Monday, January 12, 2009

ကြပ်ပြေးအရှုပ်တော်ပုံ၁၇

kyatpyay17


ရှောင်ရန်

GTalk User နှင့် Password ခိုးယူရန်တည်ဆောက်ထားသောနအဖပိုင်ဆိုဒ်လို့
ပြောနေကြပါတယ်။သိထားတာတော့မမှားပါဖူး။။။။။

ဝေစားမျှစား



"ဖိုးလပြည့်နဲ့နေခြည်လင်းလဲ့ကိုရွှေ
ပြည်တန်ပိုးထည်တိုက်ဆိုင်ခွဲအင်းလျှားလမ်းထောင့်မှာလာဖွင့်တုန်းကတောင်တွေ့လိုက်သေး
တယ်၊စိုင်းစိုင်းနဲ့ဖိုးလပြည့်ကလည်းဘော်ဒါတွေပဲအခုဘယ်လိုဖြစ်တာလဲမသိဘူးစိုင်းစိုင်းအတွက်
ကူပြီးပြန်ပေးဆွဲပေးတာလားတောင်ထင်မိသေးတယ်you tube တို့ metacafe တို့မှာသူတို့ပုံ
တွေရှိတယ်လေ"ဟုရန်ကုန်မှညီမငယ်တဦးကပြောသည်။ ။

☼ မိမိကိုယ်ကိုပြန်လည်သုံးသပ်ခြင်း ☼



သူငယ်ချင်းရေငါတို့တွေဟာ့ 

မိမိကိုယ်ပိုင်ကောင်းကျိုး

မိမိပတ်ဝန်းကျင်ကောင်းကျိုး

မိမိမြို့ရွာကောင်းကျိုးနဲ့

လောကကမ္ဘာကြီးကောင်းကျိုးအတွက်

ကိုယ်နိုင်တဲ့ဖက်ကကိုယ်

ဝိုင်းဝန်းဆောင်ရွက်နေကြသူတွေဖြစ်တယ်ဆိုရင်

မင်းငြင်းမှာလာ့း့  ။

တကယ်ဆိုငါတို့တတွေဟာ့ 

အညတရသာမန်လူသားတွေပါ

ဒါပေမယ့်လည်းသူငယ်ချင်း

ငါတို့လုပ်ရပ်တွေနဲ့

ပြောဆိုဆက်ဆံပုံတွေအစွန်းရောက်ပြီး

တိရစ္ဆာန်လူစာရင်းထဲမပါအောင်

မိမိကိုယ်တော့ပြန်လည်သုံးသပ်ရမယ့့်  ။

တကယ်ဆိုသတ္တ၀ါတိုင်းဟာ့ 

အနည်းနဲ့အများဆိုသလို

အမှားမကင်းကြပေမယ့်

ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲနိုင်တဲ့

ငါတို့လူသားတွေအမှားနည်းအောင်

မိမိကိုယ်ကိုတော့ပြန်လည်သုံးသပ်ကြရမယ့့်  ။

ဇာနည်မောင်

R2P, Credential Challenge, NUG နှင့်သမိုင်းတရားခံ

R2P


ခေါင်းကိုမော့၍ရင်ကိုကော့ထားသည်။ ။

ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုခြင်းသည်မင်္ဂလာမည်၏။ ။
မြန်မာ့အရေးဆန္ဒပြသူ စင်္ကာပူ၂ဦး ထိန်းသိမ်းခံရ
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၁၂၊ ၂၀၀၉
အလုပ်ထုတ်ခံရသူ မြန်မာပြည်သားအလုပ်သမား အချို့အတွက် ယနေ့ နေ့လည်ပိုင်းက ဆန္ဒပြသူ စင်္ကာပူ၂ဦး ထိန်းသိမ်းခံခဲ့ရသည်။ စင်္ကာပူအလုပ်သမားဝန်ကြီးဌာနရုံးရှေ့တွင် ဆန္ဒပြစဉ် ဖမ်းခံရခြင်းဖြစ်သည်။
http://www.moemaka.com/မှရယူသည်။ ။

Mon12012009သတင်းနှင့်ဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။mon12012009news

အစိုးရသစ်ဖွဲ့စည်းမည့် အစီအစဉ်အပေါ် သူတို့အမြင် (၂)

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇန်နဝါရီလ 12 2009 14:06 - မြန်မာစံတော်ချိန်


ပြည်ပအခြေစိုက် အစိုးရသစ်တရပ်ကို ယခုနှစ် နှစ်လယ်ပိုင်းတွင် ဖွဲ့စည်းမည်ဆိုသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ - NCUB ၏ အယူအဆနှင့် ပြည်ပ အဖွဲ့အစည်းများအကြား လက်ရှိ ညှိနှိုင်းဆောင်ရွက်မှုများ အပေါ် NCUB ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ - NCGUB နှင့် လေ့လာအကဲခတ်သူတို့ထံ မဇ္ဈိမသတင်းထောက် ဇာနည်က နောက်ဆက်တွဲ ဆက်သွယ် မေးမြန်းထားချက်ကို တင်ပြလိုက်ပါသည်။


ကိုဘိုကြည်
(တွဲဘက် အထွေထွေ အတွင်းရေးမှူး)
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - AAPP

မေး။ NCUB က အစိုးရသစ်တရပ် ဖွဲ့စည်းဖို့ စီစဉ်နေတဲ့အပေါ် ဘယ်လို သဘောထားရှိလဲဆိုတာ သိပါရစေ။

ဖြေ။ ဒီလိုမျိုး သူတို့ အစိုးရဖွဲ့မယ်ဆိုတာ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကတည်းက သူတို့ စကြိုးပမ်းနေကြတယ်။ အဲဒီမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းကတော့ ကျနော့်ကိုခေါ်ပြီး ဆွေးနွေးခဲ့ဖူးတာ ရှိတယ်။ ကျနော်ကတော့ မဖြစ်သင့်ဘူးပေါ့လေ။ မလုပ်သင့်ဘူး၊ မလုပ်ပါနဲ့ ဆိုတာမျိုးတော့ ကျနော်တို့ အကြံပေးတယ်။

အစိုးရအဖွဲ့ ဖွဲ့တယ်ဆိုတာက စာရွက်ပေါ်တင် ဖွဲ့လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်တို့တွေမှာ တကယ့်လွတ်မြောက်နယ်မြေ အကျယ်ကြီး ရှိဖို့လိုတယ်။ နောက် တိုင်းရင်းသားပေါင်းစုံ တပ်ကြီးက တကယ့် စုစည်းညီညွှတ်တဲ့ တပ်ကြီး ဖြစ်နေဖို့ လိုတယ်။ အဲလို အခြေအနေတွေ ပေါင်းစုံပြီးတဲ့ အခါကျတော့မှ အစိုးရပဲဖြစ်ဖြစ်၊ နိုင်ငံပဲဖြစ်ဖြစ် ကျနော်တို့ ကြေညာလို့ရတယ်။ ဆိုတော့ ကျနော်တို့ဆီမှာက တကယ်တမ်းကျတော့ လွတ်မြောက်နယ်မြေ ဆိုတာကလည်း အကျယ်ကြီးရှိတာ မဟုတ်ဘူး။ နောက်ပြီးတော့ လက်နက်ကိုင်အင်အားစုရဲ့ တပ်တွေဆိုတာကလည်း သိပ်အားအကောင်းကြီး ရှိနေတာမျိုးလည်း မဟုတ်ဘူး ဆိုတော့လေ။

အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ ဖွဲ့မယ်ဆိုလို့ရှိရင် ကျနော်တို့က စာရွက်ပေါ်မှာပဲ ဖွဲ့တယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်သွားရင် မကောင်းဘူး။ ဘယ်သူ့အတွက်မှလည်း အကျိုးရှိမှာ မဟုတ်ဘူး။ ဆိုတော့ အဲလိုမျိုးက ကျနော်တို့ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ခေါ်ဆွေးနွေးတဲ့ အခြေအနေတုန်းကတော့ ကျနော်တို့ အကြံပေးဖူးတယ်။ ကျနော်တို့ အမြင်ကတော့ မလုပ်သင့်သေးဘူး။ မဖြစ်သင့်ဘူးပေါ့။

မေး။ အခုလို အခြေအနေတွေဖြစ်နေတော့ စစ်အစိုးရဘက်က တန်ပြန်မှုက ဘယ်လိုမျိုး ရှိမယ်လို့ ထင်ပါလဲ။

ဖြေ။ ဒီပြင်ပမှာ လုပ်နေတဲ့ အဖွဲ့အစည်းတွေပေါ်မှာတော့ စစ်အစိုးရက သူတို့ရဲ့ နိုင်ငံရေးအရ တုံ့ပြန်တာတွေ စစ်ရေးအရ တုံ့ပြန်တာတွေ ရှိမှာပေါ့လေ။ ဒါကတော့ ဒီလိုပဲ လုပ်နေကြဆိုတော့ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။

မေး။ ဒီလို ဖွဲ့တာဟာ ၂၀၁၀ ကို ရည်မှန်းတာလို့ ဆိုထားတော့ ဒါက ဘယ်လိုမျိုး အခြေအနေတွေ ဖြစ်လာမှာလို့ ထင်ပါလဲ။

ဖြေ။ ၂၀၁၀ အဆုံးအဖြတ်က အဓိကကတော့ ပြည်တွင်းက ပိုအဓိက ကျတာပေါ့။ ပြည်ပကတော့ အဓိက ကျတဲ့နေရာမှာ မဟုတ်ဘူး။ ပြည်ပဆိုတာက ကျနော်တို့က ပြည်တွင်းကို ထောက်ခံပေးတဲ့နေရာ၊ အားပေးတဲ့နေရာ၊ အဓိက ပံ့ပိုးပေးတဲ့ အင်အားစုတခုအနေနဲ့ပဲ ပြည်ပက နေတာပါ။ ဆိုတော့ ပြည်တွင်း NLD တို့၊ ပြည်တွင်းက အင်အားစုတွေရယ်၊ သူတို့ရဲ့ ပေါ်လစီတွေ၊ သူတို့ရဲ့ သဘောထားတွေကို ကျနော်တို့က ရောင်ပြန်ဟပ်တဲ့ဟာမျိုးတွေ ကျနော်တို့က လုပ်သွားနိုင်ဖို့လိုတယ်။

ဥပမာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကဆိုလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပဲ စင်ပြိုင်အစိုးရနဲ့ ပတ်သက်ပြီးတော့ သူတို့ မထောက်ခံဘူး။ သူတို့ဆီမှာ မူမရှိဘူးဆိုပြီးတော့ သူတို့ ပြောထားတာမျိုးတွေ ရှိတယ်။ အခု သူတို့ သွားနေတဲ့ အဓိက လမ်းကြောင်းက ဒိုင်ယာလော့ဂ်တို့၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတို့ ဒါမျိုးတွေကို ဇောင်းပေးပြီး သွားနေတာဖြစ်ပါတယ်။ ကျနော်တို့က ပြည်တွင်းအင်အားစုတွေရဲ့ ပေါ်လစီတွေကို အဓိက ထားပြီးတော့ လုပ်ဆောင်သွားမှာပေါ့။

ကျနော်တို့ AAPP အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိုပဲ ဇောင်းပေးပြီးတော့ လုပ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲရဲ့ ပထမဆင့် ခြေလှမ်းက နိုင်ငံရေး အကျဉ်းသား အကုန်လုံး လွတ်မြောက်ရေးဖြစ်နေလို့ပါပဲ။

မေး။ ဒါဆိုရင် AAPP အနေနဲ့က အသစ်ဖွဲ့မယ့် အစိုးရကို မထောက်ခံဘူးလို့ ဆိုလိုချင်တာပါလား။

ဖြေ။ AAPP အနေနဲ့ ကိုယ်စားပြုပြီးတော့ ကျနော် မပြောနိုင်သေးဘူး။ ဒါပေမဲ့ အခုချိန်အထိတော့ ကျနော်တို့ AAPP ကို လာပြီးတော့ ဆွေးနွေးတာမရှိပါဘူး။ နောက် သူတို့တွေ အထဲထဲမှာတောင်မှ အကုန်လုံးသိတဲ့ ကိစ္စတွေ မဟုတ်ဘူးဆိုတာ ဖြစ်နေတော့။ လူတစုက ကြေညာတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲလို လူတစုက ဖွဲ့ရုံနဲ့တော့ ခိုင်မာကျယ်ပြန့်တဲ့ အစိုးရတရပ်တော့ မဖြစ်နိုင်ဘူး။ သူတို့အချင်းချင်းကြားက ညီညွတ်ရေးကို သူတို့ အမြန်ဆုံးပြန်တည်ဆောက်ဖို့လိုမယ်။ ကျနော်တို့က NCUB ရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘူးပေါ့။ မဟုတ်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့နဲ့ မဆိုင်ဘူးဆိုပေမယ့် ဘာပဲပြောပြော ညီညီညွတ်ညွတ်ဖြစ်တာပဲ လိုချင်တယ်။

အဓိက ဇောင်းပေးသင့်တာကတော့ ၂၀၁၀ မတိုင်ခင် ဒီ ၂၀၀၉ ဟာ အရမ်းကို အရေးကြီးတယ်။ ဆိုတော့ ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေက ဘယ်လိုမျိုးဖြစ်ချင်လဲ၊ ဘာလုပ်ချင်တာလဲဆိုတာကို ကျနော်တို့ ပြည်ပမှာ ရှိတဲ့သူတွေက ဟန်ချက်ညီညီလုပ်ဖို့ ဆိုတာမျိုးတွေ စဉ်းစားပြီးတော့ ကျနော်တို့ လုပ်ဖို့လိုပါတယ်။ ကျနော်တို့ လုပ်နေတဲ့ လှုပ်ရှားမှု မှန်သမျှက ပြည်တွင်းကို အထောက်အပံ့ဖြစ်အောင် ဘာတွေ လုပ်မလဲလို့ဆိုတာကို စဉ်းစားသင့်တယ်။


ဒေါက်တာနိုင်အောင်
(အတွင်းရေးမှူးချုပ်)
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)

မေး။ NCGUB က ရှိနေပြီးသားမှာ NCUB က စင်ပြိုင်အစိုးရသစ်တခု ဖွဲ့စည်းဖို့ စီစဉ်မယ်ဆိုပြီး ထုတ်ပြန်လာတာတွေအပေါ် ဘယ်လိုရှုမြင်လဲဆိုတာ သိပါရစေ။

ဖြေ။ ဒါပြောရမှာက ပထမတခုက ဘာလဲဆိုတော့ သူတို့ပြောနေတဲ့ဥစ္စာအပေါ်မှာ ကျနော်တို့ တိုက်ရိုက်ကြားရတာ မဟုတ်ဘူး။ ထုတ်ပြန်ကြေညာချက်တွေပေါ်မှာပဲ ကြည့်ရတာဆိုတော့ သေသေချာချာ ရှင်းပြတာ မသိရသေးဘူးပေါ့။ မသိရသေးတာရယ်၊ နောက် သူတို့ ခေါင်းဆောင်တွေ ပြောနေတာက တခုနဲ့တခု မတူဘူးလို့တော့ ဖြစ်တော့ဖြစ်တယ်ထင်တယ်။ ဆိုတော့ တချို့နေရာတွေမှာလည်း နောက်ထပ်အစိုးရသစ် တခုလို့ ပြောသလို တချို့နေရာတွေမှာလည်း နောက်ထပ်တခု မဟုတ်ပါဘူးလို့ ပြောတာတွေလည်း ရှိနေတော့ ကျနော်တို့ အတိအကျ မကြားရသေးဘူးလို့ ပြောရမှာပေါ့နော်။

ဒုတိယတခုက ဘာလဲဆိုတော့ ညီညွှတ်ရေးကို လုပ်နေရင်းနဲ့ မညီမညွှတ် ဖြစ်ကြရသလိုတော့ ဖြစ်နေတာ အမှန်ပဲ။ ဆိုတော့ အဲလို အနေအထားမျိုးမှာလည်း၊ ဒီလိုအခြေအနေမျိုးမှာ အဲလိုဖြစ်နေရတာကတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ အဓိကကလည်း ကျနော်ထင်တာက ဘာလဲဆိုတော့ ပြင်ဆင်မှု အားနည်းတယ်လို့ ထင်ပါတယ်။ ပြင်ဆင်မှု အားနည်းတယ်ဆိုတာက ဒီလိုကိစ္စမျိုး၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စမျိုးမှာ NCUB ခေါင်းဆောင်တွေအနေနဲ့က ကျန်တဲ့ NCUB အဖွဲ့ဝင်တွေ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ရော၊ ကျန်တဲ့ NCUB အဖွဲ့ဝင်မဟုတ်တဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ထင်တယ်။

ဆွေးနွေးတိုင်ပင်တယ်ဆိုတာက အဓိကက ဘာလုပ်ကြမှာလဲဆိုတဲ့ မူတွေ၊ ဘာတွေ ဒီလိုလုပ်ဖို့လိုတယ်ဆိုတဲ့ မူတွေအပေါ်မှာ အရင်ဆုံး ဆွေးနွေးတိုင်ပင်ပြီးတော့မှ ''ကဲ ဒါကတော့ဖြင့် ဒီလိုလုပ်ကြဖို့ သဘောတူတယ်'' ဆိုလို့ရှိရင် ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းကြမလဲဆိုတာကို ဒုတိယ ဆွေးနွေးစဉ်းစားကြရမယ်လို့ ထင်တယ်။

ဆိုတော့ အဲလို ကိစ္စမျိုးတွေကလည်း မှန်မှန်ပြောမယ်ဆိုလို့ရှိရင်တော့ NCUB ပါနေတဲ့ ၇ ဖွဲ့ပေါ့နော်။ သူလုပ်ကိုင်နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲလို အစည်းအဝေးပွဲတွေမှာတော့ အခုပြောနေတဲ့ အစိုးရ ဖွဲ့စည်းရေးဆိုတဲ့ ကိစ္စရပ်မျိုးကို တခါမှတော့ ချပြဆွေးနွေးတာတော့ မရှိဘူးပေါ့။ ဆိုတော့ အဲဒီလိုမျိုး ကျနော်တို့က လုပ်ငန်းစဉ်တွေကို ဘာတွေ အတူလုပ်ရင်ကောင်းမလဲ၊ အတူလုပ်လို့ ကောင်းတယ်ဆိုရင် ဒီလို အတူတူလုပ်ဖို့အတွက်ကို ဖွဲ့စည်းပုံက ဘယ်လိုမျိုး အတူတူဖွဲ့ကြရင် ကောင်းမယ်ဆိုတဲ့ကိစ္စမျိုး။ အဲလိုမျိုး စဉ်းစားတိုင်ပင်ပြီးတော့မှ လက်တွေ့ဖော်ဆောင်တဲ့ကိစ္စကို လုပ်သင့်တယ်လို့ထင်တယ်။ ကျနော်တို့ အဲလို ပြင်ဆင်မှုတွေ မလုပ်တဲ့ အခါကျတော့ ဒီအမြင်တွေကို တယောက်တမျိုး ပြောရတဲ့ အခါကျတော့ သဘောထားတွေ မညီမျှသလိုဖြစ်တာလေ။ ဒါ မှန်မှန်ပြောမယ်ဆိုရင်တော့ ကျနော်တို့ လှုပ်ရှားမှုအတွက်တော့ မကောင်းတဲ့ သက်ရောက်မှုဖြစ်တယ်လို့တော့ ကျနော်က ဒီလိုမျိုးပဲ ပြောချင်ပါတယ်။

နောက်တချက်က ဘာလဲဆိုတော့ ဒီလိုမျိုး လုပ်တယ်ဆိုလို့ရှိရင်လည်း ကျနော်တို့က အားလုံးပါအောင် တတ်နိုင်သမျှ သူတို့လည်း ပြောထားတဲ့ အတိုင်းပေါ့လေ ခိုင်မာကျယ်ပြန့်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ ကိုယ့်ဘက်ကနေပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ထားနိုင်တဲ့ အမြင်မျိုး ထားနိုင်မှသာလျှင် တကယ်ခိုင်မာတဲ့ဟာ ရမှာပါ။ အဲဒါမှ မဟုတ်ဘူးဆိုလို့ရှိရင်တော့ ကိုယ်နဲ့ သဘောတူတဲ့ လူတစုနဲ့ပဲ လုပ်ကြမယ်ဆိုလို့ ရှိရင်တော့ မြင့်မားတဲ့ ရည်ရွယ်ချက်ကို မရောက်ဘဲနဲ့ အစုအဖွဲ့လေးပဲ ဖြစ်လာတာကလွဲလို့ ဘာမှ ထူးခြားတဲ့ဟာမျိုး မဖြစ်ဘဲနဲ့ နေမှာစိုးရပါတယ်။ ဆိုတော့ ဒါက နည်းနည်း စိတ်ပူစရာကောင်းတဲ့ တခုပေါ့။

တတိယတခုက ကျနော်မြင်တာကတော့ အခုအချိန်မျိုးမှာ ကျနော်တို့က အလုပ်တွေကို ဘယ်လိုပူးတွဲပြီးတော့ ဆောင်ရွက်သွားမလဲဆိုတဲ့ ပုံစံမျိုးကို ပိုစဉ်းစားတာက ပိုပြီးတော့ လက်တွေ့ကျမယ်။ ဒီအချိန်မှာ ကျနော်တို့က ဖွဲ့စည်းမှုပုံသဏ္ဍာန်တွေကို ဟိုလူကောင်းတယ်၊ ဒီလူကောင်းတယ်နဲ့ ဆွေးနွေးနေပြီးတော့မှ အငြင်းပွားနေရမယ့် အချိန်မဟုတ်ဘူးလို့ ထင်တယ်။ ဖွဲ့စည်းပုံဆိုတာက အဆောက်အဦကိစ္စပေါ့နော်။ ဆိုတော့ အဆောက်အဦကိစ္စက အဓိက ကျတဲ့နေရာမှာ မရှိဘူးလို့ ထင်တယ်။ ဆိုတော့ အလုပ်တွေ ပေါ်လာတယ်ဆိုလို့ရှိရင် အလုပ်တွေ အပေါ်မှာ လေ့လာတယ်ဆိုလို့ရှိရင် အဆောက်အဦကိစ္စကတော့ အကာအရံကိစ္စပဲပေါ့နော့်။ ကျနော်တို့ ဘယ်လို တ၀င်းထဲမှာ အတူထိုင်ကြမလဲဆိုတဲ့ကိစ္စ ပြောကြတာဖြစ်တာကိုး။

နောက်တခုက အစိုးရဆိုတဲ့ကိစ္စ ပြောတဲ့အခါကျတော့ အခုရှိနေတဲ့ NCGUB ပေါ့။ အမျိုးသား ညွန့်ပေါင်းအစိုးရဆိုတာကို အခြေခံပြီး ပြောကြတာတွေလည်း ရှိတယ်။ ကျနော်တို့က လက်တွေ့အစိုးရဆိုတဲ့ ကိစ္စကို စဉ်းစားတဲ့အခါမှာ ကျနော်တို့က တရားဝင်ဖြစ်မှုပေါ့ Legitimacy ကို ကျနော်တို့က နအဖနဲ့ အပြိုင်လုပ်ချင်လို့ Legitimacy ကို ကျနော်တို့ လုပ်တာလား။ ဒါမှ မဟုတ်လို့ရှိရင် ကျနော်တို့ကနေပြီးမှ movement တခုလုပ်မှ ထောက်ခံမှုကို ရနိုင်မယ်။ Movement တခုလုံးကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်မှု တရပ်ကို ဖော်ချင်တာလားပေါ့။ ဆိုတော့ ဒီခေါင်းဆောင်မှုတရပ်ကို ဖော်ချင်တယ်ဆိုတဲ့ကိစ္စက ကျနော်မြင်တာကတော့ အစိုးရဖွဲ့စရာ မလိုဘူးလို့ ထင်တာပဲ။

ဆိုတော့ Legitimacy ကိစ္စကို ပြောမယ်ဆိုရင်လည်း ၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ NCGUB ဆိုတဲ့ ကိုယ်စားပြုဖို့၊ နောက်ပြီးတော့ အထဲထဲမှာ NLD, CRPP ဆိုတဲ့ ကိုယ်စားပြုမှုတွေ ရှိနေတာပဲလေ။ ဆိုတော့ ကျနော်တို့က ရှိနေပြီးသား Legitimacy ကို အခြေခံပြီးတော့မှ နအဖရဲ့ တရားမ၀င်မှုကို တုံ့ပြန်နေတဲ့ အင်အားစုတွေ ရှိနေပါလျက်နဲ့ ဘာဖြစ်လို့ ထပ်ပြီးတော့ ဒီလိုလုပ်ဖို့ လိုမလဲဆိုတဲ့ မေးခွန်းတခုက ကျနော်တို့က သေချာစဉ်းစား၊ ဆုံးဖြတ်ပြီးတော့မှ လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါက Legitimacy ပိုင်းကို လိုက်မယ်ဆိုရင်ပေါ့။

ဒါပေမဲ့ ဦးဆောင်မှုအပိုင်းကို တနေရာထဲမှာ စုထားဖို့ လိုတဲ့ဆိုတဲ့ စဉ်းစားချက်က ကောင်းတဲ့ စဉ်းစားချက်ပါ။ ကြိုလည်း ကြိုဆိုရမယ့် အချက်ပါ။ ဒါပေမဲ့ အဲလိုလုပ်မယ်ဆိုရင် အစောက ပြောသလိုပဲ တိုင်ပင်မှုတွေ ပြင်ဆင်မှုတွေ လုပ်သင့်တယ်။ နောက်ပြီးတော့ အရေးကြီးတာက လုပ်ငန်းပေါ် အခြေခံပြီးတော့မှ နောက် မူပေါ်မှာ အခြေခံတဲ့ စုစည်းမှုမျိုးကို လုပ်သင့်ပါတယ်။ ပြောချင်တာက ဘာလဲဆိုတော့ မူအရ သဘောမတူတဲ့ အုပ်စုတွေကို တနေရာထဲမှာ အတူတူ ထိုင်ခိုင်းထားလည်း အလုပ်ဖြစ်ချင်မှ ဖြစ်မှာကိုး။ ဟုတ်တယ်မလား။ အဲဒီတော့ မူအရ အပေါ်မှာ အခြေခံပြီးတော့ စုဖွဲ့မှုမျိုးကို လုပ်သင့်တယ်လို့ ထင်ပါတယ်။ အဲလို စုစည်းတဲ့ ခေါင်းဆောင်မှုဖြစ်ဖို့အတွက်က အစိုးရပုံစံအနေနဲ့ လုပ်သင့်တယ်လို့တော့ ကျနော်တို့က မမြင်ဘူး။ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်သင့်တယ်ဆိုတဲ့ အမြင်မျိုးကိုလည်း သူတို့ဘက်က ကျနော်တို့ကို ချပြရှင်းလင်းထားတာ မရှိသေးတော့လည်း ကျနော်တို့တော့ အကြောင်းစုံတော့ မသိရသေးဘူး။

မေး။ အခုလိုတွေ ဖြစ်နေတော့ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထောက်ခံ အားပေးမှုတွေက ဘယ်လိုဖြစ်လာနိုင်တယ်လို့ မြင်ပါလဲ။

ဖြေ။ ပြောရရင်တော့ လူတွေက စိတ်ပျက်ကြမှာပေါ့။ နဂိုတည်းကမှ မြန်မာပြည်ရဲ့ ပြောင်းလဲမှုတွေ ကြာနေလွန်းလို့ ဖြစ်စေချင်နေကြတဲ့ အသိုင်းအ၀ိုင်းတွေ အများကြီးပါ။ ဒါပေမဲ့ အဲလိုကြားထဲမှာ မဖြစ်လာနေလို့ အားမလိုအားမရ ဖြစ်ရတာကတပိုင်း၊ တပြိုင်နက်ထဲမှာပဲ ဒီဦးဆောင်ပါမယ်ဆိုတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာလည်း တယောက်တမျိုးတွေ ပြောဆိုလုပ်ကိုင်နေကြတဲ့ အခါကျတော့ ပိုပြီးတော့ စိတ်ပျက်စရာ အခြေအနေတွေ ဖြစ်တာပေါ့။ ဒါကတော့ အဲလိုပဲ ဖြစ်မှာပဲလေ။ ဆိုတော့ ဒါက ကျနော်တို့အတွက် စိတ်မကောင်းစရာ ကိစ္စရပ်တခုပေါ့။

မေး။ အခုလို ဖြစ်နေတာတွေက ၂၀၁၀ ရွေးကောက်ပွဲအတွက် လှုပ်ရှားနေတာတွေအတွက်ကရော ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်လဲရှင့်။

ဖြေ။ ။ ၂၀၁၀ အတွက်ကို အဓိကကတော့ ဘာလဲဆိုတော့ ကျနော်တို့က ဒီ Road Map နဲ့ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်သွားမယ်ဆိုတဲ့ မူကတော့ အသင်းတွေ အားလုံးကြားမှာ ညီပြီးသားပါ။ ဆိုတော့ ဒါကို ဆက်ပြီးတော့ ဆန့်ကျင်လှုပ်ရှားသွားရမှာပဲ။ ဆိုတော့ အဓိကက ဘာလဲဆိုရင် ၂၀၁၀ နောက်ပိုင်း ဖြစ်သွားလို့ ရှိရင်လည်း ဒီစစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုတဲ့ ကျနော်တို့ ပြောနေကျ တမတ်သား စစ်ဗိုလ်တွေပါတဲ့ အစိုးရပဲ ဖြစ်ပြီးတော့ တကယ့် ဗမာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။

ဆိုတော့ ဖြေရှင်းပေးနိုင်မှု မရှိလေလေ၊ ခုနပြောတဲ့ ဖိနှိပ်ခံရတဲ့ အခြေအနေတွေကနေ အုံကြွမှုတွေက ပေါ်လာတာဆိုတာမျိုးက ရှိနေမှာပဲ။ ဆိုတော့ ၂၀၁၀ ပတ်ဝန်းကျင် မတိုင်ခင်မှာလည်း ပြည်သူလူထု ရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပေါ်လာနိုင်သလို ၂၀၁၀ ကာလမှာလည်း ပြညသူလူထုရဲ့ ဆန္ဒတွေ ပေါ်လာနိုင်သလို ဘာမှ မဖြစ်လာသေးဘူးဆိုရင် ၂၀၁၀ ကျော်ပြီးတဲ့နောက်မှာ ဖိနှိပ်မှုကနေ ပေါ်ထွက်လာတဲ့ အုံကြွမှုဆိုတာတော့ ရှိတော့ ရှိနေမှာပဲ။

အရေးတကြီး စဉ်းစားနေကြရတဲ့ အလုပ်တခုက ဘာလဲဆိုတော့ အဲလိုဖြစ်လာမယ့် လူထုလှုပ်ရှားမှုကို ဘယ်လို နိုင်ငံရေး ဦးဆောင်မှုကနေ ဘယ်လိုနိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ လုပ်သွားပေးမလဲဆိုတဲ့ ကိစ္စကို ကျနော်တို့အားလုံးက ဆုံးဖြတ်ပြီးတော့မှ အဲဒီ ညီညွတ်တဲ့ ဦးဆောင်မှုကို လုပ်သွားဖို့ပါပဲ။

အဲဒါကို ရှိနေဖို့ကလဲ NCUB က ပြောတဲ့ စုစည်းညီညွှတ်မှုရှိတဲ့ ဦးဆောင်မှု ဆိုတာကိုလည်း ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဒါက ကျနော်တို့ တိုင်ပင်နေကြတဲ့ ကိစ္စပါပဲ။ ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကတော့ ၂၀၁၀ ပြီးလို့ရှိရင် ၉၀ ရွေးကောက်ပွဲရလဒ်ကြီး မရှိတော့မှာမို့လို့ ဒါကြောင့်မို့လို့ ကျနော်တို့က အစိုးရဖွဲ့ပြီးတော့မှ Legitimacy ထားသင့်တယ်ဆိုတဲ့ ဥစ္စာထက်၊ ကျနော်တို့ ၉၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ် မပြုသေးသရွေ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကိုလည်း အသိအမှတ်မပြုဘူးဆိုတဲ့ Legitimacy ကို နိုင်ငံရေးနဲ့ ကိုင်ထားတာ အနှစ်သာရ ရတယ်လို့ ကျနော် ပိုမြင်ပါတယ်။

နောက်တခုက ကျနော်တို့ ဒီလူထုတွေရဲ့ ခံစားနေရတဲ့ ဒုက္ခကို ပြောင်းလဲပေးနိုင်တဲ့ လှုပ်ရှားမှုနဲ့ နိုင်ငံရေး လမ်းစဉ်ပေါ့၊ ကျနော်တို့ဘက်က လမ်းပြမြေပုံပေါ့၊ အဲဒါတွေကို ကျနော်တို့က အဓိက ဖော်ဆောင်ပြီးတော့မှ ပြည်သူတွေကို ကောင်းမွန်တဲ့ သက်ရောက်မှု ရှိနိုင်တဲ့၊ ထပ်တူလည်း ဖြစ်နိုင်တဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်တွေ ဖန်တီးပေးမယ်။ ကျနော်တို့ ဒီတိုက်ပွဲကို ဆက်ဝင်နေဖို့ လိုတယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး နှိုးဆော်မှုကို လျစ်လျူရှူ မနေသင့်

Friday, 09 January 2009 12:27 ဧရာဝတီ
ရန်ကုန်မှ လာသည့် သတင်းများအရ အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ကို အကျဉ်းကျ ခံနေရရာ ခြံတွင်း၌ တကိုယ်တည်း ကျင်းပဆင်နွှဲ ခဲ့ရသော်လည်း ယခုနှစ်တွင်တော့ တိတ်ဆိတ်၍ မနေခဲ့ဟု ဆိုပါသည်။

၂၀၀၃ ခုနှစ်ကတည်းက သော့ခတ်ပိတ်ဆို့ထား ခံနေရသည့် ခြံတံခါးနောက်ရှိ သူ၏အိမ် ထဲတွင် နိုဘဲငြိမ်းချမ်းရေးဆုရှင်က လွတ်လပ်ရေးတိုက်ပွဲဝင်ကာလက သီချင်းများ ကျယ်လောင်စွာ ဖွင့်၍ ရှိနေခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်များက ပြောပြကြသည်။

ဒေါ်စုက အနီရောင် နောက်ခံပိုစတာတွင် အ၀ါရောင်ဆေးဖြင့် သူ၏ဖခင် လွတ်လပ်ရေးတိုက်ပွဲဝင် ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် "တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကိုရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ" ဟု ရေးထားသည်ကိုလည်း အိမ်ရှေ့မှပင် မြင်ကြရ သေးသည်။

ရန်ကုန်မြို့နေ လူထုများအကြားနှင့် သံတမာန်အသိုင်းအ၀ိုင်းတွင်မူ ယခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ နိုင်ဖွယ် ရှိသည်ဟု ကောလာဟလများလည်း ပျံ့နှံ့နေသေးသည်။ အကယ်၍ ဒေါ်စုသာ ပြန်လွတ်လာခဲ့ပါက ဖြစ်ပေါ်လာ သည့် မေးခွန်းမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင် သူ၏ လုံခြုံရေးကို မည်သူက အာမခံပါမည်နည်း။ မေးခွန်းထုတ် စရာ ရှိနေသည်။

လူအများက စိုးရိမ်နေကြသည်မှာ ဒေါ်စုက အန်တုလှုပ်ရှားမှုများ ပြန်လည်စတင်လာပါလျှင်လည်း စစ်အစိုးရနှင့် လက်ပါးစေ လက်မရွံ့များအတွက် ဒေါသဖြစ်ဖွယ်၊ နောက်တကြိမ်ပစ်မှတ်ထား တိုက်ခိုက်ဖွယ် အကြောင်းဖြစ်နေသည်ဟု မြင်၍ စိုးရိမ်ပူပန်နေကြသည်။ အချို့သော အနောက်တိုင်းသံတမာန်များကပင် ဒေါ်စု လုံခြုံရေးကို အာမခံနိုင်ရန် တဖြည်းဖြည်း လွတ်လပ်ခွင့်များပေးလာသည့် ပုံစံမျိုးကို အကြံပြုပြောဆိုနေကြသည်။

ဧရာဝတီမဂ္ဂဇင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးကြည်ဝင်းတို့ လွန်ခဲ့သည့် တနင်္လာနေ့က တွေ့ဆုံမေးမြန်း နိုင်ခဲ့ရာ၊ ဒေါ်စုကို တွေ့ဆုံရန် တင်ပြတောင်းဆိုချက်ကိုပင် အာဏာပိုင်များက ယခုတိုင် အကြောင်းမပြန်သေးကြောင်း ပြောပြခဲ့သည်။ သို့သော်လည်း ဒေါက်တာတင်မျိုးဝင်းကို ဇန်န၀ါရီလ ၁ ရက်နေ့တွင် တွေ့ဆုံခွင့် ပေးခဲ့ပြီး၊ သူက ဒေါ်စု ကျန်းမာစွာ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဆရာဝန်နှင့် မတွေ့မီ ၂-ရက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်လူငယ် ၉ ဦးက ဒေါ်စုလွတ် မြောက်ရေးအတွက် ရန်ကုန်မြို့တွင် လမ်းလျှောက်ဆန္ဒပြကြသည့်အတွက်လည်း ဖမ်းဆီးခံခဲ့ရသေးသည်။ ထိုသူများ၏ တောင်းဆိုချက်မျှသာ မဟုတ်ပါ။ ထင်ရှားသည့် နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာမိသားစု၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အကြိမ်ကြိမ်တောင်းဆိုချက်များကိုလည်း စစ်အစိုးရက မကြားချင်ယောင်ဆောင် လျစ်လျူပြုထားခဲ့ သည်။

တနှစ်ဆန်းလာသော်လည်း မြန်မာနိုင်ငံ၏ အနာဂတ်က မရေရာ မသေချာရှိနေဆဲပင် ဖြစ်သည်။ လွတ်လပ်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေက "လက်ငင်းကာလနှင့် အနာဂတ်အတွက် နိုင်ငံ၏ အခြေအနေမှာ မျှော်လင့်ချက် လုံးဝ ကင်းမဲ့နေရသည်" ဟု ဆိုခဲ့သည်။ သူ၏ အကဲဖြတ်ချက်ကို ကျန်သည့်မြန်မာ နိုင်ငံသား အများစုကလည်း သဘောတူလက်ခံကြပါသည်။

သို့သော်လည်း စစ်အစိုးရ၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပေးပို့လာသည့် လွတ်လပ်ရေးနေ့ သ၀ဏ်စကား တွင်တော့ ဤအမြင်နှင့် ဆန့်ကျင်နေပါသည်။ ဗိုလ်ချုပ်သန်းရွှေက "နိုင်ငံတော်၏ လမ်းပြမြေပုံ ၇-ဆင့် အောင်မြင်ထမြောက်စေရေးအတွက် ပြည်ထောင် စုစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမို ကရေစီနိုင်ငံတော်သစ်ကြီး တည်ထောင်ရန် သံန္နိဌာန်ပြု ပိုင်းဖြတ်ထားကြောင်း" ပြည်သူများကို သ၀ဏ်လွှာပါးခဲ့သည်။

ဗိုလ်ချုပ်သန်းရွှေက ယခုနှစ်သတင်းစကားတွင် မြန်မာနိုင်ငံ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေကြသည့် အနောက်နိုင်ငံများကို ယခင်ကာလက ရည်ညွှန်းပြောဆိုခဲ့သလို "ကိုလိုနီလက်သစ်ဝါဒီများ" ဟု ထပ်မံစွပ်စွဲပြောဆိုမှုများ လည်း ရှိခဲ့သည်။

"နိုင်ငံသားအားလုံးသည် အမိမြေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး ရန် ကြိုးပမ်းနေသည့် ကိုလိုနီလက်သစ်ဝါဒီများကို သတိထားစောင့်ကြည့်ရန်လိုကြောင်း..." လည်း သူက ပြောဆိုခဲ့သည်။

နိုင်ငံတော်အကြီးအကဲ ဖြစ်သူနှင့် ဇနီးက ပုံမှန်တည်ခင်းဧည့်ခံလေ့ရှိသည့် လွတ်လပ်ရေးနေ့ညစာစားပွဲတွင် မတက်ရောက်ဘဲရှိနေသည်ကို ထူးထူးခြားခြား တွေ့ကြရသည်။ သို့သော်လည်း လွတ်လပ်ရေးနေ့မတိုင်မီ အစောပိုင်း ရက်သတ္တပတ်များက နာဂစ်မုန်တိုင်းသင့်ဒေသများကို ခရီးလှည့်လည်နေခဲ့သည်ကို တွေ့ကြရပြီး၊ လွန်ခဲ့သည့် ဒီဇင်ဘာလ မေမြို့ရှိ ကာကွယ်ရေးစစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲ၌ မိန့်ခွန်းပြောခဲ့သည်ကိုလည်း တွေ့ခဲ့ကြရသေးသည်။

ဤသို့ လွတ်လပ်ရေးညစာစားပွဲတွင် ဗိုလ်ချုပ်သန်းရွှေ ပျက်ကွက်နေသည့်အတွက်ကြောင့် လေ့လာသူများက ဗိုလ်ချုပ် သန်းရွှေ နာမကျန်း၍လော၊ သို့မဟုတ် ခရီးပန်းနေ၍လောဟူ၍လည်း သို့လောသို့လော စောကြောခဲ့ကြသေးသည်။ သို့ မဟုတ် သူပြောသည့် "လမ်းပြမြေပုံ"ကို ထောက်ခံသူ အနည်းအကျဉ်းမျှသာ ရှိ၍ စိတ်ဓါတ်ကျဆင်းနေခြင်းလည်း ဖြစ်နိုင် ပါသေးသည်။

မည်သည့်အကြောင်းကြောင့် ဗိုလ်ချုပ်သန်းရွှေ ညစာစားပွဲ တက်ရောက်ရန် ပျက်ကွက်သည်ဖြစ်စေ၊ သူ့ကို နိုင်ငံရေးစင်မြင့် တွင် တွေ့ရနည်းလေ၊ နိုင်ငံအတွက် ကောင်းလေပင် ဖြစ်ပါသည်။ နောက်ထပ်မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များ က ပိုမိုတာဝန်ယူသင့်နေပြီဖြစ်ပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။

ဤသို့ စိတ်ပျက်ခံစားရဖွယ် အခြေအနေများ ရှိနေသော်လည်း၊ မြန်မာပြည်သူများအနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ သာယာဝပြောမည့်အရေးအတွက် ယုံကြည်ထားချက်များ လုံးဝ ပျက်ပြားမသွားသင့်သေးပါ။

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အကြိုတွင်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်သူများ ဗြိတိသျှကိုလိုနီလက်အောင်မှ လွတ်မြောက်ခဲ့သည့် ၆၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ကောင်းမွန်ပျော်ရွှင်ရှိစေ ကြောင်း ဆန္ဒပြုသည့် ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။

"ဤနေ့ အခါသမယတွင် မြန်မာပြည်သူများအတွက် မိမိတို့က အနွေးထွေးအလှိုက်လှဲဆုံး ဆန္ဒမွန်ပြုလိုပါသည်" ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။ "ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သည့် လွတ်လပ်ရေးတိုက်ပွဲကို မိမိတို့ ပြန်၍ကြည့်သည့်အခါ မိမိတို့ (အမေရိကန်ပြည်ထောင်စု) နိုင်ငံ၏ သမိုင်း ကိုလည်း ပြန်လည်အမှတ်ရစေပါသည်" ဟု ဆိုခဲ့သည်။

ဤကြေညာချက်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ် ရေးအပေါ် မြော်မြင်ချက်များ၊ ငြိမ်းချမ်းပြီး ဒီမိုကရေစီရှိသည့် မြန်မာနိုင်ငံဖြစ်ထွန်းလာစေရေး မြော်မြင်ချက်များနှင့်အတူ တကွ ရပ်တည်ပါကြောင်း ဖော်ပြခဲ့သည်။

၎င်းကြေညာချက်တွင်ပင် အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အသီးအပွင့်ရလဒ် များခံစားနိုင်မည့်နေ့ကို ရည်မျှော်ဆန္ဒပြုကြောင်းလည်း ဖော်ပြခဲ့သည်။ "ဤသို့နေ့သစ်များ မကြာမီဖြစ်ပေါ်လာမည်ဟု မိမိ တို့က စိတ်အားထက်သန်စွာ မျှော်လင့်ပါသည်" ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း လက်တွေ့တွင်မူ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုက စိတ်ပျက်ဖွယ်ပင် ဖြစ်နေသည်။ ဦးအောင်ရွှေပြောကြားခဲ့သည့် စိတ်ပျက်ဖွယ် သုံးသပ်ချက်ကို လူအနည်းစုကသာ တုံ့ပြန်ငြင်းဆိုကြမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ဒေါ်စုက အိမ်တွင် ပိုစတာတင်ထားသည်၊ သီချင်းများ ဖွင့်ထား၍ လွတ်လပ်ရေးပွဲကို တကိုယ်တည်း ကျင်းပနေခဲ့သည်ဟူသော သတင်းများကပင် အချို့သောသူများအတွက် မျှော်လင့်ချက်အင်အား ဖြစ်စေပါသည်။ သူက ပိုစတာတွင် ရေးသားထားသည့် "တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကိုရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ" ဟူသော သတင်းစကားသည်ပင် မြန်မာနိုင်ငံသားများစွာက အဓိပ္ပါယ်ရှိလွန်းလှသည်ဟု ကောက်ယူအားတက်နေကြပါ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှိ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသို့ တိုက်တွန်းစကားဖြစ်သည်ဟု ယူဆနေကြ သည်။

ဝေဖန်သူများက ပြောဆိုကြရာတွင် လွန်ခဲ့သည့် နှစ်-၂၀ ကာလအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အခွင့် အလမ်းများ ရသော်လည်း ရယူဆုပ်ကိုင်ရန် ပျက်ကွက်ခဲ့သည်၊ ပြတ်ပြတ်သားသား မဆောင်ရွက်နိုင်ခဲ့ကြဟု ဆိုကြပါ သည်။ သူတို့က သူတို့ပါတီတည်မြဲရေးအတွက်သာ ရပ်တည်လှုပ်ရှားနေသည်ဟု ဆိုခဲ့ကြသည်။

၂၀၀၇ ခုနှစ်၊ "ရွှေဝါရောင်တော်လှန်ရေး" ကာလတွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုအုံကြွမှု နောက်မှ နောက် မြီးဆွဲ ဖြစ်နေခဲ့ပြီး၊ သံဃာများနှင့် တက်ကြွလှုပ်ရှားသူများက ရဲရင့်စွာ ရှေ့မှဦးဆောင်တိုက်ပွဲဝင်ခဲ့ကြပါသည်။ ယခုကာလ ဗိုလ်ချုပ်သန်းရွှေက "လမ်းပြမြေပုံ" နှင့် "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ" ကို အကောင်အထည်ဖော်ရန် စိုင်းပြင်းနေ သည့် သေရေးရှင်ရေးအချိန်မှာပင် သူတို့က ဘေးမှထိုင်၍ ကြည့်နေကြသည့်နှယ် ရှိနေပြန်သည်။

၂၀၀၉ ခုနှစ်၊ နှစ်သစ်ကူးက စိတ်ပျက်ပြားဖွယ်ရာ သတင်းများနှင့် စခဲ့သော်လည်း၊ ဒေါ်စုကတောင်းဆိုခဲ့သည့် ပိုစတာစာသားက မြန်မာနိုင်ငံသားထု တရပ်လုံး ကို နှိုးဆော်လှုတ်ခတ်စေခဲ့ပါသည်။ ထိုမျှမက စစ်တပ်အတွင်းရှိ တပ်မတော်သားအားလုံးနှင့် ကမ္ဘာ့ခေါင်းဆောင်များ၊ နိုင်ငံတကာ မိသားစုများကိုပါ လှုပ်နှိုးတိုက်တွန်းလိုက်သော သတင်းစကား ဖြစ်နေပါတော့သည်။ ။