Thursday, February 19, 2009

၁၉၈၈ - ၂၀၀၂ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ

http://www.mediafire.com/?rq1mzgdwmkt

ကျောင်းသား - ထောင် - တော်လှန်ရေးသမား ( ရဲဘော်သံချောင်း)


http://www.mediafire.com/?m2noztmnuym

ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင် မိန့် ခွန်း


http://www.mediafire.com/?iwhuwftidom

အိုးလေးလှုပ်တဲ့ဖူးလ်ဗားရှင်း

အသိပေးချက်. .

2009 ခုနှစ် ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလများအတွင်း Campaign များပြုလုပ်ခြင်း၊ ပိုစတာများချိတ်ဆွဲခြင်း၊ မှူုတ်ဆေးများဖြင့်ရေးဆွဲခြင်း၊ စာဖြန့် ခြင်း၊ စာကပ်ခြင်းများ၊ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း အတွင်းရှိ မြို့ နယ် မယက၊ရယကများ၊ အရံမီးသတ်များ၊ ကြံ့ ခိုင်ရေးနှင့် စွမ်းအားရှင်များထံသို့  ၁၃၊ ၂၊ ၂၀၀၉ နေ့ တွင်ညွန်ကြားချက်ပေးပို့ မူ့ များရှိကြောင်း၊

ညွှန်ကြားချက်တွင်

၁၊ မိမိတို့ မြို့ နယ်၊ ရပ်ကွက်၊လမ်းများတွင် စာဖြန့် ၊စာဝေ၊ စာကပ်ခြင်း၊မှုတ်ဆေးမှုတ်ခြင်း၊

ပိုစတာချိတ်ဆွဲခြင်း တို့ ဖြင့် အစိုးရဆန့်  ကျင်ရေးများမဖြစ်ပေါ်စေရန် နေ့ ညစောင့်ကြည့်ရန်၊

၂၊ ၄င်းဆန့် ကျင်ရေးပြုလုပ်သူကိုဖမ်းမိပါက တယောက်ဖမ်းမိပါက ၅၀၀၀၀ ပေးမည်။

၃၊ ဆိုက်ကားဂိတ်များ၊ ဈေးသည်များအနီးတွင် ဆန့် ကျင်စာဖြန့် ဝေကပ်ခြင်း၊ မမိပါက ဆိုက်ကားဂိတ်သိမ်းမည်၊၊ ဈေးမရောင်းရသတ်မှတ်မည်၊ ဆိုက်ကားသမားများ၊ ဈေးသည်များမှ ဖမ်းပေးရမည်၊

၎၊ အသစ်ဖွဲ့ စည်းထားသော အရံရဲအဖွဲ့ ဝင်များကို ပိုမိုတာဝန်ချထားရမည်၊

၅၊ မြို့ နယ်ရဲစခန်းများမှလည်း လှည့်ကင်း၊၀ပ်ကင်း၊ ရပ်ကင်းများ၊ နေ့ ညပိုမိုချထားရမည်၊

၆၊ အဓိကအားဖြင့် ကြံ့ ခိုင်ရေး၊ စွမ်းအားရှင်၊ အရံရဲတို့ ကို ပိုမိုတာဝန်ပေးချထားရမည်ဖြစ်ကြောင်း ညွန်ကြားထားသည်ဟုသိရှိရပြီး ၂၀၀၉ ခုနှစ်အတွင်း ဆန့် ကျင်လှုပ်ရှားမူ့ များမဖြစ်ပေါ်စေရေးကို

မြို နယ်အလိုက် တာဝန်ယူရမည်ဖြစ်ပြီး ဖြစ်ပွားပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရှိရပါသည်၊

● မိမိတို့ ၏ရဲဘော် ရဲဘက်များအနေဖြင့် အစိုးရဆန့် ကျင်ရေးလှုပ်ရှားမူ များကို သတိထားလုပ်ဆောင်ရန် လိုပြီး၊ နည်းလမ်းအသစ်များသုံးပြီး၊ ၀ါဒဖြန့် ဆန့် ကျင်မူ့ များပြုလုပ်ရန်လိုအပ်ပါသည်၊

● မြို့ နယ် တခုချင်းအလိုက် အရံရဲ ထောင်ဂဏန်းရှိပြီး ၄င်းတို့ အား သတိထားရန် လိုအပ်ပါသည်၊

၂၀၁၀တွင်ဝင်ပြိုင်မည့်ကနေဒါအခြေစိုက်UDPနှင့်ပါတ်သက်သမျှ

သို့
ဦးသုဝေ ဥက္ကဌ UDP
ဦးရဲထွန်း ဒုဥက္ကဌ UDP ခင်ဗျား


၂၀၀၉ခု ဖေဖေါ်ဝါရီလ ၄ရက်နှင့် ၅ရက်နေ့ထုတ် Vancouver Sunသတင်းစာပါ သတင်းများကို ပေးပို့လိုက်ပါသည်။
တစ်သက်လုံး လုပ်ခဲ့သမျှ သံပုရာတစ်ချမ်းနဲ့ ချေလိုက်သလို မဖြစ်ရလေအောင် သေသေသေချာချာ ဖတ်ရှုပါရန် မေတ္တာရပ်ခံပါသည်။

သတင်းရဲ့ အနှစ်ချုပ်ကတော့ ဒေါ်လာ ၅၀ ရင်းပြီး ကုမ္ပဏီရှယ်ယာကို ၅သန်းခွဲစိတ်ကာ ရှယ်ယာတစ်ခုကို ၀.၀၀၀၀၁ဆင့်နဲ့ တန်ဖိုးသတ်မှတ်လိုက်တော့ ရှယ်ယာ ၅သန်းရဲ့တန်ဖိုးက ဒေါ်လာ ၅၀ဘဲဖြစ်ပါတယ်။ အဲဒီ အနှစ်မရှိတဲ့ ဗလာရှယ်ယာ ၅သန်းကို အရင်းပြုပြီး ဘာဆို ဘာမှမရှိတဲ့ ကုမ္ပဏီကြီးကို လေနဲ့ စာရွက်ပေါ်မှာ တည်ဆောက်လိုက်ပါတယ်။ ၀.၀၀၀၀၁ဆင့် တန်တဲ့ရှယ်ယာတွေကို ဘိုးဘိုးအောင်တန်ခိုးနဲ့ ရှယ်ယာတစ်ခုကို ဒေါ်လာ ၂၈.၅၀သတ်မှတ်လိုက်ပြီး ဟိုနဲနဲ ဒီနဲနဲ ဂဏန်းတွေနဲ့ ကစားလိုက်တော့ ဒေါ်လာ တစ်ဘီလျှံကျော်တန်တဲ့ ဧရာမ မဟာကုမ္ပဏီကြီးဖြစ်သွားပါလေရဲ့။
အဲဒီထဲက ရှယ်ယာ ၅၂၃၆၀၀ကို ရှယ်ယာတစ်ခုလျင် ၂၀ဆင့်နှုံးနဲ့ ရောင်းချခဲ့သေးတယ်လို့ သတင်းစာက ဆိုပါတယ်။ တစ်ကယ့် မူရင်းတန်ဖိုး အနေနဲ့ ရှယ်ယာတစ်ခုကို ၀.၀၀၀၀၁နှင့်တွက်ရင် ၅ဒေါ်လာကျော်သာတန်တဲ့ ရှယ်ယာတွေကို ၂၀ဆင့်နှုံးနဲ့တွက်ပြီး ၀ယ်သူက ဒေါ်လာ ၁၀၄၇၂၀ ပေးလိုက်ရပါတယ်။ ၀ယ်မိသူတွေဟာ မြန်မာပြည်သားတွေ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းမိပါတယ်။
၎င်းဧရာမကုမ္ပဏီကြီးကို အခုတော့ US SECURITY AND EXCHANGE COMMISSION ကရပ်ဆိုင်းလိုက်ပါပြီ။ ဥပဒေရေးရာ စုံစမ်းအရေးယူမှုတွေ ဆက်တိုက်လာပါလိမ့်မယ်။
ဒီအမှုအခင်းကြီးတစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူကတော့ UDPရဲ့ အမှုဆောင် ဒုဥက္ကဌကြီး Michael Hua Hu ခေါ် ဦးကျော်မြင့်ဖြစ်တယ်လို့ သတင်းစာက (ကျနော်မဟုတ်ပါ) ဆိုပါတယ်ခင်ဗျား။

အောင်တင်
မှတ်ချက်။ ။ ကျနော့အနေနဲ့ ဦးကျော်မြင့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေခြင်းမဟုတ်ပါ။ ဦးကျော်မြင့်ကို ဆန့်ကျင်ရင် အန္တရာယ်ရှိသည်ဟု မိတ်ဆွေတစ်ဦးက သတိပေးထားသော်လည်း တိုင်းပြည်မျက်နှာကြည့်ပြီး မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာမှန်နှင့် တင်ပြခြင်းသာဖြစ်ပါသည်။

နောက်ဆက်တွဲပေးစာနှင့်ဖြေရှင်းချက်ကတော့ဒီလိုပါ။ ။

ကိုအောင်တင်၏ပြန်စာ

ဦးတင်မောင်ခင်ဗျား

မနာလိုလို့ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခိုက်တာကိုပွင့်ပွင့်လင်းလင်းပြောပါ။ ကိစ္စမရှိပါဘူး။ မဟုတ်လဲသိနေတာဘဲ။ဦးကျော်မြင့်ကိစ္စကိုခင်များပြောသလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ မဟုတ်ဘဲနိုင်ငံအကျိုးစီးပွားအတွက်ဆိုလို့လိုက် ဖတ် ကြည့်တော့ ဒီကိစ္စနဲ့မြန်မာပြည်ကိစ္စ ဘယ်လိုများပတ်သတ်နေလို့လဲ။

၁။ ဦးကျော်မြင့်သည်နိုင်ငံတော်အကြီးအကဲမဟုတ်
၂။ ဦးကျော်မြင့်သည်တရားဝင်နိုင်ငံရေးပါတီရဲ့ခေါင်းဆောင်လဲမဟုတ်
၃။ ဦးကျော်မြင့်သည်တရားဝင်အရွေးခံထားတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လဲမဟုတ်

ဒါကြောင့်လူတစ်ဦးတစ်ယောက်ကိုယ်ရေးကိုယ်တာကိစ္စသည်မြန်မာပြည့်သူလူထုအကျိုးစီးပွားကို ဘယ်လိုများထိခိုက်နိုင်ပါသလဲ(သတင်းစာပါစွပ်စွဲချက်များသည်လည်းတကယ်မှန်၊မမှန်အတိအကျမ ပြောနိုင်ပါ)
။ ဦးကျော်မြင့်သည် UDPဆိုတဲ့ နိုင်ငံရေးပါတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်သဖြင့် ဦးကျော်မြင့်အကြောင်းကို ပြည်သူအများသိသင့်သည်။
သူ့စီးပွားရေးသူလုပ်၊ သူ့အလုပ်သူလုပ်ပြီးရလာတဲ့ငွေထဲကမြန်မာပြည်အရေးအတွက်တောင် ကူညီပေးခဲ့တယ်လို့ ကြားသိရပါတယ်။
၂။ ဦးကျော်မြင့်က စီးပွါးရေးလုပ်ပြီး မြန်မာပြည်ကိုကူညီတယ်ဆိုတာ ဦးတင်မောင်သိလျင် ဘာစီးပွါးရေးမျိုး လုပ်ပြီး ဘယ်လိုကူညီခဲ့သလဲဆိုတာ သိအောင် ရှင်းပြပေးပါ။ ဦးကျော်မြင့်သည် ကြည်ညိုထိုက်သူဖြစ်လျင် ကျနော်ကြည်ညိုမည်ဖြစ်သည်။
ဦးကျော်မြင့်ပေးတဲ့ငွေနဲ့လုပ်တဲ့ညီလာခံတစ်ခုကိုဦးအောင်တင်ကိုတိုင်လေယဉ်စရိတ်၊ ဟိုတယ်စရိတ်၊ စားသောက်စရိတ်အခမဲ့ရရှိခဲ့လို့ကိုယ်တိုင်နိုင်ငံရေးစကားတွေ တက်ပြောခဲ့တယ်လို့ကြားဖူးပါတယ်။
၃။ ဦးကျော်မြင့် ဖိတ်တဲ့အစည်းအဝေးလို့ သိပြီးတက်ခဲ့ခြင်းမဟုတ်။ CFOBက ဖိတ်၍ တက်ခြင်းဖြစ်သည်။ တစ်ကယ်လို့ အဲဒီအချိန်က ဦးကျော်မြင့် အကုန်ကျခံတဲ့ အစည်းအဝေးမှန်းသိခဲ့လျင်တောင် ဦးကျော်မြင့်ဆိုတာ ဘယ်သူမှန်း မသိသေးတာမို့ တက်မိမှာပင်ဖြစ်ပါသည်။
သူများကတတ်နိုင်သလောက်အလုံးအရင်းနဲ့ကူညီခဲ့ချိန်မှာကိုယ်လဲတတ်နိုင်သလောက်ဝင်ကူမယ်ဆိုတဲ့စိတ်သဘောထားမျိုးမထားဘဲ၊ အလကားရရင် ၁ဒေါ်လာဘဲဖြစ်ဖြစ် ၂ဒေါ်လာဘဲဖြစ်ဖြစ်ရအောင် ယူမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကိုယ်သောက်တဲ့ကော်ဖီဖိုး ၂ဒေါ်လာလောက်ကိုတောင် စာရင်းပြဖို့ကြိုးစားခဲ့ဖူးတယ်ဆိုတာလဲကြားဖူးပါတယ်။
၎။ ကော်ဖီဖိုး တစ်ဒေါ်လာကို ဘယ်တုန်းက ဘယ်မှာ စာရင်းပြတာလဲဆိုတာ မမှတ်မိတော့တာ ခွင့်လွှတ်ပါခင်ဗျား။ ပြခဲ့ရင်တောင်မှ ကျနော့အနေနဲ့ ဘယ်တော့မှ လိမ်ပြမှာမဟုတ်လို့ ပြရဲပါတယ်။ ကျနော်သည် ယနေ့တိုင် နိုင်ငံရေးကို အိပ်စိုက်လုပ်နေသူဖြစ်ပါသည်။ ဘယ်တုန်းက ဘယ်သူ့ဆီကမှ ဘယ်အဖွဲ့အစည်းဆီကမှ အထောက်အပံ့ယူပြီး နိုင်ငံရေးလုပ်ထားတာ မရှိပါ။ သိထားတာရှိရင် ကျေးဇူးပြု၍ ဖွင့်ချလိုက်ပါ။
အပြုသဘောဖြစ်ဦးသုဝေ၊ဦးရဲထွန်းကိုအကြံပေး ချင်တယ်ဆိုရင်ဘာလို့တိုးတိုးတိတ်တိတ်တိုက်ရိုက် ဆက်သွယ်ပြီး သတိပေးပြောဆိုနိုင်ပါရဲ့ အခုလိုသူသိရှင်ကြား ဖြန့်  ချိခြင်းသည်ပစ်စာသဘောမျိုးနဲ့ဘာများ ထူးခြားပါသလဲ။ ဦးအောင်တင် စိတ်ထားကိုပြသခြင်းသာဖြစ်ပါသည်။
၅။ ဦးရဲထွန်းဆီ ဘာကြောင့်နှစ်ကိုယ်ကြားစာမရေးရသလဲ၏ အဖြေကို နံပါတ် ၁ မှာပြန်ဖတ်ပါ။
ဦးအောင်တင်သည် မအေးလွင်နှင့်ပေါင်းပြီးမြန်မာပြည်ကိုငွေလွှဲများလုပ်နေသူဖြစ်၍ ငွေလွှဲတဲ့အလုပ်ကိုလုပ်နေသူအတွက် ဦးသုဝေနှင့်ဦးရဲထွန်းကိုတိုက်ရိုက် ဆက်သွယ်လို့မရနိုင် တဲ့အကြောင်းမရှိပါ။ Canada Lawအရ ငွေလွှဲခြင်းသည်တရားဝင်မဟုတ်ပါ။ Illegal business ဖြစ်ပါသည်။ ကိုအောင်တင်လဲသိပါသည်။ တရားမ၀င်ဥပဒေချိုးဖောက်သည့်လုပ်ငန်းဖြစ်ပါသည်။ ဒါကြောင့်ကျွန်တော်သည်ရိုးရိုးသားသားဥပဒေနဲ့အညီငွေရှာသည်ဟုပြောရန်မဖြစ်နိုင်ပါ။
၆။ မြန်မာပြည်ထဲက အကူအညီလိုအပ်နေတဲ့ မိသားစုတွေဆီကို ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်သားတွေရဲ့ တရားဝင် ချွေးနဲစာကို ကနေဒါတရားဥပဒေနှင့်အညီ မှတ်ပုံတင်ပြီး ပေးပို့နေခြင်းဖြစ်သည်။ ငွေပို့သူများ၏ ၉၉%ကျော်သည် နိုင်ငံရေးကြောင့် ပြည်ပထွက်လာသူများသာဖြစ်သည်။ ကနေဒါဘဏ်များမှတစ်ဆင့် တရားဝင်ငွေလွှဲသည်။ ကနေဒါအစိုးကို အခွန်ပေးဆောင်သော တရားဝင်လုပ်ငန်းဖြစ်သည်။ မူးယစ်ငွေကဲ့သို့ တရားမ၀င်ငွေနှင့် မည်သည့်အခါမှ မပတ်သက်ပါ။
လက်တွေ့မှာကိုယ်တိုင်ကငွေရမယ်ဆိုရင်ဥပဒေကိုချိုးဖောက်ပြီးလုပ်နေသူတစ်ဦးကတစ်ခြားသူကိုပြောနေခြင်းကသူခိုးကလူပါလို့ ဟစ်သလို ဖြစ်နေပါသည်။ သူများမပြောခင် ကိုယ့်ဖင်လုံအောင်ကိုယ် ဖုံးဖို့လိုပါသည်။ တဖက်သားကိုပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်ပြီး ဆရာကြီးလုပ်နေတာထက်စာလျှင် ကိုယ်လုပ်နိုင်သ လောက်လက်တွေ့လုပ်ပြခြင်းမှ သာလျှင်တိုင်ပြည်အတွက်ပိုမိုအကျိုးရှိပါသည်။ UDP အပါအ၀င် ဦးကျော်မြင့်ကိုယ်တိုင်သူတို့နိုင် သလောက်သူတို့လုပ်တာလုပ်ပါစေ။ ကောင်းမကောင်းမှန်မမှန်ကို လုထုနဲ့သမိုင်းကအချိန် တန်ရင်အဆုံးအဖြတ်ပေးပါလိမ့်မယ်။
၇။ ကျနော့ဖင်လုံပါသည်။ ဦးတင်မောင်နှင့် ဦးကျော်မြင့် ဖင်လုံပါစေ။ ဦးတင်မောင်က သမိုင်းကို တစ်ကယ်ယုံပါသလား။ ယုံတယ်ဆိုရင် ဦးတင်မောင်ကို သမိုင်းမှာ ပြန်ဆုံချင်ပါသေးတယ်။ သို့သော်ခက်နေတာက သမိုင်းကိုယုံတဲ့ ဦးတင်မောင်က လူပျောက်နေတဲ့အတွက် သမိုင်းကို ကြောက်နေသလိုဖြစ်နေပါတယ်။ သမိုင်းမှာ ပြန်တွေ့ရင် မှတ်မိရအောင် ငါဘယ်သူဘဲလို့ ပြောရဲရင် ပြောလိုက်ပါလားဗျာ။
အခုစာရေးတဲ့ ဦးတင်မောင်ဆိုသူဟာ နောက်ဆုံးစာလုံး ထူးကိုဖြုတ်ထားတဲ့ CFOBက ကိုတင်မောင်ထူးများလားလို့ ထင်မိပါတယ်။ မဟုတ်ဘူးဆိုရင် အခုတည်းက တောင်းပန်လိုက်ပါတယ်။ ဟုတ်ရင်တော့ တိုင်းပြည်ကို ကာကွယ်ဖို့ အရေးကြီးသလား၊ ဦးကျော်မြင့်ကို ကာကွယ်ဖို့ အရေးကြီးသလားဆိုတာ ထပ်မေးချင်ပါတယ်။

ဦးတင်မောင်သို့

အောင်တင်...မှ
ဖေဖေါ်ဝါရီလ ၁၇ရက်၊ ၂၀၀၉


CFOB=Canadian friends of Burma.

ကနေဒါ..တိုရန်တိုပြည်ထောင်စုနေ့မှတ်တမ်း

Su hlaing Phoe perform at The Promotion of Pinglong Spirit and ethnic culture show in Toronto, Canada at Feb 14, 2009. The song name is Our Union.

ဓါတ်ပုံများ


ဓါတ်ပုံများဖိုင်(၁)ရယူရန်
ဓါတ်ပုံများဖိုင်(၂)ရယူရန်