Wednesday, February 11, 2009

ကျွန်မလည်းဘာမှမသိဖူးလို့တော့ဦးနုသမီးက..(ပြောတာပဲ..)

ရှက်ကြိုးပြတ်အောင်ညာနေသည်။

Photobucket
ပြည်ထောင်စုနေ့တွင်သူညာနေသည်။

ချင်းပြည် ကပ်ဆိုက်ဆဲ
Wednesday, 14 January 2009 18:52 ဇာနည်ဝင်း
စားနပ်ရိက္ခာ ပြတ်လပ်နေသော ချင်းပြည်နယ်သို့ အကူအညီ ပေးရေးအဖွဲ့များ သွားရောက် ကူညီနေကြပြီ ဖြစ်သော်လည်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် ရိက္ခာ ဖြန့်ဖြူးရေး နှောင့်နှေးနေသည်ဟု သိရသည်။
“အခုက လမ်းမပွင့်သေးဘူး။ တရွာနဲ့ တရွာနဲ့ ကားလမ်းတွေကို ရွာသားတွေ ဖောက်တယ်။ တံတားတွေ မဆောက်သေးတာကြောင့် ကားတွေက သွားလို့ မရဘူးလေ။ အဲဒီတော့ ဆန်သယ်ဖို့က ခက်ခဲနေတာ”ဟု အကူအညီပေးရေး အဖွဲ့တခုဖြစ်သော Country Agency For Rural Development (CAD) အဖွဲ့မှ ညွှန်ကြားရေးမှူး ကိုဝင်းလှိုင်ဦးက ဧရာဝတီသို့ ပြောပြသည်။
မြို့နှင့် အနီးဆုံးကျေးရွာမှာ မိုင် ၃၀ ဝေးကွာကြောင်း၊ CAD အဖွဲ့သည် ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ထန်တလန်၊ မတူပီ သုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၅၀ ကို သွားရောက် ကူညီရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ ယခုအချိန်အထိ ၎င်းတို့အဖွဲ့အနေဖြင့် ကျေးရွာ ၂၀ သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
“မတ်လ ဆိုရင် ရွာ ၅ဝ လုံး လက်လှမ်းမီနိုင်မယ်၊ ရိက္ခာမရှိတဲ့ ရွာတွေက တခြားရှိတဲ့ရွာတွေကနေ ချေးငှားပြီးတော့ စားကြတယ်။ သီးနှံပေါ်မှ ပြန်ဆပ်မယ် ဆိုပြီးတော့။ တရွာနဲ့တရွာ ကူညီကြတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
ဆန်ဝယ်ယူခွင့်၊ ဆန်သယ်ခွင့်များကို အာဏာပိုင်တို့က ခွင့်ပြုသည်ဟု CAD ညွှန်ကြားရေးမှူး ကိုဝင်းလှိုင်ဦးက ဖြည့်စွက်ပြောကြားသည်။
မီဇိုရမ် အခြေစိုက် ချင်းတိုင်းရင်းသားများ ကူညီကယ်ဆယ်ရေးအဖွဲ့ (Chin Famine Emergency Relief Committee) ကလည်း ချင်းပြည်နယ်ရှိ လူဦးရေ ငါးသိန်းရှိသည့် အနက် တသိန်းခန့်မှာ အစာရေစာရှားပါးသည့် ပြဿနာကို ရင်ဆိုင်ခဲ့ရပြီး အဆိုပါပြဿနာမှာ ၂၀၀၇ ခု ဒီဇင်ဘာလမှ စတင်ခဲ့ကြောင်းနှင့် ရိက္ခာပြတ်သည့် လူအများစုမှာ သစ်သီးသစ်ဥနှင့် ဟင်းသီး ဟင်းရွက်များကို စားသောက်၍ အသက်ဆက်နေရကြောင်း ပြောသည်။
ချင်းပြည်နယ်၌် လူအများစိုက်ပျိုးထားသော စိုက်ခင်းအတွင်းရှိ သီးနှံများကို ကြွက်များ ဝင်ရောက်စားသောက် ဖျက်ဆီးခဲ့ရာမှ အစာရေစာ ရှားပါးသည့် ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။
ဤကပ်ဘေးသည် ချင်းပြည်နယ်တွင် လွန်ခဲ့သော နှစ် ၅၀ ခန့်က တကြိမ် ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ ဝါးအပွင့်များကို စားသုံး၍ကြွက်များ ပိုမိုမျိုးပွားလာကာ ဆန်စပါးစိုက်ခင်းများနှင့် သီးနှံ စိုက်ခင်းများကိုဝင်ရောက် ဖျက်ဆီးမှုကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ကြွက်များ၏ဖျက်ဆီးမှုအပြင် ပြီးခဲ့သည့်နှစ်အတွင်း ချင်းပြည်နယ်တွင် မိုးခေါင်ရေရှားမှုကြောင့် သီးနှံအထွက်နှုန်း အလွန်အမင်း နည်းပါးခဲ့ရသည်။ ။

ကြွက်နှိပ်စက်သည့် ချင်းပြည်နယ် ၂၀၀၉ ထိ ရိက္ခာစိုးရိမ်ရ
NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉
ချင်းပြည်နယ်တွင် ၂၀၀၇ နှစ်ဆန်းမှစပြီး ကြွက်အများအပြား သီးနှံများကို ဖျက်ဆီးသဖြင့် ၂၀၀၉ နှစ်လယ်ပိုင်းထိ ရိက္ခာအခြေအနေစိုးရိမ်ရသည်ဟု FAO/WFP အစီရင်ခံစာတွင် ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် ကြွက်ဖျက်ဆီးသည့်အတွက် စပါးဧက (၁,၇၀၀)၊ ပြောင်းဧက (၁,၀၀၀) နီးပါး ပျက်စီးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် လူဦးရေး (၅၃၄,၀၀၀) ရှိပြီး စားနပ်ရိက္ခာဆင်းရဲမှု သတ်မှတ်ချက်အောက် လူဦးရေမှာ (၂၁၃,၆၀၀) ရှိသည်။ ချင်းပြည်နယ်တွင် တနှစ်အတွက် စားနပ်ရိက္ခာလိုအပ်ချက် တန်ချိန် (၂၃,၀၀၇) ရှိသည်ဟု ဖော်ပြထားသည်။
အောက်ဖော်ပြပါ ပုံများသည် Federation of Trade Unions-Chin မှ ပေးပို့သည့်ပုံများဖြစ်သည်။
Photobucket
Photobucket

အားလုံးရဲ့အိမ်




အမိုးမိုးမဲ့ဟိုအကို....လှေခါးကလေးယူခဲ့ဗျို၊

တံခါးတပ်မဲ့ညီလေးငယ်....ကျင်တွယ်လေးပါယူခဲ့ကွယ်၊

သံရိုက်မဲ့ဒို့နောင်တော်....တူပါယူခဲ့နော်၊

နှီးဖျာမဲ့ဦးကြီးရာ....ဓါးမဦးလေးဗျာ၊

သက်ကယ်သယ်မဲ့မမတွေ...စောစောရောက်ပါစေ၊

အကြမ်းတည်မဲ့လုံမငယ်.....နောက်မကျနဲ့ကွယ်၊

အားလုံးစုံတဲ့အချိန်ကျမှ....အိမ်ကလေးကလှမှာပ၊

ဟုတ်တယ်.........လှကိုလှရမယ်၊

ဟုတ်တယ်.........လှကိုလှရမယ်။ ။

ရဲရင့်ငယ်
(ပြည်ထောင်စုနေ့ ၂၀၀၉)

ကြည်ဖြူသျှင်ကြောင့်အမျိုးသမီးသရုပ်ဆောင်များကိုလက်စားချေ

February 11, 2009
All Road Film Festival ဆုရအမျိုးသမီးဒါ ရိုက်တာကြည်ဖြုသျှင်
ရေးသူ..ခင်ဆွေဦးကို
မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲဉ်အမျိုးသမီးများကိုထူးချွန်ဆုမချီးမြှင့်ခြင်းမှာအောက်တိုဘာလက အမေရိကန်ဉ်ကျင်းပခဲ့သည့် Discovery ရုပ်သံချယ်နယ်၏ All Road Film Festival ဉ်မြန်မာအမျိုးသမီးရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်သော ကြည်ဖြူသျှင်ကို ထူးချွန်ဆုပေးအပ်ချီးမြှင့်ခဲ့သည့်အတွက်ထိုကဲ့သို့ တန်ပြန်ပြုမူဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြန်ကြားရေး
ဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကျော်ဆန်းနှင့်နီးစပ်သည့်စာနယ်ဇင်းဆရာတစ်ယောက်ဆီ မှသတင်းရရှိသည်။
“တော်တော်များများကယတြာလို့ ထင်ကြတယ်လေ၊ တကယ်ကကြည်ဖြုသျှင်ဆုရတဲ့အပေါ်မှာမကျေမနပ်ဖြစ်နေကြတာ၊Feel ဖြစ်နေတာပေါ့ နိုင်ငံတကာသတင်းတွေမှာလည်း Sketch Of Wathone ဆိုပြီးကြည်ဖြူသျှင်အကြောင်း
ဖေါ်ပြကြတယ်…သူတို့ ကအမေကျော်ပြီးဒွေးတော်လွမ်းရမလား ဆို ပြီး လက်စားပြန်ချေတယ်သ ဘောပေါ့ ”ဟုသူက Freedom News Group သို့ ပြောသည်။ရုပ်ရှင်သရုပ်ဆောင်များနှင့်ထိတွေ့ ဆက်ဆံမှုရှိသည့် စာနယ်ဇင်းဆရာတစ်ဦးကမူ ”နင်တို့ နိုင်ငံတကာဆုတွေဒီလောက်မက်နေ ရင်ယူကြတော့ဟေ့ ငါတို့ တော့ဘာဆုမှ မပေးနိုင် ဘူး” ဆိုသည့် သဘောဟုသူ့ ထင်မြင်ချက်ကိုပြောဆိုခဲ့သည်။
“အမျိုးသမီးသရုပ်ဆောင် တစ်ဦးကမူနှစ်ခုစလုံးဖြစ်နှို်င်ပါတယ်။ယတြာချေတာလည်းဖြစ်နိုင်တယ်။
ကြည်ဖြုသျှင်ကြောင့်ညစ်တာလည်းဖြစ်နိုင်တယ်”ဟုပြောသည်။
အကယ်ဒမီပေးပွဲနှင့်ပတ်သက်၍ရန်ကုန်တွင်သတင်းမျိုးစုံပေါ်ထွက်နေသည်။ရုပ်ရှင်ဝါသနာအိုးတစ်ဦးဖြစ်သည့် အထက (၁)ဒဂုံမှကျောင်းဆရာမတစ်ဦးကမူ“ကြည်ဖြူသျှင်သူ့ဘာသာသူတော်လို့ရတာ သူတို့ က ဘာတွေမကျေမနပ်ဖြစ်
နေရတာလဲမသိဘူး”ဟု အပြစ်တင်ခဲ့သည်။

NLDကနေဒါဌာနခွဲပြည်ထောင်စုနေ့သဘောထားထုတ်ပြန်ကြေငြာချက်

ဖိုင်ရယူရန်


အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည်




၁၁၀၂၂၀၀၉သတင်းနှင့်ဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


ပြည်သူလူထုသို့  ပူးတွဲနှိုးဆော်ပန်ကြားလွှာ။


ရိုဟင်ဂျာအမည်ထက် လူသားချင်းစာနာမှု ပိုမိုလိုအပ်ဟု အမျိုးသားကောင်စီ ပြောဆို

အင်တာဗျူး ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009 17:59 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာဟုခေါ်သည့် လူမျိုးမရှိကြောင်း မြန်မာစစ်အစိုးရ၊ တက်ကြွလှုပ်ရှားသူတချို့နှင့် တိုင်းရင်းသားအချို့အကြား အပြန်အလှန် ငြင်းဆိုသံများ ပေါ်ထွက်နေသည်။

သို့သော်လည်း ထိုင်း၊ အင်ဒိုနီးရှားနှင့် အိန္ဒိယသို့ မြန်မာနိုင်ငံမှ လှေဖြင့်ပင်လယ်ကိုဖြတ်၍ မိမိတို့ ရိုဟင်ဂျာများ ရောက်ရှိလာခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှုများလည်း ရှိနေပြန်သည်။ မြန်မာစစ်အစိုးရ၏ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ ဖိနှိပ်မှုကို မခံမရပ်နိုင်၍ ကောင်းမွန်မည့် ဘဝအသစ် ထူထောင်ရန် အသက်စွန့် ထွက်ပြေးလာခြင်းဖြစ်ကြောင်းလည်း သူတို့က ဆိုသည်။

မြန်မာစစ်အစိုးရက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း မည်သို့ပင် ငြင်းဆိုနေသော်လည်း ထိုင်းအစိုးရကမူ ထိုင်းနိုင်ငံတွင် ယခုလ နောက်ဆုံးအပတ်အတွင်း ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အစည်းအဝေး၌ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအရေးကို အလွတ်သဘော ဆွေးနွေးလိုကြောင်း ပြောနေပြီဖြစ်သည်။

ထို့ကြောင့် ယင်းသို့ လှေဖြင့်ထွက်ပြေးသူ ရိုဟင်ဂျာဆိုသည့် အခေါ်အဝေါ်နှင့် ၎င်းတို့အား မည်သို့ဆက်ဆံသင့်သည်၊ ၎င်းတို့နှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ပြဿနာရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို သိရှိနိုင်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ National Council of the Union of Burma (NCUB) မှ တွဲဘက် အထွေးထွေ အတွင်းရေးမှူး (၁) ဦးမြင့်သိဏ်းအား မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတွေဆီ ရောက်နေကြပါတယ်။ အဖမ်းခံရသူတွေ ရှိသလို၊ နှိပ်စက်ခံရတယ်လို့လညှ်း သတင်းတွေ ထွက်နေပါတယ်။ တချို့နိုင်ငံတွေက သူတို့ကို လက်မခံချင်တာကိုလည်း တွေ့ရပါတယ်။ ဒီကိစ္စတွေအပေါ်မှာ ဘယ်လို အမြင်သဘောထားနဲ့ ဖြေရှင်းသင့်တယ်လို့ NCUB က ယူဆပါသလဲဗျာ။

သူတို့က ဘာပဲပြောပြော လူသားတွေ ဖြစ်တယ်လေ။ တိရစ္ဆာန်တွေ မဟုတ်ဘူး။ ရိုဟင်ဂျာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်။ အဲဒါကို ကျနော်က အဓိကထား မပြောချင်ဘူး။ ဘာကြောင့် ဒီလူတွေ ဒုက္ခရောက်ရသလဲ၊ ဘာကြောင့် ဒီလို အခြေအနေဆိုးကို ကြုံရသလဲဆိုတဲ့ အရင်းခံအကြောင်းတွေအပေါ်မှာ အခြေပြု စဉ်းစားသင့်တယ်။ အရင်းခံအကြောင်းတွေ ဆိုတာက မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပကတိ နိုင်ငံရေးအခြေအနေတွေအောက်မှာ တွေ့ကြုံနေရတဲ့ အကျပ်အတည်း၊ အခက်အခဲတွေကို သူတို့အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ထွက်ပေါက်ရှာနေကြတဲ့အချက်က အဓိက အချက်တခုဖြစ်တယ်။

မကြာခင်ကလည်းပဲ ထိုင်းပိုင်နက်ထဲမှာ တော်တော်များများ ဒုက္ခတွေ ရောက်ကြတယ်။ သေကြကျေကြတယ်။ ဒီ issue ဟာ တကယ့်ကို humanitarian ပေါ့နော်။ လူသားချင်း စာနာမှုဆိုတဲ့ အခြေခံကနေပြီးတော့ ဒီလူသားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ကယ်တင်သင့်တယ်။ ဘာကြောင့် ဒီလူတွေဟာ ဒီလို လုပ်ကြသလည်း ဆိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီးတော့ လည်းပဲ မြန်မာနိုင်ငံက ဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လက်ရှိ ruling ပေါ့ စစ်အုပ်စု၊ နောက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်း နိုင်ငံတွေမှာ ဒီလို အလားတူ ပြဿနာတွေကို ကြုံတွေ့လာရတဲ့ အနေအထားတွေအပေါ်မှာ ဘာတွေ ညှိပြီး ဖြေရှင်းသင့်တယ် ဆိုတဲ့ အချက်တွေကို ဝိုင်းပြီးရှာသင့်တယ်။ သက်ဆိုင်နေတဲ့ နိုင်ငံတွေပေါ့နော်။

နောက်တခုက အဲဒီကိစ္စတွေနဲ့ ဆက်စပ်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် အနေနဲ့က ဒါကို အလေးထားပြီးတော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်တယ်။ ကျနော်တို့ အနေနဲ့ကတော့ အဲဒါပဲ မြင်တယ်။ ရိုဟင်ဂျာလား၊ မူဆလင်လား၊ ဗုဒ္ဓဘာသာလား ဆိုတဲ့အမြင်တွေနဲ့ ဒီအပေါ်မှာ မကြည့်ချင်ဘူး။

ဒီမိုကရေစီရေးလှုပ်ရှားသူ တိုင်းရင်းသားခေါင်းဆောင်တယောက်က အဲဒီလိုမျိုး ရိုဟင်ဂျာဆိုပြီးတော့ ပေါ်လာတာက မြန်မာနိုင်ငံ အနောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ မူဂျာဟစ်သူပုန်တွေကို အခြေခံပြီး ၁၉၅၀ ခုနှစ်တွေလောက်က ဖြစ်လာတာလို့ မဇ္ဈိမကို ပြောပါတယ်။ ဒီနေ့ခေတ်မှာကျတော့လည်း မီဒီယာတွေကရော၊ ယူအန်ကရော၊ အခြားနိုင်ငံတွေကရော ရိုဟင်ဂျာဆိုပြီး ခေါ်ဝေါ်သုံးစွဲနေကြတယ်။ အဲဒီ အမည်နာမအပေါ်မှာရော ဘယ်လိုမျိုးသုံးစွဲသင့်တယ်လို့ ထင်ပါသလဲဗျာ။

NCUB အနေနဲ့ ပြောရရင်တော့ ဒီ issue အပေါ်မှာ ရိုဟင်ဂျာလား၊ ရိုဟင်ဂျာမဟုတ်ဘူးလား၊ ရိုဟင်ဂျာဆိုတဲ့ အမည်ကို သုံးသင့်လား မသုံးသင့်ဘူးလား ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ် သုံးသပ်ပြီးတော့ သဘောထား ချမှတ်ထားတာတွေတော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ အမြင်အရ ပြောရမယ်ဆိုရင်တော့ တကယ်တမ်းကျတော့ မြန်မာနိုင်ငံလို သမိုင်းကြောင်းအရ တချို့ လူမျိုးရေးတွေအပေါ်မှာ ရှုတ်ထွေးအောင် ဖန်တီးခံထားရတဲ့ အခြေအနေအောက်မှာ ရှိနေတဲ့ ပြဿနာ တော်တော်များများက ဒီတိုင်းပြည်မှာ တကယ့်ကို စစ်မှန်တဲ့ ငြိမ်းချမ်းမှုတခု တည်ဆောက်ပြီးတော့ ဒါတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းသွားရမယ့် အချက်တွေလို့ မြင်တယ်။ ဒီ issue တွေကို ရှေ့တန်းတင်ပြီး စဉ်းစားတာမျိုးဟာ လက်တွေ့ ဒုက္ခရောက်တဲ့ လူတွေရဲ့ အဆိုးဆုံး လက်ရှိခံစားနေရတဲ့ အခြေအနေတွေကို မျက်ကွယ်ပြုရာ လျစ်လျှူရှုရာရောက်တယ်လို့ မြင်ပါတယ်။ လူမျိုးရေးအရ၊ ဘာသာရေးအရ ဆိုတဲ့ ကိစ္စမျိုးတွေနဲ့ အခြေခံပြီးတော့ မကြည့်သင့်ဘူး။ သူတို့ ရင်ဆိုင်နေရတဲ့ လတ်တလော ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပါ။ ဟိုဘက်တိုင်းပြည်၊ ဒီဘက်တိုင်းပြည် နီးကပ်တဲ့တိုင်းပြည်တွေမှာ ဝင်ကြထွက်ကြ ရပ်တည်နေထိုင်ကြရင်းနဲ့ လူမျိုးရေးအရ တချို့ ရှုတ်ထွေးမှုတွေ ဖြစ်လာခဲ့တယ် ဆိုတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်တခုလို့ မြင်ပါတယ်။ ဒီအချက်တွေပေါ်မှာ အခြေပြုပြီးတော့ လူမျိုးရေးအဓိကရုဏ်းဘက်ကို ပိုပြီးသွားတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာရှိတဲ့ မြန်မာနိုင်ငံသားဖြစ်နေတဲ့ မူဆလင်ရော၊ နိုင်ငံသားအဆင့် မဖြစ်သေးတဲ့ မူဆလင်တွေရော နအဖရဲ့ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံတာကို ခံရတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒီ ဖိနှိပ်မှုတွေ ရပ်တန့်သွားအောင် လူသားချင်း စာနာထောက်ထားတဲ့ လူတွေအနေနဲ့ ဘာတွေ လုပ်သင့်တယ်လို့ မြင်ပါသလဲ။

ဒီကိစ္စကတော့ ကျနော်တို့တွေလည်း တစိုက်မတ်မတ် လုပ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘယ်လူမျိုးမဆို မြန်မာနိုင်ငံမှာပဲ ရှိရှိ၊ တခြား ဘယ်နိုင်ငံမှာပဲ ရှိရှိပေါ့နော်၊ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေ မဆုံးရှုံးသင့်ဘူး။ လူသားတွေ ဖြစ်တဲ့အတွက် လူသားပီသစွာနဲ့ သူတို့မှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ အားလုံး ခံစားနိုင်ခွင့်ရှိဖို့ လိုအပ်တယ်။ သမိုင်းကြောင်းအရ ဘာလူမျိုးလဲဆိုတဲ့ ကိစ္စတွေ ဖြေရှင်းဖို့ဟာကတော့ နောက်တကဏ္ဍ ဖြစ်တယ်။ ဆိုတော့ အခြေခံအားဖြင့် သူတို့မှာ democratic procedure တွေကို လက်တွေ့ကျင့်သုံးပြီး အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေ မရောက်မချင်းကတော့ ဒါတွေ ဖြစ်နေမှာပဲ။ ကုလသမဂ္ဂက ဦးဆောင်ပြီးတော့ ဒါတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မြင်တယ်။

ဒီ ရိုဟင်ဂျာကိစ္စဟာ အခုတလော သတင်းတွေထဲမှာ ထိပ်တန်းနေရာထဲမှာ ပါနေပါတယ်။ အကောင်းမြင်ရော၊ အဆိုးမြင်ရော ဝေဖန်ဆွေးနွေးမှုတွေလည်း ရှိနေကြသလို အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒီလို အခြေအနေအောက်မှာ နအဖ က ဘာသာရေး အဓိကရုဏ်း ပုံစံတခု ဖြစ်သွားအောင် ဖန်တီးသွားနိုင်လိမ့်မယ်လို့ရော ယူဆပါသလားဗျာ။

နအဖ က တော့ သူရဲ့ အကျိုးစီးပွားဖြစ်တဲ့ အာဏာရေရှည် ကိုင်စွဲရေးနဲ့ စစ်အုပ်စု အဓွန့်ရှည်ရေးဆိုတဲ့ အခြေခံကို အကျိုးရှိမယ်ဆိုရင်တော့ ဘာကိစ္စမဆို သူ့ဘက်က လုပ်မှာဖြစ်တယ်လို့ ကျနော်တို့က အကြွင်းမဲ့ ယုံကြည်ထားတယ်။ ဒါကြောင့်မို့လို့ အခုဖြစ်ပေါ်နေတဲ့ အချက်တွေဟာ သူ့အတွက် အကောင်းဆုံး အခွင့်အလမ်းတွေ ဖြစ်လာမယ်ဆိုရင် သူ့ဘက်ကတော့ လုပ်ဖို့ သေချာသလောက်ပဲဖြစ်တယ်လို့ ကျနော်တို့ကတော့ မြင်တယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အရှုတ်အရှင်းတွေကနေ ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်ကိစ္စ၊ တရားမဝင် အလုပ်သမားကိစ္စတွေလိုပဲ၊ အခု ဒီရိုဟင်ဂျာဆိုတဲ့ ကိစ္စကရော ဒေသဆိုင်ရာ ပြဿနာအဆင့် ရောက်နေပြီလို့ ယူဆပါသလားဗျာ။

ရိုဟင်ဂျာရယ် ဘာရယ်တော့ ပြောဖို့ အခက်အခဲရှိတာပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေရဲ့ အခြေအနေ အခက်အခဲတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခိုလှုံရတာတွေ၊ အဲဒီမှာ ဘဝရပ်တည်ရှင်သန်ရေးအတွက် ကြိုးပမ်းနေရတာတွေ၊ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီပြီးတော့ရှိနေတဲ့ migrant workers တွေ၊ တရားမဝင် ရောက်ရှိနေသူတွေရဲ့ အခြေအနေကို ကြည့်ရင် ဒီကိစ္စက သိပ်ရှင်းပါတယ်။ ဒီလိုရောက်တဲ့ အထဲမှာလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဖြစ်တယ်။ သူများနိုင်ငံ ရောက်သွားပြီးတော့ တရားမဝင် ရပ်တည်နေရတယ်ဆိုတာကတော့ ဘာပဲပြောပြော အဲဒီ သက်ဆိုင်ရာ နိုင်ငံအတွက် အနှောင့်အယှက်က အနည်းနဲ့ အများ ရှိမှာသေချာတယ်။ ဘယ်သူမှ ဘယ်ဝါမှ ဒီကိစ္စတွေဟာ ဖြစ်မယ်၊ ဖြစ်ရမယ်၊ ဖြစ်လိမ့်မယ် ဆိုတာမျိုးတော့ သတ်မှတ်လို့ မရဘူး။ ဒီလိုမျိုးဖြစ်နေကြတာ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့်လို့ ဆိုတာတော့ သုံးသပ်ထားပါတယ်။

နိုင်ငံစုံ အနုပညာရှင်များက ဒေါ်စုလွတ်မြောက်ရေး စုဝေးကြမည်

ဆော်လမွန် ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009 16:52 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အနုပညာရှင်များက အမေရိကန်နိုင်ငံ နယူးယောက်၌ လာမည့် စနေနေ့တွင် တွေ့ဆုံကာ ထိန်းသိမ်းခံ ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အကြောင်းကို အများသိအောင် လုပ်ဆောင်သွားမည်။
တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု ပြဿနာနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပြီး၊ FREEDOM & ART အမည်ရ စာအုပ်အား အရောင်းမြှင့်တင်ရေးပါ လုပ်သွားမည်ဟု ပွဲဖြစ်မြောက်ရေး စီစဉ်သူများက ပြောဆိုခြင်း ဖြစ်သည်။
"အဓိက ရည်ရွယ်ချက်ကတော့ အောင်ဆန်းစုကြည် လွတ်မြောက်ရေးပဲ" ဟု အမေရိကန်အခြေစိုက် FREEDOM & ART မှ ပြန်ကြားရေးနှင့် ဆက်ဆံရေး မန်နေဂျာ Glenys R. Flaitz က မဇ္ဈိမကို ပြောသည်။
ကမ္ဘာတလွှားမှ အနုပညာရှင် ၇၄ ဦးက Freedom & Art စာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် မှတ်သားဖွယ် ပြောစကားများ၊ ကာတွန်းရုပ်ပုံလွှာများ ထည့်သွင်း ရေးသားထားသည်။
စာအုပ်ရောင်းရငွေကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးသို့ လှူတန်းသွားမည် ဖြစ်သည်။
Freedom & Art လက်အောက်ရှိ Mirca အနုပညာအဖွဲ့သည် နိုင်ငံတကာမှ အနုပညာရှင်များကို စည်းရုံးပြီး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေသော အဖွဲ့လည်း ဖြစ်သည်။
၂၀၀၈ ခုနှစ် မတ်လကတည်းက အစီအစဉ်ကို စတင်ခဲ့ကြသည်။
ထို့နောက် စက်တင်ဘာလ အတွင်းက စာအုပ်တအုပ် ဖြန့်ချိခဲ့သေးသလို၊ ယခုလ ၁၄ ရက်နေ့တွင်မူ ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်လိုက်ခြင်းလည်း ဖြစ်သည်။
"အမေရိကန်ပြည်သားတွေ မြန်မာပြည်အကြောင်း သိကြပေမယ့် ဘာဖြစ်နေသလဲဆိုတာကို တကယ်တမ်း မသိပြန်ဘူး" ဟု Flaitz က ပြောသည်။
ဆွေးနွေးပွဲတွင် နယူးစ်ဝိခ်မဂ္ဂဇင်းကြီးမှ အထွေထွေအယ်ဒီတာ Maura Stephens၊ ဓာတ်ပုံဆရာ Stacie Freudenberg နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေတင်မြင့်၊ ကဗျာဆရာမ ဒေါ်ကြည်မေကောင်းက တယ်လီဖုံးမှတဆင့် ၀င်ရောက်ဆွေးနွေးကြမည်။
မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ်ဖြင့်သာ နေနေရသည်။

မူးလဲခဲ့သော ဂုဏ်ပြုတပ်သား ဖမ်းဆီးခံရ

မိုးသူ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009 15:24 - မြန်မာစံတော်ချိန်
ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်သို့ လာရောက် လည်ပတ်သည့် အိန္ဒိယနိုင်ငံ ဒုသမတ ရှရီ အမ် ဟာမစ် အန်စရီ၏ ယခုလ ၅ ရက်နေ့က ကြိုဆိုရေး ဂုဏ်ပြုတပ်ဖွဲ့မှ စစ်သည်တဦး မူးလဲကျခဲ့ရာ ယခုအခါ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

ဂုဏ်ပြုတပ်ဖွဲ့ ရှေ့ဆုံးတန်းမှ မူးလဲကျနေသော စစ်သည်၏ ရုပ်ပုံလွှာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် အစိုးရထုတ် သတင်းစာများဖြစ်သော ကြေးမုံနှင့် New Light of Myanmar ၏ မျက်နှာစာတွင် ပါရှိခဲ့သည်။

ထိုဓာတ်ပုံပါလာခဲ့မှုကြောင့် ပြန်ကြားရေးဌာနမှ ၀န်ထမ်းများ ပေါ့ဆသည်ဟုဆိုကာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း အား နအဖ စစ်အုပ်စု နံပါတ်နှစ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ပြစ်တင်ဝေဖန်ခဲ့သည်။

အဆိုပါ နေ့စဉ်ထုတ်သတင်းစာများမှာ စစ်အစိုးရ ၀ါဒဖြန့်ချိသော သတင်းစာများဖြစ်သည်။

စစ်သည်မှာ ပူပြင်းသော ရာသီဥတုဒဏ်ကြောင့် မူးလဲကျခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်အခြေစိုက် သတင်းသမားတဦးက ဆိုသည်။ မည်သည့်အတွက်ကြောင့် သူ့အား ချုပ်နှောင်ထားခြင်းဖြစ်သည်ကိုမူ ရှင်းလင်းစွာ မသိရပေ။

အိန္ဒိယ ဒုသမတသည် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။