Sunday, June 14, 2009

ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ အချို့ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် မြန်မာ အမျိုးသမီး အချို့ ကို အခမဲ့ ပို

June 14, 2009
၁၃ ဇွန် ရန်ကုန်၊ ၊ယူကွန်

Oversea Sex Business Offers Myanmar Girls

ရန်ကုန် မြို့ တွင်အခြေစိုက်သည့ှ်နာမည်ကျော်ကြားခြင်းမရှိ သေးသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီအချို့ မှာ ၎င်းတို့ ထံ နိုင်ငံရပ်ခြားအလုပ်အကိုင် အတွက် လာရောက် စုံစမ်းမေးမြန်းသည့် အမျိုးသမီးငယ် အချို့ ကိုသီးသန့် တွေ့ ဆုံ၍ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင်တာဝန်ထမ်းဆောင် နိုင်ပါက အခမဲ့ ပို့ ဆောင်ပေးမည် ဟု ပြော၍ စည်းရုံးကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။
ရန်ကုန် မြို့ ထဲတွင် အခြေစိုက်သည့် ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး ဧဂျင်စီတစ်ခု တွင် သွားရောက်အလုပ်အကိုင် စုံစမ်းလျှောက်ထားသည့် အမျိုးသမီး နှစ်ဦး ၏ ပြောပြချက် အရ စင်္ကာပူ နိုင်ငံတွင် အလုပ်ရရှိရန် အတွက် ကိုယ်ရေးအချက် အလက်များပါ ပေးကာ ၊ သွားရောက် စုံစမ်းပြီးနောက် သုံးရက်အကြာတွင် ထိုဧဂျင်စီမှ တာဝန်ရှိ သူအမျိုးသမီးတစ်ဦးက သူမ၏ ဧဂျင်စီ သို့ ပြန်လည်ချိန်းဆို၍ စင်္ကာပူရှိ လိင်ဖျော်ဖြေရေးလုပ် ငန်းတစ်ခုတွင် အလုပ်လုပ် ကိုင်နိုင်မည် လား ဟုမေးမြန်းသည် သိရသည်။
ထိုကဲ့သို့ လိင်ဖျော်ဖြေရေး လုပ်ငန်းတွင် အလုပ်ရရှိ ရန် အတွက် ကမ်းလှမ်းခံရသော အမျိုးသမီး တစ်ဦးက “ကျွန်မတို့ CV တွေ သွားတင်ပြီး သုံးရက် လောက်ကြာတော့ အဲဒီ ဧဂျင်စီက ဖုန်းဆက်ပြီးလှမ်းခေါ်တယ် အလုပ် ကိစ္စတဲ့ ရုံးကို လှမ်းခေါ်တယ် ။ဟိုရောက် တော့ အမျိုးသမီး တစ်ယောက်ပဲ သီးသန့် ခန်းထဲမှာ နှစ်ယောက်ချင်း တွေ့ တော့ သူက စိတ်မရှိနဲ့ နော် စင်္ကာပူ က သူဌေးတွေ လာတဲ့ကလပ်တွေမှာ အလုပ်လုပ်ပေး နိုင်မလား မေးတယ် ၊ညီမက ဘာ အလုပ်လဲ ဆိုတော့ သူက ဓာတ်ပုံတွေပြတယ် ၊ယောင်္ကျားတွေ နဲ့ အတူတွဲပြီး ကနေတယ့် ကောင်မလေးတွေပုံ လေးတွေ ၊သူက ဆက်ပြေတယ် တစ်နေ့ ကို စရိတ်ငြိမ်း စင်္ကာပူ ဒေါ်လာ နှစ်ရာ အနည်းဆုံးရမယ်တဲ့ ”ဟု သူမတွေ ကြုံရပုံကိုပြန်ပြောင်းပြောပြသည်။
သူမကဲ့သို့ ပင် ထိုဧဂျင်စီတွင် အလုပ်လာရောက် လျှောက်ထားသော အခြားအမျိုးသမီး နှစ်ဦးမှာ လည်း ထိုကဲ့သို့ ပင် မေးမြန်ခံရသည် ဟု သိရသည်။
၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမှ စ၍ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဧဂျင်စီ အချို့ ကို စစ်အစိုးရမှ တရားဝင်လုပ်ပိုင်ခွင့် များချပေးထားသော်လည်း အများစုမှာ စစ်အစိုးရ အရာရှိများ နှင့် နီးစပ်သူများသာဖြစ်သည် သော ကြောင့် ထိုမိန်းကလေး နှစ်ဦးမှာ ထိုဧဂျင်စီ ၏ အမည် ကို ဖေါ်ပြရေးသား ရန်ငြင်းဆန်ခဲ့ကြသည်။
ယမန် နှစ်က အလုပ်သမား ဦးစီးဌာန မှ တစ်နှစ် လျှင် နိုင်ငံခြားတိုင်းပြည် များသို့ အလုပ်သမား ၇၀၀ခန့် မပို့ နိုင်သော အလုပ်အကိုင် ရှာဖွေ ရေးဧဂျင်စီ များကို လိုင်စင် သက်တမ်း တိုးမပေး ဟု ခြိမ်းခြောက်ခဲ့ မှု ကြောင့် အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီများမှာ အလုပ်သမားအထွက် တင်ပြ နိုင်ရေး အတွက် ထိုသို့ မလျှော် ကန် သည့် နည်းလမ်းများကို အသုံးပြုခြင်းဖြစ် နိုင်ကြောင်း ကျောက်တံတားမြို့ နယ်တွင် အခြေစိုက်သည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ တစ်ခု မှ မန်နေဂျာ တစ်ဦးကပြောသည်။
ရန်ကုန် အချို့ စိုက် အလုပ်အကိုင် ရှာဖွေရေးဧဂျင်စီ အချို့ ကို စစ်အစိုးရ ဖိနှိပ်မှု အောက်တွင် စားဝတ်နေရေး ကျပ်တည်းကျသော မြန်မာလူငယ် အချို့က အားထားကြသော် လည်း အချို့ အလုပ်ကိုင်ရှာဖွေ ဧဂျင်စီများ ၏ တာဝန်မဲ့သော လုပ်ရပ်များကြောင့် နိုင်ငံရပ်ခြားတွင် အဆင်မပြေဖြစ်ကာ ဘ၀ ပျက်ကျရသော အလုပ်သမားများ လည်းရှိသည်။
ဘ၀ပျက် ၍ ပြည်တော်ပြန်လာကြသော အလုပ်သမားများ က ၎င်းတို့ ကို အခကြေးငွေ ယူ၍ စေလွှတ်ပေးသော ဧဂျင်စီများ အား တရားစွဲ ဆိုမှုများပြုပါက အာဏာပိုင်များ နှင့်ပေါင်းက ထိုအလုပ်သမားအား ပြန်လည် မတရားအမှု ဆင်မှု များရှိသည်။
ရန်ကုန် မြို့ ရှိ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ များသည် ယခုနှစ် အတွင်း ကမ္ဘာ စီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံခြားသို့ အလုပ်သမားများ ယခင် နှစ်က ကဲ့သို့ မပို့ ဆောင် နိုင်တော့ ကြောင်းသိရသည်။
မြန်မာ အမျိုးသမီးများ အား လိင်ဖျော်ဖြေရေးလုပ်ငန်း များတွင် တာဝန် ထမ်းဆောင်ရန် အတွက်ပို့ ဆောင် ပေးသော ဧဂျင်စီ လေးခုခန့် ရှိပြီး ထိုဧဂျင်စီ များမှာ မှတ်ပုံတင် မထားသော ဧဂျင်စီများဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေ ရေး ဧဂျင်စီ မှာ ၀န်ထမ်းတစ်ဦးက ပြောသည်။
မြန်မာ အမျိုးသမီး အများစုအား လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်ရန် အများ ဆုံးပို့ လွှတ် သော နိုင်ငံများမှာ ထိုင်း၊စင်္ကာပူ ၊တောင်ကိုရီးယား နှင့် ပင်လယ်ကွေ့  နိုင်ငံများ ဖြစ်သည်။

0 အကြံပြုခြင်း: