Monday, February 9, 2009

ဂန္ဒီခန်းမ၊စင်ပြိုင်အစိုးရနှင့်ဘ၀တကွေ့နိုင်ငံရေး



အမျိုးသားများကြီးစိုးခဲ့တဲ့ ၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

............................................................................


၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုခြောက်ဆုသာချီးမြှင့်ခဲ့ပြီး ထူးချွန်ဆုအားလုံးကို အမျိုးသားအနုပညာရှင်များကသာရရှိခဲ့ကာ အမျိုးသားများကြီးစိုးခဲ့သည့် အကယ်ဒမီဆုပေးပွဲဖြစ်ခဲ့သည်။


အမျိုးသမီးဇာတ်ဆောင်ဆုအပါအ၀င်၊ အမျိုးသမီးဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆုနှင့် အသံဆုများကိုချီးမြှင့်နိုင်ခဲ့ခြင်းမရှိသော၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည် ၁၉၉၃ ခုနှစ်နောက်ပိုင်း ၁၅ နှစ်တာကာလအတွင်း ရုပ်ရှင်ထူးချွန်ဆုအရေအတွက်အနည်းဆုံးချီးမြှင့်ခဲ့သော ရုပ်ရှင်ထူးချွန်ဆုပေးပွဲလည်းဖြစ်သည်။


၂၀၀၇ ခုနှစ်အတွင်း မြန်မာရုပ်ရှင်ဇာတ်ကား ၁၀ ကားသာရုံတင်ပြသနိုင်ခဲ့ပြီး အဆိုပါဇာတ်ကား ၁၀ ကားတွင် ဇာတ်ကားနှစ်ကားမှ ရုပ်ရှင်ထူးချွန်ဆုခြောက်ဆုကိုရရှိသွားခဲ့ခြင်းဖြစ်သည်။ ထူးချွန်ဆုများရရှိသွားသော ဇာတ်ကား နှစ်ကားအနက် နာမည်ကျော်လူကြိုက်များခဲ့သော ပြဇာတ်တစ်ပုဒ်ကိုရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းခဲ့သည့် ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားတစ်ကားတည်းက ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆုနှင့် တေးဂီတဆု အစရှိသော ရုပ်ရှင်ထူးချွန်ဆုငါးဆုကိုရရှိသွားခဲ့ကာ ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီဇာတ်ကားက ဓာတ်ပုံထူးချွန်ဆုကိုရရှိသွားခဲ့ခြင်းဖြစ်သည်။ပရိသတ်ချစ်သောအနုပညာရှင်တို့ ထူးချွန်ဆုများရရှိသွားခဲ့သည့် ၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟုဆိုနိုင်မည်ဖြစ်သော အဆိုပါဆုပေးပွဲသည် ၁၅ နှစ်တာကာလအတွင်း ပေးအပ်ခဲ့သည့်ဆုအရေအတွက်မှာ အနည်းပါးဆုံးဖြစ်ခဲ့သော်လည်း ဆုစာရင်းများထွက်ပေါ်အပြီးတွင် ပရိသတ်များဖက်မှ ၀မ်းမြောက်ကျေနပ်မှုများဖြစ်ပေါ်ခဲ့သည်ဟု သိရှိရပါသည်။


စိန်မွတ္တား တေးဂီတဆု(ကိုးဆယ်ဆသာလိမ့်မယ်)

စိန်မွတ္တားသည် အကောင်းဆုံး ရုပ်ရှင်နောက်ခံတေးဂီတဆုကို 'ကိုး ဆယ်ဆသာလိမ့်မယ်'ဇာတ်ကားဖြင့် ရရှိသွားခဲ့ခြင်းဖြစ်သည်။ ဇာတ်လမ်းနှင့်လိုက်ဖက်မည့် ဂီတပိုင်းအား ရွေးချယ်တီးခတ်နိုင်ခဲ့ သည့် စိန်မွတ္တားသည်တေးဂီတထူးချွန် ဆုအကယ်ဒမီကို ဒုတိယမြောက်ဆွတ် ခူးရရှိခဲ့ခြင်းဖြစ်ကာ ၂၀၀၄ ခုနှစ်က 'ပန်းဒဏ္ဍာရီ'ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီဆုကိုရရှိခဲ့သည်။ စိန်မွတ္တားသည် တေးဂီတထူး ချွန်ဆုကို ခင်မောင်ကြီးနှင့်ဓီရာမိုရ်တို့ နှင့်အတူဆုရရှိရန် ရေပန်းစားခဲ့ရာမှရရှိ သွားခဲ့ခြင်းဖြစ်သည်။

မောင်ယဉ်အောင် ဒါရိုက်တာဆု(ကိုးဆယ်ဆသာလိမ့်မယ်)

မိဘနှင့်သားသမီးအကြား ချစ် ခြင်းမေတ္တာကို အပီပြင်ဆုံးဖော်ညွှန်း ၍အောင်မြင်မှုရရှိခဲ့သော နာမည်ကျော် ပြဇာတ်ဖြစ်သည့် 'ကိုးဆယ်ဆသာ လိမ့်မယ်'ကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းရိုက်ကူးခဲ့သည့်ဒါရိုက်တာ မောင်ယဉ်အောင်က ဒါရိုက်တာဆုကို ပထမဆုံးအကြိမ် ရရှိသွားခဲ့ခြင်းဖြစ် သည်။ မြို့တော်မောင်ယဉ်အောင် အနေ ဖြင့်ကိုယ်တိုင်ရေးသားခဲ့ပြီး ပရိသတ် နှစ်သက်စွဲလန်းအောင် ဖန်တီးနိုင်ခဲ့ သောပြဇာတ်ကို ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ကားအဖြစ် ဖန်တီးခဲ့ရာ ၌လည်းပီပြင်ခဲ့သောကြောင့် ဒါရိုက် တာဆုကိုရရှိခဲ့ခြင်းဖြစ်ကာ ယခုဆွတ် ခူးခဲ့သောအကယ်ဒမီကို မီဒီယာနှင့်ပရိ သတ်များခန့်မှန်းထားသည့်အတိုင်း ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်သည်။ မောင်ယဉ်အောင်သည် ဆုရရှိရန် အတွက် 'ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ' ဇာတ်ကားကိုရိုက်ကူးခဲ့သူ ဒါရိုက်တာ ထွန်းအောင်ဇော်အတူ ရေပန်းစားခဲ့ရာ မှ ဆုရရှိခဲ့ခြင်းဖြစ်သည်။

ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားဆု

၂၀၀၇ ခုနှစ်အတွက်အကောင်း ဆုံးရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မောင်ယဉ်အောင်၏ 'ကိုးဆယ်ဆသာ လိမ့်မယ်'ဇာတ်ကားက 'ငါ့ဓား ငါ့ သွေး ငါ့ဧရာဝတီ' ဇာတ်ကားနှင့်အတူ ရေပန်းစားခဲ့ရာမှဆုရရှိသွားခဲ့သည်။ အညာရနံ့ရှု့ခင်းများဖြင့် လယ် လမိုင်းတင်ပွဲ၊ ရွှေစာရံဘုရားပွဲ စသော ကျေးလက်ရှုခင်းများဖြင့်ခြယ်မှုန်းထား သည့် ပြကွက်များ၊ မိဘမေတ္တာ၏ အတိမ်အနက်၊ မိဘနှင့်သားသမီးကြား က ချစ်ခြင်းမေတ္တာ၏နက်ရှိုင်းမှု စသည့်ဖြစ်ရပ်များကိုပုံဖော်ထားသော ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကား မှာ ပြဇာတ်ကခဲ့စဉ်က အောင်မြင်ခဲ့ သည့်အတိုင်းရုပ်ရှင်မှာလည်း အောင်ပွဲ ခံသွားခြင်းဖြစ်သည်။

ကျောက်ဖြူ (ပဒေသာ) ဓာတ်ပုံဆု (ငါ့ဓားငါ့သွေးငါ့ဧရာဝတီ)

၂၀၀၇ ခုနှစ်အတွက် အကောင်း ဆုံးရုပ်ရှင်ဓာတ်ပုံဆုကို 'ငါ့ဓားငါ့သွေး ငါ့ဧရာဝတီ'ဇာတ်ကားမှ ကျောက်ဖြူ (ပဒေသာ) ကရရှိသွားခဲ့သည်။ ကျောက်ဖြူ(ပဒေသာ)သည် ၂၀၀၂ ခုနှစ်တွင် 'ယောက္ခမဆိုတာ တစ်ခါတုန်းကသားမက်ပါပဲ' ဇာတ် ကား၊ ၂၀၀၃ ခုနှစ်တွင် 'အမေ့နို့ဖိုး' ဇာတ်ကားတို့ဖြင့် အကောင်းဆုံးရုပ်ရှင် ဓာတ်ပုံဆုကိုဆွတ်ခူးခဲ့ပြီး ယခုရရှိ သောဆုသည် ကျောက်ဖြူ(ပဒေသာ) ၏တတိယမြောက် အကယ်ဒမီဆုဖြစ် သည်။ ကျောက်ဖြူ(ပဒေသာ)သည် ယခုထူးချွန်ဆုကို 'ကိုးဆယ်ဆသာ လိမ့်မယ်'ဇာတ်ကားမှ သန်းညွန့် (ပန်း သာ)နှင့်အပြိုင်ရေပန်းစားခဲ့ပြီး ဆုရရှိ ခဲ့ခြင်းဖြစ်သည်။

မိုးဒီ ဇာတ်ပို့ဆု (ကိုးဆယ်ဆသာလိမ့်မယ်)

၂၀၀၇ ခုနှစ်အတွက် အကောင်း ဆုံးအမျိုးသားဇာတ်ပို့ဆုကို 'ကိုးဆယ် ဆသာလိမ့်မယ်'ဇာတ်ကားတွင် ဖခင် တစ်ဦး၏မေတ္တာအား ပီပြင်ပေါ်လွင် အောင်သရုပ်ဆောင်ပြနိုင်ခဲ့သည့် မိုးဒီမှ ဆွတ်ခူးရရှိခဲ့သည်။ မိုးဒီသည် ၂၀၀၄ ခုနှစ်တွင် ရုံ တင်ပြသခဲ့သည့် 'ပြုံးချိုကြီး' ဇာတ်ကား၊ 'ပန်းဒဏ္ဍာရီ'ဇာတ်ကားတို့ဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု အတွက်ရေပန်းစားခဲ့သူတစ်ဦးဖြစ်ပြီး ဟာသသရုပ်ဆောင်တစ်ဦးအဖြစ်မှ အ ကယ်ဒမီဆွတ်ခူးခဲ့သူများတွင်တတိ ယမြောက်ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

ကျော်ရဲအောင် ဇာတ်ဆောင်ဆု(ကိုးဆယ်ဆသာလိမ့်မယ်)

၂၀၀၇ခုနှစ်အတွက် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို 'ကိုး ဆယ်ဆသာလိမ့်မယ်'ဇာတ်ကားတွင် နှမအပေါ် အချစ်ကြီးရသူအစ်ကိုတစ် ဦးအဖြစ်ပီပြင်ခဲ့သူ ကျော်ရဲအောင်က ဆွတ်ခူးရရှိခဲ့သည်။ ကျော်ရဲအောင်သည် 'ကိုးဆယ် ဆသာလိမ့်မယ်'ဇာတ်ကားဖြင့်အမျိုး သားဇာတ်ပို့ဆုကိုရရှိနိုင်ကြောင်း ရေ ပန်းစားခဲ့ကာ လူမင်းက 'ငါ့သွေး ငါ့ ဓား ငါ့ဧရာဝတီ'ဇာတ်ကားဖြင့် ဇာတ် ဆောင်ဆုရရှိရန် ရေပန်းစားခဲ့သော် လည်း ကျော်ရဲအောင်က ဇာတ်ဆောင် ဆုရရှိသွားခဲ့ခြင်းဖြစ်သည်။


ယခုအကယ်ဒမီဆုသည် ကျော်ရဲ အောင်'ဒုတိယမြောက်' အကယ်ဒမီ ဖြစ်ပြီး ၁၉၉၆ ခုနှစ်ကလည်း 'သား သမီး ဇနီးကြင်ယာ'ဇာတ်ကားဖြင့် အ ကောင်းဆုံး အမျိုးသားဇာတ်ဆောင် ဆုကိုရရှိခဲ့သည်။


အကယ်ဒမီပေးပွဲနှင့်ပတ်သက်သောစကားသံအချို့

'၂၀၀၇ ခုနှစ်မှာ ဇာတ်ကားအရေအတွက် အင်မတန်နည်းခဲ့တယ်။ပြီးခဲ့တဲ့ ဆယ်နှစ်တာ ထွက်ရှိခဲ့တဲ့ရုပ်ရှင်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ဈေးကွက်နောက်လိုက်တဲ့ဇာတ်ကားတွေ၊အကယ်ဒမီ အကဲဖြတ်အဖွဲ့အကြိုက်ရိုက်တဲ့ ဇာတ်ကားတွေသာထွက်ခဲ့တယ်။ဆုအများဆုံးရသွားတဲ့ ကိုးဆယ်ဆသာ လိမ့်မယ်ဇာတ်ကားဟာ နာမည်အကြီးဆုံး၊အအောင်မြင်ဆုံး ပြဇာတ်ကိုရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်လို့ မောင်ယဉ်အောင်အနေနဲ့ အလွတ်နီးပါးရထားတဲ့ဇာတ်တစ်ခုကို အပီပြင်ဆုံးရိုက်ပြနိုင်တာကြောင့် ရရှိသွား တာဖြစ်ပါလိမ့်မယ်။ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီဟာ ရသင့်ရထိုက်တဲ့သူတွေ မှန်မှန်ကန်ကန်ရသွားတယ်လို့စဉ်းစားနိုင်ပါတယ်။ အရည်အသွေးကောင်းတဲ့ဇာတ်ကားတွေ နည်းပါးလာပြီ ဆိုတာကို ဒီဆုပေးပွဲက သက်သေပြလိုက်တာလည်းဖြစ်ပါတယ်'

ရုပ်ရှင်ဝေဖန်ရေးဆရာတစ်ဦး

'ဇာတ်ကားနည်းတဲ့အတွက်ပေးတဲ့ဆုလည်း နည်းသွားရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဇာတ်ကားနည်း တဲ့အတွက် ရွေးချယ်ရမှုနည်းခဲ့တယ်။ ဆုရမယ်လို့ရေပန်းစားနေတဲ့ ဇာတ်ရုပ်တွေဟာ အရင်နှစ်တွေက ဇာတ်လမ်းကျောရိုး၊ သရုပ်ဆောင်ရတဲ့ဇာတ်ရုပ် ဒါတွေဟာထပ်နေတဲ့ သဘောမှာရှိပါတယ်။ ရွေးစရာမရှိလို့ ပေးစရာမရှိမတွေ့ဘူးဆိုတာ ဖြစ်နိုင်သလို ဇာတ်ရုပ်အပေါ်ပေးစရာလူများတဲ့အတွက် မပေးတာလည်းဖြစ်နိုင်ပါ တယ်။ အဓိကကတော့ ဇာတ်ကားနည်းတာပါပဲ'

မင်းသားကြီးဦးမြင့်စိုး

'ရုပ်ရှင်ဆိုတာ အင်မတန်ကျယ်ပြန့်ပြီးအစွမ်းထက်တဲ့ အနုပညာတစ်ခုပါ။ အနုပညာဆိုတာကလည်း လူမျိုးစရိုက်တစ်ခုလုံးရဲ့ ပြဒါးတိုင်ပါ။အနုပညာသာရင် လူမျိုးသာပါလိမ့်မယ်။ အနုပညာချာရင် လူမျိုးချာပါလိမ့်မယ်။ လူကြီးမိဘဆရာသမားများဆုံးမခဲ့တဲ့ တန်ဖိုးရှိအရေးပါတဲ့အနုပညာကို ဟင်းရွက် ကန်စွန်းလို ငွေတစ်မျက်နှာကြည့်ပြီးရောင်းစားဖို့မသင့်တော်ပါဘူးဆိုတဲ့ အဆုံးအမကိုလည်း အမြဲနှလုံးသွင်းထားပါတယ်။ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့တဲ့ မြန်မာ့ရိုးရာဓလေ့စရိုက်ပွဲလမ်းတွေကိုလည်း မှတ်တမ်းတင်ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ကျွန်တော့်ဇာတ်လမ်းတိုင်းမှာ ကျွဲကူးရေပါထည့်သွင်းခဲ့ပါတယ်'

ဒါရိုက်တာမောင်ယဉ်အောင်

'ကျွန်တော့်ဖခင်တည်ထောင်ခဲ့တဲ့ မြင့်မာလာရုပ်ရှင်ထုတ်လုပ်ရေးက သမိုင်းစာမျက်နှာမှာ အကယ် ဒမီဆိုတဲ့ စာမျက်နှာမှာပါဝင်ခွင့်ရတဲ့အတွက် အထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်။ မြင့်မာလာရုပ်ရှင်ထုတ် လုပ်ရေးရဲ့ (၄၅)နှစ်မြောက်တဲ့ ဒီနှစ်မှာ အကယ်ဒမီဆုကို ရရှိခဲ့တဲ့အတွက် ၀မ်းသာဂုဏ်ယူပါတယ်'

ဦးမျိုးသိန်း (မြင့်မာလာထုတ်လုပ်ရေး)

'ကျွန်တော်က ဟာသလူရွှင်တော်တစ်ယောက်ပါ။ အခုဒီကားမှာ ဒရမ်မာဇာတ်ရုပ်နဲ့ အကယ်ဒမီ ဆုကိုရရှိခဲ့ပါတယ်။ မန္တလေးသူ၊ မန္တလေးသားတွေက ကျွန်တော်ကိုတော်တော်ချစ်ပါတယ်။ မန္တလေးသူ၊ မန္တလေးသားအားလုံးကို ကျေးဇူးတင်တယ်'

မိုးဒီ

'ဒီနှစ်သမီးအရမ်းကြိုက်တဲ့ ဦးမိုးဒီနဲ့ ဦးကျော်ရဲအောင်တို့ရသွားတာကို အရမ်းပျော်မိတယ်။ သူတို့နှစ်ယောက်က ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားမှာ အရမ်းကောင်းတာလေ။ ဒီနှစ်ရတဲ့ သူတွေအားလုံးက သမီးတို့ရစေချင်တဲ့သူတွေချည်းပါပဲ'


လယ်ဝေးမြို့မှ ကျောင်းသူတစ်ဦး

'ရုပ်ရှင်ထူးချွန်ဆုရစာရင်းကြေညာလို့ပြီးပါပြီ ဆိုတဲ့အသံကြားရတော့ ရုတ်တရက်အံ့သြသွားမိတယ်။ အရင်နှစ်တွေကလို အမျိုးအစား ၁၁ မျိုးပြည့်အောင်ပေးမယ်လို့ထင်ထားတာကိုး။ ခြောက်ဆုပဲဆိုပေမဲ့ ပေးလိုက်တဲ့ဆုတွေအပေါ် မြန်မာရုပ်ရှင်ချစ်ပရိသတ်တစ်ယောက်အနေနဲ့ ကျေနပ်မိပါတယ်။ ထိုက်ထိုက် တန်တန်ရသွားရတယ်လို့လည်း ထင်ပါတယ်။

ရန်ကုန်မြို့မှ ရုပ်ရှင်ပရိသတ်တစ်ဦး

'အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ဘယ်သူမှမရသွားလို့ စိတ်တော့မကောင်းမိ ပါဘူး။ ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားကိုဆုအများကြီးရလိမ့်မယ်လို့ မျော်လင့်ထားတဲ့အတိုင်းရသွားတဲ့အတွက်တော့ ၀မ်းသာမိပါတယ်'

ရန်ကင်းမှကျောင်းသူတစ်ဦး
PhotobucketPhotobucket


နေထွန်းနိုင်၊ လင်းလင်းခိုင်၊ သီတာဝင်း သတင်းဓာတ်ပုံ - ၀င်းမြင့်ကျော်၊ နေရိုင်း
first eleven ဂျာနယ်မှ-

ဝန်ကြီးချုပ်ဦးနုအားတရားစွဲဆိုခဲ့စဉ်က



09022009သတင်းနှင့်ဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


လက်တွေ့ဦးရွှေအုံး၏ လက်တွေ့နိုင်ငံရေး

Monday, 09 February 2009 18:00 တူမောင်ညို
မတတ်နိုင်တော့ပါ၊
ယင်းကဲ့သို့ပင် ခေါင်းစဉ်တတ်လိုက်ရပါတော့သည်။
ကျနော်တို့ မြန်မာပြည်နိုင်ငံရေးလောကထဲမှ အလွန်လက်တွေ့ကျသောတုန့်ပြန်မှု တစ်ခုအဖြစ် မှတ်ယူ ရပါတော့မည်။
အင်မတန်ပြတ်သားလှပါသည်၊
“ငရဲပြည်မှာရောက်နေရင် ငရဲပြည်လိုပဲ ကျင့်ကြံရမှာပဲ” ဆိုပါသည်။
“ဒယ်အိုးထဲတွင်ပူ၍ မီးပုံထဲသို့ခုန်ချခြင်း” အဖြစ်မျိုးသာမဖြစ်ပါစေနဲ့လို့ ဦးရွှေအုံးအတွက် ဆုတောင်းပေး ရပါတော့မည်။
“မနိုင်ရင် သူ့အောက်လျှိုဝင်လိုက်” ဆိုသူများနှင့် “နိုင်ငံရေးဆိုတာ (Static) မဟုတ် (Dynamic) ” ဟု ပြောဆို နေသူများအတွက်လည်း မှီငြမ်းကိုးကားစရာတစ်ခုဖြစ်နေလေမလား မပြောတတ်ပါ။
လက်တွေ့ကျသော ဦးရွှေအုံး၏ လက်တွေ့များကို လက်လှမ်းမီသ၍ ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။

“အဲဒါကိုကျနော်အစကတည်းကပြောတယ်၊ မကြိုက်ဘူး၊မထောက်ခံဘူး၊ ဒါပေမယ့်မလွှဲသာမရှောင်သာ လက်ခံတယ်၊ ထောက်ခံတာနဲ့ လက်ခံတာ တခြားစီပဲလေ၊ နောက်ဆုံးရွေးကောက်ပွဲ၊ ဆန္ဒခံယူပွဲ ကျနော်တို့ မထောက်ခံဘူးလို့ ကျနော်တို့အော်နေတာပဲ၊ ဒါပေမယ့်ပြီးသွားပြီ၊ ပြီးသွားပုံပြီးသွားနည်းကို ကြိုက်လည်း မကြိုက် ဘူး၊ ဒါပေမယ့်အဲဒါကိုဖျက်ဖို့ ကျနော်တို့အင်အားမရှိဘူး”
“နိုင်ငံရေးမှာ ဖြစ်ပြီးတဲ့ ကိစ္စတစ်ခုကို ကျနော်တို့ကြိုက်တာ မကြိုက်တာဘာမှမဆိုင်ဘူး၊ မကြိုက်ရင် လည်း ဖျက်လို့မရရင် ကျနော်တို့ ဒီအတိုင်းပဲ လက်ခံရမှာပေါ့၊ ဒါနိုင်ငံရေးမှာတော့ လက်တွေ့နိုင်ငံရေးခေါ်တာပေါ့၊ ကိုယ်ဖြစ်ချင်တာ၊ ကောင်းတာ၊ သိပ်ပြီးတော့အကျိုးရှိတာ အဲဒါတွေစိတ်ကူးယဉ်နေလို့ မရဘူးလေ၊ အခုလက်ရှိ ဘာဖြစ်နေသလဲ၊ ဖြစ်နေတဲ့ဟာကို ဖြစ်နေတဲ့အခြေအနေအပေါ်မှာမူတည်ပြီးလုပ်တာ အဲဒါမှလက်တွေ့နိုင်ငံရေး ”
“အဲဒီလိုမှမဟုတ်ဘဲ ကိုယ့်ရည်မှန်းချက်ကြီးက နိဗ္ဗာန်သွားဖို့ဆိုပြီးပြောနေပြီးတော့ လောလောဆယ် ရောက်နေတာက ငရဲပြည်မှာရောက်နေတာ၊ ငရဲပြည်မှာရောက်နေရင် ငရဲပြည်လိုပဲကျင့်ကြံရမှာပဲ၊ နိဗ္ဗာန် ရောက် အောင်တော့ သွားတော့သွားမှာပေါ့၊ နိဗ္ဗာန်မရောက်သေးဘဲနဲ့ငရဲပြည်မှာ နိဗ္ဗာန်လိုကျင့်နေမယ်ရင် တလွဲစီဖြစ် နေမှာပေါ့ ၊ ဒါ လက်တွေ့နိုင်ငံရေးမှ မဟုတ်တော့တာ” (၂၀၀၉ ဇန်နဝါရီ ၃၁၊ (ဒီဗွီဘီ) သတင်းဌာနသို့ပြောကြားချက်မှ) (ပြည်ထောင်စုဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဇန်နဝါရီလ ၂၆ ရက်နေ့ စွဲဖြင့် (နအဖ)ဥက္ကဌ၊ ပြည်ထဲရေး နဲ့ ၁၉၉၀ ရွေးကောက်ပွဲလက်ကျန် ရွေးကောက်ပွဲကော်မရှင်တွေထံ တရားဝင်စာရေး အကြောင်းကြားထားပြီးဖြစ်ကြောင်း)

“မေလ (၁၀) ရက်နေ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် ကျွန်ုပ်တို့အတွက် နောက်ဆုံး ထွက်ပေါက် ဖြစ်သည်။ ထိုထွက်ပေါက်မှ နောက်ဆုံး မထွက်နိုင်ကြလျှင် ကျွန်ုပ်တို့ကံကြမ္မာသည် ပြန်လမ်းရှိတော့မည်မဟုတ်၊ ထို့ကြောင့် ဆန္ဒမဲပေးခြင်းကို မိမိနှင့်မဆိုင်သလို လျစ်လျူမရှုပါနှင့်။ သေရေးရှင်ရေးတမျှ အရေးကြီးသည်ကို သဘောပေါက်ကြပါ။ မဲရုံကိုသပိတ်မှောက်ကြခြင်းသည်ထိရောက်မှုမရှိနိုင်။ ထွက်ပေါက်အတွက်ရရှိ ထားပါလျက် သော့ကိုမသုံးတတ်သူဖြစ်သွားပါလိမ့်မည်။ မဲရုံသို့သွားကြပါ။ ကန့်ကွက်မဲဆက်ဆက်ပေးခြင်းဖြင့်မိမိတို့၏ အသက် ကို မိမိကိုယ်တိုင်ကယ်ကြပါ” (ဦးရွှေအုံး၊ ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး၏ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ပန်ကြားချက်မှ )

“ယခင်ချမှတ်ပြီးသော အခြေခံမူ (၁၀၄) ချက်သည် ပန္နက်ရိုက်ခြင်း၊ အိမ်မကြီးကိုဆောက်ခြင်း၊ အခန်း ဖွဲ့ခြင်းစသော အဓိကပင်မလုပ်ငန်းဖြစ်ပါသည်၊ ယခုဆက်လက်ကျင်းပနေသည်မှာ ပြူတင်းတံခါး တပ်ဆင်ခြင်း၊ ရေသွယ်ခြင်း၊ မီးဆင်ခြင်းစသော သာမန်လုပ်ငန်းမျှသာဖြစ်ပါသည်၊ ဤပုံစံအတိုင်းဆက် သွားခဲ့လျှင် (ဆက်သွား ရန်လည်းအလားအလာရှိရာ) ကျွန်တော်တို့နိုင်ငံသားများသည် နှစ် (၄၀) ကျော် ယာယီစစ်အစိုးရလက်အောက်မှ လွတ်မြောက်ပြီး၊ နောက်ထပ်နှစ်ပေါင်း (၄၀၀) မျှ အမြဲတန်းစစ်အစိုးရ လက်အောက်တွင် ခံကြရဦးမည်ဟု သာမြင်မိပါသည်၊ အင်္ဂလိပ်ဥပမာလို ဒယ်အိုးထဲတွင်ပူ၍ မီးပုံထဲသို့ခုန်ချခြင်း ဟုခံစားမိပါသည်။ ကျွန်တော်တို့ ဗမာတွေ စာမရီမျိုး မှ စာကလေးမျိုး ရောက်မှန်းမသိ ရောက်နေပါပြီ၊ ဒို့ဗမာသီချင်းထဲကလို ဒို့ခေတ်တွင်မှ ညံ့ကြ တော့မှာလား ဟုညည်းညူရပါတော့မည်” (ဦးရွှေအုံး၏ ၂၀၀၆ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်၊ “အမျိုးသားညီလာခံနှင့် ငြိမ်းချမ်းရေးအဖွဲ့များ ဆက်သွယ်မှုသမိုင်းအကျဉ်း” ဟူသော ရေးသားချက်မှ)

ဦးရွှေအုံး၏လက်တွေ့များကို ၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ က ထုတ်ပြန်ခဲ့သော “ မြန်မာ့ အရေးနှင့်စပ်လျဉ်း၍ ဝါရင့်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ၏ရပ်တည်ချက်သဘောထား” ကြေညာချက်မှအောက်ပါ အချက်ဖြင့် နိဂုံးချုပ်ပေးလိုက်ပါသည်။

“မိမိတို့ကိုယ်တိုင်(နဝတ-နအဖ) လွတ်လပ်၍တရားမျှတစွာ ကျင်းပပေးခဲ့သော ရွေးကောက်ပွဲရလဒ် (၁၉၉၀) အကောင်အထည်ဖေါ်မပေးဘဲ၊ နောက်ထပ်ရွေးကောက်ပွဲ(၂၀၁၀) တစ်ရပ် ကျင်းပခြင်းသည် ဒီမိုကရေစီ အစဉ်အလာကောင်းတစ်ရပ် မဖြစ်နိုင်သဖြင့် ရပ်ဆိုင်းပေးရန်”


×××××××

တူမောင်ညို
(၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်)

ရိုဟင်ဂျာအရေး အန်စီဂျီယူဘီ အမြင်

အင်တာဗျူး
သန်းထိုက်ဦး
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 09 2009 18:25 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်တွင် ရိုဟင်ဂျာ ဟူသည့်လူမျိုး ပါဝင်မှု လုံးဝမရှိကြောင်း မြန်မာစစ်အစိုးရက ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ဖော် ငြင်းပယ်ခဲ့သည်။

ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တရားမ၀င် ၀င်ရောက်ခဲ့သော ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ လာရောက်ခြင်း ဖြစ်သည်ဟူ၍ ပြည်ပ မီဒီယာများတွင် ဖော်ပြပြီးနောက် စစ်အစိုးရက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာများအရေးနှင့် စပ်လျဉ်း၍ မြန်မာစစ်အစိုးရ၏ ငြင်းပယ်မှုအပေါ် ပြည်ပရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ဦးဘိုလှတင့်အား မဇ္ဈိမ သတင်းထောက် သန်းထိုက်ဦးက မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံမှာ ရှိတယ်လို့ဆိုတဲ့ ရိုဟင်ဂျာလူမျိုးတွေကို မြန်မာစစ်အစိုးရက နိုင်ငံသား မဟုတ်ဘူးလို့ ပြောတဲ့အပေါ် ညွန့်ပေါင်းအစိုးရအနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဒါကတော့ တကယ်တမ်း ဆိုလို့ရှိရင်တော့ နအဖက အစိုးရတရပ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို တရားမ၀င် လက်နက်အားကိုးနဲ့ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင် တစုသာလျှင် ဖြစ်တယ်။ သူတို့ဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ် မဟုတ်တဲ့အတွက် ကျနော်တို့ တိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူလူထုကို ဘယ်သူဟာတော့ဖြင့် တိုင်းရင်းသား ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကို သူတို့ အသိမှတ်ပြုပိုင်ခွင့် မရှိသလို ငြင်းပယ် ပိုင်ခွင့်လည်း မရှိဘူးလို့ ပြောချင်ပါတယ်။

မြန်မာတိုင်းရင်းသား လူမျိုးစုတွေထဲမှာ ရိုဟင်ဂျာ မပါဘူးလို့ပြောတဲ့ နအဖရဲ့ ပြောဆိုချက်က ဘာကို ရည်ရွယ်ချင်တာ၊ ဆိုလိုချင်တာလဲဗျ။

ဒါကတော့ သူ့ အယူအဆနဲ့သူ ရှိပါလိမ့်မယ်။ တကယ်တမ်းက နအဖ က ဗဟုသုတ အတွေးအမြင်လောက်နဲ့ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိဘူးလို့ ငြင်းပယ်ချင်တဲ့ သဘောလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့ အနေနဲ့လည်းပဲ ဒီအချိန်မှာ ဆိုလို့ရှိရင်တော့ ရိုဟင်ဂျာလူမျိုး ရှိခဲ့တယ်၊ မရှိဘူးဆိုတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စမျိုး ကျနော်တို့ အတိအကျ ဘာမှ ပြောနိုင်တာ ရှိမှာ မဟုတ်ပါဘူး။

ညွန့်ပေါင်းအစိုးရ (NCGUB) အနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကြေညာချက်တွေဘာတွေ ထုတ်တာလည်း မရှိသေးဘူးပေါ့နော်။ ကြေညာချက်ထုတ်ဖို့ အစီအစဉ် ရှိသလား။

ကျနော်တို့က Statement ထုတ်ဖို့ထက် အခု ဒီ ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့တော့ အစဉ်အမြဲပဲ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားရေးအတွက်ကို ကျနော်တို့လည်း ဆက်ဆံမှုလည်း ရှိပါတယ်၊ ပူးပေါင်း ဆောင်ရွက်မှုလည်း ရှိပါတယ်။ သို့သော်လည်းပဲ အခုဖြစ်နေတဲ့ ကိစ္စတွေမှာ ကျနော်တို့ ရိုဟင်ဂျာနာမည် သုံးတာကအစ (Sensitive) ဖြစ်နေကြတဲ့ လူမျိုးစုလည်း ရှိသလို အစုအဖွဲ့တွေလည်း ရှိနေတဲ့အတွက် ကျနော်တို့ အင်မတန်မှ သတိထားပြီးတော့ ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

NCGUB အနေနဲ့ လက်တွေ့အားဖြင့် ဘာတွေ ပူးပေါင်း ဆောင်ရွက်နိုင်မှာလဲဗျာ။

တကယ်တမ်းဆိုရင်တော့ ဒီလိုကိစ္စတွေဟာ ခုနက ကျနော်ပြောသလိုပဲ အများဆုံး ဆောင်ရွက်နိုင်တာက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားအောင် ရိုဟင်ဂျာ အင်အားစုတွေ၊ ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ စုပေါင်းပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်တာပဲ ရှိတယ်။ အစကတည်းက သူတို့ကို ကျနော်တို့ ပြောပါတယ်။ ခုနက ကျနော်ပြောခဲ့သလို ရိုဟင်ဂျာ လူမျိုးဆိုတာ တိုင်းရင်းသား ဖြစ်တယ် မဖြစ်ဘူး၊ ရိုဟင်ဂျာလို့ ခေါ်သင့်တယ်၊ မခေါ်သင့်ဘူးဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ ငြင်းပယ်ပိုင်ခွင့် မရှိသလို အသိမှတ်ပြုပိုင်ခွင့် အာဏာလည်း ကျနော်တို့မှာ မရှိဘူး။ ဒီလိုကိစ္စမျိုးဟာ တကယ် နောင်တချိန်မှာ၊ ကျနော်တို့တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုလည်း ရှိမယ်။ ပြည်သူ့လွှတ်တော်တရပ်လည်း မားမားမတ်မတ်၊ တည်တည်တံ့တံ့လည်း ရှိမယ်။ လွတ်လပ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေလည်း ရှိတယ်ဆိုတဲ့ အချိန်ကျမှ ပြည်သူ့လွှတ်တော်ရဲ့အောက်မှာ ဖွဲ့စည်းတဲ့ ကော်မရှင်ဟာမျိုးနဲ့၊ သမိုင်းသုတေသီတွေ ပညာရှင်တွေနဲ့ စနစ်တကျ ဖြေရှင်းအပ်တဲ့ ကိစ္စဆိုတာ ကျနော်တို့ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာ လူမျိုးတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေကြတယ်လို့ ဆိုပါတယ်။ နအဖ ကလည်း ငြင်းထားတယ်။ ဆိုတော့ ဒီ လူမျိုးတွေဟာ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာနိုင်မလဲပေါ့နော်။ ဘယ်လိုမြင်လဲဗျ။

ရခိုင်ပြည်နယ်အတွင်းမှာ ရှေးအဆက်ဆက်က နိုင်ငံရေးအရ အမှားအယွင်းတွေလည်း ရှိခဲ့ပါတယ်။ အဲဒီ နိုင်ငံရေး အမှားအယွင်းတွေကြောင့်မို့ တိုင်းပြည်တပြည်နဲ့ ထိစပ်နေတဲ့၊ ဆိုလိုတာက နယ်ခြားချင်း ထိစပ်နေတဲ့ တိုင်းပြည်တွေမှာ လူဝင်မှု ပြဿနာတွေလည်းပဲ ရှိခဲ့မှာပဲ။ အဲဒီလို ရှိတဲ့အခါမှာ ကျနော်တို့ တိုင်းပြည်မှာ အင်မတန် ကောင်းမွန်ပြီးတော့ စနစ်ကျတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ရှိသင့်တယ်။ အဲဒီလို ဥပဒေတွေလည်း တည်တံ့နိုင်တဲ့ ခေတ်ရောက်မှသာလျှင် ဒီလို ပြဿနာတွေဟာ ကျနော်တို့ ဒေသခံတွေ ဖြစ်တဲ့ လူမျိုးတွေလည်း မနစ်နာအောင်၊ ကျန်တဲ့ ရှေးအဆက်ဆက်က ရှိလာတယ်ဆိုတဲ့ လူတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးအောင် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အခု ခေတ်မယ်တော့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုတောင် မရှိတဲ့ အချိန်မျိုးမှာတော့ ဒီလိုကိစ္စမျိုးဟာ စဉ်းတောင်စဉ်းစားလို့ ရမှာ မဟုတ်ပါဘူး။


ကြက်တူရွေး ဗိုလ်ချုပ်များ


မင်းအောင်နိုင်
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 09 2009 19:35 - မြန်မာစံတော်ချိန်

ငယ်ငယ်တုန်းက စာကျက်ချိန်၊ စာပြန်ချိန်တိုင်း ဆရာမိဘတို့၏ ဆိုဆုံးမ စကားတခွန်းကို အမှတ်ရမိသည်။ "ကြက်တူရွေး စာအံသလို မလုပ်နဲ့" ဟု ဆိုကြလေသော စကားဖြစ်ပါသည်။ စာအုပ်ဖွင့်ကာ အော်ဖတ်မှတ်ပြီး၊ 'ဤ' - 'သည်' မရွေး တောက်ရှောက်ပြန်၍ အလွတ်ဆိုပြနိုင်လေခြင်းကို သတိပေးစကား ဖြစ်သည်။

စာ၏ အဓိပ္ပာယ်အမှန်ကို နားလည် သဘောပေါက်ရန်နှင့် စာကို အလွတ်ပြန်ရွတ်ပြနိုင်တိုင်း ကောင်းသည်မဟုတ်။ မိမိကိုယ်ပိုင် စဉ်းစားတွေးခေါ်ဉာဏ်များကိုလည်း အသုံးချကာ ဖတ်မှတ်ပြန်ဆိုနိုင်ရန် သတိပေးခြင်း ဖြစ်သည်။ ကြက်တူရွေးဆိုသည့် သတ္တ၀ါမှာ သူ့ကို သခင်က နှုတ်တိုက် သင်ပေးထားသော စကားတခွန်းကိုသာ အာဂုံဆောင်၍ အလွတ်ရွတ်ပြနေတတ်သည့် ပုံကို ဥပမာပေး ပြောလေခြင်း ဖြစ်၏။

စာအုပ်ကြီးများမှ စာသားအကောင်းစားများကို အသေကျက်မှတ်ကာ ကိုးကားကောက်နုတ် ပြောဆိုတတ်သော သူငယ်ချင်းများကိုလည်း ကြက်တူရွေးကောင်ဟု ကျနော်တို့ နောက်ပြောင်ခဲ့ကြဖူးသည်။

လူစင်စစ်က ကြက်တူရွေးဖြစ်ကာ ကြက်တူရွေးလို နှုတ်တိုက်သင်ပေးထားသမျှ စကားများသာ တွင်တွင်ပြောလေသော ခေတ်သစ်လူ ကြက်တူရွေးများကို မြန်မာနိုင်ငံတွင် တွေ့ရနိုင်ပါသည်။

ကြက်တူရွေးအစစ်များနှင့် မတူသည့် ထိုကြက်တူရွေး ဗိုလ်ချုပ်များ၏ အားသာချက်မှာ အုပ်စုဖွဲ့ကာ သင်ပေးလိုက်သမျှ အာဂုံဆောင်၍ ရွတ်ပြတတ်ခြင်းပင်။

ထိုကြက်တူရွေးများ၏ အုပ်စုဗိုလ်မှာ အလိမ်တကာ့ထိပ်ခေါင် ၀န်ကြီးတပါးဖြစ်သည်။ အဖွဲ့ဝင်များကား ဘာမေးမေး မဖြေတတ်၊ မဖြေနိုင်။တေမိဝန်ကြီးတဦးနှင့် တလောကလုံးကို ရန်လိုနေသည့် မျက်နှာပေးနှင့် မယဉ်ကျေးသော ယဉ်ကျေးရေးဝန်ကြီးဖြစ်သည်။

အုပ်စုဗိုလ် ကြက်တူရွေးမှာ အာပေါင်အာရင်းသန်သန်နှင့် ပါးစပ်မှ အမြှုပ်ထွက်သည်ထိ တဖက်လူ မျက်နှာတံတွေး စင်အောင်ပင် စွမ်းစမ်းတမံ အာဂုံဆောင်ထားသမျှ မမောတမ်း ပြန်ရွတ်ပြနိုင်၏။

ထိုကြက်တူရွေးအုပ်နှင့်အတူ အာဂုံဆောင် ရွတ်ပြတတ်သော တကိုယ်တော် ကြက်တူရွေးတကောင် ရှိသေးသည်။ ထိုအကောင်မှာ အထက်က ဆိုခဲ့သော သုံးကောင်ထက် အရေးအရာ ပိုပါ၏။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်ဆိုသူ ဂမ်ဘာရီ မြန်မာပြည်လာလေတိုင်း ကြက်တူရွေးက အလွတ် ပြန်ရွတ်ပြကြရ၏။ ထိုပုဂ္ဂိုလ် ဂမ်ဘာရီ ဆိုသည်မှာလည်း ယခုတကြိမ် မြန်မာပြည် လာသွားသည်နှင့်ဆိုလျှင် ၇ ကြိမ်မြောက် ရှိလေပြီ။ ၇ ကြိမ်၊ ၇ လီ အဆော်ခံရပြီး ဖြစ်သော်လည်း မမှတ်သေး။ နောက်တခေါက် ပြန်လာကာ ကြက်တူရွေးများ အာဂုံဆောင် ရွတ်ပြသည်ကို နားထောင်လိုသေးကြောင်း စကားဦး သန်းသွားခဲ့သည်။

ရှက်တတ်ရမှန်း မသိသော ကြက်တူရွေး ဗိုလ်ချုပ်များက ဂမ်ဘာရီကို ကျီးအာသလို ၀ိုင်းအာလိုက်ကြသည်မှာ .

ရန်ကုန်နှင့် ယင်းတို့ ပို့သမျှ မုန်တိုင်းသင့် ဒေသအချို့သာ သွားခဲ့ရလေသော ဂမ်ဘာရီကို "ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ဖော်ဆောင်အောင်မြင်မှု အခြေအနေများ၊ ယနေ့ ပြည်သူအများစုရဲ့ ဆန္ဒသဘောထားများ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ဖြစ်တယ်လို့ ယူဆမိပါတယ်" ဟူသော စကားမှာ လက်တွေ့ သိမြင်ကြုံနေရသော မြန်မာပြည်သားများ အတွက်မှာကား ရယ်စရာသာ ဖြစ်နေတော့သည်။

လျှပ်စစ်မီးပင် မှန်အောင် မပေးနိုင်သော အခြေအနေတွင် "နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဘက်စုံထောင့်စုံမှ အလေးထား ဆောင်ရွက်ပေးလျက် ရှိပါတယ်" ဟု ပြောထွက်ခဲ့ပြန်သေး၏။

တကယ်တမ်းတွင် သူတို့နှင့် ပလဲနံပသင့်ရာ စစ်အစိုးရ အလိုတော်ရိ ထိုလက်တဆုပ်စာ စီးပွားရေးသမားများနှင့် စစ်တပ်မိသားစု အသိုင်းအ၀ိုင်းများသာ ကိုယ်စီအကျိုးစီးပွား ဖြစ်ထွန်းနေကြပါသည်။ ၅၈ သန်းသော ကျန်ပြည်သူများမှာ ထူးမခြားနား ဇာတ်ခင်းနေကြရသည်မှာ ပြည်သူထဲမှ ပြည်သူများသာ သိပါသည်။

သူတို့ဘာသာ ရေးဆွဲ၊ သူတို့ဘာသာ အာဏာဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်သော အခြေခံဥပဒေ မူကြမ်းကိုလည်း "ပြည်သူလူထုကလည်း အခြေခံဥပဒေ မူကြမ်းကို ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းနဲ့ တခဲနက် ထောက်ခံ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်" ဟု အရှက်မဲ့စွာ ပြောပြန်ပါသည်။

နိုင်ငံရေး အကျဉ်းသားများကို သူတို့ပါးစပ်ထဲရှိသည့် ပုဒ်မများနှင့် အမှုဆင် ထောင်ချခဲ့သည်ကိုလည်း "ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နေရသော်လည်း အခြားတဖက်က သဘောထားကြီးကြီး ထားပြီး စိတ်နှလုံးကောင်းနှင့် ယှဉ်ကာ သူတို့ရဲ့ ပြစ်ဒဏ်များ လျှော့ပေါ့ရေးကို အမြဲတမ်း စဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါတယ်" ဟု လျှာအရိုးမရှိတိုင်း ဆိုပြန်ပါသည်။ ထိုနိုင်ငံရေး အကျဉ်းသားတို့အတွက် လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေများကို မတရား အမှုဆင် ထောင်ချထားပြီးဖြစ်၍ အယူခံတင်ခွင့် ဆုံးရှုံးနေပါလျက်ကယ်နှင့် "ဥပဒေနှင့်အညီ အယူခံ တင်သွင်းလာမယ်ဆိုရင် ဆိုင်ရာ တရားရုံးတွေကလည်း ဥပဒေနှင့်အညီ ပြန်လည်၍ စဉ်းစားဆောင်ရွက် ပေးသွားမှာသာ ဖြစ်ကြောင်း ပြာကြားလိုပါတယ်" ဟု မစားရ၀ခမန်း ဆိုပြန်ပါသည်။

မြန်မာပြည်လာသမျှ အချိန်တိုင်း ဘာမှမထူး၊ ယင်းတို့ အာဂုံဆောင် ရွက်ပြလေသမျှ နားထောင်ကာ မျက်စိသူငယ် နားသူငယ်နှင့် အူလည်ဝေ့လည် ပြန်သွားရလေသော ဂမ်ဘာရီကိုလည်း ..

"အတွင်းရေးမှူးချုပ်ကိုယ်စား အဆွေတော် လာရောက် ဆောင်ရွက်နေသော အကျိုးဆောင်မှု လုပ်ငန်းများ အဆင်ပြေနေပြီလို့ ယူဆပါတယ်" ဟု အရှက်မရှိ ပြောထွက်ရဲပြန်ပေသည်။

မြန်မာပြည်လာသမျှ အခါတိုင်း အရှုံးများ ရင်ဝယ်ပိုက်ကာ ပြန်သွားရလေသည့် ဂမ်ဘာရီကို အရူးလို သဘောထားကာ လှည့်စားပြောလေသည့်နောက် ကြက်တူရွေး တကောင်မှာ …

"နာဂစ်လေဘေးကြောင့် အကူအညီလိုနေသည့် ဒေသများသို့ သွားကြပါလေသော ဒေသများမှ လမ်းများ ပျက်စီးသည်ကို တပေါက်ပေါက် တပေါက်ဖာ စနစ်ဖြင့် သွားရန်၊ ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်ချိန် ပြည်ပရောက် နိုင်ငံသားတို့ကို အလုပ်လက်မဲ့ဖြစ်မှာ မပူပါနှင့်၊ ကိုယ့်နိုင်ငံကို ပြန်လာခဲ့ပါ။ အလုပ်များ ပေါပါသည်" ဟု စာကို ဖတ်ပြခဲ့သည့် ကြက်တူရွေး ချုပ်ကြီးဖြစ်၏။ အဆိုပါ ကြက်တူရွေး အကြီးစားသည် ဆရာကိုတာ ပြောသလို ဖြန့်ထွက်တွေးရန်နှင့် ဆရာကျော်ဝင်း စကားအရ ဦးနှောက်ကို မုန်တိုင်းဆင်ရန် မသိပါဘဲ၊ သူများ ပြောခိုင်းသမျှ အလွတ်ပြန်ရွတ် ပြလေသော ကြက်တူရွေးတကောင်သာ ဖြစ်ချေ၏။

ဂမ်ဘာရီနှင့် တွေ့ဆုံခဲ့စဉ်ကလည်း "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံအတည်ပြု ပေးထားသော ပြည်သူအများစု၏ ဆန္ဒကို ဦးစားပေး၊ အလေးထား ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း" ဟု ထိပ်ပါမက မျက်နှာပါပြောင်ဖြင့် ပြောထွက်ရဲခဲ့လေ၏။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည်မှာ သူတို့လူ သူတို့ သဘောဖြင့် အတည်ပြုထားခြင်းဖြစ်၍ သူတို့ဆန္ဒကိုသာ ဦးစားပေးလုပ်သွားမည်ဟု ဆိုရပေမည်။

"လူ့အခွင့်အရေး ဆုံးရှုံးထိခိုက်စေသည့် ဗီဇာပိတ်ပင်ထားမှုများကို ကုလသမဂ္ဂ အနေဖြင့် ဖယ်ရှားအောင် ဦးစွာကြိုးပမ်းသင့်ကြောင်း" ဟူ၍လည်း မရှက်တမ်း ပြောထွက်ခဲ့ပြန်သေးသည်။ သူတို့ စစ်ဗိုလ်ချုပ်များသာ ဗီဇာ အပိတ်ခံထားရခြင်း ဖြစ်ရာ သူတို့အတွက် ဆုံးရှုံးနေသော လူ့အခွင့်အရေးကိုမူ အလေးအနက်ထား တောင်းဆိုတတ်လေသည်ကို တွေ့ရသည်။

မိမိ တိုင်းသူပြည်သားများကို ဖိနှိပ်အုပ်ချုပ် နှိပ်စက်ဝံ့သော်လည်း ကိုယ့်အလှည့်ကျတော့မူ အနာမခံနိုင်ပုံ၊ အရေးယူ ပိတ်ဆို့ထားမှုများ သနားသောအားဖြင့် ပြန်လည် ဖယ်ရှားပေးပါရန် မျက်ရည်ခံထိုးသည့် စကား ပြောခဲ့ပြန်သေးသည်မှာ .. "ခြေနှစ်ဖက်ကို ကြိုးများဖြင့် ချည်နှောင်ထားပြီး၊ မြန်မြန် မပြေးခိုင်းပါနှင့် ကြိုးများ ဖြေပေးပါ" ဟု ဆိုပြန်သေးသည်။ သင်ပေးထားသော စကား အလွတ်အာဂုံဆောင် ပြန်ရွတ်ပြနိုင်လေသော ကြက်တူရွေးပီသစွာ အဆိုပါစကားကို ဂမ်ဘာရီ မမှတ်မိမှာ စိုး၍ထင်၏၊ နှစ်ခါ ပြန်ပြောခဲ့သည်။

ကျနော် ကလေးဘ၀က ကြက်တူရွေးတကောင် မွေးဖူးသည်။ စကားသင်ပေးဖို့ ကြိုးစားသောအခါ အဖွားက "ကြက်တူရွေးတွေက လျှာထူတယ်၊ စကားပြော မြန်မြန်တတ်စေချင်ရင် ငရုတ်သီး ကျွေး၊ ဒါမှ လျှာပါးလာပြီး စကားပြော သွက်လာမှာ" ဟု ပြောခဲ့ဖူးသော စကားကို အမှတ်ရမိသည်။

မြန်မာပြည်က ကြက်တူရွေး စစ်ဗိုလ်ချုပ်များသည် နေပြည်တော်ဒေသထွက် ငရုတ်သီးမျိုးစုံကို နေ့စဉ် စားနေလေရာ ဒေသခံပြည်သူများအဖို့ ငရုတ်သီး ရှားပါး၊ ဈေးတက်လာမည့် ပြဿနာကို စိုးရွံ့နေကြလေသည် ဟူ၏။