Sunday, January 18, 2009

၂၀၀၉ခုနှစ်ဒီမိုပြက္ခဒိန်

ဦးသန့်ဈာပနအရေးတော်ပုံနှင့်သူ၏မျိုးဆက်သည်......

Photobucket


မြန်မာအွန်လိုင်း



ယတြာကောင်းကောင်းလိုနေပြီ


NCGUBကိုNCUBနှင့်အခြားအဖွဲ့များမှတိုးချဲ့ဖွဲ့စည်းဖို့ဆွေးနွေးရန်တောင်းဆိုခဲ့သည်မှာလချီလာပြီဖြစ်သည်။
တနိုင်ငံလုံးအပိုင်သိမ်း၊နှစ်၂၀ကျော်အဆီစုတ်၊အသားမျို၊ဇိမ်ကျနေသည့်နအဖတွေ့ဆုံဆွေးနွေးရေးမလုပ်လို
သည်မှာလည်းထို့အတူဖြစ်ပေမည်။
ဒေါ်စန်းစန်းကမေ..ဂျွန်လောက်မှဖွဲ့စည်းခြင်းဆိုင်ရာအမှုပြီးမည်ဟုပြောသည်။ခတ်ကွင်းပြင်နေကြသည်။
နအဖက ""သနား....တယ်"" ... ဟုအထဲကနေစုတ်တသတ်သတ်လုပ်နေလောက်ပြီ။တပေါင်းတစည်းတည်း
ဖြစ်လာဖို့ကတော့လမ်းမမြင်မိ။
စစ်အာဏာရှင်စနစ်ကိုပြည်သူ့တွေအတွက်တိုက်ဖို့လား။ဘုံ(ဟိုဟာလေး)ကိုမျှမျှတတခွဲဝေဖို့တိုက်နေကြ
မှာလား။ပြည်ပကအမှန်တကယ်တက်ကြွသူတွေကဘယ်နောက်လိုက်ပြီးဘာဆက်လုပ်ရမလည်း။၂၀၁၀
ကဖင်ဝရောက်နေပြီလေ။တခုဖြစ်ချင်ရင်တခုတော့စွန့်လွှတ်ရမည်။
လက်ရှိမြန်မာတွေကကမ်းမမြင်လမ်းမမြင်ဒီမိုကရေစီပင်လယ်ကြီးထဲမှာမြင်သာမြင်သောက်မရဖြစ်နေသည်။
မျှော်လင့်ချက်လေးယဲ့ယဲ့နှင့်အသက်ရှင်နေကြသည်။ထို့အတွက်ဗေဒင်နှင့်ယတြာကိုယုံတတ်ကြသည်။
ထို့အတွက်ပြည်ပတွင်NCGUBနှင့်ပူးပေါင်းအင်အားဖြည့်တိုက်ပွဲဝင်ခွင့်ရရန်ယတြာကောင်းကောင်းပေးလို
သည်။ဆယ့်တစ်မီးလည်းငြိမ်းအောင်မနက်၁၁နာရီတွင်NCGUBလစဉ်ရှင်းတမ်းဖိုင်လ်လေးကိုအာရုံပြု၍ဒီလိုမျိုး၁၁ခါကို၁၁ရက်တိတိရွတ်ဆိုရမည်။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။
မသိလည်းမသိ.......မထိလည်းမထိ။

၁၈၀၁၂၀၀၉သတင်းနှင့်ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


အဲဒီတုန်းက.. ဦးနု ကြားဖြတ်အစိုးရ



ရွေးကောက်ခံ ကိုယ်စားလှယ်တဦး
ဇန်န၀ါရီ ၁၇၊ ၂၀၀၉


၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးလူထုအုံကြွမှုကာလက ရန်ကုန်တွင် တွေ့ရသော ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦး

ရက်တွေ တရွေ့ရွေ့နဲ့ကုန်လာပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကလည်း ရက်ရင့်လာပြီ။ ဒေါက်တာမောင်မောင်ခေါ်ထားတဲ့ အရေးပေါ် ညီလာခံနဲ့ လွှတ်တော်တောင် ရက် နီးလာပြီ။ ကျနော်တို့မြို့မှာ အုပ်ချုပ်ရေးကို ကောင်စီက မကြီးကြပ်နိုင်။ မြို့နယ်တာဝန်ကျ ဗိုလ်မှူးကလည်း တာဝန်လွှဲယူဖို့ ဖိအားတွေ ပေးနေတော့ လုပ်ရကိုင်ရ နည်းနည်း ကြပ်တည်း ခက်ခဲလာပါတယ်။ ကြားဖြတ် အစိုးရရယ်လို့ ဖြစ်လာရင်လည်း ကြားဖြတ်အစိုးရရဲ့ ညွှန်ကြားချက် အောက်မှာ လုပ်ရင် နည်းနည်း ပိုပြီး စည်းကမ်းတကျ ဖြစ်လာမယ်။ ကြားဖြတ် အစိုးရကို မျှော်ပါတယ်။ ရေဒီယိုမှာ တနေ့ပေါ်လာနိုး စောင့်မိပါတယ်။

စက်တင်ဘာလ(၉)ရက်နေ့မှာတော့ ပါလီမန်အစိုးရရဲ့ နောက်ဆုံး ၀န်ကြီးချုပ်ဟောင်း ဦးနုက သူရဲ့ အစိုးရအဖွဲ့ကို ကြေညာပါတယ်။ သူ့အစိုးရဟာ ၁၉၆၀ ပြည့်နှစ်မှာ ပြည်သူလူထုက တရားဝင် ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တယ်။ ၁၉၆၂ ခုနှစ်က ဗိုလ်နေ၀င်းက အာဏာသိမ်းပြီး လုယူတာ ခံခဲ့ရတယ်။ အခု ပြည်သူလူထုက ဗိုလ်နေ၀င်းရဲ့ စစ်တပ်အစိုးရကို မထောက်ခံဘဲ လူထုအုံကြွ ဆန္ဒပြ ဖြုတ်ချလိုက်လို့ သူ့အစိုးရသာလျှင် တရားဝင် အစိုးရဖြစ်လာပြီ။ သူ့ရဲ့ တရားဝင် အစိုးရအဖွဲ့ကို ပြန်လည် ကြေညာလိုက်ပြီ။ စစ်တပ်တွေက သူ့ဆီ သတင်းပို့ပြီး အမိန့်နာခံကြ။ နိုင်ငံခြားသံရုံးတွေက သံအမတ်တွေလည်း သူ့ အစိုးရကို ဆက်သွယ်ကြဖို့ ကြေညာပါတယ်။

သူ့ရဲ့လုပ်ရပ်က မူအားဖြင့် မှန်ကန်တယ်လို့ ကျနော် ယူဆပါတယ်။ သူ့ကို ထောက်ခံရမယ့် အခြေအနေပါ။ ဒါပေမဲ့ လုပ်နည်း လုပ်ဟန် ချို့ယွင်းသွားတယ်။ ဒါကြောင့် ဒီ(၉)ရက်နေ့ ညနေ ရေဒီယိုသတင်းမှာပဲ သူ့အစိုးရဟာ ကြားဖြတ်အစိုးရဖြစ်လာနိုင်မဲ့အခြေအနေမရှိတော့တာကို သဘောပေါက်မိပါတယ်။ ရေဒီယို သတင်း အဆိုအရ ဦးနုက (၉)ရက် (၉)လ (၉) နာရီမှာ သူ့အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသင့်တယ်ထင်လို့ ဖွဲ့လိုက်တယ်။ တလအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံရွေးကောက်ပွဲကို ကျင်းပပေးမယ်။ အဖွဲ့ဝင်တွေ အဖြစ် သူနဲ့ တပ်မှူးဟောင်းကြီးများ မဖြစ်မီက ဖွဲ့စည်းထားခဲ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအဖွဲ့ (ဒီငြိမ်း) အဖွဲ့ဝင်တွေကို ထည့်သွင်းထားတယ်။ အဖွဲ့ဝင်(၂၅)ဦး ပါဝင်တဲ့ ဦးနုရဲ့ အစိုးရအဖွဲ့မှာ ယခင်ပါလီမန်ခေတ်က အစိုးရအဖွဲ့ဝင်ဟောင်းအဖြစ် သမ္မတဟောင်း မန်းဝင်းမောင်၊ လွှတ်တော်ဥက္ကဌဟောင်း ဗိုလ်မှူးအောင်၊ အတွင်းဝန်ဟောင်း ဦးသန်းစိန်နဲ့ ဗိုလ်ခင်မောင် စတဲ့ ထင်ရှားတဲ့သူတွေ ပါပါတယ်။ နောက်ပြီး လက်ရှိ အရေးတော်ပုံမှာ ထင်ရှားလာတဲ့ ဆရာဝန်တွေ တက္ကသိုလ် ပါမောက္ခတွေပါ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းလိုက်ပေမဲ့ အဲဒီအစိုးရ အဖွဲ့ဝင်စာရင်းမှာ ပါတဲ့သူတွေကို သူက ကြိုတင် မညှိနှိုင်းခဲ့ပါဘူး။ မကြာသေးခင်က ဖွဲ့လိုက်တဲ့ ဒီငြိမ်းအဖွဲ့ဝင် တပ်မှူးဟောင်းကြီးတွေကိုတောင် ကြိုတင် ညှိနှိုင်းခြင်း မလုပ်ခဲ့ပါဘူး။

ဒီတော့ ဒီငြိမ်းက တပ်မှူးဟောင်းကြီးတွေက အဖွဲ့ထဲမှာ ဆွေးနွေးတိုင်ပင်ခြင်း မရှိလို့ သူတို့ လက်မခံနိုင်ဘူးလို့ ကြေညာလိုက် ပါတယ်။ တနည်းအားဖြင့် ကန့်ကွက်ခံလိုက်ရတယ်။ သူ့အစိုးရ အဖွဲ့ဝင်အဖြစ် ကြေညာခံထားရတဲ့ တခြားပုဂ္ဂိုလ်များကလည်း သူတို့ကို ကြိုတင်ညှိနှိုင်း တိုင်ပင်ခြင်း မရှိလို့ ၀န်ကြီးရာထူးများကို လက်မခံနိုင်ဘူးလို့ ကြေညာကြပါတယ်။ ဒါကြောင့် ဒီ(၉)ရက်နေ့မှာဘဲ ဖွဲ့ပြီး နာရီပိုင်း အတွင်းမှာ နှုတ်ထွက်သူ အများဆုံး ဖြစ်ပြီး ခိုင်မာမှု ချိနဲ့သွားတဲ့ အစိုးရအဖွဲ့ဖြစ်သွားပါတယ်။

ဘီဘီစီက ဦးနုကို တယ်လီဖုံးနဲ့ ဆက်သွယ်မေးမြန်း တော့လည်း ဦးနုက ကျနော့်စိတ်ထဲမှာ ဒီအချိန်မှာ ဒီလူတွေနဲ့ အစိုးရဖွဲ့ဖို့ စိတ်ကူးရလို့ ဖွဲ့စည်းလိုက်တာ၊ ကျုပ်က ဘယ်သူ့မှ တိုင်ပင် စရာမလိုဘူး၊ ဘာကြောင့်တိုင်ပင်ရမှာလဲ ဆိုတဲ့ စကားကို ကြားရတဲ့ တပြည်လုံး ပြည်သူလူထုက ၀မ်းနည်းကြရပါတယ်။

မူအားဖြင့် ဦးနုလုပ်ရပ်မှန်တယ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမဲ့ ဖြစ်သင့်တာ က ၁၉၆၂ ခုနှစ် အာဏာအသိမ်းခံရစဉ်က အစိုးရအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ သမ္မတ မန်းဝင်းမောင်၊ လွှတ်တော်သဘာပတိ ဗိုလ်မှူးအောင်၊ သူကိုယ်တိုင်ဝန်ကြီး အဖွဲ့ဝင် တယောက်ဖြစ်တဲ့ ဗိုလ်ခင်မောင်တို့ ဦးသန်းစိန်တို့လောက်ဆိုရင် လုံလောက်သလောက် ရှိနေပြီ။ ဒီအဖွဲ့ဝင်ဟောင်းတွေနဲ့ပဲ စစ်အာဏာရှင်စနစ်ကို လူထုက လက်မခံလို့ အလိုလို အစိုးရအဖွဲ့ဝင်တွေ ပြန်ဖြစ်လာပြီး ကျန်တဲ့ ၀န်ကြီး အဖွဲ့ ၀င်ဟောင်းများက သမ္မတ၊ လွှတ်တော်ဥက္ကဌ နဲ့ ၀န်ကြီးချုပ်တို့ထံ လာရောက် ဆက်သွယ်သတင်းပို့ပါ။ လက်နက်ကိုင် အဖွဲ့အစည်းများကလည်း သူ့အစိုးရဟောင်းထံ သတင်းပို့ပါ။ နိုင်ငံခြားသံတမန်များကလည်း မူလ တရားဝင်ဦးနု အစိုးရကိုပဲ ဆက်သွယ်ပါ။ သပိတ်အဖွဲ့ ပေါင်းစုံ အတွက်လည်း တလ အတွင်း ရွေးကောက်ပွဲ လုပ်ပေးမှာမိုလို့ ဦးနုအစိုးရကို ထောက်ခံပါ။ အဲဒီလို ပုံစံသာဆိုရင် သမိုင်းမှာ အခြေအနေ တစ်မျိုး ပြောင်းလာမယ်။ ဦးနုကို ၀မ်းပမ်းတသာ ထောက်ခံ ကြမယ်လို့ ကျနော်ထင်ပါတယ်။

သူကလည်း ထောက်ခံမှု ရချင်လို့ အရေးတော်ပုံအတွင်း ထင်ရှားလာတဲ့ ခေါင်းဆောင်အချို့ကို သူ့အစိုးရထဲ ထည့်လိုက်တယ်။ အဲဒီ ခေါင်းဆောင်တွေ ကလည်း အာဏာလိုချင်လို့ လုပ်တဲ့သူလို့ ကျောင်းသားနဲ့ ပြည်သူ အမြင်မှားသွားမှာကို စိုးရိမ်တယ်။ ကြိုတင်ဆွေးနွေးချက်ကလည်း မရှိလို့ လက်မခံနိုင်။ ဒီလိုမျိုးနဲ့ ဖြစ်သင့်၊ ပေါ်ပေါက်လာသင့်တဲ့ ကြားဖြတ်အစိုးရ တခုဟာ ဦးနုရဲ့ ဗေဒင် ယတြာ ယုံကြည်မှု၊ ဘယ်သူ့မှ မတိုင်ပင်ဘဲ ဇွတ်တရွတ် လုပ်မှုကြောင့် ကျောင်းသားပြည်သူ ထောက်ခံမှု မရဘဲ သောင်မတင် ရေမကျ ဟောင်းလောင်းကျန်ခဲ့တဲ့ အစိုးရဖြစ်သွားခဲ့ရတယ်။ ရှစ်လေးလုံး လှုပ်ရှားမှုရဲ့ အထွတ်အထိပ်မှာ ဦးနုရဲ့ ဇွတ်လုပ်မှုအရ သူ့ကို အားလုံးက ကျေးဇူးရှင်အဖြစ် ၀ိုင်းဝန်း ထောက်ခံမှုကို ရသင့်ရက်သားနဲ့ မရဘဲ ဖြစ်ခဲ့ရပါတယ်။ သမိုင်းမှာ ၀မ်းနည်းစရာ တခုပေါ့။ ။

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အပိုင်း - ၁)

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (အပိုင်း - ၁)
အောင်ဝေး
ဇန်န၀ါရီ ၁၈၊ ၂၀၀၉

နိဒါန်း

ကျနော် တတိယနိုင်ငံကို ထွက်ခွာဖို့ မဲဆောက်ကနေ ဘန်ကောက်ကို သွားနေတဲ့ ဘတ်စကားကြီးပေါ်မှာ ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့။


ကျနော်နဲ့အတူ ကားတစီးတည်းမှာ ဦးဇင်း ဦးပညာဝံသ၊ ကိုလှိုင်မိုးသန်း၊ ကိုလောအယ်စိုးနဲ့ မတင်မိုးလွင်တို့လည်း လိုက်ပါလာပါတယ်။

ကျနော်တို့ ခရီးစဉ်က မတ်လ (၁၉)ရက်ကို ကူးတာနဲ့ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်သစ်ကြီးကနေ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်ကို တိုက်ရိုက် ပျံသန်းမယ့် ခရီးစဉ်ပါ။

ညနေ (၆)နာရီခွဲပြီဆိုတော့ ကျနော် သတင်းနားထောင်ဖို့ ရေဒီယိုကလေးကို ဖွင့်လိုက်ပါတယ်။ အဲဒီအခိုက်အတန့်မှာပဲ တရှိန်ထိုး ပြေးနေတဲ့ကားက ရုတ်တရက် ချောက်ထဲ ထိုးကျသွားသလို ခံစားလိုက်ရပြီး ကျနော့် လက်ထဲက ရေဒီယိုကလေးကို ကြောင်ငေး ကြည့်နေမိပါတော့တယ်။

သတိပြန်ရလာတော့မှ ချက်ချင်းပဲ ကားပေါ်အတူပါလာတဲ့သူတွေကို ‘ဗကသ’ ကျောင်းသားခေါင်းဆောင် ကျော်ကိုကို ကို နအဖစစ်အုပ်စုက ဖမ်းမိသွားပြီ ဆိုတဲ့သတင်း ကျနော် ပြောပြလိုက်ပါတယ်။ အားလုံး တုန်လှုပ်ကြေကွဲသွားကြပါပြီ။

အဲဒီမှာ မတင်မိုးလွင်ရယ်လေ အဆက်မပြတ် ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။ ကျနော်တို့ ဘယ်လို နှစ်သိမ့် နှစ်သိမ့် မရတော့ပါဘူး။

‘ကျမတို့က ယာယီလွတ်မြောက်တဲ့နေရာကို သွားနေတဲ့အချိန်မှာ ပြည်တွင်းမှာ ကျန်ရစ်တဲ့ ကျမတို့ ရဲဘော်တွေက တယောက်ပြီးတယောက် အဖမ်းခံလိုက်ရပြီ၊ ကျမတို့ တတိယ နိုင်ငံကို ထွက်လာတာ ကျော်ကိုကိုတို့အတွက် တရားမှ တရားရဲ့လား၊ ကျမ စဉ်းစားရင်း စိတ်ထိခိုက်လွန်းလို့ပါ’ တဲ့။

မတင်မိုးလွင်ကတော့ ပုန်းအောင်းနေရဆဲဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်တို့၊ မနီလာသိန်းတို့ရဲ့ လုံခြုံရေးအတွက်ကိုလည်း အထူး စိုးရိမ်ပူပန်မိတယ်လို့ ပြောရင်း ငိုရင်းပါပဲ။

ပြီးခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်တို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာနှစ်ခုကို ရခဲ့ကြတယ်။ တခုက ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အစဉ်အလာကို ပြန်အသက်သွင်း ဆက်ခံနိုင်ခဲ့ခြင်းနဲ့ နောက်တခုကတော့ ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားတွေရဲ့ ‘ဗကသ’ ကို ပြန်လည် မွေးဖွားနိုင်ခဲ့ခြင်းတို့ပါပဲ။

၂ဝဝ၇ စက်တင်ဘာ (၅) ရက် ပခုက္ကူသံဃာအရေးအခင်းမတိုင်ခင် သြဂုတ်လ(၁၂)ရက်နေ့ညမှာကတည်းက နအဖ စစ်အုပ်စုက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

သြဂုတ်လ (၂၂)ရက်နေ့ကနေ ၂၅-၂၆ နေ့တွေလောက်အထိ ရန်ကုန်မြို့ နေရာအနှံ့မှာ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေးနဲ့ မနော်အုန်းလှတို့ ဦးဆောင်တဲ့ နအဖ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ထွက်ခဲ့တယ်။

အဲဒီဆန္ဒပြပွဲတွေမှာ အန်အယ်လ်ဒီ လူငယ်တွေနဲ့ လက်ရှိ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေလည်း အင်နဲ့အားနဲ့ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို နအဖ စစ်အုပ်စုက စစ်တပ်၊ လုံထိန်း၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စတဲ့ လက်ကိုင်တုတ်တွေ သုံးပြီး အကြမ်းဖက် နှိမ်နှင်းဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေ အများအပြား ဖမ်းဆီးခံကြရပါတယ်။

သြဂုန်လ (၁၈)ရက် နေ့မှာတော့ ကျနော်တို့ဟာ ကြက်သီးဖြန်းဖြန်း ထလောက်အောင် ကျေနပ် အားရစရာကောင်းလှတဲ့ သတင်းတခုကို ကြားလိုက်ရပါတော့တယ်။

အဲဒီသတင်းကတော့ လက်ရှိ ၂ဝဝ၇ မျိုးဆက်သစ် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားလူငယ်တွေက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) All Burma Federation of Student Unions (ABFSU) ကိုအောင်မြင်စွာ ပြန်လည်ဖွဲ့စည်းလိုက်ပြီ ဆိုတဲ့ သတင်းပါပဲ။

ကျော်ကိုကို တို့ရဲ့ ၂ဝဝ၇ သြဂုတ်လ (၂၈)ရက်နေ့မှာ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ‘ဗကသ’ဟာ ၁၉၈၈ခုနှစ်က သြဂုတ်လ (၂၈)ရက် ရန်ကုန်တက္ကသိုလ် ဆဲဗင်းဂျူလိုင် ရင်ပြင်နီမှာ ဖွဲ့စည်းခဲ့တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ရဲ့ ‘ဗကသ’ကို ဆက်ခံလိုက်တဲ့ သမိုင်းအမွေ တိုက်ပွဲဝင် ခွပ်ဒေါင်းတွန်သံပါပဲ။

‘ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော – ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော’ ကိုလိုနီခေတ်တုန်းက အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးမှာ လွတ်လပ်ရေးကို ‘က’ပြီးတော့ မယူဘူး၊ ‘ခွပ်’ပြီးမှ ယူမယ် ဆိုတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းစိတ်ဓာတ်၊ ခွပ်ဒေါင်းသွေးဟာ လွတ်လပ်ရေးရပြီးတဲ့နောက် ပါလီမန်အစိုးရ လက်ထက်မှရော၊ နောက်တက်လာတဲ့ စစ်အာဏာရှင် အစိုးရ အဆက်ဆက် လက်အောက်မှာပါ ခိုင်မြဲနေဆဲ နီရဲနေဆဲပါပဲ။

ကျနော့်မျက်လုံးထဲမှာ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရွှေတိဂုံဘုရားမှာ၊ ဆူးလေမှာ တလူလူ လွှင့်ထူခဲ့တဲ့ ခွပ်ဒေါင်းအလံ နှစ်လက်ကို ပြန်မြင်ယောင်နေမိပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ စက်တင်ဘာ (၁၈) ရက်နေ့ သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြတာကနေစပြီး ကျောင်းသားပြည်သူတွေဟာ ဒီမိုကရေစီတိုက်ပွဲထဲ ပါဝင်လာခဲ့ကြတာပါ။ စက်တင်ဘာလ (၂၄)ရက်နေ့မှာ ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်တဲ့ အထွေထွေသပိတ်ကြီး စတင်လိုက်ပါတယ်။ ဒီသပိတ်ကြီးအစမှာ သာသနအလံကလွဲလို့၊ မေတ္တာပို့ဆုတောင်းသံကလွဲလို့၊ ဘာအလံ ဘာဆိုင်းဘုတ်မှ မတင်ဖို့၊ ဘာကြွေးကြော်သံမှ မကြွေးကြော်ဖို့ သံဃလှုပ်ရှားမှု ဦးစီးကော်မတီနဲ့ ကျနော်တို့ ကနဦး သဘောတူညီထားခဲ့ပါတယ်။

ဒါပေမဲ့ အထွေထွေသပိတ်ကြီးရဲ့ ပထမနေ့ စက်တင်ဘာ (၂၄)မှာပဲ ရွှေတိဂုံအရှေ့မုခ်၊ ကြေးသွန်းဘုရား သပိတ်စခန်းကနေ ရန်ကုန်မြို့တွင်း လှည့်လည်ဖို့ တန်းစီကြတဲ့အချိန်မှာပဲ ကျောင်းသားလူငယ် အင်အားထုတခုက ခွင့်ပန်လာတဲ့ ‘အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားမှု’ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကျနော် သံဃဦးစီးကော်မတီကို တင်ပြခဲ့ရာမှာ သံဃာတော်တွေက ခွင့်ပြုလို့ ကျောင်းသားလူငယ်တွေဟာ အားမာန်အပြည့်နဲ့ ကိုင်ဆောင် လှည့်လည်နိုင်ခဲ့ကြပါတယ်။

အထွေထွေသပိတ်ကြီးရဲ့ ဒုတိယနေ့ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့ နံနက်မှာတော့ ကျော်ကိုကိုတို့ ဗကသ ကျောင်းသား အင်အားစုက သမိုင်းဝင် ခွပ်ဒေါင်းအလံကို လွှင့်ထူခွင့် တောင်းခံလာပါတော့တယ်။ ကျနော် သံဃကော်မတီကို လျှောက်ထားလိုက်ပြန်တဲ့အခါမှာတော့ ‘ဒါ သိပ်အရေးကြီးတဲ့၊ သိပ်လိုအပ်တဲ့ ကိစ္စပဲ ဒကာကြီး’ လို့ သံဃာတော်တွေက ပြတ်ပြတ်သားသား မိန့်သွားပါတော့တယ်။

အဲဒီနေ့က ရွှေတိဂုံဘုရားကို လက်ယာရစ် လှည့်လည်ပူဇော်ဖို့ ဘုရားရင်ပြင်ပေါ် အတက်မှာတော့ ကျော်ကိုကိုတို့ ဗကသ ကျောင်းသားတွေ လျှို့ဝှက်ယူဆောင်လာတဲ့ ခွပ်ဒေါင်းအလံနှစ်လက်ဟာ ရွှေတိဂုံအရှေ့မုခ် ပထမဆုံး လှေကားထစ်ကို နင်းလိုက်မိတာနဲ့ တပြိုင်နက်တည်း ကောင်းကင်ယံကို ဘွားခနဲ ထိုးတက်သွားပါတော့တယ်။

အဲဒီတုန်းက ခွပ်ဒေါင်းအလံနှစ်လက်ဟာ ရန်ကုန်မြို့ကြီးကို တပ်လှန့် လှုပ်နှိုးလိုက်သလိုပါပဲ။ ဆူးလေဘုရားရှေ့မှာ ခွပ်ဒေါင်းအလံတော်အောက်မှာ ဗကသ ဥက္ကဌကျော်ကိုကို မိန့်ခွန်းပြောနေတဲ့ မြင်ကွင်းကို ကျနော် မြင်ယောင် ရင်ခုန်နေတုန်းပါပဲ။ ။



[ မူရင်း - လွတ်လပ်တဲ့အာရှအသံ၊ မြန်မာဌာန၊ www.rfa.org/burmese ]

ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ

ရေးသူ..တင်ကျော်ကျော်စိုး

မန္တလေးအိုးဘိုထောင်တွင်အကျဉ်းကျခံနေရသည့်မကေသီအောင်မှာဒီဇင်ဘာလ
လ၂၉ရက်နေ့ကကိုဝန်ခြောက်လအရွယ်တွင်သွေးသွန်ပြီးကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားသည်
ဟုစုံစမ်းသိရှိရသည်။
သူမကိုဖမ်းဆီးစဉ်ကစစ်ကြောရေးမှနှိပ်စက်မေးမြန်းသည့်ဒဏ်၊ထောင်ဝင်စာတွေ့ခွင့်
(ဒီဇင်ဘာလက)မရသေးသဖြင့်အစာအဟာရမပြည့်ဝမှု၊ရာသီဥတုနှင့်ထောင်တွင်းကျန်းမာ
ရေးစောင့်ရှောက်မှုမကောင်းမွန်ခြင်းတို့ကြောင့်ဒီဇင်ဘာလထဲတွင်ထောင်ဒဏ်ချမှတ်ခံရ
ပြီးသည့်နောက်သွေးအားနည်းပြီးမူးမေ့လဲကျရာမှကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု
သိရှိရသည်။

ယခုအခါတွင်ဆေးဝါးအလုံအလောက်မရှိသည့်အိုးဘိုထောင်ဆေးရုံသို့တင်ထားသည်ဟု
သိရသော်လည်းမကေသီအောင်၏လက်ရှိကျန်းမာရေးအခြေအနေအရအသက်အန္တရယ်
ပါစိုးရိမ်ရကြောင်းမန္တလေးအိုးဘိုထောင်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းကFreedom News Groupသို့ပြောပြသည်
ခင်ပွန်းဖြစ်သူအထက်ဗမာပြည်ဗကသအဖွဲ့ဝင်ကျောင်းသားလှုပ်ရှားမှုခေါင်း
ဆောင်ကိုထွန်းထွန်းကိုငွေတော်ကျီကုန်း ရပ်ကွက်၊ ရွှေထွန်းလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်နေအိမ်တွင်
စက်တင်ဘာလ၁၄ရက်နေ့လည်၁နာရီက၀င်ရောက်
ဖမ်းဆီးရာမမိသဖြင့်ကိုယ်ဝန်ဖြင့်ဇနီးဖြစ်သူကိုဓားစာခံဖမ်းဆီးခေါ်ဆောင်သွားပြီးထောင်
ဒဏ်၂၆နှစ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။မကေသီအောင်မှာဖမ်းဆီးခံရသည့်အချိန်ကအသက်
၂၂နှစ်သာရှိသေးသည်။

မြန်မာပြည်အကျဉ်းထောင်များတွင်နိုင်ငံရေးလှုပ်ရှားမှုကြောင့်ထောင်ဒဏ်အပြစ်ပေးခံရသည့်
အမျိုးသမီးများမှာအကျဉ်းထောင်တွင်းဆင်းရဲကျပ်တည်းစွာနေရသည်။၁၉၉၈ခုနှစ်ပြည့်သူ့လွှတ်
တော်ပေါ်ပေါက်ရေးအတွက်ဆန္ဒပြတောင်းဆိုသဖြင့်ထောင်ဒဏ်ချမှတ်ခံရသူမဇင်မာအောင်မှာ
လည်းနှလုံးရောဂါနှင့်အာရုံကြောအားနည်းခြင်းဝေဒနာကိုကာလကြာရှည်စွာခံစားနေရကြောင်း
သိရသည်။

ဇင်ဘာဘွေမှမီလျှံနာများ

နအဖလက်အောက်မှာဒီလိုမီလျှံနာတွေမကြာခင်တွေ့ကြရတော့မည်။