Monday, June 8, 2009

ဇွန်လဂဒိုင်ယာရီ

ရေဒီယို အခွန်မဆောင်လျှင် အရေးယူနိုင်
2009-06-08

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး တရားစွဲဆိုတာတွေ စလုပ်တဲ့အချိန်ကစလို့ ဒီသတင်းအပြည့်အစုံကို ပြင်ပမီဒီယာတွေကနေ ထုတ်လွှင့်ပေးနေတာကြောင့် ရေဒီယိုကိုပဲ အားကိုးပြီး သတင်းနားထောင်နေရတဲ့ မြန်မာပြည်သူတွေဟာ ရေဒီယိုတွေကို အပြေးအလွှား ဝယ်ကြတာကြောင့် ရေဒီယိုတွေ အရောင်းသွက်ခဲ့ပါတယ်။

မြန်မာပြည်သူများသည် ရေဒီယို သတင်းကို အဓိက နားထောင်လေ့ရှိကြသည်။ဒီလိုနိုင်ငံနဲ့ တဝန်း ပြည်သူတွေ ရေဒီယိုကိုစိတ်ဝင်စားနေချိန်မှာ ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနကနေ ရေဒီယို အခွန်မဆောင်ရင် အရေးယူနိုင်တယ်ဆိုတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။

ရေဒီယိုအခွန် ဘယ်လောက်ဆောင်ရမှာလဲ၊ ဘယ်လို ရေဒီယိုအမျိုးအစားတွေ ဆောင်ရမလဲ၊ မဆောင်ရင် ဘယ်လိုအရေးယူမလဲ ဆိုတာတွေ သိနိုင်ဖို့ RFA က ရန်ကုန်စာတိုက်ကြီးကို မေးမြန်းကြည့်တော့ တာဝန်ရှိသူတဦးက ခုလိုပြောပါတယ်။

တာဝန်ရှိသူ။ ။ 'ဘယ်လိုဆောင်ရမလဲဆို စာတိုက်မှာ သူ့ရဲ့ပုံစံလေး ရှိလိမ့်မယ်လေ သူရဲ့ အဲဒီပုံစံလေး ဖြည့်ပြီး သူတို့ရဲ့ကျသင့်ငွေလေး ဘယ်လောက်မှ ပိုက်ဆံမရှိပါဘူး၊ ကျသင့်ငွေလေး ပေးလိုက်ရုံပဲ သူတို့ရဲ့ စက်နံပတ်တွေ ဘာတွေ ကူးသွားလိုက်ပေါ့ ။ အိတ်ဆောင်က ခုမှ ပေါ်လာတာဆိုတော၊့ ကျမတို့မသိသေးဘူး၊ စာတွေ မလာသေးတော့ မသိသေးဘူး၊ စာလာမှပဲ ပြောလို့ရမယ်။ ဟိုအရင်ကတော့ ရေဒီယိုတွေ လာလုပ်ကြတာပေါ့ ၊ မလုပ်တဲ့လူ တော်တော်များများ ရှိပါတယ်။ လုပ်တဲ့လူကနည်းပါတယ်။ ကျမတို့ဆီမှာ ဘာမှ အမိန့်ချတဲ့ စာမလာသေးတော့ မသိသေးဘူး စာလည်း မဝင်တော့ မသိသေးဘူး။'

ဝါရင့်နိုင်ငံရေးသမားကြီးလည်းဖြစ် အင်္ဂလိပ်ခေတ်၊ မဆလခေတ်၊ နဝတခေတ်တွေကို ဖြတ်သန်းခဲ့ဘူးတဲ့ သခင်ချန်ထွန်းကတော့ ရေဒီယိုအခွန်ကို မဆလခေတ်ဦးတုန်းက တနှစ် ၁ဝ ဆောင်ခဲ့ရပေမဲ့ နောက်ပိုင်း မဆောင်တော့တာနဲ့ ပတ်သက်ပြီး သူရဲ့သဘောထားကို ခုလိုပြောပါတယ်။

သခင်ချန်ထွန်း။ ။ 'ရေဒီယိုတွေကတော့ နိုင်ငံခြားသတင်းတွေကို နားထောင်တယ်ဆိုပြီး ရေဒီယိုတွေကို အန္ဈရာယ်ရှာမယ်ဆိုပြီး သတင်းတွေက ဖြစ်နေတယ်လေ။ ရေဒီယိုတွေကို နားမထောင်အောင်လုပ်တဲ့သဘောမျိုးဖြစ်နိုင်တာပေါ့ ရေဒီယိုလိုင်စင်တွေက အစကတည်းက လူတွေက နှစ်စဉ်ဆောင်ကြပါတယ်။ သူတို့က လက်မခံလို့ ခုမှတခါ ပြန်ကြေငြာသလား မပြောတတ်ဘူး။ သူတို့ အခွန်တော်လက်ခံရင်တော့ လူတွေက အခွန်တော်ဆောင်ဖို့ ဝန်မလေးကြပါဘူး။ သွားဆောင်တော့လည်း ဟိုကမပေးသေးဘူး အမိန့်မလာသေးဘူးဆိုပြီး စာတိုက်က ပြောလွှတ်တာပဲ။'

သူဟာရေဒီယို စွဲစွဲမြဲမြဲ နားထောင်သူလည်း ဖြစ်ပါတယ်။ မြန်မာသတင်းသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်းကတော့ နိုင်ငံတကာမှာ ရေဒီယိုလိုင်စင်ဆောင်ရတာ မရှိတဲ့အတွက် ဒီလုပ်ရပ်က ပြည်ပ အသံလွှင့်ဌာနတွေက ထုတ်လွှင့်တာတွေကို တားဆီးချင်တဲ့ ပထမခြေလှမ်းပါပဲလို့ ဝေဖန်ပါတယ်။

ဦးဇင်လင်း။ ။ 'ဥပဒေအရဆိုတာက မူလက ရှိတော့ရှိတယ်။ ကိုယ့်လက်ထဲမှာ ရေဒီယိုရှိတယ်ဆိုရင် ပိုင်ဆိုင်ကြောင်းနဲ့ ရေဒီယိုရဲ့ အမျိုးအမည် ဘာညာ စာတိုက်ကြေးနန်းမှာ သွားပြီး မှတ်ပုံတင်ရတာမျိုး ရှိတယ်။ ဟိုတုန်းကတော့ အဓိကက အခွန်ငွေရဖို့အတွက် လုပ်တာပဲ။ အဲဒီတုန်းက ရေဒီယိုဆိုတာက မီးသီးနဲ့ ရေဒီယိုအကြီးကြီးတွေပေါ့လေ၊ ဒီလို ရေဒီယိုအသေးလေးတွေ ထရန်စစ်စတာ ရေဒီယိုတော့ အဲလို ရယ်ဂျစ်စတာ လုပ်ရတာတော့ ရှိမရှိ မသေချာဘူး ဒါပေမဲ့ မလုပ်ကြပါဘူး။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာတာ့ ဒီလိုလိုင်စင်လုပ်ရတာတွေ မရှိတော့ပါဘူး အဓိကကတော့ ကျနော်မြင်တာကတော့ နိုင်ငံတကာကနေ သတင်းစီးကြောင်း စီးဆင်းနေတာကို သူတို့အနေနဲ့ ဟန့်တားချင်တဲ့အတွက် ဒီလို အစပျိုးလိုက်တာ ဖြစ်နိုင်တယ်။'

မြန်မာသတင်းသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်း သုံးသပ်သွားတာပါ။ အလားတူ မနှစ်တုံးကလည်း ပြည်ပကနေ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားလိုင်းတွေကို မြန်မာပြည်သူတွေ ကြည့်ရှုနေတာ များလာတဲ့အတွက် ဂြိုဟ်တုဖမ်းတဲ့ စလောင်းတချပ်ကို ၅သိန်း ဆောင်ရမယ်၊ ၁ဝ သိန်းဆောင်ရမယ် ဆိုတဲ့သတင်းတွေ ထွက်ခဲ့ပေမဲ့ မထိန်းချုပ်နိုင်ပဲ ပြည်သူလူထုကတော့ ကြည့်မြဲ နားထောင်မြဲပဲ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဗကသ အထွေထွေအတွင်းရေးမှုး ကိုထွန်းထွန်း နှင့် တွေ့ဆုံမေးမြန်းချက်
June 8, 2009 ·

၈ ဇွန် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး

Interview With Leader of Student’s Union

Ba Ka Thaမြန်မာ နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ ရှေ့တန်းကနေ အမြဲဦးဆောင် ပါဝင်ဆောင်ရွက်လေ့ရှိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ ချုပ်ကြီးကို ယခုလ ၅ ရက်နေ့ မှာ ရန်ကုန်မြို့ တစ်နေရာမှာ အောင်မြင်စွာ ပြန်လည် ဖွဲ့ စည်းနိုင်ခဲ့ပါတယ်။ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့ စည်းခြင်းဟာ နှစ်နှစ် အတွင်းဒုတိယ အကြိမ်မြောက်ပြန်လည် ဖွဲ့ စည်းခြင်းဖြစ်ပါတယ်။

၂၀၀ရ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအကြိုကာလမှာ တစ်ခါပြန်ဖွဲ့ စည်းခဲ့ပြီး စီးပွားရေးတက္ကသိုလ်က မဟာတန်းတက်ရောက်နေတဲ့ ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုကျော်ကိုကို ကို ဥက္ကဌ အဖြစ်ရွေးချယ် တင်မြှောက် ခဲ့ပါတယ်။

စက်တင်ဘာ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကို အပါအ၀င် အဖွဲ့ ဝင်တွေကို ဖမ်းဆီးထောင်ချပြီးတဲ့ နောက် ကျန်ရှိတဲ့ အဖွဲ့ ဝင်တွေ က ဒေါ်အောင်ဆန်းစုကြည် အားမတရားဖမ်းဆီးတရားစွဲဆို ထားမှု အပါအ၀င် အစတဲ့ နိုင်ငံရေူလှုပ်ရှားမှုတွေ ကို ဦးဆောင် ပြုလုပ်ခဲ့ကြပါတယ်။

အခုယာယီ ပြန်လည် ဖွဲ့ စည်းထားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ ချုပ်မှာ ထောင်တွင်းအကျဉ်းချထားခြင်းခံရတဲ့ ကို ကျော်ကိုကို ဥက္ကဌ အဖြစ်ပြန်လည်ရွေးကောက် တင်မြှောက်ထားပြီး ဒုဥက္ကဌ အဖြစ် ကိုစောဂျွန်မြင့် အထွေထွေ အတွင်းရေးမှုးအဖြစ် ကို ထွန်းထွန်း နဲ့ ကိုတေဇာမောင် ၊ကိုစိုင်းသီဟမောင်၊ကိုရဲ နိုင် ၊ကိုပြည့် အစရှိ တဲ့ နိုင်ငံတစ်ဝှမ်းက ကျောင်းသားလူငယ်တွေကိုကိုယ်စားပြုတဲ့ ကျောင်းသားခေါင်းဆောင် တွေ နဲ့ ပြန်လည် ဖွဲ့ စည်းခဲ့ပါတယ်။

ယခုပြန်လည် ဖွဲ့ စည်းခဲ့တဲ့ကျောင်းသား သမဂ္ဂ ရဲ့  အထွေထွေ အတွင်းရေးမှုးတစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းနဲ့ Feedom News Group ကရန်ကုန် မြို့ တစ်နေရာမှာ တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။

နှစ်ဆယ်ကျော် အသက်အရွယ် အသားဖြူဖြူ ပိန်ပိန်ပါးပါး နဲ့ တိကျပြတ်သားမယ့် မျက်နှာ ပုံသဏ္ဍန်မျိုးပိုင်ရှင် ကိုထွန်းထွန်းက အင်္ကျီ အဖြုရောင် နဲ့  ခမ်းနွမ်းနွမ်း ယောပုဆိုးတစ်ထည် နဲ့ Freedom News Group ရဲ့ မေးခွန်းတွေ ကို ခုလို ဖြေကြားခဲ့ပါတယ်။

FNG။ ။ကျောင်းသားသမဂ္ဂ ပြန်ဖွဲ့ လိုက်ပြီဆိုတော့ ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလို့  ဖွဲ့တာလဲ

ကိုထွန်းထွန်း။ ။ကျွန်တော်တိုကြေညာချက်မှာပါခဲ့တဲ့အတိုင်းဒုတိယစက်တင်ဘာ အရေးတော် ကြီးတစ်ခု ပေါ်ပေါက်လာ ဖို့ နဲ့ စစ်အာဏာရှင် စနစ်ကို မြေမြုပ် သဂြိုဟ် ပစ်နိုင်ဖို့ အဓိက ပဲ ။ပြန့် ကျဲနေတဲ့ လူငယ် နက်ဝခ်တွေ နဲ့ မျိုးဆက်သစ် တွေ ကို ပြန်စုစည်းပြီးရင် ကျောင်းသားလှုပ်ရှားမှုတွေ ကနေ တစ်ဆင့် နိုင်ငံရေး အုံကြွမှု တွေ ဆက်ဖြစ်လာ နိုင်စေဖို့ ပြင်ဆင်ထားတယ်။

