Thursday, June 18, 2009

ဇွန်လ၁၈ဒိုင်ယာရီ



ကရင်အမျိုးသားချင်း သွေးမစွန်းစေလို သဖြင့် KNU နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်
June 19, 2009 · Leave a Comment

၁၈ ဇွန် မဲဆောက်၊ ၊Freedom News Group

Myanmar’s Karen rebels to abandon stronghold
တိုက်ပွဲ များကြောင့် နယ်စပ်တွင် ကင်းလှည့် နေသည့် ထိုင်းနယ်ခြားစောင့်တပ်

တိုက်ပွဲ များကြောင့် နယ်စပ်တွင် ကင်းလှည့် နေသည့် ထိုင်းနယ်ခြားစောင့်တပ်

ယခု လဆန်းပိုင်းကတည်းက စတင်ခဲ့သော မြန်မာ စစ်တပ်၏ နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) တို့ မှ အပြင်းအထန် ထိုးစစ်ဆင်နေ မှုကြောင့် ၎င်း တို့ ၏ အခိုင်အမာ ခြေကုပ်စခန်းများကို စွန့် လွှတ်ခဲ့ရကြောင်း အမည် မဖေါ်လိုသော တခ် ခရိုင် အခြေစိုက် စစ်တပ် အရာရှိ တစ်ဦးကFreedom News Group သို့ ပြောသည်။

မြန်မာစစ်အစိုးရက လက်နက်ကြီးများဖြင့် ပစ်ကူ ပေး ပြီး ဒီကေဘီအေ တပ်သားအချို့ က ကရင်အမျိုးသား လွတ်မြောက်ရေးတပ် မတော် ၏ အခိုင်အမာ ခြေကုပ်စခန်းတစ်ခု ဖြစ်သည့် တပ်မဟာ ရ နယ်မြေရှိ အခြေခံစခန်း အချို့ ကို ယနေ့ မနက် တွင် စွ န့် လွှတ်ခဲ့ရသည်။

ကရင် အမျိုးသား အစည်းအရုံး၏ ဒု ဥက္ကဌ ဖြစ်သူ စော ဒေးဗစ်တာက ပေါက “တပ်မဟာ ၇ မှ တပ်စခန်း များကို စွန့် ခွာ နေပြီး ထိုသို့ စွန့် ခွာရ ခြင်း၏ အဓိက ရည်ရွယ် ချက် မှာ မိမိလူများ အထိအခိုက် အကျ အဆုံးမများစေလို ခြင်းနှင့် ကရင် အမျိုးသား အချင်းချင်း သတ်ဖြတ်မှု ကို ရှောင်ရှားလို၍ ဖြစ်သည် ဟု ပြောသည်။

ကရင် အမျိုးသားလွတ် မြောက်ရေး တပ်မတော် အနေဖြင့် ပြောက်ကျားနည်း ဖြင့် ပြန်လည် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

ကရင် အမျိုးသားလွတ် မြောက်ရေးတပ် မတော်သည် အရှေ့တောင် အာရှ တွင် သက်တမ်းအရှည်ဆုံး လူမျိုးစုလက်နက် ကိုင် အဖွဲ့ အစည်း တစ်ခုဖြစ်ပြီး၎င်း တို့ ၏ ကိုယ်ပိုင် ပြဌာန်းခွင့်များ အတွက် နှစ်ပေါင်း ၆၀ ကျော် ကြာ မြန်မာ အစိုးရ အဆက်ဆက် ကို တော်လှန် တိုက် ခိုက် နေသည့် အဖွဲ့ အစည်းတစ် ခုဖြစ်သည်။

ယနေ့ ထုတ် စစ်အစိုးရ အာဘော် မြန်မာ သတင်းစာများတွင် မူ ယခု ဖြစ်ပွာနေ သော စစ်ပွဲ များတွင်စစ်တပ် မှ ပါဝင် ပတ်သက်ခြင်းမရှိပဲ ဒီကေဘီ အေ နှင့် ကေအန်ယူ တို့ ၏တိုက်ပွဲ များသာ ဖြစ်စသည်ဟု ဆိုသည်။

ထိုစစ်ပွဲ များကြောင့် လှိုင်းဘွဲ့ နှင့် လပေါ်ဟဲ ပြည်တွင်း ဒုက္ခသည် စခန်းရှိ ကရင်လူမျိုးခြောက်ထောင်ခန့် ထိုင်းဘက် ခြမ်း ထာဆောင်ရမ်း နှင့် အခြား မြို့ နယ်များသို့ လာရောက် ခို လှုံရသော် လည်း စစ်အစိုးရ သတင်းစာများတွင် မူ KNLA မှ လက်နက် ကိုင်တပ်ဖွဲ့ များ ၏ ဆွေ မျိုးသားချင်းများ သာဖြစ်သည် ဟု ဖေါ်ပြထားသည်။

ထိုသို့ ကရင် လူမျိုးအများစု စစ်ဘေးကြောင့် ထွက်ပြေးလာရခြင်းသည် ဆယ်စု နှစ် တစ် ခုအတွင်းအများဆုံးဖြစ်သည် Free Burma Rangers အဖွဲ့ မှ အဖွဲ့ ဝင် တစ်ဦးက ပြောသည်။

တိုက်ပွဲ များအတွင်း နအဖ စစ်တပ် နှင့် ဒီကေ ဘီအေ ပူးပေါင်း အဖွဲ့ ဝင် ၁၈၀ ကျော် ထိခိုက် ဒဏ်
ရာရရှိပြီး ကရင် အမျိုးသား အစည်းအရုံးမှ၈ ဦးသာ ထိခိုက် ဒဏ်ရာရသည် ဟု သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေ သ အတွက် တာဝန်ခံရသည့် ထိုင်စစ်တပ် မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထနွန်
ဆပ် အပီယာ ကျိုထင် က “တခြားမလို လားအပ် တာတွေ မဖြစ် စေဖို့  KNLA တပ်သားတွေ သူ
တို့ ရဲ့  ဌာနချုပ် ကို စွန့် ခွာနေတယ် လို့  ထိုင်းရုပ်သံ လိုင်း အမှတ် ၅ ကို ပြောသည်။

ကရင် အမျိုးသား အစည်းအရုံး KNU သည် မြန်မာ စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးမယူဘဲ လက်
နက်ကိုင် တိုက်ခိုက် နေသော အဖွဲ့ အစည်း တစ်ခုဖြစ်သည်။


ရန်ကုန်၊ နာဂစ် ဒေသနှင့် ပဲခူး တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနေ
June 18, 2009 · Leave a Comment

၁၈ ဇွန် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း

DHF Breakout in Myanmar
ခြင်မှလူကို ကူးစက်သည့်သွေးလွန် တုပ်ကွေးရောဂါ

ခြင်မှလူကို ကူးစက်သည့်သွေးလွန် တုပ်ကွေးရောဂါ

ရန်ကုန် ဆင်ခြေဖုံးမြို့ နယ်များနှင့် ပဲခူးမြို့ ပေါ်ရပ်
ကွက် အချို့ တွင် ရာသီအလိုက်ဖြစ်တတ်သော သွေးလွန် တုပ်ကွေးရောဂါ များကလေးသူငယ် များတွင် ဖြစ်ပွားနေသည် ဟု သတင်းရရှိသည်။
မြောက်ဥက္ကလာရှိ ဆေးခန်းတစ်ခု တွင် နေမကောင်းသဖြင့် လာရောက်ပြသသော
ကလေးသူငယ်များ အနက် ထက်ဝက်ခန့် မှာ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားနေ သော ကလေး
များဖြစ်ကြောင်း ထိုဆေးခန်းမှ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ စိုးအောင် ကပြောသည်။

မိုးဦးကျကာလ တွင်ဖြစ်ပွားတတ်သော ကလေးငယ်များ ၏ သွေးလွန် တုပ်ကွေးရောဂါများမှ သတိရှိကြရန် ယနေ့ ထုတ်စစ်အစိုးရ အာဘော် သတင်းစာ များတွင် ဖေါ်ပြထားသော် လည်း ကျန်းမာရေးဝန်ကြီးဌာန လက် အောက်ရှိ ဆေးရုံများတွင် သွေးလွန် တုပ်ကွေးရောဂါ အပြင် ယခု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီးက ကပ်ရောဂါ အဖြစ် ကြေညာထားသော ၀က်တုပ်ကွေးရောဂါ အတွက် ပါ ပြုစုစောင့်ရှောက်ရန် နှင့် ဆေးဝါးကုသရန် အဆင်သင့် မဖြစ်သေး ဟု ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန် တစ်ယောက် ကပြောသည်။

သွေးလွန် တုပ်ကွေးရောဂါသည် မြို့ ပေါ်တွင် အဖြစ်များသောခြင်မှကူး စက်သည့် ရောဂါ တစ်မျိုးဖြစ်ပြီး ဆေးပညာဝေါဟာရ ဖြင့် ဒန်ဂေး ဟိုမိုဟေးဂျစ် ဖီဗာ (Dengue Haemorrhagic Fever )ဟုခေါ်သည်။

ယမန် နှစ်က ဆိုင်ကလုန်းမုန်တိုင်း နာဂစ် ၀င်ရောက် တိုက်ခတ်ခဲ့၍ လူတစ်သိန်းခွဲကျော် သေဆုံးခဲ့ရသည့် ဧရာဝတီ တိုင်းအတွင်းရှိ လပွတ္တာ မြို့ နယ်များအတွင်းရှိ ကျေးရွာများတွင် လည်း ကလေးငယ်များမှာ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း အစိုးရမဟုတ်သော ကျန်းမာရေးစောင့်ရှောင့် မှု ၀န်ဆောင်မှု ပေဒသည့် အဖွဲ့ အစည်းတစ်ခု မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ပဲခူး ဥဿာ မြို့ သစ်နှင့် ဒိုက်ဦးဘက် တွင် လည်းသွေး လွန် တုပ်ကွေးရောဂါ များဖြစ်ပွားနေပြီးထိုရေဂါဖြစ်ပွားသော ကလေးငယ်များ၏ သေပျောက်မှု သတင်းကို အသေးစိတ်မသိရှိရသေးချေ။

ရန်ကုန်တွင် သွေးလွန် တုပ်ကွေးရောဂါ နှင့် တုပ်ကွေးရောဂါ ဖြစ်ပွားရ ခြင်းမှာ ပိတ်ဆို့ နေသောရေမြောင်းများတွင် ပိုးလောက်လန်းများမှ ခြင်များ ပေါက်ဖွားမှုကြောင့် ဖြစ်သည်။

ဖားအံ ပြည်နယ် ဆေးရုံကြီးတွင်မူ သွေးလွန် တုပ်ကွေးဖြစ်ပွားသည့် ကလေးများ အတွက် ကုသရန်နေရာပင် မရှိတော့ပဲ ယခု လဆန်းပိုင်းကတည်းက ဖြစ်ပွားနေသည့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA နှင့် ဖြစ်ပွားနေ သော တိုက်ပွဲ များတွင် ဒဏ်ရာရ လာသည့် နအဖ စစ်တပ်မှ စစ်သားများနှင့် ဒီကေဘီအေ အဖွဲ့ ဝင်များကို သာကု သပေးနေရကြောင်း သတင်းရရှိသည်။


အမျိုးသားရင်ကြားစေ့ဖို့လိုကြောင်း တရုတ်ဝန်ကြီးချုပ် ပြောကြား
2009-06-18

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ဖို့ လိုလားပြီး ဒီအချက်ဟာ တိုင်းပြည်တိုးတက်ရေးအတွက် လိုအပ်ချက်လို့ တရုတ် ဝန်ကြီးချုပ် ဝမ်ဂျားဘောင် ပြောဆိုလိုက်တာကို တရုတ် အစိုးရ ရုပ်မြင်သံကြားမှာ ပြသွားပါတယ်။ တရုတ်ပြည်ကို အလည်အပတ် ရောက်နေတဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ တွေ့ဆုံစဉ်မှာ တရုတ်ဝန်ကြီးချုပ် ဝမ်ဂျားဘောင်က ခုလို ပြောဆိုခဲ့တာပါ။

နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီအင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။

ဒီသတင်းကို ဇွန်လ ၁၆ရက်နေ့ ညပိုင်းက ကိုယ်တိုင်ကြည့်လိုက်ရသူ တရုတ် မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ခုလို ပြောပါတယ်။

ဦးအောင်ကျော်ဇော။ ။ 'တရုတ်သမတနဲ့ ပြောမှုဆိုမှုကတော့ သိပ် ကြီးကြီးကျယ်ကျယ် မပါပါဘူး။ သူကလည်း ခပ်တိုတိုပဲ ပြောသွားတာတွေ ရှိတယ်။ က္ဆွန်တော် တွေ့တာတော့ တည်ငြိမ်ရေးနဲ့ အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ ဘာတို့ ဒီလောက်ပဲ ပြောသွားတာ။ ခါတိုင်းပြောနေကျ အလုံးတွေပါပဲ။ ဒါပေမဲ့ ဝမ်ဂျားဘောင် ပြောတဲ့အခါမှာ ဝန်ကြီးချုပ် ဝမ်ဂျားဘောင်နဲ့ ပြောရာမှာ တော်တော် တည်တည်ကြည်ကြည်နဲ့ ဝန်ကြီးချုပ် ပြောနေတာကို က္ဆွန်တော်တို့ တီဗီမှာ ဖန်သားမှာ မြင်ရတယ်။ ထူးထူးခြားခြားပေါ့နော်၊ ဝမ်ဂျားဘောင် ကိုယ်တိုင်က ပြောလာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပေါ့၊ national reconciliation ကိစ္စကို ပြောလာတယ်။ နောက်ပြီးတော့ သူပြောတဲ့ သဘောထားမှာ ဆက်ပြီးတော့ ဘာပါလာလဲ ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်မှသာလျှင်ပေါ့နော်၊ နိုင်ငံရေးအရ တိုင်းပြည်ဟာ တိုးတက်နိုင်တယ်ပေါ့။'

ဦးအောင်ကျော်ဇောပြောပြတာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်ပြည်ရဲ့ မူဝါဒရေးရာများ အပြောင်းအလဲ ဖြစ်နေနိုင်တယ်လို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

ဦးအောင်ကျော်ဇော။ ။ 'အဲဒီတော့ က္ဆွန်တော်တို့ အနေနဲ့ ပြောရရင်တော့ ဒီဟာက တည်ငြိမ်ရေးဆိုတဲ့ သဘောထားမှာတော့ အားလုံး သိကြတဲ့အတိုင်းပဲ၊ stability ဆိုတဲ့ စကားတခွန်းမှာ တရုတ်တွေ လုပ်တတ်တယ်။ တည်ငြိမ်ရေးဟာ အဓိက ဆိုတာ ဖမ်းဟယ်၊ ဆီးဟယ်၊ သတ်ဟယ်၊ ဖြတ်ဟယ်နဲ့ ငြိမ်သွားအောင် ချတဲ့နည်းပဲ ချက်ချင်း လက်ငင်း ဖြေရှင်းလိုက်တာပေါ့။ ဒါပေမဲ့၊ ဒါဟာ စစ်မှန်တဲ့ အမှန်တရားကို ဖြေရှင်းနည်း မဟုတ်ဖူး၊ စစ်မှန်တဲ့ သင့်မြတ်မှုကိုလည်း မရနိုင်ဘူးခင်ဗျ။ အဲဒီတော့ ဝမ်ကျားဘောင် ပြောတဲ့အထဲမှာတော့ ဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ သဘောထားမှာ ဆွေးနွေးညှိနှိုင်းရမယ်ဆိုတဲ့ သဘောမျိုးတွေ ပါလာတယ်။ ဒါ က္ဆွန်တော်တို့ အမြင်မှာတော့ အင်မတန် ကောင်းမွန်တဲ့၊ က္ဆွန်တော်တို့ ထင်ထားသလို ဖြစ်လာရင် အင်မတန် ကောင်းမွန်တဲ့ သင့်မြတ်မှုလို့ က္ဆွန်တော်တို့ ယူဆပါတယ်။'

ခုလို နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေ တကယ်တမ်းသာ ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံ အားကိုးနဲ့ ရမ်းချင်တိုင်းရမ်းလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ တရုတ်ပြည်ခရီးစဉ်မှာ နယ်စပ်ဒေသမှာရှိတဲ့ စစ်တိုင်းသုံးတိုင်းကို ကိုင်သူ ဒုတိယ ဗိုလ်ချုပ်ကြီး သာအေး ပါသွားတာကြောင့် ဒီကိစ္စဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များ တပ်အသွင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဆွေးနွေးဖို့ ဖြစ်နိုင်တယ်လို့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေက ယူဆကြပါတယ်။ တချို့ကလည်း တရုတ်ကို ပြပြီး မိမိတို့ကို ခြိမ်းခြောက်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားများ ပြည်တွင်းပြည်ပမှာ ကျင်းပ
2009-06-18

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အကြို လူငယ်အထူး စာဖတ်ဝိုင်းတခုကို အဖွဲ့ချုပ်ရုံးမှာ ဇွန်လ ၁၈ရက် ဒီကနေ့ ကျင်းပခဲ့ကြတဲ့အကြောင်း အခမ်းအနားပွဲကို တက်ရောက်ခဲ့တဲ့ NLD အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပြပါတယ်။

ဦးအုန်းကြိုင်။ ။ 'က္ဆွန်တော်တို့က အဲဒီ ဒေါ်စုမွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့လို့ သတ်မှတ်တယ်လေ။ အဲဒီနေ့အကြို လူငယ် အထူးစာဖတ်ဝိုင်းလုပ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံမှာ ထုတ်ဝေတဲ့ မာသာထရီဆာ စာအုပ်ကို ဆွေးနွေးတယ်။ အဲဒီအခမ်းအနားမှာပဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့အတွက် ဒီ တက်ရောက်လာသူများက ဆုတောင်း မေတ္တာ ပို့သတဲ့ အစီအစဉ်လည်း ပါတယ်။'

အခမ်းအနားကို ဖျာပုံနီလုံဦးက ဦးဆောင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်၊ ဒေါက်တာ သန်းငြိမ်း ၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့် ၊ ဦးအုန်းကြိုင် နဲ့ NLD အဖွဲ့ဝင် လူငယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို ကျင်းပဖို့ ပြင်ဆင်ထားပြီးပြီလို့လည်း သိရပါတယ်။

အလားတူ ဒေါ်အောင်ဆန်းကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားတခုကို ဒီကနေ့ ဇွန်လ ၁၈ရက် မနက်က သြစတြေးလျုနိုင်ငံ ဆစ်ဒနီမြို့မှာ ကျင်းပခဲ့ကြပါတယ်။ ဒီ အခမ်းအနားကို မြန်မာ့အရေး ဆောင်ရွက်နေတဲ့ New South Wale လွှတ်တော်အမတ်တွေနဲ့ ဖွဲ့ထားတဲ့ ACDB အဖွဲ့နဲ့ သြစတြေးလျ အခြေစိုက် မြန်မာ့ရေးရာရုံး (Burma Campaign Sydney) အဖွဲ့တို့ ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနား အခင်းအကျင်းနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချို က အခုလို ပြောပြပါတယ်။

ဒေါက်တာမြင့်ချို။ ။ 'ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပေးပို့လာတဲ့ အရပ်ရပ်က မွေးနေ့ ပို့စ်ကဒ် ၁၅ဝ ကျော်ကိုလည်းပဲ ခင်းကျင်းပြသထားပါတယ်။ ဒီအခမ်းအနားမှာ ACDB ဥက္ကဋ္ဌ New South Wale အထက်လွှတ်တော်အမတ် ဒေါက်တာ ဂ္ဆွန်ကိန်းကနေ အဖွင့်အမှာစကား ပြောကြားပေးပြီးတော့ အာဏာရ လေဘာပါတီအမတ် ပင်နီ ရှပ်ပ်ရယ်၊ အတိုက်အခံ လစ်ဘရယ်လ်ပါတီအမတ် ထရူး ဂါးဝပ်ဒ်ရယ်၊ ဂရင်းပါတီက လွှတ်တော်အမတ် လီး ရီနွန်ရယ်၊ လိုက်ကာစီတီကောင်စီ မြို့တော်ဝန် ဂျင်မီ ပါကာတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အသီးသီး အမှာစကား ပြောကြားပြီးတော့ မြန်မာ့နိုင်ငံရေးကိုလည်း ဆက်လက် အားပေး ထောက်ခံသွားမယ်ဆိုတဲ့အကြောင်း ကတိပြု ပြောကြားသွားခဲ့ပါတယ်။'

အခမ်းအနားပွဲမှာ မြန်မာလူမျိုးစုတွေ ကိုယ်စား မြန်မာအမျိုးသမီးတချို့က ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ဖော်ထုတ်ခဲ့ကြတယ်လို့လည်း ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒေါက်တာမြင့်ချို။ ။ 'က္ဆွန်တော်တို့ ဆစ်ဒနီအခြေစိုက် မြန်မာလူမျိုးစုတွေ ကိုယ်စား မြန်မာ အမျိုးသမီးနှစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သိခွင့်ရတဲ့ အကြောင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်အထိ တိုင်းသူပြည်သားတွေအတွက် အနစ်နာခံပြီး ကြိုးစားနေခဲ့တယ် ဆိုတာတွေကို သူတို့ ရင်ထဲက ခံစားချက်အပြည့်နဲ့ တက်ရောက်လာကြတဲ့ ဧည့်ပရိသတ် ၁ဝဝနီးပါးလောက်ကို ထုတ်ဖော် သွားပါတယ်။ ဒီထဲမှာ မြန်မာအမျိုးသမီးတဦးဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် စိတ်ထဲမှာ ခံစားရတယ်ဆိုတဲ့ အကြောင်းကို သီချင်းတပုဒ်ကိုပေါ့နော် သူကိုယ်တိုင် ပြင်ဆင် ဖွဲ့ဆိုပြီးတော့ ဆိုပြသွားတာ ပရိသတ်အားလုံးက ရင်ထဲမှာ စွဲသွားပါတယ်။ ဒါပြီးသွားတဲ့အခါမှာ မြန်မာအမျိုးသမီးငယ်လေး တဦးကနေ သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကြည့်ပြီးတော့ သူ့ရင်ထဲမှာ ခံစားခဲ့ရတဲ့ ခံစားချက်တွေကို ကဗျာတပုဒ် အင်္ဂလိပ်လို ရေးဖွဲ့ပြီးတော့ ဖတ်ပြသွားတာကိုလည်း က္ဆွန်တော်တို့ ခံစားလိုက်ရပါတယ်။'

သြစတြေးလျ လက်ရှိ အာဏာရ လေဘာပါတီနဲ့ အတိုက်အခံပါတီတွေက လွှတ်တော်အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းတွေကို ချီးကျူးပြောကြားတဲ့အပြင် ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားထိန်းသိမ်းထားတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့အတွက် စစ်အစိုးရကို ဖိအားပေး တောင်းဆိုဖို့ သြစတြေးလျ အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းသွားမဲ့အကြောင်း လွှတ်တော်အမတ်တွေက ပြောဆိုခဲ့တယ်လို့ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒီကနေ့ နေ့လည်မှာပဲ သြစတြေးလျနိုင်ငံရဲ့ ဘုရင်ခံချုပ်က မြန်မာလူမျိုးစု အသီးသီးရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး ဘုရင်ခံချုပ် ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒေါက်တာမြင့်ချိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်ကို ဘုရင်ခံချုပ်ကို အစီရင်ခံ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ဒေါက်တာမြင့်ချို။ ။ 'အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စကို က္ဆွန်တော် ပြောပြတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ Free အောင်ဆန်းစုကြည်၊ Free Burma ပါတဲ့ ရင်ထိုးတံဆိပ်ကို လက်ဆောင်ပေးတယ်။ ပြီးတော့ ဘုရင်ခံချုပ်က သူကိုယ်တိုင်ပဲ ချက်ချင်း ဒီရင်ထိုးကို လက်ခံပြီးတော့ သူ့ရင်ဘတ်မှာ ချိတ်ဆွဲပြီးတော့ ဧည့်သည်တွေ အကုန်လုံးနဲ့ တနာရီကျော်ကျော် သူဆက်ပြီးတော့ စကားပြောနေတာကို တွေ့ရပါတယ်။ ဒေါ်စုကိစ္စကိုလည်း သူစိတ်ပူတဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဒေါ်စု လွတ်မြောက်ရေးကိုလည်း ကြိုးစားပေးမယ်ဆိုတဲ့အကြောင်းကို သူ ပြောဆိုသွားပါတယ် ခင်ဗျ။'

သြစတြေးလျ ဘုရင်ခံချုပ် ရဲ့ တွေ့ဆုံပွဲကို သြစတြေးလျ နိုင်ငံမှာ ရှိတဲ့ လူမျိုးစုပေါင်း တရာကျော်ရဲ့ ကိုယ်စားလှယ်တွေ ဖိတ်ကြားခံခဲ့ရပြီး ဒေါက်တာမြင့်ချိုနဲ့တကွ ကရင်လူမျိုးစုနဲ့ ချင်းလူမျိုးစုတွေထဲက တဦးစီ တက်ရောက်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။

နော်ဝေ ဝန်ကြီးချုပ်ဟောင်းနှင့် မြန်မာ့နိုင်ငံရေး ဆက်သွယ်မေးမြန်းချက်
2009-06-18

နော်ဝေးဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှဲ မွန်နာ့ ဗွန်ဒါဗစ်ဟာ နော်ဝေး ဝန်ကြီးချုပ်အဖြစ် ၂ ကြိမ် ရွေးကောက် တင်မြောက်ခံရသူ ဖြစ်ပြီး လက်ရှိ လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ Oslo Center လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဗဟို အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

မစ္စတာ ဗွန်ဒါဗစ်ဟာ အော်စလိုစင်တာ စတင်ထူထောင်ပြီး ၃ နှစ်တာ ကာလအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးနဲ့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကမႝာ့ခေါင်းဆောင်တွေနဲ့ ရှေ့တန်းက ဦးဆောင်တောင်းဆို လှုပ်ရှားနေသူ ဖြစ်ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မစ္စတာ ဗွန်ဒါဗစ်ကို RFAက ကိုကျော်မင်းထွန်းက မကြာခင် နာရီပိုင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

RFA ။ ။ နော်ဝေး ဝန်ကြီးချုပ်ဟောင်းတဦး အဖြစ်နဲ့ရော အော်စလို စင်တာအဖွဲ့အနေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံအရေးတွေအတွက် ဆောင်ရွက်နေသူတဦးအနေနဲ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီး မစ္စတာဗွန်ဒါဗစ်ရဲ့ သဘောထားကို သိပါရစေခင်ဗျ။

မစ္စတာ ဗွန်ဒါဗစ်။ ။ ဒါအထူးအရေးကြီးတဲ့ အခြေအနေပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက ဆက်ဆံပြုမူနေတဲ့ ပုံဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အခု ဆင်နေတဲ့ အမှုကလည်း တရားဝင်မှု မရှိသလို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ထိန်းသိမ်း အကျဉ်းချထားနိုင်ဖို့ ပြင်ဆင်နေတာပါ။

ဒီအမှုကနေ သိနိုင်တာက စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက် ကြောက်တယ်ဆိုတာကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ သူ့ကို ဆက်ပြီး ဘယ်လောက် အကျဉ်းချထားချင်နေတယ် ဆိုတာလည်း သရုပ်ပေါ်နေပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက် ဝေဖန်နေတာတွေက အရေးကြီးလှပါတယ်။

RFA ။ ။ ဝန်ကြီးချုပ်ဟောင်း အနေနဲ့ အရင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကမႝာ့ ခေါင်းဆောင်တွေ စုစည်းပြီး ကြေညာချက် လက်မှတ်ထိုး တောင်းဆိုခဲ့တာ အနည်းဆူံး ၃ ကြိမ်၊ ၃ နှစ် ရှိခဲ့ပါတယ်။ အခု အခြေအနေမှာကော ဘယ်လိုဆောင်ရွက်တာတွေ ရှိပါသလဲ သိပါရစေ၊

မစ္စတာ ဗွန်ဒါဗစ်။ ။ ကျနော်လည်း ဒီအမှုနဲ့ပတ်သက်ပြီး အံ့အားသင့်မိသလို အတော်လည်း စိုးရိမ်မိပါတယ်။ ကျနော်တို့ အော်စလို စင်တာအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကောင်းဆုံး ကြိုးစားနေပါတယ်။ အောစလိုစင်တာနဲ့အတူ ကမႝာ့သမတဟောင်းများနဲ့ ဝန်ကြီးချုပ်များအဖွဲ့ အနေနဲ့လည်း ဆောင်ရွက်တာတွေ ရှိပါတယ်။ ကျနော်တို့အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီတို့နဲ့ မပြတ်အဆက်အသွယ် ရှိပါတယ်။ ကျနော်တို့က မစ္စတာ ဘန်ကီမွန်းကို မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေကို တွေ့ပြီး နိုင်ငံတကာက စိုးရိမ်မှုနဲ့တောင်းဆိုချက်တွေကို ထိပ်တိုက် ပြောဆိုနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

RFA ။ ။ အခု သတင်းမီဒီယာတွေရဲ့ အဆိုအရ မစ္စတာဘန်ကီးမွန်းက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးပြီးမှ မြန်မာနိုင်ငံက လာဖို့ဖိတ်ခေါ်တာကို လက်ခံနိုင်မဲ့ အလားအလာ ရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စကိုရော ဘယ်လိုမြင်ပါသလဲ။

မစ္စတာ ဗွန်ဒါဗစ်။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တာကတော့ အကောင်းဆုံး အခြေအနေပေါ့ဗျာ။ ဒါပေမဲ့ ဒါက ဖြစ်လာမှ မဟုတ်တာ။ ကျနော့်အမြင်ကတော့ လွှတ်ပေးသည်ဖြစ်စေ၊ လွှတ်မပေးသည်ဖြစ်စေ ဘန်ကီးမွန်းအနေနဲ့ မြန်မာနိုင်ငံကို အနည်းဆုံး သွားသင့်တယ်။ ဘာ့လို့လဲဆိုတော့ ဘန်ကီးမွန်းဟာ မြန်မာစစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်ကို ကိုယ်တိုင်တွေ့ပြီး ဒီ လွှတ်ပေးရေး ကိစ္စ တရားဝင် ပြောနိုင်မဲ့ ကမႝာ့ ခေါင်းဆောင် အနည်းငယ်ထဲက တဦးဖြစ်နေလို့ ဖြစ်ပါတယ်။ တခါတရံ နိုင်ငံတကာ ခေါင်းဆောင်တွေဟာ ရလဒ်ကောင်း မသေချာတဲ့တိုင်အောင် ကောင်းတဲ့ လုပ်ရပ်အတွက် ဂုဏ်သိက္ခာတွေ ရင်းပြီး သွားရသင့်ပါတယ်။ ကျနော့်အယူအဆ အရ ဘန်ကီမွန်းနဲ့ ကုလသမဂ္ဂမှာ မဟုတ်ပါဘူး။ မြန်မာစစ်အစိုးရအပေါ် သြဇာရှိတဲ့ တရုတ်နဲ့ အိန္ဒိယ အစိုးရခေါင်းဆောင်တွေလည်း မြန်မာနိုင်ငံကို သွားဖို့ ကျနော်တို့ ဖိအားပေး တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေးအရ သြဇာရှိတော့ ဒီနိုင်ငံတွေအနေနဲ့ မြန်မာကို ဖိအားပေးသင့်ပါတယ်။

