Wednesday, September 30, 2009

ကျွန်ပွဲစားတွေလာချေပြီ။ ။

ဖိုင်ရယူရန်

Beware of Slave Merchants

30 September ဒိုင်ယာရီ

ဖိုင်ရယူရန်

30 September News

ပြည်သူတွေက သိကြတယ်


ဝရဇိန်
၃၀ စက်တင်ဘာ ၂၀၀၉


အခုတလော နအဖတို့က သူတို့ရဲ့ကြေးစားဆောင်းပါးရှင်တွေကတဆင့် ၂၀၁၀ ရွေးကောက်ပွဲတီးလုံးကို ခပ်မြိုင်မြိုင် ခပ်သွက်သွက်ကလေး တီးလာချိန်မှာ ပြည်တွင်းက ‘ဖိုးက,ချင်’ များကလည်း ‘ဆိုင်းသံကြားရင် က,ချင်ချင်’ ဆိုတဲ့ စကားလို လှုပ်လှုပ်ရွရွ ဖြစ်နေတာတွေကို ကြားနေတွေ့နေရတယ်။

တကယ်တော့ နအဖရဲ့ အဲဒီ “၂၀၁၀ မျက်လှည့်ရုပ်စုံသဘင်မဟာစင်တော်ကြီး” ဇာတ်အဖွဲ့ဟာ ‘အနှစ်ဗလာ အကာပြဲ့ပြဲ့’ ကျီးအာသီးသာဖြစ်တယ်ဆိုတာ မြန်မာပြည်သူတရပ်လုံးသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ သိထားကြတာပါ။ ဒါကို အဲဒီဖိုးက,ချင်တွေ မသိဘူးဆိုရင်တော့ အံ့သြစရာပဲ။ ၁၉၈၃ ခုနှစ်တုန်းက ပြည်ပက ပြန်ရောက်အလာ မနီလာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရတဲ့ နီနွိုင်းအကွီနိုဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတဦးက အဲဒီအမှုကို စစ်ဆေးနေတဲ့ တရားသူကြီးတွေကို တရားရုံးမှာ ပြောတဲ့စကားကိုပဲ ပြန်အမှတ်ရမိတော့တယ်။

နီနွိုင်းအကွီနိုကို ဘယ်သူသတ်သလဲဆိုတာကို ရှည်လျားထွေပြား ပေများစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှည့်ပတ်မေးမြန်း စစ်ဆေးကြားနာနေတဲ့ တရားသူကြီးတွေကို အမြင်ကပ်လာတဲ့ အဲဒီရှေ့နေကြီးက အငေါ်တူးပြီး ပြောလိုက်တဲ့စကားပါ။ သူပြောလိုက်တာက “ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျား … နီနွိုင်းအကွီနိုကို ဘယ်သူသတ်သလဲဆိုတာကို ဖိလစ်ပိုင်နိုင်ငံ တနိုင်ငံလုံးက သိနေကြပါပြီ။ မသိတာဆိုလို့ လူကြီးမင်းတို့ တရားသူကြီးတစုပဲ ကျန်ပါတော့တယ်” လို့ ဖြစ်ပါတယ်။ အခုလည်း နအဖရဲ့ မျက်လှည့်သဘင်အကြောင်း မသိတာဆိုလို့ အဲဒီဖိုးက,ချင် တစုပဲ ရှိမယ်ထင်ပါရဲ့လို့ ပြောရပါတော့မယ်။

နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲတီးလုံးကို “တက်ခနီကာလာ” စကားလုံးတွေသုံးပြီး ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ စည်းချက်လိုက်ပေးနေကြသူတွေထဲမှာ အဲဒီဖိုးက,ချင်တွေက ပထမဆုံး ရှေ့ကို တိုးထွက်လာတာဖြစ်တယ်။ အဲဒီတက်ခနီကာလာ စကားလုံးတွေထဲမှာ အခြေခံဥပဒေ မရှိတာထက် ရှိတာက ပိုကောင်းတယ်၊ နိုင်ငံရေးအမြင် ပြောင်းသွားပြီ၊ အထိုင်သစ်မှာ ဗျူဟာအသစ်နဲ့ သွားရမယ်၊ ၂၀၀၈ အခြေခံဥပဒေကို မထောက်ခံဘူး၊ ဒါပေမယ့် တခြားရွေးစရာ မရှိတော့လို့ ဒါကိုပဲ လက်ခံရမယ်။ အများကြိုက် လက်ခုပ်ချူ နိုင်ငံရေးခေတ်မရှိတော့ဘူး။ နအဖ လက်ပါးစေနဲ့ ၀ိုင်းတော်သားတွေကို မဲမပေးချင်တဲ့ မဲဆန္ဒရှင်ပြည်သူတွေအတွက် ထည့်စရာမဲပုံး ဖန်တီးပေးရမယ် စသဖြင့် စုံတကာစေ့အောင် ပါဝင်တယ်။

အဲဒီတက်ခနီကာလာ စကားလုံးတွေအားလုံးမှာ အရိပ်ထင်နေတဲ့ ကျောရိုးအတွေးအခေါ် ကတော့ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာကိုသာ လုပ်ရတဲ့လုပ်ငန်းဖြစ်တယ်” ဆိုတဲ့ အယူအဆပဲဖြစ်တယ်။ ဒီအယူအဆက နအဖကိုယ်တိုင်ကလည်း နှပ်ကြောင်းပေးနေတဲ့ အယူအဆပါ။ “မပြေးသော်လည်း ကန်ရာရှိ” ဆိုသလို နအဖနဲ့ ရပ်တည်ချက် သဘောထားချင်းတူနေတဲ့ အဲဒီတက်ခနီလာ စကားလုံးပိုင်ရှင်များရဲ့ အယူအဆက ဒီလိုပါ။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို ရာစုတ၀က် နီးပါးကြာ နည်းလမ်းအမျိုးမျိုး တိုက်ပွဲဆင်ခဲ့ကြပြီးပြီ၊ အခုအထိ မနိုင်သေးဘူး၊ မနိုင်တဲ့အပြင် လက်ရှိအခြေအနေမှာ စစ်အုပ်စုရဲ့ အင်အားက မိမိတို့ထက် အဆမတန်သာနေတယ်၊ ဒါကြောင့် ဒီလိုအခြေအနေမှာ စစ်အုပ်စု ပေးသလောက်ပဲယူ၊ ကျွေးသလောက်ပဲစားပြီး အားမွေး၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲရောက်၊ နောက်မှ ဒီမိုကရေစီ စည်းဝိုင်းကို ဖြည်းဖြည်းချင်း ချဲ့ယူပြီး အခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့အထိရောက်အောင် စိတ်ရှည်ရှည်နဲ့သွား၊ နောက်ဆုံးမှာ စစ်အာဏာရှင်စနစ်ကို အခြေခံဥပဒေအရ ဖျက်သိမ်း၊ အဲသလိုဖြစ်ပါတယ်။

အံ့သြစရာကောင်းတာက အဲသလိုကြွေးကြော်ပြီး ပထမဆုံး ရှေ့တန်းထွက်လာသူတွေထဲမှာ မြန်မာ့နိုင်ငံရေးလောကမှာ အစဉ်အလာနဲ့ အတွေ့အကြုံ တစုံတရာရှိခဲ့သူ ဦးသုဝေတို့လို ပုဂ္ဂိုလ်တချို့ ပါဝင်နေလို့ပါပဲ။ ဒါပေမယ့် အံ့သြစရာ မဟုတ်ရပြန်တာကတော့ ၁၉၈၈ ခုနှစ် န၀တရဲ့ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပေါ်လာတုန်းကလည်း ၈၈ အရေးတော်ပုံကြီးအချိန်အခါနဲ့ အကိုက်ညီအသင့်လျော်ဆုံး တောင်းဆိုမှုဖြစ်တဲ့ “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” ကို ပထမဆုံးလွှတ်ချပြီး ပထမဆုံး အလံဖြူတင် ပါတီတည်ထောင် မှတ်ပုံတင်ခဲ့သူဟာလည်း ဦးသုဝေတို့ တစုဖြစ်နေခဲ့လို့ပါပဲ။

ဒီနေရာမှာ မိမိတို့အနေနဲ့ ဦးသုဝေအုပ်စု အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဝင်ပြီး စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ လုပ်ဆောင်ကြမယ်ဆိုသူအားလုံးရဲ့ စေတနာတွေ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ အငြင်းမပွားလိုဘူး။ မိမိထောက်ပြဆွေးနွေးလိုတာက သူတို့ရဲ့ တွေးပုံတွေးနည်း (Way of Thinking) နဲ့ သူတို့ရွေးချယ်တဲ့ နည်းလမ်းများ (means) အကြောင်းဖြစ်တယ်။

“ဖြစ်နိုင်တာလုပ်တာ နိုင်ငံရေး” ဆိုတဲ့ အဆိုကို မိမိလည်း သဘောတူတယ်။ ဒါပေမယ့် ဒီကနေ့လက်ရှိအခြေအနေမှာ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ နည်းလမ်းသာလျှင် တခုတည်းသောဖြစ်နိုင်တဲ့ နိုင်ငံရေးဆိုတဲ့ အယူအဆကိုတော့ မိမိသဘောမတူဘူး။ အဲဒီလို သဘောမတူဖို့အတွက် ခိုင်မာတဲ့အကြောင်းအချက်တွေ အများအပြား ရှိနေတယ်လို့ မိမိယူဆတယ်။

အဲဒါတွေထဲမှာ အရေးအကြီးဆုံး အချက်ကတော့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်ပဲ။ ဒီကနေ့ မြန်မာနိုင်ငံမှာ တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ အဓိကနေရာက ပါဝင်နေသူ (Stake holder) ရယ်လို့ တွက်ကြည့်ရင် (၃) ဦးပဲရှိတယ်။ အဲဒါကတော့ နအဖ ရယ်၊ အန်အယ်လ်ဒီရယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေရယ် ဒီ (၃) ဦးပဲဖြစ်တယ်။ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အနေအထား မှိန်ဖျော့အားနည်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ နအဖ က အနှစ်နှစ်ဆယ်လုံးလုံး ကြိုးစားပမ်းစားနဲ့ အခြား Stake holder တွေ အများအပြား ရှိနေသယောင် ဖန်တီးထားခဲ့ပေမယ့် မြန်မာပြည်ရဲ့ကံကြမ္မာကို အဓိက အဆုံးအဖြတ်ပေးမှာကတော့ အဲဒီအုပ်စု (၃) စုပဲဖြစ်တယ်ဆိုတာကို မြန်မာပြည်သူတွေကလည်း သိတယ်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း သိတယ်။ အရေးပါတဲ့ Stake holder တွေထဲမှာ ဦးသုဝေတို့အုပ်စု အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲကို မျက်စပစ်နေသူ ဘယ်သူမှမပါဝင်ဘူး။ ကုန်ကုန်ပြောရရင် နယ်စပ်က လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ (အပစ်ရပ်ရော၊ အပစ်မရပ်ပါ) တောင် မပါဝင်ဘူး။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက အဲဒီအုပ်စု (၃) စုပဲ ဖြစ်တယ်။ အဲဒီ (၃) စုမှာမှ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက “ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မတီ” (စီအာပီပီ) ဆိုပြီး တပ်ပေါင်းစုဖွဲ့ထားတာမို့ ဒီကနေ့ မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ်ပေးမှာက နအဖနဲ့ စီအာပီပီရဲ့ သဘောထားရပ်တည်ချက်တွေပဲဖြစ်တယ်။ နအဖဓာတ်ခွဲခန်းထဲက မွေးထုတ်ထားတဲ့ ဘက်တီးရီးယားတွေဟာ အရွယ်စုံ၊ အရောင်အသွေးစုံ၊ အမျိုးအမည်စုံပြီး အခုအချိန်မှာ မြန်မာ့အနာဂတ်အရေးအတွက် အရေးပါတဲ့ Stake holder တွေယောင်ယောင် မြင်နေကြရပေမယ့် မလိုအပ်တော့တဲ့အခါ နအဖ က ကြိမ်တချက်ဝင့်လိုက်တာနဲ့ အားလုံးပျောက်ကွယ်သွားကြမယ့် အရာတွေဖြစ်တယ်။

အဲဒီတော့ အထက်မှာ ဖော်ပြခဲ့တဲ့ နအဖနဲ့ စီအာပီပီဆိုတဲ့ Stake holder ကြီးနှစ်ခုတည်းရှိတဲ့ အခြေအနေမှာ တခုက လုံးလုံးလျားလျား သဘောမတူဘဲ ဆန့်ကျင်နေတဲ့ ကိစ္စတခုကို ကျန်တခုက ဇွတ်လုပ်မယ်လို့ ပြင်ဆင်နေတဲ့ အခြေအနေဟာ မြန်မာနိုင်ငံရဲ့ တခုတည်းသော ဖြစ်နိုင်ခြေ နိုင်ငံရေးလုပ်ငန်းစဉ်လို့ ဘယ်လိုလုပ်ဆိုနိုင်ပါ့မလဲ။

တကယ်တော့ နအဖ က စီအာပီပီကို သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ထောင်ချောက်ထဲ ၀င်လာအောင် အသံပေါင်းစုံ ဖန်တီးပြီး တောချောက်နေတာသာဖြစ်တယ်။ အန်အယ်လ်ဒီက ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ပြီး ရပ်ခံနေသမျှကာလ ပတ်လုံး နအဖရဲ့ အဲဒီထောင်ချောက်ဟာ ဘာတန်ဖိုးမှ ရှိလာမှာမဟုတ်ဘူး။ အန်အယ်လ်ဒီ သို့မဟုတ် စီအာပီပီ မပါဘဲ အဲဒီရွေးကောက်ပွဲကို နအဖ က ဇွတ်အတင်းကျင်းပလို့ ပြီးစီးသွားစေဦးတော့၊ အဲဒီရွေးကောက်ပွဲကနေ နအဖဟာ သူလိုချင်တာ ဘာတခုမှ ရမှာမဟုတ်ဘူး။ အဲဒါကို နအဖကိုယ်တိုင်လည်း သိနေတယ်။

အမှန်တော့ ‘ဖြစ်နိုင်တာ’ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ဖွင့်ဆိုသူရဲ့ သဘောထား ရပ်တည်ချက်ပေါ်မှာသာ မူတည်တာဖြစ်ပါတယ်။ ဖွင့်ဆိုသူရဲ့ သဘောထားရပ်တည်ချက်က ‘ဖြစ်နိုင်တာ’ ဆိုတဲ့ စကားလုံးရဲ့ပမာဏကို ဆုံးဖြတ်တာဖြစ်ပါတယ်။

အညံ့မခံ အလံမလှဲတိုက်ပွဲကို ရဲရဲတိုက် အောင်ပွဲကို ရဲရဲရယူတဲ့ စိတ်ဓာတ်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေ ကမ္ဘာ့သမိုင်းမှာ အများအပြား ရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း အဖြစ်အပျက်တခုအကြောင်း အရင်ဆုံး ပြောပြချင်တယ်။ ဂျာမဏီနာဇီနဲ့ အီတလီ၊ ဂျပန်ဖက်ဆစ်တပ်တွေက ကမ္ဘာ့ဒေသအများစုကို သိမ်းပိုက်စိုးမိုးထားကြတယ်။ လန်ဒန်မြို့ဟာလည်း ဂျာမန်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်နေလို့ စိစိညက်ညက်ကြေနေပြီ။ ပြင်သစ်လည်း ကျသွားပြီ။ အဲဒီအချိန်မှာ ဗြိတိသျှအစိုးရအဖို့ အလုပ်သင့်ဆုံး ဖြစ်နိုင်တဲ့ နိုင်ငံရေးကတော့ ဟစ်တလာနဲ့ စေ့စပ်ညှိနှိုင်းပြီး စစ်ပြေငြိမ်းဖို့ပေါ့။ ဟစ်တလာ သိမ်းပိုက်ထားတဲ့ နယ်မြေဒေသ မှန်သမျှကို ဟစ်တလာလက်ထဲ တရားဝင်အပ်နှင်းလိုက်ဖို့ပေါ့။ တနည်းပြောရရင် လက်နက်ချ အရှုံးပေးလိုက်ဖို့ပေါ့။ ဒါပေမယ့် အဲဒီလို ဗြိတိသျှကျွန်းစု ကိုယ်တိုင်အပါအ၀င် ဗြိတိသျှအင်ပါယာတခုလုံး နာဇီဖက်ဆစ်တွေရဲ့ ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ခြင်း ခံနေရချိန်မှာ ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီရဲ့ ရပ်တည်ချက်ကို ကြည့်လိုက်ပါ။ “ဘယ်လောက်ပဲ အရင်းအနှီး ပေးရပစေ၊ ကျုပ်တို့ဟာ ပင်လယ်ကမ်းခြေတွေမှာ တိုက်မယ်၊ လေယာဉ်ကွင်းတွေမှာ တိုက်မယ်။ ကျုပ်တို့ဟာ လယ်ကွင်းတွေထဲမှာလည်း တိုက်မယ်၊ လမ်းမတွေပေါ်မှာလည်း တိုက်မယ်။ ကျုပ်တို့ဟာ တောင်တန်းတွေပေါ်မှာလည်း တိုက်မယ်။ ကျုပ်တို့ဘယ်တော့မှ လက်နက်မချဘူး” ("Whatever the cost may be, we shall fight on the beaches, we shall fight on the landing grounds, we shall fight in the fields and in the streets, we shall fight in the hills; we shall never surrender." ChurchillWe will never surrender) တဲ့။ အဲဒီနောက် ဗြိတိန်နိုင်ငံ ဘယ်လိုရပ်တည်ခဲ့သလဲ။ ဒုတိယကမ္ဘာစစ် ဘယ်လို အဆုံးသတ်သွားသလဲ။ အားလုံးသိကြတဲ့အတိုင်းပဲ။

နောက်အဖြစ်အပျက်တခုကတော့ ပိုလန်နိုင်ငံက အာဏာရှင်ကွန်မြူနစ်အစိုးရနဲ့ လက်ခ်ျဗာဝင်းဆား ဦးဆောင်တဲ့ အလုပ်သမားသွေးစည်းညီညွတ်ရေးသမဂ္ဂတို့ရဲ့ တိုက်ပွဲပါ။ ကွန်မြူနစ်အစိုးရရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေရှိနေတဲ့ကြားက အဲဒီအဖွဲ့ဟာ မြေပေါ်တ၀က် မြေအောက်တ၀က် အနေအထားနဲ့ ကြံ့ကြံ့ခံလှုပ်ရှားခဲ့ပြီး တော်လှန်ရေးအခြေအနေ ရင့်မှည့်လာတဲ့အချိန်မှာ ပြည်သူကို ပြတ်ပြတ်သားသားဦးဆောင်ပြီး အောင်ပွဲကို အရယူခဲ့တာဖြစ်ပါတယ်။

နောက်တခုက ဆာဗီးယားနိုင်ငံက အတိုက်အခံတွေရဲ့လှုပ်ရှားမှု ဖြစ်ပါတယ်။ ဘောစနီးယားနဲ့ ခရိုအေးရှား နိုင်ငံတွေ ခွဲထွက်သွားပြီးတဲ့နောက် ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း ကော့စတာနီဆာ ဦးဆောင်တဲ့ အတိုက်အခံတွေက မဲအသာရနေတဲ့အချက် ထင်ရှားပေါ်လွင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိသမ္မတ မီလိုစီဗစ်က အရှုံးကို ၀န်မခံဘဲ စစ်တပ်ကို အသုံးပြုပြီး သူ့အာဏာတည်မြဲရေးအတွက် ဉာဏ်နီဉာဏ်နက်တွေ ထုတ်နေပါတယ်။ အဲဒီအချိန်မှာ ကော့စတာနီဆာက ရွေးကောက်ပွဲမှာ သူအနိုင်ရရှိတယ်လို့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ကြေညာလိုက်ပါတယ်။ သူရဲ့ ရဲဝံ့ပြတ်သားတဲ့ အဲဒီလုပ်ဆောင်ချက်ကြောင့် တလျှောက်လုံး မီလိုစီဗစ် ခိုင်းသမျှကို လျှောက်လုပ်ခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်တချို့ ထွက်ပေါ်လာချိန်မှာ ဇဝေဇ၀ါ ဖြစ်နေခဲ့တဲ့ ဆာဗီးယားစစ်တပ်ဟာ ခြောက်အိပ်မက်က လန့်နိုးလာပြီး အတိုက်အခံတွေ ဦးဆောင်တဲ့ ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်လိုက်ပါတယ်။ ဒီလိုနဲ့ ဆားဗီးယားရဲ့ ကံကြမ္မာဟာ တဆစ်ချိုး ပြောင်းလဲသွားခဲ့ရတယ်။

နောက်ထပ်ထင်ရှားတဲ့ ဥပမာတခုကတော့ ၁၉၈၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက “ပြည်သူ့အာဏာလှုပ်ရှားမှု” ဖြစ်ပါတယ်။ အဲဒီတုန်းက အာဏာလက်ရှိ သမ္မတမားကို့စ်နဲ့ အတိုက်အခံခေါင်းဆောင် ကိုရာဇန်အကွီနိုတို့ ယှဉ်ပြိုင်တဲ့ သမ္မတရွေးကောက်ပွဲမှာ အကွီနို အနိုင်ရရှိတဲ့ ရလဒ်တွေ ထွက်ပေါ်လာနေပေမယ့် မားကို့စ်ဟာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ နောက်ဆုံးအချိန်အခါအထိ ကြိုးပမ်းခဲ့တယ်။ ဒီအခါမှာ ဘယ်တုန်းကမှ နိုင်ငံရေးသမား မဟုတ်ခဲ့တဲ့ မုဆိုးမတဦးလည်းဖြစ်သူ ကိုရာဇန်အကွီနိုက ရွေးကောက်ပွဲမှာ မိမိအနိုင်ရရှိကြောင်း ရဲရင့်ပြတ်သားစွာ ကြေညာပြီး လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ဆင်နွှဲလိုက်တာကြောင့် နောက်ဆုံးမှာ မာ့ကို့စ် ပြည်ပကို ထွက်ပြေးသွားခဲ့ရပြီး အာဏာရှင်စနစ်လည်း ပြိုလဲသွားခဲ့ရပါတော့တယ်။

အခုတင်ပြခဲ့တဲ့ အဖြစ်အပျက်တွေမှာ အတိုက်အခံ လူထုခေါင်းဆောင်တွေဟာ “ဖြစ်နိုင်တဲ့ နိုင်ငံရေး” ဆိုတာကို လက်ရှိအာဏာရအစိုးရ ပေးသလောက်ယူ ကျွေးသလောက်စားပြီး လိမ်လိမ်မာမာနေတဲ့ နိုင်ငံရေးလို့သာ အဓိပ္ပာယ် ဖွင့်ခဲ့ကြမယ်ဆိုရင် အဲဒီနိုင်ငံတွေက ပြည်သူလူထုတွေဟာ အခုထိ အာဏာရှင်စနစ်အောက်မှာ ဆက်ပြီးနေနေကြရဦးမှာ ဖြစ်ပါတယ်။

နောက်တခါ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်းချက်အတိုင်း လိုက်ကဖို့ ပြင်နေသူတွေ အမြဲမေးလေ့ရှိတဲ့ မေးခွန်းတခုရှိပါသေးတယ်။ အဲဒါက “ဒီရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်ကြမှာလဲ” ဆိုတဲ့ မေးခွန်းပဲ။

အဲဒီမေးခွန်းကိုကြားတော့ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဖတ်ဖူးခဲ့တဲ့ အာကစားဂျာနယ်တခုထဲက ဆောင်းပါးတပုဒ်ကို သွားအမှတ်ရမိတယ်။ အဲဒီဆောင်းပါးမှာ မြန်မာ့ဘောလုံးရွှေခေတ် (ဗဟာဒူးတို့ခေတ်) ဘောလုံးသမားကြီးတယောက်ရဲ့စကားကို ဆောင်းပါးရှင်က ကိုးကားဖော်ပြထားတယ်။ မြန်မာ့ဘောလုံးအသင်းဟာ မိမိထက်အင်အားပိုကြီးတဲ့ အသင်းတွေရဲ့ ခံစစ်ကို ဘယ်လိုချိုးဖောက်ပြီး ဂိုးတွေသွင်းယူနိုင်ခဲ့သလဲ ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆောင်းပါးရှင်က မေးကြည့်တော့ အဲဒီဘောလုံးသမားကြီးက ဟောသလိုပြောခဲ့ပါသတဲ့။ “ကျွန်တော်တို့ရဲ့ အခြေခံနည်းစနစ်ကတော့ ရိုးရိုးစင်းစင်းကလေးပဲဗျ၊ ကိုယ်ဘောလုံးရရင် လွတ်နေတဲ့ ကိုယ့်အသင်းသားကို အမြန်ဆုံးရှာပြီး ဘောလုံးကို အမြန်ဆုံးပို့ပေး… ဒါပဲဗျ ... အချိန်တန်တော့ ဂိုးတွေရသွားတာပါပဲ”။

အဲသလိုပါပဲ။ ဒီကနေ့ မြန်မာ့ပစ္စက္ခနိုင်ငံရေးအခြေအနေက မရှုပ်ပါဘူး။ ရှင်းရှင်းလေး ရိုးရိုးစင်းစင်းလေးပါ။ ၉၀ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့ Mandate ရထားတဲ့ အန်အယ်လ်ဒီ၊ စီအာပီပီတို့အနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပြည်သူတွေ တောင်းဆိုခဲ့ကြတဲ့ အရာတွေကို ကိုယ်စားပြုတဲ့ အခြေခံမူတွေကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ပြီး (ဦးဝင်းတင် ပြောသလို) ပြည်သူတွေဘက် မျက်နှာမူရပ်တည်ပေးကြဖို့ပါပဲ။ မှန်မှန်ကန်ကန် ရပ်တည်နေခြင်းဟာ ထက်ထက်မြက်မြက် အလုပ်လုပ်နေခြင်းပဲဖြစ်ပါတယ်။ လက်ရှိ အန်အယ်လ်ဒီက ထုတ်ပြန်တဲ့ “ရွှေဂုံတိုင်ကြေညာချက်” ဟာ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်ထားတဲ့၊ ပြည်သူတွေရဲ့အကျိုးစီးပွားကို မျက်နှာမူထားတဲ့ ကြေညာချက်ပါ။ ဒီကြေညာချက်ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အန်အယ်လ်ဒီရဲ့ အခြေခံမူလည်းဖြစ်တယ်။ တကယ်တမ်းပြောရရင် နိုင်ငံရေးမှာ အလှည့်အပြောင်းတွေ၊ အကျပ်အတည်းတွေ တွေ့ကြုံရစမြဲပါ။ ချော့လုံး ခြောက်လုံးတွေနဲ့လည်း ကြုံရစမြဲပါ။ ဘယ်လိုပင် ချော့ချော့၊ ခြောက်ခြောက်၊ ဘယ်လိုပင် အကျပ်အတည်းတွေနဲ့ ကြုံရကြုံရ ပြည်သူတွေရဲ့ အကျိုးစီးပွားကို မသွေဖည်ဖို့ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်ထားတဲ့ အခြေခံမူတွေကို မသွေဖည်မိစေဖို့ အရေးကြီးပါတယ်။ မူမှန်မှ အလုပ်မှန်မယ်။ အလုပ်မှန်မှ အောင်ပွဲခံမှာပါ။
တကယ်တော့ အမှန်တရားက ပြည်သူတွေဘက်မှာပါ။ ပြည်သူတွေရဲ့ဆန္ဒနဲ့ ပြည်သူတွေရဲ့အားကသာ အရာရာကို အဆုံးအဖြတ်ပေးမှာပါ။ ပြည်သူနဲ့ အမှန်တရားကသာ တနေ့နေ့တချိန်ချိန်မှာ မလွဲမသွေအောင်ပွဲခံရမှာပါ။ စောစောကပြောသလို ဂိုးဆိုတာ အချိန်တန်ရင် မလွဲမသွေ ရလာမှာပါ။ အခုအချိန်မှာ ဘောလုံးဟာ နအဖကွင်းဘက် နအဖ ခြေထဲမှာပါ။ ညစ်ပတ်မှုအပေါင်း သရဖူဆောင်းခဲ့လို့ နိုင်ငံရေးအရ အရှုံးကြီးရှုံးပြီး ပရိသတ်ချဉ်ဖတ်ဖြစ်နေရတဲ့ နအဖဟာ ခုချိန်မှာ သူ့ခြေထဲက ဘောလုံးကို ဘေးကိုလည်း ကန်မထုတ်ရဲ၊ ပြိုင်ဘက်အသင်းကိုလည်း တိုက်စစ်မဖွင့်ရဲ၊ အချိန်လည်း သိပ်ဆွဲလို့မရတော့တဲ့ အခြေအနေပါ။ အခြေခံသေနင်္ဂဗျူဟာ မှန်ကန်ပြီး ကစားကွက်ကောင်းကောင်းနဲ့ ကစားနေလို့ နိုင်ငံရေးအရ အသာစီးရနေတဲ့ လူထုခေါင်းဆောင်တွေက နအဖ ကြောက်အားလန့်အားနဲ့ ကန်ထုတ်လိုက်တဲ့ ဘောလုံးကို ကိုယ်ကွင်းကိုယ့်ခြေထဲ ရောက်လာတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားထားပြီးသားဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကိုယ့်ခြေထဲရောက်လာမယ့် ဘောလုံးကို ဘယ်လိုပြန်ကန်မယ် ဘယ်လိုဂိုးသွင်းမယ် ဆိုတာကတော့ ကြိုပြောထားရမယ့် ကိစ္စမဟုတ်ပါဘူး။ ဒီလိုအချိန် ဒီလိုအခြေအနေမျိုးမှာ တကယ်တမ်း ခေါင်းစားရမှာက နအဖပါ။ အဲဒါကို နအဖ ဘက်က ကူပြီး ခေါင်းစားပေးနေသူများကို ပြောချင်တဲ့ စကားတခွန်းက “ဒီရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ခင်ဗျားတို့ မသိပေမယ့် မြန်မာပြည်သူလူထုကြီးက သိတယ်” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။


http://www.khitpyaing.org/articles/Sep09/300909.php

၅၀၀၀တန်အကြောင်းမေးမြန်းခန်း

ဖိုင်ရယူရန်

090930_u_sein_htay

NDF Bulletin Sep 2009

ဖိုင်ရယူရန်


NDF Bulletin Sep 2009

Tuesday, September 29, 2009

နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကုလမှာလိမ်လည်တောင်းပန်တောင်းစားသည့်စာမူရင်း



get file here
watch video here
Statement by Thein Sein

leave a message on Jim Webb's site for Nyi Nyi Aung,


http://webb.senate.gov/newsroom/record.cfm?id=318217&
At the bottom right hand corner of Sen. Webb's site (url above), you can leave a message for him --

here is a suggested sample.

"Dear Sen. Webb,

This is no time for you to be considering lifting US sanctions against Burma, while a US citizen Kyaw Zaw Lwin (Nyi Nyi Aung) is in prison in Burma, has been tortured and false charges have been made against him.

What do you intend to do about the plight of Kyaw Zaw Lwin and other Burmese political prisoners?

We hope you will fly to Burma as you did for John Yettaw and secure the release of Kyaw Zaw Lwin, Daw Aung San Suu Kyi and over 2000 political prisoners.

Sincerely,

ရဲဘော်ဖိုးသံချောင်းရဲ့ သုံးသပ်ချက်

get file here

po tha chaung

နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့အား နယူးယောက်မြို့ရှိ မြန်မာပြည်သားများ၏ ညနေပိုင်း ဆန္ဒပြပွဲ

Uncut
http://www.youtube.com/watch?v=hANYEZcZyl0&feature=player_embedded


Uncut
http://www.youtube.com/watch?v=hANYEZcZyl0&feature=player_profilepage#t=94




http://www.youtube.com/watch?v=REiW28Eau04&feature=player_profilepage



http://www.youtube.com/watch?v=REiW28Eau04&feature=player_embedded#t=56






မှတ်တမ်းတင်သူ-Ko Aung Min Htun(New York)
တည်းဖြတ်တင်ပြသူ-Mr.Big Guy(Ph#917-951-2428)
http://komoethee.blogspot.com/

29September ဒိုင်ယာရီ

get file here

29 September News
မရရင် ချကြပါစို့
မိုးသီးဇွန်

မြန်မာလူထု အမျိုးသားရေး စိတ်ဒဏ်သင့်တဲ့ အနာဖြစ်တာ သုံးခါရှိခဲ့ပါပြီ။ ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ ပြော ရင်တော့ အသည်းနှလုံးမှာ ဆူးကြီးပေါက်ခဲ့သလို ခံစားခဲ့ရတာ၊ ဒေါ်မာမာအေးစကားနဲ့ ပြောရင်တော့ အသည်း နာ ကမ္ဘာမကြေနာ၊ မဟာနာကြည်းမှုကြီး။ ဒါတွေကတော့ …

၁ - ၈၈ လှုပ်ရှားမှုကြီး အနိမ်နင်းခံရပြီးနောက်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည် မပေါ်လာတာ။
၂ - ၂၀၀၇ခုနစ် စက်တင်ဘာ တော်လှန်ရေးက တောင်းဆိုချက် ဘာတခုမှမရဘဲ ရက်ရက်စက်စက် နှိမ်နင်း ခံခဲ့ရတာ။
၃ - နာဂစ်မုန်းတိုင်းခံရတဲ့ ပြည်သူတွေအတွက် နိင်ငံတကာ အကူညီတွေကို စစ်အစိုးရက ငြင်းဆန်ပြီး ထောက်ပံမှုတွေ အလုံအလောက် မလုပ်ဆောင်ပေးခဲ့တာ။ ဒီအပေါ်မှာ လူထုက စိတ်ဒဏ်သင့်ခဲ့တယ်။

ဒီစိတ်ဒဏ်သင့်မှုက အလွန်အန္တရာယ် ရှိတယ်။ လူထုကို တော်လှန်ရေးအပေါ်မှာ ယုံကြည်မှု ကျဆင်းသွားစေ တတ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ကျဆင်းသွားစေတတ်တယ်။ ဒီအနာကြီးကို ဖြေဖျောက်ဖို့ အတွက် လူထုကို မျှော်လင့်ချက်တွေပေးဖို့ လိုတယ်။ ဒါကတော့ လူထုတိုက်ပွဲတွေ ပြန်လည်ဖေါ်ထုတ်ရမယ်။ နအဖရဲ့ စီးပွားရေး ပစ်မှတ်တွေကို တိုက်ခိုက်ဖို့လိုတယ်။

ဒီလိုဖြစ်ရပ်မျိုးက ၁၉၈၈ ခုနစ် မတ်လ ၁၆ ရက် တံတားနီ အရေးအခင်းမှာ ကျနော်တို့ မဆလ စစ်အစိုးရရဲ့ နိမ်နင်းတာကိုခံခဲ့ရတဲ့ အခြေအနေနဲ့တူတယ်။ တံတားနီကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတစ်ရာကျော် အသတ်ခံရတယ်။ သုံးထောင်နီးပါး အဖမ်းခံရတယ်။ ငါးရာကျော် ကျောင်းထုတ်ခံရတယ်။ ကျောင်းသားတွေ အနေနဲ့ လုံထိန်းတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံရမှုကြောင့် ကျောင်းသားထုအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်သင့်သွားနိုင်တယ်။ အကြောက်လွန်သွားနိုင်တယ်။ စိတ်အားငယ်မှုတွေ ဖြစ်လာနိုင်တယ်။ ခေါင်းဆောင်လုပ်သူတွေက ဒီအခြေအနေကို အရောက်မခံဖို့ လိုတယ်လို့ စဉ်းစားပြီး ကျနော်တို့ သိမ်ကြီးဈေး စီရုံကို မီးတင်ရှို့ခဲ့တယ်။

ဒီတော့ ကျောင်းသားထုနဲ့ လူထုက စိတ်အားပြန်လည် တက်ကြွလာတယ်။ ငါတို့ကို မတရားလုပ်ချင်တိုင်း လုပ်လို့မရဘူး။ ငါတို့ထဲမှာ မတရားမှုကို ရဲရဲရင့်ရင့် ဆန်ကျင်မယ့် အင်အားစုတွေ ရှိသေးတယ် ဆိုတာကို သိသွားလို့ပဲ။ အခုအခြေအနေကြီးကို ကျနော်တို့ မကြိုက်ဘူး။ လူထုထဲမှာ ကျဆင်းနေတဲ့ စိတ်ဓာတ်ကို ပြန် လည် တက်ကြွလာစေဖို့အတွက် တချို့ပစ်မှတ်တွေကို ကျနော်တို့ ရှာဖွေတိုက်ခိုက် သင့်တယ်လို့ တိုက်တွန်း လိုပါတယ်။ မြန်မာပြည် ထောင့်တစ်နေရာမှာ မတရားမှုတွေကို လက်တုန်ပြန်မယ့် အင်အားစုတွေ ရှိတယ် ဆိုတာကို ရဲရဲဝံ့ဝံ့ ပြသကြပါစို့ …။

အောင်ပွဲသို့ …
မိုးသီး
(Golden Colour Revolution ဘလော့မှ ကူးယူဖော်ပြသည်)

ဖိနပ်စာ မိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်




၂၉ စက်တင်ဘာ နေပြည်တော် ၊ ၊ညွန့် သက်ထားဦး

Updated ..09 .30 .2009

UN General Assemblyဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့်
နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော်
အစိုးရ ၀န်ကြီးများ သတင်းရပ်ကွက် တွင် သတင်းထွက် ပေါ်နေသည်။

ယမန်နေ့ က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်
မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဆန့် ကျင်ကန့် ကွက် ခြင်းအပြင် ဖိနပ်ဖြစ်ပစ်ပေါက်
၍ ရှုံချခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော် သို့ 
ပြန်ရောက်ပါ က ရာထူးမှ ဖယ်ရှားပစ် မည် ဟု သတင်းရရှိသည်။

စနေနံ ဖိနပ် ထိခြင်းသည် မြန်မာ မှု ဓလေ့ ထုံးစံအရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်
တော် မှ ညွှန်ကြားရေးမှုး တစ်ဦးက Freedom News Group သို့ ပြောသည်။

ယခုကဲ့သို့ အင်္ဂ၀ိဇ္ဇာနည်းအရ နာမ်နှိမ် သွားသည့် သူများကို အစိုးရ အဖွဲ့ အတွင်းထားပါ က အစိုးရ
အဖွဲ့ အတွင်းအကွဲ အပြဲများဖြစ်ပြီး ပြုတ်ကျနိုင်သည် ဟု အင်္ဂ၀ဇ္ဇာ နှင့် ဗေဒင် တတ်ကြွမ်းသူများ ၏
သုံးသပ် ချက်များ လည်း ယနေ့ နေပြည်တော် တွင် ပေါ်ထွက် နေသည်။

အတည်မပြုနိုင်သေးသည့် စုံစမ်းရရှိသော သတင်းတစ်ရပ် အရ ၀န်ကြီးချုပ် ဦးသိန်းစိန် နှင့် နိုင်ငံခြား
ရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အား အပြန်တွင် နေပြည်တော် သို့ တိုက်ရိုက်ဝင်ခွင့် မပြုပဲ ရန်ကုန် တွင်
တစ်ထောက်နားပြီး ဟူးရာ ဗေဒင် ဆရာများ ဖြင့် ကံပွင့် အောင် စီမံ ဆောင် ရွက်ပြီးမှ နေပြည်တော်
သို့ ဝင်ရောက် ခွင့် ပြုမည် ဟု သတင်းရရှိသည်။

ကမ္ဘာ့ သမိုင်းတွင် လည်း ဆူဟာတို ၊ ကျန်ဇီမင်း ၊ပီနိုရှေး စသည့် အာဏာရှင်များမှာ ဖိနပ်ဖြင့် ပစ်
ပေါက်ခံရပြီးနောက် အာဏာလက်လွှတ်ခဲ့ရသည်။

အမေရိကန် သမ္မတ ဟောင်း ဂျော့ရှ်ဘုရှ်သည် ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးရန် လပိုင်း အလို
တွင် အီရတ် နိုင်ငံ၌ ဖိနပ် ဖြင့် အပေါက်ခံခဲ့ရသည်။ ၎င်း အားဖိနပ် ထိမှန်ပြီး ရက်ပိုင်း အတွင်းမှာပင်
အမေရိကန် စီးပွားရေးပျက်ကပ် စသည်။
source here

ဖိနပ်နဲ့ ပေါက်ခံရတဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းဗွီဒီယိုဖိုင်ရယူရန်

ဖိုင်ရယူရန်

Monday, September 28, 2009

မြန်မာအစ မြန်မာက

၂၆-၉-ဝ၉ ရက်နေ့ထုတ် သတင်းစာမှာပါတဲ့ သတင်းကလေးပါ။
ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်မှနေ၍ ''ရှေးဟောင်းသမိုင်း အထောက်အထားများ''
သုတေသနစာတမ်းဖတ်ပွဲမှာ အမှာစကားပြောကြားတဲ့ သတင်းပဲဖြစ်ပါတယ်။
ထူးခြားချက်တစ်ခုအနေနဲ့ ပျူမြို့ဟောင်းတစ်ခုဖြစ်တဲ့ ဟန်လင်းမြို့ဟောင်းမှာ တူးဖော်တွေ့ရှိ
ချက်များဟာ မြန်မာအစ မြန်မာက ဆိုသည့်အဆိုကို ခိုင်မာစေရန်အတွက် စတင်တွေ့ရှိရသော
အထောက်အထားဖြစ်တဲ့အကြောင်း အမှာစကားပြောသွားပါတယ်။
သတင်းကတော့ ခေတ်စကားနဲ့ပြောရရင် သစ်တယ်...လန်းတယ်ဗျို့....
ကြားဖူးတာလေးတွေ -

၁. မြန်မာအစ တကောင်းက ( ဘုရင်ခေတ်မှသည် ကိုလိုနီခေတ် )
၂. မြန်မာအစ ကျောက်ဆည်က ( ကိုလိုနီခေတ်နှောင်း )
၃. လူသားအစ မြန်မာက ( နဝတ-နအဖ )
၎. မြန်မာအစ မြန်မာက ( နအဖခေတ်နှောင်း )


SOURCE

ရွှေဝါရောင် တော်လှန်ရေးကြီး (၂) နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ ( ကိုရီးယား )




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ( ၂၁ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ( ကိုရီးယား )




လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

နိုင်ငံစုံ ဆွေးနွေးရေးနဲ့ အသွင်ကူးပြောင်းရေး

file download here

hannyaungshwe

ပါလီမန်ဒီမိုကရေစီပါတီမှပေးပို့သောဂုဏ်ပြုလွှာ

အသိအမှတ်ပြုသည့်အတွက်ရဲရင့်ငယ်ဘလော့မှကျေးဇူးအထူးတင်ရှိပါသည်။

ဖိုင်

ye

JAPAN-(NAGOYA) ရွှေဝါရောင်သတင်း..


ဂျပန်နိုင်ငံ(နဂိုယာ)မြို့ ရှိမြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူများမှ(နှစ်)နှစ်မြောက်ရွှေဝါ
ရောင်တော်လှန်ရေးအထိမ်းအမှတ်အဖြစ်(ရွှေဝါရောင်တော်လှန်ရေး)ခေါင်းစဉ်ဖြင့်ချီတက်
ဆန္နပြတောင်းဆိုမှုများအား(၂၇.၀၉.၂၀၀၉)နေ့က ဂျပန်နိုင်ငံ(နဂိုယာ)မြို့တွင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြသည်..။
(www.ldb-nagoya.blogspot.com/)

"သတိ... ခွေးကိုက်တတ်သည်"

ဖိုင်ရယူရန်

Beware Than Shwe

28SEPTEMBER ဒိုင်ယာရီ

file download here

28 September News

ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ချီတက်ကြစို့



NEJ / ၂၈ စက်တင်ဘာ ၂၀၀၉


၂၀၀၉ ခု နှစ်ဆန်းပိုင်းလောက်မှစ၍ ၂၀၁၀ ရွေးကောက်ပွဲဟူသည့်အသံများ ဆူညံလာသော်လည်း အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော၏ အမှုကိစ္စဖြစ်ပြီးနောက်ပိုင်း ရွေးကောက်ပွဲအသံများ အနည်းငယ်ငုပ်လျှိုးကာ အခြားမြန်မာ့နိုင်ငံရေး ဆက်တင်အသစ်များ တခုပြီးတခု လျင်လျင်မြန်မြန် ဖြစ်ပေါ်ပြောင်းလဲလာသည်ကို တွေ့ရပေသည်။

နအဖစစ်အုပ်စုမှ ကျင်းပပြုလုပ်မည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ရန် အားခဲထားကြသူများရော၊ ဆန့်ကျင်ကန့်ကွက်သူများကပါ နအဖအနေဖြင့် သူတို့ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားပြီးလျှင် ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်ကြေညာပြီး နိုင်ငံရေးပါတီများ တည်ထောင်လှုပ်ရှားခွင့် ပြုလိမ့်မည်ဟု ထင်မြင်ယူဆထားခဲ့ကြသည်။ တပ်မတော်နေ့ အပြီး နအဖက ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ဟိုနေ့ ထုတ်ပြန်နိုးနိုး၊ ဒီနေ့ ထုတ်ပြန်နိုးနိုး လည်ပင်းရှည်ခဲ့ကြသည်။

သို့သော် မေလဆန်းပိုင်းတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူ လျှို့ဝှက်ဝင်ရောက်ခဲ့ချိန်မှစ၍ ၂၀၁၀ ရွေးကောက်ပွဲဆိုသည့် မြန်မာ့နိုင်ငံရေးဆက်တင်အစား ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ဆိုသည့် နိုင်ငံရေးဆက်တင်အသစ်က ရှေ့တန်းသို့ ရောက်လာခဲ့လေသည်။ မြန်မာပြည်သူလူထုနှင့် ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များအားလုံး၏ အာရုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကိစ္စက လွှမ်းမိုးသွားခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် နေပြည်တော်သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့ရသည်အထိ တရားခွင်ကိစ္စက ထိပ်တန်းရောက်သွားခဲ့သည်။

ထို့နောက် ဇူလိုင်လ နောက်ဆုံးပတ်ထဲတွင် ထိုင်းနိုင်ငံ ဖူးခက်၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကိုယ်တိုင်တက်ရောက်ပြီး နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလျှင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ပြန်လည်သုံးသပ်ရာ၌ နအဖစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူထားမှုများကို ပြန်လည်လျှော့ပေါ့ရေး စဉ်းစားသွားမည်ဟု အပေးအယူသဘောမျိုး လေသံပစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှု စီရင်ချက်ချပြီးနောက် သြဂုတ်လအလယ်လောက်တွင်မူ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာပြီး နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ရော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့လေသည်။ အပြန်တွင် ပြစ်ဒဏ်ကျနေသူ တရားခံ ဂျွန်ယက်တောကို အမေရိကန်နိုင်ငံသို့ ပြန်လည်ခေါ်ထုတ်သွားခဲ့သည်။ ထိုခရီးစဉ် ပြီးဆုံးသည့်နောက်ပိုင်းတွင် ဂျင်မ်ဝက်ဘ်က မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများကို လျှော့ပေါ့ပေးသင့်ကြောင်း ဦးဆောင် ဆော်သြလေတော့သည်။ သို့နှင့် နအဖ-အမေရိကန်ဆက်ဆံရေး ပြောင်းလဲတော့မည်လောဟူသည့် နိုင်ငံရေးဆက်တင်အသစ်ပေါ် အတိုက်အခံတို့ အာရုံများခဲ့ကြပြန်သည်။

ထို့နောက် နအဖက ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း သူတို့လိုချင်သည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး တိုက်တွန်းချက်ကို အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းများက လက်မခံဘဲ အန်တုနေကြသဖြင့် အင်အားအနည်းဆုံးဖြစ်သော ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့ (MNDAA) ကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများ အကြောင်းပြကာ သြဂုတ်လကုန်ပိုင်းတွင် ၀င်ရောက်တိုက်ခိုက်ခဲ့လေသည်။ ဒုက္ခသည် သုံးသောင်းခုနှစ်ထောင်ကျော် တရုတ်နယ်စပ်သို့ ထွက်ပြေးခိုလှုံကြရပြီး နအဖ-ကိုးကန့်ပြဿနာဟူသည့် နိုင်ငံရေးဆက်တင်အသစ် ထပ်မံပေါ်ထွက်ခဲ့ပြန်သည်။

ယခုစက်တင်ဘာလအတွင်း၌လည်း ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်သည့် နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းသည် နယူးယောက်ပတ်လည် (၂၅) မိုင်သာမက ၀ါရှင်တန်ရှိ မြန်မာသံရုံးသို့ တရက်ကြာ သွားရောက်လည်ပတ်ခွင့်ရပြီး အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်နှင့် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့လေသည်။ ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို မရုပ်သိမ်းဘဲ နအဖစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု ပြုလုပ်သွားမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် တွေ့ဆုံသည့် အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒအသစ်နှင့် ပတ်သက်၍ အရိပ်အမြွက် ပြောကြားခဲ့သည်။

ထိုသဘောထားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး နအဖနှင့် အတိုက်အခံနှစ်ဘက်စလုံးကို မျှမျှတတ ထိတွေ့ဆက်ဆံဖို့ တောင်းဆိုခဲ့သည်။ ထို့အပြင် နောက်ဆုံးထူးခြားမှုအနေဖြင့် ပိတ်ဆို့မှုရုပ်သိမ်းရေးအတွက် နအဖနှင့် ပူးပေါင်းဆောင်ရွက်လိုပါသည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ (၂၈-၉-၀၉) တနင်္လာနေ့တွင် ပေးပို့ရန် ပြင်ဆင်ထားကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုသို့ နိုင်ငံရေးဆက်တင် အပြောင်းအလဲများက အလွန်လျင်မြန်သွက်လက်စွာ ဖြစ်ပေါ်နေသဖြင့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကျင်းပရေးဟူသည့် ကိစ္စသည်ပင် မှေးမှိန်သွားသလိုထင်ရလေသည်။ အဆိုပါ အသစ်အသစ်သော နိုင်ငံရေးဆက်တင်များသည် နအဖ၏ တမင်သက်သက် ဖန်တီးမှုကြောင့်ဖြစ်စေ၊ သူ့အလိုလို ပေါ်ပေါက်လာသည်ဖြစ်စေ နောက်ကွယ်တွင်မူ နအဖစစ်အုပ်စုသည် သူ၏လက်ကိုင်တုတ်များနှင့် ရွေးကောက်ပွဲဝင်ရန် သဘောတူလက်ခံသည့် အတိုက်အခံအချို့ကို လက်သိပ်ထိုး စည်းရုံးလှုပ်ရှားခွင့်များပေးကာ ကြိုတင်ပြင်ဆင်မှုများ အဆက်မပြတ် လုပ်ဆောင်နေသည်ကို တွေ့မြင်နေရပေသည်။

အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံကို စစ်ကျွန်ဇာတ်သွင်းချင်နေသည့် နအဖစစ်အုပ်စုက နိုင်ငံရေးဆက်တင်အသစ်များ၏ နောက်ကွယ်၌ သူ့အလုပ်သူ တစိုက်မတ်မတ် လုပ်ဆောင်နေသကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည့် အတိုက်အခံအင်အားစုများအပါအ၀င် မြန်မာပြည်သူလူထုအနေဖြင့်လည်း ကိုယ့်အလုပ်ကိုယ် အာရုံထားလုပ်ဆောင်ကြဖို့ လိုပါသည်။ သို့မှသာ မိမိတို့လိုလားသည့် စစ်မှန်သောဒီမိုကရေစီစနစ် ထွန်းကားရေး ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်သည်။ ထို့အတွက် အပြောင်းအလဲမြန်နေသည့် နိုင်ငံရေးဆက်တင် အသစ်အသစ်များနောက်သို့ချည်း မျောပါမနေကြဘဲ ဦးဆောင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိရပ်တည်ချက်များဖြစ်သော …

(က) အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊
(ခ) ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊
(ဃ) တွေ့ဆုံဆွေးနွေးရေး… တို့အပေါ် အခြေခံတောင်းဆိုထားသည့် ရွှေဂုံတိုင်ကြေညာချက်ပါ …

(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးလျှင်၊
(၂) ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် အချက်များကို ဖယ်ရှားပေးလျှင်၊
(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပပေးလျှင် … ဟူသော တောင်းဆိုချက်များ ပြည့်ပြည့်၀၀ ရရှိသည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတူ ချီတက်တိုက်ပွဲဝင်ကြပါရန် ခေတ်ပြိုင်က တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။

ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံ သံအမတ်များနှင့် တွေ့ခွင့်တောင်း

FILE DOWNLOAD HERE

assk

NLD ၂၁ နှစ်မြောက် ရွေးကောက်ပွဲနေ. အခမ်းအနားဓါတ်ပုံ

Sunday, September 27, 2009

သမ္မတဟောင်း၊ ဒေါက်တာမောင်မောင်အိမ်၊ ဓါးပြတိုက်ခံရ။



ရန်ကုန်မြို့၊ မလိခလမ်း (အေဒီလမ်း)ရှိ၊ နိုင်ငံတော် သမ္မတဟောင်း၊ ဒေါက်တာမောင်မောင် (ကွယ်လွန်)၏၊ နေအိမ်မှာ၊ လွန်ခဲ့တဲ့(၆)ရက်ခန့်က၊ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ မျက်နှာတဝက်ကို အဝတ်မဲဖြင့်၊ ဖုံးအုပ် ပြီးရုပ်ဖျက်ထားတဲ့၊ ဓါးပြ(၂)ဦးက၊ ကွယ်လွန်သူ ဒေါက်တာမောင်မောင်ရဲ့ဇနီးဖြစ်သူ၊ ဒေါ်သန်းမြင့်ထံမှတိုက် ရောင်းထားသောငွေနဲ့၊ လက်ဝတ်ရတနာများကို၊ ဓါးပြတိုက်တာလို့ သိရပါတယ်။

ဒေါ်သန်းမြင့်ဟာ၊ ထမင်းစားခန်းထဲမှာ၊ ကော်ဖီဖျော်သောက်နေစဉ်၊ အသံကြားလို့ လှည့်ကြည့်လိုက်ရာ၊ မျက်နှာဖုံးအုပ်ထားတဲ့ လူနှစ်ဦးကို၊ ရုတ်တရက် တွေ့လိုက်ရတာကြောင့်၊ လန့်ဖြန့်ပြီး လက်ထဲတွင် ကိုင်ထားတဲ့၊ ကော်ဖီခွက် လွတ်ကျကွဲသွားပါတယ်။ ပန်းကန် ကျကွဲသံကို ကြားလိုက်ရတဲ့၊ ခြံဝန်းတခုထဲတွင်၊ သီးခြားအိမ် ဆောက်နေထိုင်တဲ့၊ သမီးဖြစ်သူနဲ့မိသားစုက၊ မိခင်ဖြစ်သူအား လှမ်းမေးခဲ့ပေမဲ့၊ ဒေါ်သန်းမြင့်က၊ အခြေအနေ အရပြန်လည် ဖြေကြားခြင်း မလုပ်နိုင်ခဲ့ပါဘူး။ ဒီလို ကျကွဲသံ မကြာခဏ ကြားနေကြဖြစ်လို့၊ သမီးကလည်း၊ ထပ်မမေးဖြစ်တော့ပါဘူး။ ဒါပေမဲ့ အချိန်ဘယ်လောက်မှ မကြာသေးခင်၊ ခလေးတယောက် အော်သံကြား တော့မှ၊ အမေ့အိမ်ဘက်မှာ၊ တခုခုတော့ ဖြစ်နေပြီဆိုပြီး၊ အမေအိမ့်ဘက် အပြေးအလွှား သွားခဲ့ကြပါတယ်။

လူတွေ အော်ဟစ် ပြေးလွှားလာသံတွေကြားတော့၊ ဓါးပြနှစ်ဦးလည်း ဘာမှ ယူချိန်မရလိုက်ဘဲ၊ ကိုယ်လွတ်ရုံး ထွက်ပြေးကြပါတယ်။ အဲဒီအချိန်မှာ၊ မိသားစုတွေက၊ ဧည့်ခန်းကြမ်းပြင်မှာ၊ ပါးစပ်ကို အဝတ်စည်းထားပြီး၊ လက်နဲ့ခြေတွေကို၊ ကြိုးနဲ့တုတ်ခါ၊ ကြမ်းပြင်မှာ ဝမ်းလျားမှောက် ပုံစံဖြစ်နေတဲ့၊ မိခင်ဖြစ်သူအတွက် စိုးရိမ်ပြီး၊ မိခင်ကို အာရုံစိုက်နေရတာကြောင့်၊ ဓါးပြတွေနောက် ဘယ်သူမှ မလိုက်နိုင်ခဲ့ကြပါဘူး။

ယခုအခါမှာတော့၊ မိခင်ဒေါ်သန်းမြင့်ကို၊ အာရှတော်ဝင်ဆေးရုံမှာ၊ ထိတ်လန့်မှုကြောင့် ဖြစ်ပေါ်လာတဲ့၊ နှလုံးရောဂါကို၊ ကုသရန်၊ ဆေးရုံ တင်ထားကြောင်း သိရှိရပါတယ်။

အေဒီလမ်းလို နေရာမှာ၊ အခုလို ဓါးပြတိုက်ခံရတာဟာ၊ အတော်ထူးဆန်းတဲ့၊ ကိစ္စတခု ဖြစ်နေပါတယ်။ လမ်ထိပ်မှာ၊ ဒီကနေ့ထိ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သမီး ဒေါ်စန္ဒာဝင်းအတွက်၊ လုံခြုံရေး တာဝန်ထမ်း ဆောင်နေတဲ့၊ စစ်သားတွေရှိလို့ပါ။ ( ပါတ်ဝန်းကျင် တဝိုက်ကတော့၊ ဒီစစ်တပ်စုကို သံသယဖြစ်နေကြပါတယ် စစ်သားတွေ ငတ်ပြတ်လာလို့ ဒီလိုလုပ်ကြတာလားပေါ့။)

ရန်ကုန်မြို့ရဲ့လုံခြုံရေး စနစ်ကြီး ပျက်စီးနေတာကြာပါဘီ။ လူသတ်မှု၊ ဓါးပြမှု တော်တော်များများဟာ၊ အမှုမှန် ဖေါ်ထုတ် မရဘဲရှိနေခဲ့ပါတယ်။ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင် လူသတ်မှုလည်း၊ ခုချိန်ထိမပေါ်သေးပါ။ ဒီအမှုကို မရ၊ရအောင် ဖေါ်မယ်လို့ကြွေးကြော်ခဲ့တဲ့၊ ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်ကိုယ်တိုင်၊ တရားခံပြေး ဘဝ ရောက်ရှိနေရပါတယ်။ “ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတာ၊ ငါးလောင်းပြိုင်သတ်တဲ့သူကို ဆိုလိုတာလား၊ ဒါမှမဟုတ်၊ မိအောင်ဖမ်းမယ်ဆိုတဲ့၊ ရဲမှူးကြီး ဝင်းနိုင်ကိုဆိုလိုတာလား” လို့မေးရမလိုဖြစ်နေပါပြီ။

တရားဥပဒေ စိုးမိုးမှုဆိုတာလည်း၊ ရန်ကုန်မြို့မှာ၊ မရှိတော့တာ ကြာပါပြီ။ ဥပမာလေးတခု၊ နှစ်ခုလောက်တင် ပြပါရစေ။

(၁) ရန်ကုန်မြို့ရဲ့ အထင်ကရ၊ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းဝင်းထဲမှာ၊ မူးယစ်ဆေးဝါး လွတ်လပ်စွာ ဝယ်ယူရနိုင်ပါတယ်။ ဖမ်းဆီးမဲ့သူမရှိပါ။

(၂) ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး၊ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်နဲ့ အပေါင်းအသင်းများ၊ ညဖက်ကား ပြိုင်မောင်းလို့၊ တိုက်မိသွားတဲ့၊ ပြည်သူလူထုတွေရဲ့ကားတွေ၊ သေဆုံး ဒဏ်ရာရသူတွေအနေနဲ့ ဘယ်နေရာသွား၊ ဘယ်သူ့ကို တိုင်ရမှန်းမသိ၊ ငုတ်တုတ်ထိုင်ကြည့်ရုံက လွဲလို့၊ ဘာမှမတတ်နိုင်ကြတဲ့ အဖြစ်ပါ။

(၃) သမီးတော်တွေ ခရီးထွက်လို့၊ လမ်းမှာမျက်စိကျလို့၊ အလကားဝင်ယူသွားတဲ့၊ ရတနာ၊ စိန်ကျောက်အပါအဝင်၊ တန်ဘိုးကြီး ပစ္စည်းပိုင်ရှင်တွေကလည်း၊ ပါးစပ် အဟောင်းသားနဲ့၊ မျက်ရည် ကျနေရုံကလွဲလို့၊ ဘယ်သူ့ ကိုမှ မတိုင်ရဲပါ။

အဲဒီ့လို စစ်အာဏာရှင်ကြီး၊ ဗိုလ်သန်းရွှေ အတင်းအဓ္ဓမ အုပ်ချုပ်နေတဲ့၊ မြန်မာနိုင်ငံရ န်ကုန်မြို့ဟာ၊ လုံခြုံမှုမရှိ တရားဥပဒေ မရှိနဲ့၊ ပုံစံအမျိုးမျိုးနဲ့၊ ပြည်သူပြည်သားတွေ၊ ဓါးပြတိုက်ခံနေကြရတာ ကြာပါပြီ။ စစ်ဝါဒ လွှမ်းမိုး ခြင်းမရှိတဲ့၊ ဒီမိုကရေစီစနစ် မထွန်းကားသရွေ့၊ ဒီအန္တာရာယ်တွေကို ပြည်သူလူထုတွေ ကြုံတွေ့နေရလိမ့်မယ်လို့၊ အသိပေး တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။
http://ko-htike.blogspot.com/2009/09/blog-post_27.html

ဒါလေးသုံးကြပါ


ဗိုယ်ချုပ်အောင်ဆန်း ဘာသာရေး


ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဗမာပြည်လွတ်လပ်ရေးရအောင် သတ္တိရှိမူ၊ရဲရင့်မူ၊ပြတ်သားမူတွေနှင့်အတူ ပြည်သူတွေကို အလွန်လေးစားပြီး ဗမာ့တပ်မတော်ကြီးကိုယ်လည်း စတင်တည်ထောင်သွားခဲ့သည့် အာဇာနည်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်၊ ဗိုယ်ချုပ်က တိုင်းသူပြည်သားတွေအပေါ်မှာဖြစ်စေ သူတည်ထောင်ခဲ့တဲ့ စစ်တပ်ပေါ်မှာဖြစ်စေ သနားကြင်နာမှု အပြည့်အ၀ရှိခဲ့တာဆိုတာ ဗိုလ်ချုပ်သမိုင်းဟာ ကမ္ဘာ့သမိုင်းမျက်နှာပြင်မှာ လှပနေဆဲပါ၊၊

ဗိုလ်ချုပ်အောင်ဆန်း အခုလိုမျိုး ခေါင်းဆောင်ကောင်း ဖြစ်လာရခြင်းမှာ ဗိုလ်ချုပ်ကိုမွေးခဲ့တဲ့ နတ်မောက်က လက်ဦးဆရာတော်နှင့် မိဘတွေရဲ့ ဗီဇတွေက အခြေခံပါတယ်၊ အောင်ဆန်းဟာ ထောင်စခန်းကိုမကြောက်၊ ပြည်သူတွေ အမှောင်ကြနေတာကြောင့် နယ်ချဲ့ကို ဗြောင်ကျကျ ပြောဆိုတတ်သလို၊တိုက်ပွဲကိုယ်လည်း ကြောက်နေသူတော့ မဟုတ်ပါဘူး၊

တိုင်းပြည်လွတ်လပ်းရေးရအောင် တိုက်ပွဲကာလမှာ ဗိုလ်ချုပ်နဲ့အတူ သံဃာတော်တွေ ပါခဲ့သည်ကို သမိုင်းဓာတ်ပုံတွေက အထင်ရှားရှိခဲ့ပါသည်၊ မန္တလေး ရဟန်းပျိုက လွတ်လပ်ရေးလည်း ရနေပြီ သံဃာ့အဖွဲ့တွေ ဖျက်မည်ဟု သံဃာတွေက ပြောတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက သံဃာ့အဖွဲ့တွေ မဖျက်ရန် ဆက်လက်ရှိသင့်တဲ့ အကြောင်းနှင့် တိုင်းပြည်အတွင်းမှာ သံဃာ့အဖွဲ့ အမှန်တကယ်လိုအပ်ကြောင်း အထူးလျှောက်ထားခဲ့တာတွေရှိပါတယ်၊၊

တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းဆိုတာ အမျှော်အမြင်ကြီးမားမူနှင့်အတူ သံဃာ့အဖွဲ့တွေ ရှင်သန်အောင်သာ ဆောင်ရွက်ပေးခဲ့တာပါ၊ ဗိုလ်ချုပ်က ဗုဒ္ဓဘာသာဆိုပေမဲ့ ဘာသာအားလုံးကို တန်းတူလေးစားတာပါ၊ တိုင်းပြည်လွတ်လပ်ရေးရတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်မယ်လို့ အစည်းဝေးလုပ်တဲ့အခါမှာ ဗိုလ်ချုပ်က လက်မခံဘဲ ပယ်ခဲ့တာရှိပါတယ်၊ ဒါတွေဟာ ညီမျှမူ တန်းတူ ရည်တူ သဘောနှင့် ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကို ဖော်ဆောင်သွားခဲ့တာပါ၊၊

ဗိုလ်ချုပ်ဟာ ဘာသာရေးသမားအမည်ခံပြီး ပိတ်ဖြူပတ် ရွေတဂုံ တက်ဖို့အချိန်မရှိဘဲ၊ တိုင်းပြည်လွတ်လပ်ရေးအတွက်သာ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ အတွက် တိုင်းပြည်ရှိ ဆရာတော် သံဃာတော်များကလည်း ဗိုလ်ချုပ်ကို ချစ်ကြပါတယ်၊ တိုင်းပြည်မှာ အများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သလို ဗိုလ်ချုပ်ကိုယ်တိုင် စာဖတ်၊စာရေးတာ ၀ါသနာပါတာကြောင့် ဘာသာရေးစာပေတွေကို ဖတ်ဖြစ်မယ် ဆိုတာ ယုံကြည်ပါတယ်၊ ဒါကြောင့် ဗိုလ်ချုပ် မိန့် ခွန်းတွေ အချိုက ဘုရားဟောတွေကို ကိုးကားသွားတာတွေ ရှိပါတယ်၊

ဗိုလ်ချုပ်ဟာ ရိပ်သာဝင်တရားထိုင်ဖို့ ဘုရားဝင် ပုတီးစိတ်ဖို့ အချိန်မရခဲ့ပါဘူး၊ တော်လှန်းရေးကို ဆင်နွဲနေသည့် လူငယ်အောင်ဆန်းဘ၀ကို အားလုံးက မြင်ရောင်ကြည့်ပါ၊
သို့သော်လည်း စာဖတ်လို့သိတဲ့ ဘာသာရေးအသိကို ဗိုလ်ချုပ်က လက်တွေ့ကျကျ ပြည်သူတွေကို သတ်ခဲ့တာမရှိ၊ ပြည်သူတွေရဲ့ စည်းစိမ်အိုးအိမ်ကို ခိုးယူတာမရှိ၊ မော်ဒယ် ကောင်မလေးတွေကို ငွေးပေးပြီး စော်ကားခဲ့တာလည်းမရှိ၊ကတိမတည်သစ္စာမရှိတဲ့ မုသားစကားလည်း ပြည်သူကို မလှဲ့ဖျားခဲ့ဘူး၊ ဒါတွေဟာ ဗုဒ္ဓဘာသာရဲ့ အရိမ်ကြောင့် ဗိုလ်ချုပ်ရဲ့ လုပ်ရပ်တွေကို ပြည်သူတွေက လက်ခံသလို ကြည်ညိုလေးစားကြတာပါ၊၊

ဗုဒ္ဓဘာသာ ဟုတ်မဟုတ်ဆိုတာက အလုပ်က သက်သေပြတာပါ၊ ဘာသာရေးအသိနှင့် အကျင့်တရား ဗိုလ်ချုပ်က တထပ်တည်း ကျအောင် လုပ်ကိုင်သွားတာကို မြင်အောင် ကြည့်စေချင်ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ မိရိုးဖလာ ဗုဒ္ဓဘာသာ အဆင့်မျိုးမဟုတ်ဘူး၊ သာသနာကိုကြည်ညိုလေးစားနဲ့ နှလုံးသားနှင့် ဘုရားကိုဖက်၊သံဃာကို အသက်တမျှ မြတ်နိုးကိုးကွယ် လူထုကိုယ်တော့ လွတ်မြောက်အောင် ဦးဆောင်သွားခဲ့သူပါ၊ အတ္တအကျိုးထက် အများအကျိုးကို ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေဟာ သာမာန်မဟုတ် တကယ်ကိုယ်ပဲ အသက်ပေးတိုက်ပွဲဝင်ခဲ့ရတယ်ဆိုတာ တိုက်ပွဲကို ကြုံဖူးသူတိုင်း ပိုနားလည်မှာပါ၊၊


လူသာမာန်တို့ လုပ်နိုင်ခဲ့တဲ့ အလုပ်ကို ဗိုလ်ချုပ် လုပ်သွားခဲ့သည်မို့ ဗိုလ်ချုပ်ဟာ သူတော်စင် အစစ်ပါပဲ၊


အရှင်စန္ဒောဘာသာစာရ
အတွင်းရေးမှူး
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်
နယူးယောက်

27September ဒိုင်ယာရီ

ဖိုင်ရယူရန်

27 September News

ကျပ်ငါးထောင်တန် ငွေစက္ကူ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာနိုင်ငံ

ဖိုင်ရယူရန်

5000mm_khinmmmyo_

အင်အားကြီးမားသော ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်း


Saturday, 26 September 2009 18:29 အာကာမိုး

ကာမဂုဏ်မခံစားဘဲ တရားအားထုတ်နေသော သူတို့ကို(ဗုဒ္ဓသံဃာ) သူတော်သူမြတ်များ အဖြစ် ယခုခေတ် လူတို့က အသိအမှတ်ပြုကြသော်လည်း ထိုပုဂ္ဂိုလ်တို့၏ ကျင့်စဉ်သည် ဤကမ္ဘာ၊ ဤလူ့ဘုံနှင့် အံမ၀င်၊ ခွင် မကျဘဲ သူတို့၏ ၀ါဒသည်လည်း ကြာရှည်လေးမြင့်တည်တံ့မည်ဟု လူတို့ယုံကြည်ကြ၏။ သို့ရာတွင် ဤ ယုံကြည်ချက်မှာ သမိုင်းဖြစ်ရပ်များနှင့် ဆန့်ကျင်လျက်ရှိ၏။

ဗုဒ္ဓသံဃာသည် လူ့သမိုင်း၌ အသက်အရှည်ဆုံးအဖွဲ့ဖြစ်၏။ စစ်တပ်သင်္ဘောနှင့် တရားသူကြီးများဖြင့် ကာ ကွယ်စောင့်ရှောက်ခဲ့သော ကမ္ဘာ့အင်ပါယာ နိုင်ငံကြီးများသည် နှစ်ပေါင်းသုံးရာထက် ပို၍ မတည်တံ့ခဲ့ချေ။ လောဘ၊ ဒေါသနှင့် မောဟ ပေါ်၌တည်ဆောက်ထားသော ထိုအင်ပါယာကြီးများသည် ပျက်စီး ပျောက်ကွယ် ခဲ့ သော်လည်း ခြိုးခြံစွာကျင့်မှု၊ သတ္တ၀ါများကို ကြင်နာသနားမှု၊ စိတ်နှိမ့်ချမှု၊ ဘာဝနာပွားများမှု စသော လူ အများ အထင်အမြင်သေးသည့်ကျင့်စဉ်ဖြင့် မထင်ရှား၊ ဗုဒ္ဓသံဃာသည်ကား နှစ်ပေါင်း ၂၅၀၀ ကျော်တည်မြဲခဲ့ ၏။ ဤအချက်ကို ထောက်ချင့်၍ အင်ပါယာကြီးများ၏ နောက်ကွယ်ရှိ ဒဿန အတွေးအမြင်မှာ အလွန်တိမ် ၍ ဗုဒ္ဓသံဃာ၏ အခြေခံတရားမှာ နက်နဲသည်ဟု ကျွန်ုပ်တို့သိရှိနားလည်ကြရပေမည် ဟု ဥရောပ ဗုဒ္ဓစာပေ ပညာရှင် ဒေါက်တာ Edward Conze ၏ Buddhism – It’s Essence and Development စာအုပ်တွင် ရေး သား ထားသည်။

ဗုဒ္ဓ၀ါဒသည် အာဏာဖြင့် ဦးစီးဆောင်ရွက်မှုစနစ်၊ အမိန့်ပေးစနစ်ကိုပယ်၍ လွတ်လပ်စွာ ဆင်ခြင်သုံးသပ်မှု၊ လွတ်လပ်စွာ ယုံကြည်မှုကို အားပေးသောဝါဒဖြစ်၏။ ဤအယူသည်သာမှန်၍ အခြားအယူအားလုံးသည် အချည်းနှီးဖြစ်သည်ဟု မထင်မှတ်သင့် ဟူသော ဗုဒ္ဓဩ၀ါဒကို လက်ခံထားသောသူ၏ လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်လို လေးစားရပေမည်။

ဗုဒ္ဓ၏သံဃာအဖွဲ့အစည်း ယခုကဲ့သို့ နှစ်ပေါင်းနှစ်ထောင်ကျော်ရှည်ကြာရခြင်းမှာဗုဒ္ဓသည် သံဃာကိစ္စများကို ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် အလေးအနက်ဟော၏။ ဗုဒ္ဓလိုလားသော ညီညွတ်မှုသည် အခုခေတ် လူများ နားလည်သော အများစုညီညွတ်မှုမဟုတ်ပေ။ ရဟန်းဦးရေနည်းပါးသော၊ သံဃာ၏သမိုင်းဦးခေတ်နှင့် ဆီလျော်သော ကျပ်ပြည့်တင်းပြည့် ညီညွတ်မှုမျိုးဖြစ်၍ သံဃာ၏ ဥပုသ်ပြုမှုနှင့် ပတ်သတ်သော ညွှန်ကြားချက်များ၌ အထင်အရှားတွေ့ရ၏။

တသွေး၊ တသံ၊ တမိန့်စနစ်ကို ဆန့်ကျင်၍ လွတ်လပ်စွာ ယုံကြည်မှုကိုအားပေးသော ဗုဒ္ဓသံဃာသည် ဒီမိုကရေစီဝါဒကို ထိန်းသိမ်းစောင့်ရှောက်သောအဖွဲ့ဖြစ်၏။ အာဏာရှင်စနစ်ကြီးစိုးသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖိနှိပ်ခံ နိုင်ငံသားတို့၏ မှီခိုအားထားရာဖြစ်၍ ပုဂ္ဂလိကလွတ်လပ်မှုလွန်ကဲပြီး တဘက်စွန်းရောက်နေ သော နိုင်ငံကြီးများ၌မူ ဗုဒ္ဓ၏ အလယ်လမ်းစဉ်ကို ဖော်ညွှန်းသော အဖွဲ့ဖြစ်၏ ဟု ဦးအေးမောင် ၏ ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ စာအုပ်တွင် ဆိုထားသည်။

ဗုဒ္ဓသံဃာအဖွဲ့၏အခြားထူးခြားသောအကြောင်းတခုမှာ သံဃာအဖွဲ့၌ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို ထိပါးချုပ်ချယ်မည့် အာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိခြင်းဖြစ်၏။

ဗုဒ္ဓနှင့် သံဃာ၏ဆက်ဆံမှုကို ဘုရင်နှင့် တိုင်းသူပြည်သားတို့၏ ဆက်ဆံမှုနှင့်ပုံခိုင်းခြင်းသည် မှား၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်သည် နိုင်ငံလူထု၏ ဦးစီးခေါင်းဆောင်ဖြစ်၍ဗုဒ္ဓသည်ကား သံဃာက မိမိအား ဦးစီးခေါင်းဆောင်အဖြစ် စွဲမှတ်ထားခြင်းကို မလိုလားချေ။
အာနန္ဒာ… ငါသာလျှင် သံဃာကို ဦးစီးခေါင်းဆောင်ပြုအံ့၊ သံဃာသည် … ငါသာလျှင်အားကိုးရန်ရှိလတ္တံ ဟူသော စိတ်ဆန္ဒသည် ငါဘုရား၌မရှိ ဟု မဟာပရိနိဗ္ဗာနသုတ် တွင် ဟောကြားထားသည်။

ပုဂ္ဂိုလ်ကိုးကွယ်မှုစနစ် (သို့) အာဏာရှင်စနစ်သည် ဗုဒ္ဓ၏အလိုဆန္ဒနှင့်လုံးဝဆန့်ကျင်သော စနစ်ဖြစ်၏။ သူမိုက်သည် မိမိ၌မရှိသော ဂုဏ်သတင်းကိုလည်းကောင်း၊ ရဟန်းတို့၏ဦးစီးခေါင်းဆောင်အဖြစ်ကိုလည်း ကောင်း၊ ကျောင်း၌အစိုးရခြင်းကိုလည်းကောင်း၊ လူပရိသတ်၏ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏ - ဟုလည်း ဓမ္မပဒ ဂါထာ ၇၃ တွင် ဟောခဲ့ပါသည်။

ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ဘိက္ခုသံဃာသည် ဗုဒ္ဓအလိုဆန္ဒ နှင့်အညီခေါင်းဆောင်ပုဂ္ဂိုလ်မရှိသော ဘာသာရေးအဖွဲ့ဖြစ်လာ၏။

ဝဿက၀ရပုဏ္ဍားအား အရှင်အာနန္ဒာ၏ မိန့်ကြားရာတွင် ပုဏ္ဍားကြီး ငါဘုရားကွယ်လွန်သောအခါ ဤရဟန်း သည် သင်တို့၏ ကိုးကွယ်စရာ ဖြစ်လတ္တံဟု ဘုရားရှင် ထားအပ်သော တပါးသော ရဟန်းမျှသည် မရှိ ဟု ဆိုခဲ့သည်။

သို့ဖြစ်၍ ဗုဒ္ဓသံဃာအဖွဲ့၌ သူတပါးအား အမိန့်ပေးနိုင်သောအာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိ၊ သံဃာ့ကိစ္စများကို စီမံဆောင်ရွက်ရန် သံဃာက တာဝန်လွှဲအပ်ထားသောပုဂ္ဂိုလ်များရှိသည်မှန်၏။ သို့ရာတွင် ထိုပုဂ္ဂိုလ် သည် မိမိသဘောဆန္ဒအလျောက် ပြုခြင်းမဟုတ်ဘဲ သံဃာ၏ကိုယ်စားပြုမူဆောင်ရွက်ခြင်း ဖြစ်ကြောင်း အထူးသတိပြုရ၏။

ထိုရဟန်းသည် တဖန်သံဃာ၏ အမှုတို့၌ စွမ်းနိုင်၏။ သံဃာ၏ကိစ္စတို့၌ ကောင်းစွာခံယူ၏။ ရဟန်းအပေါင်းက စေသည်ရှိသော် လိုက်နာ၏။ ထိုသို့လိုက်နာသဖြင့် ငါပြု၏ ဟူ၍ မထေမဲ့မြင်မပြုရ ဟု မဟာဝဂ္ဂက္ခန္ဓက သုတ်၌ ဟောကြားခဲ့ပါသည်။

ဗုဒ္ဓသည် စစ်မှန်သော ဓမ္မသဘောကိုသာ လက်ခံကျင့်သုံးသူဖြစ်သည်နှင့်အညီ ဗုဒ္ဓသံဃာအဖွဲ့ကိုလည်း ဓမ္မတရားသဘောအရသာဖွဲ့စည်းထားသည်။ ဥပဇ္ဇျာယ်ဆရာသည် တပည့်ထက် ရဟန်းဝါကြီး၍ တတ်သိလိမ္မာသည်မှန်သော်လည်း စင်စစ်အမြဲအပြစ်ကင်းသောသူ မဟုတ်ရကား လမ်းမှားနေသော ဆရာအား အမှန်ကိုညွှန်ပြရန်မှာ တပည့်၏ ၀တ္တရားဖြစ်ကြောင်း ၀ိနည်းပိဋ္ဋကတ်၌ ပြဆိုထား၏။

ဆရာသည် မမွေ့မလျော်ခြင်းဖြစ်ကြအံ့၊ တပည့်သည် ဆရာအား အရပ်တပါးသို့ကိုယ်တိုင်ခေါ်ဆောင်သွားရမည်။ သူတပါးကိုသော်လည်းကောင်းခေါ်ဆောင်သွားစေရမည်။ ဆရာအား တရားစကားကိုမူလည်း ဟောပြောရမည်။ ဆရာအား တွေးတောမှု သံသယ ကုက္ကုစ္စဖြစ်အံ့၊ တပည့်သည်ပယ်ဖျောက်ရမည်။ ဆရာသည် မှားသောအယူ ယူငြားအံ့၊ တပည့်ကဖြေရှင်းရမည်။ တရားစကားကိုမူလည်း ဟောပြောရမည်ဟု မဟာဝက္က၊ မဟာခန္ဓက သုတ်တွင် ဟောခဲ့သည်။

ဝိနည်းပါဠိတော်များကို ထောက်ချင့်၍ ဗုဒ္ဓသံဃာအဖွဲ့တွင် ဆရာနှင့် တပည့်၏ဆက်ဆံမှုသည်ပင် အထက်နှင့် အောက် ဆက်ဆံမှုမျိုးမဟုတ်ဘဲ အတူနေမိတ်ဆွေနှစ်ဦး၏တန်းတူရည်တူဆက်ဆံမှုမျိုးဖြစ်ကြောင်း သိအပ်၏။ ဤသို့ အဆင့်အတန်းခွဲခြားမှုမရှိခြင်း၊ မည်သူ့ကိုမျှအာဏာအပ်နှင်းမထားဘဲ အဖွဲ့ဝင်အားလုံး လွတ်လပ်မှုရှိခြင်းသည် ဗုဒ္ဓသံဃာ၏ ထူးခြားသော လက္ခဏာ ဖြစ်သည်။

ဘီစီခြောက်ရာစုခေတ် အိန္ဒိယနိုင်ငံ၏ နိုင်ငံငယ်များ၌ခတ္တိယခေါင်းဆောင်တို့သည် မကြာခဏ စည်းဝေး၍ တိုင်ပင်ဆွေးနွေးခြင်း၊ မဲဆန္ဒဖြင့် ဆုံးဖြတ်ခြင်းစသောဒီမိုကရေစီနည်းများဖြင့် တိုင်းရေးပြည်မှုကိစ္စများကို စီမံဆောင်ရွက်ကြ၏။ မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓက၀ဇ္ဇီမင်းတို့သည် မကြာခဏ အညီအညွတ်စည်းဝေး၍ တိုင်းရေးပြည်မှုကိစ္စများကို ဆောက်ရွက်ကြသည့် နည်းတူ ရဟန်းတို့သည်မကြာခဏစည်းဝေး၍ သံဃာကိစ္စများကို အညီအညွတ်ဆောင်ရွက်နေကြသမျှကာလပတ်လုံးကြီးပွားတိုးတက်ရန်ရှိကြောင်း မိန့်ကြား
သောစကားကို သတိပြုအလေးထားသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓ၀ါဒနှင့် ဗုဒ္ဓသံဃာအဖွဲ့သည် ဘုရင်များအုပ်စိုးသော ကောသလ၊မဂဓ စသည့် နိုင်ငံကြီးများ၌ လည်းထွန်းကားခဲ့၏။ သို့စဉ်လျက် ဗုဒ္ဓသံဃာ၌ ဘုရင်ကဲ့သို့သော အာဏာပါဝါပိုင်ပုဂ္ဂိုလ်မရှိခြင်းသည် ဗုဒ္ဓကိုယ်တိုင်က လွတ်လပ်မှုကို နှစ်သက်မြတ်နိုး၍ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို အားပေးလိုပြီး အာဏာစက်ကို မလိုလားကြောင်း မှတ်ယူလိုက်သည်။

ဗုဒ္ဓသံဃာအဖွဲ့သည် တသွေး၊ တသံ၊ တမိန့် စနစ်ကို ဆန့်ကျင်၏။ ဗုဒ္ဓ၀ါဒသည် လူတိုင်း၏လွတ်လပ်စွာ ယုံကြည်တွေးခေါ်မှုကိုလေးစား၏။ မိမိအယူကိုမြှင့်တင်၍အခြားအယူအားနှိမ့်ချခြင်း၊ ဖိနှိပ်ခြင်းကိုတားမြစ်၏။ ရဟန်းသည် အလိုနည်း၍ သားမယားနှင့် ကိုယ်ပိုင်ပစ္စည်းဥစ္စာ သံယောဇဉ်လည်းမရှိရကား စဉ်းစားတွေးခေါ် ၍ အမှန်တရားကို ရှာကြံရာ၌ များစွာလွတ်လပ်၏။စင်စစ်ကမ္ဘာ့ဘာသာဝါဒသမိုင်း၌ ဗုဒ္ဓသံဃာသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို အများဆုံး ဦးစားပေးသော ဘာသာရေးအဖွဲ့ဖြစ်ကြောင်းယုံမှားဖွယ်မရှိပေ။

ဗုဒ္ဓအလိုအရ ရဟန်းသံဃာသည် နိုင်ငံအုပ်ချုပ်သော မင်း၊ မှူးမတ်၊၀န်ကြီးတို့နှင့် ဆက်ဆံရာ၌ အထူးဆင်ခြင် ရ၏။ ဗုဒ္ဓသည် မင်း၏ နန်းတော်သို့ ရဟန်းတို့မကြာခဏ သွားလာခြင်း၏အပြစ်ကို ဟောကြားခဲ့၏။ စစ်တပ် များ စစ်ရေးပြခြင်း၊ စစ်ချီတက်ခြင်းကိုကြည့်ရှုသော ရဟန်းသည်ပါစိတ်အာပတ်သင့်၏။ စင်စစ် သံဃာအဖွဲ့ များသည် နိုင်ငံအစိုးရတို့၏ အားပေးကူညီမှုကို မရရှိပါကကြာရှည်တည်တံ့မည်မဟုတ်ချေ။

ရှေးအိန္ဒိယ သက္ကတ ဥပဒေကျမ်းများ၌ သံဃာအဖွဲ့အစည်းတို့၏စည်းမျဉ်းဥပဒေများကို ဘမယဥပဒေဟုခေါ် ၍ ယင်းတို့ကို ဘုရင်များက ကာကွယ်စောင့်ရှောက်ရမည်။ ဖောက်ဖျက်သူများအားအရေးယူမည်ဟုဆို၏။

အုပ်စိုးသူမင်းကောင်းမင်းမြတ်များကသာ သာသနာအကျိုးနှင့်ဗုဒ္ဓသံဃာအဖွဲ့ကြီး စည်ပင်တိုးတက်ပြီးသူတော် ကောင်းတရားများအတွက် ကာကွယ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ထို့ကြောင့် ဗုဒ္ဓသည် အုပ်စိုးသူ အစိုးရ မင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကိုအလေးပေးသောအားဖြင့် မင်းကောင်းမင်းမြတ်တို့ကျင့်အပ်သော ( ရာဇဓမ္မ ) တရား ၁၀ ပါးကို ဟောကြားခဲ့ပါသည်။

စက္က၀တ္တီသီဟနန္ဒသုတ် တွင် မင်းကောင်းအစိုးရကောင်းတို့မည်သည်မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာသိရှိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့် ပြဌာန်းခြင်းမပြုအပ်။ တရားဥပဒေကို ပြဌာန်းရာ၌အကြောင်းယုတ္တိခိုင်လုံမှုရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည် ဟု မိန့်ဆိုခဲ့၏။

ဗုဒ္ဓသည် ရဟန်းတို့၏ ညီညွတ်မှု၊ လူတို့၏ ညီညွတ်မှုကို လိုလားတော်မူရကားဇနီးမောင်နှံနှစ်ဦးအား လည်းကောင်း၊ အုပ်စုအချင်းချင်းကွဲပြားသောအဖွဲ့များကြား ပြန်လည်သင့်မြတ်အောင်ပြုခြင်းသည် စင်စစ် ဗုဒ္ဓဩ၀ါဒ နှင့် အညီ ဖြစ်၏။ ရဟန်းသည် ကွဲပြားသော သူတို့ကို စေ့စပ်တတ်၏။

ညီညွတ်သူတို့ကို အားပေးတတ်၏။ ညီညွတ်မှု၌ မွေ့လျော်လျော်ပိုက်၏။ ညီညွတ်မှုကို ပြုသောစကားကို ဆိုလေ့ရှိ၏ ဟု မဇ္ဈိမနိကာယ်၊ စူဌပတ္တိ ပဒေါမသုတ်တွင် ဟောထားသည်။ ဤတရားတော်အရ မြတ်ဗုဒ္ဓသည် သူ၏သံဃာများအား ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် ဆောင်ရွက်ကြရန်အားပေးကြောင်း သတိမူထိုက် သည်။

ဗုဒ္ဓ၏ ရဟန်းသံဃာများအပေါ် ဟောကြားခဲ့သော တရားကို မဟာပရိနိဗ္ဗာနသုတ်တွင် အထင်အရှားတွေ့ရ သည်။ ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။ အကြင်မျှလောက် ကာလပတ်လုံး သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။ ထိုမျှလောက်ကာလပတ်လုံး အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။ ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ ဟု ဟောခဲ့ပါသည်။

ဗုဒ္ဓက ယခုအခါတွင် သင်တို့သည် မိမိကြိုက်ကိုသာလျှင် မိမိ၏မှီခိုအားထားရာ ပြုပြင်လုပ်ကြလော့။ ဤ သံသရာပင်လယ်၌ မိမိကိုယ်ကိုသာလျှင် ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို မိမိ၏ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို ကိုးစားကြလော့ ဟု လည်း မိန့်ကြားခဲ့သည်။

ဗုဒ္ဓကွယ်လွန်ချုပ်ငြိမ်းပြီးသည့်နောက် ငါတို့၏ ဆရာမရှိတော့ပြီ ဟု သင်တို့ တွေးထင်ကောင်း တွေးထင်ကြ ပေလိမ့်မည်။ စင်စစ်သော်ကား ငါပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းသွားပြီးနောက် ငါညွှန်ပြထားခဲ့သည့် တရားဓမ္မနှင့် ၀ိနည်းအဆုံးအမများသည် သင်တို့၏ ဆရာပင်ဖြစ်ပေလိမ့်မည် ဟုလည်း တရားဓမ္မနှင့် ၀ိနည်းကို စောင့်ထိန်းအားကိုးကြဟု မိန့်ဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟုမြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏။ စင်စစ် ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ ပုထိုး ပေါမြားခြင်း၊ပိဋ္ဋကတ်စာပေကို အာဂုံဆောင်သောသူများရှိခြင်းသည် သာသနာထွန်းကားသော အစစ်အမှန်လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲသည်။ဗုဒ္ဓဩ၀ါဒ ကို အမြဲ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာ ဗုဒ္ဓသာသနာထွန်းကားသည်ဟုဆိုနိုင်ကြောင်း မှတ်သားထားသင့်ပေသည်ဟု ဦးအေးမောင် က သူ၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်တွင် သတိပေးထားသည်။

ယခုအခါ စစ်အာဏာရှင် မိစ္ဆာဝါဒီများကြီးစိုးချုပ်ကိုင်နေသောမြန်မာနိုင်ငံတွင် ဗုဒ္ဓ၏ သာသနာနှင့် ရဟန်း၊သံဃာ အပါအ၀င် စစ်မှန်သော ဓမ္မတရားအားလုံးတို့သည် စစ်အာဏာစက်အောက်တွင်ညှိုးမှိန်ပြီး ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းခံနေရသည်။ ထို့ကြောင့် သာသနာကို ရိုသေလေးစားယုံကြည်အားကိုးသော ရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ်အပေါင်းတို့သည် ဗုဒ္ဓ၏ မွန်မြတ်သောသာသနာအတွက် အဓမ္မတရားတွေ ကို အသက်ပေးကာ ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။
source

THE VOICE 5-47(SEPTEMBER 28 ISSUE)

21 years of NLD Birthday [ 27.9.2009 ]STATEMENT

ဖိုင်ရယူရန်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် ကြေငြာချက်။

Voice of Burma (26 September Issue)

ဖိုင်ရယူရန်
VOB729KK

Saturday, September 26, 2009

ဦးသုဝေ ထံသို့ အိပ်ဖွင့်ပေးစာ ပေးပို့


သံဃာအဖွဲ့ချုပ်-မြန်မာနိုင်ငံ နှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ မှ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ ထံသို့ အိပ်ဖွင့်ပေးစာ ပေးပို့

၂၆ . ၉ . ၂၀၀၉ ( စနေနေ့) ၊ ထွေးထွေးခိုင်

သံဃာအဖွဲ့ချုပ်-မြန်မာနိုင်ငံနှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ မှ ယနေ့ရက်စွဲဖြင့် မှ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ ထံသို့ အိပ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။
ထိုအိပ်ဖွင့်ပေးစာနှင့် ပတ်သက်ပြီး သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ နိုင်ငံခြားရေး တာဝန်ခံ အရှင်ပါရမီခန္တီအား ဟံသာဝတီက မြေမြန်းရာတွင်-

ဦးဇင်းတို့အနေဖြင့် ဒကာကြီး ဦးသုဝေအား အိပ်ဖွင့်ပေးစာ ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ သမိုင်း တစ်ခေတ် အပြောင်းအလဲကို ကြိုးစားဖန်တီး လုပ်ဆောင်နေကြရာတွင် စစ်သမိုင်းဆိုးတစ်ခေတ်၏ နောက်ဆုံးသမိုင်းတရားခံများ အဖြစ်သို့ မဖြစ်စေ ရန်အတွက် အိပ်ဖွင့်ပေးစာကို ပေးရခြင်း ဖြစ်ပြီးအမှန်စင်စစ် ၂ဝ၁ဝ ရွေးကောက်ပွဲသည် တိုင်းရင်းသားပြည်သူအားလုံးအတွက် ထွက်ပေါက်မဟုတ်ပါ။ တိုင်းပြည် အပြောင်းအလဲ အတွက် အခွင့်အရေးဟုဆိုရာတွင်လည်း နအဖ စစ်ခေါင်းဆောင်များ၏ နိုင်ငံရေး အသွင်ကူးပြောင်းအုပ်ချုပ်မှု ပုံစံသစ် စစ်ဂိုဏ်းဂဏ အုပ်ချုပ်ရေးအသွင်သို့ ကူးပြောင်းရေးသာဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရာတွင် အများသိပြီးဖြစ်သည့်အတိုင်း တဖက်သတ် ရေးဆွဲ ခဲ့ကြပြီး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေ အတည်ပြုရေး ပြည်သူဆန္ဒခံယူပွဲသည်ပင်လျှင် နာဂစ်မုန်တိုင်း ကာလအတွင်း ဇွတ်အတင်း အတည်ပြုခဲ့ကြသည့် စစ်ကျွန်ပြုရေး လမ်းစဉ်အား ဝိုင်းဝန်းကာကွယ် တားဆီးနိုင်စေခြင်းအတွက်လည်း ရည်ရွယ်ကြောင်း မိန့်ကြားခဲ့ပါသည်။

ထိုအိပ်ဖွင့်ပေးစာတွင်တိုင်းပြည် အပြောင်းအလဲနှင့်စပ်လျှဉ်းပြီး စစ်အစိုးရ၏ စိတ်ကြိုက်သက်သက် ပြောင်းလဲသွားစေမည့် လမ်းကြောင်းပေါ်တွင် အမျိုးသားနိုင်ငံရေးခေါင်းဆောင် တယောက်အနေဖြင်၎င်း၊ ဒီမိုကရက်တစ်ပါတီသစ်၏ ဥက္ကဌ တယောက်နေဖြင့်၎င်း ပြန်လည် စဉ်းစား သုံးသပ်ရန် လုံလောက် သည့်အချိန် မရှိသေးသကဲ့သို့ တိုင်းပြည်၏ အပြောင်းအလဲတွင်လဲ အနာဂါတ်မျိုးဆက်များအတွက် အာမခံချက် ပေးနိုင်သည့် အခြေအနေများကို ဖန်တီးလုပ်ဆောင်ရန် အချိန်မှီသေးသည်ဟု သံဃာတော်များနှင့် ဒီမိုကရေစီ အင်အားစုများက ရှုမြင်သည့်အကြောင်းနှင့်အနာဂါတ်တိုင်းပြည်သည် စစ်ဂိုဏ်းဂဏအာဏာရှင်များအောက် ကျရောက်စေမည့် အပြောင်းအလဲမျိုးမှ ကာကွယ် တားဆီးခြင်း သည် ကျွန်ုပ်တို့တမျိုးသားလုံး၏ တာဝန်ဖြစ်ကြောင်းနှင့် မဆလ တပါတီအာဏာရှင်အောက်မှ လွတ်မြောက်ရေး အတွက် ၈၈ အရေးတော်ပုံကြီး ကာလ မတိုင်မှီခေတ်အဆက်ဆက်မှစ၍ ယနေ့စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင် အမျိုးမျိုးအဖုံဖုံဘဝများ အသက်ပေါင်း များစွာကို ပေးဆပ်ခဲ့ ကြသူတို့၏ သစ္စာကို စောင့်သိသောအားဖြင့် အမှန်တရားအားလုံးကို မျက်ကွယ်ပြုထားသည့် အပြောင်းအလဲ လမ်းကြောင်း ပေါ်တွင် အမျိုးသားနိုင်ငံရေး ခေါင်းဆောင်တဦးအနေဖြင့် ဆက်လက်ရပ်တည်မှု၊ ဦးစီးဦးဆောင်လုပ်ကိုင် ဆောင်ရွက်နေမှုများကို နောက်ဆုတ် သင့်ကြောင်း၊ပြည်သူ လူထု ရှေ့မားမားမတ်မတ်ရပ်ပြီး စစ်မှန်သည့် အမျိုးသား လွတ်မြောက်ရေးကြိုးပန်းမှုကြီးတွင် ပါဝင်ရန် သံဃာထု တရပ်လုံး နှင့် ဒီမိုကရေစီ ရရှိရေးကြိုး ပန်းနေကြသူများမှ တိုက်တွန်းကြောင်းစသည်ဖြင့်ပါရှိပါသည်။

ဦးသုဝေသည် ၁၉၉၅ ခုနှစ်တွင် အစိုးရဆန့် ကျင်ရေးစာရွက်စာတမ်းဝေငှ မှုဖြင့် ထောင်ဒဏ် အပြစ်ပေးခံရပြီး၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဦးသုဝေသည်စက်တင်ဘာလ ၁၄ရက်နေ့ က ရန်ကုန်မြို့ ဒေါ်လဖင် စားသောက်ဆိုင်တွင် “၂၀၁၀ မြန်မာနိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲ”ဟု အမည်တပ်ထားသည့် ပွဲတစ်ခု ကို ကျင်းပပြီးနောက် ဒီမိုကရက်တစ် ပါတီ ဟူသော နာမည်ဖြစ်ပါတီသစ် တစ်ခုတည်ထောင်က ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်မည် ဖြစ်ကြောင်းကြေညာခဲ့ပြီး နောက် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံနှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ မှ ပထမဆုံး အိပ်ဖွင့် ပေးစာ ပေးခြင်း ဖြစ်သည်။

ထွေးထွေးခိုင်

http://www.hanthawaddy.org/2009/09/blog-post_593.html

ရင်ထဲက စက်တင်ဘာရာဇ၀င်



၂၆ . ၉ . ၂၀၀၉ ( စနေနေ့) ၊ ဇာနည် (ပခုက္ကူ)

ကျနော်ဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ် မြစ်နှစ်မွှာဆုံတဲ့ အောက်ဘက်နားက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်း ကမ်းမြို့တော်လို့ တင်စားခေါ်ဝေါ်တဲ့ မြို့လေးကပါ။ စက်တင်ဘာ သံဃာလှုပ်ရှားမှု စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ ဆိုရင်တော့ လူသိပိုများမှာပါ။

ကျနော်တို့ ပခုက္ကူဟာ အရောင်းအဝယ် အချက်အခြာကျတဲ့ နေရာတခုဖြစ်တဲ့အပြင် စီးပွားရေးလည်း ဖွံဖြိုးပြီး မန္တလေးပြီးရင် ဗုဒ္ဓသာသနာ နေလိုလလို ထွန်းကားတဲ့အရပ်ပါ။ တန်ခိုးကြီး ဘုရားတွေဖြစ်တဲ့ သီဟိုဠ်ရှင်၊ ကမ္ဘာကျော် တံကဲရှိတဲ့ ရွှေကူဘုရား၊ ဖေါင်တော်ဦးနဲ့ မြစ်ကမ်းနဘေးက သာယာတင့်တယ်စွာ သပ္ပါယ်တည်ရှိနေတဲ့ ရွှေမုဋ္ဌောဘုရားတို့ဟာ ပခုက္ကူရဲ့ ကျက်သရေဆောင်တွေပါ။

စီမံသူ ဦးဘိုးလှဲ့ဆိုတဲ့ စာတန်းတွေ အများကြီးတွေ့ရတဲ့ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် အရှေ့တိုက်မှာ စာသင်သားသံဃာ ၆ဝဝ ကျော်၊ အင်္ဂလန်နိုင်ငံက ဂေးလက်အင်ဂျွန်စတင် လီမီတက်က လာဆောက်ပေးတဲ့ နာရီစင်ကြီးရှိတဲ့ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ်၊ အလယ်တိုက်မှာ စာသင်သား တထောင်ကျော်၊ နောက် သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ်လို့ခေါ်တဲ့ အနောက်တိုက်မှာ စာသင်သား ၂ဝဝ ကျော်နဲ့ သာသနာ ပြန်‹ပွားအောင် ဗုဒ္ဓသာသာနာကို လက်ဆင့်ကမ်း သယ်နေကြတဲ့ အနယ်နယ်အရပ်ရပ်က သံဃာတော် တွေစာဝါ လိုက်နေတဲ့ နေရာကြီးတွေ ရှိတယ်ဗျာ။


ဒီလို ပရိယတ်တင် မဟုတ်ဘူး၊ ပရိပတ်တွေပါ နည်းပေးလမ်းပြနေတဲ့ မိုးကုတ်ရိပ်သာလို၊ မဟာစည်ရိပ်သာတို့လို ကမ္မဌာန်း ဘဝနာ နည်းပေးတဲ့ ရိပ်သာတွေလည်း အများကြီးဗျ။ သီလရှင်တွေအတွက် စာဝါပို့ချနေတဲ့ ကျောင်းတွေလည်း အများကြီးပဲ။ ပရိယတ်ဘက်မှာ စာဝါလိုက်မယ်ဆိုရင် ပခုက္ကူ စာချနည်းကို မသင်ဘူးတဲ့ ဘုန်းကြီးဟာ ပညာစုံတယ်လို့ ဆိုမရဘူးလို့ ဆရာတော်ကြီးတွေ မိန့်ခဲ့တာ ကြားဖူးပါရဲ့။ အမရပူရ မဟာဂန္ဓာရုံဆရာတော်၊ ကျေးဇူးတော်ရှင် အရှင် ဇနကာဘိဝံသ
ကိုယ်တိုင်ရေးတဲ့ တဘဝသာသနာ ထေရုပ္ပတိမှာ ပခုက္ကူဟာ သာသနာထွန်းကားကြောင်းနဲ့ ဒကာဒကာမတွေက သံဃာတော်တွေကို ကြည်ညိုရာမှာ အထူးအားရမိကြောင်း ဖတ်ဖူးခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုလှတဲ့ သမိုင်းကြောင်းလေးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၅ ရက်နေ့က အရောင်ဆိုးခဲ့တာကတော့ အာဏာအတွက် သာသနာကွယ်ချင် ကွယ်ပလေ့စေဆိုတဲ့ စိတ်နဲ့ လုပ်ရက်ခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျနော့် မျက်စိထဲ၊ နားထဲ ဘယ်တော့မှ ဖျောက်ဖျက်ရမှာ မဟုတ်ပါဘူး။

ကျနော်တို့ မြန်မာလူမျိုးတွေဟာ အရိုးခံစိတ်ရင်းကောင်းပြီး ခန္တီပါရမီလည်း တော်တော်ရှိကြတယ် ပြောရမလား။ မဆလ ၊ နအဖ က အကွက်ချ ဖျက်ဆီးခြောက်လှန့်ထားလို့ မနိုင်လို့ သီးခံနေကြတယ်ဆိုရမလား၊ ကျနော် ၈ တန်း က ဖြစ်ခဲ့တဲ့ ၈၈ နောက်ပိုင်း လူထုအများစုပါတဲ့ အုံကြွမှု မဖြစ်ခဲ့ဘူးဗျ။

ဖြစ်မယ့်ဖြစ်တော့လည်း သြဂုတ်လလယ်မှာ နအဖ က လောင်စာဆီဈေး အဆမတန် တက်လိုက်တော့ ရင်ထဲမှာ ကြိမ်မီးအုံးသလို ခံစားနေရတဲ့ မီးက ထတောက်တော့တာပါပဲ။

သြဂုတ်လ ၂၂ ရက်ကို တိုက်ပွဲဆင့်ခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ လောင်စာဆီဈေး ကျဆင်းရေးအတွက် ချီတက်လမ်းလျှောက်ခဲ့တဲ့ အကိုကြီး ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေ လှုပ်ရှားမှုကြောင့် ရန်ကုန်မှာ အဖမ်းခံခဲ့ရပါပြီ။ ပခုက္ကူသံဃာထုက လူထုရဲ့အခြေအနေကို သူတို့အသိဆုံးဆိုတော့ စက်တင်ဘာလ ၅ ရက်မှာ သံဃာ ၅ဝဝ ကျော်လောက် နေပူကျဲကျဲမှာ လူထုအတွက် မေတ္တာပို့ဖို့ ကျောင်းအသီးသီးကနေ ကြွချီကြပါတယ်။ ဒီအချိန်မှာ ကျနော် ဆိုင်ကယ်တစီးနဲ့ ပတ်လာတော့ တပ်မ ၁ဝ၁ က ဗျူဟာမှူးနဲ့ ခမရ ၂၃၅ က တပ်ရင်းမှူး အပါအဝင် တပ်သား ၂ဝ လောက် ပခုက္ကူမြို့လယ်လို့ ဆိုရမယ့် ဆေးရုံ ၂ ရုံအကြားက မီးပွိုင့်လမ်းဆုံမှာ ကျောချင်းကပ်ပြီး ဘုန်းကြီးတွေ အလာကို စောင့်နေတာကို အထိတ်တလန့် မြင်လိုက်ရပါတယ်။

ဒါကို မြင်လိုက်ရတဲ့ အချိန်မှာ ကျနော်ဟာ သံဃာတွေရှိတဲ့ဆီ အပြေးသွားလျှောက်တင်တော့ သံဃခေါင်းဆောင် တပါး မိန့်ကြားခဲ့တာကို အသဲထဲ စွဲနစ်ဝင်ခဲ့ရပါတယ်။

'ဒကာ ကျုပ်တို့က မေတ္တာနဲ့ ပြည်သူအတွက် မေတ္တာပို့တာ အပြစ်လား၊ သူတို့ကို မေတ္တာနဲ့ပဲ ဖြတ်ကျော်မယ်။ ဦးဇင်းတို့ မကြောက်ဘူး။ ဆက်ကြွမယ်' တဲ့။

ဘာပြောကောင်းမလဲ၊ ဘေးက လက်အုပ်ချီနေတဲ့ ပြည်သူတွေ လက်ခုပ်တီးလိုက်တာ တဖြောင်းဖြောင်းနဲ့ပါပဲ။ ပရိသတ်ကလည်း လမ်းကို ညွတ်နေတာပဲ။

သံဃာတော်တွေကလည်း ကြည်ညိုစရာ ကောင်းလိုက်တာ။ ဘုရားရှင် ရဟန်း ၅ဝဝ နဲ့ ကြွချီလာသလိုကို စိတ်ထဲမြင်ယောင်လိုက်မိတယ်။ သံဃာတန်းကြီး ကြွချီတာဆုံးမှ ကျနော်လည်း သမီးပါတာကို အမှတ်ရပြီး အိမ်ကို အပြေးပြန်ပို့ပြီး တောက်လျှောက်ပြန်လာပါတယ်။ ဒီအချိန်မှာ သေနတ်သံ ၂ ချက်လောက် ကြားတော့ ထိတ်ပြာပြီး ဦးဇင်းတွေဆီ အရောက်ပြေးတဲ့အခါ လမ်းပေါ်မှာ ဘုန်းကြီးစီးဖိနပ်တွေ ကျဲပြန့်နေပါပြီ။

စစ်သားတွေက လမ်းဘေးမှာ ရပ်ကြည့်တဲ့ လူတွေကို လိုက်ရိုက်နေပါတယ်။ အထင်းသား မြင်ရတာပါ။ ဖြစ်တဲ့နေရာက အရှေ့တိုက်နဲ့နီးတော့ အရှေ့တိုက်ထဲကို သံဃာတွေ ဝင်ပြေးကြတာပေါ့။ ဘယ်ကိုယ်တော်တွေ အဖမ်းခံရလဲ၊ ဘာတွေဖြစ်သလဲ မေးတော့ ကိုယ်တော်တပါးက ‘ဒကာရေ ... နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် ဦးတေဇော ရောက်လာပြီး ကျူပ်တို့ကို ဒီကောင် ဖမ်းဖမ်းနဲ့ ပြောတော့ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း စစ်သားတွေက ကြိုးနဲ့ ပစ်ဖမ်းတာပဲ။ ကျုပ်ကို အခု အနောက်တိုက် လိုက်ပို့စမ်းပါ။ ကျောင်းက ကျန်တဲ့ သံဃာတွေကို စိုးရိမ်တယ်’ ဆိုလို့ ဖိနပ်မပါတဲ့ ဦးဇင်းကို အနောက်တိုက် လိုက်ပို့ရပါတယ်။ လမ်းမှာ ဦးဇင်းပြောတာက ...

'ဒကာရာ ဦးဇင်းတို့က အိမ်တွေ ဝင်ထွက် ဆွမ်းခံနေတော့ ဒကာတွေ အခြေအနေ သိတယ်။ အရင်က ၅ အိမ်လောက် ဆွမ်းခံရင် ကျုပ်တို့ သပိတ်ပြည့်ပြီ။ အခု ၁၅ အိမ်လောက်ခံမှ တပါးစာ ဝ ရုံလောက်ရှိတယ်။ ကျုပ်တို့ ခေါင်းရိတ်ဖို့ ဓားတချောင်းတောင် အပိုမဝယ်နိုင်တော့ဘူးဗျာ။ ဒါ ဒကာတွေ မွဲနေပြီဆိုတာ ကျုပ်တို့သိလို့ မေတ္တာပို့ တာပါ။ ကျုပ်တို့မှာ အပြစ်ရှိသလားဗျာ' တဲ့။

မျက်ရည် မဆယ်နိုင်ဘူး။ ကျနော်က မျက်ရည်လွယ်တတ်တယ်။ ဒါနဲ့ ပြန်လှည့်လာရင်း ကျောင်းတိုက်တွေ ဝင်ကြည့်တယ်။ ဘယ်ကိုယ်တော် ပါသွားတယ်၊

ပျံတော်မူတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ဆေးရုံပြေး၊ ရင်ခွဲရုံပြေးကြည့်တယ်။ မရှိပါဘူး၊ တော်သေးတာပေါ့။ ဒါနဲ့ ကျောင်းတိုင်း လိုက်မေးတော့ ၁ဝ ပါး အဖမ်းခံရသလို ဘာလိုလိုနဲ့ ဖြစ်နေရော။ နောက် ညနေကျ ဆရာတော်ကြီးတွေကို အာဏာပိုင်ဆိုသူတွေက အလက (၃) ကျောင်းထဲ ပင့်ပြီး ဆွေးနွေးတယ်။

ဆရာတော်တွေ တောင်းဆိုမှုတွေကြောင့် ဖမ်းထားတဲ့ သံဃာတွေ ပြန်လွတ်ခဲ့တယ်။ ပြန်ကြွလာတဲ့ ဆရာတော်ကြီးကို လျှောက်ထားကြည့်တော့ ၃ ပါး အဖမ်းခံထားရတာ ပြန်လွှတ်ပေးပြီဆိုလို့ ဒီကိုယ်တော်တွေကို ဘယ်လိုနေလဲ မေးကြည့်ရတယ်။

ရေဒီယိုတွေမှာ ကာယကံရှင် ကိုယ်တော်တွေ ကိုယ်တိုင် မိန့်ခဲ့တာကို ခင်ဗျားတို့ နားထောင်ခဲ့ရင် သိမှာပါ။ ကျနော်လည်း မီဒီယာတွေမှာ အဖြစ်မှန်တွေ ပြောဖြစ်ခဲ့တယ်။

ကျနော် မခံနိုင်လွန်းလို့ တော်တော်ကို ပြောဖြစ်ခဲ့တယ်။ အဖမ်းခံ အနှိပ်စက်ခံခဲ့ရတဲ့ ဦးဇင်းတွေဖြစ်တဲ့ ဗောဓိမဏ္ဍိုင်ကျောင်းက အရှင် စန္ဒိမာ၊ အနောက်တိုက်က အရှင်ပညာစက္ကနဲ့ အရှင်ပညာနန္ဒ၊ သူတို့ ပျံတော်မမူသေးပါဘူး၊ အခု မေးရင်လည်း ရပါသေးတယ်။ သူတို့ကို နှိပ်စက်ခဲ့တဲ့သတင်းကို နိုင်ငံရေး တက်ကြွသူတွေနဲ့ မီဒီယာတွေ ပေါင်းပြီး လုပ်ကြံဖန်တီးတယ်ဆိုတာ နအဖ က ပြောခဲ့တယ်။ ဟုတ်၊ မဟုတ် လှမ်းမေးကြည့်လေ။

ဦးဇင်းတွေက ကြံ့ဖွံ့အတွင်းရေးမှူး လှဝင်းနိုင်က ‘ဟိုထဲမှာ ၂ ကောင်ပုန်းနေတယ်၊ ဖမ်းဖမ်း’ ဆိုပြီး ပြောခဲ့တယ်။ နှစ်တစ် ခင်မောင်ဝင်းဆိုတဲ့ လူမိုက်ကလည်း ငါတို့ကို ဝင်ရိုက်တယ်။ စစ်သားတွေကလည်း သေနတ်ဒင်နဲ့ထုတယ်။ ဒါတွေပြီးမှ ရဲစခန်းထဲ လူဝတ်လဲပြီး၊ အချုပ်ခန်းထဲ ထည့်ခဲ့တယ်ဆိုတာ မုသား မပါပါဘူးဗျာ။

ကျနော်တို့ နိုင်ငံတော်တည်ငြိမ်ရေးကို မနှောင့်ယှက်ခဲ့ပါဘူး။ အဓိကကတော့ သူတို့ဘာသာ မေတ္တာပို့ကြွချီိတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ရက်ရက်စက်စက် ရိုက်ခဲ့လို့ ဒီလိုဖြစ်ခဲ့တာပါ။

နောက်နေ့ မနက်မှာ တိုင်းသာသာနာရေး ဦးစီးနဲ့ ခရိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေဟာ စာသင်တိုက်တွေကို ဝင်ပြီး လှုပ်ရှားမှုတွေမှာ မပါဖို့ ဝင်လျှောက်တော့တာပဲ။

ဒီမှာတင် လောလောလတ်လတ် ခံထားရတဲ့ သံဃာတော်တွေက မကျေနပ်လို့ အလယ်တိုက်အရောက်မှာ ဝန်းတံခါးပိတ်ပြီး အာဏာပိုင် ၁၃ ယောက်ကို ဖမ်းလိုက်တယ်။ သူတို့စီးတဲ့ ကားတွေ မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါ ကျနော်တော့ လူငယ်အတွေးနဲ့ မမှားဘူးပဲ ထင်တယ်။ ဒီသတင်းတွေ ကျနော့်ကို မီဒီယာက မေးတော့ အမှန်အတိုင်း အကုန်ပြောဖြစ်တယ်။

အဲဒီမှာတင် ဇာတ်လမ်းစတော့တာပဲဗျို့။ ၇ ရက်မနက်ခင်းပိုင်း ကျနော် သွားရာနောက် ကြွက်တကောင်ဟာ တကောက်ကောက်နဲ့ လိုက်တော့တာပဲ။ ကျနော် သိလိုက်ပြီ၊ ကွိုင်တော့မယ်ဆိုတာ။ အိမ်မပြန်ရဲတော့ဘူး။ ညနေခင်း လိုအပ်တဲ့ အဝတ်အစားနဲ့ ပိုက်ဆံကို အိမ်ကနေ ကပျာကရာ ဝင်ယူပြီး အေးမြတဲ့ ဘုရားရိပ် တရားရိပ် သံဃာရိပ်မှာ ခိုလှုံနေရတော့တာပေါ့။ စကားလုံး လှအောင် ရေးတာပေါ့ဗျာ။ အဖမ်းခံရမှာ ကြောက်လို့ ကြောက်ချေးပါတာ၊ ပြေးတာပါပဲ။ ၅ ရက်နေ့က အင်္ကျီကြယ်သီးဖြုတ်ပြီး လမ်းလယ်ခေါင်မှာ ‘ပစ်ချင်ရင် ငါ့ ပစ်ကွာ၊ မပြေးကြနဲ့’ လို့ ကုန်းအော်ခဲ့တဲ့ ကိုယ့်အသံကိုတောင် ပြန်ကြားပြီး ရှက်မိပါရဲ့။ ၇ ရက်နေ့ညမှာပဲ ဘုန်းကြီးတွေနဲ့ နီးစပ်တယ်လို့ယူဆပြီး အပြစ်မရှိတဲ့ ဦးသန့်ရှင်း ၊ ဦးနေလ ၊ ဦးစိန်လင်း ၊ ဦးသာအောင် တို့ကို ဖမ်းဆီးပြီး သရက်ထောင် မှာ ၂ နှစ်ကနေ ၉ နှစ်ထိ ထောင်ချခဲ့ပါတယ်။ သူတို့ခိုင်းလို့လုပ်ရတဲ့ နှစ်တစ် ခင်မောင်ဝင်းလည်း ထိုးကျွေးတာခံရပြီး သရက်ထောင်မှာ ထောင် ၂ နှစ်အပြစ်ပေးထားပါတယ်။

ဒီလိုနဲ့ ကျနော် ဘုန်းကြီးကျောင်းမှာ ပုန်းနေပြီး သံဃာတော်တွေနဲ့ ဘာဆက်လုပ်မလဲ တိုင်ပင်ရပါတယ်။ တနိုင်ငံလုံးက သံဃာတွေကလည်း ပခုက္ကူသံဃာတွေကို ကျေနပ်အောင် တောင်းပန်၊ မတောင်းပန်ရင် ပတ္တနိကုဇ္ဇန ကံဆောင်မယ်ပေါ့။ ဒါကို အာဏာက လွဲပြီး ဘာမှ သောက်ဂရုမစိုက်တဲ့ ငမိုက်သားတွေက မတောင်းပန်ဘူးလေ။ ဒီတော့ တနိုင်လုံး စက်တင်ဘာ ၁၈ မှာ ရွှေဝါရောင်လို့ ကမ္ဘာကသိတဲ့ သံဃာလှုပ်ရှားမှုကြီး ပေါ်လာရတော့တာပါပဲ။

ကျနော့်ကိုတော့ မြေလှန်ရှာနေတယ်ဆိုတဲ့ သတင်းတွေအပြင် ညပိုင်းမှာ ဘုန်းကြီးကျောင်းကို ဝင်စီးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဘုန်းကြီးတွေကို မထိစေချင်တာရော၊ ကိုယ်တိုင်လည်း ကြောက်တာရောကြောင့် ပြေးမိပြေးရာ ပြေးရင်းကနေ အိန္ဒိယကို ရောက်ခဲ့ရတာပါပဲဗျာ။

ဒီဆောင်းပါးကို ဖတ်မိတဲ့ ခင်ဗျားကတော့ ဘယ်လိုနေမယ် မသိဘူး၊ ကျနော်တော့ သွေးဆူနေသေးတယ်ဗျာ။ ကျနော့်လို ပုန်းအောင်းနေရတဲ့ ပခုက္ကူက ဦးဇင်းလေးတွေ ရှိသေးတယ်။ တွေ့များ တွေ့ခဲ့ရင် ကျနော် ဒီက စောင့်နေပါတယ်လို့။ ပခုက္ကူမှာ ကျန်ခဲ့တဲ့ ဦးဇင်းတွေနဲ့ မြန်မာပြည်သူ ပြည်သားတွေကိုတော့ ပြောချင်တာ တခုရှိတယ်။ ကျနော့်နိုင်ငံရေးအဆင့် မူကြိုအဆင့်မှာပဲ ရှိပါသေးတယ်။ မှားရင် ခွင့်လွှတ်ဗျာ။ ကျနော်တို့ ကိုယ့်မြေ ကိုယ့်အမေနဲ့ အတူနေချင်တယ်။

အဲဒီတော့ ကျနော့်တို့ နိုင်ငံမှာ စစ်အာဏာရှင် ရှိနေသေးသရွေ့ သားတကွဲ မယားတကွဲ ဒုက္ခ၊ မိဘမဲ့တဲ့ ကလေးငယ်တွေ၊ မတရား စော်ကားခံရတာတွေ၊ ဖိနှိပ်ခံရတာတွေ ရှိနေဦးမှာ မလွဲပါဘူး။

ဒါတွေ ချုပ်ငြိမ်းသွားအောင် ကျနော်တို့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်။ လူဦးရေ သန်း ၅ဝ ကျော်တဲ့ ပြည်သူက လက်တဆုပ်စာ အာဏာရှင်ကို မနိုင်ဘူးဆိုတာ ရာဇဝင်ရိုင်းပါတယ်။ ဒီတော့ ချိနဲ့သူကို ဖေးကူ၊ အားနည်းသူကို လက်တွဲ၊ စည်းလုံးညီညာတဲ့ စိတ်ဓာတ်တွေနဲ့ တိုင်းပြည်အတွက် ဘာသာသာသနာအတွက် အမြန် တိုက်ပွဲဝင်သွားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။

မကြာခင်လာတော့မဲ့ တဖက်သတ်ကျင်းပမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ အပြတ်ဖြတ်သင့်ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ ကျနော် မဲမပေးခဲ့ရပေမဲ့ တကယ် သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်လို့ အနိုင်ရပါတီ အန်အယ်လ်ဒီဟာ အနိုင်ရပြီးသူဖြစ်ပါတယ်။ သူတို့နဲ့ လက်ရှိ အာဏာရှင်တွေ ညှိနိုင်းပြီး တိုင်းပြည်ကောင်းအောင် မလုပ်မချင်း ကျနော်တို့ ဆက်တိုက်ရမှာပါပဲ။

ခေတ်အဆက်ဆက်က အာဏာရှင်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော်အပေါင်း၊ စက်တင်ဘာ သံဃလှုပ်ရှားမှုအတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနဲ့ ထောင်တွင်း အကျဉ်းချခံထားရတဲ့ ရဲဘော်အပေါင်းကို ဒီဆောင်းပါးနဲ့ ဦးညွှတ်အလေးပြုလိုက်ပါတယ်။

ဇာနည် (ပခုက္ကူ)

http://www.hanthawaddy.org/2009/09/blog-post_26.html

ရန်ကုန်မြို့ နယ်အချို့ ၌ သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြုလုပ်


စစ်အစိုးရ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ယနေ့ (26.9.09) စနေနေ့နံနက်တွင် ရန်ကုန်မြို့၊ မြို့ နယ်အချို့ ၌ ကျောင်းသားလူငယ်များမှစစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။

ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်များ သွေးမြေကျခဲ့ရသည့်အထိမ်းအမှတ်အဖြစ်လမ်းမများပေါ်တွင် ဆေးနီများလိုက်လံပက်ဖြန်းကာ နအဖဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကို(2007)မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများနှင့်အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ........သံဃာများသွေးမြေကျခဲ့ရခြင်းကိုမြန်မာတနိုင်ငံလုံးက
မမေ့သေးကြောင်း န.အ.ဖစစ်အစိုးရအားသတိပေးခြင်းနှင့်ပြည်သူများအားလည်း မမေ့ပျောက်စေရန်အသိပေးခြင်းဖြစ်ကြောင်း (၂၀၀၇)
မျိုးဆက်ကျောင်းသားများမှ ပြောကြားခဲ့သည်။

လှုပ်ရှားမှုကိုလသာ၊ကျောက်တံတား၊ဗိုလ်တထောင်၊သာကေတ ၊ဒေါပုံ၊ တာမွေ၊ကျောက်မြောင်း၊မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာ၊မြောက်ဥက္ကလာ မြို့နယ်များ၏အဓိကလမ်းမကြီးများနှင့်ကားမှတ်တိုင်များတွင်ပြုလုပ်ခဲ့ကြသည်။

တသောင်းတန်

၅၀၀၀တန်ထုတ်ဝေပြီးနောက်တဆက်တည်းဦးသန်းရွှေပုံနှင့်တသောင်းတန်ကိုဆက်လက်ထုတ်ဝေလိုက်ပါတယ်။



Friday, September 25, 2009

၂၀၁၀ မှလွဲ၍ တခြားနည်းလမ်းတွေ အများကြီးရှိပါသေးတယ်



မောင်ခင်အေးတင့်(မဒေါက်)

စစ်အုပ်စုကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နည်းမျိုးစုံနဲ့ ပြင်ဆင်စိုင်းပြင်းနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပ ဒေကို အပြီးသတ်အတည်ပြုနိုင်ဖို့ပါ။ ဒီလိုအသက်သွင်းနိုင်မှ သူတို့စစ်အုပ်စုဗျူရိုကရက်တွေက လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကို စစ်ကျွန်ပြု စစ်ကျွန်ဇာတ်သွင်းပြီး စစ်သမ္မတနိုင်ငံကို ထူထောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒါ ပေမယ့်လို့ ခက်နေတာက သူတို့တွက်ထား ထင်ထားသလို လွယ်လွယ်ကူကူနဲ့တော့ ဖြစ်လာမှာမဟုတ်ဘူး ဖြစ် နေပါတယ်။

အဓိက ကတော့ အပစ်ရပ်အဖွဲ့တွေပေါ့။ သူတို့တွက်ထားသလို လုပ်လို့မရဖြစ်နေတယ်။ အားလုံးနီးပါးလောက် လို့ ပြောနိုင်မယ်ထင်ပါတယ်။ စစ်အုပ်စုပြောသလို လိုက်မလုပ်နိုင်ဘူးလို့ အကြောင်းပြန်ကြတယ်။ ၂၀၁၀ ရွေး ကောက်ပွဲပြုလုပ်ဖို့ စစ်အစိုးရက ပြင်ဆင်စိုင်းပြင်းလာချိန်နဲ့ တပြိုင်တည်းမှာပဲ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို နအဖက ညောင်နှစ်ပင်ဖွဲ့စည်းပုံအတိုင်း တခုတည်းသော တပ်မ တော်ဖြစ်ဖို့အတွက် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ ဖိအားပေးရာ မှာ ငြင်းဆန်မှုတွေနဲ့ချည်း ကြုံတွေ့နေရလို့ ကိုးကန့်တိုက်ပွဲကို ဖန်တီးပြီး ကျန်တဲ့အပစ်ရပ်အဖွဲ့(လေး)တွေကို စစ်ရေးအရ ခြိမ်းခြောက်ပြတဲ့ သဘောမျိုးလို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။

စစ်အုပ်စုဟာ ဘယ်ကလောက်ထိ ကောက်ကျစ်လိမ်ညာတတ်တယ်၊ ယုတ်မာရက်စက်တတ်တယ်ဆိုတာ ဒီ ကိုးကန့် အဖြစ်အပျက်က မီးမောင်းထိုးပြလိုက်တာပဲ မဟုတ်လား။ ပြေလည်နေတုန်းကတော့ တမျိုး၊ မပြေ လည်တဲ့အချိန်ကျတော့ တမျိုးလုပ်တယ်ဆိုတာ အထင်အရှားပဲလေ။ ဝေစုမြက်မြက်ကလေး ရနေတုန်းက တ မျိုး၊ ဒီနေရာမှာ စကားစပ်လို့ စစ်ဗိုလ်(ချုပ်)ကတော်တွေ မှာတာဆို ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က က လစ်ကလေးကအစ အကုန်ဝယ်လာပေးတာ။ ဘာမှ စာရင်းပြန်ရှင်းပေးစရာမလိုဘူး။ အဆင်ပြေနေ သဘော တွေ့နေကြတုန်းကလေ။ ဟော အခု အဆင်မပြေတော့ မူးယစ်ဆေးဝါး အကြောင်းပြလိုပြ၊ လက်နက်စက်ရုံရှိ တယ်ဆိုပြီး ရမယ်ရှာလိုရှာနဲ့ နောက်ဆုံး လက်နက်ကိုင်တိုက်ပွဲအထိ ရောက်သွားတော့တာပါပဲ။

စစ်အုပ်စုရဲ့ ဖန်တီးစွပ်စွဲချက်တွေကို ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေစဉ် ကာလမှာပဲ ဩဂုတ်လ (၂၈) ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ လိပ်မူတပ်ပြီး ယင်းတိုက်ပွဲအခြေအ နေနဲ့ပတ်သက်တဲ့ အထူးကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်အရ ကိုးကန့်ခေါင်းဆောင် ရဲ့ ရှင်းလင်းချက်မှာတော့ စစ်အစိုးရက မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းသိုလှောင်မှု စတဲ့ ဖန်တီးချက်များနဲ့ တရားစွဲဆိုမှုဟာ ကိုးကန့်တပ်ဖွဲ့နဲ့ ပြည်သူများအပေါ် နိုင်ငံတကာမှ အထင်မှားအောင် လုပ်ကြံဖန်တီးခြင်းဖြစ် ပြီး နိုင်ငံတကာနဲ့ နအဖတာဝန်ရှိသူများရှေ့မှာ ကိုးကန့်နယ်မြေအား မူးယစ်ဆေးဝါး ကင်းရှင်းသွားပြီဖြစ် ကြောင်း ၂၀၀၂ ခုနှစ်က အတိအလင်း ကြေညာထားခဲ့ကြောင်းနဲ့ ဆက်လက်ပြီး ကိုးကန့်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အတိုင်း ကျန်မဟာမိတ်တပ်ဖွဲ့များကိုလည်း မကြာသော အချိန်ကာလတခုအတွင်း တိုက်ခိုက်ဝါးမျိုနိုင်သဖြင့် စစ်အစိုးရအား လက်တွေ့ညီညွတ်စွာ ယနေ့မှစပြီး တိုက်ပွဲဝင်ရန် ကိုးကန့်ခေါင်း ဆောင် ဦးဖုန်ကြားရှင်က သတိပေးတောင်းဆိုကြောင်း ရေးသားထားပါတယ်။

ကျန်အဖွဲ့တွေကိုတော့ ဆက်လက်တိုက်ခိုက်ခြင်းမရှိသေးဘဲ လတ်တလော စစ်ရေးပြင်ဆင်မှုတွေပြုလုပ်ပြီး ဘီ လူးခေါင်းကို မင်းသားမျက်နှာဖုံးအတုစွပ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်နေပါတယ်။ နအဖနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးအပြီးမှာ ကေအိုင်အိုနဲ့ မွန်ပြည်သစ်တို့ဆီက နအဖစစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ တခုတည်း သော တပ်မတော်ဖြစ်ရေးကို လိမ်မာပါးနပ်စွာနဲ့ ရှောင်ထွက်ပြီး ပါတီအသစ်ထပ်ဖွဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကျားကွက်သစ်တော့ ထွက်လာပါတယ်။ ဒါကိုကြည့်ရင် အပစ်ရပ်အဖွဲ့တွေဟာ နအဖစစ်အုပ်စုနဲ့ စစ်ရေးတိုက် ခိုက်မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ချင်ဘူးဆိုတာ ရှင်းလင်းမြင်သာပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းအရ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာမှ စစ်မှန်တဲ့ အဖြေမှန်ရမယ်ဆိုတာကို အားလုံးက သဘော ထားရှိကြကြောင်း လက်တွေ့ပြသနေကြတာ ဖြစ်ပါတယ်။

နောက် အခုလည်း စစ်အုပ်စုရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုတုန့် ပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကြားမှာ လူအင်အားကော စစ်လက်နက်ပစ္စည်းအင်အား ကော အတောင့်တင်းဆုံးလို့ဆိုတဲ့ UWSA အဖွဲ့ကိုလည်း စစ်ပြုတိုက်ခိုက်နိုင်ဖို့ စစ်အင်အား (၁) သောင်းကျော် နဲ့ အားဖြည့်ဝန်းရံထားပြီး စစ်ရေးပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေတာကို ကြားနေရပါတယ်။ ဒါကြောင့်မို့လို့ သူတို့(နအဖ)ရဲ့တောင်းဆိုချက်ကို လက်မခံနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို နည်းလမ်း ပေါင်းစုံနဲ့ အကျပ်ကိုင်ဆောင်ရွက်ပြီး စစ်ရေးအရ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်မှုများ ပြုလုပ်နေတယ်ဆိုတဲ့ အ ကဲခတ်သူများရဲ့ ဝေဖန်ပြောကြားချက်ဟာ မှန်ကန်တဲ့ အကဲဖြတ်ချက်လို့ ပြောရမှာဖြစ်ပါတယ်။

အမှန်တော့ စစ်အုပ်စုက ချက်ချင်းလက်နက်ဖြုတ်သိမ်းပစ်ချင်တာပါ။ အဲဒါလုပ်လို့မရလို့ တဖက်လှည့်နဲ့ နည်း နာပြောင်းပြီး နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခိုင်းပြီးမှ တဖြည်းဖြည်းနဲ့ချုပ်ကိုင်ခြယ်လှယ်သွားမှာလေ။ ဒါကို အပစ်ရပ်အဖွဲ့တွေကလည်း နားလည်ကြ ရိပ်မိကြမှာပေါ့။ အစကတည်းကမှ အပစ်ရပ်ချင်လို့ ရပ်ထားတာ မှမဟုတ်တာ၊ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သိပ်စိတ်မပါလှပေမယ့် အပစ်ရပ်တဲ့နည်းကို ရွေးလိုက် ရတဲ့ဟာကို။ လတ်တလော ရွေးခြယ်စရာမရှိလို့ လုပ်လိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့အပစ် ရပ်အဖွဲ့တွေ (အနည်းစု လေးပါ) ကတော့ ခြေလွန်လက်လွန်ဖြစ်သွားပြီး ပြန်နှုတ်လို့မရတော့ဘူး ဖြစ်သွားကြ တယ်။ ပြန်မရုန်းထွက်ချင်တာလည်း ဖြစ်နိုင်တာပေါ့။ အကျိုးစီးပွားမက်လုံးတွေနဲ့ ချည်ထားလိုက်တာလည်း ပါ မှာပေါ့။ KNU က ခွဲထွက်သွားတဲ့ ဒီကေဘီအေလိုအဖွဲ့မျိုးပါ။ ဦးဇခုန်တင်ရင်းတို့ (NDAK) အဖွဲ့လိုမျိုး၊ ကလလ တ၊ ရလလဖ စတဲ့ အဖွဲ့မျိုးတွေလည်းရှိနေတာပါပဲ။ ဒါပေမယ့် တဖွဲ့နဲ့တဖွဲ့လည်း အကျိုးစီးပွားချင်း၊ အခြေအနေ ချင်း၊ အနေအထားချင်းလည်း မတူကြသေးဘူးမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ရန်သူရဲ့စီမံကွပ်ကဲချုပ်ကိုင်မှု အောက်မှာ နေနေရပြီလေ။ ဒါကတော့ အတူတူပါပဲ။

မွန်ပြည်သစ်ပါတီတို့လို အပစ်ရပ်စဲထားတဲ့အဖွဲ့ကိုတော့ သူတို့တွက်ထားသလို လုပ်မရတော့ နယ်ခြားစောင့် တပ်အဖြစ် အသွင်မပြောင်းနိုင်ရင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းနိုင်မလားလို့ အကဲစမ်းကြည့်ပြန်ရော။ မွန် ပြည်သစ်ဘက်က ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တော့ တော်တော်လေး မကျေမချမ်းဖြစ်သွားတာပေါ့။ မွန် ပြည်သစ်ပါတီဆိုတာကလည်း သာမာန်အဖွဲ့လေးမှမဟုတ်တာ၊ အုပ်စိုးသူအဆက်ဆက်ကို ဆန့်ကျင်တော်လှန် လာခဲ့တဲ့ ၀ါရင့်နိုင်ငံရေးပါတီကြီးပဲဟာ။ ဒါမျိုးသွားလုပ်လို့ မရဘူးလေ။ နိုင်ငံရေးရေချိန်က စကားပြောတာပေါ့။ သူတို့တွေ ဘာလုပ်ရင် ဘယ်ခြေလှမ်းလှမ်းတယ် ဘယ်အဆင့်ထိ ရောက်သွားမယ်ဆိုတာကို နိုင်ငံရေးအရ အ တွေ့အကြုံအရ တွက်ချက်နားလည်တာပေါ့။ အပစ်ရပ်စဲထားတာ ကာလအားဖြင့် ဆယ်စုနှစ်တခုတောင် ကျော် လာခဲ့ပေါ့။ နိုင်ငံရေးအရ တန်းတူရည်တူထား တွေ့ဆုံဆွေးနွေးတာ (၁၄) နှစ်တာကာလအတွင်း တကြိမ်တခါမှ မရှိခဲ့ဖူးတဲ့ဟာကို။ လက်နက်မရှိတော့တာနဲ့ သွားပြီဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ထားပြီးသား လေ။

ရေးမယ်ပြောမယ်ဆိုရင်တော့ အခြားအပစ်ရပ်အဖွဲ့တွေလည်း အများကြီးကျန်ရှိပါသေးတယ်။ ဒီနေရာမှာ အား လုံးရဲ့ ဘုံတူညီချက်က နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာညှိနှိုင်းယူကြဖို့ မှာ တသဘောတည်းရှိကြပါတယ်။ နအဖဘက်ကသာ တဖက်သတ်ငြင်းဆန်နေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေဘက်က တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို လုံးဝကို ပစ်ပယ်ထားတာပါ။ တွေ့ဆုံဆွေးနွေး ချင်တဲ့ နိုင်ငံရေးအာသီသကို လုံးဝမရှိတာပါ။

၁၉၉၀ ခုနှစ် မေလရွေးကောက်ပွဲကနေ ပြည်သူလူထုကြီးက (၈၂) % နဲ့ တခဲနက်တပြိုင်နက် ရွေးချယ်ခဲ့တဲ့ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ စားပွဲဝိုင်းမှာ ထိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို တစိုက်မတ်မတ် အစဉ်မပြတ် တောင်းဆိုနေလာခဲ့တာပါ။ နည်း သဏ္ဍာန်မျိုးစုံနဲ့ကို တလျှောက်လုံး တောင်းဆိုနေလာခဲ့တာပါ။ အခုနောက်ဆုံးထုတ်ပြန်တဲ့ “ရွှေဂုံတိုင်ကြေညာ ချက်” ကို ကြည့်ရင်လည်း ဒီတောင်းဆိုချက်ကိုပဲ ထပ်ပြန်တလဲလဲ တွေ့မြင်ရမှာပါ။ ဒီကြေညာချက်မှာ အဖွဲ့ချုပ် ရဲ့ လက်ရှိရပ်တည်ချက် (၄) ချက်ကို ဖော်ပြထားပါတယ်။ ဒါတွေကတော့ ...

(က) အဖွဲ့ချုပ်ဒု-ဥက္ကဌ ဦးတင်ဦးနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက်ရေး၊
(ခ) ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊
(ဃ) တွေ့ဆုံဆွေးနွေးရေး စသည်တို့ ဖြစ်ပါတယ်။

(ဃ) အချက်ဟာ မြန်မာပြည်ဒီမိုကရေစီရရှိရေး စနစ်ပြောင်းတော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေကြတဲ့ တိုင်း ရင်းသားအင်အားစုအားလုံးနဲ့ ဒီမိုကရေစီအင်အားစုအားလုံးရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ဘုံ ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက တောင်းဆိုတိုက်တွန်းနေတဲ့ အချက်လည်း ဖြစ်ပါ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်၊ သတင်းစာဆရာကြီးတဦးလည်းဖြစ် တဲ့နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာကြီး ဦးဝင်းတင်ကလည်း “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါ်အောင် ဆန်း စုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးတောင်းဆိုချက်ကို လူထုအားနှင့် ထောက် ခံကြ” လို့ နှိုးဆော်တိုက်တွန်းထားသလို လောလောဆယ်မှာတော့ ကျနော်တို့ခံယူချက်အပေါ် ဘယ်လိုမှ တွေ ဝေသံသယစိတ်တွေ မပွားကြပါနဲ့။ အဖွဲ့ချုပ်ဟာ ဗမာပြည်သူလူထုကြီး တိုက်ပွဲဝင်ရယူနေတဲ့ လွတ်လပ်ရေးကို အဓမ္မလုယူမယ့်၊ ရှင်လမ်းမရှိအောင် ချို့ယွင်းပျက်စီးနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သွေးကြောင်တွေဝေစွာနဲ့ ဒူး ထောက်ပါဝင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ထိတွေ့ဆက်ဆံဖို့ အမြဲအသင့်ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့ အသက်သွေးချွေးတွေ၊ ဘဝတွေ အများကြီးစွန့်လွှတ်ရင်းနှီးခဲ့ပြီးတဲ့ ဒီမိုကရေစီတန်ဖိုးတွေ ဆွတ်ခူးရယူနိုင်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ဆိုရင်တော့ အသင့်ရှိတာထက်တောင်ပိုပါတယ်လို့ ဆရာဦးဝင်းတင်ကိုယ်တိုင် အင်္ဂလိပ်လို ရေးသားထားတဲ့ “ကျင်းပဖို့မလိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲ”ဆိုတဲ့ ဆောင်းပါးထဲမှာ ထုတ်ဖော်ပြော ကြားထားပါတယ်။

ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းကလည်း ပြည်သူ့ဘက်ကို မျက်နှာမူကြဖို့နဲ့ ပြည်သူနဲ့ မကင်းကွာကြ ဖို့ကို မကြာသေးခင်လေးက အင်တာဗျူးတခုမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။ ဘယ်သူ့ကိုမှ အားကိုးမနေ ဖို့၊ မမျှော်လင့်နေဖို့၊ စိတ်ကူးမယဉ်ကြဖို့၊ ကိုယ့်ကိစ္စကိုယ့်ဖာသာ ဖြေရှင်းကြဖို့ကို ပြတ်ပြတ်သားသားပဲ ဆော်ဩ ပြောကြားသွားပါတယ်။ ကုလသမဂ္ဂတို့၊ လုံခြုံရေးကောင်စီတို့ကို လာဖြေရှင်းပေးနိုး စောင့်စားမျှော်လင့်နေကြ မှာလား။ မိမိပြည်တွင်းရေးကို မိမိတို့ကသာ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ကြီးရဲ့ အံ့မခန်း စွမ်းပကားတွေနဲ့ တော်လှန်ပစ်နိုင်စွမ်းကို အခိုင်အမာ ပြတ်ပြတ်သားသား ယုံကြည်ကြရမှာဖြစ် ပါတယ်။

တချိန်တည်းမှာလည်း ကျနော်တို့ အတိုက်အခံအင်အားစုများလို့ ခေါ်နေတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ အ ချိန်ရဲ့ တိုက်စားမှုအောက်မှာ ဖရိုဖရဲဖြစ်လာသံတွေ ကြားနေသိနေရပါတယ်။ ပြင်ပလေထုဖိအားကလည်း အ သွေးအရောင်စုံ၊ အနံ့မျိုးစုံနဲ့ တဒင်္ဂအရှိတရားကို ထာဝရအမှန်တရားအဖြစ် ထင်အောင်မြင်အောင် နည်းမျိုးစုံနဲ့ ဖက်လှဲတကင်း ဆွဲဆောင်ဖြားယောင်းမှုတွေကလည်း တိုးလို့သာကြားနေရပါတယ်။ လက်ရှိနိုင်ငံရေးအနေအ ထားဟာ အတိုက်အခံအဖွဲ့အစည်းတိုင်းအတွက် သေနေတဲ့ နိုင်ငံရေးအနေအထားမျိုး မဟုတ်ပါ၊ နှေးကွေးနေ တဲ့ အနေအထားမျိုးပါ။ စနစ်ပြောင်းတော်လှန်ရေးတရပ်မှာ အချိုးအကွေ့တွေ၊ အတက်အကျတွေ၊ တော်လှန် ရေးအီလာမှုတွေဟာ ရင်ဆိုင်ကြုံတွေ့မယ့် တော်လှန်ရေးပကတိတရားတွေ ဖြစ်ပါတယ်။

အဲဒါကို တချို့သော ပြည်ပပညာရှိကြီးတွေ၊ တတိယအုပ်စုလို့ ခေါ်နေပြောနေကြတဲ့သူတွေက ရွေးစရာလမ်းမ ရှိတော့ဘူး။ ဒါကြောင့် လတ်တလောအရှိတရားဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုသာ အခွင့်အလမ်းတရပ်အဖြစ် ယူရမယ်ဆိုတဲ့စကားဟာ တရားသေကျလွန်းနေပါတယ်၊ မျှော်လင့်ချက်မဲ့ ဇွဲလုံ့လမရှိသူတို့ရဲ့ အလျှော့ပေးရေး ၀ါဒ၊ အညံ့ခံရေးအတွေးအခေါ်သာဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအတွေးအခေါ် ချွတ်ခြုံကျသူတွေရဲ့ ဖြစ်မြဲ ဓမ္မတာပါ။ စစ်ဝါဒီတွေဟာ နောက်ဆုံးခြေလှမ်းဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြီးစီးအောင် မရမက လုပ်နိုင် ကောင်းလုပ်နိုင်မယ်။ ဒါပေမယ့် ဒါဟာ ပြည်သူ့အောင်ပွဲမဟုတ်၊ ဒီမိုကရေစီတိုက်ပွဲရဲ့ ဇာတ်သိမ်းခန်းလည်းမ ဟုတ်ဘူးဆိုတာ တတိယအုပ်စုဆိုသူတွေ ပညာရှင်ဆရာကြီးတွေ နားလည်ဖို့လိုပါတယ်။ တကယ်နားမလည် တာဆိုရင်တော့ ကိုယ့်ကိုကိုယ် ငါဘာကောင်လဲ ဘာဖြစ်နေပြီလည်းဆိုတာ ပြန်ဆန်းစစ်တာ ကောင်းပါလိမ့် မယ်။ ၁၉၉၀ ရွေးကောက်ပွဲက ပြီးသွားပြီ၊ သမိုင်းဖြစ်သွားပြီ လက်တွေ့နဲ့ မကိုက်ညီတော့ဘူး စသဖြင့် နအဖစစ် အုပ်စုရဲ့ ဘက်တော်သားအင်အားစုတွေက ရိုင်းရိုင်းစိုင်းစိုင်းပြောနေကြသလို မဆလတဖြစ်လဲ တစညလိုပါတီ ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လေသံပြင်းပြင်းနဲ့ ဘယ်လိုနည်းနဲ့မှ အပျက်မခံဘူးဆိုပြီး ခြိမ်းခြောက်သလို လုပ်နေပြန်ပါတယ်။

ဒါပေမယ့်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူးလည်းဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင်လည်း ဖြစ်၊ ဇိုမီးအမျိုးသားကွန်ကရက်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဦးပူကျင့်ရှင်းထန်တို့ရဲ့ ဒီ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ် သက်တဲ့ သဘောထားကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ထုတ်ပြန်ထားတဲ့ “ရွှေဂုံတိုင်ကြေညာ ချက်” ရဲ့အနှစ်သာရဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကသာ တိုင်းပြည်ရဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးကို ဖော်ဆောင်နိုင်မှာပဲဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဒါကြောင့် စစ်အာဏာရှင် ဖျက်သိမ်းရေးတိုက်ပွဲအတွက် မိမိကိုယ်ကို အတွေးအခေါ်အရ ကြံ့ခိုင်တောင့်တင်း ရေး၊ ကိုယ်ခံအားကောင်းရေးတို့အတွက် လေ့ကျင့်ပြင်ဆင်သွားကြရပါမယ်။ အင်အားစုတွေအားလုံးအကြား စည်းလုံးညီညွတ်ရေးကို အထူးအာရုံစိုက် လုပ်ဆောင်သွားကြရမဲ့အချိန်၊ ကာကွယ်သွားကြရမဲ့ကာလ ဖြစ်ပါ တယ်။

ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာဟာကို အစွမ်းကုန် တိုက် ဖျက်ပစ်ကြဖို့သာ ရှိတော့မှာပေါ့။ မီးကုန်ယမ်းကုန် အားစိုက်ရုန်းကန် ထကြွကြရတော့မှာပဲ။ နောက်ဆုံး ပြည် သူ့အင်အားစွမ်းပကားနဲ့သာ နိုင်ငံရေးအာဏာအပြောင်းအလဲကို ဖော်ဆောင်ကြရတော့မှာပဲ။ ဘယ်နိုင်ငံတိုင်း ပြည်မှာမဆို ပြည်သူ့အင်အားနဲ့သာ အုပ်စိုးသူလူတန်းစားရဲ့ လက်ထဲရောက်နေတဲ့ နိုင်ငံရေးအာဏာကို အုပ် စိုးခံ လူတန်းစားတွေရဲ့ ပြည်သူ့အင်အားစွမ်းပကားနဲ့သာ အဆုံးသတ် ပြောင်းလဲစေနိုင်ခဲ့တာပဲ မဟုတ်ပါလား။ ဒါကိုက ပကတိအမှန်တရားပဲ မဟုတ်ပါလား။

မိမိပြည်တွင်းရေးကို မိမိဘာသာ ဖြေရှင်းရုံမှတပါး တခြားနည်းလမ်းမရှိဖူးပါဘူး။ အဲဒါကြောင့် ပြည်တွင်းက စစ် အုပ်စုအောက်မှာ လူမှုဆင်းရဲဒုက္ခပေါင်းစုံကို ခါးစည်းကျိတ်မှိတ်ခံနေကြရတဲ့ အလုပ်သမား၊ လယ်သမား၊ ရ ဟန်းသံဃာ၊ ကျောင်းသားလူငယ်များ၊ အမှုထမ်းပေါင်းစုံနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားပြည်သူလူ ထုကြီးတရပ်လုံးကို ဆက်လက်မှီခို စည်းရုံးလုပ်ဆောင်ရင်း အမျိုးသားပြည်သူလူထုကြီးနဲ့ အတူတကွ လက်တွဲ တိုက်ပွဲဝင်နိုင်ရေး မဟာဗျူဟာနည်းလမ်းတွေကိုသာ ဆထက်ထမ်းပိုး အားထုတ်ကြိုးပမ်း ရုန်းကန်ရှာဖွေသွား ကြရမှာပဲဖြစ်ပါတယ်။

တချိန်တည်းမှာလည်း တပ်မတော်ရဲ့ အောက်ခြေတပ်မှူးတပ်သားများအကြား ပြည်ချစ်တပ်မတော်သားများ ပေါ်ထွန်းလာရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်စည်းရုံးသွားရေးကိုလည်း အထူးအာရုံစိုက်သွားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အားထုတ်လုပ်ကိုင်ထားရုံမှလွဲလို့ ကျနော်တို့ဟာ ဘာမှတွေဝေ စဉ်းစားနေစရာ မလိုပါဘူး။ အံ့ဩတကြီးဖြစ်နေစရာမလိုပါဘူး။ ပြည်သူလူထုကြီးကိုစည်းရုံး ပြည်သူ့အင်အားကို တည်ဆောက် ပြီး ဒီပြည်သူ့အင်အားနဲ့ပဲ နအဖစစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးပစ်ပြီး အမျိုးသားပြန်လည်ရင် ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကို တက်လှမ်းသွားရမှာဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ၂၀၁၀ ရွေးကောက်ပွဲဟာ တခုတည်းသော ထွက်ပေါက်မဟုတ်ဘဲ တဒင်္ဂအရှိတရားတခု သာဖြစ်ပါကြောင်းနဲ့ “ရွှေဂုံတိုင်ကြေညာချက်”ရဲ့ အနှစ်သာရပိုင်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကသာ အမှန်တကယ့် ထာဝရအရှိတရား ဖြစ်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

မောင်ခင်အေးတင့် (မဒေါက်)
၂၀၀၉ စက်တင်ဘာလ (၁၉) ရက်

http://drlunswe.blogspot.com/2009/09/blog-post_25.html