FNG။ ။တက်ကြွလှုပ်ရှားသူ အတော်များများက ထောင်တွေထဲ မှ အဖမ်းခံထားရ
တယ်ဆိုတော့ လှုပ်ရှားမှု တွေ က ကျယ်ကျယ် ပြန့် ပြန့် ဖြစ်လာပါအုံးမလား။

ကိုထွန်းထွန်း။ ။၂၀၀ရ စက်တင်ဘာ မှာ လူတွေ သိန်းချီ လမ်းမပေါ်ထွက်တယ်။အဲဒီထဲက
ခေါင်းဆောင်တွေကတော့ထောင်သွင်းအကျဉ်းချခြင်းခံလိုက်ရတယ်။ကျောင်းသား၊ပြည်သူတွေ ဟာ သူတို့ ကို ဦးဆောင်မှုပေးနိုင်မယ့် အဖွဲ့ အစည်းကို ပြန်လည် မျှော်လင့်ကြတယ်။ကျွန်တော်တို့ တွေလှုပ်ရှား မှုတွေ အဆက် မပြတ်လုပ်နေရင်း အဲဒီထဲက မှ ခေါင်းဆောင် သစ်တွေ ပြန်မွေးဖွား
လာမှာပဲ။အဒီ ခေါင်းဆောင် တွေ ကနေ ပြည်သူကို ပြန်ဦးဆောင် ဒီလိုမျိုးချီတက်ရမှာပဲ။

FNG။ ။လူထုရဲ့ နိုင်ငံရေးနိုးကြားမှု အခြေအနေ ကဘယ်လိုရှိလဲ

ကိုထွန်းထွန်း။ ။လူထုက စစ်အာဏာရှင် စနစ် ကို အခါးသီးဆုံး အခြေအနေကိုရောက်လာနေပြီ

FNG။ ။လတ်တလော ခင်ဗျား တို့ ရဲ့ လှုပ်ရှားမှုတွေ ကကော

ကိုထွန်းထွန်း။ ။လှုပ်ရှားမှု အားလုံးကို လှို့ ဝှက် လုပ်ဆောင်နေရတယ်။အဓိက ပြန့် ကျဲနေတဲ့
အင်အားစု တွေ ကို စုစည်းနိုင်ဖို့ ကို အထူးဦးစားပေးပြီးလုပ်ဆောင်နေပါတယ်။ပြည်တွင်း မှရှိ တဲ့ တခြားနိုင်ငံရေးလှုပ်ရှားမှု အဖွဲ့ အစည်းတွေ နဲ့ လည်းပူးပေါင်း လုပ်ဆောင် သွားမယ်။

ဒါကတော့ လက်ရှိ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် ရဲ့ အထွေထွေ အတွင်း
ရေးမှုး တစ်ယောက် ဖြစ်တဲ့ ကိုထွန်းထွန်း ကို တွေ့ ဆုံမေး မြန်းထားတာ ဖြစ်ပါတယ်။

ကိုထွန်းထွန်း ဟာ ၂၀၀ရ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော် လှန်ရေးကာလ မှာ အထက်ဗမာ
ပြည် ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင်ကျောင်းသားတစ်ယောက် အဖြစ်ပါဝင် လှုပ်ရှားခဲ့ပြီး သူ့ ရဲ့ ရဲ”
ဘော် ရဲဘက် တစ်ဦးဖြစ်တဲ့ အထက် ဗကသ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ကို ဗိုလ်မင်းယု
ကို ကတော့ ထောင် ဒဏ် ၁၀၄ နှစ် ပြစ်ဒဏ် ပေးခြင်းခံခဲ့ရပါတယ်။

၂၀၀၈ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော် လှန်ရေး တစ်နှစ်ပြည့် နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်ကို
မန္တလေး မြို့ မှာ ပြုလုပ်ရန်စီစဉ် နေစဉ် အာဏာပိုင် တွေ ၀င်ရောက် ဖမ်းဆီးစဉ် သူ့ ကို မတွေ့ တာနဲ့ ဇနီးဖြစ်သူ မကေသီအောင် ကို ဖမ်းဆီးခေါ်ဆောင်သွာပြီး ထောင်ဒဏ် အနှစ် နှစ်ဆယ်ချ
မှတ်ခဲ့ပါတယ်။သူ့ ဇနီး ဖြစ်သူဟာ ထောင်တွင်းမှာ ပဲ ကိုယ်ဝန်ပျက်ကျ ခဲ့ပြီး ယခု ဇာတိမွေးရပ်မြေ
ကနေ ဝေးကွာတဲ့ နယ်အဝေးထောင် တစ်ခု ကို ပို့ ဆောင်ခြင်းခံရပါတယ်။


ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းမိုးရွာသွန်း၍ မြေပြိုမှုများ ကြောင့်ကုန်စည်တင်ပို့ မှုများအခက်တွေ့ 
June 8, 2009 · No Comments

၈ ဇွန် မြ၀တီ၊ ၊စောမူဂေး

Border-Trade Main Road landslides

ရန်ကုန်-မြ၀တီ နယ်စပ်ကုန် သွယ်ရေးလမ်းပိုင်း၏ အရေးပါသော ကော့ကရိတ် -သင်္ကန်းညီနောင်
လမ်းပိုင်း ရှိ ဒေါနတောင်တန်း တောင်တက် လမ်းနေရာများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်
မြေပြိုမှုများဖြစ်ပွားသည် ဟု သတင်းရရှိသည်။

သင်္ကန်းညီနောင် လမ်းပိုင်းကားလမ်းဘေးမြေပြိုမှု နှင့်ပတ်သက်၍ ကော့ကရိတ်-မြ၀တီ ယာဉ်လိုင်းတွင် ခရီးသည် တင်ကား ပြေးဆွဲနေသူ တစ်ဦးက “လမ်းမှာ မြေပြိုထားတွေ ရော လမ်းပေါ်ရေကျော်ထားတာတွေ ရော မနည်းဘူး ကုန်တင်ကားကြီးတွေ ဆို သွားလို့ ရမယ်မထင်ဘူး အာရှလမ်းမကြီးကမပြီးသေးတော့ ဒီလမ်းဟောင်းကိုပဲ သုံးနေရတယ် ဟု Freedom News Group သို့ ပြောသည်။

ကော့ကရိတ်-မြ၀တီ လမ်း မှာ ဒေါနတောင်တန်းကို ဖြတ်ကျော် ဖောက်လုပ်ထားသဖြင့် အတက်
အဆင်း အကွေ့ အကောက်များက အချို့ နေရာများတွင် လမ်းကျဉ်း၍ ယာဉ်ကိုအရှိန်လျှော့ ၍မောင်းနှင်ရသည်။

ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းပိုင်းများတွင် ရေကြီးမြေပြိုမှုကြောင့် ယာဉ်များသွားလာရ
ခက်ခဲသဖြင့် ထိုင်းနယ်ငံ မဲဆောက် ဘက်ခြမ်းမှာ ကုန်စည် များ ရန်ကုန်နှင့် အခြားမြို့များသို့ ပို့ ဆောင်ရန် အခက်အခဲ ဖြစ်ကြရသည် ။

ယခုနှစ် မိုးရာသီ အတွင်း တခ်ခရိုင် ကုန်သည် ကြီးများအသင်းက မြန်မာနိုင်ငံသို့ နယ်စပ်ကုန်သွယ်
ရေးမှတစ်ဆင့် စားသုံးဆီ၊အချိုမှုန့် နှင့် အိမ်ထောင်ပရိဘောဂ ပစ္စည်းများ ဘတ်ငွေ သန်း ၂၀၀ ကျော်
ဖိုးပို့ ရန် အစီအစဉ်ရှိသည် ဟုသိရသည်။

ကော့ကရိတ်-မြ၀တီ လမ်းပိုင်းတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုအတွက် ဆက်ကြေး
ကောက်ခံသည့် တိုးတက်သောကရင် ဗုဒ္ဓဘာသာ အဖွဲ့ (ဒီကေဘီအေ) မှာ ပျက်စီးနေသော မော်
တော် ကားလမ်းနေရာများ ကို ပြန်လည်ပြုပြင်မှု မရှိ ဟုသိရသည်။

တိုက်ပွဲများကြောင့် ကရင်ဒုက္ခသည်များ ထိုင်းဘက်သို့ ပိုရောက်လာ
Monday, 08 June 2009 20:00 သန်းထိုက်ဦး
E-mail Print
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်စခန်းများကို မြန်မာစစ်အစိုးရက ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းသည် ၎င်းတို့ရင်ဆိုင်နေရသည့် နိုင်ငံတကာဖိအားကို အာရုံလွှဲပြောင်းရန် ရည်ရွယ်ကြောင်းဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

[မကြာသေးခင်က မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထိုင်း-မြန်မာ နယ်စပ် တာ့ခ် ခရိုင်အတွင်း ထိုင်းနယ်ခြားစောင့် တပ်များ လုံခြုံရေးယူထားစဉ် (ဓာတ်ပုံ - Bangkok post)] ဇွန်လဆန်းမှစတင်၍ မြန်မာစစ်အစိုးရတပ်နှင့်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA) ပူးပေါင်း တပ်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU ) လက်အောက်ခံ KNLA တပ်မဟာ(၇)တပ်စခန်းများကို ဆက်တိုက် ထိုးစစ်ဆင်ခဲ့သည်။ ယခုအထိ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေး ဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်ဟု သိရသည်။

“အလောသုံးဆယ် မိုးတွင်းကြီး ထိုးစစ်ဆင်တိုက်တာက စမ်းသပ်မှုတခုလည်းဖြစ်နိုင်တယ်၊ ဒေါ်အောင်ဆန်းစု ကြည် ကိစ္စကို အာရုံပြောင်းတာလည်းဖြစ်နိုင်တယ်၊ လူထုအာရုံ ဒီဘက်ကိုရောက်လာအောင်လုပ်တာလည်း ဖြစ်နိုင်တယ်”ဟု KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါက ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မေလလယ်မှာ အင်းစိန်ထောင်သို့ခေါ်ဆောင် တရားစွဲဆိုခဲ့ပြီးသည့်နောက် နိုင်ငံ တကာမှ စစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုမှုများ ပိုမိုမြင့်မားခဲ့ပြီး စစ်အစိုးရဘေးကျပ် နံကျပ်ဖြစ်ခဲ့ရသည်။

ယင်းကဲ့သို့ ထိုးစစ်ဆင်ခြင်းကြောင့် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ထွက် ပြေးလာစေခြင်းသည် ထိုင်းနိုင်ငံလုံခြုံရေးတပ်ဖွဲ့များအတွက် စိုးရိမ်စရာဖြစ်စေသည်ဟု ထိုင်းနိုင်ငံအခြေစိုက်
THE NATION သတင်းစာ ဆောင်းပါးရှင် Kiva Chong Kittavorn က ယနေ့ ရေးသားခဲ့သည်။ နယ်စပ်ကုန်သွယ် ရေးကိုလည်း ပျက်ပြားစေသည်ဟု ၎င်းက ဆိုသည်။

“အမှန်တကယ်တော့ မြန်မာ စစ်အစိုးရက ထိုင်းခေါင်းဆောင်များအကြား ပိုမိုကမောက်ကမဖြစ်အောင် အချိန် ကိုက်လုပ်ဆောင်နေတာပဲ”ဟု၎င်းက ရေးသားခဲ့သည်။

မြန်မာစစ်တပ်က KNU အပေါ် တိုက်ခိုက်ခြင်းသည် အချိန်ကိုက်လုပ်နေခြင်းဖြစ်ပြီး ထိုင်းအစိုးရ၏ တုံ့ပြန်လာ နိုင် သည်များကို ကြိုတင်သဘောပေါက်ပြီး အသုံးချနေခြင်း ဖြစ်ကြောင်း Kiva Chong Kittavorn က ဆိုသည်။

ထိုင်းနိုင်ငံက အာဆီယံ ဥက္ကဌအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံကြား နိုင်ငံရေးအရ စကားစစ်ထိုးပွဲများ တောက်လျှောက်ဖြစ်ပေါ်ခဲ့သည်။

ယနေ့အထိ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် ၄၀၀၀ ကျော်ထဲမှ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံတာ့ခ် ခရိုင်အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေး ရောက်ရှိလာကြောင်းသိရသည်။

ကရင်ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးနှင့် ပတ်သက်၍ မိုးတွင်းကာလဖြစ်သည့်အတွက် ကျန်းမာရေး အခက်အခဲများနှင့်လည် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရှိရသည်။ ၎င်း ကရင်ဒုက္ခသည်များကို ကရင်ဒုက္ခသည် များ ကော်မတီ (KRC) မှ တဆင့် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်းသိရသည်။

မြန်မာစစ်အစိုးရ တပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA (၉၉၉)တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ထိန်းချုပ်နယ်မြေရှိ တပ်ရင်း ၆ ခု အနီးမှ တပ်စခန်းများကို လက်နက်ကြီးများဖြင့်သော်လည်းကောင်း၊ လူအင်အား စုစုပေါင်း ၁၀၀၀ခန့် ဖြင့် ထိုးစစ်ဆင်ရန်ကြိုးစားနေကြောင်းလည်းသိရှိရသည်။

“ကျနော်တို့စခန်းတွေကို ဆက်တိုက်ဖို့ကြိုးစားနေတယ်၊ လက်နက်ကြီးတွေနဲ့လည်း တဘက်က လှမ်းပစ်တယ်၊ လူကတော့ ဖြည်းဖြည်းခြင်း ချဉ်းကပ်နေတယ်လို့သိရတယ်”ဟု စောဒေးဗစ်တာကပေါက ယနေ့ပြောဆိုသည်။

မြန်မာစစ်အစိုးရ တပ်များ နှင့်DKBA တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ဌာနချုပ်အနီးတွင် ယနေ့အထိဆက်လက် ဖြစ်ပွားနေသည်။ ယင်း နှစ်ဘက် တိုက်ပွဲများကြောင့် အကျအဆုံး မည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။

၎င်းတိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထားကြောင်း သိရှိရ သည်။

[တိုက်ပွဲများကြောင့် မကြာသေးခင်က ထွက်ပြေးလာရသည့် ကရင်ဒုက္ခသည် ၃၅၀၀ ခန့်တွင် ကလေးငယ်များကို လည်းတွေ့ရစဉ် (ဓာတ်ပုံ - US Campaign for Burma)] တချိန်တည်းမှာပင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရာ၌ မြန်မာစစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ် ရေးလုပ်ကိုင်လိုခြင်း မရှိဟု ထင်မြင်ကြောင်း KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါက ဧရာဝတီသို့ပြောသည်။

“ကျနော်တို့အနေနဲ့ကတော့ ဒီတိုက်ပွဲတွေရပ်စေချင်တယ်၊ အကယ်၍ နအဖက တကယ် အပစ်အခတ်ရပ်စဲရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ လုပ်ချင်တယ်ဆိုရင်တော့ ဒီတိုက်ပွဲတွေရပ်ရမယ်၊ ဒီတိုက်ပွဲတွေမရပ်ရင် တော့ ကိုယ်တိုက် သူတိုက်ပဲ”ဟု ဆိုသည်။

လွန်ခဲ့သည့် ဧပြီလဆန်းပိုင်း၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya က KNU တာဝန်ရှိသူများကို မြန်မာစစ် အစိုးရဘက်မှ ပြောဆိုဆွေးနွေးလိုသည့်အကြောင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ ၊ အထွေထွေအတွင်းရေး နော်စီဖိုးရာစိန် အပါအဝင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တို့နှင့် ထိုင်းအာဏာပိုင်များဘက်မှ ၆ ဦးတို့သည် ဘန်ကောက် မြို့ တနေရာတွင်၂ နာရီကြာတွေ့ဆုံခဲ့ကြသည်။

မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စ စကားပြောရန် ထိုင်းနိုင်ငံက ကြားဝင် တိုက်တွန်းလာပါက လက်ခံမည် ဖြစ် သော်လည်း ပြင်ပ တနိုင်ငံတွင်သာ ဆွေးနွေးရေး ပြုလုပ်နိုင်မည် ဖြစ်ကြောင်း KNU ကပြောဆိုခဲ့သည်။

၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် KNU သည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ကွယ်လွန်ခဲ့ပြီးဖြစ်သော KNU ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြသည် ၂၀၀၅ ခုနှစ်က မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းပုံများဖန်တီးမှု လူအများဒေါသဖြစ်
Monday, 08 June 2009 21:01 ကိုစိုး
E-mail Print
စစ်အစိုးရကို လိုလားသည့် အင်တာနက် ဘလော့ စာမျက်နှာတခုတွင် လွန်ခဲ့သည် ရက်သတ္တပတ် အနည်းငယ် ကစတင်၍ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းရိုင်းပြပုံများ ဖန်တီးပြီး ဖော်ပြ ထားမှုကို တွေ့မြင်ကြရသည့်အတွက် ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများနှင့် တွေ့မြင်ကြရသူအများ က ပြင်းထန်စွာ စိတ်ဆိုး ဒေါသဖြစ်နေခဲ့ကြသည်။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ လက်ချက်ဟုယူဆရသည့် အဆိုပါ ဘလော့စာမျက်နှာတွင် ကွန်ပျူတာ ဂရပ်ဖစ်နည်းပညာ သုံး၍ ပြုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျွန် ၀ီလျံ ယက်ထော၊ အမေရိကန် သမ္မတ ဘားရက်အိုဘားမားတို့နှင့် လိင်ဆက်ဆံနေပုံ ပြုလုပ်ထားသည့် ပုံများကို ဖော်ပြထားခြင်းဖြစ်သည်။

ယင်း ဘလော့ စာမျက်နှာမှ ကာတွန်းပုံတပုံမှာ ဧရာဝတီ မဂ္ဂဇင်းတွင် ကာတွန်း ဟန်လေး ရေးဆွဲထားသည့် ဂျွန် ၀ီလျံ ယက်ထော ပုံအား ခိုးကူးရေးဆွဲထားသည်ကို တွေ့မြင်ရသည်။

“အဲဒီပုံတွေကို မြင်ရတဲ့ အချိန်မှာ လုပ်တဲ့လူကို သတ်ပစ်လိုက်ချင်တယ်”ဟု စင်္ကာပူ နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ အမျိုးသမီး တဦးက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အိမ်သို့ တိတ်တဆိတ် ၀င်ရောက်လာ သည့် အမေရိကန် နိုင်ငံသား ဂျွန် ယက်ထော တို့ တွဲလျက်ပုံများကို အစိုးရလိုလားသူများက ဖြန့်ဝေ နေကြောင်း သိရသည်။

ဇွန်လ ၄ ရက်နေ့ ညပိုင်းက ၎င်း၏ အိမ်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များ၏ နေအိမ် များ ရှေ့တွင် အဆိုပါ ဒေါ်အောင်ဆန်းစုကြည် ပုံများကို တိတ်တဆိတ် လာရောက် ချပစ်ခဲ့သည်ဟု မန္တလေး NLD မှ ကိုမျိုးနိုင်က ပြောပြသည်။

“ပုံတွေက အန်တီနဲ့ ဂျွန် ယက်ထော ၂ ယောက်တွဲပုံ ၂ မျိုး၊ တပုံက ဂျွန် ယက်ထောရယ် အန်တီရယ် မိုက်ကယ် အဲရစ်ရယ် ၃ ယောက်တွဲ၊ နောက်တပုံက အန်တီက ဂျွန် ယက်ထော ရင်ခွင်ထဲ ရောက်နေတဲ့ပုံ၊ ပုံတွေက တမင် လုပ်ကြံ ဖန်တီးထားမှန်း သိသာပါတယ်၊ ဒါ သက်သက် ယုတ်မာတာပဲ”ဟု ကိုမျိုးနိုင်က ဧရာဝတီသို့ပြောသည်။

ဧရာဝတီ စာဖတ် ပရိသတ် တဦးကလည်း“ဘယ်လိုပြောရမလဲ၊ နှိုင်းစရာ မရှိလောက်အောင် ယုတ်ညံ့ ဆိုးရွား လွန်း ပါတယ်”ဟု စာဖြင့် ပေးပို့ပြောဆိုသည်။

“ဒါ လုပ်တဲ့သူက သူ့ အဆင့်အတန်းကို သူဖော်ပြတာပဲ”ဟု သြစတေးလျ နိုင်ငံ မဲလ်ဘုန်း မြို့မှ မြန်မာ အမျိုးသမီး တဦးကလည်း ပြောသည်။

ပြီးခဲ့သည့် အပတ်အတွင်းကလည်း စစ်အစိုးရ ထုတ်လွှင့်သည့် “ပိတောက်မြေ” FM ရေဒီယို လိုင်းမှ ဒေါ်အောင်ဆန်းစုကြည်အား လှောင်ပြောင် သရော်ထားသည့် “ယက်ထောနှင့် မချော”အမည်ရှိ အစီအစဉ်ကို ထုတ်လွှင့်ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောကြားချက်အရ သိရှိရသည်။

တမူးမြို့မှာ ပေါက်ကွဲမှုဖြစ်၊ ၂ ဦးသေဆုံး
Monday, 08 June 2009 19:27 ဧရာဝတီ
E-mail Print
အိန္ဒိယ - မြန်မာ နယ်စပ်၊ တမူးမြို့ရှိ အိန္ဒိယ ခွဲထွက်သူပုန်များ၏ လက်နက်သိုလှောင်ရာ အိမ်တလုံး၌ ဇွန် ၇ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းလက်နက်သိုလှောင်ရာ အိမ်သည် အိန္ဒိယ အစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင် ကသည်းသူပုန်အဖွဲ့ (UNLF) ပိုင်ကြောင်း သိရသည်။

ဒေသခံတဦးက “UNLF အဖွဲ့ဝင် လူ ၂ ယောက် သေတယ်၊ အရပ်သား တယောက် ဒဏ်ရာရတယ်၊ အနီးအနားမှာရှိတဲ့ အိမ် ငါးအိမ် မီးလောင်သွားတယ်” ဟု ပြောသည်။

ယင်းဖြစ်ရပ်ကြောင့် တမူးမြို့၊ နဒီစတိုးဆိုင်မှ အသက် ၄၀ အရွယ်ရှိ ဦးကျော်စိုးမှာ လက်တွင် ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိုပေါက်ကွဲမှုမှာ နံနက် ၆ နာရီခွဲ အချိန်တွင် ဖြစ်ပွားခဲ့သည်ဟု ပြောသော်လည်း အသေးစိတ် ဖြေကြားခြင်းမရှိပေ။

ယင်းကသည်းသူပုန် အဖွဲ့ကဲ့သို့ အိန္ဒိယနိုင်ငံ မဏီပူပြည်နယ်အတွင်း အိန္ဒိယ ဗဟိုအစိုးရကို လက်နက်ကိုင် တော်လှန်နေသော အဖွဲ့ပေါင်း ၃၀ ကျော်ရှိသည်ဟု သိရသည်။

တခြားသော အဖွဲ့တဖွဲ့ဖြစ်သည့် ကူကီး အမျိုးသား တပ်မတော် (KNA) မှ အရာရှိတဦးက “အခုလတ် တလော မြန်မာကနေ အိန္ဒိယဘက်ကို လက်နက်မှောင်ခို တင်သွင်းမှု တိုးတက်လာတာတွေ့ရတယ်” ဟုပြောသည်။

ယင်းလက်နက်များမှာ အိန္ဒိယ အရှေ့မြောက်ဒေသ ခွဲထွက် ရေး သူပုန် (UNLF) တို့၏ လက်နက်များ ဖြစ်သည် ဟု ၎င်းကဆက်ပြောသည်။

“UNLF က မြန်မာဘက်ခြမ်းမှာ လက်နက်တွေ သိုလှောင်ထားပြီး အခွင့်အရေး ရရင် အိန္ဒိယဘက်ကို သွင်းလေ့ရှိတယ်။ အခုပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရက ဘယ်လိုအရေးယူ ဆောင်ရွက် မယ်ဆိုတာတော့ မသိဘူး” ဟုလည်း သူကဆိုသည်။

ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးမှူး စစ်ဌာနချုပ် (ဒကစ) မှ စစ်ဌာနချုပ်မှူးက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို UNLF ကသည်း လက်နက်ကိုင် သူပုန်အဖွဲ့သည် လွန်ခဲ့သော ၁၉၆၄ ခုနှစ်မှ စတင်ကာ မဏီပူ ပြည်နယ်မှ ခွဲထွက်၍ သီးခြား လွတ်လပ်ရေးနှင့် ဆိုရှယ်လစ် လူ့ဘောင် ထူထောင်နိုင်ရေးအတွက် အိန္ဒိယအစိုးရကို လက်နက်စွဲကိုင် တော်လှန်နေခြင်းဖြစ်သည်။

FEC ၅၀ တန် တခါသုံး ဖုန်းကတ်များ ဝယ်သူနည်းပါး
Monday, 08 June 2009 16:09 အောင်သက်ဝိုင်း
E-mail Print
FEC ၅၀ တန် တခါသုံး CDMA 450 MHZ ဖုန်းကတ်များကို ဇွန်လ ၂ ရက်နေ့မှ စတင်ပြီး ဖြန့်ချိရောင်းချလျှက်ရှိ ရာ ၀ယ်ယူသုံးစွဲသူ နည်းပါးလျှက်ရှိကြောင်း ရန်ကုန် အခြေစိုက် လက်ကိုင်ဖုန်း ဟန်းဆက် အရောင်းဆိုင်များက ပြောသည်။

ကမ်းရိုးတန်းဖုန်းဟု အများခေါ်ဆိုကြသည့် ၎င်းတခါသုံး ဖုန်းကတ်တခုလျှင် ဈေးကွက်၌ အနည်းဆုံး ကျပ်ငွေဖြင့် ၅၅၀၀၀ မှ ၆၀၀၀၀ အကြား ရောင်းချသည့်အတွက် လူတိုင်းလက်လှမ်း မမီနိုင်သော ဈေးနှုန်းဖြစ်နေကြောင်း လသာမြို့နယ်မှ ဖုန်းဟန်းဆက် အရောင်းဆိုင် ပိုင်ရှင်တဦးက ရှင်းပြသည်။

ထို့အပြင် အဆိုပါ ဖုန်းကတ်ကို GSM ဖုန်း ဟန်းဆက်ဖြင့် အသုံးပြု၍ မရဘဲ ဈေးကြီးသော CDMA ဖုန်း ဟန်းဆက် ထပ်မံ ၀ယ်ယူအသုံးပြု ရခြင်း ကြောင့် ၀ယ်ယူသုံးစွဲသူ လျော့နည်းရခြင်းဖြစ်သည်ဟု သူကဆိုသည်။ ထို ဖုန်း ကတ်များကို ၀ယ်ယူသုံးစွဲမည်ဆိုပါက ဖုန်းကတ်နှင့် ဖုန်းဟန်းဆက် အတွက် ကုန်ကျစရိတ် စုစုပေါင်း ကျပ် ၂ သိန်းနီးပါး ကုန်ကျမည်ဖြစ်သည့်အတွက် လူကြိုက်နည်းခြင်းဖြစ်သည်။

“FEC ၁၀ တန် နဲ့ ၂၀ တန် တခါသုံး ဖုန်းကတ်တွေ စထွက်တုန်းကဆို ကတ်လိုချင်လို့ လာတန်းစီတဲ့လူ တနေ့ တနေ့ ထောင်ချီရှိတယ်။ အခု ကမ်းရိုးတန်းဖုန်းကတ်က သိပ်မရောင်းရဘူး။ လာမေးတဲ့ သူတောင် မရှိဘူး။ သူ့ဟန်းဆက်က အနည်းဆုံး ကျပ် ၁ သိန်းကျော်မှာရှိတယ်” ဟု ရန်ကုန်၊ ယုဇန ပလာဇာမှ မိုဘိုင်းဖုန်း ဟန်းဆက် အရောင်းဆိုင်ကြီးတခု၏ မန်နေဂျာတဦးက ပြောသည်။

ဈေးကွက်တွင် တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံလုပ် CDMA ဖုန်းဟန်းဆက်များသာ ၀င်ရောက်နေပြီး ဈေးနှုန်း အချိုသာဆုံးဟု ဆိုနိုင်သည့် ကိုးရီးယားနိုင်ငံလုပ် LG အမှတ်တံဆိပ် CDMA ဖုန်းဟန်းဆက် တခုလျှင် ကျပ် ၁ သိန်း ၁ သောင်း၊ တရုတ်နိုင်ငံလုပ် Hisense အမှတ်တံဆိပ် CDMA ဖုန်းဟန်းဆက်မှာ ကျပ် ၁၂၅၀၀၀၊ တရုတ်နိုင်ငံလုပ် ZTE တံဆိပ် ဖုန်းဟန်းဆက်တခုလျှင် ကျပ် ၁၄၀၀၀၀၊ တရုတ် General တံဆိပ် ဖုန်း ဟန်းဆက် တခု ၁၆၀၀၀၀ ကျပ် နှင့် ကိုရီးယား Fortune တံဆိပ် ဖုန်းဟန်းဆက်မှာ ၁၅၀၀၀၀ ကျပ် ဈေးနှုန်း ရှိသည်ဟု သိရှိရသည်။

တခါသုံး ဂျီအက်စ်အမ်ဖုန်းကတ်များ ထုတ်လုပ်ပြီးနောက် တခါသုံး CDMA ဖုန်းကတ်များ ထပ်မံထုတ်လုပ် ရောင်းချခြင်းမှာ GSM ကွန်ယက်မရှိဘဲ CDMA ကွန်ယက်သာရှိသော နယ်မြို့များတွင်သုံးစွဲ နိုင်စေရန် အတွက်ဖြစ်သည်ဟု စင်ထရယ်မားကက်တင်း၏ အထွေထွေမန်နေဂျာ ဦးစိုင်းခင်မောင်အေးက ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ပြောဆိုထားသည်။

ယခု ထုတ်လုပ်ရောင်းချလျှက်ရှိသည့် တခါသုံးဖုန်းကတ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဦးတေဇပိုင် စင်ထရယ်မားကက်တင်း ကုမ္ပဏီတို့က ဖြန့်ချိရောင်းချနေခြင်းဖြစ်သည်။

“တခါသုံး GSM ဖုန်းကတ်တွေက စီးပွားရေးအရ အရမ်းအောင်မြင်တယ်။ ထူး ကုမ္ပဏီက အမြတ် အများကြီး ရတယ်။ ဒီတော့ FEC ၅၀ တန်ဆိုပြီး ဖြန့်ချိတာ။ လူတွေကို စေတနာရှိလို့ မဟုတ်ဘူး။ မြန်မာ ပြည်သူတွေ အပေါ် စေတနာတကယ်ရှိရင် ထိုင်းတို့၊ မလေးတို့လို တခါသုံး မဟုတ်ဘဲ အမြဲသုံးလို့ရတဲ့ ဈေးပေါတဲ့ SIM ကတ်နဲ့ Prepaid ဖုန်းကတ်တွေ ထုတ်ရောင်းပေးသင့်တယ်” ဟု ရန်ကုန်မြို့နေ နာမည်ကြီး စီးပွားရေး လုပ်ငန်း ရှင်တဦးက သုံးသပ်သည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ရောင်းချသော FEC ၂၀ တန် တခါသုံး GSM ဖုန်းကတ်မှာ ယခုအချိန်အထိ ကတ်အရေအတွက် ၃ သိန်းခွဲကျော် ရောင်းချပြီးဖြစ်သည်ဟု သိရသည်။

“၂၀၀၈ နှစ်ကုန်ကနေ အခု ၂၀၀၉ ဇွန်လအထိ ခြောက်လအတွင်း ဖုန်းကတ်ရောင်းတာကနေ ဦးတေဇ ကုမ္ပဏီက FEC ၇ သန်းရနေပြီ ဆိုတာ သူတို့ ထုတ်ပြန်တဲ့အချက်အလက်တွေပေါ်မူတည်ပြီး တွက်ချက်လို့ ရတယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်မယ်ဆိုရင် ဗိုလ်ချုပ်တွေကို ပိုင်လေ စီးပွားရေး အမြတ်ထွက်လေဆိုတာ ဦးတေဇက သက်သေပြနေတယ်” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဦးတေဇနှင့် ပူးပေါင်းပြီး တခါသုံးဖုန်းကတ်များ ထုတ်ရောင်းနေသကဲ့သို့ တခြားတဘက်တွင်လည်း ငွေကျပ် ၁၅ သိန်းသွင်းပြီး အသုံးပြုနိုင်သော GSM၊ WCDMA အပါအ၀င် အမြဲသုံး ဖုန်း SIM ကတ်များ ဆက်လက်ထုတ်ပေးလျှက် ရှိသည်။

ယခုအခါ ဈေးကွက်အတွင်း၌ ၀၉၉၉ နံပါတ်နှင့်စသည့် ဆယ်လူလာ ဖုန်းတလုံးလျှင် ကျပ် ၈ သိန်းနှင့် ၉ သိန်းကြား၊ ၀၉၈၀ နံပါတ်နှင့်စသော ရိုးရိုး CDMA ဖုန်းတလုံးလျှင် ၁၂ သိန်းခွဲ၊ ၀၉၅၀ နံပါတ်နှင့်စသော GSM ဖုန်းတလုံးလျှင် ကျပ် ၁၅ သိန်း ၅ သောင်း ဈေးနှုန်းရှိနေပြီး အဆိုပါဈေးနှုန်းများမှာ ခေါ်ဈေးသာဖြစ်ပြီး ပြင်ပ ဈေးကွက်၌ အရောင်းအ၀ယ်နည်းပါးကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ၀၉၈၇၊ ၀၉၈၆၊ ၀၉၈၅၊ ၀၉၆၈ နံပါတ်နှင့် စသော CDMA 450 MHZ ဖုန်းများကို စစ်အစိုးရက ၂၀၀၈ ခုနှစ်၊ မတ်လတွင် စတင် အသုံးပြုခွင့်ပေးခဲ့ပြီး အဆိုပါ ဖုန်းတလုံးလျှင် အစိုးရထုတ်ဈေး ကျပ် ၁၅ သိန်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချခဲ့သည်။

CDMA ဖုန်းများကို ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရခိုင်၊ မွန်၊ ကချင် စသည့် ပြည်နယ်နှင့် တိုင်း ၉ ခုတွင်အသုံးပြုနိုင်ပြီး တနိုင်ငံလုံး အတိုင်း အတာဖြင့် CDMA ဖုန်းအရေအတွက် ၁၁၉၃၀၀ ချထားပေးပြီး ဖြစ်ကာ မကြာမီ ၎င်းဖုန်းလိုင်း ၁၉၄၀၀ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင်ထုတ်ပြန် ထားသည်။

စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မြန်မာပြည်သွား
Monday, 08 June 2009 19:45 ကိုထွေး
E-mail Print
စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာဂိုဂျုတ်တောင်၏ မြန်မာပြည် လေးရက်ခရီးစဉ်ကို ယနေ့စတင် လိုက်သည်။

မစ္စတာ ဂိုဂျုတ်တောင်သည် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအပေါ် အာဆီယံ၏ သဘောထားနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် တွေဆုံဆွေးနွေးမည် ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရ သည်။

ယခုခရီးစဉ်သည် မတ်လ ၁၇ ရက်နေ့မှ ၁၈ရက်နေ့အထိ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန် စင်ကာပူသို့သွား ရောက်စဉ် ဖိတ်ကြားခဲ့ခြင်းကြောင့် လာရောက်ခြင်းဖြစ်သည်။

မစ္စတာဂိုဂျုတ်တောင်နှင့်အတူ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဂန်ကီယောင်၊ စင်ကာပူအစိုးရပါလီမန် ဥက္ကဌ (နိုင်ငံခြား ရေးနှင့် ကာကွယ်ရေးဌာန) မိုက်ကယ်ပန်မာနှင့် အခြား ထိပ်တန်းအရာရှိ များလည်းလိုက်ပါမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မစ္စတာ ဂိုဂျုတ်တောင်သည် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်လည်းတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

မစ္စတာဂိုဂျုတ်တောင်၏ခရီးစဉ်သည် လက်ရှိအာဆီယံဥက္ကဌထိုင်းနိုင်ငံက မေလ၁၉ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန်တောင်းဆိုခဲ့မှုကြောင့် မြန်မာနှင့် အာဆီယံ အကြား ဆက်ဆံရေး တင်းမာနေသည့် အချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

ယခု ဂိုဂျုတ်တောင်၏ ခရီးစဉ်သည် မြန်မာနိုင်ငံကို အာဆီယံက ထုတ်ပယ်လိုက်ပါက ၂ နှစ်နိုင်ငံ အကျိုးစီးပွား များ နစ်နာနိုင်သည့်အတွက် သွားရောက်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသူ ကိုဝင်းမင်းက ပြောသည်။

ကိုဝင်းမင်းက`ဖြစ်လေ့ရှိတာက အာဆီယံက စစ်အစိုးရအပေါ် ဖိအားပေးလာရင် စစ်အစိုးရအနေနဲ့ အာဆီ ယံက ထွက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်လေ့ရှိတယ်၊ အဲဒီလိုမျိုးအရင်ကဖြစ်ခဲ့ဖူးတယ်၊ ၀န်ကြီးချုပ်သိန်းစိန် ကိုယ်တိုင် အာဆီယံမှာ ထုတ်ပြောဖူးတယ်၊ အာဆီယံကနေထွက်သွားရင် တရုတ်ပြည်နဲ့ ပိုနီးစပ်သွားမှာလည်း အာဆီယံက စိုးတော့ နောက်ပြန်ဆုတ်လေ့ရှိတယ်၊ ဒီတခေါက်သူတို့ကို ဖိအားထပ်ပေးလို့ မြန်မာအနေနဲ့နုတ်ထွက်မယ်လို့ ပြော လာခဲ့မယ်ဆိုရင် အာဆီယံအတွက်မျက်နှာပျက်စရာပါ၊ အဲဒီလိုမဖြစ်ရအောင် ဂိုဂျုတ်တောင် သွားညှိနှိုင်း တယ်လို့ ထင်တာပဲ´ဟု ဧရာဝတီသို့ပြောသည်။

ဂိုဂျုတ်တောင်အနေဖြင့် ယင်းခရီးစဉ်တွင် တွံတေးမြိုနယ် ကရင်ချောင်းဆေးရုံ ဖွင့်ပွဲကို တက်ရောက်မည်ဖြစ် ကြောင်း၊ မြန်မာပြည်၏ ဖွံဖြိုးတိုးတက်မှုကို လေ့လာရန်အတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များသို့လည်း သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာပြည်အာဆီယံသိုဝင်ရောက်ခွင့်ရရှိခဲ့သော ၁၉၉၇ခုတွင် ဂိုဂျုတ်တောင်သည် စင်ကာပူနိုင်ငံ၏ ၀န်ကြီးချုပ် ဖြစ်ပြီး ၁၉၉၈ခုနှစ်ကမြန်မာပြည်သို့လာရောက်ခဲ့ဖူးသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ စင်ကာပူနိုင်ငံသည် ဆိုင်ကလုန်းနာဂစ်ဒဏ်ခံခဲ့ရသော မြန်မာပြည် ကို အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကူညီပေးခဲ့သည့် ပထမဦးဆုံးသောနိုင်ငံဖြစ်သကဲ့သို့ နောင်တွင်လည်းလူသား ချင်းစာနာသည့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅သန်း ကူညီပေးသွားရန်ကတိ ပေးထားကြောင်းသိရသည်။

နေပြည်တော်သွား လမ်းမကြီး အသုံးပြုလိုသူရှား
Monday, 08 June 2009 19:23 ဟိန်းဇော်
E-mail Print
ရန်ကုန်-နေပြည်တော် ၈ လမ်းသွား အမြန်လမ်းသည် ကျယ်ပြန့် ကောင်းမွန်သော်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်အများစုမှာ ထိခိုက်ချွတ်ယွင်းမှုများနှင့် ဆက်သွယ်ရေး ပြတ်တောက်သည့် အခက်အခဲများကြောင့် လမ်း အသုံး ပြုလိုသူ နည်းပါးနေကြောင်း ယာဉ်မောင်းများက ပြောသည်။

[ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် အနီးမှ ရန်ကုန်-နေပြည်တော် ၈ လမ်းသွား လမ်းမကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - flickr/clkr)]

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် အနီးမှ ရန်ကုန်-နေပြည်တော် ၈ လမ်းသွား လမ်းမကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - flickr/clkr)
အဆိုပါလမ်းကို အသုံးပြုရာတွင် အချိန်ကုန်သက်သာသော်လည်း ကွန်ကရိလမ်းဖြစ်၍ ကားတာယာများစား ကြောင်း၊ ကားစက်ချွတ်ယွင်းပါကလည်း ပြုပြင်ရန်ခက်ခဲကြောင်း၊ ထို့ကြောင့် လမ်းတလျှောက် ယာဉ်ပျက်စီးမှု မဖြစ်စေရန် အထူးဂရုစိုက်ရကြောင်း ရန်ကုန်-နေပြည်တော် ခရီးသည်တင် ယာဉ်မောင်းတဦး က ပြောပြသည်။

“လမ်းက မောင်းရတာ အချိန်ကုန်တော့ သက်သာတယ်၊ ဒါပေမယ့် ခဏခဏ ကားကိုပြန်ဆင်းကြည့်နေရတယ်၊ ကွန်ကရိလမ်းဆိုတော့ တာယာစားတယ်၊ ရေတိုင်ကီ ဆူလို့ ဖြည့်ဖို့ ရေလိုက်ရှာစရာတောင် မရှိဘူး”ဟု ရန်ကုန် မြို့ အောင်မင်္ဂလာအဝေးပြေးဂိတ်ရှိ ၎င်းယာဉ်မောင်း က ပြောသည်။

ယာဉ် နောက်လိုက်တစ်ဦးကလည်း“ကား ရန်ကုန်ကနေမောင်းရင် တာယာမှာ ပန်းအပြည့်ပါတယ်၊ ဟိုရောက်ရင် တာယာမှာ ပန်းမရှိသလောက်ပဲ၊ ကွန်ကရိလမ်းဆိုတော့ တာယာပူပြီးကွဲ များသွား မလားဆိုပြီး ဆင်းဆင်းကြည့် ရတာ၊ ကွဲရင် ဘီးအပိုပါရင်ပါ မပါရင် လေထိုးဆိုင်မရှိတော့ ညအိပ်တော့ပဲ”ဟု ပြောပြသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းသည် ပြီးခဲ့သည့် မတ်လအတွင်းက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်-မန္တလေး ၈ လမ်းသွားလမ်း၏ အပိုင်း(၁) ဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါလမ်းကို ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ မှတာဝန်ယူ ဖောက် လုပ်ခြင်းဖြစ်ပြီး လမ်းအရှည် မိုင် ၂၂၁ မိုင် တစ်ဖာလုံ ရှည်လျားပြီး ကွန်ကရိလမ်း အမျိုးအစားဖြစ်သည်။

“လမ်းစဖွင့်တော့ ပါရမီ ကဆွဲတဲ့ တော်ဝင်ကားနဲ့ လိုက်သွားဖူးတယ်၊ လမ်းမှာလည်း နားဖို့ ဆိုင်တောင် မရှိဘူး၊ ၂ ဆိုင်လောက်ပဲ၊ ပဲခူးရိုးမကိုဖြတ်ဖောက်ထားတော့ တောဆင်တွေကဆင်းဆင်း လာတယ်၊ လမ်းဖောက်တုန်းကဆို လမ်းဖောက်တဲ့စခန်းကလူတွေ အသက်အန္တရာယ်တောင်ဖြစ်တယ်”ဟု အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။

ဌာနဆိုင်ရာမှ ယာဉ်မောင်းဝန်ထမ်း တစ်ဦးကလည်း“လမ်းမဖွင့်မီ ကတည်းကသွားဖူးတာ၊ ကျနော်သွားတုန်းကဆို လမ်းကလည်း ဘာမှကို မတွေ့ ရတာ၊ ညမောင်းရင် ဆင်နဲ့ တိုးမှာစိုးရတာနဲ့ အစိုးရကားတွေပဲမောင်းတော့ ဗုံးများ ထောင်မလားဆိုပြီး ကြောက်ကြောက်နဲ့ မောင်းရတာ”ဟု ပြောသည်။

ထို့အပြင် ဆက်သွယ်ရေးအတွက် တယ်လီဖုန်းလိုင်းမရှိခြင်း၊ ဂျီအက်စ်အမ် လက်ကိုင်ဖုန်းဆိုပါက လိုင်းမမိခြင်း စသော အခက်အခဲများကြောင့် ပုဂ္ဂလိကလူစီးခရီးသည်တင် အမြန်ယာဉ်များပြေးဆွဲ ခြင်းမရှိဘဲ အိမ်စီးယာဉ်များ ၊ ဌာနဆိုင်ရာ ယာဉ်များ ၊ ဦးပိုင်လီမိတက်မှ ပြေးဆွဲနေသော “တော်ဝင်” ခရီးသည်တင် ယာဉ်နှင့်မဖြစ်မနေသွား လာရမည့် ယာဉ်များသာ သွားလာနေကြခြင်းဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးဂိတ်မှခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦး ကဆိုသည်။



ရန်ကုန် မှ နေပြည်တော်သို့ နေ့စဉ်ပြေးဆွဲလျက် ရှိသောယာဉ်အစီးရေမှာ ဦးပိုင်လီမိတက်မှပြေးဆွဲနေသော “တော်ဝင်”လိုင်းနှင့်ပုဂ္ဂလိက ယာဉ်လိုင်းမှ ယာဉ်များအပါအ၀င် နေ့စဉ် အစီး၂၀ ၀န်းကျင်ပြေးဆွဲနေပြီး တစ်ရက် လျှင် ခရီးသည် ရှစ်ရာ မှ တစ်ထောင် ၀န်းကျင် သွားလာနေကြပြီး အစိုးရရုံးပိတ်ရက်များတွင် ယာဉ်အစီးရေ ပိုများ ကြောင်း၊ ရန်ကုန်မှ နေပြည်တော်သို့ လမ်းဟောင်းမှ သွားပါက အချိန် ၇ နာရီ ကြာမြင့်ပြီး ယခု လမ်းသစ် မှာ ၄ နာရီသာ ကြာမြင့်သော်လည်း အဝေးပြေးယာဉ်လိုင်းများအနေဖြင့် လမ်းဟောင်းမှသာ မောင်းနှင်ကြကြောင်း အောင်မင်္ဂလာအဝေးပြေးဂိတ်ရှိ ရန်ကုန် - နေပြည်တော် ပြေးဆွဲနေသော ယာဉ်လိုင်း တာဝန်ခံ တစ်ဦး က ဧရာဝတီ သို့ ပြောသည်။

ရန်ကုန် - နေပြည်တော်လမ်းတွင် ယာဉ်ဖြတ်သန်းခကို အမှတ်(၃)လမ်းမ ဆုံမှ ဖြူး၊ ဖြူး မှ နေပြည်တော် ဟူ၍ နှစ်ကြိမ်ခွဲ ကောက်ခံနေပြီး ၁ တန် အောက်ယာဉ် ဆိုပါက ၂၅၀၀ ကျပ်၊ ၃ တန်အောက်ယာဉ် ၅၀၀၀ ကျပ်၊ ၅ တန် အောက် ယာဉ် ၇၅၀၀ ကျပ်၊ ၁၀ တန်အောက်ယာဉ် ၁၂၅၀၀ ကျပ် စီပေးဆောင်မောင်းနှင်နေရကြောင်း သိရ သည်။

ထိုလမ်းပိုင်း မဖွင့်မီက လူစီးခရီးသည်ယာဉ်များ ကိုသွားလာခွင့်မပြုဘဲ ဌာနဆိုင်ရာယာဉ်များသာ သွားလာခွင့်ပြု ခဲ့သည်။ လက်ရှိတွင် ခရီးသည်တင်အမြန်ယာဉ်များနှင့် ယာဉ်ငယ်များသာ သွားလာခွင့်ပြုထားပြီ လမ်းပျက်စီးမှု မဖြစ်စေရန် ကုန်တင်ယာဉ်များ သွားလာခွင့်မပြုကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကို၂၀၀၅ ခုနှစ်၊ အောက်တိုဘာလမှ စတင် ဖောက်လုပ်ခဲ့ ပြီး ၂၀၀၈ ခုနှစ် မတ်လတွင်အမှတ်(၃)လမ်းမကြီးမှ နေပြည်တော် စီလမ်းဆုံ အထိပြီးစီးကာ ယခုနှစ်မတ်လမှ ဖွင့်လှစ်နိုင်ခဲ့သည်။

ရန်ကုန်-မန္တလေး လမ်းမကြီးပြီးစီးပါက လမ်းတစ်လျှောက်တွင် Rest Camp နားနေစရာ သုံးခုသာထားရှိမည် ဖြစ်ကြောင်း၊ ၎င်း Rest Camp များကို ဖြူး၊နေပြည်တော်၊ မိထ္ထီလာမြို့ များတွင်ထားရှိမည်ဟု အစိုးရသတင်းစာ များတွင် ဖော်ပြပါရှိသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ကုန်တင်ယာဉ်များသွားလာခွင့်ပြုထားသော မိုင်ပေါင်း ၄၁၂ မိုင်ရှည်လျားသော ကတ္တရာလမ်းဖြစ်ခြင်း၊ လမ်း၏အမာခံရရှိနေမှု တို့ကြောင့် ကုန်တင်ယာဉ်များသွားလာရန်သင့်လျော်ပြီး မြို့ပေါင်း နှစ်ဆယ်ကျော်ဖြတ်သန်း မောင်းနှင်ရ၍ ယာဉ်ချွတ်ယွင်းမှုနည်းပါးကာ ကားရပ်နားရန်အဆင်ပြေချောမွေ့ ကြောင်း ကုန်တင်ယာဉ်မောင်းသူတစ်ဦး ကသုံးသပ်သည်။

ကုန်တင်ယာဉ်များ အဓိကထားပြေးဆွဲနေသည့် လမ်းဟောင်းတွင် အစိုးရအသိုင်း အဝန်းနှင့် နီးစပ်သော မက်စ် မြန်မာ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်း ၆ ခုမှ ကန်ထရိုက်ယူ၍လမ်းနှင့် တံတား အသုံပြုစရိတ်ကောက်ခံ လျက်ရှိနေသည်။

ယင်းလမ်းကို ၁၉၅၉ခုနှစ် ကတည်းကဖောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း နှစ်ပေါင်း ၄၀ နီးပါးကြာမြင့်ချိန်မှ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။



မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ
Kaowao

ဇွန် ၈၊ ၂၀၀၉။

ရေး(ဇွန်-၈)။ ။ ယခုရက်ပိုင်းအတွင်း အဆက်မပြတ်ရွာသွန်းမိုးနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လှေအချို့ နစ်မြုပ်ခြင်းနှင့် လူနေအိမ်အချို့ မွန်ပြည်နယ်အတွင်း ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက္ကမီမြို့မှ ရေလုပ်သား ၇ ယောက်လိုက်ပါသော ငါးဖမ်းစက်လှေတစ်စီး ဇွန်လ ၆ ရက်နေ့၌ လေပြင်းအရှိန်ကြောင့် ပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့ရာ ရေလုပ်သား ၃ ဦးမှာ ရေးမြို့နယ်တောင်ပိုင်း၊ ပင်လယ် ကမ်းခြေရွာတစ်ရွာဖြစ်သည့် သဲခုံရွာသို့ ယမန်နေ့တွင် အသက်မသေပဲ မျောပါရောက်ရှိလာ၍ ရွာသားများပြုစု စောင့်ရှောက်ထားကြသည်။ ကျန်ရေလုပ်သား ၄ ဦး၏ ကံကြမ္မာကို သတင်းအစအန မရရှိကြသေးပေ။

မုဒုံမြို့၊ တံခွန်တိုင်ကျေးရွာတွင်လည်း ဇွန်လ ၆ ရက်နေ့ လေပြင်းဒဏ်ကြောင့် လူနေအိမ် ၁၀ လုံးခန့် ပြိုကျပျက်စီး ခဲ့ကြောင်း ဒေသခံများ ပြောပြ၏။

အလားတူ ထိုရက်နေ့မတိုင်မီတစ်ရက်၌ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းရွာတွင်လည်း လေပြင်းဒဏ်ကြောင့် အိမ်၁၅ လုံးခန့်ပြိုကြခဲ့ကြောင်းလည်း ရွာသားများထံမှ သိရသည်။

အဆိုပါ လေပြင်းဒဏ်ကြောင့် အိမ်များပြိုကျခဲ့ရာတွင် လူအသေအပျောက်နှင့် ဒဏ်ရာရရှိခဲ့သည်ကို သတင်းမရရှိ ရသေးပေ။ အိုးအိမ်ပျက်စီးသွားခဲ့သည့် မိသားစုများကို သက်ဆိုင်ရာမှ အကူအညီတစ်တစ်ရာ မပေးအပ်ခဲ့ သော်လည်း နီးစပ်ရာ ဆွေမျိုးများက အကူအညီပေးကြသည်ဟု သိရသည်။

မြန်မာမိုးလေဝသဌာန၏ ယမန်နေ့ထုတ်ပြန်ချက်အရ မွန်၊ တနင်္သာရီကမ်းရိုးတန်းဒေသတို့တွင် လေပြင်းများ တစ်ခါတစ်ရံ တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ထားပါသည်။ သို့သော် ရက်အကန့်အသတ် မည်မျှတိုက်ခတ်နိုင်မည်ကို မခန့်မှန်းထားပေ။

ယမန်နေ့၏ မှတ်သားဖွယ်မိုးရေချိန်လက်မများမှာ သိမ်ဇရပ်မြို့ ၄.၆၊ သထုံမြို့ ၃.၄၆၊ ရေးမြို့ ၃.၁၉၊ မုဒုံ ၂.၉၉ မော်လမြိုင် ၂.၇၉ လက်မဖြစ်ပြီး နေရာကွက်၍မိုးကြီးနိုင်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖေါ်ပြပါရှိသည်။



တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု
Kaowao

ဇွန် ၈၊ ၂၀၀၉။

ထိုင်ဝမ်၌ အနှစ်(၂၀)ပြည့် တိန်အန်မင်အရေးအခင်း တွင်ကျဆုံးသူများအား ဆုတောင်းမေတ္တပို့သနေပုံ

ဇွန်လ (၄) ရက်နေ့သည် တရုတ်နိုင်ငံ တိန်အန်မင်
ရင်ပြင်၌ ဒီမိုကရေစီလှုပ်ရှားမှု ဖြိုခွဲခံခဲ့ရသည့် နေ့ဆိုးကြီး တနေ့ ဖြစ်သည်။ ဆန္ဒပြလှုပ်ရှားခဲ့ကြသောကျောင်းသား၊ ပြည်သူများကို စစ်တပ်ဖြင့် ရက်စက်စွာ နှိမ်နှင်းသတ် ဖြတ်ခဲ့သောနေ့ဖြစ်သည်။ ယင်းနေ့မကျရောက်ခင်
ဇွန်လ(၃) ရက်မှ စတင်ကာ တရုတ်အစိုးရမှ လုံခြုံရေး တင်းကြပ်မှုများ ပြုလုပ်ခဲ့သည်။ သတင်းမီဒီယာ ဝက်ဆိုက်များကိုလည်း ဇွန်လဆန်းကတည်းက
ကြိုတင်၍ ပိတ်ပင်ခဲ့သည်။

တိန်အန်မင်အရေးအခင်းအကြောင်းကို နိုင်ငံတကာသတင်းဝက်ဆိုက်များမှ ဖော်ပြမည်ကို စိုးရွံ့၍ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ Twitter, Flickr, YouTube, Yahoo, Bing, Live, Hotmail အစရှိသော ဝက်ဆိုက်များကိုပါ ပိတ်ဆို့ ထားခဲ့သည်။

၁၉၈၉ ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် ကျောင်းသားများ၊ အလုပ်သမားပြည်သူအများအပြားတို့ ဒီမိုကရေစီ ရရှိရေး အတွက် တိန်အန်မင်ရင်ပြင်၌ စုပေါင်းဆန္ဒပြနေစဉ် တရုတ်စစ်တပ်မှ တင့်ကားများဖြင့် လူထုကို အကြမ်းဖက် နှိမ်နှင်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီမှ လူ (၄၀၀) ခန့်သာသေဆုံးသည်ဟု ပြောဆိုခဲ့သော်လည်း ဘေဂျင်းရှိ အမေရိကန်သံရုံးကမူ လူ(၁၀၀၀)ကျော် သေဆုံးသည်ဟုပြောဆိုခဲ့သည်။ ယင်းလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ဆန္ဒပြ ခေါင်းဆောင် (၃၀) ခန့်ယနေ့တိုင် အကျဉ်းထောင်၌ ရှိနေဆဲပင်။

လွန်ခဲ့သောရက်သတ္တပါတ်အတွင်း အဆိုပါ တိန်အန်မင်ရင်ပြင်သို့ နိုင်ငံခြားသတင်းထောက် ဝင်ရောက်မှုကိုလည်း တားဆီးခဲ့သည်။ တရုတ်အစိုးရမှလည်းလှုပ်ရှားမှုအခြေအနေကို အစဉ်အဆက်မပြတ် စောင့်ကြည်းကြည့်နေပြီး အခြေအနေတူးခြားမှုရှိပါက သတင်းပေးပို့ရန် အောက်ခြေအဆင့်ထိညွှန်ကြားထားသည်။ လွန်ခဲ့သောနှစ် (၂၀)က ဆန္ဒပြမှုတွင် အဓိက ပါဝင်ခဲ့သော ပီကင်းတက္ကသိုလ်တွင် ယ္ခု တက်ရောက်နေသောကျောင်းသားများ၏ လှုပ်ရှားမှုကို အစဉ်မပြတ် ကြည့်ရှုနေသည်။ ဒီမိုကရေစီ လှုပ်ရှားမှုကို စစ်တပ်ဖြင့် ဖြိုခွင်းခဲ့သော ၁၉၈၈ ခုနှစ်မြန်မာနိုင်ငံအရေးအခင်းတွင် ရက်စက်မှုတူညီနေသော နှစ်နိုင်ငံအစိုးရသည် သူတော်ချင်းသတင်းလေလွေ့ ပေါင်းဖက်တွေ့နေသည်မှာ အဆန်းမဟုတ်ပေ။ တရုတ်ပြည်တွင် သတင်းအမှောင် သော်လည်း ထိုင်ဝမ်တွင်မူ တိန်အန်မင်အနှစ် ၂၀ ပြည့် အထိမ်းအမှတ်ဆုတောင်းပွဲများ အခမ်းအနားများ ပြုလုပ် ခဲ့ကြသည်။


ဂျွန်လမကုန်မီ အပစ်ရပ်များထံမှ တရားဝင်အဖြေရဖို့ ဗိုလ်ချုပ်ကြီးရဲမြင့် အပြင်းအထန်ကြိုးစား
တနင်္လာနေ့၊ 08 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
တရုပ်နယ်စပ်အပစ်ရပ်အဖွဲ့များနယ်ခြားစောင့်တပ်အသွင်ပြောင်းရန်လက်မခံနိုင်ကြောင်း မေလနှောင်းပိုင်းက အကြောင်း ပြန်ပြီးနောက်ပိုင်း အပစ်ရပ်ခေါင်းဆောင်များသဘောထားအား ထပ်မံကျောသပ်ဖြောင်းဖြရန် ဗိုလ်ချုပ်ကြီးရဲမြင့် နယ်လှည့် စည်းရုံး နေသည်ဟုဆိုသည်။

ယခုလ ၄ ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့ ကိုးကန့်မြို့တော် လောဝ်ကိုင်းသို့သွားပြီး ၅ ရက်နေ့ MNDAA ခေါင်းဆောင် ဦးဖှုန်ကြားရှင်း နှင့်တွေ့ဆုံခဲ့ကြောင်း၊ ၆ ရက်မှ ၇ ရက်နေ့အထိ UWSA ၀ ဒေသ ပန်ဆန်း၌ ညအိပ် ပြီး ၉ ရက်နေ့ NDAA – ESS မိုင်းလားသို့ရောက်ပြီး အထူးဒေသ ၄ ခေါင်းဆောင် ဦးစိုင်းလင်း နှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်းတရုပ် နယ်စပ် သတင်းရပ်ကွက် က ဆိုပါသည်။

“ပန်ဆန်းက ဘယ် ၀ ခေါင်းဆောင်ပိုင်းတွေ ဗိုလ်ချုပ်ရဲမြင့်ကို လက်ခံတွေ့ ဆုံတယ်၊ ဘာတွေပြောဆို ဆွေးနွေးတယ် ဆိုတာ မသိရပေမဲ့ ကိုးကန့်ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်ရဲမြင့်တွေ့တဲ့အချိန်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ပြောဆိုရာမှာ ဦးဖှုန်ကြားရှင်းက - ကျနော်တို့ အရင်အတိုင်းဘဲ ဆက်နေသွားရင်မကောင်းဘူးလား၊ ငြိမ်နေတဲ့ပျားအုံကို ဒုတ်နဲ့သွား ထိုးမိရင် ပျားထပြီး အခန့်မသင့်ရင် တုတ်တတ်တယ် - လို့ပြန်ပြောတော့ ဗိုလ်ချုပ်ရဲမြင့်ဒေါသ အရမ်းထွက် သွားတယ်ပြောတယ်” - ဟု အပစ်ရပ် ခေါင်းဆောင်များနှင့် ၀င်ဆန့်သည့် လားရှိုး ကုန်သည်တဦးက ဆိုသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်အတွက် မိုင်းလားအဖွဲ့က ဒေသခံလူထု နှင့် NDAA တပ်ဖွဲ့ဝင်အားလုံးထံမှ သဘော ထားကို ဂျွန်လ ၂ - ၆ ရက်နေ့အထိ ကောက်ယူရာ ၉၅ % က လက်မခံနိုင်ကြောင်းအဖြေထွက်သဖြင့် ဗိုလ်ချုပ်ရဲမြင့် နှင့် မိုင်းလား အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း တို့ တွေ့ဆုံလျှင်လည်း ၀ ၊ ကိုးကန့်တို့ နည်းတူ အဖြေပေးရန်အလားအလာများ ကြောင်း မိုင်းလားခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် တာချီလိတ်သားတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

“နအဖ ဖိအားပေးပြီးနောက်ပိုင်း ဗိုလ်ချုပ်ရဲမြင့်နဲ့ မိုင်းလားအဖွဲ့ဥက္ကဌ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်တယ်၊ အရင်တုန်းက တော့ ဒုဥက္ကဌတွေနဲ့ဘဲတွေ့တယ်၊ လူထုသဘော ထားအရ မိုင်းလားအဖွဲ့လည်း ၀ တို့ကိုးကန့်တို့နည်းတူ ဆက်လက် ဘူးခံဖွယ်ရှိတယ်” - ဟု ဆို၏။

အပစ်ရပ်အဖွဲ့များအား တပ်အသွင်ပြောင်းရေးအတွက် ဂျွန်လနောက်ဆုံးထား၍ လက်ခံမခံတရားဝင်အဖြေပေးရမည်၊ လူသူ လက်နက်အင်အားစာရင်း ပေးပို့ရမည်ဟု စစ်အစိုးရက သတိပေးထားသောကြောင့်၊ နအဖ ၏ အလိုကို မလိုက်လျောနိုင် သည့် UWSA ကဲ့သို့ အဖွဲ့အစည်းများက စစ်အစိုးရနှင့်အပြိုင်စစ်ရေးပြင်ဆင် လက်နက်အင်အားဖြည့်နေကြောင်း၊ ဆက်ဆံ ရေးပိုမိုတင်းမာလျက်ရှိကြောင်း သိရပါသည်။




ဝ တောင်ပိုင်းဒေသ ၀န်ထမ်းများ စစ်ရေးအသင့်ပြင်ရန် မြန်မာတပ်များ ညွန်ကြား

ဇော်ကြီး။
ဇွန်လ ၈ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းတုန်မြို့နယ် နားကောင်းမူးကျေးရွာရှိ အစိုးရ၀န်ထမ်းများအား ဒေသခံတပ်က စစ်ရေး အ ရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန် ညွန်ကြားထားသဖြင့် တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေ ကြသည်။

မြန်မာစစ်အစိုးရက ၀ လက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ကမ်းလှမ်းထားသည့် ကိစ္စနှင့် ပတ်သက်၍ ညှိနိုင်းမှု အဆင်မပြေပါက တိုက်ပွဲများ ဖြစ်ပေါ် လာနိုင်သဖြင့် ကတုတ်ကျင်းများတူးထားကြရန် အ ရပ်သား ၀န်ထမ်းများအား ပြောသည် ဟု ဒေသခံရွာသားတဦးက ယခုလိုပြောသည်။

“အခုဒီရက်ပိုင်းအတွင်းမှာ ရှုပ်ဖို့များတယ်။ ၀န်ထမ်းအချင်းချင်းဆိုတော့ တိုးတိုးတိတ်တိတ် ပြောပြတာ ပေါ့နော်။ ဗုံးကျင်းတွေတူးထားလို့ပြောတယ်။ စစ်သားတွေက သူတို့ကိုပြော ပြတာပေါ့နော်။ တကယ် လို့ ၀ တွေက လျော့ရင်လျော့ မလျော့ရင်တွယ်မယ်ပေါ့။ နောက်ဆုံးတကြိမ် ထပ်ညှိမယ်။ ညှိလို့မရရင် တွယ်မယ်ပေါ့။”

စစ်အစိုးရတပ်နှင့် တောင်ပိုင်း ၀ တပ်များ ညှိနိုင်းမှု အဆင်မပြေလျှင် တိုက်ပွဲများဖြစ်ပေါ် လာမည်ကို ဒေသခံရွာ သားများအနေနှင့် စိုးရိမ်နေကြပြီး ပြောင်းရွှေ့နေထိုင်သူအချို့ ရှိသည်ဟု ၎င်းက ယခုလို ဆက်ပြောသည်။

“အခုရွာသားတွေက တချို့ချမ်းသာတဲ့သူ၊ တတ်နိုင်တဲ့သူတွေက တခြားနေရာပြောင်းကြ တာပေါ့။ တာချီလိတ်သွားနေတဲ့သူ ကနေပေါ့။ တချို့ကျတော့ ယိုးဒယားထဲ ၀င်တဲ့သူက၀င်ပေါ့နော်။ တချို့တွေ ကျတော့ ဆန်တွေဝယ်ထားကြတာလည်းရှိတယ်။”

စစ်အစိုးရတပ်မှ အရပ်သားဝန်ထမ်းများအား တပ်လှန့်ထားသည်ကို ကြားသိရကြောင်း ရှမ်းသံတော်ဆင့် သတင်း စဉ် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။

“နားကောင်းမူးတို့ ပုံပါကျင်တို့မှာ ပြောတာဆိုတာရှိတယ်တဲ့ သတိဝိရိယနဲ့ နေကြဖို့ပေါ့။ သတင်းတွေ ဘာတွေ ထူးခြားလို့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့်။ ဒါမှမဟုတ် ကိုယ့်မိသားစု၊ ကိုယ့်စည်းစိမ် ဥစ္စာ စိတ်ချလုံခြုံဖို့အတွက်ဆိုရင် ကိုယ့်ဟာကိုယ် ခြံထဲမှာ ဖြစ်ဖြစ်၊ အိမ်နီးနားမှာပဲဖြစ်ဖြစ် ကတုတ် ကျင်းတွေ ဘာတွေ တူးထားသင့်ရင်လည်း တူးထားကြဖို့ လိုတယ်ပေါ့။ မတူးမနေရ အိမ်တိုင်းတူးရမယ် ဆိုတဲ့ပုံစံတော့ မဟုတ်ဘူး။”

ထိုင်းမြန်မာနယ်စပ်ဂိတ် BP-1 ခေါ် နောင်အုတ်မှ တရက်ခရီးအကွာတွင်ရှိသော တာဆန်းတံတား၌ ရိုးရိုးသာမန် အရပ်သားကားများ ဖြတ်သန်းခွင့်ကို ယမန်နေ့ညနေမှစ၍ ပိတ်ထားလိုက်ပြီး စစ်ကားများသာ သွားလာခွင့်ရှိ သည်ဟု အဆိုပါ နားကောင်းမူး ဒေသခံက ယခုလို ဆက်ပြောသည်။

“ကျနော်သိတာတော့ တာဆန်းတံတားတော့ အရပ်သားကားတွေပေးမသွားဘူးပေါ့။ ပိတ်ထားတယ် ပေါ့။ စစ်ယာဉ်တန်းတွေ သွားဖို့ပေါ့ဗျာ။ ဒီရက်အတောအတွင်းပေါ့။”

တပ်မ (၅၅) လက်အောက်ခံတပ်ရင်း (၃) ရင်းသည် ယမန်နေ့က တာဆန်းတံတားတွင် ရောက်ရှိနေပြီး ၎င်းတို့ နှင့်အတူ မိုင်းဆတ်မှ အချုပ်သား ၅၀ ခန့်ပါလာသည်ဟု ဦးစိန်ကြည်က ပြောသည်။

“ထူးခြားတာ တစ်ခုက မနေ့က မိုင်းဆတ်က အချုပ်သားတွေထောင်သားတွေ လေးငါးဆယ်လောက် မိုင်း တုန်ဖက်ကို နားကောင်းမူး၊ ပုံပါကျင်ဖက်ကို ကားနဲ့တင်လာတယ်တဲ့။ နအဖတပ်က အဲတာ ရှေ့ တန်းအတွက် ချောထမ်းဖို့လား၊ ဘာလားတော့ မသိဘူးလို့ပြောနေကြတယ်။”

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့သည် ယခုလ ၄ ရက်နှင့် ၆ ရက်နေ့ များက ကိုးကန့်နှင့် ၀ ဒေသ များသို့ရောက်ရှိခဲ့ပြီး ယနေ့ မိုင်းလားသို့ ထွက်ခွာသွားသည်ဟု တရုတ်မြန်မာနယ် စပ် စစ်ရေးအကဲခတ်သူ ဦးအောင်ကျော်ဇောက ပြောသည်။

စင်ကာပူဝန်ကြီးချုပ်ဟောင်း မြန်မာနိုင်ငံခရီး စတင်
2009-06-08

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ဖမ်းဆီးတရားစွဲဆိုနေတဲ့အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်ချိန်မှာပဲ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချုပ်တောင်ဟာ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ဇွန်လ၈ရက်မှာ မြန်မာပြည်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ် ။

(Photo: AFP)

အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ) အစည်းအဝေးတခုတွင် အာဆီယံ၏ အလံ (ယာအစွန်) နှင့် အဖွဲ့ဝင် နိုင်ငံများး၏ အလံကို စိုက်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)

ပြီးခဲ့တဲ့ မတ်လက စင်ကာပူနိုင်ငံကို သွားရောက် လည်ပတ်ခဲ့တဲ့ မြန်မာစစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ မစ္စတာ ဂိုချုပ်တောင်ဟာ မြန်မာပြည်ကို ဇွန်လ၈ရက်ကနေ ၁၁ရက်နေ့ထိ ၄ရက်ကြာ နေထိုင်လည်ပတ်မယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ် ။

မစ္စတာ ဂိုချုပ်တောင်ရဲ့ ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဘာတွေများ ပြောဆိုဆွေးနွေးဖို့ ရှိသလဲ ဆိုတဲ့အကြောင်းကိုတော့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Den.nyon Chee က RFA ကို ပြောဆိုတာက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ မြန်မာပြည်ကို သွားတာ ဖြစ်ပြီး ဒီကနေ့ နေ့လည် ၁၁နာရီလောက်မှာ ရန်ကုန်ကို ရောက်မဲ့အကြောင်း မနက်ဖြန်အင်္ဂါနေ့မှာ နေပြည်တော်ကို သွားပြီး မြန်မာဝန်ကြီးချုပ် အပြင် ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ပါ တွေ့ဆုံဖို့ရှိကြောင်း ၊ မြန်မာနိုင်ငံကို ရောက်တုန်း ရောက်ခိုက်မှာ စင်ကာပူနိုင်ငံရဲ့ ကူညီထောက်ပံ့မှုအရ ရန်ကုန်-ကရင်ချောင်း အရပ်က ဆေးရုံကို တရားဝင် ဖွင့်လှစ်ပေးဖို့ ရှိကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုဖို့ ရှိမရှိ ဆိုတာကတော့ မသေချာဘူးလို့ ပြောဆိုသွားပါတယ်။

အခုလို စင်ကာပူ ဝန်ကြီးချုပ်ဟောင်းတဦးရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာ့အရေး ကူညီဆောင်ရွက်နေတဲ့ စင်ကာပူ လွှတ်တော်အမတ်တချို့က မြန်မာပြည်ကို အာဆီယံအဖွဲ့ကနေ ထုတ်ပစ်ရေး ဒါမှမဟုတ် အာဆီယံအဖွဲ့ဝင် အဖြစ်ကနေ ယာယီ ရပ်ဆိုင်းထားရေးဆိုတဲ့ တောင်းဆိုသံတွေ ပေါ်လာအပြီးမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာရတာပဲ ဖြစ်တယ်လို့ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေက ရှုမြင်ပါတယ်။ စင်ကာပူမှာ နေထိုင်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုဝင်းမြင့်က RFA ကို အခုလို ရှင်းပြပါတယ်။

ကိုဝင်းမြင့်။ ။ 'မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့၊ အဲဒီထဲမှာ က္ဆွန်တော်ထင်တယ် စင်ကာပူက တယောက်ပါတယ်၊ သူ့နာမည်က က္ဆွန်တော်ထင်တယ်၊ ချားချောင်လို့။ စင်ကာပူအမတ်တယောက်။ သူကဆိုရင် ဗမာအရေးနဲ့ ပတ်သက်ရင် အမြဲတမ်းပဲ ပြင်းပြင်းထန်ထန်နဲ့ အဲလိုမျိုး ပြောလေ့ရှိတယ်။ သူကဆိုလို့ရှိရင် ဗမာနိုင်ငံကို အာဆီယံအဖွဲ့ထဲကနေ ထုတ်ပစ်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ထားဖို့ ဆိုတဲ့သဘောမျိုးကို သူကနေ ပြောတာလည်း ကြားလိုက်မိတယ်ဗျ။ ဆိုတော့ သူကလည်း စင်ကာပူအမတ် ဖြစ်တဲ့အတွက် က္ဆွန်တော်ထင်တယ်၊ စင်ကာပူ အစိုးရရဲ့ တခုလုံးရဲ့ အာဘော်မဟုတ်တောင်မှ နောက်ကွယ်မှာ စင်ကာပူ အစိုးရရဲ့ သဘောထားက တစိတ်တပိုင်းတော့ ထင်ဟပ်နေမှာပဲလို့ ထင်တယ်လေ။'

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး တရားစွဲတဲ့ကိစ္စကို စိုးရိမ်ကြောင်း အာဆီယံအဖွဲ့ဥက္ကဋ္ဌ ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရကို အပြစ်တင်ခဲ့တာနဲ့ ပတ်သက်လို့ စင်ကာပူအစိုးရဟာ အာဆီယံနိုင်ငံတွေနဲ့ တသားတည်း ရှိကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လထဲမှာ ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ် ၊ ဒါပေမဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲက ထုတ်ပယ်တာဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်လာစေဖို့ သင့်တော်တဲ့ နည်းလမ်း မဟုတ်ဘူးလို့ စင်ကာပူအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ် ။

စစ်အစိုးရထိုးစစ်ကြောင့် ရွာသား ၆၅ဝဝ ထိုင်းနယ်မြေတွင်း ထွက်ပြေး
2009-06-08

KNU နယ်မြေတွင်း ဒီကနေ့ ဇွန်လ ၈ ရက်နေ့မှာ အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး၊ စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်တွေက KNU တပ်တွေ နေရာယူထားတဲ့ နေရာတွေကို ဝင်ရောက် တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။

(Photo: AFP)

တိုက်ခိုက်ရေး လက်နက်များကို ကိုင်ဆောင်ထားသော KNU ကရင်စစ်သည်များကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက်စခန်းတခုတွင် တွေ့မြင်ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီကနေ့ အခြေအနေတချို့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလှငွေက အခုလို ပြောပြပါတယ်။

ဗိုလ်မှူးစောလှငွေ။ ။ 'ဟုတ်ကဲ့၊ ဒီနေ့တော့လည်း ပစ်သေးတယ်၊ လက်နက်ကြီးတွေ ဘာတွေတော့ နောက်ထပ် နေ့လည်ပိုင်းလောက်မှာလည်း သုံးလေးလုံးလောက် ထုလိုက်သေးတယ်။ အနောက်ကနေ အရှေ့ဘက်ကို ကပ်လာတယ်၊ တိုးလာတယ်၊ ဒုက္ခသည် စခန်းကတော့ အားလုံးက ဒီဘက်ကို အကုန်လုံး ရောက်လာပြီလေ၊ ထိုင်းထဲမှာ ဝင်ရောက် ခိုလှုံပြီးတော့ နိုင်ငံတကာ NGO တွေရဲ့ စောင့်ရှောက်မှုအောက်မှာ အခု ရောက်နေပြီ။ ဒုက္ခသည်စခန်းထဲမှာတော့ အိမ်တွေပဲ ကျန်တော့တာပေါ့။'

အခု တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေကတော့ ထိုင်းနိုင်ငံဘက်က တပ်ခရိုင်၊ ထပ်ဆောင်ရမ်း ဒေသ နဲ့ မျက်နှာချင်းဆိုင်လောက်မှာ ရှိတဲ့အရပ်မှာ ဖြစ်ပွားနေတာပါ။ အရင်က ကရင်ပြည်နယ် အတွင်းပိုင်းတွေမှာ ထိုးစစ်တွေ ဆင်နွှဲနေရာကနေ အခုအခါ နယ်စပ်ဖက်ကို ထိုးစစ်တွေ ဆင်လာ တာဖြစ် တယ်လို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိ တိုက်ပွဲအတွင်းKNU ဘက်ကတော့ အခုအချိန်အထိ အကျအဆုံးမရှိပဲ ပြောက်ကျား စနစ်နဲ့ အဓိက ခုခံတိုက်ခိုက်နေတယ်လို့ KNU ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စောလှငွေ ကပြောပါတယ်။

ဗိုလ်မှူးစောလှငွေ။ ။ 'ဟုတ်တယ်၊ က္ဆွန်တော်တို့တော့ က္ဆွန်တော်တို့တပ်တွေ အဆင်သင့် ခုခံနိုင်အောင် လိုအပ်တာတွေ ပို့ပေးတယ်၊ အဲဒီမှာလည်း က္ဆွန်တော်တို့ ဟိုဟာတွေ ရှိတာပေါ့၊ သဘာဝအတားအဆီး အားကောင်းချက်တွေလည်း ရှိတယ်လေ။ လူနဲ့ တိုးလို့ မရနိုင်တဲ့ ခုခံပြင်ဆင်မှုတွေ က္ဆွန်တော်တို့ ချထားတာပေါ့။ အကျအဆုံး မရှိသေးဘူး၊ တယောက်တော့ ထိခိုက်တယ်၊ ဒါပေမဲ့ ဒဏ်ရာကတော့ ဒီလောက် အကြီးအကျယ်ကြီး မဟုတ်ပါဘူး၊ အဲဒီလောက်ပဲ ရှိသေးတယ်လေ၊ သူတို့ဖက်မှာကတော့လည်း ၄-၅-၆ယောက်၊ ၇ယောက်လောက် သေဆုံး ထိခိုက် ဒဏ်ရာရတာတော့ ရှိမယ်၊ ဒါပေမဲ့ အသေဘယ်လောက်၊ အကျ ဘယ်လောက်တော့ အတိအကျ ပြောလို့ မရသေးဘူးပေါ့။'

KNU ကရင် အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ ၇ ဒေသတွင်းရှိ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေ နေထိုင်နေတဲ့ လယ်ဘော်ဟဲ ဒုက္ခသည်ခစန်းအနီးကို ဇွန်လ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ စစ်အစိုးရတပ်တွေက လက်နှက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အတွက် ဒုက္ခသည် ၃ ထောင်ကျော်လောက် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။

KNU တပ်မဟာ ၇ နယ်မြေရဲ့ ယခင်တပ်မဟာမှူး ဗိုလ်ချုပ်ထိန်မောင်ဟာ စစ်အစိုးရနဲ့ ပူးပေါင်းသွားခဲ့ပေမဲ့ တပ်မဟာ ၇ နယ်မြေကို KNU က ဆက်လက် ထိန်းချုပ်ထားပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို KNU တပ်မဟာ ၇ နယ်မြေအတွင်း စစ်အစိုးရ တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေထဲတုန်းက ထိုင်းအစိုးရအကြီးအကဲတွေကနေ တဆင့် KNU နဲ့ အပစ်အခတ် ရပ်စဲရေးအတွက် တိုက်တွန်းပေးဖို့ မြန်မာစစ်အစိုးရတာဝန်ရှိသူတွေက တောင်းဆိုခဲ့တာတွေ ရှိခဲ့ပေမဲ့၊ တချိန်တည်းမှာပဲ အခုလိုထိုး စစ်ဆင်တိုက်ခိုက်မှုတွေဟာလည်း ဆက်တိုက် ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ (ကရင်ဗုဒ္ဓဘာသာ အဖွဲ့) တို့ ပူးပေါင်းစစ်ဆင်ရေးကြောင့် ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ်က ရွာသူရွာသားတွေ ထောင်နဲ့ချီပြီး ထိုင်းမြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာနေကြပါတယ်။ ဒုက္ခသည် ရွာသူရွာသားတွေကို ထိုင်းနိုင်ငံဘက်က လူသားချင်း စာနာကူညီမှုအရ ယာယီလက်ခံထားတယ်လို့ ကရင်ပြည်တွင်း ဌာနေစွန့်ခွာရသူများအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ စောစတိက RFA ကို ပြောပါတယ်။

စောစတိ။ ။ 'ခိုလှုံနေတဲ့ နေရာတွေကတော့ ကျောင်းအဟောင်းတွေ၊ ပြီးတော့ ဘုန်းကြီးကျောင်းတွေ အဲဒီလိုမျိုး ရွာသူရွာသားတွေရဲ့ အိမ်တွေမှာ အဲဒီလိုမျိုးပဲ ခိုလှုံနေကြတယ်။ က္ဆွန်တော် သိသလောက်ဆိုရင်တော့ သူတို့ လူသားချင်း စာနာထောက်ထားမှု အရကတော့ သူတို့ ဒီလူတွေကို ယာယီ ခိုလှုံခွင့် ပြုထားတယ်လို့ သိတယ်၊ ပြီးတော့လည်း ဒီအကူအညီ သွားပေးဖို့လေ၊ တချို့တလေ ဒီမှာ အစားအသောက်တို့လို၊ မိုးကာတို့လို၊ အိုးလေးတွေ၊ ခွက်လေးတွေ၊ ပန်းကန်လေးတွေ စသည်ဖြင့် အကူအညီ သွားပေးဖို့အတွက်ကိုလည်း သူတို့ လက်ရှိမှာ ခွင့်ပြုထားတယ်လို့ပဲ က္ဆွန်တော် နားလည်တယ်ခင်ဗျ။'

အခုနောက်ဆုံးအခြေအနေအရဆိုရင် ထိုင်းနိုင်ငံဘက်အခြမ်းကို ရောက်လာကြတဲ့ ဒုက္ခသည် ရွာသူရွာသား ဦးရေ သုံးထောင် ငါးရာကျော် ရှိသွားပြီလို့ ခန့်မှန်းထားပါတယ်။ လက်ရှိ ထိုးစစ်ဆင်နေတဲ့ နေရာဟာ ဒုက္ခသည် အများအပြား ခိုလုံနေတဲ့ စခန်းတခုနဲ့လည်း နီးကပ်နေပါတယ်။ ဇွန်လ မတိုင်ခင်ကလည်း စစ်ဆင်ရေးအတွက် ဒီကေဘီအေ အဖွဲ့ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းတာကို တိမ်းရှောင် ထွက်ပြေးလာတဲ့ ဒုက္ခသည် ရွာသူရွာသား အမြောက်အမြား ရှိခဲ့တယ်လို့ စောစတိက ပြောပါတယ်။

စောစတိ။ ။ 'က္ဆွန်တော်တို့ ရတဲ့ သတင်းအရဆိုရင် သူတို့ ဒီရွာတွေမှာ DKBA ဘက်နေပြီးတော့ တပ်သားသစ်တွေ စုဆောင်းတယ်၊ တပ်သားသစ်တွေ စုဆောင်းတဲ့အခါမှာ ရွာသူရွာသားတွေက DKBA တပ်ထဲကို မဝင်ချင်ဘူး။ အဲဒီအပေါ်မှာ သူတို့က ရွာကို စွန့်ခွာပြီးတော့ ထွက်ပြေးလာတယ်။ အဲဒီကနေ တဆင့်တဆင့်နဲ့ လယ်ပေါ်ဟောဆိုတဲ့ ဒုက္ခသည်စခန်းကို ရောက်ရှိလာကြတယ်။ ရောက်ပြီးတော့ နောက်ပိုင်းမှာလည်း နအဖဘက်ကလည်း ထိုးစစ်ဆင်တဲ့ ဥစ္စာနဲ့ တထပ်တည်း ဖြစ်လာတယ်။ အကြီးဆုံး တိုက်ခိုက်မှု ဖြစ်သွားတာကတော့ အဲဒီ လယ်ပေါ်ဟောဘေးနားက လွန်ခဲ့တဲ့ နှစ်ရက်တုန်းကတော့ တော်တော် ကြီးကြီးမားမား တိုက်ပွဲဖြစ်သွားတယ် ကြားတယ်။ မွန်းတည့်လောက်ကစပြီး လက်နက်ကြီးနဲ့ ပစ်တာက ညနေပိုင်း ၅နာရီ ၆နာရီလောက်အထိပဲ ဆက်တိုက် လက်နက်ကြီးတွေ ပစ်တယ်။ ပြီးတော့လည်း အဲဒီနေရာကို တက်ပြီး သိမ်းပိုက်နိုင်ဖို့အတွက် လူအင်အား နည်းနည်း ထိုးတယ်လို့ ကြားတယ်။ ဒါပေမဲ့၊ သူတို့ မအောင်မြင်ခဲ့ဘူးပေါ့နော်။

အခုလို အိုးအိမ်ပစ်ခွာ ထွက်ပြေးလာကြသူတွေထဲမှာ ကလေးသူငယ်တွေ အပါအဝင် ကျောင်းသူ ကျောင်းသားတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့ သိရပါတယ်။ ကရင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဒုက္ခသည်တွေဆီကို သွားရောက်ပြီး အကူအညီတွေ ပေးနေကြတယ်လို့ ဌာနေ စွန့်ခွာရသူများအဖွဲ့က တာဝန်ခံ စောစတိက ပြောပါတယ်။

နိုင်ငံတကာမှာ ရှိတဲ့ လူ့အခွင့်အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းက တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်နဲ့ ဒီကေဘီအေအဖွဲ့တို့က ပူးပေါင်းထိုးစစ်ဆင်နေတာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဝင်ရောက် ဖြေရှင်းပေးဖို့ ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။

TBBC ခေါ် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ဒါရိုက်တာ မစ္စ ဆယ်လီ ပေါမ်ဆင်ကို RFA မှ ဦးစံမိုးဝေ ဆက်သွယ် မေးမြန်းထားပါတယ်။

အပစ်ရပ်အဖွဲ့များ တပ်အသွင်ပြောင်း စည်းရုံးရေး အောင်မြင်မှုမရဖြစ်နေ
2009-06-08

ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကို တပ်အသွင်ပြောင်းရေးအတွက် ဇွန်လ ၄ရက်နေ့က စပြီး လိုက်စည်းရုံးရေး ဆင်းနေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ အဖွဲ့အနေနဲ့ အောင်မြင်မှုမရ ဖြစ်နေတယ်လို့ အပစ်ရပ်တိုင်းရင်းသား အဖွဲ့ သတင်းရပ်ကွက်အရ သိရပါတယ်။ ဇွန်လ ၄ရက်နေ့က ဗိုလ်ချုပ် ရဲမြင့်နဲ့ အဖွဲ့ဟာ ရှမ်းပြည် ကိုးကန့်အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဖုံကြားရှင်အပါအဝင် အဖွဲ့ဝင်၁၂ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။

(Photo: RFA)

KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅ဝဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)

ဒီအစည်းအဝေးကို စကားပြန်နဲ့ ပြုလုပ်ရတာဖြစ်ပြီး ကိုးကန့်အဖွဲ့က မူလရှိရင်းစွဲ တပ်ပုံစံအတိုင်း ဆက်ပြီး လုပ်ဆောင်သွားဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ် ရဲမြင့်က မိမိတို့ အဆိုပြုထားတဲ့ တပ်အသွင်ကူးပြောင်းရေးကို ဆောင်ရွက်မယ်ဆိုရင် နောင်တက်လာမဲ့ အစိုးရအနေနဲ့ အထူးကျေးဇူးတင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်ကို ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဖုံကြားရှင်က စကားပုံတခုကို ကိုးကားပြီး ပြန်ဖြေခဲ့တယ်လို့ သိရပါတယ်။ ဖုံကြားရှင်က ကျနော့သားကို ခွေ္ဆးမရဲ့ အခြေအနေကို မသိပဲ သူ့အိမ်ကို မထည့် ပေးလိုက်နိုင်ပါဘူးလို့ ပြန်လည် ဖြေကြားခဲ့တာကြောင့် ဗိုလ်ချုပ်ရဲမြင့် စိတ်တိုသွားရတယ်လို့ သတင်းရရှိပါတယ်။

အလားတူ ဗိုလ်ချုပ်ရဲမြင့်နဲ့ အဖွဲ့ဟာ ဇွန်လ ၇ရက်နေ့က ပန်ဆိုင်းမှာရှိတဲ့ UWSAဝအဖွဲ့နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဝအဖွဲ့အနေနဲ့ ဇွန်လ ၁၆ရက်နေ့ကထဲက မိမိအောက်ခြေတပ်မှူးများနဲ့ ဝပြည်သူတွေက စစ်အစိုးရရဲ့ အဆိုပြုချက်ကို လက်မခံကြောင်း ငြင်းဆိုခဲ့ပြီးဖြစ်တာကြောင့် ဗိုလ်ချုပ်ရဲမြင့်နဲ့ အဖွဲ့လာရောက်ပြီး ထပ်မံ စည်းရုံးရေးဆင်းတာ ဖြစ်ပါတယ်။ မနေ့က UWSAနဲ့ တွေ့ဆုံတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဘယ်လို ရလဒ်မျိုး ရသလဲ ဆိုတာတော့ မသိရသေးပါဘူး ဗိုလ်ချုပ်ရဲမြင့်နဲ့ အဖွဲ့ဟာ UWSAအဖွဲ့နဲ့ တွေ့ဆုံပြီးချိန်မှာ အပစ်ခတ်ရပ် နောက်အဖွဲ့တဖွဲ့ ဖြစ်တဲ့ မိုင်းလားအဖွဲ့နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အစိုးရရဲ့ အဆိုပြုချက်ကို အောက်ခြေပြည်သူတွေနဲ့ မိမိတပ်များရဲ့ သဘောထားကို ရယူပြီးမှ ဖြေပေးမယ်လို့ အကြောင်းပြန်ထားတဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ အနေနဲ့ မေလ ၃ဝရက်နေ့က ဌာနချုပ်လိုင်ဇာမှာ ပြည်သူများနဲ့ တွေ့ဆုံပြီး သဘောထား တောင်းခံရာမှာ ကချင်ပြည်သူအများစုနဲ့ KIO တပ်ဖွဲ့တွေက စစ်အစိုးရရဲ့ အဆိုပြုချက်ကို လက်မခံကြောင်း တင်ပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။




0 အကြံပြုခြင်း: