Thursday, February 5, 2009

အမျိုးပျောက်မှာစိုးကြောက်စရာ

ဒို့ဗိုလ်ချူပ်ကမှာခဲ့တယ်.....

file download here


၀၅၀၂၂၀၀၉သတင်းဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


ဟိုက ဒီက ကြားကြားသမျှ

ကုလားလေး စောထွန်း အခေါ်ခံရတာကတော့ သူ့ သမီးက ''မွတ်စလင်ကုလား''ကို လင်လုပ်ထားလို့ 
ဖြစ်ပါတယ်..

ကုလားလေး ယောက္ခမ သမ္မတ
ဆောက်လုပ်ရေးဝန်ကြီး ''ဗိုလ်ချုပ်စောထွန်း''တယောက် ''ဦးအောင်သောင်း '' ''ဦးစောလွင် ''တို့ နဲ့ 
အတူမြန်မာအများ မျှော်လင့်စောင့်စားနေကြတယ်လို့ ကမ္ဘာကထင်တဲ့ ( မြန်မာတွေ တကယ် မျှော်မမျှော် မသိပါ ) ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တာဝန်က အနားယူပြီလို့ ကြားသိရပါတယ် ...
ဗိုလ်ချုပ် စောထွန်း ဆိုတာ ''ဘဘကြီးသန်းရွေ''ရဲ့ တနယ်တည်းသား အလွန်တရာ ကြည့်ရှုခံထားရသူ .. ချစ်စနိုးနဲ့ .. ''ကုလားလေး စောထွန်း '' လို့ အခေါ်ခံရသူဖြစ်ပါတယ်။
ကုလားလေး စောထွန်း အခေါ်ခံရတာကတော့ သူ့ သမီးက ''မွတ်စလင်ကုလား''ကို လင်လုပ်ထားလို့ 
ဖြစ်ပါတယ်.. ( တချို့ ကလည်း ငယ်နာမယ်လို့ ပြောပါတယ် )။
အဆိုပါ သားမက်တော် ကလည်း ခေသူမဟုတ်ပါဘူး .. လွန်ခဲ့သော ၃နှစ်က သူ့ အမျိုး
တသိုက် (ညီအကိုများ လို့ ကြားပါတယ် ) မူးယစ်ဆေးဝါးမှုနဲ့ ပက်သတ် ဆက်နွယ်မှုကြောင့် အမှုဖြစ်ကြပါတယ်.. လူဂျီး အမျိုးများရဲ့ ထုံးစံ အတိုင်း နောက်လိုက် နောက်ပါများသာ ဓားစာခံသွားရပါတယ် ..။
ကြည့်ရှုစောင်မ ပုံကတော့ ...
အမှုကို တံခါးပိတ်တိုးတိုးတိတ်တိတ်စစ်ဆေးခြင်း .. တရားရုံးသို့ မှန်အမဲတပ်ကားများ တ၀ီဝီဖြင့် စတိုင်ထွားထွားလာခြင်း ... မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုနဲ့  အဖမ်းခံရသူကို မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း ဆေးစစ်ချက်မှာ မတွေ့ ကြောင်း .. လက်ဝယ်တွေ့ ရှိသော ဆေးဝါးများမှာ ကောက်ရခြင်းသာ ဖြစ်ကြောင်းစသည်ဖြင့် ယုံတမ်း ကောက်ချက်များ ချကာ အနည်းဆုံးပြစ်ဒဏ်အဖြစ် လက်ဝယ်တွေ့ ရှိမှုလောက်သာ ချမှတ်ခဲ့ပါတယ် ..။
ကုလားလေး စောထွန်းကိုယ်တိုင်ကလည်း ခေသူမဟုတ်ပါဘူး .. မကြာသေးမှီ နှစ်များက လူကောင် သေးသေး အဆိုတော် ပေါက်စမလေး အိမ်ထောင် မကျမှီက အချစ်တော်အဖြစ်အသုံး တော်ခံပါတယ် ..။
အကြောင်း ကိစ္စ ခရီးသွားရာမှာ အဆိုတော်မလေး မပါရင် မျက်ခွက်တော် စူပုပ်ပြီး ဘယ်လိုမှ ပြောဆို ဆက်ဆံလို့  မရလို့ နောက်လိုက် နောက်ပါများ ခေါင်းကိုက်ရပါတယ်.. အဆိုတော် မလေးက'' ဘဘကြီး ''... ဆိုပြီး ရောက်လာ မှ ပြုံးဖြီးရှာပါသတဲ့ ..။
ဘာသာရေးနဲ့ လူမှုရေး ကိစ္စကို အကြောင်းပြ ပြီး ဖြုတ်ထုတ်သတ် လုပ်တတ်ကြတဲ့ နအဖ အသိုင်းအ၀ိုင်းမှာ
ကုလားယောက္ခမ ဘာကြောင့် မြဲ နေခဲ့သလဲ ဆိုတဲ့ အကြောင်း ကတော့ ..
'' ငါရှိနေ သေးမျှ ငါ့ကုလားလေးကို ချမ်းသာ ပေးလိုက်ပါ ကွာ ''လို့ ဘဘကြီးက ပြောထားလို့ ပါတဲ့ ..။

ထွက်ပေါ်နေတဲ့ သတင်းများ အရ .. အဆိုပါ ၃ယောက် မှာ သမ္မတကြီးလုပ်ဖို့ အဓိက ချိန်သူက တော့ ဦးအောင်သောင်းပါတဲ့ ..
တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ် မယ်မသိရပေမယ့် သူစီမံတဲ့ ၀င်းသူဇာ စတိုးဆိုင်များ ကတော့ နမူနာအဖြစ်
မြန်မာပြည်သူများ လေ့လာနိုင်ပါတယ် ရှင့် ..။

နေပြည်တော်က သမ္မတကြီးအတွက် ဆောက်ထားတဲ့ အိမ်ကို သူနေရမှာ ဆိုပြီး တနေ့ လေးခါ သွားသွားကြည့် နေကြောင်း ပါးစပ်သတင်းများ လည်းထွက်ပေါ်နေပါတယ်။
( မြန်မာပြည်က ကောလဟာလ ကတော့ မှားတာ ခပ်ရှားရှားပဲ )

ကောလဟာလ များနဲ့ ကြားကြားသမျှ များအား ဆက်စပ်ရေးပြထားခြင်းဖြစ်ပါတယ်
စာရေးသူအာဘော်နဲ့ အတွေးအခေါ်များလည်း ပါနိုင်ပါတယ် ..။
ဒါပေမယ့် ပါးစပ်ရာဇ၀င် ဆိုတာ သတင်းစာထက်တော့ ဖတ်လို့ ကောင်းတတ် တယ်မဟုတ်လား။

မလေးမေ