RFA ။ ။ နော်ဝေ ဝန်ကြီးချုပ်ဟောင်းတဦး အနေနဲ့ရော၊ ဥရောပသမဂ္ဂ အနေနဲ့ရော ယေဘုယျအားဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စတွေမှာ ဘယ်လို သဘောထားရှိပါသလဲခင်ဗျ။

မစ္စတာ ဗွန်ဒါဗစ်။ ။ နော်ဝေအစိုးရ၊ ပြီးတော့ အီးယူပေါ့လေ၊ နော်ဝေက အီးယူအဖွဲ့မှာ မပါဝင်ပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံအစိုးရတွေ အားလုံးက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ တောင်းဆိုထားပြီး နိုင်ငံရေးအတိုက်အခံအားလုံးနဲ့ တကွ တိုင်းရင်းသား အဖွဲ့အစည်းတွေပါဝင်ပြီး စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံမှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားစေလိုကြပါတယ်။

RFA ။ ။ ဒီအသံလွှင့်အင်တာဗျူးက မြန်မာနိုင်ငံကို တိုက်ရိုက်လွှင့်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းကို ဘာတွေမှာ သဝဏ်လွှာ ပါးလိုပါသလဲခင်ဗျ။

မစ္စတာ ဗွန်ဒါဗစ်။ ။ မြန်မာစစ်အစိုးရကို ပြောလိုတာက ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပါ။ ဒေါ်အောင်ဆန်းစုကြည်ပါ အတိုက်အခံအဖွဲ့တွေနဲ့၊ တိုင်းရင်သားတွေပါတဲ့ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပါ။ ဖွဲ့စည်းပုံကို ပြန်ပြင်ဆွဲဖို့ လုပ်ဆောင်ပေးပါ။ ပြီးတော့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတစွာ ကျင်းပပါလို့တောင်းဆိုချင်ပါတယ်။ စစ်အစိုးရအနေနဲ့ အခြေအနေမှန်ကို သိဖို့လိုပါတယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်မရှိရင် နိုင်ငံတခုဟာ မတည်ငြိမ် မတည်တံ့နိုင်ပါဘူး။

RFA ။ ။ ဝန်ကြီးချုပ် ဗွန်ဒါဗစ်ဟာ ၁၉၉ဝ ပြည့်နှစ်တုန်းက ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်တွေ့ခဲ့ပြီး သူ့လွတ်မြောက်ရေးအတွက် ဆောင်ရွက်မယ်လို့ ကတိပေးခဲ့တယ်လို့ သိရပါတယ်။ မနက်ဖြန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ် မွေးနေ့ပါ၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော ဘာစကားပါးလိုပါသလဲ။

မစ္စတာ ဗွန်ဒါဗစ်။ ။ ကျနော်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် အထူးဝမ်းသာတယ်လို့ ပြောလိုပါတယ်။ ဒါပေမဲ့ မွေးနေ့မှာ အခုလို အထိန်းသိမ်းခံ အခြေအနေနဲ့ ဖြစ်နေရတာကိုတော့ တောင်းပန်စကား ပါးလိုပါတယ်။ ဒါပေမဲ့ ဆက်ပြီး ကြိုးပမ်း လျှောက်လှမ်းဖို့ အားပေးချင်ပါတယ်။ သူဟာ အားကိုးထိုက်တဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဟာ မလွဲမသွေ ရောက်လာရမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီ ဒီမိုကရေစီ အပြောင်းအလဲမှာ ပါဝင် ခေါင်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

RFAက နော်ဝေဝန်ကြီးချုပ်ဟောင်းနဲ့ အော်စလို လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန အကြီးအကဲ မစ္စတာ ရှဲ မွန်နာ့ ဗွန်ဒါဗစ်ကို ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း တောင်းဆို
2009-06-18

လက်ရှိ ရန်ကုန်အင်းစိန်ထောင်မှာ အမှုရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr. Tsutomu Hata က မြန်မာအစိုးရကို ဒီကနေ့ ဇွန်လ ၁၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုတင်ထားတဲ့ 64forsuu.org အင်တာနက် စာမျက်နှာမှာ ဂျပန် ဝန်ကြီးချုပ်ဟောင်း Hata က သဝဏ်လွှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။ ဒီလို တောင်းဆိုတာနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာ့ရေးရာရုံးက ညွန်ကြားရေးမှူး Ms. Yuki Akimoto က အခုလို ဖတ်ပြပါတယ်။

ရေးသားထားတာက မူရင်း ဂျပန်လိုဖြစ်ပါတယ်။ ရေးထားတာက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားတာကို မိမိအနေနဲ့ အထူး ဆန့်ကျင် ကန့်ကွက်ကြောင်း၊ မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ကျန်းမာရွှင်လန်းစေဖို့လည်း ဆုတောင်းပါကြောင်း ဝန်ကြီးချုပ်ဟောင်း ဆုတိုမု ဟာတက ရေးသားထားတယ်လို့ Ms. Akimoto က ပြောပြသွားပါတယ်။

ဒီလို ဂျပန်ဝန်ကြီးချုပ်ဟောင်းတဦးက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုတာဟာ အလွန် ထူးခြားပြီး ဂျပန် မြန်မာ့ရေးရာရုံးအနေနဲ့လည်း အထူး အားတက်ကြိုဆိုပါတယ်လို့ မစ္စအာကီမိုတိုက ပြောပါတယ်။

ထူးခြားတာက ဂျပန်ဝန်ကြီးချုပ်ဟောင်းတဦး ဖြစ်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြင်းပြင်းထန်ထန် ရေးသား တောင်းဆိုတာရယ် တွေကြောင့်ဖြစ်ပြီး ဂျပန်လက်ရှိအစိုးရ မူဝါဒနဲ့လည်း ဆီနဲ့ရေလို ခြားနားနေပါတယ်လို့ မစ္စ အာကီမိုတိုက ပြောသွားတာပါ။


ဥရောပပါလီမန်ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်အမှုကို ဝေဖန်ရှုတ်ချ
2009-06-18

မြန်မာနိုင်ငံမှာ လက်ရှိစစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်လို့ ဥရောပပါလီမန် ဥက္ကဋ္ဌ Mr. Hans-Gert Pottering က မြန်မာစစ်အစိုးရကို အပြစ်တင် ဝေဖန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခ္ဆွင်းချက်မရှိ၊ ချက်ချင်း ပြန်လွှတ်ပေးဖို့ အထူးတောင်းဆိုပါတယ်လို့ Mr. Pottering က ပြောပါတယ်။

ဥရောပသမဂ္ဂ EU ပါလီမန် ဥက္ကဋ္ဌရုံးက ဇွန်လ ၁၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ Mr. Pottering က ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေစံနှုန်းတွေနဲ့ အညီ တရားမျှတမှုနဲ့ လွတ်လပ်ပွင့်လင်းမှု ရှိဖို့ ပန်ကြားပါကြောင်း၊ ဒီအထဲမှာ သတင်းမီဒီယာ ရယူခွင့်နဲ့ သက်သေအားလုံး ထွက်ဆိုခွင့်တွေ ပေးဖို့လည်း ပါဝင်ကြောင်း Mr. Pottering က မြန်မာစစ်အစိုးရကို ပန်ကြားထားပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံလုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တစုတစည်းတည်း တောင်းဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဒီနေ့ဇွန်လ ၁၈ရက် နဲ့ မနက်ဖြန် သောကြာနေ့တွေမှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပမဲ့ ဥရောပ ခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးဖို့ အလားအလာရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂအဖွဲ့က ချီးမြင့်တဲ့ Sakharov လူ့အခွင့်အရေးဆုကို ၁၉၉ဝ ပြည့်နှစ်က ရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်အတွင်း EU ပါလီမန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ထားရှိတာကို ဝေဖန်ရှုတ်ချပြီး အမြန်ဆုံး ပြန်လွှတ်ပေးရေး တောင်းဆိုတဲ့ ကြေညာချက်ကို EU ပါလီမန်အမတ်တွေက တညီတညွတ်တည်း ချမှတ်တောင်းဆိုခဲ့ပါတယ်။


ဒဏ်ရာရ စစ်အစိုးရတပ်သားများအတွက် KNU စိုးရိမ်
2009-06-18

စစ်အစိုးရတပ်နဲ့ DKBA တပ်တွေက KNU တပ်မဟာ ၇ အခြေစိုက်တဲ့ နယ်မြေအနီး ဆက်လက် တိုက်ခိုက်ခဲ့ရာမှာ မနေ့က ဇွန်လ ၁၇ ရက် နေ့လည် ၁ နာရီလောက်မှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက စပြီး အခုလို ထိုးစစ်ဆင်နေရာမှာ စစ်အစိုးရတပ်နဲ့ DKBA တပ်တွေဘက်က ထိခိုက်ဒဏ်ရာရတဲ့ စစ်သားဦးရေဟာ အယောက် တရာကျော်လောက် ရှိနေပြီ ဖြစ်ကြောင်းနဲ့ အဲဒီဒဏ်ရာရ စစ်သားတွေကို မြဝတီဆေးရုံနဲ့ DKBA စိုးမိုးတဲ့ ကုက္ကိုလ် ဆေးရုံမှာ ဆရာဝန်၊ ဆေးဝါးမလုံမလောက်နဲ့ ကုသနေတယ်လို့ ကြားသိရကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

ဗိုလ်မှူးစောလှငွေ။ ။ 'တိုက်ပွဲတွေက နေ့တိုင်းဖြစ်တာပဲ။ ဒီနေ့လည်း ၁နာရီလောက်မှာ တိုက်ပွဲ ဖြစ်သေးတယ်။ အဲဒါ သူတို့ဖက်က ငါးယောက်လောက်တော့ ထိသွားတယ်လို့ ပြောတာပဲ။ တနေ့က တိုက်ပွဲတွေတုန်းက ဆိုလို့ရှိရင် တချို့ ဒဏ်ရာရတဲ့သူတွေဟာ ဟိုဖက်ကို ကုက္ကိုလ်ကို ပြန်သယ်သွားဖို့ ထိုင်းနယ်ကတဆင့် သူတို့ အရေးပေါ် သယ်ရတယ်လို့ ပြောတယ်။ တချို့က ဒဏ်ရာရတဲ့လူက က္ဆွန်တော် သိရသလောက်က တရာကျော်နေပြီဗျ။ အများစုကတော့ မြဝတီဆေးရုံနဲ့ သူတို့ ကုက္ကိုလ်မှာရှိတဲ့ သူတို့ ဖွင့်ထားတဲ့ ဆေးရုံမှာလို့ ပြောတယ်။ အဲဒီမှာလည်း ပြည့်နေတယ်လို့ ပြောတာပဲ။ Mine injury တွေလည်း များတယ်။ တိုက်ပွဲက လက်နက်ကြီး injury ဆိုတဲ့အခါကျတော့ ဒီဟာနဲ့ ပတ်သက်ရင် အဓိကက ICRC တို့က အကုန်အကျခံပြီး ကုတာပဲများတယ်။ ဘယ်မှာပဲ ဖြစ်ဖြစ်၊ ဒီဖက်မှာပဲ ဖြစ်ဖြစ်၊ ဟိုဖက်မှာပဲ ဖြစ်ဖြစ်။'

အခုတိုက်ပွဲတွေမှာ KNU အတွက် အထိမနာနိုင်ပဲ စစ်အစိုးရတပ်နဲ့ DKBA တပ်တွေကသာ အထိနာနိုင်မှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးစောလှငွေက အခုလို သုံးသပ် ပြောဆိုပါတယ်။

ဗိုလ်မှူးစောလှငွေ။ ။ 'သူတို့အတွက် ပိုပြီးတော့ အန္ဈရာယ် ကြီးလာတာပေါ့။ အခုဆိုရင် က္ဆွန်တော်တို့ကို ထုကို သူတို့ ရှာလို့မရတော့ပဲ၊ ရန်သူက တပ်မပေါင်း ဘယ်လောက်ပဲများများ၊ သူတို့ ဘယ်လိုမှ မလုပ်၊ သူတို့ လုပ်ရင် ရန်သူပဲနာတယ်။ က္ဆွန်တော်တို့ကတော့ ထုံးစံအတိုင်းပဲ ခံစစ်ရှင် ပြောက်ကျား ဖြစ်သွားတဲ့ အခါကျတော့ ဒီဟာက တော်တော်နဲ့ မဆုံးနိုင်တော့ဘူး။ အဲဒီဟာက တလျှောက်မှာ ဘယ်နည်းနဲ့မှ စိုးမိုးနိုင်စရာအကြောင်း မရှိဘူး။ ဆိုတော့ အဲဒီမှာ သူတို့ ချာလပတ်လည်ပြီး နေလေလေ၊ သူတို့ ကြာလေ အထိနာလေ ဖြစ်လာမှာပဲ။ ဒါပဲ။'

ဒဏ်ရာရထားတဲ့ စစ်အစိုးရနဲ့ DKBA တပ်သားတွေထဲက အခြေအနေ ဆိုဝါးသူတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် တာဝန်မယူနိုင်သလို၊ အဲဒီသူတွေဟာ ဆန့်ကျင်ဖက် စစ်သားတွေဆိုပေမဲ့ KNU အနေနဲ့တော့ လူသားချင်း စာနာတဲ့အနေနဲ့ သူတို့အတွက် စိုးရိမ်ကြောင်း ဗိုလ်မှူးစောလှငွေက ဆိုပါတယ်။

ဗိုလ်မှူးစောလှငွေ။ ။ 'သူတို့ အထက် အာဏာပိုင်တွေကတော့ စာနဲ့တော့ မဟုတ်ဖူးပေါ့လေ၊ နှုတ်နဲ့ တိုးတိုးတိတ်တိတ်ပေါ့၊ ကြားရတာပေါ့လေ၊ ကောဠာဟလလား၊ တကယ်လား၊ က္ဆွန်တော်တို့လည်း လိုက်စုံစမ်းတော့ ဒဏ်ရာရတဲ့လူတွေ ကြည့်လိုက်တော့ သူတို့ ပြန်ကောင်းလာဖို့ အလားအလာ သိပ်မရှိဘူး၊ အခြေအနေ သိပ်ဆိုးနေတယ်။ နောက်တခုကျတော့ ကုသပြီး အကုန်အကျတွေ သိပ်များမဲ့ လူနာတွေ ဆိုလို့ရှိရင်တော့ ထုံးစံအတိုင်းပေါ့ဗျာ၊ သူတို့ အဲဒီမှာ ဆေးနဲ့ ကြည့်ကျက်ပြီးတော့ လုပ်ပစ်ဖို့၊ သတ်ပစ်ဖို့ ညွှန်ကြားတယ်လို့ အဲလို ကြားတာပဲ။ က္ဆွန်တော်လည်း စိုးရိမ်တယ်လေ၊ ဒါက တိုက်ပွဲကတော့ ဖြစ်နေပြီဆိုတော့၊ သူ့အသက် ကိုယ့်အသက် တိုက်ကြတဲ့အခါမှာလည်း က္ဆွန်တော်တို့က ရန်သူကြီးဆိုပြီး က္ဆွန်တော်တို့ ထားပြီး တိုက်တာမှ မဟုတ်တာ။ မလွဲမရှောင်သာလို့ တိုက်ရတဲ့အပေါ်မှာ ဖြစ်လာတဲ့ လူနာတွေ အားလုံးကတော့ လူနာပဲ။ က္ဆွန်တော်တို့က မခွဲခြားဘူး။ အဲဒီအပေါ်မှာတော့ အဲဒါတော့ က္ဆွန်တော်တို့လည်း စိုးရိမ်တယ်။'

စစ်အစိုးရနဲ့ DKBA တပ်တွေရဲ့ အခုလို KNU နယ်မြေတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ပြည်သူတွေ ၆ ထောင်ကျော်လောက် ထိုင်းနိုင်ငံထဲကို ထွက်ပြေးကြရသလို၊ DKBA တပ်သား တချို့လည်း ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အတော်လေး စိုးရိမ်စရာဖြစ်နေတယ်လို့ ပြည်ပရောက် အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။


ပေါက်ကွဲစေနိုင်သောပစ္စည်း တွေ့မှုဖြင့် NLD လူငယ် ၃ ဦးကို စွဲဆို
2009-06-18

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကအဖမ်းခံလိုက်ရတဲ့ NLD အဖွဲ့ဝင်လူငယ် ၃ ဦးကို ဇွန်လ ၁၅ ရက်နေ့က ဗဟန်းမြို့နယ်တရားရုံးမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများ တွေ့ရှိမှု ပုဒ်မ ၃ နဲ့ စွဲချက်တင်ပြီး ဇွန်လ ၂၅ ရက်နေ့မှာ စတင်စစ်ဆေးဖို့ ရုံးချိန်းပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

အဲဒီလူငယ်တွေကတော့ ဗဟန်းမြို့နယ် လူငယ်တာဝန်ခံ (၂) ကိုအောင်အောင်ဦး၊ လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေးတာဝန်ခံ ကိုကျော်ဝင်းထွန်းနဲ့ တာမွေမြို့နယ် လူငယ်အဖွဲ့ဝင် ကိုကျော်မျိုးနိုင်တို့ပါ။ သူတို့ ၃ ဦးဟာ ဇွန်လ ၁၂ ရက်နေ့ညနေ ၇ နာရီလောက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဂွတ္တလစ်ဈေးအနီးမှာ ဒေါ်အောင်ဆန်စုကြည် ဓာတ်ပုံတွေ ဝေတဲ့လှုပ်ရှားမှုအပြီး ည ၁၁ နာရီမှာ တာမွေအဝိုင်းအနီး အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

သူတို့ကို ဖမ်းမိတုန်းက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေနဲ့ သတ္တိရှိပါဆိုတဲ့ စာသား ရိုက်နှိပ်ထားတဲ့ ကပ်ခွာစာရွက်တွေပဲ ပါရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ သူတို့ကို ဓာတ်ပုံဝေတဲ့ လှုပ်ရှားမှုနဲ့ စွဲချက်တင်တာ မဟုတ်ပဲ ဖောက်ခွဲရေးပစ္စည်း တွေ့ရှိတဲ့ ပုဒ်မနဲ့ စွဲချက်တင်တာ ဖြစ်တယ်လို့ နီးစပ်တဲ့ NLD အဖွဲ့ဝင်တွေက ပြောပါတယ်။
သူတို့အမှုကို ရှေ့နေ ဦးမြင့်သောင်း လိုက်ပါဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း NLD အဖွဲ့ဝင် လူငယ်တဦးက ပြောပါတယ်။


ကရင်တပ်များ ဆုတ်ခွာနေရ Print E-mail
လာရီဂျေဂင်
ကြာသပတေးနေ့၊ ဇွန်လ 18 2009 20:47 - မြန်မာစံတော်ချိန်


မဲဆောက် (မဇ္ဈိမ)။ ။ အစိုးရတပ်နှင့် သူတို့၏ ပြိုင်ဘက် ပြောက်ကျား တပ်များအကြား အလွန်ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်းတို့၏ အမာခံစခန်းများကို စွန့်ခွာနေရပြီ ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး - KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA သည် ယခုအခါ မြန်မာနိုင်ငံအရှေ့ပိုင်းရှိ သူတို့၏ အခြေခံစခန်းများကို အသက်ပေါင်းများစွာ စတေး၍ ခုခံကာကွယ်နေသည်ထက် ပြောက်ကျားနည်းဗျူဟာသို့ ပြောင်းလဲတိုက်ပွဲဝင်သွားမည်ဟု KNLA တပ်မှူး ဂျော်နီက ကြာသပတေးနေ့က ပြောသည်။

''ကျနော်တို့ရဲ့ တပ်မဟာ ၇ အခြေခံစခန်းကနေ ဆုတ်ခွာရလို့ ကျနော်တို့ ရှုံးသွားတာ မဟုတ်ပါဘူး။ ဒါ နည်းဗျူဟာအရ ပြန်လည်နေရာယူ တပ်စွဲတာ ဖြစ်ပါတယ်။ ကျနော်တို့က ကိုယ့်ကရင်အချင်းချင်း ဒီစစ်ပွဲမှာ မသတ်ချင်ပါဘူး'' ဟု သူက ပြောသည်။

သို့သော် လေ့လာသုံးသပ်သူ အများအပြားကမူ ယင်းသည် မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။

မည်သို့ပင်ဖြစ်စေ KNU နှင့် KNLA ခေါင်းဆောင်များကမူ တိုက်ပွဲ အဆုံးသတ်သွားရန် အဝေးကြီး လိုသေးကြောင်း ပြောကြသည်။

''ကျနော်တို့ နောက်ဆုံး ခါးသီးတဲ့ အဆုံးသတ်ထိ တိုက်ပွဲဝင်သွားမယ်။ ကျနော်တို့မှာ တခြား ရွေးချယ်စရာလမ်း မရှိဘူး။ ဆက်တိုက်ရမှာပဲ။ နယ်မြေအစိတ်အပိုင်းတိုင်းကို ဆက်ထိန်းသွားမယ်'' ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်သာကပေါက မဇ္ဈိမကို ပြောသည်။

''ဘာတွေ အန္တရာယ်ကျရောက်တော့မယ်ဆိုတာ ကျနော်တို့ သိတယ်။ ကျနော်တို့သာ ဆက်မခုခံရင် မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ကျူးလွန်မယ်၊ ကျနော်တို့ နယ်မြေတွေကို သိမ်းမယ်၊ ကျနော်တို့သယံဇာတတွေကို ထိန်းချုပ်ထားမယ်'' ဟု သူက ဆက်ပြောသည်။

မြန်မာစစ်တပ်က ကရင်လက်နက်ကိုင်များအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်လာသည့်အတွက် တိုင်းရင်းသား ကရင်ရွာသူရွာသား ထောင်ပေါင်းများစွာသည် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

မြန်မာစစ်တပ်က ထိုင်းနယ်စပ်အနီး စိန်ပြောင်းများဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်း၊ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခြင်းတို့ကြောင့် တိုင်းရင်းသား ကရင်ကျေးရွာသား ၄၀၀၀ ကျော်သည် သူတို့၏ လုံခြုံမှုအတွက် ထွက်ပြေးလာခဲ့ကြရသည်ဟု ဒေသတွင်းရှိ အကူအညီပေးရေး လုပ်သားများ၏ အပြောအရ သိရသည်။

လွန်ခဲ့သော နှစ်ပတ်က မြန်မာစစ်တပ်နှင့် အစိုးရအား ထောက်ခံသော တပ်ဖွဲ့ဖြစ်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့သည် KNLA ကို အပြီးသတ်ဖျက်ဆီးရန် နောက်ဆုံး ကြိုးပမ်းသည့်အနေဖြင့် ထိုင်းနယ်စပ်တနေရာတွင် အဓိက ထိုးစစ်ဆင်တိုက်ခိုက်မှုကြီးတရပ် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်သည် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLA ကို ထိုးစစ်အရှိန်မြှင့် ပြုလုပ်ခဲ့ရာ ယင်း၏ အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်သော တပ်မဟာ ၇ ကို အဓိကထား တိုက်ခိုက်ခဲ့သည်။

ဤသို့ ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်လာသည်ကို တပ်မဟာ ၇ သည် ရက်သတ္တပတ်ပေါင်းများစွာ ပြန်၍ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ယခုအခါ မဟာဗျူဟာဆက်ဆံရေးမှာ ပြောင်းလဲသွားရတော့မလို ဖြစ်နေသည်။ ''ကျနော်တို့ ကျနော်တို့နယ်မြေကို ထိန်းမထားနိုင်တော့ဘူးဆိုရင် ခွာပေးရမှာပဲ။ မလိုအပ်ဘဲ ကျနော်တို့ရဲဘော်တွေ အသေမခံနိုင်ဘူး'' ဟု သာကပေါက အလေးပေးပြောကြားသည်။

ယခုရက်သတ္တပတ်ကုန်တွင် ကရင်ပြည်နယ်မြို့တော် ဘားအံမှ နောက်ထပ် အင်အား ၃၀၀ ကို DKBA တပ်ဖွဲ့များက ခေါ်ယူ အင်အား ဖြည့်တင်းထားသည်။ ယခုလောလောဆယ် မြန်မာစစ်တပ်နှင့် တွဲတိုက်နေသော DKBA တပ်ဖွဲ့အင်အားမှာ ၆၀၀ ရှိသည်ဟု မြန်မာနိုင်ငံတွင်းရှိ ကရင် သတင်းရပ်ကွက်များက ပြောသည်။

''KNLA ကို အခြေပြုတ်သွားအောင် နှစ်ဖက်ညှပ်တိုက်ဖို့ သူတို့ ရည်ရွယ်တာ'' ဟု အမည်မဖော်လိုသူ ထိုင်းစစ်ထောက်လှမ်းရေး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ''ဒီတိုက်ပွဲထဲမှာ ဝင်တိုက်နေတာ မြန်မာစစ်တပ်က တပ်ရင်း ၆ ရင်း ရှိတယ်။ အင်အား ၂၀၀၀ လောက်က တဝက်စီခွဲပြီး တပ်မဟာ ၇ နယ်မြေရဲ့ မြောက်ဘက်စွန်းနဲ့ တောင်ဘက်စွန်းကနေ တိုက်နေတာ'' ဟု သူက ဆိုသည်။

''ဒါပေမဲ့ အင်အား ၉၀၀ ရှိတဲ့ DKBA တပ်ဖွဲ့က ဒီတိုက်ပွဲမှာ အခံရဆုံးပဲ။ သူတို့က ရှေ့ကနေ ဦးဆောင်တိုက်ရတာ။ ဗမာစစ်တပ်က တဖက်တချက်က ထောက်ပို့ အကူအညီပဲ ပေးတာ'' ဟု သူက ဆက်ပြောသည်။

တပ်မဟာ ၇ သည် KNLA ၏ အင်အားအကြီးမားဆုံးနှင့် လေ့ကျင့်မှု အကောင်းဆုံးတပ် ဖြစ်သည်။ ပို၍ အရေးပါသည်မှာ KNLA တောင်ပိုင်းနှင့် မြောက်ပိုင်းတပ်ဖွဲ့များအကြား ရှည်လျား၍ မဟာဗျူဟာကျသော နယ်မြေကို ထိန်းထားသည့် တပ်ဖြစ်နေခြင်း ဖြစ်သည်။

ယခု သူတို့ဆုတ်ခွာသွားရလျှင် အခြား ကရင်အမာခံနယ်မြေ နှစ်ခုမှာ တသီးတခြားစီ အဖြတ်ခံထားလိုက်ရမည်ဖြစ်ပြီး အလွယ်တကူ အဝိုင်းခံရမည့် အန္တရာယ်ရှိနေသည်ဟု ဒေသတွင်းရှိ စစ်ရေးလေ့လာသူများက ပြောသည်။

KNU သည် လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံအရှေ့ဘက် တောင်ကုန်းများပေါ်တွင် တိုက်ခိုက်နေသော အဖွဲ့ဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုရသေးသည့် လက်တဆုပ်စာမျှသာ ကျန်သော လက်နက်ကိုင်တပ်ဖွဲ့များအနက် တခုဖြစ်သည်။

''စစ်အစိုးရက DKBA ရဲ့ အကူအညီနဲ့ နယ်စပ်တလျှောက်ကို KNU လက်ထဲကနေ လုယူပြီး ထိန်းချုပ်နိုင်တော့မှာက သံသယ ဖြစ်စရာ မရှိပါဘူး'' ဟု မြန်မာ့စစ်ရေးကျွမ်းကျင်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။

ဤသို့ KNLA ကို တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှုအသစ်များ ဖြစ်ပေါ်လာရခြင်းသည် စစ်အစိုးရက နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများကြောင့်နှင့် နယ်စပ်တလျှောက် ထားရှိမည့် နယ်ခြားစောင့်တပ်ဖွဲ့များကြောင့် ဖြစ်သည်။ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို လက်နက်ဖြုတ်ပြီး ဖွဲ့စည်းမည် ဖြစ်သည်။

သို့သော် စစ်အစိုးရ၏ အစီအစဉ်ကို တိုင်းရင်းသားအဖွဲ့ အများစုက ပယ်ချထားကြပြီး၊ DKBA ကမူ ထိုသို့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရန် မူအားဖြင့် သဘောတူထားပြီးဖြစ်သည်။

KNLA လှုပ်ရှားနယ်မြေဖြစ်သော ထိုင်းနယ်စပ်တလျှောက် တပ်စခန်း ၁၀၀ အနက် ၃၀ ခန့်ကို မြန်မာစစ်တပ်က DKBA သို့ လွှဲမပေးမီ လွန်ခဲ့သော လအနည်းငယ်အတွင်း ပိတ်ပစ်နိုင်ခဲ့ပြီဖြစ်ကြောင်းဖြင့် မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော ဖရီးဘားမားရိန်းဂျားအဖွဲ့က ပြောသည်။

''သူတို့က KNU ကို အပြတ်ရှင်းပစ်ချင်တာ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကရင်တွေအားလုံး ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြောတာကိုး'' ဟု သာကပေါက ခန့်မှန်းပြောဆိုသည်။ ''သူတို့ မလိုချင်ဆုံးက တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး ကျနော်တို့ ခေါင်းဆောင်မှုနောက်ကို ပါသွားမှာကိုပဲ'' ဟု သူက ဆိုသည်။

နောက် ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်က သူတို့၏ စစ်ဆင်ရေးကို အရှိန်မြှင့် ပြုလုပ်လာနိုင်သဖြင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာသားများမှာ နောက်ထပ်စစ်ပွဲများ ဖြစ်လာမှာကိုနှင့် အမြောက်ကျည်များ ကျလာမည့်အရေး ပူပန်နေကြရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျှင် ကရင်ဒုက္ခသည်များ လုံခြုံရာထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံလာရမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ယခုထိ စစ်ဆင်ရေးနယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၇ ရွာမှ ဒုက္ခသည်များ ထွက်ပြေး ခိုလှုံလာခဲ့ပြီး ဖြစ်သည်။ သို့သော် လက်ရှိ တိုက်ခိုက်မှုများအတွင်း ကျရောက်၍ ဘေးအန္တရာယ် ရှိနေသော ကျေးရွာပေါင်းမှာ ၄၀ ကျော် ရှိသည်။

''တိုက်ပွဲတွေသာ ဆက်ဖြစ်ရင် အနည်းဆုံး ရွာသား ၈၀၀၀ ကျော် နယ်စပ်ဖြတ်ပြီး ပြေးလာရဦးမှာပဲ။ ဒါမှမဟုတ်ရင် စစ်သားတွေလက်ထဲမှာ သေမှာပဲ'' ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။


တောင်ကုတ်တွင် လုံခြုံရေး တိုးမြှင့် Print E-mail
ငြိမ်းချမ်း
ကြာသပတေးနေ့၊ ဇွန်လ 18 2009 18:45 - မြန်မာစံတော်ချိန်


ဒါကာ (မဇ္ဈိမ)။ ။ မနက်ဖြန်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ မတိုင်မီ တရက်အလိုတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်၌ လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဈေးကြီးနှင့် ဖောင်တော်ဦးဘုရား ပတ်ဝန်းကျင် အပါအဝင် မြို့ပေါ်ရပ်ကွက် အများအပြားတွင် ရဲများနှင့် စရဖ ခေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် စောင့်ကြပ်နေခြင်း ဖြစ်သည်။

“ဒီနေ့မနက် စောစောကတည်းက ရဲတွေက နေရာတိုင်းမှာ တွေ့နေရတယ်။ ဈေးကြီးလို လူစည်ကားတဲ့ နေရာတွေမှာဆို ၂ ယောက်တတွဲ၊ ၃ ယောက်တတွဲ စောင့်နေကြတယ်” ဟု တောင်ကုတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

တောင်ကုတ်မြို့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို မြို့နယ် အန်အယ်ဒီ အဖွဲ့ချုပ်က နှစ်စဉ်နီးပါး ဦးဆောင်ကျင်းပလေ့ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အခြား မြို့နယ်များတွင် လုံခြုံရေးတင်းကျပ်ထားခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။


မီဇိုရမ်သို့ တရားမဝင် ဝင်ရောက်သူများ ပြန်ရန် တရားရုံးက အမိန့်ချ Print E-mail
နန်းဒေဝီ
ကြာသပတေးနေ့၊ ဇွန်လ 18 2009 18:15 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သော မြန်မာနိုင်ငံသားများကို ၁၅ ရက်အတွင်း နိုင်ငံရင်းသို့ပြန်ရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

“အဖမ်းခံရပြီး ရဲစခန်းမှာ တညအိပ်ရတယ်။ တရားရုံးမှာတော့ နောက်ထပ် ၁၅ ရက် အချိန်ပေးမယ်၊ မြန်မာပြည် ပြန်ဖို့။ နောက်တခါ ဒီမျက်နှာတွေ ထပ်တွေ့ရင် ဖမ်းပြီးတော့ ထောင်ထဲထည့်မယ်လို့ ပြောတယ်” ဟု ကိုယ်တိုင် အဖမ်းခံခဲ့ရသူ ရက်ကန်းသမတဦးက မဇ္စျိမကို ပြောသည်။

ပြည်နယ်မြို့တော် အိုက်ဇောရှိ တရားရုံးတွင် အမှုစစ်ဆေးစဉ် သူနှင့်အတူ မြန်မာနိုင်ငံသား ၅၀ ဦးခန့်ပါ ပါဝင်ခဲ့ပြီး၊ သတ်မှတ်ဒဏ်ငွေ ရူပီး ၅၀၀ ပေးဆောင်နိုင်သူများကို ပြန်လွှတ်ပေးကာ၊ မပေးနိုင်သူများအား မြန်မာနယ်စပ်သို့ ပြန်ပို့ခဲ့သည်။

မီဇိုရမ်တွင် လူဦးရေ ၈၀၀ တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀ ရှိကြောင်းနှင့် နှစ်စဉ် ဝင်လာသည့် မြန်မာနိုင်ငံသား အရေအတွက် မြင့်မားလာသဖြင့် နောက်ဆက်တွဲအဖြစ် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ဒေသခံတွင်းထုတ် သတင်းစာနှင့် ဂျာနယ်များက ရေးသားခဲ့သည်။

စစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်လာသူ မြန်မာနိုင်ငံသားပေါင်း ၄ သောင်းကျော်ရှိပြီး၊ ရက်ကန်းခတ်၊ ပန်းထိမ်၊ လက်သမား၊ အိမ်ဖော်၊ တောင်ယာနှင့် လမ်းဖောက်လုပ်ငန်းအပြင် အခြား ကျပန်းအလုပ်များတွင် လုပ်ကိုင်နေကြသည်။



မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ရှိစေချင်သည်ဟု တရုတ်ဒုသမ္မတ ရှီက ပြော Print E-mail
ဆလိုင်းပီပီ
ကြာသပတေးနေ့၊ ဇွန်လ 18 2009 15:54 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ မိမိတို့နိုင်ငံ အနေဖြင့် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် တည်ငြိမ်မှုနှင့် သာယာဝပြောမှု ရှိစေရန် ကူညီ ဆောင်ရွက်ပေးလိုကြောင်း အလည်အပတ် ရောက်ရှိနေသော ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို တရုတ်ဒုသမ္မတ ရှီကျင်းဖင်းက ပြောကြားလိုက်သည်ဟု တရုတ်နိုင်ငံအစိုးရ မီဒီယာက ဖော်ပြ ရေးသားထားသည်။

ရှီကျင်းဖင်း - Xi Jinping သည် မြန်မာစစ်အစိုးရ ဒုတိယအကြီးအကဲ မောင်အေးနှင့် အင်္ဂါနေ့က တွေ့ဆုံကာ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကျော်က ထိန်းသိမ်းထားရှိလာခဲ့သော မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးကို တရုတ်နိုင်ငံက တန်ဖိုးထားကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်ဆင်ဟွာ သတင်းဌာနက ရေးသားထားသည်။

''ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်သည် တရုတ်သံတမန်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်းနှင့် အိမ်နီးချင်းကောင်း နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံအနေဖြင့် အခက်အခဲများကို ကျော်လွှားကာ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း'' သူ (ရှီ) က ပြောကြားခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။

ထိုအတောအတွင်း တရုပ်မြန်မာနယ်စပ်အခြေစိုက် အကဲခတ် ဦးအောင်ကျော်ဇောကပြော ကြားရာတွင်မူ ရှီ ပြောသည့် တည်ငြိမ်ရေးနှင့် သာယာဝပြောရေးဆိုသည်မှာ မရှင်းလင်းကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မည်သို့သော တည်ငြိမ်မှုမျိုး လိုချင်သည်ဆိုသည်ကို ညွှန်းဆိုဖော်ပြထားခြင်း မရှိကြောင်း ပြောသည်။

''တည်ငြိမ်မှုနဲ့ သာယာဝပြောမှု ဆိုတာရဲ့ အဓိပ္ပာယ်က ကျယ်ဝန်းတယ်။ စစ်အစိုးရ အုပ်ချုပ်မှုအောက်က တည်ငြိမ်မှုလည်း ဖြစ်နိုင်တယ်။ ဒီမိုကရေစီ အစိုးရစနစ်တရပ်ဆီကို ကူးပြောင်းရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကတဆင့် ကူးပြောင်းပြီး ရရှိလာတဲ့ တည်ငြိမ်မှုလည်း ဖြစ်နိုင်တယ်'' ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

''တကယ်တမ်း တရုတ်က မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှိတာကို မြင်ချင်တယ်ဆိုရင် စကားနဲ့တင် မလုံလောက်ဘူး၊ အလုပ်ပါ ပါဖို့လိုတယ်'' ဟု သူက ဆက်ပြောသည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ခရီးစဉ်တွင် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ ငြိမ်းအဖွဲ့များကို ကိုင်တွယ်ရာတွင် တရုတ်နိုင်ငံက ကူညီရေး ကဲ့သို့သော အခြားကိစ္စရပ်များလည်း ပါဝင်နိုင်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA အပါအဝင် ငြိမ်းအဖွဲ့ အနည်းငယ်သည် သူတို့၏ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်ဟူသော စစ်အစိုးရ၏ အဆိုပြုချက်ကို မကြာသေးခင်က လက်မခံပယ်ချခဲ့ကြပါသည်။

အခြားကိစ္စရပ်များအပြင် ခေါင်းဆောင်ကြီး ၂ ဦးက အစောပိုင်းက သူတို့ သဘောတူညီထားခဲ့သော ဆောင်ရွက်ဆဲ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရန် ပိုင်းဖြတ်မှုရှိပုံကို ထပ်လောင်းဖော်ပြခဲ့ကြသည်။

တနင်္လာနေ့ထုတ် တရုတ်စတော့ရှယ်ယာ ဈေးကွက်ဂျာနယ်တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ အနောက်ဘက် ဆိပ်ကမ်းမြို့နှင့် တရုတ်နိုင်ငံ တောင်ပိုင်းဒေသတို့ကို ဆက်သွယ်ဖောက်လုပ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို စက်တင်ဘာလတွင် စတင်တည်ဆောက်တော့မည် ဖြစ်သည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၂ ဘီလျံတန် စီမံကိန်းသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မှ ရေနံထွက်ပစ္စည်းများနှင့် အရှေ့တောင်အာရှနိုင်ငံမှ ဓာတ်ငွေ့တို့ကို တရုတ်နိုင်ငံသို့ သယ်ပို့ပေးနိုင်မည်ဟု အဆိုပါ သတင်းက ဆိုသည်။


KIO က တပ်ကို ပြန်လည် မွမ်းမံနေ Print E-mail
ဆော်လမွန်
ကြာသပတေးနေ့၊ ဇွန်လ 18 2009 15:37 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်နှင့် စစ်ဖြစ်လာတော့မည့် အရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် သူ၏ လက်နက်ကိုင်တပ်ဖွဲ့ကို ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်နေသည်။

တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်များ အဆိုအရ KIO သည် သူ၏ လက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA ကို ပြန်လည်စုဖွဲ့မှုများ ပြုလုပ်နေပြီး တပ်သားသစ်များလည်း စုဆောင်းနေသည်ဟု သိရခြင်း ဖြစ်သည်။

ကေအိုင်အေ ကေဒါများ မိမိတို့၏ တောတွင်းစခန်းများသို့ ပြန်လည် ဆုတ်ခွာသွားနေကြပြီး၊ မိမိတို့ ထိန်းချုပ်ရာ နယ်မြေတဝိုက်တွင် လုံခြုံရေးများ တိုးမြှင့် ချထားနေသည်ကို တွေ့မြင်ခဲ့ရကြောင်းဖြင့် ကချင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ - KNDG ၏ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောသည်။

ကေအိုင်အေသည် ယင်း၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ခေါ်ယူနေပြီး၊ တပ်သားသစ်များလည်း စုဆောင်းနေကာ သင်တန်းများ အပြင်းအထန် ပေးနေသည်ဟု သူက ဆက်ပြောသည်။

ဤသို့ ကေအိုင်အိုက ပြင်ဆင်မှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းသည် မြန်မာစစ်အစိုးရက ဧပြီလကုန်ပိုင်းက အခြား အပစ်ရပ်အဖွဲ့များနှင့်အတူ မိမိတို့၏ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုအပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိရမည်။

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA နှင့် ကိုးကန့်အဖွဲ့ဖြစ်သော မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ကဲ့သို့သော တိုင်းရင်းသား သူပုန်အဖွဲ့ အနည်းငယ်က အဆိုပါ အဆိုပြုချက်ကို လက်မခံ ပယ်ချခဲ့ပြီးဖြစ်သော်လည်း KIO ကမူ အဆိုပါ အဆိုပြုချက်နှင့် စပ်လျဉ်း၍ တရားဝင် တုံ့ပြန်ပြောကြားရခြင်း မရှိသေးပါ။

KIO နှင့် KIOနှင့်မြန်မာစစ်အစိုးရ ဆက်ဆံရေးကို အနီးကပ် စောင့်ကြည့်လေ့လာနေသော ဦးအောင်ဝါက ''KIO က သူတို့တပ်ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရမှာကို လိုလားပုံ မရဘူး။ ငြင်းဖို့လည်း ဆုံးဖြတ်ထားပြီးပြီ။ ဒါကြောင့် နောက်ထပ် ဖြစ်လာနိုင်တဲ့ ဖိအားတွေအတွက် ကာကွယ်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်'' ဟု ပြောသည်။

လာမည့် ဆွေးနွေးပွဲတွင် စစ်အစိုးရ၏ အဆိုပြုချက်ကို တရားဝင် ပယ်ချရန် KIO က ဆုံးဖြတ်ပြီးဖြစ်သည်ဟု KIO အတွင်းစည်း သတင်းရပ်ကွက်များကို ကိုးကားပြီး ဦးအောင်ဝါက ပြောသည်။

''သူတို့ (စစ်အစိုးရနဲ့ KIO ) က ဒီလမကုန်ခင် ဒီပြဿနာနဲ့ ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးဖို့ တွေ့နိုင်တယ်'' ဟု သူက ဆက်ပြောသည်။

ဧပြီလ နှောင်းပိုင်းတွင် စစ်အစိုးရက ငြိမ်းချမ်းရေးအဖွဲ့ အများအပြားကို သူတို့၏ တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုခဲ့သည်။ ဤတပ်ရင်းတရင်းတွင် စစ်သည် အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ပြီး၊ မြန်မာစစ်သား ၃၀ ပါဝင်ရမည်ဖြစ်ကာ စစ်အစိုးရက ထိန်းချုပ်ထားမည် ဖြစ်သည်။

မြန်မာစစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး ရယူထားသော တရုတ်-မြန်မာနယ်စပ် အခြေစိုက် KIO သည် သူတို့၏တပ်ကို အသွင်ပြောင်းလဲရန် စစ်အစိုးရ၏ ဖိအားပေးခြင်းကို ခံနေရသည်။

သူတို့အဖွဲ့သည် လွန်ခဲ့သော နှစ်ကတည်းက မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများအတွက် ပြင်ဆင် ထားရှိခဲ့ကြောင်းနှင့် သူတို့အနေဖြင့် စစ်အစိုးရ၏ အဆိုပြုချက်ကို သဘောမတူနိုင်၍ ဖြစ်ကြောင်း KIO အဖွဲ့ဝင်တဦးက အမည်မဖော်ပါရန် မေတ္တာရပ်ခံချက်ဖြင့် ပြောကြားခဲ့သည်။

သို့သော် တရုတ်-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ စစ်အစိုးရအနေဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ သူပုန်အဖွဲ့များကို မည်သည့်ထိုးစစ်မျှ လုပ်နိုင်ဖွယ် မရှိကြောင်း ပြောသည်။

''သူတို့ (စစ်အစိုးရ) က သူတို့စီစဉ်ထားတဲ့ အထွေထွေ ရွေးကောက်ပွဲကို ထိခိုက်မယ့်ဟာ ဘာမှမလုပ်ချင်ဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲ မပြီးခင် သူတို့က တိုက်မှာ မဟုတ်ဘူး'' ဟု ဦးအောင်ကျော်ဇော က ပြောသည်။

သို့သော် လွန်ခဲ့သော ၂ လအတွင်း KIO က စစ်သားသစ်များ စုဆောင်းခြင်းနှင့် ပြင်ဆင်မှုများ ပြုလုပ်သည်ကို သတိပြုမိသော်လည်း မကြာမတင် ကာလတွင် မည်သည့် ပဋိပက္ခမှ ဖြစ်လာနိုင်သည့် အရိပ်အယောင် မရှိကြောင်း သူက ပြောသည်။

''၂၀၁၀ ကျော်ရင်တော့ စစ်အစိုးရက ထိုးစစ်ကြီးတွေ လုပ်လာနိုင်ပါတယ်။ ဒါပေမယ့် အဲဒါ မတိုင်ခင်တော့ အလားအလာ မရှိပါဘူး'' ဟု သူက ဆက်ပြောသည်။

''စစ်ဖြစ်လာရင် ပထမဆုံး ဒီပဋိပက္ခရဲ့ ဒဏ်ကို ခံရမှာက အရပ်သားတွေပါ၊ ဒါကြောင့် ဘယ်သူကမှ မတိုက်ချင်ဘူး'' ဟု ဦးအောင်ဝါက ပြောသည်။


ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိအန္တရာယ် ကြုံတွေ့နေရ Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 18 2009 21:18 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်မှာ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် မျက်စိကွယ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ထောင်ဒဏ် ၆၅ နှစ် ကျခံနေသူ ကိုလှမျိုးနောင်သည် ဖမ်းဆီးခံရစဉ်က မျက်စိတဖက်မှာ ဝေဒနာခံစားနေရသဖြင့် ခွဲစိတ်ကုသရာ မအောင်မြင်သဖြင့် မျက်လုံးတဖက် ဆုံးရှုံးခဲ့ရပြီး ယခုတဖန် ကျန်ရှိသော မျက်စိတဖက်မှာလည်း လုံလောက်သော ဆေးဝါးကုသမှုမရသဖြင့် အခြေအနေ ဆိုးဝါးလျက်ရှိကြောင်း သိရခြင်း ဖြစ်သည်။

''သူက မျက်စိအထူးကု ဆရာဝန်တွေနဲ့ ကုသခွင့်ပေးဖို့ အာဏာပိုင်တွေကို အကြိမ်ကြိမ် တောင်းဆိုနေတာပါ။ ဒါပေမယ့် သူတို့က လုံးဝခွင့်မပြုဘူး။ ထောင်ဆေးမှူး၊ ထောင်ဆရာဝန်လောက်နဲ့ပဲ ကုပေးနေတော့ ရောဂါက ပိုဆိုးလာတာပေါ့'' ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP (B) မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''တကယ်လို့ သူ့ရဲ့ တဖက်ပဲကျန်တော့တဲ့ မျက်လုံးကွယ်သွားခဲ့ရင်တော့ ကိုလှမျိုးနောင်ရဲ့ မျက်လုံးကို အာဏာပိုင်တွေက ဖောက်ပစ်လိုက်တာလို့ ကျနော်တို့ စွပ်စွဲပါတယ်'' ဟု ဆက်ပြောသည်။

ကိုလှမျိုးနောင်သည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်းက လောင်စာဆီဈေးနှုန်းကျဆင်းရေး ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်လှုပ်ရှားခဲ့သည့်အတွက် အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

သူသည် အစောပိုင်းတွင် တိမ်းရှောင်နေခဲ့သော်လည်း မျက်စိဝေဒနာ အလွန်ဆိုးဝါးလာသည့်အတွက် မျက်စိ အထူးကုဆေးခန်းသို့ ဆေးကုသရန် ခိုအောင်းနေရာမှ ထွက်လာစဉ် အဖမ်းလိုက်ရသည်။

သာမန်အကျဉ်းသားများသည် ရောဂါပြင်းထန်သည့်အခါ အပြင်ထွက်၍ ဆေးကုသလိုပါက အာဏာပိုင်များကို လာဘ်ထိုးလျှင် ခွင့်ပြုကြောင်းနှင့် သို့သော်လည်း နိုင်ငံရေး အကျဉ်းသားများကိုမူ မည်မျှပင် ရောဂါပြင်းထန်ပါစေ ခွင့်မပြုကြောင်း ထောင်နှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။

မြစ်ကြီးနားထောင်တွင် အဓိကကုသနေသူမှာ ဆေးမှူးသာဖြစ်ပြီး ဆရာဝန်မှာ တလလျှင် တခါမျှသာ လာရောက်ကုသကြောင်း ထောင်ဝင်စာ တွေ့ခဲ့သူတဦး၏ အပြောအရ သိရသည်။

''အဓိက ကုနေတာက ဆေးမှူးပါ။ ဆေးမှူးခွဲလည်း ရှိတယ်။ ဆရာဝန်ကတော့ တလ တခေါက်လောက်ပဲ လာကြည့်တာပါ'' ဟု သူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသား ဆလိုင်းလှမိုး သေဆုံးရခြင်းသည် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းကြောင့်ဖြစ်သည်ဟု AAPP (B) က စွပ်စွဲပြောဆိုခဲ့သေးသည်။

မြန်မာပြည်ရှိ အကျဉ်းထောင်များအတွင်း အန်အယ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ကျော် ရှိနေကြောင်း AAPP (B) ၏ မှတ်တမ်းများအရ သိရသည်။


ထိုင်းတွင် A (H1N1) တုပ်ကွေးကူးစက်ခံရသူ ၅၀၀ ကျော် ရှိပြီ Print E-mail
ကိုဝိုင်း
ကြာသပတေးနေ့၊ ဇွန်လ 18 2009 18:47 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါ ကူးစက်ခံထားရသူပေါင်း ၅၁၈ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၎င်းတို့ထဲမှာ ဦးရေ ထက်ဝက်ကျော်သည် ဘန်ကောက်အုပ်ချုပ်ရေး နယ်အတွင်း နေထိုင်ကြသူများဖြစ်ပြီး ၃၁၈ ဦး ဖြစ်ပြီး၊ နွန်သာဘူရီတွင် ၆၆ ဦး၊ ပထွန်ဌာနီ ၅၈ ဦး၊ ချွန်ဘူရီ ၂၉ ဦးနှင့် စမွတ်ပရာကန်တွင် ၂၁ ဦး ရှိကြောင်း ကပ်ရောဂါဘေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။

ရောဂါပိုး ကူးစက်ခံရသူများတွင် ကျောင်းသူ-သား ၇၉ ဦး ပါဝင်ပြီး ခရိုင် ၁၈ ခုရှိ ကျောင်းပေါင်း ၆၀ အား အကန့်အသတ်မရှိ ပိတ်ထားပြီးဖြစ်သည်။

ဖူးခက်၊ စမွတ်စခွန်၊ နခွန်ပထွန်၊ ချင်းမိုင်၊ ထရန်၊ ရွိုင်အိ၊ ရာချာဘူရီ၊ စဖန်ဘူရီ၊ နခွန်စဝန်၊ ဖီးစနလုတ်၊ လောပ်ဘူရီ၊ ဆွန်ခလာ၊ ဆာရာဘူရီ တို့တွင်လည်း ကူးစက်မှုများ ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် တုပ်ကွေးလက္ခဏာများ တွေ့မြင်ရသူ လူနာ ၁၀၉၈ ဦးကိုလည်း ကျန်းမာရေးဝန်ထမ်းများက အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းနိုင်ငံထုတ် သတင်းများတွင် ဖော်ပြသည်။

သို့သော် ဒု-ကျန်းမာရေးဝန်ကြီး မနစ် နိုပ် အမွန်ဘိုဒီကမူ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် A (H1N1) တုပ်ကွေးကူးစက်နေမှုသည် လူအများ ယူဆနေသကဲ့သို့ ဆိုးရွားမှုမရှိသေးကြောင်း ပြောသည်။

တုပ်ကွေးပိုး မကူးစက်ရေး ကာကွယ်သည့်အနေဖြင့် မျက်နှာဖုံးများ တပ်ဆင်ရေး လှုံ့ဆော်ပညာပေးမှုတခုကို ကျန်းမာရေး ဝန်ကြီးဌာနက ယခုလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဒု-ကျန်းမာရေးဝန်ကြီးက ပြောသည်။

ဝန်ကြီးဌာနက မျက်နှာဖုံး အရေအတွက် ၁ သန်းကို နိုင်ငံတဝန်းရှိ ဆေးရုံများတွင် ဖြန့်ဝေသွားမည်ဖြစ်ပြီး၊ ကျန်းမာရေးဆိုင်ရာ ပညာပေး စာအုပ်ငယ်များကိုလည်း ဘန်ကောက်ရှိ MBK ကုန်တိုက်များ၊ ဆယမ်စကွဲနှင့် လွတ်လပ်ရေး ကျောက်တိုင် နေရာများတွင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

A (H1N1) တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကုသနိုင်ရန် မည်သည့်နိုင်ငံတွင်မျှ ဆေးမရှိသေးကြောင်းနှင့် ထိုင်းနိုင်ငံရှိ တုပ်ကွေးဆေးမှာလည်း ဖြစ်လေ့ဖြစ်ထရှိသော သာမန်တုပ်ကွေးပိုးကိုသာ ကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ယခုအချိန်တွင် နိုင်ငံပေါင်း ၇၆ နိုင်ငံ၌ လူပေါင်း ၃၅၉၂၈ ဦး ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီ ဖြစ်သည်။





NEJ / ၁၈ ဇွန် ၂၀၀၉
line


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒု-သမ္မတ မစ္စတာ ရှီကျင်းဖျင်၏ ဖိတ်ကြားချက်အရ ဇွန်(၁၅) ရက်နေ့မှ (၂ဝ) ရက်အထိ (၆) ရက်ကြာ ခရီးထွက်နေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး) များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး သာအေးနှင့် ဗိုလ်ချုပ် မင်းအောင်လှိုင်တို့ လိုက်ပါသွားသည်။

ကချင်ပြည်နယ် ကစထမှူး ဒု-ဗိုလ်ချုပ်ကြီး သာအေးနှင့် ရှမ်းပြည်နယ် ကစထမှူး ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ (၂) ဦး အား ခေါ်ဆောင်သွားခြင်းသည် အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့် အသွင်ပြောင်းရန် နအဖ၏ ပြောဆိုမှုအပေါ် တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ငြိမ်းအဖွဲ့များက ငြင်းဆန်နေချိန်နှင့် တိုက်ဆိုင်နေသည်။

နအဖ၏ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပါဝင်သည့် တိုင်းမှူးအဖွဲ့တို့သည် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှ လက်နက်ကိုင်ထားဆဲ အင်အားကြီး အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၊ ကိုးကန့်၊ မိုင်းလား၊ ကချင် ကေအိုင်အို အဖွဲ့တို့နှင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် တွေ့ဆုံခဲ့သော်လည်း သဘောတူညီမှုမရရှိခဲ့ပေ။

ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ်လေ့လာသူ ဦးအောင်ကျော်ဇောက အဆိုပါအဖွဲ့ များအား ခြိမ်းခြောက်လိုသည့်အနေအထားဖြင့် ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

၎င်းက “ဗိုလ်မောင်အေးလာတဲ့ခရီးစဉ်ထဲမှာ အခြားအကြောင်းရင်းတွေလည်း အများကြီးပါတယ်။ ဟိုနှစ်ယောက် တာဝန်ယူထားတဲ့ တရုတ်နယ်စပ်က ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ကိစ္စလည်း အရေးတကြီးပါဝင်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်အောင် ခေါ်လာတာ။ တကယ်လည်း လုပ်ငန်း လိုအပ်ချက် ဖြစ်ရင်ဖြစ်မယ်။ သူတို့ကို ခေါ်လာခြင်းအားဖြင့် ဗိုလ်ရဲမြင့်ရဲ့ တောင်းဆိုချက်တွေကို ဘူးခံလိုက်တဲ့ ငြိမ်းအဖွဲ့တွေကို ခြိမ်းခြောက်တာလည်း ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်သော်လည်း ရလဒ်ကောင်း ရရှိလိမ့်မည်ဟု မထင်ကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “တရုတ်နယ်စပ်က လက်နက်ကိုင်ကိစ္စတွေကို တရုတ်ဘက်က လုပ်လိမ့်မယ်လို့ မထင်ဘူး။ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီကို လုပ်သလို ရှေ့က ဗမာစစ်တပ်က တိုက်၊ နောက်က တရုတ်စစ်တပ်ကပိတ်၊ လက်နက်တွေ သိမ်း၊ ယူနီဖောင်းတွေ ချွတ်တဲ့အလုပ်မျိုး အခုချိန်မှာ မလုပ်တော့ဘူးလို့ အခိုင်အမာ ယူဆတယ်။ ဒီကနေ့ တရုတ်ခေါင်းဆောင်တွေဟာ ပျော့ပျော့ပျောင်းပျောင်းနဲ့ ရေရှည်အမြင်လည်း ရှိတယ်။ တရုတ်အစိုးရ အနေနဲ့လည်း ဗမာအစိုးရအနေနဲ့ ဟိုတုန်းကလို ရိုးသားပွင့်လင်းမှုမရှိတာကို သဘောပေါက်လာတယ်။ ဗမာအစိုးရက လူကသာ ဘာမှသာ မရှိတာ တရုတ်နဲ့ အိန္ဒိယအကြား ကစားလိုက်၊ တရုတ်နဲ့ ရုရှအကြား ကစားလိုက်၊ တရုတ်နဲ့ အမေရိကန်အကြား ကစားလိုက်၊ တရုတ်နဲ့ မြောက်ကိုရီးယားအကြား ကစားလိုက်။ တရုတ်က သုံးလပိုင်းတုန်းက နံပတ် (၅) ခေါင်းဆောင် လီချမ်ချွန်းသွားတဲ့အခါမှာ နှစ်ဖက် အပြန်အလှန် နိုင်ငံရေးကိစ္စတွေမှာ ယုံကြည်မှုထားဖို့ ပြောတာတွေ ရှိလာတယ်” ဟု ပြောသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ခရီးစဉ်အတွင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ အမှတ် (၁) လျှပ်စစ်ဝန်ကြီး၊ စွမ်းအင်ဝန်ကြီးတို့လည်း လိုက်ပါသွားသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်ရုပ်မြင်သံကြားဌာနက (၁၆) ရက်နေ့ ညပိုင်းသတင်း တွင်သာ ထုတ်လွှင့်ခဲ့သည့်အတွက် ခရီးစဉ်အတွင်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို မသိရသေး ကြောင်း တရုတ်နယ်စပ်ရှိ ဒေသခံများက ပြောသည်။





NEJ / ၁၈ ဇွန် ၂၀၀၉
line


နအဖစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီများက လယ်သမားများအား ယခုမိုးတွင်း စပါးစိုက်ရာသီအတွက် ချေးငွေများ ထုတ်ချေးနေကြောင်း သိရသည်။

ဓနုဖြူ မြို့နယ်တွင် Gold Delta ကုမ္ပဏီက ဦးစီးပြီး ပျမ်းမျှ တဧက ငွေကျပ် (၅ဝ,ဝဝဝ) ချေးပေးနေကြောင်း ကိုယ်တိုင်ချေးငွေရယူခဲ့သူ လယ်သမားကြီးတဦးက ပြောသည်။

၎င်းက “သူတို့ပေးတာက ပျမ်းမျှ တဧက ငွေသားက ကျပ် (၅ဝ,ဝဝဝ) လောက်ပေးတယ်။ နောက် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးကို လိုသလောက် ယူလို့ရတယ်။ အဲဒါကို တန်ဖိုးသင့်တွက်ချက်ပြီး စုစုပေါင်းကို ချေးငွေအဖြစ် မှတ်ယူပြီး သူတို့ ကုမ္ပဏီနဲ့ စာချုပ် စာတမ်းတွေ လုပ်ရတယ်။ သက်သေအနေနဲ့ သက်ဆိုင်ရာ စိုက်ပျိုးရေးတို့၊ မြို့နယ် အာဏာပိုင်တို့ ပါတယ်။ ဒီငွေတွေကို စပါးပေါ်ချိန်ကျမှ ပြန်ဆပ်ရမယ်။ တလကို (၂) ကျပ်တိုး၊ တနှစ် (၂၄) ရာခိုင်နှုန်း နဲ့ တိုးရင်းပေါင်း ပြန်ဆပ်ရမယ်” ဟု ပြောသည်။

Gold Delta ကုမ္ပဏီကလည်း စပါးဝယ်ပြီး နိုင်ငံခြားပို့မည်ဖြစ်သည့်အတွက် လယ်သမားများအနေဖြင့် ၎င်းတို့ထံသို့ စပါး သို့မဟုတ် ကြိတ်ခွဲပြီး ဆန်များကို ပေါက်ဈေးအတိုင်း ရောင်းချနိုင်ကြောင်း အဆိုပါ ဓနုဖြူမှ လယ်သမားကြီးက ပြောသည်။

၎င်းက “ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အတွက် အတော်လေးကို အကျိုးရှိတဲ့ အစီအစဉ်ပဲ။ နှစ်တိုင်းဆို အစိုးရက စိုက်ပျိုးစရိတ်ချေးငွေ ဆိုပြီး တဧက ကျပ် (၁) သောင်း ထုတ်ချေးတာတော့ ရှိတယ်။ ဒါပေမယ့် အဲဒီငွေက ဘာမှ လုပ်လို့ မရဘူး။ ထုတ်ယူရ ခက်တာ။ နောက် ဟိုနုတ်ဒီနုတ်တာတွေကြောင့် ကိုယ့်အတွက် ငွေတောင် သိပ်မကျန်ဘူး။ ခု ကုမ္ပဏီက လာလုပ်ပေးတာကတော့ အထိုက်အလျောက် လုံလောက်တယ်။ နောက် စပါး မပေါ်မချင်းလည်း ထပ်ပြီး ထောက်ပံ့ပေးတာ (ချေးပေးတာ) လုပ်ဦးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။

Gold Delta ကုမ္ပဏီသည် ဧဒင် ကုမ္ပဏီပိုင်ရှင် နာမည်ကြီး လုပ်ငန်းရှင် ဦးချစ်ခိုင်က လယ်သမားများကို ငွေထုတ်ချေး၊ စပါးပေါ်ချိန် စပါးဝယ်ပြီး နိုင်ငံခြားတင်ပို့ရန်အတွက် ပြီးခဲ့သည့် ဧပြီလကမှ ခွင့်ပြုချက် ရယူ တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်သည်။ ယင်းကုမ္ပဏီသည် မိတ်ဖက် လုပ်ငန်းရှင်အချို့နှင့်အတူ အရင်းအနှီး ကျပ်ငွေ (၁ဝ) ဘီလီယံ ရင်းနှီးထားကြောင်း ဆန်ကုန်သည်အသိုင်းအ၀န်းမှ သိရသည်။

အလားတူ ရေလုပ်ငန်းရှင် သူဌေးကြီးများဖြစ်သည့် ဦးဌေးမြင့်နှင့် ဦးလှမောင်ရွှေတို့ကလည်း ဖျာပုံမြို့နယ်အတွင်း၌ တောင်သူများကို ချေးငွေ ထုတ်ပေးနေကြောင်း သိရသည်။ ၎င်းတို့က လယ်သမားများအား တဧက ကျပ် (၆) သောင်းနှုန်းကို အရစ်ကျစနစ်နှင့် တလ (၂) ကျပ်၊ တနှစ် (၂၄) ရာခိုင်နှုန်းအတိုးဖြင့် ထုတ်ချေးမည်ဟု သိရသည်။

ဘိုကလေးမြို့နယ်အတွင်း၌လည်း ဦးတေဇ၏ ထူးကုမ္ပဏီ လက်အောက်ခံ ဧရာဒယ်လ်တာ ကုမ္ပဏီက တဧက ကျပ် (၅) သောင်းနှုန်း သတ်မှတ်ပြီး ငွေထုတ်ချေးပေးလျက်ရှိသည်။ ၎င်းတို့ ကုမ္ပဏီကမူ လောလောဆယ် မိုးစပါးအတွက် ကျပ်ငွေ (၁) ဘီလီယံ၊ နွေစပါးအတွက် ကျပ်ငွေ (၂) ဘီလီယံ ထုတ်ချေးငွေအဖြစ် လျာထားကြောင်း သိရသည်။

မအူပင်မြို့နယ်၌လည်း ရေဝတီကုမ္ပဏီ၊ ကျိုက်လတ်မြို့နယ်၌ ဒဂုံအင်တာနေရှင်နယ် ပိုင်ရှင် ဦးဝင်းအောင်၏ ကျိုက်လတ်ဆန်စပါး ထုတ်လုပ်ရေး ကုမ္ပဏီတို့က ချေးငွေများ ထုတ်ပေးလျက်ရှိသည်။

လယ်သမားများလိုအပ်နေသည့် စိုက်ပျိုးစရိတ် ချေးငွေများကို ယခုကဲ့သို့ ကုမ္ပဏီကြီးများက ဦးဆောင်ပြီး ချေးပေးနေခြင်းသည် စပါးအထွက်နှုန်းတိုးပြီး လယ်သမားများ အကျိုးရှိမှာ သေချာကြောင်း၊ သို့သော် လယ်သမားများအား ငွေထုတ်ချေးပြီး စည်းရုံးရေး ဆင်းထားရန် အာဏာပိုင်များက အဆိုပါ ကုမ္ပဏီအသီးသီးကို ညွှန်ကြားထားကြောင်း ရန်ကုန် ဘုရင့်နောင်ပွဲရုံမှ ဝါရင့် ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

၎င်းက “လယ်သမားတွေကို ငွေထုတ်ချေးပေးနေတယ်ဆိုပေမယ့် မယက၊ မြေစာရင်း၊ စိုက်ပျိုးရေး စတဲ့ အစိုးရပိုင်း ဌာနဆိုင်ရာက ထောက်ခံတဲ့ လယ်သမားတွေကိုပဲ ထုတ်ချေးပေးတာ မကောင်းပါဘူး။ အစိုးရကို ထောက်ခံသူ တွေကိုသာ ထုတ်ချေးပေးနေတာ။ နောင်နှစ်တွေ စိုက်ပျိုးစရိတ် ချေးငွေရဖို့လည်း မသေချာသေးပါဘူး” ဟု ပြောသည်။

လုပ်ငန်းရှင်သူဌေးများက အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီအသစ်များ အလျင်အမြန် ဖွဲ့စည်းပြီး ချေးငွေများ ထုတ်ပေးနေခြင်းသည် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲဝင်မည့် အဆိုပါ လုပ်ငန်းရှင်ကြီး များအနေဖြင့် သက်ဆိုင်ရာဒေသများမှ လယ်သမားများ၏ ထောက်ခံမှုရရန် ကြိုတင်အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဝေဖန်ပြောကြားနေကြသည်။





NEJ / ၁၈ ဇွန် ၂၀၀၉
line


မန္တလေးမြို့(နန်းမြို့)၊ အမှတ် (၁၈) တပ်မတော် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားတဦးလျှင် ငွေကျပ် (၅) သိန်း ပေးရကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ယင်းကျောင်းတွင် ကျောင်းတက်ရန်မလိုဘဲ စာမေးပွဲဝင်ဖြေနိုင်ပြီး စာမေးပွဲဖြေဆိုသော ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိ ဖြေဆိုနိုင်သောကြောင့် ငွေပေးရသော်လည်း ကျောင်းအပ်သူ များကြောင်း ထိုကျောင်းတွင် ကျောင်းအပ်ဖူးသော ကျောင်းသားမိဘတဦးက ပြောသည်။

“(၅) သိန်း ဆိုလည်း ပေးလိုက်တာပဲ။ ဘာလို့လဲဆိုတော့ အဲဒီကျောင်းက စစ်တပ်က ကျောင်းလေ။ ဒီတော့ စာမေးပွဲ စစ်တဲ့အခါ ဆရာမတွေက တင်းကျပ်တဲ့ စည်းကမ်းတွေ မထားတော့ဘူး။ ငွေကြေးတတ်နိုင်တဲ့ ကျောင်းသား
မိဘတွေအနေနဲ့ကတော့ ငွေ (၅) သိန်းကို ပေးတာပေါ့။ ဂုဏ်ထူးတွေပါအောင်ထိ အဲဒီကျောင်းမှာ စာမေးပွဲဖြေရတာ လွတ်လပ်တယ်လေ” ဟု မန္တလေးမြို့ နန်းရှေ့အနီး နေသူတဦးက ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းအပ်ထားသူများသည် မိမိသင်လိုသောနေရာတွင် သွားရောက် သင်ကြားနိုင်ပြီး စာမေးပွဲ ဖြေဆိုရန်အတွက်သာ သီးသန့် ကျောင်းအပ်နှံကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“ဘယ်လို ကျုရှင်ဝိုင်းမှာပဲဖြစ်ဖြစ်၊ ဘယ်လို ဘော်ဒါဆောင်မှာပဲဖြစ်ဖြစ် သွားတက်နိုင်တယ်။ ဒီကျောင်းမှာ ကျောင်း စာရင်းဝင်ရင် ပြီးရော၊ ဘာလို့ လူတွေက အဲဒီလို လုပ်လာကြလဲဆိုရင် သားသမီးတွေကို ဂုဏ်ထူးတွေ ပါစေချင် တယ်။ ပြီးတော့ တပ်က ဗိုလ်မှူးကြီးတွေ၊ စစ်ဗိုလ်ကြီးတွေရဲ့ သားသမီးတွေပဲ၊ အဲဒီကျောင်းမှာ တက်ကြတာဖြစ်လို့ 
တချို့က အဲဒါကို အခွင့်အရေးယူပြီး ကျောင်းအပ်ထားကြတာဖြစ်တယ်” ဟု မန္တလေးမြို့မှ ၀ါရင့် သတင်းသမား တဦးက ပြောသည်။

ယခင်နှစ်များက ကျောင်းသားတဦးလျှင် ကျောင်းအပ်ခ ကျပ် (၂) သိန်း၊ (၃) သိန်းအသီးသီးရှိခဲ့ပြီး၊ ယခုနှစ်တွင် ကျောင်းအပ်ခနှုန်းထားမှာ (၅) သိန်းထိ တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။

မန္တလေးမှ သာမန်တပ်သားတဦးက “ဒီမြို့က ပိုက်ဆံရှိတဲ့ လူကုံထံတွေ တော်တော်များများက ဒီကျောင်းမှာပဲ ကျောင်းလာအပ်ကြတယ်။ ဒီကျောင်းဟာ အမှန်တော့ တပ်မိသားစုရဲ့ သားသမီးတွေအတွက် သီးသန့်ထားတဲ့ ကျောင်းပါ။ စစ်တပ်ဆိုတာမှာ အလွှာက (၂) မျိုးပဲ ရှိတယ်လေ။ အာဏာမြင့်တဲ့ အလွှာနဲ့ တပ်သားအဆင့်တွေရဲ့ အလွှာပေါ့၊ တပ်သားတွေရဲ့ လစာက သားသမီးတွေကို ကျောင်းစရိတ်ထောက်ပံ့ပေးဖို့ဆိုတာ မလွယ်တဲ့ ဘ၀ပါ” ဟု ပြောသည်။

အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမပေါင်း (၂၀) ကျော်ခန့်ရှိပြီး ကျောင်းသားကျောင်းသူပေါင်း စာရင်းမှာ သောင်းနှင့် ချီရှိကြောင်း သိရသည်။





ဝီရ/ ၁၈ ဇွန် ၂၀၀၉
line


မြန်မာစစ်အစိုးရက ဆန္ဒပြပွဲနှင့် ဆက်နွှယ်သည့် နိုင်ငံတကာသတင်းများအား ထုတ်လွှင့်ပေးနေသည့် ရုပ်သံလိုင်းကို ပြည်တွင်းတွင် ကြည့်မရအောင် ယမန်နေ့က စတင် ပိတ်ပင်လိုက်သည်။

Family Entertainment မှ ထုတ်လွှင့်ပေးနေသော နိုင်ငံတကာ ရုပ်သံလိုင်းအစီအစဉ် လိုင်း (၂၀) အနက် အီရန်နိုင်ငံ ရွေးကောက်ပွဲ ရလဒ်အား မကျေနပ်ကြသဖြင့် ပြည်သူလူထုက ဆန္ဒပြသည့်အစီအစဉ်အား နေ့စဉ် ထုတ်လွှင့်နေသည့် စီအန်အန် (CNN) ရုပ်သံလိုင်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်မှ နိုင်ငံတကာ သတင်းထောက်တဦးက ပြောသည်။

အဆိုပါ Family Entertainment သည် တနှစ်စာအတွက် ကျပ်ငွေ (၃) သိန်းဝန်းကျင် အခွန်ဆောင်ပြီးမှ ကြည့်ရှုရပြီး မြန်မာစစ်အစိုးရနှင့် နီးစပ်သည့် Foverer Group ကုမ္ပဏီက ပိုင်ဆိုင်သည်။

“အခု ဘယ်လိုမှ ကြည့်လို့မရတော့ဘူး။ ရေဒီယိုနဲ့ အင်တာနက်ကိုကပဲ အားကိုးရတော့မှာပေါ့။ အဲဒီဖမ်းစက်က အားကစား၊ ဖျော်ဖြေရေးလွှင့်တဲ့ အခြားလိုင်းတွေ အားလုံးကိုတော့ ကြည့်လို့ရတယ်။ ဖြစ်တာက တီဟီရန်မှာ ဖြစ်တဲ့ ကိစ္စကြောင့်လို့ပဲ ကျနော်တို့ သတင်းသမားတွေ ယူဆကြတယ်။ အဲဒီ (အီရန်) ဆန္ဒပြတဲ့အကြောင်းကို ရေးလိုက်ရင် လည်း စိစစ်ရေးက ချတော့မှ မဟုတ်ဘူး။ ဒီအီရန်တွေရဲ့ လတ်တလော အကြောင်းကို ဂျာနယ်တွေမှာ ထည့်ခိုင်းမှာ မဟုတ်ဘူး။ ဒီနေ့သတင်းစာကိုပဲ ကြည့်ပါလား။ ကြေးမုံရဲ့ နိုင်ငံတကာသတင်းမှာ ရေးထားတာက နိုင်ငံတကာ ကိုတောင် ရှက်စရာ ကောင်းနေပြီ” ဟု အဆိုပါသတင်းသမားက ပြောသည်။

ဇွန်လ (၁၈) ရက်၊ ယနေ့ထုတ် ကြေးမုံသတင်းစာ၏ နိုင်ငံတကာသတင်းတွင် “အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အစိုးရကို ထောက်ခံသူများ ဆန္ဒပြနေကြသည်ကို ဇွန် (၁၂) ရက်က တွေ့ရစဉ်” ဟု ပုံနှင့်တကွ ဖော်ပြထားပြီး ၎င်း၏အောက်ဘက်တွင် “ရွေးကောက်ပွဲရလဒ် စွက်ဖက်မှုကို မကျေနပ်၊ အီရန်နိုင်ငံတွင် အနောက်အုပ်စုကို ဆန္ဒပြ” ဟူသော ခေါင်းစဉ်ဖြင့် သတင်းတပုဒ်ပါရှိပြီး အီရန်အစိုးရက ကျောင်းသားနှင့် ပြည်သူတို့အား ပစ်ခတ်သတ်ဖြတ် သည့်သတင်းအား ထိန်ချန်ထားသည်။

အများပြည်သူကို ခြိမ်းခြောက်ရန်နှင့် ပြည်ပမှ နည်းအမျိုးမျိုးဖြင့် သတင်းအချက်အလက် စီးဆင်းနေမှုကို ထိန်းချုပ်ထားနိုင်ရန်အတွက် ပြည်ပအခြေစိုက် မြန်မာအသံလွှင့်ဌာနများ နားထောင်သူတို့ကို စစ်အစိုးရ အာဏာပိုင်တို့က သတိပေးမှုများ ရှိသည်ဟု မြန်မာ့သတင်းသမဂ္ဂ အတွင်းရေးမှူး ကိုစံမိုးဝေက ပြောသည်။

၎င်းက “အခု မြန်မာပြည်မှာ ရေဒီယိုတွေ အခွန်ဆောင်ကြဖို့ ဌာနဆိုင်ရာက နှိုးဆော်စာတွေ ထုတ်ပြန်နေတယ်။ တချို့နေရာ၊ တချို့ရပ်ကွက်က ရေဒီယိုနားထောင်တဲ့သူတွေ၊ နိုင်ငံရေး ပြောင်းလဲမှုကို လိုလားတဲ့သူတွေကို သတိပေးခြိမ်းခြောက်တာတွေ ရှိတယ်။ ရှင်းရှင်းပြောရရင် သူတို့အမြင်ကတ်တဲ့သူတွေကိုပေါ့။ ဒါပေမယ့် ဒါက ဒီခေတ်မှာ တားဆီးလို့ရတဲ့အရာတွေမှ မဟုတ်တော့တာဘဲ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြည်ပမှ ထုတ်လွှင့်နေသော Short Wave ရေဒီယိုများကို နားဆင်ရန် တရုတ်လုပ် ရေဒီယိုအသေးစားလေးများကို ဈေးနှုန်းချိုသာစွာဖြင့် မြန်မာပြည်တွင်း၌ ဝယ်ယူနားဆင်နိုင်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။


KNU က တပ်မဟာ ၇ မှ စခန်းများကို စွန့်လွှတ်မည်
Thursday, 18 June 2009 19:46 ဧရာဝတီ
E-mail Print
ကရင် အချင်းချင်း သတ်ဖြတ်လိုခြင်း မရှိသဖြင့် ကရင် အမျိုးသား အစည်းအရုံး (KNU) က သူ၏ တပ်မဟာ ၇ နယ်မြေရှိ စခန်းများကို စွန့်လွှတ်မည်ဟု ကရင် တိုင်းရင်းသား သတင်း ရပ်ကွက်များ၏ အဆိုအရ သိရသည်။

[KNU တပ်စခန်း ဂိတ်တခု (ဓာတ်ပုံ - Yuzo)]

KNU တပ်စခန်း ဂိတ်တခု (ဓာတ်ပုံ - Yuzo)
မြန်မာ့ တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) တို့၏ ပူးပေါင်းတပ်ဖွဲ့များက KNU စခန်းများအား သိမ်းပိုက်ရေး ကြိုးပမ်းမှုများကို တားဆီးခြင်း မပြုရန် ဆုံးဖြတ်လိုက်ရခြင်း၏ တခြား အကြောင်းရင်းတခုမှာ KNU တပ်ဖွဲ့ဝင်များ ထပ်မံ အဆုံးရှုံးမခံလိုခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

ယခုလဆန်း မှစတင်၍ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက် ရှိရာ ယခုအချိန်အထိ ဒေသခံ ကရင် တိုင်းရင်းသားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြရသည်။ ထိုသို့ တိမ်းရှောင်ရသော ဒုက္ခသည်အရေအတွက်မှာ ၄၀၀၀ ၀န်းကျင် ရှိသည်ဟု သိရသည်။

ယနေ့ထုတ် မြန်မာ စစ်အစိုးရ၏ သတင်းစာများတွင် ကရင်ဒေသ တိုက်ပွဲများမှ ထွက်ပြေးလာသူများမှာ အရပ်သားများ မဟုတ်ဘဲ “သောင်းကျန်းသူများနှင့် မိသားစုဝင်များ” ဖြစ်သည်ဟု ဖော်ပြထားသည်။ တိုက်ပွဲများတွင်လည်း မြန်မာ့ တပ်မတော်က ပါဝင်ခြင်း မရှိဟု ဆိုသည်။

တိုက်ခိုက်မှုများမှာ KNU နှင့် DKBA တို့ အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်ပြီး အဆိုပါ လက်နက်ကိုင် ပဋိပက္ခအတွင်း မြန်မာ့တပ်မတော်က ပါဝင် ပတ်သက်ခဲ့ခြင်း မရှိကြောင်း တနင်္ဂနွေနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။

ကရင် တိုင်းရင်းသား သတင်းရပ်ကွက်များ၏ အဆိုအရ DKBA တပ်ဖွဲ့ဝင်များက စစ်ကြောင်းရှေ့မှ မိုင်းရှင်းသည့်အနေဖြင့် ချီတက် တိုက်ခိုက်ရကြောင်း၊ မြန်မာ့တပ်မတော် တပ်ဖွဲ့များက လက်နက်ကြီးဖြင့် နောက်ဘက်မှ ပစ်ခတ်ကြောင်း သိရသည်။

ပူးပေါင်း တပ်ဖွဲ့များက တပ်မဟာ ၇ နယ်မြေကို ယခု လဆန်းမှ စပြီး ထိုးစစ်ဆင်လျက်ရှိရာ KNU ၏ တပ်ရင်း အမှတ် ၂၁၊ ၂၂၊ ၁၀၁ စခန်းများကို သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲများသည် ထိုင်းမြန်မာနယ်စပ်အနီး ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့မှ ၂၀ ခန့် ကျဆုံးပြီး ၅၀ ခန့် ဒဏ်ရာရကြသည်ဟု KNU ထံမှ သိရသည်။ အများစုမှာ DKBA တပ်ဖွဲ့ဝင်များ ဖြစ်သည် ဟု ဆိုသည်။ ၎င်းတို့ဘက်မှ ၅ ဦး ဒဏ်ရာရသည်ဟု KNU က ပြောသည်။

KNU တို့ကမူ ရင်ဆိုင် တိုက်ပွဲများ အစား ၎င်းတို့ဘက်မှ အကျအဆုံး ပိုမို နည်းပါးမည့် ပြောက်ကျား စစ်ဆင်နည်းကို ပိုမို အသုံးပြုလိုသည်ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်ကလည်း ကော့ကရိတ်မြို့နယ်ရှိ KNU တပ်ရင်း အမှတ် ၂၀၁ စခန်းကို DKBA တပ်ဖွဲ့များက သိမ်းယူခဲ့သည်။

KNU မှ ဗိုလ်ကြီး ဘူးဖောက ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ KNU တပ် စခန်းများကို သိမ်းယူရေး မဟာဗျူဟာအရ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောပြခဲ့ဖူးသည်။

KNU သည် နှစ်ပေါင်း ၆ဝ သက်တမ်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အပစ် အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပေ။


ကချင်လူငယ်များကို စစ်တပ်က ရိုက်နှက်
Thursday, 18 June 2009 18:59 ဧရာဝတီ
E-mail Print
နအဖစစ်တပ်က ဒေသခံ ကချင်ကျောင်းသားများ အပါဝင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ မရမ်းရွာမှ ကချင် လူငယ်တို့အား ရိုက်နက်ညှဉ်းပန်းမှုများ ရှိကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK အဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ ညနေပိုင်း၌ ကချင် ၈ တန်းကျောင်းသူလေး တဦးအား စစ်သားလေးဦးခန့်က မတရားပြုကျင့်ရန် ကြံစည်နေချိန် ကချင်လူငယ်တစုမှ ဝင်ရောက်ကူညီခဲ့ သောကြောင့် ထိုကျောင်းသူမလေး ပြန်လည် လွတ်မြောက် လာရသည်ဟုလည်း ဖော်ပြထားသည်။

ထိုအသက် ၁၇ နှစ်ရှိ Wa Sha Ki အမည်ရှိ ကချင်ကျောင်းသူမလေးသည် ကျောင်းမှ အိမ်အပြန်လမ်းတွင် စစ်သားတစုက သူ၏လည်မြိုကို ဓားဖြင့်ထောက်ကာ မတရားပြုကျင့်ရန် ကြံစည်နေချိန် ရွာထဲရှိ ကချင် လူငယ် တစုက ကူညီတားမြစ်မှုပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

ထို ၃၁ ရက်နေ့ နံနက်ပိုင်း၌လည်း ကချင်လူငယ် Lawsaw Naw ကို စစ်သား ၄ ဦးခန့်က ဗွီဒီယိုရုံမှ အပြန် တွင် အကြောင်းမဲ့ ရန်စကာ ဝိုင်းရိုက်သည်ဟုလည်း Burma Campaign UK က သတင်းထုတ်ပြန်ထား သည်။

ထိုကဲ့သို့ စစ်သားများကပြုလုပ်မှုကြောင့် ကချင်လူငယ် ၁၅ ဦးခန့် ဒဏ်ရာရရှိကာ ၃ ဦးမှာ မြစ်ကြီးနား ဆေးရုံ တွင် တက်ရောက်နေရကြောင်း ဖော်ပြထားသည်။

ထို့နောက်ပိုင်းတွင် ဒု ဗိုလ်မှူးကြီး ရဲရင့်သွေး ဦးဆောင်သည့် စစ်သား ၃၀ ခန့်က ဒုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ပြီး ရွာသားများကို အိမ်တိုင်ရာရောက် ဝင်ရောက်ကာ မြင်သမျှသော လူငယ်ယောင်္ကျားလေးများ ကို ရိုက်နက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုထုတ်ပြန်ချက်က ဆိုသည်။

ယင်းရွာတွင် ဒု ဗိုလ်မှူးကြီး ရဲရင့်သွေး ဦးစီးသည့် အမြှောက် တပ်ရင်း ၃၇၂ တပ်ချပြီးသည့်နောက်ပိုင်း ရွာသားများမှာ ယခုလို အမျိုးမျိုး နှိပ်စက်ခံ နေရကြောင်းလည်း Burma Campaign UK က ပြောဆိုထား သည်။

Burma Campaign UK မှ တာဝန်ခံတဦး ဖြစ်သူ နန် ဆိုင်း Nang Seng က “ ဒါဟာ စနစ်နဲ့ အာဏာကို သုံးပြီး နိုင့်ထက်စီးနင်းလုပ်တာ ဖြစ်တယ်၊ ဒီလို ဖြစ်ရပ်တွေက ကျမတို့ ကချင်ပြည်နယ် နေရာ တော်တော် များများမှာ တွေ့နေရတယ်၊ ဒါတွေကို ကမ္ဘာကလည်း မသိပါဘူး၊ အများအားဖြင့် သိထားတာက ကချင်ပြည် နယ်မှာ နအဖစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားလို့ ငြိမ်းချမ်းတယ်လို့ မြင်တယ်၊ လူသားချင်း မစာနာဘဲနဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ နေရာဒေသ တော်တော်များများမှာ တရက်ပြီးတရက် ဖြစ်နေပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အတင်းအဓမ္မ လယ်၊ ယာ သိမ်းဆည်းခြင်း၊ လယ်ယာစိုက်ခင်းနှင့် ကြံစိုက်ခင်းများ တွင် အသုံးပြုသည့် ကျွဲနှင့် နွားများကို စစ်တပ်နယ်မြေထဲသို့ အဓမ္မ မောင်းသွင်းကာ ပိုင်ရှင်များအား ကျပ်ငွေ ၅ သောင်းမှ တသိန်းအထိ ဖြင့် ပြန်ရွေးခိုင်းခြင်းကို အကြိမ်ကြိမ်ပြုလုပ်ခြင်း စသည့် ဖိနှိပ်မှုများခံရသည့် အပေါ် ဒေသခံများက ကျေးရွာအာဏာပိုင်များကိုတိုင်ကြားသော်လည်း အရေးယူခြင်းမရှိဟုလည်း ပါရှိသည်။

နန် ဆိုင်း က ဆက်လက်ပြီး“ နအဖက မကြာခင်မှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် နည်းမျိုးစုံနဲ့ ပြင်ဆင် နေပါတယ်၊ အဲဒီရွေးကောက်ပွဲဟာ သူတို့တွေရဲ့ အောင်မြင်မှုသာ ဖြစ်ခဲ့မယ်ဆိုရင် ကျမတို့ တိုင်းရင်းသား တွေ အတွက် ကံကြမ္မာက ဒီထက်ကို ပိုဆိုးမှာပါ၊ ဘာကြောင့်လဲဆိုတော့ သူတို့ဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေ ကို ကြည့်ရင် တိုင်းရင်းသားညီညွတ်ရေးအတွက် တန်းတူညီမျှမှုကိုမပါဘူး”ဟု ပြောဆိုသည်။

၁၉၉၄ခုနှစ်တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIOနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ယူပြီးနောက် ပိုင်း ကချင်ပြည်နယ်အတွင်း စစ်တပ်အခြေစိုက်မှုများ ပိုမိုများပြားလာပြီး ဒေသခံများအား ဖိနှိပ် ညှဉ်းပန်းမှု များပြုလုပ်လာခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်။


ဖုန်းလိုင်း နှစ်သိန်းကျော် ချပေးတော့မည်
Thursday, 18 June 2009 15:58 အောင်သက်ဝိုင်း
E-mail Print
အစိုးရ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနက လာမည့် ခြောက်လအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် GSM မိုဘိုင်းလ်နှင့် CDMA ဖုန်းလိုင်းပေါင်း နှစ်သိန်းကျော် ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

[ရန်ကုန်မြို့ရှိ အခပေး အများသုံး တယ်လီဖုန်း အငှားပြောဆိုင်တဆိုင် (ဓာတ်ပုံ - flickr.com)]

ရန်ကုန်မြို့ရှိ အခပေး အများသုံး တယ်လီဖုန်း အငှားပြောဆိုင်တဆိုင် (ဓာတ်ပုံ - flickr.com)
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက GSM မိုဘိုင်းလ် ဖုန်းလိုင်း ရှစ်သောင်းနှင့် CDMA ဖုန်းလိုင်း တသိန်းခွဲ စုစုပေါင်း ဖုန်းလိုင်း နှစ်သိန်းသုံးသောင်း ချထားပေးမည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မိုဘိုင်းလ်ဖုန်းလိုင်းနှင့် အော်တိုဖုန်းလိုင်း သိန်းချီ ၍ ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာထမ်းတဦးက ပြောသည်။

“GSM ဖုန်းလိုင်း ရှစ်သောင်း ထပ်ချပေးမယ်၊ GSM ဖုန်းတလုံးကို ပုံမှန် အစိုးရထုတ်ဈေး ၁၅ သိန်းနဲ့ပဲ ရောင်းမှာပါ၊ GSM ဖုန်းလိုင်း ရှစ်သောင်းက ရန်ကုန်နယ်နိမိတ် အတွက်ပဲ၊ ဒီနှစ်အတွင်း အပြီးချပေးမှာ”ဟု ထိုအရာထမ်းက ပြောပြသည်။

GSM ဖုန်းများချထားပေးရန် ဆက်သွယ်ရေးစခန်း ၃၃ ခုကိုလည်း တိုးချဲ့တည်ဆောက်လျက်ရှိပြီး အဆိုပါလုပ်ငန်း စဉ်များကို ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချူပ်သိန်းဇော် ကိုယ်တိုင်ကြပ်မတ်၍ အထူးအလေးထား ဆောင်ရွက်နေ သည်ဟုလည်း သိရှိရသည်။

ထို့အပြင် ရန်ကုန်နှင့်မန္တလေးတွင် CDMA 800 MHZ ဖုန်းလိုင်း တသိန်းခွဲ ချထားပေးမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ဖုန်းလိုင်းအရေအတွက် တသိန်းနှင့် မန္တလေးမြို့တွင် ဖုန်းလိုင်းအရေအတွက် ငါးသောင်း ချထားပေးရန်ရှိကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရပ်ကွက်မှ သိရှိရသည်။

“အခုချပေးမယ့် CDMA 800 MHZ ဖုန်း က ကြိုးမဲ့ ဖုန်းပေမယ့် မိုဘိုင်းလ်ဖုန်းလိုမျိုး သွားလေရာယူသွားပြီး သုံး လို့ မရဘူး၊ ဖုန်းချထားပေးတဲ့ သက်ဆိုင်ရာ မြို့နယ် နယ်နိမိတ်အတွင်းမှာပဲ အသုံးပြုလို့ရမယ်၊ ကြိုးဖုန်း(အော်တို တယ်လီဖုန်း)ပုံစံ သုံးရမယ့်ဖုန်းပါ”ဟု အငယ်တန်း ဆက်သွယ်ရေးဝန်ထမ်းတဦးက ပြောသည်။

ယင်း CDMA 800 MHZ ဖုန်းများကို တလုံးလျှင် ကျပ် ၁၀ သိန်းအောက်မျှဖြင့် ချထားပေးမည်ဆိုသော သတင်း များလည်း ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်နေရာ သိန်းဂဏန်း အရေအတွက် ရှိသည့် အဆိုပါ CDMA ဖုန်းများ ချထားပေးပါက ကြိုးဖုန်း( အော်တိုတယ်လီဖုန်း) တလုံးလျှင် ကျပ် သိန်း နှစ်ဆယ် အထက်ရှိသော ကြိုးဖုန်း ဈေးကွက် ထိခိုက်ဖွယ်ရှိကြောင်း ရန်ကုန် ဖုန်းဝယ်ရောင်းအကျိုးဆောင်ပွဲစားတဦးက ဆိုသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ဖုန်းလိုင်းစုစုပေါင်း နှစ်သိန်းကျော် မကြာမီချထားပေးမည့် အစီအစဉ်သည် အစိုးရ ဘတ်ဂျက်လိုငွေပြမှုဖြစ်နိုင်ကြောင်း၊ ဖုန်းလိုင်းများ လွယ်လွယ်ကူကူချထားပေးခြင်းဖြင့် အစိုးရအပေါ် အကောင်း မြင်ပြီး လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရကျောထောက်နောက်ခံကြံ့ဖွံ့အသင်းကို မဲပေးစေရန်ဟူသော ရည်ရွယ်ချက် အစိုးရတွင်ရှိနိုင်ကြောင်း ပြည်တွင်း သတင်းစာဆရာကြီးတဦးက သုံးသပ်သည်။

အခြားတဘက်တွင်လည်း စစ်အစိုးရသည် ဦးတေဇပိုင် စင်ထရယ်မားကက်တင်း ကုမ္ပဏီနှင့် ပူးပေါင်း၍ တခါသုံး ဖုန်းကတ်များ ထုတ်ရောင်းလျက်ရှိရာ ဖုန်းကတ်ပေါင်း သုံးသိန်းခွဲ ရောင်းချပြီးဖြစ်သည်ဟု ပြည်တွင်း အပတ်စဉ် ထုတ် သတင်းဂျာနယ်များတွင် ရေးသားထားသည်။

လူဦးရေ သန်းငါးဆယ်ကျော်ရှိသော မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း၊ အော်တို တယ်လီဖုန်း အပါအ၀င် ဖုန်းလိုင်း ပေါင်း( တခါသုံးဖုန်းကတ်လိုင်းများ မပါဝင်) ခုနစ်သိန်းခွဲနီးပါးရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင်ထုတ်ပြန်ထားသည်။


ရန်ကုန်တွင် ငှက်အရောင်း ၂ ရက်ပိတ်
Thursday, 18 June 2009 18:02 ကြည်ဝေ
E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အသက် ၆၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အနေနှင့် ချိုးနှင့်ငှက်များ လွှတ်ရန် အစီအစဉ်ရှိသည့်အတွက် စစ်အာဏာပိုင်များ က ရန်ကုန်မြို့တွင်းရှိ ငှက်အရောင်း သမားများအား ယနေ့နှင့်မနက်ဖြန်၂ ရက် အရောင်းပိတ်ခိုင်းထားကြောင်း သိရသည်။

“မနေ့ညနေကတည်းက လာပြောထားတာ ဒီနေ့ဘယ်သူလာဝယ်ဝယ် မရောင်းရဘူး၊ အရောင်းရပ်ထားရမယ်လို့ ပြောတယ်၊ ဘာဖြစ်လို့လဲဆိုတာ မပြောဘူး၊ ကျနော်တို့တင်မကဘူး၊ ဒီ ရွှေတိဂုံဘုရားပေါ်က ငှက်ရောင်းတဲ့ သူ တိုင်းကို မရောင်းခိုင်းတာ”ဟု ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှ ငှက်ရောင်းသူတဦးက ပြောဆိုသည်။

ရန်ကုန်၊ ဆူးလေဘုရားပေါ်မှ လှောင်အိမ်နှင့်ငှက်ရောင်းသူတဦးကလည်း ယနေ့နှင့် မနက်ဖြန်အထိ ငှက်မရောင်း ရ၊ရောင်းပါက အဖမ်းခံရမည်ဟု လာရောက်ခြိမ်းခြောက်ထားသည့်အတွက် မရောင်းရဲ ကြောင်း၊ ၄င်းတို့ အနေနှင့် စီးပွားရေးထိခိုက်မှုရှိကြောင်း ပြောဆိုသည်။

မနက်ဖြန်တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အနေနှင့် နံနက် ပိုင်းတွင် သံဃာငါးပါးအား ဆွမ်းကပ်လှူမည်ဖြစ်ပြီး၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ငှက်များကို ဘေးမဲ့လွှတ် မည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီတွင် အခမ်းအနားစတင်မှာ ဖြစ်ပြီး အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့မှ အဋ္ဌမအကြိမ်မြောက် ပညာရေးထောက်ပံ့မှုပေးအပ်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ သိရှိရသည်။

ငှက်လွှတ်မည့်အစီအစဉ်ပါရှိသောကြောင့် စစ်အာဏာပိုင်များက ငှက်ဝယ်ယူ၍ မရစေရန် အနှောင့်အယှက် ပြုနေခြင်းဖြစ်ကြောင်း NLD အဖွဲ့ဝင်များက ပြောဆိုသည်။

“ဒီနေ့ မနက်ကတည်းက ငှက်လိုက်ရှာဝယ်တာ တော်တော်ကို အဆင်မပြေဘူး၊ ကျမတို့လည်း ပိုက်ဆံပေးပြီး ငှက်ဝယ်တာတောင် ခိုးကြောင်းခိုးဝှက်လိုက်လုပ်ရမလိုဖြစ်နေပြီ၊ ခုချိန်ထိ လိုသလောက်ကို မရသေးဘူး”ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင် အမျိုးသမီး တဦးက ပြောသည်။

ရွှေတိဂုံဘုရားအနီးတ၀ိုက်တွင် ရောင်းလျက်ရှိသော တနိုင်တပိုင် လှောင်အိမ်နှင့် ငှက်အရောင်းဆိုင်များ၊ ငှက် အရောင်းသမားများ၊ ဗိုလ်တထောင်ဘုရားရှိ ငှက်အရောင်းဆိုင်များ၊ ဆူးလေဘုရားရှိ ငှက်ရောင်းသူများစသည့် ရန်ကုန်မြို့တွင်းရှိ ငှက်ရောင်းသူများဆီမှ ၀ယ်ယူ၍ မရ ဖြစ်နေရာ ယနေ့ ညနေပိုင်းအထိ လိုအပ်သော ငှက် ကောင်ရေ ရရှိရေးအတွက် အခက်တွေ့လျက်ရှိကြောင်း အထက်ပါ ဗဟို အမျိုးသမီးအဖွဲ့မှ အမျိုးသမီးက ပြော ဆိုသည်။

လက်ရှိအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာ နေအိမ် မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရကာ ယင်းအမှုကို မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးနေခဲ့သည်။
ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။


စ်အစိုးရက ဘန်ကီမွန်းကို မြန်မာပြည် လာခွင့်ပေး
Thursday, 18 June 2009 15:53 ကိုထွေး
E-mail Print
မြန်မာ စစ်အစိုးရက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို လာမည့် ဇူလိုင်လ အစောပိုင်းတွင် မြန်မာပြည်သို့ လာရောက်ရန် ဖိတ်ကြားကြောင်း အနောက်တိုင်း သံတမန် အသိုင်းအ၀န်းက ယမန်နေ့က ပြောသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ယင်းဖိတ်ကြားချက်အပေါ် မစ္စတာဘန်ကီမွန်း၏ တုံ့ပြန်ချက်ကို ယခုချိန်အထိ ရှင်းလင်းစွာ မသိရ သေးကြောင်း လည်း ဆိုသည်။

မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရ Michele Montas က “သူ့အနေနဲ့ မြန်မာပြည် သွားရောက်ဖို့် တိကျတဲ့ ဆုံးဖြတ်ချက်ကို အခုအချိန်အထိ မချရသေးပါဘူး”ဟု ပြောသည်။

စစ်အစိုးရ အနေဖြင့် ယင်းခရီးစဉ်ကို ၀ါဒဖြန့်သည့် အနေဖြင့် အသုံးချမည်ကိုလည်း မစ္စတာ ဘန်ကီမွန်းက စိုးရိမ် လျက် ရှိကြောင်း၊ မစ္စတာ ဘန်ကီမွန်း မြန်မာပြည်သို့ မသွားမီ သူ၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ က ကြိုတင်သွားရောက်ဖွယ် ရှိကြောင်း ယင်း သံတမန် အသိုင်း အ၀န်းက ဆက်လက်ပြောဆိုသည်။

သံတမန် တဦးက “သူရဲ့ ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားတဲ့ အမှုဟာ တရားဝင်ဖြစ်တယ် ဆိုတဲ့ သဘောမျိုး သက်ရောက်သွားမှာကို သူ့အနေနဲ့ မလိုလားဘူး”ဟု ပြောသည်။

စစ်အစိုးရက မစ္စတာဘန်ကီမွန်းအား လက်ခံတွေဆုံရေးနှင့် ပတ်သက်၍လည်း ယခုအချိန် အထိ သေချာစွာ မသိရှိရ သေးပေ။

လာမည့် ၂၀၁၀ တွင် ပါတီစုံရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖွယ် ရှိကြောင်း ယင်းသံတမန် အသိုင်းအ၀န်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

မစ္စတာ ဘန်ကီမွန်းက မြန်မာ စစ်ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန်နှင့် ၎င်းတို့ ပေးထားသည့် ကတိအတိုင်း မြန်မာပြည်ကို ဒီမိုကရေစီစနစ်သို့အသွင်ပြောင်းလဲ ရေး အတွက် ဖိအားပေးရန် မြန်မာပြည်သို့ သွားရောက်ရန် စဉ်းစား နေကြောင်း မကြာသေးမီကပြောဆိုခဲ့ ဖူးသည်။

မစ္စတာဘန်ကီမွန်းသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသို့ ပထမအဆုံးအကြိမ် သွားရောက် ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင် ရွက်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြောဆိုခဲ့သည်။

ခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ခဲ့သည်။

မစ္စတာ ဘန်ကီမွန်းနှင့် သူ၏မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ တို့သည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှား မှုမှ ရရှိသည့် ကမ္ဘာတ၀န်းမှ လူပေါင်း ၆၇၀ ၀၀၀ ကျော်၏လက်မှတ်များကို ယခုရက်ပိုင်း အတွင်းက လက်ခံ ရရှိ ခဲ့သည်။

ယင်းလှုပ်ရှားမှုကို မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) တို့ပူးပေါင်း၍ ပြီးခဲ့သော မတ်လ ၁၃ ရက် မြန်မာနိုင်ငံ လူ့အခွင့် အရေးနေ့တွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာက ပိုမိုသိရှိလာပြီး နအဖကို ပိုမို ဖိအားပေးရန် နှင့် ရရှိလာသည့် လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထံပို့မည် ဖြစ်ကြောင်း၊ မစ္စတာ ဘန်ကီမွန်းအနေနှင့် နအဖကို ဖိအားပေးပြောဆိုရန် တောင်းဆိုမည် ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါ လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် သက်တမ်း ၆ နှစ်ပြည့်မည့် မေလ ၂၄ ရက်နေ့ အထိ ရက်ပေါင်း ၇၃ ရက်ကြာ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှု လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ဘန်ကီမွန်းနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်

18 June 2009


မကြာခင် မြန်မာနိုင်ငံသွားရောက်ဖို့ ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံက မပြေလည်နိုင်သေးတဲ့
နိုင်ငံရေးပြဿနာတွေအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း
အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီလို အကျိုး
ရလဒ်တွေ ထွက်ပေါ်နိုင်မယ့် ခရီးစဉ်ဖြစ်ဖို့အတွက်ကတော့ တရားစွဲဆိုခံနေရတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာစစ်အစိုးရခေါင်းဆောင်
တွေ အပါအ၀င် သက်ဆိုင်သူအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံမှ ဖြစ်မယ်လို့လည်း
ယုံကြည်ထားကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မကြာခင် မြန်မာနိုင်ငံသွားမယ်
ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာနဲ့အမျှ ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံက နိုင်ငံရေး
ပြဿနာတွေအတွက် တစုံတရာ အထောက်အကူ ဖြစ်လာလေမလား မြန်မာ့နိုင်ငံရေး
အသိုင်းအ၀န်းက မျှော်လင့်နေကြတာပါ။ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေး
ပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ ဗဟို
ကော်မတီဝင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်း
တွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ ကမ္ဘာ့အကြီးအကဲတယောက် မြန်မာနိုင်ငံကို
လာမယ်ဆိုတာဟာ ကြိုဆိုစရာ၊ မျှော်လင့်စရာလို့ ဆိုပါတယ်။

“အရင့်အရင်ကလာခဲ့တဲ့ ကုလသမဂ္ဂ Special Envoy တွေ လာတဲ့အခါမှာတော့ ဘာမှ
ထူးထူးခြားခြား ပြန်ဖြစ်သွားတာတော့ မတွေ့ရဘူးပေါ့။ အဲဒီလိုအခြေအနေမျိုး ဖြစ်မယ်
ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။ အခုနေအခါ မြန်မာ့နိုင်ငံရေးမှာ အင်မတန်သိမ်မွေ့
ပြီး အင်မတန် အရေးကြီးတဲ့ကာလကို ရောက်နေတာဖြစ်ပါတယ်။ လမ်းဆုံလမ်းခွကို
ရောက်နေသလို ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်
ဖြစ်စေ နိုင်ငံတကာကလာပြီးတော့ ထိထိရောက်ရောက် ပါဝင်ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် မြန်မာ့နိုင်ငံရေး ပြေလည်ဖို့
ဖြေရှင်းပေးမယ်ဆိုရင် ကျနော်တို့အနေနဲ့တော့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမှာပဲ
ဖြစ်ပါတယ်။”

ဒီလိုပဲ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်ကလည်း
အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်က မြန်မာ့နိုင်ငံရေး တိုးတက်ဖို့အတွက် အထောက်အကူ
ဖြစ်စေနိုင်ပေမယ့်လို့ ပြဿနာတွေ ပြေလည်စေဖို့က ကုလသမဂ္ဂ တခုတည်းကို
အားကိုးလို့ မရနိုင်ဘူးလို့လည်း ယူဆထားတာပါ။

“ဘန်ကီမွန်းကိုယ်တိုင် လာတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ အကျပ်
အတည်းဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ထဲထဲဝင်ဝင် အတိုင်းအတာ တစုံတခု
အထိ သိသွားနိုင်တယ်၊ ဒီက တွေ့သင့်တွေ့ထိုက်တဲ့လူတွေနဲ့ တွေ့ပြီးတော့ ဆွေးနွေး
နိုင်တယ်ဆိုရင်တော့ ဒါ ကုလသမဂ္ဂအနေနဲ့လည်း ရှေ့ကို ဆက်လုပ်နိုင်မယ့် အတိုင်း
အတာတွေကို စဉ်းစားသုံးသပ်လို့ ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘန်ကီမွန်း
လာရုံနဲ့ပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂက ၀င်ပြီးတော့ ဆောင်ရွက်ရုံနဲ့ပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့
နိုင်ငံရေးပြဿနာကို ပြီးပြည့်စုံတဲ့ ဖြေရှင်းမှုတခု ရမယ်လို့တော့ အန်ကယ့်အနေနဲ့
မယုံသလို မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးသမား တော်တော်များများကလည်း ဒီလိုတော့
ယုံကြည်မှု မရှိပါဘူး။”

ဒီလို မျှော်လင့်ချက်တွေရှိနေတဲ့ တချိန်တည်းမှာ ဒီခရီးစဉ်ကနေ မယ်မယ်ရရ အကျိုး
ရလဒ် ထွက်ပေါ်မလာမှာကိုလည်း အတွင်းရေးမှူးချုပ်ကိုယ်တိုင်က စိုးရိမ်မကင်း
ဖြစ်တာတွေ ရှိနေတယ်ဆိုပြီး သံတမန်အသိုင်းအ၀န်းကို ကိုးကားပြီး သတင်းတွေက
ဖော်ပြနေကြပါတယ်။ အန်န်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးခင်မောင်ဆွေရဲ့
သဘောထားကတော့…

“သူ့ရဲ့ အရင်တုန်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေအရဆိုရင် ခိုင်ခိုင်မာမာ
အဆောက်အအုံရှိရှိနဲ့ ဖြစ်ထွန်းနိုင်မယ့် ရလဒ်မျိုး ရဖို့လိုတယ်၊ ရမှသာလျှင် သူလာချင်
တယ်လို့ ပြောထားတာ ကျနော် မှတ်မိနေပါတယ်။ အဲတော့ အခုလာမယ့်ကိစ္စကလည်း
အဲလိုရလဒ်မျိုးတွေကို မျှော်လင့်ချက်ရှိလို့သာ လာတယ်လို့ တွက်ဆလို့ရပါတယ်။
ပြီးတော့ သူတောင်းဆိုထားတဲ့၊ သူပြောထားတဲ့ အချက်အလက်တွေကို ပစ်ပယ်ပြီး
တော့ လာလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ အဲဒီတောင်းဆိုချက်တွေ၊ လိုလားချက်
တွေကို အထိုက်အလျောက် ယုံကြည်လောက်တဲ့ အတိုင်းအတာထိ သူရရှိထားလို့
လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပဲ ဖြေရမှာဖြစ်ပါတယ်။”

တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်ကလည်း မြန်မာ
နိုင်ငံကို အတွင်းရေးမှူးချုပ်လာမယ့် ခရီးစဉ်ဟာ အနှစ်သာရရှိတဲ့ ခရီးစဉ်တခုဖြစ်ဖို့
ဆိုရင် နိုင်ငံရေးအသိုင်းအ၀န်းမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်
တွေ့မှဖြစ်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“အာဏာပိုင်တွေနဲ့ တွေ့ဖို့ကတော့ အမြင့်ဆုံး အာဏာပိုင်တွေနဲ့ တွေ့ရမယ်၊ ပြီးတော့
အန်န်အယ်လ်ဒီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ရမယ်၊ တခြား ရွေးကောက်ပွဲမှာ အနိုင်
ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေရယ်၊ ဒီမိုကရေစီ အင်အားစုတွေကို တွေ့သင့်တယ်လို့
ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့သင့်တယ်၊ အကျဉ်း
ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ထင်ရှားတဲ့ပုဂ္ဂိုလ်များနဲ့လည်း တွေ့သင့်
တယ်၊ ပြီးတော့ အရင့်အရင်တုန်းက ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ နောက်ပိုင်း
လာတဲ့အခါမှာ တိုင်းရင်းသား ရွေးကောက်ပွဲအနိုင်ရ ပါတီတွေနဲ့ တွေ့တာဆုံတာတွေ
မရှိခဲ့ဘူး။ ဘန်ကီမွန်းကိုယ်တိုင် လာတဲ့အခါတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့
လည်း ပြည့်ပြည့်စုံစုံ အချိန်ပေးပြီးတော့ တွေ့ဆုံသင့်တယ်လို့ ကျနော့်အနေနဲ့
သုံးသပ်ပါတယ်။”

အစောပိုင်းမှာတုန်းကတော့ အတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး
အကျဉ်းသားတွေ ပြန်လွှတ်ပေးအောင် မြန်မာစစ်အစိုးရကို တိုက်တွန်းဖို့ သူ့အနေနဲ့
မြန်မာပြည်ကို သွားလိုတယ်ဆိုပြီး ပြောဆိုထားတာပါ။ ဒါကိုလည်း မြန်မာစစ်အစိုးရ
ဘက်က သဘောတူထားပြီးဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ခရီးစဉ်ဟာ ရှေ့လ
ဇူလိုင်လဆန်းပိုင်းလောက် ဖြစ်လိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ သွားမယ့်
ရက်ကိုတော့ တရားဝင် တိတိကျကျ ပြောတာမျိုး မရှိသေးပါဘူး။


ကေအန်ယူတပ်ဖွဲ့တွေ စခန်းတချို့က ဆုတ်ခွာ

18 June 2009


ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်ဖွဲ့တွေကို မြန်မာစစ်အစိုးရတပ်တွေနဲ့
ဒီကေဘီအေ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့တွေ ပူးတွဲစစ်ဆင်ရေး ဆင်နွှဲ
နေတာမှာ ကေအန်ယူဘက်က တပ်မဟာ ၇ အောက်မှာရှိတဲ့ တပ်စခန်းတချို့ကနေ
ဆုတ်ခွာပေးခဲ့တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီတိုက်ပွဲတွေကြောင့်
ထွက်ပြေးလာကြတဲ့ ကရင်ရွာသားတွေကို ထိုင်းနိုင်ငံဘက်က ပေးမ၀င်တော့ဘူးလို့
ဆိုပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခု စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ ပူးပေါင်းပြုလုပ်နေတဲ့ စစ်ဆင်ရေး
ကြောင့် ကေအန်အယ်လ်အေ တပ်မဟာ ၇နဲ့ တခြားတပ်စခန်းတွေ ကျသွားတဲ့သတင်း
တွေ ပြင်ပ ၀ိုင်ယာသတင်းတွေမှာ ရေးသားဖော်ပြနေကြတာပါ။ ဒါကြောင့် ဒီသတင်း
တွေ မှန်မမှန်သိရအောင် ကေအန်ယူအဖွဲ့က တွဲဖက်အတွင်းရေးမှူး ၁ လည်းဖြစ်၊
သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံလည်းဖြစ်တဲ့ ဗိုလ်မှူးလှငွေကို ဗွီအိုအေက
ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

ဗိုလ်မှူး အခု အပြင်မှာ တပ်မဟာ ၇ ကျသွားတယ်ဆိုပြီး သတင်းတွေထွက်နေလို့၊ အဲဒီ
သတင်း ဟုတ်မဟုတ် ဗိုလ်မှူးအနေနဲ့ အတည်ပြုပေးလို့ ရမလားခင်ဗျ။

“လုံးဝမဟုတ်ပါဘူးခင်ဗျ။ ဒီနေ့ဆိုရင်တော့ တချက်မှတောင် မပေါက်ဘူး။”

ဒီနေ့ တိုက်ပွဲတွေ မရှိဘူးပေါ့။

“ဘာမှမရှိဘူး။ သူတို့လူနာတွေ သူတို့ပို့နေတာတောင် မကုန်သေးဘူး။”

အခု သတင်းတွေမှာတက်နေတဲ့ စခန်းတွေ ကျတယ်ဆိုတာက…

“ဟုတ်တယ်၊ ၂၀၂ ရယ် အဲဒီမှာရှိတဲ့ သူတို့ပြောတဲ့ ၁၀၁ ဆိုတာ ကျနော်တို့ဆီက
ဖယ်ပေးလိုက်တာ။ လက်နက်ကြီး ပစ်ကွင်းတွေချည်း ဖြစ်နေလို့ ပြောက်ကျားပဲထားခဲ့
တယ်။ နောက် ၂၁ တို့ နေရာတကွက်ပေါ့ ဖယ်ပေးလိုက်တာ။ ဒါတွေကို သူတို့က
ကျတယ်ဆိုပြီး ကြေညာထားတာ။ ကျနော်တို့က ခံစစ်ရှင်အနေအထားနဲ့ နေထားတာ၊
ခံစစ်သေအနေအထားနဲ့ နေထားတာတချို့ ဖြုတ်လိုက်ပြီးတော့ ပြောက်ကျားအနေနဲ့
ပြန်ထားတယ်။ သူတို့ လက်နက်ကြီး အကြီးအကျယ် သုံးဖို့ဆိုတာကလည်း အခု မိုးနဲ့
လေနဲ့၊ သူတို့ ပေါ်တာဖမ်းမရဘူး၊ ဒဏ်ရာရတဲ့လူတွေ ပြန်သယ်ဖို့အတွက် သူတို့
နယ်မြေဖြတ်ကျော်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့လူဦးရေနဲ့ ပြန်သယ်ရ
မယ့် ဒဏ်ရာနဲ့ မကာမိတဲ့အခါကြတော့ သူတို့လူတွေ ထိခိုက်ပြီး သေကျေတာ
များလာတဲ့အပေါ်မှာ သူတို့ ပြန်စဉ်းစားနေရတာပေါ့၊ စွန့်သင့် မစွန့်သင့်။ မစဉ်းစား
လည်း သူတို့ကိစ္စပဲလေ။”

D-Day ကိစ္စနဲ့ပတ်သက်ပြီး သူတို့က ဘယ်လို ကြေညာချက်ထုတ်တာလဲခင်ဗျ။
ဗိုလ်မှူးတို့ဆီ ဘယ်လိုလုပ် သတင်းဝင်လာတာလဲ။

“D-Day ဆိုတာလည်း ကျနော်တို့က ကောလာဟလအနေနဲ့ပဲ ကြားတာပါ။ ဘယ်သူ့
ဆီက လာမှန်းလဲ မသိဘူး။ D-Day က ၁၆ ရက်နေ့ဆိုပြီး။ အခုဟာကလည်း ဘာမှ
အတည်ယူလို့မရဘူး။ လူတွေကလည်း ၀ါဒဖြန့်ချိရေး သတင်းတွေက များနေတဲ့အခါ
ကြတော့ ဘာမှ အတည်ပြုလို့မရဘူး။”

အခုနောက်ဆုံး ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို သိရအောင် KHRG
ကရင်လူ့အခွင့်အရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာလည်း KHRG
ပြောခွင့်ရအမျိုးသမီး နော်အဲ့ဖောထူးက အခုလို စပြောပြပါတယ်။

“KHRG ကရရှိတဲ့ သတင်းအချက်အလက်တွေကတော့ တချို့ရွာသူရွာသားတွေက
သောင်ရင်းမြစ် မြန်မာပြည်ဘက် အခြမ်းမှာပဲ ရှိနေတုန်း။ သူတို့က ဒီဘက် ထိုင်းနိုင်ငံ
ထဲကို ဆက်လက်ကူးလာချင်သေးတယ်။ ဒါပေမယ့် ထိုင်းစစ်သားတွေက သူတို့ကို
အ၀င်မခံဘူး၊ ထိုင်းဘက်ကို။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကပြောတယ်၊ ၀င်လာတဲ့
လူဦးရေက များပြီ၊ ၀င်လာတဲ့လူဦးရေက ပြည့်ပြီဆိုပြီး ပြောတော့ ရွာသူရွာသားတွေက
သောင်ရင်းမြစ်ရဲ့ မြန်မာပြည်ဘက်ခြမ်းမှာ ရှိနေတုန်းပဲ။”

ဒါ ဒီနေ့ဖြစ်တာလားခင်ဗျ။

“ဟုတ်ကဲ့၊ အခုလက်ရှိ လတ်တလော အခြေအနေ။”

အခု ဒီဘက်ကိုရောက်ပြီး ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်က အမတို့
နောက်ဆုံးရထားတဲ့ စာရင်းဇယားအရဆိုရင် ဘယ်လောက်ရှိမလဲ။

“အခု ဒုက္ခသည် စာရင်းဇယားက ၃,၅၀၀ နီးပါး ရှိနေပါပြီ။”

အခု နောက်ဆုံးထွက်လာတဲ့ လူတွေထဲက တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ပြောပြ
တာတွေ ရှိပါသလား။

“တိုက်ပွဲအခြေအနေ သူတို့ပြောတာကတော့ ဒီကေဘီအေဘက်က အလုံးကြီးတွေ
သေနတ်တွေနဲ့ ပစ်နေတုန်းပဲ။ သူတို့ဘက်က စစ်သားတယောက်ယောက် ထိခိုက်မယ်၊
အထိအခိုက်၊ အနာအကျင် ရှိမယ်ဆိုရင် သူတို့က အလုံးကြီးတွေ၊ သေနတ်တွေ
အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် ဒီဘက်က ရွာသူရွာသား
တွေ ထိခိုက်ဒဏ်ရာရတဲ့သတင်း မရှိသေးပါဘူး။”

KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောခွင့်ရအမျိုးသမီး နော်အဲ့ဖောထူး ပြောပြ
သွားတာပါ ဖြစ်ပါတယ်။


ကေအိုင်အေ ကချင်တပ်ဖွဲ့နဲ့ ၀တပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်ပြင်ဆင်

18 June 2009


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကို နယ်ခြားစောင့်တပ်အဖြစ်
အသွင်ပြောင်းရေးအတွက် မြန်မာစစ်အစိုးရက တောင်းဆိုလိုက်တဲ့နောက်မှာ
ကေအိုင်အေက သူတို့နယ်မြေအတွင်းမှာ စစ်ရေးလေ့ကျင့်တာတွေ ပိုမိုလုပ်ဆောင်လာ
သလို မြန်မာစစ်အစိုးရရဲ့ တပ်တွေဘက်ကလည်း လှုပ်ရှားမှုတွေ ရှိလာနေတယ်လို့
ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေမှာ ကချင်ပြည်နယ်က လူထုတွေက ၁၉၉၄
အပစ်အခတ် မရပ်စဲခင် ကာလကလို တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေပါတယ်။
ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြ
ထားပါတယ်။

ကေအိုင်အေနဲ့ မြန်မာစစ်တပ်တွေရဲ့ စစ်ပြင်ဆင်မှု အခြေအနေကို ကချင်ပြည်နယ်က
ဒေသခံတွေက အခုလို ပြောပါတယ်။

“ပြင်ဆင်တာတော့ ရှိပါတယ်။ ဒီ စစ်သင်တန်းတွေ ပိုပြီးမှ ရက်တွေ ပြန်တိုးချဲ့၊ အဲလိုမျိုး
တွေပေါ့။ အခုတလော တောထဲဝင်ပြီးတော့ လေ့ကျင့်တာတွေလည်း လုပ်နေကြပါ
တယ်။ ကေအိုင်အေ တပ်မဟာ ၂ ဘက်မှာပေါ့။ အရင်ကတည်းက လုပ်လာတာတော့
မရှိဘူး။ အခုမှလုပ်တာ။ ဒီစစ်သားတွေ စုဆောင်းတာလည်း ပိုပြီးမှ စုဆောင်းတာပေါ့
နော။ လေ့ကျင့်ရေးစခန်းမှာဆို စစ်သားတွေ ခါတိုင်းထက် အဆမတန် များနေတာပေါ့။
ရွာတွေ ဘာတွေဆိုရင်လည်း တချို့ စစ်သားမလုပ်ချင်တဲ့လူဆို မြို့မှာပဲနေပြီးမှ
ရွာတောင်မပြန်လာဘူး။ ဘာဖြစ်လို့လဲဆိုရင် ရွာရောက်ရင် စုဆောင်းခံရမှာ စိုးလို့ပေါ့။
ဒီနအဖဘက်က စစ်တပ်တွေတောင်မှ ကေအိုင်အေတွေက ဒီလိုကျင့်တော့ သူတို့လည်း
မြို့ထဲမှာ သေနတ်တွေပစ်၊ အဲလိုမျိုး သူတို့လည်း လေ့ကျင့်နေတယ်။ နှစ်ဖက်စလုံး
အပြိုင်အဆိုင် လေ့ကျင့်နေတာပေါ့။ ဒီ တနိုင်းဘက်မှာ။”

“အခုက ပြင်ဆင်တာပါပဲ။ လိုအပ်လာလို့ရှိရင်ဆိုတဲ့ အခြေအနေမျိုး ပြင်ဆင်တာပါပဲ။
ကြားတာကတော့ နအဖအစိုးရဘက်ကလည်း အဆင်သင့်ပဲ။ အခုတောင် ကျမတို့
ကြားတာ အဲဒီ ဗန်းမော်နဲ့ လွယ်ဂျယ်လမ်းပေါ့နော်၊ အဲဒီလမ်းဘက်မှာ ညညဆိုရင်
စစ်အစိုးရကားကြီးတွေ လက်နက်သယ်တယ်လို့၊ သူတို့က ညမှပဲ ဖြတ်တယ်၊ အဲဒီ
ကားတွေက ဘယ်မှာရပ်သွားလဲဆို ဆင်ဒုံမှာ။ ဗန်းမော်ကိုလည်း မကျော်ဘူး။
လွယ်ဂျယ်ကနေ ဆင်ဒုံကို ရောက်တယ်။ ဆင်ဒုံမှာက သူတို့ရဲ့ဗျူဟာလို့ ပြောလို့ရမယ့်
စစ်တပ်ရှိတော့ လက်နက်တွေ အဲဒီမှာပဲ စုတယ်လို့ အားလုံးက သုံးသပ်နေတယ်။
ရွာကလူတွေ၊ ရွာသားပြည်သူတွေပေါ့။”

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် မြန်မာစစ်အစိုးရက တောင်းဆို
ထားတာကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က လူထုဆီက သဘောထား
ရယူပြီး အကြောင်းပြန်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီလို သဘောထားရယူရာမှာ ကချင်
ပြည်သူတွေနဲ့ ကေအိုင်အေတပ်ဖွဲ့ဝင် အတော်များများက နယ်ခြားစောင့်တပ်အဖြစ်
အသွင်ပြောင်းရေးကို လက်မခံကြောင်း စာတွေရရှိပြီးတဲ့နောက်မှာ အခုလို စစ်ရေးအရ
ပြင်ဆင်တာတွေ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ကေအိုင်အေနဲ့ မြန်မာစစ်တပ်ကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကိုတော့ ကချင်လူထု
အများစုက မလိုလားကြောင်း ဒေသခံ ကချင်အမျိုးသမီးက အခုလို ဆက်ပြောပါတယ်။

“အကယ်၍သာ ပြန်ပြီးတင်းမာလာမယ်၊ ပစ်ကြမယ် ခတ်ကြမယ်ဆိုရင်တော့ ပညာရေး
ကအစ၊ လုပ်ကိုင်စားသောက်တဲ့ စီးပွားရေးလုပ်ငန်းက အစ၊ အခြေခံ ပြည်သူလူထုတွေ
ကတော့ အများကြီး ဒုက္ခရောက်နိုင်တယ်။ နအဖဘက်ကလည်း ဘယ်နားမှာ
ဘာရှိတယ်၊ ဘယ်သူတွေနဲ့ ဘယ်သူတွေ ဆက်သွယ်တယ်ဆိုတာက သူတို့ အကုန်လုံး
သိနေပြီးသားလေ။ မြို့မှာပဲဖြစ်ဖြစ်၊ တောမှာပဲဖြစ်ဖြစ် ပြည်သူတွေအားလုံးက အရင်
ကထက်စာရင် ပိုပြီးတော့ ဒုက္ခရောက်မယ်၊ တိုက်မလား မတိုက်ဘူးလားဆိုတာက
အများကြီး ပြန်စဉ်းစားဖို့လိုပြီလို့ ဒီမှာဆုံကြတဲ့လူတွေ ဆွေးနွေးကြတာပေါ့။”

ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်း မိုးကောင်းဒေသက ရှမ်းအမျိုးသားတယောက်
ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“စစ်ဖြစ်တယ်ဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ။ တကယ်ပြောမယ်ဆိုရင် ပြည်သူ
တွေ နာတယ်လေဗျာ။ စစ်မဖြစ်ဘဲနဲ့ ရှောင်လွှဲတဲ့နည်းနဲ့ စေ့စပ်ဆွေးနွေးနိုင်ရင်တော့
ကောင်းတာပေါ့ဗျာ။ အပစ်မရပ်ခင်တုန်းကတော့ ဒါကတော့ နှစ်ဖက်ပေါ့ဗျာ၊ တဖက်
ကလည်း ကေအိုင်အေကို ထောက်ပံ့တယ်၊ ပံ့ပိုးတယ် ဘာညာဆိုပြီးမှ အစိုးရဘက်
ကလည်း သံသယမကင်းဘဲနဲ့ ချော၊ ပေါ်တာ ဘာညာခေါ်တာတမျိုး၊ ဖမ်းဆီးနှိပ်စက်
ခံရတာတမျိုး။ တခါ ဟိုဘက်ကလည်း ထိုနည်းလည်းကောင်းအတိုင်းပဲ၊ ဒါတွေဟာ
အစိုးရသူလျှို ဘာညာဆိုပြီးမှ လုပ်တာတမျိုး၊ နှစ်ဖက်စလုံးပါပဲ။ ခံရတော့ ပြည်သူ
လူထု ခံရတာပါပဲ။ အဲဒါတွေ ဖြစ်ခဲ့တာပါပဲ။”

ကေအိုင်အေနဲ့ မြန်မာစစ်တပ် အပစ်ရပ်ပြီးတဲ့နောက်မှာ ပြည်သူတွေ အေးအေး
ချမ်းချမ်း နေရတာကို မပျက်စီးလိုဘူးလို့ သူက ဆက်ပြောပါတယ်။

ကေအိုင်အိုအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းလွန်ဒေါင်း
ကတော့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတာနဲ့ စစ်ပွဲတွေ ပြန်ဖြစ်လာမယ်ဆိုတဲ့
သတင်းတွေကို လက်မခံပါဘူး။ ကေအိုင်အေကို အသွင်ပြောင်းရေးနဲ့ ပတ်သက်လို့
မြန်မာစစ်အစိုးရနဲ့ ကေအိုင်အေကြားမှာ ညှိနှိုင်းလို့ရနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

“နအဖကနေ ဒီလိုတင်ပြလာတာ ဒါ သဘာဝကျပါတယ်။ ဒါပေမယ့် လက်တွေ့ပိုင်း
မှာကြ ဒီ Military ကို Reform လုပ်တာကို နောက်မှထားပါ၊ ရွေးကောက်ပွဲကို ပထမ
ထားပါ။ အဲဒီအစီအစဉ်ကိုလည်း အရှေ့ကဟာ အနောက်ထားလိုက်၊ အနောက်ကဟာ
အရှေ့ထားလိုက်၊ အဲဒါပဲဟာ။ ဒါလည်း ကျနော်တို့ ဆွေးနွေးလို့ရနိုင်တဲ့ဟာ၊ ဖြစ်လိမ့်
မယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

ဗိုလ်မှူးကြီး ဂျိမ်းလွန်ဒေါင်းက ပြည်သူတွေတင်မြှောက်တဲ့ အစိုးရ တက်လာပြီးရင်
ပြည်သူတွေအတွက် အာမခံချက် အပြည့်အ၀ ရပြီဆိုရင်တော့ ကေအိုင်အေဟာ
အစိုးရတပ်မတော် ဖြစ်လာနိုင်တယ်လို့ ဆက်ပြောပါတယ်။

မြန်မာစစ်အစိုးရက ကေအိုင်အေ အပါအ၀င် အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်
အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး ဧပြီလကုန်ပိုင်းက စတင် အကြောင်းကြားခဲ့ပါတယ်။
ကေအိုင်အေဟာ လူထုသဘောထား ရယူပြီး ဒီလပိုင်းအတွင်းမှာ မြန်မာစစ်အစိုးရနဲ့
ထပ်မံဆွေးနွေးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကတော့ ကချင်ပြည်နယ်အတွင်းက အခြေအနေတွေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်
အတွင်းမှာလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မိုင်းဆတ်နယ်မှာ အခြေစိုက်တဲ့
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တောင်ပိုင်းကလည်း ကချင်တပ်ဖွဲ့တွေလို
စစ်ရေးလေ့ကျင့်တာတွေ လုပ်ဆောင်လာနေတယ်။ တချိန်တည်းမှာလည်း မြန်မာ
စစ်အစိုးရဘက်ကလည်း တပ်အင်အား တိုးမြှင့်ချထားတာတွေ ရှိနေတယ်လို့
ထိုင်း-မြန်မာနယ်စပ်က ဒေသခံတယောက်က အခုလိုပြောပါတယ်။

“အခုက နအဖနဲ့ ၀ သိပ်အယုံအကြည် မရှိကြတော့ဘူး။ အဲဒါကြောင့် နယ်စပ်ဒေသမှာ
ရှိတဲ့ ၀အဖွဲ့အစည်းကလည်း သူတို့ ဒီ မြန်မာပြည် ထိုင်းနယ်စပ်မှာ နီးနီးလေးနေရာမှာ
အဲဒီမှာ စစ်ရေးတွေ တအားလေ့ကျင့်နေပြီ အခုက။ ဒီ မိုင်းကျွတ်မှာ မိုင်းတုံအနောက်
ပိုင်းက တပ်စခန်း အဲဒီနေရာကို စစ်ရေးလေ့ကျင့်နေတယ် အခုက။ နအဖကလည်း
သံလွင်မြစ်ကမ်းနားမှာတော့ တပ်မ ၂ခု ချထားတယ်တဲ့၊ ၆၆နဲ့ ၈၈။ အဲဒီတပ်မ ၂ခုက
သံလွင်မြစ် အဲဒီဘက်က နေရာယူထားတယ်တဲ့။ တာဆန်းတံတားနား ဒီဘက်ပိုင်းပေါ့။
တပ်မ ၈၈နဲ့ ၆၆က သူတို့ကလည်း အင်အားအပြည့်နဲ့ သံလွင်မြစ် ဒီဘက်က ကျော်လာ
ပြီးပြီပေါ့။ ဒီဘက် ကျနော်တို့ ပြောတဲ့နေရာတော့ သိပ်မဝေးကြဘူးပေါ့။ မြို့နယ်တခု
အတွင်းမှာပဲ။ ဒါဆို ဒီမှာလည်း စစ်ရေး တအားလေ့ကျင့်နေတယ်။ ဟိုမှာလည်း
စစ်အင်အားနဲ့ လာတယ်ဆိုတော့ သူတို့က ဘာလုပ်ကြမှန်း မသိသေးဘူးလေ။”

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ဌာနချုပ်ကတော့ တရုတ်-မြန်မာနယ်စပ်
ပန်ဆန်းမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

သူတို့ရဲ့ တောင်ပိုင်းတပ်ဖွဲ့ဟာ မိုင်းတုံ မိုင်းဆတ်နယ်မြေမှာ အခြေစိုက်ထားတာ ဖြစ်ပါ
တယ်။ မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကမ်းလှမ်းတာကို
ဝတပ်ဖွဲ့က ငြင်းပယ်လိုက်တဲ့နောက်မှာ တောင်ပိုင်း ၀တပ်ဖွဲ့တွေကို တရုတ်-မြန်မာ
နယ်စပ်ဘက် ပြောင်းရွှေ့ဖို့ မြန်မာစစ်အစိုးရဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ အခုလို တင်းမာမှုတွေ ဖြစ်လာတာပါ။


ဒေါ်စုလွတ်မြောက်ရေး တီရှပ်လှုပ်ရှားမှု ဆင်နွှဲ

18 June 2009


လက်ရှိ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရပြီး တရားစွဲဆိုခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ အသက်
၆၄နှစ် ပြည့်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတ၀န်း နိုင်ငံ့ခေါင်းဆောင်တွေ
အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးတွေ၊ အထင်ကရ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား
သူတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတွက် တောင်းဆိုနေကြသလိုပဲ
ပြည်တွင်းမှာဆိုရင်လည်း အဖွဲ့ချုပ် အဖွဲ့ဝင်တွေက တိုင်းနဲ့ပြည်နယ် တော်တော်များများ
မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ
အာဏာပိုင်တွေက နှောင့်ယှက်ဟန့်တားတာတွေ ရှိပါသလား၊ အခြေအနေတွေကို
စုံစမ်းထားတဲ့ မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
ဖရီးတီရှပ် (Free T.Shirt)၊ ဓာတ်ပုံနဲ့ ပန်းတွေတပ်ဆင်တဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်
တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ၁၇၊ ၁၈၊ ၁၉ ရက်
၃ရက်ဆက်တိုက် ပြုလုပ်သွားမှာဖြစ်ကြောင်း အဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။

ဦးဆောင်လှုပ်ရှားသူ မကွေးတိုင်း သရက်မြို့နယ်စည်း ကိုအောင်လှိုင်သန်း ပြောပြ
တာက …

“ကျနော်တို့ ဒီလှုပ်ရှားမှုက ၁၇ ရက်နေ့က စခဲ့တယ်။ အခု မကွေးမြို့ပေါ်မှာဆိုရင်
မကွေး မြသလွန်ဘုရားမှာ ၁၇ ရက်နေ့ကစပြီး ယောက်ျားလေးတွေက အင်္ကျီအဖြူ
ဝတ်ပြီး အဲဒီအင်္ကျီထဲမှာ နှင်းဆီပန်းလေးတပွင့် ထိုးထားတယ်။ မိန်းကလေးတွေက
လည်း အင်္ကျီအဖြူဝတ်ပြီး ခေါင်းမှာ စံပယ်ပန်းပန်ပြီး မြသလွန်မှာ အန်တီ
လွတ်မြောက်ရေး ဆုတောင်းလုပ်ခဲ့ကြတယ်။ မနက်ဖြန် ၁၉ ရက်နေ့မှာဆိုရင်
ဘုန်းကြီးကျောင်းတွေမှာလိုက်ပြီး အန်တီ့သက်စေ့ ၆၄ ပါး ဆွမ်းကျွေးမယ်။ ဒါ
ကျနော်တို့ မကွေးအနေနဲ့လုပ်တာပါ။ တခြား ညောင်ဦး၊ ပုပ္ပါး၊ ပုဂံ၊ ကျောက်ပန်း
တောင်း၊ မြင်းခြံ၊ မန္တလေး၊ ပခုက္ကူ၊ ရေနံချောင်း၊ ချောက်၊ ဒီမြို့တွေမှာလည်း အလားတူ
ဒီကိစ္စတွေကို ဆက်လုပ်သွားမယ်။”

အခုလို လှုပ်ရှားမှုတွေလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဆူပူလိုတဲ့ ရည်ရွယ်ချက်နဲ့
လုပ်ဆောင်တာမဟုတ်ဘဲ ပြည်သူလူထုတွေ နိုးကြားလာဖို့နဲ့ မိမိဆန္ဒကို ထုတ်ဖော်
နိုင်အောင် လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားမဲ့စွာ စစ်ဆေးခြင်းခံနေရတယ်။
အဲဒီအပေါ်မှာ ကျေနပ်မှုမရှိဘူးပေါ့။ ကျေနပ်မှုမရှိတဲ့အခါ ပြည်သူတွေက သူတို့
တတ်နိုင်တဲ့ ဥပဒေဘောင်အတွင်းကနေပြီး ဒါကို လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့
လုပ်ဆောင်နေတယ်။”

ဒီလိုလှုပ်ရှားမှုတွေကြောင့် အာဏာပိုင်တွေဘက်ကနေ အနှောင့်အယှက်ပေးမှုတွေ
အနည်းငယ်သာရှိကြောင်း၊ မြို့နယ်တိုင်းမှာ အနှောင့်အယှက်ပေးတဲ့ပုံစံတော့ မတူ
ကြောင်း ဆက်ပြောသွားပါတယ်။

“ပုံမှန်အားဖြင့်တော့ စောင့်ကြည့်တာတို့ ဘာတို့ နည်းနည်းကျပ်တာပေါ့။ လုပ်ရကိုင်ရ
ခက်အောင် သူတို့ခိုင်းထားတဲ့လူတွေက တောက်လျှောက် စောင့်ကြည့်နေတာပေါ့။
နယ်တွေမှာဆိုရင် နာမည်ရှိတဲ့လူတွေရဲ့ အိမ်တွေကို စောင့်ကြည့်နေတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံလှုပ်ရှားမှုကို လုပ်ခဲ့တဲ့ ရေနံချောင်းမှာတော့
တိုင်းစည်းအဖွဲ့ဝင်တဦးရဲ့သမီး မင်္ဂလာဆောင်မှာပဲ ဓာတ်ပုံတွေဝေခဲ့ကြောင်း၊ ဒီထဲမှာ
အစိုးရ၀န်ထမ်းတွေကပါ တောင်းယူတာတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေကပါ
တောင်းယူတာတွေရှိကြောင်း ပြောဆိုခဲ့ပါတယ်။

“လာပြီးတောင်းကြတာပေါ့။ လိုက်ဝေတာမဟုတ်ဘူး၊ လာတောင်းတဲ့လူတွေကို ပေးရ
တာကို မလောက်ဘူး။ မင်္ဂလာဆောင်မှာ ပေးရတယ်။ အနှောင့်အယှက်ပေးတာ မရှိ
ဘူး။ အမျိုးသားဘက်က ရပ်ကွက်ထဲကလူတွေ ဖိတ်တဲ့အထဲမှာ ကြံ့ခိုင်ရေးတွေလည်း
ပါတယ်၊ ဧည့်ခံတဲ့အထဲမှာ။ ဒါပေမယ့် ကြံ့ခိုင်ရေးတွေထဲမှာပဲ လာပြီးတောင်းကြတာကို
များပါတယ်။ ကြံ့ခိုင်ရေးတွေ တောင်းတယ်လို့ပဲ ကျနော်ကတော့ ဆိုလိုချင်တယ်။
ဝန်ထမ်းတွေကလည်း လာတောင်းကြတယ်။ ကျောင်းဆရာမတွေ၊ ရုံးတွေ ဘဏ်တွေ
ကရော၊ စုံနေတာပဲ ၀န်ထမ်းပေါင်းစုံက လာပြီးတောင်းကြတယ်။”

မနက်ဖြန်မှာကျရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
၆၄နှစ်ပြည့် မွေးနေ့မှာတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက အဖွဲ့ချုပ်ဝင်တွေက
ဆွမ်းကပ်လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့လည်း ပြောဆိုသွားပါတယ်။


ဘန်ကီမွန်း ဇူလိုင်မှာ မြန်မာပြည်သွားဖို့ မျှော်လင့်

18 June 2009


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း အခုလာမယ့် ဇူလိုင်လ စောစောပိုင်းမှာ မြန်မာပြည်ကို အလည်အပတ် ရောက်လာဖို့ မျှော်လင့်ရတယ်လို့ သံတမန်တွေက ပြောပါတယ်။ မြန်မာ စစ်အစိုးရဘက်ကလည်း မစ္စတာ ဘန်ကီမွန်း နောက်လထဲမှာ လာဖို့ ကမ်းလှမ်းချက်ကို လက်ခံထားတယ်လို့ ဆိုပါတယ်။ မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်ကို အမြန်ဆုံး သွားရဖို့ မျှော်လင့်တယ်၊ သွားရမယ့် အချိန်ကို မြန်မာအာဏာပိုင်တွေနဲ့ ညှိနေတယ်လို့ ပြီးခဲ့တဲ့လကပဲ ပြောခဲ့တာပါ။

သူ မြန်မာပြည်ကို သွားချင်တဲ့အကြောင်းကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး မြန်မာ စစ်အစိုးရကို တိုက်တွန်းဖို့ပဲလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်း မစ္စတာ ဘန်ကီမွန်းက ဒုက္ခသည်တွေရဲ့  အခြေအနေတွေကို ကြည့်ရှု အားပေးတဲ့ အနေနဲ့ မြန်မာပြည်ကို တကြိမ်ရောက်ခဲ့ ပြီးပါပြီ။


အီရန် ရွေးကောက်ပွဲ ရလဒ် မကျေနပ်သူတွေ ဆက်လက် ဆန္ဒပြ

18 June 2009


အငြင်းပွားရတဲ့ အီရန်နိုင်ငံက ရွေးကောက်ပွဲအပြီး အရေးနိမ့်ခဲ့တဲ့ သမ္မတလောင်း မီယာ ဟူစိန် မူဆာဗီကို ထောက်ခံ အားပေး ကြတဲ့သူတွေရဲ့ ဆန္ဒပြပွဲတွေဟာ မနေ့တုံးကလည်း မြို့ တော် တဟီရန်မှာ ထောင်နဲ့ သောင်းနဲ့ချီပြီး အကြီးအကျယ် ဆန္ဒပြခဲ့ကြပါသေးတယ်။ ဆန္ဒပြသူတွေထဲမှာ အစိမ်းရောင် ခေါင်းစည်းနဲ့ ခါးစည်းကြိုးတွေကို အများအပြား ဆင်ယင်ထား ကြပါတယ်။ အဲဒီ အရောင်ကတော့ မစ္စတာ မူဆာဗီရဲ့  နိုင်ငံရေး မဲဆွယ်စည်းရုံးပွဲတွေမှာ အသုံးပြုခဲ့တဲ့ အရောင်ပါ။ ဆန္ဒပြ သူတွေက ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ချီတက်ခဲ့ကြတယ် ဆိုပေမဲ့ အဓိကအားဖြင့် ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆန္ဒပြတာကို ပေါ်လွင်စေချင်လို့ အသံမထွက်ဘဲ ချီတက်ခဲ့ကြပါတယ်။ပြုပြင်ပြောင်းလဲရေး သမားတဦးဖြစ်တဲ့ မစ္စတာ မူဆာဗီက ဒီနေ့မှာ လည်းပဲ ဆန္ဒပြပွဲတွေ လုပ်ကြဖို့ နှိုးဆော် ထားပါသေးတယ်။

သူရဲ့  ရည်ရွယ်ချက်ကတော့ တိုင်းပြည်က အရာရှိတွေ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ အကျုံးမ၀င်ဘူး၊ ရှက်ဖို့ကောင်းတဲ့ လိမ်လည်မှုပဲ ဆိုတာကို လက်ခံစေချင်လို့ပါပဲ။ မစ္စတာ မူဆာဗီရဲ့  အင်တာနက် ၀က်ဆိုဒ်မှာတော့ ဆန္ဒပြသူတွေအနေနဲ့ ရွေးကောက်ပွဲ အပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့ကြသူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗလီဝတ်ကျောင်း တွေမှာ စုဝေးကြတာပဲဖြစ်ဖြစ်။ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ကြတာပဲဖြစ်ဖြစ် လုပ်ကြဖို့ နှိုးဆော်ထားတာပါ။ အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ်တွေက သတင်းမီဒီယာ ဆက်စပ်မှုတွေကို မနေ့က ဖျက်ဆီးခဲ့ပါသေးတယ်။ နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့က ပြောတာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး အဖမ်းခံရတဲ့ အီရန် သတင်းသမား အနည်းဆုံး ၁၁ယောက်ရှိပြီလို့ ဆိုပါတယ်။ အတိုက်အခံ နိုင်ငံရေး အဖွဲ့ဝင်တော်တော် များများလည်း အခုရက်ပိုင်းတွေ အတွင်းမှာ အဖမ်းခံနေကြရတယ်လို့လည်း လူ့အခွင့်အရေး အဖွဲ့ အစည်းတွေက ပြောပါတယ်။


ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ဖို့ စစ်အစိုးရကို တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

17 June 2009

မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်စေလိုတဲ့အကြောင်း တရုတ် ခေါင်းဆောင်တွေက တရုတ်နိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အစိုးရ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ပြောကြားလိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရရှိရေးအတွက် တချိန်က စစ်အစိုးရဘက်က ရပ်တည် ပြောဆိုခဲ့တာတွေကနေ သဘောပြောင်း ပြောဆိုလာတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အပြည့်အစုံ ကိုတော့ စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

တရုတ်နိုင်ငံကို တရားဝင် ၆ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာစစ်အစိုးရ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရောက်ပြီး နောက်တနေ့ အင်္ဂါနေ့မှာ တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတာနဲ့ မြန်မာနိုင်ငံ ကနေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ တရုတ်နိုင်ငံကို လာမယ့် စက်တင်ဘာလ က စပြီး တည်ဆောက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။

အစောပိုင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည်ကို မသွားခင်တုန်းကတော့ သူ့ခရီးစဉ်ဟာ နိုင်ငံရေး ကိစ္စတွေကို အဓိက ဦးစားပေး ဆွေးနွေးမယ့် ခရီးစဉ် ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေအကြား ပြောဆိုနေခဲ့ကြတာပါ။ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တရုတ်ပြည်ကို သွားပြီး ရက်ပိုင်း အကြာမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည်ကို အခုလို သွားတာမို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ မပြီးပြတ်နိုင်တဲ့ ကိစ္စတွေကို စစ်အစိုးရရဲ့ ဒုတိယ အကြီးအကဲ ကိုယ်တိုင် သွားရောက် အပြီးသတ် ဆုံးဖြတ်တာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုသံတွေ ထွက်လာပါတယ်။ ဦးခင်မောင်ဆွေဟာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ် ရေနံ ဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ တဦးလည်းဖြစ်ပါတယ်။

“အဆင့်မြင့် ခေါင်းဆောင် တယောက်က သွားတယ်ဆိုတော့ အင်မတန် အရေးကြီးတဲ့ ကိစ္စ တခု ဖြစ်နေပြီဆိုတာက မှန်းလို့ ရပါတယ်။ သတင်း မျက်နှာစာမှာတော့ ဒီကိစ္စဟာ ရေနံ ဓာတ်ငွေ့ရရှိဖို့၊ တကယ်ပဲ သူတို့ လက်မှတ်ထိုး ဆောင်ရွက်တာ ဖြစ်ဖို့တော့ ရှိပါတယ်။ ကျန်တာကတော့ ဘယ်အခါမဆို ကိစ္စ တခုတည်းနဲ့ သွားတာ မရှိပါဘူး။ နောက်မှာ ဆက်ပြီး ဆွေးနွေး စဉ်းစားရမယ့်ဟာတွေ ပါသွားနိုင်တာပေါ့။ ကုန်ကုန် စဉ်းစားရင်တော့ နိုင်ငံရေး ကိစ္စလည်း ပါဖို့ များပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ စီးပွားဖွံ့ဖြိုးရေးတို့ကို ဦးစားပေးပြီးတော့ ဆွေးနွေးထောက်ခံတဲ့ အခါကျတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဘယ်လို လုပ်မလဲဆိုတာတွေကို စဉ်စားတာမျိုးတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

အခု မြန်မာစစ်အစိုးရနဲ့ တရုတ်နိုင်ငံအကြား သဘောတူ လက်မှတ်ထိုးလိုက်ကြတဲ့ ရေနံ ဓာတ်ငွေ့ တူးဖော်ရေးနဲ့ ပိုက်လိုင်း သွယ်ယူရေး ကိစ္စဟာ ရေရှည်လုပ်ငန်း ဖြစ်တာကြောင့် ရုတ်တရက် နိုင်ငံရေးအရ ပြောင်းလဲလာနိုင်တဲ့ လုပ်ငန်းမျိုး မဟုတ် ဘူးလို့ သူက သုံးသပ်ပါတယ်။

“ရေနံ ဓာတ်ငွေ့ရှာဖွေရေးကတော့ ရေရှည်လုပ်ငန်းဖြစ်ပါတယ်။ ၁ နှစ် ၂နှစ်လောက်ဟာ ရှာဖွေရေး လုပ်ငန်း လုပ်ရတာ ကိုး။ တူးဖော်ရေးနဲ့ဆိုရင် ၅နှစ်လောက် အချိန်ယူရမှာပေါ့။ နိုင်ငံရေးနဲ့ တိုက်ရိုက်တော့ ပတ်သက်မှာ မဟုတ်ပါဘူး။ ”

တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ မြန်မာ စစ်အစိုးရ အပေါ် ထားတဲ့ တရုတ်အစိုးရရဲ့ သဘောထားတွေ တဖြည်းဖြည်း ပြောင်းလဲလာနေတာကို တွေ့ရတဲ့အကြောင်း အခုလို သုံးသပ်ပါတယ်။

“မနေ့က ဓာတ်ပုံနဲ့ တွေ့ရတဲ့အခါမှာ ၀မ်ကျားဘောင် (Wan Jiaboa) နဲ့ ဒု-သမ္မတ နဲ့ တွေ့တာကို တီဗွီမှာ ပြတယ်။ အဲဒီမှာ တရုတ် ဒုသမ္မတ ပြောတာကတော့ သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ တည်ငြိမ်ရေးတို့၊ အေးချမ်းရေးတို့၊ တိုးတက် ဖွံ့ဖြိုး ရေး တို့ လောက်ပါပဲ။ ၀န်ကြီးချုပ် ၀မ်ကျားဘောင်နဲ့ ပြောတဲ့အခါမှာတော့ ထူးခြားချက်အနေနဲ့ တခုပါတာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်သင့်တယ်ပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်မှသာလျှင် တိုင်းပြည်တိုးတက်မယ်ပေါ့”

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသွားတဲ့ ဒီ တရုတ်နိုင်ငံ ခရီးစဉ်ဟာ စီးပွားရေး နိုင်ငံရေး သက်သက်ချည်းသွားတဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ဒီခရီးစဉ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ကာကွယ်ရေး စစ်ဆင်ရေးအထူး ကစထ မှူး ၂ ယောက် ပါ ပါသွားတာကြောင့် ဒါဟာ တနည်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ခြိမ်းခြောက် လိုက်သလိုပဲလို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေ အရကတော့ တရုတ် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း နှစ်ထောင် ကျော်သွားခဲ့ပြီလို့ ဆိုပါတယ် ခင်ဗျား။


မိုးမရွာ၍ လယ်ယာလုပ်ငန်းများ ရခိုင်တွင် ရပ်ဆိုင်း

6/18/2009

ရခိုင်ပြည်နယ် အနှံ့အပြားတွင် မိုးမရွာသဖြင့် တောင်သူ လယ်သမားများ အနေဖြင့် လယ်ယာလုပ်ငန်းများကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ရပ်တန့်ထားရသည်ဟု လယ်သမား တဦးက ပြောသည်။

“မိုးက မရွာဘူး ဆိုရင် လုံးဝ မရွာပါဘူး။ ခါတိုင်းနှစ်တွေက ဆိုရင် ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ လယ်တွေကို တ၀က်နီးပါးခန့် ထွန်ယက်ပြီးပါပြီ။ ခုက မိုးလုံးဝ မရွာတဲ့အတွက် လယ်သမားတွေ လယ်မထွန်ရဘဲ ဖြစ်နေကြပါတယ်။ နံယုန်လလည်း ကုန်တော့မှာ ဖြစ်ပါတယ်။”

ယခင်နှစ် နံယုန် လဆန်းက စတင် ထွန်ယက်ခဲ့သော လယ်မှာ ၀ါဝင်မည့် အချိန်တွင် တ၀က်နီးပါးကို ထွန်ယက် စိုက်ပျိုးပြီး ဖြစ်သော်လည်း ယခုနှစ်တွင် နံယုန်လ ကုန်တော့မည် ဖြစ်သော်လည်း လယ်ထွန်အပ် တကြောင်းမှ မချရသေးဘဲ ဖြစ်နေ ကြရသည်။

တောင်ကုတ်မြို့နယ် ကိုင်းရှည် ကျေးရွာက လယ်သမား တဦးကလည်း “ချထားတဲ့ စပါးပျိုးပင်တွေ အကုန်လုံး ခြောက်ပြီး သေသွားခဲ့ပါပြီ။ အစပိုင်းက ကျနော်တို့ ဆီမှာ မိုးမိုးနည်းနည်း ရွာခဲ့တဲ့အတွက် ပျိုးတွေ ချထားခဲ့တာပါ။ ခုတော့ လယ်တွေမှာ မိုးမရွာတဲ့အတွက် မြေသားတွေ ခြောက်ပြီး ကွဲအက် နေပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသများတွင်သာမက မြောက်ပိုင်း မောင်တောမြို့နယ်ဘက်တွင်လည်း မိုးမရွာ သဖြင့် လယ်သမား အခက်ကြုံနေကြသည်ဟု လယ်သမား တဦးက ပြောသည်။

“ခုလို မိုးခေါင်တာကို အရင်က မတွေ့ဘူးပါဘူး၊ လယ်တွေ မထွန်နိုင်သေးတဲ့အပြင် အပူ အလွန်များတဲ့အတွက် အပြင်ကိုထွက်ပြီး ဘာမှ လုပ်ကိုင်လို့ မရ ဖြစ်နေပါတယ်။ ဒီအတိုင်း သွားမယ်ဆိုရင် လူတွေ တော်တော် ဒုက္ခဖြစ်ကြမယ် ထင်ပါတယ်။”

ရခိုင် လယ်သမား အများစုမှာ ယခုအခါ မိုးကို မျှော်နေကြပြီး တချို့ ကျေးရွာများတွင် မိုးမရွာ၍ ရေရှားပါးနေသဖြင့် ငရံ့မင်း ပရိတ်များကို ရွှတ်ပြီး မိုးကို ခေါ်နေကြသည်ဟု သိရသည်။

၎င်းအပြင် စစ်တွေတွင်လည်း မိုးမရွာသဖြင့် ရေအထူးရှားပါးနေပြီး မြို့သူ မြို့သား အများအပြားမှာ ဒုက္ခရောက်နေကြသဖြင့် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးကိုယ်တိုင် စည်ပင်သာယာရေး ၀န်ထမ်းများနှင့် ရေရရှိရေးကို ကြပ်မတ် ဆောင်ရွက်နေရသည်ဟု စစ်တွေမြို့ခံ တဦးက ပြောသည်။


တောင်ကုတ်တွင် လုံခြုံရေး တင်းကျပ်

6/18/2009

တောင်ကုတ်မြို့တွင် ရဲသားများအား အရေးကြီးသော နေရာများတွင် တပ်ဖြန့်ချထားလိုက်ပြီး လုံခြုံရေးကို တင်းကျပ်လိုက်သည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ လူငယ်တဦးက “မနက်ဖြန် ဒေါ်စု မွေးနေ့ ဖြစ်တဲ့ အတွက် ပြဿနာတွေ ပေါ်ပေါက်မှာကို စိုးရိမ်ပြီး ရဲသားတွေနဲ့ တောင်ကုတ် လုံခြုံရေးကို တင်းကျပ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းအပြင် ထောက်လှမ်းရေးများလည်း အရပ်ဝတ်များဖြင့် နေရာတိုင်းတွင် ရှိနေသည်ဟု သိရသည်။

တခြား အမျိုးသမီး တဦးကလည်း “ဒေါ်စုမွေးနေ့ပွဲကို နှစ်တိုင်း တောင်ကုတ် NLD က တောင်ကုတ်မြို့မှာ ကျင်းပပါတယ်။ မနက်ဖြန်လည်း ကျင်းပမယ်ဆိုတဲ့ သတင်းဖြစ်ပေါ်နေတဲ့ အတွက် ဒီကနေ့က စပြီး လုံခြုံရေးကို တင်းကျပ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့၏ အရေးကြီးသော ဈေးကြီး၊ ဖေါင်တော်ဦးဘုရားနှင့် မယကရုံးများတွင် ရဲသားများကို ယနေ့နံနက်တွင် စတင်တပ်ဖြန့်ချထားလိုက်ပြီး ယခင်နိုင်ငံရေး လှုပ်ရှားဖူးသူများကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်ဟု သိရသည်။

ဒေါ်စုမွေးနေ့ပွဲနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့ လူထုက အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်ဟု သိရသည်။





* Home
* Daily News
* Gallery
* History
* About Us
* English Version
* image

ကျောင်းဝင်ကြေး မတတ်နိုင်၍ ကျောင်းသားမိဘများ အခက်တွေ့

6/18/2009

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျောင်းဝင်ကြေး မတတ်နိုင်၍ ကျောင်းသား မိဘများ အနေဖြင့် သားသမီးများကို ကျောင်းအပ်ရန် အခက်တွေ့ နေကြ ရသည်ဟု သတင်းရရှိသည်။

မောင်တောမြို့မှ ကျောင်းသား မိဘ တဦးက “အလယ်တန်းနဲ့ အထက်တန်းကျောင်းသား တယောက် အတွက် သတ်မှတ်ထားတဲ့ ကျောင်းဝင်ကြေးက ၃၀၀၀ ကျပ် ဖြစ်ပါတယ်။ မူလတန်း ကျောင်းသား တယောက် အတွက် ကျောင်းဝင်ကြေးက ၅၀၀ ကျပ်ဖြစ်ပြီး လျောက်လွှာဖိုး ဆိုပြီး နောက်ထပ် ၂၀၀ ကျပ် ပေးရပါတယ်။ ဒါ့အပြင် တခြား စာအုပ် စရိတ်၊ ကျောင်းဝတ်စုံဖိုးတွေလည်း ရှိပါသေးတယ်”ဟု ပြောသည်။

ကျောင်းသုံးစာအုပ်များ အတန်းလိုက် အမျိုးမျိုး ဈေးဖြင့် ရောင်းချပြီး ဗလာစာအုပ်များကိုမူ အောက်ပါအတိုင်း သတ်မှတ်ရောင်းချသည်ဟု ဆရာမ တဦးက ပြောသည်။

“ ကျောင်းသုံး ဗလာ စာအုပ်ကိုတော့ အမျိုးစား ၄ မျိုး ခွဲထားပါတယ်။ လုံးဝ အကောင်းစားက တဒါဇင်ကို ၄၀၀၀ ကျပ် ၊ ဒုတိယ အကောင်းစား တဒါဇင်ကို ၂၅၀၀ ကျပ် ၊ တတိယတန်စား က ၁၅၀၀ ကျပ် ၊ နောက်ဆုံး အညံ့စားက ၈၀၀ ကျပ် ဖြစ်ပါတယ်။”

၎င်းအပြင် အလယ်တန်း အောင်သည့် ကျောင်သားတယောက်ကို အထက်တန်းကျောင်းသို့ ပြောင်းရန် အတွက်လည်း ကျောင်းထွက် လက်မှတ် တစောင်ကို ၅၀၀၀ ကျပ် ကျောင်းအုပ် ဆရာကြီးများကို ပေးရသည်ဟု သိရသည်။

ကျောင်းဝင်ကြေး အပါအ၀င် စာအုပ်ဖိုးနှင့် စာရေး ကရိယာဖိုးနှင့် ကျောင်းဝတ်စုံများ အတွက် အလယ်တန်းကျောင်းသား တဦး အနေဖြင့် အနည်းဆုံး ကျပ်ငွေ ၄၀၀၀၀ ခန့် သွင်းရသည်ဟု သိရသည်။

မောင်တောမြို့နယ်တွင် ၂၀၀၈ ခုနှစ်က ဆယ်တန်း စားမေးပွဲတွင် ကျောင်းသား ၂၃၀ ကျော်သာ အောင်မြင်ခဲ့သည်ဟု သိရသည်။


ထိုင်းသို့ အလုပ်ရှာရန်သွားသူ ရခိုင်လူငယ် ၃ ဦး ဖမ်းဆီးပြီး စစ်တပ်ထဲသို့ အတင်းသွင်း

6/17/2009

ခိုင်သိန်း(နိရဉ္စရာ) ထိုင်းနိုင်ငံသို့ အလုပ်ရှာရန် သွားသူ ရခိုင်လူငယ် ၃ ဦးကို မြန်မာ ထိုင်းနယ်စပ် မြ၀တီမြို့တွင် စစ်တပ်မှ ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းရေးဌာနမှ တဆင့် မိတ္ထိလာ စစ်သင်တန်းကျောင်းသို့ ပို့လိုက်သည်ဟု သိရသည်။

အဆိုပါ လူငယ်ဦး (၃) ဦးမှာ ရသေ့တောင်မြို့နယ် လုံးတင် ကျေးရွာမှ ဦးဖြူချေသား မောင်ဝင်း (၁၇)နှစ်၊ ဈေးကုန်တန်း ကျေးရွာများမှ ဦးမောင်တင်လှ သား ညီပု (၁၇)နှစ်နှင့် စစ်တွေမြို့ စက်ပြင်ကွင်း ရပ်ကွက်မှ ဒေါ်မခင်သန်းသား မောင်စောသန်း (၁၈)နှစ်တို့ ဖြစ်ကြသည်။

သူတို့ ၃ ဦး ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ရန် ယခုနှစ် သင်္ကြန်အပြီးတွင် စစ်တွေမှ ထွက်ခွာသွားပြီး မြ၀တီ အရောက်တွင် ဖမ်းဆီးခံရပြီး စစ်တပ်ထဲ အတင်းသွင်းခံရခြင်း ဖြစ်သည်ဟု သူတို့ ဆွေမျိုး တဦးက ပြောသည်။

“သူတို့သုံးဦး စလုံး ဧပြီလ ၂၀ ရက်နေ့က စစ်တွေကနေ ရွှေပြည်သစ် ဘတ်စ်ကားနဲ့ ထိုင်းနိုင်ငံကို သွားမယ်ဆိုပြီး စစ်တွေက ထွက်သွားပါတယ်။ မိသားစုတွေက သူတို့ကို ထိုင်းနိုင်ငံကို ရောက်သွားပြီလို့ ထင်နေခဲ့ကြပါတယ်။ သူတို့ ဆီက စာရမှဘဲ သူတို့ မိတ္ထိလာ စစ်သင်တန်းကျောင်းကို ရောက်နေတယ် ဆိုတာကို သိရပါတယ်။ သူတို့ကို ပြန်ခေါ်ဖို့ ရေးထားပေမယ့် မလွယ်တော့ဘူး ထင်ပါတယ်။”

အဆိုပါ လူငယ် (၃) ဦးကို စစ်တပ်မှ မြ၀တီတွင် ဖမ်းဆီးပြီး စစ်တပ်ထဲသို့ ခြိမ်းခြောက်ကာ အတင်းသွင်းလိုက်ကြောင်းကို များမကြာမှီက ၎င်းတို့ထံမှ ပေးပို့သော စာအရ သိရသည်ဟု သူက ဆက်ပြောသည်။

ယခုအခါ နအဖ စစ်တပ်ထဲသို့ လူငယ်များ ၀င်ရောက်မှုနှုန်းမှာ များစွာလျော့ကျနေသဖြင့် လူငယ်များကို အကြောင်းအမျိုးအမျိုးပြ ဖမ်းဆီးပြီး ခြိမ်းခြောက်ကာ စစ်တပ်ထဲသို့ သွင်းနေသည်ဟု ဒေသအတွင်းကလာသော သတင်းများအရ သိရသည်။

၎င်းအပြင် စစ်တပ်ထဲသို့ ၀င်ရောက်သူ လူငယ် တဦးကို ရခိုင်ပြည်နယ်တွင် ကျပ်ငွေ တသိန်းနှင့် ဆန်တအိတ်စီ ထုတ်ပေးသည်ဟု သိရသည်။


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နီးကပ်လာသည့်နှင့်အမျှ စစ်တပ်က လုံခြုံရေးတင်းကြပ်လာ

မိုးမခအထောက်တော် ၀၀၃

ဇွန် ၁၈၊ ၂၀၀၉
မြန်မာပြည်တွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ် မွေးနေ့ နီးကပ်လာသည်နှင့်အမျှ စစ်အုပ်စုက လုံခြုံရေးကို ပိုမိုတင်းကြပ်လာသည်ဟု မျက်မြင်တို့က ပြောကြားသည်။ အထူးသဖြင့် အင်န်အယ်ဒီပါတီဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၎င်းတို့မိသားစုများသာမက ယခင် နာဂစ်နှင့် စက်တင်ဘာအရေးအခင်းတွင်းက လှုပ်ရှားသူများကိုပါ စောင့်ကြည့်ခြင်း၊ ခေါ်ယူသတိပေးခြင်းတို့ ပြုလုပ်သည်ဟု ဆိုသည်။



စီးပွားရေးလုပ်ငန်းရှင်များကမူ ဧပြီသင်္ကြန်ကာလကတည်းက အရောင်းအ၀ယ် အေးနေခဲ့ရာမှ မေလ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ရသည့်နောက်ပိုင်းတွင် လုပ်ငန်းများ ဦးမော့မလာတော့ကြောင်း၊ လုပ်ငန်းရှင်များကိုယ်တိုင်ကလည်း နိုင်ငံရေးအကြပ်အတည်းအတွင်း ရင်းနှီးမြုပ်နှံမှုများ ရပ်ဆိုင်းထားရကြောင်း၊ အကြားအမြင်များအရ နောက် ၃ လအတွင်း အပြောင်းအလဲတခု ဖြစ်မည်ဟု တွက်ချက်ပြီး လုပ်ငန်းများကို မှိန်းထားကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ မိတ်ဆွေတဦးက ပြောကြားသည်။

စစ်အုပ်စုက စီးပွားရေးလုပ်ငန်းရှင်များနှင့် အသိုင်းအ၀ိုင်းများထံက ဆက်ကြေးများတောင်းပြီး ရပ်ကွက်အလိုက် စွမ်းအားရှင်များ၊ ကြံ့ဖွတ်များစသည့် စစ်အုပ်စု၏ အကြမ်းဖက်သမားများကို စုဆောင်းပြင်ဆင်နေကြောင်း၊ ၎င်းတို့ကစတင်ပြီး အင်န်အယ်ဒီပါတီဝင်များ၊ အများပြည်သူများကို လိုအပ်လာပါက ဇွန်လ ၁၉ ရက်နေ့မှ စတင်ပြီး နောက်ရုံးချိန်း ၂၆ ရက်အတွင်း အချိန်မရွေး ရန်စရန်၊ အကြမ်းဖက်ရန်၊ အဓိကရုဏ်းဖန်တီးပြီးနောက် စစ်တပ်လုံခြုံရေးအဖွဲ့များက ၀င်ရောက်နှိမ်နှင်း ဖမ်းဆီးရန်အထိ ပြင်ဆင်ထားကြောင်း အင်းစိန်မြို့နယ်က သတင်းထောက်တဦးက သတင်းပို့ထားသည်။


အနောက်ဘင်္ဂလားနယ်မှာ မော်ဝါဒီတွေ အောင်ပွဲခံ


post by Wednesday, June 17, 2009

ဇွန် ၁၆ ရက်၊ ၂၀၀၉ (ဘီဘီစီ)

ထောင်နဲ့ချီတဲ့ ရွာသားတွေရဲ့ ထောက်ခံမှုရထားတဲ့ ရာဂဏန်းလောက်ရှိတဲ့ မော်ဝါဒီတွေဟာ ပြဿနာတွေအခက်အခဲ တွေနဲ့ အမှုပွေနေတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ရဲ့ဒေသတခုမှာရှိတဲ့ အာဏာရပါတီရဲ့ နောက်ဆုံးခံက တုတ်ကို သိမ်းပိုက်လိုက်ပါတယ်။

ပုလိပ်တွေထွက်ပြေးပြီးနောက်မှာတော့ လာဂါးဒေသ (Lalgarh)၊ ဒါရမ်ပူအား ရွာ (Dharampur) ပတ်လည်က လမ်းတွေပေါ်မှာ လက် နက်ကိုင်သူပုန်တွေ ကင်းလှည့်နေကြတယ်လို့ ပြောသံကြားရပါတယ်။ ၃ ယောက်သေတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက လာဂါဒေသမှာ သူပုန်တွေ အခိုင်အမာတပ်စွဲ နေတာပါ။ အခုတော့ ဒေသတခုလုံးနီးပါးကို ထိန်းချုပ် လိုက်ပါပြီ။

နှစ်၂၀ ကျော်အတွင်း အိန္ဒိယမှာ မော်ဝါဒီတွေနဲ့ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုတွေ ကြောင့် လူပေါင်း ၆,၀၀၀ သေကျေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအရှေ့ပိုင်းနဲ့ အလယ်ပိုင်း ဒေသက ခရိုင်ပေါင်း ၁၈၀ ကျော်မှာ သူပုန်တွေ လှုပ်ရှားနေပြီး အမျိုးသားလုံခြုံရေး အတွက်အဓိက ခြိမ်းခြောက်မှုတခု ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့သီတင်းပါတ်က အရှေ့ ပိုင်း ဂျာခန်း(Jharkhand) ပြည်နယ်မှာ ပုလိပ် ၂၀ ကျော် အသတ်ခံရပါတယ်။

သူတို့တွေဟာ မြေမဲ့ယာမဲ့လယ်သမားတွေနဲ့တိုင်းရင်းသားမျိုးနွယ်စုတွေကို ကိုယ်စား ပြုနေတာပါ လို့ မော်ဝါဒီတွေက ပြောပါတယ်။

ပြောင်သလင်းခါဘာမှမကျန်

ပြည်နယ်ရဲ့အာဏာရပါတီဖြစ်တဲ့ အန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ)၊ CPI(M) က ရာချီတဲ့အလုပ်သမားတွေ လာဂါးဒေသက ထွက်ပြေးသွားတော့ ဒီဒေသကို မော်ဝါဒီ တွေက အနောက်ဘင်္ဂလားပြည်နယ်ရဲ့ ပထမဆုံး လွတ်မြောက်ဒေသအဖြစ် ကြေ ညာလိုက်တယ်လို့ ကာလကတ္တားအခြေစိုက် ဘီဘီစီသတင်းထောက် Amitabha

ကွန်မြူနစ်ပါတီ(CPI-M)ခေါင်းဆောင်ရဲ့အိမ်ကိုတိုက်ခိုက်နေကြပုံ


Bhattasali က ပြောပါတယ်။ နောက်ပိုင်းမှာ ပုလိပ်စခန်းတခုကိုမီးတင်ရှို့လိုက်ပါတယ်။ ဒေသခံကွန်မြူနစ်ခေါင်ဆောင်ရဲ့အိမ်ကိုလည်း မော်ဝါဒီတွေက ဖောက်ခွဲဖျက်ဆီးပစ်လိုက်တယ်လို့ ပြောဆိုနေကြပါတယ်။

“တနေ့တုန်းက ဒါရမ်ပူအား ရွာထဲမှာ မော်ဝါဒီတွေ ၀ရုန်းသုန်းကားနဲ့ကျနော်တို့ ဒေသပါတီအတွင်းရေးမှူးအိမ်နဲ့ရုံးကို အကုန်မွှေနောက် ရှာဖွေပြီး မီးတင်ရှို့ပစ်လိုက်ပါတယ်။ ကျနော်တို့လူ ၃ ယောက် သေပြီး ၆ ယောက်ကျော်လောက် ပျောက်နေတုန်းပဲ” လို့ CPI(M) က အရာရှိတဦးက ပြောပါတယ်။

ဒါရမ်ပူအားရွာဟာ လာဂါးဒေသက အာဏာရကွန်မြူနစ်ပါတီအတွက် နောက်ဆုံးမှီခိုအားထားရာ ဖြစ်ပါတယ်။ ဒီဒေသမှာရှိတဲ့ တခြား ရွာတွေကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက မော်ဝါဒီတွေရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပါပြီ။ လာဂါးဒေသကို ထိန်းချုပ် လိုက်တာဟာ မော်ဝါဒီတွေအတွက် ရေရှည်စီမံကိန်းရဲ့အစိတ်အပိုင်းပဲဖြစ်ပါတယ်လို့ ကျနော်တို့ သတင်းထောက်က ပြောပါတယ်။

ဒီဒေသဟာ အနောက်ဘင်္ဂလားပြည်နယ်က အနောက်မစ်နာပူအား၊ ပူရူလီယာနဲ့ဘန်ကူရာခရိုင် က သစ်တောတွေကို ဆက်သွယ်ထား တဲ့ ဧရာမနယ်မြေတွေ ပါဝင်ပြီး ဂျာခန်း(Jharkhand)နဲ့အောရစ်ဆပြည်နယ်ရဲ့ဒေသအတော်များများနဲ့ ဆက်နွယ်ထိစပ်နေပါတယ်။

ဖမ်းတာဆီးတာတွေ

လာဂါးဒေသဟာ ဆူပူမငြိမ်သက်မှုတွေနဲ့ လအချို့ကြာခဲ့တယ်။ ဒီအကြမ်းဖက်မှုတွေဟာ အနောက်ဘင်္ဂလားပြည်နယ်ရဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့ Buddhadeb Bhattacharya ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတယ်ဆိုတဲ့ သံသယနဲ့ ဒေသခံရွာသားအချို့ကို ပုလိပ်တွေက ဖမ်း ဆီးလိုက်တဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလက စတင်ခဲ့တာပါ။ ပြည်နယ်ဝန်ကြီးချုပ်ဟာ မော်ဝါဒီတွေ ထောင်ထားတဲ့ မိုင်းဗုံးပေါက်ကွဲပြီး သီသီ လေး အသက်ဘေးက လွတ်လာခဲ့တာပါ။

အဖမ်းအဆီးလုပ်တာတွေကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် ပုလိပ်များရမ်းကားရက်စက်မှုတိုက်ဖျက်ရေး ပြည်သူ့ကော်မတီအဖွဲ့ကို နောက်ပိုင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။ သူတို့က ဒေသခံပုလိပ်တွေကို အကြမ်းဖက်ဆန့်ကျင်ကန့်ကွက်တာတွေ၊ သပိတ်မှောက်တာတွေ စ လုပ်ပါတယ်။ အဲဒီအချိန်ကတည်းက လာဂါးဒေသနေရာအများစုမှာ ပုလိပ်နဲ့ပြည်နယ်အုပ်ချုပ်ရေးယန္တရားဟာ မလှုပ်နိုင်သလောက် ဖြစ် သွားတာပဲ။ ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲကာလတုန်းက ဒီဒေသထဲမှာ မဲရုံတွေမဖွင့်နိုင်ဘူး။ မဲပေးသူတွေဟာ ဒေသအပြင်ဖက်မှာပဲ မဲပေးကြရတယ်။

သူပုန်တွေနဲ့ ပြည်နယ်ပုလိပ်တပ်ဖွဲ့အပေါ်သြဇာလွှမ်းမိုးချုပ်ကိုင်ထားတဲ့ CPI(M) တို့ဟာ နယ်မြေလုစစ်ပွဲကို ဆင်နွှဲနေကြတုန်းပါလို့ ကျနော်တို့သတင်းထောက်က ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မော်ဝါဒီတွေက ဒီဒေသထဲမှာ စခန်းချနေတဲ့ ပြောက်ကျားတပ်မှူးတွေနဲ့အတူ ပေါင်းပြီး သူတို့သြဇာကို တိုးချဲ့လာကြပြီး ဒေသခံရွာသားတွေကို အခြေခံစစ်သင်တန်းတွေ ပေးပါတယ်။


ဈေးသစ်မပြီးသေးသည့်အတွက် ရောင်းသူဝယ်သူ အခက်အခဲဖြစ်
Thu 18 Jun 2009, မိကျလွန်းထော
လွန်ခဲ့သော မတ်လ ၁၈ ရက်နေ့မှစ၍ ဧရာဟသာင်္ကုမ္ပဏီများအုပ်စုက တာ ဝန်ယူတည်ဆောက်နေသော မော်လမြိုင်စည်ပင်အမှတ် (၁) ခေတ်မီ နှစ်ထပ် ဈေးကြီးမှာ ယခုချိန်အထိ ကွန်ကရစ်တိုင် စိုက်ထူထားရုံမျှသာ ရှိသောကြောင့် လမ်းမတန်းပေါ်ရှိ ဈေးရောင်း ဈေးဝယ်များ မိုးဒဏ်လေဒဏ် ကြားတွင် အခက် အခဲ ဖြစ်နေကြသည်။

ဈေးရောင်းသူများသည် မော်လမြိုင် ကမ်းနားလမ်းနှင့် အောက်လမ်းမကြီးရှိ စည်ပင်အဖွဲ့ထံမှ ဝယ်ယူထားသည့် ယာယီဈေးနေရာတွင်သာ ဈေးရောင်းနေ ကြရသည်။

မိုးတွင်းကာလဖြစ်သည့်အတွက် မလုံမလဲသော ယာယီဆိုင်ခန်းအတွင်း၌သာ ဈေးရောင်းနေကြရပြီး ဘေးပတ်ဝန်းကျင်ရှိ အကာများကိုလည်း ဈေးရောင်း သူများကိုယ်တိုင် ပြုလုပ်ကြရသည်ဟု သိရသည်။

“ဈေးကလည်း ရောင်းလို့မကောင်းဘူး၊ မိုးကလည်း အရမ်းရွာနေတယ်၊ သူတို့ လုပ်ထားပေးတဲ့ ဆိုင်ခန်းကလည်း အမိုးနဲ့တိုင် ၄ တိုင်ပဲ၊ ကျဉ်းကလည်း ကျဉ်း နေတယ်၊ ကြားထဲက ပင်လယ်လေက တိုက်နေတော့ အရမ်းဒုက္ခရောက်တာ ပဲ” ဟု သံလွင်မြစ်ကမ်းနဘေးရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အခြားဈေးသည်တစ်ဦးကလည်း “ အခန်းကလည်း ကျဉ်း၊ မိုးကလည်းကြီးနေ တယ်၊ ဆိုင်ထဲမိုးတွေပက်တော့ ပစ္စည်းတွေအားလုံး စိုကုန်တယ်၊ အမြတ်မရ တဲ့ကြားက ဝယ်တဲ့သူကလည်း မလာတော့ဘူး၊ သူတို့ဆောက်နေတဲ့ နှစ်ထပ် ဈေးကလည်း မပြီးနိုင်တော့ဘူး” ဟု ဆိုသည်။

ဈေးဝယ်သူများလည်း ဈေးများပိတ်ဆို့နေသော လမ်းပေါ်တွင် တိုးဝှေ့ပြီး ဈေး ဝယ် နေကြရသည်။

“ကိုယ့်ဖောက်သည်ရှိတဲ့နေရာ ရှာနေရတာက တစ်မျိုး၊ ဝယ်တဲ့သူနဲ့ ရောင်းတဲ့ သူကို ဖယ်ပေးနေရတာနဲ့ပဲ အချိန်ကုန်တယ်၊ မိုးရွာထားတော့ လမ်းပေါ်မှာ ဗွက်ထနေတာပဲ၊ ဈေးအသစ်ဆောက်နေတာ ဘယ်တော့ပြီးမလဲ မသိဘူး” ဟု မော်လမြိုင်မြို့သို့ ဈေးအမြဲလာရောက်ဝယ်ယူနေသည့် ဘီလူးကျွန်းသူတစ်ဦး က ဆိုသည်။

၎င်းတည်ဆောက်ဆဲ အမှတ် (၁) နှစ်ထပ်ဈေးကြီးမှာ (၂) နှစ် စီမံကိန်းဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း၊ ၄င်းဈေးကိုလည်း အကောင်းဆုံးဖြစ်အောင် တည်ဆောက်လိုသည့်အတွက် ယခုကဲ့သို့ အချိန်ဆွဲနေရခြင်းဖြစ်ကြောင်း စီးပွားရှင်အသိုင်းအဝိုင်းထံမှ ကြားသိရသည်။

မီးလောင်သွားသည့် မော်လမြိုင်အမှတ် (၁) ဈေးကြီး (အောက်ဈေး) နေရာ တွင် စည်ပင်သာယာဌာနမှ ခေတ်မီနှစ်ထပ်ဈေး ပြန်လည်တည်ဆောက်မည် ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော်အထိ ဆောက်လုပ်ပေးမည်ဟုလည်း သိရ သည်။



ဗိုလ်မှူးချုပ်အုန်းမြင့်မှ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွာသားများကို စည်းရုံးရာ ဒေါ်စုအကြောင်းထည့်သွင်းပြောကြား
Thu 18 Jun 2009, ကွန်းဟဒေ့
သတ္တုတွင်းဝန်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်သည် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နိုင်းပြိုင်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ရွာသားများကို ၂၀၁၀ ရွေးကောက်ပွဲအကြောင်းအပြင် ဒေါ်အောင် ဆန်းစုကြည်အကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်ဟု ဒေသခံများမှ သိရသည်။

ရွေးကောက်ပွဲကို အမြဲတမ်းကျင်းပမည် မဟုတ်ပေ။ ယခုတစ်ကြိမ်တွင်သာ ကျင်းပမည်ဖြစ်သောကြောင့် မဲထည့်ရာတွင် အထည့်မမှားကြရန်၊ ၄င်းတို့အစိုးရဘက်မှ အားပေးထည့်သွင်းထောက်ခံကြရန် အစည်းအဝေးတွင် ဗိုလ်မှုးချုပ်အုန်းမြင့်မှ ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သော ရွာသားတစ်ဦးက ပြန်လည်ပြောပြခဲ့သည်။

အစည်းဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းလည်း သွက်ဝိုက်၍ အနည်းငယ်ထည့်သွင်း ပြောကြားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“သူပြောတာက ဒီနေ့အခြေအနေနဲ့ဆို မိန်းမကြီးသုံးယောက်မဖိတ်ပဲနဲ့ ယောကျာ်းလေးတစ်ယောက်က ဘဲလိုမှ မလာဘူး၊ ဖိတ်လို့လာရတာပဲလို့ သူကပြောတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

ရွာသားများက ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်အမြင်မှားစေရန် စကားအဆက်အစပ်မရှိပဲ ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ဝေဖန်ကြသည်။

၎င်းတို့ငယ်ငယ်တုန်းကတည်းအရွယ်နှင့် နှိုင်းယှဉ်လျှင် ယနေ့တွင် ကျေးရွာများသည် ဖွံ့ဖြို့တိုးတက် နေပြီဖြစ်သည်ဟု ဗိုလ်မှူးချုပ်အုန်းမြင့်က ပြောသည်။

ဂျပန်ခေတ်ကာလနှင့် နှိုင်းယှဉ်လျှင် ယခုနိုင်ငံတော်အစိုးရအုပ်ချုပ်စဉ်ခေတ်ကာလတွင် မွန်ပြည်နယ်အတွင်း အေးချမ်းတိုးတက်နေသည်ဟု အစည်းအဝေးတက်ရောက်ခဲ့သော အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုးသမီးကြီးတစ်ဦးက ဗိုလ်ချုပ်အုန်းမြင့်ကို တင်ပြခဲ့သည်။

“ဗိုလ်မှူးချုပ်အုန်းမြင့် နှစ်သက်သဘောကျလို့ အဲဒီမျိုးသမီးကြီးကို ပိုက်ဆံတစ်သောင်းတောင် ပေးလိုက်တယ်၊ ပြီးတော့ ဗိုလ်မှူးချုပ်အုန်းမြင့်အနေနဲ့လည်း လဝက်တစ်ကြိမ် မွန်ပြည်နယ်ကို လာရောက်ဖို့ အစီအစဉ်ရှိတယ်လို့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးက ပြောတာကြားရတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြေသည်။

ဗိုလ်မှူးချုပ်အုန်းမြင့်သည် နိုင်းပြိုင်ကျေးရွာသို့ လွန်ခဲ့သောတစ်ပတ်ကျော်ခန့်က သွားရောက်လာပတ်ခဲ့စဉ် ၄င်းကျေးရွာရှိရွာသားများနှင့် အနီးရှိ ကွမ်တာကျေးရွာနှင့် ကော့ခပိန်းကျေးရွာရှိ ရွာသားများကို နိုင်းပြိုင်ကျေးရွာတွင် အစည်းအဝေး ခေါ်ယူခဲ့သည်။ အစည်းအဝေးမတက်မနေရဟု ကျေးရွာဥက္ကဌများက ရွာသားများကို ပြောဆိုထားသောကြောင့် ရွာသား တစ်ထောင်ခန့် အစည်းအဝေးတက်ရောက်ခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် ဗိုလ်မှူးချုပ်အုန်းမြင့်သည် ယခုအကြိမ်ပါဆိုလျှင် မွန်ပြည်နယ်သို့ သုံးကြိမ်ခန့် လာရောက် လည်ပတ်ခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးချုပ်အုန်းမြင့်သည် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အရွေးခံရန် လျာထားခံရ သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ကောလဟလသတင်းထွက်ပေါ်နေသည်။


မွန်ပြည်နယ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားလာ
Thu 18 Jun 2009, ရိုင်မရော့
မွန်ပြည်နယ်အတွင်း ဇွန်လမှာ တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားလာသလို ၄င်းရောဂါဖြစ်ပွားသူမှာ ယမန်နှစ်နှင့်မတူ ထူးခြားသည့် လက္ခဏာလည်း ဖြစ်နေသည်ဟု ဆရာဝန်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဆေးခန်းမှာဆိုရင် လူတွေတိုးနေတာပဲ၊ အယောက် (၄၀) လောက်က အမြဲတမ်းစောင့်နေရတယ်၊ ဆေးရုံတွေမှာလည်း လူနာတွေ နေဖို့နေရာတောင် မလုံလောက်ဘူး” ဟု မုဒုံမြို့တွင် ဆေးခန်းဖွင့်ထားသူ ဆရာဝန်တစ်ဦးက ပြောသည်။

ကလေးများမှာသာမက လူကြီးများလည်း ၄င်းရောဂါ ဖြစ်ပွားနေသည်။ ရောဂါဖြစ်ပွားသူများမှာ (၃၊ ၄) ရက် အဖျားတက်ပြီး၊ ကိုယ်လက်နာကျင် ကိုက်ခဲပြီး ကိုယ်ခန္ဓာတွင် အဖုများ ထွက်ပေါ်နေသည်။ အချို့သူများမှာ အဖျားမတက်ခင်ကပင် အဖုများ ထွက်နေပြီးဖြစ်သည်။

“ယခုလို မိုးရာသီမှာ မနှစ်ကလည်း တုတ်ကွေး ဖြစ်တဲ့သူများတာပဲ၊ ဒီနှစ်လည်း များတာပဲ၊ ဒါပေမယ့် ထူးခြားတာတစ်ခုကတော့ ဒီနှစ် ရောဂါဖြစ်တဲ့သူတွေမှာ ခါတိုင်းနှစ်က ဖြစ်တဲ့လက္ခဏာနဲ့ မတူဘူး၊ ထူးခြားတာက အဖျားတက်ပြီး အဖုပါထွက်နေတယ်” ဟု ၄င်းဆရာဝန်က ပြောသည်။

ယခင်တိုင်းနှစ်များ၌ တုပ်ကွေးရောဂါဖြစ်ပွားသူတို့၏ လက္ခဏာမှာ အဖျားတက်ပြီး၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် နှာစေးခြင်းအစရှိသည့် လက္ခဏာများသာဖြစ်ပေါ်တက်သည်။

မုဒုံမြိုနယ်အတွင်းမှာသာမက မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် အခြားဒေသများဖြစ်သည့် ကရင်ပြည်နယ်ဘက်တွင်လည်း ၄င်းရောဂါ ဖြစ်ပွားလျှက်ရှိသည်။

“ကျမတို့ အိမ်မှာတောင် တုပ်ကွေးတစ်ယောက်ဖြစ်နေတယ်၊ အဖုတော့မထွက်သေးဘူး၊ အဖျားတက်တယ်၊ ကိုယ်လက်တွေ ကိုက်တယ်၊ အဲဒီလောက်ပဲ ဖြစ်နေတယ်၊ အိမ်တိုင်းလိုလို ဖြစ်နေတယ်လို့တောင် ပြောလို့ရတယ်” ဟု မုဒုံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇွန်လအတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားနေသည့်အတွက် မော်လမြိုင်ဆေးရုံကြီးတွင် လူနာများဖြင့် ပြည့်ကြပ်နေပြီး၊ လူနာနေထိုင်ရာ ကုတင် အလုံအလောက်ပင်မရှိဟု ၄င်းဆေးရုံတွင် သွားရောက်ဆေးကုသခဲ့သူတို့က ပြောသည်။

“လူအတော်များများက ဖျားနေကြတယ်၊ တုပ်ကွေးပေါ့၊ ကိုယ်လက်တွေ ကိုက်ခဲတယ်၊ အဖျားတက်တယ်၊ အဲဒီလိုပေါ့၊ အသေအပျောက်တော့ မနှစ်ကလို မများပေမယ့်လည်း၊ သံဖြူဇရပ်ဘက်မှာတော့ ခလေးတွေ သေတာတော့ရှိတယ်” ဟု သံဖြူဇရပ်မြို့နယ်သားတစ်ဦးက ပြောသည်။

တုပ်ကွေးရောဂါဖြစ်ပွားခံစားရသူများအနက် ကလေးများပင် ဆေးရုံ၊ ဆေးခန်းရောက်ရှိကြပြီး၊ အင်အားတောင့်တင်းခံနိုင်ရန်ရှိသည့် လူကြီးများမှာ ကျေးရွာအတွင်းရှိ ဆရာဝန်များနှင့် ကုသရင်း ပျောက်သွားခဲ့သည်က များသည်။

နယ်စပ်ဒေသဖြစ်သည့် ဘုရားသုံးဆူဒေသတဝိုက်တွင်လည်း တုပ်ကွေးရောဂါ ဖြစ်ပွားသူ များပြားလာသည်ဟု ဒေသခံတို့က ပြောဆိုနေကြသည်။


ထိုင်းငံသားများက မြန်မာအလုပ်သမားကို လိုက်လံသတ်ဖြတ်ပြီး မိသားစု များအား ဖမ်းဆီး
Thu 18 Jun 2009, ပနွတ်ကျား
ယမန်နေ့က ထိုင်းနိုင်ငံ ဖူးကတ်မြို့နယ်တွင် ထိုင်းနိုင်ငံသား (၁၂) ဦးနှင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၃) ဦးတို့ အချင်းဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံ သားများက သေနတ်များနှင့် လိုက်လံရှာဖွေသတ်ဖြတ်ခြင်းကြောင့် မြန်မာ အလုပ်သမားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုင်းနိုင်ငံသားနှစ်ဦးက မြန်မာအလုပ်သမားတစ်ဦးကို စနောက်ရာမှ စကားများ ကြသည်။ ထိုင်းလူမျိုးနှစ်ဦးက မြန်မာအလုပ်သမားကို ထိုးနှက် သဖြင့် အနားတွင် ရှိသော မြန်မာအလုပ်သမားနှစ်ဦးကလည်း မခံချင်၍ ဝိုင်းဝန်းထိုးနှက်သဖြင့် ထိုင်းနိုင်ငံသားနှစ်ဦးမှာ အထိနာသွားခဲ့ပြီး အခြား ထိုင်းနိုင်ငံသား ၁၀ ဦးကို သွားရောက်ခေါ်ယူကာ သေနတ်များဖြင့် ၄င်း မြန်မာအလုပ်သမား ၃ ဦးကို လိုက်လံပစ်ခတ်ခဲ့သည်။

၎င်းတို့သုံးဦးမှာလွတ်မြောက်သွားသဖြင့် ကျန်ရှိနေသော အလုပ်သား နှစ်ဦး ၏ဇနီးကို ထိုင်းနိုင်ငံသားများက ဓါးစားခံအဖြစ် အခန်းတံခါးပိတ်ကာ ဖမ်းဆီးချုပ် နှောင်ထားသည်ဟု အလုပ်ရုံတွင် ကျန်ရှိနေသော အလုပ်သ မားမိသားစု တစ်ဦး က ပြောသည်။

“ပြေးသွားတဲ့လူတွေ ပြန်ပြီးအဖမ်းခံမှ သူတို့အမျိုးသမီးတွေကို ပြန်လွှတ် ပေးမယ်လို့ ပြောတယ်၊ အဖမ်းခံထားရတဲ့ အမျိုးသမီးတဦးကဆို ကိုယ်ဝန် အရင့် အမာနဲ့” ဟု ၄င်းက ပြောသည်။

ထိုင်းနိုင်ငံသားများက မြန်မာအလုပ်သမားများကို အနိုင်ကျင့်မှုနှင့် သတ် ဖြတ်မှုများမှာ ယခုနှစ်တွင် အဖြစ်များနေသည်ဟု ထိုင်းနိုင်ငံ မဟာချိုင်ရှိ အလုပ်သမား အခွင့်ရေးဆိုင်ရာ NGO အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆို သည်။

“ဒီလိုအဖြစ်မျိုးတိုင်းကို ထိုင်းအာဏာပိုင်တွေကို တင်ပြလည်း ထိုင်းနိုင်ငံ သား မှတ်ပုံတင်ရှိမရှိကိုပဲ အရင်မေးတာ၊ အကယ်လို့ မရှိခဲ့ရင် လျစ်လျူ ရှုလိုက်ကြ တယ်။ သူတို့တွေက ထိုင်းနိုင်ငံသားတွေကိုပဲ အကာအ ကွယ်ပေးပြီး မြန်မာ အလုပ်သမားတွေကို အရေးယူဆောင်ရွက်ပေးတာ မရှိခဲ့ဘူး” ဟု ၄င်းက ပြောသည်။

ထိုင်းအာဏာပိုင်နှင့် ရဲများကလည်း မြန်မာအလုပ်သမားများထံမှ ခြိမ်း ခြောက်ငွေတောင်းယူနေကြပြီး အလုပ်သမားများ၏ လုံခြုံရေးကို မကာ ကွယ်ပေးနိုင်ဟု ၄င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် ရှိနေသော မြန်မာသံရုံးသည်လည်း မြန်မာအလုပ်သမား များ၏ ပြဿနာအခက်အခဲများကို ဆောင်ရွက်ဖြေရှင်းပေးခြင်း နည်းပါး ကြသည့် အတွက် မြန်မာအလုပ်သမားများမှာ အခက်အခဲ ပိုမိုကြုံတွေ့နေ ကြရသည်ဟု ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB မှ တာဝန်ခံ တစ်ဦးက ပြောသည်။

“သူတို့တွေက မြန်မာစစ်အစိုးရ လွှတ်ထားတဲ့ သံရုံးကိုယ်စားလှယ်တွေပါ။ သံရုံးဝန်ထမ်းတွေက အလုပ်သမားတွေအပေါ် မားမားရပ် ဆောင်ရွက် ပေးတာ အင်မတန်မှ နည်းပါတယ်။ အလုပ်သမားတွေ ဒုက္ခဖြစ်ရင် ဒီအ တိုင်းလွှတ်ထား တယ်။ အဲဒါက အဓိကအချက်ပါပဲ” ဟု ၄င်းက ဆက် ပြောသည်။


BGF အဖြစ်ပြောင်းလဲရန် လက်မခံသော အဖွဲ့များကို နအဖမှ နည်းပြောင်းစည်းရုံးမည်ဟု ပစ်ခတ်အဖွဲ့များဆို
Wed 17 Jun 2009, ကွန်းဟဒေ့
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပစ်ခတ်ရပ်စဲအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် လက်မခံသော အဖွဲ့များကို နအဖမှ နည်းပြောင်းစည်းရုံးရန် ရှိသည်ဟု လက်ရှိ နအဖနှင့် ပစ်ခတ်နေသော သျှမ်းပြည်တပ်မတော်တောင်းပိုင်းနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ခေါင်းဆောင်များက ဆိုသည်။

“နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ လက်မခံအဖွဲ့တွေကို နည်းပြောင်းစည်းရုံးသိမ်းသွင်းမယ် ဒါမဟုတ် တိုက်မယ်ဆိုတဲ့နည်းပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့အခြေခံ ဥပေဒေထဲ မှာလည်း နိုင်ငံတော်မှာ တပ်မတော်တစ်ခုတည်းပဲ ရှိရမယ်ဆိုတော့ ဖြစ်အောင် လုပ်မယ်လို့ ကျနော်မြင်တယ်” ဟု သျှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဆိုင်မိန်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောပြခဲ့သည်။

အပစ်ခတ်ရပ်စဲအဖွဲ့များကို တကယ်တိုက်ဖျက်ရန်အတွက်သာ နအဖ ရည်ရွယ်သောကြောင့် ထိုရည်ရွယ်ချက်အတိုင်း အပြတ်တိုက်မည် ဖြစ်သည်။ အခုလောလောဆယ် အပစ်ခတ်ရပ်စဲအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် စည်းရုံးနေသည်မှာ အနုနည်း သဘောနှင့် အချောသတ်နေခြင်းသာဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ခူဦးဒယ်ကမူ “စည်းရုံးလို့မရတဲ့ အဖွဲ့တွေကို မရ ရတဲ့နည်းနဲ့လုပ်မှာပဲလို့ ကျနော်မြင်တယ်။ နောက်ဆုံး စည်းရုံးလို့မရတဲ့အဖွဲ့တွေကို စစ်ရေးအရ အကျပ်အကိုင်ဖြေရှင်းမယ်လို့ ကျနော်မြင်တယ်” ဟု သူက ပြောသည်။

သို့သော် ကေအင်ယူဒုဥက္ကဌ ဒေးဗစ်တာကဘောကမူ လက်မခံသောအဖွဲ့များကို နအဖက စစ်ရေးနှင့် တိုက်ဖျက်ဖြေရှင်းမည်ကို ၄င်းအနေဖြင့်မမြင်ကြောင်း ပြောသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာအဖွဲ့အစည်းဖိအားရှိနေခြင်းနှင့် ကေအင်ယူ တစ်ဖွဲ့တည်းကို နအဖမှ နိုင်အောင်မတိုက်နိုင်ပဲ ကျန်သောအဖွဲ့များကို တိုက်ရန်မှာ မလွယ်ကူဟု ပြောသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အပစ်အရပ်အဖွဲ့ ၁၇ ဖွဲ့ကို စည်းရုံးနေ သည်မှာ အများစုက နအဖဆန္ဒအတိုင်း လိုက်လျောနိုင်မည်မဟုတ်ဟု ၄င်းအနေဖြစ်လည်း မြင်ကြောင်း KNPP အတွင်းရေးမှူး ခူဦးဒယ်က ပြောသည်။


မူးယစ်တိုက်ဖျက်ရေးနေ့ အကြောင်းပြ အပစ်ရပ်များအပေါ် နည်းဗျူဟာစစ်ဆင်ရန် စစ်တိုင်းမှူးများ တွေ့ဆုံ
ကြာသပတေးနေ့၊ 18 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ဂျွန် ၂၆ ကမ္ဘာ့မူးယစ် တိုက်ဖျက်ရေးနေ့အတွက် ပြင်ဆင်ရန် နှင့် သျှမ်းပြည်တွင်း အပစ်ရပ်များ အပေါ်နည်းဗျူဟာစစ်ဆင် ရေး အသစ်ဖြင့်ချုပ်ကိုင်နိုင်ရန် စစ်တိုင်းမှူး ၃ ယောက် ကျိုင်းတုံမြို့၌ တွေ့ဆုံခဲ့ကြသည်ဟု ကျိုင်းတုံစစ်တိုင်းရုံးအသိုင်း အ၀ိုင်း နှင့် နီးစပ်သတင်းရပ်ကွက် က သိုးသိုးသန့်သန့်ကြားရသည်ဟု ဆိုသည်။

လားရှိုးအခြေစိုက် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ တောင်ကြီးအခြေစိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့် နှင့် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးတို့ တွေ့ဆုံဆွေးနွေးပြီး ကမ္ဘာ့မူးယစ်တိုက်ဖျက်ရေးနေ့အကြို ကျိုင်းတုံ တွင် မူးယစ်ဆေးဝါးမီးရှို့ပွဲတော်ကျင်းပပြရန် နှင့် အပစ်ရပ်အဖွဲ့ဆိုင်ရာကိစ္စရပ်များပါ ဆွေးနွေးကြရန် ဖြစ်နိုင်ချေရှိသည်ဟု အတည့်မပြုနိုင်သေးသော သတင်းအဖြစ် အဆိုပါသတင်းရပ်ကွက်က ဆိုသည်။
[စစ်အစိုးရ မူးယစ်ဆေးဝါး မီးရှို့ပွဲ (ဓါတ်ပုံ - imageshack.us )]

စစ်အစိုးရ မူးယစ်ဆေးဝါး မီးရှို့ပွဲ (ဓါတ်ပုံ - imageshack.us )

“လားရှိုးတိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်ကိုယ်တိုင် တာချီလိတ်အထိလာသလိုလိုကြားရတယ်။ ၁၇ ရက်နေ့မွန်းလွဲပိုင်း မှာဘဲ တာချီလိတ်ကနေ ပုလိပ် နဲ့ စစ်သားဆယ်ယောက်ကျော်ပါတဲ့ မှန်လုံကား ၁ စီး၊ ဖိုးဝှီး ၁ စီး အပြင် ချောကား ၂ စီး နဲ့ -တာချီလိတ်ခရိုင်/မြို့နယ်ထဲ ဖမ်းဆီးစုဆောင်းထားတဲ့ မူးယစ်ဆေးဝါးပစ္စည်းတွေ ကျိုင်းတုံကို သယ်သွားပြီးပြီလို့ ပြောတယ်” - ဟု တာချီလိတ်ရောက် ကျိုင်းတုံဒေသခံတဦးက ပြောပါသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှသီးခြားအတည်မပြုနိုင်သေးသော်လည်း အမည်မဖေါ်လိုသည့် ထိုင်းနယ် စပ်လုံခြုံရေးအရာရှိတဦးက- “အဲ ဒီသတင်းကျနော်တို့ကြားရတာ ၂-၃ ရက်ရှိပြီ၊ ကျနော်တို့ဆီ အကြောင်းကြား ဖိတ်ကြား လာတာတော့ မရှိသေးဘူး၊ ဘန်ကောက်ကို တိုက်ရိုက် အကြောင်းကြား ဖိတ်ခေါ်မလားတော့မသိဘူး” - ဟုဆို၏။

ဂျွန်လ ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အကြိမူးယစ်ဆေးဝါးမီးရှို့ပွဲကို စစ်အစိုးရက နာမည်ကောင်း အမှတ်ရ ရေးအတွက် နှစ်စဉ်နှစ်တိုင်း ပြင်ဆင်ပြသလေ့ရှိသည်ဟု လေ့လာသူများက ပြောဆို၏။

ယခုလည်း အပစ်ရပ်အဖွဲ့များအပေါ်မူးယစ်ဆေးဝါးဖြင့် အပြစ်ဖို့ ပုံချနိုင်မည့်နည်းလမ်းများရှာရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အမှု ကမ္ဘာထိပ်တန်းသတင်းဖြစ်နေမှုအပေါ် အာရုံပြောင်းရန် ကျိုင်းတုံတွင်ပြု လုပ်ခြင်းဖြစ် နိုင်သည်ဟု သျှမ်းပြည် မူးယစ်ဆေး ၀ါး စောင့်ကြည့် လေ့လာရေးအဖွဲ့က သုံးသပ်ပြော ဆိုပါသည်။


ဒီကေဘီအေက ကေအဲန်ယူ တပ်ရင်း ၂၀၂ နှင့် ၂၁ ကို ထိုးစစ်ဆင်နေ

ခွန်အောင်မြတ်။
ဇွန်လ ၁၈ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ် ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံ တပ်မဟာ (၇)ထိန်းချုပ်ရာနယ်မြေတွင် နှစ်နေရာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ကွယ်လွန်သူ ကေအဲန်ယူ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ ၏ ဂူသချုင်္ီင်းရှိရာ တပ်ရင်း ၂၀၂ နှင့် ၂၁ တပ်ရင်း ကို ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဗဟိုဌာနချုပ်ရှိ အရာရှိတဦးက ပြောသည်။

“မနေ့က နှစ်ဖက်ဖြစ်တယ်ဗျ။ နှစ်ဖက်ဆိုတာက ကျနော်တို့ ဆုတ်ပေးလိုက်ရတဲ့ ၂၁ ဘက်မှာ လည်း တဖွဲ့ဖြစ်တယ်။ နောက်ပြီးတော့ မူအေးပူဘက်ပေါ့နော်။ ဗိုလ်ချုပ်မြမြုပ်ထားတဲ့နေရာ အဲဘက်မှာ လည်းတဖွဲ့ဖြစ်တယ်။ မနေ့က နှစ်နေရာဖြစ်တယ်။ မနက်ပိုင်းမှာ ၂၁ ဘက်မှာ ဖြစ်တယ်။ နေ့လည် ဘက်မှာတော့ ကျနော်ရောက်တဲ့အချိန်မှာတော့ ဗိုလ်ချုပ်မြ မြုပ်တဲ့နေရာ မှာ သူတို့တက်လာတယ်။ အဲမှာ ချနေပြီ။”

၂၀၁ တပ်ရင်းကို ဒီကေဘီအေ တပ်ရင်း ၅၅၅ တို့ ထိုးစစ် ဆင်ပြီး ယခုရက်ပိုင်းက လက်လွတ်လိုက်ရသည့် တပ်ရင်း ၂၁ တွင် ဒီကေဘီအေ ၉၉၉ နှင့် ၃၃၃ တပ်ရင်းတို့က တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“မနေ့က ခန့်မှန်းခြေက ဗိုလ်ချုပ်မြ မြုပ်ထားတဲ့ ဂူဘက်မှာ တက်လာတာက ၂၀၀ ၀န်းကျင် လောက် ရှိတယ်။ဒါပေမယ့် နှစ်ရာဝန်းကျင်ဆိုပေမယ့် အနောက်ကနေပြီးတော့ထုတာတွေများတယ်ဗျ။အနောက် က ဒီတောင်ကျောပေါ်ကနေ လှမ်းထုတာတွေ အများကြီးပဲ။ လက်နက် ကြီးတွေ ကျတာပေါ့ဗျာ အဲဒီ ကို။ အောက်က တက်တဲ့လူကတက်တယ်၊ လက်နက်ကြီးနဲ့ ထုတဲ့ လူက ထုတယ် အဲလိုမျိုးပေါ့။”

တိုက်ပွဲဖြစ်ပွားရာနေရာများဖြစ်သည့် ၂၁ တပ်ရင်းတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှု မသိရသေးကြောင်း တပ်ရင်း ၂၁၂ တွင် ဒီကေဘီအေ ဘက်မှ ၆ ယောက် ထိခိုက်ဒဏ်ရာရှိသည်ဟု သိရသည်။

နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသုံးရွာမှ ရွာသား ၅၀ ကျော် ထိုင်းနယ်မြေအတွင်း သို့ ထပ်မံထွက်ပြေး ခိုလှုံနေရသည်ဟု ကရင်ဒုက္ခသည်များ ကော်မတီ(ကေအာရ်စီ) တာဝန်ရှိ သူ တဦးက ပြောသည်။

ဇွန်လဆန်းပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်အစိုးရတပ်ပါအ၀င် ဒီကေဘီအေ ဘက်မှ ထိခိုက်ကျ ဆုံးသူ ၁၄၀ ခန့်ရှိပြီး ကေအဲန်ယူဘက်မှ တပ်သား သုံးဦး ဒဏ်ရရှိကာ တပ်ရင်းသုံးရင်း လက်လွှတ်ဆုံးရှုံးလိုက်ရ သည်ဟု ကေအဲန်ယူက ပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံလာသည့် ကရင်ဒုက္ခသည် ၄၀၀၀ ခန့်အား ကရင်ကျန်းမာရေးအဖွဲ့၊ နယ် လှည့် ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့နှင့် ထိုင်းဒေသဆိုင်ရာ ကျန်းမာ ရေးအဖွဲ့များက အနီးကပ် ကူညီပြုစုပေး လျှက်ရှိသည်။

ကရင်ဒုက္ခသည်များကော်မတီနှင့် ထိုင်းမြန်မာနယ်စပ်အဖွဲ့က ဒုက္ခသည်များကို ကူညီ စောင့်ရှောက်ထားပြီး နယ် စပ်လုံခြုံရေးကို ထိုင်းစစ်တပ်က အင်အားတိုးမြှင့်ကာ တင်းကျပ်စွာ ချထားသည်။


နိုင်ငံရေးအကျဉ်းသားများဂုဏ်ပြုသီချင်း ဂျာမဏီ ဂီတအဖွဲ့က နယ်လှည့် သီဆိုမည်

ဇော်ကြီး။
ဇွန်လ ၁၈ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုရေးဖွဲ့ထားသော ဆန့်ကျင်ကြ တိုက်ပွဲဝင်ကြဟု အဓိပ္ပါယ်ရ သည့် သီချင်းတပုဒ်ကို ဂျာမဏီဂီတအဖွဲ့တခုဖြစ်သော Durgas ဒါးဂက်စ် နယ်လှည့် အဖွဲ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်ဒေသ၌ သီဆိုဖျော်ဖြေမည်။

မနက်ဖြန်ကျရောက်မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက် မွေးနေ့ အား ဂုဏ်ပြုသောအားဖြင့် ယနေ့ည ၇ နာရီအချိန်၌ မဲဆောက် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP ရုံးတွင် ထိုသီချင်းဖြင့် သီဆိုဖျော်ဖြေမည်ဖြစ်သည်။

ယင်းသီချင်း၏ အဓိပ္ပါယ်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ယခုလိုပြောပြသည်။

“အဓိက ဆန့်ကျင်ကြ တိုက်ပွဲဝင်ကြလို့ အဓိပ္ပါယ်ရပါတယ်။ ကျနော်တို့ ဒီလှုပ်ရှားမှုကလည်း နှစ်အ တော်ကြာအောင် လှုပ်ရှားလာခဲ့ပြီ။ နောက်အဲဒီမှာ အဖမ်းခံခဲ့ရတဲ့သူတွေလည်း ရှိတယ်။ နောက် ဘ၀ တွေ ဖြတ်သွားရတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့ ရှေ့ဆက်ပြီးတော့ ရင်ဆိုင် တိုက်ပွဲဝင် နေအုံးမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။ နိုင်ငံရေး အကျဉ်းသား တွေရဲ့ ကိုယ်စား စပ်ထား ပေးတာ။”

မဲဆောက်ဒေသတ၀ှိုက်ရှိ ထိုင်းစာသင်ကျောင်းများအပါအ၀င် မြန်မာစာသင်ကျောင်းများ နှင့် ဒုက္ခသည်စခန်းများ သို့ သွားရောက် ဖျော်ဖြေရန်ရှိပြီး မနက်ဖြန် မယ်တော်ဆေးခန်းတွင် ဖျော်ဖြေပွဲ ပြုလုပ်မည် ဖြစ်သည်။

ယင်းအဖွဲ့သည် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများအား ထောက်ခံပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန် ရည်ရွယ်၍ ထိုသီချင်းအားစပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ဒါးဂက်စ် အဖွဲ့သည် နိုင်ငံတကာရှိ ဒုက္ခသည်စခန်းများ၊ ရွှေ့ပြောင်းအလုပ်သမားထု အတွင်း နှင့် စာသင်ကျောင်း များ၊ HIV/AIDS နှင့် နေထိုင်ကြသူများ စသည့်နေရာများတွင် လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ၎င်းတို့တတ်ကျွမ်းသည့် အနုပညာနှင့် လှည့်လည် ဖျော်ဖြေပေးနေသည့်အဖွဲ့ ဖြစ်သည်။






0 အကြံပြုခြင်း: