Thursday, January 15, 2009

ပြည်ပမှာလို့....

Photobucket


ရော့....ရော့....ရော့....ယုံရင်ယူ...
၁၉၈၈ မှသည်=>2010


ဆွေးနွေးခန်း.....

မေး - အခုတလောကြားရတဲ့ သတင်းတွေက နအဖ က လုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုပါလား။

ဖြေ - အေးဗျာ အန်အယ်ဒီ ကလူတွေ လဲ ဒီကိစ္စ ကို စဉ်းစားနေကြမှာပေါ့။ ဒါပေမဲ့ဗျာ ရွေးကောက်ပွဲ မ၀င်ဖို့ တော်တော်လေး ပြောနေကြတယ်။ ခင်ဗျား သိတဲ့အတိုင်းပေါ့ ဒီအခြေခံ ဥပဒေ ဟာ တရားဝင်အောင် တရားမ၀င်လုပ်ထားတဲ့ဟာ။ အန်အယ်ဒီ က တချိန်လုံး ကန့်ကွက်ခဲ့တဲ့ ဥပဒေလေဗျာ။ ၂၀၁၀ ရွေးကောက်ပွဲ ဟာ ဒီ ဟာကို အခြေခံထားတော့ ဘယ်လိုနည်းနဲ့ မှ တရားမျှတ တဲ့ ရွေးကောက်ပွဲမဟုတ် တာသေချာ ပြီပေါ့ဗျာ။

မေး - ဒါပေမဲ့ ၉၄ ရာနှုန်းလောက် ထောက်ခံထားတဲ့ ဥပဒေ လို့ နအဖ ကပြောနေတော့ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်ဗျာ။ ဒီဟာ မဟုတ်မှန်း လူတိုင်းသိရက်နဲ့။ တကယ်လို့များ ဒီလိုအချိုးမျိုး ၂၀၁၀ မှာ ချိုးလာခဲ့ရင်ကော။


ဖြေ - တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းဗျာ။ ခင်ဗျားပြောသလို ဖြစ်မလား စဉ်းစားကြရအောင်။ လောလောဆယ်မှာ နအဖ ဟာ အခြေခံဥပဒေ မှာလောက် ထောက်ခံမဲရနိုင်မဲ့ ပါတီမထောင်နိုင်သေးဘူးဗျ။ ကြံဖွံ ကလည်းဒီလောက် အားမကောင်းသေးဘူး။ နာမည်ပျက်တောင်ရှိနေပါတယ် လို့ သူတို့ပြောနေကြတာ။ ဒီလိုအခြေအနေမျိုးမှာ ကြံဖွံကို ပါတီဖွဲ့ အနိုင်ပေးလိုက်ရင် တရားမမျှတမှူဟာ လယ်ပြင်မှာ ဆင်သွားသလိုပေါ့ဗျာ။ ဗိုလ်ချုပ်ကြီးတွေ က ဒီလောက်ရဲတင်းရင်တော့ အတိုက်အခံ အင်အားစုကို လျှော့တွက်ရာရောက် လွန်းတယ်ထင်သဗျာ။


မေး - ဒါပေမဲ့လဲ ၂၀၁၀ ဆိုတာ အန်အယ်ဒီ အတွက် တုံပြန်ဖို့ အချိန် သိပ်နည်းလွန်းတယ် ဆိုတာကိုရော။


ဖြေ - ဒါပေါ့ဗျာ ဦးဝင်းတင် ပြောသွားတဲ့ အထဲမှာ ဗိုလ်ချုပ်ကြီးတွေ ခေါင်းမာလွန်းတော့ သူတို့ ရှေ့ကိုဆက်ပြီး အပြောင်းအလဲ ကိုဖန်တီးဖို့ ခက်နေတယ်လို့ အဓိပ္ပါယ်ရတဲ့ စကားမျိုးပြောတာလို့ ကျွန်တော်ယူဆတယ်။ နအဖ ကတော့ ရွေးကောက်ပွဲ လမ်းကိုရွေးချယ်ပြီး သွားပြီဗျ။ အန်အယ်ဒီ အတွက်ကဒီလမ်းဟာ အောင်မြင်ရေးလမ်းကြောင်း မဟုတ်တာသေချာတယ်။ အခြေခံဥပဒေ ကိုက နအဖစိတ်ကြိုက်ဖြစ်နေတာကိုး။ ဒီရွေးကောက်ပွဲ မအောင်မြင်အောင် ပြည်သူကပဲ လုပ်နိုင်တော့ ကံကြမ္မာ ကို ဖန်တီးနိုင်စွမ်းက အန်အယ်ဒီလက်မှာမရှိဘူးဖြစ်နေတယ်။ တကယ်တမ်းလဲ နအဖ ကအင်အားသုံးပြီး လုပ်ရင် အခြေခံဥပဒေ မှာလို ဇွတ်ဖြစ်အောင်လုပ်နိုင်စွမ်း ရှိနေတယ်။ ဒီအချက်ကို အားကိုးပြီး သူတို့က၂၀၁၀ ကိုသွားချင်နေတာဗျ။ ၂၀၀၉ ခုနှစ် နအဖ လှမ်းမဲ့ခြေလှမ်းကို ကြည့်ပြီး အန်အယ်ဒီ ကတုန့်ပြန်ဖို့ စဉ်းစားနေဟန်တူတယ်။ ခက်တာက နအဖ ကိုယ်တိုင်လည်း ပါတီကို ၁ နှစ်ထဲနဲ့ ထူထောင်ပြီး လူထုထောက်ခံ မှူများများ ရအောင် အစွမ်းအစ မရှိတဲ့လူတွေချည်းဆိုတော့။


မေး - ခင်ဗျားဆိုလိုတာ က ဒီအခြေခံဥပဒေ ဟာ...


ဖြေ - အေးဗျ၊ ကျွန်တော်တို့ မှားခဲ့တဲ့ အမှားတစ်ခုပေါ့ဗျာ၊ ဒါကြောင့်ပေါ့ဗျ နအဖ က နာဂစ်ဖြစ်နေတဲ့ကြားက သူသေကောင်ပါးစပ် ထဲကပါ ထောက်ခံမဲယူခဲ့တာ။ ဒီဟာက ဘယ်လောက်အရေးကြီးတယ်ဆိုတာ၊ ကျွန်တော်တို့ ဒုက္ခရောက်တုန်း ဖျာခင်းခံခဲ့ရတာ။ ပြီးခဲ့တာကို ပြင်ဖို့အတွက် အခုတော်တော်လေး ခက်နေတယ်ဗျ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် က သူတို့ကိုစူးနေသလို၊ ဒီဟာကလည်း အန်အယ်ဒီ အတွက် အကျဉ်းအကြပ်ထဲ ရောက်စေတယ်။


မေး - လူထုက ဒီဥပဒေကို လက်မခံပါဘူးဆိုရင်ကော။


ဖြေ - ခင်ဗျားပြောတာ အကောင်အထည်ပေါ်ဖို့ တော်တော် ခက်တယ်ဗျ။ တတိယမြောက် ကြားဝင်ပေးမဲ့သူလိုတယ်။ ခက်တာ ကုလသမဂ္ဂကလည်း နှာစေးနေတယ်ဗျ၊ လူထုကအခြေခံဥပဒေ ကိုလက်မခံဘူးဆိုတာလဲ ရင်ထဲမှာပဲရှိပြီး ဖော်ထုတ်ရခက်နေတယ်၊ ပြည်ပ မီဒီယာတွေကလည်း ပြည်တွင်းကတက်ကြွလှုပ်ရှားသူတွေကို ထောင် ဘယ်နှနှစ်ချလိုက်ပြီ ဆိုတာပဲဖောဖောသီသီ ရေးပြနေလေတော့၊ ဒီကလုပ်ရမဲ့သူတွေ ခက်နေကြတာပေါ့ဗျာ၊ ခင်ဗျား ကြည့်ကြည့် သူတို့က နအဖ ရဲ့ မီဒီယာတိုက်ပွဲမှာ ကျနေကြတာဗျ၊ ရန်သူစခန်းသွားတိုက်ရင် ကိုယ့်ဘက်လူတွေကျမှာပဲ။ အဆုံးအရှုံးတွေပဲဖော်ပြနေရင် စိတ်ဓါတ်ပိုင်းဆိုင်ရာ တိုးတက်လာအောင် ဒီသတင်းတွေက မလုပ်ပေးတာတော့ သေချာတယ်ဗျ။ ခင်ဗျားပြောသလိုဖြစ်ဖို့ ဆိုရင် အန်အယ်ဒီ ကို လူထုစည်းရုံးရေး သေသေချာချာလုပ်စေပြီး အခြေခံဥပဒေ ကို နအဖ စိတ်ကြိုက် မဖြစ်စေဖို့ ပြင်ရမယ်ဗျ၊ နအဖ ကလည်းဒီကိစ္စကို အစွမ်းကုန် ကာကွယ်မှာပဲ။ အန်အယ်ဒီ ကို ချုပ်ထားတာပဲကြည့်၊ ကျွန်တော်တို့ အခု လုပ်ရမှာက ပြည်ပကလှုပ်ရှားသူတွေရော ပြည်တွင်းကလူတွေရော ပေါင်းပြီး ကျဉ်းမြှောင်းလှတဲ့ နအဖ ဥပဒေလမ်းကြောင်း အတွင်းကနေ သူတို့ရဲ့ ဟာကိုစက္ကူစုတ်ဖြစ်အောင် လုပ်ဖို့ပဲဗျ၊ ဒီလိုလုပ်ရင်း နဲ့ နအဖ ကရာဇ၀တ်မှုအမှားတွေ ကျူးလွန်လာမှ လက်ထိပ်ပိုင်ပိုင်ခတ်ရမှာ၊ သူတို့ကို သွေးရူးသွေးတန်း ဖြစ်စေမှာ ဒီနည်းကအသေအချာပေါ့ဗျာ၊


မေး - ခင်ဗျားဆိုလိုတာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုမှာ လိုလား။


ဖြေ - အဲဒီလိုမျိုး ပြန်ဖြစ်ဖို့ကတော့ တော်တော်လေးကို ခဲယဉ်းတယ်။ ဒါပေမဲ့ဘယ်သူပြော နိုင်လဲ၊ အဓိကကျတာ နအဖ ကိုများများမှားအောင် လုပ်ဖို့ပဲဗျ၊ အခုဟာက အသံတွေကထွက်နေတယ် မညီကြလို့သာ၊ ထိုင်းကို ဂက်စ်တွေရောင်းတုန်းက အိမ်တွေရွှေ့ရတော့ တခါ၊ နာဂစ်မှာ လူမဆန်တုန်းက တခါ၊ တရုပ်နို့မှုန့်တွေ ကိစ္စတုန်းက တခါ၊ အခြေခံဥပဒေ ကို မဲလိမ်တုန်းက တခါ အဲဒီအမှားတွေ တုန်းက ရတဲ့အခွင့်အရေးတွေ ယူခဲ့ရမှာ၊ နောက်ထပ် အများကြီးရှိသေးတယ်ဗျာ။ အသံမညီခဲ့လို့ဗျ သေးသေးအမှားတွေက အစ အခွင့်အရေးယူတတ်ရမှာ၊ ၈၈ စခဲ့သလိုမျိုးပေါ့။ နောက်ပြီး စီးပွားရေးအရ အသံတိတ် သပိတ်မှောက်ရမှာ၊ ဒါမျိုးတွေက ပြည်သူကို မျက်စေ့ ဖွင့်ပေးပြီး ကြိတ်ကြိတ် စည်းရုံးရေးလုပ်ရမဲ့ဟာတွေလေဗျာ။ အစိုးရနဲ့ အစိုးရကိုပေါင်းစားနေတဲ့ဟာတွေ ကို တတ်နိုင်သမျှအသံတိတ် သပိတ်မှောက်ကြဖို့ပဲ။ ငွေရှိတဲ့လူတွေက နာဂစ်ကလူတွေ ကူညီသလို ကူညီပြီး ရပ်ကွက်ထဲထိ စည်းရုံးရေးလုပ်ကြဖို့ဗျ။


မေး - ခင်ဗျားပြောတာလေးတွေကတော်တော် စိတ်ဝင်စားဖို့ကောင်းတယ်ဗျ၊ ဒါပေမဲ့ စွမ်းအားရှင် ဆိုသူတွေနဲ့ ရဲက ဒီလိုလူထု အုံကြွမှူကို ထိမ်းသိမ်းမယ်ဆိုတော့ နအဖ က လွတ်ကင်းရာ ရောက်မနေဘူးလား။


ဖြေ - ကျွန်တော်တို့ ပြည်သူတွေမှာ ဒါလဲဒုက္ခဗျ၊ ဒီကောင်တွေက တရားဥပဒေ အပြင်ဘက်ကဟာတွေဆိုတော့ ရင်ဆိုင်ရတာခက်တယ်ဗျ၊ ရပ်ကွက်က လူတွေညီပြီး လှိုင်သာယာကလို ပညာပေးပြန်ရင်လည်း၊ အကောင်းဆုံးက လူတွေကျပ်တည်းကြတော့ စုစည်းလို့မရဖြစ်နေတာ၊ လူမှုလုပ်ငန်းတွေ များများလုပ်ရင်း စည်းရုံးမှဗျ။ ချော့တန်ချော့ ခြောက်တန်ခြောက်နဲ့ ဒီလူတွေကိုလည်း နအဖနဲ့ သွေးခွဲပေးမှတော်မယ်။

မေး - ခင်ဗျားပြောပုံက ဒီ (စွမ်းအားရှင်) ကိစ္စ က သေး မလိုနဲ့ အရေးအဲသလောက် ကြီးသလိုပဲ။ နောက်ပြီး ခင်ဗျားက ရန်ကုန်လောက် ပဲ အလေးထားတဲ့လေသံ၊ မိတ္ထီလာ လိုဘက်မှာဆို ပြည်သူတွေညီပါ့ဗျာ။ တိုင်းပြည်တခြားနေရာတွေမှာ ဒီကောင်တွေ မရှိပါဘူး။

ဖြေ - ခင်ဗျားဘာကို ကြည့်ပြောလဲ ကျုပ်သိပါတယ်၊ ဒီဗွီဘီ လို ၀က်ဆိုက်က နယ်က လှုပ်ရှားမှုလေးတွေ ကို ဒီလိုတရေးတယူလုပ်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘယ်မှာလဲ ထိရောက်တဲ့ကူညီမှု၊ နယ်တွေမှာ ဒုက္ခတွေခံနေရတာဗျ။ အစိုးရကိုမုန်းလိုက်တာမ ကြံဖွံ လိုအသင်းမျိုးတောင် ထိထိရောက်ရောက် စည်းရုံးလို့မရဘူး။ ဒီအစိုးရကလည်း သတင်းဆက်သွယ်ရေးညံဖျင်းတာကို အခွင့်ကောင်းယူပြီး နယ်ကလူတွေကို နှိပ်စက်နေကြတာ။ စီးပွားရေး အရလဲ ခေါင်းပုံဖြတ်လို့ကောင်းလိုက်တဲ့အမျိုး၊ သိပ်ဝေးဝေး မကြည့်နဲ့ ဧရာဝတီတိုင်း လိုနေရာမှာတောင် ရန်ကုန်ထက်စာရင် လူ့အခွင့်အရေးတွေ အများကြီး ချိုးဖောက်ခံနေရတာ။ အန်အယ်ဒီ ကလူတချို့လဲ အဲဒီကို သွားကူညီပေးဖူးတယ်၊ ဒါပေမဲ့ ဒီဟာကို လူထုစည်းရုံးရေး အသွင် မဖန်တီးနိုင်ကြသေးဘူးဗျ။ နယ်တွေမှာရှိတဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ နှိပ်စက်ညှဉ်းပမ်းမှုတွေကို မီဒီယာတွေက ဒီထက့်ဖော်ထုတ်ခွင့်ရရင် ကောင်းမယ်ဗျာ။ အခုတော့ခံရတဲ့ ဆွေမျိုးသားချင်းလောက်ပဲသိပြီး မကြေမနပ်ဖြစ်နေကြရတာဗျ။

မေး - ခင်ဗျားရဲ့ ဟာက ဒုက္ခရောက်နေတာ တောင် အခွင့်ကောင်းယူပြီး စည်းရုံးရမလိုပဲ လူသားခြင်းစာနာမှုသက်သက် အသင်းတွေက ခင်ဗျားဟာ သူတို့ကူညီနေတာကိုတောင် အရောင်ဆိုးသူ ထင်ကြလိမ့်မယ်။

ဖြေ - နအဖ ကလည်းဒါကိုကြောက်တာလေဗျာ၊ ဒါကြောင့် ငရဲကြီးမယ်ဆိုတာ သိရက်နဲ့ သူများတွေ ကူညီနေတာကို ပုတ်ချနေတာပေါ့ဗျ၊ ခင်ဗျား ဒီဟာက ဘယ်လောက် အန္တရာယ်ကြီးလဲ ခန့်မှန်းကြည့်ပေါ့ဗျာ၊ အခွင့်အရေးဆိုတာ ယူတတ်မှဗျ။ လူတွေကိုကူညီရမယ်၊ ဒုက္ခတွေကို တတ်နိုင်သလောက်ကူညီ မှ၊ ပြည်ပက လူတွေလဲ နားလည်အောင် နားချ၊ အစိုးရအလုပ်လုပ်သူတွေ ကိုလည်းဖြောင်းဖြ၊ လူမှုကူညီရေး အသင်းလေးတွေ က စပြီး ဆန့်ကျင်မှုကို မွေးယူကြရမှာ။ လူတွေမှာ အစိုးရကို မကြေနပ်ချက်ကလေးတွေရှိပြီးသား၊ စည်းစည်းလုံးလုံးဖြစ်ဖို့ အချင်းချင်းတတ်နိုင်သလောက် ထောက်ပံကြဖို့ပဲ လိုတာ။ လမ်းမပေါ် ထွက်ပြီး ဆန္ဒပြတဲ့နည်းက မအောင်မြင်နိုင်သေးဘူးဗျ၊ ၂၀၀၇ တုန်းက စမ်းကြည့်ပြီးပီ။ ကျွန်တော်တို့မှာ ဒီထက်ပိုတောင့်ခံနိုင်အောင် ပြည့်ဝနေဖို့လိုတယ်လေ၊ အရေးအကြီးဆုံးက ဒီယန္တရား ကြာကြာရပ်သွားအောင်လုပ်ဖို့ပဲ၊ အခုရှိနေတဲ့ အသင်းအဖွဲ့လေး တွေ သူတို့ဘယ်လောက်အရေးကြီးတဲ့နေရာမှာ ရှိနေလဲ ကိုယ့်ကိုကို သိဖို့၊ သူတို့ကို ထိထိရောက်ရောက် အကူအညီပေးကြဖို့၊ အမျိုးသားစည်းလုံးရေးနဲ့ အစိုးရဆန့်ကျင်ရေးကို ဒုတိယရည်မှန်းချက် အနေနဲ့ လုပ်ကြဖို့ လိုတယ်။

မေး - ဒီအသင်းလေးတွေက တကွဲတပြားစီဆိုတော့ ခင်ဗျားပြောသလိုလုပ်ဖို့ ထင်သလောက်မလွယ်လောက်ဘူးနဲ့တူတယ်။ ဘယ်သူကသူတို့ကို စုစည်းပေးမှာလဲ၊ နအဖ ကရော မသိဘူးတဲ့လား။

ဖြေ - ခင်ဗျား ပြောတာ လျှိ့ဝှက် အသင်းတွေနဲ့မြေအောက်လှုပ်ရှားမှုတွေဆိုရင်တော့ အသိခံလို့ မဖြစ်ဘူးပေါ့ ဒါပေမဲ့ ကျွန်တော်ပြောတဲ့ အထဲမှာပါ ပါတယ် ဒုတိယ ဦးစားပေးအနေနဲ့လုပ်ဖို့၊ လစ်ရင်လစ်သလိုပေါ့ဗျာ၊ လူငယ်တွေပိုနားလည်ပါတယ်။

မေး - အေးဗျာ အခု ခေတ်ကို မီအောင်လိုက်နေတာ ဆိုတော့၊ မီဒီယာ တွေ၊ မီဒီယာ သမားတွေ အားလုံး ညီညီညွတ်ညွတ် နဲ့ ဆန့်ကျင်ရေး တရားကို ရဲရဲဟောမ တော်မယ် ထင်တယ်။ ဒါပေမဲ့ဗျာ အခုတလော အစိုးရကိုဖော်လံဖားတဲ့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ တယ်သောင်းကျန်းပါလား။

ဖြေ - ထုတ်ဝေခွင့်ပေါ့ဗျာ၊ ဒါပေမဲ့ပြည်သူတွေကသာ ညီညီညွတ်ညွတ်နဲ့ ၀ယ်မဖတ်ကြရင် ဒီအသံတွေဆူနေလဲ ခွေးဟောင်သံလောက်တောင် လူတွေဂရုစိုက်မိမယ် မထင်ပေါင်ဗျာ။

မေး - စီးပွားရေးသမားတွေ ကတော့ အစိုးရရဲ့ ချပေးထားတဲ့ လုပ်ကိုင်ခွင့်လေးတွေကြောင့် ဒီမိုကရေစီ အရေးမှာ အားမဖြစ်လောက်ဖူး ထင်တယ်နော်။

ဖြေ - သေသေချာချာကြည့်ရင် သူတို့က အစိုးရဒဏ်တော်တော်ခံရသူတွေဗျ။ တော်ကြာ ကုန်ဈေးနှုန်းတက်ရင် အဖမ်းခံလိုက်ရပြန်ပြီ။ ဆန္ဒပြသူတွေထက်တောင် ဆိုးသေးတယ်။ နှစ်ရှည်ကျသူတွေကမ လျှော့ရက်ကလေးရပြီး လွတ်လာအုံးမယ်။ သူတို့က တော့ အစိုးရ ရှိနေသေးသမျှ ဖမ်းခံရလိုက် လွတ်လိုက်နဲ့၊ ဒီဘ၀က ကျွတ်အောင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို နောက်ပိုင်းကနေ တနည်းတလမ်းနဲ့ ထောက်ပံနေတဲ့ ဥာဏ်ရှိတဲ့သူတွေလဲရှိပါတယ်။

မေး - အစိုးရ၀န်ထမ်းတွေ ကို ကြတော့ရော၊ သူတို့ဒီရနေတဲ့ အခွင့်အရေးလေးတွေကြောင့်...

ဖြေ - သိပ်မထင်ဘူးဗျ၊ အခုအားလုံးက စီးပွားရေး ကျဆင်းနေချိန် ဆိုတော့ သာမန်ပြည်သူတွေ ထင်သလောက် သူတို့အပေါ်ရက်ရောနိုင်မှာမဟုတ်တာ သေချာတယ်။ တကယ်တမ်းပြောရရင် ချစားတယ်ဆိုတာ အကောင်ကြီး လက်တဆုပ်စာလောက်ပဲစားနိုင်တာဗျ။ ၀န်ထမ်းတွေပေါ်မှာ ယုံကြည်ရင် ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ လွတ်လွတ်လပ်လပ် မဲပေးခိုင်းရဲမှာပေါ့ဗျ၊ ခုတော့ ဌာနကလူကြီးက ၀န်ထမ်းတွေအားလုံးစာ ရက်စ်မဲတွေ ထည့်တယ်ဆိုပဲ။ တချို့ ၀န်ထမ်းတွေဆို အထက်လူကြီးကြောက်တာနဲ့ မကြိုက်ပဲ ရက်စ်လိုက်ရတာဗျ။ မကြေနပ်မှုတွေနားမှာ မီးခြစ် ခြစ်ဖို့လူလိုတယ်ဗျာ။ ရာအိမ်စု ရာအိမ်စုတိုင်း မှာ အစိုးရကို မကြေနပ်တဲ့အိမ် ၉၉ ရှိတယ်ဗျ။ စုစည်းပေးမဲ့ လူ၊အသင်းအဖွဲ့ ရှိရင် ကောင်းမယ်ဗျာ။

မေး - ကျွန်တော်တို့ ဟိုတနေ့က မီဒီယာ ကိစ္စလေးဆက်ရအောင်၊ ရန်ကုန်က မီဒီယာတွေ ရဲ့ ရင်းမြစ်ဆိုတော့ နယ်က ဖြစ်ပျက်သမျှလေးတွေကို စုစည်းပြီး ရန်ကုန်မှာ လူတွေသိအောင်ဖော်ထုတ်၊ နယ်တွေကိုလဲ ဖြန့်ဝေ ရအုံးမှာဆိုတော့ ဒီလိုလုပ်နေတာကို ထိထိရောက်ရောက်ဖြစ်အောင် ဘာတွေလုပ်သင့်သလဲဗျ။
ဖြေ - ဒီခေတ်က မီဒီယာခေတ် ဆိုတော့ သိပ်မခက်ပေါင်ဗျာ၊ အီးမေး အင်တာနက်တွေကလဲ ပေါလိုက်သမ၊ ဟိုတခါ ငွေစက္ကူတွေပေါ်မှာရေးပြီး လှုံဆော်တဲ့ ကိစ္စ ဆိုတော်တော်ထိရောက်တယ်ဗျ၊ ကဗျာဆရာလေး ရေးလိုက်တဲ့ကဗျာလိုမျိုးလေးတွေဆို မှတ်မှတ်သားသား ထိရောက်တဲ့ အရာမျိုး၊ စိစစ်ရေးကလူတွေက န တော့ ပြီးမ သိပြီး လှုပ်လှုပ်ရွရွဖြစ်ကုန်တာ။ ကုန်ကုန်ပြောရင် ဇီးထုပ်၊ နေကြာစေ့ ထုပ်စာကအစ ထည့်ရေးပြီးလူတွေ ဖတ်စေရအောင်လုပ်ရင်ရတာပေါ့ဗျာ။ စာရေးလို့ရတဲ့ပစ္စည်းတိုင်း သုံးလို့ဖြစ်ပါတယ်၊ သီချင်းလေးတွေ ကိုလဲ အနှောင့်အသွား မလွတ်အောင်စပ်ကြပေါ့၊ ပြည်သူကိုချစ်ရင် အနုပညာသမားတွေ ကြိုးစားကြရမှာပေါ့၊ နောင်အခါ သမိုင်းတွင်ရစ်အောင်။ လက်တလုံးခြား ကို အစိုးရကပဲလုပ်တတ်တယ်ဆိုရင် ကျုပ်တို့ညံရာကြသဗျာ။
မေး - အားရစရာကောင်းလိုက်တာဗျို့ ၊ ဒင်းတို့ထင်နေသလို လမ်းပေါ်ကိုထွက်လာတဲ့လူကိုပဲ သေနတ်နဲ့ ပစ်တတ်တဲ့ကောင်တွေ ဒီတခါတော့ထိပြီဗျာ၊
ဖြေ - အမှန်ပေါ့၊ ရန်ကုန်တမြို့ လုံးကလူတွေလောက်ကို ထောင်ချလို့ရလောက်တဲ့ထောင် သင်းတို့မှာမရှိဘူးလေ၊ နောက်ပြီး နအဖ နဲ့ သူ့နောက်လိုက်တွေ နဲနဲမှားတာနဲ့ မှန်ဘီလူးနဲ့ ပုံကြီးချဲ့ ပြီး အသံကျယ်ကျယ်နဲ့ အော်ရမယ်ဗျ၊ ကောလာဟလ ဖြစ်အောင်လုပ်ရမယ်။ အဓမ္မလုပ်အားပေးတို့ ရက်ကွက်ဆက်ကြေးတို့ကစပြီးတော့ ၀န်ထမ်းတွေလဘ်စားတာအလယ် ၀န်ကြီးတွေ မျိုတာဆို့တာ လူမှုရေးဖောက်ပြန်တာ အဆုံး အားလုံး လူသိအောင်ဟစ်ကြရမယ်ဗျ။ သူတို့သွားနေတဲ့ နေ့ချင်းပြီး ဒီမိုကရေစီလမ်း ဆိုတာကြီးပေါ်မှာ လူတကာတံတွေးခွက် ပက်လက်မျောအောင် နိုင်နိုင်လုပ်ထားမ။
မေး - အောင်မလေးဗျာ၊ ဒီလိုမှန်းသိရင် စောစောကတည်းက လုပ်ပါတယ်။ တောက် ဟိုတခါ ဆန်တွေသွားဝေတုန်းက ဒင်းတို့တားတာလေ အစိုးရကို ဂုဏ်သရေပျက်စေပါတယ်ဆိုတာ၊ ဓာတ်ပုံရိုက်ပြီး "ကိုယ့်လူမျိုးကို ကူညီတာ မနာလို မရှုစိမ့်နိုင်သော နအဖနောက်လိုက်များဆိုပြီး ဗမာတနိုင်ငံလုံးသိအောင်လုပ်ရမှာ"၊ နာသွားတယ်ဗျာ။
ဖြေ - ကျောင်းသားလေးတွေဆိုလဲ ဘွဲ့ရပြီး အလုပ်မရှာနိုင်ဘူးပေါ့ဗျာ၊ ပညာရေးစနစ် ကို အယုံအကြည်ကင်းမဲ့အောင်၊ ပိုက်ဆံပေးရတဲ့ လဘ်စားနေတဲ့ ဆရာဂုဏ် အင်မတန်ရှိလှပါတဲ့ ဟာတွေကို ဖွရမယ်ဗျ။ မန်နေဂျာ လုပ်ထုံးထဲမှ မွှေနှောက်ပြစ်နည်းဆိုတာ မှတ်မိသေးတယ်မဟုတ်လား။
မေး - ဟုတ်ပဗျို့ ၊ အရာရာအားလုံးရောမွှေ ပြစ်တဲ့နည်း ဟာ စီမံအုပ်ချုပ်လို့ရတဲ့ ဟာတွေကို နည်းဗျူဟာအားဖြင့် အ သွားစေတယ်။
ဖြေ - ဒီလိုဖွဘို့ အတွက် အရင်းအမြစ် စိုက်ထုတ်ရမှုကနည်းပါတယ်၊ အကျိုးကတော့ မခန့်မှန်းနိုင်အောင်ပါပဲ။ ကျွန်တော်တို့ မှာ ဘာရှိပြီးသားလဲဆိုတော့ နအဖ ရဲ့ ကျူးလွန်ထားမှူတွေနဲ့ ပြည်သူတွေခံစားရမှုတွေ ရှိတယ်။ ပုဂ္ဂလိက ခံစားမှုတွေကို အများဆီရောက်အောင် ပို့ပြီး လူထုမုန်းတီးမှုကိုကြီးထွားအောင်လုပ်ဖို့က ပန်းတိုင်ပါပဲ။ အခုဒီ မှာခင်ဗျားနဲ့ ကျုပ်ပြောနေတဲ့ ဟာတောင် လူဒီထက်ပိုစည် ဖို့လိုတယ်ဗျာ၊ တခြားလူတွေကိုလဲ လှိုက်လှဲပြူငှာစွာ ဖိတ်လိုက်ပါဦး၊ ကြိုဆိုပါတယ်လို့၊ ၀င်ရောက်ပြောဆိုကြပါ၊ ဆွေးနွေးမေးမြန်းကြပါလို့၊ ဒီနေရာကနေဖိတ်ပါတယ်။ ဒီလိုအသိစိတ်ဓာတ်မျိုး အလုပ်အကိုင်မျိုးကို ဒီထက်ပို ကျယ်ကျယ် ပြန့်ပြန့် ကျွန်တော်တို့ တတိုင်းပြည်လုံး ထိထိရောက်ရောက် သိရှိအောင် အတူတူလက်တွဲကူညီကြဖို့လဲ ညီတော်နောင်တော်များ၊ နှမတော်အမတော်များကို ဖိတ်ခေါ်ပါတယ်။

ဆက်ပါဦးမည်...

(Silver Moon ပေးပို့သည်)

ပြည်တော်ပြန်မြန်မာများကိုလေဆိပ်ကပစ္စည်းသိမ်း

ရေးသူ..တင်ကျော်ကျော်စိုး

အသက်၃၅နှစ်အရွယ်ရှိစင်္ကာပူနိုင်ငံမှပြန်လာသူကိုတင်ထွန်းအောင်၏ပြောပြချက်အရ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏လ၀ကမှနိုင်ငံရပ်ခြားမှစီးပွားပျက်ကပ်ကြောင့်အလုပ်
ပြုတ်၍ပြန်လာသူများကိုလေဆိပ်တွင်သေချာစွာစိစစ်၍ရှာဖွေမှုများပြုလုပ်ကြောင်းသိရသည်။

စင်္ကာပူတွင်၅နှစ်ကြာအလုပ်လုပ်ခဲ့၍ဇန်န၀ါရီလ၈ရက်နေ့ကရန်ကုန်မြို့သို့ပြန်လာခဲ့သူများကိုလေ
ဆိပ်လ၀ကနှင့်ရဲများကပါလာသည့်ပစ္စည်းများကိုမွှေနှောက်ရှာဖွေ၍ဟန်းဆက်၊လပ်တောပ်အစရှိ
သည့်ပစ္စည်းမျာကိုသိမ်းယူခဲ့ကြောင်းစုံစမ်းသိရှိရသည်။“ကျွန်မကိုင်နေကြလပ်တောပ်အဟောင်း
လေးနဲ့ပြန်ကနီးဂျူရောင်းကနေ၀ယ်ခဲ့တဲ့အသစ်လေးတစ်လုံးပါတယ်။လေဆိပ်ရောက်တော့ရဲကော
လ၀ကကောကအကောက်ခွန်ဥပဒေနဲ့ငြိတယ်၊လူပါဖမ်းလို့ရတယ်ဆိုပြီးသိမ်းသွားတယ်၊သွားပြော
တော့ရံပုံငွေတစ်သိန်းထည့်ခဲ့ပါလို့ပြောလို့ထည့်ခဲ့ရတယ်”လို့စင်္ကာပူတွင်စာရင်းကိုင်လုပ်ခဲ့သည့်မနီ
နီဦးကFreedom News Groupသို့ပြောပြသည်။

“ကျွန်တော်ဆီကတော့Sony Ericcsonဟန်းဆက်တစ်လုံးသိမ်းသွားတယ်။ကြားတာတော့သူတို့လူ
ကြီးကိုတိုင်ကိုကနိုင်ငံခြားမှာကျွန်သွားခံပြီးအခြေမလှမှပြန်လာတဲ့သူတွေတစ်ခုထက်ပိုရင်အကုန်
သိမ်းဖို့ညွှန်ကြားထားတယ်”လို့တာဝန်ကျအောက်ခြေ၀န်ထမ်းတစ်ဦးဆီမှသူကြားခဲ့ရကြောင်းကို
တင်ထွန်းအောင်ကပြောသည်။

စစ်အစိုးရ၏စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်မြန်မာနိုင်ငံသား၁၀သန်းကျော်မှာပြည်ပနိုင်ငံများ
တွင်အလုပ်လုပ်နေရပြီးထိုလူများကိုအခွန်ကောက်ရုံမှလွဲ၍မြန်မာအစိုးရကမည်သည့်အာမခံမှုမှမပေး
ချေ။

5 Moviesနှင့်Mandalay City FMတို့လိုင်းပူးမှုဖြစ်ပွား

ရေးသူ..ညွန့်သက်ထားဦး(Freedom News Group)

Family Entertainment ကုမ္ပဏီမှပိုင်ဆိုင်သော5 Moviesရုပ်သံလိုင်းတွင်ယနေ့နံနက်အစော
ပိုငိးမှစ၍ယခုအချိန်မြန်မာစံတော်ချိန်နေ့လည်၂နာရီအထိလိုင်းထပ်မှုဖြစ်ပွားနေကြောင်းသိရ
သည်။
Mandalay City FMမှထုတ်လွှင့်သောအစီအစဉ်များကို5 moviesတွင်ကြားရသော်လည်း
5Moviesဇာတ်ကားများ၏အသံထွက်ကိုမကြားရကြောင်းကြားသိရသည်။“ကိုးနာရီလောက်က
အင်္ဂလိပ်ကားလာတော့လည်းMandaly FMကလွှင့်တဲ့သီချင်းသံဇော်ဝင်းထွဍ်၊ခင်မောင်တိုးစ
တဲ့သီချင်းသံတွေကြားရတယ်။အခုCJ7ပြနေတဲ့အထိMandalay FMကကြေငြာသံတွေနဲ့သီ
ချင်းသံတွေကိုကြားနေရတုန်းပဲ”ဟုရေကျော်မှမမီးမီးကFNGသို့ပြောသည်။

5Moviesကပင်Mandalay FMကိုလူသိများအောင်လုပ်ပေးတာလားဒါမှမဟုတ်Mandalay
Fmကပဲတာဘိုသုံးပြီးလိုင်းကိုနင်းထားတာလားတော့မသိဘူး”ဟုအသံဖမ်းအင်ဂျင်နီယာတစ်ဦး
ကသူ့အတွေ့အကြုံကိုရှင်းပြသည်။

စက်မှုပိုင်းဆိုင်ရာနည်းပညာနိမ့်ကျသောမြန့်မာ့ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းတွင်မကြာခဏရုပ်သံ
လိုင်းများပူးခြင်းနှင့်လိုင်းမျာပြတ်တောက်ခြင်းများဖြစ်တတ်သည်။ယခင်နှစ်နိုဝင်ဘာလကလည်း
MRTVထုတ်လွှင့်နေစဉ်အတွင်းအရုပ်သာမြင်ရ၍အသံပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။

5moviesလိုင်းအပါအ၀င်5sportsနှင့်5seriesတို့ကိုထုတ်လွှင့်ပြသနေသည့်Family Enterta
inmentကိုဗိုလ်ချုပ်မှုးကြီသန်းရွှေ၏မိသားစုဝင်များကပိုင်ဆိုင်ကြသည်။

ဦးသန့်


ဘလောက်ဂါဆိုဒ်ကိုဝင်မရအောင်တားပြီ

ရေးသူ..ညွန့်သက်ထားဦး(Freedom News Group)

၂၀၀၇ခုနှစ်ကုန်ပိုင်းထဲကBlogger ဆိုသည့်ဘလောက်ပို(စ်)များတင်၍ရသည့်ဆိုတ်ကိုတားမြစ်
ထားသော်လည်းဇန်န၀ါရီလ၁၅ရက်နေ့တွင် မြန်မာဘလောက်ပို(စ်)တင်သူများလှည့်ဝင်၍ရသည့်
https://www2.blogger.com ကိုပါပိတ်ချလိုက်သည်ဟုရန်ကုန်အခြေစိုက်ဘလောက်ဂါတစ်
ဦးထံမှကြားရသည်။
၁၄ရက်နေ့တွင်ထူးဆန်းအံ့သြဖွယ်ရာwww.blogger.com မှပြန်တင်၍ရသည်အထိဆိုက်ကိုပိတ်
ဆို့ထားခြင်းများကိုပြန်လည်ဖွင့်ပေးခဲ့သော်လည်း၂၄နာရီအတွင်းမှာပင်မည်သည့်ပရောက်စီနှင့်မှ
ကြည့်ရှု၍မရအောင်ပြန်လည်ပိတ်ဆို့လိုက်သည်ဟုသိရသည်။
မည်သူ့ဆီကပို့မှန်းမသိသောအီမေးတစ်ခုမှနေ၍လည်းပြည်တွင်းအခြေစိုက်ဘလောက်ဂါတစ်ချို့ထံ
ဘလောက်ကိုပိတ်ပစ်ရန်ခြိမ်းခြောက်သောစာများပို့ခဲ့သည်ဟုကြားသိရသည်။
ဘလောက်ဂါတစ်ဦးလည်းဖြစ်ပရိုဂရမ်မာတစ်ဦးလည်းဖြစ်သည့်ကိုကျော်ကျော်(နာမည်ရင်းမဟုတ်ပါ)
က“ကြားရတာတော့ဘလောက်စစ်ဆင်ရေးလုပ်မယ်၊သူတို့အခုလုပ်နေတဲ့ပုံကIPတွေကိုစောင့်ဖမ်း
တဲ့ပုံစံလုပ်နေတာ”ဟုရှင်းပြသွားသည်။
www.blogger.comသည်မြန်မာနိုင်ငံတွင်အသုံးအများဆုံးဘလောက်ဆိုတ်တစ်ခုဖြစ်ကာမြန်မာ
ဘလောက်ဂါများ၏၈၀ရာခိုင်နှန်းကသုံးကြသည်ဟုသိရသည်။

၁၅၀၁၂၀၀၉သတင်း၊ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


ဆိုင်းဘုတ်များနှင့် တို့တိုင်းဌာနေ

ဆိုင်းဘုတ်များနှင့် တို့တိုင်းဌာနေ
မင်းအောင်နိုင်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 15 2009 17:39 - မြန်မာစံတော်ချိန်


သတင်းသမားမို့ ခရီးမကြာခဏ ထွက်ဖြစ်သည်။ မြန်မာပြည်အနှံ့ မြို့တော်တော်များများ ရောက်ခဲ့ဖူးပြီ။ ရောက်ခဲ့သည့် မြို့တွေအ၀င်တိုင်း အရောင်တူ အဓိပ္ပာယ်တူ ဆိုင်းဘုတ်တခုက စိတ်အနှောက်အယှက်ပေးမြဲ။ စိတ်ဆိုးဒေါသ ထွက်ရသလို ရယ်စရာကောင်းသည့် ဟာသတခု ဖတ်ရသလို ကြိတ်ရယ်ခဲ့ရမြဲ။ မတူကွဲပြားသည့် ရသနှစ်ခုပေးစွမ်းသည့် အစိမ်းရောင်အောက်ခံအပေါ် အဖြူရောင်စာလုံးများဖြင့် ရေးသားထားသော ဆောင်ပုဒ်တခု ဖြစ်သည်။ ထိုဆောင်ပုဒ်မှာ လွန်ခဲ့သော ၁၅နှစ်ကျော်လောက်ကတည်းက ပေါ်ခဲ့သော ဆောင်ပုဒ်ဖြစ်မည်ဟု သူထင်သည်။ ဘယ်ပညာရှိက ဖော်ထုတ်ပြီး အဆိုပါ ဆောင်ပုဒ် ရေးထားသော ဆိုင်းဘုတ်ကို မြို့တိုင်းမစိုက်မနေရ စိုက်ထူစေခဲ့သော ဆိုင်းဘုတ်မှန်းတော့မသိ။ သတင်းထောက်ဖြစ်ပြီး ဒီဆိုင်းဘုတ် အကြောင်း မသိသည်ကတော့ ညံ့ရာကျမှန်း ကိုယ့်ဘာသာ ၀န်ခံရပေမည်။

မြန်မာပြည်အ၀ှမ်းမြို့တိုင်းတွင်တွေ့ကြရသည့်ထိုဆိုင်းဘုတ်ကား…..

"မြို့ရွာများ အမြန်ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရမည်"ဟု ကြွေးကျော်ထားသော ဆိုင်းဘုတ်တော်ကြီးပင် ဖြစ်ပါသည်။ မြို့တမြို့ တမြို့ဖြတ်တိုင်း ရောက်တိုင်း အဆိုပါ ဆိုင်းဘုတ်ရှိမရှိ မရှာကြည့်ဘဲလဲ မနေနိုင်။ မြို့အ၀င်တွင် မတွေ့လျှင် မြို့လယ်တွင် တွေ့မည်။ မြို့လယ်တွင် မရှိလျှင်မြို့အထွက်မှာ တွေ့ရနိုင်သည်။ လုံးဝမတွေ့မှာ မပူရ မတွေ့ချင် မမြင်ချင်လည်း တွေ့ရမည်ပင်။

သူရောက်ခဲ့ဖူးသည့် မြို့များကို လအတန်ကြာ အချို့နှစ်ပေါက်မှ ပြန်ရောက်ဖြစ်သည်များ ရှိသည်။ အမြန် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး ဆိုင်းဘုတ်များ ကြွားကြွားဝင့်ဝင့် ထောင်ထားသည့် အနှီမြို့ရွာများမှာ ဘာမှ မပြောင်းလဲပါ။ လွန်ခဲ့သော မိမိရောက်ခဲ့ဖူးချိန်က အတိုင်းပင်။ သကောင့်သား ဆိုင်းဘုတ်ကတော့ အမြဲသစ်လွင်နေမြဲ တွေ့ရပါသည်။ မြို့လေးတွေ ဖွံ့ဖြိုးတိုးတက်ချင်း မရှိသော်လည်း အဆိုပါ ဆိုင်းဘုတ်အသစ် ပြန်ရေးထောင်ရတိုင်း ယင်းမြို့လေးများ၏ စည်ပင်သာယာရေး ဦးစီးဌာန အရာရှိများမှာ

အမှန်ပင် ဆူဖြိုးတိုးတက်သွားမည် ထင်ပေသည်။ ဆိုင်းဘုတ် ပြန်လည်ပြုပြင်ရခ၊ ဆိုင်းဘုတ်ရေးခ၊ ရေးဆွဲရသော ဆေးဖိုး ဘာခညာခများက သူတို့ တင်ချင်းတိုင်းတင်ပေရော့။

စစ်သားတွေ တိုင်းပြည်တက်အုပ်ချုပ်သော ခေတ်ရောက်လာမှပင် မြန်မာပြည်တွင် ဆောင်ပုဒ်မျိုးစုံ ကြားရမှတ်ရ တွေ့ရပေတော့သည်။ မြန်မာပြည်အနှံ့က မြို့ရွာများတွင် သူတို့ လက်သုံး ဆောင်ပုဒ်များ ရေးပြီးထောင်ထားသော ဆိုင်းဘုတ် မရှိသော ဒေသဟူ၍ မတွေ့နိုင်ပါ။ မြို့ရွာတိုင်းတမြို့လုံးတရွာလုံးအနှံ့ဆိုင်းဘုတ်များမြင်တွေ့ရနိုင်ပါသည်။

နောက်ပေါက်သည့် ရွှေကြာပင် ကောင်းစားဆိုသလိုပင် ရှေးရှေးပဝေသဏီထဲက ရှိနှင့်နေသော မြို့ရွာများထက် အလျင်အမြန် ကောင်းစားလာသည်ကတော့ နှစ်နှစ်သား သက်တမ်းရှိလာပြီဖြစ်သည့် ကြပ်ပြေးဒေသ နေပြည်တော်ကတော့ အမှန်ပင်

ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်မှာ မြန်လှပါပေသည်။ အဆိုပါ ကြပ်ပြေးနေပြည်တော် ဒေသတွင်လည်း ဆောင်ပုဒ်အသီးသီး ရေးထားသော ဆိုင်းဘုတ်များနှင့် မလွတ်ပြန်ပါ။ မြို့ရွာပေါင်း ရာထောင်ချီရှိသည့် မြန်မာပြည်တွင် သကောင့်သား နေပြည်တော် ဒေသတခုသာ အမြန်ခေတ်မီ ဖွံ့ဖြိုးတိုးတက် လာပါသေးသည်။ ကျန်တိုင်းနှင့် ပြည်နယ်အနှံ့ မြို့ရွာများကား ကောင်းစားဖို့ ကံမပါလာရော့ထင့်။ တိုင်းမှူးတယကဥက္ကဌမှ စကာ ခယက၊ မယက၊ ရယက၊ ကယက ဥက္ကများအလည် အစိုးရဌာနဆိုင်ရာ လူကြီးမင်းများအဆုံး တယောက်တက် တယောက်ဆင်းကာ ကြီးပွားတိုးတက် ချမ်းသာသွားကြပါလေသော်လည်း ထိုသူတို့ အုပ်ချုပ်ခဲ့သည့် မြို့ရွာများမှာကား ဖွတ်ဖွတ်ကြေ မွဲတေနေမြဲပင်။

အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရမည် ဆိုသည့် မြို့ရွာများကား အာဏာရှင် စစ်အုပ်ချုပ်ရေး အောက်ရှိနေသေးသ၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရန် အကြောင်းမမြင်ပါပေ။

"မြို့ရွာများ အမြန်ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရမည်" ဆိုသည်မှာ ဆိုင်းဘုတ်ပေါ်တွင်သာ ရှိနေပါဦးမည်။

မင်းအောင်နိုင်


အအေးလှိုင်း ရိုက်ခတ်ဖွယ်ရှိ


မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇန်နဝါရီလ 15 2009 18:19 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ လေစီးကြောင်း အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံတွင် ဇန်န၀ါရီလ နောက်ဆုံးပတ်၌ အအေးလှိုင်း ကျရောက်လာနိုင်သည်ဟု မိုးဇလ အရာထမ်းတဦးက ခန့်မှန်း ပြောဆိုလိုက်သည်။

မြန်မာပြည်မြောက်ပိုင်း ဒေသများတွင် ပိုမို ခံရဖွယ်ရှိပြီး ကျန်နေရာများတွင်လည်း အရှေ့မြောက် မုတ်သုတ်လေ တိုက်ခတ်ကာ ညအပူချိန်တွေကျ အအေးပိုလာမယ် ဖြစ်ကြောင်း အမည်မဖော်လိုသူ မိုးဇလ အရာထမ်းတဦးက မဇ္ဈိမ သို့ ပြောသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင်တော့ အအေးလှိုင်း ရိုတ်ခတ်ဖွယ်ရှိခြင်းကို ဖော်ပြခြင်းမရှိဘဲ လောလောဆယ် ဖြစ်ပွားနေသည့် ဟားခါး၊ လွိုင်လင်၊ နမ့်ဆန်၊ မိုးကုတ်တို့တွင် အအေးပိုနေခြင်းကိုသာ မိုးလေ၀သသတင်းအဖြစ် ဖော်ပြထားသည်။

အအေးပိုမိုလျှင် အသက်အရွယ်ကြီးမြင့်သူများ လေဖြတ်ရောဂါခံစားရခြင်း၊ နှလုံးနှင့် ကျောက်ကပ်များလည်း အခြားရာသီများထက် ပိုမိုဖြစ်ပွားနိုင်ကြောင်း ဆေးသုတေသီများက ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး (အင်တာဗျူး)


ကိုဝိုင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ 15 2009 19:30 - မြန်မာစံတော်ချိန်


မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် နှစ်တို-နှစ်ရှည်အကျဉ်းကျခံနေရသူပေါင်း (၂,၀၀၀) ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားသည်။

မြန်မာစစ်အစိုးရက ၎င်းတို့နှင့် ယုံကြည်ချက်မတူညီ၊ သဘောထားကွဲသူများကို အငြိုးအတေးဖြင့် ဥပဒေနှင့်မညီဘဲ ထောင်ဒဏ်များ ချမှတ်နေပြီး ရပ်ဝေးထောင်များသို့ ပြောင်းရွှေ့ပို့ဆောင်ခြင်းများပင် ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်းများက ဝေဖန်ကြသည်။

ရပ်ဝေးထောင်များသို့ ပြောင်းရွှေ့ပို့ဆောင်ခြင်းခံရသူများ၏ မိသားစုများက ၎င်းတို့၏ ဆွေမျိုးသားချင်းများထံ ထောင်ဝင်စာ သွားတွေ့ရန် ခရီးဝေးခြင်း၊ လမ်းပမ်းဆက်သွယ်ရေး မချောမွေ့ခြင်း၊ ခရီးစရိတ်များမြင့်မားခြင်း၊ အာဏာပိုင်များက နှောင့် ယှက်ခြင်း စသည်တို့ကြောင့် ဒုက္ခရောက်ကြရကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့်ပတ်သက်ပြီး သိရှိနိုင်ရန် မကြာသေးမီကမှ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးရှေ့နေ စောကျော်ကျော်မင်းကို မဇ္ဈိမကမေးမြန်းခွင့် ရခဲ့သည်။ ကိုစောကျော်ကျော်မင်းသည် ရှေ့နေတဦးဖြစ်ပြီး နယ်စပ်သို့မထွက်ခွာမီအထိ နိုင်ငံရေးအမှုပေါင်း (၁၄) မှု လိုက်ခဲ့သူဖြစ်သည်။ ထို့အပြင် အင်းစိန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) လူငယ်တာဝန်ခံဖြစ်ခဲ့သည်။

လှိုင်သာယာမြို့နယ်တရားရုံးမှာ ကိုသန့်ဇင်မျိုးအပါအ၀င် ၁၁ ဦးအမှုမှာ အမှုသည်တချို့က တရားစီရင်ရေးကို အယုံအကြည် မရှိဘူးဆိုပြီး ဆန္ဒပြခဲ့တာနဲ့ ပတ်သက်လို့ ကိုစောကျော်ကျော်မင်းနဲ့အတူ ရှေ့နေကိုညီညီထွေးတို့ကို ထောင်ဒဏ် ၆ လစီ စီရင်ချက် ချလိုက်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အကျဉ်းချုံး ပြောပြပေးပါလားဗျာ။

၂၀၀၇ ခု အောက်တိုဘာ ၂၃ ရက်မှာ ကိုသန့်ဇင်မျိုးအပါအ၀င် ၁၁ ဦးကို စစ်တာမှာ ကိုညီညီထွေးရော၊ ကျနော်ရော နှစ်ယောက်စလုံး အဲဒီအမှုမှာ ပါဝါတင်ထားတဲ့အတွက် သွားပြီးစစ်ဆေးခဲ့ပါတယ်။ ကိုရန်နိုင်ထွန်းရဲ့ ရှေ့နေက ကိုညီညီလှိုင် ဖြစ်တယ်ဗျာ။ သူက အဲဒီနေ့မှာ တခြားရုံးချိန်းတခုနဲ့တိုက်နေလို့ မအားတဲ့အတွက် မလာနိုင်ဘူး။ ကိုရန်နိုင်ထွန်းက သူကိုယ်တိုင်ပဲ တရားလိုနဲ့ အပြန်အလှန် မေးခွန်းသုံးလေးခွန်းလောက် မေးပြီးတဲ့အခါမှာ သူက တရားသူကြီးကိုတော့ လေးစားပါတယ်တဲ့၊ တရားစီရင်ရေးစနစ်ကိုတော့ အယုံအကြည်မရှိဘူးလို့ ပြောပြီးတော့ သူက တရားသူကြီးကို ကျောပေးထိုင်တာပေါ့။ တရားသူကြီးက ကိုရန်နိုင်ထွန်းကို ဒီဘက်ကို ပြန်လှည့်ထိုင်ပါဆိုပြီး ပထမဆုံးပြောတယ်။ အဲဒါ သူက မထိုင်တဲ့အပြင်ကို နောက်ထပ် ကိုအောင်မင်းနိုင် ခေါ် မီးသွေး၊ မျိုးကျော်ဇင်ရယ် ၂ ယောက်ကပါ သူ့လိုပဲပြောပြီး နောက်လှည့်ထိုင်လိုက်တယ်။

အဲဒီတော့ တရားသူကြီးကနေ ကဲ ရှေ့နေတွေ ဒီဘက်ကို လှည့်ထိုင်ပေးဖို့ သူတို့ကို ပြောပါဦးတဲ့။ ကျနော်တို့ကနေ ရှေ့နေဆိုတာ အမှုသည်တွေရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်ပါဆောင်ရွက်ရတာဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အတွက် ဒီအမှုမှာတော့ဖြင့်ရင် အမှုသည်တွေ ကိုယ်၌ကနေ ပြုမှုဆောင်ရွက်တဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့ ရှေ့နေတွေအနေနဲ့ ဝင်ရောက်ပါဝင်လိုခြင်း မရှိဘူး။ ဝင်ရောက်ပြောဆိုလိုခြင်း မရှိဘူးလို့ ပြောလိုက်တယ်ပေါ့။ တရားသူကြီးက ဒါဆိုရင်တော့ ကောင်းပြီတဲ့ အမှုဆက်စစ်လို့ မရတော့ဘူးပေါ့နော်။ နောက်တရက်ကို ရုံးချိန်းပေးလိုက်တယ်။

၂၄ ရက်နေ့ကျတော့ လှိုင်သာယာမြို့နယ်တရားသူကြီးက တရားလိုလုပ်ပြီးတော့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ကျနော်တို့ကို တရားစွဲတယ်။ တရားရုံးရဲ့ အမှုစစ်ဆေးနေတာကို နှောင့်နှေးကြံ့ကြာအောင်လုပ်တယ်ဆိုပြီး ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ စွဲတာ။

အမှုသည်က အခုလို ကျောပေးဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှေ့နေတွေကို ထောင်ဒဏ် ၆ လစီ ချလိုက်တယ်ဆိုတာ ဥပဒေရှုထောင့်ကကြည့်ရင် အဆီအငေါ်တည့်ရဲ့လားဗျာ။

ပြစ်မှုဥပဒေပုဒ်မ ၂၂၈ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုက ပြည်သူ့ဝန်ထမ်းတဦးက ပြည်သူ့ဝန်ထမ်းအဖြစ်နဲ့ တရားစစ်ဆေးစီရင်နေတဲ့ အချိန်မှာ ကြိုတင်ကြံရွယ်ချက်နဲ့ပေါ့၊ တမင်တကာကိုပဲ နှောင့်နှေးကြံကြာအောင် လုပ်တာကို ဆိုလိုတာပါ။ ဒါပေမဲ့ အဲဒီနေ့က ကျနော်တို့ရှေ့နေတွေက တမင်ကြံရွယ်ချက်နဲ့ နှောင့်နှေးကြံကြာအောင် လုပ်တာမရှိဘူး။

နောက်တခုက ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ တရားစွဲမယ်ဆိုရင် တရားရုံးတွေကနေပြီးတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၈၀၊ ပုဒ်မခွဲ ၁ ကို လိုက်နာကျင့်သုံးရတယ်။ အဲဒီမှာဆိုရင် ပုဒ်မ ၂၂၈ နဲ့ တရားစွဲရင် ထောင်ဒဏ် ၁ လ ဒါမှမဟုတ်ရင် ငွေဒဏ် ၂၀၀ ပဲချမှတ်ရမယ်လို့ ပြဋ္ဌာန်းချက်ရှိတယ်။ အဲဒီလိုပြဋ္ဌာန်းချက်ရှိတဲ့အတွက် ကိုညီညီထွေး အပါအ၀င် ကျနော့်ကို ထောင်ဒဏ် ၆ လ ချလိုက်တာကတော့ဖြင့် ဥပဒေနဲ့ လုံးဝ ညီညွတ်မှုမရှိဘူး။ တရားမျှတမှုမရှိဘူးလို့ပဲ မြင်တယ်လေ။ ပြီးတော့ ဒီလို ဆန္ဒပြတာနဲ့ပတ်သက်ပြီး ရှေ့နေတွေက သွားပြီး တားမြစ်ပေးရမယ်လို့လည်း ကျနော် လေ့လာခဲ့ဖူးသလောက် ဥပဒေပြဋ္ဌာန်းချက် မရှိပါဘူး။

နိုင်ငံရေးအမှုတွေကို မလိုက်ခင်မှာ ကိုစောကျော်ကျော်မင်းက ၂၀၀၇ ခုနှစ် မေလ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်းစိန် ကျောက်တော်ကြီးမှာ မစုစုနွေးတို့နဲ့အတူ ဆုတောင်းပွဲလုပ်ခဲ့လို့ အဆွဲခံခဲ့ရတယ်။ စက်တင်ဘာ သံဃာတွေကိစ္စတုန်းကလည်း ပါဝင်ခဲ့တယ်။ အဲဒီလို နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်လို့ မတရား စီရင်ချက်ချခံရတယ်လို့ရော ယူဆလား။

ကျနော်က ဥပဒေကျောင်း တက်နေတဲ့အချိန်မှာကို အန်အယ်ဒီ အဖွဲ့ဝင်ဖြစ်နေပြီး နိုင်ငံရေးလုပ်ခဲ့တာ တချက်ပေါ့လေ။ တခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လုပ်ကိုင်တာတွေကိုလည်း ကူညီတဲ့အပေါ်မှာ ကျနော့ကို အာဏာပိုင်တွေက ရန်ငြိုးအာဃာတ ရှိတယ်လို့တော့ ကျနော်မြင်တယ်။

ကျိုက္ကဆံစစ်ဆေးရေး၊ မှော်ဘီရတပ်ရင်း ၃ ၊ ရဲတပ်ရင်း ၆ ၊ အောင်သပြေ စစ်ကြောရေးတွေကိုလည်း အပို့ခံရပြီး စစ်ဆေးခံခဲ့ရတယ်လို့ သိရတယ်။ အားလုံးပေါင်း ဘယ်လောက်ကြာသွားလဲ။ ပြီးတော့ အာဏာပိုင်တွေက ဘာတွေ ဘယ်လို စစ်ဆေးမေးမြန်းလဲဗျ။

၁၅ ရက် ၅ လ ၂၀၀၇ ကနေပြီးတော့ ၂၇ ရက် ၇ လပိုင်း ၂၀၀၇ အထိ။ ၂ လကျော်လောက်ကြာမယ်။ စစခေါ်သွားချင်း ကျိုက္ကဆံစစ်ကြောရေးမှာ စစ်ပါတယ်။ မေးတာကတော့ ဒီလိုမျိုးဝတ်ပြုဆုတောင်းပွဲလုပ်တာ ဘယ်သူက ဦးဆောင်တာလဲ။ ဆုတောင်းပွဲမှာ ၂၉ ယောက်လုံးပါအောင် ဘယ်သူက လိုက်ပြီး စည်းရုံးတာလည်း။ ဒီ Free Aung San Suu Kyi အင်ကျီတွေကို ဘယ်သူက ထုတ်ပေးတာလဲ။ ဒီ Free Aung San Suu Kyi အင်ကျီတွေရဖို့အတွက် ဘယ်လိုမျိုး ငွေစုလဲပေါ့။ တကယ်လို့ အဖမ်းမခံရဘူးဆိုရင် ဘယ်လိုအစီအစဉ်တွေနဲ့ ဆက်လုပ်မလဲ။ အဲဒါတွေ အဓိကထားပြီး မေးတာပေါ့။

ကျိုက္ကဆံစစ်ကြောရေးမှာ ၃ ရက်ပေါ့။ ကျနော်တို့ အဖမ်းခံရတာ ၂၉ ယောက်။ နောက် အဲဒီမှာပဲ ကိုသန့်ဇင်မျိုးတို့ ၁၁ ယောက်ဆိုတော့ ၄၀ လောက်ရှိတယ်။ စစ်ဆေးတာကတော့ သက်သက်ညှာညှာပါပဲ။ ရဲတပ်ရင်း ၆ ကို ကျနော်တို့ ၅ ယောက် ပြောင်းခံရတယ်။ တိုက်ပိတ်ခံရတယ်။ အဲဒီမှာကျတော့ ဘာလာပြောလဲဆိုတော့ အထက်က လူကြီးတွေက လွှတ်ပေးချင်ပါတယ်တဲ့၊ ဒါပေမဲ့ ကျနော်တို့တွေက ခေါင်းမာတဲ့လူတွေ ဖြစ်နေတယ်တဲ့။ ပြန်ထွက်သွားရင် နိုင်ငံရေးလုပ်မလား မလုပ်ဘူးလား အဲဒါသိချင်တယ်တဲ့။ ကျနော်တို့က လုပ်မယ်လို့ ပြောလိုက်တယ်။ နောက်ဆုံး အက်စ်ဘီက တာဝန်ခံ တယောက်ရောက်လာပြီး စစ်ကြောရေးလုပ်တယ်။ တောထဲနဲ့ အဆက်အသွယ် ရှိလားတဲ့၊ အဓိကမေးတယ်။ နောက်နေ့ ပြန်လွှတ်တာပဲ။

ရုံးထုတ်စစ်ဆေးတဲ့အခါမှာ တရားရုံးခန်းထဲမှာ ဘယ်သူတွေရှိလဲဗျ။

တရားခံရှိမယ်။ ရှေ့နေရှိမယ်။ ရဲတွေရှိမယ်။ နောက် ကိုသန့်ဇင်ဦးတို့ နှစ်မှုလုံး လှိုင်သာယာရော၊ ကမာရွတ် တရားရုံးရောမှာဆိုရင် လုံထိန်းကား ၂-၃ စီးပါချထားတယ်။ ပြီးတော့ တရားရုံးဝန်းထဲမှာလည်း ကြံ့ခိုင်ရေးတို့ စွမ်းအားရှင်တို့ အယောက် ၁၀၀ ကျော်လောက်ကို စောင့်ကြပ်နေတာပေါ့။ စစ်နေရင် တရားရုံးအပေါက်ဝမှာ သူတို့က ပိတ်ထားတယ်။ မိသားစုတွေ ၀င်လို့မရအောင်။ ကိုသန့်ဇင်မျိုးတို့က လှိုင်သာယာရုံးမှာ ပြစ်မှုဥပဒေ ၁၄၃-၁၄၅-၁၅၂- ၅၀၅ (ခ) တွေနဲ့ စွဲခံထားခဲ့ရတာပေါ့။ ၁၀ နှစ်ကျော်တွေကျမယ်ထင်တယ်။ အတိအကျတော့ မသိရသေးဘူး။ တခြားအမှုတွေမှာ စစ်ဆေးခန်းထဲ အက်စ်ဘီဝင်တာလည်း ရှိတယ်။ ကျနော့်အမှုတွေမှာတော့ အပေါက်ဝမှာ ရပ်စောင့်နေတာ တွေ့ရတယ်။

ရှေ့နေနဲ့ အမှုသည်က အမှုသွားအမှုလာကို တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စက ဘယ်လောက်အရေးကြီးလဲ။

တော်တော်ကိုပဲ အရေးကြီးပါတယ်။ အမှုအကြောင်းချင်းရာကိုသိထားမှ။ အမှုစစ်ဆေးတော့ ကောင်းကောင်းမွန်မွန် ခုခံချေပနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်ကြုံခဲ့ရတာကတော့ အမှုသည်ဆီက ညွှန်ကြားချက်ရဖို့ နေနေသာသာပေါ့။ လိုက်ပါ ဆောင်ရွက်ဖို့ကို မနည်းကို ကြိုးစားလုပ်ဆောင်ရပါတယ်။ ကိုရံရွှေတို့ ကိုမြင့်အေးတိုံအမှုမှာဆို ဒီရှေ့နေတွေကို ဘာလို့ ငှားတာလဲ၊ ဒီရှေ့နေတွေနဲ့ ဘယ်လိုအဆက်အသွယ်ရှိနေလဲ ဆိုပြီး အမှုသည်တွေကို ဖိအားပေးတာတွေ ရှိပါတယ်။ ကျနော်တို့ သူတို့အမှုကို လိုက်မယ်လို့ ပါဝါတင်လိုက်ပြီး ပြန်သွားတဲ့အချိန် အမှုသည်တွေကို ထောင်ထဲပြန်ထည့်ချိန် အက်စ်ဘီတို့ စရဖတို့က ထောင်ထဲမှာကို လာနေပါတယ်။ သူတို့မိသားစုတွေကိုလည်း ဖိအားပေးတယ်လို့ သိရပါတယ်။

စီရင်ချက်ချတဲ့အခါမှာ တရားသူကြီးတွေကရော ဘယ်လောက်အထိ လွတ်လပ်မှုရှိလဲဗျ။

လုံးဝကို လွတ်လပ်မှုမရှိဘူးလို့ပဲ ပြောရမှာပဲ။ ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့။ ထင်ထင်ရှားရှား အမှုတခုကိုပြဆိုရင် ကျနော့အမှုပဲလေ။ ဒုတိယတရားသူကြီးကိုယ်၌က မင်းတို့ကိုတဲ့ ဒီနေ့ပဲဖမ်းချုပ်ဖို့ အထက်က အမိန့်ပေးတယ်ဆိုတော့ တရားခွင်မှာ တရားသူကြီးက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရမယ့်လူလေ။ အထက်က အမိန့်ပေးတယ်ဆိုတာက သူ့စကားထဲမှာကို ပါနေပြီ။ ဘယ်လောက်အထိတောင် လွှမ်းမိုးမှုရှိနေလဲဆိုတာ။ နောက်တချက်က ကိုဖိုးဖြူ လိုက်ပါဆောင်ရွက်နေတဲ့ ကိုသန့်ဇင်ဦး အမှုကြည့်ရင် ပြည်ထဲရေးဝန်ကြီးဌာနကနေ ကိုသန့်ဇင်ဦးကို ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်ပေးပါဆိုတဲ့စာ တရားရုံးမှာရောက်နေပြီး အဲဒီစာကြီးကို တရားသူကြီးက ထုတ်ပြတယ်။ အင်းစိန်မြို့နယ် ဒုတိယတရားသူကြီး ဒေါ်ဘေဘီက။ ကိုသန့်ဇင်ဦးကို ကိုယ်တိုင်ထုတ်ပြတာ။ ရှင့်ကို ဒီမှာစာရောက်နေတယ်ဆိုတဲ့ အနေအထားမျိုးပေါ့။

ဒီနေ့မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်အပေါ် ဘယ်လိုမြင်လဲဗျာ။ အတိုချုံးပေါ့။

အတိုချုံးပြောရရင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူးလို့ ပြောချင်တယ်ဗျာ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ယုံကြည်ချက်အတွက် လုပ်ဆောင်နေတဲ့သူတွေကို ပြစ်ဒဏ်အရှည်ကြီးတွေ ချမှတ်လိုက်တာတော့ဖြစ်ရင် ရန်ငြိုး အာဃာတနဲ့ဗျာ ဂလဲ့စားချေတဲ့သဘောမျိုးနဲ့ကို ချမှတ်တာဖြစ်တယ်။ ဥပဒေဆိုတာကတော့ဗျာ အုပ်ချုပ်သူရဲ့ အကျိုးစီးပွား ကိုကာကွယ်ပေးပြီး ပြည်သူလူထုကို ဖိနှိပ်တယ်ဆိုရင် တရားဥပဒေစိုးမိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။