Tuesday, January 20, 2009

လုပ်တာမဟုတ် ၊ မဟုတ်တာလုပ်


Side A
၀၁ လုပ်တာမဟုတ် ၊ မဟုတ်တာလုပ်
၀၂ ရပ်ကွက်ကတော့ငေးပြီ
၀၃ အထင်လွဲပြဇာတ် f feat : ThanThar Win
၀၄ စိတ်မဆိုးနဲ့ 
၀၅ ဘာလုပ်ကြမှာလဲ feat : Ei Si Kwe
၀၆ ဘယ်ကလဲ..ဘယ်သူနဲ့ လဲ feat : Zarni, 4Thee
၀၇ ပုံစံကမချိုးအပြေ feat : J-Me
၀၈ ဘုရင့်ဂီတ
၀၉ ချစ်ပါတယ်ဆို
၁၀ ငါနဲ့ ပဲနေ
၁၁ ဘ၀ဇာတ်ခုံ Hk feat : anegga
၁၂ မိန်းစပွန်ဆာ (main sponsor)
Side A download

http://www.mediafire.com/?id3mn245ilt
http://www.zshare.net/download/5426243883a5bea8/
http://rapidshare.com/files/184756797/LoteTarMaHote_MaHoteTarLote_A_MMCP.rar.html

Side B

၀၁ မင်းနဲ့ ပြတ်ရင်
၀၂ တွေ့ မယ်..သတိထား
၀၃ ပြဿနာမရှိ
၀၄ ချစ်လို့ ပါ
၀၅ ဗိုက်လှုပ်ပြီးက
၀၆ နောက်တစ်ခေါက်..မကျေပွဲ
၀၇ မေးရဦးမယ်
၀၈ ရူးချင်ယောင်ဆောင်
၀၉ ဆေးပေးမီးယူ
၁၀ သဘောမတူ
၁၁ လုပ်တာမဟုတ် ၊ မဟုတ်တာလုပ်
၁၂ လူသိမှာ

Side B
http://www.mediafire.com/file/fknwwitgmto/
http://www.zshare.net/download/54263320984674a6/
http://rapidshare.com/files/184770060/LoteTarMaHote_MaHoteTarLote_B_MMCP.rar.html

နှမအပါမခံနိုင်လို့

ဘယ်နိုင်ငံခြားအစိုးရကမှ ဗမာပြည်သူတွေလွတ်လပ်ဖို့ 

လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ လက်နက်မပေးပါဘူးဗျား ထင်ယောက်ထင်မှားဖြစ်နေစရာမလိုပါ

ဘူး ကိုယ့်ဘာသာဝယ်ဖို့ ကတော့နည်းနည်းဖြစ်နိုင်ပါသေးတယ် ဒါပေမဲ့ကျွန်တော်ကြိုက်တာ

ကတော့ လက်နက်လုပ်နည်းနဲ့ ပြောက်ကျားစစ်အခြေခံပညာတွေကိုကိုယ်ဘာသာပဲ ကိုယ့်လူ

စုနဲ့ ကိုယ်သိုသိုသိပ်သိပ်လုပ်ထားနိုင်တာအကောင်းဆုံးပါပဲဗျား ၂၀၁၀ရွေးကောက်ပွဲမကလို့ 

ဘာရွေးကောက်ပွဲကြီးပဲပေါ်လာပေါ်လာ လူထုကိုဖိပြီး လွတ်လပ်ခွင့်တွေပိတ်ထားသရွေ့ သူ

ပုန်ဆိုတာ M 16 ကြီးနဲ့ ပြောက်ကျားယူနီဖေါင်းနဲ့ မှသူပုန်မဟုတ်ပါဘူး ငြိမ်းအဖွဲ့ တွေလက်

နက်ကိုင်အင်အားစုတွေ အားနည်းသွားသော်လည်း သူပုန်ဆိုတာ မတရားတဲ့ဖိနှိပ်မှုမှန်သမျှ

လက်နက်စွဲကိုင်တော်လှန်တဲ့ တော်လှန်ဖို့ ပြင်ဆင်နေတဲ့သူတွေ လက်နက်ကိုင်တော်လှန်

ရေးပဲလူထုကိုကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်သူတွေကိုခေါ်တာပဲမဟုတ်လားဗျာ အား

ငယ်စရာမရှိပါဘူး ပြည်သူဆန္ဒသဘောထားအမှန်ကို ဟဲဟဲ အားလုံးသိကြတာပဲ

ကိုယ့်မြို့ နယ်ထဲက လူထုကိုဖိနှိပ်နေတဲ့ သူတွေကိုသိနေကြတာပဲ ပစ်မှတ်ကရှိနေပြီး

သားပါ လစ်ရင်လစ်သလိုချကြဖို့ ပဲရှိတယ် တုတ်ဒါး သရေခွဂျင်ကလိ မီးခိုးဘုံး လက်လုပ်

လက်ပစ်ဘုံး လုပ်သေနတ် ကအစ ဆိုင်လင်စာတတ်ပစ္စတို တရုပ်လက်ပစ်ဘုံး ခေါက်အေ

ကေ အားလုံးအသုံးကျတာပါပဲ ထိုင်းတောင်ပိုင်းကမွတ်စလင်သူပုန်တွေကိုတော့လေးစား

တယ်ဗျား လူဟောင်းတွေသိပ်မပါဘူး ဗဟိုမထားဘူး ပစ်မှတ်ကိုပဲအဓိကထားတယ် လစ်ရင်

လစ်သလိုလုပ်တယ် အဲလိုလုပ်နိုင်ရင် (ပစ်မှတ်မမှားဖို့ လူထုကိုမထိဖို့ တော့လို တာပေါ့ဗျာ)

ဒီကောင်တွေ နည်းနည်းတော့ကြောက်မယ် (ကိုယ်ကျိုးရှာသမားတွေကိုး)အပြီးသတ်တော့

အာဏာသိမ်းချင်မှသိမ်းနိုင်မှာပေါ့ လက်နက်နဲ့ ဆန္ဒကိုဖေါ်ထုတ်တာလေ လက်နက်မပါတဲ့

နည်းကိုကြိုက်သူတွေလည်း လက်နက်မပါတဲ့နည်းနဲ့ ဆန္ဒဖေါ်ထုတ်နိုင်သလို လက်နက်နဲ့ ဆ

န္ဒဖေါ်ထုတ်လိုသူတွေလည်းရှိတာကောင်းတာပေါ့ဗျာ တပြည်လုံးအတိုင်းအတာအနေနဲ့ ဖြစ်

လာရင်တော့တော်တော်ကြီးကိုအခြေအနေကောင်းလာမှာ

စစ်တပ်ကလည်းပူးပေါင်းလာမယ် ဆိုရင်တော့သိပ်ကောင်းပေါ့ဗျာ ကျိန်းသေတာက

တော့ အဝေးရောက်ညွန့် ပေါင်းပဲဖြစ်ဖြစ် ညီညွတ်ရေးပဲဖြစ်ဖြစ် အစိုးရတွေကတော့ပေါ်လာ

မှာပဲဗျ (အစိုးရဖြစ်မှနေပျော်သူတွေလည်းရှိတာကိုး) သူတို့ တွေကလက်တွေ့ ဘယ်လောက်

ကူနိုင်မလည်း အာနဲ့ ရင်းပြီးပြီးခဲ့ တဲ့အနှစ်(၂၀)လို ပဲလုပ်နေကြမလား မလုပ်ဘူးလားဆိုတာ

ကတော့ ငွေရောင်ပိတ်ကားပေါ်မှာမျက်ဝါးထင်ထင်ရှု့ စားကြရတော့မှာပါ (တယ်တော့မထင်)

လူထုတိုက်ပွဲတွေကတော့ဖြစ်လာခဲ့တာပဲဗျ လက်နက်ကိုင်တိုက်ပွဲတွေမဖြစ်လာရင်တောင်

ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ လောက်တော့ခေါင်းကွဲသင့်တာပေါ့ ဘုန်းတော်ကြီးတွေ လူထုတွေ

ကိုစိတ်ပြေနပြေဖိနှိပ်နေတဲ့အချိန်မှာ လက်ပစ်ဘုံးလေးတစ်လုံးလောက် ပစ်သွင်းနိုင်ရင်

တောင် လူထုက အားတက်မှာ (ပြည်တွင်းကလူတွေလည်းကိုယ့်အားကိုယ်ကိုးသင့်တယ်လို့ 

ပြောတုန်းကပြောကြပြီးတော့) ဘာပဲဖြစ်ဖြစ်ကိုယ့်အားကို ကိုယ်ကိုးတာကတော့အကောင်း

ဆုံးပါပဲ အကျစ်လစ်ဆုံးလူစုထားမယ် လက်နက်ရရင်စုထားမယ် လစ်ရင်လစ်သလို ချမယ်

ချချိန်တန်ရင်ချမယ်ပေါ့ဗျား

( ၃ )ရက်အတွင်း ( ၁၀ )စောင်အထက်ဝေပါ
မဝေပါကစစ်ဖိနတ်နှင့်အနင်းခံရပြီး၊ အိမ် တွင်ရှိနေသောနှမများအား စစ်အာဏာရှင်နှင့်နောက်လိုက်များက အစော်ကားခံရမည်။

NCUB နိုင်ငံရေး

1990 ရွေးကောက်ပွဲး မဲဆန္ဒရှင်တစ်စု


ပန်းတစ်ပွင့်က ပြောပါတယ်....

အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။
သီရိ(s/g)

20012009သတင်း၊ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


လင်ကွန်း၊ မာတင်လူသာကင်းနဲ့ အိုဘားမား မှသည် …

မောင်ရစ်

ဇန်န၀ါရီ ၂၀၊ ၂၀၀၉

လွန်ခဲ့တဲ့ အနှစ် ၄၀ (၁၉၆၈ ဧပြီ ၄) မှာ လူမည်း လူ့အခွင့်အရေးခေါင်းဆောင် "မာတင်လူသာကင်း ဂျုနီယာ" ကျဆုံးခဲ့တယ်။ သူ့မွေးနေ့ကို အမေရိကန်ရဲ့ အာဇာနည်နေ့တနေ့ အဖြစ်သတ်မှတ်တယ်။ ဇန်န၀ါရီ ၁၉။ နောက်တရက် - အနှစ် ၄၀ အကြာ - ဇန်န၀ါရီ ၂၀၊ ၂၀၀၉ မှာ အမေရိကန်ပြည်ထောင်စုက လူမည်းတဦးကို ပထမဦးဆုံး သမ္မတကြီးတဦးအဖြစ် တခဲနက် ရွေးချယ်လိုက်တယ်။ သူ့နံမယ်က ခင်ဗျားတို့ ကျနော်တို့ရဲ့ "အိုဘားမား" …


ဂန္ဓီကို စံထားတဲ့ လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းရဲ့ မော်ကွန်းဝင် မိန့်ခွန်းက "အိပ်မက်နဲ့ ငါတို့ … အားလုံး သာတူညီမျှ ငြိမ်းချမ်းတဲ့ ဘ၀ … ငါတို့ တနေ့မှာ ရောက်ကြရမယ် …" တဲ့။ "တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါပေါ့ …"။

လူမည်းတွေကို ကျွန်ဘ၀က လွတ်မြောက်စေဖို့ ပြည်တွင်းစစ်ကြီး ခင်းယူခဲ့ရတဲ့ သမ္မတကြီး လင်ကွန်းရဲ့ ပြည်နယ်က လာတဲ့ လူမည်းသမ္မတလောင်း အိုဘားမားက " ငါတို့အားလုံး ပြုပြင် ပြောင်းလဲကြစို့ …" တဲ့။

အာဇာနည် မာတင်လူသာကင်းဂျုနီယာရဲ့ အိပ်မက်ဟာ နှစ်ပေါင်း ၄၀ အကြာ ရွေးချယ်ခံသမ္မတ အိုဘားမား လက်ထက်မှာ အကောင်အထည်ပေါ်လာတော့မယ်လို့ အားလုံးက မျှော်လင့်တက်ကြွနေပါပြီ။

အမေရိကန်ပြည်ထောင်စုသမိုင်းမှာ မကြုံစဖူး ထူးခြားတဲ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းက လူငယ် လူကြီးတွေ လာရောက် ဆင်နွှဲကြမှာမို့ ဧည့်ပရိသတ် သန်းနဲ့ချီမယ်။ လူမည်းကပြား အိုဘားမားဟာ အာဖရိက နိုင်ငံသားတဦးရဲ့ သား၊ အရှေ့တောင်အာရှမှာလည်း ကြီးပြင်းခဲ့သမို့ ကမ္ဘာတ၀ှမ်းက သူ့ကို သူတို့မိတ်ဆွေသဖွယ်၊ သားချင်းသဖွယ် အိမ်နီးချင်းသဖွယ် မှတ်ထင်နေကြပုံပါပဲ။

စီးပွားရေး ခြွတ်ခြုံကျနေတဲ့ အမေရိကန်ပြည်ထောင်စုသားတွေမှာ အမြင့်မားဆုံး ဂုဏ်သိက္ခာကြီးကတော့ အာမခံချက် ပြည့်ဝတဲ့ နိုင်ငံရေး စနစ်ပဲ ဖြစ်ပါတော့တယ်။ အဲသည် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အမှန်တရားကို အာမခံတဲ့ နိုင်ငံရေးစနစ်က လူမည်းသမ္မတတဦးနဲ့ အစိုးရအသစ်တခုကို ဒီနှစ်မှာ မွေးဖွားပေးလိုက်နိုင်တာမို့ အမေရိကန်မဟုတ်သူ မောင်ရစ်လို လူမျိုးတွေက မှင်သက်လို့ ရှုမောမဆုံးနိုင်အောင် အံ့သြကုန်နိုင်ဖွယ် ဖြစ်နေရတာပေါ့ ခင်ဗျာ။

အာဏာရှင်တွေ၊ ဆွေစဉ်မျိုးဆက် မင်းဆက်တွေ၊ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်လို့မကုန်နိုင်တဲ့ တခါးပိတ် အသိုင်းအ၀ိုင်းကျဉ်းတွေကြားထဲ နေထိုင် ရှင်သန်ရတာ အကျင့်ပါလွန်းနေတော့ ပြည်ထောင်စု အမေရိကန်နိုင်ငံကြီးက နိုင်ငံကြီးသားစိတ်ဓာတ်တွေကို ဉာဏ်မမီလောက်တောင် ဖြစ်မိပါရဲ့။

ဒါ့အပြင် အိုဘားမားရဲ့ ကွယ်လွန်သူ ဖခင်ကြီးဇစ်မြစ်ဖြစ်တဲ့ ကင်ညာနိုင်ငံက အိုဘားမားအမျိုးတွေက သူတို့နိုင်ငံနဲ့ တိုက်ရိုက် မဆီမဆိုင် ဂုဏ်တွေယူပြီး ပျော်ရွှင်တက်ကြွနေကြတာကိုလည်း မနာလိုမိသလိုလို အားကျမိသလိုလိုနဲ့ပေါ့ ခင်ဗျာ။

ဆန်ဖရန်စစ္စကို တက္ကသိုလ် (SFSU) မှာ ကင်ညာနိုင်ငံသားလေး တဦး လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျောင်းလာတက်ခဲ့တယ်။ ကျောင်းစရိတ်ကလွဲရင် အပိုသုံးစရာမရှိတော့ အားကစားရုံက ကျောင်းဘီဒိုလေးမှာ သူ့ပစ္စည်းတွေထည့်သိမ်း၊ စာကြည့်တိုက်က ၂၄ နာရီ စာဖတ်ခန်းကျယ်ကို နားစရာ၊ စာကျက်ရာ ပြီးတော့ အိပ်စရာအဖြစ် ထားပြီး ကျောင်းတက်ခဲ့တယ်။ စာက တော်လွန်းတော့ ဆရာတွေ ကျောင်းသားတွေက ချစ်ပြီး ၀ိုင်းကူတော့ အချိန်ပိုင်း စာပြဆရာအလုပ်ရတယ်။ ပညာရေး ချေးငွေ နည်းနည်းပါးပါးရတယ်။ သူကလည်း အမြဲတမ်း စာဖတ်ရင်ဖတ်၊ မဖတ်ရင် သူများတွေကို စာရှင်းပြနေတာချည်းပဲ တွေ့ရတယ်။ မျက်နှာမှာက မာန်မာနကင်းစင်တဲ့ အပြုံး။ နောက်နှစ်တွေမှာတော့ သူ အဆောင်ခန်း ငှားပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ သူက ဆေးပညာရှင်တဦးဖြစ်အောင် ပညာတွေ ဆက်သင်သွားမှာတဲ့။ ကြီးမားတဲ့ အိပ်မက်နဲ့။

အမေရိကန်နဲ့ တချို့ကမ္ဘာအခြမ်းကလူတွေ "အိုဘားမား" ရောဂါသည်းနေချိန်မှာ အဲသည်ကျောင်းသားငယ်လေးဟာ သူ့အလုပ်သူ လုပ်နေတာပါပဲ။ နောက်တော့ အိုဘားမား သမ္မတအဖြစ် ရွေးကောက်ခံရချိန်၊ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ပြင်ဆင်နေကြချိန်မှာတော့ သူ့ကို ၀ါရှင်တန်သွားဖို့ အထုပ်အပိုးပြင်ဆင်နေတာကို တွေ့ရပါတော့တယ်။

အိုဘားမားက သူ့အဖေဘက်က ကင်ညာနိုင်ငံသား ဆွေမျိုးသားချင်း ၂၅ ဦးကို ပွဲတက်ဖို့ ဖိတ်ပါတယ်တဲ့။ အဲဒီထဲမှာ အဲသည်က ကျနော်တို့ရဲ့ကျောင်းသားလေးလည်း တဦးပါတယ်။ သူက အဖေ့ဖက်က ညီမ (သို့မဟုတ် အမ) ရဲ့ သား။ သူနဲ့ဆိုရင် မြန်မာအခေါ် ၀မ်းကွဲညီ။ ဆန်ဖရန်စစ္စကို တက္ကသိုလ်က ရိုးကုပ်ဆင်းရဲတဲ့ ကင်ညာနိုင်ငံသားကျောင်းသားလေးတယောက်ဟာ အိုဘာမားရဲ့ သားချင်းတဦးဆိုတာက အဲဒီအချိန်မှ မောင်ရစ်တို့ သိရတယ်။

အိုဘားမားရဲ့ သားချင်းတဦး ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှာ တက်သွားတယ်ဆိုတဲ့ အချက်ဟာ ဂုဏ်ယူစရာတခု ဖြစ်တယ်ဆိုရင် အဲဒီ ၀မ်းကွဲညီကလေးက သူ့အရည်အချင်းနဲ့ ကိုယ့်အားကိုယ်ကိုး ကိုယ်ဒူးကိုယ်ချွန်လို့ ချီတက်သွားတယ်ဆိုတာ ပိုပြီး ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သူ့ "အိုဘားမား"အကြောင်းကို သူ့တို့နိုင်ငံသားများနဲ့ တန်းတူညီမျှ အတူတကွ ဂုဏ်ယူခဲ့ပြီး ထူးထူးခြားခြား ကိုယ်ရေးကိုယ်တာ ထုတ်ဖော်ကြွားဝါသွားခြင်း အလျင်းမရှိတာကလည်း ချီးကျူးစရာ အားမာန်တခုပဲ ဖြစ်နေပါတော့တယ်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ အဝေးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတဦးအနေနဲ့ ပြည်ထောင်စု အမေရိကန်နိုင်ငံတော်ကြီးရဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ အမှန်တရားကို အာမခံချက် ပေးတဲ့ နိုင်ငံရေးစနစ်အဖြစ် မျိုးဆက်တွေ အဆင့်ဆင့် လက်ဆင့်ကမ်း ကြိုးပမ်းခဲ့ကြတဲ့ လုံလ၀ီရိယတွေကို အလေးပြုမိပါတယ်။ သူတို့ရဲ့ အသားအရောင်မခွဲ၊ ကျားမ မခွဲ၊ အဆင့်အတန်းမခွဲခြားတဲ့ နိုင်ငံရေးစနစ်တခုအဖြစ် ယခုလို လင်ကွန်းကနေ မာတင်လူသာကင်း၊ အဲဒီနေ အိုဘားမားအထိ မဆုတ်မနစ်တဲ့ ခရီးရှည်ကြီးကို ဦးညွတ်မိပါတယ်။

ဒါ့အပြင် လူသားတိုင်း တမိုးအောက်တည်းမှာ သာတူညီမျှ လွတ်လပ်ကြသည်ဆိုတဲ့ အခြေခံမူကြီးကို အကြွင်းမဲ့ ယုံကြည်လို့ ဆွေတွေ မျိုးတွေ အမှီအခိုတွေ ကျေးဇူးခံ ကျေးဇူးစားတွေ အမွေအနှစ်တွေ အပေးအယူ နားလည်မှုတွေက ကင်းလွတ်စွာနဲ့ ဖြစ်ထွန်း ထူထောင်တဲ့ အမေရိကန်ရဲ့ နိုင်ငံသားကောင်းတွေထဲက တဦးဖြစ်တဲ့ အိုဘားမားကိုသာမက၊ ထိုကဲ့သို့ ယုံကြည်ရဲရင့်တဲ့ ကင်ညာနိုင်ငံရဲ့ အိုဘားမားညီဝမ်းကွဲ ကျောင်းသားငယ်လေးကဲ့သို့သော တမ္ဘာတလွှားက လွတ်လပ်တဲ့ နိုင်ငံသားကောင်းတွေကိုပါ အားကျဂုဏ်ယူမိလိုက်ပါရဲ့။

ကျနော်တို့ မြန်မာ နိုင်ငံကြီးသားကောင်းတွေကလည်း "တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား …"

နေအိမ်ခန်းအတွင်းက ဘာသာရေးဆုတောင်းပွဲများ တားမြစ်ခဲ့

ဘုန်းကြီးအိမ်ပင့်ပြီးတရားနာအမျှဝေဆုတောင်းတာရော......(အင်း..)ထည့်ကြေငြာကြည့်ပါလားနအဖရယ်....
မိုးမခ အထောက်တော် ၀၀၇
ဇန်န၀ါရီ ၂၀၊ ၂၀၀၉
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် စစ်အစိုးရက ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ တရားပွဲများကို ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။ သံဃာတော်များကိုလည်း သံဃာသပိတ်မှောက်ကံဆောင်မှုကို နှိမ်နှင်းရန် ဖမ်းဆီး ထောင်ချပြီး အချို့ကို ရဲဘက်စခန်းများအထိ ပို့ဆောင်ခဲ့သည်။ ယခုအခါ ဗုဒ္ဓဘာသာဝင်များသာမက အခြား ဘာသာရေး လွတ်လပ်ခွင့်များကိုပါ ကန့်သတ် ချုပ်ချယ်မှု ဆက်လက် တိုးပွားလာကြောင်း သတင်းများက ဆိုသည်။

ရန်ကုန် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ လူနေအိမ်များ၊ တိုက်ခန်း အဆောက်အဦများအတွင်း မိမိကိုယ်ပိုင်အစီစဉ်ဖြင့် စုပေါင်းပြုလုပ်နေကြသော ဘာသာရေး ၀တ်ပြုဆုတောင်းမှုများကို အမြန်ရပ်တန့်ရန် ၊ ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိုးနိုင်အမိန့် ဖြင့် ဇန်န၀ါရီ ၅ ရက်နေ့ က စာတစောင် ထုတ်ပြန်လိုက်သည် ။

အချက် ၃ ချက်ပါသည့် သာသနာရေးမှူး ဦးစိုးနိုင်၏အမိန့်ကို ကိုးကားကာ မြို့နယ် မယက ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရစ်ယာန် ဘာသာရေးဆုတောင်းသူများ ၊ အစ္စလန် ဘာသာရေး ဆုတောင်းသူများကို ခေါ်ယူသတိပေးခဲ့ပြီး ၀န်ခံကတိ လက်မှတ်ထိုးစေခဲ့သည် ။ လိုက်နာမှုမရှိလျှင် အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည် ။

လူဦးရေ ၄ သန်း ကျော်အထိ တိုးပွါးလာသည့် ယနေ့ ရန်ကုန်မြို့ပေါ်တွင် ခရစ်ယာန်များနှင့် အစ္စလန်တို့လည်း ပိုမို တိုးပွားလာခဲ့သည် ။ အထူးသဖြင့် လူအများ အလွယ်တကူ စုနိုင်သည့် ပန်းပဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်မြို့နယ်များရှိ တိုက်ခန်းများတွင် ၀တ်ပြုဆုတောင်းမှု ပို များလာသည်။ ပန်းဆိုးတန်းလမ်းအတွင်းမှာပင် ၀တ်ပြုဆုတောင်းရန် စုဝေးသည့် ခရစ်ယာန် အသင်းတော် ၃၀ ခန့်ရှိသည် ။ ပန်းပဲတန်း ကျောက်တံတား ပုဇွန်တောင် ၃ မြို့နယ် ပေါင်းလိုက်လျှင် ၀တ်ပြုဆုတောင်းသည့် နေရာပေါင်း ၈၀ ခန့် ရှိသည်။ ၄င်းကဲ့သို့ နေအိမ်တိုက်ခန်းများတွင် ၀တ်ပြုဆုတောင်းမှုပြုသူ ခရစ်ယာန်အများစုမှာ ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်ဟု ဆိုသည်။ အစ္စလန် ဆုတောင်းပွဲလုပ်သည့် နေရာနှင့် အရေအတွက်ကိုမူ မိုးမခမှ ဆက်လက် စုံစမ်းဆဲဖြစ်သည်။

ဓာတ်ပုံမှာ အစိုးရက ထုတ်ပြန်သည့် စာမိတ္တူ ဖြစ်သည်။

ရေခဲပုံးထဲမှ မြန်မာ ၂ ဦး ပင်လယ်တွင် ၁ လကြာ မျောနေခဲ့

Tuesday, 20 January 2009 19:07 ဇာနည်ဝင်း
ပင်လယ်ထဲတွင် တလနီးပါး မျောပါနေခဲ့သော မြန်မာ ငါးဖမ်းလုပ်သား ၂ ဦးကို ကယ်ဆယ် ထားသည်ဟု သြစတေးလျ နိုင်ငံက ယနေ့ ပြောကြား လိုက်သည်။ ၎င်းတို့သည် ခရစ္စမတ်နေ့ မတိုင်မီ ၂ ရက်က ငါးဖမ်းလှေ တိမ်းမှောက် ပြီးနောက် ငါးထည့်သည့် ရေခဲပုံး အတွင်း ၀င်ပြီး ငါးမန်း ပေါသည့် ပင်လယ်ပြင်တွင် ၂၅ ရက်ကြာ မျောပါနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပင်လယ်အတွင်း ၂၅ ရက်ကြာ မျောနေခဲ့သူ နှစ်ဦး (ဓာတ်ပုံ - Reuters)
၎င်းတို့သည် အသက် ၂၂ နှစ် နှင့် ၂၄ နှစ်အရွယ် လူငယ်များ ဖြစ်ကြောင်း ကွင်းစလန် ပြည်နယ် ကျန်းမာရေးဌာန ပြောခွင့် ရပုဂ္ဂိုလ်တဦးက Sydney Morning Herald သတင်းစာသို့ ပြောပြသည်။

ထိုလူငယ် နှစ်ဦးသည် ရေခဲပုံး အတွင်းရှိ ငါးနှင့် ရေကို စားသောက်ကာ အသက် ရှင်နေခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များကို ပြောပြကြောင်း telegraph.co.uk အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ လှေပေါ်တွင် လိုက်ပါခဲ့သော တခြား မြန်မာပြည်သား ၁၁ ယောက်၊ ထိုင်းနိုင်ငံသား ၇ ယောက်တို့မှာ ရေနစ် သေဆုံးသွားပြီဟု ယူဆရကြောင်းလည်း ရေးသားထားသည်။

တိမ်းမှောက် သွားသော ငါးဖမ်း လှေပေါ်တွင် အသက်ကယ် အင်္ကျီ၊ အသက်ကယ် လှေများ မရှိဟု ဆိုသည်။

“ဒီလောက်ကျယ်တဲ့ ပင်လယ်ကြီးထဲမှာ သူတို့ ၂ ယောက်ကို ရှာတွေ့လိုက်တာက တော်တော်လေး အံ့သြဖို့ ကောင်းတယ်”ဟု သြစတေးလျ နိုင်ငံ ရေကြောင်း သွားလာရေး လုံခြုံမှု ဆိုင်ရာဌာန ပြောခွင့်ရ အမျိုးသမီး Tracey Jiggins က ပြောပြသည်။

၎င်းတို့အား ဆေးဝါးကုသပေးပြီး ဖြစ်ကြောင်း Jiggins က ပြောသည်။ ယနေ့ နေ့လယ်ပိုင်းတွင် သြစတေးလျ လူဝင်မှု ကြီးကြပ်ရေး ဌာနသို့ လွှဲပြောင်း ပေးမည်ဟု သိရသည်။

အေပီ သတင်းဌာနက ငါးဖမ်း လုပ်သားနှစ်ဦးနှင့် ပတ်သက်ပြီး ကင်ဘာရာ မြို့တော်ရှိ မြန်မာသံရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးနှင့် အဆက်အသွယ် မလုပ်မရ သေးကြောင်း သံအရာရှိ တဦးက ဖြေကြားခဲ့သည်။

၎င်းတို့ နှစ်ဦးကို လွန်ခဲ့သည့် လေးရက်က သြစတေးလျနိုင်ငံ Horn ကျွန်း၏ အနောက် တောင်ဘက်တွင် ကမ်းခြေစောင့် လေယာဉ် တစီးက စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကျွန်းသည် သြစတေးလျနှင့် အင်ဒိုနီးရှား နိုင်ငံကြားတွင် တည်ရှိသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် နေထိုင်ပြီး မြန်မာပြည်သား ရေလုပ်သားများနှင့် နီးစပ်သည့် ကိုထူးချစ်က “ထိုင်း ပင်လယ် ကမ်းရိုးတန်းမှာတော့ ငါးဖမ်းလှေ မှောက်တာတွေ ရှိတယ်။ သြစတေးလျ နိုင်ငံနားအထိ ရောက်ပြီး လှေမှောက်တယ် ဆိုတာတော့ အခုမှ ကြားဖူးတယ်” ဟု ဆိုသည်။

မြန်မာ သင်္ဘော သားများအရေး လုပ်ကိုင်နေသည့် ထိုင်း အခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂမှ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုသူရကလည်း “ငါးဖမ်း လုပ်သားတွေ လှေမှောက်ပြီး ပင်လယ်ထဲမှာ ဒုက္ခရောက်တဲ့ ဟာတော့ ဒါ ပထမဆုံး အကြိမ်ပဲ ကြားဖူးတာ”ဟု ဧရာဝတီသို့ ပြောပြသည်။
သြစတေးလျနိုင်ငံ၊ ရုပ်မြင်သံကြားသတင်းအစီအစဉ်တခုတွင် တွေ့ရသော မြန်မာပြည်သား ငါးဖမ်းလှေလုပ်သား ၂ ဦး။ (ဓာတ်ပုံ-ကေအေ၀ိုင်)

ပင်လယ်အတွင်းမှ လွတ်မြောက်လာသူနှစ်ဦးနှင့် စကားပြောခြင်း
Sydney Morning Herald
ဇန်န၀ါရီ ၂၀၊ ၂၀၀၉
ပင်လယ်အတွင်း ၂၅ ရက်ကြာ မျောပါနေခဲ့သော မြန်မာလူငယ် ၂ဦးက ၎င်းတို့၏ သေကံမရောက် သက်မပျောက်သည့် အတွေ့အကြုံအချို့ကို ရှင်းပြခဲ့သည်။
ထို ၂ ဦးမှာ ကိုကိုဦး (အသက် ၂၂ နှစ်)၊ သောင်းထိုက် (အသက် ၂၄ နှစ်) တို့ ဖြစ်သည်။

ကိုကိုဦးက “ပထမ ဆယ်ရက်က ဘာမှ စားစရာမရှိဘူး” ဟု Thursday Island ဆေးရုံတွင်ရှိနေစဉ် စကားပြန်မှတဆင့် ရှင်းပြသည်။ “နောက်တော့ ပင်လယ်ငှက် အကြီးကြီး ၂ကောင် ရောက်လာပြီး ငါးအသေးလေးတွေကို အန်ထုတ်တယ်။ ၇ ကောင် ၈ ကောင်လောက်ရှိမယ်။ စားခဲ့ရတာ အဲဒါတွေပဲ။” ဟု ဆိုသည်။

ရေခဲကန်ထဲမှ ငါးများကို စားသုံးပြီး ရှင်သန်ခဲ့ရသည်ဟု အများက ယူဆထားခဲ့ခြင်းဖြစ်သည်။ ဆေးရုံမှ ယနေ့ ညနေ ၃ နာရီတွင် ဆင်းလာသော ၎င်းတို့နှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိများထံသို့ အပ်နှံလိုက်သည်ဟု ဆိုသည်။ အာဏာပိုင်တို့ ၎င်းတို့ကို Horn Island ရှိ ဟိုတယ်တခုတွင် စစ်ဆေးမေးမြန်းနေသည်ဟု ဆိုသည်။

၎င်းတို့အား ပင်လယ်တွင်းမှ ကယ်ဆယ်ခဲ့သူများက ၎င်းတို့သည် အမှန်တကယ် လှေမှောက်ပြီး ဒုက္ခရောက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း ဒေသခံအချို့က ၎င်းတို့ကို သံသယ ရှိနေကြသည်။

ကိုကိုဦးက ထိုင်းငါးဖမ်းလှေတွင် သြဂုတ်လမှစပြီး အလုပ်ဝင်ခဲ့သည်ဟု ဆိုသည်။ “မင်း ဒီမှာ မလုပ်ဘူးဆိုရင် မင်းကို သတ်ပစ်မယ်၊ သေနတ်နဲ့ပစ်မယ်” ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။

ငါးဖမ်းလှေသည် လှိုင်းဒဏ်ကြောင့် ပျက်စီး နစ်မြှုပ်ခဲ့ရကြောင်း ရှင်းပြသည်။

ပေါက်သွားသည့် လှေဝမ်းကို ဖာထေးရန် ကြိုးပမ်းခဲ့ကြသေးသည်ဟု ဆိုသည်။ “လှိုင်းက သိပ်ကြီးတယ်။ လှေက ကွဲသွားတော့တာပဲ။ လူတိုင်း ကြောက်နေကြတယ်။ ရေထဲ ခုန်ချကြတာပဲ” ဟု ဆိုသည်။

ကိုကိုဦးက ရေခဲသေတ္တာကြီးကို လှေပေါ်မှ တွန်းချပြီး လိုက်ပါခဲ့သည်ဟု ဆိုသည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ခေါ်ယူခဲ့သော်လည်း ရေလှိုင်းများကြောင့် လူစုကွဲသွားသည်ဟု ပြောပြသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် အလွန်ကာလသို့

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇန်နဝါရီလ 19 2009 13:55 - မြန်မာစံတော်ချိန်

( နေမျိုးဝေနှင့် ဆက်သွယ်မေးမြန်းချက်)

မြန်မာစစ်အစိုးရ ကျင်းပမည်ဆိုသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနှင့် ကန့်ကွက်ဆန့်ကျင် သွားမည့်သူများ ရှိနေသလို၊ ပါတီထောင်ကာ ၀င်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေးအတွက် ပြင်ဆင်လှုပ်ရှားနေသူများလည်း ပြည်တွင်း၌ ရှိနေသည်။

သည်အထဲတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပါတီကြီးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီအတွင်းရေးမှူးနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ထိုးနှက်ပြောဆိုလေ့ရှိသည့် ကိုနေမျိုးဝေလည်း ပါဝင်သည်။

သူနေထိုင်ရာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သူက တပိုင်တနိုင်အားဖြင့် စတင်နေသည်။

သူ့ နိုင်ငံရေး စိတ်ကူးနှင့် လက်ရှိလှုပ်ရှားမှုများကို သိရှိနိုင်ရန်အတွက် မဇ္ဈိမ သတင်းထောက် သန်းထိုက်ဦးက ဆက်သွယ်မေးမြန်းထားပါသည်။

၂၀၁၀ ရွေးကောက်ပွဲနိုင်အောင် ဘယ်လို မဲဆွယ်မှုတွေ လုပ်မလဲ။

ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲကို နိုင်အောင် ရည်ရွယ်ချက် မထားဘူးခင်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဆင့်ကို ၀င်မယ်။ ကျနော် ဘယ်လိုလုပ်မလဲဆိုတော့ ပြည်သူ့လွှတ်တော်ထဲမှာ ဘယ်လို ဥပဒေပြုတယ်ဆိုတာ ကျနော် ရှင်းပြမယ်။

တစ်အချက်က - ကျနော် အဆိုပြုချင်တဲ့ ဥပဒေမူကြမ်းတွေကို ကျနော် စာတွေ ရေးထားမယ်။ တစ်အချက်က ဘယ်လို ဥပဒေတွေကို ထောက်ခံမယ်၊ (Yes) ထောက်ခံမယ် ဆိုပြီးတော့ ကျနော် ရေးထားမယ်။ နှစ်အချက်က ဘယ်လို ဥပဒေတွေများ တင်လာရင် (No) လုပ်မယ်ဆိုပြီး ကျနော် ရေးထားမယ်။ သုံးအချက်က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘယ်လို တာဝန်တွေရှိလဲ။ လေးအချက်က တိုင်းပြည်ကို ဥပဒေ ပြုရမယ်ဆိုတာ ပြည်သူတွေ သိအောင် ရှင်းပြတဲ့အချက် လုပ်မယ်။

အဲဒီ အချက် ၄ ချက်ကို ကျနော်ရေးပြီးတော့ စာရွက်နဲ့လည်း ဖြန့်မယ်။ ကျနော်က ဘိုကလေးမြို့မှာ ၀င်မယ်ဆိုတော့ ဘိုကလေးမြို့နယ်တွေပေါ်မှာ ဖြန့်ရုံတင် မကဘူး၊ ကျနော် တယောက်တည်းသာ ဒီလို အတွေးအခေါ်ရှိတဲ့ လူတယောက်တည်းသာ လွှတ်တော်ထဲမှာ ရောက်မယ်ဆိုရင် လွှတ်တော်ထဲမှာ တမဲပဲ ပေးရမှာ ဖြစ်တယ်။ အဲဒီတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တခြား မြန်မာနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တွေကိုပါ ပြန့်အောင် ကျနော် ဖြန့်မယ်။

မီဒီယာတွေနဲ့လည်း ဆက်သွယ်စည်းရုံးပြီး ဒီအယူအဆကို ပြန့်ပွားအောင် လုပ်မယ်။ အဲဒီလို ကျနော်တို့ မဲဆွယ်စည်းရုံးမယ်။ ကျနော် တယောက်တည်း နိုင်ရေးက အဓိက မဟုတ်ဘူး။ ကျနော် တယောက်တည်း နိုင်ရင် လွှတ်တော်ထဲမှာ တမဲပဲ ဖြစ်မယ့်အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး။

မြို့နယ် ဒေသခံတွေကြားမှာ ရွေးကောက်ပွဲဆိုတာကို အများစုက နားမလည်ကြဘူးဆိုတော့ မဲဆွယ်တဲ့ နေရာမှာ အောင်မြင်မှု ရနိုင်မလား။

ဒေသခံတွေကြားမှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြင်နေတာလေးတွေက ရ၀တ ဥက္ကဋ္ဌ ရွေးတယ်လို့ ထင်နေတယ်။ မ၀တ ဥက္ကဋ္ဌ ကို ရွေးတယ်လို့ ထင်နေတယ်။ ဥပဒေပြုတယ်ဆိုတာ ဘာမှန်းမသိဘူး။ ဘာလဲဆိုတော့ ဒီလက်ရှိကာလတွေနဲ့ ဆက်စပ်ပြီးတော့ ကြည့်နေသေးတာကိုး။ ကျနော်တို့က အဲဒါတွေနဲ့ ပတ်သက်လို့ ရှင်းပြဖို့ ကျနော်တို့က အခု ဘယ်လိုတည်ဆောက်နေရလဲဆိုတော့ အခုလည်း ပုဂံက မိတ်ဆွေတွေ ရောက်လာတယ်။ သူတို့ကို ကျနော် ရှင်းပြတယ်ပေါ့။ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ဥပဒေပြုတယ်၊ ဘယ်လို ဘယ်လို ဖြစ်တယ်ဆိုတဲ့အကြောင်း။ အဲဒီလို လူတွေကနေ စပြီးတော့ နိုင်ငံရေးအဆင့်မှာလည်း ၄ ဆင့် ရှိတာကိုး။

ပထမ အဆင့်ကတော့ ဒီအဖွဲ့အစည်းမှာ ပါဝင်ပြီးတော့ နိုင်ငံရေး အခြေခံအဆင့်ပေါ့နော်။ ပထမ အဖွဲ့အစည်းတွေမှာ ပါဝင်ပြီးတော့ အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို လုပ်တာ။ အဲဒီလူတွေ အဆင့်က သပိတ်တွေ ဘာတွေ မှောက်တဲ့အခါမှာ လက်သီးလက်မောင်းတန်းအော်တဲ့ အဆင့်မျိုးပေါ့ဗျာ။ ဒုတိယအဆင့်ကတော့ သန့်ရှင်းသော အစိုးရဖြစ်အောင် ၀ိုင်းပြီးတော့ ဘယ်နေရာမှာ မှားနေပါတယ်ဆိုပြီးတော့ မီဒီယာနဲ့ ဆက်သွယ်ပြောဆိုပြီးတော့ လုပ်လိုက်မယ့် လူတွေ။ တတိယ နိုင်ငံရေးအဆင့်ကတော့ အကြံပြုစာရေးတဲ့ အဆင့်။ နောက်ဆုံးအဆင့်ကတော့ ခုနက ကျနော်ပြောတဲ့ မူဝါဒတွေ ရေးဆွဲချမှတ်ပြီး ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။

ကျနော်တို့ဟာ ခုန အောက်ခြေအဆင့်မှာရှိတဲ့ ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်တွေကို ဖြန့်ဝေပေးတဲ့ လူတွေကို ကျနော်တို့ အရင်စုရပါတယ်။ အဲဒီလူတွေကို အခုဆို ကျနော်တို့ မဲဆွယ်စည်းရုံးတဲ့ကာလ မရောက်သေးပေမယ့် ဖွဲ့စည်းပုံကို နားလည်အောင်ပြောတဲ့ အဆင့်က လူတွေဖြစ်အောင် တည်ဆောက်တာပါ။

ပြိုင်ဘက် ပါတီ ကိုယ်စားလှယ်တွေက ဘယ်သူတွေ ဖြစ်လာနိုင်မလဲ။

ပြိုင်ဘက်ပါတီဆိုတာကတော့ ကျနော်တို့က ပြိုင်ဘက်လို့ မသတ်မှတ်ပါဘူး။ မိတ်ဘက်တွေလိုပဲ သတ်မှတ်ပါတယ်။ မည်သူမဆို ပြိုင်ဘက်လို့ မသတ်မှတ်ဘူးဆိုတာက အကုန်လုံး ဒီမေးခွန်းတွေ ဖြန့်ကျက်မယ်။ ဒါ ကြိုတင်ပြီး (Question) Out သလိုပဲ။ ဒီဟာတွေကို သူတို့က ကြိုတင်ပြီးတော့ သိထားလို့ အကုန်လုံးက လေ့လာကြမယ်။ လေ့လာရင် တတ်သွားမယ်။ တတ်သွားရင် တတ်တဲ့ လူတွေ ရမယ်။

ကျနော်တို့ နိုင်ငံမှာ သူတို့ ကြိုတင်သိလို့၊ လေ့လာလို့၊ ဖြေနိုင်လို့ တတ်သွားမယ် ဆိုလို့ရှိရင် တတ်တဲ့လူတွေ ရမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်တာကတော့ဗျာ၊ ပါတီတွေအနေနဲ့ကတော့ တနိုင်ငံလုံး လွှမ်းပတ်ခြုံနိုင်မယ့် ပါတီတွေဟာ ၂ ခု၊ ၃ ခုထက် မပိုဘူးလို့ ကျနော် သုံးသပ်ပါတယ်။

ကိုယ်စားတွေကရော ဘယ်သူတွေ ဖြစ်လာမလဲဗျ။

အဲဒါတွေ ဒီအချိန်မှာ ကျနော် မသိသေးဘူးခင်ဗျာ။ ပြိုင်ဘက်ပါတီတွေကတော့ ကျနော် မသိသေးဘူး။ ဒါ ကျနော် အပွင့်လင်းဆုံးပြောတာ။ နိုင်ငံတော်ဘက်ခြမ်းက စီစဉ်တာတွေလည်း ရှိမယ်။ တချို့လူတွေလည်း ရှိလိမ့်မယ်။ ဒီအချိန်မှာ ပုဂ္ဂလိက ကွန်ယက်တွေလည်း ပေါ်လာကောင်း ပေါ်လာနိုင်မယ်။

၂၀၁၀ အလွန် မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုဖြစ်လာမယ်ထင်လဲ။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသဖြင့်။

၂၀၁၀ အလွန်မှာ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတော့ ကျနော်တို့ လုပ်ပိုင်ခွင့် များသောအားဖြင့် ရမယ့်နေရာတွေက ပညာရေး နယ်ပယ်၊ စီးပွားရေးနယ်ပယ်။ အဲဒီနယ်ပယ်တွေမှာ ကျနော်တို့ ပြောရေးဆိုခွင့်လေးတွေ ရလာမယ်။ ပြောရေးဆိုခွင့်လေးတွေ ရလာပြီဆိုရင် ကျနော်တို့ ဥပဒေမူကြမ်းလေးတွေ စမ်းသပ်ပြီးတော့ တင်သွင်းခွင့်လေးတွေ ရလာမယ်။ အဲဒီ လွှတ်တော်တွေထဲမှာလည်း မေးဖို့ ဆွေးနွေးပွဲလေးတွေ ဖြစ်လာနိုင်တယ်။ နောက် ပြည်သူတွေကို ကျနော်တို့ အသိပေးဖို့တွေ လုပ်လာနိုင်မယ်။

အဲဒီလို ရလာပြီဆိုရင် အဲဒီဘက်ကနေ စပြီးတော့၊ နောက် ဒီဘက်ခေတ်ကလည်း နည်းနည်းပြောင်းလာမှာပေါ့ဗျ။ ရှေးခေတ်တုန်းကဆိုရင် ကျနော် မမျှော်လင့်ရဲဘူးဗျာ။ ရှေးခေတ်တုန်းက လက်နှိပ်စက်တောင် ဘိုကလေးမြို့နယ် တမြို့လုံးမှာ တလုံးလောက် ရှိတာကိုး။ အခု ကော်ပီယာတွေ ပေါ်လာပြီ။ နောက် VCD စက်တွေနဲ့ အခွေတွေနဲ့ အလွယ်တကူ ပြန့်ပွားလို့ရပြီ။ နည်းနည်း ပေါက်ကွဲမှုပုံစံ ရှိတယ်။ မီဒီယာ ပေါက်ကွဲမှု ရှိတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲ တနေရာထဲမှာတင် အသိပေးထားတာ အောင်မြင်လာမယ်လို့ မျှော်မှန်းပါတယ်။ နောက် ၂၀၁၅ လောက်မှာ နည်းနည်း စနစ်ကျဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။

နိုင်ငံတော် စီးပွားရေး ဦးမော့လာအောင် ဘာတွေ လုပ်သင့်တယ် ထင်လဲ။

နိုင်ငံ့စီးပွားရေးကို ကျနော်တို့က တွက်ချက်တဲ့အခါကျတော့ ကိုယ့်နိုင်ငံရဲ့ သဘာဝ၊ ကိုယ့်နိုင်ငံမှာရှိတဲ့ လူသား အရင်းအမြစ်၊ ကိုယ့်နိုင်ငံမှာရှိတဲ့ သဘာဝ အရင်းအမြစ်၊ ကိုယ့်နိုင်ငံမှာရှိတဲ့ အခြေအနေကို တွက်ချက်လိုက်တဲ့ အခါကျတော့ တကယ့်အဆင့်မြင့် အိုင်တီ နည်းပညာတွေပေါ့။ ဒီမှာ အရင်ဆုံး ထူထောင်နိုင်ဖို့ ဆင့်ကဲပြီး တွေ့ရတယ်။

ဒီဘက်မှာကျတော့ ရေမြေကို ကြည့်မယ်ဆိုလို့ရှိရင် ဖြစ်နိုင်တာလေးတွေ ရှိတယ်။ စိုက်ပျိုးရေး ထွက်ကုန်၊ မွေးမြူရေး ထွက်ကုန်၊ အဲဒါနဲ့ ပတ်သက်တဲ့ တပိုင်း။ ကုန်ချောဖြစ်မယ့် ဆီသွပ်လုပ်ငန်းတွေ၊ အပြီး ကုန်ချောပေါ့နော်။ အဲဒီလို လုပ်ငန်းမျိုးလေးတွေဟာ ပြန်လည်ထူထောင်ရေး မြန်မာနိုင်ငံမှာ စလုပ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်သင့်တဲ့ လုပ်ငန်းလို့ ကျနော် သုံးသပ်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်တဲ့ ဥပဒေ မူကြမ်းတွေနဲ့ ထောက်ခံမယ်။

အခုနေ တောင်းဆိုခွင့် ရှိမယ်ဆိုရင် စစ်အစိုးရကို ဘာတွေ တောင်းဆိုမှာလဲ။

အစိုးရကို တောင်းဆိုရမယ်ဆိုလို့ရှိရင်တော့ တခြားဟာတွေ ကျနော် မတောင်းဆိုချင်ပါဘူး။ ခုနလိုပေါ့ သူတို့ရဲ့ အခြေအနေ၊ အချိန်အခါတွေ တွက်ချက်ပြီးတော့ ခုနက စည်းမျဉ်းစည်းကမ်းလေးတွေပေါ့။ နောက် ရွေးကောက်ပွဲ ကော်မရှင်တို့ အဲဒါလေးတွေက တတ်နိုင်သလောက်လေး သူတို့ဘက်က တွက်ချက်ပြီးတော့ ခပ်စောစောလေး ထုတ်ပေးတာကို ကျနော် မျှော်လင့်ပါတယ်။ ခပ်စောစော ထုတ်ပေးခြင်းအားဖြင့် ဘာဖြစ်အုံးမလဲဆိုတော့ ဒီဖွဲ့စည်းပုံကို မထောက်ခံဘူးဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဘာတွေ စပြီးတော့လည်း လုံးဝ ပြတ်ပြတ်သားသား ဆုံးဖြတ်မယ့် ကိစ္စလေးတွေ ပေါ်လာပြီးတော့ စည်းလုံးညီညွတ်ရေးဟာ ပုံစံတမျိုးနဲ့ ပေါ်လာမယ်လို့ ကျနော် ယူဆပါတယ်။ အဲဒါမျိုးလေးတော့ တောင်းဆိုချင်တယ်။ ကျန်တာကတော့ ကျနော်တို့ အနာဂတ်မှာ လုပ်သွားမှာပါ။

အကိုတို့ကို စစ်အစိုးရလိုလားသူတွေ၊ စစ်အစိုးရ မျက်နှာသာ ပေးခံရတယ်လို့ ပြောကြတာ ဟုတ်ပါသလား။

အဲဒါနဲ့ ပတ်သက်လို့ဗျာ (HRDP) က လူငယ်တွေ ကျနော် သိတယ်။ အန်အယ်ဒီက တချို့လူငယ်တွေ ဘိုကလေးမှာ ကျနော့်နဲ့ သိခဲ့တဲ့ လူငယ်တွေ ရှိတယ်။ ဒီလူတွေ ကိုယ်တိုင်ပဲ အစိုးရနဲ့ လိုင်းကွဲနေတယ်။ ဘယ်လိုလိုင်းကွဲလဲဆိုတော့ ဖွဲ့စည်းပုံနဲ့ ဖျက်မယ့်လူတွေ၊ ဖွဲ့စည်းပုံနဲ့အညီ ကိုယ့်အယူအဆတွေနဲ့ ရွေးကောက်ပွဲဝင်မယ့် လူတွေ။ အဲဒီအချိန်မှာ ဖွဲ့စည်းပုံနဲ့အညီ ၀င်လာပြီးတော့ ရွေးချယ်တင်မြှောက်ပွဲတွေ ၀င်မယ်ဆိုရင် ကျနော်တို့ဟာ ဒါ မဟာမိတ်တွေ ဖြစ်မှာပဲ။ သူတို့ ဒီလိုပြောနေတာနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့နဲ့ ရင်းနှီးတဲ့ လူတွေမှာတော့ ရှင်းလင်းစွာ တွေ့ရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို သိသင့်သိထိုက်တာ ဘာတွေများ ပြောစရာ ရှိသေးလဲ။

ကျနော် ပြည်သူတွေကို ပြောချင်တာကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးတယ်ဆိုတာ မ၀တ ဥက္ကဋ္ဌ ရွေးတာမျိုး မဟုတ်ဘူး၊ ပြည်သူတွေ ရွေးချယ်ခွင့်ရှိတဲ့ဟာက ကိုယ်စားပြု ဒီမိုကရေစီ ဖြစ်တယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို တမြို့နယ်ကို တယောက် ရွေးနိုင်တယ်။ တိုင်းတတိုင်း သို့မဟုတ် ပြည်နယ် တခုအတွက်ကို ၁၂ ယောက် ရွေးနိုင်တယ်။ အဲဒီလူတွေကို ရွေးပြီးတာနဲ့ တပြိုင်နက်ထဲ ပြည်သူတွေဟာ အလုပ်မရှိတော့ဘူး။ ဒီလူတွေသာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့မယ်။ တရားစီရင်ရေး အဖွဲ့တွေ ဖွဲ့မယ်။ ၀န်ကြီးအဖွဲ့တွေ ဖွဲ့မယ်ဆိုပြီးတော့ ယန္တရားကြီးဟာ လုပ်မှာဖြစ်တယ်။ အဲဒီလူတွေကို မှန်မှန်ကန်ကန် ပြည့်ပြည့်၀၀ ကြပ်မတ်ပြီးတော့ ရွေးချယ်ဖို့ လိုတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို မေးတိုင်းမေးတိုင်း တိုင်းပြည်ကို မွဲအောင် လုပ်ပါမယ်၊ တိုင်းပြည်ကို ပျက်စီးအောင်လုပ်ပါမယ်လို့ ဖြေမှာ မဟုတ်ဘူး။ တိုင်းပြည် တိုးတက်အောင် လုပ်မယ်၊ ပညာရေး တိုးတက်အောင် လုပ်မယ်၊ ဆိုပြီးတော့ ဖြေကြမှာချည်းပဲ။

အဲဒီတော့ ပညာရေး ဘယ်လိုနည်းနဲ့ ကောင်းအောင်လုပ်မှာလဲ၊ ဘယ်လိုနည်းနဲ့ စီးပွားရေးကို ကောင်းအောင် လုပ်မှာလဲ။ ကွဲကွဲပြားပြား စိစစ်ဖို့ လိုပါတယ်လို့၊ ပြည်သူတွေဆီမှာ တာဝန်ရှိတယ်လို့ ကျနော် ပြောချင်ပါတယ်။

ဦးသန့်တို့ခေတ်

ဆောင်းပါး
ပညာရွှေအိုး
အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 09:41 - မြန်မာစံတော်ချိန်

(၁)
ဦးသန့်ကြီး ရာပြည့်ပြီဆိုတော့ ပြည်တွင်းပြည်ပ စာပေနဲ့ နိုင်ငံရေးလောကမှာ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကတောင် မလုပ်စဖူး တံဆိပ်ခေါင်းထုတ်မယ်လို့ ဆိုလာပါတယ်။

ဂျာနယ်တခုမှာ ဦးသန့် ကိုယ်ရေးအတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဘာသာပြန်နေတာ တွေ့ရပါတယ်။ နောက်ပြီး အတွေးအမြင်စာစောင်မှာ သံအမတ်ဟောင်း ဦးသက်ထွန်းက ဦးသန့်နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကို ရေးလာပါတယ်။ ဦးသန့်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ကြားက ဆက်ဆံရေးအကြောင်းကိုလည်း ပိုပြီး သိလာရပါတယ်။

ဒါကြောင့် အရင်တုန်းက ကြားဖူးခဲ့ကြသလို ဦးနုလူမို့လို့၊ မနာလိုလို့ ဗိုလ်ချုပ်နေဝင်းက ဦးသန့်ကို ကြည့်မရဘူးတို့၊ တူတူတန်တန် ဂုဏ်မပြုဘူးတို့ဘာတို့ ဆိုတာတွေနဲ့ ကွာခြားနေတာကို သတိပြုမိသပေါ့။ ကုလသမဂ္ဂ ရုံးချုပ်က ဦးနုရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း တစွန်းတစ အရင်က တွေ့ဖူးပေမယ့် မြန်မာလိုမဟုတ်တဲ့အတွက် မြန်မာပြည်မှာ သိကြဖို့ မလွယ်လှပါဘူး။

ဒီအကြောင်းတွေ မြန်မာ မီဒီယာမှာ ဖော်ပြခွင့် ရလာတာဟာ ဗိုလ်ချုပ်နေဝင်း လုပ်ခဲ့တာ ဒို့နဲ့ မဆိုင်ဘူးလို့ ပြချင်ပုံ ရှိပါရဲ့။ တဖက်မှာလည်း သူ့တူမလို ခင်တဲ့ စုစု (ဒေါ်အောင်ဆန်းစုကြည်)နဲ့ ဆက်စပ်ပြီး သူ့ကို အငြိုးပြေကြသေးဟန် မရပါဘူး။ ဒါကြောင့် ဦးသန့် မျက်နှာဖုံးနဲ့ မဂ္ဂဇင်းကို စိစစ်ရေးက ရစ်နေတာပေါ့။


(၂)
ဒါတွေအသာထား၊ ဦးသန့် ဦးသန့်နဲ့ ပြောနေကြတော့ ဦးသန့်အကြောင်းနဲ့ ဦးသန့် ရေးတဲ့ စာတွေ မြန်မာပြည်မှာ လူငယ်တွေ ဘယ်လောက် ဖတ်ဖူးမှတ်ဖူးကြသလဲဆိုတာ သိချင်မိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ပြည်တွင်းမီဒီယာမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရတာမို့ ဦးသန့်ဆိုတာ ဦးနုနဲ့တောင် ကွဲကြပါမလား မသိပါဘူး။

တက္ကသိုလ်စိန်တင်ရေးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ စာအုပ်လောက်ပဲ မြန်မာစာအုပ်ဆိုင်တွေမှာ မြင်နေရတာပါ။ အထောက်တော်လှအောင် ပြန်ဆိုတဲ့ ဗမာ့ဦးသန့်တို့၊ ဦးသန့်၏ စာတို့၊ ပြည်တော်သာမှတ်တမ်းတို့ ဆိုတာတွေကို အဟောင်းဆိုင်မွှေတဲ့ ပရိသတ်လောက်ပဲ သိကြပါတော့တယ်။ စလေအညာက ပြွေဆရာ၊ ထူးဆန်းသော ကိုရွှေအုပ်တို့၊ From My School Window တို့ဆိုတာတွေကတော့ ထားလိုက်ပါတော့။

ဒီစာတွေကို ဖတ်ခွင့်ရခဲ့ရင်ဖြင့် လွန်ခဲ့တဲ့ အနှစ်၇၀ ကျော် မြစ်ဝကျွန်းပေါ် တောမြို့ကလေးက ကျောင်းအုပ်ဆရာကြီး တယောက်ရဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်တွေဟာ ဘာကြောင့်များ ဒီလောက် ထက်မြက်ပြီး ခေတ်ရှေ့ပြေးနေတာလဲဆိုတာ အံ့သြကြလိမ့်မယ်။ ပြီးတော့ ဆိုရှယ်လစ်ဘက်ယိမ်းတဲ့ သခင်အောင်ဆန်းနဲ့ လစ်ဘရယ်ပညာတတ်ဖြစ်တဲ့ ဦးသန့်တို့ ကျောင်းဝတ်စုံ ရှိသင့်၊ မရှိသင့် ငြင်းကြတာကလည်း စိတ်ဝင်စားစရာပါပဲ။


(၃)
လက်ဝဲသမားတွေကတော့ ဦးသန့်ဟာ ဦးနု လက်သုံး ပညာရှိကြီးပါပဲ၊ ဗိုလ်နေဝင်း ဒေါက်တာမောင်မောင်ကို မသေမချင်း ဂုတ်ခွစီးသလို အစီးခံရတဲ့သူပါလို့ ဆိုကြလိမ့်မယ်။ ဦးသန့်ရေးတဲ့ ပြည်တော်သာမှတ်တမ်းကြီးမှာ ကွန်မြူနစ်သောင်းကျန်းမှုကို တော်တော်အပြစ်ဆိုထားတာကိုး။ ဦးနုရဲ့ လူထုအောင်သံ၊ စာပေဗိမာန်၊ စွယ်စုံကျမ်း၊ ပြည်တော်သာစတဲ့ ပရောဂျက်ကြီးတွေကို ပြန်ကြည့်ရင် ဦးသန့် နဲ့ ကင်းနိုင်တာမှ မဟုတ်ဘဲကလား။ဦးသန့်ပြန်ကြားရေး အတွင်းဝန်၊ ဝန်ကြီးချုပ် အတွင်းဝန်ဘဝ အသက် ၄၀-၅၀ အတွင်းက ဆောင်ရွက်ချက်တွေကို ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဒေါက်တာထင်အောင်၊ ဦးခင်ဇော် (K) စတဲ့ ခေတ်ပြိုင် ပညာရှင် မျိုးဆက်တွေရဲ့ စွမ်းဆောင်ချက်တွေနဲ့ ဆက်စပ်ကြည့်မှ ပိုပြီး ရုပ်လုံးကြွလာမှာပါ။

ဆဋ္ဌသဂ်ါင်္ယနာခေတ်၊ နိုင်လွန်ခေတ် မီလိုက်သူ မျက်နှာကြီး အသိုင်းအဝိုင်းကတော့ ဦးသန့်အရင် ကုလသမဂ္ဂမှာ မြန်မာသံအမတ် လုပ်သွားတဲ့ ဂျိမ်းစ်ဘယ်ရင်တန်သာ ဟမ်းမားရှိုး သေတာကို မီလိုက်ရင် ဦးသန့် အတွင်းဝန်ချုပ် ဖြစ်မှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။

တကယ်တော့လည်း ဦးသန့် ဒီလိုဖြစ်လာတာကတော့ အဲဒီအချိန်က မြန်မာပြည်ရဲ့ 'ဘက်မလိုက်' တက်ကြွတဲ့ နိုင်ငံခြားရေးဝါဒ ကျေးဇူးကြောင့်၊ ပြီးတော့ ဦးနုရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုက်ထုတ်တဲ့ ဥဿဟတွေနဲ့လည်း ဆိုင်ပါတယ်။ ပင်ကိုတော်တဲ့လူမို့ ၁ဝ နှစ်တိတိ ကုလသမဂ္ဂမှာ တောင့်ခံနိုင်တာကတော့ ဦးသန့် စွမ်းလို့ပါပဲ။ ဒီခေတ်ဒီအခါမှာတော့ မြန်မာတွေ မျိုးပျံအောင်တော်နေပေမယ့် မြန်မာအစိုးရရဲ့ သိက္ခာကျမှုကြောင့် ကမ္ဘာမှာ နလံထူလှတော့တာ မဟုတ်ပါဘူး။

ဦးသန့်နဲ့ပတ်သက်ပြီး နောက်ထပ်ပြောမိကြတာက သန့်ရှင်း၊ တည်မြဲ ကွဲတဲ့အချိန်မှာ သူ မြန်မာပြည်မှာ ရှိနေခဲ့ရင် ဦးနုက သူ့ကို ပထစထဲပါခိုင်းမှာပဲ ဆိုတာပါ။ ဦးချမ်းသာ၊ ဦးချစ်ဖေတို့လို ICS ကြီးတွေတောင်မှ ပထစကြီးတွေဖြစ်လာ၊ နောက် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တောင်မှ ပထစအတွက် ဝင်မဲဆွယ်ပေးခဲ့ရတာ မဟုတ်လား။ ဦးသန့်ဟာ ပြန်ကြားရေး၊ ပညာရေး စတဲ့ နေရာတွေမှာ ဒေါက်တာဧမောင်လိုပဲ ဦးနုရဲ့ ပေါ်လစီတွေကို ဖော်ဆောင်နေရပါလိမ့်မယ်။

နိုင်ငံရေးထဲ မဝင်ဘဲ အတွင်းဝန် ဆက်လုပ်နေရင်လည်း ၆၂ အာဏာသိမ်းပြီးနောက်ပိုင်း စောစောစီးစီး နားရဖို့ ရှိပါတယ်။ တော်လှန်ရေးကောင်စီရဲ့ ပြန်ကြားရေး၊ ပညာရေးနဲ့ စီးပွားရေးမှာ ဓာတ်ကြမ်းရိုက်တဲ့ စစ်ဆိုရှယ်လစ်မူတွေနဲ့ ဦးသန့်ဟာ ဘယ်လိုမှ မအပ်စပ်လို့ပါပဲ။ အဲဒီလို စောစောအနားယူလိုက်ရင်လည်း ကုလသမဂ္ဂကို သူ ရောက်သွားမှာပါပဲ။ ဒေါက်တာသာလှတို့၊ ဒေါက်တာညီညီတို့လိုပေါ့။


(၄)
စိတ်ကူးယဉ်လို့မရတဲ့ သမိုင်းမှာတော့ ဖြစ်ခဲ့တာတွေကိုပဲ ကြည့်ရမှာပါ။ အတွင်းဝန်လုပ်ခဲ့တဲ့ ဦးသန့်ဟာ အတွင်းဝန်ချုပ်ဖြစ်လာတော့လည်း ကုသမဂ္ဂဗျူရိုကရက် ယန္တရားကြီးကို နိုင်နိုင်နင်းနင်း ထိန်းချုပ်သွားခဲ့တာပါပဲ။ ကျောင်းဆရာ၊ သတင်းစာဆရာ နောက်ခံကလာသူမို့ ဆက်ဆံရေးညက်တာကလည်း စစ်အေး အထွတ်အထိပ်ရောက်တဲ့ ၆ဝ ပြည့်လွန်နှစ်တွေက ကမ္ဘာ့အခင်းအကျင်းမှာ အသုံးကျလှပါတယ်။ ကျူးဘား၊ မြောက်ဘော်နီယို စတဲ့ ကိစ္စတွေမှာ ဦးသန့် ဝင်လို့ရပေမယ့် ပရက်ဂ်အရေးအခင်းလို၊ အစ္စရေးလို၊ ဗီယက်နမ်လို ကိစ္စမျိုးမှာတော့ ဦးသန့်လည်း မရှင်းနိုင်ခဲ့ပါဘူး။ အင်အားကြီးတွေ လျှော့ပေးမှ ငြိမ်းချမ်းရေးဆိုတာ ပေါ်လာရတာ မဟုတ်လား။

ရင်နာစရာကောင်းတာက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ ကြိုးပမ်းခဲ့တဲ့ ဦးသန့်ဟာ မြန်မာ့ငြိမ်းချမ်းရေး အတွက်တော့ ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့တာပါပဲ။

ဦးသန့် အတွင်းဝန်ချုပ်ဖြစ်တဲ့ ၁၉၆၁-၇၁ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး ပြည်တွင်းစစ်အရှိန် တက်နေတဲ့အချိန်ပါပဲ။ မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတွေအားလုံးဟာ စစ်အာဏာရှင်စနစ်အောက်မှာ လူးလွန့်လို့မရဘဲ နိုင်ငံရေးလုပ်ချင်တဲ့သူတွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဝင်ဖို့ကလွဲပြီး တခြားလမ်းမရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။ (၂ဝ၁ဝ ခုနှစ်မှာ ပါတီစုံရွေးကောက်ပွဲလုပ်မယ့် နအဖ ကတော့ တော်လှန်ရေးအစိုးရထက် ပါးနပ်တယ်ပြောမလား၊ အရပ်သားမျက်နှာတပ်ပြီး စစ်အုပ်ချုပ်ရေးသစ် ထူထောင်မယ့်နေရာမှာတော့ ၁၉၇၄ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ကွာလှမယ် မထင်ပါဘူး။)

မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေနဲ့ အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းပွဲတွေမှာ (၁၉၆၃၊ ၁၉၆၈) ဦးသန့်အနေနဲ့ ပါဝင်ပါရစေလို့ တောင်းဆိုသံ မကြားခဲ့ရဖူးပါဘူး။ ဒါကလည်း အမေရိကန်၊ ဆိုဗီယက် နှစ်အုပ်စုလုံးရဲ့ ထောက်ခံမှုကို ယူနိုင်တဲ့ ဗိုလ်နေဝင်းရဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့် ဖြစ်ပါလိမ့်မယ်။ ကွန်မြူနစ်ခြိမ်းခြောက်မှုကို 'မွေး' မထားနိုင်တဲ့ လက်ရှိ အစိုးရလက်ထက်မှာတော့ ဒီလို အားလုံး 'မီးသေ'တဲ့ အခွင့်အရေးမျိုး မရနိုင်တော့ပါဘူး။


(၅)
အခုလို ရာပြည့်တဲ့ အခမ်းအနားကို အခွင့်ယူပြီး ဦးသန့်စာတွေ ပြန်ထုတ်ဖို့၊ ဦးသန့် Institute ကနေပြီး ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသား မြန်မာလူငယ်တွေအတွက် ပညာရေး၊ လူမှုရေး အထောက်အပံ့တွေပါ လုပ်သွားဖို့ အားထုတ်ကြလိမ့်မယ်လို့ ယူဆပါတယ်။

ဦးသန့်၊ ဦးညွန့် (ECAFE) ၊ ဦးရွှေမရ၊ ဒေါ်သန်းဧ စတဲ့ မြန်မာပညာတတ်တွေ ကုလသမဂ္ဂမှာ ဘုန်းကြီးခဲ့တဲ့ ခေတ်ကို လွမ်းမိပါသေးရဲ့။ နာဂစ်ဖြစ်တဲ့ အချိန်တုန်းက ကုလသမဂ္ဂမှာ ဦးသန့်လိုလူမျိုး ရှိခဲ့ရင်လို့ တွေးမိသူတွေ နည်းမှာ မဟုတ်ပါဘူး။ လက်ရှိ ကုလသမဂ္ဂက မြန်မာဝန်ထမ်းတွေကလည်း စစ်အစိုးရနဲ့ ကဏ္ဋကောစ တိုက်ဝံ့ကြတာမှ မဟုတ်ဘဲကိုး။ အမျိုးသားပညာရေးက မွေးထုတ်ပေးလိုက်တဲ့ မျိုးချစ်ပညာတတ် လူတန်းစားကတော့ မြန်မာပြည်မှာ မျိုးတုန်းခါနီးပြီထင်ပါရဲ့လေ။

ပညာရွှေအိုး

စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip hop ငိုငြီးသံများ

ဆောင်းပါး
နေသန်မောင်
အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 14:05 - မြန်မာစံတော်ချိန်

ယူဂျီလို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့်မှန်းခြေအရ ဆိုရင်တော့ (Third Generation) လို့ သူတို့ကိုယ်သူတို့ ဟစ်ပ်ဟော့ပ် (Hip hop) ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက် လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊

Hip hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။

ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip hop ရဲ့ ဒုတိယမျိုးဆက်လို့ ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက် ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တခုအနေနဲ့ တွန်းကန် ရုန်းထွက်နေရလို့ပါပဲ။

Hip hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက စံနှုန်းနဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။

ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ မွေးဖွားလာတဲ့ မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ရဲ့အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။

လူ ၅ ယောက်ထက်ပိုပြီး (အထူးသဖြင့် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့ စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။

ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။

၎-၅ နှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင် ထမင်းမစားကြတဲ့အထိ Hip hop လှိုင်းလုံးက အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ Hip hop ကို ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ပဲဖြစ်ဖြစ် အားမပေးပါဘူး။ ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစုကနေပြီး (Myanmar Future Generation – MFG) အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ အယ်လ်ဘမ်တချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ဟုတ်ပြီကွဆိုကာ အားပေးခဲ့တာပါ။

MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip hop ဂီတက တစတစ နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ ဒီ Hip hop မျိုးဆက်ပါပဲ။

ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက် ဒီလူငယ်တွေဟာ သူတို့ဘဝမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့ တပ်အပ် မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ် သူရဲကောင်းတွေပါ။

Generation Wave ဆိုပြီး Hip hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။

တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap ပုံစံကတော့ မြန်မာဟန်တွေ အတော်ကို လွှမ်းနေတာမို့ တနိုင်ငံလုံးက ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။

ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။

ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။

အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ၊ သူတို့ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ္တအနတ္တ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။

ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကို ကိုက်လို့။

နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။

သူတို့ဟာ တချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။

စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင် ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူ အချင်းချင်းကိုတောင် အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခွင့်တွေ လိုက်ပြီး ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။

Revolution တခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဂီတ၊ အနုပညာ စတဲ့ အလွှာအသီးသီးမှာ တချိန်မဟုတ် တချိန်တော့ ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Evolution ဖြစ်ပေါ်လာပြီး သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခွဲရတာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ သတိချပ်သင့်ပါတယ်။

Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ် ၂ဝ ကျရင် ပေါ်ထွက်လာမယ့် မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလိုပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောတဲ့ ခပ်နုံနုံ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။

ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ အကြောက်တရားရဲ့ ထောင်ထဲမှာ သူတို့ထက် အဆတရာမက အကြောက်ကြီးတဲ့ လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာပါ။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။

နေသန်မောင်
(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ နောက်ဆုံးနှစ် ကျောင်းသားတဦးဖြစ်သည်။)


စီးပွားရေးဒဏ်ခတ်မှုကို စစ်အစိုးရ ဘာကြောင့် ကြောက်ရသလဲ

၂၀ ဇန်န၀ါရီ ၂၀၀၀၉
မြန်မာစစ်အစိုးရအနေဖြင့် အာဏာကို Road Map ခုနှစ်ချက်ဖြင့် ဆက်လက်ကိုင်စွဲသွား နိုင်အောင် ပြင်ဆင်၏။ တဘက်ကလည်း အမေရိကန်စီးပွားရေး ဒဏ်ခတ်ထားမှု ဖွင့်ပေးအောင် နိုင်ငံတကာကိုလည်း အခွင့်ရတိုင်း ပြော၏။ ထိုင်းဝန်ကြီးချုပ်အချို့ကတဆင့် ပြောသည့်ပုံစံမျိုးလည်း လုပ်၏။ ကုန်ကုန်ပြောရလျှင် အရှေ့တီမောသမ္မတ ဟိုဆေး ရာမော့စ် ဟော်တားလို ပုဂ္ဂိုလ်မျိုးကိုပင် စစ်အစိုးရက ချဉ်းကပ်ပြီး အမေရိကန် စီးပွားရေးပိတ်ဆို့မှု မကောင်းကြောင်း ပြောခိုင်းရသည့်အဖြစ် ရောက်၏။

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စီးပွားရေးပိတ်ဆို့မှုအတွက် တာဝန်ရှိသယောင် ဆက်တိုက်စွပ်စွဲ အကျပ်ကိုင်၏။ စစ်အစိုးရသတင်းစာ ဆောင်းပါးတွေကလည်း စဉ်ဆက်မပြတ် စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးဖို့ တောင်းဆို၏။ ထိုသည်တို့ကိုကြည့်လျှင် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရခေါင်းဆောင်ပိုင်း အကြီးအကျယ် နစ်နာနေသည်မှာ မငြင်းနိုင်။ ဟန်မဆောင်နိုင်။

စင်စစ် မြန်မာစစ်အစိုးရသည် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးကို ယခုမှ တောင်းဆို ကြိုးပမ်းနေသည်မဟုတ်။ လွန်ခဲ့သည့် (၁ဝ) နှစ်ကျော်ကတည်းက ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံ၊ အမေရိကန် PR (Public Relations) ကုမ္ပဏီတွေငှားပြီး ခိုးကြောင်ခိုးဝှက် ကြိုးစားခဲ့၏။ စီးပွားရေးပိတ်ဆို့မှုကို စစ်အစိုးရ အဘယ်ကြောင့် ထိုမျှ ကြောက်ရွံ့ထိတ်လန့်နေရလဲ စဉ်းစားဖို့လို၏။

လူသိနည်းခဲ့သည့် ထိုအကြောင်းတွေကို ခေတ်ပြိုင်က ပြန်လည်ဖောက်သည်ချလို၏။

၁၉၉ဝ ပြည့်နှစ် အစောပိုင်းကစပြီး Jefferson Waterman International ဆိုသည့် အမေရိကန် PR ကုမ္ပဏီကို မြန်မာစစ်အစိုးရက တနှစ် ဒေါ်လာ လေးသိန်းနှင့်ငှား၏။ မအောင်မြင်။ ထို့နောက် Bain & Associates အမေရိကန် ကုမ္ပဏီကို ရန်ကုန် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက တဆင့် ဒေါ်လာ နှစ်သိန်းခွဲကျော်ပေးပြီး ငှားပြန်၏။ တွက်ရေးနှင့် စက်သူဌေးမကိုက်။

တဖန် Atlantic Group ကုမ္ပဏီကို ဒေါ်လာများစွားပေးပြီးငှား၏။ အလုပ်မဖြစ်။ ၁၉၉၁ ခုနှစ်တွင် Van Kloberg & Associates ကို ငှား၍ ကြိုးစားပြန်၏။ အကြောင်းမထူး။ ၂ဝဝ၂ ခုနှစ်တွင် အမေရိကန် DCI Group ဆိုသည့် PR ကုမ္ပဏီကို ရှစ်လအတွက် ဒေါ်လာ သုံးသိန်းခွဲပေးပြီး ငှားပြန်၏။ သို့သော် ၂ဝဝ၃ ခုအရောက်တွင် DCI နှင့် မြန်မာစစ်အစိုးရတို့ ခွာပြဲလေပြီ။

အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေး စီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး စစ်ဗိုလ်တွေ ဦးစီးလုပ်ခဲ့သည်ဟုပင် နိုင်ငံခြားစာနယ်ဇင်းတွေမှာ ဖတ်ရ၏။

အမေရိကန် PR ကုမ္ပဏီ (၅) ခုအတွက် ထိုအချိန်က မြန်မာစစ်အစိုးရ လျှို့ဝှက်သုံးစွဲခဲ့သည့် ငွေပမာဏမှာ အနောက်စာနယ်ဇင်းတွေ ဖော်ပြချက်အရပင် အနည်းဆုံးဒေါ်လာ နှစ်သန်းကျော်၏။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေလို ကြားပွဲစား အမျိုးမျိုးနှင့် ငှားရမ်းခဲ့သည့်အတွက် အမှန်တကယ် ကုန်ကျစရိတ်မှာ ထို့ထက် အဆများစွာကုန်နိုင်၏။ စင်စစ် ထိုဒေါ်လာတွေမှာ တိုင်းပြည်ဘဏ္ဍာငွေတွေ ဖြစ်၏။ ပြည်သူကို အသိမပေးဘဲ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုအတွက် စစ်အစိုးရမှာ တာဝန်ရှိ၏။

အမေရိကန် PR ကုမ္ပဏီများနှင့် ဆက်ဆံရာတွင် အဓိက ကြားခံဆက်သွယ်ပေးခဲ့ရသူမှာ ထိုအချိန်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံအမတ်ကြီး ဦးသောင်းဖြစ်၏။

ဇာတ်ပေါင်းသော် မြန်မာသံအမတ်ကြီး ဦးသောင်းက နောင်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဖြစ်လာသလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယုံကြည်ရသည့် မင်းတိုင်ပင်အမတ်ကြီး ဖြစ်လာ၏။ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေး ရွှေဥာဏ်တော်စူးခဲ့သည့် ထောက်လှမ်းရေးအရာရှိတွေ ထောင်ထဲ ရောက်ကုန်၏။

တချိန်က မြန်မာစစ်အစိုးရ ငှားရမ်းခဲ့သည့် ထိုကုမ္ပဏီတွေမှာလည်း စင်စစ် ခေသူများမဟုတ်။ Jefferson Waterman International နှင့် Van Kloberg & Associates ကုမ္ပဏီတို့ဆိုလျှင် အမေရိကန် Republican Party နှင့် ဆက်ဆံရေးခိုင်မာသည့် ကုမ္ပဏီကြီးတွေ ဖြစ်၏။ Van Kloberg & Associates ပီအာကုမ္ပဏီပိုင်ရှင် Von Kloberg ၏ ဖောက်သည်စာရင်းတွင် မြန်မာစစ်အာဏာ ရှင်သာမက၊ ကမ္ဘာ့အာဏာရှင်တွေ အများအပြားပါဝင်၏။ ဥပမာ-အီရတ် အာဏာရှင် ဆတ်ဒန်ဟူစိန်၊ ရိုမေးနီးယား အာဏာရှင် Nicolae Ceauşescu စသည့်ပုဂ္ဂိုလ်မျိုးတွေ ဖြစ်၏။

ချုပ်ကြည့်လျှင် မြန်မာစစ်အစိုးရသည် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာ မှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးစီမံကိန်းကို စနစ်တကျ လျှို့ဝှက်အားထုတ် လုပ်ကိုင်ခဲ့ ကြောင်း ပေါ်လွင်၏။

ထိုအမေရိကန်ကုမ္ပဏီများနှင့် ဝါရှင်တန်မြန်မာသံရုံးတို့ လျှို့ဝှက်ဆက်သွယ်ပြီး လုပ်ကိုင်ခဲ့၏။ ခရီးပေါက်ကာနီးမှ စစ်အစိုးရအကြံပျက်ခဲ့ရ၏။ ထိုမျှဆိုလျှင် စစ်အစိုးရသည် အမေရိကန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအပေါ် ဘာကြောင့် အာသာငမ်းငမ်းဖြစ်နေသည်ကို ရိပ်စားမိလောက် ပြီဟု ယူဆ၏။

မည်မျှကြိုးစားစေကာမူ နိုင်ငံတကာအလည်မှာ စစ်အစိုးရ သိက္ခာ ကျမြဲကျနေသလို အမေရိကန်ကလည်း စီးပွားရေး ပိတ်ဆို့မြဲ ပိတ်ဆို့၏။ ပိတ်လည်း ပိတ်ဆို့ထိုက်၏။

သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုကို အချိန်မရွေးပြန်ရုပ်သိမ်းနိုင်သည့် ခြွင်းချက်အခြေအနေမျိုးတွေ အမေရိကန် စီးပွားရေးဒဏ်ခတ်မှု ဥပဒေတွင် ပြဋ္ဌာန်းထားပြန်၏။

ဥပမာ- လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ရပ်ဆိုင်းသွားသည့် တိုးတက်မှုမျိုး၊ အရပ်သားအစိုးရအပေါ် အာဏာလွှဲပေးမည်ဟု ဒီမိုကရေစီ အင်အားစုတွေအပေါ် စစ်အစိုးရက ကတိပေးသည့် တိုးတက်မှုမျိုး၊ နိုင်ငံရေး အကျဉ်သားတွေ လွှတ်ပေးပြီး ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်းလာစေရန် ဖော်ဆောင်မည့် တိုးတက်မှုမျိုး မြန်မာနိုင်ငံတွင်ရှိပါပြီဟု ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရက မေတ္တာရပ်ခံလာလျှင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို အမေရိကန်သမ္မတက ချက်ချင်း ရုပ်သိမ်းနိုင်သည်ဆိုသည့် အချက်ဖြစ်၏။