လာခ့ပဲါတယ်။ သီရိလင်္ကာ စစ်တပ်ရဲ့ တမီးလ်တော်လှန်ရေးသမားတွေအပေါ်ရက်စက်စွာ နှိမ်နင်းမှုတွေကြောင့် အနောက်အုပ်စုက ပြည်တွင်းစစ်အတွက်သုံးမယ့် လက်နက်တွေကိုမရောင်းချဖို့ ကိုလန်ဘိုကို ငြင်းဆိုထားချိန်မှာ တရုတ်နိုင်ငံက ကြားဝင်လာတာ ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စုက သီရိလင်္ကာနိုင်ငံအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြောင်းပြုပြီး စစ်ရေးထောက်ပံ့မှုရပ်ဆိုင်းထားချိန်မှာ သိရိလင်္ကာနိုင်ငံကို တရုတ်နိုင်ငံရဲ့လက်နက်ရောင်းချမှုနှုန်းတွေက တစတစ တိုးတက်မြင့်မားလာပါတယ်။ ၂၀၀၇ခုနှစ်၊အေပြီလဆန်းပိုင်းမှာတင် တရုတ်နဲ့ ကိုလန်ဘိုအစိုးရတို့အကြား ဒေါ်လာ ၃၇ သန်းကျော် တန်ဖိုးရှိတဲ့လက်နက်ရောင်းဝယ်မှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံကိုလဲ သီရိလင်္ကာကိုလက်နက်ပစ္စည်းများ ပိုမိုတိုးမြှင့်ရောင်းချပေးဖို့နဲ့ လေတပ်အရာရှိတွေကို တရုတ်တိုက်လေယာဉ်များမောင်းနှင်တ့သဲ င်တန်းများပေးဖို့ တိုက်တနွ်းခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ F7 တိုက်လေယာဉ် ခုနစ်စီးကိုကိုလန်ဘိုအစိုးရလေတပ်ကို အခမဲ့ လွှေဲ ပြာင်းပေးအပ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ တမီးတိုက်ဂါးလ်တို့ရဲ့တိုက်လေယာဉ်တွေကို တရုတ်လေတပ်က ပစ်ချခဲ့တဲ့ ဖြစ်စဉ်တွေလဲ ပေါ်ပေါက်လာခဲ့ပါတယ်။လက်ရှိမှာ ဖြစ်ပွားခ့တဲ့ဲ တမီးတိုက်ဂါးတို့ကို အဆုံးသတ်ချေမှုန်းရေးတိုက်ပွဲမှာဆိုရင်လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ပွဲဇုန်အတွင်းမှာ အရပ်သားတွေ ပိတ်မိနေတာတွေအများကြီးရှိခ့ပဲါတယ်။ တမီး လ်တို့ဘက်က အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းတာတွေမှာလဲကိုလန်ဘိုအစိုးရက ငြင်းပယ်ခ့ပဲါတယ်။ အလုံးစုံချေမှုန်းရေးထိုးစစ်ကြီးကို အပြီးသတ်ဆင်နခွှဲ့ တဲာဖြစ်ပါတယ်။ နိုင်ငံများစွာ မှာ တမီးလ်လူမျိုးတို့ရဲ့ ဆန္ဒပြပွဲတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုကြားဝင်စေ့စပ်ဖို့ တောင်းဆိုမှုတွေ များစွာ ပေါ်ပေါက်ခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုအပါအ၀င်အနောက်အုပ်စုအနေနဲ့ ကြေငြာချက်တွေ ထုတ်ပြန်ပေးတာက လွဲလို့ ဘာမှ ထိရောက်စွာ ကူညီနိုင်ခြဲ့ခင်းမရှိပါဘူး။နိုင်ငံတကာမျက်နှာစာပေါ်ရောက်တဲ့ ပြဿနာတွေဖြစ်လာတဲ့အခါမှာ နိုင်ငံတကာ အဖွဲ့အစည်းများဝင်ရောက်ဖြေရှင်းနိုင်ဖို့အတွက် အဆင့်ဆင့် ဆုံးဖြတ်ချက်ချမှတ်မှုတွေ၊ ၀င်ရောက်ဖြေရှင်းရင် ရနိုင်မယ့်အကျိုးအမြတ်တွေ၊ ဆုံးရှုံးမှုတွေအတွက် တွက်ချက်ပြီး ၀င်ရောက်ဖို့ တန်သလား- မတန်သလားရွေးချယ်ရမှုတွေ အများကြီးရှိပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ရောက်သွားခဲ့ရင်လဲ တရုတ်နဲ့ရုရှားတို့ရဲ့ သြဇာကို ရှောင်ရှားကျော်လွှားနိုင်ဖို့က ခက်ခဲလှပါတယ်။ အထူးသဖြင့်အာရှပါဝါတည်ဆောက်နေတဲ့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ဖြစ်လာခဲ့ရင် နိုင်ငံတကာကရှောင်လွှဲသွားလေ့ရှိပါတယ်။အနောက်အုပ်စုအနေနဲ့ ဒီဒေသနဲ့ ပတ်သက်တဲ့ Strategic imperative က လက်ရှိအခြေအနေအထိမှာအိန္ဒိယရဲ့ ပါဝါကို ကျားကန်ပေးပြီး၊ regional balance ကို တည်ဆောက်ဖို့နဲ့ အိန္ဒိယနဲ့တရုတ်တို့အကြားက ဆက်ဆံရေး dynamics ကို မျက်ချေမပြတ်စောင့်ကြပ်နေဖို့ အဆင့်ပဲ ရှိပါသေးတယ်။ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို တိုက်ရိုက်ထိခိုက်ပြီးထိပ်တိုက်ရင်ဆိုင်ဖို့ အဆင့်ထိဟာ နောင်ဆယ်နှစ်တာ ကာလအတွင်းဖြစ်လာဖို့တောင် ခဲယဉ်းပါလိမ့်မယ်။နောက်တချက်က တမီးလ်တိုက်ဂါးတွေက long-term political struggles ရဲ့ frustration တွေကိုသည်းမခံနိုင်ပဲ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကြားမှာ စည်းခြားထားတဲ့ပြည်သူလူထုအသက်အိုးအိမ်ကို မထိပါးရေးဆိုတဲ့ စည်းကို ကျော်လွန်ထားပြီဖြစ်တဲ့အတွက် ၂၁ရာစုရဲ့နိုင်ငံရေးအခြေအရ သူတို့ဘက်မှာ နိုင်ငံတကာက ၀င်ရပ်ပေးဖို့ ဆိုတာ အလွန်ပင်ခဲယဉ်းသွားခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် နယူးဒေလီအခြေစိုက် ပေါ်လစီသုတေသန ဌာနက Brahma Chellaney ဆိုထားခဲ့သလိုပဲကိုလန်ဘိုအစိုးရရဲ့ တမီးလ်တိုက်ဂါးများကို အဆုံးသတ်ချေမှုန်းရေးစီမံချက်မှာ အဆုံးအဖြတ်ပေးခဲ့တဲ့အချက်ကတော့ တရုတ်နိုင်ငံရဲ့ စစ်ရေး၊ သံတမန်ရေး ထောက်ကူပေးမှုပဲ ဖြစ်ပါတယ်။တရုတ်- မြန်မာ ဆက်ဆံရေးမြန်မာနိုင်ငံရဲ့ တည်နေရာ အနေအထားဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာနည်းကျ တွေးခေါ်ရေးမှာအရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ မြန်မာ့ရေပိုင်နက်က ကိုးကိုးကျွန်းဟာ တရုတ်ပြည်ရဲ့ရေတပ်အခြေစိုက်စခန်းအတွက် သင့်လျော်တဲ့ လမ်းကြောင်းပေါ်မှာ ဖြစ်နေသလို၊ မြန်မာပြည်အနောက်ပိုင်းစစ်တွေ၊ ကျောက်ဖြူဒေသဟာ တရုတ်ပြည်ရဲ့ စွမ်းအင်လုံခြုံရေး မူဝါဒထဲမှာ အရေးပါနေပြန်ပါတယ်။
Photobucket
People's Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကိုဖြန့်ကျက်ထိန်းချုပ်ထားနိုင်ရေး၊ အိန္ဒိယရေတပ် လှုပ်ရှားမှုကို မျက်ချေမပြတ်စောင့်ကြပ်နိုင်ရေးအတွက်အိန္ဒိယရေတပ်ရဲ့ ထိန်းချုပ်ထားတဲ့ အဒန်မန်ကျွန်းစုတွေနဲ့ ကီလိုမီတာ (၃၀) ပဲကွာဝေးတဲ့မြန်မာ့ရေပိုင်နက်ထဲက ကိုးကိုးကျွန်းဟာ အလွန်ပဲ အရေးကြီးပါတယ်။ (၂၀၅၀) ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ bluewater navy status ကို ရောက်ရှိဖို့ မျှော်လင့်ထားတဲ့ တရုတ်ရေတပ်အတွက် ကိုးကိုးကျွန်းကိုလက်လွှတ်ခံလို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လဲ တရုတ်ရေတပ်ရဲ့ ရေဒါနဲ့ electronic surveillanceအခြေစိုက်စခန်း ဖြစ်အောင် မြန်မာစစ်အာဏာရှင်တွေနဲ့ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်နေရာတခုကတော့ strings of Pearl's strategy မှာ ပါနေတဲ့ စစ်တွေ၊ကျောက်ဖြူဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီဒေသကနေမြန်မာပြည်အထက်ပိုင်းကို ဖြတ်ပြီးယူနန်နယ်ထဲကို တိုက်ရိုက်ဝင်ရောက်မယ့် ပိုက်လိုင်းတည်ဆောက်ဖို့ မြန်မာစစ်အုပ်စုတွေနဲ့သဘောတူညီထားပြီးဖြစ်နေပါတယ်။ ဒီဒေသဟာ ပိုက်လိုင်းစီမံကိန်းအတွက်သာမကပဲ တရုတ်နိုင်ငံရဲ့ဝင်ပေါက်ကြီးသဖွယ်ဖြစ်နေပါတယ်။ ၁၉၉၀ နောက်ပိုင်းကာလတွေမှာ မြန်မာပြည်အထက်ပိုင်းဒေသနယ်မြေစိုးမိုးရေးကို မြန်မာစစ်အုပ်စုက ဦးစားပေးလုပ်လာတာတွေ၊ လမ်းတံတားတည်ဆောက်မှုတွေ၊နယူးကလီးယားစီမံကိန်း ဖော်ဆောင်မှု တည်နေရာတွေ၊ မေမြို့ဝန်းကျင်ဒေသတွေမှာအာဏာပိုင်များအတွက် အထူးလုံခြုံရေး အိမ်ခြံမြေတည်ဆောက်မှုတွေ၊ စစ်ရေးအချက်အချာကျတဲ့ကျောက်ဂူ- အင်တော နယ်မြေအတွင်းက လှုပ်ရှားစစ်ကြောင်းတွေ၊ နောက်ဆုံး မြို့တော်ကိုနေပြည်တော်ရွှေ့ပြောင်းမှုတွေဟာ တချို့အတိုက်အခံတွေ အဆိုရှိသလို မြန်မာ့အရေးကုလသမဂ္ဂလုံခြုံရေးကောင်စီရောက်သွားလို့ မဟုတ်ပါဘူး။ မရောက်ခင်ကတည်းက ကြိုတင်စီမံထားကြတဲ့ကွင်းဆက်ဖြစ်စဉ်ကြီးဖြစ်ပါတယ်။တခါက ဆောင်းပါးတပုဒ်မှာလဲ ကျွန်မရေးခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အနောက်အုပ်စုက စစ်ရေးအရ၀င်ရောက်ကူညီပေးနိုင်မှုအခွင့်အလမ်း ရလာနိုင်ချေ တစ် ရာခိုင်နှုန်းလောက်သာ ရှိပေမယ့်၊တကယ်ဝင်တော့မယ်ဆိုတဲ့ အချိန်မှာ အမေရိကန်က မြန်မာပြည်အောက်ပိုင်း၊ တရုတ်ကမြန်မာပြည်အထက်ပိုင်း ၀င်လိုက်ရတဲ့ အခြေအနေမျိုးပဲ ဖြစ်လာပါလိမ့်မယ်။ လုံခြုံရေးကောင်စီမှာ ပါဝါရှိတာအမေရိကန်တခုတည်း မဟုတ်ပါဘူး။ အထူးသဖြင့် ဒေသအနေအထားအရ ၀င်ရောက်ရတော့မယ်ဆိုတဲ့အနေအထားမှာ တရုတ်က အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ချလိုက်ပြီး၊ မြန်မာပြည်အထက်ပိုင်းကိုအလွယ်တကူပဲ ၀င်ရောက်ထိန်းချုပ်သွားမှာပါပဲ။ ဒါကလဲ အဆုံးစွန်အနေအထားမှာမှ ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အချက်အချာနိုင်ငံထဲကို အနောက်အုပ်စု မ၀င်လာနိုင်အောင် တရုတ်နိုင်ငံဟာနည်းမျိုးစုံနဲ့ ကြိုတင်ကာကွယ်တားဆီးမှာကတော့ အသေအချာပါပဲ။မြန်မာပြည်နဲ့ ပတ်သက်တဲ့ နောက်ထပ် မဟာဗျူဟာ အချက်အချာနေရာကတော့ အင်ဒိုနီးရှား ဆာဘင်ကျွန်းစုအနီး မြန်မာ့ရေပိုင်နက်ထဲက ဇာဒက်ကြီးကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာလဲ တရုတ်ရေတပ်ကစစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားရှိထားပါတယ်။ ဒီကိစ္စဟာ အာဆီယံနဲ့အရှေ့တောင်အာရှနိုင်ငံများအတွက် တရုတ်ရဲ့ အနာဂတ် maritime ambitions အပေါ်မှာစိုးရိမ်မကင်းဖြစ်နေရတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။ ၁၉၈၉ အထိ တရုတ-် မြန်မာ စစ်ရေးဆက်ဆံရေးဟာပူးပေါင်းဆောင်ရက်ွမှု နည်းခ့ေဲ ပမယ့် ၁၉၈၉ ခုနှစ်မှာ ပထမဆုံးမြန်မာစစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ဘေဂျင်းကို ရောက်သွားစဉ်ကတည်းက စပြီး လက်နက်အရောင်းအ၀ယ်စာချုပ်များသာမက၊မြန်မာစစ်တပ်ကို လေ့ကျင့်ပေးဖို့ သဘောတူညီချက်တွေပါ ရှိထားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့စစ်ဦးစီးကောလိပ်မှာ မြန်မာအရာရှိများအတွက် နေရာပေးထားမှုများပါ ရှိခဲ့ပါတယ်။ စစ်ရေးမှာသာမကယူနန်နယ်နဲ့ ဆက်သွယ်ရေး လွယ်ကူချောမွေ့လာဖို့အတွက် လိုအပ်တဲ့ infrastructureတည်ဆောက်ရေးမှာပါ အကူအညီပေးထားခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်တရုတ်နိုင်ငံဟာ နိုင်ငံတကာ စစ်မျက်နှာမှာ သူ့ရဲ့ strategic interests ကို အကာအကွယ်ပေးနေမှာပဲဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာအတိုက်အခံတွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုသင့်သလဲ။ ဘာတွေ လုပ်သင့်သလဲ။ တရုတ်ရဲ့ အားကြီးသူဘက်ကထောက်မပေးတတ်တဲ့ မူဝါဒနဲ့ အနောက်အုပ်စုရဲ့ အားနည်းသူဘက်က လိုက်ပါပေးလေ့ရှိတဲ့မူဝါဒနှစ်ခုတို့ရဲ့ အားပြိုင်မှုကို ကနဦးတင်ပြချင်ပါတယ်တရုတ်၏အားကြီးသူဒေါက်တိုင် မူဝါဒနှင့် အနောက်အုပ်စု၏ အားနည်းသူမူဝါဒတို့ အားပြိုင်မှုအာရှရေးရာမှာသာမက အာဏာရှင်နိုင်ငံအများစုမှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဒီမိုကရေစီနဲ့လူ့အခငွ့်အရေးကို အားပေးပြီး၊ ပါဝါမရှိတဲ့ ပြည်သူတွေ ဘက်က ရပ်တည်တဲ့ မူဝါဒကို သုံးလေ့ရှိပါတယ်။တရုတ်နိုင်ငံကကျတော့ ပါဝါရှိနေပြီးသား အာဏာရှင်အစိုးရတွေကို ကူညီအားပေးတဲ့ မူဝါဒကိုသုံးလေ့ရှိပါတယ်။ ဒီလိုဖြစ်လာတ့အဲ ခါ အာဏာရှင်အစိုးရတွေက ကျောထောက်နောက်ခံတရုတ်နိုင်ငံရှိလာတ့အဲ တကွ် ပိုမိုရမ်းကားမှုတွေ လုပ်လာတာတွေ ရှိလာပါတယ်။ ဒီကိစ္စကို အနောက်နိုင်ငံနဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေက ကန့်ကွက်အရေးယူမှုတွေ လုပ်လာတဲ့အခါကျတော့ တရုတ်နိုင်ငံကရှေ့ကနေ မားမားမတ်မတ်ရပ်ပြီးပဲဖြစ်ဖြစ်၊ နောက်ကနေ ကြိုးဆွဲလို့ပဲဖြစ်ဖြစ် အကူအညီပေးပါတယ်။တစတစများလာတ့အဲ ခါကျတော့ ကျုံးသွင်းခံလိုက်ရပြီး၊ စီးပွားရေးအရရော၊ အတွေးအခေါ်၊မူဝါဒရေးရာတွေမှာပါ တဖြည်းဖြည်း ၀ါးမျိုခံရတော့တာပါပဲ။တပြိုင်နက်တည်းမှာပဲ ပါဝါမရှိတဲ့ အဖိနှိပ်ခံ တော်လှန်သူတွေကလဲ အမေရိကန်နဲ့ နိုင်ငံတကာကိုအားကိုးရာက တစတစ ကယ်တင်ရှင်လို ထင်မှတ်လာတတ်ကြပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတဲ့အခါတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဆုံးဖြတ်လုပ်ကိုင်ဖို့ကြိုးပမ်းမှုမရှိတော့ပဲ နိုင်ငံတကာရဲ့ ၀င်ရောက်ကူုညီပေးမှုအပေါ်မှာပဲ အလုံးစုံပုံအပ်လာတာတွေဖြစ်လာတတ်ပါတယ်။ ၂၁ရာစု ကမ္ဘာ့အခြေအနေပြောင်းလဲလာမှုတွေထဲမှာ အရေးပါတဲ့ အချက်တခုဖြစ်တဲ့အကြမ်းဖက်မှုချေမှုန်းရေးကိစ္စကလဲ အတိုက်အခံတွေကို တော်တော်ဂယက်ရိုက်စေလာပါတယ်။လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတိုင်းဟာ အကြမ်းဖက်အဖွဲ့တွေမဟုတ်ပေမယ့် အကြမ်းဖက်အဖွဲ့အစည်းတော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဘ၀ကနေ တိုက်ပွဲကြန့်ကြာမှုအပေါ်မှာ စိတ်မရှည်ဖြစ်မှုတွေ၊ ခံစားချက်ကို ဦးစားပေးရင်း လက်နက်ကိုင်တော်လှန်ရေးနဲ့အကြမ်းဖက်မှုအကြားမှာ တားဆီးထားတဲ့ စည်းတခုဖြစ်တဲ့ အပြစ်မဲ့ပြည်သူအပေါ်တိုက်ခိုက်ခြင်းစည်းကျော်သွားမှုတွေ၊ တခါတရံမှာလဲ ဒီလိုစည်းကျော်မှုဖြစ်အောင် အာဏာရှင်တွေဘက်ကအကောက်ကြံဥာဏ်ဆင်မှုတွေ စတဲ့အချက်တွေကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်အသွင်ကူးပြောင်းသွားတာတွေ ဖြစ်လာတာကြောင့်၊ အနောက်အုပ်စုအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို တရားဝင်အားပေးလို့ မရတာတွေ ဖြစ်လာပြီး၊ အတိုက်အခံတွေအပေါ်မှာထောက်ပံ့ရေးဆိုင်ရာ စည်းဘောင်ကန့်သတ်ချက်တွေ ဖြစ်လာပါတယ်။ဒီလိုနဲ့ နှစ်ဘက်အားကိုးမှုတွေအပေါ် အခြေတည်လာတဲ့ နိုင်ငံရေးဟာ တခါတရံမှာ political deadlockဖြစ်သွားပြီး၊ တခါတရံမှာကျတော့ စစ်ရေး၊ နိုင်ငံရေး ထိုးစစ်တွေနဲ့ ချေမှုန်းခံရတတ်တာတွေ ရှိလာပါတယ်။အဆုံးသတ်တိုက်ပွဲကို နိုင်ငံတကာစစ်မျက်နှာပေါ်မှာပဲ တည်ဆောက်ထားတဲ့ တော်လှန်ရေးတိုင်းဟာအချိန်ကြန့်ကြာမှုရှိသလို ရေရှည်မှာ အားပျော့လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့တကယ်အရေးပေါ်ဖြစ်လာတဲ့အချိန်မျိုးမှာ တော်လှန်ရေးသမားနဲ့ ပြည်သူတွေအတွက် နိုင်ငံတကာအဖွဲ့ အစည်းတေဆွီက ရလာနိုင်တဲ့ ပံ့ပိုးမှုက စတိတ်မင့်တွေနဲ့၊ နိုင်ငံခေါင်းဆောင် မိန့်ခွန်းများ ဖြစ်လေ့ရှိပြီး၊အာဏာရှင်အစိုးရတွေကို တရုတ်နိုင်ငံရဲ့ ထောက်မပေးမှုကကျတော့ အရေးပါတဲ့ အကြံဥာဏ်တွေနဲ့သံတမန်ရေးရာ အကာအကွယ်ပေးမှုတွေ ဖြစ်နေလို့ပါပဲ။ ဒီလိုအခြေအနေမျိုးနဲ့ နိဂုံးချုပ်မခံရလေအောင်အတိုက်အခံတွေဘက်မှာ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ဘာတွေ လုပ်နိုင်သလဲ၊ ဘာတွေ ရှောင်သင့်သလဲအတိုက်အခံတွေ ပြုလုပ်နိုင်တဲ့ အဓိကနည်းတွေကတာ့ နိုင်ငံတကာ စစ်မျက်နှာကိုပြည်တွင်းစစ်မျက်နှာအဖြစ် ပြောင်းလဲနိုင်မှုနဲ့၊ တော်လှန်ရေးနဲ့ အကြမ်းဖက်မှုတို့အကြားက စည်းဘောင်ကိုလုံးဝ မကျော်မိစေအောင် ထိန်းညှိရေးပဲ ဖြစ်ပါတယ်။ အာဏာရှင်ဘက်က ဒီစည်းဘောင်ကျော်အောင်ထောင်ချောက်ဆင်မှုရှိလာတ့အဲ ခါမှာလဲ အတိုက်အခံများနဲ့ လုံးဝ မဆိုင်ကြောင်း ပြန်လှန်ထုတ်ပြန်ကြေညာချက်တွေ ပြုလုပ်ဖို့ လိုအပ်လှပါတယ်။ အတိုက်အခံများအတွင်းက ထုတ်ပြန်ကြေငြာချက်တွေထက်ွပေါ်လာခ့ရဲ င်လဲ အချင်းချင်းပြန်လည်ထိန်းညှိဖို့ လိုအပ်ပါတယ်။ဒီနေရာမှာ အများပြည်သူကို ထိခိုက်ခြင်း ဆိုတာနဲ့ ပတ်သက်ပြီး ထပ်မံ ဆွေးနွေးလိုပါတယ်။ ဒီအချက်ကအကြမ်းဖက်မှုနဲ့ တော်လှန်ရေးကို စည်းခြားထားတဲ့ အရေးအကြီးဆုံး အချက်ပါ။အများပြည်သူသွားလာကျက်စားတ့ေဲ နရာမှာ ဗုံးခွဲခြင်း၊ ဗုံးခွဲမည်ဟု ခြိမ်းချောက်ခြင်း၊ လူထုကိုအထိတ်တလန့်ဖြစ်စေခြင်းတွေက နိုင်ငံတကာ သတ်မှတ်ချက်များအရ အကြမ်းဖက်မှု မြောက်ပါတယ်။လူထုတိုက်ပွဲတွေမှာ အာဏာရှင်တွေဘက်က အကြမ်းဖက်တာကို ပြန်လှန်ခုခံခြင်း၊ အာဏာရှင်ဘက်တော်သားများကို ချေမှုန်းခြင်း၊ လက်နက်ကိုင်တော်လှန်ရေးစစ်မျက်နှာတွေမှာ တပ်စခန်းများကိုတိုက်ခိုက်ခြင်း၊ ရန်သူ့စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခြင်း စတာတွေကကျတော့ အကြမ်းဖက်မှုမမြောက်ပါဘူး။ ဒါက တော်လှန်ရေး လုပ်တာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတိုင်း ငြိမ်းချမ်းစွာနဲ့အောင်ပွဲရချင်မှ ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲပေါင်းစပ်မှ အောင်မြင်တာတွေလဲရှိပါတယ်။အရေးကြီးဆုံးက လက်နက်ကိုင်တော်လှန်ရေးစည်းကနေ အကြမ်းဖက်မှုဆီကို ဦးမတည်သွားမိစေဖို့နဲ့ဦးတည်အောင် အာဏာရှင်တွေဘက်က ထောင်ချောက်ဆင်မှုတွေမှာ မျောမပါသွားဖို့ပဲ ဖြစ်ပါတယ်။အခုလတ်တလောဖြစ်ခ့တဲ့ဲ တမီးလ်အရေးမှာ ဖိနှိပ်ခံရသူတွေ လူမျိုးစုတွေဘက်က ဖိနှိပ်သူတွေကိုတော်လှန်တဲ့ တော်လှန်ရေးအသင်ွနဲ့ အစပြုခဲ့တာဖြစ်ပေမယ့် ဒီစည်းဘောင်ကို ကျော်လွန်သွားတာကြောင့်အမှန်က အမှားဖြစ်ပြီး၊ အလုံးစုံ စစ်ပွဲအသွင်နဲ့ ချေမှုန်းခံလိုက်ရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်များရဲ့အမြော်အမြင်ကြီးမှုနဲ့ စိတ်ခံစားမှုကို ဦးစားမပေးပဲ သုံးသပ်ဆုံးဖြတ်ချက် မှန်ကန်မှုတွေကတော်လှန်ရေးတိုင်းရဲ့ အဓိက သော့ချက်တွေပဲဖြစ်ပါတယ်။မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ မြန်မာ့အရေးမှာ အတိုက်အခံတွေဘက်က strategicfailure တွေ ရှိနေပါတယ်။ အဆိုးဆုံးအချက်ကတော့ တစုံတရာ နိုင်ငံရေးပြောင်းလဲမှုတွေဖြစ်လာတိုင်းအမေရိကန်နဲ့ အနောက်အုပ်စုကို အားကိုးတကြီး ပြေးတွယ်ပြီး၊ လုံခြုံရေးကောင်စီမှာ ပြဿနာဖြေရှင်းဖို့လုပ်တဲ့ ဗျူဟာကိုသာ အဓိကထားလုပ်ဆောင်နေခြင်းပါပဲ။
Photobucket
ဒီလိုလုပ်တဲ့အခါတိုင်း အနောက်အုပ်စုကစတိတ်မင့်တွေထုတ်တာ၊ နိုင်ငံခေါင်းဆောင်တွေက မြန်မာစစ်အုပ်စုကို သတိပေးပြောကြားတာ၊ ပြင်းထန်တဲ့အရေးယူမှုတွေလုပ်မယ်လို့ ခြိမ်းချောက်ပြီး တကယ်တမ်းကျတော့ မဟာဗျူဟာ လိုအပ်ချက်ခုအနေနဲ့သာအရေးကြီးပြီး၊ အဆုံးသတ်တိုက်ပွဲအတွက် လက်တွေ့မှာ အသုံးမ၀င်တဲ့ unilateral economic sanctionချမှတ်တာတွေလုပ်ပြပြီး ကူညီပေးပါတယ်။ တခါတရံမှာလဲ လုံခြုံရေးကောင်စီရောက်သွားလိုက်၊ တရုတ်နဲ့ရုရှားက ကန့်ကွက်လိုက်နဲ့ လုံးချာလည်သံသရာလည်နေတတ်ပါသေးတယ်။အင်အားနည်းသူတို့ ထုံးစံအတိုင်း အရေးကြီးလာတဲ့အခါမှာ အင်အားကြီးသူဆီ ပြေးတွယ်တတ်တာအပြစ်မဟုတ်ပါ။ စစ်မဟာဗျူဟာလေ့လာရေးလောကမှာတော့ ဒါကို comfort blanket လို့သုံးနှုန်းကြပါတယ်။ လူတွေ၊ အဖွဲ့တွေ အသာထားလို့ နိုင်ငံတော်အဆင့်တွေမှာတောင် အင်အားနည်းနိုင်ငံတွေက အင်အားကြီးနိုင်ငံတွေရဲ့ စောင့်ရှောက်ပေးမှု၊ ဒါမှမဟုတ် အမှန်တကယ်စောင့်ရှောက်ပေးတာမဟုတ်တောင်မှ သူတို့ umbrella အောက်ဝင်ရောက်ပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတည်ဆောက်မှုတွေရှိတတ်ပါတယ်။ ဒါပေမယ့်လဲ တကယ့်လက်တွေ့ နိုင်ငံရေး၊ စစ်ရေးတွေမှာ စိတ်ပိုင်းဆိုင်ရာလုံခြုံရေးတခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကိုယ်အားကိုးသူဟာ အားကိုးရလောက်ရဲ့လားဆိုတာပြန်လှန်သုံးသပ်မှုလဲ လုပ်ဖို့ လိုပါသေးတယ်။ နောက်တခါ နေရာတိုင်းမှာ သူများကိုပဲ အားကိုးနေလို့လဲအကျိုးမရှိပါဘူး။ အသက်အရွယ်အရ၊ အချိန်အခါအရ ကိုယ့်ဘာသာ လုပ်နိုင်တာလေးတွေလဲလုပ်ရပါသေးတယ်။ဥပမာ- လမ်းပေါ်သွားရင်း ခွေးလိုက်ဆွဲခံရလို့ သုံးနှစ်အရွယ်ကလေးငယ်လေးက သူ့အမေဆီ ခြေကားရား၊လက်ကားရားလေးနဲ့ ပြန်ပြေးလာတဲ့ ပုံက လူမြင်လို့ကောင်းပါတယ်။ မိခင်ကလဲ အားကိုးခံရသူပီပီသားငယ်လေးကို ရင်ခွင်ထဲပွေ့ပြီး၊ ကျောလေးသပ်ပေး၊ ကြောက်စိတ်လေး ပြေအောင်လုပ်ပေး၊လိုက်တ့ေဲ ခွးကို ဟန့်ပေး၊ ခေွး ပိုင်ရှင်တေကွို ကိုယ့်ခွေးကိုယ် ဂရုတစိုက်ထိန်းဖို့ သွားပြောပေး လုပ်ရတာပါပဲ။ဒါပေမယ့် အသက်သုံးဆယ်အရွယ် ယောက်ျားရင့်မာကြီးက အသက်ခုနစ်ဆယ်အရွယ် အမေအိုကြီးဆီခွေးလိုက်ခံရလို့ ဆိုပြီး ခြေကားရား၊ လက်ကားရား ပြေးလာပုံကြီးဆိုရင်တော့ လူမြင်လို့လဲ မကောင်းပါဘူး။အမေများရဲ့ ထုံးစံအတိုင်း ဖြေသိမ့်မှုတော့ လုပ်ပေးရမှာအမှန်ပါပဲ။ ဒါပေမယ့်လဲ နေ့စဉ်နေ့တိုင်းမျက်နှာကြီးကိုမဲ့၊ ငိုယိုအော်ဟစ်ပြီး - အမေရေ- ကယ်ပါဦး လုပ်နေရင်- အဲဒီအမေ မပြောနဲ့။ ဘေးကလူတောင် နားငြီးလာမှာတော့ အမှန်ပါပဲ။ တခါတရံမှာ ကိုယ်ပိုင်အတွေ့အကြုံအရ၊ ရင့်ကျက်မှုအရကိုယ့်ဘာသာကိုယ် စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်လုပ်ကိုင်ဖို့ လိုအပ်တာတွေလဲ အများကြီး ရှိပါတယ်။အရွယ်ရောက်နေပြီး လူတယောက်ဟာ ဒီခွေးတကောင်ရဲ့ ထိခိုက်နိုင်ရည်စွမ်းကို တွက်ချက်နိုင်စွမ်းရှိရပါမယ်။ အများကို ထိခိုက်လာပြီဆိုရင် အများကို စည်းရုံးပြီး ဘယ်လိုနှိမ်နင်းမလဲဆိုတာ စုပေါင်းတိုင်ပင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေရတော့မှာဖြစ်ပါတယ်။ ထစ်ခနဲရှိတိုင်း- အမေရယ်- ကယ်ပါဦးစိတ်ဓာတ်ဟာ ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။ဒီဥပမာလိုပါပဲ။ ကျွန်မတို့အတိုက်အခံတွေဟာလဲ နှစ်နှစ်ဆယ်ကျော်ကာလမှာ နိုင်ငံရေးရင့်ကျက်မှုနဲ့အတွေးအခေါ်မြင့်မားမှုတွေ ရှိလာသင့်တဲ့ အချိန်တန်နေပြီဖြစ်ပါတယ်။ ရန်နိုင်ငံ၊ မိတ်နိုင်ငံတွေရဲ့ ပေါ်လစီအသွားအလာ၊ မဟာဗျူဟာ အခင်းအကျင်းတွေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်မိဖို့ အတွက်ကလဲနှစ်နှစ်ဆယ်ဆိုတ့အဲ ချိန်ဟာ များတောင်များနေပါသေးတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ The Use ofForce ဆိုင်ရာ ကန့်သတ်ချက်တွေ၊ ပြဿနာတွေကလဲ လယ်ပြင်မှာဆင်သွားပြသလို ထင်ရှားနေပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးဦးတည်ချက်လမ်းကြောင်းတွေကို ကွေ့ကွေ့ကောက်ကောက်တွေ လုပ်ပြမနေပဲ၊မျှော်လင့်ချက်အတုတွေ ပေးမနေပဲ ရိုးရိုးသားသားနဲ့ အမှန်တရားကို ခင်းကျင်းပြပြီး၊ ပူးပေါင်းဖို့အဆိုရှိလိုက်တာနဲ့ ဘာလုပ်ရမလဲဆိုတာ ပြောစရာ မလိုတော့တဲ့ စစ်မှန်တဲ့ အင်အားကလဲရှိနေပြီးသားဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှ -ခွင့်သာတုန်းမှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးရဲ့လား - လို့ ဆိုရတော့ မလောက်အောင် ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ strategic failure တွေကိုမပြုပြင်ရင် နောင်တချိန်မှာ နောင်တရစရာတွေ အများကြီး ကြုံလာရပါလိမ့်မယ်။ နိုင်ငံတကာဖိအားကိုမထိရောက်ဘူးလို့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ အဆုံးသတ်အောင်ပွဲရအောင် အထောက်အပံ့လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ အမှန်တရားကိုပဲ ပြောနေတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အောင်ပွဲအလံစိုက်ထူရမယ့် နေရာဟာ နိုင်ငံတကာ စစ်မျက်နှာ မဟုတ်လို့ပါပဲ။နောက်ထပ်အရေးကြီးတဲ့ strategic failure တခုကိုလဲ ထည့်သွင်းပြောကြားချင်ပါတယ်။ အဲဒါကတော့ရန်သူ့မိတ်ဆွေ ကိုယ့်ရန်သူ လုပ်နေကြတဲ့ ကိစ္စပါ။ တရုတ်နိုင်ငံဟာ မြန်မာ စစ်အုပ်စုကို လူပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးလွန်းလို့ အားပေးကူညီနေတာ မဟုတ်ပါဘူး။ အခုနေများ မြန်မာအတိုက်အခံက အနိုင်ရခဲ့ပြီး၊နိုင်ငံတကာခုံရုံးမှာ စစ်အာဏာရှင်တွေကို တရားစွဲခဲ့ရင် သူ့နိုင်ငံထဲ ခိုအောင်းနေတာဆိုရင်တောင်အလွယ်တကူ ထုတ်ပေးမှာပါပဲ။ မြန်မာစစ်အုပ်စုကို တရုတ်နိုင်ငံ အကာအကွယ်ပေးနေမှုကမြန်မာစစ်အာဏာရှင်တွေဘက်မှာ နိုင်ငံရေးချိန်ခွင်လျှာ အလေးသာနေလို့ ဖြစ်ပါတယ်။ ပါဝါရှိတဲ့ဘက်ကိုအားပေးကူညီတာက တရုတ်ရဲ့ နိုင်ငံရေးလုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပါဝါဆိုတာကရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး ရှိတဲ့ ပါဝါကို ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ ပါဝါကို ဆိုလိုတာ ဖြစ်ပါတယ်။မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရယ်ကယ်ပါ- အီးယူရယ်ကယ်ပါ လုပ်နေသ၍ ကတော့ တရုတ်ကဒါကို စစ်မှန်တဲ့ လူထုပါဝါလို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါတွေမပါပဲ လူထုတိုက်ပွဲကို စနစ်တကျအကောင်အထည်ဖော်မှုကနေ နိုင်ငံရေးချိန်ခွင်လျှာ လူထုဘက် အလေးသာလာချိန်မှာ တရုတ်ဘက်ကdeal တွေ အလိုအလျောက်ပေါ်လာပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲ အမေရိကန်နဲ့ အနောက်အုပ်စုကစစ်ရေးအရ ၀င်ရောက်ကူညီပါ၊ ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုလုပ်ပေးပါ၊ လုံခြုံရေးကောင်စီကအရေးယူပေးပါလို့ စကားတခွန်း ဆိုလိုက်တိုင်းမှာ မြန်မာစစ်အုပ်စုကို တကယ်ဖိအားပေးနိုင်သလား၊မပေးနိုင်ဘူးလားဆိုတာ သေချာ မသိနိုင်ပေမယ့်၊ သေချာတာကတော့ တရုတ်နိုင်ငံရဲ့ strategic interestsကို တခါခြိမ်းချောက်လိုက်သလို ဖြစ်နေတယ်ဆိုတာပါပဲ။ အဲဒီအခါတိုင်း တရုတ်မှာ ရွေးစရာ လမ်းမရှိတော့ပဲမြန်မာစစ်အုပ်စုကိုသာ မျက်စိမှိတ်အကာအကွယ်ပေးဖို့ တလမ်းသာ ကျန်သလို ဖြစ်ဖြစ်သွားပါတော့တယ်။တခါတရံ တရုတ်နိုင်ငံက မဟာဗျူဟာ လေ့လာသူတွေအတွက် မျက်စိဆံပင်မွှေးစူးစရာ ကိစ္စတွေကလဲပေါ်လာတတ်ပါသေးတယ်။ မြန်မာ့နိုင်ငံရေးဖိအားအတွက် ဘယ်လိုမှ အသုံးမ၀င်နိုင်တဲ့ ဘေးဂျင်းအိုလံပစ်သပိတ်မှောက်တဲ့ ကိစ္စတွေ၊ တိဘက်အရေးလှုပ်ရှားသူများနဲ့ ပူးပေါင်းအင်အားပြမှုတွေ၊တမီးလ်ပျောက်ကျားတွေနဲ့ ပူးတွဲအင်အားပြမှုတွေ၊ တရုတ်ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ပူးပေါင်းလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရလာပြီးရင်တောင် အင်အားကြီးတရုတ်နိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်ပြောဆိုနိုင်တဲ့ အဆင့်ဖြစ်လာဖို့နှစ်ပေါင်းများစွာ တည်ဆောက်ရဦးမှာ ဖြစ်ပါတယ်။ ရန်သူ့မိတ်ဆွေ- တိုဲ့ရန်သူ၊ ရန်သူ့ရန်သူ-တို့မိတ်ဆေဆွိုတဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ရပ်ကွက်ထဲမှာ လုပ်လို့ရပေမယ့် နိုင်ငံတော်အဆင့်မှာလုပ်လို့မရပါဘူး။ အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေအောင် double-edged policy တွေ သုံးသင့်တဲ့အခါမှာသုံးကြရပါတယ်။ဒီလို ကျွန်မဆိုတော့ မေးတတ်သူတွေ ရှိပါတယ်။ တရုတ်နိုင်ငံကိုများ ဂရုစိုက်စရာလားလို့ ဆိုလာသူတွေရှိပါတယ်။ မြန်မာနိုင်ငံကြီးကို မြေပုံထဲမှာ ဖြတ်တောက်လို့ရသလို ဖြတ်တောက်ခွာယူပြီး၊ အမေရိကန်နိုင်ငံ၊အီးယူနိုင်ငံတွေဘေးမှာ သွားကပ်လို့ရရင်တော့ ဂရုစိုက်စရာ လုံးဝမလိုတာ အမှန်ပါပဲ။ ဒါပေမယ့်လက်တွေ့မှာ ဒီလို မဖြစ်နိုင်တာမို့ ဒီမိုကရေစီရပြီးခဲ့ရင်တောင် အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ သင့်လျော်တဲ့သံတမန်ဆက်သွယ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်ရေးရာ စတာတွေမှာ မလွဲမသွေပတ်သက်ရမှာ ဖြစ်တ့အဲ တကွ် လုံးဝဂရုမစိုက်လို့ မရတာကတော့ အသေအချာပါပဲ။ ဒါကြောင့်တချိန်သံတမန်ဆက်ဆံရေးမှာ ရှုပ်ထွေးနိုင်မယ့် ကိစ္စတွေကို ကြိုတင်လမ်းမခင်းထားတာအကောင်းဆုံးပဲဖြစ်ပါတယ်။ အားမပေးရလို့ ဆိုလိုတာမဟုတ်ပါ။ လူတိုင်းလွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့်ရှိပါတယ်။ အားပေးပုံ၊ အားပေးနည်းမှာကတော့ လိမ်မာပါးနပ်ရမှာ ဖြစ်ပါတယ်။၂၀၀၈ တိဘက်အရေးမှာတုန်းက ဗြိတိန်ဝန်ကြီးချုပ်ကို မီဒီယာက မေးပါတယ်။ တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဘယ်လို အရေးယူမှာလဲ ဆိုတော့ ကုန်သွယ်မှုများများလုပ်လေလေ၊ ဒီလိုချိုးဖောက်နိုင်မှုတွေ လျော့လာလေလေ ဖြစ်လာမှာပါလို့ ဆိုပါတယ်။ဒီလိုဆိုလိုက်လို့ ဗြိတိန်နိုင်ငံဟာ တိဘက်အရေးအပါအ၀င် လူ့အခွင့်အရေးရေးရာတွေကို မထောက်ခံတာလားဆိုတော့ မဟုတ်ပါဘူး။ မြန်မာ့ရေးရာတွေအပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေးတိုးမြှင့်ရေးတွေမှာ ဗြိတိန်နိုင်ငံဟာ ရှေ့တန်းက ဦးဆောင်ပါဝင်နေတဲ့ နိုင်ငံပါ။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့နှစ်နိုင်ငံ ကုန်သွယ်မှုကြောင့် နှစ်ဦးနှစ်ဘက် အကျိုးအမြတ်တွေ ရှိနေပါတယ်။ နောက်တချက်က ၂၀၀၃ခုနှစ်အတငွ်းမှာ သဘောတူညီခ့တဲ့ဲ အီးယူနဲ့ တရုတ်နိုင်ငံတို့အကြားက strategic partnership အရဥရောပဟာ တရုတ်နိုင်ငံကို failed state အဖြစ်မခံဖို့ သဘောထားရှိပါတယ်။ တရုတ်နိုင်ငံရဲ့ soft powerတိုးမြင့်လာမှုနဲ့ civil society အားကောင်းလာမှုတွေဟာ တရုတ်နိုင်ငံရဲ့ aggressive behavior ကို ပြန်ပြီးထိန်းချုပ်သွားနိုင်လိမ့်မယ်လို့ အီးယူက မဟာဗျူဟာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါကြောင့်လဲဗြိတိန်ဝန်ကြီးချုပ်က လိမ္မာပါးနပ်စွာ စကားသုံးနှုန်းသွားတာပါ။ဒါကြောင့် ကျွန်မတို့ အတိုက်အခံတွေလဲ တချို့သော အကြောင်းအရာတွေမှာ တရုတ်နဲ့ထိပ်တိုက်ဖြစ်စေတာတွေ ရှိရင် ရှောင်ကွင်းပြီး၊ လိမ္မာပါးနပ်စွာ ကျင့်သုံးဖို့ အချိန်အခါရဲ့ တောင်းဆိုမှုအရကျွန်မတိုက်တွန်းပြောကြားနေတာ ဖြစ်ပါတယ်။နိဂုံးနိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ တရုတ်ဘက်ကနေ ရေးသားထားတာမဟုတ်သလို၊အနောက်အုပ်စုဘက်ကနေ ရေးသားထားတာလဲ မဟုတ်ပါဘူး။ Pro-American မဟုတ်သလို Pro-Chineseလဲ မဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ အာရှရေးရာ၊ မြန်မာ့ရေးရာတွေနဲ့ ပတ်သက်တာတွေကို မဟာဗျူဟာရှုထောင့်ကနေ ရှုမြင်သုံးသပ်ချက်သာဖြစ်ပါတယ်။ မြန်မာအတိုက်အခံတွေအနေနဲ့ ရေကြောမရှိတဲ့နေရာမှာအချိန်ကုန်ခံပြီး၊ အမောခံပြီး အ၀ီစိတွင်းတူးနေကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီမို့ ကြာရင်လူပမ်းစိတ်မောနဲ့ လုံးပါးပါးပြီး၊ ရေမထွက်တဲ့ တွင်းထဲ ပြုတ်ကျသွားမှာကို စိုးရိမ်တဲ့အတွက်သတိပေးပြောကြားချက်များသာဖြစ်ပါတယ်။ ဘယ်လိုမှ ရှောင်လွှဲမရတော့တဲ့ နိုင်ငံတော်တည်နေရာအနေအထားမှာ လိမ္မာပါးနပ်စွာနဲ့ ရှောင်သင့်တာကို ရှောင်ပြီး၊ လုပ်သင့်တာကို လုပ်ဖို့တိုက်တွန်းရေးသားချက်များသာ ဖြစ်ပါတယ်။ နိုင်ငံတကာ စစ်မျက်နှာမှာ အလုံးစုံပုံအပ်ထားတဲ့မဟာဗျူဟာတွေကို ပြန်လှန်သုံးသပ်ပြီး၊ ပြည်တွင်းစစ်မျက်နှာနဲ့ လူထုတိုက်ပွဲကို ဦးတည်ရတော့မယ့်အချိန်က တန်ရုံတင်မက လွန်ကို လွန်နေပြီဖြစ်ပါတယ်။ တဦးတယောက်၊ တဖွဲ့တည်းက လုပ်ဆောင်လို့ရတာ မဟုတ်ပဲ အားလုံး မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မှု လုပ်ရတော့မယ့်အနေအထားကိုရောက်နေပြီဖြစ်ပါတယ်။တယောက်တပေါက် ဗျူဟာတွေ ချနေရမယ့် အချိန်လဲမဟုတ်တော့ပါဘူး။ တယောက်က တရုတ်နဲ့ dealလုပ်ဖို့ ကြိုးစားချိန်မှာ နောက်တယောက်က အမေရိကန်ကယ်ပါ သွားလုပ်ပြီး ယုံကြည်မှုတည်ဆောက်လို့လဲ မဖြစ်နိုင်ပါဘူး။ တယောက်က လူထုတိုက်ပွဲ ခေါ်တုန်းမှာ နောက်တယောက်က အခုပဲယူအင်က အရေးထယူတော့မယောင် ပြောလိုက်ပြန်ရင်လဲ လူထုရဲ့ နိုင်ငံရေး ရေချိန်ကပြန်ကျသွားတတ်ပါတယ်။ တယောက်က လိုအပ်ရင် မိမိကိုယ်ကို ခုခံကာကွယ်ရမယ်ဆိုချိန်မှာနောက်တယောက်က ငြိမ်းချမ်းစွာပဲနေရမယ်၊ ပြန်မခုခံရဘူးဆိုပြန်ရင်လဲ လူတွေက ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ တယောက်က ချဟ့လဲို့ ဆိုနေချိန်မှာ နောက်တယောက်က မချနဲ့၊ တောင်းပန်ပြီးတောင်းခံလိုက် လုပ်နေလို့ကလဲ မဖြစ်ပြန်ပါဘူး။ ဟိုကွေ့၊ ဟိုတက်နဲ့ လှော်၊ ဒီကွေ့ဒီတက်နဲ့ လှော်ဆိုပြီးရှေ့က ညာကွေ့ဖို့လုပ်၊ နောက်က ဘယ်ကွေ့ဖို့လုပ်၊ အလယ်က လှေဝမ်းဗိုက်ဖောက် လုပ်နေလို့လဲမရပါဘူး။ အကုန်လုံးစုန်းစုန်းမြှုပ်ကုန်ပါလိမ့်မယ်။ဒါကြောင့် ပုဂ္ဂိုလ်ရေးတွေ ရှေ့တန်းတင်ကြ၊ ဆရာတပည့်တွေမွေးကြ၊ ခေါင်းဆောင်နောက်လိုက်တွေ ရွေးကြ၊သူဘာလဲ၊ ငါဘာလဲတွေ လက်မထောင်ကြလုပ်နေကြမယ့်အစား၊ သွေးစည်းညီညွတ်မှုအဆင့်မဟုတ်ရင်တောင် မဟာဗျူဟာအရ ပေါင်းစည်းမှု အဆင့်ကိုတော့ အနိမ့်ဆုံးထား တည်ဆောက်ဖို့လိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ပါတယ်။(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြုဘောဂဗေဒ မဟာဝိဇ္ဖာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူသုတေသီတဦး ဖြစ်ပါသည်)ရည်ညွှန်းကိုးကား-Chang, F. (2001) 'Chinese Energy and Asian Security;, Orbis, 45 (2)Dreyer, J. T. (2007) 'China's Power and Will: The PRC's Military Strength and Grand Strategy', Orbis, Fall 2007Dibb, P. (1995) Towards a New Balance of Power in Asia, Adelphi Paper 295Erickson, A. & Collins, G. (2007) 'Beijing's Energy Security Strategy', Orbis, Fall 2007Fravel, M. (2008) 'China's Search for Military Power', Washington Quarterly, 31 (3)Grant, R. (1994) 'China and its Asian neighbours', Washington Quarterly, 17 (1)Hale, D. & Hale, L. (2003) 'China Takes off', Foreign Affairs, 82 (6)International Energy Agency (2000) China's worldwide Quest for Energy securityJaffe, A. & Lewis, S. (2002) 'Beijing's Oil Diplomacy', Survival, 44 (1)Kim, S. (1998) 'The South China Sea in China's strategic thinking', Contemporary Southeast Asia, 19 (4)Lei, D. (2008) 'China Multi-Faceted Maritime Strategy', Orbis, 53 (1)Malik, J. (1997) 'Myanmar's Role in Regional Security: Pawn or Pivot', Contemporary Southeast Asia, 19 (1)Muni, S. (2002) 'China's strategic engagement with the New ASEAN, an exploratory study of China's post-coldWar Political, Strategic and Economic Relations with Myanmar, Laos, Cambodia and Vietnam, Institute ofDefence and Strategic Studies, IDSS, Monograph, No. 2, SingaporeMedeiros, E. & Fravel, M (2003) 'China's New Diplomacy', Foreign Affairs, 82 (6)Menges, C. (2003) 'China: Its Geostrategy and energy needs', Testimony presented to the US-China Economicand Security Review CommissionManning, R. (2000) The Asian Energy Factor, New York, PolygravePeople's Republic of China, State Council, Report on National Defence, 2002Roy, D. (1995) 'Assessing the Asia-Pacific Power Vacuum', Survival, 37 (3)Shambaugh, D. (ed.) (2006) Power Shift: China and Asia's New DynamicsShambaugh, D. (2005) 'The New Strategic Triangle: US and European Relations to China's Rise', WashingtonQuarterly, 28 (3)Seekins, D. (1997) 'Burma- China Relations: Playing with Fire', Asian Survey, 37 (6)Sutter, R. (2003) 'Why does China Matter', Washington Quarterly, 27 (1)Segal, G. (1994) 'China changes Shape: Regionalism and Foreign Policy', Adelphi paper 287Valencia, M. (1995) 'China and the South China sea disputes, Adelphi paper 298Yoshihara, T. & Holmes, J. (2008) 'China's Energy- Driven Soft Power', Orbis, 53 (1)