Saturday, January 24, 2009

အိုဗာဒီဖလေးရှင်းဖြစ်နေသည့်မြန်မာငွေ

တစ်ဒေါ်လာ ၉၆၀ထိကျဆင်းသွား
January 24, 2009


ယနေ့စနေနေ့(၂၄.၁.၂၀၀၉)နေ့လည်(၁)နာရီဗိုလ်ချုပ်ဈေးဒေါ်လာဈေးကွက်ဖွင့်ချိန်တွင်ဒေါ်လာ
ပေါက်ဈေးမှာမြန်မာကျပ်ငွေနှင့်လဲလှယ်ရာတွင်၉၆၀ထိဈေးကျသွားသည်ဟုသိရသည်။
၉၆၀ကျပ်မှာအ၀ယ်ဈေးဖြစ်ပြီးအရောင်းဈေးဆိုလျှင်၉၈၀ကျပ်ဖြင့်ဈေးပေါက်သည်ဟုဆိုသည်။

ဈေးကွက်ကျွမ်းကျင်သူများ၏အဆိုအရစစ်တပ်အသိုင်းအ၀ိုင်းမှဘတ်ဂျက်ပိတ်ခါနီးစာရင်းပြငွေလို
နေ၍၎င်းတို့လက်ဝယ်တွင်ရှိသောဒေါ်လာငွေများကိုထုတ်ရောင်းသဖြင့်ထိုသို့ကျဆင်းရခြင်းဖြစ်
ကြောင်းနှင့်တရုတ်နှစ်သစ်ကူးကြောင့်တရုတ်တန်းတွင်ဒေါ်လာအထုတ်များသောကြောင့်ဟု
သိရသည်။ဈေးကွက်တွင်ထိုသို့မြန်မာငွေအကြောင်းမဲ့မာနေရခြင်းမှာဘောဂဗေဒသီအိုရီများအ
ရ အိုဗာဒီဖလေးရှင်း(over deflation)ဖြစ်ပြီးငွေကြေးလည်ပတ်မှုအတွက်အန္တရာယ်ရှိကြောင်း
အချက်ပေးခေါင်းလောင်းသံဖြစ်သည်ဟုသုံးသပ်ပြောဆိုခဲ့သည်။
http://longwalktofreedom.wordpress.com/

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေတွေ ဈေးကျ
24 January 2009
အခုရက်ပိုင်းအတွင်းမှာ အမေရိကန်ဒေါ်လာ အပါအ၀င် အက်ဖ်အီးစီ၊ ယူရို စတဲ့ နိုင်ငံခြားငွေတွေဟာ မြန်မာကျပ်ငွေနဲ့ လဲလှယ်နှုန်းတွေ ကျဆင်းနေပြီးတော့ မြန်မာငွေ ဈေးတက်လာတာကြောင့် နိုင်ငံခြားငွေနဲ့ ဆက်စပ်ပြီး အရောင်းအ၀ယ် လုပ်ကြတဲ့ ကုန်သည်တွေ ပြည်ပကုန်ပစ္စည်း တင်ပို့နေသူတွေ ထိခိုက်နစ်နာနေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်ကုန်မြို့က ကုန်သည်တဦးကို ကိုကျော်ကျော်သိန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာငွေ ဈေးကွက် တက်တယ်ဆိုတာ ဟုတ်ပါသလား ဆိုတဲ့မေးခွန်းကို ကုန်သည်က အခုလို စဖြေပါတယ်။
“ဟုတ်ပါတယ်။ ဒီ ဒေါ်လာငွေဈေးဟာ ကျန်ခဲ့တဲ့အပတ်အတွင်းဆိုရင် အတော် အခြေအနေဆိုးတဲ့ အနေအထားမျိုး ဖြစ်တာပေါ့လေ။ ပို့ကုန်ရငွေ ဆိုရင် ဒီ တဒေါ်လာငွေ လဲနှုန်းဟာ မြန်မာငွေ ၁,၀၀၀ နဲ့ ၁,၀၀၀ အောက်ကိုတောင် ရောက်သွားတာပေါ့ဗျာ။ အဲဒီတော့ အထွေထွေ ကုန်ပစ္စည်း တင်ပို့တဲ့သူတွေမှာလည်း ငွေဈေး၊ မြန်မာငွေ ခိုင်လာတဲ့ အတွက် သူတို့အဆင်မပြေမှုတွေ၊ မကိုက်မှုတွေ ရှိလာတာပေါ့လေ။ တော်တော်လေးကို ထူးထူးခြားခြားပဲပေါ့။ အရောင်းအ၀ယ် လောကမှာတော့ လှုပ်သွားတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကနေ ကုန်သွယ်ရေးမှာ ဒါ အစည်းအဝေး လုပ်ပြီးတော့ ပို့ကုန်ကျဆင်းတယ်။ နောက်ပြီးတော့ အထွေထွေ ကုန်ဈေးနှုန်းတွေ ကျဆင်းတဲ့အတွက် ဒီ ပို့ကုန်ကဏ္ဍကို မထိခိုက်အောင်ဆိုတဲ့ အစည်းအဝေးမျိုး လုပ်တယ်လို့ ကျနော် သိရတာပေါ့ဗျာ။”
ဟုတ်ကဲ့။ အဲဒီတော့ ဒေါ်လာငွေဈေးက ကျနော်တို့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ် လောက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လောက်လောက် ကွာခြားသွားပါသလဲ ခင်ဗျ။ -
“လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်နဲ့ဆိုရင်တော့ ဒေါ်လာကို ၁၅၀ အနိမ့်ဆုံးပေါ့လေ။ အဲဒီလောက်တော့ ကွာသွားတယ်လို့ ပြောရမှာပဲ။”
ဟုတ်ကဲ့။ အဲဒီလိုမျိုး ဒေါ်လာငွေဈေး ကျတယ်။ မြန်မာငွေဈေး တက်တဲ့အခါမှာ အဓိက က ဘယ်လိုလူတွေ ဘယ်လို ကုန်သည်တွေ နစ်နာပြီးတော့ အကျိုးအမြတ်ကော ဘယ်သူတွေ ရှိတယ်လို့ သုံးသပ်ပါသလဲခင်ဗျ။ -
“လောလောဆယ်တော့ ဘယ်သူသာသလဲ၊ ဘယ်သူနာသလဲ ဆိုတာတော့ ဘယ်သူမှ အကျိုးမဲ့ရတဲ့သဘော မရှိဘူးလေ။ ပို့ကုန်ပို့တယ်ဆိုတာလည်း တဒေါ်လာမှ တကယ့်တကယ်ဆိုရင် ၅၀၊ ၁၀၀ လောက်မြတ်တာကိုး။ ကျတဲ့နှုန်းက ၁၅၀ လောက်ဖြစ်တဲ့အခါကျတော့။ ပို့ကုန်သမားကလည်း မကိုက်ဘူး။ ဒီကြားထဲမှာ ဒီငွေကို ၀ယ်ပြီးသွင်းတဲ့ သွင်းကုန်သမား ကျတော့ ပြည်တွင်းမှာ ၀ယ်လိုအားက အရမ်းကို ညံ့ဖျင်းပြီးတော့ အောက်ခြေအဆင့်ကို ရောက်နေတဲ့အခါကျတော့ ဒီလောက်ငွေဈေး ချပေးပြီးတော့ ရောင်းတာလည်း ၀ယ်တဲ့လက်က မ၀ယ်နိုင်ဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်။ အခြေအနေက။”
ဟုတ်ကဲ့။ အဲဒီတော့ ငွေဈေးက ဘာဖြစ်လို့ အဲဒီလောက်အထိ ကျသွားရတာလဲခင်ဗျ။ -
“ပြည်တွင်း အနေအထားတခုတည်းတင် မဟုတ်ဘူးပေါ့လေ။ တခြား နိုင်ငံမှာရှိတဲ့ ငွေလဲနှုန်းတွေကို ပြန်ပြီးတော့ ကြည့်တဲ့အခါကျတော့လည်း ဒေါ်လာငွေဈေးဟာ ဒီရက်ပိုင်းအတွင်းမှာ ပြန်ပြီးတော့ နည်းနည်းပြန်ပြီးတော့ ခေါင်းနည်းနည်း မာလာတာပေါ့လေ။ မြန်မာပြည်ကတော့ တမျိုးပေါ့။ သူက ဒီလိုရှိတယ်ခင်ဗျ။ - မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာ လဲနှုန်း၊ မြန်မာပြည်မှာက ဒီ တရုတ်ငွေလဲနှုန်း၊ မြန်မာနဲ့ ထိုင်းဘတ် လဲနှုန်းပေါ့လေ။ ဒီကုန်သွယ်မှုကလည်း ပေါင်းစုံရှိတဲ့အခါ ကျတော့ ဒီကုန်သွယ်မှုကလည်း ထောင့်ပေါင်းစုံက ရှိတဲ့အခါကျတော့ ဒီအပေါ်မှာ တွက်ချက်ပြီးတော့ အခုရက်ပိုင်း ဖြစ်တဲ့ပြဿနာကို ကြည့်တဲ့အခါကျတော့ ဒီ တရုတ်လက်ကလည်း တရုတ်နှစ်သစ်ကူးတွေ ဘာတွေနဲ့ တိုက်ပြီး အရောင်းအ၀ယ်တွေ မလုပ်ကြတဲ့အခါကျတော့ ဒီငွေဈေးက ပိုပြီးတော့ အခြေအနေ ဆိုးရွားတဲ့ အနေအထားလို ဖြစ်သွားတာပေါ့။”
http://www.voanews.com/burmese/2009-01-24-voa7.cfm

Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ။

အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။
ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကိုကျွန်တော့ ကိုပြောပြတယ်
ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။ဖြစ်ပုံက ဒီလို........တဲ့
ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့
ဒီလိုပြောပါတယ်သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ
အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ
camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်ပြီးတော့ forum တွေမှာတင်
ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆိုတခြားလူတွေပါ မျှတတ်တဲ့အကျင့်
ဖုန်းထဲမှာပုံတွေထည့်ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြပုံတွေကြည့်ပြီးပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ
စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းကဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထားဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့
မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေးဈေးခေါ်တာ ကျနေတာပဲ
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေမြန်မာအချင်းချင်းဗျာ
အဲလို လူမဆန်တာတော့ မကောင်းဘူး

ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ။ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ်
အဲလို လူမဆန်ပဲကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး

နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကောဘာကြောင့် လူမဆန်တာလဲခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက
ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ်
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ...?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ...?
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို
ငွေညှစ်၊ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။ကျွန်တော်သိတယ် မပြောချင်ဘူး
ပြောလို့လည်းမကောင်းဘူး။နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရားမျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ

အစ်မတွေ ညီမတွေ က လည်းအင်္ကျီ ဝယ်တဲ့အခါ သတိထားပါ
အပေါ်ကနေပဲ ထပ်ဝတ်ကြပါအဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီးလုပ်စားနေတဲ့ကောင်တွေ ရှိတယ်

အစ်မကမေးတယ်ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ်
တရားစွဲပေါ့
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ
တစ်ရှက်ကနေ နှစ်ရှက်ထက်တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်
အဲလိုပဲ ပြောလိုက်တယ်အစ်မလည်း ပြန်ရောက်ကတည်းက
ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ
BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ်
အနှောက်အယှက်ကင်းကင်း ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ
မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။

ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊
မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊
သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေးနှိုးဆော်ပေးခြင်းဖြင့်
ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကို
အရှက်အကြောက် ကြီးမားတတ်ကြတဲ့မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ့ သိက္ခာတို့ ကို
လူမဆန်စွာယုတ်မာရိုင်းစိုင်းနေကြပြီး ကိုယ်ချင်းစာတရား နဲမျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတို
့တတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်းကျွန်တော် က မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။

အစ်မတွေ ညီမတွေ အားလုံးကလည်းကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ့ သတိထားရင်း
ဈေးဝယ်ထွက်ကြပါလို့ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်
သီရိ(SG)ပေးပို့သောအီးမေးလ်သတင်းတပုဒ်ဖြစ်သည်။ပေးပို့သည့်အတိုင်းဖေါ်ပြရ၍(ခင်ဗျားတို့......) (ခင်ဗျားတို့......)ဆိုသည့်အရေးအသားကိုတော့နားလည်ပေးကြပါရန်။ ။

ဒေါက်တာစိန်ဝင်းကိုပင် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အဖြစ် ရွေးချယ်


ဖနိဒါ
တနင်္ဂနွေနေ့၊ ဇန်နဝါရီလ 25 2009 01:43 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ပုံမှန်လုပ်နေကြ ရွေးကောက်ပွဲက အတိုက်အခံ စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းကိုပင် ပြန်လည်ရွေးချယ်လိုက်ကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ၏ အကြီးအကဲကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်တွင် ဇန်န၀ါရီ ၂၀ ရက်မှ စတင်ကာ လေးရက်ကြာပြုလုပ်သော ပြည်ပရောက် ပါလီမန်အမတ် ၃၀ ကျော်တက်ရောက်သည့် အစည်းအဝေးတွင် လျို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်သည်။

ရွေးချယ်မှုတွင် ၀န်ကြီးသစ် ၃ ဦးလည်း ပိုလာခဲ့ရာ အဖွဲ့ဝင် ၇ ဦးပါ အစိုးရဖြစ်လာခဲ့သည်။ ယခင်ဝန်ကြီးများဖြစ်သော ဦးဘိုလှတင့်၊ ဒေါက်တာတင့်ဆွေ၊ ဦးခွန်မာကိုဘန်း တို့အပြင် ခွန်မြင့်ထွန်း (သထုံ မဲဆန္ဒနယ်)၊ ဦးဝင်းလှိုင် (တပ်ကုန်းမဲဆန္ဒနယ်) ၊ ဦးထွန်းဝင်း (မင်းပြား မဲဆန္ဒနယ်)တို့ကို ထပ်တိုးခန့်ခဲ့သည်။

အသက် ၆၄ နှစ်အရွယ် ဒေါက်တာစိန်ဝင်းသည် နေအိမ်အကျယ်ချုပ်ကျခံနေရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အကိုတ၀မ်းကွဲဖြစ်ပြီး သင်္ချာပါမောက္ခ ဘွဲ့ကို ဂျာမဏီတွင် ရရှိခဲ့သည်။ သူ၏ ဖခင် ဦးဘ၀င်းသည် ဗိုလ်ချုပ် အောင်ဆန်း၏ အကိုဖြစ်ပြီး အာဇာနည်ခေါင်းဆောင်တဦးဖြစ်သည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတွင် အခြေပြုလျက်ရှိသော အန်စီဂျီယူဘီကို ၁၉၉၀ တွင် လွှတ်တော်အမတ်များထဲမှ ပြည်ပရောက်နေသူများဖြင့် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ဖွဲ့စည်းထားခဲ့ပြီး ဒေါက်တာစိန်ဝင်းက ထိုစဉ်ကတည်းက ဆက်တိုက်ရွေးချယ်ခံခဲ့ရသည်။

ဒဗ္ဗလင်အစည်းအဝေးတွင် မြန်မာစစ်အစိုးရကို ကုလသမဂ္ဂမှ ဖယ်ရှားရေး ဆွေးနွေးရာ သဘောတူညီမှုမရဘဲ ပယ်ချခံခဲ့ရသည်။ ပြည်ပရောက် အတိုက်အခံတပ်ပေါင်းစုကြီး တခုဖြစ်သည့် အန်စီယူဘီ ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက မြန်မာစစ်အစိုးရသည် တရားမ၀င်အစိုးရဖြစ်သဖြင့် ကုလသမဂ္ဂတွင် စစ်အစိုးရ၏ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေဖြင့် ကိုယ်စားပါဝင်မှုကို ကန့်ကွက်ပယ်ချပါရန် ကြိုးစားနေခဲ့သည်။

ဇန်န၀ါရီ ၁ ရက်နေ့က အန်စီယူဘီကလည်း စင်ပြိုင်အစိုးရတရပ်ဖွဲ့စည်းရန် ကြိုးစားသွား မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ရာ ပြည်ပအခြေစိုက် အတိုက်အခံများအကြား ငြင်းခုံ ဆူပွက်သွားခဲ့သည်။

မြန်မာစစ်အစိုးရက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ပြီး အခြေခံဥပဒေကို ရေးဆွဲရန်သာ တာဝန်ရှိသည်ဟုဆိုကာ ရွေးချယ်ခံကိုယ်စားလှယ်အများစု သဘောမတူနိုင်သော အကန့်အသတ်များဖြင့် အခြေခံဥပဒေကို စိတ်ကြိုက်ကိုယ်စားလှယ်များဖြင့် ရေးဆွဲခဲ့သည်။

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂)

‘အိုးဝေကျေးဇူး’
အောင်ဝေး
ဇန်န၀ါရီ ၂၄၊ ၂၀၀၉

အိုးဝေခွပ်ဒေါင်း - ခွပ်ဒေါင်းအိုးဝေလို့ တင်စားကြတဲ့ ကျောင်းသားတွေရဲ့ အမျိုးသားရေးတိုက်ပွဲ၊ ကျောင်းသားတွေရဲ့ လွတ်လပ်ရေး ကျေးဇူးကို ဆရာကြီး မင်းသုဝဏ်က အခုလို ကဗျာတပုဒ်နဲ့ ဂုဏ်ပြု ဖော်ကျူးခဲ့ဖူးပါတယ်။

‘ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွပ်လပ်ရလေ၊ တို့တတွေသည်၊ အိုးဝေကျေးဇူးပါတကား’ တဲ့။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲသမိုင်းဟာ ကျောင်းသားတိုက်ပွဲသမိုင်းနဲ့ ခွဲခြားလို့ မရပါဘူး။ ဒီလိုပါပဲ လွတ်လပ်ပြီးခေတ် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး တိုက်ပွဲသမိုင်းဟာလည်း ကျောင်းသားတိုက်ပွဲ သမိုင်းနဲ့ ခွဲခြားလို့ ရမှာ မဟုတ်ပါဘူး။

အစောဆုံး ကျောင်းသားတိုက်ပွဲလို့ သတ်မှတ်ကြတဲ့ ၁၉၂ဝ ရန်ကုန် တက္ကသိုလ် ပထမ ကျောင်းသားသပိတ်ကနေ စပြီး ရေတွက်ကြည့်လိုက်ရင် အခု ၂ဝဝ၇-၂ဝဝ၈ ကျော်ကိုကိုတို့ခေတ် ကျောင်းသားတိုက်ပွဲတွေ အထိ မဆုံးနိုင်တဲ့ တိုက်ပွဲစဉ်ကြီးကို တလေးတစား တွေ့ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှုသမိုင်းဟာ အကြမ်းဖျင်းအားဖြင့်
(၁) လွတ်လပ်ရေးမတိုင်မီ ကိုလိုနီခေတ်၊
(၂) လွတ်လပ်ရေးရပြီး ၁၉၅၈ ပထမ အကြိမ် စစ်အာဏာသိမ်းတဲ့ခေတ်
(၃) တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြိုကွဲပြီး ၁၉၆၂ ဒုတိယအကြိမ် စစ်အာဏာ သိမ်းတဲ့ခေတ်
(၄) ရှစ်လေးလုံးအရေးတော်ပုံ ဖြိုခွင်းခံရပြီး ၁၉၈၈ တတိယအကြိမ် စစ်အာဏာသိမ်းတဲ့ခေတ် နဲ့
(၅) ဒီကနေ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးဆင်နွှဲတဲ့ခေတ် ရယ်လို့ ခေတ်ပြန် ပိုင်းခြားနိုင်ပါလိမ့်မယ်။

လွတ်လပ်ရေး မတိုင်မီ ကိုလိုနီခေတ် ကျောင်းသား တိုက်ပွဲတွေထဲမှာ ‘အမျိုးသားနေ့အစ ၁၉၂ဝ ကျောင်းသားသပိတ်က’ လို့ ဆိုကြတဲ့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးတွေရဲ့ ၁၉၂ဝ ပြည့်နေ့ ဒီဇင်ဘာ ကျောင်းသားတိုက်ပွဲဟာ မြန်မာတနိုင်ငံလုံး နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးကို နိုင်ငံရေးအသိ ရှိရှိနဲ့ ပထမဆုံး စတင် လှုံ့ဆော်လိုက်တဲ့ ဝံသာနု အရေးတော်ပုံကြီး ဖြစ်ပါတယ်။

ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုမြ စတဲ့ တက္ကသိုလ်ကျောင်းသားကြီး (၂၁) ခေါင်းဆောင်တဲ့ ၁၉၂ဝ သပိတ်ကော်မတီဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တော်လှန်တဲ့ ကျောင်းသား အဖွဲ့အစည်းလို့ သတ်မှတ်နိုင်ပါတယ်။

ဒီနေရာမှာ ၁၉၂ဝ ကျောင်းသားသပိတ် မတိုင်ခင် (၁၇) နှစ် စောပြီး ပေါ်ပေါက်ခဲ့တဲ့ ရန်ကုန်မြို့က ကျောင်းသားတိုက်ပွဲတခုလည်း သမိုင်းမှာ ရှိခဲ့ပါသေးတယ်။

အဖြစ်အပျက်က ၁၉ဝ၃ခုနှစ်၊ စက်တင်ဘာလ(၇)ရက်၊ ရန်ကုန်မြို့ ဟိုက်စကူးကျောင်းမှာ ဖြစ်ခဲ့ပါတယ်။ ဖြစ်ပုံက - တနေ့သားမှာတော့ အဋ္ဌမတန်း၊ ရှစ်တန်း အတန်းပိုင် အင်္ဂလိပ် လူမျိုး ကျောင်းဆရာဟာ ခရိုင်ပညာဝန် မစ္စတာ ကောက်စ်ရဲ့ အမိန့်လို့ ဆိုပြီးတော့ စာသင်ခန်းထဲမှာ ကျောင်းသားတွေကို မတ်တတ်ရပ်ခိုင်းပါတယ်။ ပြီးတော့ အမိန့်စာကို ဖတ်ပြပါတယ်။

‘ယနေ့မှစ၍ သင်တို့ မြန်မာကျောင်းသားများအားလုံး စာမသင်ခင် ကျွန်ုပ်တို့ အင်္ဂလိပ်လူမျိုး ဆရာတွေကို ဦးစွာ ရှိခိုးကန်တော့ ပြီးမှ စာသင်ကြားခြင်းအမှုကို ပြုမည်ဖြစ်ကြောင်း’ ဆိုတဲ့ အမိန့်ပါပဲ။

အဲဒီဆရာက မြန်မာကျောင်းသားတွေကို ထိုင်ပြီး ကန်တော့ဖို့ အမိန့်ပေးပါတယ်။ မတ်တတ်ရပ်နေတဲ့ မြန်မာကျောင်းသားတွေ ဘယ်သူမှ မလှုပ်ပါဘူး။ အတန်းပိုင်ဆရာဟာ စိတ်ဆိုးလာပြီး ထပ် အမိန့်ပေးပါတယ်။ ဘယ်ကျောင်းသားမှ အမိန့်ကို မနာခံကြပါဘူး။ အတန်းပိုင်ဆရာဟာ ဒေါသတကြီးနဲ့ ကြိမ်းမောင်းလာပါတော့တယ်။ ကျောင်းသား တဦးတလေမှ တုပ်တုပ်မလှုပ် မတ်တတ်ရပ်လျက်ပါပဲ။ အင်္ဂလိပ်လူမျိုး ကျောင်းဆရာဟာ ကြီးစွာ အရှက်ရပြီး အော်ဟစ် ပေါက်ကွဲသွားပါပြီ။

အဲဒီအချိန်မှာ အတန်းရှေ့ဆုံးက ‘မောင်တင်’ ဆိုတဲ့ ကျောင်းသားလေးက အတန်းပိုင်ဆရာရှေ့ကနေ အတန်း အပြင်ဘက်ကို စတင် ထွက်သွားပါတော့တယ်။ မောင်တင်ရဲ့ နောက်ကနေ မြန်မာကျောင်းသားတွေ တယောက်ပြီး တယောက် အတန်းပြင်ကို ထွက်သွားလိုက်ကြတာ အတန်းထဲမှာ အဲဒီ ဆရာတယောက်ပဲ အရုပ်ကြိုးပြတ် ကျန်ရစ်ခဲ့ပါတော့တယ်။

ဒီဖြစ်ရပ်က ရန်ကုန် တမြို့လုံး သတင်းပျံ့နှံ့သွားပြီး အင်္ဂလိပ် ကိုလိုနီ အစိုးရအဖို့ အရှက်ရစရာ ဖြစ်သွားတဲ့အတွက် သက်ဆိုင်ရာ အင်္ဂလိပ်ပညာရေး အာဏာပိုင်တွေက မောင်တင်တို့ အားလုံးကို ကျောင်းထုတ်ပစ်လိုက်ပါတယ်။

အဲဒီမှာ မြန်မာနိုင်ငံသား တိုင်းရင်းသား ကျောင်းသား မိဘတွေက မကျေမနပ်ဖြစ်ပြီး အင်္ဂလိပ်အာဏာပိုင်တွေကို တခဲနက် စုပြီး အရေးဆိုကြပါတယ်။ အင်္ဂလိပ်ပညာရေး အာဏာပိုင်တွေရယ်၊ ကျောင်းသားမိဘတွေရယ်၊ ကာယကံရှင် မောင်တင်တို့ ကျောင်းသားတွေရယ် အကြိတ်အနယ် တွေ့ဆုံဖြေရှင်းရတဲ့ ပွဲမှာ အတန်းထဲက ပထမဆုံး ထွက်သွားတဲ့ ကျောင်းသားမောင်တင်က သူ့အတန်းပိုင်ဆရာကို အခုလို ယဉ်ယဉ်ကျေးကျေး ထပြောပါတယ်။

“ဆရာ ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဟာ ရှေးအတီတေကတည်းက ကြီးမြတ်တဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်လာကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ကျနော်တို့ ယဉ်ကျေးမှုမှာ အာစရိယ ဆရာ၊ ဆရာမတွေကို ဘုရား၊ တရား၊ သံဃာ၊ မိဘနဲ့ တဂိုဏ်းတည်းထားပြီး အနန္တော အနန္တ ငါးပါးအနေနဲ့ ရိုသေ မြတ်နိုး၊ လက်စုံမိုးလို့ ရှိခိုး ပူဇော်ကြတာပါ။

ဒါပေမဲ့ ဆရာ ကျနော်တို့ရဲ့ ရိုသေမြတ်နိုးခြင်း၊ ရှိခိုး ပူဇော်ခြင်းတွေဟာ အမိန့် စာရွက်ပေါ်က လာတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဟောဒီ ရင်ဘတ်ထဲက ၊ အသည်းနှလုံးထဲက လာတာပါ” တဲ့။

အဲဒီပွဲမှာ အင်္ဂလိပ်အစိုးရ အာဏာပိုင်တွေဘက်က လက်လျှော့ အရှုံးပေးလိုက်ရပါတယ်။ မောင်တင်တို့ ကျောင်းသားတွေ အားလုံး ကျောင်းပြန်တက်ခွင့် ရသွားကြပါတယ်။

ဒါဟာ သမိုင်းမှာ ကြီးကြီးကျယ်ကျယ်၊ မှတ်မှတ် ထင်ထင်၊ ထင်ထင်ရှားရှား မရှိခဲ့သော်ငြားလည်း ဒီအဖြစ်အပျက်ကလေးဟာ အင်္ဂလိပ် ကျွန်ပညာရေးစနစ်၊ အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေးကို ပထမဆုံး ကနဦး၊ ဗွေဆော်ဦး စတင် ဆန့်ကျင် လှုံ့ဆော်လိုက်တဲ့ ကျောင်းသားသမိုင်းတခု၊ ကျောင်းသားတိုက်ပွဲတခုလို့ ဆိုလိုက်ချင်ပါတယ်။ အဲဒီအချိန်က YMBA အသင်းကြီးတောင် မပေါ်ပေါက်သေးပါဘူး။

အဲဒီတိုက်ပွဲမှာ ဦးဆောင်ခဲ့တဲ့ အဋ္ဌမတန်း ၈ တန်း ကျောင်းသားလေး ‘မောင်တင်’ ကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောင်သားခေါင်းဆောင် ‘ကျောင်းသားတိုက်ပွဲအစ မောင်တင်က’ လို့ ဂုဏ်ပြုရပါမယ်။

အဲဒီ မောင်တင် ဘယ်သူလဲ။ အဲဒီ မောင်တင်လေးဟာ နောင်တချိန် ကိုလိုနီလက်အောက်မှာ မြန်မာနိုင်ငံသားတွေထဲက ပထမဆုံး ပါမောက္ခဖြစ်လာသူ၊ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး မြန်မာလူမျိုး ကျောင်းအုပ်ကြီး ဖြစ်လာသူ ဆရာကြီး ဖေမောင်တင်ပါပဲခင်ဗျား။ ။

ဦးဖေမောင်တင်

[ မူရင်း - လွတ်လပ်တဲ့အာရှအသံ၊ မြန်မာဌာန၊ www.rfa.org/burmese ]

☼ အနာဂတ်သစ်သို့ ☼

အနာဂတ်သစ်သို့

လှမ်းနေတာမညီညာသည့်လမ့်း့ 

ငါတို့လျှောက်နေတဲ့

အဲ့ဒီဘ၀လမ်းမှာ့ 

လူတွေအမျိုးမျိုးထွေ

ငါလည်းလေခရီးထွက်ခဲ့

ငါ့ဘ၀အနာဂတ်သစ်အတွက့့်  ။

ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 

တချို့လူတွေက

ရေလိုက်ငါးလိုက်နဲ့အောင်မြင်ကြ

ဒါပေမယ့့်  သူတို့

ဘ၀ရဲ့ဒဿနကို

တွင်းနက်နက်ထဲအထိဆင်းမကြည့်လို့

ဘ၀အနှစ်သာရအကြောင်း

ကောင်းကောင်းမသိသွားကြ

သြော့့်  ရေလိုက်ငါးလိုက်

ဖြစ်သလိုနေတတ်ကြတဲ့

သနားစရာလူတွေပ့  ။

ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 

တချို့သူတွေက

မသိရင်မေးမစင်ရင်ဆေးလဲ့ကြ

အဲ့ဒါ ဘ၀ရဲ့အနှစ်သာရ

တကယ်ပါ့ 

အဲ့ဒီလိုလူစားမျိုး

ငါအရမ်းလေးစားသပ့  ။

ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 

တချို့သူတွေက

လှပတဲ့ဘ၀ခရီးကိုရောက်ဖို့

နှောင်ကြိုးတွေကိုဖြေထုတ်

အနာဂတ်ခရီးမှာ့ 

ရဲရဲတွေရဲရဲရေးပြီး

အမှန်တွေကိုဆိုဖို့အတွက်

ဘ၀တက္ကသိုလ်ဆီခရီးဆက်ခဲ့

တကယ်ပါ့  တကယ်ပါ

ငါ့မျက်လုံးတွေရှိရဲ့သားနဲ့

ကြောင်တောင်ကန်းကြီးအဖြစ်မခံနိုင်ပါ

ငါ့ရဲ့နားတွေရှိရဲ့သားနဲ့

နားတွေကိုထိုးဖောက်တာကိုမခံနိုင်ပါ

ငါ့ရဲ့ပါးစပ်တွေရှိရဲ့သားနဲ့

ရေငုံနုတ်ပိတ်ကြိတ်မခံစားနိုင်ပါ

တကယ်ဆို ငါ့ 

အနာဂတ်သစ်ဆီကိုဆက်လျှောက်ရင်း

အမှန်တွေကိုပဲ

ငါသိသလောက်ဆက်ရေးသွားမှာပါ့  ။

ဇာနည်မောင်