Sunday, December 27, 2009

သ တိ ၊ ကိုယ် ဝန် ၄ လ အောက် ရှိ သူ အမျိုး သ မီး များ လုံး ဝ မ သောက် ရ



အခုရက်ပိုင်း က အအေးပိုပါတယ် ၊ သတင်းစာ ထဲ ကြည့် လိုက်ရင် ရေ ခဲ မှတ်အောက် ရောက် နေတဲ့ ပင်လုံ တို့ ၊ လွယ်လင် တို့၊ ပင်လောင်း တို့ ဟားခါး တို့ ဆိုရင်လူတွေ ဘယ်လို နေ ကြ မလဲ မသိပါဗျာ ၊

ဒီဇင်ဘာ လ ကုန် ခရစ်စမတ် ကာလ ပြီး ၂ ပါတ်လောက် က အေးနေဦး မှာ ပါ။ အေးတာလေး ကို သီးခံပြီး ၊ နေရတာ ဇိမ် ကျ လှ ပ လို့ သာစိတ် ကို ဖြေသာ အောင် ထား ကြပါ။ နောက် ၁ လ က စ လို့ ကော့ နေ အောင်
နေက်ပိုင်း ရာသီဥတု က ပူပြီ လာရင် ၊ အခု အချိန် လေး ကို ပြန် အမှတ် ရ နိုင် မှာပါ။

အေးမြ တဲ့ ဆောင်း နဲ့ အတူ ဈေး ထဲ မှာ လဲ ၊ ဆောင်း သီး နှံ တွေ စုံ လို့ ပါ ဗျာ။ဒီ ကာ လ က ဟင်းသီး ဟင်း ရွက် တွေ ၊ အလွန် ပေါ လှ သကိုး ဗျ။ ဂေါ်ရခါးသီးပန်းဂေါ်ဘီ ၊ ဂေါ်ဘီထုပ် အကြီးကြီးတွေ ၊ ပဲသီးတောင့်ကြီး တွေ ပေါ မှ ပေါ ဗျာ။မနက် လမ်းလျောက်ရင်း ဈေး ထဲ က မျက်စိ ကျ လာ သမျှ အကုန် ဝယ် လာ ခဲ့ ပါတယ်။

အိမ် ရောက် တော့ သီးစုံ ကုလားဟင်း ချက်စား မလို့ ပြင်ဆင် ရ ပါတယ်။ဂေါ်ဖီထုပ်ကြီး ကို ရေ ဆေး ရင်း ၊ ဟင်းရွက် ဆေး တဲ့ ရေ က ၊ ညို တို တို ဖြစ် နေတာနဲ့ ရွှံ့ တွေ များ ပေ နေ မလား ဆို ပြီး ရေ စိမ် ထား လိုက် ပါတယ်။
အဲတော့ မှ ပို ဆိုး သဗျာ ၊ စိမ် ထား တဲ့ ရေ က အညို ရောင် ပြောင်း သွား လို့ဂေါ်ဖီပွင့် ကြီး ကို ရွက် ဖတ် တွေ တရွက် စီ ခွာ လိုက် မှ ၊ ဇတ်လမ်း က ဒီ လို မျိုး ဗျ

ဒီ ဂေါ်ဖီထုပ်ကြီး စ ဖူး ကတဲ က တောက် လျောက် ဖြန်း လာ တဲ့ ရွက်ဖြန်း မြေသြဇာတို့ ၊ ရွက်ဖြန်း ပိုးသတ်ဆေး တို့ က နဲနဲ နောနော မှ မဟုတ် တာ ပါ လား ဗျာ။နေ့စဉ် နဲ့ အမျှ ဆေး မျိုးစုံ နေ့ တိုင်း ဖြန်း နေ ကြ တာ ကိုး ဗျ။
ရွက်ဖြန်း မြေ သြ ဇာ ဆိုတာ က ၊ အပင် အတွက် ၊ အဟာရ ဖြစ်ပေ မဲ့ ၊ လူ အတွက်အဟာရ ဖြစ် ပ မလား ဗျာ ၊ ပိုးသတ်ဆေး က တော့ သက်ရှိ တခု ကို သေ အောင်လုပ် နိုင် တဲ့ အစွမ်း ရှိ နေ တော့ ၊ လူ အတွက် တော့ ဘယ် လို မှ မသင့် တော်နိုင်ပါ။ ဒီ အရွက် တွေ ပေါ် က ဓါတု ပစ်စည်း တွေ က ၊ ဒါရိုက် အိတ်စပိုရှာဆိုတော့ ၊ ဒီ လို အရွက် တွေ နဲ့ လူ့ ကျန်းမာရေး က တော့ ဆင်ချင် ဘို့ လိုပါပြီ။

မြေသြဇာ တို့ ပိုးသတ်ဆေးတို့ ၊ ရောင်း တဲ့ သူ တို့ ၊ ဝယ် သုံး တဲ့ စိုက်ပျိုးရေးသမား တို့ ၊ ဒီ ဟာ တွေ ကို ဂရုစိုက်ပေး မဲ့ ကျန်းမာရေး ဌာန တို့ စည်ပင် တို့ဈေး ထဲ မှာ ရောင်း နေတဲ့ စား ကုန် သောက် ကုန် တွေ ကိုလူ တွေ အတွက် သင့် တော် တယ် မတော် တယ် ၊ ကြည့် ပေး ကြ ပါဦး၊ ခင်ဗျာ

ခုများတော့ ဗျာ ၊ ဒေါ်ကြီးစိန် တို့ လင်မယား လို ၊ အသန့် အပြန့် ဂရုပြု ရ မလိုပါ။ဒေါ်ကြီးစိန် တို့ လင်မယား ဆိုတာ ၊ ကျွန်တော် တို့ ရပ်ကွက် ထဲ က ပါ။သားထောက် သမီးခံ မရှိတော့ တူမ လေး ၁ ယောက် နဲ့ အဖော်ပြု နေ ရ တဲ့ လင်မယားပါလင်မယား ၂ ယောက် လုံး က အတော်ဇီဇာကြောင် ပြီး ၊ အသန့် အပြန့် က ကြိုက်လွန်းပဗျာသူ တို့ လင် မယား အတွက် ထမင်း အိုး တယ် ရင် ၊ ဆန် ကို အကြိမ်ကြိမ် ဆေး နေ တာတော် တော် နဲ့ မပြီး တော့ ပါဘူး ၊ ဆန်ဆေးရေ က ကြည်ကြည် လင်လင် လေး မဖြစ် မချင်းရေ နဲ့ အကြိမ်ကြိမ် အထပ်ထပ် ဆေးပြီး မှ ထမင်း ချက် ပါတယ် ။
အ သန့် အ ပြန့် အတော် ကြိုက် သကိုး ဗျ။

ဒါ နဲ့ ရပ် ကွက် ထဲ က၊ လူ နောက် တ ယောက် က ၊ အတည် ပေါက် နဲ့ အကြံ ပေး ပါတယ်
ဗျိုး ဒေါ်ကြီးစိန် ၊ ခင်ဗျား တို့ လင်မယား စား ဘို့ ဆန်ဆေး နေ ရတာ ပင် ပမ်း လှ သဗျာ
ဆန်ဆေး တာ ကို ပို သန့် သွား အောင် ၊ ဆန် မဆေး ခင် ၊ ဆပ်ပြာမှုန့် လေး နဲ့
အရင် စိမ်ထား ပါလား လို့ ၊ ရွှန်း သွား တာ ကို ၊ ဒေါ်ကြီးစိန် က သဘော တွေ ကျ ပြီး
ဆန်ဆေးတာ ကို တကယ် ဘဲ ဆပ်ပြာ မှုန့် နဲနဲ ထည့် ဆေး ပါ လေ ရော ဗျာ။

သူ့ ယောက်ကျားကြီး ဝမ်းတွေ သွား ကုန် တော့ ၊ ဘေး အိမ်တွေ က ဝိုင်းတားတော့ မှဆန်ဆေး တာ ကို ဆပ်ပြာ မှုန့် ထည့် မ ဆေး တော့ တာပါ။အင်း အစားအသောက် နဲ့ နွယ် နေတဲ့ ကျန်းမာရေး ကိတ် စ က တော့ အရေးကြီးလှ သကိုး။

ခု အပါတ် သတင်းစာ တွေ ထဲ ရော ဂျာနယ် တွေ မှာ ပါ ၊ ဗမာ တိုင်းရင်းဆေး ၁၄ မျိုး ကိုသောက်သုံးရန် မသင့်တော်ကြောင်း ကြေငြာချက် တွေ ပါလာပါတယ်။ နာမည်ကျော် ဆာဒူးကြီးဆေး အပါအဝင် ဗမာ သွေးဆေးတွေ ၊ အကြောဖြေဆေးတွေ ၊ ဦးနှောက် အားတိုးဆေး တွေပါ။ပန်းပေါင်း တထောင်တို့ ၊ မြဟင်္သာတို့ ၊ ဆာဒူးကြီး တို့ က တော့ အညွှန်းအမျိုးမျိုး တွေ နဲ့အမျိုးသားများ အတွက် အထူး ဆေး တွေပါ။

ဆေး ကြော်ငြာထဲ မှာ အသက်ခပ်ကြီးကြီး မင်းသား ဦးနေအောင်ကြီး ဘေး မှာ ခပ်ချောချောကောင်မလေး ၅ ယောက် လောက် ဝိုင်း နေပြီး ၊ မင်းသားကြီး ဦးနေအောင် ကခပ်ပြုံးပြုံးလေး ဂေါက်ရိုက်တန် ကို ကိုင်ထားပြီး ၊ တတွင်းပြီး တတွင်း ၊ တွင်းစိမ်နေတဲ့ကြော်ငြာ ရိုက်ချက် လေး က တော့ ၊ ဆေး ကို သောက် ဘို့ မလိုသေး ပါဘူး ၊
ဆေး ကြော် ငြာ ကြည့် ရ ယုံ နဲ့ တင် ၊ ဆေး အ စွမ်း က၊ ထ ပြ နေ ပါ ဘီ ခင် ဗျာ ။

ဗမာဆေး တွေ က ဓါတုပစ်စည်းတွေ ကို တိုက် ရိုက် သုံးလေ့ ရှိပါတယ်။ကျန်းမာရေးဌာန က ဓါတ်ခွဲ ကြည့် လိုက် ရင် ပြဒါးဓါတ် တို့ ၊ အာဆင်းနစ် တို့ဆိုင်ယာနိုဒ် တို့ က အနည်း နဲ့ အများ ပါ နေ ကြ ပါတယ်။သေ လောက် တဲ့ ပမာဏ မဟုတ် ရင် ချက် ချင်း လူ ကို မသေ စေ ပေ မဲ့လူ့ ကိုယ် အတွင်း ရောက် သွား ပြီး ရင် ၊ ဒီ ဓါတ် တွေ က အပြင် ကို ပြန် မထွက်တော့ ပါဘူး ၊ တဖြေးဖြေး ပမာဏ များ လာ ရင် ၊ အန် တရယ် ဖြစ် စေ နိုင် တဲ့ပမာဏ လဲ အရောက် ၊ လူ က တော့ ခေါက် က နဲ ၊ ဇီ ဝိန် ကြွေ ရ တာပါ။
ကျန်းမာရေး အတွက် ဆေး ကို သောက် ခါမှ ဆေး အတွက် နဲ့ ဘေး ဖြစ် ရတာ က အဆိုး ဝါး ဆုံး ပေါ့ ဗျာ။

အခု တားမြစ် လိုက် တဲ့ ဆေး စာရင်း ထဲ တော့ မပါသေး ပါဘူး။အချောဆုံး အလှ ဆုံး မင်းသမီးလေးတွေ နဲ့ ကြေ ငြာ တဲ့ ဆေး ရှိ ပါသေးတယ်( မ ဟုတ် ရ ပါ ၊ အကို ကြီး ရာ ၊ကေ သီ ပန် ၊ ကေ သီ ပန် ၊ သွေး ပုပ် ချ ဆေး ၊ အမြဲ သုံး လို့ ပါ ၊ အကို ကြီး ရာ )ဆို တဲ့ကြော်ငြာ သီချင်း လေး နဲ့ သွေးဆေးကြီး ပါ။

သူ့ ကြော်ငြာ ထဲ သတိ ပေး ချက် က လဲ တော် တော် ဆိုး သား ဗျ ၊
သ တိ ၊ ကိုယ် ဝန် ၄ လ အောက် ရှိ သူ အမျိုး သ မီး များ လုံး ဝ မ သောက် ရ တဲ့ ဗျ။
စာလုံး အကြီးကြီး နဲ့ ကို ထင်ထင် ရှား ရှား ရေးထားပါတယ်။

တကယ်တော့ ၊ ဒါ က သတိ ပေးတာ မဟုတ် ပါဘူး ၊ တိုက် တွန်း ထား တာ ပါ။ဆိုလိုတာက ၊ သူ့ ဆေး က တကယ့်  ကို ၊ အ ရမ်း စွမ်း ပါ တယ်။အပျိုလေးများ မရှောင်သာတဲ့ လမ်းမြောင်ကြား သွားခဲ့မိရင် ၊ ၄ လ မ ကျော် သေးရင်
ဒီ သွေးဆေး ကို သောက် လိုက် ၊ အား လုံး ၊ အို ကေ သွား မယ် လို့ ကြော် ငြာ ထား တာပါ။ကောင်မလေး တွေ က သဘော ပေါက်ကြပါတယ်။ပြသနာ ပေါ်နေပီ ၊ စိတ် က ထင်လိုက် တာ နဲ့ ၊ ကေသီပန် ၃ ထုပ် ၊ တခါထဲ ပူးပြီး
သောက် ချ လိုက်ရင် ၊ အား လုံး အဆင် ပြေ သွား ပါဘီ။
( မ ဟုတ် ရ ပါ ၊ အကို ကြီး ရာ ၊ ကေ သီ ပန် ၊ ကေ သီ ပန် ၊ သွေး ပုပ် ချ ဆေး ၊ အမြဲ သုံး လို့ ပါ ၊ အကို ကြီး ရာ )

အင်း ၊ အဆင် မ ပြေ နိုင် တော့ တဲ့ ၊ အချိန် ကျ တော့ လဲ( သာ မီး က ဗိုက် ထဲ က နာ နေ တယ် ၊ ဘာ ဖြစ် မှန်း တော့ မ သိဘူးနာ နေ တာ က တော့ နည်း နည်း ကြာ နေ ပီ ၊ ချ ရာ ဝန် ကြီး ရယ် ၊ )ဆို ပီး ၊ အထူး ကု ဆရာ ဝန် ကြီး တွေ ကို သွား ပြ ကြ ပေါ့ ဗျာ။

မြန်မာ ပြည်သူ ပြည်သားများ အားလုံး ကျန်းမာရေး သုတ အစဉ်ပြည့်ဝ နိုင် ကြ ပါ စေ ဗျား ။

အေဇော်ကြီး

0 အကြံပြုခြင်း: